PDA

View Full Version : ပြည်တွင်းသတင်းများ



Pages : 1 2 [3]

poohcartoon
10-27-2010, 09:45 AM
My Ring Tune စနစ်ကို ကမ်ရိုးတန်းဖုန်းများတွင် အသုံးပြုနိုင်တော့မည်
http://www.yatanarpon.com.mm/index.php?ch=85&pg=197&ac=510&bb=img_big&tpt=ytheme_201007
ဖုန်းခေါ်ဆိုရာ၌ ကြားနေကျ ဖုန်းသံအစား ရွေးချယ်ပေးထားသည့် သီချင်းသံကို ကြားစေနိုင်မည့် My Ring Tune ၀န်ဆောင်မှုကို စီဒီ အမ်အေ ၄၅၀ မဂ္ဂါဟတ်ဇ် မိုဘိုင်းဖုန်းများတွင် လာမည့်လမှ စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ထိုဝန်ဆောင်မှုကို ပေးအပ်သည့် Fortune ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ "သီချင်း တစ်ပုဒ်ကို ၃၀၀ ကျပ်နှုန်းနဲ့ ကမ်းရိုးတန်း ဖုန်းတွေအတွက် ဒီလ ကုန်ရင် ၀န်ဆောင်မှု ပေးသွားမှာပါ သီချင်း ၁၀ ပုဒ်အထိ ၀ယ်ယူ အသုံးပြုနိုင်ပါတယ်။ ၀ယ်ပြီးသွားရင်လည်း ၀ယ်ထားတဲ့ သီချင်း ၁၀ ပုဒ်ကို စိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။ အဆိုပါ ၀န်ဆောင်မှုကို ရယူလိုပါက www.myringtune.com တွင် သီချင်းများ ရွေးချယ်နိုင်ပြီး သီချင်းများ၏ ကုဒ်နံပါတ်ကို ရိုက်နှိပ်၍ ဖုန်းနံပါတ် ၁၇၇ သို့ မက်ဆေ့ခ်ျ ပေးပို့၍ မှတ်ပုံတင် ရယူနိုင် သည့် အပြင် သတ်မှတ်ထားသည့် ဆားဗစ်စင်တာများတွင်လည်း သွားရောက်၍ ထည့်သွင်းနိုင်သည်။ ထိုဝန်ဆောင်မှုအတွက် လစဉ် ကြေးအဖြစ် တစ်လလျှင် ကျပ် ၂,၀၀၀ ကျသင့်မည် ဖြစ်ပြီး သီချင်းတစ်ပုဒ် ရွေးချယ် ထည့်သွင်းမှုအတွက် ကျပ် ၃၀၀ ကျသင့်မည် ဖြစ် သည်။ ထိုဝန်ဆောင်မှုကို လက်ရှိတွင် ငွေကျပ် ၁၅ သိန်းတန် စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်ဇ် မိုဘိုင်းဖုန်းများတွင်သာ ရရှိမည် ဖြစ်ပြီး ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်ဇ် ဖုန်းများတွင်လည်း ဆက်လက်ဝန်ဆောင်မှုပေးရန် စီစဉ်လျက်ရှိကြောင်း၊ သို့ရာတွင် မည်သည့်အချိန်တွင် စတင်ဝန်ဆောင်မှု ပေးနိုင်မည်ကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။ ထို My Ring Tune ၀န် ဆောင်မှုကို စက်တင်ဘာလ ၁ ရက်မှ စတင်၍ ဂျီအက်စ်အမ်ဖုန်းများတွင် စတင်သုံးစွဲနိုင်ရန် ၀န်ဆောင်မှုပေးခဲ့ပြီး လက်ရှိတွင် မှတ်ပုံ တင် သုံးစွဲသူပေါင်း ၁၀,၀၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။
@yatanarpon.com.mm

poohcartoon
10-28-2010, 04:54 PM
ငမိုးရိပ်ချောင်း အတွင်း မိကျောင်း တစ်ကောင်တွေ့
http://www.yatanarpon.com.mm/index.php?ch=80&pg=166&ac=539&bb=img_big
ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်(၂၉) ရပ်ကွက် စိန်ကမ္ဘာ ဆားစက် အနီးရှိ ငမိုးရိပ်ချောင်း အတွင်း၌ မိကျောင်းတစ်ကောင် တွေ့ရှိကြောင်း စိန်ကမ္ဘာ ဆားစက် လုပ်ငန်းရှင် ဦးမျိုးဝင်းက ပြောကြားသည်။ အဆိုပါ မိကျောင်းကို အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၉နာရီခွဲ အချိန်၌ ငမိုးရိပ်ချောင်းနှင့် ဆက်သွယ်ထားသော သုဝဏ္ဏ ရေနုတ်မြောင်း အတွင်း အစာ ဖမ်းယူစားသောက်နေစဉ် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
မိကျောင်းမှာ ခုနစ်ပေခန့် အရွယ်ရှိပြီး အန္တရာယ် ပြုနိုင်သောကြောင့် လာရောက်ဖမ်းဆီးရန် သာကေတ မိကျောင်း မွေးမြူရေး စခန်းသို့ အကြောင်းကြားခဲ့ကြောင်း၊ သက်ဆိုင်ရာက သွားရောက် ဖမ်းဆီးရန် ဆောင်ရွက်ခဲ့သော်လည်း ချောင်းရေ တက်နေခြင်းနှင့် ဖမ်းဆီးရန် မလွယ်ကူခြင်းကြောင့် မိကျောင်းကို မဖမ်းဖြစ်ခဲ့ကြောင်း၊ မိကျောင်းမှာ အဆိုပါ နေရာ၌ပင် ဆက်လက် ရှိနေဆဲဖြစ်ကြောင်း ဦးမျိုးဝင်းက အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပြောကြားသည်။ “မိကျောင်းမွေးမြူရေး စခန်းက ဖမ်းဖို့အတွက် ရေထဲကို ဆင်းတာနဲ့ မိကျောင်းက ရေထဲ ပြန်ငုတ်သွားတယ်။ ဖမ်းမယ့်သူတွေ ပြောတာကတော့ နောက်ထပ် တစ်ကောင် ရှိနိုင်တယ်လို့ ခန့်မှန်းကြတယ်” ဟု စိန်ကမ္ဘာ ဆားစက်ရုံရှိ လုပ်သားတစ်ဦး ပြောကြားသည်။
“အကောင်သေးရင်တော့ သဘာဝအတိုင်းပဲ ရှိစေချင်ပါတယ်။ အခုဟာက အကောင်ကြီးတော့ လူတွေအတွက်လည်း အန္တရာယ် များသလို၊ သူ့အတွက်လည်း အန္တရာယ်ရှိနိုင်လို့ ကျွန်တော်တို့က ဖမ်းစေချင်တာ” ဟု ဦးမျိုးဝင်းက ဆက်လက် ပြောကြားသည်။ သာကေတ မိကျောင်းမွေးမြူရေး စခန်းသို့ The Voice Weekly က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ “ပထမရက်က ကျွန်တော် တို့ သွားဖမ်းခဲ့သေးတယ်။ အန္တရာယ်များလို့ မဖမ်းဖြစ်ခဲ့ဘူး။ ကျွန်တော်တို့က မိကျောင်းပဲ မွေးတာ မိကျောင်းဖမ်းတာ သိပ်မကျွမ်းဘူး။ အခုလည်း သူတို့ဆီက ဘာမှတော့ ပြန်ပြီး မဆက်သွယ် သေးပါဘူး။
ဒီမိကျောင်းက ကျွန်တော်တို့ ဆီက လွတ်တာတော့ မဟုတ်ဘူး” ဟု သာကေတ မိကျောင်း မွေးမြူရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပြန်လည် ဖြေကြားသည်။လွန်ခဲ့သည့် သုံးနှစ်ခန့်ကလည်း နှစ်ပေအရွယ် မိကျောင်းဖြူ တစ်ကောင်ကို ငမိုးရိပ်ချောင်း အတွင်း၌ တွေ့မြင် ဖူးခဲ့ကြောင်း၊ ယခုမိကျောင်းမှာ အရွယ်အစား ပို၍ကြီးကြောင်း၊ ငမိုးရိပ်ချောင်း အတွင်း ငါးဖမ်း ကြသူများ၏ အဆိုအရ မိကျောင်းသုံးကောင် ရှိသည်ဟု ပြောဆိုကြကြောင်း၊ ယခု ပတ်ဝန်းကျင် အနီး၌ မိကျောင်း ကိုက်ခံရခြင်းကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ကြောင်း၊ ယခု တွေ့ရှိသည့် မိကျောင်းသည် ငမိုးရိပ် မိကျောင်း အမျိုးအစား ဖြစ်သည်ဟု မိကျောင်း ကျွမ်းကျင်သူများက ပြောဆိုခဲ့ကြောင်း စိန်ကမ္ဘာ ဆားစက်ရုံ အနီး နေထိုင်ကြသူများက ပြောကြားသည်။
@yatanarpon.com.mm

poohcartoon
10-28-2010, 04:56 PM
အင်တာနက် သုံးနိုင်မည့် ကျပ် ငါးသိန်းဖုန်း လျှောက်နိုင်ပြီ
http://www.yatanarpon.com.mm/index.php?ch=64&pg=115&ac=1043&bb=img_big&tpt=ytheme_201007
အင်တာနက် သုံးစွဲနိုင်မည့် ကျပ် ငါးသိန်းတန် စီဒီ အမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းများကို ယခုလ ၂၃ ရက်မှ စတင်၍ နေပြည်တော်၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတွင် လျှောက်ထား ရယူနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါဖုန်းများသည် ၀၆၇ နပါံတ်ြဖင့် စတင်သ့် ဖုန်းများဖြစ်ပြီး EVDO (Evolution Data Optimized) စနစ်ဖြင့် အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်မည့်အပြင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စသည့် မြို့သုံးမြို့လုံးသို့ သယ်ဆောင်သုံးစွဲနိုင်မည် ဖြစ်သည်။ “ဒီဖုန်းတွေ EDVO စနစ်နဲ့ Data Service ကို သုံးစွဲနိုင်မှာပါ။ ဒါပေမယ့် လက်ရှိမှာတော့ နေပြည်တော်အတွင်းမှာပဲ ဒါကို သုံးလို့ရဦးမယ်။ ရန်ကုန်နဲ့ မန္တလေးမှာတော့ စက်တွေစမ်းတုန်း၊ ပစ္စည်းတွေတပ်တုန်းဆိုတော့ ဒီဇင်ဘာလောက်မှာပဲ Data Service ကို သုံးလို့ရမယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ထိုဖုန်းများတွင် အင်တာနက် ချိတ်ဆက်သုံးစွဲလိုသူများ အနေဖြင့် မှတ်ပုံတင်ရန်လိုအပ်ပြီး ကနဦးမှတ်ပုံတင်ကြေးမှာ ကျပ် ၃၀,၀၀၀နှင့် အင်တာနက်သုံးစွဲခအတွက် တစ်မိနစ်လျှင် ၁၀ ကျပ်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းများကို ပြည်ပနိုင်ငံများသို့ သယ်ဆောင်သုံးစွဲနိုင်ရေးအတွက် ပြည်ပ Telecom Operator များနှင့် ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းများကို လက်ရှိတွင် ထိုင်း၊ တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများတွင် သုံးစွဲလျက်ရှိကြောင်း သိရသည်။ ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းများကို ဇန်နဝါရီ ၄ ရက်မှစတင်ကာ အများပြည်သူသို့ ငှားရမ်းသုံးစွဲခွင့်ပြုခဲ့ပြီး လက်ရှိတွင် ဖုန်းအလုံးရေ ၁၅၀,၀၀၀ ခန့် ချထားပေးပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သတင်းထုတ်ပြန်သည်။
@yatanarpon.com.mm

poohcartoon
10-28-2010, 04:58 PM
ပြည်ပမှ ဆိုက်ဘာ တိုက်ခိုက် ခြင်းများ ခံနေရသဖြင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ
မြန်မာ နိုင်ငံ၏ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း များကို ပြည်ပ နိုင်ငံများမှ ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ် ခံရသဖြင့် ယခုရက်ပိုင်း အတွင်း အင်တာနက် မြန်နှုန်း နှေးကွေးခြင်းများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ " ဒီတစ်ခါ ပြည်ပကနြေ့ပီး ဆိုက်ဘာတိုက်ခိုက်ခံရတာက ရတနာပုံတယ်လီပို့ ရယ်၊ မြန်မာ့ ဆက်သွယ်ရေးရယ်၊ FttH ( Fiber to the Home ) ရယ်၊ဆိုပြီး တစ်ခုခုကို ဦးတည်တိုက်ခိုက်တာ မဟုတ်ဘူး၊။ ပြည်တွင်း ရဲ့ အင်တာနက် ဆက်သွယ်မှု အားလုံးကို ပြတ်တောက်သွားအောင် ရည်ရွယ်ချက်နဲ့လုပ်တာ။ ဒီ ရတနာပုံတယ်လီပို့ နဲ့ အတူ ပြည်တွင်းပြည်ပ က ကွန်ပျူတာပညာရှင်တွေ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၄ နာရီလုံး စောင့်ကြည့်နေတယ် ၊ တစ်ရက် နှစ်ရက်အတွင်းမှာ အင်တာနက်ဆက်သွယ်မှု တွေ ပြန်ကောင်းအောင် လုပ်ပေးပါမယ် " ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းက ဆက်လက်ပြီး " ဒီတစ်ခါတိုက်ခိုက်ခံရတာ ဒုတိယ အကြိမ်မြောက် ပါ ။ အခု အင်တာနက်ကို အမီပြုနေရတဲ့ လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ အကုန် ကွန်ပလိန်း တက်နေကြပြီ" ဟု ဖြည့်စွက်ပြောကြားသည်။ ဆိုက်ဘာတိုက်ခိုက်နည်း စနစ်များ ထဲမှ တစ်ခုဖြစ်သော DDOS ( Distributed Denial - of - Service ) ဟု ခေါ်သည့် စနစ်ဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး ထို ဆိုက်ဘာ တိုက်ခိုက်မှုမှာ အောက်တိုဘာ ၁ ရက်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။ ဆိုက်ဘာတိုက်ခိုက်မှု ပြင်းထန်သည့်အချိန်များတွင် နိုင်ငံတကာ အင်တာနက် ဆက်ကြောင်းများ အားလုံး အပြည့်နီးပါးဖြစ်သဖြင့် Bandwidth များ အပြည့်ဖြစ်ကာ သက်ဆိုင်ရာ အိုင်အက်ပီများရှိ ဆာဗာများ Down သွား သည်အထိ ဖြစ်သဖြင့် အင်တာနက်များ သုံးစွဲမရသည်အထိ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်း ထုတ်ပြန်သည်။
ယင်းသို့ ဆိုက်ဘာ တိုက်ခိုက်ခြင်းခံရသဖြင့် ယခုရက်ပိုင်းအတွင်း အင်တာနက်သုံးစွဲမှုများ နှေးကွေးနေပြီး သုံးစွဲမရ ဖြစ်နေသည့်အတွက် အင်တာနက်ဆိုင်များ ပိတ်ထားရသည်အထိ ဖြစ်နေပြီး ၊ အင်တာနက် အသုံးပြု လုပ်ဆောင်နေရသော အိုင်တီလုပ်ငန်းများလည်း လုပ်ငန်းနှောင့်နှေးမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သုံးစွဲသူများ ထံမှ သိရသည်။ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကလည်း ရတနာပုံ တယ်လီပို့ ကုမ္ပဏီ ၏ အင်တာနက် ၀န် ဆောင်မှုများကိုလည်း အလားတူ DDOS စနစ်ဖြင့်ပင် တိုက်ခိုက်ခြင်းခံရခဲ့ဖူးပြီး အင်တာနက်လိုင်း များ နှေးကွေးခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှပင် သိရသည်။ ထိုသို့ တိုက်ခိုက်ခံခဲ့ရစဉ်က ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်ရန် ပြည်တွင်းရှိ အိုင်တီပညာရှင်များ ပူးပေါင်းကာ ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
@yatanarpon.com.mm

kosithuag
10-28-2010, 11:07 PM
၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလဆန်းမှစ၍ CDMA 800 MHZ ငါးသိန်းဖုန်းများတွင် အင်တာနက်ဝန်ဆောင်မှု ပေးမည်

အင်တာနက်ဝန်ဆောင်မှုအား 3G စနစ်ဖြင့် ပေးသွားမည်ဖြစ်ကာ ISP(Internet Service Provider)မှ ခွင့်ပြုထားသည့် အင်တာနက်ဆိုင်ရာ ၀န်ဆောင်မှုအားလုံး ရရှိမည် ဖြစ်ကြောင်း သိရသည်။ အင်တာနက် သုံးစွဲမှုကို လာမည့် ဒီဇင်ဘာလဆန်းတွင် စတင်သုံးစွဲခွင့် ပြုမည် ဖြစ်ပြီး စတင်ချိန်တွင် သုံးစွဲသည့် ဦးရေကို အကန့်အသတ်ဖြင့်သာ လက်ခံမည်ဖြစ်ကြောင်း သိရသည်။

"အခု အင်တာနက် service ပေးဖို့အတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ တပ်ဆင်နေပါတယ်။ နိုဝင်ဘာ လကုန်လောက်မှာ အပြီးတပ်ဆင်မှာ ဖြစ်တဲ့အတွက် ဒီဇင်ဘာ လဆန်းလောက်မှာ စပြီးတော့ အင်တာနက် service ပေးနိုင်မှာပါ"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ဆိုပါသည်။

