PDA

View Full Version : Where can i find posts for 3ds max?



papagyi
08-04-2008, 10:27 PM
May i see any post for 3ds max. :'(

ကိုဆန်း
08-05-2008, 01:04 AM
ကိုpapagyi ကြီးရေ..
ဒီနေရာမှာပါပဲ..3D Studio Max နဲ့ပတ်သတ်တာတွေ ဆွေးနွေးဖို့ပါ..
ဆွေးနွေးချက်စတင်မယ့် သူ ပေါ်မလာသေးတာပါ...
ကဲ..3D Studio Max ကိုစတင်ပေးမယ့်သူများကို တစ်ခါတည်းပဲ ဖိတ်ခေါ်ပါရစေဗျာ...

ခင်မင်လေးစားစွာဖြင့်
မောင်ဆန်း

teelay
10-15-2008, 12:56 PM
ဆွေးနွေးချင်ပါတယ်။ဒါပေမယ့် MAX ကိုစလေ့လာတုန်းမို့ပါ။ပိုမြန်သွားအောင်သင်တန်းအခြေခံတက်ပြီးမှ self studyလုပ်တာပိုကောင်းမလားလို့
ဘယ်မှာအရင်တက်သင့်သလဲပြောပြပေးပါ။Vray အကြောင်းလဲသိချင်ပါသေးတယ်။အလျင်လိုနေလို့ပါ။ကျေးဇူးတင်ပါတယ်။ :)

papagyi
10-15-2008, 10:15 PM
ဒီ link....http://www.myanmarengineer.org/forum/index.php/topic,1528.0.html မှာ 3ds max အကြောင်းဖတ်ကြည်.ပြီး သိချင်တာရှိသေး၇င်
အဲဒီမှာပဲမေးနိုင်ပါတယ်။teelay ကဘာလုပ်ဖို.အတွက်လဲ၊ ဘာတွေေ၇ာ လေ.လာပြီးပြီလဲ။ဒါမှ သေသေချာချာ ပြောနိုင်မှာမို.ပါ။

teelay
10-17-2008, 11:37 AM
ကိုပပကြီးခင်ဗျား
အခုမှစလုံးရေစရမှာမို့ မဆွေးနွေးနိုင်သေးတာမို့ အရမ်းအားနာပါတယ်ခင်ဗျား။
ကျွန်တော်က Architect Drawings အတွက်လုပ်ချင်တာပါ။နောက်တစ်လနှစ်လလောက်
ဆိုရင်တော့မေးစရာလေးတွေရှိလာလိမ့် မယ်လို့ ထင်ပါတယ်။ACAD ကနေ 3D ဆွဲပြီး
Import လုပ်တာလောက်လေးပဲသိပါတယ်။MaxထဲမှာModelဆွဲတတ်ချင်တာပါ။
Vray အတွက် EBook ကလေး များရနိုင်မလားခင်ဗျား။ကျေးဇူးအထူးပါ။

papagyi
10-17-2008, 12:05 PM
vray ebooks ရှိပါတယ်။သူ.ကိုလေ.လာမယ်ဆို၇င် 3ds max ရဲ.အခြေခံ tools တွေ (lighting....camera..material..mapping...နဲ. what is GI(globle illumination) & Final gathering? ဆိုတာတွေ နားလည် အသုံးချ တတ်အောင်အ၇င် လုပ်ပြီး မှလေ.လာ သင့်ပါတယ်။လိုတာပြောပါ...တတ်နိုင် သမျှ ကူညီပေးပါ.မယ်။

A Ziz
12-13-2008, 09:55 AM
Where can I buy this e-book?

papagyi
12-15-2008, 03:17 AM
ဝယ်ဖို့ဆိုရင်တော့ vray နဲ့ပတ်သက်ပြီး နောက်ဆုံးထွက်ထားတဲ့ စာအုပ်ရှိပါတယ်။ကျွန်တော်အရမ်းလိုချင်တဲ့စာအုပ်ပါ။ဒီlink မှာကြည့်ပါ။
http://www.treddi.com/forum/index.php?autocom=mypages&page=vray_the_guide
cost ကလဲ euro 120 လောက်နဲ့ shipping cost ကပါဦးမှာဆိုတော့ အိမ်မက်ထဲမှာပဲဖတ်တော့မယ်။ :) :)
မြန်မာပြည်ကဆိုရင် ပိုက်ဆံပေးနိုင်တောင် ဝယ်ဖို့မလွယ်ပါဘူး။ebook version လဲထွက်မယ်ထင်ပါတယ်။
ကျွန်တော်ပြောတဲ့ ebooks ဆိုတာ vray နဲ့ပတ်သက်ပြီး free ပေးထားတဲ့ tutorial အပိုင်းလေးတွေပါ။
ပေါင်းလိုက်ရင်တော့ တော်တော်များပါတယ်။

ကိုဆန်း
12-15-2008, 06:43 AM
ကိုပပကြီးနဲ့ ကိုteelay ရေ..
အိပ်မက်ထဲမှာပဲတော့ မဖတ်ပါနဲ့ဗျာ။
V-Ray Video Training for Architectural Visualization ဆိုတဲ့ DVD တစ်ချပ်စာကျွန်တော့်မှာရှိပါတယ်။
size များတာရယ်၊ဒီက လိုင်းအခြေအနေရယ်နဲ့ အပိုင်းပေါင်း ၄၀ လောက်ခွဲပြီး ပြန်တင်ပေးရင်တောင် မြန်မာက လိုင်းအခြေအနေနဲ့ ပြန်ဒေါင်းရတာအဆင်မပြေလောက်ဘူးထင်လို့ မတင်ပေးနိုင်သေးတာပါ။
ဒီကကျွန်တော်သုံးတဲ့လိုင်းကလည်း Eco ကျကျရယ်ဆိုတော့.. ;D
ကျွန်တော်ပြန်လာတဲ့အခါ ကိုပပကြီးကို လက်ဆောင်အဖြစ် အဲဒီ DVD လေးခုတ်ပြီး ပေးပါ့မယ်။ :D
အခြားလိုချင်တဲ့သူတွေကတော့ ကိုပပကြီးနဲ့ချိတ်ပြီး ပြန် ကော်ပီကြပေါ့ :P
စာအုပ်တွေကတော့ size သေးတော့ ပြန်တင်ပေးရတာ အဆင်ပြေပါတယ်။
လောလောဆယ်တော့ Evermotion 3dsmax Creating an interior scene ဆိုတဲ့ စာအုပ်လေးကို ဒီနေရာလေးမှာ (http://www.myanmarengineer.org/forum/index.php/topic,2550.msg15010.html#msg15010) တင်ထားပေးပါတယ်။
အခြား 3D Max နဲ့ ပတ်သတ်သမျှ Ebook များလည်း ရှာဖွေပြီး တင်ပေးသွားပါ့မယ်။
အားလုံးကို ကျေးဇူး။ :)