PDA

View Full Version : ရုပ်ငြိမ်နှင့်ရုပ်ရှင် ဓါတ်ပုံကဏ္ဍ ဖွင့်လှစ်ခြင်း



phoelapyae
01-11-2010, 06:45 PM
မြန်မာအင်ဂျင်နီယာဖိုရမ်အသင်းဝင်များခင်ဗျာ ...

ရုပ်ငြိမ်နှင့်ရုပ်ရှင် ဓါတ်ပုံကဏ္ဍ ဆိုပြီး ဖိုရမ်မှာ ကဏ္ဍအသစ်တစ်ခု ထပ်မံဖွင့်လှစ်လိုက်ပါပြီးခင်ဗျာ ။
ရုပ်ငြိမ်နှင့်ရုပ်ရှင် ဓါတ်ပုံကဏ္ဍမှာ အောက်ပါခေါင်းစဉ်တွေပြုလုပ်ထားပါတယ် ။ နောက်ပိုင်းအသင်းဝင်များအနေနဲ့ ထပ်မံအကြံပြုချက်တွေရှိရင် ဖြည့်စွက်သွားဖို့ရှိပါတယ် ။
အခုလောလောဆယ် ပြုလုပ်ထားတဲ့ ရုပ်ငြိမ်နှင့်ရုပ်ရှင် ဓါတ်ပုံကဏ္ဍ တွေကတော့ ...

၁။ ဓါတ်ပုံပညာရပ်ဆိုင်ရာ ဆွေးနွေးချက်များ
၂။ ဓါတ်ပုံ ဒိုင်ယာရီ
၃။ ခရီးသွားမှတ်တမ်း
၎။ လျှပ်တပြက်ရိုက်ချက်များ
၅။ နှစ်သက်မိသောဓါတ်ပုံများ

တို့ပဲ ဖြစ်ပါတယ် ။

၁။ ဓါတ်ပုံပညာရပ်ဆိုင်ရာဆွေးနွေးချက်များ အောက်မှာ ခေါင်းစဉ်ခွဲတွေအနေနဲ့  ဥပမာ - အလင်းအမှောင်ဆိုင်ရာ ဆွေးနွေးချက်များ၊ ဘယ်လိုကင်မရာမျိုးရွေးဝယ်ရမလဲ၊ ပုံကောင်းလေးတွေရဖို့  နည်းလမ်းပေါင်း ၅၀ ... စသည် စသည်ပေါ့လေ.. ဆွေးနွေးချက်တွေရှိပါမယ်။ မင်ဘာတွေဆွေးနွေးချင်တဲ့ ဓါတ်ပုံနဲ့ ပါတ်သက်တဲ့ ဆွေးနွေးချက်မှန်သမျှ ဒီခေါင်းစဉ်အောက်မှာ ရှိပါမယ်။

၂။ ဓါတ်ပုံဒိုင်ယာရီ အောက်မှာ မင်ဘာတွေ ကိုယ်တိုင်ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကိုယ့်ဒိုင်ယာရီ မှတ်တမ်းအနေနဲ့  ဖိုရမ်မှာ တင်ချင်တဲ့ ဓါတ်ပုံများရှိပါမယ်။ ဥပမာ - တိရိစ္ဆာန်ဥယျာဉ်သို့  ရောက်ခဲ့တဲ့တစ်နေ့ ၊ ချစ်သူနဲ့ မျှော်စင်ကျွန်းမှာပျော်ရွှင်ခဲ့တဲ့တစ်နေ့ တာ၊ နှင်းတွေကြားက ရုရှားမြို့ လေးတစ်မြို့ ၊ စသည်စသည်ပေါ့လေ အမှတ်ရစရာ ဖိုရမ်က သူငယ်ချင်းအပေါင်းအသင်းတို့ တွေကို ဝေမျှခံစားစေလိုတဲ့ ပုံတွေရှိပါမယ်။

