PDA

View Full Version : Semiconductor materials ,Device and PN-Junction



htetlinnaung
02-06-2010, 12:18 AM
ကျွန်တော် အီလတ်ထရောနစ်(Electronic ) အကြောင်း တခုခုရေးဖို့ စဉ်းစားမိတော့ ဘာရေးရမှန်းမသိဘူးဗျ။ သိတာတွေများလို့ တော့မဟုတ်ဘူး ။ ဘာမှ မသိသေးလို့ ပါ။ဘာဘဲစစ အခြေခံကစ ဆိုသလိုပေါ့ ။ Electronic ဆိုတဲ့ စကားလုံးဟာ electron နဲ့  mechanic ဆိုတဲ့ စကားလုံး ၂ ခုကိုပေါင်းထားလို့  စာအုပ်တစ်ခုမှာ ဖတ်ဖူးပါတယ်။ ဆိုလိုတာက အီလတ်ထရောနစ် ဟာ အီလတ်ထရွန်တွေရဲ့  Mechanic ဆိုင်ရာတွေကို လေ့ လာပြီး အသုံးချတဲ့ ပညာဖြစ်ပါတယ်။
ကျွန်တော် ဆွေးနွေးချင်တာက တပိုင်းလျှပ်ကူး မတ်တီးရီးရယ် (semiconductor materials) အကြောင်း နဲ့  PN-Junction အကြောင်း သိသလောက်ပေါ့ ဗျာ။ သိပြီးသူတွေကို မရည်ရွယ်ပါဘူး ။ အခုမှ စတင်ပြီး အီလတ်ထရောနစ်ကို စလေ့ လာမဲ့ သူတွေ ဖတ်မိရင် နည်းနည်းဖြစ်ဖြစ် အထောက်အကူ ရအောင်လို့ ပါ ။ ကျွန်တော်လည်း စာဖတ်ရင်း မျှဝေတာပေါ့ ။ကဲ ပွားနေတာ များသွားပြီ။ စလိုက် ကြရအောင်။

ကျွန်တော်တို့  materials တွေကို အကြမ်းအားဖြင့် ခွဲခြားမယ်ဆိုရင်
၁။ conductor (လျှပ်ကူး)
၂။ insulator (လျှပ်ကာ)
၃။semiconductors( တပိုင်းလျှပ်ကူး) ဆိုပြီးခွဲလို့ ရပါတယ်။

Conductor ဆိုတာက သူ့ ရဲ့ အစွန်းနှစ်ဖတ်ကို ကန့် သတ်ထားတဲ့ ဗို့  တခုခုပေးလိုက်ရင် သူ့ ကိုဖြတ်ပြီး charge စီးဆင်းမှုကို ကောင်းကောင်း အထောက်အပံ့ပေးနိုင်တဲ့ material တွေကို ဆိုလိုတာပေါ့ ။ အများဆုံးတွေနိုင်တာကတော့ copper(ကြေး) နှင့်  alluminium (အလူမီနီယမ်)တို့ ပေါ့ ။
Insulator ကတော့ conductor နဲ့ ဆန့် ကျင်ဘက်ပေါ့။ charge လုံးဝ မစီးတာတော့မဟုတ်ဘူး ။အရမ်းနည်းတာလို့ ပြောရမလားဘဲ။ Rubber(ရာဘာ) glass(ဖန်)တို့ ပေါ့ ။
Semiconductors တွေကတော့ သူတို့  ၂ မျိုးလုံးရဲ့ ကြားထဲမှာ ၇ှိတယ် ဗျ။ လူတိုင်းသိပြီးဖြစ်တဲ့  germanium ,Ge(ဂျာမေနီယမ်) silicon, Si(ဆီလီကွန်)တို့ ပေါ့ ။ယခုခေတ်မှာ သုံးလာတဲ့ နောက်တစ်ခုကတော့Gallium Arsenide(GaAs) တို့ ဖြစ်ပါတယ်။

Semiconductors တွေမှာ အရေးပါတဲ့ ဂုဏ်သတ္တိတစ်ခု ရှိတယ်ဗျ။ တခြား (specific materials) တခုခု နဲ့ သူတို့ကိုပေါင်းလိုက်ခြင်းအားဖြင့် သူတို့ ရဲ့ လျှပ်စစ်စီးနိုင်မှု(conductivity) ကို ပြောင်းလဲလို့ ထိန်းချုပ်လို့ ရတာပါဘဲ။

ဒီနေရာမှာ ကျွန်တော်တို့ သင်ဖူးပြီးခဲ့ တဲ့ အက်တမ်(atom) အကြောင်း နဲနဲ ပြန်စဉ်းစားကြည့် ရအောင်။ ကျွန်တော်တို့ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း မတ္တာ(matter) တွေ ရဲ့ အခြေခံ အကျဆုံး က အက်တမ်ပါဘဲ ။ အက်တမ်ရဲ့  ဖွဲ့ စည်းပုံကို ကြည့် မယ်ဆိုရင် အလယ်ဗဟို(nucleus) နဲ့  သူကို့ ဘဲဥပုံ လမ်းကြောင်းများအတိုင်းပတ်နေတဲ့ electrons(အီလတ်ထရွန်)တွေရှိပါ့ မယ်။ nuclei ကိုမှ protons( ပရိုတွန်) နဲ neutron (နြူထရွန်) တွေနဲ့ ထပ်ဖွဲ့ စည်းထား
တာ တွေ့ ရမှာပါ။ ပရိုတွန်ရဲ့ အလေးချိန်နဲ့  နြူထရွန်ရဲ့ အလေးချိန်က အတူတူနီးပါး ရှိပါတယ်။ဒါပေမဲ့  ပရိုတွန်က (positive charge)လျှပ်စစ် အဖိုဓါတ်ဆောင်ပြီး နြူထရွန်ကတော့ (electrically neutral) လျှပ်စစ်ဓါတ်မရှိပါဘူး။ အီလတ်ထရွန်မှာကတော့ လျှပ်စစ် အမဓါတ်(nagative charge) ဆောင်ပါတယ်။အီလတ်ထရွန်နဲ့ ပရိုတွန်မှာ ပိုင်ဆိုင်တဲ့  charge ပမာဏက တူပါတယ်။ ဒါကြောင့် သာမန် ပုံမှန်အချိန်မှာ အက်တမ်တစ်လုံးဟာ electrically neutral ဖြစ်နေပါတယ်။ ဆိုလိုတာက ပုံမှန်အခြေအနေတခုမှာ အက်တမ်တလုံးမှာပါဝင်တဲ့  အီလတ်ထရွန် နဲ့  နြူကလိယမှာ ပါဝင်တဲ့  ပရိုတွန် အရေအတွက်က တူညီပါတယ်။အောက်မှာ အမ်တမ်တစ်လုံးရဲ့ ရိုးရှင်းတဲ့ ဖွဲ့ စည်းပုံကိုတွေ့ နိုင်ပါတယ်။

http://img199.imageshack.us/img199/1958/25201070412pm.png

မည်သည့်  materials တွေရဲ့ အမ်တမ်တွေမှာပါဝင်တဲ့ အီလတ်ထရွန်တွေ ၊ ပရိုတွန်တွေကခြားနားမှူမရှိပါဘူး။ ဒါပေမဲ့ ဘာလို့ materials့ မှာ မတူညီတဲ့ ပြုမူမှူတွေရှိနေရတာလဲဆိုတော့ 
အားလုံးသိပြီးဖြစ်တဲ့ အတိုင်း သူတို့မှာ ပါဝင်တဲ့ အီလတ်ထရွန် ၊ပရိုတွန် ၊ နြူထရွန်တွေ အရေအတွက်တွေမတူသလို သူတို့ ရဲ့ အစီအစဉ်ဖြစ်မှူ(arrangement)တွေကလည်း မတူကြလို့ပါဘဲ။
ဓါတုဗေဒမှာ လည်း ကျွန်တော်တို့ အခြေခံ သင်ယူပြိးကြလို့  ပြန်လည် မြင်ယောင်မိမယ်ထင်ပါတယ်။ ကျွန်တော်တို့  element တွေကို periodic table မှာ atomic number တွေနဲ့  group တွေ ဖွဲ့ ပြီး လေ့ လာ ခဲ့ ကြတာ မှတ်မိမှာပါ။
အက်တမ်တလုံးရဲ့  ပရိုတွန်အရေအတွက် ( နြူထရယ် အမ်တမ်တလုံးရဲ့  အီလတ်ထရွန်အရေအတွက်) ကို အမ်တမ်နံပါတ်( atomic number) အဖြစ် သတ်မှတ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့  စိတ်ဝင်စားစရာ ကောင်းတာက အီလတ်ထရွန်တွေက ပတ်လမ်းတခုထဲမှာ အကုန်ပတ်နေတာ မဟုတ်ဘဲ သူရဲ့ သတ်မှတ်လမ်းကြောင်းမှာ တိကျတဲ့ အီလတ်ထရွန်
အရေအတွက် တိုင်း ပတ်နေတာဘဲဖြစ်ပါတယ်။ ပတ်လမ်းတခုမှာ ၇ှိနေမဲ့ အီလတ်ထရွန်အရေအတွက် ကို အားလုံးသိပြီးဖြစ်တဲ့  2n^2 (two to the power N square) နဲ့ ယေဘုယျတွက်နိုင်ပါတယ်။ ဒီနေရာမှာ N က ပတ်လမ်းနံပါတ်ဖြစ်ပါတယ်။ဒီနေရာမှာ ခြွင်းချက်တခု ၇ှိတာက အပြင်ဘက်ဆုံး လမ်းကြောင်းမှာ အီလတ်ထရွန် ၈ လုံးထက်ပိုလိုမရခြင်းပါ။ အဲလိုအပြင်ဘက်ဆုံးမှာ ပတ်နေတဲ့  အီလတ်ထရွန်တွေကို
valence electrons တွေ လို့ ခေါ်ပါတယ်။ အတွင်းပတ်လမ်းတွေမှာ ၇ှိနေတဲ့ အီလတ်ထရွန်တွေက သာမန်အားဖြင့်  အမ်တမ်ကနေ မထွက်ခွာကြပါဘူး။ သူတို့က နြူကလိယပ်စ်ကို သွားပြီး ချည်နှောင်နေကြလို့ ပါဘဲ ။ ဒါကြောင့် သူတို့ ကို bound electrons တွေလို့  ခေါ်ပါတယ်။ ဒီနေရာမှာ အားလုံး ရင်းနှိးနေတာက free electrons တွေပါ။ သူတို့ က အပြင်ဆုံးလမ်းကြောင်းမှာပတ်နေရင်း အက်တမ်တလုံးကနေ နောက်တလုံးကို ပရမ်းပတာ အစီအစဉ်မဲ့ (randomly) ရွေ့ နေကြပါတယ်။ ပြီးရင် ဆက်ပါ မယ် ။ :)

htetlinnaung
02-06-2010, 04:34 AM
ကဲဆက်ပြီး ဆွေးနွေးပါ့ မယ်။ နောက်တခု ဒီနေရာမှာ ဆက်ပြီး သိရမဲ့ အကြောင်းကတော့ electron energy အကြောင်းပါဘဲ။ ကျွန်တော်တို့ အက်တမ်တစ်လုံးကို isolated လုပ်ကြည့် တဲ့ အခါမှာ
သူမှာ့ ဖြစ်နိုင်တဲ့ ပတ်လမ်းအရေအတွက်ပုံစံ တခုထဲဘဲ ရှိပါတယ် ။ အဲဒီပတ်လမ်းတွေက အီလတ်ထရွန်တွေ အတွက် energy level တွေကို ကိုယ်စားပြုပေးပါတယ်။ အီလတ်ထရွန်
တွေရဲ့ စွမ်းအင် (energy) ကို electron volt ,eV) နဲ့ ဖော်ပြပါတယ်။ ဘယ်အက်တမ်မှာမဆို အီလတ်ထရွန်တလုံးဟာ နြူကလိယနဲ့ ဝေးလေ သူရဲ့  စွမ်းအင် များလေပါဘဲ။ နြူကလိယနားမှာ ကပ်နေတဲ့ အီလတ်ထရွန်က စွမ်းအင်နဲပြီး သူ့ ကို ပတ်လမ်းကနေ ထွက်အောင်လုပ်ဖို့ မလွယ်ပါဘူး။ ဒါကြောင့်အပြင်ဘက်ဆုံးမှာ ပတ်နေတဲ့ valence electrons တွေ က စွမ်းအင်ပိုများပြီး သူတို့ ကို ပတ်လမ်းကနေ ထွက်အောင်လုပ်ဖို့ ပိုလွယ်ပါတယ်။ ကျွန်တော်တို့ သိကြတဲ့ အတိုင်းဘဲ အပူ(heat) အလင်း (light) အခြား radiation တခုခုနဲ့  အက်တမ်တလုံးကို သက်ရောက်မှူပေးလိုက်တဲ့ အခါမှာ အီလတ်ထရွန်တွေရဲ့ စွမ်းအင်က ပိုများလာပါတယ်။ ဆိုလိုတာက ပတ်လမ်းတွေပိုကြီးလာပါတယ်။ အဲဒီအခြေအနေကို excited လို့ ခေါ်ပါတယ်။
ဒါပေမဲ့ အဲဒီအခြေနေဟာ အကြာကြီး မတည်ရှိနိုင်ပါဘူး ။ ပြီးရင် သူရဲ့ မူလ စွမ်းအင် အခြေအနေ ကို ပြန်ရောက်သွားပါတယ်။ အဲလို excited ဖြစ်နေစဉ်မှာ အီလတ်ထရွန်တွေက စွမ်းအင် (energy ) ကို အပူ ၊ အလင်း အခြား ဖြာထွတ်မှူ
(radiation) အဖြစ်အနေနဲ့  ထုတ်ပေးပါတယ်။မြင်သာအောင် အောက်က ပုံတွေမှာကြည့် ပါ။

http://img13.imageshack.us/img13/5955/25201091356pm.png

http://img40.imageshack.us/img40/4449/262010123030am.png

http://img407.imageshack.us/img407/1904/262010122905am.png

Electron volt ရဲ့  အင်္ဂလိပ်လို တိုက်ရိုက်အဓိပ္ပါယ် ကို အောက်မှာရေးပေးလိုက်ပါတယ်။

