PDA
View Full Version : ကျောင်းဆင်းကာစ ... အင်ဂျင်နီယာ ကိုပေါက်စ
Dragon Warrior
03-30-2010, 06:41 PM
;D ;D ;D ဒီအကြောင်းလေးတွေက နောက်နှစ်ပေါင်း ၂၀ လောက်ကြာရင် မေ့ပျောက်သွားတော့မှာပါ .. (အသက်တွေကြီးလာလို့ပဲဖြစ်ဖြစ် ... ကုမ္ပဏီပိုင်ရှင်ကြီးဖြစ်နေတာပဲဖြစ်ဖြစ် ... ဒါမှမဟုတ် ၉၆ ပါးကို ကန်ထရိုက်ဆွဲမိတာလည်း ဖြစ်နိုင်တာပဲလေ ... :4: :4:) အဲဒီတော့ မမေ့ခင်မှာ ကိုယ်အလုပ်ဝင်တုန်းက ဂယောင်ကျတာတွေ ... သူများဂယောင်ကျတာတွေကို ပြန်ပြီးဖောက်သည်ချဖို့ ပြင်ဆင်လိုက်ပါတယ် ... :P :P :P
ဒီလိုဗျ ... ကျောင်းဆင်းတာက ၁၉၉၉ မှာ .. A.G.T.I (M.P) နဲ့ပါ .. ကျောင်းပြီးချိန်မှာ အလုပ်ထဲကို စ၀င်ဖို့လည်း ဟန်တပြင်ပြင်ပေါ့ ... အဲဒီအချိန်မှာ Myanmar Sampoerna Tobacco Co., Ltd. က အလုပ်ခေါ်တဲ့အချိန်ဖြစ်နေတယ် ... အင်တာဗျူးဖြေ . TTS မှာ အိုင်ကျူတက်စ်လုပ်ပြီးတာနဲ့ အလုပ်ကိုစ၀င်ဖြစ်ပါတယ် ... အလုပ်မှာက ဂျီတီအိုင်ဆင်းတွေ အများကြီးဆိုတော့ အတော်ပျော်သွားတာပဲ ... အဲ အလုပ်ဝင်စဆိုတော့ ကသောင်းကနင်း ကချော်ကချွတ်နဲ့ တော်တော်လေး ပြဿနာများခဲ့တာပေါ့ ... အဲ ဘာတွေလဲဆိုတာတော့ :4: :4: ပြောပြမယ်နော် ... ခဏစောင့် ... :? :? :?
Dragon Warrior
03-31-2010, 08:55 AM
:4: :4: စရေးပြီနော် ... ပထမဆုံးအလုပ်ဝင်တဲ့နေ့ကတော့ ထမင်းဗူးလေးနဲ့ .. ဖယ်ရီပေါ်ကို အသာတက် .. ကိုယ်နဲ့အတူတူ အလုပ်ဝင်တာက ၅ယောက်ပါတယ် စုစုပေါင်း ၆ယောက်လေ(အားလုံး Technician ပိုစ့်ပဲလေ) အဲဒီမှာ ဇာတ်လမ်းက စတော့တာပဲ .. အလုပ်က အ၀င်မှာ တိုင်းကဒ်ရိုက်ရတယ် မရိုက်ခင် လုံခြုံရေးကစစ်တာပေါ့(တစ်ကိုယ်လုံး ရှာတာနော် ..) လုံခြုံရေးထဲမှာက ဂျော်တကီးတစ်ကောင်ပါတယ်လေ .. အ၀င်တုန်းကတော့ သတိမထားမိပါဘူး ..
:? :? နေ့လည် ထမင်းစားလွှတ်ချိန်မှာ သူငယ်ချင်းတွေက အရင်ထွက်သွားတယ် .. ကိုယ်က နောက်မှာကျန်နေတာလေ .. အပြင်ရောက်တော့ အားလုံးက မျက်နှာတွေ ရှုံ့မဲ့လို့ .. မေးကြည့်တော့ ဂျော်စစ်ဆေးတာကို ခံလိုက်ရတာကိုး ... လက်စွမ်းပြင်းတယ်လို့ ၀ိုင်းပြောတယ်ဗျာ ... ကျွန်တော်ကတော့ အားရပါးရအော်ရီပစ်လိုက်တယ် ... (အဲလို .. သူများခံရရင် အရမ်းပျော် .. :4:)
:'( :'( ၀ဋ်ဆိုတာ လည်တတ်တယ်တဲ့ ... မကြာပါဘူး ကျွန်တော်လည်း ပြန်ဝင်တော့ တွေ့တာပါပဲ ... လူက ခပ်ငယ်ငယ် .. ပြုံးပြတယ်ဗျ .. အဲဒီတော့ အေးဆေးပေါ့ သူရှေ့မှာ ရှာဖွေဖို့ရပ်ပေးလိုက်တယ် ... ရင်၊ ကျော၊ ခါး .. အဲသည် အထိတော့ အိုကေဗျ ... အဲအောက်ဘက်ရောက်တော့မှ .. ??? အမလေးဗျာ မျက်လုံးထဲ မီးကိုဝင်းကနဲပဲ .. ပလာယာက အရှုံးပေးရမယ် ... တော်တော်ဆိုးတဲ့အကောင် .. အနားမှာက ကောင်မလေးတွေအများကြီး အော်လို့မရ ပြုလို့မရနဲ့ .. အလုပ်ထဲကို လမ်းလျှောက်ဝင်လာတာ ဟန်မပျက်အောင် မနည်းထိန်းရပါ့ .. သူငယ်ချင်းတွေနဲ့ ပြန်ဆုံတော့ သူတို့ပြောတာ ဟုတ်မှန်ကြောင်း အမြန်ထောက်ခံလိုက်ရပါတယ် ... :( :(
:2: :2: အဲဒီနေ့တစ်နေ့လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အောင့်သီးအောင့်သက် ခံစားခဲ့ရပါတယ် ... (အမလေး တစ်ကယ့်ကို အောင့်သက်သက်ကြီးပါဗျာ .. :-[ :-[) အဲဒါကတော့ အစပထမနေ့ရဲ့ အမှတ်တရပါပဲ ... (နောက်တော့လည်း အဲသည်ဂျော်နဲ့ ဘော်ဖြစ်သွားပြီး ပလာယာဒဏ်ကနေ လွတ်ကင်းခဲ့ရပါကြောင်း ... )
ဆက်ရေးပေးပါဦးမယ် ...
Dragon Warrior
03-31-2010, 11:50 PM
;D ;D အလုပ်ထဲမှာ ကျွန်တော်တာဝန်ယူရတာက Packing Line Technician အဖြစ်နဲ့ပါ ... အဓိကကတော့ စီးကရက်ထုတ်တာပေါ့ဗျာ ... အဲလုပ်ငန်းပိုင်းကတော့ လေးပိုင်းရှိသဗျ ... ဆေးစပ်ခန်း .. စီးကရက် မိတ်ကင်း .. ပက်ကင်း နဲ့ Filter မိတ်ကင်းပါ ... အဲဒီမှာ ကျွန်တော်နဲ့ သုံးယောက်က ပက်ကင်းပိုင်းရောက်ပြီး ကျန်နှစ်ယောက်ကတော့ မိတ်ကင်းကိုရောက်ပါတယ် ... အဲဒီမှာတင် အော်တိုမေးရှင်းကို စတွေ့တာပဲဗျာ .. အကုန်လုံးက ဆဲန်ဆာတွေပါတယ် .. တစ်ခုခုမှားတာနဲ့ ရပ်ပစ်မယ် .. ရီဆက်ချမှ ပြန်လည်တဲ့စက်တွေပါ ... ကောင်းတာတော့ မပြောနဲ့ စက်ကဲန်းဟဲန်း ဖြစ်တာတောင် ကောင်းနေတုန်းဗျ ... ပက်ကင်းမှာ စက်ယူနစ် (၃)ပိုင်းပါပါတယ် ... Box Packer, Wrapper Boxer နဲ့ Over Wrapper ဖြစ်ပါတယ် ... Box Packer က ၂၀လိပ်ဝင် ဗူးလေးတွေ ထုတ်ပေးမယ် ... Wrapper Boxer က အဲဒီဗူးလေးကို OPP ပတ်ပေးပြီ ၁၀ဗူးဝင်ကာတွန်းကို ထည့်ပေးမယ် ... Over Wrapper ကတော့ ကာတွန်းဗူးကို OPP နဲ့ နောက်ဆုံးပတ်ပေးတာပါပဲ ... အဲနောက်ဆုံး ဗူး ၄၀ ၀င် ကာတွန်းကိုတော့ လူနဲ့ပဲ ပက်ကင်ထုပ်ပါတယ် ...