၃။ ခရီးသွားမှတ်တမ်းများ ကတော့ သွားခဲ့ဖူးတဲ့ခရီးတွေကို အသင်းဝင်များဗဟုသုတရအောင် မိမိတို့အတွေ့အကြုံ ၊ ဓါတ်ပုံလေးတွေနဲ့ တင်ကြရမှာဖြစ်ပါတယ် ။

၎။ လျှပ်တပြက်ရိုက်ချက်များ အောက်မှာ မင်ဘာတွေကိုယ်တိုင်ရိုက်ထားတဲ့ (ရိုက်ချင်ရာရိုက်ထားတဲ့) ပုံတွေ တင်ကြဖို့ ပါ။ ခေါင်းစဉ်ခွဲရှိချင်မှ ရှိပါမယ်။ ဓါတ်ပုံတွေကိုပဲ သင့်လျော်သလို ခေါင်းစဉ်လေးတွေပေးပြီး တင်ကြရမှာပါ။

တစ်ခုသတိထားစေချင်တာက မင်ဘာတွေကိုယ်တိုင်ရိုက်တဲ့ပုံတွေဖြစ်ရမှာပါ။

အထပ်ပါ ကဏ္ဍတွေနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ မိမိတို့မှာရှိတဲ့ ဓါတ်ပုံလေးတွေကို အသင်းဝင်တွေကို မျှဝခံစားရအောင် ဖိတ်ခေါ်ပါတယ်ခင်ဗျာ ။

BOMELL
01-11-2010, 07:30 PM
ဓါတ်ပုံကဏ္ဍ အသစ်စဖွင့်လိုက်တဲ့အတွက် အများကြီးကို အကျိုးရှိသွားပါတယ်ဗျာ ... ကြိုဆိုပါတယ်.. ဒီအတွက်လဲ အုပ်ချုပ်သူကြီးကို ကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ ...

ဓာတ်ပုံကောင်း တစ်ပုံ ရဖို့ အတွက် ပထမဆုံး အရေးကြီးတာကတော့ ''ကိုယ့်ရဲ့ စိတ်ကူး'' ပါပဲ ... ဓာတ်ပုံ တစ်ပုံကြည့်လိုက်ရင် ဘယ်လိုခံစားရမလဲ ဆိုတာ ကိုယ်က ကြိုစဉ်းစားထားပြီးသား ဖြစ်ရပါမယ် ... ဒီလိုဓာတ်ပုံရနိုင်ဖို့ အတွက် ပတ်ဝန်းကျင် အခြေအနေ တွေ အများကြီးနဲ့ လဲ သက်ဆိုင်ပါတယ် ... ဘဘောက Candid အရေးကြီးဆုံးပါ ... လူအများကြီးကြားထဲမှာ ရိုက်မယ်ဆိုရင် တစ်ချို့ Candid မရှိတဲ့အတွက် ပုံ ၁၀၀ လောက်ထိုင်ရိုက်နေလဲ အလကားပဲဖြစ်မှာပါ ... ကိုယ့်စိတ်ကြိုက်ပုံ တစ်ပုံမှရနိုင်မှာ မဟုတ်ပါဘူး ... Candid ဆိုတာကတော့ ဈေးထဲမှာကိုယ်က ဓာတ်ပုံရိုက်မယ်ဆိုရင် လူတွေကိုယ့်ကို ၀ိုင်းကြည့်နေပါလားဆိုပြီး ရှက်သလိုမျိုး တစ်ခါတစ်လေ ဖြစ်တတ်ပါတယ် ... ဒါကို အတတ်နိုင်ဆုံး ဖျောက်ပေးနိုင်မှ ကိုယ်လိုချင်တဲ့ပုံရနိုင်မှာပါ ... ဒီတော့ Photographer ကောင်းတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုကိုယ် အရှက်နည်းအောင် အရင်ကျင့်ရမှာဖြစ်ပါတယ် ... နောက်ပြီး ဓာတ်ပုံဆိုတာကလဲ .. များများ ရိုက်နိုင်မှ Candid ရဲ့ Tricks လေးတွေကို သိလာမှာပါ .. မျက်လုံးထဲမြင်လာတာကို အမြန်ဆုံး လက်သွက် ခြေသွက်လေးဖြစ်အောင် ရိုက်နိုင်မှ ဖြစ်မှာ ... တစ်ခါ တစ်ခါ ဒီ Scene လေးကိုရိုက်မယ်ဆိုပြီး ကင်မရာထုတ်လိုက်တဲ့အချိန် Scene တွေက ပြောင်းပြောင်းသွားရော ...

