PDA

View Full Version : ဝမ်းနည်းကြေကွဲခြင်း



မြန်မာအင်ဂျင်နီယာဖိုရမ်
03-02-2010, 03:26 PM
မြန်မာအင်ဂျင်နီယာဖိုရမ် အသင်းဝင် တယောက်ဖြစ်တဲ့ Zaythu ( ခ ) ကိုအောင်ဇေမြင့် (http://www.myanmarengineer.org/forum/index.php?action=profile;u=1499) သည် ( ၂၆.၂.၂၀၁၀ ) ရက် သောကြာနေ့တွင် မမျှော်လင့်ပဲ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ သို့ဖြစ်ပါ၍ မြန်မာအင်ဂျင်နီယာဖိုရမ် အသင်းဝင်များ အားလုံးမှ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ...။



Zaythu ( ခ ) ကိုအောင်ဇေမြင့် ကောင်းရာသုဂတိလားပါစေ ....


မြန်မာအင်ဂျင်နီယာဖိုရမ်မိသားစု

လောက
03-02-2010, 07:54 PM
သူမသေခင်ပေါ့ဗျာ ကျွန်တော်က လဲ ချက်ခန်းမှာ လာလာကမြင်းနေတဲ့အချိန်ပေါ့ ကိုဇေသူကြီးက ရန်ကုန်လာဖို့ရှိတယ်တဲ့။ အဲ့တုန်းက မချစ်ဆူးလေးလားမသိဘူး သူရယ် ကျွန်တော်ရယ် ကိုဇေသူရယ်ပဲရှိတယ်ဗျ
ကိုဇေသူကြီးက ရန်ကုန်လာဖို့ရှိတယ်တဲ့ လောကတဲ့ တွေ့ကြရအောင်ကွာတဲ့ အပြင်မှာ။ ကျွန်တော်က ဘီယာတိုက်မယ်မလားကိုဇေသူဆိုတော့ ...........အေး...တိုက်မယ်ကွာတဲ့
အဲ့ဒါနဲ့ သူ့ဖုန်းနံပ်ါတ်လေးမှတ်ထားလိုက်ပါတယ်....မှတ်မှတ်ရရပဲ ဖေဖော်ဝါရီ ၁၄ရက်နေ့ သူ့ကျွန်တော်အားတယ်လို့ အကို့ဆီဖုန်းဆက်လိုက်မယ် ဖုန်းနံပါတ်ပေးဆိုပီး နံပါတ်မှတ်ထားလိုက်ပါတယ်
အဲ့နေ့ ဖြစ်ချင်တော့ အလုပ်တွေကပေါ်လာတော့သူနဲ့ချိန်းထားတာ မေ့သွားတယ် နေ့ခင်းအွန်လိုင်းပေါ်တတ်ပြီး ဖိုရမ်ထဲ ၀င်တော့မှ သူပို့ထားတဲ့စာလေးဖတ်လိုက်ရပါတယ်
အဲ့ဒါနဲ့ ကျွန်တော်လဲ ညနေကြတော့ဖုန်းဆက်လိုက်ပီး သူ့နဲ့လက်ဖက်ရည်ဆိုင်သွားထိုင်ကြပါတယ် ကျွန်တော်လဲဖိုရမ်ထဲက ကိုယ့်ညီအကိုမောင်နှမတွေမှာ သူနဲ့ပထမဆုံးအပြင်မှာတွေ့ဖူးတာပါ
သူကလဲအဲ့လိုပါပဲတဲ့ ကျွန်တော်တို့ပြောဖြစ်ကြသေးတယ် နောက်တခါကြရင် ဖိုရမ်ထဲက တခြားအမကြီးတွေရော အကိုတွေရောပါချိန်းပြီး တွေ့ကြမယ်လို့ပေါ့
ခုတော့ သူ ဆုံးရှာပီ ............ဖိုရမ်က မန်ဘာတွေအားလုံးကိုကိုယ့်အကိုတွေ အမတွေလို ခင်တာပါဗျာ ......ခုလိုကြတော့စိတ်မကောင်ဘူးဗျာ ..........
ကိုဇေသူကြီးကကောင်းရာသုဂတိလားပါစေဗျာ .......လောက ၀မ်းနည်းခြင်းများစွာနဲ့ဆုတောင်းပေးလိုက်ပါတယ်...... :-[ :( :( :( :(