::) ::) ကိုင်း ကြုံတုန်းလေး အလုပ်အကြောင်းပြောလိုက်ပါဦးမယ် .. ဒီလိုဗျ ... ဗာဂျီးနီးယားဆေးတွေကို ဆေးပေါင်းရုံကနေပေါင်းခံတာကနေ စတင်ပါတယ် ... ပြီးတော့ မိတ်ကင်းကိုပို့ပါတယ် .. တစ်ချိန်တည်းမှာပဲ Filter မိတ်ကင်းက ထုတ်လုပ်မှု လုပ်ပေးတယ်ဗျ ... ကျွန်တော်တို့ကတော့ သူတို့ထုတ်လုပ်ပြီးသမျှကို အခုသောက်နေတဲ့ ဗူးလေးတွေအဖြစ်လုပ်ပေးရတာပါပဲ ... အလုပ်က မနက် ၇ နာရီကနေ ည ၇ နာရီအထိပါ .. ထမင်းစားချိန်ကတော့ နေ့လည် ၁၁ ကနေ ၁၂ အထိပါ ... အဲ နောက်ပြဿနာက အဲဒီမှာ စတာဗျ ... ဖြစ်ပုံက ရှက်လည်းရှက်ပါရဲ့ ရှက်လည်း ရှက်တော့ပါဘူး :4: ... အလုပ်ကတော့ ၀င်ကာစဖြစ်လို့ အော်ပရေတာကို နားခိုင်းပြီး ကိုယ်ကိုယ်တိုင် ကြိုးစားပမ်းစားမောင်းတာဗျ .. တစ်နေ့ ထမင်းစားချိန်လွန်တော့ စက်ပိတ် အိမ်သာခဏ၀င်ပြီး အပြင်ကို အမြန်လစ်တာပေါ့ နောက်ကျတာကအစားပြန်မရဘူးလေ .. ဗိုက်ကလည်းဆာ .. အပေါက်ဝရောက်တော့ လုံခြုံရေးက နားနားကပ်ပြောတယ် င်္ င်္ အစ်ကို အစ်ကို ဘောင်းဘီက ဇစ်ပြုတ်နေတယ် င်္ င်္ တဲ့ဗျာ ... ??? အမလေး ရှက်လိုက်တာ မပြောပါနဲ့တော့ တစ်ဖက်လှည့်ပြီး အမြန်ဇစ်ဆွဲတင်ရတယ် :4: .. သဘောပေါက်ပြီ .. အိမ်သာဝင်တော့ ကမန်းကတန်းပြေးထွက်ချိန်မှာ မေ့လာတာကိုး .. တော်သေး အနားမှာလဲ ဘယ်သူမှမရှိလို့ .. အေးဆေးပေါ့ဗျာ ;) ပြန်ဝင်လာခဲ့တာ အထဲရောက်တော့ မကြားတကြားပြောသံကြားရတယ်ဗျ .. (အလုပ်မှာ မိန်းကလေးကလည်းများတယ် .. အော်ပရေတာတွေ အကုန်လုံးက မိန်းကလေးတွေဗျ ..) င်္ င်္တို့ Technician က အ၀ါရောင်လေးဟေ့ င်္ င်္ တဲ့ ... တောက်ကျိုးတော့နည်းပေါ့ သေချင်ပါတယ် :'( .. အောက်ခံအရောင်က ကွက်တိဖြစ်နေတာကိုး .. ငါ့နှယ်နော် ... အော်ပရေတာတွေ မျက်စေ့လျှင်တာ ချီးကျူးပါသဗျာ .. (အင်းလေ နေ့တိုင်း စီးကရက်ပဲ မြင်တယ်မှတ်ထားတာ ခုတော့ ... :-[ :-[)
:2: :2: အဲသည်မှာတင် .. ဘယ်အလုပ်ပဲလုပ်လုပ် သေချာအောင်လုပ်တဲ့ အကျင့်ရခဲ့ပါတော့တယ် ... (အမယ် မချောတွေက နောက်တော့ပြောသေး အစ်ကိုက အလုပ်လုပ်တာ အရမ်းသေသပ်လာတာပဲတဲ့ ... ကျွန်တော့်မှာ ရယ်ရမလို ငိုရမလို ... :O :O)
:4: :4: ဖြစ်ပုံလေးတွေ ဆက်ရေးပေးပါဦးမယ် ... :7: :7:
cy
04-02-2010, 09:08 PM
ကျွန်တော်လဲ စက်ရုံ အလုပ်ကို စပြီးလုပ်ဘူးတာပဲ ။
အလုပ်ဝင်ခါ စက အလုပ်မှာ စက်ပြင်တော့ hand tools မှာ "အယ်(လ်)ကီး" ဆိုတာ ဘာကို ပြောမှန်း မသိပါဘူး ။ နောက်တော့မှ
Allen key ဆိုတာကို သိတာပါ ။
နောက်ပြီး piping material ပိုင်းတွေမှာ GI ဆိုတာ ဘာမှန်းမသိ measurement အရပ် အခေါ်တွေကလဲတော်တော်ဆိုးတယ်
တစ်မတ် (1/4) ၊ ငါးမူး (1/2) ။
တွင်ခုံ အလုပ်တွေများတဲ့ တောင်ဒဂုံ စက်မှုဇုံ ကို သွားတော့ ပိုဆိုးတော့တာပဲ
အဲ့မှာ က သံသချိုင်းလေ သံထည်တွေကို မျိုးစုံ ခေါ်ကြတာ
သံကျွတ် ( cast steel , mild steel)
စတီး (strainless steel)
ကြေးဝါ ကြေးနီ (brass , copper)
ကျွန်တော် လုပ်ငန်း အတွေ. အကြုံ အကြောင်းကို နောက်မှ အစဆုံး ရေးပါဦးမယ်ဗျာ ။
ကိုထွန်း
04-03-2010, 10:29 PM
ကို CY ရေ
Crank Shaft ကို၊ ကရိုင်းရှပ်၊ Crank Pin ကို ဂါဂျီပင်၊ Torque Shaft ကို သပ်ရှပ်၊ Oil Seal ကို၊ အဝိုင်းစီး၊ Sand Paper ကို ကော်ပတ်၊ Adjustable Wrench ကို မန်းကီး၊ Vice ကို ဗိုက်စ်ခုံ၊ Extractor ကို ဝှီးပူလာ၊ ဂွင်းတို့၊ ဂွတို့၊ Pipe Wrench ဆိုတဲ့ ပိုက်ဂိုက် တို့ စတဲ့အခေါါအဝေါါတွေနဲ့လည်း ယာဉ်ပါးခဲ့ရသေးသဗျ။ Engineering Field မှာ Terms အရမွေးစားဝေါဟာရ စကားလုံးတွေကလည်းတယ်စုံသကိုး။ အရပ်အခေါါအပြင် တချိန်က၊ ပညာရပ်နယ်ပယ်ဝေါဟာရတွေကို မြန်မာမှုပြုဖို့ တက္ကသိုလ်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးအဖွဲ့ကို၊ ဖွဲ့ပြီး ပညာရှင်တွေက၊ ဝေါဟာရတွေကို၊ ဘာသာပြန်ခဲ့ကြပါသေးတယ်။ ကောင်းမွန်တဲ့ရည်ရွယ်ချက်ပါ။ အဲဒီမှာ ဒေသကောလိပ်သုံးပြဌာန်းစာအုပ်တွေကိုပြန်ကြည့်ရင်သိသာပါတယ်။ အထက်တန်းပညာအခြေခံမရှိသူကအစ၊ အားလုံးလေ့လာနိုင်အောင်ရည်ရွယ်ပြုစုခဲ့ကြပါတယ်။ ကျွန်တော်လည်း ဝေါဟာရတွေအလယ်မှာ၊ ဆည်းပူးရင်းနဲ့ Madras (အခုတော့ Chanai ) ကိုရောက်တော့၊ ဂိုဒေါင်ဆိုတဲ့ဝေါဟာရကိုတွေ့တဲ့အခါ၊ ကုလားစကားလို့ထင်ခဲ့သေးသဗျ။ ဆိပ်ကမ်းက Tamil လူမျိုးများကိုမေးတော့မှ၊ ဂိုဒေါင်ဟာ Warehouse ဆိုတဲ့ ရှေးအဂ်လိပ်စကားမှန်း သိခဲ့ရပါတယ်။
ကို Dragon ရေ
