PDA

View Full Version : ဘွဲ့ယူကျမ်းတွေ ဘယ်မှာ တင်ရမလဲ..။



အေး
02-20-2010, 04:04 PM
ကျွန်တော်တို့ရဲ့ Thesis တွေနဲ့ Paper တွေကို ဘယ်မှာတင်ရင် ရမလဲဟင်...။..ကိုယ့်ကျမ်းကိုယ် သဘောမကျပေမယ့် ကျောင်းတိုင်းက Thesis လုပ်မယ့်သူတွေ ဒီဆိုက်ကို ၀င်ကြည့်ကြရင် သူတို့မြင်ဘူးသွားရင်ကို ကျေနပ်တယ်ပေါ့နော်...။..ဘယ်ခုနှစ်က ဘွဲ့ယူကျမ်းကတော့ ဘယ်လိုဆိုတာ သူတို့မြင်ဘူးကြအောင်လေနော်..။..

ကျွန်တော့်သူငယ်ချင်းတွေက သူတို့ကျမ်းတွေက မကောင်းလို့ မပေးချင်ကြဘူးတဲ့...။..ကျွန်တော်ကတော့ ကောင်းကောင်း မကောင်းကောင်း ပေးချင်တယ်..။..ဘာဖြစ်လဲ..
ဆရာကြီးတွေက သူတို့သတ်မှတ်ချက်တွေနဲ့ ပြည့်စုံလို့ ပေးလိုက်တဲ့ ကျမ်းပဲ ဟာကို..။..ကျွန်တော့်ကျမ်းကို အရင်တင်ပေးမယ် စိတ်ကူးတယ်..။...ပြီးမှ သူငယ်ချင်းတွေကျမ်းတွေ လှမ်းတောင်းပြီး ရရင် ဖြည်းဖြည်းချင်းတင်ပေးမယ်....။..အပေါ်မှာ တင်ထားတာတွေတော့ တွေ့တယ်...။..ဘယ်မှာ တင်ရမလဲဆိုတာတော့ တိတိကျကျမသိသေးလို့..အရင်မေးလိုက်တာ...။..အပေါ်က ပညာရပ်ပိုင်းစာတွေ ဖတ်ဖြစ်တာ နည်းတယ်... :2: :2:

သူများတွေကို နည်းနည်းမှ အကျိုးပြုပြု..လေ..။..ပေးချင်တယ်..။..ဒီဆိုက်ရဲ့ Themes နဲ့လည်း ညီမယ်လို့ ထင်တယ်လေနော်...။



အေး

Nway Oo Ko
02-20-2010, 04:38 PM
ဒီမှာ တင်လို့ ရပါတယ်ခင်ဗျာ။ http://www.myanmarengineer.org/forum/index.php/board,55.0.html
ခေါင်းစဉ်ဟောင်းရှိရင်လဲ၊ အဲဒီမှာပေါ့။
မရှိသေးတဲ့ ဘာသာရပ်ဆိုရင်လည်း၊ ခေါင်းစဉ် အသစ်ဖွင့်ပြီး တင်လိုက်လို့ ရပါတယ်ခင်ဗျာ။
မျှဝေပေးချင်တဲ့ စေတနာကို အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။