စတင်သုံးစွဲခွင့်ပြုချိန်တွင် ရန်ကုန်မြို့၌ အလုံးရေ လေးသောင်း၊ မန္တလေးမြို့တွင် တစ်သောင်းနှင့် နေပြည်တော်ခရိုင်တွင် တစ်သောင်း စသည်ဖြင့် သုံးစွဲခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ အင်တာနက် service ရရှိလိုသူ ငါးသိန်းတန်ဖုန်း ကိုင်ဆောင်ထားသူများအား လျှောက်လွှာစနစ်ဖြင့် လက်ခံသွားမည်ဖြစ်ကာ service ရရှိသူများထံမှ ၀န်ဆောင်ခနှုန်းထား ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

"အင်တာနက်သုံးစွဲခွင့်ရတဲ့ ဖုန်းကို အင်တာနက် service ရမယ့် ဖုန်းကတ်နဲ့ ပြန်လဲလှယ်ပေးမှာ ဖြစ်ပါတယ်။ ဒီကတ်ကို ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ လက်တော့ပ်နဲ့ပဲဖြစ်ဖြစ် ထည့်ပြီး သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် သောင်းဂဏန်းဝန်းကျင်ရှိတဲ့ ၀န် ဆောင်ခကို ကောက်ခံသွားမှာ ဖြစ်ပါတယ်"ဟု အဆိုပါတာဝန်ရှိသူက ပြောပြသည်။
@Eleven Media Group

kosithuag
10-28-2010, 11:08 PM
စီဒီအမ်အေ 800 MHz ဖုန်းလိုင်း များအား အွန်လိုင်းမှ လျောက်ထားနိုင်တော့မည်
Posted on Oct 28 10 - 06:31 PM | Hits : 142
နေပြည်တော် ခရိုင်အတွက် ထပ်မံချထားပေးမည့် အဆိုပါ CDMA 800 MHz ဖုန်းများအား လျောက်ထားလိုသူများ အနေဖြင့် အွန်လိုင်းမှပင် လျောက်ထားနိုင်တော့ မည် ဖြစ်ပြီး ယင်းသို့ လျောက်ထားရာတွင် တစ်ရက်တည်းဖြင့် လျောက်ထားရရှိနိုင်တော့မည်ဖြစ်

http://www.planet.com.mm/news/newsimg/October10/cdma800_2001.jpg
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နေပြည်တော်တွင် ထပ်မံတိုးချဲ့ ချထားပေးမည့် CDMA 800 MHz ဖုန်းများ အား ယင်းနေပြည်တော်ခရိုင်အတွက် အွန်လိုင်းမှ လျောက်ထား နိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းမှ သတင်းရရှိသည်။ စတင်ချထားပေးစဉ် အချိန် ရန်ကုန် တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးနှစ်ခုတည်းတွင်သာ အထိုင်ဖုန်းအဖြစ် အသုံးပြုနိုင်သည့်အဆိုပါ ဖုန်းကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မကြာသေးမီ အချိန်ကပင် အထက်ပါ တိုင်းဒေသကြီးနှစ်ခုတွင် ရွေ့လျား သယ်ဆောင်နိုင်သော မိုဘိုင်းဖုန်းအဖြစ်သို့ ပြောင်းလဲပေးခဲ့ပြီး တစ်လတာ အချိန် တွင်းမှာပင် နောက်ထပ် နေပြည်တော် ခရိုင်အတွင်း ထပ်မံတိုးချဲ့ ချထားပေးရန် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သိရသည်။ ထို့ အတွက် နေပြည်တော် ခရိုင်အတွက် ထပ်မံချထားပေးမည့် အဆိုပါ CDMA 800 MHz ဖုန်းများအား လျောက်ထားလိုသူများ အနေဖြင့် အွန်လိုင်းမှပင် လျောက်ထားနိုင်တော့ မည် ဖြစ်ပြီး ယင်းသို့ လျောက်ထားရာတွင် တစ်ရက်တည်းဖြင့် လျောက်ထားရရှိနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဖုန်းခေါ်ဆိုခမှာ ရန်ကုန်နှင့် မန္တလေး တိုင်း ဒေသကြီးနှစ်ခုကဲ့သို့ပင် တစ်မိနစ်ခေါ်ဆိုခ ငါးဆယ်ကျပ် ဖြစ်ပြီး လျောက်ထားသည့် ဧရိယာ ပြင်ပ ( ဒေသပြင်ပ ) တွင် အသုံးပြုမည်ဆိုပါက တစ်မိနစ် လျင် တစ်ဆယ်နှုန်းဖြင့် ထပ်မံ အပိုထပ်ဆောင်းပေးဆောင်ရမည် ဖြစ်သည်။ ယခုအခါတွင် အဆိုပါ ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများ အား ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးနှစ်ခု အပြင် နေပြည်တော် ခရိုင် တွင်ပါ မိုဘိုင်းအနေဖြင့် အသုံးပြု နိုင်မည် ဖြစ်သည်။

Credit: 7Day News Journal
@planet

poohcartoon
10-30-2010, 09:24 AM
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သုံးခွမြို့နယ်ရှိ ရိတ်သိမ်းပြီး စပါးအချို့ ပျက်စီး
ယခုရက်ပိုင်းအတွင်း မုန်တိုင်း အရှိန်ဖြင့် မိုးရွာသွန်းမှုကြောင့် သုံးခွ မြို့နယ်အတွင်းရှိ ရိတ်သိမ်းပြီး စပါးအချို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အောက်တိုဘာလ ၂၂ နှင့် ၂၃ ရက်နေ့များတွင် ဖြတ်ကျော်ဝင်ရောက်သွားသည့် ဂီရိမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းကာ စပါးခင်းအချို့ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
"စပါးခင်းတွေက ပျက်စီးတာ နည်းပေမယ့် ရိတ်သိမ်းပြီးစပါးတွေတော့ ပျက်စီးသွားတယ်။ ဒီနှစ်တော့ တောင်သူတွေအတွက် စပါးအလေ အလွင့်များတဲ့နှစ်လို့ပြောလို့ရတယ်။ အရင်နှစ်တွေက တစ်ဧကကို စပါးအ လေအလွင့်သုံးတင်းလောက်ရှိရင် ဒီ နှစ်အနည်းဆုံးအလေအလွင့်က ငါး တင်းအထက်မှာရှိတယ်။ စပါးခင်း တစ်ချို့တလေကတော့ ရေမြုပ်ပြီး ပျက်စီးသွားတယ်။ ပျက်စီးတဲ့ အရေအတွက်က သိပ်မများပါဘူး။ မိုးရွာတဲ့ရက် ဒီထက်ကြာရင်တော့ ပြောလို့မရဘူးပေါ့။ ဒါတောင် ဟိုးတစ်ကွက်ကျော်က လယ်ဆိုရင်ရင့် မှည့်နေတဲ့ စပါးတစ်ခင်းလုံး ရေမြုပ်သွားတယ်" ဟု သူဌေးကုန်း စံပြကျေးရွာရှိ တောင်သူ ဦးသိန်းဟန်က ပြောပြခဲ့သည်။
"စပါးခင်းရေမြုပ်တဲ့ အထိ မဖြစ်ဘူး။ စပါးတွေက အကုန်အဆန် အောင်ပြီးလေးနေတော့ လေတိုက်တဲ့ အရှိန်နဲ့လဲတယ်။ ဒီထက်မိုးအရမ်းများပြီး စပါးခင်းထဲရေ၀င်ရင်တော့ လုံးဝပျက်စီးသွားမှာ။ အခုတော့ လဲရုံပဲ လဲသွားတယ်။ ဒီစပါးတွေက တန်ဆောင်မုန်း လလောက်ဆိုရင်ရိတ်တော့မှာ။ ရိတ်တဲ့အချိန်နဲ့ အခြောက်လှန်းတဲ့အချိန်မှာ ဖြစ်တဲ့ အလေအလွင့် ထည့်မတွက်ရင် စပါးအထွက်ကောင်းတယ် ပြောရမယ်"ဟု ကျောင်းကုန်းရွာမှ တောင်သူတစ်ဦးက ပြော ပြခဲ့သည်။
@news-eleven.com

poohcartoon
10-30-2010, 09:25 AM
ကျောက်ဆည် ဆင်အလှူပွဲတော်တွင် ဆင်ကောင်ရေ ၄၀ ခန့် ပါဝင်ဆင်နွှဲခဲ့
http://www.news-eleven.com/images/stories/oct10/bi/b33109.jpg
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ဆင်အလှူပွဲတော်ကို နှစ်စဉ်မပြတ် ကျင်းပပြုလုပ်မြဲ ဖြစ်သည့်အတိုင်း အောက်တိုဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဆင်အကောင်ရေ ၄၀ ခန့် ပါဝင်ဆင် နွှဲခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။
"ကျွန်တော်တို့ ဒီနှစ် ကျောက်ဆည် ဆင်အလှူပွဲတော်ကို အောက်တိုဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။ နှစ်စဉ် ကျင်းပခဲ့သလို ဘော်ကြယ်ဆင်ပြိုင်ပွဲ၊ ရိုးရာဆင်ပြိုင်ပွဲ၊ သက်ကြီးဆင်ပြိုင်ပွဲနဲ့ ကလေးဆင်ပြိုင်ပွဲ ဆိုတဲ့ ပြိုင်ပွဲအမျိုးအစား လေးမျိုးခွဲပြီးတော့ ကျင်းပခဲ့တာပါပဲ။ ပွဲတော်ဖွင့်ပွဲမှာ အရုပ်ဆင်ဖြူတော် နှစ်စီးနဲ့ ကပြဖျော်ဖြေခဲ့ပါတယ်။ ‘ဒီနှစ် ဆင်အလှူပွဲတော်ကို လာရောက် ယှဉ်ပြိုင်ကြတဲ့ ဆင်အဖွဲ့ပေါင်းက ၁၅ ဖွဲ့လောက် ရှိတယ်၊ ဆင်ကောင်ရေ ၄၀ လောက် ရှိပါတယ်"ဟု ဆင်အလှူပွဲတော်မှ ‘ဒိုင်လူကြီးတစ်ဦးက ဆိုပါသည်။
ယခုနှစ် ဆင်အလှူပွဲတော် ဘော်ကြယ် ဆင်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများကို ဇော်ဂျီမောင်၊ ဆင်မင်းနှင့် ရွှေမြန်မာ တို့က ရရှိသွားပြီး ရိုးရာဆင်ပြိုင်ပွဲတွင် မျိုးဆက်သစ်၊ ဇာတိမောင်နှင့် နွဲ့ဆိုး တို့မှ ရရှိသွားကြောင်း၊ ထို့အတူ ပြိုင်ပွဲဝင်သက် အများဆုံးရှိသော ဆင်ကို ရွေးချယ်သည့် သက်ကြီးဆင်ပြိုင်ပွဲတွင် ပထမဆုကို ရိုးရာဆင်ပြိုင်ပွဲ၌ တတိယဆု ရရှိခဲ့သော နွဲ့ဆိုးဆင်မှ ရရှိသွားကြောင်းနှင့် ကလေးဆင်ပြိုင်ပွဲတွင် လှယဉ်ကျေး၊ မင်းရာဇာနှင့် ဒဿဂီရိတို့က ပထမဆု၊ဒုတိယဆုနှင့် တတိယဆုများကို အသီးသီး ဆွတ်ခူးသွားခဲ့ကြောင်းလည်း အဆိုပါ ဒိုင်လူကြီးက ဆက်လက် ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
10-31-2010, 10:55 AM
နေပြည်တော် ငါးသိန်းဖုန်း ပြန်ချပေးမည်
နေပြည်တော်တွင် 450 MHz ကျပ် ငါးသိန်းတန်CDMA ဖုန်းများ ချထား ပေးမှုအား အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ လျှောက်လွှာများ ခေတ္တ ပိတ်ထားခဲ့ရာ မကြာမီ ပြန်လည် ချထားပေး သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး အသိုင်း အ၀ိုင်းမှ သိရသည်။ “CDMA ဖုန်း လျှောက်လွှာတွေ ချထားပေးမှု ခေတ္တ ရပ်ဆိုင်း ထားရတာက ဆက်သွယ်ရေး ဌာန နဲ့ ဘဏ် လုပ်ငန်းကြား ငွေစာရင်း ရှင်းတမ်းတွေ ဆောင်ရွက် နေရလို့ ခေတ္တ ရပ်ဆိုင်း ထားတာပါ။ မကြာခင်မှာ လျှောက်လွှာတွေ လက်ခံပြီး ပြန်လည် ချထား ပေးသွား မှာပါ”ဟု နေပြည်တော် ဆက်သွယ်ရေး ဌာနမှ ပြောသည်။
စက်တင်ဘာလတုန်းက တစ်မြို့နယ်ကို တစ်ရက် အလုံး ၂၀၀လောက် ချထား ပေးခဲ့သော်လည်း အခု နောက်ပိုင်းတွင် တစ်မြို့နယ် လျှောက်လွှာ စိစစ်ပြီး တစ်ရက် အလုံး ၂၀ လောက်သာ ချထား ပေးတော့မည် ဖြစ်ကြောင်း သိရသည်။ နေပြည်တော်တွင် ချထားသော 450MHz ကျပ် ငါးသိန်းတန် CDMA ဖုန်းများ စက်တင်ဘာ ၁ရက်မှ စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာ အထိ ကိုင်ဆောင် အသုံးပြုနိုင်သည့် နောက်ပိုင်းတွင် နေပြည်တော်တွင် ကျပ် ငါးသိန်းတန် CDMA ဖုန်း လျှောက်ထားသူများမှာ နေ့စဉ် ထောင်ချီလျက် ရှိပြီး နေပြည်တော် အတွင်း သာမက အခြား ပြည်နယ် နှင့် တိုင်း ဒေသကြီး များကပါ လာရောက် ၀ယ်ယူ အသုံးပြုလာသဖြင့် နေပြည်တော် ကျပ်ငါးသိန်းတန် CDMAဖုန်း ဈေးကွက် တစ်ခု နေပြည်တော်၌ အရောင်း အ၀ယ်များ ဖြစ်ထွန်းခဲ့သည်မှာ ယနေ့ထိပင် ဖြစ်ကြောင်း သိရသည်။ နေပြည်တော်တွင် ၎င်း CDMA ကျပ်ငါးသိန်းတန် ဖုန်း စလစ် တစ်စောင်လျှင် ငွေကျပ် ၅၀၀၀၀ မှ ၁၀၀၀၀၀ ၀န်းကျင် အထိ အမြတ်ပေး ၀ယ်ယူလျက် ရှိကာ နေပြည်တော် အတွင်း သာမက ရန်ကုန်၊ မန္တလေးမြို့ကြီး များ၌ပင် အရောင်းအ၀ယ်များ ရှိနေကြောင်း သိရသည်။
စက်တင်ဘာလ အတွင်းမှ စတင်ပြီး နေပြည်တော် ငါးသိန်းတန် ဖုန်းများ နေ့စဉ် အလုံး ၂၀၀ကျော် ချထား ပေးမှုကြောင့် ဟန်းဆက် အရောင်းဆိုင်များ၌ ဟန်းဆက်များ နေ့စဉ် အလုံး ၁၀၀ ကျော် ရောင်းချနေရကြောင်း ဒေသခံများက ပြောသည်။ မကြာမီ နေပြည်တော်၌ ငါးသိန်းတန် CDMA ဖုန်းများ ပြန်လည် ချထား ပေးသွားမည့် အပြင် နေပြည်တော်တွင် သာမက အခြား တိုင်းဒေသကြီး လေးခုမှာပင် နေပြည်တော် 450MHz ကျပ် ငါးသိန်းတန် CDMA ဖုန်းများ ချထား ပေးသွားမည်ဟု သိရသည်။
@yatanarpon.com.mm

poohcartoon
11-01-2010, 09:30 AM
ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးနေရမှုတွင် တက္ကသိုလ်နှင့် အခြေခံပညာ အထက်တန်းအဆင့်များ အများဆုံးပါဝင်နေ
၂၀၀၉ ခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများကြောင့် အသက်ဆုံးရှုံးခဲ့ကြရသူများ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသူများတွင် ကျောင်းနေအရွယ် ပညာသင်ကြားနေဆဲဖြစ် သော လူငယ်လူရွယ်များလည်း ပါဝင်ခဲ့ပြီး ယင်းသို့ ကျောင်းသားလူငယ်များ၏ အသက်ဆုံးရှုံးခဲ့ရမှုများ အနက် တက္ကသိုလ်အဆင့်နှင့် အခြေခံပညာ အထက်တန်းအဆင့် လူငယ်များ အများဆုံးပါဝင်နေသည် ဟု ၂၀၀၉ ခုနှစ်အတွင်း ရန်ကုန်မြို့ တော်တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများ အပေါ် စစ်တမ်း ကောက်ယူပြုစုထားချက်များအရ သိရသည်။
ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတို့မှ စစ်တမ်းကောက်ယူ စာရင်းပြုစုထား ချက်များအရ နှစ်အလိုက်ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆ မှုများတွင် အသက်ဆုံးရှုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် ကျောင်းနေအရွယ် လူငယ်များ၏ အသက်ဆုံးရှုံးမှုအရေအတွက် မှာ ၂၀၀၉ ခုနှစ်တွင် အများဆုံးဖြစ် ခဲ့သည်ဟုသိရပြီး ခုနစ်နှစ်တာကာလ အတွင်းတွင် အများဆုံးဖြစ်ကြောင်း သိရှိရသည်။
၂၀၀၉ ခုနှစ်အတွင်းရန်ကုန်မြို့တော်တွင် ဖြစ်ပွားခဲ့သောယာဉ်မတော်တဆမှုများအနက် ကျောင်းနေအရွယ် ကလေးငယ်များ၏ ယာဉ်အန္တရာယ် ကြုံတွေ့ခဲ့ရမှု အခြေအနေမှာ အမှုပေါင်း ၇၁ မှု ဖြစ်ပွားခဲ့သည်ဟု သိရ ပြီး ယင်းတွင်သေဆုံးသူ စုစုပေါင်း ၁၃၀ ဦးထိရှိခဲ့၍ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးဖြစ်ကြောင်းသိရသည်။
ယင်းသို့ ယာဉ်မတော်တဆမှုကြောင့် ကျောင်းပညာသင်ကြားနေသည့် လူငယ်လူရွယ် ၁၃၀ ဦး သေဆုံးမှုရှိခဲ့ရာတွင် တက္ကသိုလ်ပညာ သင်ကြားနေဆဲဖြစ်သော ကျောင်းသားကျောင်းသူ ၆၀ ဦး၊ အခြေခံ ပညာအထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၁၉ ဦး၊ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်း သားကျောင်းသူ ၁၇ ဦး၊ အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၂ ဦးနှင့် ကျောင်းမနေသေးသည့် ကလေးငယ် ၂၂ ဦးတို့ ဖြစ်ကြောင်းသိရသည်။ ထိခိုက်ဒဏ် ရာရရှိခဲ့သည့် ၁၀ ဦးတွင် ကျောင်း မနေသေးသည့် ကလေးငယ် ၅ ဦး၊ အခြေခံပညာ မူလတန်းအရွယ် ၂ဦး၊ အခြေခံပညာ အလယ်တန်းအရွယ် ၂ ဦးနှင့် အခြေခံပညာ အထက်တန်း အဆင့်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဆုံးရှုံးနေရမှုများကို လျှော့ချနိုင်ရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ၊ ပြပွဲပြိုင်ပွဲများ၊ ဟောပြောပွဲများပြုလုပ်၍ လက်ကမ်းစာစောင်များ၊ ပညာပေးစာအုပ်များကိုလည်း အခြေခံပညာကျောင်း များသို့ ဖြန့်ဝေပေးလျက်ရှိသည်ဟု သိရသည်။
ယာဉ်အန္တရာယ် ကင်းရှင်းစေသော ပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်စေရန်ကိုလည်း စီမံချက်များရေးဆွဲ ကာ သက်ဆိုင်ရာကျောင်းများအလိုက် ဆရာမိဘများပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်သည်ဟု ကျွမ်းကျင် သူများက သုံးသပ်ကြသည်။
@news-eleven.com

