PDA

View Full Version : Burglish လေး ရေးရအောင်...။



အေး
03-15-2010, 08:26 PM
ဟဲ ဟဲ ဘာရေးရမလဲ စဉ်းစားနေတာ..။..သိသမျှလေးနဲ့ ရွှီးလိုက်မယ်..လာလေရော့ကွယ်..။


ကျွန်တော်အင်တာနက်စသုံးတော့ ချက်တယ်ဆိုတာ ဝေလာဝေး..အီးမေးလ် ပို့တာနဲ့တင်လုံးချာလည်လိုက်နေတာ..။..စင်ကာပူက အစ်ကိုလိုခင်တဲ့တစ်ယောက်ဆီကို
မေးလ်တွေရေးပို့ရတာလေ..။..အဲဒီအစ်ကိုက..အင်္ဂလိပ်လိုမရေးရင် အထင်သေးမှာစိုးလို့..စာတစ်စောင်ရေးရင် အကြာကြီး ခေါင်းကိုခဲနေအောင်ရေးရပါတယ်..။

ဒါနဲ့တော်တော်ကြာတော့ ကျွန်တော့်အတန်းဖော်သူငယ်ချင်းမလေးလည်း မေးလ်ထဲမှာ စာရေးနေတာတွေ့ပါတယ်..။..သူ့ကိုကိုဆီရေးနေတာ..။..ဘာတွေလဲဗျ..။
KO KO YAY! THI LAR..။..ဟား ဟား..။..မြန်မာလိုတစ်လုံးချင်းကို အင်္ဂလိပ်နဲ့ ရေးနေတာကိုး..။..အရှည်ကြီးပဲ..။..ရေးတဲ့သူတော့ မသိပါဘူး..။..နောက်ကနေခဏကြည့်မိတဲ့
ကျွန်တော်တော့..ခေါင်းတောင်နည်းနည်းမူးချင်သွားပါတယ်..။..ဒါပေမယ့်..ဖတ်တဲ့သူက..ကြည်နူးနေမယ်ဆိုရင်တော့..သူရေးရကျိုးနပ်မယ်..ထင်ပါတယ်..။

ဒါနဲ့ကျွန်တော်လည်း..ချက်တတ်လာပါတယ်..သူငယ်ချင်းအရင်းနဲ့..။..သူငယ်ချင်းကလည်း အင်္ဂလိပ်လိုရေးတော့..သူလိုပဲပြန်ရေးရပါတယ်..။..ဒါနဲ့..သိပ်မရေးတတ်တာနဲ့..
သူနဲ့စကားတောင်သိပ်မပြောဖြစ်ပါဘူး..။..နောက်..ချက်လည်းချက်..အင်္ဂလိပ်လိုလည်းရေး..။..နောက်...အမှတ်ရစရာအသိတွေရလာတော့..ရသလောက် ..အင်္ဂလိပ်နဲ့ရေး..
မရသလောက်..မြန်မာစကားကို..အင်္ဂလိပ်စာနဲ့ရေးတဲ့..ဘားဂလိရှ် နဲ့ရေး..။..ဒီလိုပဲ..နားလည်ရင်ပြီးရော..ရောကျော်သုတ်နေပါတယ်..။..communication ..ရရင်ပြီးရော..
ကျန်တာဘာမှသဘောမထားပဲ..ကြိတ်နေပါတယ်..။...မြန်မာလိုကလည်း..လုံးဝမရိုက်တတ်ပါဘူး..။..လေ့လာရကောင်းမှန်းလဲ..မသိပါဘူး..။..ဘားဂလိရှ် ရေးရင်တော့
ကျွန်တော်က သူများနားလည်အောင် ရေးနိုင်တယ်လို့ထင်ပါတယ်..။..ငယ်ငယ်ကတည်းက ဦးလေးအငယ်ဆုံးက ..နာမည်ရေးနည်းသင်ပေးထားခဲ့ဘူးလို့ပါ..။
ဦးလေးကိုတွေ့တုံး မေးကြည့်တော့ ဦးသုမန(ဘီအေ)ရဲ့ စာအုပ်ထဲက ဟာကိုသင်ပေးတာလို့ပြောပါတယ်..။..ကျွန်တော်မှတ်မိတာကတော့..လူနာမည်တွေကို..ဦးလေးရှေ့မှာပဲ..
အိမ်နီးချင်းသူငယ်ချင်းတွေနဲ့..အပြိုင်ရေးရတာပါပဲ..။..တစ်ခါ..သူငယ်ချင်းကောင်လေးက..ကျွန်တော့်ထက်အရင်ပြီးသွားပြီး..မှန်နေလို့..ငိုခဲ့ဘူးတာ..မှတ်မိပါသေးတယ်..။
အဲလိုစိတ်ပုပ်ပါတယ်....ကျွန်တော်က..။