Electron volt (eV) is defined as the amount of energy required to move one electron through a potential difference of one volt . ဆိုလိုတာကတော့ ပွန်တည်ရှယ် ခြားနားချက် တစ်ဗို့ နဲ့  အီလတ်ထရွန်တစ်လုံးကို
ရွေ့ သွားဖို့  လိုအပ်တဲ့ စွမ်းအင် ပမာဏ ကို ၁ အီလတ်ထရွန်ဗို့ လို့ သတ်မှတ်တာပါ။ ဆက်ပါဦးမယ် ။ :)

William Paul
02-07-2010, 09:20 AM
ကို htetlinnaung ရေ...
အရမ်းကောင်းပါတယ်ဗျာ... ဆက်ဆွေးနွေးပါဦး.... ဒါကအခြေခံလို့ဆိုပေမယ့် အရေးလည်းကြီးပါတယ်....
ပိုပြီးရှုပ်ထွေးတဲ့ အဆင့်မြင့်တဲ့ နည်းပညာတွေကို လေ့လာတဲ့အခါမှာ ဒီအခြေခံက ပိုအရေးကြီးပါတယ်...
အခြေခံမပိုင်နိုင်ရင် ရှေ့ဆက်လို့လည်းမရ နောက်ဆုတ်လို့လည်းမရနဲ့ တော်တော် ဒုက္ခများပါတယ်...
တစ်ချို့အရာတွေဆို ကျွန်တော်တို့ သိပြီးသားတွေဖြစ်တယ်... အဲ့လိုသိပြီးသားဖြစ်လို့ ထပ်မလေ့လာဖြစ်ကြဘူး...
တကယ်တော့ သိပြီးသားတွေဆိုပေမဲ့လည်း သေသေချာချာမသိသေးတာတွေ အများကြီးရှိပါတယ်...
ဒါကြောင့်လည်း ကျောင်းတွေမှာ သီအိုရီတွေ၊ အခြေခံ concept တွေကို အဓိကထားပြီးသင်ပေးခဲ့တာပေါ့...
တကယ့်လက်တွေ့နယ်ပယ်မှာ အခက်အခဲတွေ့ရင်လည်း အခြေခံက စပြီးစဉ်းစားရပါတယ်....
:4: :4: အားလုံးသိပြီးသားကို ဆရာဝင်လုပ်တာတော့မဟုတ်ပါဘူး....
ဒီလိုဆွေးနွေးချက်မျိုးရဲ့ အရေးကြီးပုံကို ဝင်ထောက်ခံတာပါ ;D
ဆက်လုပ် သူငယ်ချင်း... အားပေးနေတယ်....

htetlinnaung
02-07-2010, 06:08 PM
ဒီနေ့ ဆက်ပြီးဆွေးနွေးပါ့ မယ် ။ နောက်ထပ် ဆက်ပြီး ကျွန်တော်တို့ လေ့ လာစရာရှိတာက energy bands တွေပါ။ ခုနက ကျွန်တော်တို့ အက်တမ်တစ်လုံးကို isolated condition မှာ စဉ်းစားခဲ့ တာဖြစ်ပါတယ်။
တကယ်တော့ solid တခုဖြစ်ဖို့  အတွက် အက်တမ်တွေက အတူတကွ တခုနဲ့ တခု bonds တွေနဲ့  ချည်နှောင်ထားကြတာဖြစ်ပါတယ်။ ဒါကြောင့်  solid တခု အတွင်းမှာ ရှိနေတဲ့ 
အီလတ်ထရွန်တလုံးရဲ့  orbit or shell လမ်ကြောင်း ဟာ သူကိုယ်ပိုင် အမ်တမ်ထဲမှာ ရှိနေတဲ့ charge နဲ့ nuclei တို၏ သက်ရောက်မှူကိုသာမက အခြား solid ထဲမှာ ကရှိနေတဲ့ 
atoms တိုင်းရဲ့ သက်ရောက်မှူကိုခံစားရပါတယ်။ အက်တမ်တစ်လုံးနဲ့ တစ်လုံး ကို နီးနီးနားနားကပ်ပြီးထားကြည့် တဲ့ အခါမှာ အီလတ်ထရွန်တွေဟာ အက်တမ်တစ်လုံးနဲ့ တစ်လုံးရဲ့ သက်ရောက်မှူကို ခံရပါတယ်။အဲဒီအခြေနေအောက်မှာ စွမ်းအင်လယ်ဗယ်(energy level)တွေကို energy bands တွေ အဖြစ် ခွဲထုတ်နိုင်ပါတယ်။ မည်သည့်  materials မှာမဆို electrons တွေ ရှိနိုင်တဲ့ energy band ၂ခုရှိပါတယ်။ Valence band နဲ့ conduction band ပါ။ သူတို့  ၂ ခုရဲ့ ကြားကို energy gap တခုနဲ့ ခြားထားပါတယ်။ Forbidden gap လို့ ခေါ်ပါတယ်။ အဲဒီမှာ
အီလတ်ထရွန်လုံးဝ မရှိပါဘူး။
ကျွန်တော်တို့  အီလတ်ထရောနစ်မှာ transistors တွေလုပ်ဖို့  Silicon material ကို တော်တ်ေများများသုံးပါတယ်။ ဒါကြောင့် ဆီလီကွန်ကို ဥပမာအနေနဲ့ ကြည့်ကြည့်ရအောင်။စီလီကွန်ရဲ့  အက်တမ်နံပါတ်(atomic number ) က ၁၄ ဖြစ်ပါတယ်။ စီလီကွန်ရဲ့  အက်တမ်တလုံးချင်းစီရဲ့ အပြင်ဘက်ဆုံးလမ်းကြောင်း( ၃ကြောင်းမြောက်) မှာအီလတ်ထရွန် ၄ လုံးစီရှိပါတယ်။ ဒါကြောင့် တတိယမြောက် band က valence band ဖြစ်ပါတယ်။ ရှင်းသွားအောင် အောက်က ပုံတွေမှာ ကြည့်ပါ။ ပထမဆုံး ပုံကတော့ စီလီကွန် အက်တမ် ကို တစ်လုံးတည်း isolated လုပ်ပြီး မြင်ရတဲ့  ရိုးရှင်းတဲ့ပုံပါ။
http://img519.imageshack.us/img519/4086/25201062930pm.png

အောက်က ပုံမှာတော့ silicon crystal တစ်လုံး နဲ့  silicon solid တစ်ခုမှာ အမ်တမ်တစ်လုံးနဲ့ တစ်လုံး valence electrons ၄ လုံးကို ရှယ်ပြီး တည်ရှိနေတာ ကိုတွေ့ ရမှာပါ။ အဲဒီမှာ အက်တမ်တစ်လုံးကနေ တစ်လုံးကို သက်ရောက်မှူတွေရှိနေပါတယ်။
http://img693.imageshack.us/img693/7351/26201013141am.png
အခု စီလီကွန်ရဲ့  energy band ပုံကို အောက်မှာကြည့် ပါ။
http://img682.imageshack.us/img682/1073/25201065321pm.png

ပုံအရ ကြည့် မယ်ဆိုရင် valence band ရဲ့ အထက်မှာ conduction band ကိုတွေ့ ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တွေ့ ရမှာက isolated silicon atom တစ်လုံးရဲ့ တတိယမြောက်လမ်းကြောင်းမှာ အပြည့်အ၀ မဖြည့်ထားပေမဲ့ ( ၄ လုံးဘဲရှိ ၊အများဆုံး ၈လုံးအထိ နေရာချနိုင်) solid silicon တခုရဲ့ valence band(3rd band) မှာ အပြည့် အ၀ဖြည့်ထားပါတယ်( ၈လုံးရှိတယ်)။ဆိုလိုတာက solid silicon ထဲမှာ အက်တမ်တိုင်းကိုယ်စီနဲ့ 
သူရဲ့ ဘေးပတ်လည် ကပ်ရပ် ၄ လုံးမှာ အီလတ်ထရွန်တလုံးကို share ပြီး သုံးပါတယ်။ အလယ်မှာရှိနေတဲ့ အက်တမ်ရဲ့  အီလတ်ထရွန်တလုံးစီကို ရှယ်ထားတာပါ။အဲလိုနည်းနဲ့  valence band ကိုအပြည့် အ၀ ဖြည့် ထားပါတယ်။ အဲလို အပြည့်ဖြည့် ထားတဲ့  band ထဲမှာ အီလတ်ထရွန်တွေက ရွေ့ စရာနေရာမရှိတဲ့ အတွက် electric current ကို contribute မလုပ်နိုင်ပါဘူး။ ဒီနေရာမှာ valence band နဲ့ conduction band ကြားမှာ energy gap Eg ရှိပါတယ်။
စီလီကွန်ထဲကို စွမ်းအင်(energy) တခုခု ပေါင်းပေးခြင်းအားဖြင့်  အီလတ်ထရွန်တလုံးကို valence band ကနေ conduction band ကို ရောက်အောင် လုပ်နိုင်ပါတယ်။အဲဒီ energy က energy gap Eg ထက်များဖို့ လိုပါတယ်။ ဘာလို့ လည်းဆိုတော့ အဲဒီ energy့ က Eg ထက်နည်းနေလို့ ရှိရင် စီလီကွန်က သူ့ ကို လက်ခံဖို့  ကြားထဲမှာအီလတ်ထရွန်ကို မတင်ဖို့ နေရာ band မရှိလို့ ပါဘူး။ ဒါကြောင့်  conduction band နဲ့ valence band ကြားကို forbidden energy gap လို့ ခေါ်တာဖြစ်ပါတယ်။ ( For silicon Eg = 1.12eV , for germanium Eg = 0.72 eV, for gallium aresenide Eg =1.41eV) ဖြစ်ပါတယ်။ တကယ်တော့ conduction band ထဲမှာရှိနေတဲ့  အီလတ်ထရွန် တွေက နြူကလိယရဲ့ စွဲအားကနေ လွတ်နေပါတယ်။ပြီးတော့ အဲဒီအီလတ်ထရွန်တွေကို ဘယ် အက်တမ်ကမှ မပိုင်ဆိုင်ပါဘူး ။သူတို့ က solid တလျှောက် randomly ရွေ့ လျားနေကြတာပါ ။ဒါကြောင့် လည်း free electrons တွေလို့ ခေါ်တာပေါ့ ။
ဒီနေရာ အရေးကြီးတဲ့ အချက်တခု ရှိပါတယ်။ အခု ကျွန်တော်တို့ ပြောနေတဲ့  energy band တွေဟာ အီလတ်ထရွန်တွေရဲ့ energy level တွေကို ဖော်ပြဖို့ သုံးတဲ့  graphical representation မျှသာဖြစ်ပါတယ်။ နားလည်ထားရမှာက တော့ valence band ထဲမှာရှိနေတဲ့ အီလတ်ထရွန်တွေက အက်တမ်တလုံး၏ နြူကလိယရဲ့ ပတ်လမ်းတွေမှာ တည်ရှိနေပြီးတော့ conduction band ထဲက အီလတ်ထရွန်တွေကတော့ အဲဒီ အက်တမ်တွေရဲ့ ကြားမှာ ရွေ့ လျား(drift) နေကြတာဖြစ်တယ်ဆိုတာပါဘဲ။ မျက်လုံးထဲမှာ မြင်ယောင်မိမယ်ထင်ပါတယ်။


အခု energy band တွေနဲ့ ပတ်သက်ပြီး ပိုပြီးနားလည် ရှင်းသွားအောင် ကျွန်တော်တို့  metals(conductors) တွေ insulators တွေ ၊ semiconductors တွေကိုယှဉ်ပြီး လေ့ လာကြည့်ပါ့ မယ်။
အေက်က ပုံကို ကြည့်ပါ။
http://img138.imageshack.us/img138/599/25201070119pm.png