poohcartoon
11-01-2010, 09:34 AM
CDMA 800MHz သုံး ငါးသိန်းတန်ဖုန်းများကို ရန်ကုန်၊ မန္တလေးအပြင် နေပြည်တော်တွင်ပါ သုံးစွဲနိုင်ရန်တိုးချဲ့မည်၊ မြို့ကြီးအားလုံးတွင် ကိုင်ဆောင်အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရ
CDMA 800MHz သုံး ကျပ်ငါးသိန်းတန်ဖုန်းများကို ရန်ကုန်၊ မန္တလေးအပြင် နေပြည်တော်တွင် ပါ သုံးစွဲနိုင်ရန်တိုးချဲ့မည်ဖြစ်ကြောင်း နှင့် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ မြို့ကြီးအားလုံး၌ ကိုင်ဆောင် အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံက သတင်းရရှိပါသည်။
ရန်ကုန်မြို့တွင်း ဧရိယာများ တွင် သာမက ကျောက်တန်း၊ ဒလ၊ မှော်ဘီနှင့် လှိုင်သာယာစသည့်မြို့နယ် များအထိပါ ဖုန်းသုံးစွဲခွင့်ပြုထားကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး တွင်လည်း မန္တလေးမြို့အပြင် စစ်ကိုင်း၊ ကျောက်ဆည်၊ စဥ့်ကိုင်မြို့များ၌ ကျပ်ငါးသိန်းတန်ဖုန်း ကိုင်ဆောင် သုံးစွဲခွင့်ပြုထားကြောင်း သိရသည်။
"ငါးသိန်းတန်ဖုန်းကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ နယ်မြေအကန့် အသတ်နဲ့ချပေးတယ်။ နောက်ပိုင်း ဖွင့်ပေးလိုက်တယ်။ ပြီးတော့ ခေါ်လို့ ရတဲ့နယ်မြေဧရိယာကို တိုးချဲ့ခဲ့တယ်" ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူကဆိုသည်။
လက်ရှိတွင် ငါးသိန်းတန်ဖုန်းကို ရန်ကုန်၊ မန္တလေးမြို့ကြီးများ အပြင် နေပြည်တော်တွင်ပါ အသုံးပြု နိုင်ရန် တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။ မကြာမီအချိန်အတွင်း နေပြည်တော်တွင် ကိုင်ဆောင်သုံးစွဲနိုင်ရန် ပြုလုပ်ပေးသွားမည့်အပြင် အခြားမြို့ကြီးများတွင်လည်း အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်
@news-eleven.com

poohcartoon
11-01-2010, 09:37 AM
မြန်မာ့ရေပြင်တွင် လတ်တလော ရေအပူချိန်ကျဆင်းနေပြီး ယင်းအပူချိန် မြင့်တက်မလာပါက လာမည့် နိုဝင်ဘာလအတွင်း မုန်တိုင်းများကို စိုးရိမ်ဖွယ်မရှိနိုင်
http://www.news-eleven.com/images/stories/oct10/we/657.jpg
မြန်မာ့ရေပြင်တွင် လတ်တလော ရေအပူချိန်ကျဆင်းနေပြီး ယင်းအပူချိန်မြင့်တက်မလာပါက လက်ကျန် မိုးလွန်ကာလဖြစ်သည့် နိုဝင်ဘာလအတွင်း မိုးလွန်မုန်တိုင်းများကို စိုးရိမ်ဖွယ်မရှိနိုင်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလားပင်လယ်အော် အတွင်းဖြစ်ပေါ်ခဲ့သောဆိုင်ကလုန်း မုန်တိုင်းဂီရိ မြန်မာ့ကမ်းရိုးတန်းကို ၀င်ရောက်ပြီးနောက်တွင် မြန်မာ့ ပင်လယ်ပြင်၌ ရေအပူချိန်ယာယီ ကျဆင်းလျက်ရှိကြောင်း၊ တိမ်အုပ်များ ဖြစ်ပေါ်မှုကြောင့် နေရောင်ကို ကာထားသည့်အတွက် ယာယီအား ဖြင့် ကျဆင်းနေကြောင်း အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ခန့်မှန်းမှုများအရ သိရှိရသည်။
"ပင်လယ်ရေ အပူချိန်မြင့်တက် လာရင်တော့ လက်ကျန် မိုးလွန်ကာလဖြစ်တဲ့ နိုဝင်ဘာလမှာ မုန်တိုင်း ဖြစ်ပေါ်နိုင်မှုကို သတိပြုရဦးမှာပါ" ဟု Myanmar Climate Change Watch မှ ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။
၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသည် ပူပြင်းခြောက်သွေ့သော အယ်လ်နီညို၊ သင့်တင့်မျှသော ကြားနေနှစ်၊ မိုးများပြီး စိုစွတ်သော၊ မုန်တိုင်းများသောလာနီညာ စသည့် ရာသီဥတုဖြစ်စဉ်သုံးမျိုးလုံးကို ကြုံ တွေ့ခဲ့ရသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။
မိုးရာသီကာလစတင်ရန် မုတ် သုံဝင်ရောက်မှုလည်း နောက်ကျခဲ့ ပြီး မုတ်သုံအထွက်မှာမူ စောခဲ့ကာ မုတ်သုံလေကြောင့် မိုးရွာသွန်းမှုများ ကုန်ဆုံးသည့်နောက်တွင် ဘင်္ဂလား ပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့မှ မုန်တိုင်းများ၊ အရှေ့လေပွေလှိုင်းများ စသည်တို့ကြောင့် မိုးရွာသွန်းမှုများကို မိုးလွန်ကာလတွင် ကြုံတွေ့လာရသည်ဟု သိရှိရသည်။
"ဘင်္ဂလား ပင်လယ်အော်မှာ ဒီနှစ်မုန်တိုင်းလေးလုံးဖြစ်ခဲ့တယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်တွေကိုတော့ မမီသေးပါဘူး။ ပုံမှန်ကတော့ ခြောက်လုံးလောက် ဖြစ်လေ့ရှိတယ်။ ဒါကြောင့် ကျန်တဲ့နှစ်လုံးက မဖြစ်ဘူး မပြောနိုင်ပါဘူး။ နိုဝင်ဘာလကတော့ မုန်တိုင်းဖြစ်နိုင်ခြေ ၆၀ ရာခိုင် နှုန်းလောက်ရှိပါတယ်"ဟုဒေါက်တာ ထွန်းလွင်က ပြောပါသည်။
၂၀၁၀ ပြည့်နှစ် မိုးလွန်ကာလတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းသုံးကြိမ် ဖြစ်ပေါ်ခဲ့ပြီး ပထမ နှစ်ကြိမ်သည် မုန်တိုင်းငယ်အဆင့် နှင့်ပင် အိန္ဒိယနိုင်ငံသို့ ၀င်ရောက် သွားခဲ့ကာ တတိယအကြိမ် ဖြစ်ပေါ် သော မုန်တိုင်းငယ်မှာမူ ဆိုင်ကလုန်း အဆင့်ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပါသည်။
မုန်တိုင်းသည် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များကို သက်ရောက်ခဲ့ပြီး မြေပုံမြို့နယ်သည် လူအသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ကာ မင်းပြားမြို့နယ်တွင်လည်း လူသေဆုံးမှုများရှိခဲ့သည်။ မုန်တိုင်းသင့်မြို့နယ်များ သည် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်။
@news-eleven.com

poohcartoon
11-01-2010, 09:39 AM
MAI လေကြောင်းလိုင်းမှ သုံးစင်းမြောက် လေယာဉ်တစ်စင်း ထပ်မံရောက်ရှိ၊ ရန်ကုန်- ကွမ်ကျိုး ခရီးစဉ်ကို နိုဝင်ဘာကုန်၌ စတင်ပြေးဆွဲမည်ဟု သိရ
Myanmar Airways Inter- nation(MAI)လေကြောင်းလိုင်းမှ ၎င်းင်းတို့ပိုင် သုံးစင်းမြောက်လေ ယာဉ်တစ်စင်းသည် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိ ရပါသည်။
MAI လေကြောင်းလိုင်းတွင် MAI logo ဖြင့် Air Bus A 320 လေယာဉ်နှစ်စင်းကို ပိုင်ဆိုင်ထား ပြီး Air Bus A 321 လေယာဉ် တစ် စင်းမှာ ထပ်မံရောက်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါ လေယာဉ်မှာ ခရီးသည် ၂၂၀ ဦးလိုက် ပါနိုင်ပြီး လက်ရှိ ပျံသန်းပြေးဆွဲနေသည့် လေယာဉ်နှစ်စင်းထက်ခရီးသည် ပိုမိုတင်ဆောင်နိုင်ကြောင်း သိရသည်။
"အသစ်ရောက်လာတဲ့ လေယာဉ်က အခုလေယာဉ်တွေနဲ့ အမျိုးအစားတူ လေယာဉ်ပါပဲ။ A 320 လေယာဉ်တွေက ခရီးသည် ၁၆၂ ဦးပဲ လိုက်ပါ နိုင်ပြီးတော့ အသစ်ရောက်လာတဲ့ A 321 လေယာဉ်ကတော့ ခရီးသည်တွေကိုရော၊ ကုန်စည်တွေရော ပိုသယ်ဆောင်နိုင်တယ်" ဟု MAI Marketing Manager မအေးမရသာ က ဆိုပါသည်။
လေယာဉ်သစ် ရောက်ရှိလာမှုကြောင့် ခရီးစဉ်သစ်အဖြစ် ရန်ကုန်-ကွမ်ကျိုးခရီးစဉ်ကို နိုဝင်ဘာလကုန်တွင် တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရန်ကုန်- ဘန်ကောက်- စင်ကာပူ- ဘန်ကောက်- ရန်ကုန်ခရီးစဉ်ကို လည်း နိုဝင်ဘာလ ၁၅ ရက်တွင် စတင်ပြေးဆွဲတော့မည် ဖြစ်ကြောင်း မအေးမရသာက ထပ်မံပြောပြခဲ့သည်။
MAI လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် ရန်ကုန်မှ ဘန် ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ နှင့် ဗုဒ္ဓဂယာခရီးစဉ်လေးခုကို တိုက်ရိုက်ပျံသန်း ပြေးဆွဲလျက်ရှိကြောင်း သိရှိရပါသည်။
@news-eleven.com

poohcartoon
11-01-2010, 09:43 AM
အင်္ဂါဂြိုဟ် အလင်းအားကောင်းသည့် နိုဝင်ဘာလ ၈ ရက်နေ့၌ အလင်း အားနည်းသောလနှင့် ပူးယှဉ်မည်
င်္ဂါဂြိုဟ်၏အလင်း အားကောင်းသည့်နိုဝင်ဘာလ ၈ ရက်နေ့ ၌ အလင်းအားနည်းသော လနှင့်စကြ ၀ဠာအတွင်း ပူးယှဉ်မည်ဖြစ်ကြောင်း နက္ခတ်သိပံ္ပအဖွဲ့မှ အမှုဆောင်အရာရှိ ချုပ် ဦးဇေယျာကိုက ပြောပါသည်။
ယင်းနေ့တွင် လမှာ မြန်မာ စံတော်ချိန်နံနက် ၃ နာရီ ၁၂ မိနစ်၌ အလင်းရောင်အားနည်းသည့် အချိန်သို့ကျရောက်မည်ဖြစ်ဖြစ်ပြီး အားအနည်းဆုံး ရာသီအိမ်ဖြစ်သော ဗြိစ္ဆာရာသီအိမ်အတွင်းသို့လည်း ရောက် ရှိနေမည်ဖြစ်ကြောင်းသိရသည်။
"တနင်္လာဂြိုဟ်လို့ခေါ်တဲ့ လမင်းနဲ့ အင်္ဂါဂြိုဟ်ပူးတာက လစဉ်ပုံမှန်ပူးတတ်ပေမယ့် အခုလိုအင်္ဂါဂြိုဟ် အလင်းအားကောင်းပြီး တနင်္လာဂြိုဟ် အလင်းအားနည်းတဲ့အချိန် ဖြစ်တဲ့ ဗြိစ္ဆာရာသီခွင်မှာ ပူးတာကတော့ နှစ်နှစ်ကိုတစ်ကြိမ်ကနေ နှစ်ကြိမ် အတွင်းပဲ ဖြစ်ပေါ်တတ်ပါတယ်"ဟု ဦးဇေယျာကိုက ဆိုပါသည်။
ယင်းအပြင် အဆိုပါကာလ၌ ကြာသပတေးဂြိုဟ်နှင့် သောကြာဂြိုဟ်တို့သည်လည်း အင်္ဂါဂြိုဟ်နည်းတူ အလင်းအားကောင်းမည်ဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက် နေ့တို့၌ အနီရင့်ရောင်၊ အ၀ါရောင်၊ အဖြူရောင်နှင့် အပြာနုရောင်တို့မှာ အားကောင်းမည်ဖြစ်ကာ ဆင်စွယ်ရောင်၊ အစိမ်းနုရောင်၊ အစိမ်းရင့် ရောင်နှင့် အပြာရင့်ရောင်တို့မှာ အားနည်းမည်ဖြစ်သည်။
@news-eleven.com

poohcartoon
11-01-2010, 09:52 AM
ကျိုက္ခမီရေလယ်ဘုရား မုဒုံကန်ကြီး စေတီတော်တို့၏ ဗုဒ္ဓပူဇနိယ ပူဇော်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲများဖြင့် အစဉ်အလာ မပျက် စည်ကားစွာ ကျင်းပ
http://www.news-eleven.com/images/stories/oct10/we/w6508.jpg
http://www.news-eleven.com/images/stories/oct10/we/w6507.jpg

http://www.news-eleven.com/images/stories/oct10/we/w6506.jpg
ပွင့်လင်းရာသီ မွန်ပြည်နယ် တောင်ဘက်၏ အစောဆုံးပွဲတော် ဖြစ်သည့် ကျိုက္ခမီရေလယ် ဆံတော်ရှင်ဘုရားနှင့် မုဒုံကန်ကြီး စေတီတော် တို့၏ ဗုဒ္ဓပူဇနိယ ပူဇော်ပွဲတော် တို့ကို ပျော်ပွဲရွှင်ပွဲများဖြင့် အစဉ်အလာမပျက် သီတင်းကျွတ်လပြည့်နေ့မှ စတင် ကျင်းပရာ ဒေသခံ ဘုရားဖူးများ၊ မြန်မာပြည် အရပ်ရပ်မှ ခရီးသွား ဘုရားဖူးများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
''ကျိုက္ခမီဘုရားပွဲ အကြိုညကနေ မိုးရွာတာ လပြည့်နေ့နံနက် ဆွမ်းအိုးမျောချိန်ထိပါပဲ။ ဆွမ်းတော်တင် ဆွမ်းအိုးမျောပွဲကို မိုးရွာနေတဲ့ကြားက မျောရတာ ပျော်စရာကောင်းပါတယ်။ ကိုယ်မျောတဲ့ ဆွမ်းအိုးလေးဟာ ဖယောင်းတိုင်မီး မငြိမ်းဘဲ လှိုင်း လေ၀ဲတွေကြား လိုရာခရီးကို လွတ်လွတ်ကျွတ်ကျွတ် ရောက်သွားဖို့ တိုင်တည်ဆုတောင်းတာ မွန်တွေရဲ့ ယုံကြည်မှုပါ။ အဝေးမှာ အလုပ်လုပ် နေကြတဲ့ သားချင်းမောင်ဖွား ချစ်သူတွေကို ကောင်းရာမွန်ရာ အန္တရာယ်ကင်းရာ ပို့ဆောင်ပေးကြပါလို့ ဆု တောင်းမေတ္တာ ပို့ကြရတာ လပြည့်နေ့နံနက်ရဲ့ ထူးခြားတဲ့ အတွေ့လေးပါပဲ''ဟု တိုင်းရင်းသူ မွန်ပျိုဖြူလေးက ပြောသည်။
ကျိုက္ခမီမှအပြန် စက်စဲကမ်းခြေ သောင်ပြင်ကျယ်တွင် အပန်းဖြေ ရေကူးကာ ပင်လယ်စာ စားသုံးခြင်း၊ လတ်ဆတ်သည့် အုန်းစိမ်းရေ သောက်ခြင်းဖြင့် တစ်နှစ်တာအတွက် အပန်းဖြေရသည်မှာ ပျော်ရွှင်ကြောင်း အပန်းဖြေ ခရီးသွားတစ်ဦးက ပြောသည်။
မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးကားများသည် ကျိုက္ခမီ၊ စက်စဲမှအပြန် နာမည်ကျော် သေမင်းတမန် ရထားလမ်း၏ သံဖြူဇရပ် စစ်သင်္ချိုင်းကို လေ့လာကာ မုဒုံကန်ကြီးစေတီ မြန်မာ့ရိုးရာ လှေသဘင် ငါးတက်ပြိုင်ပွဲကို ကြည့်ရှု၍ ၀င်းစိန်တောရ အတောင်လေးရာ လျောင်းတော်မူ ဘုရားကိုဝင်ပြီး မော်လမြိုင် တောင်ရိုးတန်းရှိ ဦးခန္တီ၊ ဦးဇိန၊ မဟာမြတ်မုနိ၊ ကျိုက်သလ္လန်ဘုရား တို့ကို ၀င်ရောက် ဖူးမြော်လေ့ရှိသည်ဟု သိရသည်။
@news-eleven.com