ခုတော့အဲဒီ ဘားဂလိရှ်က တွင်ကျယ်လာပါပြီ..။..အင်တာနက်က..ချက်တွေမှာပါ..။..တစ်ချို့တွေကလည်း..ရှူံ့ချပါတယ်..။..တစ်ချို့တွေကလည်း..ဆက်သွယ်လို့ရပြီးရော..
ရောကျော်သုတ်ကြပါတယ်..။..ကျွန်တော်ကလည်း..ဘားဂလိရှ်ကိုအားမပေးချင်ပါဘူး..။..သို့သော်..တခါတလေ..တစ်ဘက်ကနားလည်ရင်ပြီးရောလို့..ကြိတ်လိုက်ရတဲ့အခါတွေ
ရှိပါတယ်..။

တစ်ခါလည်း..မှတ်မှတ်ရရ..ကျွန်တော့်ရဲ့..အတန်းဖော်မောင်လေးဟာ..သူ့ကောင်မလေးက..ဘားဂလိရှ်နဲ့ရေးလာတဲ့စာကို..မဖတ်တတ်လို့..ကျွန်တော့်ကိုအကူအညီလာတောင်း
ဘူးပါတယ်..။..ကျွန်တော်ကလိုက်ကူညီပြီး..သူ့မေးလ်ကိုဖတ်ပေးရပါတယ်..။..ကျောင်းမှာပါပဲ..။..ဘေးမှာတော့..သူ့တို့အတန်းက..သူ့သူငယ်ချင်းအသိတွေပါ..။
ကျွန်တော်ကဖတ်ရင်းဖတ်ရင်း..ရယ်ချင်လာပြီး..ဖတ်ရင်းအသံကျယ်ပြီးရယ်တာ..အားလုံးနားစိုက်ထောင်မိပြီး..အားလုံးဝိုင်းရယ်ကြတာ..မှတ်မိပါသေးတယ်..။..သူငယ်ချင်း
မောင်လေးလည်း..ရှက်ရှက်နဲ့ပဲ..ရယ်ရင်းနားထောင်နေပါတယ်..။..သူတို့ personal တွေပါ..။..ကျွန်တော်လည်းဖတ်ရင်းရယ်ချင်လာလို့..စ..နောက်ပြီး..သူများတွေကြားအောင်ပါ.
ဖတ်ပေးလိုက်တာမှတ်မိပါသေးတယ်..။


ကဲ..ဒီနည်းလေးတွေ သိထားရင်..နာမည်ရေးတဲ့အခါမှာရော..ဘားဂလိရှ်နဲ့..ချက်တဲ့နေရာမှာရော..အသုံးဝင်လိမ့်မယ်..ထင်ပါတယ်ခင်ဗျာ..။..ဒါကိုပြောချင်လို့..ဦးသုမနစာအုပ်
ကို...မနေ့ကမှ..နောက်တစ်အုပ်ထပ်ဝယ်ထားရတာပါ..။..စာအုပ်က..အိမ်မှာ...ထားခဲ့တော့လို့ပါ..ခင်ဗျာ..။..ဦးသုမန(ဘီအေ)ရဲ့..နည်းသစ်အင်္ဂလိပ်သဒ္ဒါ ..စာအုပ်ထဲကပါ...
ခင်ဗျာ..။..စာမျက်နှာ(၁၈)ကနေ..စပြောပါမယ်..။


A,E,I,O,U က Vowels(သရ) တွေနော်..။

ကျန်တဲ့ ၂၁ လုံးက Consonant လို့ခေါ်တဲ့ ဗျည်း တွေ..။


မြန်မာဗျည်းတွေနဲ့တွဲရင်..အင်္ဂလိပ်စာလုံးတွေက..ဒီလိုတွေတွဲကြတယ်..။

က= K ခ=Kh ခ=K ဂ,ဃ=G
င=Ng စ,ဆ=S ဇ,ဈ=Z ည=Ny
ဋ,တ= T ထ,ဌ=Ht ထ,ဌ=T ဒ,ဓ,ဍ,ဎ=D
န,ဏ=N ပ=P ဖ=Ph ဖ=P
ဗ,ဘ=B မ=M ယ=Y ရ=R
လ,ဠ=L ဝ=W သ=Th ဟ=H

ဒါလေးကတော့ တော်တော်များများ..သိကြပါတယ်...။..အဲဒါပြီးမှ..