ဒါတွေကတော့ ကင်မရာ အမျိုးအစားတွေနဲ့ မဆိုင်သေးဘဲ လောလောဆယ် ကိုယ့်ဘက်က ပြင်ဆင်ရမယ့် အနေအထားလေးကို ဆွေးနွေးတာပါ ... ဒါတွေ အိုကေ သွားပြီဆိုရင် ကင်မရာ အမျိုးအစားကို ရွေးပါမယ် ...
ကင်မရာအမျိုးအစားရွေးပြီးလို့ ကိုယ့်စိတ်ကြိုက် ဓာတ်ပုံတစ်ပုံရိုက်မယ် .. ပြီးရင် Photoshop နဲ့ ပြင်မယ်.. ပြီးရင် Lightroom မှာ ထပ်ပြင်မယ် ... ဒီလောက်ဆို အကောင်းဆုံး ဓာတ်ပုံကောင်းတစ်ပုံဖြစ်ဖို့ အိုကေ သွားပါပြီလို့ ဝင်ဆွေးနွေးလိုက်ပါတယ်ဗျာ ....

အုပ်ချုပ်သူ ရာမညဖိုးလပြည့် ကြီးကိုကျေးဇူး အထူးတင်လျှက် ....

phoelapyae
01-11-2010, 07:48 PM
ကို BOMELL ရဲ့ အရေးအသားကို ကြည့်ရတာ ဓါတ်ပုံပညာပက်သက်ပြီး အတွေ့အကြုံရှိမယ်လို့ထင်ပါတယ် ။
ဓါတ်ပုံပညာရပ်နဲ့ ပက်သက်ပြီး ဖိုရမ်ထဲမှာ ဆွေးနွေးပေးပါလို့ တောင်းဆိုလိုပါတယ်ခင်ဗျာ ..
ကျေးဇူးပါ အကိုရေ ..

nyinyi27
01-11-2010, 08:17 PM
ဒီကဏ္ဍလေးဖြစ်မြောက်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့ ကိုငယ်နဲ့ အက်မင်ကြီးကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်..အခုက ဓါတ်ပုံကဏ္ဍလေးက တော်တော်ကို သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျဖြစ်သွားတာ ဖိုရမ်အတွက် အရမ်းကိုကောင်းပါတယ်... ဒီလိုလေးဖြစ်သွားတာအတွက် အရမ်းကို ၀မ်းသာပါတယ်.. စတင်အကြံပြုခဲ့တဲ့ ကိုအက်မင်ကြီးရော ၀ိုင်းဝန်းဆွေးနွေးအကြံပြုပေးကြတဲ့ ညီအစ်ကိုတွေကိုရော ဒီလိုလေးသပ်သပ်ရပ်ရပ် အဆင့်ရှိရှိကဏ္ဍလေးဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့ ကိုငယ်ရော အားလုံးအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ထပ်ပြီးပြောလိုပါတယ်...အရမ်းကိုကျေနပ်ပီတိဖြစ်ရပါတယ်..ကျေးဇူးပါ..



ဥပမာ - တိရိစ္ဆာန်ဥယျာဉ်သို့  ရောက်ခဲ့တဲ့တစ်နေ့ ၊ ချစ်သူနဲ့ မျှော်စင်ကျွန်းမှာပျော်ရွှင်ခဲ့တဲ့တစ်နေ့ တာ၊ နှင်းတွေကြားက ရုရှားမြို့ လေးတစ်မြို့ ၊ စသည်စသည်ပေါ့လေ အမှတ်ရစရာ ဖိုရမ်က သူငယ်ချင်းအပေါင်းအသင်းတို့ တွေကို ဝေမျှခံစားစေလိုတဲ့ ပုံတွေရှိပါမယ်။