့် material တခုက သူမှာ ရွေ့ လျားနိုင်တဲ့ charges တွေများလေ electricity ကိုပိုပြီး ကောင်းကောင်းစီးစေနိုင်ပါတယ်။ ပြင်ပကနေ field တခုခု ပေးလိုက်လို့ ရှိရင် အဲဒီ free electrons တွေက charge တွေကို သယ်သွားပေးနိုင်ပါတယ်။ ဒါကြောင့် သူတို့ ဟာ charrge carrier တွေအဖြစ် အလုပ်လုပ်ကြပါတယ်။
အခု copper တို့  silver တို့မှာ သာမန် အခန်း အပူချိန်မှာတင် free electrons တွေအများအပြားရှိပါတယ်။ ပုံအရလည်း သူမှာ forbidden gap မရှိပါဘူး ဒါကြောင့် သူတို့ ဟာ သာမန်အခြေအနေမှာ ပြင်ပကနေ သက်ရောက်မှူတခုခု မပေးခင်မှာဘဲ valence electrons ကနေ free electrons ဖြစ်ဖို့ လွယ်ကူတာ ဖြစ်ပါတယ်။ ဒါကြောင့်  သူတို့ ဟာ
good comductors တွေဖြစ်နေကြတာပါ။
insulators တွေမှာကြတော့ forbidden energy gap (5 ev or more) က ကြီးပါတယ်။ ဒါကြောင့် အီလတ်ထရွန်တွေက valence band ကနေ conduction band ကို ခုန်ကူးဖို့ မလွယ်ပါဘူး။ သူတို့ ကို အပူချိန် အရမ်းမြင့် နေတဲ့ အချိန် ၊ဒါမှမဟုတ် လျှပ်စစ်စီးဖို့  အလွန်အကျွန် ဖိအားပေးထားနိုင်တဲ့ အနေအထားမျိုးမှာသာလျှင် အီလတ်ထ၇ွန်က ကခုန်ကူးပြီး လျှပ်စစ်စီးနိုင်ပါတယ်။ ဒါကို break-down of the insulator လို့ ခေါ်ပါတယ်။

semiconductor တွေမှာကျတော့ gap အရမ်းမကျယ်ပါဘူး။ သာမန် အခန်းအပူချိန်(room temperature) လောက်မှတင် အီလတ်ထရွန်တွေက band တခုကနေ တခု ခုန်ကူးဖို့ လုံလောက်ပါတယ်။ ဒါကြောင့် သူတို့ ဟာ အခန်းအပူချိန် (room temperature )ရှိတဲ့ အခြေအနေမှာ electrical current အချို့ ကို့ စီးဆင်းစေနိုင်ပါတယ်။ ပြီး မှ semiconductor အကြောင်း ဆက်ပါ့ မယ်။
ကို William Paul ကို အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

htetlinnaung
02-07-2010, 11:32 PM
အခု ဆက်ပြီး တော့ semiconductor ၂ ခုထဲက intrinsic semiconductor နဲ့ ပတ်သက်ပြီး စတင် ဆွေးနွေးပါ့ မယ်။ ကျွန်တော်တို့  semiconductor အကြာင်း ထပ်ပြီး သွားကြရအောင်။

semiconductors ကို ၂ မျိုးထပ်ခွဲလိုက်ပါတယ်။
၁။ intrinsic semiconductors
၂။ extrinsic semiconductors ပေါ့ ။

ဒိုင်အုပ်(diode)တို့  ထရန်စ္စတာ (transistor)တို့ ဟာ semiconductor device တွေဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ သူတို့ ကိုလုပ်ဖို့ ပထမဆုံး အဆင့် ကတော့ pure semiconductor ဖြစ်ဖို့ 
ပါဘဲ ။ pure semiconductor တွေကို intrinsic semiconductor တွေလို့ ခေါ်ပါတယ်။
တကယ်တော့ pure semiconductor ဖြစ်ဖို့ကမလွယ်ပါဘူး။ semiconductor ရဲ့ သန်း ၁၀၀ ပုံ တစ်ပုံလောက် impurity ပါနေလို့ရှိရင် တောင် သူကို့  pure လို့  မသတ်မှတ်နိုင်သေးပါဘူး။ ဒီနေ့ ကမ္ဘာမှာ silicon ကို pure ဖြစ်အောင် သန့်နိင်တဲ့ နည်းပညာကို လွယ်လွယ်နဲ့ မရပါဘူး။ကျွန်တော်လည်း အဲဒီဘက်တွေကို နားမလည်ပါဘူး ။ semiconductor physic ကို အထူးပြုလေ့ လာသူတွေနဲ့  metallurgy သမားတွေ ပိုပြီး နားလည် ရှင်းပြနိုင်မယ်လို့ 
ထင်ပါတယ်။
ကျွန်တော်တို ဆွေးနွေးစရာတခု ရှိပါသေးတယ် ။ အဲဒါကတော့ crystal structure of semiconductors ပါ။ စီလီကွန်(Si) ၊ဂျာမေနီယမ်(Ge) တို့ လို intrinsic semiconductors
တွေ မှာ ဆိုရင် သူတို့ ရဲ့ အက်တမ်တွေရဲ့ အပြင်ဘက်ဆုံးပတ်လည်းမှာ အီလတ်ထရွန် ၄ လုံးရှိနေပြီး Valence shell ကို ဖြည့် ဖို့ အတွက် နောက်ထပ် အီလတ်ထရွန် ၄ လုံးလိုနေပါသေးတယ်။
အဲဒါကို ကပ်ရပ် အက်တမ် ၄ လုံးကနေ အီလတ်ထရွန် ၁ လုံးစီ ရှယ်ပြီး ဖြည့် ယူပါတယ်။အဲလို အက်တမ်တစ်လုံးကို အခြား ၄ လုံးနဲ့ ဝန်းရံထားပြီး three-dimension pattern နဲ့ ဖော်ပြထားတာကို ခရစ်စတယ်(crystal) လို့ ခေါ်ပါတယ်။
စီလီကွန်ရဲ့  ခရစ်စတယ် ကို two-dimension နဲ ပြထာတဲ့ အောက်က ပုံကိုကြည့် ပါ။
http://img5.imageshack.us/img5/2183/27201024618pm.png
အဲဒီမှာ core က နြူကလိယပ်စ်နဲ့  အခြား ပတ်နေတဲ့ အီလတ်ထရွန်တွေကို ကိုစားပြုပါတယ်။(valence electrons မပါ) ၊core ရဲ့ အပြင်ဘက်မှာတော့ valence electrons ၄ လေးဟာ
ကပ်ရပ် အက်တမ်တွေနဲ့  covalent bond တွေ တည်ဆောက်ထားပါတယ်။ covalent bond တစ်ခုမှာ အီလတ်ထရွန် ၂ လုံးပါနေပြီး အဲဒီ အီလတ်ထရွန် ၂ လုံးဟာ အက်တမ် ၂ လုံးကနေ
အပြန်အလှန် ၇ှယ်ထားတာ တွေ့ ရမှာပါ။ (absolute zero temperature) ပကတိအပူချိန် သုညမှာ valence electrons တွေက parent atoms တွေကို တင်းကြပ်စွာချည်နှောင်ထားပါတယ်။ဒါကြောင့်  လျှပ်စစ်စီးဖို့  free electrons တွေ မ၇ှိပါဘူး။ ဆိုလိုတာက absolute zero မှာ seminconductors တွေဟာ perfect insulator တွေ ဖြစ်တယ် ဆိုတာပါဘဲ။
ကဲဒါဆိုရင် room temperature (300 K) မှာဆိုရင်ကော ဘယ်လိုဖြစ်မယ်ဆိုတာ ဆက်ပြီး စဉ်းစားကြည့်ပါ မယ်။ အခန်းအပူချိန်၇ှိနေပြီဆိုတာနဲ့  valence electron တွေက နြူကလိယရဲ့ လွှမ်းမိုးမှူကနေ ဝေးရာကို ရွေ့ ဖို့ လုံလောက်ပါတယ်။ ဒါဆိုရင် covalent bond တွေ စတင်ကျိုးပျက်ပြီ ဖြစ်ပါတယ်။ အောက်က ပုံကို ကြည့် ပါ။.......
http://img4.imageshack.us/img4/2183/27201024618pm.png
အီလတ်ထရွန်တလုံးက covalent bond တခုကို ချိုးဖျက်ပြီး ထွက်သွားတာနဲ့ အဲဒီ အီလတ်ထရွန်ရဲ့ နေရာမှာ နေရာလွတ် ( vacancy) တခု ဖြစ်လာပါတယ်။ အဲဒါကို hole လို့  အီလတ်ထရောနစ်မှာ သတ်မှတ်ပါတယ်။ တွင်း (သို့ ) အပေါက် လို့ မြန်မာလို့ ခေါ်လို့ ရမယ်ထင်ပါတယ်။ အခုလို free electron တစ်လုံး ထုတ်လိုက်တာနဲ့ တပြိုင်နက်တည်းမှာ hole တခု ဖြစ်ပေါ်လာပါတယ်။ဒါကြောင့် intrinsic semiconductor တွေမှာ free electron နဲ့hole တွေရဲ့  concentration(ပါဝင်မှူ အရေအတွက်) က အတူတူဘဲ ဖြစ်ပါတယ် ။ အဲဒီလို electron-hole pairs တွေ မွေးထုတ်ပေးတဲ့ ဖြစ်စဉ်ကို thermal generation လို့  ခေါ်ဆိုပါတယ်။ ရင်းနှီးတဲ့  term တခု ဖြစ်မယ်ထင်ပါတယ်။
အခု အဲဒီ holes တွေက လျှပ်စစ် ဘာဓါတ်ဆောင်လဲ စဉ်စားကြည့်ရအောင်။ အခုလို electron-hole pair တခုဖြစ်ဖြစ်ချင်း electron တွေက covalent bond ကနေ ထွက်ခွါပါတယ်သိပြီးဖြစ်တဲ့ အတိုင်း အီလတ်ထရွန်က negatively charged ဖြစ်တဲ့ အတွက် hole ရဲ့ နေရာကိုအသားတင် positive charge နဲ့ ချန်ခဲ့ ပါတယ်။( အီလတ်ထရွန်ရဲ့  charge magnitude နဲ့ တူ) ဆိုလိုတာက hole ဟာ positively charged ဖြစ်ပါတယ်။

hole တွေကလည်း electron တွေလိုဘဲ chargeတွေကို သယ်ဆောင်နိုင်ပါတယ်။ covalent bond တစ်ခုကို ချိုးဖျက်ဖို့ လိုအပ်တဲ့  energy amount က အပေါ်မှာ တစ်ခါပြောခဲ့ သလိုဘဲ စီလီကွန်မှာ 1.12 eV ဖြစ်ပြီးတော့ ဂျာမေနီယမ်မှာ 0.72eV ဖြစ်ပါတယ်။ တနည်းဆိုရရင် အီလတ်ထရွန်တစ်လုံးကို valence band ကနေ conduction band ကို မတင်ပေးဖို့ လိုအပ်တဲ့ စွမ်းအင် ပမာဏတွေ ဖြစ်ပါတယ်။ အခုလို forbidden gap ကို ခုန်ပြီး ကူးတိုင်း valence band ထဲမှာ hole တခု ဖြစ်ကျန်ရစ်ခဲ့ ပါတယ်။ ဒီနားမှာ သတိထားမိရမှာက စီလီကွန်က ဂျာမေနီယမ်ထက် စွမ်းအင် ပိုလိုတာကြောင့်  electron-hole pairs အရေအတွက် မွေးထုတ်ရာမှာ ပိုနည်းပါတယ်။ ဒါကြောင့်  စီလီကွန်က ဂျာမေနီယမ်ထက် conductivity (လျှပ်စစ်စီးဆင်းနိုင်မှူ) ပိုနည်းပါတယ်။

ခုတစ်ခါ ကျွန်တော်တို့  charge carriers (electron and hole) တွေ ဘယ်လို randomly ရွေ့ လျား ကြလဲဆိုတာ နဲနဲ ကြည့် ကြရအောင်ပါ။
http://img109.imageshack.us/img109/6803/27201024618pm44.png

