PDA

View Full Version : စစ်တက္ကသိုလ်



kothout
01-28-2010, 03:41 AM
ကျနော်တို့ လည်းပါမယ်နော်

DSA ( Defence Service Academy)

kothout
01-29-2010, 06:39 PM
အမှတ်တရ ကျောင်းဆင်းပွဲ ဓာတ်ပုံလေးများ........

pole
04-18-2010, 06:20 PM
နောင်တစ်ခေတ်၏ အောင်စစ်သည်

စစ်တက္ကသိုလ်သည် ဘယ်တော့မှ လက်နက်မချ

ကိုထွန်း
04-18-2010, 07:14 PM
အစဉ်အလာရှိတဲ့ စစ်တက္ကသိုလ် မှာ၊ ပညာသင်ကြားခဲ့၊ ပညာသင်ကြားဆဲ နောင်တစ်ခေတ်၏ အောင်စစ်သည် ညီ၊ အကိုများကို၊ ဝမ်းသာဂုဏ်ယူစွာ ကြိုဆိုပါတယ်။ မည်သည့်နိုင်ငံ၊ မည်သည့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ နှင့် ကျောင်းများတွင်၊ ပညာသင်ကြားခဲ့သည်ဖြစ်စေ၊ အင်ဂျင်နီယာဘာသာရပ်များ နှင့် ပညာရေးကို၊ စိတ်ဝင်စားသူများ ဝင်ရောက်ဆွေးနွေးနိုင်စေရန်အဓိက ရည်ရွယ်ပြီး၊ မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံရောက်ရှိနေကြသော၊ မြန်မာလူမျိုးတိုင်း၊ ဝင်ရောက်လေ့လာခြင်း၊ ဆွေးနွေးခြင်း၊ ဖြန့်ဝေပေးခြင်းများကို မိသားစုပုံစံဖြင့် တည်ထောင်ခဲ့တဲ့ MEF မှာ၊ နောင်တစ်ခေတ်၏ အောင်စစ်သည် ညီ၊ အကိုများ မျှဝေဆွေးနွေးနိုင်ပါတယ်။

ခင်မင်လေးစားစွာဖြင့်

ကိုထွန်း

Dragon Warrior
04-18-2010, 10:57 PM
;D ;D ;D

ဝင်ရောက်လာကြသော သားကောင်းစစ်သည်တော်များကို ကြိုဆိုပါတယ် ... နိုင်ငံတာဝန်ကို ထမ်းဆောင်ရင်း တစ်ဖက်တစ်လမ်းမှ .. အင်ဂျင်နီယာဖိုရမ်အား ထောက်ပံ့ပေးနိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါတယ် ...
စာတွေ့ လက်တွေ့ပေါင်းစပ်ပြီး ဗဟုသုတများဖြန့်ဝေပေးကြပါဦးလို့ တောင်းဆိုပါတယ် .......
အားလုံးကို ကျေးဇူးတင်ပါတယ် ........

:7: :7: :7:
Dragon Warrior ...

pole
04-25-2010, 03:42 PM
ဟဲဟဲ
စလိုက်တော့မယ်နော်
အားပေးမလို့ပါဗျ
ဒါနဲ့
ဒီမှာထပ်ပြီးမိတ်ဆက်ရဦးမယ်
ကျနော်က မြစ်ကြီးနားမြို့က ဒေါ်စိန်အေးသား ၄၈ ယောက်မြောက်လေ
ဟီး
နောက်မှ အားပါးတရ လည်ပတ်သောင်းကျန်းတော့မည်..........
pole

tiger.spy
05-11-2010, 02:46 PM
အကိုေ၇ကျနော် ဒီကျောင်းကိုလေတအားတက်ချင်တာ ဗျာ အခုအသက်က 25 ဆိုတော့၇သေးလား??/

masterjoker
05-11-2010, 05:04 PM
:7:ခုလို ကျောင်းရဲ့အမှတ်တရ ပုံလေးတင်ပေးထား တဲ့အတွက် ၀မ်းသာပါတယ်၊ဒီဓါတ်ပုံလေးမြင်တော့ ကျွန်တော်တို့ ကျောင်းတော်ကြီး ကိုအရမ်းလွမ်းတယ်ဗျာ

Dragon Warrior
05-11-2010, 05:37 PM
:applaus :applaus :applaus

ကဲ ကဲ ... ;D ကိုကိုစစ်သည်တို့ တစ်ကြောင်းစ နှစ်ကြောင်းစလေးတွေပဲ မရေးကြပါနဲ့လေ ... :4: ကိုယ်ကြုံခဲ့တာလေးတွေကို ပညာပေးသဘောနဲ့ ဟာသလေးလည်းနှောရင်း လက်စွမ်းပြကြပါဦးဗျ ..... :( အခြေအနေအရ DSA မရောက်ခဲ့ရပေမယ့် စိတ်ကတော့ အမြဲရောက်နေမိပါတယ် ... ရေးလာမယ့် စာလေးတွေကို မျှော်လင့်နေပါတယ်ဗျာ ... .. . အားလုံးလည်း ပျော်ရွှင်စွာ ရင်းနှီးစွာ ညီညွတ်စွာနဲ့ ဖိုရမ်၏ တိုးတက်ရာ တိုးတက်ကြောင်းကို ထောက်ကူပေးနိုင်ပါစေလို့ .. .. ဆန္ဒပြုလိုက်ပါတယ် .....

လေးစားပါတယ် ... .. .
Dragon Warrior ..... :7: :7:

tiger.spy
05-13-2010, 04:04 PM
ကျောင်းဆင်းတပ်ခွဲများ စစ်ရေးပြကွင်းထဲက ထွက်ခွာတဲ့အခါ တီးတဲ့ တီးလုံး နဲ့ သီချင်း ဖြစ်ပါတယ်။ သီချင်းကို အင်္ဂလိပ်လို Auld Lang Syne လို့ခေါ်ပြီး စကော့ ကဗျာဆရာ Rabbie Burns ( ၁၇၅၉-၉၆) က ၁၇၈၈ ခုနှစ်မှာ ကျေးလက်ဂီတ သံစဉ်နဲ့ ဖွဲ့ခဲ့ပါတယ်။ အင်္ဂလိပ်စကားပြောနိုင်ငံ တော်တော်များများမှာ ဒီသီချင်းကို တော်တော် လူသိများပြီး နှစ်သစ်ကူး အခါသမယတွေမှာ ညသန်းခေါင်ယံချိန် သီဆိုကြလေ့ ရှိပါတယ်။ စကော့သီချင်းနာမည် Auld Lang Syne ကို အင်္ဂလိပ်တွေက Old Long Since လို့ ဟိုးရှေးရှေးတုန်းက ဆိုတဲ့ အဓိပ္ပာယ်နဲ့ နာမည်ပေးပါတယ်။ Once upon a time လို့လဲ ဘာသာပြန်လို့ ရပါတယ်။ အောက်မှာ သီချင်းနားထောင်ရင်း စာသားလေးတွေ လိုက်ဆိုလို့ရအောင် ရေးပေးထားပါတယ်။


Auld Lang Syne

Should auld acquaintance be forgot,
And never brought to mind?
Should auld acquaintance be forgot,
And auld lang syne?

CHORUS:
For auld lang syne, my dear,
For auld lang syne,
We'll tak a cup of kindness yet,
For auld lang syne!

And surely ye'll be your pint-stowp,
And surely I'll be mine,
And we'll tak a cup o kindness yet,
For auld lang syne!

We twa hae run about the braes,
And pou'd the gowans fine,
But we've wander'd monie a weary fit,
Sin auld lang syne.

We twa hae paidl'd in the burn
Frae morning sun till dine,
But seas between us braid hae roar'd
Sin auld lang syne.

And there's a hand my trusty fiere,
And gie's a hand o thine,
And we'll tak a right guid-willie waught,
For auld lang syne

Meanings

auld lang syne - times gone by
be - pay for
braes - hills
braid - broad
burn - stream
dine - dinner time
fiere - friend
fit - foot
gowans - daisies
guid-willie waught - goodwill drink
monie - many
morning sun - noon
paidl't - paddled
pint-stowp - pint tankard
pou'd - pulled
twa - two

ကိုဦး
05-15-2010, 05:06 AM
ကျွန်တော် စုဆောင်းမိတဲ့  စစ်က္ကသိုလ်နှင့် ပတ်သတ်တဲ့  အကြောင်းတွေကို ဒီနေရာလေးကနေ ကိုးကားပြီး ဖေါ်ပြပေးသွားပါမယ်။
မည်သည့်အကြောင်းအရာကိုမှ မမူတည်သလို မည်သူကိုမှလည်း ထိခိုက်စေလိုခြင်း မရှိစေလိုပဲ ဗဟုသုတ ရစေရန် ၊ကိုDragon Warriorတို့ လိုသိချင်တဲ့ သူတွေ အတွက်ရည်ရွယ်ခြင်း ဖြစ်ပါတယ်။
ကျွန်တော်ရေးသားမှုတွေထဲမှာ အမှားများရှိခဲ့ပါက ရေးသားသူ ကျွန်တော်နဲ့ သာသက်ဆိုင်ပါတယ်။ခေါင်းစဉ် နှင့်မသက်ဆိုင်သလို မူရင်းဆောင်းပါးရှင်များနှင့်လည်း မည်သို့မှ မသက်ဆိုင်ပါ။ တစ်စုံတစ်ရာမှားယွင်းခဲ့ မည်ဆိုလျှင်လည်း နောင်တော်များ ၊သူငယ်ချင်းများ ၊ ညီငယ်များကို ဒီနေရာကနေ ကြိုတင်ပြီးတောင်းပန်လိုက်ပါတယ်။နောက်ပြီး အချိန်ရရင် ရသလို မူရင်းဆောင်းပါရှင်တွေရဲ့ ဆောင်းပါးတွေကိုလည်း ဖေါ်ပြပေးသွားပါမယ်။