poohcartoon
11-01-2010, 03:07 PM
မိုဘိုင်းဖုန်းများတွင် အင်တာနက်ကို ယခုနှစ်မကုန်မီ သုံးနိုင်မည်
http://www.yatanarpon.com.mm/index.php?ch=85&pg=197&ac=599&bb=img_big&tpt=ytheme_201007
ဂျီအက်စ်အမ်ဖုန်းများ အပါအ၀င် မိုဘိုင်းဖုန်း အားလုံးတွင် အင်တာနက် စနစ်ကို ယခုနှစ် ကုန်ပိုင်းတွင် သုံးစွဲနိုင်မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ သတင်း အချက်အလက်နှင့် နည်းပညာဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ဖုန်းနဲ့ အင်တာနက် သုံးလို့ရတဲ့ စနစ်ကို ဆောင်ရွက်နေတာ အပြီးသတ်နိုင်တော့ မှာပါ။ လောလောဆယ် လိုင်းတွေ ချိတ်ပြီး Data သုံးလို့ ရနိုင်တဲ့ စနစ်နဲ့ စက်ဆင်တဲ့ အပိုင်းတွေ ဆောင်ရွက်နေပါတယ်။ ဒီနှစ် မကုန်ခင်တော့ အသုံးပြုနိုင်ကြမယ် ထင်ပါတယ်။ နယ်မြေ အကန့်အသတ် မရှိပါဘူး။ ဖုန်းမိသလောက် နေရာတိုင်းမှာ သုံးလို့ ရမှာပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
အင်တာနက် စနစ်ကို မိုဘိုင်းဖုန်းများတွင် အသုံးပြုရာ၌ ဂျီအက်စ်အမ် ဖုန်းများတွင် EDGE (Enhanced Data Rates for Data Evolution)၊ စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်ဇ်နှင့် စီဒီအမ်အေ ၈၀၀ ဖုန်းများတွင် EVDO (Evolution Data Optimized) စနစ်ဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်သည်။
မိုဘိုင်းဖုန်းများ၌ အင်တာနက်ကို ရယူသုံးစွဲရာတွင် ဖုန်းဟန်းဆက်ဖြင့် သုံးစွဲနိုင်မည့်အပြင် ဖုန်း SIM ကတ် (သို့) RUIM ကတ်များကို USB Modem အတွင်း ထည့်သွင်းပြီး ကွန်ပျူတာတွင် ချိတ်ဆက်၍လည်း အင်တာနက်ကို ရယူသုံးစွဲနိုင်မည် ဖြစ်သည်။
ယခုလ ၂၃ ရက်မှ စတင်၍ နေပြည်တော်တွင် ချထားပေးသည့် ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းများတွင် အင်တာနက် စတင် သုံးစွဲနိုင်ပြီ ဖြစ်သော်လည်း နေပြည်တော် ဒေသအတွင်းတွင်သာ သုံးစွဲနိုင်သည်။ ထိုဖုန်းများတွင် အင်တာနက် ချိတ်ဆက်သုံးစွဲခြင်း အတွက် ကနဦး မှတ်ပုံတင်ကြေး အဖြစ် ကျပ် ၃၀,၀၀၀နှင့် အင်တာနက် သုံးစွဲခအဖြစ် တစ်မိနစ်လျှင် ၁၀ ကျပ် ကောက်ခံသည်။
@news-eleven.com

poohcartoon
11-01-2010, 03:25 PM
အင်တာနက် သုံးနိုင်မည့် ကျပ်ငါးသိန်းဖုန်း လျှောက်နိုင်ပြီ
http://www.yatanarpon.com.mm/index.php?ch=85&pg=197&ac=596&bb=img_big&tpt=ytheme_201007
အင်တာနက် သုံးစွဲနိုင်မည့် ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းများကို ယခုလ ၂၃ ရက်မှ စတင်၍ နေပြည်တော်၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် လျှောက်ထားရယူနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အဆိုပါ ဖုန်းများသည် ၀၆၇ နံပါတ်ဖြင့် စတင်သည့် ဖုန်းများဖြစ်ပြီး EVDO (Evolution Data Optimized) စနစ်ဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်မည့် အပြင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် စသည့် မြို့သုံးမြို့လုံးသို့ သယ်ဆောင် သုံးစွဲနိုင်မည် ဖြစ်သည်။
“ဒီဖုန်းတွေက EVDO စနစ်နဲ့ Data service ကို သုံးစွဲနိုင်မှာပါ။ ဒါပေမယ့် လက်ရှိမှာတော့ နေပြည်တော် အတွင်းမှာပဲ ဒါကို သုံးလို့ရဦးမယ်။ ရန်ကုန်နဲ့ မန္တလေးမှာတော့ စက်တွေ စမ်းတုန်း၊ ပစ္စည်းတွေ တပ်တုန်းဆိုတော့ ဒီဇင်ဘာလောက်မှပဲ Data service ကို သုံးလို့ရမယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ထိုဖုန်းများတွင် အင်တာနက် ချိတ်ဆက် သုံးစွဲလိုသူများ အနေဖြင့် မှတ်ပုံတင်ရန် လိုအပ်ပြီး ကနဦး မှတ်ပုံတင်ကြေးမှာ ကျပ် ၃၀,၀၀၀ နှင့် အင်တာနက် သုံးစွဲခအတွက် တစ်မိနစ်လျှင် ၁၀ ကျပ်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းများကို ပြည်ပ နိုင်ငံများသို့ သယ်ဆောင်သုံးစွဲနိုင်ရေး အတွက် ပြည်ပ Telecomm Operator များနှင့် ညှိနှိုင်းဆွေးနွေးလျက် ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းများကို လက်ရှိတွင် ထိုင်း၊ တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယ နိုင်ငံများတွင် သုံးစွဲလျက်ရှိကြောင်း သိရသည်။ ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းများကို ဇန်န၀ါရီ ၄ ရက်မှ စတင်ခါ အများပြည်သူသို့ ငှားရမ်းသုံးစွဲခွင့် ပြုခဲ့ပြီး လက်ရှိတွင် ဖုန်းအလုံးရေ ၁၅၀,၀၀၀ ခန့် ချထားပေးပြီး ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက သတင်း ထုတ်ပြန်သည်။
@yatanarpon.com.mm

poohcartoon
11-01-2010, 03:26 PM
ကျပ်ငါးသိန်းတန် ဖုန်းများကို အွန်လိုင်းတွင် လျှောက်ထားနိုင်မည်ဟု ဆို
ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းများကို ပြည်တွင်းတွင် ပထမဦးဆုံး အကြိမ်အဖြစ် အွန်လိုင်းမှတစ်ဆင့် လျှောက်ထား ရယူနိုင်တော့မည် ဖြစ်ကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဖုန်းလျှောက်ထားခြင်းကို အမျိုးသားအဆင့် ၀က်ဘ်ပေါ်တယ်လ် ဖြစ်သည့် www.yatanarpon.com.mm တွင် လာမည့် ရက်သတ္တပတ်အတွင်း စတင် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ဆိုသည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့များတွင် သုံးစွဲနိုင်မည့် အဆိုပါ ဖုန်းကို လျှောက်ထား ရယူလိုသူများ အနေဖြင့် ထိုဝက်ဘ်ပေါ်တယ်လ်ရှိ သတ်မှတ် ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည် ဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက လိုအပ်ချက်များကို စိစစ်ပြီးပါက ၂၄ နာရီအတွင်း ငှားရမ်းသုံးစွဲခွင့် ချထားပေးမည် ဖြစ်သည်။
“သုံးစွဲခွင့် ရပြီဆိုတာနဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ ပိုက်ဆံ သွားသွင်းရမှာပါ။ ပြီးပြီဆိုရင် သတ်မှတ် နေရာတွေမှာ ဖုန်းကတ်ကို ထုတ်လို့ ရပါပြီ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ဖုန်း ကနဦး တပ်ဆင်ခ ပေးသွင်းငွေမှာ ကျပ်ငါးသိန်း ဖြစ်ပြီး ခေါ်ဆိုခမှာ သတ်မှတ် နယ်မြေအတွင်း သုံးစွဲပါက တစ်မိနစ်လျှင် ကျပ် ၅၀ နှင့် သတ်မှတ်နယ်မြေ ကျော်လွန် သုံးစွဲပါက တစ်မိနစ်လျှင် ကျပ် ၆၀ ဖြစ်သည်။ ထိုဖုန်းများကို လက်ရှိတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့များတွင် အများပြည်သူသို့ ငှားရမ်းသုံးစွဲ ခွင့်ပေးလျက် ရှိသည်။
@yatanarpon.com.mm

poohcartoon
11-02-2010, 11:32 AM
ရတနာပုံဆိုက်ဘာစီးတီးမှ Bachelor of Engineering (B.E) သင်တန်းလျှောက်လွှာများ စတင်ခေါ်ယူ
http://www.yatanarpon.com.mm/index.php?ch=85&pg=197&ac=635&bb=img_big&tpt=ytheme_201007
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ၏၂၀၁၀-၂၀၁၁ ပညာသင်နှစ် အတွက် Bachelor of Engineering (B.E)ဘွဲ့ သင်တန်း လျှောက်လွှာများ လျှောက်ထား နိုင်ကြောင်းသိရသည်။
သင်တန်းကာလမှာ (၅) နှစ် တက်ရောက်ရမည် ဖြစ်ပြီး B.E (Informat ion Science) , B.E (Computer Engineer ing) , B.E (Electronic Engineering), B.E (Precision Engineering), B.E (Advanced Materials Engineering) များကို ရွေးချယ်တက် ရောက်နိုင်မည် ဖြစ်သည်။ လျှောက်ထားလိုသူများ အနေဖြင့် ၂၀၁၀ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်သူ ဖြစ်ရမည်ဖြစ် ပြီး သိပ္ပံ ဘာသာရပ်များတွင် အနိမ့်ဆုံးရမှတ် ၃၅၀ ဖြင့် အောင်မြင်ထား သူဖြစ်ရမည်ဟု သိရသည်။ လျှောက်လွှာများကို နီးစပ်ရာ နည်းပညာ တက္ကသိုလ်/ကောလိပ်များတွင် အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး နိုင်ငံ သားစိစစ်ရေး လက်မှတ်၊ တက္ကသိုလ် ၀င်စာမေးပွဲ အောင်လက်မှတ်၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းထောက် ခံစာများ၊ ကျန်းမာရေးကောင်းမွန် ကြောင်းထောက်ခံစာများ၊ ပတ်စပို့ ဓာတ်ပုံ (၄) ပုံတို့ဖြင့် လူကိုယ် တိုင်သတင်းပို့ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာပိတ်ရက်မှာ အောက်တိုဘာ ၃၀ ရက်ဖြစ်ကြောင်း သိရသည်။ ၀င်ခွင့်လျှောက်ထားသူ များသည် နိုဝင်ဘာ ၁၁ ရက်တွင် အင်္ဂလိပ်နှင့် သင်္ချာ ဘာသာရပ်များကို ဖြေဆို ရမည်ဖြစ်ပြီး စာမေးပွဲ အောင်မြင်သူ များကိုလူတွေ့ စစ်ဆေးကာသင် တန်းသားအဖြစ် အတည်ပြုရွေး ချယ်မည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုသူများအ နေဖြင့် နည်းပညာ တက္ကသိုလ် (ရတ နာပုံဆိုက်ဘာ စီးတီး) ဖုန်း- ၀၂- ၇၈၁၀၂ နှင့် ၀၂-၇၈၁၀၃ တို့သို့ ဆက် သွယ်စုံစမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
@yatanarpon.com.mm

poohcartoon
11-02-2010, 04:29 PM
ယနေ့ နံနက်ပိုင်းတွင် ဘန်ကောက်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ထိုင်းလေကြောင်းလိုင်းမှ လေယာဉ် TG AirBus A300 သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ပြီးချိန် လေယာဉ် ပြေးလမ်းပေါ်တွင် လမ်းကျွံကျမှု ဖြစ်ပွား
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ထိုင်းစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွင် ထွက်ခွာလာသော ထိုင်းလေကြောင်းလိုင်း လေယာဉ် TG AirBus A300 သည် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ပြီး လေဆိပ် အဆောက်အအုံသို့ သွားရာ လေယာဉ်ပြေးလမ်းပေါ်တွင် လမ်းကျွံကျခြင်း ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ပြီး လေယာဉ်ရပ်နားရန် အသွား ပြေးလမ်းတစ်နေရာတွင် ပြေးလမ်းနှုတ်ခမ်းသားပေါ်တွင် လေယာဉ်နောက်ဘီး ကျွံကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 'ဒီမနက် TG မှာ ခရီးသည် အပြည့်နီးပါး ပါတယ်လို့ သိရပါတယ်။ လေယာဉ်ဆင်းပြီး လေဆိပ်ကိုသွားတဲ့ ပြေးလမ်းပေါ်မှာ နောက်ဘီးကျွံကျတာလို့ သိရပါတယ်။ နံနက် ၁၁ နာရီလောက် အထိတော့ အဲဒီ ကျွံကျတာကို လုပ်နေတယ်လို့ ကြားပါတယ်'ဟု ရန်ကုန်လေဆိပ်နှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။ အသေးစိတ် အချက်အလက်များကို သိရှိပါက ဆက်လက် ဖော်ပြသွားပါမည်။
@news-eleven.com

poohcartoon
11-03-2010, 11:56 AM
ဂီရိကြောင့် မျောလာသည့် သင်္ဘောသား ၁၁ ဦး မိခင်နိုင်ငံသို့ ပြန်ပို့
ကျောက်ဖြူမြို့၏ ရာဇ၀င်တွင် အကြာဆုံး တိုက်ခတ်သွားသည့် ဂီရိမုန်တိုင်းကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မျောလာသည့် ဖိလစ်ပိုင် သင်္ဘောသား ၁၀ ဦးနှင့် တရုတ်(တိုင်ပေ) နိုင်ငံသား တစ်ဦးတို့ကို မိခင်နိုင်ငံများသို့ အောက်တိုဘာလ ၂၇ ရက်နေ့ တွင် ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း ဌာနဆိုင်ရာ အသိုင်းအ၀ိုင်းနှင့် မြို့ခံ ရပ်မိရပ်ဖများထံမှ စုံစမ်း သိရှိရသည်။
၎င်းတို့လိုက်ပါ တာဝန် ထမ်းဆောင်သည့် သင်္ဘောများမှာ ငါးဖမ်းသင်္ဘောများ ဖြစ်ကြောင်း၊ မုန်တိုင်းကြောင့် ဘင်္ဂလားပင်လယ်အော်တွင် ကျောက်ဆောင်ဖြင့် ရိုက်မိကာ သင်္ဘောနစ်မြုပ်ပြီး ပင်လယ်ထဲ မျောလာခြင်း ဖြစ်ကြောင်း၊ ယင်း သင်္ဘောသားများသည် တပ်မတော်(ရေ) ၏ ကယ်ဆယ်မှုကြောင့် ကျောက်ဖြူမြို့သို့ ရောက်လာကြောင်း မြို့ခံ ရပ်မိရပ်ဖ တစ်ဦးက ရှင်းပြသည်။ “သူတို့ကို ကျောက်ဖြူမှာရှိတဲ့ နန်းမြင့်မိုတယ်မှာ ထားထားတယ်” ဟု အဆိုပါ မိုတယ်အနီးတွင် နေထိုင်သူ တစ်ဦးက ဆိုသည်။
@yatanarpon.com.mm

poohcartoon
11-03-2010, 12:46 PM
နိုင်ငံတော် အလံသစ် အဓိပ္ပာယ် ဖွင့်ဆိုချက် လာမည့် ပညာသင်နှစ်တွင် ဒုတိယတန်း မြန်မာစာ၌ အစားထိုး သင်ကြားသွားမည်
http://www.yatanarpon.com.mm/index.php?ch=110&pg=331&ac=247&bb=img_big
၂၀၁၁-၁၂ ပညာသင်နှစ်မှ စတင်၍ ဒုတိယတန်း မြန်မာဖတ်စာမှ "ဒို့အလံ" သင်ခန်းစာတွင် ပြောင်းလဲလိုက်သော နိုင်ငံတော် အလံသစ်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အစားထိုး သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ " နိုင်ငံတော် အလံသစ် စလွှင့်တဲ့နေ့ အောက်တိုဘာ ၂၁ ရက်ကစပြီး ညွန်ကြားချက်ဝင်တာ ရှိတယ်။ လာမယ့်နှစ်ကစပြီး သင်ကြားဖို့ ရှိပါတယ်။ နဂိုရိုက်ပြီးသား ပုံနှိပ်စာအုပ် တွေကတော့ ပြင်လို့မရတော့ဘူး။ အဲဒါကြောင့် အချပ်ပို သဘောမျိုးနဲ့ ထည့်ဖြစ်ဖို့ များမယ်ထင်တယ်" ဟု ပညာရေးစီမံကိန်း နှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ပုဂ္ဂိုလ်တစ်ဦးက အောက်တိုဘာ ၂၅ တွင် ပြောသည်။
သင်ရိုးပြုစုရေး အဖွဲ့ အနေနှင့်လည်း သင်ကြားမည့် သင်ခန်းစာနှင့် ပတ်သက်၍ ပြင်ဆင်မှုများကို ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၂၁ ရက်က စတင်လွှင့်ထူလိုက်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် အဝါရောင်၊ အစိမ်းရောင် နှင့် အနီရောင်အောက်ခံပေါ်တွင် ရောင်ခြည်လက်တံ ၅ ခုပါသော ကြယ်ဖြူကြီး တစ်လုံးပါရှိသည်။