ဗျည်းတွဲ(၆)မျိုး

၁။ ဗျည်းတစ်လုံးနောက်မှ y ဆက်ပေးရင် "ယပင့်" "ယရစ်"ဆိုပြီးဖြစ်သွားရော..။

ပုံစံက

Ky=က်,ၾက Py=ပ်,ၿပ By=ဗ်,ၿဗ
Gy=ဂ် Phy=ဖ်,ၿဖ My=မ်,ၿမ

၂။ဗျည်းတစ်လုံးနောက်က w ဆက်ပေးရင် "၀ဆွဲ" ဖြစ်ရော..။

ပုံစံက

Kw=ကွ Khw=ခွ Gw=ဂွ Sw=စွ,ဆွ
Zw=ဇွ,ဈွ Lw=လွ Ng=ငွ Dw=ဒွ


၃။ဗျည်းတစ်လုံးရှေ့မှာ H ထားရေးရင် "ဟထိုး"ဖြစ်ရော...။

ပုံစံက

Hng=ငှ Hny=ညှ Hn=နှ,ဏှ Hm=မှ

၎။ဗျည်းတစ်လုံးနောက်က yw ဆက်ပေးရင် "ယပင့်ဝဆွဲ" နဲ့ "ရရစ်ဝဆွဲ" ဖြစ်ရော...။

ပုံစံက

kyw=ကျွ,ကြွ Pyw=ပျွ,ပြွ Myw=မျွ,မြွ


၅။ဗျည်းရှေ့က H နဲ့ ဗျည်းနောက်မှာ Y ဆက်ပေးရင် "ယပင့်ဟထိုး" ဖြစ်ရော..။

သူ့ပုံစံက

Hmy=မျှ,မြှ Hly=လျှ


၆။ ဗျည်းရှေ့က H နဲ့ ဗျည်းနောက်မှာ W ဆက်ပေးရင်..."ဟထိုးဝဆွဲ" ဖြစ်သွားရော..။

သူ့အရေးအသားက

Hnw=နွှ Hlw=လွှ Hmw=မ

ဥပမာတွေလုပ်ကြည့်ပါသေးတယ်..။..ဆရာတော်ပေးတဲ့ ဥပမာနဲ့တင်...ပြည့်စုံနေလို့..အသစ်ထပ်မရေးတော့ပါဘူး..။..

ဘယ်လိုလုပ်ကြည့်သလဲဆိုရင်...A ကနေ Z ထိ ကို နောက်နေ Y ဆက်လိုက်..W ဆက်လိုက်လုပ်ကြည့်ပါတယ်..။..

အသုံးများတဲ့စကားလုံးတွေရှာကြည့်တော့..ဆရာတော့် ဥပမာတွေနဲ့တင်..ပြည့်စုံနေလို့..ကျွန်တော်ထပ်ဖြည့်ပေးဖို့..မလိုတော့ဘူးလို့..

စဉ်းစားလိုက်ပါတော့တယ်..။


ဒီလောက်ဆိုရင် တော်တော်ရေးလို့ရပြီဗျ...။...ကိုယ်ဘာသာရေးကြည့်ပါဦးလို့ ဆရာတော်က တိုက်တွန်းထားပါတယ်..။
ယပင့်၊ရရစ်၊ဟထိုး၊ ၀ဆွဲတွေနဲ့..ကျင့်ကြည့်ပါဦးတဲ့ဗျ...။

ခဏနားဦးမယ်..။..စက်က အရမ်းပူနေပြီ..လေးလည်းလေးလာပြီ..။


အေး

အေး
03-16-2010, 09:13 PM
ကာရန်သရတွေအကြောင်းဆက်ပြောပါမယ်။(ကိုနွေဦးကို လေသံနဲ့..။)