စစ်တက္ကသိုလ်၏ သမိုင်းမော်ကွန်း


စစ်တက္ကသိုလ်သည် ၁၉၅၄ ခုနှစ် ဩဂုတ် လ (၁)ရက်နေ့တွင် သန္ဓေယူ ပေါ်ထွန်း ခဲ့သောကြောင့် မြန်မာနိုင်ငံရှိ “တပ်မ တော်တက္ကသိုလ်” လေးခုတွင် အစောဆုံး ဖွင့်လှစ်သော တက္ကသိုလ်ဖြစ်သည်။ နှစ်(၅၀) သက် တမ်းကာလာသည် နိုင်ငံတကာတက္ကသိုလ်များနှင့် နိုင်ငံတကာ တပ်မတော်ရှိ စစ်တက္ကသိုလ်များ၏ သက်တမ်းနှင့်နှိုင်း ယှဉ်လျှင် ကာလ ကြာမြင့်လွန်းသည် ဟုမဆိုနိုင်ပါ။ သို့သော် နယ်ချဲ့ကိုလိုနီလက်အောက် ကျရောက်ခဲ့သော နှစ်(၁၀ဝ) ကျော် ကာလများ၊ လွတ်လပ် ရေးရရှိပြီး တပ်မတော်ကိုသီးခြား လွတ်လပ်စွာ ထူထောင် နိုင်သောကာလများ၊ မြန်မာနိုင်ငံရှိ အရပ်ဘက် တက္ကသိုလ် ပေါ်ထွန်းခဲ့သော နှစ်ကာလများနှင့် ချိန်ထိုးနှိုင်းယှဉ်လျှင် သမိုင်းမော်ကွန်း ထိုးရလောက်သော သက်တမ်းတစ်ခုကို ကျော် ဖြတ်ခဲ့ပြီဟု ဆိုနိုင်ပါသည်။


စစ်တက္ကသိုလ် တည်ထောင်ဖွင့်လှစ်ရန် စိတ်ကူး မျှော်မှန်းချက်သည်တပ်မတော် စတင် တည်ထောင်သည့်ကာလ၊ လွတ်လပ်ရေး ရရှိသည့် ကာလထက် ရှေးကျနေခြင်း မှာလည်း ထူးခြားမှု့တစ်ရပ်ဖြစ်ပါသည်။မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်တွင် ရဲဘော်သုံးကျိပ် ဘဝနှင့် စစ်ရေးလေ့ကျင့် စဉ်က ကြံစည် စိတ်ကူးခဲ့သော စစ်တကသိုလ်ကို အကောင်အထည်ဖော် ဖွင့်လှစ် နိုင်ရေးအတွက် ဆောင်ရွက်ကြသည်။ စစ်ရုံးချုပ်က လေ့လာရေးကော်မရှင်အဖွဲ့ သုံးဖွဲ့ ဖွဲ့ စည်းပြီး အိန္ဒိယ၊ ပါကစ္စတန်၊ဗြိတိသျှ ၊ယူဂိုစလားဗီးယား၊ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများသို့ စေလွှတ်၍ စစ်ကျောင်းကြီးများ ဖွင့်လှစ်နိုင်ရန် လေ့လာစေခဲ့သည်။ လေ့လာရေးအဖွဲ့များ ပြန်လည်ရောက်ရှိလာသောအခါ အစီရင်ခံစာများ၊ အကြံပြု တင်ပြချက်များ၊ မှတ်တမ်းများကို အခြေခံပြီး မြန်မာ့တပ်မတော်အတွက် လေ့ကျင့်ရေးဆိုင်ရာ မူဝါဒများကို ရေးဆွဲခဲ့ပါသည်။ ထို့နောက် စစ်တက္ကသိုလ်ဖွဲ့စည်း တည်ထောင်ရေးအတွက် ဆွေးနွေးရာတွင် “တပ်မတော်စစ်တက္ကသိုလ်ကို တပ်မတော်ဗိုလ်သင်တန်းကျောင်းအား အခြေပြု၍ ၁၉၅၃ ခုနှစ်အတွင်းဖွင့်လှစ်ရန်၊ စစ်တက္ကသိုလ် ဝင်ခွင့်အရည်အချင်း၊သင်တန်းကာလ၊ သင်ကြားပေးမည့် စာပေပညာ အဆင့်အတန်းများကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ စစ်တက္ကသိုလ်၏ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန် လမ်းညွှန်ချက်များအဖြစ်“အထွေထွေပဋိညာဉ်” တစ်ရပ်ကို အင်္ဂလိပ် ဘာသာဖြင့်ရေးဆွဲ အကြံပြုခဲ့သည်။ တင်ပြချက်ကို စစ်တက္ကသိုလ်၏ပထမပဋိ ညာဉ်အဖြစ် ၁၉၅၃ ခုနှစ်မှ ဇူလိုင်လ ၆ ရက်နေ့တွင် ပြဌာန်း သတ်မှတ်ခဲ့သည်။ ၁၉၅၃ခု ဇူလိုင်လ ၆ ရက်နေ့တွင် ပြဌာန်း သတ်မှတ်သော စစ်တက္က သိုလ် ပဋိညာဉ်တွင် စစ်တက္ကသိုလ်၏ ရည်မှန်းချက်နှင့် ပက်သက်၍ စစ်ဘက်ပညာများ တတ်ကျွမ်းပြီး ထိုးထွင်း ဥာဏ်ဖြင့်ဆောင်ရွက်တတ်ရန်၊ အမြင်ကျယ်စေရေး သိပ္ပံ ပညာ၊ ဓာတုဗေဒ ပညာ၊လူမှု့ရေးပညာ နှင့် ဗဟုသုတများ သင်ကြားပြီးတိုးချဲ့ ဆည်းပူးရန်၊ သုရသတ္တိ ပြည့်စုံပြီး ကတိသစ္စာရှိရန် ၊မြင့်မြတ် သောစိတ်ထား၊ အကျင့်စာရိတ္တ၊ကိုယ်ကျင့်တရားပြည့်စုံစေရန်၊ ကြံ့ခိုင်မှု့၊ ဇွဲရှိပြီး ပူးပေါင်း ဆောင်ရွက်တတ်ရန် ၊ ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့် ပြည့်စုံစေရန်ဟူ၍ ကျယ်ပြန့်စွာ ဖော်ပြခဲ့သည်။စစ်တက္ကသိုလ် ဖွဲ့ စည်းပုံ အမိန့်ရရှိရေးအတွက် ၁၉၅၄ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့ မှစတင်ဆောင်ရွက်ခဲ့သည်။နိုင်ငံတော် သမ္မတ၏ခွင့်ပြချက် ရရှိသောကြောင့် ၁၅၉၄ဩဂုတ်လ(၂၈)ရက်နေ့တွင် ကာကွယ်ရေး စစ်တက္ကသိုလ်(ပထမအဆင့်)ကိုဖွဲ့စည်း တည်ထောင်ခွင့် ပြုကြောင်း စစ်ရုံးအမြဲတမ်း အတွင်းဝန်ဌာနကစစ်ဦးစီးချုပ်ရုံးတာဝန်ရုံး(တာဝန်နှင့်စီမံဌာန)ကို အကြောင်းကြားခဲ့သည်။စစ်ဦးစီးချုပ်ရုံးတာဝန်နှင့် စီမံဌာနက ၁၉၅၄ခု၊ဩဂုတ်လ (၁၀)ရက်နေ့တွင် စစ်တက္ကသိုလ် ဖွဲ့စည်းခွင့် အမိန့်အာဏာကို စစ်ရေးချုပ်ဌာနသို့ ထုတ်ပြန်ပေးခဲ့သည်။စစ်ရေးချုပ်ဌာနက ကာကွယ်ရေး စစ်တက္ကသိုလ် ဖွဲ့စည်းရမည့်နေ့နှင့် ကာလအပိုင်းအခြားကို ၁၉၅၄ ခုနှစ် ဩဂုတ်(၁၇)ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့သည်။ စစ်ရေးချုပ်ဌာနက ကာကွယ်ရေး စစ်တက္ကသိုလ် ဖွဲ့စည်းရမည့် နေ့နှင့် ကာလအပိုင်းအခြားကို ၁၉၅၄ ခုနှစ် ဩဂုတ်လ (၁၇) ရက်နေ့တွင်ထုတ်ပြန်ပေးခဲ့သည်။ အမိန့်စာတွင် “ကာကွယ်ရေး စစ်တက္ကသိုလ်ကို ၁၉၅၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ သို့မဟုတ် ထို့ထက်နောက်ကျသော အမှန်တကယ် ဖွဲ့စည်းသည့်နေ့ရက်မှ စတင်ဖွဲ့စည်းရန် ပါရှိခဲ့သည်။ ထို့ကြောင့် ၁၉၅၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကို စစ်တက္ကသိုလ် စတင်သန္ဓေယူသောနေ့ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။