သူနဲ့တွေ့တဲ့နေ့က ကျွန်တော်မေ့နေတော့ သူမနက်ပိုင်းပို့ထားတဲ့စာလေးကိုအမှတ်တရတင်ပေးလိုက်ပါတယ်ဗျာ....... :(

ရေးသားသူ ခေါင်းစဉ်။
Zaythu
Junior Member
*
မရှိပါ။ မရှိပါ။

ကျွန်ုပ်သည်။: ယောက်ျားလေး
ဆွေးနွေးချက်များ: 55



ကိုယ်ရေးဖိုင်အား ကြည့်ရန်။ အီးမေးလ်လိပ်စာ။ ကိုယ်ရေးစာ (အော့ဖ်လိုင်း)

(ခေါင်းစဉ်မရှိ)
« Sent to: လောက ရေးသားချိန် ->: February 14, 2010, 11:39:04 AM »
« You have forwarded or responded to this message. »
ကိုးကားချက်နှင့် ပြန်စာရေးရန်။ကိုးကား ပြန်စာရေးရန်။ပြန်စာရေးရန်။ အောက်ပါ ပေးပို့စာအား ဖယ်ရှားရန်။ဖယ်ရှားရန်။
ညီရေ ဖုန်းဆက်မလားလို့ ကိုယ်စောင့်နေသေးတယ် ၁၁ ထိုးမှ အိမ်က ထွက်လာတာ
အခုဘယ်မှာလဲ .. ကိုယ်က နေပြည်တော်ရုံဘေးက အင်တာနက်ဆိုင်မှာ။ ချက်ခန်းကို လာခဲ့ကွာ

cy
03-02-2010, 10:06 PM
မြန်မာအင်ဂျင်နီယာဖိုရမ် နှစ်ပတ်လည်မှာ ကိုဇေသူ(ကွယ်လွန်) အတွက် ရည်းစူးပြီးတော့ တစ်ခုခုလုပ်ပေးဖို. တောင်းဆိုပါရစေနော် ။

ရုတ်တရက်ကြီးဆိုတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ ။

နတ္ထိ
03-02-2010, 10:10 PM
ကျနော်နဲ.ကိုဇေသူကတော.မသိပါဘူး
ဒါပေမယ်.ဖိုရမ်ကသူငယ်ချင်းတစ်ယောက်လွင်.ပါးသွားရတာတော.တကယ်ကိုဝမ်းနည်းမိပါတယ်
ရောက်ရာဘ၀မှာအေးငြိမ်းချင်းအပေါင်းကိုပိုင်ဆိုင်ပါစေ
သူငယ်ချင်း ။ ။

kosaw
03-03-2010, 12:14 AM
ရုတ်တရက် ခွဲခွါသွားတဲ့ ကိုဇေသူအတွက် မိသားစုနဲ့အတူ ထပ်တူထပ်မျှ ၀မ်းနည်းပါကြောင်း။
ကိုဇေသူ
ကောင်းရာသုဂတိ လားပါစေ။

ရောက်ရာဘုံဘ၀မှာ အများအကျိုးအတွက် သယ်ပိုးနိုင်တဲ့သူဖြစ်ပါစေ။

nyinyi27
03-03-2010, 08:08 AM
ကိုဇေသူ ရုတ်တရက်ခွဲခွာသွားတာ စိတ်မကောင်းဖြစ်ရပါတယ်..အများအကျိုးကို သယ်ပိုးခဲ့တဲ့ ကိုဇေသူတစ်ယောက် ကောင်းရာသုဂတိလားပါစေ..အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်ဗျာ..