အပေါ်ကပုံ (A )မှာ electron-hole pair က A အမှတ်မှာ ဖြစ်တယ်လို့ ယူဆသည်ဆိုပါစို့ ။အဲဒီမှာfree electron က ခရစ်စတယ်ရဲ့ တနေရာရာကို ထွက်သွားတဲ့ အချိန်မှာ အမှတ် A နေရာမှာ့ hole တခု ဖြစ်ကျန်နေခဲ့ ပါတယ်။ ထွက်သွားတဲ့  အီလတ်ထရွန်က complete pair တခု ဖြစ်ဖို့ နောက်အီလတ်ထရွနတစ်လုံး ကို ရှာဖို့ ရန် လားရာ(tendency)တခု ရှိနေမှာဖြစ်ပါတယ်။အပူစွမ်းအင်ကြောင့် ကပ်လျှက် မှာ ၇ှိနေတဲ့ covalent bond မှာ ရှိနေတဲ အီလတ်ထရွန်က
သူရဲ့ bond ကို ဖျက်ဖို့ လုံလောက်တဲ့ စွမ်းအင် ရရှိပါတယ်။ ဒါကြောင့် သူက ခုနက hole နေ၇ာကိုခုန်ကူးပါတယ်။ ပုံ (B )မှာ အမှတ် B မှာ ရှိနေတဲ့  valence electron က သူရဲ့  bond ကို ဖျက်ပြီး
အမှတ် A နေ၇ာမှာ ၇ှိတဲ့  Hole နေရာကို ခုန်ကူးသွားပါတယ်။ အဲဒီအခါမှာ အမှတ် A နေရာက hole က အမှတ် B နေ၇ာမှာ hole အသစ် တခု ဖြစ်စေပါတယ်။ မူရင်း အမှတ် A မှာ ရှိနေတဲ့ 
hole က အမှတ် B နေရာကို ရွေ့ သွားတယ်လို့ ထင်ရပါတယ်။အောက်က ပုံ (C) မှာကြည့်ပါ။
http://img294.imageshack.us/img294/3328/27201024618pmqqq.png
ပုံ (D)မှကြည့် ပါ။ ချက်ချင်းဆိုသလိုဘဲ အမှတ် B က hole ကို ကပ်ရပ် အမှတ် C က valence electron ကဖြည့်သွားပါတယ်။
http://img21.imageshack.us/img21/6814/27201024618pmqqa.png
ပုံ (E)မှာဆိုရင် hole ကB ကနေC ကို ရွေ့ တာတွေ့ ရမှာပါ. ပုံ (F)က မှာတော့ valence electrons တွေ အမှတ် Bကနေ A ၊ အမှတ် C ကနေ B ကို ခုန်သွားတာကို မျှားနဲ့ ပြထားပါတယ်။ အသားတင် နောက်ဆုံး ရလဒ်ကတော့ အမှတ် A မှာ ရှိနေတဲ့  hole က ခရစ်စတယ်( crystal) ကို ဖြတ်ပြီး အမှတ် C နေရာကို ရွေ့ သားတာတွေ့ ရမှာပါ။ အဲဒါကို အစက် မျှားနဲ့  ပြထားပါတယ်။ ကျွန်တောတို့ တွေ့ လိုက်ရာတာ ကတော့ hole တွေရဲ့ လားရာတခုခုဘက်ကို ရွေ့ နေစဉ်မှာ အီလတ်ထရွန်တွေက ဆန်ကျင်ဘက်လားရာကို အစဉ်အတိုင်း ပြတ်တောင်းရွေ့ လျားနေတာပါဘဲ။ ဒါကြောင့်  hole တွေက electronတွေထက် ပိုပြီး နှေးကွေးစွာ ရွေ့ နေရတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ အခုလို hole တွေရဲ့ ရွေ့ လျားမှူမှာ အီလတ်ထရွန်တွေ ရဲ့ ရွေ့ လျားမှူလဲ ပါဝင်တာမှန်ပေမဲ့  free electron တွေရဲ့ ရွေ့ လျားမှူနဲ့ ကွဲပြားခြားနားပါတယ်။ free electrons တွေက conduction band ထဲမှာ ရွေ့ တာဖြစ်ပြီးတော့ hole တွေကတော့ valence band ထဲမှာ electrons တွေ ရဲ့ ရွေ့ လျားမှူကြောင့် ဖြစ်ပေါ်လာတာပါ။
http://img37.imageshack.us/img37/4995/27201024618pmazsxd.png
ပုံ (G) မှာ ဆိုကြည့် မယ်ဆိုရင် hole တခု A ကနေ C ကိုေ ရွ့ သွားတာ မြင်ရမှာပါ။ ပြီးတော့ အီလတ်ထရွန် က conduction band ထဲကို ခုန်သွားတဲ့ အချိန်မှာ valence band ထဲမှာ hole တခု အမှတ် A မှာ ဖြစ်ကျန်ရစ်ခဲ့ ပါတယ်။ ဒါကြောင့်  အမှတ် B က အီလတ်ထရွန်က A နေရာမှာ ရှိတဲ့  hole နေရာကို ကူးပါတယ်။ ချက်ချင်းဘဲ အမှတ် C မှာရှိတဲ့ အီလတ်ထရွန်ကလည်း B နေ၇ာမှာ ဖြစ်ကျန်ခဲ့ တဲ့  hole နေ၇ာကို ကူးပါတယ်။ ဆိုလိုတာက အမှတ် A မှာ ရှိတဲ့  hole က C နေရာကို ရွေ့ လာပါတယ်။ တကယ်တမ်းပြောရလျှင် valence electrons တွေရဲ့ ကူးမှူကြောင့်  hole တွေက ရွေ့ လျားကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ က hole တွေရဲ့ အသားတင် ရွေ့ မှူကို ဘဲ စဉ်းစားနေတာဖြစ်တဲ့ အတွက် နောက်ပိုင်း အီလတ်ထရွန် ရွေ့ လျားမှူလို့ ပြောရင် free electrons တွေ conduction band ထဲ မှာ ရွေ့ လျားမှုကို ပြောတာဖြစ်ပြီး hole တွေရဲ့ ရွေ့ လျားမှူလို့ ပြောရင် valence band ထဲမှာ ရွေ့ လျားမှုကို ပြောတာဖြစ်ကြောင်း မှတ်ထားဖို့ လိုပါတယ်။ ပုံ (H) ကို ကြည့် ပါ။
ပြောကာမှ ရှုပ်သွားရင် ဆောရီးပါ ခင်ဗျာ ။ ;D ပြီး မှ ထပ်ဆက်ပါအုံးမယ် ဖတ်တဲ့ အတွက် ကျေးဇူးပါ။

htetlinnaung
02-10-2010, 02:56 AM
မင်္ဂလာပါဗျို့ .. ရှေ့ ကဆွေးနွေးခဲ့တဲ့ intrinsic semiconductor နဲ့ပတ်သက်ပြီး အနည်းငယ် ကျန်တာလေးတွေကို ဆက်ဆွေးနွေးပါအုံးမယ်။
ဆွေးနွေးလေ့ လာမဲ့ အကြောင်းကတော့ intrinsic semiconductor တွေထဲမှာ conduction ဖြစ်မှူကို လေ့ လာကြည့်မှာပါ။ semiconductor ကို ခွပြီး ဘတ်ထရီ တပ်လုံး ဆင်လိုက်လို့ ရှိ ရင် electrons တွေက ဘတ်ထရီရဲ့  အပေါင်းစွန်း(positive terminal) ဆီလို အားသက်ရောက်ခံရပြီး hole တွေကတော့  အနုတ်စွန်း (negative terminal) ဘက်ဆီကို အားဆွဲခံရမှာဖြစ်ပါတယ်။ လူတွေတင်မှတ်နေတာ အထီးက အမဆီပြေး ။ အမက အထီးဆီပြေးနဲ့ တော်တော် ကဲနေကြတယ်။ အောက်က ပုံမှာကြည့်ပါ။
http://img651.imageshack.us/img651/6695/62548605.png

ဒီနေရာမှာ charge carrier တွေရဲ ရွေ့ လျားမှူက ဆန့် ကျင်ဘက် ဖြစ်နေပေမဲ current ကတော့ တဘက်တည်းကိုဘဲ စီးပါတယ်။ hole တွေ့ ရွေ့ တဲ့ ဘက်ဖြစ်ပြီး
electrons တွေနဲ့  ပြောင်းပြန်ဖြစ်ပါတယ်။ အခုလို applied voltage ပေးခြင်းကြောင့် ဖြစ်လာတဲ့  current ကို drift current လို့ ခေါ်ပါတယ် ။ နောက်ထပ် current အမျိုးအစား တစ်ခုရှိပါသေးတယ် ။ diffusion current လို့ ခေါ်ပါတယ်။ အဲဒီ current ကတော့ semiconductor ထဲမှာ ရှိနေတဲ့  gradient of carrier concentration ကြောင့် ဖြစ်တာပါ။
နောက်ပိုင် PN Junction မှာ တွေ့ ရမှာဖြစ်ပါတယ်။ PN junction ရဲ့ ထိတဲ့ နေရာမှာ gradient of carrier concentration က ပိုပြီး မြင့် တက်လာပါတယ်။ ခုပြောခဲ့ တဲ့ current ၂ ခုကို ပြီးမှ အနည်းငယ် ထပ်ဆွေးပါအုံးမယ်။

နောက် အပူချန်နဲ့ ပတ်သက်ပြီး intrinsic semiconductor တွေမှာ ဘယ်လို သက်ရောက်မှူရှိတယ်ဆိုတာ ဆွေးနွေးချင်ပါမယ်။ absolute zero (0 K or -273 C ) မှာ semiconductor တွေက
perfect insulator တွေ ဖြစ်ကြောင်း ပြောပြီခဲ့ ပြီ ဖြစ်ပါတယ်။ ဒါဆိုရင် room temperature (300 K) ရှိလာတဲ့ အချိန်မှာ concentration of free electrons or holes က 2.5 * 10^19 per m^3 ၇ှိပါတယ်။ ဆိုလိုတာက အပူချိန်များလေ conductivity များလာလေပါဘဲ ။ ဒီတော့  resistivity (inverse of conductivity) က ကျလေ ဖြစ်ပါတယ်။ ဒါကြောင့်  semiconductors
တွေမှာ negative temperature-coefficient of resistance ရှိတယ်ဆိုတာပါဘဲ။
ဘာလို့ လည်းဆိုတော့  conductors အများစု ဟာ အပူချိန်များလေ resistance များလေ ဖြစ်ပါတယ်။ သူတို့ မှာ positive temperature coefficient ရှိပါတယ်။

htetlinnaung
02-10-2010, 03:47 AM
ဒီနေ့ တော့ ကျွန်တော် ဆွေးနွေးမဲ့ အကြောင်းအရာက ရှေ့ က ပို့ စ်မှာ ကျွန်တော် အစပျိုးခဲ့ တဲ့  current(လျှပ်စီးကြောင်း) ၂ မျိုးနဲ့ ပတ်သက်ပြီး ဖြစ်ပါတယ်။ကြားဖူး ပြီးသား ဖြစ်မယ်ထင်ပါတယ်။
Drift current နဲ့  Diffusion current အကြောင်း ဖြစ်ပါတယ်။ Direct current (DC) နဲ့  Alternative current (AC)က သက်သက်ပါ။ အဲဒီအကြောင်းကို နောက်ကြုံမှ ဆွေးနွေးပါမယ်။
အခု current တခု ဘယ်လိုစဖြစ်လာလဲဆိုတာ ဆွေးနွေးပါ့ မယ်။ ကျွန်တော်တို့  material တခုကိုvoltage တခု သက်ရောက်မှူ( apply) ပေးလိုက်တဲ့ အခါမှာ အီလတ်ထရွန်တွေကို မိမိလိုချင်တဲ့ လားရာဘက်အတိုင်း ရွေ့ လျားစေပါတယ်။ ဒါကို conduction (လျှပ်စီးမှူ) ဖြစ်တယ်လို့ ခေါ်ပါတယ်။ဒီ conduction ဟာ electron motion ကြောင့် ဒါမှမဟုတ် hole transfer ကြောင့်  ဒါမှမဟုတ် ၂ ခုစလုံးကြောင့်ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ အသေးစိပ်မပြောတော့ပါဘူး ။

နောက်တခု ကျွန်တော်တို့ မှတ်ထားစရာတစ်ချက်ရှိတာက electric current ဟာ conduction band ထဲက electrons တွေ့ ရဲ့ ရွေ့ လျားမှူ ရယ်၊ valence band ထဲက Holes တွေရဲ့ ရွေ့ လျားမှုတွေ့ ကြောင့်
ဖြစ်လာတဲ့ အတွက် electrons နဲ့ Holes တွေကို Charge carriers လို့ခေါ်ပါတယ်။ နောက်ပြီး electrons တွေက holes တွေထက် mobility (ရွေ့ လျားနိုင်မှု) ပိုများပါတယ်။ဘာလို့ လဲဆိုတော့ သူတို့ ကို ရွေ့ အောင်
လုပ်ဖို့ စွမ်းအင်အနည်းငယ်ဘဲ လိုအပ်ပါတယ်။ အစကတည်းက သူတို့ ရဲ့ atoms တွေကနေ ဝေးနေတော့ စွမ်းအင်အနည်းငယ်ဘဲလိုတာ ဖြစ်ပါတယ်။
Current ကို တိုင်းတာဖော်ပြဖို့ ကျွန်တော်တို့  Ampere (A) ယူနစ်ကို သုံးတယ်ဆိုတာ သိပြီးဖြစ်ပါတယ်။
An ampere is defined as that current which flows when one coulomb of charge passes a given point in one second .
ဆိုလိုတာက တစက္ကန့် အတွင်းမှာ ပေးထားတဲ့ အမှတ်တခုကို ဖြတ်သန်းသွားတဲ့ one coulomb of charge ကို one ampere လို့ ခေါ်တာဖြစ်ပါတယ်။ ဒါဆိုရင် 1 ampere မှာ အီလတ်ထရွန်ဘယ်လောက်
ရွေ့ သွားလည်းဆိုတာ စဉ်းစားကြည့် ရအောင်။ အီလတ်ထရွန်တစ်လုံးမှာ ပါဝင်တဲ့  charge က 1.602 * 10^ -19 C ဖြစ်တဲ့အတွက် 1 C မှာဆိုတော့ အီလတ်ထရွန်ဘယ်လောက်ပါလဲဆိုတော့ 
(1/ 1.602 * 10^ -19 ) = 6.24 * 10^18 ရှိပါတယ်။ ဆိုလိုတာက တစ်စက္ကန့် အတွင်းမှာ ပေးထားတဲ့ အမှတ်တခုကို 6.24 * 10^18 ပမာဏ ရှိတဲ့  အီလတ်ထရွန် အရေအတွက် ဖြတ်သန်းစီးဆင်းသွားတာကို one ampere လို သတ်မှတ်တာပါ။
ကျွန်တော်တို့  နောက်ဒီနေရာမှာမှတ်ထားဖို့ က current flow ကို Positive to Negative လို့ သတ်မှတ်ထားပါတယ်။ convention current direction ဖြစ်ပါတယ်။ electron flow ကတော့
Negative to positive ဖြစ်ပါတယ်။ ပြောင်းပြန်ဖြစ်ပါတယ်။ အောက်ကပုံမှာကြည့်ပါ။
http://img713.imageshack.us/img713/2145/292010115603pm2pvyf.png