မူလကစစ်တက္ကသိုလ် အမည်ကို (Defence Services Military Academy) ဟု သုံးနှုန်းခေါ်ဝေါ်ခဲ့သော်လည်း အပြီးသတ်အမည်ပေးရေး အတွက်စဉ်းစားကြရာတွင် အင်္ဂလိပ်လို အက်ဥပဒေ ထည့်သွင်းရေးရန်အတွက် (Defence Services Academy) ဟုခေါ်ရန်နှင့် မြန်မာလို သင့်တော်သလို နောက်မှ ပြန်ယူရန် ၁၉၅၃ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင်ကျင်းပသော စစ်တက္ကသိုလ် အကောင် အထည် ဖော်ရေးအဖွဲ့၏ ဒုတိယ အကြိမ် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။စစ်ရုံးစစ် ဦးစီးဌာန က ဖွဲ့ စည်းခွင့် အမိန့် ထုတ်ပြန်ရာတွင်“ကာကွယ်ရေး စစ်တက္ကသိုလ်”ဟု သုံးစွဲခဲ့သည်။ ၁၉၅၅ခုနှစ် မေလ (၂၆)ရက်နေ့တွင် စစ်ဦးစီးဌာန (တာဝန်စီမံရေး)က “စစ်တက္ကသိုလ်”ဟုပြင်ဆင်သတ်မှတ်ခဲ့သည်။ကြေးနန်းရေးရာတွင်“စတသ”ဟုသုံးစွဲခဲ့သည်။

ကိုးကား။
၁။ 6th years Anniversary of DSA-48 (ဆောင်းပါး -နေဇော် )
၂။ စစ်တက္ကသိုလ် မဂ္ဂဇင်း

Dragon Warrior
05-15-2010, 09:10 AM
ကျွန်တော် စုဆောင်းမိတဲ့  စစ်က္ကသိုလ်နှင့် ပတ်သတ်တဲ့  အကြောင်းတွေကို ဒီနေရာလေးကနေ ကိုးကားပြီး ဖေါ်ပြပေးသွားပါမယ်။
မည်သည့်အကြောင်းအရာကိုမှ မမူတည်သလို မည်သူကိုမှလည်း ထိခိုက်စေလိုခြင်း မရှိစေလိုပဲ ဗဟုသုတ ရစေရန် ၊ကိုDragon Warriorတို့ လိုသိချင်တဲ့ သူတွေ အတွက်ရည်ရွယ်ခြင်း ဖြစ်ပါတယ်။
ကျွန်တော်ရေးသားမှုတွေထဲမှာ အမှားများရှိခဲ့ပါက ရေးသားသူ ကျွန်တော်နဲ့ သာသက်ဆိုင်ပါတယ်။ခေါင်းစဉ် နှင့်မသက်ဆိုင်သလို မူရင်းဆောင်းပါးရှင်များနှင့်လည်း မည်သို့မှ မသက်ဆိုင်ပါ။ တစ်စုံတစ်ရာမှားယွင်းခဲ့ မည်ဆိုလျှင်လည်း နောင်တော်များ ၊သူငယ်ချင်းများ ၊ ညီငယ်များကို ဒီနေရာကနေ ကြိုတင်ပြီးတောင်းပန်လိုက်ပါတယ်။နောက်ပြီး အချိန်ရရင် ရသလို မူရင်းဆောင်းပါရှင်တွေရဲ့ ဆောင်းပါးတွေကိုလည်း ဖေါ်ပြပေးသွားပါမယ်။



အခုလို ရေးသားဖော်ပြပေးတဲ့ ကိုဦးကို အထူးကျေးဇူးတင်ပါတယ်ဗျာ ............
ကိုဦးရေ ... သမိုင်းဆိုတာ မေ့ဖျောက်လို့မရသလို ... ပြုပြင်ပြောင်းလဲလို့လဲ မရပါဘူး ... ပါမောက္ခ ဒေါက်တာသန်းထွန်းက သမိုင်းသင်တာ မအအောင်လို့ လို့ဖြေခဲ့ဖူးတယ် မဟုတ်လား ... .. . ကျွန်တော်တို့အားလုံး ဗဟုသုတရှာမှီးရာမှာ သမိုင်းကြောင်းတွေက အထောက်အကူဖြစ်ပါလိမ့်မယ် ... ... ... သမိုင်းရဲ့ သင်ခန်းစာတွေကိုရယူပြီး လူ့ဘောင်လောကကို ပိုကောင်းအောင်တည်ဆောက်ရမယ် မဟုတ်ပါလားဗျာ .................
ဆက်ရေးပါဗျာ ........ အကျိုးရှိတဲ့ အလုပ်တစ်ခုပါဗျ ...........

လေးစားကျေးဇူးတင်လျှက် ... .. .
Dragon Warrior ....... :7: :7: :7:

ကိုဦး
05-19-2010, 03:25 AM
ပထမနှစ် ဗိုလ်လောင်းသင်တန်း


စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအတွက် တက္ကသိုလ်ဝင်တန်း ဆယ်တန်းစာမေးပွဲ အောင်မြင် သူများ ကို နိုင်ငံတော်သတင်းစာများမှ တဆင့် သတ်မှတ်ထားသော အရည်အချင်းများ အတိုင်း မြန်မာနိုင်ငံတိုင်းစစ်ဌာနချုပ် များတွင်လျောက်လွှာများ စတင်ခေါ်ယူခဲ့သည်။ လျှောက်လွှာတင်သွင်းပြီး သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော သူများကိုတက္ကသိုလ်ဝင်တန်းအဆင့် အင်္ဂလိပ်စာ ၊သင်္ချာ ဘာသာရပ်များကို ပြည်နယ်နှင့် တိုင်းအလိုက် အစိုးရအထက်တန်းကျောင်းများတွင် စတင် ဖြေဆိုခဲ့ကြသည်။ ပထမအဆင့် အရည်အချင်းစစ် စာမေးပွဲကို အောင်မြင်သူများအနေဖြင့် ရန်ကုန်မြို့ မင်္ဂလာဒုံ (ငွေယားတောင်စခန်း) တွင် ဖွင့်လှစ်ထားသော တပ်မတော် ဗိုလ်ရွေးအဖွဲ့တွင်း ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
တပ်မတော် ဗိုလ်ရွေးအဖွဲ့မှ စီစစ်သော ကြံခိုင်ရေး စမ်းစစ်ခြင်းများ၊ ဥာဏ်ရည် ဥာဏ်သွေးစစ်ဆေးခြင်းများ၊ အခက်အခဲ ကျော်ဖြတ်ခြင်းများ၊ စိတ်ပညာစမ်း စစ်ခြင်းများ ခေါင်းဆောင်မှု့ စစ်ဆေးခြင်းများကို အောင်မြင်စွာ ဖြေဆိုနိုင်သူများအနေဖြင့် စစ်တက္ကသိုလ် ပြင်ဦးလွင်သို့ သွားရောက် သတင်းပို့ကြရသည်။စစ်တက္ကသိုလ် သို့ရောက် ရှိလာသော ယာယီ သင်တန်းသား များကို ဆေးအဆင့်ပြည့်မှီခြင်း ရှိမရှိ ကိုပြင်ဦးလွင် ကုတင်(၇၀ဝ) စစ်ဆေးရုံတွင် စစ်ဆေးခဲ့ကြသည်။ ဆေးအဆင့် ပြည့်မှီခြင်းမရှိသော သင်တန်းသားများကို မိမိတို့နေရပ်သို့ ပြန်လည်စေလွှတ်ခြင်း ခံရသည်။ထိုနောက် စစ်ရေးပြပညာ၊ လက်နက်ငယ်ပညာနှင့် ဗျူဟာပညာရပ်များကို ရက်သတ္တပတ် ၉ ပတ်ကြာ(Under Training )ကာလအဖြစ် သင်ကြား လေ့ကျင့်ခဲ့ကြရသည်။ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့် မှု့ များကိုလည်းနေ့စဉ်လုပ် ဆောင် လေ့ကျင့်ကြရသည်။စစ်ဗျူဟာ၊ လက်နက်ငယ်ပညာ၊ စစ်ရေးပြ ပညာရပ်များးကိုသင်ကြားတက်မြောက်ပြီး ဖြစ်သောဗိုလ်လောင်းများကို စစ် တက္ကသိုလ်တပ်ရင်း ၃ ရင်းဖြစ်သောအောင်ဇေယျ တပ်ရင်း၊ ဘုရင့်နောင်တပ်ရင်း၊အနော်ရထာတပ်ရင်း များသို့ ပို့ဆောင် ပေးခဲ့ကြသည်။ဗိုလ်လောင်း လုပ်ထုံးလုပ်နည်းများ စည်းမျဉ်း စည်းကမ်းများကို နှစ်ကြီး စီနီယာများ ဗိုလ်လောင်းများနောက်ဆုံးနှစ် ဗိုလ်လောင်း များကစနစ်တကျ သင်ကြားပေးခဲ့ကြသည်။ ပထမနှစ်စာပေပညာရပ်များကို မိမိတို့  အထူးပြု ဘာသာရပ်များအလိုက် သင်ကြားခဲ့ကြသည်။ အထူးပြုဘာသာရပ်များအနေဖြင့် ကွန်ပျူတာအထူးပြု၊ရူပဗေဒ အထူးပြု၊ ဓါတုဗေဒ အထူးပြု ၊
အီလက်ထရောနစ်အထူးပြု၊ သင်္ချာအထူးပြု စသည့် ဘာသာရပ်ကြီး ၅ ခုခွဲ၍ သင်ကြားပေးခဲ့ကြသည်။ အထူးပြု မဟုတ်သော ဘာသာရပ်များအနေဖြင့် ဘောဂဗေဒ၊စိတ်ပညာ၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာဆက်ဆံရေး၊ ခေါင်းဆောင်မှု့ပညာရပ်၊ ပထဝီ ဘာသာ၊ သမိုင်းဘာသာ၊မြန်မာစာ၊ အင်္ဂလိပ်စာ စသည့်ဘာသာရပ်များကို သင်ကြားကြရသည်။ကျွန်တော်တို့ ရှိစဉ် အချိန်က စာပေညွှန်ကြားရေးမှူးအဖြစ်ဗိုလ်မှူးကြီးမြင့်အောင် (ဒုတိယ ပါမောက္ခချုပ်)၊ ဒုတိယစာပေညွှန်ကြားရေးမှူး အဖြစ် ဒုတိယဗိုလ်မှူးကြီးဇော်ထက်၊ကွန်ပျူတာဌာနမှူး အဖြစ်ဒုတိယဗိုလ်မှူးကြီး စိုးဝင်း၊ရူပဗေဒဌာနမှူး အဖြစ် ဒုတိယဗိုလ်မှူးကြီး သောင်းရွှေ၊အီလက်ထရောနစ် ဌာနမှူး အဖြစ် ဒုတိယဗိုလ်မှူးကြီးဇော်ဝင်း၊ ဓာတုဗေဒဌာနမှူး အဖြစ် ဒုတိယဗိုလ်မှူးကြီးချစ်သိန်း၊ သင်္ချာဌာနမှူး အဖြစ် ဒုတိယဗိုလ်မှူးကြီးသန်းဝင်း၊ မြန်မာစာ ဌာနမှူး အဖြစ် ဒုတိယ ဗိုလ်မှူးကြီးမင်းနိုင်၊ အင်္ဂလိပ်စာ ဌာနမှူး အဖြစ် ဒုတိယဗိုလ်မှူးကြီးဘုန်းမြင့်၊ သမိုင်းဌာနမှူးအဖြစ် ဒုတိယဗိုလ်မှူးကြီး နိုင်ဆွေ၊စိတ်ပညာဌာနမှူး အဖြစ် ဗိုလ်မှူးစန်းထွန်း၊ ပထဝီဌာနမှူးအဖြစ် ကထိက ဦးခင်မြို့၊ ဘောဂဗေဒဌာနမှူး အဖြစ်ကထိက ဒေါ်မာလာသန်း တို့ကတာဝန်ယူ သင်ကြားပေးခဲ့ကြသည်။ ပထမနှစ်ဝက် စာပေသင်ခန်းစာများ သင်ကြားပြီး နောက် ပထမနှစ်ဝက်စာမေးပွဲများကို ဖြေကြားခဲ့ ကြရသည်။ပထမနှစ်ဝက် စာမေးပွဲများပြီးမြောက်သောအခါ လေ့လာရေးခရီးများထွက်ကြရသည်။ထို့နောက် ဒုတိယနှစ်ဝက် စာပေပညာများကို ပြန်လည်သင်ကြားကြရသည်။ ဒုတိယနှစ်ဝက် စာပေပညာရပ်များသင်ကြား ပထမနှစ် ဗိုလ်လောင်းသင်တန်းသားများ အားလုံးဝင်ရောက် ယှဉ်ပြိုင်ကြရသော နယ်ကျော်ပြေးပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့ကြသည်။ ထို့နောက် ဒုတိယနှစ်ဝက် စာပေပညာရပ် စာမေးပွဲများကိုဖြေဆိုကြရသည်။ဒုတိယနှစ်ဝက်စာပေပညာရပ် စာမေးပွဲများ ဖြေကြားပြီးချိန် တွင် ပထမနှစ်ဗိုလ်လောင်းများအနေဖြင့် စစ်ဗျူဟာ သင်ခန်း စာများကို လုပ်ဆောင်ကြရသည်။ ပထမနှစ် သင်ခန်းစာများဖြစ်သည့် စာပေပညာရပ်၊စစ်ပညာ ဘာသာရပ်များကို သင်ကြားတတ်မြောက်ပြီးဖြစ်သော သင်တန်းသားများ ကို မိမိတို့ နေရပ်များသို့ ခွင့်တစ်လကြာ စစ်တက္ကသိုလ် အစီအစဉ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။



ကိုးကား။
၁။ 6th years Anniversary of DSA-48 (ဆောင်းပါး -နေဇော် )
၂။ စစ်တက္ကသိုလ် မဂ္ဂဇင်း

ကိုဦး
05-28-2010, 02:07 AM
ဒုတိယနှစ် ဗိုလ်လောင်းသင်တန်း
ဒုတိယနှစ်ဗိုလ်လောင်းသင်တန်း အစပိုင်းတွင် စစ်ရေးပြဘာသာရပ်ဖြစ်သော ဓားစစ်ရေးပြနှင့် တုတ်စစ်ရေးပြများကို သင်ကြားကြရသည်။ ထို့နောက် တပ်စုအဆင့် စစ်ဗျူဟာ ပညာရပ်များကို တစ်လကြာ ထပ်မံသင်ကြားကြရသည်။ စစ်ပညာဘာသာရပ်များ သင်ကြားပြီးချိန်တွင် ဒုတိယနှစ် စာပေပညာရပ်များကို ထပ်မံ သင်ကြားခဲ့ကြရသည်။ ပထမနှစ်ဝက်စာပေ သင်တန်းပြီးဆုံးပြီး စာမေးပွဲများဖြေဆိုပြီးချိန်တွင်
ဒုတိယနှစ် ဗိုလ်လောင်း သင်တန်းသားများ အားလုံးယှဉ်ပြိုင်ရသော ရေကူးပြိုင်ပွဲ၊ ကျွမ်းဘားပြိုင်ပွဲ တပ်စုတိုက်စစ် ပြိုင်ပွဲ (မောပန်းပြိုင်ပွဲ) များကိုဝင်ရောက် ယှဉ်ပြိုင်ကြရသည်။ ထို့နောက် မိမိတို့ ဝါသနာအလျှောက်
ဝင်ရောက် ယှဉ်ပြိုင်ရသော လက်ဝှေ့ပြိုင်ပွဲ၊ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ ဘက်စကတ်ဘောပြိုင်ပွဲ၊ဘော်လီလောပြိုင်ပွဲ၊ သံလုံပစ်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ များကိုစစ်တက္ကသိုလ် တစ်ခုလုံးအနေဖြင့် ကျင်းပခဲ့ကြသည်။
အားကစားပြိုင်ပွဲများ ပြီးဆုံးချိန်တွင် ဒုတိယနှစ်ဗိုလ်လောင်းများအနေဖြင့် မိမိတို့ တာဝန် ထမ်းဆောင်လိုသည့် စစ်လက်ရုံးများကို လျှောက်ထားကြရသည်။ကာကွယ်ရေးဦးစီးချုပ် (ကြည်း/ရေ/လေ) တို့မှ ကြီးမှူးပြီး
စစ်လက်ရုံးချုပ်များမှ ပထမနှစ်နှင့် ဒုတိယနှစ် ဗိုလ်လောင်းသင်တန်းနှစ်ခုပေါင်း စာပေနှင့် လေ့ကျင့်ရေး အဆင့်မျာအလိုက် စစ်လက်ရုံးများကို ရွေးချယ်သတ်မှတ် ပေးခဲ့ကြသည်။စစ်လက်ရုံး ရွေး
ချယ်မှု့များ ပြီးဆုံးချိန်တွင် ဒုတိယနှစ် ဗိုလ်လောင်းများအနေဖြင့် တပ်စုအဆင့် စစ်ပညာ ဘာသာရပ်များကိုလက်တွေ့လုပ်ဆောင်ကြရသည်။စစ်ဗျူဟာပညာရပ်များလက်တွေ့လုပ်ဆောင်ပြီးချိန်တွင် ဒုတိယနှစ် ဗိုလ်လောင်းများ အနေဖြင့် ပြည်သူ့ဘဝလေ့လာရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုလည်းလုပ်ဆောင်ကြရသည်။စာမေးပွဲများ ဖြေကြားခဲ့ကြရသည်။ ဒုတိယနှစ် ဗိုလ်လောင်းများအနေဖြင့် မိမိတို့ နေရပ်သို့ ခွင့်မပြန်မှီ နောက်ဆုံး စမ်းစစ်သောစာမေးပွဲလည်း ဖြစ်သည်။သင်တန်းသားများ အနေဖြင့် ဒုတိယနှစ် စစ်ပညာ၊စာပေပညာရပ်များကို အောင်မြင်စွာ သင်ကြားတတ်မြောက်ပြီးသောအခါ မိမိတို့နေရပ် အသီးသီးသို့ ခွင့်တစ်လခန့် ပြန်ခဲ့ကြသည်။