ကာရန်သရတွေကတော့

a=အ၊အာ၊အား i=အိ၊အီ၊အီး u=ဥ၊ဦ၊ဦး

ar=အာ၊အား ee=အီ၊အီး oo=ဦ၊ဦး

e=အေ၊အေ့၊အေး e=အဲ၊အဲ့၊အယ်
ay-aye=အေ၊အေ့၊အေး ai=အဲ၊အဲ့၊အယ်

aw=အော့၊အော်၊အော

an=အံ၊အံ့

သူက အရမ်းအသုံးဝင်ပါတယ်..။..ဒီကာရန်တွေကို သိထားမှ...ဘာကာရန်နဲ့ရေးထားလဲဆိုတာ..မှန်းနိုင်ပြီး..ရေးထားတာကိုဖတ်နိုင်မှာပါ..။

..ဒီနေ့တင်ကို သူငယ်ချင်းနဲ့...Travel Site တစ်ခုကြည့်တာ..Map တွေကိုကြည့်တာ..ဘာရေးထားလဲဆိုတာ နာမည်တွေကို..

တော်တော်ဖတ်ယူရပါတယ်..။..ကျွန်တော်က

ဒီကာရန်လေးတွေသိတော့...ဘာကိုရေးလဲဆိုတာ..သိလွယ်ပါတယ်..။..ကျွန်တော့်သူငယ်ချင်းက..မသိလွယ်ပါဘူး..။

..နာမည်မဟုတ်တာတွေပဲ..ထွက်လာပါတယ်..။...

ပြီးတော့ အက္ခရာအသတ်တွေ..သူတို့ကိုလည်း..သိထားမှကောင်းတာပါ..။

အက္ခရာအသတ်များ


et=က် in=င် it=စ်
ee=ည် int=င့် an=န်၊မ်
ai(e)=ယ် at=တ်၊ပ် ant=န့်၊မ့်


အသတ်နဲ့ရေးချင်ရင် ဒါလေးကိုသေချာကြည့်ထားသင့်ပါတယ်။ဒါမှ နာမည်တွေ ဘယ်လိုရေးကြသလဲဆိုတာ သိနိုင်မှာ

ဖြစ်ပါတယ်..။..အသတ်တွေကို..မြန်မာအက္ခရာ..

က ကနေ အ အထိ ကျွန်တော်ရေးကြည့်ထားပါတယ်..။..လွယ်လွယ်ယူသုံးလို့ရအောင်..ကျွန်တော်ဖြည်းဖြည်းချင်း..ရေးပေးသွားမှာပါ
..။(ဟဲ ဟဲ..ကိုရေခါးလေသံနဲ့..။) နောက်တစ်ခုက သရနဲ့အသတ်တွေ...။

သရနှင့်အသတ်များ

eik=-ိတ်၊-ိပ် (eik ပေါင်းလိုက်ရင် လုံးကြီးတင်တသတ်နဲ့ လုံးကြီးတင်ပသတ်ဆိုပြီးဖြစ်သွားရော..။)
ein=-ိန်၊-ိမ်(လုံးတင်နသတ်၊လုံးတင်မသတ်)
ok(oke)=-ုတ်၊-ုပ်(ချောင်းငင်တသတ်၊ချောင်းငင်ပသတ်)
(one၊ohn)=-ုန်၊ -ုမ်(ချောင်းငင်နသတ်၊ချောင်းငင်မသတ်)
auk=ေ-ါက်(သဝေထိုးရေးချကသတ်)
aung=ေ-ါင်(သဝေထိုးရေးချငသတ်)
aik=-ိုက်(လုံးတင်တစ်ချောင်းငင်ကသတ်)
aine(ine)=-ိုင်(လုံးတင်တစ်ချောင်းငင်ငသတ်)
o,(oe၊oh)=-ို(လုံးတင်တစ်ချောင်းငင်)



ဒါနဲ့ဆို အကုန်ရေးလို့ရပြီ..။..ဥပမာတွေ..နောက်နေ့ရေးမယ်..။

အေး
03-19-2010, 05:05 PM
တော်ပြီဗျာ..။..ရေးချင်ရာရေးတော့မယ်..။

ဒါလေးကို ဘာလို့ရေးချင်မိတာလဲဆိုတော့..သိုးကျောင်းသား က သူ့ဂျီမေးလ်ပေးလာတော့..ရေးချင်စိတ်..၀င်သွားတာပါ..။..သူ့နာမည်က သိုးကျောင်းသား..။