ကဲပြောချင်နေတဲ့ drift current အကြောင်းပြောပါမယ်။ free space (လေဟာနယ်) ထဲမှ ဆိုရင်တော့ applied voltage ပေးလိုက်လို့ ရှိရင် electric fields (လျှပ်စစ် စက်ကွင်းအား) ဟာ အီလတ်ထရွန် တစ်လုံးကို straight line( တဖြောင့်တည်း) negative terminal ( အနုတ်စွန်း) ကနေ positive terminal( အပေါင်းစွန်း) ဆီကို ရောက်အောင် အရှိန်မြင့် တင်ပေးပါတယ်။
ဒါပေမဲ့  Conductors တွေ ၊Semiconductor တွေမှာဆိုရင် သာမန် အခန်းအပူချိန်အတွင်းမှာ electric field ရဲ့ သက်ရောက်မှုကြောင့် free electron တစ်လုံးက positive terminal ဆီကို
သွားရာ လမ်းတလျှောက်မှာ အက်တမ်တွေနဲ့ ဆက်တိုက် တိုက်(collide) မှုတွေ ဖြစ်ပါတယ်။
အောက်က ပုံမှာ ကြည့် ပါ။ ...
http://img44.imageshack.us/img44/9099/292010114235pm.png
အီလတ်ထရွန်တစ်လုံးက အက်တမ်တစ်လုံးကို တိုက်မိတိုင်း ပြန်ထွက်လာတဲ့ လမ်းကြောင်းဟာ random direction ဖြစ်ပါတယ်။ electric field ရဲ့ သက်ရောက်မှူက အဲဒီ collision နဲ့ random motion ကို မရပ်ပစ်နိုင်ပါဘူး။ဒါပေမဲ့ electric force ရဲ့ လားရာအတိုင်း အီလတ်ထရွန်တွေကို Drift ဖြစ်စေပါတယ်။ အဲလို ကြောင့် ဖြစ်လာတဲ့ current ကို Drift current လို့  ခေါ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ပုံမှန် conductor (လျှပ်ကူး )တွေမှာ ဖြစ်ပေါ်လေ့ ရှိတဲ့  current အမျိုးအစားဘဲဖြစ်ပါတယ်။

နောက်တစ်မျိုးဖြစ်တဲ့  Diffusion current ဘယ်လိုဖြစ်တယ်ဆိုတာ ဆက်ပြောပါမယ်။ အောက်က ပုံမှာကြည့် ပါ။ ...
http://img28.imageshack.us/img28/852/2102010120713amq.png

ပုံမှာ semiconductor တခုရဲ့ အစွန်တစ်ခုဘက်မှာ charge carrier (electrons or holes) တခုခု concentration (ပြင်းအား သို့  ပါဝင်မှူနှူန်း )ရှိတယ်လို့ ယူဆပါ့ မယ်။ သူတို့ မှာ same polarity
of charge )ရှိတာဖြစ်တဲ့ အတွက်ကြောင့် အချင်းချင်း ကြားမှာ တွန်ကန်မှု(repulsion)အားတွေ ဖြစ်ပေါ်ပါတယ်
လူတွေမှာ မဟုတ်ဘူးနော် သူတို့ လည်း အမျိုးအစားတူရင် တွန်းထုတ်ပြီး မတူရင် စွဲကြတယ်။ သဘာဝ ကိုက ဒီလိုနဲ့ တူတယ်ဗျ။ ကြုံတုန်း ကြော်ငြာတာ။ ;D အကျိုးဆက်ကတော့ high carrier density ရှိတဲ့ 
အပိုင်း(region) ကနေ (low density) ရှိတဲ့  အပိုင်းဆီကို ဖြေးဖြေးချင်း ( diffuse )ရောနှော ရွေ့ ဖို့ ရန်
charge carriers တွေကို tendency တခု ဖြစ်ပေါ်စေတာပါဘဲ။ ဘယ်လောက်ကြာအောင် ဖြစ်လဲ ဆိုရင်တော့  material တခုလုံးကို charge carriers တွေ မျှမျှတတ ဖြန့် ဝေ နေရာချပြီးတဲ့ အထိတိုင်အောင် ရွေ့ လျားကြ
ပါတယ်။ အခုလို charge carriers တွေရဲ့ ရွေ့ လျားမှူက electric current တခုကို ဖြစ်စေပါတယ်။ အဲဒါကြောင့် ဖြစ်လာတဲ့  current ကို Diffusion current လို့ ခေါ်ဆိုတာဖြစ်ပါတယ်။
ကျွန်တော်တို့ Semiconductor devices တွေမှာ Drift current ရော Diffusion current ရော ၂ ခုစလုံး ဖြစ်ပေါ်ပါတယ်။ သိထားဖို့ လိုအပ်ပါတယ်။

htetlinnaung
02-10-2010, 08:28 PM
ဒီနေ့ တော့ အီလတ်ထရောနစ်မှာ အလွန်အရေးပါတဲ့  extrinsic semiconductor အကြောင်းဆက်ပါမယ်။
အရင်တင် ပြ ခဲ့ တဲ့  Intrinsic (pure) semiconductors တွေကို အသုံးပြုတာနဲပါတယ်။ heat or light_sensitive resistance အဖြစ် အသုံးပြုတာများပါတယ်။ အသုံးများတဲ့ နောက်တမျိုးကတော့ အားလုံး သိပြီး ဖြစ်တဲ့  extrinsic semiconductors တွေဖြစ်ပါတယ်။ သန့်စင့် မှူ မြင့်မားတဲ့ semiconductor ကို impurities ထပ်ပေါင်းပေးပြီးပြုလုပ်တာ ဖြစ်ပါတယ် ။ အဲဒီ process ကို doping လိုခေါ်ပါတယ်။ doping process
ဟာ လည်း နည်းပညာပိုင်းအရ မလွယ်ကူပါဘူး။ Semiconductor electronic device တွေ ထုတ်လုပ်နိုင်ဖို့အတွက် အဲဒီနည်းပညာတွေကို သီသန့် လေ့ လာသင့် ပါတယ်။
Extrinsic semiconductorမှာ ၂ မျိုးရှိပါတယ်။
၁။ N-type semiconductors
၂။P-type semiconductors
တို့ ဖြစ်ပါတယ်။

N-type Semiconductors နဲ့ပတ်သက်ပြီး စတင်ဆွေးနွေးပါမယ်။ N-type semiconductors ရဖို့ အတွက် လုပ်တဲ့ process ကို Donor doping လို့ ခေါ်ပါတယ်။အသုံးပြုတဲ့ donor impurities တွေကတော့ antimony , phosphorus နဲ့ arsenic တို့ ဖြစ်ပါတယ်။ သူတို့မှာ valence electrons ၅ လုံးရှိပါတယ်။ ပြီးတော့အဲဒီ valence shells မှာ holes ၃ လုံးလဲ ရှိပါတယ်။
ဥပမာအနေဖြင့် phosphorus အက်တမ် ပေါင်းထည့် တယ်ဆို ပါစို့ ။အောက်ကပုံမှာ ကြည့် ပါ။
http://img8.imageshack.us/img8/8237/qqqzw.png
အလယ်မှာရှိနေတဲ့  phosphorus atoms မှာ valence electrons ၅ လုံးရှိနေပြီး လေးလုံးက သူနဲ့ ကပ်လျက် စီလီကွန် အက်တမ်တွေနဲ့ covalent bond တွေအဖြစ် ဖွဲ့ ထားပြီး ၅ လုံးမြောက် က ပိုနေပါတယ်။ အဲဒီ အီလတ်ထရွန်က အရေးကြီးပါတယ်။
အဲဒီ အီလတ်ထရွန်ကို သူ့ ရဲ့ nucleus ဆွဲအားကနေ လွတ်သွားအောင်လုပ်ဖို့ စွမ်းအင်အနည်းငယ်ဘဲ လိုအပ်ပါတယ်။ ဘယ်လောက် လိုတယ်ဆိုတာ အပေါ်မှာပြောပြပြီးဖြစ်လို့ မှတ်မိမယ်ထင်ပါတယ်။ အခန်းအပူချိန်မှာ impurities atoms တလုံးချင်းစီကနေ အီလတ်ထရွန် တလုံးစီကို conduction band ထဲသို့ donate လုပ်ပါတယ် ။ဒါကြောင့်လည်း donate type လို့ခေါ်ပါတယ်။အဲဒီdonated electrons ကို excess electrons တွေလိုခေါ်ပါတယ်။အဲဒီအီလတ်ထရွန်တွေအားလုံးဟာ electric current စီးဆင်းမှူမှာပါဝင်ကြပါတယ် ။အဲဒီအပြင် covalent bonds တွေကျိုးပြီး ဖြစ်လာတဲ့ electron-hole pairs တွေလည်း ရှိပါတယ်။ ဒါပေမဲ့
အဲဒီအရေအတွက် က impurity atoms ကြောင့် ဖြစ်လာတဲ့free electrons ထက် အရမ်းနည်းပါတယ်။အကျိုးဆက်အားဖြင့် အီလတ်ထရွန်နဲ့  holes တွေရဲ့ recombination ဖြစ်ပြီးတဲ့အခါမှာ holes အရေအတွက်က intrinsic မှာတုန်းကထက် နည်းသွားပါတယ်။ ဆိုလိုတာက free electrons အရေအတွက် က holes အရေအတွက်ထက် ပိုများပါတယ်။ဒါကြောင့် မလို့  N-type semiconductors တွေမှာ negatively charged electrons တွေက majority carriers တွေ ဖြစ်ပြီး holes တွေက minority carriers တွေ ဖြစ်ပါတယ်။
impurity atom မှာ အစက 5 valence electrons ရှိပြီး သူ့ ရဲ့  core မှာ + 5 charge ဖြစ်ပြီး fifth electrons ထွက်သွားတဲ့အခါမှာcore မှာ +1 excess charge ဖြစ်လာပါတယ်။ core ဆိုတာ valence electrons မပါဘဲ atom ကိုဖော်ပြတာဖြစ်တယ်ဆိုတာ မှတ်မိမယ်ထင်ပါတယ်။ ခုနက core ဟာ positively charged immoblie ion ဖြစ်လာပါတယ်။ဘာလို့  immobile ဖြစ်ရလဲဆိုတော့ သူ့ ကို four covalent bonds တွေနဲ့  crystal ထဲမှာ တင်းကြပ်ခိုင်မာစွာ ချုပ်ထားလို့ ဖြစ်ပါတယ်။

P-type Semiconductors လုပ်တဲ့ Process ကိုတော့ acceptor doping လို့ခေါ်ပါတယ်။ အသုံးပြုတဲ့ donor impurities တွေကတော့ boron ၊ alluminium ၊ indium နဲ့ gallium အစရှိတဲ့ trivalent atoms တွေဘဲ ဖြစ်ပါတယ်။ သူတို့ မှာကတော့ သိပြီးဖြစ်တဲ့ အတိုင်း အပြင်ဘက်ဆုံး shells လမ်းကြောင်းမှာ valence electrons ၃ လုံးဘဲ ရှိပါတယ်။ ပြီးတော့ holes က ၅ လုံးရှိပါတယ်။
ဥပမာ အနေဖြင့်  boron အက်တမ်ကို ပေါင်းထည့်တယ် ဆိုပါဆို့ ။အောက်က ပုံမှာကြည့် ပါ။..
http://img8.imageshack.us/img8/683/210201042919pm.png

ပုံမှာဆိုရင် boron atom ရဲ့ valence electrons ၃ လုံးဟာ သူရဲ့ ဘေးမှာ ရှိနေတဲ့ silicon atoms တွေရဲ့  valence electrons တွေနဲ့  covalent bonds တွေ ဖွဲ့ ကြပါတယ်။ ဒါပေမဲ့  4 လုံးမြောက် စီလီကွန် အက်တမ်
ရဲ့ valence electron တစ်လုံးဟာ boron atom နဲ့  bond မဖွဲ့ နိုင်ပါဘူး ။ဘိုရွန်အက်တမ်မှာ ၄ လုံးမြောက်အီလတ်ထရွန်မရှိလို့ပါ။ အဲဒီအချိန်မှာ အခုလို့ incomplete bond မှာရှိနေတဲ့ အီလတ်ထရွန်က
သူနဲ့ ကပ်လျက် အက်တမ်ဆီကနေ အီလတ်ထရွန်တစ်လုံးကို ဆွဲယူဖို့  လုံလောက်တဲ့  အားရှိပါတယ်။ အဲဒီအီလတ်ထရွန်က ခုနကလွတ်နေတဲ့ နေရာကို ခုန်ကူးပြီး ဘိုရွန် အက်တမ်ရဲ့ covalent bond ကို ဖြည့် ပါတယ်။
လိုအပ်တဲ့ စွမ်းအင်ကတော့ စီလီကွန်ဖြစ်တဲ့ အတွက် 0.01eV ဘဲ ဖြစ်ပါတယ်။ အခန်းအပူချိန်မှာတင် အဲဒီစွမ်းအင်ကို ရရှိနိင်ပါတယ်။
အခုလို ခုန်ကူးလိုက်တဲ့ အတွက် ဖြစ်စဉ် ၂ ခုဖြစ်ပါတယ်။ ခုနက ခုန်ကူးတဲ့ နေရာမှာ vacancy တစ်ခု ကျန်ခဲ့ပါတယ်။ အဲဒီနေရာလွတ်နေရာဟာ positively charged hole တစ်ခု ရရှိလာပါတယ်။ နောက်ဖြစ်စဉ်တစ်ခုကတော့ ဘိုရွန်အက်တမ်ရဲ့ covalent bond ကို ဖြည့် လိုက်တဲ့ အတွက် ဘိုရွန်အက်တမ်မှာ negative ion ဖြစ်လာပါတယ်။ သူကို crystal ထဲမှာ covalent bonds တွေနဲ့ ချည်နှောင်
ထားလို့  သူလည်း immobile ion ဖြစ်ပါတယ်။ အခုလို ဘိုရွန် အက်တမ်က အီလတ်ထရွန် တစ်လုံးကို လက်ခံလိုက်(accept) တဲ့အတွက် အခု impurity type ကို acceptor type လို့ ခေါ်တာလဲ ဖြစ်ပါတယ်။
အခုလို impurities ကြောင့်  excess holes တွေ ဖြစ်လာသလို thermal ကြောင့်  covalent bonds တွေကျိုးပျက်ပြီး ဖြစ်လာတဲ့ electrons-holes pair ကဖြစ်လာတဲ့  holes တွေရောကြောင့် 
P-type material မှာ holes တွေက majority carriers တွေ ဖြစ်ပြီး free electrons တွေက minority carriers တွေဖြစ်ပါတယ်။

htetlinnaung
02-11-2010, 11:35 PM
မင်္ဂလာပါ ။ ဒီနေ့ တော့ ကျွန်တော်တို့  အီလတ်ထရောနစ်မှာ အရေးပါတဲ့ အစဖြစ်တဲ့  PN- junction အကြောင်း စပြီးဆွေးနွေးပါ့ မယ်။
အောက်က ပုံကိုကြည့်ပါ။
http://img211.imageshack.us/img211/3804/211201071922pm.png