ကိုးကား။
၁။ 6th years Anniversary of DSA-48 (ဆောင်းပါး -နေဇော် )
၂။ စစ်တက္ကသိုလ် မဂ္ဂဇင်း

ကိုဦး
05-29-2010, 01:57 AM
တတိယနှစ် (နောက်ဆုံးနှစ်)ဗိုလ်လောင်းသင်တန်း
စစ်တက္ကသိုလ်သို့ ဒုတိယနှစ် အောင်မြင်စွာပြီးဆုံးခဲ့သော ဗိုလ်လောင်းများ အနေဖြင့် နောက်ဆုံးနှစ်ဗိုလ်လောင်း များအဖြစ် သတင်းပို့ကြရသည်။ပထမနှစ်ဝက် စာပေပညာရပ်များသင်ကြားပြီး စာမေးပွဲများ ဖြေဆိုပြီးချိန်တွင်နောက်ဆုံးနှစ် ဗိုလ်လောင်းများ အနေဖြင့် မိမိတို့အမှတ်စဉ် အလိုက် ဝင်ရောက် ယှဉ်ပြိုင်ကြရသောလှံစွပ်ထိုးပြိုင်ပွဲကို ယှဉ်ပြိုင်ကြရသည်။စစ်တက္ကသိုလ်မှ ကျင်းပသောအားကစားပြိုင်ပွဲများ ပြီးဆုံးချိန်တွင် နောက်ဆုံးနှစ်ဗိုလ်လောင်းများ အနေဖြင့် တပ်ခွဲအဆင့် စစ်ဗျူဟာ ပညာရပ်များကို သင်ကြားကြရသည်။ တပ်ခွဲအဆင့် စစ်ဗျူဟာ ပညာရပ်များဖြစ်သော တပ်ခွဲတိုက်စစ်၊ တပ်ခွဲအဆင့် ခံစစ်နေရာယူခြင်း၊ ညအချိန် ချီတက်သွားလာခြင်း၊ မြေပုံဆွေးနွေးခြင်း၊ လက်ယှက်ထိုးခံစစ်၊ အလျှော့အတင်းခံစစ်၊ထို့ပြင် ခရီးတို ချီတက် ထိုးဖောက်တိုက်ခိုက်ခြင်း စသည့်တပ်ခွဲအဆင့်စစ်ဗျူဟာ ပညာရပ်များ တွေ့လုပ်ဆောင်ကြရသည်။ ပထမနှစ်ဝက် စစ်ဗျူဟာ ပညာရပ်များပြီးဆုံးသောအခါ နောက်ဆုံးနှစ် ဗိုလ်လောင်းများသည်ဒုတိယနှစ်ဝက် စာပေပညာများကို ထပ်မံသင်ကြားခဲ့လက်ကြသည်။ ဒုတိယနှစ်ဝက် စာပေပညာရပ်များ သင်ကြားပြီးစစ်တက္ကသိုလ် စာပေဌာနမှ နောက်ဆုံးစစ်မေးသောစာမေးပွဲများ ပြီးသောအခါ နောက်ဆုံးနှစ် ဗိုလ်လောင်းများအနေဖြင့် ဒုတိယနှစ်ဝက် စစ်ဗျူဟာသင်ခန်းစာများ ပြန်လည်သင်ကြားခဲ့ကြရသည်။ နောက်ဆုံးတပ်ပြင် လေ့ကျင့်ခန်းဖြစ်သော ခရီးရှည်ချီတက် ထိုးဖောက် တိုက်ခိုက်ခြင်း သင်ခန်းစာကို လက်တွေ့ လုပ်ဆောင်ကြရသည်။
ထို့နောက် နောက်ဆုံးနှစ် ဗိုလ်လောင်းများ အားလုံးဝင်ရောက် ယှဉ်ပြိုင်ရသော ခြေမှုန်းရေး ပြိုင်ပွဲကို ယှဉ်ပြိုင်ကြရသည်။ စစ်တက္ကသိုလ်မှ ၃ နှစ်တာ သင်ကြားပေးသော စာပေပညာရပ်များ စစ်ပညာ ဘာသာရပ်များကို အောင်မြင်သော နောက်ဆုံးနှစ် ဗိုလ်လောင်းများ အနေဖြင့် ကျောင်းဆင်းစစ်ရေးပြ လေ့ကျင့်ခြင်းများ၊ ပြန်တမ်းဝင် ခန့်အပ်ခြင်း အခမ်းအနား လေ့ကျင့်ခြင်းများ၊စာပေဘွဲ့ယူခြင်း အခမ်းအနား လေ့ကျင့်ခြင်း များကိုလေ့ကျင့်ကြရသည်။ထို့နောက် နောက်ဆုံးနှစ် ဗိုလ်လောင်းများ၏ ကျောင်းမဆင်းမှီ နောက်ဆုံး စစ်ဗျူဟာ သင်ခန်းစာဖြစ်သော လက်နက်ကြီး ပစ်ကူယူသော တပ်ခွဲတိုက်စစ် သင်ခန်းစာအား အောင်မြင်စွာ လက်တွေ့လုပ်ဆောင် ကြသည်။အမိစစ်တက္ကသိုလ်ကြီးမှ ၃ နှစ်ကြာလေ့ကျင့် သင်ကြား ပေးသော စာပေပညာရပ်များ၊ စစ်ပညာဘာသာရပ်များကို ပေါက်မြောက် အောင်မြင်သောစစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းမှ နောက်ဆုံးနှစ် ဗိုလ်လောင်းများကို စစ်တက္ကသိုလ်မှ ပြန်တမ်းဝင် အရာရှိအဖြစ်ခန့်အပ် ခြင်း အခမ်းအနားနှင့် ကျောင်းဆင်းစစ်ရေးပြအခမ်းအနား ကိုကျင်းပခဲ့ကြသည်။ ညစာစားပွဲကို ကျင်းပခဲ့ ကြသည်။ နောက်တစ်နေ့ နံနက်တွင်စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် စာပေပညာဘွဲ့ များဖြစ်သည့် ကွန်ပျူတာဘွဲ့၊သိပ္ပံဘွဲ့နှင့် ဝိဇ္ဖာဘွဲ့များကို ပေးအပ်သည့် အခမ်းအနား ကျင်းပခဲ့သည်။ စစ်တက္ကသိုလ်မှ မွေးထုတ်ပေးခဲ့သော အရာရှိများအနေဖြင့် မိမိတို့ကျရာတာဝန်များကို သက်စွန့် ဆံဖျားရွတ်ရွတ်ချွံချွံ ထမ်းဆောင်လျှက်ရှိရာ ယခုအခါ သီဟသူရဘွဲ့ရသူ ၇ဦး၊ သူရဘွဲ့ရရှိသူ ၂၈ ဦး၊ သူရဲကောင်း မှတ်တမ်းဝင်၁၄၆ ဦး၊ ကာကွယ်ရေးဦးစီးချုပ်၏ သူရဲ ကောင်းမှတ်တမ်းရသူ ၅၅ ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း မှတ်တမ်းရရှိသူ ၅၇ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စစ်မှုထမ်းကောင်း လက် မှတ်ရရှိသူ ၄ ဦးနှင့်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူး ဆောင်လက်မှတ်ရရှိသူ ၂၃ ဦးရရှိခဲ့ပြီ ဖြစ်ပေသည်။


ကိုးကား။
၁။ 6th years Anniversary of DSA-48 (ဆောင်းပါး -နေဇော် )
၂။ စစ်တက္ကသိုလ် မဂ္ဂဇင်း

ကိုဦး
05-29-2010, 02:13 AM
ချယ်ရီမြေသို့  အလွမ်း

တို့ တွေသစ်ပုတ်ပင်အိုမှာ
မကွန်းခိုခဲ့ ရပေမယ့်
ရွှေညောင်ပင် အေးရိပ်မှာ
သန့် ရှင်းရေးလုပ်ခဲ့ တာလေး
ငါတော့ အမှတ်ရနေသေးတယ်။
ကံ့ကော်တောရဲ့ သင်းပျံ့ ရနံ့ ကို
ရှုရှိုက်ခွင့် မရခဲ့ပေမယ့်
ရနံ့ ပြယ်သော ချယ်ရီတောကို
ငေးမောခဲ့ရတဲ့ အခိုက်အတန့် လေး
ငါတော့ ပြန်လွမ်းမိသေးတယ်။

ပုဂံလမ်းကနေ မျှော်စောင့်နေမယ်
ပြောခွင့် အခါမသင့်ခဲ့ပေမယ့်
ဧည့်ဆောင်လမ်းမထက်
လှမ်းလွင့်လာမယ့်
ချစ်သူကို ကြိုလင့်ရတာ
ငါတော့ ပိုရင်ခုန်ခဲ့ရဖူးရဲ့ ။

