PDA

View Full Version : AutoDesk Architectural Desktop အတွက် ဘယ်မှာ ရေးရမလဲပြောပြပေးကြပါနော်



Pho Nanda
02-02-2010, 09:54 AM
AutoDesk Architectural Desktop အကြောင်း ဆွေးနွေးချင်လို့ အဲဒါဘယ်မှာဆွေးနွေးရမလဲ ပြောပြကြပါနော်။
သုံးဖူးတဲ့သူများလဲ ပါဝင်ဆွေးနွေးကြဘို့ ဖိတ်ခေါ်ပါတယ်။

papagyi
02-10-2010, 01:15 PM
ဒီခေါင်းစဉ်အောက်မှာပဲ..ရေးပါ..အဆင်ပြေပါတယ်..
သူက Autocad ကို architectural plugin တွေပေါင်းထည့်ထားတာဆိုတော့
အဆင်ပြေပါတယ်..သိတာလေးတွေ ဝေမျှပါဦး.... :)

Pho Nanda
02-10-2010, 06:17 PM
Architectural Desktop အကြောင်းကို အကုန်ပြောဘို့ဆိုရင် သိပ်များနေပါတယ် (ကျွန်တော်လဲသိပ်အများကြီးမသိဘူးလို့ စောစီးစွာဝန်ခံပါရစေ)။ အဓိကပါဝင်ပြီး အသုံးများတာကတော့ Design, Documentation & Desktop Menu ထဲက Architect Plugin တွေပါဘဲ။ ဒီထဲမှာပါတဲ့ Wall တွေဟာ အထူတွေအမြင့်တွေ သတ်မှတ်ပြီးတာနဲ့ Column Grid တစ်လျှောက် Drug ဆွဲသွားရုံနဲ့ဆွဲလို့ရနေပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ Door & Window တွေကို Wall မှာကပ်လိုက်ရုံနဲ့ AutoCAD မှာလို Subtract လုပ်စရာမလိုဘဲ ပေါက်သွားမှာပါ။ တံခါးအပိတ်အဖွင့်တွေကိုလဲ Opening Percent နဲ့သတ်မှတ်ပြီး ဖွင့်ပိတ်လုပ်လိုရနိုင်ပါတယ်။ Roof အတွက်ဆိုရင်လဲ Slope တွေ High တွေပေးပြီး အနားထောင့်တွေမှာ Click ချရုံနဲ့ ဆွဲနိုင်ပါတယ်။ တခြားလုပ်ချင်တာတွေလဲ သိရင်သိသလောက်လုပ်နိုင်ပါတယ်။ ဒါကတော့ Design Menu ထဲက တချို့ပါ။ Documentation Menu ထဲမှာတော့ ကိုယ်Dimension တပ်ချင်တဲ့ Object တွေကို Select လုပ်ပြီး Direction ပေးလိုက်တာနဲ့ Dimension တပ်ပြီးသားရမှာပါ။ Section, Elevation, Perspective view တွေအတွက် ထပ်ဆွဲစရာမလိုဘဲ ပြုလုပ်နိုင်ပါတယ်။ Wall, Window, Door & Structural Members ထဲမှာပါတဲ့ Column လိုမျိုး Object တွေဟာ တကယ်တမ်း အလုပ်လုပ်တဲ့အခါမှာ Default ပါတဲ့ Object တွေနဲ့ မကိုက်ညီနိုင်ပါဘူး အဲဒါကြောင့် ကိုယ့်အလုပ်နဲ့ကိုက်ညီမယ့် Standard အလိုက် Object တွေကို Shape file အနေနဲ့Define လုပ်ပြီး Style တွေဖန်တီးထားရပါမယ်။ Shape file တွေကိုတော့ Desktop Menu ထဲက Profile... Profile Definition မှာပြုလုပ်ရပါတယ်။ တစ်ခါပြုလုပ်ပြီးရင် နောက်တစ်ကြိမ်မှာ style ကို Copy ကူးယူအသုံးပြုနိုင်တာကြောင့် ပထမတစ်ကြိမ်မှာ အချိန်ကြာနိုင်ပေးမယ့် နောက်ပိုင်းမှာ အချိန်ကုန်သက်သာစွာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အချိန်မအားလပ်တာကတစ်ကြောင်း သင်ထားတာက 2004 ကတည်းက နောက်ပိုင်းလဲ မလုပ်ဖြစ်တာကြောင့် မေ့ကုန်တာကတစ်ကြောင်း (မကျွမ်းကျင်)ကြောင့် လိုအပ်ချက်များစွာရှိနေပါတယ်။ စမိတဲ့သူဆိုတော့ မပြောလို့လဲမဖြစ်တော့ဘူးလေ :4: :4: :4: သိသလောက်မှတ်မိသလောက်တော့ ပြောလိုက်ပါသည်။ နောက်တစ်ခုဝန်ခံချင်တာက 2002 version ဘဲသုံးဖူးပါတယ်နောက်ပိုင်း version တွေမှာ ဘယ်လိုNew Feature တွေပါလာလဲ တော့ မပြောတတ်ပါ။ ကျွန်တော့်ထက် တတ်ကျွမ်းသောညီ၊အစ်ကို၊ ညီမ၊အစ်မများ ကျွန်တော်မသိသေးသောအပိုင်းများအား ဖြည့်စွတ်ဆွေးနွေးပေးစေချင်ပါသည်။

