PDA

View Full Version : နားလည်မှုလွဲနေသော သီချင်းတစ်ပုဒ်



soewaimaung
01-10-2010, 11:20 AM
ခန့်ဖြိုး ရဲ့ သီချင်းတစ်ပုဒ်ကို ကြားဘူးကြမှာပါ ။ ဘာလာလာ စီးရီးထဲကလေ ။ ခေါင်းစဉ်ကတော့ မျောက်ဖြစ်ချင်တယ် တဲ့ ။ ရုတ်တရတ် ကြားတဲ့ သူတွေကတော့ ခေါင်းစဉ်ကို ကြိုက်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် တကယ်တော့ ဒီခေါင်းစဉ်ဟာ
ဒါဝင် ရဲ့ Evolution Theory ကို သုံးထားတာပါ ။ လူဆိုတာ မျောက်ကနေ ဆင်းသက်လာတယ်လို့ သီအိုရီမှာ ဖွင့် ဆိုထားပါတယ် ။ အရင် တချိန်တုန်းကတော့ မျောက် ပါ ။ အခုတော့ လူပေါ့ ။
သီချင်းရဲ့ အစမှာ
ကြင်နာ ခြင်းများထားခဲ့ လို့ ဒီရင်ကို မင်းဝင်လာခဲ့ တာ ကိုယ် မသိခဲ့ မိပါ
ဟိုအရင် အချိန်တွေ သာယာလွန်းတာ
သီချင်းရဲ့ အစမှာ သူဟာ ကောင်မလေးနဲ့ အဆင်ပြေ နေခဲ့ ပါတယ်တဲ့ ။ ဆက်ပြီးနားထောင်ကြည့်ပါအုံး
ဒီအချိန်မှာ မင်း ကြည်နှုးခြင်းများနဲ့ ရင်ခွင်တစ်ခု မှာ ပျော် မြူးလို့ နေလဲ မင်းလေး မရှိတဲ့ ဒီရင် မှာ မျှော်လင့် ဆဲပါ ။
နာကြင်လွယ်တဲ့ နှလုံးသားတစ်ထောင့် မှာဒဏ်ရာများစွာ နင်ထားရစ်ခဲ့ လဲ မမြင်နိုင်တဲ့ အဝေးဆုံးကို ထွတ်သွားပရစေ
ငါဟာ မင်းမရှိတဲ့ အဝေးမှာ တမ်းတနေဆဲ ...........
သီချင်းအဆုံးမှာ တော့ အဆင်မပြေ တော့ ပါဘူး။
ဒါကြောင့် သူဟာ အရင် တုန်းက အဆင်ပြေတဲ့ အချိန်တွေကိုဘဲ လိုချင်တယ် ။ အခုအချိန်ဟာ ကောင်မလေးက တခြားရင် ခွင်မှာ ပျော်နေလို့ မလို ချင်ပါဘူးလို့ ဒါဝင်ရဲ့ အီဗော်လူးရှင်းသီအိုရီ ကို သုံး ပြီး မျောက်ဖြစ်ချင်တယ် လို့ ခေါင်းစဉ်ပေးလိုက်တာပါ ။