အာချီဘူးတွေကတော့၊ နေရာတကာမှာပဲဗျ။ ကျွန်တော် Apprentice ဘဝ၊ သဘော်ကျင်းမှာ၊ ၄ ယောက်၊ IMT မှာ ၁ ယောက်၊ တခိုင်လုံးရွှေသဘော်က Junior ဘဝမှာ ၁ ယောက် ဆုံခဲ့ရသဗျ။ သဘော်က ၁ ယောက်က၊ Oiler ဆီလောင်းပေါ့။ မမ လို့ နာမည်ပေးထားသဗျ။ ခက်တာက သူ့အကိုအရင်းက ES (Engineering Superintendent) ဗျ။ စာမေးပွဲက Examiner Board ထဲမှာပါသူမို့၊ မမ ကိုလည်းတည့်အောင်ပေါင်းခဲ့ရသေးသဗျ။ အခု ကျွန်တော် Superintendent ဖြစ်လာတော့လည်း၊ လက်ရှိ Fleet ထဲက Chief Cook တချို့ကလည်း အာချီဘူးတွေပါပဲ။ အော် သူတို့နဲ့ လွတ်ကို၊ မလွတ်နိုင်ပါလားကွယ်။ :4: :4: :4:
ကိုထွန်း
04-04-2010, 09:20 AM
နောက်ဆုံးနှစ်စာမေးပွဲပြီးလို့၊ အလုပ်ခွင်လက်တွေ့ ၃ လ ဆင်းရမယ့်အခါ၊ ရေနံချက်စက်ရုံ၊ ဓါတ်မြေသြဇာစက်ရုံ ဒါမှမဟုတ်ရင်၊ ဘိလပ်မြေစက်ရုံ တခုခုမှာ သူငယ်ချင်းတစုဆင်းဖို့ ကြံစည်ကြသဗျ။ ။ ကျွန်တော်တို့အုပ်စုထဲက သူငယ်ချင်းက အောင်လံ ဇာတိဆိုတော့ သရက်ဘိလပ်မြေစက်ရုံမှာ၊ သူငယ်ချင်းတစုဆင်းဖို့ ပေါ့လေ။ တီချယ်ကြီးကိုတော့ Industrial Electronics ဘာသာကို၊ လေ့လာချင်လို့ပါဆိုပြီး ဂျီတိုက်သဗျ။ ကျွန်တော်တို့ယူတဲ့ဘာသာက၊ ဆက်သွယ်ရေး၊ မြန်မာ့အသံ နဲ့ သဘော်လိုက်ချင်သူတွေအတွက်၊ ကြယ်ငါးပွင့် နဲ့ သဘော်ကျင်းတွေကိုလွှတ်တာများသဗျ။ တီချယ်ကြီးက သူ့တပည့်တွေ အကြောင်းနောကြေလောက်အောင်သိသူမို့၊ မိန်းကလေးအုပ်စုကို မြန်မာ့အသံ၊ ဆက်သွယ်ရေး နဲ့ ဆက်သွယ်ရေးသင်တန်းကျောင်း၊ ယောက်ျားလေးအုပ်စုကို ရေနံချက်စက်ရုံ ၁ ယောက်၊ ဗဟိုအမျိုးသမီးဆေးရုံ ၁ ယောက်၊ ကုန်သွယ်လယ်ယာက ဆန်စက်ကို ၁ ယောက်၊ ကြယ်ငါးပွင့်ကို ၁ ယောက်၊ ဂြိုလ်တုဆက်သွယ်ရေး ၁ ယောက်၊ နဲ့ သစ်လုပ်ငန်းကို ၂ ယောက်ဆိုပြီးခွဲလွှတ်သဗျ။ သစ်လုပ်ငန်းကို ၂ ယောက်သွားရတာတောင်တယောက်က Boiler နဲ့မောင်းတဲ့ သစ်စက် နဲ့ ကျွန်တော်က ပရိဘောကစက်ရုံကို သွားရသဗျ။ တီချယ်ကြီးကို Complaint လုပ်တော့ နင်တို့လိုချင်တာ သင်ရရင်ပြီးရောမဟုတ်လား၊ စက်ရုံတွေကပြန်တိုင်ရင် သတ်ပြစ်မယ်လို့တောင် ကြိမ်းလွှတ်သေးသဗျ။
ကျွန်တော်က ပရိဘောကစက်ရုံကို တောင်ငူ GTI က EP ကျောင်းသားတယောက်နဲ့၊ အတူဆင်းရသဗျ။ လခက တလ ကျပ် ၃၀၀ ရသဗျ။ စက်ရုံက Japan Company တခုနဲ့ပေါင်းပြီး၊ ကျွန်းသစ်မြစ်ဆုံတွေကနေ ကြမ်းခင်းပါကေးပြားတွေထုတ်ကာ Export ပို့တာဗျ။ သစ်အခြေခံစက်မှုစီမံကိန်းပေါ့။ တာဝန်ခံအင်ဂျင်နီယာက နယူးဇီလန်ပြန်၊ ၁၉၇၄ မှာ မန္တလေး GTI မှ ရွှေတံဆိပ်ရ Mechanical Power ဆင်းဗျ။ သင်ပေးသလားမမေးနဲ့။ Industrial Electronics က Di Electric Heating Method တို့၊ Induction Heating Method တို့ကိုတကယ်သုံးပြီး၊ ထုတ်နေတဲ့စက်ရုံ။ Purchasing, Procurement က အစသင်ပေးသဗျ။ ကျွန်တော်ကတော့ Purchaser နဲ့ ပေါင်း၊ ကားတစီးနဲ့ သူ့နောက်ကလျှောက်လိုက်၊ ဘဝက စိုပြေနေလေရဲ့။ စက်ရုံအုပ်ချုပ်ရေးမှူးက Japan ပြန်။ Total Quantity Management ဆိုတာကိုလည်း၊ ခေါါခေါါသင်ပေးသေးသဗျ။ စက်ရုံကအသစ်မို့၊ Japan Company ဘက်က ITC (ဆင်တဲ) ကျောင်းဆင်းတွေကို၊ ခန့် Japan မှာ Trained လုပ်ကာ၊ Installation, Maintenance နဲ့ Production ပိုင်းတွေမှာ၊ တာဝန်ယူစေသဗျ။ တကယ့်လူတော်တွေဗျ။ သူတို့နဲ့တွဲပေးပေမယ့်၊ ကျွန်တော်ကတော့ ပညာကိုယူရကောင်းမှန်းမသိသူမို့ ဝေလေလေပေါ့။ တာဝန်ခံအင်ဂျင်နီယာက Canteen မှာ ကျွန်တော်တို့ကို၊ သူ့နာမည်နဲ့ ထမင်းစား၊ လက်ဘက်ရည်သောက်ခွင့် အလကားပေးထားသေးသဗျ။ စက်ရုံဖယ်ရီကားကို၊ တခြားလူတွေနဲ့ ရောမစီးချင်ဘူးဆိုလို့ သီးသန့်စီစဉ်ပေးသဗျ။ Store မှာ၊ Spare Parts တွေ၊ Tools တွေကို Inventory List လုပ်ခိုင်းတာကိုတောင် ကျွန်တော်ကအလွဲတွေလုပ်ပေးခဲ့သဗျ။ အတူဆင်းတဲ့သူငယ်ချင်းကတော့ ကြိုးစားပါသဗျ။ မကြာခင်ခေါါတော့မယ့် အငယ်တန်းလက်ထောက်အင်ဂျင်နီယာရာထူးအတွက် ကြိုပြီးခန့်ထားဖို့၊ Japan ကို ပညာတော်သင်လွှတ်ဖို့အထိ၊ တာဝန်ခံအင်ဂျင်နီယာအကိုကြီးက စီစဉ်ပေးရှာသေးသဗျ။
တနေ့မှာ Band Saw က Motor ကိုအသစ်လဲပြီး၊ ကျွန်တော့်ကို Termination ဝင်ခိုင်းသဗျ။ ခေသူမဟုတ်သူမို့ DOL Starter ကို ကြိုးမှားတတ်ပြီး၊ Reverse Rotation နဲ့လည်စေသဗျ။ လည်သွားတဲ့အခါ သစ်သားချောင်းတခုကိုခွဲစေပြီး၊ ပြောင်းပြန်လည်နေသမို့ ခွဲခြမ်းကဖွာထွက်နေတဲ့အခါ၊ Band Saw ကိုပြန်သွေးဖို့ ခပ်တည်တည်နဲ့ မှတ်ချက်ပေးခဲ့သေးသဗျ။ နစ်ပေါင်းများစွာကြာတဲ့အခါ အတူဆင်းတဲ့သူငယ်ချင်းက မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်းမှာ မြို့နယ်အင်ဂျင်နီယာ ဖြစ်လာခဲ့ပြီး၊ ကျွန်တော်ကတော့ ကျွန်းကလေးပေါါမှာ ယောင်နေဆဲဗျ။