N-type semiconductor material တခုဖြစ်ပါတယ်။သိပြီးတဲ့ အတိုင်းသူ့ မှာ အီလတ်ထရွန်(electrons) တွေက majority charge carriers တွေဖြစ်ပါတယ်။ သာမန်အားဖြင့် အီလတ်ထရွန်တွေဟာ semiconductor ထဲမှာ တသတ်မှတ်တည်း ညီတူညီမျှ ဖြစ်ကြန့် နေရာယူ(uniformly distributed) ထားတာဖြစ်ပါတယ်။

အောက်က ပုံကတော့ P-type semiconductor material တခုဖြစ်ပါတယ်။
http://img6.imageshack.us/img6/203/20902457.png

သိပြီးဖြစ်တဲ့ အတိုင်း သူ့ မှာholes (တွင်း သို့  အပေါက်) တွေက majority charge carriers တွေဖြစ်ပါတယ်။သူ့ မှာလည်း သာမန်အားဖြင့် semiconductor ထဲမှာ uniformly distributed အဖြစ်တည်ရှိပါတယ်။

ကဲ အောက်က ပုံကို ထပ်ကြည့်ပါမယ်။
http://img689.imageshack.us/img689/3510/36020917.png

P-type နဲ့ N-type semiconductor ၂ ခုက side by side ဘေးကျင်းယှဉ်ပြီးထားလိုက်တဲ့ အခါမှာ pn junction တခု ဖြစ်လာပါတယ်။ ဒီနေရာမှာ မှတ်ထားရမှာက P-type နဲ့ N-type ကို တစ်ခု စီ သီးခြားလုပ်ပြီး ပေါင်းလိုက်တာ မဟုတ်ပါဘူး။ ဘယ်လို ပေါင်းလဲ ဆိုတာကို ထုတ်လုပ်တဲ့ နည်းပညာတွေအရ အမျိုးမျိုးရှိပါတယ်။ ဒီနေရာမှာ အဲဒီအကြောင်းက အဓိက မဟုတ်တဲ့ အတွက် မဆွေးနွေးတော့ပါဘူး ။ အဆင်ပြေရင် သီးသန့်  တခု ရေးပြီး ဆွေးနွေးပါ့ မယ်။

ဒီလိုကပ်လိုက်တဲ့ အတွက်ကြောင့်  N-type ဘက်က free electrons တွေကို P-type ဘက်က Holes တွေထဲကို ဖြည့် ဖို့ အတွက် pn -junction ကို ဖြတ်ပြီး ဆွဲခြင်း ခံရပါတယ်။ ဆိုလိုချင်တာက junction ကို ဖြစ်ပြီး diffuse ဖြစ်ပါတယ်။ ဒီနေရာမှာ သေချာမှတ်ပါ။ junction ကို ဖြတ်လာတဲ့ free electrons တွေက negative ions တွေကို ဖန်တီးပါတယ်။ ဆိုလိုတာက အချို့ အက်တမ်တွေမှာ သူတို့ ရဲ့ စုစုပေါင်း protons အရေအတွက်ထက်ပိုပြီး အီလတ်ထရွန် တစ်လုံးပိုပြီးပေးလိုက်ခြင်းအားဖြင့် p-type ထဲမှာ negative ions ဖြစ်စေတာပါ။
တပြိုင်နက်ထဲမှာဘဲ N-type ထဲမှာ Electrons တွေက positive ions တွေ ထားခဲ့ပါတယ်။ ဆိုလိုတာက အက်တမ်တွေအချို့ မှာ သူ့ ရဲ့ စုစုပေါင်း ပရိုတွန် အရေအတွက်ထက် အီလတ်ထရွန် တစ်လုံး လျော့ နည်းခြင်း
အားဖြင့် N-type ဘက်ခြမ်းမှာ positive ions တွေ ချန်ထားခဲ့ တာပါ။ ရှင်းအောင် ထပ်ပြောရမယ်ဆိုရင် junction ကို ဖြတ်ပြီး အီလတ်ထရွန်တွေ holes တွေနဲ့ diffuse ဖြစ်တဲ့ အခါမှာ N-type ဘက်မှာ
positive ions တွေ ချန်ထားခဲ့ ပြီး P-type ဘက်မှာ negative ions တွေကို ဖန်တီးပါတယ်။ အီလတ်ထရွန်တစ်လုံး ဆုံးရုံးရင် positive ion ဖြစ်ပြီး electron တစ်လုံး ပို ရလာရင် negative ion ဖြစ်ပါတယ်။
အခုလို charge carriers (electrons and holes) တွေ junction ကို ဖြစ်ပြီး diffusion မဖြစ်ခင်တုန်းက N-type ရော P-type ရော ၂ ခုစလုံးက electrically neutral ဖြစ်တယ်ဆိုတာ မှတ်ထားဖို့ လိုပါတယ် ။ အဲဒီအကြောင်း အရင်ပြောဖို့  ကျွန်တော်မေ့ သွားလို့ ပါ။
် ။ ဒါပေမဲ့ အခု P-type ဘက်မှာ negative ions တွေ ဖန်တီးတဲ့ အတွက်p-type က negative potential တခု ရလာပါတယ်။ ဒီလိုဘဲ N-type ဘက်မှာလဲ positive ionsတွေ ချန်ထားခဲ့ တော့ N-type က positive potential တခု ရလာပါတယ်။

ဒီတော့ P-type မှာဖြစ်လာတဲ့ negative potential က N-type ထဲမှာ ရှိနေတဲ့ electrons တွေကို junction ကို ဖြတ်ပြီး ကူးလားလို့ မရအောင် တွန်းကန်ထားပါတယ်။ အဲဒီလိုဘဲ N-type မှာဖြစ်လာတဲ့ 
positive potential ကလဲ P-type ထဲမှာ ရှိနေတဲ့ holes တွေကို Junction ကို ဖြတ်မလာနိုင်အောင် တွန်းကန်ထားပါတယ်။ အမျိုးတူတော့ မလာနဲ့ ပေါ့ ဗျာ ..ဟဲဟဲ ;D ;D

ဒီတော့ စစချင်း ဖြစ်တဲ့charge carriers diffusion က junction နေရာမှာ barrier potential တခုကို ဖန်တီးဖြစ်ပေါ်စေပါတယ်။ အဲဒီ barrier potential ဟာ P-side ဘက်မှာ negative နဲ့  N-side ဘက်မှာpositive ဖြစ်ပြီး နောက်ထပ် အီလတ်ထရွန်နဲ့  holes တွေ junctions ကို ဖြတ်မသွားနိုင်အောင် လုံလောက်တဲ့potential ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးသိပြီးဖြစ်တဲ့ အတိုင်း barrier potential့ 
room temperature မှာဆိုရင် ဂျာမေနီယမ်အတွက် 0.3 V ဖြစ်ပြီး စီလီကွန်အတွက် ဆိုရင် 0.7V ဖြစ်ပါတယ်။ ဒီဗို့ တွေဟာ semiconductor devices တွေမှာ အလွန်အရေးပါပါတယ်။

pn -junction နဲ့ ပတ်သတ်ပြီး နောက်တစ်ခုကတော့ junction ကို ဖြတ်လာတဲ့ charge carriers တွေ့ ရဲ့ ရွေ့ လျားမှူက ဘက် တစ်ခြမ်းစီမှာ charge carriers တွေကို deplete လုပ်ပစ်ပြီး layer တစ်ခု ဖြစ်လာပါတယ်။ အဲဒါကို depletion region လို့ ခေါ်ပါတယ် ။ အားလုံးရင်းနှီးနေတဲ့  term တခုလည်းဖြစ်ပါတယ်။ N-type ဘက်ခြမ်းမှာ ရှိတဲ့ depletion region မှာဆိုရင် free electron ဆုံးရှုံးထားတဲ့  donor impurities တွေပါဝင်ပါတယ်။ ဒါကြောင့် သူတို့ ဟာ positively charged ဖြစ်လာပါတယ်။p-type ဘက်ခြမ်းမှာတော့ acceptor impurities တွေ ( holes တွေ ဆုံးရှုံးထားသော (သို့ မဟုတ်) hole တွေကို electrons တွေနဲ့ ဖြည့် လိုက်လို့ ) ပါဝင်ဖွဲ့ စည်းထားပြီး negatively charged ဖြစ်လာပါတယ်။

Junction ရဲ့ တဖတ်တချက်မှာ ရှိနေတဲ့  depletion region ထဲမှာ impurity atoms (အခြား atoms ,ဘိုရွန်တို့  ဖောစပါးရပ်စ် စသည်) ပါဝင်မှူ ပမာဏ က တူညီပါတယ်။ P-type ဘက်ရော N-type ဘက်ရော
နှစ်ဘက်စလုံးကို doping (impurities atoms ပေါင်းထည့်ခြင်း) လုပ်တဲ့ အခါမှာ doping density တူလို့ ရှိရင် junction ရဲ့ တဖတ်တချက်စီမှာရှိနေတဲ့ depletion region အဲ အထူအပါး(thickness) ကလည်းအတူတူဘဲ ဖြစ်ပါတယ်။ အောက်က ပုံမှာ ကြည့့်ပါ။...
http://img407.imageshack.us/img407/2824/ertf.png

တကယ်လို့ အဲလို မဟုတ်ဘဲ N-type ဘက်ကို heavily doped ပိုပေးခဲ့ မယ်ဆိုရင် depletion regionက N-side ဘက်ခြမ်းထဲကို ပိုပြီး နက်ဝင်ကျယ်ပြန့် နေပါလိမ့် မယ်။ဘာလို့ လည်းဆိုတော့ junction ရဲ့ တဘက်တချက်စီမှာ impurity atoms ပါဝင်မှု တူနိုင်ဖို့ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင် P-typeဘက်ခြမ်းကို heavily doped လုပ်ခဲ့ ရင်လည်း p-side ဘက်ခြမ်းထဲကို ပိုပြိး ကျယ်ပြန့် နက်ဝင် နေမှာဖြစ်ပါတယ်။ အောက်က ပုံမှာ n-type ဘက်ကို
ပိုပြီး heavily doped လုပ်ထားတဲ့ အတွက် n-type ဘက်မှာ depletion region က ပိုကျယ်နက်ဝင်နေတာတွေ့ ရမှာပါ ။ အရေးပါတဲ့ အချက်တွေပါ။ မှတ်ထားဖို့ လိုပါတယ်။
http://img705.imageshack.us/img705/3154/qaz.png

နောက်တစ်ခု မှတ်စရာကျန်သေးတာကောတ့ ခုနက ပြောခဲ့ တဲ့ barrier potential က charge carriers တွေကို မသွားနိုင်အောင် တွန်းကန်ထားတဲ့ အခါမှာ majority carriers တွေရဲ့ စီးဆင်းမှူကို ဆန့် ကျင်နေတာဖြစ်ပါတယ်။ ဘာလို့ လည်းဆိုတော့  N-type ဘက်မှာ electrons တွေက majority carriersတွေဖြစ်ပြီး P-type ဘက်မှာက holes တွေက majority carriers တွေဖြစ်လို့ ပါဘဲ။ ဒီနေရာမှာ စဥ်းစားစရာ တစ်ခုက N-type ဘက်မှာ thermal energy ကြောင့် ဖြစ်လာတဲ့  holesတွေကို negative potential barrierကို ဖြတ်ပြီး P-side ဘက်ဆီကို ဆွဲပါတယ်။ အဲလိုဘဲ P-type ဘက်မှာ thermal energy ကြောင့် ဖြစ်လာတဲ
်free electrons တွေကို positive potential barrier ကို ဖြတ်ပြီး N-side ဘက်ဆီကို ဆွဲပါတယ်။ N-side မှာရှိတဲ့  holes တွေနဲ့ P-side မှာရှိတဲ့ electrons တွေဟာ minority carriers တွေ ဖြစ်ကြဆိုတာ
သိပြီး ဖြစ်ပါတယ်။ ဒါကြောင့်  barrier potential က junction ကို ဖြတ်ပြီး minority carriers တွေရဲ့ စီးဆင်း မှူကို ထောက်ပံ့ ပါတယ်။
အခု အခြေအနေတွေဟာ pn - junction ကို ပြင်ပကနေ applied voltage လုံးဝ မပေးရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ သူ့ ကို voltage apply ပေးလိုက်လို့ ရှိရှင် ဘာဖြစ်လာမယ်ဆိုတာ နောက်မှ ဆက် ဆွေးနွေးပါ့ အုံးမယ်။ အခြေခံအားဖြင့် pn-junction ဟာ junction diode တခုဘဲ ဖြစ်ပါတယ်။ ဖတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ :)

htetlinnaung
02-13-2010, 01:14 AM
ဒီနေ့ တော့ pn -junction နဲ့ ပတ်သက်ပြီးကျန်နေတဲ့  bias ပေးတဲ့ အခါ ဘယ်လို ဖြစ်လာလဲဆိုတာ ဆွေးနွေးသွားပါမယ်။
ပထမဆုံး forward bias ပေးပါ့ မယ် ။ Forward Bias ပေးတယ်ဆိုတာ အားလုံးသိတဲ့ အတိုင်း p-type ဘက်ကို positive polarity ပေးတာဖြစ်ပြီး N-type ဘက်ကို Negative polarity ပေးတာဖြစ်ပါတယ်။ ဒဲ့ (တိုက်ရိုက်) အမျိုးတူ polarity ပေးတာဖြစ်ပါတယ်။ သိတဲ့ အတိုင်း အမျိုးတူရင် charge တွေက အချင်းချင်းတွန်းကန်တာပါဘဲ။ အောက်က ပုံမှာကြည့်ပါ။...
http://img714.imageshack.us/img714/3094/212201091608pm.png