ဒါဆို..သူ့စာလုံးပေါင်းက..Thoe Kyaung Tha ပေါ့နော..။...ဒီလိုလေးဖြစ်ရမှာနော်..။

သိုး မှာ သက Th..။ -ို = လုံးတင်တစ်ချောင်းငင်က..(O,OE,Oh)..အဲဒီတော့..Th(သ)နဲ့(oe)အိုး..= Thoe ရသွားရော..။
ကျောင်းမှာ က က K..။..ယပင့်က..Y..။..အဲဒီတော့..Ky က ကျ ဖြစ်ရော....။..ကျ(Ky) ကို...အောင်း ကာရန်ဖြစ်တဲ့...AUNG =ေ-ါင် (အောင်၊အောင့်၊အောင်း)။
နှစ်ခုပေါင်းတော့...Kyaung = ကျောင်း ဆိုပြီး ရရော...။
သား မှာ သက Th...။.....အား..ကာရန်က...A..။...ဒီတော့....Tha = သား ဖြစ်ရော။..အခုခေတ်ကျတော့..လှပအောင်ရေးတာလား..ဘာလားတော့ မသိပါဘူး..။ သားဆိုရင် Tharr လို့လည်းပေါင်းတတ်ကြတယ်..။..မှန်မမှန်တော့မသိပါဘူး..။..ဖတ်လို့နားလည်တာကတော့..လည်ကြပါတယ်..။

ဆရာသိုးက..သူ့ အမှတ်အသားလား..မသိပါဘူးဗျာ..။...သေချာပေါင်းထားတယ်ထင်ပါတယ်..။..ThoeKaungThar လို့ Y ကို Silence လုပ်ပြီးပေါင်းထားတယ်ဗျ..။

အဲဒါနဲ့..ဒီ နာမည်ရေးနည်း..Burglish ရေးနည်းလေးကို ပြန်ဖောက်သည်ချသွားမိချင်တဲ့စိတ် ၀င်လာတာပါခင်ဗျာ..။

မောင်သိုး..စိတ်ဆိုးရဘူးနော်..။

ခင်တဲ့

အစ်မ

အေး

အေး
04-04-2010, 01:29 PM
က သတ်တွေ အဆင်သင့်သုံးရအောင်

Ket=ကက် Nyet=ညက် yet=ယက်
Khet=ခက် Tet=တက် ret=ရက်
Get=ဂက် Htet=ဟက် Let=လက်
Nget=ငက် Det=ဒက် Wet=၀က်
Set=စက်၊ဆက်Net=နက် Thet=သက်
Zet=ဇက် Pet=ပက် Het=ဟက်
Phet=ဖက်
Bet=ဘက်၊ဗက်
Met=မက်


င သတ်တွေသုံးမယ်

Kin=ကင် Tin=တင် min=မင်
Khin=ခင် Htin=ထင် yin=ယင်
Gin=ဂင် Din=ဒင် rin=ရင်
Ngin=ငင် Nin=နင် lin=လင်
Sin=စင်၊ဆင် pin=ပင် win=၀င်
Zin=ဇင် phin=ဖင် thin=သင်
Nyin=ညင် bin=ဘင် hin=ဟင်
Ain=အင်

စ သတ်

Kit=ကစ် Nit=နစ် hit=ဟစ်
Khit=ခစ် pit=ပစ် ait=အစ်
Git=ဂစ် phit=ဖစ်
Ngit=ငစ် bit=ဘစ်
Sit=စစ်၊ဆစ် mit=မစ်
Zit=ဇစ် yit=ယစ်
Nyit=ညစ် rit=ရစ်
Tit=တစ် lit=လစ်
Htit=ထစ် wit=၀စ်
Dit=ဒစ် thit=သစ်

အေး
04-04-2010, 01:31 PM
င့် တွေ

Kint=ကင့် khint= ခင့် gint=ဂင့်
Ngint=ငင့် sint=စင့်၊ဆင့် zint=ဇင့်
Nyint=ညင့် tint=တင့် htint=ဟင့်
Dint=ဒင့် nint=နင့် pint=ပင့်
Phint=ဖင့် bint=ဘင့် mint=မင့်
Yint=ယင့် rint=ရင့် lint=လင့်
Wint=၀င့် thint=သင့် hint=ဟင့် aint=အင့်