ယောင်တောင်တောင် နဲ့ ဂယောင်ကျခဲ့ပုံများကတော့ ပြောမဆုံးပေါင်၊ တောသုံးထောင်ပေါ့ဗျာ။ အဖော်ကောင်းရင် ယမမင်းကြီးတို့ပြည်ကို၊ ခဏတဖြုတ် လည်လည်သွားဖို့ခေါါရင်တောင်၊ လိုက်တတ်တဲ့ အစားထဲပါသူမို့ သဘော်လိုက်ဖို့၊ သူငယ်ချင်းတွေက အဖော်စပ်တော့လည်း၊ ဘယ်ငြင်းပါ့မလည်း။ လိုက်မယ်ပေါ့။ သူငယ်ချင်းတစုကို ဦးဆောင်ပြီး၊ မိဘတွေရဲ့ မိတ်ဆွေ သဘော်လိုင်းဌာနေကိုယ်စားလှယ်ရုံးခန်းကို၊ ခေါါသွားသေးသဗျ။ ဟိုရောက်တော့ GTI ဆင်းတွေဆိုတာမပြောပဲ၊ ခပ်တည်တည်နဲ့ အလုပ်လျှောက်လွှာတွေဖြည့်၊ မျက်စေ့စစ် ဖို့လုပ်ခဲ့သေးသဗျ။ ဌာနေကိုယ်စားလှယ်က မင်းတို့က GTI ဆင်းတွေ၊ သဘော်ကျင်းလုပ်သက်ယူလို့ရတယ်၊ ဆိုမှ ရုံးခန်းကနေ တအံ့တသြ ထွက်လာရသဗျ။ ဂယောင်တစုကို ဌာနေကိုယ်စားလှယ်ဦးလေးကြီးက ဖတ်ရမယ့်၊ စာအုပ်တွေပါ လှူဒါန်းလိုက်ရသေးသဗျ။ သူကလည်း GTI ဆင်းသဘော်သားဟောင်းပေကိုး။
သူငယ်ချင်းတစုက သူ့အဆက်အသွယ်နဲ့သူ၊ သဘော်ကျင်းလုပ်သက် အလျိုအလျို စယူစဉ်မှာ ကျွန်တော်ကတော့ ယောင်တောင်တောင်ပေါ့။ ထိုင်နေကျ၊ လက်ဖက်ရည်ဆိုင်မှ၊ ပိုင်ရှင်ဘကြီးက သူ့ဖောက်သည် စက်မှုတက္ကသိုလ်က ရေနံတူးဖော်ရေးနဲ့ ကျောင်းပြီးလာသူ အကိုကြီးကို၊ သဘော်ကျင်းလုပ်သက်ယူဖို့အကူအညီပေးစဉ် ကျွန်တော်လည်း၊ ယောင်တောင်တောင်နဲ့ လုပ်သက်ရလာသဗျ။ :4: :4: :4:
စာမေးပွဲအောင်လာပြီးတော့လည်း၊ ယောင်တောင်တောင်နဲ့ အဖော်ကောင်းလို့၊ သဘော်ပေါါရောက်ခဲ့ရသဗျ။
Dragon Warrior
04-06-2010, 12:08 AM
:4: :4: :4: ကဲ ... ကိုယ်ကစပြီး ကိုယ်မရေးတာ ပိုစ့်တွေများလာပါပြီ ... အခုလောလောဆယ်မှာလည်း ဆန်စက်သစ်တည်ဆောက်ရေး ပရောဂျက်မှာဝင်ကိုင်နေရလို့ .. မရေးဖြစ်တာ ကြာပါပေါ့ ...
::) ::) ::) ဒီတစ်ခါတော့ စက်တွေကို Maintenance လုပ်တုန်းက အတွေ့အကြုံလေးတွေ ပြောပြပါ့မယ် ... ကျွန်တော် ကိုင်ရတဲ့စက်က Packing Machine လေ ... အဲဒီစက်မှ ယူနစ်တွေပါလာပါတယ် ... Filler Unit, Alufoil Unit, Inner Frame Unit, Sealer Unit, Blank Unit, Heating Drum Unit, Extension Unit ဆိုပြီး ယူနစ်တွေ ပေါင်းစပ်ထားတာပါ ... Filler Unit က စီးကရက်တွေကို ၂၀ ၀င်ဗူးထဲထည့်နိုင်အောင် ပြင်ဆင်ပေးတယ့် နေရာပေါ့ .. Alufoil Unit ကတော့ ငွေရောင်စက္ကူကို Embossing Roller နဲ့ အစက်စက်ဖြစ်အောင်လုပ်ပေးတယ် စီးကရက်တွေကို ထုပ်ပေးတယ်ပေါ့ ... Inner Frame Unit ကတော့ စီးကရက်တစ်ဗူးကို ဖွင့်လိုက်ရင် တွေ့မယ့် အဖြူရောင် စက္ကူထူလေးကို ထည့်ပေးတာပါ .. (ရည်ရွယ်ချက်ကတော့ ဗူးဖွင့်တဲ့အခါ စီးကရက်တွေ မထိခိုက်အောင်ရယ် .. ဗူးလေးတောင့်တင်းနေအောင်ရယ်ပေါ့) ... Sealer Unit ကတော့ အပြင်က ဗူးခွံရယ် အတွင်းက စီးကရက်တွေရယ်ကို ပက်ကင်ထုပ်ပေးတဲ့ အလုပ်ကိုလုပ်ပါတယ် ... Blank Unit ကတော့ အပြင်ဗူးခွံကို ပုံစံကြိုချိုးပေးပါတယ် ... Heating Drum Unit ကတော့ စီးကရက်ဗူးကို ကော်ကပ်ပိတ်ပေးပြီး အပူပေးထားရင်းလည်ပတ်ပါတယ် .. တစ်ပတ်လည်ရင် စီးကရက်ဗူး ၆၅ ဗူးထွက်ပါတယ် ... Extension Unit ကတော့ Sealer Unit နဲ့ Filler, Alufoil, Inner Frame Unit တွေကို ဆက်စပ်ပေးထားတာပါ ...
:o :o :o စက်အစိတ်အပိုင်းတွေကို Mechanical Clutch နဲ့ ဆက်စပ်ပေးထားတာပါ ... အဲဒီတော့ မတော်တဆလက်ညပ်တာ .. ပစ္စည်းညပ်တာတွေဖြစ်ရင် ချော်လည်သွားပြီး အန္တရာယ်နည်းစေပါတယ် .. အဲသည်တုန်းက ကျွန်တော်တို့ တနင်္ဂနွေနေ့တိုင်း စက်သန့်ရှင်းရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ရတယ်ဗျ .. တစ်နေ့လုံး သန့်ရှင်းရေးနဲ့ စက်စစ်ဆေးရေးလုပ် .. ညနေ ၃ ခွဲ ၄ နာရီလောက်ဆို Test Run လုပ်တယ် ... အဲဒီအချိန်မှာ မိတ်ကင်းကစပြီး ထုတ်လုပ်ရေးလုပ်ပါတယ် ... ကျွန်တော်တို့လိုင်းတွေကို အရောက်ဆို ၂ နာရီလောက်ကြာတတ်ပါတယ် ... အဲသည်တော့ အော်ပရေးရှင်းက ၆ နာရီမှစ .. ၇ ဆို အဆိုင်းသစ်ဝင်လာတော့အိမ်ပြန်ပေါ့ ...
;) ;) ;) အဲသည်နေ့ကတော့ ကျွန်တော်ရယ် နောက်တစ်ယောက်ရယ်က စက် ၄ လုံးကို တစ်ပြိုင်တည်း ပြုပြင်ထိန်းသိမ်းနဲ့ သန့်ရှင်းရေးလုပ်ပေးရတာပါ ... ဖြစ်ချင်တော့ ကျွန်တော်ကလည်း အလုပ်များနေတော့ သူဘယ်လို လုပ်ထားလဲ သေချာတော့ မသိလိုက်ဘူးပေါ့ .. သြ ဂလို ဂလို သူက စက်သန့်ရှင်းရေးကို အဲသည်နေ့မှ စ၀င်ဖူးတာလေ .. ညပိုင်းစက်တာဝန်ကျ အစ်ကိုတက်ကနစ်ရှင် ၀င်လာတော့ ထအော်တော့တာပဲဗျာ ... ??? ??? ဘာတွေဖြစ်ကုန်ပြီလဲဆိုပြီး မေးကြတော့ စက်က မောင်းနေတယ် ယူနစ်တွေက မလည်တော့ဘူးဖြစ်နေတာကိုး ... ဘယ်သူမှလည်း အပြစ်ရှာမရဘူး ကလပ်ခ်ျက ချော်လည်နေတယ်လေ .. တစ်ခုခုများ ညပ်နေလား လျှပ်စစ်ပိုင်းလား စစ်ကြပေါ့ ... နောက်တော့ ဖိလစ်ပိုင် တက်ကနစ်ရှင် လာစစ်ပါတော့တယ် .. ကျွန်တော်တို့ကတော့ အချိန်ကုန်သွားပြီမို့ ပြန်ခဲ့ပါတယ် ...