papagyi
02-10-2010, 09:18 PM
ကျွန်တော်သိသလောက် ဆိုရင် Architectural Desktop ဆိုတာမရှိတော့ပါဘူး...သူ့အစား...AutoCAD Architecture 2008/9..10 တွေထုတ်နေပါပြီ..
အတူတူပါပဲ....နာမည်ပြောင်းလိုက်တာပါ...ကျွန်တော် သိသလောက် သူ့ history က Acad release 14 ထဲက SDK ဆိုတဲ့ architectural plugin ထွက်ပါတယ်
သူက express tools လိုပဲ သပ်သပ် install လုပ်မှ menu တစ်ခုအနေနဲ့တက်လာတာပါ...အဲ..အဲဒီတုန်းက bonus ဆိုပြီး...autocad default menu plugin လေးက အခု
အသုံးများနေတဲ့ express tools အစပါ...
..နောက် acad 2000 က စပြီး..2000i ဆိုပြီးဖြစ်လာပါတယ်...နောက် 20002 ကျတော့ Architectural Desktop ဆိုပြီးပြောင်းလဲလာတာ..အခု .AutoCAD Architecture
ဖြစ်သွားတဲ့အထိပါပဲ...ကျွန်တော် စသုံးတုန်းက ကို Pho Nanda ပြောသွားခဲ့သလို ready made တွေ သုံးရတာများပြီး..စိတ်ကြိုက်ဆွဲမရတာ...သူပေးထားတဲ့ profile တွေပဲသုံးရတာ
နောက်.အဓိကက သူ့ရဲ့  object type တွေပါ အဲဒီလို ready made ဆွဲလို့ရလာတဲ့ model တွေဟာ သူ့ကိုယ်ပိုင် object type ဖြစ်နေတာကြောင့် တစ်ခြား software..ဥပမာ..autocad
ထဲ ခေါ်သုံးရင် ပြဿနာတက်တာတွေ ကြောင့် မသုံးဖြစ်တာပါ..ဒါပေမယ့် အခုနောက်ပိုင်းထွက်တာတွေတော့ သုံးသင့်တယ်ထင်ပါတယ်..
RPC plugin လိုမျိုးတွေ သူ့ထဲ install လုပ်ရတာတွေက 3d rendering ပိုင်းမှာ ပိုအားကောင်းစေတယ်လို့မြင်ပါတယ်... :)
နောက်ထပ်လဲ သိတာလေးတွေ..tutorial အသေးလေးတွေ အချိန်ရရင် ဆွေးနွေးပေးပါဦး...ကို Pho Nanda ရေ..

Pho Nanda
03-26-2010, 04:58 PM
ဒီပို့စ်ကိုတင်ပြီးတဲ့နောက်ပိုင်း ဗီယက်နမ်က Port project တစ်ခုမှာ ကျွန်တော့်အထက်လူကြီးနဲ့အတူ အလုပ်တွေဆက်တိုက်ရှုပ်နေတာကတစ်ကြောင်း April တစ်နှစ်စာ အလုပ်ချိန်တွေကို report လုပ်နေရတာတွေကြောင့် MEF ကိုမ၀င်ဖြစ်ခဲ့ဘူး။ ကိုပါကြီးပြောတဲ့AutoCAD architecture ကိုစိတ်ဝင်စားလို့ လေ့လာပြီး MEF ကသူငယ်ချင်းများနဲ့ discussion လုပ်ချင်ပေမယ့် အလုပ်တွေတစ်ခုပြီးတစ်ခု ၀င်နေတာကြောင့် လုံးဝမစနိုင်ဖြစ်နေပါတယ်။ AutoCAD architecture အကြောင်းသိနှင့်ပြီးသား သူငယ်ချင်းများအနေနဲ့ အရင်စထားနှင့်စေချင်ပါတယ်။ ကျွန်တော်လဲ အချိန်ရရင်ရသလောက် အရင်က version အဟောင်းနဲ့ လက်တည့်စမ်းထားတာလေးတွေကို တင်ပေးပါ့မယ်။ AutoCAD ရဲ့ object တွေ လုံးဝသုံးမထားတဲ့ ပုံတွေတော့ရှိပါတယ်။ ဒါပေမယ့် အများစုက အလုပ်နဲ့ပတ်သတ်နေတော့ လူကြီးတွေခွင့်မပြုနိုင်လောက်ဘူးထင်ပါတယ်။ အဲဒီအတွက် share မပေးနိုင်တာကိုတော့ နားလည်ပေးပါလို့ တောင်းပန်ပါတယ်။