(က) အဝါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာ ကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်း။
(ခ) အစိမ်းရောင်သည် မြေဆီဩဇာ ကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြည်သည့် နိုင်ငံဖြစ်ခြင်း။
(ဂ) အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်း။
(ဃ) ကြယ်၏ အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရား ပြည့်ဝခြင်းနှင့် စွမ်းအင်နှင့် ပြည့်စုံခြင်း။
ဟူသော အဓိပ္ပာယ်တို့ကို ဖော်ညွှန်းထားခြင်း ဖြစ်သည်။
@yatanarpon.com.mm

poohcartoon
11-04-2010, 09:46 AM
ကြိုးဖုန်းခေါ်ဆိုခ နှုန်းထားများကို ခေါ်ဆိုသည့် ဂဏန်းအရေအတွက် ပေါ်မူတည်၍ ခေါ်ဆိုခနှုန်းထား တစ်မိနစ် ၁၅ ကျပ်မှ ၂၅ ကျပ်သို့ ပြောင်းလဲ
ကြိုးဖုန်းခေါ်ဆိုခ နှုန်းထားများကို ခေါ်ဆိုသည့် ဂဏန်းအရေအတွက်ပေါ် မူတည်၍ ခေါ်ဆိုခ နှုန်းထားများကို တစ်မိနစ်လျှင် ၁၅ ကျပ်နှုန်းမှ ၂၅ ကျပ်နှုန်းသို့ ပြောင်းလဲလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။
ယခင်က ကြိုးဖုန်းများမှ မြို့တွင်း၊ နယ်ဝေးဖုန်းအားလုံးကို ခေါ်ဆိုခနှုန်းထား တစ်မိနစ်လျှင် ၁၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်ကြောင်း၊ ယခုအခါတွင် ဖုန်းနံပါတ် ဂဏန်းခြောက်လုံးပါရှိသည့် မြို့တွင်း ကြိုးဖုန်းများကိုသာ တစ်မိနစ်လျှင် ၁၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်ပြီး ကျန်ဂဏန်းခြောက်လုံးထက် ပိုမို ပါဝင်သည့် ဖုန်းများဖြစ်သည့် GSM, CDMA နှင့် ကြိုးဖုန်း(နယ်ဝေး)များသို့ ခေါ်ဆိုခ နှုန်းထားများကိုမူ တစ်မိနစ်လျင် ၂၅ ကျပ်နှုန်းသို့ အောက်တိုဘာလအတွင်းမှ စတင်၍ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
''အောက်တိုဘာလကနေ စတင်ပြီး ကြိုးဖုန်းခေါ်ဆိုခ နှုန်းထားတွေကို တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ကြိုးဖုန်းတွေကနေ ဂဏန်းခြောက်လုံး အထက်ပါဝင်တဲ့ မိုဘိုင်းဖုန်းတွေနဲ့ ကြိုးဖုန်း(နယ်ဝေး)တွေကို ခေါ်ဆိုမယ်ဆိုရင် တစ်မိနစ်ကို ၁၅ ကျပ် နှုန်းကနေ ၂၅ ကျပ်နှုန်းကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်း ကြိုးဖုန်းအချင်းချင်း ဆက်သွယ်မယ်ဆိုရင် တစ်မိနစ်ကို ၁၅ ကျပ် နှုန်းပဲ ပေးရမှာဖြစ်ပြီး တခြားဂဏန်း ခြောက်လုံးအထက်ရှိတဲ့ ဖုန်းတွေကို ခေါ်ဆိုမှပဲ ဈေးနှုန်း ပြောင်းလဲသွား မှာဖြစ်ပါတယ်။ အခုက ကြိုးဖုန်းခေါ်ဆိုခတွေကိုပဲ ဈေးနှုန်း ပြောင်းလဲတာဖြစ်ပြီး ကျန်တဲ့ မိုဘိုင်းဖုန်းတွေရဲ့ ခေါ်ဆိုခ ဈေးနှုန်းတွေကို ပြောင်းလဲခြင်း မရှိပါဘူး''ဟု ပြောကြားခဲ့သည်။
မိုဘိုင်းဖုန်း အကျိုးဆောင်တစ်ဦးက ''ဂျီအက်စ်အမ်တွေ၊ စီဒီအမ်အေဖုန်းတွေ ဈေးကျတာမျိုး ရှိပေမယ့် ကြိုးဖုန်းကတော့ ဈေးကျတာမျိုးတွေ သိပ်မရှိပါဘူး။ ကြိုးဖုန်းတွေရဲ့ ခေါ်ဆိုခက တစ်မိနစ် ၁၅ ကျပ်နှုန်း ဖြစ်နေလို့ပါ။ အခုလို ဈေး တွေ ပြောင်းသွားတော့ ကြိုးဖုန်းတွေလည်း နောက်ပိုင်းမှာ အပြင်ဈေးနှုန်းတွေ နည်းနည်း ပြောင်းသွားမယ် ထင်ပါတယ်''ဟု သုံးသပ်ပြောကြား ခဲ့သည်။
ယခုအခါတွင် ဖုန်းခေါ်ဆိုခ နှုန်းထားများမှာ ကြိုးဖုန်းများအတွက် တစ်မိနစ်လျှင် ၁၅ ကျပ်နှုန်း နှင့် ၂၅ ကျပ်နှုန်း၊ မိုဘိုင်းဖုန်း အားလုံးအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်နှုန်း အသီးသီး ကျသင့်မည် ဖြစ်ကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
11-04-2010, 09:47 AM
မော်တော်ကား၊ ရထားနှင့် သင်္ဘောများတွင်ပါ ရွှေ့လျားစနစ်ဖြင့် ကြည့် ရှုနိုင်မည့် ဂြိုဟ်တုစနစ်သုံး ရုပ်သံလိုင်း ၃၈ လိုင်းကို နိုဝင်ဘာလ တတိယပတ် အတွင်း စတင် ထုတ်လွှင့်မည်
မော်တော်ကား၊ ရထားနှင့် သင်္ဘောများတွင်ပါ ကြည့်ရှုနိုင်မည့် ဂြိုဟ်တုစနစ်သုံး ရုပ်သံလိုင်းသစ် ၃၈ လိုင်းကို နိုဝင်ဘာလ တတိယပတ်အတွင်း စတင် ထုတ်လွင့်မည် ဖြစ်ကြောင်း ရွှေသံလွင်မီဒီယာမှ Chief Technical Officer ဦးမျိုးမင်းက ပြောကြားခဲ့သည်။
ဂြိုဟ်တုစနစ်သုံး ရုပ်သံလိုင်း ၃၈ လိုင်းကို မြို့နယ် ၃၃၀ မြို့နယ်တွင် ကြိုတင်ငွေပေးချေ ကတ်စနစ်ဖြင့် ရောင်းချနိုင်ရန် ကိုယ်စားလှယ်များ ခေါ်ယူမှု ပြုလုပ်ပြီးနောက် နိုဝင်ဘာလ တတိယပတ်အတွင်း စတင်ထုတ်လွှင့် ရောင်းချမှုများ ပြုလုပ်နိုင်ရန် စီစဉ်နေရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ရုပ်သံလိုင်း ၃၈ လိုင်းကို ဂြိုဟ်တုစနစ်ဖြင့် ထုတ်လွှင့်မည့် DTH(Direct To Home) ၀န်ဆောင်မှုကို အများပြည်သူထံ မြန်မာနိုင်ငံမြို့နယ် ၃၃၀ မြို့နယ်ရှိ ကိုယ်စားလှယ်များထံမှ တစ်ဆင့် ရောင်းချ ပေးသွားမည်ဖြစ်ပြီး အဆိုပါ ရုပ်သံ လိုင်းများ ဖမ်းယူကြည့်ရှုနိုင်ရန် လိုအပ်သည့် စလောင်းနှင့်ရုပ်သံဖမ်းစက်ကို ဈေးနှုန်းအားဖြင့် ငွေကျပ် ခြောက်သောင်း ၀န်းကျင် သတ်မှတ်ထားကြောင်း သိရှိရသည်။
''ကြိုတင် ငွေပေးချေကတ်ရဲ့ ဈေးနှုန်းတွေကိုတော့ အတိအကျ မသိရသေးပါဘူး။ ရုပ်သံဖမ်းစက်နဲ့ စလောင်းကိုတော့ အကြမ်းဖျင်းဈေးနှုန်း ငွေကျပ်ခြောက်သောင်းဝန်းကျင် သတ်မှတ်ထားပါတယ်။ ရုပ်သံလိုင်းတွေကိုလည်း နိုဝင်ဘာလ အတွင်း စတင် လွှင့်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ ဂြိုဟ်တုရုပ်သံလိုင်းတွေကို ကြည့်ရှုနိုင်ဖို့ ကြိုတင်ငွေပေးချေကတ်တွေကို သက်ဆိုင်ရာမြို့နယ် ကိုယ်စားလှယ်(RSP)တွေထံကပဲ ၀ယ်ယူရမှာ ဖြစ်ပါတယ်။ ဂြိုဟ်တုစနစ်နဲ့ လွှင့်တာဖြစ်လို့ မြန်မာနိုင်ငံအပြင် ဒေသတွင်း နိုင်ငံအချို့ကနေပါ ရုပ်သံလိုင်းတွေကို ဖမ်းယူကြည့်ရှုနိုင်ဖို့ စီစဉ်ထားပါတယ်''ဟု ပြောကြားခဲ့သည်။
SKYNET(DTH) စနစ်ဖြင့် ထုတ်လွှင့်သည့် ရုပ်သံလိုင်းများကို မော်တော်ယာဉ်၊ ရထားနှင့် သင်္ဘောများပေါ်တွင် ရွေ့လျားစနစ်ဖြင့် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် မြေပြင်အခြေစိုက် ထပ်ဆင့် ထုတ်လွင့်မှုကို Analogue စနစ်ဖြင့် ထုတ်လွှင့်မှုမှ DVB-T စနစ်ဖြင့် ထုတ်လွှင့်ရေးကို ၂၀၀၅ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ကြောင်း၊ DVB-T ကွန်ယက်ကို Free to Air ရုပ်သံလိုင်းသစ်များနှင့် ပူးပေါင်းတိုး ချဲ့၍ Multi Channel ကွန်ရက် အသွင်ဖြင့် စီစဉ်ခဲ့ကြောင်း သိရှိရသည်။ထို့ပြင် ဖိုင်ဘာဆက်သွယ်ရေး စနစ်ဖြင့် အင်တာနက်စနစ်၊ ရုပ်သံလိုင်းနှင့် တယ်လီဖုန်းလိုင်းများ အသုံးပြုနိုင်မည့် Fiber To Home စနစ်ကို ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ၀န် ဆောင်မှုပေးနိုင်ရန် စီစဉ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
11-04-2010, 09:48 AM
ရွေးကောက်ပွဲ ကျင်းပမည့်နေ့၌ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် နယ်မြို့ကြီး ၂၀ ကျော်တွင် Eleven Media Group မှ သွားရောက် သတင်းရယူမည်
ရွးကောက်ပွဲ ကျင်းပမည့်နေ့ (နိုဝင်ဘာလ ၇ ရက်နေ့)တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ အခြားနယ်မြို့ ၂၀ ကျော်တွင် Eleven Media Group မှ သွားရောက် သတင်းရယူသွားမည် ဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပသည့် နေ့တွင် သတင်းများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးနိုင်ရန် အတွက် ရန်ကုန်ရုံးချုပ်မှ သတင်း အယ်ဒီတာ အဖွဲ့ဝင်များ၊ မန္တလေး၊ နေပြည်တော် ပျဉ်းမနားရုံးခွဲတို့မှ သတင်းအယ်ဒီတာ အဖွဲ့များအပြင် Eleven Media Group မှ ခန့်အပ်ထားသော နယ်မြို့ကြီးများမှ နယ်သတင်းထောက်များကလည်း သက်ဆိုင်ရာ ဒေသအလိုက် သတင်းများပေးပို့ ဖော်ပြပေးသွားမည် ဖြစ်ပြီး နယ်သတင်းထောက်များ ခန့်အပ်ထားခြင်း မရှိသေးသော ဒေသများသို့လည်း သတင်းထောက်များ စေလွှတ်၍ သတင်းများ ရယူကာ အချိန်နှင့်တစ်ပြေးညီ ဖော်ပြနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်သည်။
Eleven Media Group မှ နယ်မြို့ကြီးများတွင် နယ်သတင်းထောက်များ အဖြစ် ခန့်အပ်ထားပြီး ဖြစ်သော ဒေသများမှာ တာချီလိတ်၊ တောင်ကြီး၊ လားရှိုး၊ မူဆယ်၊ ကလေး၊ မုံရွာ၊ ပခုက္ကူ၊ မကွေး၊ ပြည်၊ ပဲခူး၊ မောင်တော၊ စစ်တွေ၊ မော်လမြိုင်၊ ဘားအံ၊ ပုသိမ်၊ မြိတ်မြို့တို့ ဖြစ်ကြပြီး နယ်သတင်းထောက်များ ခန့်အပ်ထားခြင်း မရှိသေးသည့် မြို့များအနက် မြစ်ကြီးနား၊ လွိုင်ကော်၊ ကျိုင်းတုံမြို့တို့ အပါအ၀င် ဒေသ အသီးသီးရှိ မြို့ကြီး ၂၀ ကျော်သို့ သွားရောက် သတင်းရယူသွားမည် ဖြစ်သည်။
@news-eleven.com

poohcartoon
11-04-2010, 09:50 AM
ဈေးကွက်အတွင်းရှိ အကြော်ဆိုင် ၁၀၀ ကျော်တွင် အသုံးပြုနေသည့် ဆီများ စစ်ဆေးချက်အရ အများစုမှာ ကျန်းမာရေး ထိခိုက်နိုင်သည့် ဆီများဖြစ်ကြောင်း တွေ့ရှိ