ကိုယ့်စိတ်နဲ့ခံစားပြီးရေးလိုက်တာ ဖြစ်မယ်ထင်တယ်နော်..ကိုကိုအက်မင်ကြီးတင်မယ့် ချစ်သူနဲ့မျှော်စင်ကျွန်းမှာပျော်ရွှင်ခဲ့တဲ့ တစ်နေ့တာ ပုံလေးတွေကို စောင့်မျှော်နေပါမယ်ခင်ဗျာ..အားလုံးကလဲ သဘောတူပါတယ်တဲ့ခင်ဗျား..သဘောတူရင်လက်ခုပ်တီးပါ(ဖြောင်း ဖြောင်း ဖြောင်း)..ကိုကိုအက်မင် မြန်မြန်တင်ပေးပါတော့ဗျို့ :P :P :P..



အားလုံးကိုလေးစားခင်မင်လျက်....

phoelapyae
01-11-2010, 09:58 PM
ဥပမာ - တိရိစ္ဆာန်ဥယျာဉ်သို့  ရောက်ခဲ့တဲ့တစ်နေ့ ၊ ချစ်သူနဲ့ မျှော်စင်ကျွန်းမှာပျော်ရွှင်ခဲ့တဲ့တစ်နေ့ တာ၊ နှင်းတွေကြားက ရုရှားမြို့ လေးတစ်မြို့ ၊ စသည်စသည်ပေါ့လေ အမှတ်ရစရာ ဖိုရမ်က သူငယ်ချင်းအပေါင်းအသင်းတို့ တွေကို ဝေမျှခံစားစေလိုတဲ့ ပုံတွေရှိပါမယ်။

ကိုယ့်စိတ်နဲ့ခံစားပြီးရေးလိုက်တာ ဖြစ်မယ်ထင်တယ်နော်..ကိုကိုအက်မင်ကြီးတင်မယ့် ချစ်သူနဲ့မျှော်စင်ကျွန်းမှာပျော်ရွှင်ခဲ့တဲ့ တစ်နေ့တာ ပုံလေးတွေကို စောင့်မျှော်နေပါမယ်ခင်ဗျာ..အားလုံးကလဲ သဘောတူပါတယ်တဲ့ခင်ဗျား..သဘောတူရင်လက်ခုပ်တီးပါ(ဖြောင်း ဖြောင်း ဖြောင်း)..ကိုကိုအက်မင် မြန်မြန်တင်ပေးပါတော့ဗျို့ :P :P :P..

အားလုံးကိုလေးစားခင်မင်လျက်....


အဲ့ဒါ ကျွန်တော်မဟုတ်ဘူး ... အကို konge ရေးထားတဲ့ စာသားချည်း .. သားသားက ကော်ပီကူးပြီးတင်ထားတာ ..
အခုအစီအစဉ်အားလုံးက konge ပဲ အကုန်စီမံတာပါ ။

konge
01-12-2010, 10:45 AM
ဒီလိုကဏ္ဍလေး ဖြစ်ပေါ်လာအောင် စတင် အကြံပြုခဲ့တဲ့ ညီလေး ရာမည..နဲ့ တစ်ကွ ၀ိုင်းဝန်းဆွေးနွေးပေးကြတဲ့ စီနီယာအပေါင်း ကို ကျေးဇူးတင်ကြောင်းပါခင်ဗျ.. အခုမှ စလုံးရေးစ ပဲရှိသေးတာမို့  ကဏ္ဍလေး စည်စည်ကားကား နဲ့  ဖိုရမ်သူဖိုရမ်သားအပေါင်းကို ဓါတ်ပုံ ဆိုင်ရာ အသိအမြင်များ တိုးပွားစေရင်း... ဓါတ်ပုံအနုပညာ ကိုဝေမျှခံစားကြရအောင် အားလုံး ကြိုးပမ်းပေးကြပါလို့  အနူးအညွတ်ပန်ကြားလိုပါတယ် ခင်ဗျ..။ ;D