NayNyo
03-03-2010, 10:23 AM
တကယ်ကို အံသြ၀မ်းနည်းစရာပါလားနော်။
သတင်းစာမှာတွေ့လိုက်တော့ မြောင်းတကာ ဆိုတာ တွေ့တော့ ကိုဇေသူ ကို သတိရမိတယ်။
ဒါပေမဲ့ လုံးဝ မဖြစ်နိုင်ဘူးလို့ ထင်မိပါတယ်။ ဘယ်လိုများဖြစ်သွားပါလိမ့်...။
နေညို နဲ့ဆုံဖို့လည်းပြောထားပါသေးတယ်။ အွန်လိုင်းမှာ စောင့်နေတာ။
အိမ်ပြန်သွားတယ်လို့ ထင်မိတာပါ။ အိမ်အရမ်းပြန်ချင်နေတဲ့ ကိုဇေသူ တစ်ယောက်..........
ကောင်းရာသုဂတိလားပါစေ။ :( :( :(

snowwhitelay
03-03-2010, 12:29 PM
ကိုဇေသူနဲ့တော့မခင်ခဲ့ပါဘူး ...ဒါပေမယ့် သူေ၇းတာလေးတွေကိုဖတ်ဖြစ်ရင်း နာမည်ကိုရင်းနှိးနေခဲ့ တာကြာပါပြိ..
အခုလိုဆုံးသွားတယ်ကြားတော့ တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်.. :'( :'(
မြောင်းတကာက အသိတစ်ယောက်ကိုမေးကြည့်တော့ ကားပေါ်မှာလူ၇ယောက်ပါတာ မှာ ၂ယောက်ဆုံးသွားတာတဲ့ .ကိုဇေသူနဲ့နောက်လူတစ်ယောက်တဲ့ ..
ကျန်တဲံ၅ယောက်က ဆေးရုံပေါ်မှာလို့သိရတယ်...

တာတာ
03-03-2010, 05:18 PM
တာတာ ဒီပိုစ့်လေးကို ခုမှဖတ်မိတယ်
စိတ်မကောင်းလိုက်တာ
ရင်ထဲ တော်တော်မကောင်းဘူး
ကိုဇေသူ ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်းပေးပါတယ်
ရင်ထဲဆို့တက်လာတာ ဘာပြောရမှန်းတောင် မသိပါဘူး
အပြင်မှာ တစ်ခါမှ မတွေ့ဖူးပေမဲ့ ဖိုရမ်ထဲက ညီအကိုမောင်နှမတွေဆိုတော့ တကယ့်ကိုယ့်ရဲ့ သားချင်းအရင်းတစ်ယောက်
ဆုံးရှုံးလိုက်ရသလို ခံစားရတယ်
ငိုချင်တယ်
သူ့မိသားစုလဲ တော်တော်ဝမ်းနည်းရှာမှာပဲ
မိသားစုဝင်များနဲ့ ထပ်တူ ၀မ်းနည်းမိပါတယ်

levoman
03-03-2010, 07:37 PM
ကိုဇေသူတစ်ယောက် ကောင်းရာသုဂတိလားပါစေဗျာ

hninn nu
03-03-2010, 10:18 PM
ဒီသတင်းကိုအဲ့ နေ့ ကတကယ်ကြားလိုက်မိပါတယ်
မြောင်းတကာမှာကျောင်းကသူငယ်ချင်းနှစ်ယောက်လဲအလုပ်လုပ်နေကြတော့ သိလိုက်သေးတယ်
ဒါပေမဲ့ သူလို့ မထင်လိုက်မိဘူး
ဒီနေ့ မှ သူများတွေပြောလို့ သိလိုက်တာ
တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်
သူ့မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ်
ကိုဇေသူတယောက်ကောင်းရာသုဂတိလားပါစေ
ဆုတောင်းပေးလိုက်ပါတယ်

soewaimaung
03-04-2010, 12:06 PM
ကို ဇေသူ အတွတ် ၀မ်းနည်းကြောင်း သတင်းစာမှာ ထည့်ချင်ပါတယ် ။ မြန်မာအင်ဂျင်နီယာ ဖိုရမ် မှ ဆိုပြီးတော့ ပါ ။

chit tee
03-04-2010, 12:11 PM
ကို ဇေသူ အတွတ် ၀မ်းနည်းကြောင်း သတင်းစာမှာ ထည့်ချင်ပါတယ် ။ မြန်မာအင်ဂျင်နီယာ ဖိုရမ် မှ ဆိုပြီးတော့ ပါ ။