အခုလို p-type က holes တွေနဲ့  n-type က electrons တွေကို junction ဆီကို တွန်းပို့ လိုက်တဲ့ အခါမှာ ကျွန်တော်တို့ အစက junction နေရာမှာဖြစ်နေတဲ့  depletion region ရဲ့ အကျယ်က ဖြည်းဖြည်းချင်း ကျဉ်းလာပါ
တယ် ။ ထို့ အတူဘဲ barrier potential ကလည်း ဖြည်းဖြည်းချင်း လျော့ ကျလာပါတယ်။ ဖြည်းဖြည်းခြင်း apply voltage ကို သုညကနေ တိုးပေးလာတာ နောက်ဆုံးမှာ barrier potential လုံးဝ ပျောက်သွားပြီး junction ကို ဖြတ်ပြီး
တော့ charge carriers တွေ စီးဆင်းနိုင်သွားပါတယ်။ အောက်က ပုံကို ကြည့် ပါ။ forward characteristic of pn-junction ကို ပြတဲ့  graph ဖြစ်ပါတယ်။...
http://img402.imageshack.us/img402/5281/212201091632pm.png
ပုံမှာ ဆိုရင် ပေးတဲ voltage Ef က barrier potential voltage တွေဖြစ်တဲ့ ဂျာမေနီယမ်အတွက် 0.3 V နဲ့  စီလီကွန်အတွက်ဆိုရင် 0.7 V ကို ကျော်မှသာ If (forward current ) ရဲ့ တန်ဖိုးက linearly နီးပါး Ef တက်လာတာနဲ့ များလာပါတယ။ ဒီအချိန်မှ pn-junction semiconductor ဟာ ရိုးရှင်းတဲ့  resistor တစ်လုံးလို ဘဲ ပြုမှူ ဆောင်ရွက်ပါတော့တယ်။

ဒီတခါ bias ကို ပြောင်ပြန် ပေးကြည့်ပါမယ်။ reverse bias ပေးတယ်လို့ ခေါ်ပါတယ်။ အောက်ကပုံကို ကြည့် ပါ။
http://img202.imageshack.us/img202/4306/rrrf.png

မတူတော့ ဆွဲကြပြန်တာပေါ့ ဗျာ .. အင်းအခုလို N-type ဘက် အီလတ်ထရွန်တွေကို positive terminal ဆီကို ဆွဲသလို p-type ဘက်က Holes တွေကို Negative terminal ဆီကို ဆွဲပါတယ်။ ဒီလိုနဲ့  Depletion region
က ဖြည်းဖြည်းချင်း ကျယ်လာပါတယ်။barrier potential ကလည်း apply voltage ကြီးလာသလို လိုက်ကြီးလာပါတယ်။ဒီလိုနည်းနဲ့  junction ကို ဖြတ်ပြီး majority charge carriers တွေ ဖြတ်သန်းဖို့  မဖြစ်နိုင်တော့ ပါဘူး။ Majority carriers တွေ ဖြတ်မစီးနိုင်ပေမဲ့  minority carriers တွေကတော့ စီးဆင်းနေဆဲ ဘဲ ဖြစ်ပါတယ်။ဒါကြောင့် reverse characteristic of junction ကို အောက်က graph မှာ ကြည့် နိုင်ပါတယ်။ ..
http://img521.imageshack.us/img521/7857/212201091737pm.png

ပုံမှာ သတိထားမိရမှာကတော့ minority carriers တွေ junction ကို ဖြတ်ဖို့  reverse bias အနည်းငယ်ဘဲ ပေးစရာ လိုပါတယ်။ နောက်ပြီး bias voltage်တိုးပေးမဲ့ current က တက်မလာပါဘူး ။ အဲဒီ current ကို
reverse saturation current (Ir) လို့ ခေါ်ပါတယ်။ သာမန်အားဖြင့် Ir ရဲ့ တန်ဖိုးက အလွန်ငယ်ပါတယ်။
စီလီကွန် အတွက်ဆိုရင် 1 micro ampere ဒါမှမဟုတ် 1 nano ampere ထက်ငယ်ပါတယ်။ ဂျာမေနီယမ်ဆိုရင်တော့ 10 micro ampere ထက် ကျော်နိုင်ပါတယ်.

ကျွန်တော်တို့  အခုလို bias ပေးတာနဲ့ ပတ်သက်ပြီး မှတ်စရာ တခု ကျန်သေးတာကတော့ bias ပေးတဲ့ အချိန်မှာဖြစ်လာတဲ့  resistance တန်ဖိုးတွေပါဘဲ။ အခု current နဲ့  voltage တန်ဖိုးတွေ ကို သိနေပြီ ဖြစ်လို့  Ohm's Lawကိုသုံးပြီး resistance ကို တွက်ကြည့် နိုင်ပါတယ်။ Forward bias ပေးတဲ့ အချိန်မှာ ဂျာမေနီယမ်အတွက် တွက်ကြည့် မယ်ဆိုရင် 0.3 V ကို 4 m A နဲ့ စားကြည့်ရင် 80 Ohm ရမှာဖြစ်ပါတယ် ။ 100 A စီးရင်တောင် မှ 3.2 Ohm သာ ရှိပါသေးတယ် ။ဆိုလိုချင်တာက Forward bias ပေးတဲ့ အချိန်မှာlow resistance ဘဲ ၇ှိတယ်ဆိုတာပါဘဲ။
Reverse bias ပေးတဲ့ အချိန်မှာတွက်ကြည့် မယ်ဆိုရင်တော့ 5 V ကို 1 micro A နဲ့ စားကြည့်ရင် 5 M Ohm ရှိပါတယ်။ 50 V ဆိုလိုရှိရင်တော့ 50MOhm ရမှာဖြစ်ပါတယ်။ ဆိုလိုတာက reverse bias ပေးတဲ့ အချိန်မှာ
ံ့high resistance ရှိတယ်ဆိုတာပါဘဲ။
တကယ်တော့ အခုလို pn-junction က junction diode တစ်ခုလိုဘဲ ဆိုတာ သိပြီးဖြစ်မှာပါ။ diode တွေမှာတော့ အမျိုးအစားတွေ ထက်ပြီး အများအပြားရှိပါသေးတယ် ။ သုံးတဲ့ နေရာ့  တွေကလည်း အမျိုးမျိုးပါဘဲ ။ diode
နဲ့ ပတ်သတ်ပြီး အနည်းငယ် နောက်မှ ဆက်ဆွေးနွေးပါ့ မယ်။ အခုတော့ ဒီလောက်ပါဘဲ။ ကျေးဇူးတင်ပါတယ် :) :)

htetlinnaung
02-14-2010, 07:30 AM
အစကတော့ ကျွန်တော် ဒီနေ့  diode နဲ့ ပတ်သတ်ပြီး အခြေခံအကြောင်းအရာ အနည်းငယ်ကို စတင်ပြီး ဆွေးနွေးမလို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ အချိန်ကလည်း မရဘူးဖြစ်နေလို့  အခုအနည်းငယ် နာမည်လေးတွေဘဲ
ဆွေးနွေးလိုက်ပါတယ်။
Diode ဟာ two active electrode ပါဝင်တဲ့  two- terminal device တစ်ခုဖြစ်ပါတယ်။ သူရဲ့ အဓိက ထူးခြားချက်ကတော့current flow (လျှပ်စစ်စီးဆင်းမှု) ကို only one direction (လားရာတစ်ခု) ဘဲ ခွင့် ပြုခြင်းဖြစ်ပါတယ်။အခြေခံအားဖြင့် တော့ သူ့ ကိုwaveforms တွေကို rectify လုပ်ဖို့ ရည်ရွယ်ပြီး သုံးပါတယ်။ အခြားနေရာတွေမှာလည်း သုံးပါသေးတယ်။ Diode အမျိုးအစားတွေ အများအပြားရှိပါတယ်။ အောက်က list မှာကြည့် နိုင်ပါတယ်။
၁။ Light Emitting Diode (LED)
၂။ Avalanche Diode
၃။ Laser Diode
၎။ Schottky Diodes
၅။ Zener diode
၆။ Photo diode
၇။ Varicap Diode or Varactor Diode
၈။ Rectifier Diode
၉။ PIN diode,
၁၀။point contact diode
၁၁။ signal diode
၁၂။ step recovery diode
၁၃။ tunnel diode
၁၄။ gold doped diode
၁၅။ power diode
၁၆။ General Purpose diode
၁၇။ current limiting diodes
၁၈။ GUNN and IMPATT diode
၁၉။ Transient Voltage Suppressor diodes (TVS)
၂၀။ RF diode
၂၁။ High Voltage Diodes
၂၂။ Step-recovery diodes
၂၃။ diode Arrays အစသဖြင့် ရှိပါတယ်။ အသေးစိတ် တစ်ခုချင်းကို လေ့ လာဖို့ ဆိုရင်တော့ မလွယ်ဘူးထင်တယ်ဗျ။ အလုပ်လုပ်ရင်း စာသင်ရင်း စာဖတ်ရင်းနဲ့ မှ သိသွားနိုင်မှာပါ။ ပြီးမှ အဆင်ပြေ ရင်

့ တခုချင်းစီနဲ့ ပတ်သတ်တဲ့ အနည်းငယ်ကို ကျွန်တော်ဖတ်ထားသမျှ အနည်းငယ်ဆွေးနွေးသွားပါ့ မယ်။ အသေးစိတ် အချက်အလက်များကို သိရှိနားလည်သူများမှ အချိန်ရလျှင် ၀င်ရောက် ဆွေးနွေးပေးစေလိုပါတယ်။

htetlinnaung
02-18-2010, 05:26 AM
ဒီနေ့ တော့ diode တွေက တခု ဖြစ်တဲ့ LED အကြောင်း စပြီး ဆွေးနွေးပါ့ မယ်။Diode တွေထဲမှာ လူတိုင်း ကြားဖူးရင်းနှီးနေတဲ့  တခုကတော့ Light-Emitting Diode(LED)ဘဲ ဖြစ်ပါတယ်။
သူရဲ့ အဓိက အလုပ်ကတော့ အလင်း(Light) ထုတ်ပေးဖို့ ဖြစ်ပါတယ်။ ကဲ လေ့ လာကြည့် ပါမယ်။ Wikipedia မှာလည်းတော်တော်စုံအောင်ရေးထားပါတယ်။ စိတ်ဝင်စားပါက အောက်ပါလင့် ကနေ သွားဖတ်ကြည့် နိုင်ပါသည်။
http://en.wikipedia.org/wiki/Light-emitting_diode
အလင်းဘာလို့ ထွက်လာလည်းဆိုတာ ကြည့် ကြရအောင်။ LED ကို Forward Bias ပေးလိုက်တဲ့ အခါမှာ p-side(anode) ကနေ n-side( cathode) ကို current စီးပါတယ်။ အဲဒီအချိန်မှာ charge carriers တွေဖြစ်တဲ့ 
electrons နဲ့  holes တွေက junction ဆီကို ရောက်တဲ့ အခါ recombination ဖြစ်ပါတယ်။ အီလတ်ထရွန်ကholes နဲ့  ပေါင်းမိတဲ့  အခါမှာ energy level နိမ့် သွားပါတယ်။ အဲဒီအခါမှာ photon အဖြစ်နဲ့  energy
ကို ထုတ်ပေးပါတယ်။ အဲဒီအခါမှာ ထွက်လာတဲ့ အရောင်က pn-junction ဖြစ်ဖို့ သုံးထားတဲ့  semiconductormaterial ရဲ့  band gap ပေါ်မှာမူတည်ပါတယ်။ LED မှာ Silicon နဲ့ Germanium ကို မသုံးပါဘူး။ သူတို့ က
မြင်နိုင်တဲ့ အလင်းမထွက်ပါဘူး။LED ကို Gallium-based materials တွေနဲ့ ပြုလုပ်ထားပါတယ်။
ဒါဆိုရင် ဘယ်လိုအရောင်တွေထွက်နိုင်လဲဆိုတာ ကြည့် ရအောင်ပါ။ရနိုင်တဲ့ အရောင်တွေကတော့ အနီ(red) ၊ လိမ္မော်(orange)၊ အမ်ဘာ(amber) ၊အ၀ါ(yellow) ၊အစိမ်း(green) ၊အပြာ(blue) ၊အဖြူ(white)
တို့ ဘဲ ဖြစ်ပါတယ်။ မြင်သာအောင် အောက်က ပုံတွေမှာကြည့် ပါ။
http://img186.imageshack.us/img186/5674/217201095228pm.png
အဲဒီအရောင်တွေကို ဘယ်ပေါ်မှာ မူတည်နေလဲဆိုတာ ဆက်ကြည့် ရအောင်ပါ. ။ ကျွန်တော်တို့ အားလုံးသိတဲ့ အတိုင်းပါဘဲ မျက်လုံးနဲ့ မြင်နေရတဲ့ အလင်းအရောင်တွေက သူတို့ ရဲ့  လှိုင်းအလျား(wave length)တွေရှိပါတယ်။ အကြမ်းအားဖြင့် 
လူတစ်ယောက်ရဲ့ မျာက်လုံးဟာ 400 nm နဲ့ 760nm ကြားမှာရှိတဲ့ အရောင်တွေကို မြင်နိုင်ပါတယ်။ အရောင်နဲ့ လှိုင်းအလျားဘယ်လောက်တွေ ရှိတယ်ဆိုတာ အောက်က ပုံမှာ ကြည့် ပါ။
http://img404.imageshack.us/img404/9593/217201095954pm.png
http://img717.imageshack.us/img717/330/2172010101314pm.png

