PDA

View Full Version : ဖိုရမ် အဖွင့်သီချင်းများနဲ့ပတ်သတ်ပြီးဆွေးနွေးကြမယ်



စပိုင်ချစ်သူ
02-09-2010, 11:00 PM
ကျွန်တော်တစ်ခုလောက်အဆိုပြုချင်ပါတယ်။ ဖိုရမ်ကို စ ဖွင့် လိုက်တာနဲ့ သီချင်းတွေပွင့်လာတာကို ပိတ်ထားသင့်တယ်လို့ထင်ပါတယ်။ ကျွန်တော့်အထင် သီချင်းတွေက ဖိုရမ်အတက်ကိုနှေးစေနိုင်ပါတယ်။ သိပ်လည်း အကျိုးမရှိဘူးလို့ယူဆပါတယ်။ နောက်ပြီး တိတ်ဆိတ်တဲ့နေရာမှာနေပြီး ဖိုရမ်ထဲကိုဝင်ရင် စစပေါ်လာတဲ့သီချင်းသံကြောင့် လန့်သွားပေါင်းလည်းမနည်းတော့ပါဘူး (သူရဲဘောကြောင်တာဟုတ်ဘူးနော်...) ဖိုရမ်က အကိုတို့အမတို့လည်း ဆွေးနွေးပေးကြစေလိုပါတယ်။

ခင်မင်လျှက်
စပိုင်ချစ်သူ

phoelapyae
02-09-2010, 11:57 PM
ကျနော်တို့ အဲ့ဒီကိစ္စနဲ့ ပက်သက်ပြီး တော်တော်လေး ဆွေးနွေးခဲ့ဖူးပါတယ်။
အသင်းဝင်တွေဆီကလဲ feedback တောင်းယူပြီးမှ လုပ်ခဲ့ကြပါတယ်။
အရေအတွက်က အဖွင့်သီချင်းထည့်ချင်သူ / မထည့်ချင်သူ တူတူလောက်ရှိနေကြပြန်တယ်။
ဒီတစ်ခါတော့ အဖွင့်သီချင်းဖွင့်တာကြာပြီးဖြစ်တဲ့အတွက် အဖွင့်သီချင်း ကျနော်ပိတ်လိုက်ပြီးနော်။
အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။