မ,သတ်နဲ့ န, သတ် တွေ(ကျွန်တော်တို့ကတော့ မ, သတ်ဆို am နဲ့သုံးလိုက်တယ်..။ ဆရာတော်ကတော့ အတူတူပဲသုံးတယ်..။ ဘယ်ဟာနေနေ မှန်တယ်ထင်တယ်..။)
Kan=ကမ်၊ကန် Khan=ခမ်၊ခန် gan=ဂန်၊ဂမ်
Ngan=ငမ်၊ငန် san=စမ်၊စန် zan=ဇမ်၊ဇန်
Nyan=ညမ်၊ညန် tan=တမ်၊တန် Htan= ထမ်၊ထန်
dan=ဒမ်၊ဒန် nan=နမ်၊နန် pan=ပမ်၊ပန်
phan=ဖမ်၊ဖန် ban=ဘမ်၊ဘန် man=မမ်၊မန်
yan=ယမ်၊ယန် ran=ရမ်၊ရန် lan=လမ်၊လန်
wan=၀မ်၊ than=သမ်၊သန် han=ဟမ်၊ဟန်
aan=အမ်၊အန်
ကာရန်တွေကတော့ အမ်၊အမ့်၊အမ်းလို့ ကြိုက်သလို သုံးလို့ရပါတယ်..။ တစ်ခုတည်းလို့ ပုံသေမမှတ်ဘဲ ကိုယ်သုံးချင်ရာကို ဒီကာရန်တွေနဲ့ ရှာယူသွားပြီး သုံးလို့ရပါတယ်..။

အေး
04-04-2010, 01:33 PM
ai,ae=ယ်(ယ သတ်)

kai,kae=ကယ် khai,khae=ခယ် gai,gae=ဂယ်
ngai,nge=ငယ် sai,sae=စယ်(ဆယ်) zai,zae=ဇယ်
nyai,nyae=ညယ် tai,tae=တယ် htai,the=ထယ်
dai,dae=ဒယ် nai,nae=နယ် pai,pae=ပယ်
phai,phae=ဖယ် bai,bae=ဘယ် mai,mae=မယ်
yai,yae=ယယ် rai,rae=ရယ် lai,lae=လယ်
wai,wae=၀ယ် thai,thae=သယ်
hai,hae=ဟယ် aai,aae=အယ်

at=တ သတ်၊ ပ သတ်

kat=ကတ်၊ကပ် khat=ခတ်၊ခပ် gat=ဂတ်၊ဂပ်
ngat=ငတ်၊ငပ် sat=စတ်၊စပ် zat=ဇတ်၊ဇပ်
nyat=ညတ်၊ညပ် tat=တတ်၊တပ် htat=ထတ်၊ထပ်
dat=ဒတ်၊ဒပ် nat=နတ်၊နပ် pat=ပတ်၊ပပ်
phat=ဖတ်၊ဖပ် bat=ဘတ်၊ဘပ် mat=မတ်၊မပ်
yat=ယတ်၊ယပ် rat=ရတ်၊ရပ် lat=လတ်၊လပ်
that=သတ်၊သပ် hat=ဟတ်၊ဟပ် aat=အတ်၊အပ်

ant=န သတ်(န့်)၊ မ သတ်(မ့်)

kant=ကန့်၊ကမ့် khant=ခန့်၊ခမ့် gant=ဂန့်၊ဂမ့်
ngant=ငန့်၊ငမ့် scant=စန့်၊စမ့် zant=ဇန့်၊ဇမ့်
nyant=ညန့်၊ညမ့် tant=တန့်၊တမ့် htant=ထန့်၊ထမ့်
dant=ဒန့်၊ဒမ့် nant=နန့်၊နမ့် pant=ပန့်၊ပမ့်
phant=ဖန့်၊ဖမ့် bant=ဘန့်၊ဘမ့် mant=မန့်၊မမ့်
yant=ရန့်၊ရမ့် lant=လန့်၊လမ့် want=၀န့်၊၀မ့်
thant=သန့်၊သမ့် hant=ဟန့်၊ဟမ့် aant=အန့်၊အမ့်