ပြည်တွင်း ဈေးကွက်အတွင်းရှိ အကြော်ဆိုင်ပေါင်း ၁၀၀ ကျော်မှ အသုံးပြုနေသည့် ဆီများကိုစစ်ဆေးသည့် အခါတွင် အဆိုပါဆီအများစုမှာ စားသုံးသူ၏ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း FDA စစ်ဆေးချက်အရ သိရှိရသည်။
ယခုစစ်ဆေးပေးသည့် ဆီဆိုင်များမှာ နေပြည်တော်ခရိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အကြော်ဆိုင်များမှ ဆီများဖြစ်ပြီး မကြာခင်ကာလတွင်လည်း မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အကြော်ဆိုင်များမှ ဆီများကိုလည်း စစ် ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဆေးဝါးနှင့်အစားအစာ ကွပ်ကဲဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဦးကျော်လင်းက သုံးသပ်ပြောကြားခဲ့သည်။
နေပြည်တော်ခရိုင်နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အကြော်ဆိုင်များ၌ အသုံးပြုနေသောဆိုင်များအား စစ်ဆေးတွေ့ရှိရမှုနှင့် ပတ်သက်၍ ဆေးဝါးနှင့်အစားအစာ ကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက "အခု နေပြည်တော် ခရိုင်အတွင်းက အကြော်ဆိုင်တွေရယ် ရန်ကုန်တိုင်း ဒေသကြီးအတွင်းက ဆိုင်တွေ စုစု ပေါင်း ၁၀၀ ကျော်ကို သုံးပတ်ကာလအတွင်း စစ်ဆေးတဲ့အခါမှာ ဆိုင်အများစုမှ အသုံးပြုနေတဲ့ ဆီတွေက စားသုံးသူရဲ့ ကျန်းမာရေးကို ထိခိုက် တယ်ဆိုတဲ့ အကြောင်းအချက်တွေကို တွေ့ရှိရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ဆေးတွေ့ရှိချက်တွေအရ အီကြာကွေး၊ အာလူးကြော်၊ ဘရာကြော်၊ ပလာတာစတာတွေကို ရောင်းချနေတဲ့ အကြော်ဆိုင်လေးရော၊ အကြော်ဆိုင်ကြီးတွေပါ သူတို့တွေက တစ်ခါကြော်ပြီးသွားရင် အဲဒီ ကြော်ပြီးသားဆီတွေကို နောက်နေ့ မှာ ထပ်ခါထပ်ခါ ပြန်ကြော်တာကို စစ်ဆေးတွေ့ရှိရတယ်။ အဲဒီလို ကြော်ပြီးသားဆီတွေက ဆယ်လိုက်တဲ့အခါမှာ တူးနေတဲ့အမည်းစက်တွေ ကျန်ရှိမယ်။ အဲဒီအမည်းစပ်တွေကပဲ နောက်နေ့ပြန်ကြော်မယ်။ ကြော်တဲ့ အကြော်တွေထဲပေါ်ကို အဲဒီအမည်းစက် တွေက ကပ်သွားမယ်။ အဲဒါတွေကို စားသုံးမိမယ်။ ပြီးတော့ စားသုံးသူ တွေကို ကျွန်တော့်အနေနဲ့ အကြံပြုချင်တာက ဘယ်ဆိုင်မှာဖြစ်ဖြစ် ၀ယ်စားတဲ့အခါမှာ ထပ်ခါထပ်ခါ ပြန်ကြော်တဲ့ဆီတွေက တခြားဆီတွေနဲ့မတူဘူး။ ပိုပြီးမည်းနေတာ ကိုတွေ့ရမယ်။ အဲဒီဆီအိုးထဲမှာလည်း အမည်းစက် အမည်းစက် ကလေးတွေကို မျက်စိနဲ့မြင်တွေ့ရမယ်။ အဲဒီအကြောင်းအရာတွေကို သတိထားပြီးတော့ ၀ယ်စားသင့်ပါတယ်"ဟု ဈေးကွက်အတွင်းရှိ အကြော်ဆိုင်များမှဆီများ စစ်ဆေးတွေ့ရှိချက်အပေါ် သုံးသပ်ပြောကြားခဲ့သည်။
အကြော်ဆိုင် အများစုမှာ စားသုံးသူ၏ကျန်းမာရေးကို ထိခိုက်စေသည့်အတွက် ကျန်းမာရေး ၀န်ကြီးဌာန ဗဟိုပညာပေးရေး ကော်မတီမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာဦးခင်မောင်လွင် က "အဲဒီလိုမျိုး ထပ်ခါထပ်ခါ ကြော်ပြီးတော့ ရောင်းချတဲ့ ဆိုင်တွေရဲ့အကြော်တွေကို ၀ယ်စားတဲ့အခါ အချိန်ကာလကြာမြင့်လာတဲ့အခါမှာ သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊ ဆီကျိုရောဂါတွေဖြစ်နိုင် တယ်။ ဒီရောဂါတွေကို မီပြီးတော့ နောက်ထပ်ရောဂါတွေ အများကြီး ဖြစ်နိုင်တယ်။ ဥပမာ သွေးတိုး ရောဂါသမားက သွေးကြောပိတ်ရောဂါ၊ လေဖြတ်တာတွေ ဆက်ပြီးဖြစ်သွားနိုင်တယ်။ အခြေခံအားဖြင့်တော့ အ၀လွန်ရောဂါ ဖြစ်ပွားနိုင်တယ်"ဟု စားသုံးသူများအား အကြံပြုပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
11-04-2010, 09:56 AM
ဂြိုဟ်တုစနစ်သုံး အီလက်ထရွန်းနစ် ရုပ်ရှင်ပြသမှု စနစ်ကို ရွှေသံလွင်ကုမ္ပဏီမှ မကြာမီ စတင်မည် ဒီဂျစ်တယ်စနစ်သုံး ရုပ်ရှင်ရုံ ရန်ကုန်နှင့် မန္တလေးမြို့တွင် လေးရုံ ထပ်မံ ဖွင့်လှစ်မည်
ဒီဂျစ်တယ်စနစ်သုံး ရုပ်ရှင်ရုံများတွင် တစ်ပြိုင်နက်တည်း ရုပ်ရှင် ဇာတ်ကားတစ်ကား ပြသနိုင်မည့် ဂြိုဟ်တုသုံး အီလက်ထရွန်းနစ် ရုပ်ရှင်ပြသမှု စနစ်ကို ရွှေသံလွင် ကုမ္ပဏီမှ မကြာမီ စတင်သွားရန်ရှိသည်ဟု သတင်းရရှိသည်။
ယင်းအပြင် အဆိုပါ ဂြိုဟ်တု စနစ်သုံး အီလက်ထရွန်းနစ် ရုပ်ရှင်ပြသမှု စနစ် ဆောင်ရွက်နိုင်သည့် ဒီဂျစ်တယ်စနစ်သုံး ရုပ်ရှင်ရုံများကိုလည်း ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် လေးရုံခန့် ထပ်မံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
အီလက်ထရွန်းနစ် ရုပ်ရှင်ပြသမှု စနစ်ကို ဒီဂျစ်တယ် စနစ်သုံး ရုပ်ရှင်ရုံများတွင်သာ အသုံးပြုသွားနိုင်မည် ဖြစ်ပြီး ပြည်တွင်းပြည်ပ ရုပ်ရှင်ဇာတ်လမ်းတစ်ကားကို မြန်မာတစ်နိုင်ငံလုံးရှိ ဒီဂျစ်တယ်စနစ်သုံး ရုပ်ရှင်ရုံ အားလုံးတွင် တစ်ပြိုင်နက်တည်း ပြသ သွားနိုင်မည့် စနစ်လည်း ဖြစ်သည်။
အီလက်ထရွန်နစ် ရုပ်ရှင်ပြသမှု စနစ်ဖြင့် ပြသလိုသည့် ပြည်တွင်းပြည်ပ ရုပ်ရုင်ဇာတ်ကားများကို ဖလင် (သို့မဟုတ်) တိတ်၊ စီဒီစနစ်မှ ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲရမည် ဖြစ်သည်ဟု သိရသည်။ ယင်းကဲ့သို့ ပြောင်းလဲပြီး ဖြစ်သည့် ဒီဂျစ်တယ် ရုပ်သံဖိုင်များကို ရွှေသံလွင် ကုမ္ပဏီ၏ စကိုင်းနက် ဂြိုဟ်တုချယ်နယ်မှ တစ်ဆင့် တစ်နိုင်ငံလုံးရှိ ဒီဂျစ်တယ်စနစ်သုံး ရုပ်ရှင်ရုံများမှ ဖမ်းယူပြီး ဒီဂျစ်တယ် ပိတ်သားပေါ်တွင် ပြန်လည် ပြသပေးမည့် စနစ် ဖြစ်သည်ဟုလည်း သိရသည်။
ယင်းစနစ်အရ ပြည်တွင်းပြည်ပ ရုပ်ရှင်ဇာတ်ကားများသာမက ရုပ်သံဇာတ်လမ်းတွဲများ၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်များကိုပါ ဒီဂျစ်တယ်စနစ်သုံး ရုပ်ရှင်ရုံများတွင် ကြည့်ရှုနိုင်တော့မည် ဖြစ်သည်ဟုလည်း သိရသည်။
လက်ရှိတွင် အီလက်ထရွန်းနစ် ရုပ်ရှင်ပြသမှု စနစ် အသုံးပြု ပြသပေးနိုင်သည့် ဒီဂျစ်တယ်စနစ်သုံး ရုပ်ရှင်ရုံများမှာ ရန်ကုန်မြို့တော်တွင် နှစ်ရုံရှိသည်ဟု သိရပြီး နေပြည်တော်တွင် သုံးရုံရှိသည်ဟု သိရသည်။ ယင်းအနက် နေပြည်တော်ရှိ ဇေယျာသီရိ ရုပ်ရှင်ရုံနှင့် အောင်သပြေ ရုပ်ရှင်ရုံတို့မှာ သရီးဒီ ရုပ်ရှင်များပါ ပြသနိုင်သော ရုံများဖြစ်သည်ဟု သိရသည်။ ဆက်လက်၍ ရန်ကုန်မြို့တော်တွင် ဒီဂျစ်တယ် စနစ်သုံး ရုပ်ရှင်ရုံနှစ်ရုံနှင့် မန္တလေးမြို့တွင် ဒီဂျစ်တယ်စနစ်သုံး ရုပ်ရှင်ရုံနှစ်ရုံ တို့ကို ထပ်မံ ဖွင့်လှစ်သွားဦးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းအပြင် ဂြိုဟ်တုစနစ်သုံး၍ အသစ် ထပ်မံ ထုတ်လွှင့်ပြသမည့် ရုပ်သံလိုင်း ၃၀ ကျော်ကိုလည်း မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ မြို့နယ်တွင် ကြိုတင်ငွေပေးချေကတ်စနစ်ဖြင့် ရောင်းချသွားရန် အတွက် ကိုယ်စားလှယ်များ ခေါ်ယူခဲ့သည်။
@news-eleven.com

poohcartoon
11-04-2010, 09:58 AM
ရန်ကုန်တွင် ရောင်းရလွယ်သည့် ဇုန်ထုတ်ကားများ အများစုအခိုးခံရ၍ ယာဉ်ပိုင်ရှင်များ သတိထား စောင့်ကြပ်နေရဟုဆို
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကားခိုးမှုများ ဖြစ်ပေါ်လျက် ရှိနေပြီး နည်းလမ်းမျိုးစုံဖြင့် အလွယ်တကူ ရောင်းချ၍ရသည့် စက်မှုဇုန်ထုတ်ကားများ အများစုအခိုးခံရသည်ဟု ခိုးယူခံရသူ ယာဉ်ပိုင်ရှင်များက ပြောကြားခဲ့ပါသည်။ ထို့အတွက် ယာဉ်ပိုင်ရှင်များအနေဖြင့် သတိထားလျက် ရှိကြောင်း သိရသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ က တာမွေမြို့နယ် ဗညားဒလလမ်းတွင် နံနက် ၂ နာရီဝန်းကျင်တွင် တိုက်ရှေ့လမ်းပေါ်တွင် ရပ်ထားသည့် စက်မှုဇုန်ထုတ် Light Truck တစ်စီးခိုးယူခံခဲ့ရကြောင်း ရှာဖွေနေဆဲ ဖြစ်ကြောင်းသိရသည်။ ယင်းအပြင် အဆိုပါလမ်း၌ပင် စက်မှုဇုန်ထုတ် ကားပျောက်ဆုံးပြီး တစ်ပတ် ၀န်းကျင်အကြာတွင် Pajero ကားတစ်စီး ထပ်မံခိုးယူခံရကြောင်း သိရသည်။
စက်မှုဇုန်ထုတ်ကား ပျောက်ဆုံးမှုအတွက် သက်ဆိုင်ရာ မြို့နယ် ရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
ဇုန်ထုတ်ကားပိုင်ရှင်မှ ခိုးယူခံရမှုအပေါ် "ဒီလိုပဲ လမ်းပေါ်မှာရပ်နေကြပါ။ လွန်ခဲ့တဲ့သုံးနှစ်လောက် ကတည်းက ဒီမှာပဲ ညဘက်ဆိုရပ်ထားတာ ဘာမှမဖြစ်ဘူး။ အောက်တိုဘာလ ၁၇ ရက်နေ့ ည ၁၁ နာ ရီလောက်က ရပ်ထားတာ၊ မနက် ၃ နာရီလောက်ကျတော့ မရှိတော့ဘူး။ တွေ့တဲ့သူက ပြောတာက ၂ နာရီ ၀န်းကျင်လောက်က လူသုံးယောက် မောင်းသွားတာ တွေ့တယ်လို့ ပြောပြကြပါတယ်။ အမှုဖွင့်ပြီးတိုင်ထားတယ်၊ ကားပွဲစားတန်းရော စက်မှုဇုန်တွေမှာပါ လိုက်ရှာခဲ့သေးတယ်" ဟု ပြောကြားခဲ့ပါသည်။
ဇွန်လအတွင်းက ဘုရင့်နောင် စက်မှုဇုန်အတွင်း စက်မှုဇုန်ထုတ် Townace ကားတစ်စီးခိုးယူခံရပြီး သြဂုတ်လ ၁၆ ရက်နေ့ညကလည်း ဘုရင့်နောင်ပွဲရုံအတွင်း၌ပင် စက်မှုဇုန်ထုတ် Townace ကားတစ်စီးခိုးယူ ခံခဲ့ရကြောင်းသိရသည်။
သြဂုတ် လဆန်းပိုင်းအတွင်း ကလည်း ရန်ကုန်မြို့လယ်၌ Toyota Corolla CE106 ဗင်ဖင်ကောက် ၁၉၉၂ အမျိုးအစားတစ်စီးနှင့် စက်မှုဇုန်ထုတ် ဂျစ်ကားတစ်စီးခိုးယူခံရ ပြီး ဂျစ်ကားမှာ ပြန်လည်ရရှိသည် ဟုသိရသည်။
စက်မှုဇုန်ထုတ်ကား အများစု အခိုးခံရမှုမှာ ရောင်းရလွယ်ကူသည့် အနေအထားကြောင့် ဖြစ်ကြောင်း၊ တစ်စစီဖျက်၍ ရောင်းသည်ဖြစ်စေ၊ ပုံမပျက်အလုံးလိုက် ရောင်းသည်ဖြစ်စေ လွယ်ကူသည့်အတွက် ဖြစ်သည်ဟု ဆိုကြသည်။
"ကျွန်တော့်ကားပျောက်တဲ့ အတွက် လိုက်စုံစမ်းတယ်။ ဇုန်ထုတ် ကားအများစု ပျောက်ရတဲ့အချက်က တစ်စစီဖြုတ်ရောင်းလည်း ရတယ်ဆိုပေမယ့် အခုနောက်ပိုင်း အလုံးလိုက်ပါ ရောင်းလို့ရတာကြောင့် လို့သိရတယ်။ ရဲတင်းတဲ့သူဆို ခိုးပြီးတာနဲ့ တစ်စစီမလုပ်တော့ဘဲ အလုံးလိုက် ကိုရောင်းကြတာလို့ သိရတယ်။ ဘယ်လိုလုပ်လည်းဆိုတော့ ခိုးပြီးသား ကားရဲ့အင်ဂျင်နံပါတ်ကို ဖျက်ပြီး အသစ်ပြန်ထုတယ်။ ပြီးရင် လိုင်စင်ဝင် ပြန်ရောင်းလုပ်တယ်။ အဲဒီလို အလုံးလိုက်ရောင်းရင် သိန်း ၇၀ လောက်ရပြီး တစ်စစီဖြုတ်ရောင်းရင် ကျပ်သိန်း ၂၀ လောက်ပဲရတယ်လို့ ပြောကြတယ်။ အဲဒီအတွက် ဇုန်ထုတ်ကားတွေကို အများစုခိုးခံရတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတယ်"ဟု ခိုးယူခံရသူတစ်ဦးက ပြောခဲ့သည်။
"ကျွန်တော်တို့က တိုက်ခန်းမှာနေတာ ဆိုတော့ ကိုယ့်တိုက်ခန်း ရှေ့မှာပဲ ညအိပ်ထိုးတဲ့သူ များတယ်လေ။ ပျောက်တာကလည်း ညဖက်တွေအပျောက်များတော့ သော့တို့ဘာတို့ သေချာလုပ်နေရတယ်။ လမ်း လုံခြုံဖို့အတွက်လည်း ကင်းစောင့်တဲ့သူကို စုပြီးငှားထားရတယ်"ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူတစ်ဦးကလည်း ရှင်းပြခဲ့သည်။
@news-eleven.com

poohcartoon
11-04-2010, 10:00 AM
နိုဝင်ဘာလ ၇ ရက်နေ့တွင် ခရီးသည်တင်ယာဉ်များ မှတ်တိုင်အားလုံး၌ အချိန်ကြာမြင့်စွာ ရပ်နားမှု လုံးဝ မရှိစေရန် စစ်ဆေး အရေးယူသွားမည်
http://www.news-eleven.com/images/stories/nov10/bi/b33206.jpg
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်ယာဉ်များ မှတ်တိုင်များ အားလုံး၌ အချိန် ကြာမြင့်စွာ ရပ်နားမှု လုံးဝ မရှိစေရန် ကြီးကြပ် ဆောင်ရွက်သွားမည့် အပြင် စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။
ယခု ကာလအတွင်း၌လည်း မှတ်တိုင်အချို့တွင် ခရီးသည်ယာဉ်များ ကြာရှည်စွာ ရပ်နားမှုကြောင့် အဆိုပါ ယာဉ်ပေါ်တွင် ပါရှိသည့် ခရီးသည်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းတို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် တာဝန်ရှိသူများမှ ကြာရှည်စွာ မရပ်စေရန် ဆောင်ရွက်နေသော်လည်း လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် မှတ်တိုင်များအားလုံး၌ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မ.ထ.သ(ဗဟို)မှ တာဝန်ရှိသူ တစ်ဦးကလည်း ''အခုလာမယ့် နိုဝင်ဘာလ ခုနစ်ရက်နေ့(ရွေးကောက်ပွဲနေ့)မှာ ခရီးသွားပြည်သူတွေ ကိုယ်လိုရာ ခရီးကို မြန်မြန်ဆန်ဆန်နဲ့ သွားရောက်ဖို့ ယာဉ်လိုင်းတွေအားလုံးကို မှတ်တိုင်တွေမှာ ခရီးသည်ကို စောင့် သည်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေ မှတ်တိုင်မှာ အကြာကြီး ရပ်ခွင့် လုံးဝ ခွင့်မပြုတော့ဘူး။ အခုချိန်မှာလည်း စစ်ဆေးမှု ပြုလုပ်နေတယ်။ ဒါ့အပြင် အဲဒီနေ့ကြရင် မှတ်တိုင်တွေ အကုန်လုံးမှာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ ကြီးကြပ်သွားမယ်။ စစ်ဆေးတွေ့ရှိရင်လည်း ဒဏ်ငွေချမှတ်ပြီး အရေးယူသွားမှာပါ။ အဲဒီနေ့မှာ တာဝန်ကျတဲ့ ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေ၊ ယာဉ်ကြီးကြပ်တွေနဲ့ တာဝန်ရှိသူတွေကို သက်ဆိုင်ရာ ကျေးရွာ၊ ကော်မရှင် အဖွဲ့ခွဲတွေနဲ့ ညှိ နှိုင်းပြီးတော့ ကြိုတင်မဲဆန္ဒပေးဖို့ကိုလည်း စီစဉ်ထားပါတယ်''ဟု ပြောကြားခဲ့ပါသည်။
အလားတူ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ လီမီတက်မှ တာဝန်ရှိသူ တစ်ဦးကလည်း ''နိုဝင်ဘာလ ခုနှစ်ရက်နေ့မှာ အထူးယာဉ်လိုင်းတွေရော ရိုးရိုး ယာဉ်လိုင်းတွေ အကုန်လုံး မှတ်တိုင်တွေမှာ အချိန်ကြာမြင့်စွာ မရပ်နားဖို့အတွက် စစ်ဆေးရေး အဖွဲ့ကနေ အမြဲတမ်း ရှောင်တစ်ခွင် ၀င်ရောက် စစ်ဆေးသွားမယ်။ စစ်ဆေးတွေ့ရှိရင်တော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဒဏ်ငွေ ရိုက်မယ် သို့မဟုတ် ယာဉ်လိုင်းကနေ ထုတ်ပယ်သည်အထိ အရေးယူ ဆောင် ရွက်သွားပါ့မယ်''ဟု ပြောကြားခဲ့သည်။
မ.ထ.သ ရန်ကုန်တိုင်းဒေသကြီးရုံးသို့ နေ့စဉ် ပုံမှန်ယာဉ်လိုင်းများနှင့် ပတ်သက်၍ ခရီးသည်များမှ တစ်စုံတစ်ရာ ကျေနပ်မှု မရှိခြင်းကြောင့် တစ်နေ့လျင် တိုင်ကြားမှု သုံးမှုမှ ငါးမှု ကြားရှိနေကြောင်း သိရှိရပါသည်။
@news-eleven.com