နောက် အောက်က ဇယားမှာ LED ကို လုပ်ထားတဲ့  Materials တွေနဲ့ သူရဲ့  wave length တွေကို တွေ့ နိုင်ပါတယ်။
wave length တွေကို nano meter(NM) နဲ့ ဖော်ပြပါတယ်။ဇယားထဲမှာ lpk(NM) လို့ ရေးထားပါတယ်။ Wikipedia မှာ
လည်း အဲလိုဇယားတစ်ခုကို တွေ့ နိုင်ပါတယ်။ အထက်မှာပေးထားတဲ့ လင့် အတိုင်း သွားကြည့် နိုင်ပါတယ်။
http://img294.imageshack.us/img294/9361/2172010101825pm.png
အထက်ပါဇယားထဲမှာ နောက်ထပ်တွေရတဲ့  Lv (mcd) နဲ့  Viewing angle တွေကလည်း LED မှာ အရေးပါတဲ့ parameters တွေဖြစ်ပါတယ်။ lv(mcd) ကတော့ အလင်းပြင်းအား( luminous intensity) ကို ပြောတာဖြစ်ပါတယ်။ millicandela(mcd) နဲ့ ဖော်ပြပါတယ်။ အကြမ်းအားဖြင့်တော့  သူက စီးဆင်းတဲ့  current ပမာဏနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ တိုင်းတဲ့ အခါမှာ on-axis measurement ( အမှတ်တခုပေါ်မှာကျတဲ့ အလင်းပမာဏ) ကို သုံးပါတယ်။ ကျွန်တော်တို့ 
ပုံမှန် incandescent lamps တွေမှာလို spherical candlepower(MSCP) မျိုးလိုတိုင်းတာမဟုတ်ပါဘူး။ အသေးစိတ်တော့  မလိုအပ်ပါဘူး ။အီလတ်ထရောနစ်သမားတစ်ယောက်အနေဖြင့် အသုံးပြုဖို့ ရွေးချယ်မယ်ဆိုရင် စဥ်းစားနိုင်အောင်လို့  အချက်တစ်ခုအနေဖြင့် သိထားဖို့ လိုပါတယ်၊
နောက် တခု viewing angle ဆိုတာ အလင်းဖြန့် ထွက်တဲ့  ထောင့်ကို ပြောတာဖြစ်ပါတယ်။ အောက်က ပုံလေးတွေမှာ ကြည့် ပါ။..
http://img708.imageshack.us/img708/3845/2172010112408pm.png
ပုံမှာ ပြထားတဲ့  1/2 Theta angle က ခုနကပြောခဲ့ တဲ့ on-axis မှာ ရှိတဲ့  luminous intensity တ၀က်ရှိနေတဲ့ angle ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဇယားမှာပြထားတဲ့  angle တန်ဖိုးတွေက 2 Theta 1/2 တွေ ဖြစ်ပါတယ်။ ဆိုလိုတာက full viewing angle အဖြစ်ဖော်ပြတာဖြစ်လို့  ၂ ဆမြောက်ပြီး ပြထားတာပါ.။ viewing angle တွေဟာသုံးထာတဲ့  LED Chip တွေနဲ့  အလင်းကို ဖြန့် ဖို့ အပေါ်က ထပ်ကာထားတဲ့  epoxy lens
အပေါ်မှာ မူတည်ပါတယ်။ ဒီနေရာမှာ မှတ်ထားဖို့ ရှိတာက highest luminious intensity (mcd)က viewing angle အမြင့် ဆုံး အများဆုံးမဟုတ်ပါဘူး။ mcd တန်ဖိုးများလေ viewing angle က
ကျဥ်းသွားလေဖြစ်ပါတယ်။
နောက် ကျွန်တော်တို့ ထွက်လာတဲ့ အလင်းရဲ့ visibility (viewing angle) ကို တိုးလာအောင် encapsulation နဲ့ အတူ LED Chip အရေအတွက်ကို တိုးခြင်းအားဖြင့် လည်း လုပ်နိုင်ပါတယ်။
the shape of encapsulation က LED ကထွက်လာတဲ့ အလင်းကို ချဲ့ ပေးဖို့  Lens(မှန်ဘီလူး)အဖြစ် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။အောက်က ပုံတွေမှာ ကြည့် နိုင်ပါတယ်။
http://img109.imageshack.us/img109/9039/2172010112418pm.png

ကျန်တဲ့ အပိုင်းလေးတွေကို ဆက်ပါအုံးမယ်။

htetlinnaung
03-02-2010, 06:05 AM
ဒီတစ်ခါတော့ ကျွန်တော်တို့ LED တွေကို ယနေ့ ဘယ်လိုနေရာတွေမှာ သုံးနေလဲဆိုတာ ကြည့်ရအောင်ပါ။ အင်း ပြောသာပြောရတာ သုံးတဲ့ နေရာတွေက အများကြီးဘဲ ။ ;D ဘာလို့ ဒီပို့ စ်ကို ရေးရလဲဆိုရင်တော့ LED
တွေက တော်တော် များများနေရာတွေမှာ သုံးလာလို့  အီလတ်ထရောနစ်ကို လေ့ လာနေသူများ အနေဖြင့် စိတ်ဝင်စားလာပြီး LED တွေကို အသေးစိပ်လေ့ လာ ချင်စိတ် ပေါ်လာအောင်လို့ ပါ။ ကျွန်တော်ကိုယ်တိုင်
မလုပ်နိုင်ပေမဲ့  ကျန်တဲ့ သူတွေ လုပ်ချင်ကိုင်ချင်စိတ်လေးများ ပေါ်လာစေချင်လို့ ပါ။ တခြား အီလတ်ထရောနစ်ကို မလေ့လာသူများအနေဖြင့်လည်း ဗဟုသုတ ရစေချင်လို့ ပါ။ကဲ စ ကြ ပါစို့ ..
၁။ indicator တွေအဖြစ်သုံးပါတယ်။ ကျွန်တော်တို့  electronic ckt တွေမှာ switch ON ထားလား OFF ထားလား ၊ ဘယ် Mode ၊ဘယ် region၊ ဘယ် channel မှာ အလုပ်လုပ်နေတယ် အစသဖြင့်သိရှိနိုင်အောင် ညွန်ပြဖို့ သုံးပါတယ်။ အောက်ကလင့်မှာ ဗဟုသုတုအဖြစ်ကြည့်နိုင်ပါတယ်။ရောင်းတဲ့ ဆိုဒ်တစ်ခုပါ။
http://www.ledtronics.com/MarketApplication/MarketApp1.aspx?M=C0D19 (http://www.ledtronics.com/MarketApplication/MarketApp1.aspx?M=C0D19)
နောက်ဥပမာအနေဖြင့် အောက်က ပုံကို မြင်သာအောင် ဖော်ပြလိုက်ပါတယ်။
http://img20.imageshack.us/img20/9639/322010122509am.png
သူမှာလဲ size အမျိုးမျိုး၊ package အမျိုမျိုးရှိပါတယ်။ TV,Radio,Computer,Phone, ...စသည်တို့ တွင့် ကျွန်တော်တို့  အမြဲတမ်းထိတွေ့ မြင်ဘူးနေပါကြ ဖြစ်ပါတယ်။
၂။ နောက်တစ်ခုကတော့ LED ကို မှိတ်တုပ်မှိတ်တုပ် တဖျက်ဖျက်လင်းနေအောာင် သုံးတဲ့နေရာတွေရှိပါတယ်။
Flash LED လို့ ခေါ်ပါတယ်။ တစ်လုံးချင်းအနေနဲ့ရော အများကြီးစုပြီး ထွက်လာတဲ့ အရောင်တွေ ကွန့် မြူးအောင် လုပ်ထားတွေရော အစုံရှိပါတယ်။ မြင်သာအောင် ပြောရမယ်ဆိုရင် ရဲကားတွေ ရဲ့ အမိုးပေါ့်တွေမှာဖြစ်ဖြစ်၊ အရေးကြီး ယာဉ်တန်းတွေရဲ့ ကားတွေမှာဖြစ်ဖြစ် တွေ့ နိုင်ပါတယ်။နောက်ပြီး အရေးပေါ်အချက်ပေးတဲ့ အခါတွေမှာ အလင်းရောက်ကို မိတ်လိုက်ဖွင့် လိုက် နဲ့ အချက်ပြတဲ့ နေရာတွေမှာလဲ သုံးပါတယ်။
http://img412.imageshack.us/img412/1838/captureqqe.png
http://img9.imageshack.us/img9/7136/32201012822am.png
တစ်လုံးထဲအနေနဲ့ ကတော့ ယခုခေတ် mobile phone တွေရဲ့ ကင်မရာတွေမှာ ထွက်လာတဲ့ အလင်းက Flash LED ကို သုံးထားတာဖြစ်ပါတယ်။
http://img710.imageshack.us/img710/9918/captureknb.png
နောက် optical mouse တွေမှာ ဖျက်ဖျက်နဲ့ သီးသန့် လှအောင် ထည့် သုံးတာတွေလည်းရှိပါတယ်။
http://img51.imageshack.us/img51/1268/58308092.png
ဒါအပြင် LED က ထွက်လာတဲ့ အလင်းပြန်မှူကို သုံးပြီး mouse ရဲ့ ရွေ့ လျားမှူကို အာရုံခံ တဲ့ နည်းမှာလည်း သုံးပါတယ်။ လှပတဲ့  Blue LED Mouse ကို အောက်က လင့် မှာ ကြည့် ပါ။
http://blueledmouse.com/
အခြား ဟာတွေကိုတော့ မြင်သာအောင် အောက်က youtubeက လင့်တွေမှာ ကြည့် နိုင်ပါတယ်။
http://www.youtube.com/watch?v=-kHj9wrbeX4&feature=related
http://www.youtube.com/watch?v=Hn1qMIVWruY&feature=related
http://www.youtube.com/watch?v=qKl-WEftNFI&feature=related
http://www.youtube.com/watch?v=upeOkgOLKfY&feature=related
http://www.youtube.com/watch?v=MMfie6UnMCc&feature=related
ကဲ နောက် ဆက်ပါအုံးမယ်။ ကျေးဇူးတင်ပါတယ် ..

htetlinnaung
03-03-2010, 07:26 AM
ဒီနေ့  LED ကို သုံးနေတဲ့နေရာလးတွေ ဆက်ပါအုံးမယ်။
၃။ မီးပွိုင့် တွေမှာ traffic light အဖြစ်သုံးလာတာရှိပါတယ်။ power စာသုံးမှုနည်းတာရယ်၊ သက်တမ်းကြာ ရှည်မှုတို့ကြောင့်  သုံးလာတာပါ။အောက်က အရင်တခါပေးဖူးတဲ့ လင့်မှာ ကြည့်ပါ။
http://www.ledtronics.com/products/cat1.aspx?P=C0D7
http://img90.imageshack.us/img90/2040/captureiu.png
၎။ display လုပ်ဖို့ သုံးပါတယ်။ ပထမဆုံး လူသိများတဲ့ seven-segment display တွေမှာလဲ သုံးပါတယ်။ကိန်းဂဏန်းတွေကို ဖော်ပြဖို့ အဓိက ဖြစ်ပါတယ်။
http://img200.imageshack.us/img200/56/90735257.png
နောက် display ကတော့ စာလုံးတွေနဲ့  အခြားလိုချင်တဲ့ ပုံရိပ်တွေကိုပါ ပြနိုင်ဖို့  သုံးတာဖြစ်ပါတယ်။ ရထားဘူတာတွေ ဘတ်စ်စတေရှင်တွေ လေဆိပ် အဆောက်အဦးတွေ အားကစားရုံတွေမှာ သတင်းအချက်
အလက်ဖော်ပြဖို့ သုံးတာဖြစ်ပါတယ်။
http://img532.imageshack.us/img532/7186/74315918.png
၅။နောက် မြန်မာလို ဓါတ်မီးပေါ့ ။ အခုခေတ်မှာ သုံးလာနေတာ တွေ့ ဘူးနေကြဖြစ်ပါလိမ့်မယ်။Flashlight အဖြစ်သုံးတာပါ။
http://img69.imageshack.us/img69/6025/75789028.png
၆။အခုနောက်ပိုင်းမှာ အလင်းပေးဖို့ အတွက် LED ကို အစားထိုးသုံးလာနေပါပြီ။bulbs (မီးသီး)တွေအစားနေရာယူလာတာဖြစ်ပါတယ်။
http://img38.imageshack.us/img38/6209/qazg.png
ဆက်ပါအုံးမယ် . :)