ဂျပ်ဆင်လမ်းထက် ချစ်ဦးသူလက်ကိုတွဲ
ကြည်နူးစွာ မလျှောက်ခဲ့ဖူးပေမယ့်
အောင်စစ်သည်လမ်းထက်
လက်ဆွဲအိတ်ကိုဆွဲ
လက်ပြည့်လွဲ လျှောက်လှမ်းခဲ့တဲ့
ခြေလှမ်း
ငါတော့ ခုထိ ရဲရင့်နေဆဲပဲ။

လွတ်လပ်ခြင်းတွေ စိမ်းလန်းတဲ့
ဒဂုံတက္ကသိုလ်မှာ တို့ တွေ
မခိုလှုံခဲ့ကြရပေမယ့်
ချယ်ရီရိပ်ပျို အမိစစ်တက္ကသိုလ်မှာ
လွတ်လပ်မှုကို မြိုချ ချွေးစက်တွေ
ခါထုတ်ခဲ့ရတဲ့
ထိုထိုနှစ်များကိုတော့ ငါတို့ 
ဘယ်လိုမေ့လို့ ရမှာလည်းကွာ။


မောင်ငယ်

ကိုးကား။
၁။ 6th years Anniversary of DSA-48 (ကဗျာ- မောင်ငယ် )

ကိုဦး
05-29-2010, 03:03 AM
ဒီပိုစ့်လေးကတော့ ကျွန်တော်ရဲ့  (၂၀၀)ပြည့်မြောက် အမှတ်တရ ပေါ့ဗျာ ..
ကျွန်တော်သူငယ်ချင်း ကိုဖြိုးငြိမ်းရေးထားတဲ့ ဝတ္တုတိုလေးပါ .. ကျွန်တော်အဖြစ်နဲ့  ခပ်ဆင်ဆင်ပါပဲ ...

မမေ့နိုင်

မိုးဖွဲလေးများ တစ်စက်စက်ကျနေတယ် ...တစ်ခါတစ်ခါ ဘယ်ဆီက လွင့်လာမှန်း မသိတဲ့ လေပြင်းနဲ့ အတူ မိုးစက်များ ကယိုင်နဲ့နဲ့ အိမ်အိုလေး ထဲကို အဆီးအတားမရှိ ကျရောက် လို့လာတယ် ကောင်းကင် တစ်ခု လုံးလဲ မဲမဲမှောင် လို့ အေးချမ်းလွန်းလှတဲ့ မိုးညလေးထဲမှာ မအေးချမ်း နိုင်တာကတော့ ကျွန်တော်တို့ မိသားစု လေးရယ်ပါ ..
‘ ဂျိမ်း ’
ကနဲ့ ချိမ်းလိုက်တဲ့ မိုးချိမ်းသံဟာ တစ်စုံ တစ်ခုကို အစပြိုးဖို့ အချက်ပေးသံ လေ လား ...အဖေရဲ့ ဒေါသ ကြီးအော် ဟစ် သံဟာ မိုးသံ လေသံ တွေလေ ထဲမှာ ရော ထွေးလို့ နေတယ် လျှပ်စီး တစ်ချက် လက်ကနဲမှာ
အမေပါးက မျက်ရည်စီးကြောင်းကို တွေ့ လိုက်ရတယ် ဘာတွေဖြစ်ကုန်ပြီလဲ ...အနားမှာကုပ်ကုပ်လေး ရှိနေတဲ့ အစ်မက တစ်အိအိ နဲ့ငိုနေပြီ ....
‘ဟင် ’
အဖြစ်အပျက်အားလုံးကိုနားမလည်နိုင်စွာ နဲ့ ကျွန်တော် ကြောင်ပြီးကြည့်နေခိုက်မှာ......
“ နင်လို မိန်းမနဲ့ မပေါင်းနိုင်ဘူး”
ဆိုတဲ့ အဖေရဲ့ဒေါသ တကြီး ရေရွတ်သံ နဲ့အတူ အိမ်တံခါးမကို ‘ဝုန်း ’ ကနဲ တွန်းထွက် သွားတဲ့ အမေကို မိုးရေတွေ ကြားထဲမှာ မ သဲမကွဲ မြင်လိုက်ရတယ် ...အဲ ဒီအချိန်တုန်းက အမေ့ကို နောက်ဆုံး တွေ့လိုက်ရခြင်း ဖြစ်လာလိမ့်မယ်လို့တော့ ကျွန်တော် ကြိုတင် မသိခဲ့ပါဘူး ..နေ့စဉ်ပုံမှန်သွားနေကျ အတိုင်းကျောင်းကို သွားရတော့မယ်။၊ဒါပေမဲ့ဒီနေတော့ခပ်စောစော သွားမှဖြစ်မယ်ဒီနေ့ သန်းရှင်းရေးတာဝန်က အပြာအသင်းအလှည့်ကိုယ်က အသင်း ခေါင်းဆောင်ဆိုတော့ခပ်စောစောသွားရမယ်လေ..ကိုယ် ရောက်ပြီးသိပ် မကြာခင်မှာပဲ အသင်းသားတွေ တစ်ဖွဲဖွဲ ရောက်လာတော့ တက်ညီလက်ညီနဲ့ပဲလုပ်စရာရှိတာကို လုပ်ပြီး အတန်းဝင်ဖို့ ပြင်ရပါတယ် ဟုတ်ပါတယ် ခပ်သွက်သွက်မလုပ်လို့လဲ မရဘူးလေ ဒီနေ့အတန်း ပထမဆုံး အချိန်က ကျောင်းရဲ့ဒုတိယကျောင်းအုပ်လည်းဖြစ် အသင်အပြကောင်း သလိုစည်းကမ်းလဲကြီးတဲ့ ဆရာကြီးကျော်ဆွေရဲ့အချိန်လေ..သဘောသကာရကောင်းသလို လက်သီးပြင်းတဲ့ ဆရာဆိုတော့ ကျောင်းသားအားလုံး ကြောက်ရွံ့လေး စားရပါတယ်..ဟိုတစ်လောကဆို အိမ်စာလုပ် မလာတဲ့ ကျော်ထွန်းကို ထိုးလိုက်တာ နှာနှပ်ယူရတယ်ဒီတော့လဲကြောက်ကြပြီပေါ့။
‘ ဟူး ’
အခုမှ အသက်ကို ဝ၀ရှု နိုင်တော့တယ်ဆရာရဲ့ စာသင်ချိန်တစ်ချိန်ကတော့ အောင်မြင်စွာနဲ့ ပြီးမြောက်သွားပါပြီ စာသင်ချိန်မှာ အိပ်ငိုက်နေလို့ အတန်းတစ်ချိန်လုံးမတ်တပ်ရပ်နေတဲ့အေးလွင်အောင်
ကတော့နောက်ဆုံးမှ ရှုံ့မဲ့ ရှုံ့မဲ့ နဲ့ထွက်လာတယ်။နောက်တစ်ချိန်ကတော့ ဆရာမအပျိုကြီး ဒေါ်ခင်သန်းနု အချိန်လေ သူကတော့ အပျိုကြီးဆိုပေမဲ့ စကားအင်မတန်နည်းသလို ကျောင်းသူ ကျောင်းသား များ ကိုလဲ အင်မတန် ချစ်ပြီး အလိုလဲလိုက်ပါတယ် ဒီလိုသဘောကောင်းတဲ့ဆရာမဆို တော့လဲကျောင်းသားများကထုံးစံအ တိုင်းဟိုလူကို ခဲနဲ့ ပစ် လိုက် ဒီလူ့ ကိုခေါင်းပုတ်နဲ့ ..ကောင်မလေးတွေကတော့သိတော်မူကြတဲ့အတိုင်း မဲ့ကာ ရွဲ့ကာနဲ့စကား အတင်း တွတ်ထိုးနေကြပါတယ်။ကျွန်တော် ကတော့ နောက်နားတစ်နေရာ မှာထိုင်ပြီးတော့ မကြာမှီ ကျင်းပတော့မယ့်မိဘစုံညီ ပွဲတော် နဲ့ ဆုပေးပွဲ အစီအစဉ် ကိုကြိုတွေးပြီးတော့ စိတ်ထဲမှာလေးလံနေပါတယ် ..ဒီနေ့အဖို့ကတော့ ဒီအချိန်ဟာနောက်ဆုံးအချိန်ပါ မကြာခင် ကျောင်းသားမိဘတွေတစ်ဖွဲဖွဲရောက်လာကြတော့မယ်..ဒီအစီအစဉ်လေးကတော့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ကျွန်တော်တို့ ကျောင်းရဲ့ ပျော်ရွှင်စရာပဲလေးဖြစ်ပါတယ်။တစ်နှစ်တာအတွင်း စာမေးပွဲအသီးသီးမှာ ထူးချွန်စွာဖြေဆို အောင်မြင်ခဲ့တဲ့ ကျောင်းသူကျောင်းသား များကိုဂုဏ်ပြုချီးမြင့်တဲ့ ပွဲလေးဖြစ်သလို ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ၊ စာစီစာကုံး၊စကားရည်လုပြိုင်ပွဲတွေမှာ ကျောင်းရဲ့ ဂုဏ်ကိုမြင့်တင် နိုင်ခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေကို ဆုချီးမြင့်တဲ့ ပွဲလေး လဲဖြစ်ပါတယ် ...သောကြာသား ဖြစ်တဲ့ ကျွန်တော် ဟာ စာပေပညာဘက်မှာမထူးချွန်ပေမဲ့ စာစီ စာကုံး၊စကားရည်လု၊ကျပန်းစတဲ့ ကျောင်း ပေါင်းစုံပြိုင်ပွဲ တွေမှာတော့ ကျောင်း ရဲ့ဂုဏ် ကိုနှစ်စဉ်ဆောင်နိုင်စမြဲ ပါ ဒီနှစ်လဲ စာစီစာကုံးပထမနဲ့ ကျပန်း ဒုတိယရခဲ့တဲ့ကျွန်တော်ဆုယူရမယ်လေ အတွေးနယ်ချဲ့ မိနေစဉ် မှာပဲ အပြင်မှာတစ်ဖွဲရောက် စပြုလာတဲ့ မိဘစုံတွဲ တွေ ကို မြင်လိုက်ရတော့ ကျွန်တော် စိတ်ထဲ မိုက်ကနဲဖြစ်သွားတယ်။ ဟုတ်ပါတယ် ဒီ နေ့ပွဲလေး ကိုကျွန်တော်ရဲ့မေမေ မလာနိုင် တော့ဘူးလေ ဝဲစပြုလာတဲ့ မျက်ရည်ကို သုတ်မယ် လို့ ပြင်လိုက် စဉ်မှာပဲ သူငယ် ချင်း ကျော်မြင့်ဦး က
“ဟေ့ကောင် ဘာတွေ ငိုင်နေတာလဲဟိုမှာ
အတန်းချိန် ပြီးသွားလို့ အပြင်ရောက် တဲ့သူတောင်ရောက်သွားပြီ သွားကြရအောင် မိဘတွေကို သွားကြိုရအောင်”
လို့ပြောပြီးဆွဲခေါ်သွားတဲ့နောက်ကိုယောင် နန နဲ့လိုက်လာခဲ့ မိတယ် ကျောင်း ဂိတ်ဝ မှာကျောင်းသူ၊ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ စည်းကားလို့နေပါတယ် ဆုပေးပွဲမတိုင်ခင် ဖျော်ဖြေရေး အစီအစဉ် တွေလဲ ရှိတယ်လေ။ဒီကနေ့ ကတော့ ကျောင်းလေးရဲ့ အသက်ဝင်ဆုံး စည်ကားသိုက် မြိုက် ဆုံးနေ့လေးတစ်နေ့ ပါပဲ ။သူများတကာတွေကတော့ ကိုယ် မိဘလက် ကလေးတွေကိုမှီတွဲပြီး
အခမ်းအနားကျင်းပရာ ဟောခန်းမ သို့ အသီးသီးဝင်နေ ကြပြီ ငါ့မိဘတွေကရော. အမေက မရှိတော့ ဘူး ညကပဲအပြီး အပိုင် ထွက်သွားပြီ လေ ဒါဆို အဖေကရော .. .. ..
အဖေမလာတော့ဘူးလား . . . .အဖေရောမလာတော့ဘူးလား .. ..
မနက်က ကျောင်းလာခါနီး ကတော့ အိပ်ရာထလာတာ မတွေ့ ရဘူး ဘယ်သူမှ မလာတော့ဘူးလား .. ဆို့နင့်လာတဲ့ ဝမ်းနဲစိတ်နဲ့ အတူ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ရတာကို မနိုင်ချင်သလို ဖြစ်လာတယ်။
ဒီအချိန်မှာပဲ အစီအစဉ်ကြေညာသံကို ကြားလိုက်ရပါတယ်..ဟုတ်ပါတယ်လေ ငါ့မိဘတွေမလာတော့ဘူးပေါ့ မလာနိုင်တော့ဘူးပေါ.. နောက်ဆုံး အစီအစဉ် (၁)အရ ကျောင်းအုပ်ကြီးမှ အမှာစကား ပြော
ကြားနေတော့ အင်အား ချိနဲ့နေသောခြေလှမ်းများနဲ့ ဟောခန်းမ ထဲကို ဝင်လာခဲ့ရပါတယ်.. အစီအစဉ်တွေကတော့ ဆက်တိုက်အစီအစဉ်တကျကျင်းပနေခဲ့ပါတယ်။ကျောင်းသူလေးတွေရဲ့‘ဗွေးတုပ်’ ယိမ်းကို လဲစိတ်မဝင်စားမိတော့ ကျောင်းသားတွေ ရဲ့ရောင်ပေစူးသီချင်းကို လဲ ကြားတစ် ချက်မကြားတစ်ချက် ကျွန်တော် နားထဲကြားယောင်နေခဲ့မိတာကတော့ ညက အ မေနဲ့အဖေတို့ ရဲ့ အပြန်အလှန် ခက်ထန်စကားပြောသံများသာ ..
“နင်လို မိန်းမနဲ့ မပေါင်းနိုင်ဘူး”
“နင်လို မိန်းမနဲ့ မပေါင်းနိုင်ဘူး”
အမေ တံခါးကို ‘ဝုန်း ’ ကနဲ ကန်ထွက်သွားသံတွေ ..ကြားယောင်မိနေဆဲမှာပဲ ကျောင်းပေါင်းစုံ စာစီစာကုံး ပြိုင်ပွဲ ပထမဆုရ တတိယတန်းကျောင်းသား‘ဖြိုးငြီမ်း’ဆိုတဲ့ အသံကြားတော့ မှဆက်ကနဲ အသိ
ပြန်ဝင်လာပြီး ကပြာကယာ ဆုပေးစင် မြင့်ဆီကို သွားရောက် မိတယ်.... ကျောင်းအုပ်ကြီး ဆီမှဆုကို လက်ခံရယူ နေတာနဲ့ တစ်ပြိုင်ထဲအောက်မှ ပရိသတ်မိဘများ ဆီကလက်ခုပ် သံတစ်ဖြောင်းဖြောင်း ထွက်လာပါတယ်မဟုတ်ဘူး .. .. ..ငါ့ကို လှောင်ပြောင် နေကြတာ လှောင်ပြောင်နေကြတာ .. ရင်မှာ စူးကနဲ ဖြစ်သွားပြီး နောက်ကို တစ်ချက် အလှည့်မှာဗုန်းကနဲ လဲကျသွားတယ်.....