လုပ်ဆောင်သင့်တဲ့ကိစ္စတစ်ခုပါဘဲဗျာ ... ။
အားလုံးနဲ့ရင်းနှီးတဲ့အသင်းသားတယောက်အတွက် ....
ဖိုရမ်အနေနဲ့ ၀မ်းနည်းကြောင်းထည့် သတင်းစာကနေ ထည့်ပေးသင့်ပါတယ်။

ချင်းတွင်းသား
03-04-2010, 08:42 PM
ကိုဇေသူနဲ့ မသိပေမယ့် ဖိုရမ်က မမ်ဘာတစ်ယောက်လွင့်ပါးသွားတဲ့အတွက်...မိသားစုနဲ့အတူ ထပ်တူခံစားရပါတယ်..
ကိုဇေသူတစ်ယောက် ကောင်းရာသုကတိလားပါစေ....

papagyi
03-04-2010, 09:06 PM
forum မှာ post တစ်ခုရေးတတ်ဖို့ မလွယ်ပါဘူးဗျာ...
အခုလို post တွေလဲ အများကြီးရေးနိုင်ပြီး အကျွမ်းတစ်ဝင်ရှိတဲ့ member တစ်ယောက်ဖြစ်ဖို့
မလွယ်ပါဘူး...အများကြီး ဆုံးရှုံးရသလို ၀မ်းနည်းစွာ ခံစားရပါတယ်..ကိုဇေသူ.. :-[
ကောင်းရာသုဂတိလားပါစေဗျာ.....

ဟိန်းလေး
03-05-2010, 10:05 AM
အကိုဇေသူ
အချိန်မတန်ပဲကြွေလွင့်ခဲ့ရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်
ဖိုရမ်မှာခင်ကြတဲ့ ဖိုရမ်မောင်နှမတွေဆိုပေမယ့် ကိုယ့်အကိုရင်းတယောက်ဆုံးရှုံးရသလိုခံစားမိပါတယ်ရှင်
အကိုဇေသူ
ဟိန်းလေးနဲ့ မသိခဲ့ မခင်ခဲ့ပေမယ့်........အကိုကောင်းရာမွန်ရာရောက်ဖို့ဟိန်းလေးဆုတောင်းပေးနေတယ်နော်.........
အကိုဇေသူကောင်းရာသုဂတိလားပါစေရှင်...

zaymyotun
03-05-2010, 11:22 AM
ဖို.ရမ် မှညီအစ်ကို တစ်ယောက် အချိန်မတန်ပဲ ကြွေလွင်.သွားတဲ့ အတွက် မီသားစုနှင့်တစ်ကွ ထပ်တူ
ဝမ်းနည်းမိပါတယ် ခင်ဗျာ ကြွေလွင်.သွားပေးမယ် သူရေးတဲ့စားသားလေးတွေ.ကျန်ခဲ့မှာပါ
အချိန်မတန်ပဲ ကြွေလွင်.သွားတဲ့ အတွက် အများကြီး ၀မ်းနည်းမိပါတယ်ဗျာ
ကိုဇေသူတစ်ယောက် ကောင်းရာသုကတိလားပါစေဗျာ..

