PDA

View Full Version : ငါးမြင်းဆီပြန်ဟင်း



Phu Phu
02-05-2010, 01:21 PM
မြန်မာ့လက်ရာ ငါးမြင်းဆီပြန်ဟင်းတခွက်နဲ့  ထမင်းမြိန်မြိန်စားကြမယ်နော် ။

ပါဝင်ပစ္စည်းများ
ငါးမြင်းအသား ၊ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊
နနွင်း ၊ ဆား ၊ ငံပြာရည် ၊ မြန်မာနံနံပင် ၊ ငရုတ်သီးစိမ်း

ပြုလုပ်ပုံ
အရင်ဆုံး သန့် စင်ပြီးတုံးထားတဲ့ ငါးမြင်းကို ဆား ၊ နနွင်းတို့ နဲ့ နယ်ထားပါ ။ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးကို ဟင်းအနှစ်ချက်ဖို့  ကြိတ်ထားပါ ။
ဆီပူပူထဲကို ကြက်သွန်နီကြိတ်ထားတာကို ထည့်ပြီး ဆီသတ်ပါ ။ ကြက်သွန်နီနွမ်းလာရင် ခရမ်းချဉ်သီးအနှစ်ထည့်ပါ ။ အရသာအတွက် ဆား ၊ ငံပြာရည်နည်းနည်းထည့်ပြီး အနှစ်ရချိန်အထိ
မီးနည်းနည်းနဲ့ မွှေချက်ပါ ။
ခရမ်းချဉ်သီးအနှစ်ရချိန်နီးလာရင်တော့ ငါးမြင်းအတုံးတွေကို ထည့်ပြီး အဖုံးအုပ်ထားပါ ။ ငါးမြင်းအသားလည်း နူးပြီး ခရမ်းချဉ်သီးကလည်း အနှစ်ကျနေပြီဆိုတော့ ဆီပြန်ပေမယ့် မအီပဲ အရသာရှိတဲ့
ငါးမြင်းဆီပြန်ဟင်းရပါပြီ ။ ဒါပေမယ့် ဟင်းအိုးမချခင်မှာ ငရုတ်သီးစိမ်းနည်းနည်းကို ခြမ်းပြီးထည့်လိုက်ပါနော် ၊ နံနံပင်အုပ်ဖို့ လည်း မမေ့နဲ့ နော် ။ ဒါကတော့ မြန်မာလက်ရာ ငါးမြင်းဆီပြန်ဟင်းပါရှင် ။