ကျွန်တော် ရဲ့အသိညဏ်များ ကလဲ ဟိုး အမှောင်ထ များဆီသို့  …… အိပ်မက်ထဲမှာ ကျွန်တော် တစ်ကိုယ် လုံးတိမ်စိုင်တွေထဲမှာ လွှင့်မျောနေသလိုမျိုး အရမ်းပျော်နေမိတယ်
“ဖြောင်း .. ဖြောင်း”
အောက်မှ ကျောင်းသားပရိသတ်မိဘ များ ရဲ့ လက်ခုပ်သံတွေ ကြားမှာ ကျွန်တော် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးမိတယ်ပရိသတ် ကို တစ်ချက်ဝေ့အကြည့် မှာ “ဒါမှ ငါ့သားကွ”လို့ ပြောနေသလိုပုံပေါ်နေတဲ့ အဖေ
ကိုလှမ်းမြင်လိုက်ရတယ် အမေကတော့ အဖေပခုံးကိုတစ်ချက် လှမ်းမှီလိုက် ပြီး....
“မေ့သားလေးကတော်လိုက်တာ”
လို့ ပြောလိုက်တဲ့ပုံစံ မျိုးမြင်လိုက်ရတယ် .... ..
‘ဟင်’
သေချာကြည့်လိုက်တော့ အခါမှာတော့ကျွန်တော့်ကို ဂုဏ်ယူဝမ်းသာစွာကြည့်နေ တဲ့အဖေတစ်ယောက်ထဲကိုသာ တွေ့လိုက်ရပါတော့တယ်…..