poohcartoon
11-04-2010, 10:17 AM
တောင်ကြီး တန်ဆောင်တိုင်ပွဲ အတွက် မုခ်ဦး၊ ပွဲကြည့်စင်၊ ပြခန်း၊ ဆိုင်ခန်းများ ဆောက်လုပ်လျက်ရှိ မီးပုံးပျံ ပြိုင်ပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပမည်
http://www.news-eleven.com/images/stories/nov10/bi/b33209.jpg
၂၀၁၀ ပြည့်နှစ် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်အတွက် မုခ်ဦး၊ ပြခန်း၊ စတိတ်ရှိုးစင်နှင့် အရောင်း ဆိုင်ခန်းများကို ဆောက်လုပ် နေရာချနေပြီ ဖြစ်ကြောင်း ပွဲတော် ကျင်းပရေး တာဝန်ရှိသူများထံမှ သိရသည်။
မီးပုံးပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပမည် ဖြစ်ရာ ညမီးကြီး ၁၀ လုံးခန့်၊ စိန်နားပန် သုံးလုံးခန့်၊ နေ့လွှတ်အရုပ် ၄၀ ခန့် နေ့စဉ် လွှတ်တင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ ဖွင့်ပွဲ အခမ်းနားတွင် ကုမ္ပဏီတစ်ခုမှ မီးပုံးပျံငယ် အလုံး တစ်ထောင်ကို တစ်ပြိုင်တည်း လွှတ်တင်မည် ဖြစ်ကြောင်း သိရှိရသည်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် မီးပုံးပျံများကို အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင် စာရင်း ကောက်ယူခဲ့ရာ အောက်တိုဘာလ ၃၁ ရက်နေ့တွင် စာရင်းပိတ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် တောင်ကြီးမြို့ ကန်ရှေ့ရပ် ကွက်ရုံးတွင် ညမီးကြီးနှင့် စိန်နားပန်၊ နေ့အရုပ် ပြိုင်ပွဲများကို မဲနှိုက်၍ ပွဲစဉ် ဇယားများ ရေးဆွဲခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။
ယခုနှစ် နောက်ဆုံး စာရင်းအရ မီးပုံးပျံပြိုင်ပွဲဝင် ညမီးကြီး ၇၈ လုံး၊ စိန်နားပန် ၃၄ လုံး၊ နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၁၅၈ လုံး၊ ခြေလေးချောင်း ၁၀၂ လုံးနှင့် တစ်အုပ်စုလျှင် သုံးကောင်အထက် ယှဉ်ပြိုင်ရသည့် အုပ်စု ၄၄ အုပ်စုတို့ ပြိုင်ပွဲဝင် ကြမည် ဖြစ်ကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
11-04-2010, 10:23 AM
နေပြည်တော်ခရိုင်အတွင်း စားသောက်ဆိုင်များတွင် အစားအသောက်များ သန့်ရှင်းစွာ ရောင်းချမှုနှင့် ထားသိုမှု ရှိမရှိ စစ်ဆေး
နေပြည်တော်ခရိုင် အတွင်းရှိ စားသောက်ဆိုင်များတွင် အစားအသောက်များကို သန့်ရှင်းစွာ ရောင်းချမှု ရှိမရှိနှင့် အစားအသောက်များ သန့်ရှင်းစွာ ထားသိုမှု ရှိမရှိတို့အား စတင် စစ်ဆေးလျက် ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ဗဟို အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိပါသည်။
ယင်းစစ်ဆေးမှုကို အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ လုပ်ဆောင်နေခြင်း ဖြစ်ပြီး စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဖွယ်ရာဆိုင်များ ပါဝင်ကာ စားသုံးသူများအား အန္တရာယ် ကင်းရှင်းသော အစားအသောက်များ စား သုံးနိုင်ရန် ရည်ရွယ်၍ စစ်ဆေးမှုများ ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။
''နေပြည်တော်ခရိုင် အတွင်းမှာ ရှိတဲ့ စားသောက်ဆိုင်တွေရဲ့ သန့်ရှင်းရေး၊ အစားအသောက် ချက်ပြုတ်တဲ့ နေရာမှာ သန့်ရှင်းမှု ရှိမရှိ၊ အစားအသောက် ထားသိုမှုမှာ သန့်ရှင်းမှု ရှိမရှိကို စစ်ဆေးလျက် ရှိပါတယ်။ ဥပမာ စားသောက်ဆိုင်တွေမှာ ချက် ပြုတ်တဲ့ နေရာကို ညစ်ပတ်မနေဘဲ သပ်သပ်ရပ်ရပ်ထားဖို့၊ အသားတွေကို ခုတ်ပြီးရင် သန့်သန့်ရှင်းရှင်းထားဖို့ ဒါတွေကို စစ်ဆေးပြောပြပြီး ပြုပြင်မှုတွေ ပြုလုပ်စေတာ ဖြစ်ပါတယ်။ ပြီးတော့ အစားအသောက် ချက်ပြုတ်ရာမှာ အဓိကကျတဲ့ရေကို စစ် တယ်။ ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ အိုးခွက် ပန်းကန်တွေကိုလည်း စစ်ဆေးပါတယ်''ဟု အဆိုပါ တာဝန်ရှိသူက ပြောပြသည်။
ယင်းစစ်ဆေးမှုကို ဗဟို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး အဖွဲ့နှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ(ကျန်းမာရေးဌာန)တို့ ပူးပေါင်း ပြုလုပ်ခြင်း ဖြစ်ပြီး စားသောက်ဆိုင် အရေအတွက် ၅၀ ခန့်တွင် စစ်ဆေးမှုများ ပြုလုပ် ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
11-04-2010, 10:29 AM
တောင်ငူမြို့၏ မြို့တည်နန်းတည် နှစ် ၅၀၀ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပမည်
http://www.news-eleven.com/images/stories/nov10/bi/b33210.jpg
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၏ မြို့တည်နန်းတည် နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂၁ ရက်(တန်ဆောင်မုန်းလပြည့်)နေ့တွင် စည်ကားစွာ ကျင်းပမည် ဖြစ်သည်။
အဆိုပါ အထိမ်းအမှတ်ပွဲတွင် ဓာတ်ပုံပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ဂီတဖျော်ဖြေပွဲ စသည့် အစီအစဉ်များပါ ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယခုအချိန်မှ စတင်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီ ဖြစ်သည်။
ထို့အပြင် တောင်ငူမြို့၏ အချက်အချာကျသော ဗိုလ်မှူးဖိုးကွန်းလမ်းနှင့် ရန်ကုန်-မန္တလေး လမ်းထောင့်တွင် တောင်ငူမြို့တည် ''မင်းကြီးညို'' ရုပ်တုကိုလည်း ပွဲတော်အမီ ဖွင့်လှစ်နိုင်ရန် ကြိုးစား တည်ဆောက်လျက် ရှိကြောင်း သိရသည်။
@news-eleven.com

poohcartoon
11-06-2010, 09:44 AM
ယခုရက် ကာလအတွင်း၌ လူစည်ကားရာ နေရာများတွင် လုံခြုံရေးစစ်ဆေးမှု ယခင်ကထက် ပိုမိုစစ်ဆေးလာကြောင်း သိရ
http://www.news-eleven.com/images/stories/nov10/bi/33210.jpg
အဝေးပြေး ကားဂိတ်များ၊ ရှော့ပင်းစင်တာကြီးများနှင့် လူစည်ကား ရာနေရာများတွင် ယခင်ကာလများထက် လုံခြုံရေးများ တိုးမြှင့်ချထားရေးနှင့်အတူ စစ်ဆေးမှုအပိုင်းတွင်လည်း ပိုမို၍ တင်းကြပ်စွာ စစ်ဆေး ဆောင်ရွက်လာကြောင်း သိရှိရသည်။
ယခုလကာလတွင် လူစည်ကားရာ နေရာများဖြစ်သည့် စေတီပုထိုးများ၊ ရုပ်ရှင်ရုံများ၊ ရှော့ပင်းစင်တာများ၊ အခြေခံပညာကျောင်းများ၊ အဝေးပြေးကားဂိတ်များတွင် လုံခြုံရေးများပိုမို၍ ချထားခြင်းနှင့်အတူ စစ်ဆေးမှုအပိုင်းမှာလည်း တိကျ တင်းကြပ်စွာ စစ်ဆေးမှု ပြုလုပ်လာကြောင်း စစ်ဆေးတွေ့ရှိလာကြောင်း စုံစမ်းသိရှိရသည်။
ထို့အတူ မ.ထ.သ အဝေးပြေး လက်ထောက်ဌာနမှူးဖြစ်သူ ဦးမျိုးဝင်းက "အခုရွေးကောက်ပွဲ ကာလရက်အတွင်းမှာ ကျွန်တော်တို့နဲ့အတူ သက်ဆိုင်ရာဌာန အသီးသီးက အဝေးပြေးကားဝင်း တစ်ခုလုံးမှာ စစ်ဆေးမှုတွေ အရင်ကထက်ပိုပြီးဆောင်ရွက် နေပါတယ်။ ခရီးသည်တစ်ဦးက ခရီးသွားမယ်ဆိုရင် နိုင်ငံသားစိစစ် ရေးကတ်ပြားပါရမယ်။ ဒါမှမဟုတ်ဘူးဆိုရင် သက်သေ အထောက်အထား တစ်ခုပါရမယ်။ နောက်ပြီးတော့ သူတို့နဲ့ ပါလာမယ့် အထုပ်အပိုးတွေကို စစ်ဆေးသွားမယ်။ ဒါ့အပြင် ပါဆယ်ပုံးတွေ၊ စာအိတ်တွေကိုလည်း တိကျတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပေးသွားမှာပါ"ဟု ပြောကြားခဲ့သည်။
အလားတူ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ လုံခြုံရေးမီးသတ်ဌာ နမှ ဌာနမှူးဖြစ်သူ ဦးထွန်းအောင် ငွေကလည်း "အခုကာလမှာ ဘုရား ကြီးရဲ့ စောင်းတန်းတွေ အကုန်လုံး မှာ သင့်လုံခြုံမှုအတွက် စစ်ဆေးပေးနေပါတယ်။ ကြည်ဖြူစွာဖြင့် စစ်ဆေးမှုကို လက်ခံပါ၊ မိုင်းသတိရှိပါ စတဲ့ သတိပေး ဆိုင်းဘုတ်ကို ကပ်ထားပြီးတော့ ကျွန်တော်တို့ဆီက ၀န်ထမ်းတွေအပြင် တခြားဝန်ထမ်းတွေ အကုန်လုံးက ဘုရားကိုလာတဲ့ ဘုရားဖူးလာသူတွေ အေးချမ်းစွာ ကုသိုလ်ယူနိုင်ဖို့အတွက် စစ်ဆေးမှုတွေကို ဆောင်ရွက်ပေးနေပါတယ်။ အဓိကကတော့ ဒီလို စစ်ဆေးပေးရခြင်း အကြောင်းအရင်းက စစ်ဆေးတဲ့သူ တွေကလည်း အမြဲတမ်းသတိရှိနေဖို့။ စစ်ဆေးခံရတဲ့ ဘုရားဖူးတွေက လည်း အမြဲတမ်း သတိရှိစေဖို့အတွက် ဖြစ်ပါတယ်။ စစ်ဆေးတဲ့အခါမှာလည်း ၀န်ထမ်းတွေကိုအရင်ကထက် ပိုမိုတိုးချဲ့လာပါတယ်" ဟု ယခု ကာလ၌ စစ်ဆေးရေး ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့ပါသည်။
@news-eleven.com

poohcartoon
11-06-2010, 09:49 AM
ကမ်းနားလမ်းသစ်နှင့် ချိတ်ဆက် ဆောင်ရွက်မည့် လမ်းများကို အကြီးစား ပြင်ဆင်မှုနှင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်မည်
ရန်ကုန်မြို့တွင် စတင်ဖောက်လုပ်လျက်ရှိသော ကမ်းနားလမ်းသစ် နှင့် ချိတ်ဆက်ဆောင်ရွက်မည့် လမ်းများကို အကြီးစား ပြင်ဆင်မှုနှင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိ ကမ်းနားလမ်း၊ အသစ် ဖောက်လုပ်နေသော ကမ်းနားလမ်းသစ်နှင့် ချိတ်ဆက် အသုံးပြုသွားမည့် အမှတ်(၂) လမ်းမကြီးတို့ကို ချိတ်ဆက်သွားမည့် လမ်းများကို ခြောက်လမ်းသွား လမ်းမကြီးများအဖြစ် အကြီးစားပြင်ဆင်မှုနှင့် အဆင့်မြှင့်တင်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ကမ်းနားလမ်း၊ အမှတ် (၂) လမ်းမကြီးတို့ကို ဆက်စပ်ပေးမည့် လမ်းများမှာ ဗိုလ်တထောင်ဈေးလမ်း၊ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလလမ်း အကြား၊ မဟာဗန္ဓုလလမ်း ဗိုလ်တထောင်နှင့် ဗန္ဓုလတံတားအကြား၊ ဗန္ဓုလတံတား-ယမုံနာလမ်းမှ ရှုခင်းသာ ပန်းခြံအထိ၊ ရှုခင်းသာလမ်း ရှုခင်းသာပန်းခြံမှ သန်လျင်ချဉ်းကပ် လမ်းအထိ၊ ရတနာလမ်း-သန်လျင် ချဉ်းကပ်လမ်းနှင့် ပဲခူးမြစ်လမ်း အကြား၊ ပဲခူးမြစ်လမ်း-ရတနာလမ်း နှင့် ဧရာဝဏ်လမ်းအကြား၊ ဧရာ ၀ဏ်လမ်း-ပဲခူးမြစ်လမ်းနှင့် မောင်းမကန် ကမ်းသာလမ်းအကြား၊ မောင်းမကန် ကမ်းသာလမ်း- ဧရာဝဏ်လမ်းနှင့် အမှတ်(၂) လမ်းအကြား၊ အမှတ်(၂) လမ်းမကြီး မောင်းမကန် ကမ်းသာလမ်းမှ မစိုတံတားအကြား လမ်းပိုင်းများကို ခြောက်လမ်းသွား လမ်းများအဖြစ် တိုးချဲ့တည်ဆောက် သွားမည်ဟု သိရှိရသည်။
အသစ် ဖောက်လုပ်သွားမည့် ကမ်းနားလမ်းသစ် စီမံကိန်းပြီးစီးပါ က ဆိပ်ကမ်းဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ကုန်သွယ်ရေးလမ်းမကြီး တစ်ခုအဖြစ် အဆိုပါလမ်းကိုအဓိကထား အသုံးပြုစေမည်ဖြစ်ပြီး ကုန်တင်ယာဉ်ကြီးများ၊ ကုန်သေတ္တာတင် ယာဉ်ကြီးများကို အဓိက ဖြတ်သန်း အသုံးပြုစေမည်ဟု သိရသည်။ ကမ်းနားလမ်းသစ်မှ အမှတ် (၂) လမ်းမကြီးကို ချိတ်ဆက်ကာ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများသို့ လည်းကောင်း၊ အောက်ကြည့်မြင်တိုင်လမ်း ဘုရင့်နောင်တံတားမှ တစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ လည်းကောင်း ချိတ်ဆက် အသုံးပြုသွားမည် ဖြစ်သောကြောင့် ကမ်းနားလမ်းသစ် နှင့် အဆိုပါ လမ်းမကြီးတို့ကို ဆက်စပ်ပေးသည့် လမ်းပိုင်းများကို ခြောက်လမ်းသွား လမ်းမကြီးများနှင့် လျော်ညီအောင် အဆင့်မြှင့်တင်ခြင်း၊ အကြီးစား ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကမ်းနားလမ်းမှ အမှတ် (၂) လမ်းမကြီးသို့ ချိတ်ဆက်ထားသည့် လမ်မကြီးအချို့တွင် လမ်းပျက်စီးမှု များဖြစ်ပေါ်နေပြီး အချို့သော လမ်းပိုင်းများကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ ကမ်းနားလမ်းနှင့် အမှတ် (၂) လမ်းမ ကြီးတို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းအချို့တွင် ကုန်တင်ယာဉ်ကြီးများ၊ ကုန်သေတ္တာတင်ယာဉ်ကြီး များနှင့် သစ်လုံးတင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှု များပြားသောကြောင့် ချိုင့်များ၊ လမ်းသားမညီ ညွတ်မှုများ ရှိနေကြသည်ဟု သိရ သည်။ ရန်ကုန်မြို့တော် ဆိပ်ကမ်းများမှတစ်ဆင့် မြန်မာနိုင်ငံအထက် ပိုင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ ကို ချိတ်ဆက်သွားမည့် လမ်းပိုင်းများအားလုံးကို အဆင့်အတန်းနှင့် လျော်ညီစွာ တိုးချဲ့သွားရန် စီစဉ်ထား သည်ဟု သိရှိရသည်။
@news-eleven.com

rolancross
11-06-2010, 09:17 PM
Myanmar is now under a massivs DDoS Attack. Arbor Network’s Security Engineering & Response Team (SERT) is reporting on their blog, that the country’s defacto service provider, Ministry of Post and Telecommunication was ordered by the government to cut the Internet connectivity of the country, which has been facing large amounts of DDoS attacks.