:4: :4: :4: နောက်နေ့ မနက်မှ ပြန်သိရတာက မောင်မင်းကြီးသား ကျေးဇူးရှင်လေးက ကလပ်ခ်ျထဲကို ချောဆီလောင်းပစ်ခဲ့တာကိုးဗျ ... ဒီလိုလေ စက်မှာက ဂီယာတွေ ချိန်းကြိုးတွေ ပါတော့ ချောဆီထိုးပေးရတာကို သင်းကလေးက အဲဒီ ကလပ်ခ်ျထဲကိုပါ ထည့်ပစ်လိုက်တာဗျာ .. အတော်ဆိုးတဲ့ကောင် နောက်ပြန်မေးတော့ စက်ကို ဆီထိုးတယ်ဆိုမှတော့ အကုန်ထိုးမှ ရမယ်လို့ထင်ဆိုကိုး ... အဲသာနဲ့ စီနီယာ အစ်ကိုတွေက နားရင်းအုပ်ပြီး ဂုဏ်ပြုပေးလိုက်ပါတယ် .. ကျွန်တော်တို့ကလည်း အားရပါးရ လက်ခုပ်တီးပေးခဲ့ကြောင်းပါဗျာ .....
:2: :2: ခဏ နားဦးမယ်နော် ...
Dragon Warrior ...
Dragon Warrior
04-17-2010, 03:16 PM
:D :D :D အခုပြောပြမှာက လက်တွေ့လုပ်ငန်းမှာ ကြုံလာရမယ့် အလုပ်ခွင်အန္တရာယ် ကင်းရှင်းရေးအပိုင်းပါ ........
;D ;D ကျွန်တော် ဆမ်ပိုးနားမှာ အလုပ်မထွက်ခင်လေး ဖြစ်သွားတာပေါ့ ... အဲဒီတုန်းက Vegas တံဆိပ်ကို အင်တိုက်အားတိုက်ထုတ်နေတုန်း အချိန်လေ ... ဈေးကွက်က တောင်းဆိုနေချိန်မှာ မူလဆေးပေါင်းစက်နဲ့ မလောက်လို့ နောက်တစ်လုံးကို ထုတ်လုပ်ရေးဧရိယာထဲကို ရွှေ့ပြီးအလုပ်လုပ်ပါတယ် .. အဲသည်အချိန်က လုပ်သား ၄ ယောက်ချထားပါတယ် .. စက်မောင်းတစ်ယောက်၊ အကူတစ်ယောက်၊ ပစ္စည်း အသွင်း/အထုတ်က နှစ်ယောက်ပါ ... အထိုင်ချထားတဲ့ပုံက ကွန်ဗေယာကြိုးနဲ့ ဆေးတွေကို ပေါင်းစည်ထဲကိုထည့် လိုအပ်တဲ့အပူချိန်၊ လည်ပတ်နှုန်းညှိ၊ အနံ့ထည့် (ပျားရည်သုံးပါတယ်) သတ်မှတ်ချိန်ရောက်တော့ ပြန်ထုတ်ပေးတယ်လေ ... အဲဒီပေါင်းစည်လည်တာက ကွန်ကရိဖျော်တဲ့ အုန်းမွှေးလုံးလိုပဲဗျ .. ဘယ်လည်ရင် အတွင်းထဲမှာ ဆေးတွေပေါင်းမယ် ညာပြန်လည်ရင်တော့ ပေါင်းပြီးသားဆေးကို ပြန်ထုတ်ပေးပါတယ် .. အဲဒီတော့ သယ်ပို့ကွန်ဗေယာကလည်း ပုံစံနှစ်မျိုး လည်တယ်ခင်ဗျ ... ပြဿနာက အဲသည်မှာစတာပါ ...
:) :) သယ်ပို့ကွန်ဗေယာကို အချင်း ၈ လက်မ၊ အရှည် ၄ ပေခွဲ ဆလင်ဒါနှစ်လုံး ပါရာလယ်ဆွဲပြီး တစ်လုံးကိုမော်တာနဲ့ မောင်းထားတာပါ ... အလိုင်းမဲန့် ချိန်ဖို့အတွက် ဟိုဖက်သည်ဖက်မှာ ဆလိုက်ဒ်အဂျပ်စ် ၈ လက်မစီ ခြားထားပေးတယ်ဗျ ... အဲဒီ အပေါက်လေးကို ဂျီအိုင်ပြားလေးနဲ့ ပိတ်ထားပေးပါတယ် ... မတော်တဆမဖြစ်အောင်ပေါ့ဗျာ .. ဒါပေသည့် ရွှေမြန်မာများမဟုတ်ပါလား ဥာဏ်တော်ကကွန့်မြူးပြီးသကာလ အဲသဟာကို ဖြုတ်ထားချေသည် .. အကြောင်းပြချက်က အထဲမှာ ဆေးတွေကျနေတော့ အလွယ်တကူ ထုတ်လို့ရအောင်ဆိုပဲဗျ ... ဖြစ်ချင်တော့ အဲသည်နေ့က စက်မောင်းချာတိတ်က ဆေးကိုပေါင်းစက်ထဲက ပြန်ထုတ်နေတဲ့အချိန်ဗျ .. အကူက ကွန်ဗေယာထဲက ညပ်နေတဲ့ ဆေးတွေကို ဆွဲထုတ်နေတယ်လေ ခုနအပေါက်လေးကပေါ့ ... သူက ဆေးညပ်တာအမြန်ထုတ်ချင်တော့ စက်မောင်းကို ဘယ်လည်၊ညာလည်မောင်းခိုင်းတာဗျာ ....... အဲဂလိုမောင်းနေချိန် အကူကောင်လေးက အပေါ်ကစက်မောင်းကို လှမ်းနောက်တဲ့အချိန်၊ စက်ကလည်း ဘယ်ကညာအပြောင်း၊ လက်ကကွန်ဗေယာနှင့် ရိုလာကြားကို ညပ်ပါလေရောဗျာ ..... ညပ်တာမှ လက်က ရိုလာကိုပတ်နေတာဗျ ၃ ပိုင်းကျိုးတယ် .. လက်ဝါးကလည်ပြီးမျက်နှာနားကပ်နေပြီ .. လူကကြမ်းပြင်ပေါ်မှာ ကုန်းကုန်းလေး ... လက်မောင်းကအသားတွေစုတ်ပြီး သွေးကြောကြီးထွက်နေတယ် ... အဲသာက မြင်တာကိုပြန်ရေးပြတာပဲရှိသေးတယ် ... တစ်ကယ့်လက်တွေ့မှာ လူကိုဘယ်လိုပြန်ထုတ်ရမလည်းဆိုတာ ခေါင်းစားပြီ .. ပထမရိုလာကိုဖြုတ်ဖို့ စဉ်းစားတယ် .. စမ်းကြည့်တယ် လူကအထိမခံဘူး နာလွန်းလို့ ... နောက်ဆုံးဖြစ်နိုင်တာက ကွန်ဗေယာကို ဖြတ်ရမယ်ပေါ့ ဖြစ်ချင်တော့ ကွန်ဗေယာဖြတ်ရင် ဈေးကြီးတယ်လို့မန်နေဂျာက လေသံပစ်လာတယ် .. ဒီမှာ လူကသွေးမထွက်လို့သာ ထွက်ရင်သွေးလွန်သေလောက်ပြီ ... နောက်ဆုံး Technician တွေစုပြီး ဆုံးဖြတ်လိုက်တယ် .. ကွန်ဗေယာကိုဖြတ်မယ် .. လူကပိုအရေးကြီးတယ်လေ .. ခက်ခက်ခဲခဲထုတ်ပြီး အလုပ်သမားဆေးရုံကြီးကို ပို့လိုက်တယ် .. လက်ပြန်ဆက်ပေမယ့် အတွင်းက ကျိုးကုန်လို့ ဖြတ်လိုက်ရတယ်ဗျာ ........
::) ::) ဘာကြောင့်လဲ ..... စက်ကိုင်က ကျွမ်းကျင်ပေမယ့် .. အလုပ်လုပ်သူက ပေါ့ဆတယ် .. အလုပ်ခွင်သင်တန်း မပေးထားဘူး .. စက်လုံခြုံမှုကို အလေးမထားခဲ့ကြဘူး .. ဖြစ်တဲ့အချိန်မှာ ဆုံးဖြတ်ချက်က မချနိုင်ဘူး (လူနဲ့စက် ရွေးနေတာကိုပြောတာပါ) .. ဘာပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ထိရောက်သည် ဆိုတာပါပဲ ...