ကိုဇင်လေး
03-05-2010, 11:22 AM
ခင်မင်ခဲ့တာသိပ်မကြာသေးပေမဲ့...
အကိုရင်းတစ်ယောက်ဆုံးရှုံးသွားသလိုပဲ စိတ်မကောင်းဖြစ်ရပါတယ်..
ကိုဇေသူတစ်ယောက် ကောင်းရာသုကတိလားပါစေ.... :( :(

အေး
03-05-2010, 05:47 PM
ကို ဇေသူ အတွတ် ၀မ်းနည်းကြောင်း သတင်းစာမှာ ထည့်ချင်ပါတယ် ။ မြန်မာအင်ဂျင်နီယာ ဖိုရမ် မှ ဆိုပြီးတော့ ပါ ။


ကျွန်တော်လည်းထည့်သင့်တယ်လို့ထင်တယ်..။..သိတဲ့နေ့ညကမှ စဉ်းစားမိတာ..။..ဖိုရမ်အနေနဲ့ထည့်သင့်တယ်လို့..။..ပြောပဲပြောနေကြပြီး..၀မ်းနည်းကြောင်း..
ထည့်ဖို့..သတိမရခဲ့ဘူး..။..ကိုစိုးဝေမောင်စီစဉ်ပေးပါလား..။..ကျွန်တော်ဘာကူညီနိုင်မလဲ..။..နောက်ကျနေပြီလား..။..မနက်ဖြန်စီစဉ်..သဘက်ခါလောက်ပါရင်..
မဆိုးဘူးနော်..။

..ဒါမှမဟုတ်..တစ်လပြည့်..ဒီလ..(၂၆)မှာ ထည့်မလား..။..ကျွန်တော်တို့သူ့အတွက်ကောင်းမှူတစ်ခုခုအရင်လုပ်လိုက်..။..ပြီးမှ..ဒီကောင်းမှူကို..
အမျှဝေပါတယ်ဆိုတာ..ထည့်ရေး..။..အဲလိုဆိုရင်ရော..။..ကျွန်တော်တို့တတ်နိုင်တာ..တစ်ခုခုအရင်လုပ်မယ်လေ..။..ပြီးမှ..ဆုတောင်း..အမျှဝေ..။.
.သတင်းစာထဲထည့်..။အဲလိုဆိုရင်ရော..။


အေး

phoelapyae
03-19-2010, 02:19 PM
ုကျွန်တော် ကိုဇေသူအကောင့်ဆီကို သူရေးခဲ့တဲ့ ကဗျာတွေ ၊ သူ့ခံစားချက်တွေကို ဖတ်ရှုသိရှိနိုင်ဖို့ မေလ်းပို့ခဲ့တာ အခုဆိုရင် သက်ဆိုင်သူဆီမှ အခုလိုအကြောင်းပြန်စာရရှိခဲပါတယ်။

သို့/
ကိုရာမညဖိုးလပြည့် နှင့် Myanmarengineer.org မှ ကိုဇေ၏ မိတ်ဆွေသူငယ်ချင်းများ

အခုလို သတိတရနဲ့ ဆက်သွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....
သူမရှိတော့ပေမယ့် သူ့ရဲ့ဆောင်ရွက်ချက်တွေကို
အသိအမှတ်ပြုခံစားပေးတဲ့သူများအားလုံးကိုလည်း ကျေးဇူးအထူးပဲတင်ပါတယ်...
သူဖြစ်စေချင်ခဲ့တဲ့... ဖြစ်ချင်ခဲ့တဲ့ အရာတွေကို ခံစားချက်ပြင်းပြစွာ ၊
နက်နက်ရှိုင်းရှိုင်း စဉ်းစားတွေးတောရင်း ရေးဖြစ်ခဲ့တဲ့ စာတွေ ကဗျာတွေ
ဆက်လက်ရှင်သန်ပါစေလို့မျှော်လင့်မိပါတယ်...သူ့အတွက် myanmarengineer.org web site မှာ...
ဆုတောင်းပေးမှုတွေအားလုံးအတွက်လည်းကျေးဇူးအထူးတင်ပါတယ်...အဲဒီဆုတောင်းပေးမှုတွေကြောင့်
ကိုဇေ (ကိုအောင်ဇေမြင့် -ဇေသူ) ကောင်းမွန်ရာဘုံဘ၀ကို
ရောက်ရှိလိမ့်မယ်လို့ယုံကြည်ပါတယ်...
"Thanks to Myanmar Engineer Members"

