PDA

View Full Version : ဂဏန်းပေါင်း



nyinyi27
04-02-2010, 11:25 PM
http://i768.photobucket.com/albums/xx330/nyinyi27/ganan1.jpg

http://i768.photobucket.com/albums/xx330/nyinyi27/ganan2.jpg

http://i768.photobucket.com/albums/xx330/nyinyi27/ganan3.jpg


ကဏန်းပေါင်းလုပ်ရတာ အရမ်းကို လွယ်ကူလှပြီး စားလို့ကောင်းတာမို့ မောင်နှမတွေကို လက်ဆင့်ကမ်း မျှဝေလိုက်တာပါနော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ကဏန်း၊ အချဉ်လုပ်ဖို့အတွက် တရုပ်နံနံ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်အနည်းငယ်၊ ဆား၊ သကြားအနည်းငယ်နဲ့ သံပရာသီးတို့ပါနော်။

ကဏန်းကို ဘရှပ်နဲ့ တိုက်ချွတ်ပြီး ရေနဲ့သန့်စင်အောင်ဆေးကြောပါတယ်။ ပြီးရင် ခြေချောင်းလေး တွေရဲ့ အဖျားပိုင်းတွေကို ဖယ်ပစ်ပါတယ်။ ပြီးတော့ ကဏန်းကို ပက်လက်လှန်လိုက်ပြီး တြိဂံပုံလေးလိုဖြစ်နေတဲ့ အပိုင်းကို ဖယ်ရှားပစ်လိုက်ပါတယ်နော်။ ပြီးရင် ဂဏန်းရဲ့ အခွံမာကို ခွာပစ်ပြီး ပါးဟက်လိုဟာတွေကို ဖယ်ရှားပစ်ပါတယ်။ ပြီးတော့မှ သန့်စင်အောင် ရေနဲ့ ပြန်ဆေးပါတယ်နော်။

ကဏန်းပေါင်းဖို့အတွက် ပေါင်းအိုးထဲ ရေထည့်ပါတယ်။ ပြီးတော့မှ အပေါ်ကနေ ဇကာလေး တင်ပြီး ကဏန်းတွေကို စီစီရီရီထည့်ပါနော်။ ပြီးရင် အဖုံးအုပ်ပြီး စပေါင်းပါတယ်။ ၁၅ မိနစ်လောက်ကြာရင် ကဏန်းတွေ နီရဲလာတာကို တွေ့ရပါမယ်နော်။ အဲ့ဒီအချိန်ကျရင် ကဏန်းတွေကို ဟိုဘက်ဒီဘက် လှန်ပေးလိုက်ပါတယ်နော်။ ပြီးတော့ ၁၀ မိနစ် ထပ်ပေါင်းပါတယ်နော်။ ၁၀ မိနစ်ပြီးရင်တော့ ကောင်းမွန်စွာ ကျက်နေပြီဖြစ်တဲ့ ကဏန်းပေါင်းကို ရရှိမှာ ဖြစ်ပါတယ်နော်။

အချဉ်အတွက် တရုတ်နံနံရယ်၊ ကြက်သွန်ဖြူရယ်၊ ငရုတ်သီးစိမ်းရယ်ကို သန့်စင်အောင် ရေဆေးပြီးတော့ ပါးပါးလေးတွေ ရအောင်လှီးပါတယ်။ ရလာတာကို ပဲငံပြာရည်အနည်းငယ်၊ ဆားနဲ့ သကြားအနည်းငယ်စီ ထည့်ပါတယ်နော်။ ပြီးရင် သံပရာရည်ကို ထည့်ပြီး ကောင်းမွန်စွာ သမအောင် ရောမွေပေး ပါတယ်နော်။ တကယ်လို့ တရုတ်နံနံ အနံ့ကို မကြိုက်တဲ့သူဆိုရင်တော့ နံနံပင်ထည့်လို့ရသလို၊ မကြိုက်ရင်လည်း ငရုတ်သီးစိမ်း ကြက်သွန်ဖြူနဲ့ပဲ လုပ်လည်းရပါတယ်နော်။

အချဉ်လည်း အသင့်ဖြစ်ပြီဆိုရင်တော့ ကဏန်းပေါင်း ပူပူနွေးနွေးလေးကို ချဉ်ငံစပ်အရသာလေးနဲ့ မွှေးကြိုင်လှတဲ့ အချဉ်လေးနဲ့ အသင့်သုံးဆောင်နိုင်ပါပြီနော်။

ပုံလေးကတော့ အင်ဒိုနီးရှားအမေကို မနေ့ညက လုပ်ကျွေးခဲ့တဲ့ ဂဏန်းပေါင်းလေးပါနော်။ ကဏန်းအပြင် ပင်လယ်စာကြိုက်တတ်တဲ့သူများအနေနဲ့ ပုစွန်၊ ခရု စတာတွေကိုလည်းအခုလိုပဲ ပေါင်းစားရင် သိပ်ပြီး အရသာရှိလှပါတယ်နော်။

ပင်လယ်စာကြိုက်တတ်တဲ့ မောင်နှမများ၊ ပင်လယ်စာနဲ့ တည့်တဲ့မောင်နှမများ တစ်ခါတလေ အပျင်းပြေ ကဏန်းပေါင်းလေး လုပ်စားကြည့်ပါဦးနော်။


credit to lulucooking.blogspot