အဲဒီလိုအဖြစ်မျိုးတွေ ဘယ်လောက်ဖြစ်ခဲ့ကြပြီလည်း ..... ကျွန်တော်တို့ ပတ်ဝန်းကျင်ကို အသိ၊ သတိရှိအောင် သင်ကြားပေးရပါဦးမယ် ... စက်မှုလောကတိုးတက်ဖို့ဆိုတာ နည်းပညာလိုအပ်သလို .. ကာကွယ်မှုလည်း လိုအပ်တယ် မဟုတ်ပါကလား ......
Dragon Warrior ... .. .
Dragon Warrior
06-02-2010, 09:33 PM
:o :o :o
:) ကိုဒရာဂွန်ပေါက်စလေးကတော့ ဆမ်ပိုးနားမှာ အလုပ်လုပ်လို့ တစ်နှစ်လောက်နေတော့ အလုပ်ကထွက်ဖို့ အကြောင်းဖန်လာပါတယ်။ အင်း အလုပ်ကစီးကရက်စက်ရုံဆိုတော့ ဆေးမှုန့်တွေလေထဲမှာ ဒင်းကြမ်းပေါ့ဗျာ ... အဲသာကို နှာခေါင်းစည်း Mask တွေမပေးထားဘူးဗျ ... ??? ??? ??? ... ကြည့်စမ်းပါလုပ်ပုံက အဲသာ နိုင်ငံခြားနဲ့ဖက်စပ်နော် ... ပြီးတော့ အလုပ်သမားတွေရဲ့ ဗဟုသုတအားနည်းတာရယ် ... အုပ်ချုပ်မှုအပိုင်းက လစ်လျူရှုထားတာရယ်တွေကြောင့် အဲလိုမျိုးဖြစ်နေတာပါ .... ကျွန်တော်တို့ တောင်းသုံးတော့ ပေးတော့ပေးတယ် ကြည့်တဲ့ပုံက အရူးတွေလားဆိုတဲ့ မျက်နှာပေးနဲ့ ... သြော် ဘ၀များ ခက်ပါ့နော် ... အဲသည်လိုနဲ့ TB Suspect ထိသူတွေများလာတော့ ကိုဒရာဂွန်လေးလည်း ကြောက်တာနဲ့ လစ်ပြေးဖို့ ကြံရတော့တာပေါ့ဗျာ ........
??? အင်း .. စတွေ့ပါပြီ ဗျူးတုန်းက ထမင်းစရိတ်ငြိမ်းတဲ့ ... အခုတော့ ဆိုင်ဈေးက တစ်လ ၄၀၀၀ တဲ့ (၂၀၀၁ လောက်ကနော် .. :4:) အဲသာ ကန်ပဏီက ပေးတာ ၃၅၀၀ တဲ့ .. ဆိုတော့ကာ ၅၀၀ အိပ်စိုက်ပေါ့ဗျာ ... အလုပ်ကမ၀င်ရသေး ပြဿနာကစပြီ ... နောက်တော့ အိုတီကလည်း မရှိတော့ဘူးတဲ့ ၃ ဆိုင်းခွဲမတဲ့ အဲသာကြောင့် အင်ဂျင်နီယာထပ်ခေါ်ဆိုပဲ ... ဟင် ကြားရသမျှကတော့ စိတ်မချမ်းသာစရာချည့်ပါလားနော် ..........
အလုပ်စ၀င်ပါတော့မယ် ... အင်း အိပ်စရာနေရာကလည်း အိမ်တော့ပေးထားတယ် ... ကြမ်းပြင်ပေါ်မှာပဲ နေရာရသဗျ ... အခန်းကလည်း ကန့်တုန်း ... အင်း လစ်ပြေးချင်စိတ်ကို မနည်းထိန်းထားရတယ် ... နောက်တစ်နေ့ အလုပ်ဝင်ချိန်မတော့ ဒရာဂွန်လက်စွမ်းပြပါတော့တယ် ............. :2: :2: :2:
::) ဒီလိုဗျ သူတို့က ခေါင်းလျှော်ရည် အထုပ်လေးတွေကို ဒေါင်လိုက်ပက်ကင်စက်နဲ့ ထုပ်တာကိုး ... အဲသည်စက်က လေးလုံးရှိတယ် ... အသစ်နှစ်လုံး အဟောင်းနှစ်လုံးပေါ့ဗျာ ... ဖြစ်ချင်တော့ မက်ထရောနစ်သင်ပြီးကာစ ကျွန်တော့်အတွက်တော့ ကုန်ကြမ်းတွေပေါ့ ... အဲ ဖြစ်ချင်တော့ အဲသည်နေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် စက်တစ်လုံးက နျူမက်တစ်ဗား(Pneumatic Valve)ကပ်သွားတယ်ဗျာ .. ကပ်မှာပေါ့ ပရက်ရှာရယ်ဂူလေတာ(Pressure Regulator)မှာ ဆီချိန်တာက အရမ်းများနေတယ်လေ ... အဲဒါကို ကျွန်တော် မောင်ဒရာဂွန်က ပြင်ဆင်ဖို့ အကြံနဲ့ ဖြုတ်နေတဲ့ အချိန်ပေါ့လေ ......... ကြုံတုန်း Pressure Regulator အကြောင်းလေး လေရှည်လိုက်ဦးမဗျ .. လေအိုး(Air Compressor & Tank)ကနေ အထွက်မှာ ဂျီအိုင်ပိုက်တွေသုံးပြီး အပူလျော့ ဒီနောက်တော့ စက်ထဲကို အ၀င်မှာ အခုနက ပရက်ရှာရယ်ဂူလေတာ ခံထားပါတယ် ... အဓိကရည်ရွယ်ချက်က သတ်မှတ် လေဖိအား(လေပေါင်)ရဖို့ရယ် .. လေထဲမှာပါလာမယ့် ရေငွေ့တွေကို ခွဲထုတ်ပေးဖို့ရယ် ... နောက်တော့ နျူမက်တစ်ဗားတွေကို ပွန်းစားမှုနည်းအောင် ချောဆီထိုးပေးဖို့ ... ဆီခွက်(Oil Bowl or Retainer)ပါပါရှိပါတယ် .................
အဲ ... ဆရာသင်ပေးတာက ဆီလွှတ်နှုန်းချိန်တော့မယ်ဆိုရင် ဆက်သွယ်ထားတဲ့ ပိုက်လိုင်းတွေထဲက အစွန်ဆုံးပိုက်ကိုဖြုတ် ... အပေါက်ဝမှာ စက္ကူဖြူလေးကပ်ထားပြီး လေဗားကို ဖွင့်ပိတ် ၃ - ၄ - ၅ ကြိမ်လောက်လုပ်ပေးလို့ စက္ကူမှာ ဆီကွက်လေးပေါ်တယ်ဆိုရုံလေးဖြစ်ရင် မှန်ကန်တဲ့နှုန်းကိုရပါတယ် ........ (ဒါကတော့ နေရာတိုင်းအတွက် အမြန်ဆုံးနဲ့ သေချာတဲ့ နည်းတစ်ခုပါ ... .. .) ..... နောက်တစ်ခု ဆက်ပြောပါ့မယ် ပရက်ရှာရယ်ဂူလေတာမှာ ... ၀က်အူရစ်အတိုင်း(ညာရစ်)ရစ်မယ်ဆိုရင် ပရက်ရှာတင်ပေးတာဗျ ... ၀က်အူရစ်ပြောင်းပြန်(ဘယ်ရစ်)ဆိုရင်တော့ ပရက်ရှာလျှော့ပြီး လုံးဝဗားကို ပိတ်ပစ်ပါတယ် ....... အဲဒါကို သေချာသိမှ ကျွန်တော်ပြောချင်တာကို သဘောပေါက်မယ်နော ......... :? :? :?