လေးစားစွာဖြင့်
မသူဇာသန်း
Mandalay,Myanmar

PS : မသူဇာသန်း အီးမေလ်းကိုတော့ privacy အရ ကျွန်တော်ထည့်သွင်းမဖော်ပြထားပါ။

တာတာ
07-28-2010, 06:29 PM
ဒီနေ့လေ ကျရောက်လာမည့် မွေးနေ့ရှင်များစာရင်းကို ကြည့်မိတော့ zaythu(30) လို့ရေးထားတာတွေ့တယ်
အော် .. ကိုဇေသူတစ်ယောက်ကတော့ ဘယ်သောင်ဘယ်ကမ်းကို ဆိုက်နေပြီလဲ မသိ
တကယ်ဆို တာတာနဲ့ လပိုင်းပဲ အသက်ကွာတာ ..
သူသာရှိနေဦးမယ်ဆိုရင် .........
သူရေးမဲ့ ကဗျာတွေ ဖတ်ချင်ပါသေးတယ်

ကိုဇေသူတစ်ယောက် ကောင်းရာမွန်ရာမှာ ပြည့်စုံနေပါစေလို့ ဆုတောင်းရင်း .. ... ..

tinminhtoo
08-17-2010, 09:32 PM
forum မှာ post တစ်ခုရေးတတ်ဖို့ မလွယ်ပါဘူးဗျာ...
အခုလို post တွေလဲ အများကြီးရေးနိုင်ပြီး အကျွမ်းတစ်ဝင်ရှိတဲ့ member တစ်ယောက်ဖြစ်ဖို့
မလွယ်ပါဘူး...အများကြီး ဆုံးရှုံးရသလို ၀မ်းနည်းစွာ ခံစားရပါတယ်..ကိုဇေသူ.. :-[
ကောင်းရာသုဂတိလားပါစေဗျာ.....
ဖိုရမ်မှညီအကိုတယေက်.......ဆုံးပါးသွားကြောင်းသိရတဲ့အတွက်.......စိတ်မကောင်းဖြစ်မိပါတယ်.........ကိုဇေသူ.....ဆိုသော.ညီအကိုတယောက်........ရောက်ရာအရပ်မှာ......ကောင်းမှုကုသိုလ်အပေါင်းနှင့်ပြည့်စုံပါစေ

ပန်းလေပြေ
10-04-2010, 10:50 PM
တကယ်ဝမ်းနည်းမိပါတယ်ဗျာ..
ကျွန်တော် အခုမှဖတ်မိပေမယ့်.......တကယ့်ကိုပဲ..........
သြော်....လူ့ဘဝဆိုတာ ဒီလိုပါပဲလား....တွေ့ဆုံ..ကြုံကွဲ......
တကယ်တော့ ကိုဇေတင်မကဘူး...ကျွန်တော်တို့သတိမပြုမိလိုက်တဲ့ သူများလည်း(ဖိုရမ်မမ်ဘာများ) ရှိခဲ့မှာဆိုတာ တွေးမိပြီး....
ဟူး...............ကျွန်တော်တောင် ဘယ်တော့ သွားရမလဲ ဒီလမ်းကို........
ကျွန်တော်...သွားတဲ့အခါ .... ဒီဖိုရမ် ညီအကိုမောင်နှမများက ဒီလိုပဲ ကျွန်တော့ကို သတိရ တမ်းတနေမှာလား......
..................................................................................................သိတောင်..သိပါ့မလားဆိုတာ.....

သံဝေဂရခြင်းများစွာဖြင့်...... ပန်းလေပြေ

Min Tun Zaw
12-22-2013, 10:55 AM
အော် သူငယ်ချင်း...
ပြန်ဖတ်မိတော့လည်း အားလုံးအသစ် လိုပါလဘဲ