“ အောင်စစ်သည်တော် .. အောင်စစ်သည်တော် ..
နောင်တစ် ခေတ်၏ အောင် စစ် သည်တော် ”

ကျောင်းဆင်းပွဲ စစ်ရေးပြ အခမ်း အနားမှ စစ်ချီသံက မိုးလုံး ညံသွား သည်ဟု ထင်မိသည်။ဒီနေ့က သားလေးတို့ အပတ် စဉ်(...)ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းပွဲနေ့လေ (၃)နှစ်လုံးလုံး ပင်ပန်း နွမ်းနွယ် ခဲ့ရသမျှတို့၏ ရလာဒ်အောင် ပွဲနေ့လေးပေါ့ ...စစ်ရေးပြကွင်း သို့ အား မာန် အပြည့် ဝင့်ကာ ချီကာ ဝင်ရောက်လာသော ကျောင်းဆင်းတပ်ခွဲများကို ရင်သပ် ရှု့မော ကြည့်ရင်းသားလေး ဘယ်နေရာ ဘယ်တပ် ခွဲမှာ ပါလာမလဲလို့ အမောတကောရှာဖွေမိပါတယ် ..အဖြူရောင် ကျောင်းဆင်းဝတ်စုံများ ကြားမှာ အားမာန်ကိုယ်စီနှင့် ဝင်ရောက်လာသော ကျောင်းဆင်းအရာရှိများကို ကြည့်ကာသားလေးကို ရှာဖွေနေရင်း ကျွန်တော်ရဲ့စိတ်များက လွန်ခဲ့သော နှစ်ပေါင်း (၃၀) ဆီသို့ လွင့်ပါးနေမိပါတော့တယ်….
“မေတို့သားလေး အရာရှိ ဖြစ်ပြီနော် ၊သားလေးကအိမ်ကစထွက်သွားတုန်းကနဲ့ တစ်ခြားစီပဲ သိလား
စိတ်နေ စိတ်ထား ကိုယ်ဟန်အမူအရာက အစ တည်ငြိမ် ရင့်ကျက် လာလိုက်တာ ကိုရယ် ဟု”
ချစ်ဇနီးချော ကဘေးမှ မနားတန်း တစ်တွတ်တွတ်ပြော သံကကျွန်တော်နားထဲမှာ ဝိုးတစ်ဝါး ..စိတ်ထဲမှာ သားလေးရဲ့ ကျောင်းဆင်းပွဲကို ကိုယ်တိုင်ဂုဏ်ပြုတက်နိုင်ခွင့်ရတဲ့ အတွက် ကျေနပ်ပိတိဖြစ်မိတဲ့စိတ်၊ အခက်အခဲ အတားအဆီး ပင်ပန်းသမျှကို ကျော် လွားကာ မကြာခင်အရာရှိဖြစ်တော့မည့် သားလေးအတွက် ဂုဏ်ယူဝမ်းသာတဲ့စိတ်လို့မေးလာပါတယ် ကျွန်တော် ဘာစကားတစ်ခွန်းမှ မဆိုမိပဲ မေ့ကို ကြည့်လိုက်ပါတယ်...ကျွန်တော် အခုကျနေရတဲ့မျက်ရည်တွေဟာ ကျွန်တော်တုန်းကလို ကိုယ်ရဲ့အောင်ပွဲကို မိစုံဖစုံ ဆင်နွဲခွင့်မရခဲ့သောကြောင့် ကြေကွဲဝမ်းနည်းခဲ့ရသလို မဟုတ် ပဲကိုယ်ရဲ့အောင် မြင်မှု့ အသီးအပွင့်ကို မိစုံဖစုံနဲ့ ရယူနိုင်တဲ့ ကျွန်တော်တို့သားလေးအတွက် ဝမ်းသားပီတိ ဖြစ်လွန်း လို့ ကျတဲ့မျက်ရည်များသာဖြစ်ကြောင်း ကိုတော့ တည်းခိုရာ နေ ရာရောက်မှ မေ့ကို သေချာရှင်းပြပါတော့မည်။

(ကိုဖြိုးငြိမ်း)

jasminephyu
05-29-2010, 08:49 AM
ဖတ်ရတာကောင်းပါတယ်ရှင်
Once upon a time သီချင်းလေးပါ ထည့်ပေးထားရင် ပိုပြီးအဆင်ပြေပါတယ်
မစံပယ်

ကိုထွန်း
05-30-2010, 11:25 AM
ကိုထွန်း သဘော်သားဘဝမှာ စစ်တက္ကသိုလ်ဆင်း ၂ ဦးနဲ့ အချိန်တော်တော်ကြာတွဲခဲ့ဘူးပါတယ်။ တစ်ယောက်က နောက်ဆုံးနှစ်မှ သဘော်ကျင်းကိုပြောင်းလုပ်သက်ယူရင်း မြန်မာပြည်က ခက်ခဲတဲ့ MOT 1st Class Engineer လက်မှတ်ကိုအောင်မြင်ခဲ့သူဖြစ်ပြီး ကိုထွန်းရဲ့ Chief Engineer ပါ။ အခုထိလည်း Tanker Fleet ကြီးတစ်ခုမှာ အင်ဂျင်နီယာချုပ်လုပ်နေပြီး၊ ကိုထွန်းနဲ့ အဆက်အသွယ်မပျက်ခဲ့ပါဘူး။ နောက်တစ်ဦးကတော့ တပ်မတော်ရေက အရာရှိအဆင့်နဲ့ ပြောင်းလာပြီး ကုန်သွယ်ရေကြောင်းတတိယအရာရှိအဆင့်နဲ့စကာ ကိုထွန်းတို့နဲ့အတူ၊ တစ်လှေတည်းစီးကာ တစ်ခရီးတည်းနှင်ခဲ့သူပါ။

အစဉ်အလာရှိတဲ့ကျောင်းထွက်တွေမို့ အလုပ်ကို အကြွေးမထား တတ်သလို၊ ဆုံးဖြတ်ပုံ၊ အပင်ပန်းခံနိုင်ပုံ နဲ့ ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့ ပေါင်းသင်းဆက်ဆံပုံတွေကို ကိုထွန်းတို့ အတူယူလေးစားခဲ့ရပါတယ်။ ချယ်ရီမြေရဲ့ သားကောင်းများကတော့ ဘယ်နေရာကို ရောက်ရောက် ဟိုးအရင်ထဲကနေ ခုချိန်ထိကာင်းမွန်တဲ့ ဂုဏ်သတင်းတွေကိုချန်ထားရစ်ခဲ့ကြပြီး အစဉ်အလာကိုထိမ်းသိမ်းခဲ့ကြပါတယ်။ ချယ်ရီမြေက ဖိုရမ်မာများလည်း ကျောင်းတော်ကြီးရဲ့ အကြောင်းလေးတွေ၊ အမှတ်တရလေးတွေ ကိုဆက်ရေးကြပါဦး။

ကိုဦး
05-30-2010, 03:22 PM
ဖတ်ရတာကောင်းပါတယ်ရှင်
Once upon a time သီချင်းလေးပါ ထည့်ပေးထားရင် ပိုပြီးအဆင်ပြေပါတယ်
မစံပယ်


မစံပယ်ရေ ...
စိတ်တော့ မရှိပါနဲ့ ဗျာ ..
ကျွန်တော် တစ်ခုလောက်မေးချင်လို့  ..
Once upon a time ဆိုတဲ့  သီချင်းကို ဘာကြောင့်ထည့်စေချင်တာလည်း ... ?
တကယ်လိုချင်တယ်ဆိုရင်တော့ တကယ်နားထောင်ချင်တယ် ဆိုရင်တော့ ကျွန်တော် Upload တင်ပေးပါမယ် ..
တစ်ခြား ရည်ရွယ်ချက်ကြောင့်ဆိုရင်တော့ မစံပယ်ရဲ့ စာသားလေး ကို ကျေးဇူးပြုပြီး ပြင်ပေးစေချင်ပါတယ် ..
ခင်မင်စွာဖြင့် ..
ကိုဦး

romeo.ty
08-31-2010, 06:23 AM
ဒီနှစ်ပေါ့ (2010) ကစပြီးတော့ ပထမနှစ် ဗိုလ်ရွှေး ကိုနေပြည်တော် ကိုပြောင်းရွှေ.လိုက်ကြောင်းကြားသိရပါတယ် (ကျွန်တော်ကိုယ်တိုင်သွားဖြေမှာမို.သိတာပါ)နောက် ပထမနှစ်ကျောင်းသားတွေကတော့ ထုံးစမ်အတိုင်း ပြင်ဦးလွင်မှာပဲနေရမှာပါ (ပျော်ပျော်ပါးပါးပေါ့ )

နောင်တစ်ခေတ်ရဲ.အောင်စစ်သည်လောင်း

romeo(ကာရန်လိုက်တယ်နော်)

ကိုဦး
08-31-2010, 05:15 PM
ဒီနှစ်ပေါ့ (2010) ကစပြီးတော့ ပထမနှစ် ဗိုလ်ရွှေး ကိုနေပြည်တော် ကိုပြောင်းရွှေ.လိုက်ကြောင်းကြားသိရပါတယ် (ကျွန်တော်ကိုယ်တိုင်သွားဖြေမှာမို.သိတာပါ)နောက် ပထမနှစ်ကျောင်းသားတွေကတော့ ထုံးစမ်အတိုင်း ပြင်ဦးလွင်မှာပဲနေရမှာပါ (ပျော်ပျော်ပါးပါးပေါ့ )

နောင်တစ်ခေတ်ရဲ.အောင်စစ်သည်လောင်း

romeo(ကာရန်လိုက်တယ်နော်)


ဘာပဲပြောပြော အားပေးတယ် ညီလေးရေ ..
အကူညီလိုရင်လည်း ပြောပေါ့ကွာ ...
ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုးစားပြီး လမ်းမှန်ကိုလျောက်နိုင်ပါစေ ..
ဓါးကိုင်ပြီး ရှေ့ဆုံးက ၀ံ့ကြွားစွာ ကျောင်းဆင်းနိုင်တဲ့ အောင်စစ်သည် စစ်သားကောင်းတစ်ယောက်ဖြစ်ပါစေ ..

အောင်လံလေး
08-04-2011, 02:26 AM
51 ပါ ..... နောင်တော်တွေ ရှိတယ်ဆိုတော့်လဲ ကောင်းတာပေါ့ .. ၀င်မိတ်ဆက်လိုက်တာပါ...... ။