:4: ဖြစ်ချင်တော့ စက်ရဲ့ Working Pressure က 2.5 Psi ဗျ ... လေအိုးက 5 Psi ရှိတယ် ... လေအိုးအထွက်မှာတော့ Shut Off Valve တစ်ခုခံထားတယ်ဗျ .......... ကျွန်တော်က ပရက်ရှာရယ်ဂူလေတာနောက်က ဆီခွက်လေးဖြုတ် သန့်ရှင်းရေးလုပ်မယ် ကြံနေတုန်း ဘယ်ငနာက လေအိုးကို ထမောင်းလဲမသိပါဘူးဗျာ ... (Shut Off Valve ကိုလည်း ဖွင့်ထားသေးတယ် ???) ..... ပရက်ရှာရယ်ဂူလေတာကို ဖြတ်ပြီးမှ ဆီခွက်ကို လေကရောက်လာတာကိုး ... ရှုးကနဲ အသံထွက်သွားပြီး ဆီခွက်ထဲကဆီတွေ မျက်နှာကိုစင်ပါလေရော ....... အဲ ကျွန်တော်လည်း အမြန်ဆိုပြီး ပရက်ရှာရယ်ဂူလေတာကို ပိတ်တာပေါ့ .... အဲ ဘယ်လိုပိတ်လိုက်လဲဆိုတော့ ညာရစ်ကို အားရပါးရရစ်ထည့်လိုက်တာ လက်ကလည်းတယ်သွက် ...... လေထွက်သံပိုပြင်းလာတာကို သတိထားမိတဲ့ အချိန်မှာ Dial Gauge ကိုကြည့်လိုက်တော့ 2.5 Psi ကိုကပ်သွားပြီ ...... သတိရလို့ ပြန်ပြီး ဘယ်ရစ်ရစ်တဲ့ အချိန်မှာပဲ ..... :O :O :O ဖောင်း ဆိုတဲ့ အသံပဲကြားလိုက်တယ် ... မျက်လုံးနားက ရိပ်ကနဲဖြတ်သွားတာဗျာ ကံကောင်းလို့ နို့မဟုတ် မျက်လုံးအကန်းပေါ့ ... ပရက်ရှာရယ်ဂူလေတာနဲ့ ဆီခွက်ကိုတွဲထားတဲ့ Coupling Joint ပြုတ်ထွက်တာဗျို့ ............. ??? ??? ??? ??? ???
တော်သေးတာပေါ့ အဲသည်ကျမှ ကျန်တဲ့သူတွေပြေးလာကြတယ် ... ကျွန်တော်က ဘာလို့လေဗားမပိတ်တာလဲ မေးတော့ မသိဘူးလေတဲ့ ... ဒီဖက်က ပြင်နေတာကို မကြည့်မိလို့တဲ့ ...ကောင်းရော ဆဲချင်တာတောင် ဘယ်သူ့ကို ဆဲရမှန်းမသိ ....
အင်း ... ဒရာဂွန်လည်း အတော်လေး ပညာရလိုက်ပါတယ် .....
:e :e :e အလုပ်လုပ်တာ ကိုယ်တစ်ယောက်တည်း သေချာလို့မရဘူးဆိုတာရယ် ... အန္တရာယ်ရှိနိုင်တာတွေကို ကိုင်တွယ်တဲ့အချိန်မှာ လိုအပ်တဲ့ကာကွယ်မှုတွေ ကြိုတင်ပြင်ဆင်ဖို့လိုတယ် ဆိုတာပါပဲ ........ နောက်ကိုလည်း ဘယ်တော့မှ မပေါ့ဆရဲအောင် ဖြစ်သွားပါတယ် .........
ကဲ ခဏနားပါရစေဦးနော် ........
Dragon Warrior ............... :7: :7: :7: (အတွေ့အကြုံတွေကို အချိန်ရတိုင်း ရေးပေးသွားပါ့မယ် ... )
Dragon Warrior
07-07-2010, 11:13 PM
:5: :5: :5:
အင်း ... ငါ့လှေငါထိုး ပဂိုး(ပဲခူး)ရောက်ရောက်ဆိုသလို အလုပ်ကို လုပ်ခဲ့မိတဲ့ ကျွန်တော်မောင်ဒရာဂွန်ကတော့ ...
တောင်ဒဂုံက ပေါ်ပြူလာပလပ်စတစ်ကို အလုပ်ဝင်ပါတော့မယ် ... ပိုစ့်ကတော့ Supervisor ဗျ ... ပထမဆုံး အုပ်ချုပ်ရေး အတွေ့အကြုံပေါ့လေ ...
ပဲခူးက ပြန်ရောက်ရောက်ချင်း စက်ရုံကို သွားသတင်းပို့လိုက်ပါတယ် ... လကုန်မှ ၀င်ဖြစ်မယ့်အကြောင်းပေါ့လေ .. အဲ အင်တာဗျူးတုန်းက သိခဲ့ရတာကို ပြန်ပြောပြဦးမယ် ... စက်ရုံရဲ့ အုပ်ချုပ်မှုဖွဲ့စည်းပုံလေးပေါ့ဗျာ .. သူက ဂလိုဖွဲ့သဗျ ... လုပ်သား၊ ဖိုမင်၊ ဖိုမင်အင်ချပ်၊ ဆူပါဗိုက်ဆာ၊ ဆူပါဗိုက်ဆာ အင်ချပ်တဲ့ဗျ ... အထက်ကမှ မန်နေဂျာ ဘာညာပေါ့လေ ....... အဲသည်တုန်းက ဆူပါဗိုက်ဆာ အင်ချပ်ဆိုတာ .. ဘီအီးသမားလို့ထင်ထားခဲ့တာပေါ့ ... နောက်ပြီး ကိုယ့်ကို အင်တာဗျူးတာကလည်း လူငယ်ပိုင်ရှင်တွေ .. ကိုယ်လည်း အတော်လေး အားတက်သွားတယ် ...
ကြိုးစားရင် ဘုရားဖြစ် အဲလေ ... အထက်တန်းရာထူးတွေရနိုင်တယ်ပေါ့ .... (ထင်တာ ထင်တာ :2: :2:)
အလုပ်ဝင်တော့ လစာ ၈၀၀၀ နဲ့ ထမင်းကျွေး နေစရာပေးပါတယ် ... အလုပ်က ဂျူတီသုံးဆိုင်းပါ ... အလုပ်ဝင်လို့ နှစ်ရက်လောက်ရှိတော့ ... နောက်ထပ် ဂျီတီအိုင်ဆင်း ဆူပါတွေ ထပ်ရောက်လာပါတယ် အားလုံး ၄ ယောက်ပါ ... ဘာပြောကောင်းမလဲ ဂျီတီအိုင်ချင်းဆိုတော့ ကုလားကို နှိပ်စက်ကြတယ်ပေါ့ဗျာ ... (လစာလည်း အပြောင်ပဲ ဆိုပါစို့ ... ) .. အုပ်ချုပ်ရတဲ့သူတွေက သာမန်ရိုးရိုး အလုပ်သမားတွေ ဖိုမင်တွေနဲ့ ကြူစီတွေပါ ပါလာပါတယ် ... အဓိက ထုတ်လုပ်တာကတော့ ပလပ်စတစ်ပစ္စည်းမျိုးစုံပေါ့ဗျာ ...
အဲသည်မှာတင် ပရိုဒတ်ရှင်းတစ်ခုရဲ့ ... လုပ်ပုံကိုင်ပုံကို ကိုယ်တွေ့လေ့လာရတော့တာပေါ့ ... စ၀င်တဲ့ အလုပ်တုန်းကတော့ ကိုယ်က ချာတိတ်လိုပဲနေတာကိုး ... ကိုယ်တာဝန်ယူတဲ့စက်ကောင်းရင် အိုကေနေတာပဲ ... အခုကျတော့ ပေးထားတဲ့ထုတ်လုပ်ရေးရည်မှန်းချက်ကို မရရအောင်တွယ်ရတော့တာပဲဗျို့ ............. လူကို ပြန်ပြီးအကွက်စေ့ ခိုင်းရသလို .. စက်တွေကောင်းနေဖို့လည်း တာဝန်ယူပေးရပါတယ် .. ပလပ်စတစ်အင်ဂျက်ရှင်းမရှင်း ၁၅ လုံး ရှိပါတယ် ... ၃ တန်ကနေ ၅ တန်ထိက ၁၂ လုံး၊ ၇.၅ တန် နှစ်လုံးနဲ့ ၁၀ တန် ၁ လုံးပါ ... အဲသည်က တန်ကတော့ စက်အလေးချိန်ကို ပြောပုံရပါတယ် ... စက်က ကက်တလောက်တွေကလည်း ဗူးသီးငါးပေါင်းကြော်ချည့်မို့ ကိုဒရာဂွန်လည်း ဘာမှ နားမလည်ခဲ့ပါဘူး ... :O :O :O
အင်း အလုပ်ကတော့ အုပ်ချုပ်ရေးပိုင်းက အဓိကကျနေတာမို့ အလုပ်သမားတွေ အဆင်ပြေပြေလေး လုပ်နိုင်အောင် ကြီးကြပ်ရပါတယ် ... အဲ ဖြစ်ချင်တော့ ... ကော်စေ့တွေကို စက်က ဟော်ပါထဲထည့် အပူပေး အရည်ပျော်တော့ လွန်နဲ့တွန်းထုတ်တဲ့ နည်းနဲ့ ပလပ်စတစ်ပစ္စည်းတွေကို ထုတ်ပါတယ် ... စက်တွေနားမှာ အပူချိန်ကများတော့ စက်မောင်းတဲ့ကောင်မလေးတွေ ပင်ပန်းကြပါတယ် ... အဲ ထပ်ပြောရဦးမယ် ယောင်္ကျားလေးတွေသာ ဖိုမင်နဲ့ အထွေထွေလုပ်ကြတာ .. မိန်းကလေးအများစုက အော်ပရေတာတွေဗျ ... အဲသည်တော့ ဖိုမင်တွေက စက်တွေကို သေချာစစ်ဆေးပေးနေတယ်ဆို အဲဒါသူရစ်နေတဲ့ကောင်မလေး စက်မှန်း သိသာတာပေါ့ဗျာ ...
