PDA

View Full Version : အလုပ်တစ်ခုရဲ့ တွေးထင်ယူဆချက်များ နှင့် စိတ်ညစ်စရာများ

winmyintoo
02-27-2010, 07:45 PM
ကျွန်တော်လည်း ပါဝင်ဆွေးနွေးချင်ပါတယ် ကျွန်တော်က ပုံနှိပ်တိုက်မှာ အလုပ်ဝင်လုပ်နေတဲ့သူပါ ကျွန်တော် ပုံနှိပ်စက်ကို မတတ်ပါဘူး ကျွန်တော် ကွန်ပြူတာလေးကိုဘဲ နည်းနည်းပါးပါးလုပ်တတ်ပါတယ် ကျွန်တော် လုပ်ချင်တာက ကွန်ပြူတာအလုပ် ဖြစ်နေတာက ပုံနှိပ်တိုက်ရဲ့ အခိုင်းခံသမားပါ စိတ်ညစ်ဖို့အရမ်းကောင်းပါတယ် အားလုံးရဲ့ ခိုင်းသမျှဟာ ကျွန်တော်ရဲ့ ခေါင်းပေါ်ကို ပုံကျလာတယ် တစ်ခါတစ်လေတော့လည်း စိတ်ညစ်မိတယ် ဒါပေမယ့် ညီမလေးရဲ့ တောင်းပန်းမှုကြောင့်သာ လုပ်နေရတာပါ ဖြစ်ချင်တာထက် ဖြစ်နေတာက တစ်ခြားဆီဖြစ်နေပါတယ် အလုပ်တစ်ခုအပေါ် အာရုံစိုက်မှုအတွက်လည်း ယိုးယွင်းလာပါတယ် အားပေးနိုင်တဲ့သူများ အားပေးကြပါအုံးနော်

zinmaung
03-08-2010, 09:11 PM

ကိုဝင်းမြင့်ဦး..........
ပျော်ရာမှာ မနေရ ၊ တော်ရာမှာ နေရ ဆိုသလိုပဲ ကိုယ်ဖြစ်ချင်တာတွေနဲ. လွဲနေတတ်ပါတယ်။ ကျွန်တော်လဲ ဒိလိုပါပဲ။
ဒါပေမယ့် မဖြစ်မနေ လုပ်ရတော့ မယ်ဆိုရင် ၊ စေတနာ လေးထားပြီး လုပ် လိုက်ပါဗျာ။
စေတနာ အကျိုးပေးပါတယ်ဗျာ။
ဆရာ ပါရဂူ စာရေးတဲ့ ထဲမှာလေ စိတ်စွမ်းအင် မြင့်မားချင်ရင် စိတ်မ၀င်စားတဲ့ အရာ ၊ စာအုပ် ကို ဘယ်လောက်ကြာကြာ ဖတ်နိုင်လဲ ဆိုတာလဲ မိမိ စိတ်စွမ်းအင် မြင့်မားစေတဲ့ အရာပါပဲတဲ့ဗျာ။
စာအုပ်တော့ မမှတ်မိတော့ ဘူး။
အဲတော့ တရားမှတ်နေသလိုပဲ သတိပိုထားမိတာပေါ့။ အမှားကင်းပြီး လုပ်ငန်းတွင်ကျယ်လာပါမယ်။ နောက်မှ အလုပ်ထဲ ပျော်လာလို. ခက်နေဦးမယ်။
စမ်းကြည့် ပါလားဗျာ။
လေးစားလျက်..........

htinlin
03-14-2010, 08:50 PM
များသောအားဖြင့်ကတော့ လူတွေဟာ ကိုယ်လုပ်နေတာနဲ့ ကိုယ်လုပ်ချင်တာနဲ့ က သောက်တလွဲတွေ ဖြစ်နေကြတာများတယ်ဗျ။ တဂိုးရဲ့ ကဗျာကို ကိုးကားရရင်
ငှက်ကလေးက မိုးတိမ်ဖြစ်ချင်ပြီး၊ မိုးတိမ်က ငှက်ကလေးဖြစ်ချင်နေ သတဲ့....။
ဆိုတော့ကာ ... ကိုယ်လုပ်ချင်တာမလုပ်နိုင်သေးခင် .. ကိုယ်စိတ်မပါတာကိုလုပ်ရင်းနဲ့ ရင်းနှီးမြှုပ်နှံထားရတာပေါ့ဗျာ ..။ ဂလိုပါပဲ ...။ ။