အဲ အလုပ်က လုပ်ရတာ ၂၄ နာရီ ဖြစ်တဲ့အတွက် ... အဆိုင်းတွေကြားနားချိန်က နာရီဝက်လောက် ခြားထားပေးပါတယ် ... ကျွန်တော်တို့ ဆူပါများရဲ့ ပြဿနာကတော့ နားချိန်မှာ မိန်းကလေး ယောင်္ကျားလေး ပူးပေါင်းစစ်ဆင်ရေးတွေ မဖြစ်အောင် စောင့်ကြည့်ကြီးကြပ်ရပါတယ် ... အပြင်မှာ ဘာပဲဖြစ်ဖြစ် အလုပ်ထဲတော့ မဖြစ်ရပေါ့ .. (ဟီ ဟိ အဲသည်ကများ ၀ဋ်လည်သလားမသိ အလုပ်ထဲကနေ ရည်းစားမရဖူးဘူး ... :2: :2: :2: ) .. နောက်တော့လည်း ကြီးကြပ်မှုကောင်းတာကြောင့် ကျွန်တော်အလုပ်ဝင်စဉ် တစ်လအတွင်း မင်္ဂလာဆောင် သုံးခုသွားလိုက်ရပါတယ် ... (အထဲမတွေ့ရတော့ အပြင်မယ်တွေ့ကြတာ ... ဟီ ဟိ) ... ပျော်လည်းပျော် စိတ်လည်းညစ်ခဲ့ရတဲ့ အလုပ်ပါ ... ဘာဖြစ်လို့လည်းဆိုတော့ ဆူပါအင်ချပ်က အတူအင်တာဗျူးတဲ့အထဲက အာကောင်းသူကို ပေးလိုက်လို့ပါပဲ .. အလုပ်မကျွမ်းပဲ အာကောင်းသူမို့ ပိုင်ရှင်ကလည်း ကြိုက်ပေါ့ဗျာ ... ကုမ္ပဏီများ သန္ဓေတည်စအချိန်တွေပေါ့ ...
အလုပ်ဝင်ရင်း ပြဿနာကြုံလာပါတယ် ... ဖြစ်တာက အော်ပရေတာကောင်မလေးတွေ ညဆိုင်းဆို တစ်ညတစ်ယောက်လောက် မူးလဲတာဗျို့ ... ??? ??? ??? အက်ဒမင် မန်နေဂျာကတော့ မှတ်ချက်ပြုမေးရှာတယ် ဘယ်သူနဲ့ကြိုက်တာလဲ ဘာလဲနဲ့ ... (မူးလဲရင် ဒါပဲထင်တာကိုး :4:) .. အဲသည်တော့ သက်သာအောင် အနားပေးပေါ့ဗျာ .. ပြီးတော့ လူတွေ ပြန်ပြောင်း .. ဟိုလှည့် ဒီလှည့်နဲ့ အတော်လေး ဒုက္ခများပါတယ် ... နောက်တော့ မူးလဲတာက ရည်းစားရှိသူကလည်း လဲ .. မရှိသူကလည်း လဲဆိုတော့ ... ကိုဒရာဂွန်တို့ ဆူပါတွေ တိုင်ပင်ရပါတော့တယ် ... သွေးရိုးသားရိုးမှ ဟုတ်သလားပေါ့ ... နောက်တော့ အတွင်းစကား ပြန်ကြားတာက မူးတယ်ဆို အနားပေးရတာကိုး အိပ်လို့လည်းရဆိုတော့ တာဝန်တစ်ရပ်အနေနဲ့ မူးလဲကြကြောင်း သိရသဗျ ...
ဟင်း ဘယ်ရမလဲ ... ဒါမျိုးဆို ပေါက်တတ်ကရဥာဏ်အရမ်းကောင်းတဲ့ ကိုဒရာဂွန်က အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ် .. အားလုံးသော ဆူပါများကလည်း ခြွင်းချက်မရှိ သဘောညီတယ်လေ အမယ် လိုတာတွေတောင် ထပ်ဖြည့်ပေးသေး :2: :2: ... ပြီးတော့ ဖိုမင်ကောင်လေးတစ်ယောက်ကို သေချာတာဝန်ပေးထားသဗျာ ... နောက်ညတော့ တွေ့မဟဲ့ဆိုပြီးတော့ပေါ့ ...
နောက်တစ်နေ့ည အလုပ်ဝင်လို့ ... ညဆိုင်း တစ်နာရီလောက်မှာ မူးလဲပါပြီ .. (သိပ်ငိုက်လို့ကောင်းတဲ့ အချိန်ကိုးဗျ .. ) .. ဟား ကိုဒရာဂွန်တို့ ဆူပါတွေမျက်ရိပ်ပြလိုက်တာနဲ့ .. တာဝန်ပေးထားတဲ့ ဖိုမင်ကောင်လေး ၀ုန်းဆိုခုန်ထွက် .. မေ့လဲတဲ့ကောင်မလေးကို မြေမှာအသာလေးချ .. အသက်ရှုမှန်စေဖို့ .. နှုတ်ခမ်းချင်းတေ့ အသက်ကယ်နေတာများဗျာ ... ပြန်မြင်ယောင်မိသေးတော့ .. :2: :2:
အဲ ဘေးနားက ကောင်မလေးတွေလည်း ရုတ်ရုတ်သည်းသည်းပေါ့ ပွစိပွစိသံတွေလည်း ကြားရသဗျ ... ကျွန်တော်ကတော့ မသိချင်ယောင်ဆောင်နေပလိုက်တယ် ... ဖြစ်ချင်တော့ ကောင်မလေးက သိပ်လည်းမချောပါဘူး ဒါပေမယ့် ကိုယ်လုံးကိုယ်ပေါက်က မဆိုးဘူးပြောရမယ် ... ကျန်ဖိုမင်တွေကတော့ အားကျတဲ့ မျက်လုံးတွေပြူးလို့ ... အဟီး ... ခဏပဲကြာပါတယ် ကောင်မလေးလူးလဲထ .. ဟင်း ဟဲ ဆိုပြီး ပြန်ကောင်းသွားပါလေရော ... (စိတ်ထဲကတော့ ဘာရမလည်း ငါကွပေါ့ ... :4: :4: )
အဲ နောက်နေ့ကစလို့ ကျွန်တော် အလုပ်မှထွက်လာသည်ထိ မူးလဲသံမကြားရတော့တာပါပဲဗျာ ... :haha: :haha: :haha: .. အဲသည်တုန်းကတော့ လူငယ်စိတ်နဲ့ ထင်ရာစွတ်လုပ်ခဲ့မိတာကိုး ... နောက်မှ ပြန်စဉ်းစားမိတာက ကောင်မလေးက လန့်ဖြန့်ပြီးပါးထတီးရင် ပြဿနာက အတော်ရှင်းရဦးမယ် .. ကံကောင်းလို့ ဟိုကလည်း ကြောက်ပြီးငြိမ်နေလိုက်လို့ ... ဟီး ဟီး ကောင်းတယ်နော် ပြဿနာရှင်းပုံလေး .... :D :D :D :D :D
ကိုင်း ... ကောင်းကြီးတို့ ဆောင်းဆောင်းတို့ အခုဆို သွားရေကျနေလောက်ပေါ့ ...
ခဏနားရင်း အတိတ်ကအကြောင်းလေးတွေ ခြေရာပြန်ကောက်ဦးမဗျာ ........
နဂါးစစ်သည်တော် (Dragon Warrior) ... ... ... :7: :7: :7:
theint thinza
07-01-2013, 03:01 PM
တော်လိုက်တဲ့စီနီယာတွေဗျာ......ကျွန်တော်ကတော့အလုပ်ဝင်တာ၅ရက်experience ကမရှိ၊knowledge ကမပြည့်စုံ၊forwarding company သူဌေးကဂျပန် ခင်ဗျ၊နိုင်ငံခြားကimport လုပ်မဲ့ machine,turbineတွေကို မပျက်မစီးပဲ power plant in Myanmar ကိုရောက်အောင်သင့်တော်တဲ့container truck တွေကိုရွေးရမယ့်တာဝန်ပါခင်ဗျ။ဘယ်လိုပို့ရမလဲ........၊မတော်လို့တစ်ခုခုပျက်စီးရင် ဘယ်လိုလုပ်မလဲ လို့.......