More on the excellent coverage and analysis can be read here


http://asert.arbornetworks.com/2010/11/attac-severs-myanmar-internet/

poohcartoon
11-07-2010, 08:52 AM
မဲပေးကြပြီ (မြို့အလိုက်မဲပေးမှု အကျဉ်းချုပ်)
http://www.news-eleven.com/images/stories/election/toVote.jpg
ရန်ကုန် -
တောင်ဥက္ကလာပ - တောင်ဥက္ကလာပမြိုနယ် (၆) ရပ်ကွက်ရှိ မဲရုံအမှတ် (၄) တွင် ပထမဆုံးမဲပေးသူမှာ အသက်(၅၀) ၀န်ကျင် အမျိုးသားတစ်ဦး ဖြစ်ပြီး မိသားစုလိုက် မဲပေးသူများရှိနေ၊ မဲပေးရန်စောင့်ဆိုင်းနေသူများတွင် အသက် (၈၀) အမျိုးသမီးကြီး တစ်ဦးပါဝင်၊

တောင်ဥက္ကလာ - တောင်ဥက္ကလာ အင်းဝလမ်း မဲရုံ အမှတ် (၃) တွင် အသက်(၅၀)ကျော်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး စတင်မဲပေး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်အမှတ် (၂) (ဃ)ရပ်ကွက် မဲရုံတွင် အသက် (၄၀) ၀န်းကျင်ရှိ လင်မယားနှစ်ဦး စတင်မဲပေး၊
ကမာရွတ် - ကမာရွတ်မြိုနယ် မဲရုံအမှတ် (၃)တွင် အသက်(၆၆)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး စတင်မဲပေး၊

စမ်းချောင်း - စမ်းချောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်မဲရုံတွင် အသက် ၅၀ ကျော် အငြိမ်းစားဝန်ထမ်း၊ အမျိုးသားတစ်ဦး ပထမဆုံး လာရောက် မဲပေးခဲ့သည်။ "နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ကျေပြီလို့ ယူဆပါတယ်။ ရလဒ်ကလည်း မျှတမယ်လို့ ယုံကြည်ပါတယ်"

အလုံမြို့နယ် - ဆင်မင်းရပ်ကွက် မဲရုံတွင် အသက် ၆၀ ကျော် ၀န်ထမ်းဟောင်း အမျိုးသားတစ်ဦး ပထမဆုံး လာရောက်မဲပေး "နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံ့တာဝန် ကျေချင်လို့ မဲလာပေးတာပါ။ ၉၀ ခုနှစ်တုန်းကလည်း မဲပေး ခဲ့ဖူးပါတယ်။ တိုင်းပြည်တိုးတက်အောင် လုပ်နိုင်မယ်ထင်တဲ့ ပါတီကို မဲပေးခဲ့ပါတယ်။ ရလဒ်ကိုလည်း စောင့်မျှော်နေပါတယ်။

ဗိုလ်တထောင် - (၇)ရပ်ကွက် မဲရုံတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပထမဆုံး လာရောက် မဲပေးခဲ့သည်။ "ကျွန်မတို့တစ်အိမ်လုံး မဲပေးကြမှာပါ။ အသက်ကြီးတဲ့သူတွေကတော့ နောက်မှလာပြီး မဲပေးပါလိမ့်မယ်။ ကျွန်မတို့အနေနဲ့ တာဝန်ကျေပါတယ်။ ဘယ်သူနိုင်နိုင်ပါ။ တိုးတက်မယ်ဆိုရင် ကျေနပ်ပါပြီ။" "ဒါပထမဆုံးမဲပေးတာပါ အိမ်မှာရှိတဲ့ မဲပေးခွင့်ရှိသူအားလုံး မဲပေးကြမှာပါ။ ပါတီတွေက ဘယ်လိုမှ မစည်းရုံးကြပါဘူး။ ကိုယ့်ဆန္ဒအရပဲ မဲပေးခဲတာပါ။ ကိုယ့်အပေါ်မှာကောင်တယ်ထင်တဲ့ ပါတီကို မဲပေးခဲ့တာပါ။ ကိုယ်အပေါ်ကောင်တဲ့ အုပ်ချုပ်မှုကောင်းတဲ့ လူရဲ့လက်အောက်မှာပဲ နေချင်ပါတယ်။" (၃၅) နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦး

ဗဟန်း - ''ဗဟန်းမြို့နယ် မဲရုံအမှတ် ၂ မှာ မဲပေးရမယ့်သူ ၁၃၆၁ ရှိတယ်။ မနက် ၆ နာရီခွဲကျော်ဆိုတော့ ကိုယ်က စောလှပြီ ထင်နေတာ ကိုယ့်ရှေ့မှာ မဲပေးပြီးတဲ့သူက ၅၀ လောက် ပေးပြီးသွားပြီ။ လူထုကတော့ တာဝန်ကျေပါတယ်။ ကိုယ်ရဲ့မဲတွေ အညစ်မခံရဖို့ပဲ အရေးကြီးတယ်။ ဒါဆိုရင်တော့ လူထုရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရမယ်''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

ဒဂုံတောင် - "မဲပေးတဲ့သူတွေကတော့ လာ ကြပါတယ်။ မနက် ၆ နာရီက တည်းက တစ်ဖွဲဖွဲရောက်လာကြပါ တယ်။ တချို့ဆိုရင် မဲပေးဖို့ အသက် မပြည့်သေးတဲ့ ကလေးတွေကိုပါ ခေါ်လာပြီး တစ်မိသားစုလုံး လာ ရောက်မဲပေးကြပါတယ်။ မဲဆန္ဒရှင် တွေရဲ့ ရှေ့မှာပဲ မဲမပေးခင် မဲပုံးထဲမှာ ဘာမဲမှရှိမနေဘူးဆိုတာကို ပြပြီး တော့မှ စပြီး မဲပေးခွင့်ပြုခဲ့ပါတယ်" ဟု ဒဂုံတောင်မြို့နယ် ၅၄ ရပ်ကွက် မဲရုံအမှတ် ၁ မှ တာဝန်ရှိသူတစ်ဦး က ပြောပြပါသည်။

"မနက်မိုးမလင်းက တည်းက တစ်မိသားစုလုံး မဲသွား ပေးဖို့ အစောကြီးထခဲ့တယ်။ လမ်း ထဲက လူတွေလည်း မဲပေးဖို့ လိုက် ပြောထားတယ်။ ဘယ်သူ့ကို မဲထည့် ခဲ့သလဲဆိုတာကတော့ NDF ကိုပါ ပဲ။ သူတို့မရှိတဲ့ တိုင်းဒေသကြီး လွှတ်တော်မှာတော့ တစညကို ထည့် ခဲ့ပါတယ်" ဟု ဒဂုံတောင်မြို့နယ် ၅၄ ရပ်ကွက်မှ မဲဆန္ဒရှင်တစ်ဦးက ပြော ပြခဲ့ပါသည်။

"မဲရုံတွေကို လေ့လာဖို့ ကိုယ် စားလှယ်တွေကို ဖုန်းဆက်ထားပါ တယ်။ ကျွန်တော်ကိုယ်တိုင်လည်း လျှောက်ပတ်ကြည့်နေပါတယ်။ အခု လောလောဆယ်တော့ လေးထောင့် ကန်ကို ရောက်နေပါတယ်" ဟု ဒဂုံတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျဝင်း (NDF ပါတီ)က နံနက် ၆ နာရီခွဲအချိန် တွင် ပြောပြပါသည်။

မြိတ် - မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်မဲရုံတွင် အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦ စတင်မဲပေး၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး အပါအ၀င် သတင်းမီဒီယာအချို့ လေ့လာသတင်းရယူနေ၊

ငပုတော - ငပုတောမြိုနယ် မဲရုံအမှတ် (၂) တွင် အသက် (၆၀) ကျော်အရွယ် အမျိုးသားတစ်ဦး စတင်မဲပေး၊ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းအားမဲပေးကြောင်း ပြောကြား၊ ၄င်ဧ။်နောက်တွင် အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးမဲပေးပြီး ခမောက်ဘေးတွင် အမှန်ခြစ်ခဲ့ကြောင်း ပြောကြား၊

မောင်တော - မောင်တောမြိုနယ်အတွင်းရှိ မဲရုံအချို့တွင် မဲပေးရန် စောင့်ဆိုင်းသူများပြားကြောင်းသိရ

ဖားအံ - ကရင်ပြည်နယ် ဖားအံမြို့ ကူဆိပ်ရပ်ကွက် မဲရုံ အမှတ် (၂) တွင် အသက် (၆၀)ကျော် အမျိုးသား (ပညာရေးမှုးဟောင်း) တစ်ဦး ပထမဦးဆုံမဲစတင်ပေး၊ ဖလုံစဝေါ်ကိုမဲပေးကြောင်းသိရ

စစ်တွေမြို့ - ရခိုင်ပြည်နယ် စစ်တွေမြို့ ကျောင်းကြီးလမ်းမဲရုံတွင် အသက် (၃၅)နှစ်အရွယ် အမျိုးသား တစ်ဦး ပထမဆုံး စတင်မဲပေးခဲ့ အဆိုပါမဲရုံတွင် မဲပေးမည့်သူအများ အပြားရှိပြီး ကြိတ်ကြိတ်တိုးလျက်ရှိ ကြောင်း သိရသည်။

ရမည်းသင်း - မြို့မရပ်ကွက် မဲရုံ(၂)နှင့်(၃) တွင် လာရောက် မဲပေးခဲ့ကြ၊ ပထမဆုံး မဲပေးသူမှာ အသက် ၅၈ နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်၊"နိုင်ငံသား တစ်ယောက်အနေနဲ့ ဒီမိုကရေစီ ကူးပြောင်းရေးမှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် လာပြီး မဲပေးတာပါ။ တစ်ပါတီ စနစ်တုန်းကလည်း မဲပေးဖူးပါတယ်။ ကွာခြားတာကတော့ ဒီရွေးကောက်ပွဲမှာ လေးစားလောက်တဲ့လူ သိပ်မတွေ့ရတာပါပဲ"

ဟားခါးမြို့ - နံနက် ၆ နာရီတွင် မဲရုံများ စတင်ဖွင့်လှစ်ခဲ့ ရာသီဥတုအေးသော်လည်း လာရောက်မဲပေးသူများပြား၊ မဲရုံသုံးရုံ ကြည့်ရှုခွင့် ရရှိထားပြီး ဖြစ်သော်လည်း မဲပေးသူများနှင့် စကားပြောခွင့်မရသေး

မကွေး - မကွေးမြို့ ဈေးလည်စိုးရပ်ကွက် မဲရုံအမှတ် (၁) တွင် အသက် ၅၈ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး မဲစတင်ပေး "ဘယ်သူပဲတက်တက် ကြိုဆိုပါတယ်။ သာမန်ပါဘဲ။ ဘာမှထူးထူးခြားခြား မရှိပါဘူး"

"လွှတ်တော်ကိုယ်စားလှယ် လောင်းကို ရွေးချယ်တဲ့အခါမှာ အကျိုးပြုနိုင်မယ့်လူကိုရွေးချယ်ခဲ့ပါ တယ်။ နောက်ပြီး လူကိုကြိုက်လို့ ရွေးချယ်ခဲ့တာပါ။ ကျွန်တော်မိတ် ဆွေတွေလည်း သူ့ကိုပဲရွေးချယ်ခဲ့ပါ တယ်။ မူကတော့နောက်မှပါ။ သူ နိုင်၊ မနိုင်ကတော့ မပြောတတ်ပါဘူး။" (၅၄)နှစ်အရွယ်အမျိုးသားတစ်ဦး

ကျိုင်းတုံ - ကျိုင်းတုံမြို့နယ် နောင်ကုန်ကျေးရွာ မဲရုံအမှတ် (၁) တွင် ပထမဆုံးမဲပေးသူမှာ အသက် (၃၀) အရွယ် အမျိုးသားတစ်ဦးဖြစ်သည်၊ ၄င်းက ကျားဖြူပါတီအားမဲပေးခဲ့ကြောင်းပြောကြား

တောင်ကြီး - တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ မဲရုံအမှတ် (၂) တွင် ဦးသန်းလွင် အသက် ၅၈ နှစ်အရွယ် ပထမဆုံး မဲပေးခဲ့သည်။ "အခု မဲပေးရတာ အဆင်ပြေပါတယ်။ မဲပေးဖို့ကို မနက် ၅ နာရီ ၃၀ မိနစ်ကတည်းက ရောက်နေတာပါ"ဟု ပြောကြားခဲ့သည်။

လပွတ္တာ - ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ မဲရုံများတွင် မဲပေးရန် စောင့်ဆိုင်းနေသူများ များပြားနေပြီး နံနက် ၇ နာရီခွဲမှစ၍ မြို့ပေါ်ရှိမဲရုံများတွင် မဲပေးရန်အတွက် အများအပြားလာ ရောက်ကြကြောင်း သိရသည်။ မိသားစုလိုက် လာရောက်မဲပေးသူများပြားလျက် ရှိသည်။ ၁၀ ရပ်ကွက် မဲရုံအမှတ်(၁) တွင် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားတစ်ဦး ပထမဆုံးလာရောက် မဲပေးခဲ့။ ‘‘မနက် ၆ နာရီခွဲမှာ မဲပေးခဲ့ ပါတယ်။ ကတ်ပြားထုတ်ပြီး အခန်း တစ်ခန်းစီဝင်၊ ကိုယ်ကြိုက်တဲ့ပါတီကို လွတ်လွတ်လပ်လပ် မဲပေးခဲ့ပါတယ်။ အဆင်ပြေပါတယ်’’ဟု လပွတ္တာမြို့နယ် (၁၀)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးခဲ့သူ အသက် (၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

မြစ်ကြီးနား - အောင်နန်းရပ်ကွက် မဲရုံအမှတ် ၆၁ တွင် နံနက် ၆နာရီ မဲရုံဖွင့်ချိန် ကတည်းက လာရောက် မဲပေးသူ များပြားခဲ့။ ၀န်ထမ်း၊ အရပ်သားအားလုံး မဲလာပေးခဲ့ကြ၊ ပထမဆုံး မဲပေးသူမှာ အသက် (၅၈)နှစ် အရွယ်ရှိ အရပ်သား အမျိုးသားတစ်ဦးဖြစ်။ ၀န်ထမ်းအများစုမှာ လာရောက် မဲပေးကြသော်လည်း မည်သည့် ပါတီကို မဲပေးခဲ့သည်ကို မေးမြန်းရာတွင် ''ဟိုပါ...တီကိုပဲ မဲပေးရတာပေါ့''ဟု ဖြေကြားခဲ့။

ခရမ်း - ‘လွှတ်တော်သုံးခုစလုံးအတွက် ခမောက်ကိုပဲ ထည့်ခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ စိတ်ထဲမှာ လုံခြုံတယ်လို့ ခံစားရလို့ပါ’ - ရန်ကုန်တိုင်းဒေသကြိး ခရမ်းမြို့နယ် မကျည်းကန်ကျေးရွာ အသက် ၃၀ အရွယ် မဲဆန္ဒရှင် အမျိုးသမီးတစ်ဦး

ဒေးဒရဲ - ‘သုံးခုစလုံး တစညပဲ ထည့် တယ်။ တစညကို ဘာကြောင့်ထည့် ရလဲဆိုတော့ ကျွန်တော်တို့က စပါး စိုက်တာ စပါးကို ချစ်လို့။ ကျန်တာ တော့ ကျွန်တော် သိပ်မသိဘူး’ - ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာ အသက် ၃၀ အရွယ် မဲဆန္ဒရှင်အမျိုးသားတစ်ဦး

ပဲခူးမြို့- မြို့တွင်းကြီးရပ်ကွက် မဲရုံ အမှတ်(၁)တွင် ဒေါ်ဝင်း အသက် ၆၄ နှစ်မှ ပထမဆုံး မဲပေးခဲ့ ရှင်စောပုရပ်ကွက် မဲရုံအမှတ် (၁)တွင် ဦးဝင်းဖေ အသက်(၆၄)နှစ်က ပထမဆုံး မဲပေးခဲ့။
@news-eleven.com

poohcartoon
11-07-2010, 08:54 AM
မဲပေးကြပြီ
http://www.news-eleven.com/images/stories/election/E01.jpg
http://www.news-eleven.com/images/stories/election/E02.jpg
http://www.news-eleven.com/images/stories/election/E03.jpg
http://www.news-eleven.com/images/stories/election/E04.jpg
http://www.news-eleven.com/images/stories/election/E05.jpg
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီမှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ မဲရုံများ ဖွင့်လှစ်၍ မဲပေးခြင်းများ စတင်နေပြီ ဖြစ်ပါသည်။
နံနက်စောစောပိုင်းမှစ၍ ရန်ကုန်မြို့ရှိ မြို့နယ် အသီးသီးမှ မဲရုံများတွင် မဲပေးသူများ မဲပေးရန် စောင့်ဆိုင်းသူများဖြင့် စည်ကားနေပြီ ဖြစ်ပါသည်။ ''ဗဟန်းမြို့နယ် မဲရုံအမှတ် ၂ မှာ မဲပေးရမယ့်သူ ၁၃၆၁ ရှိတယ်။ မနက် ၆ နာရီခွဲကျော်ဆိုတော့ ကိုယ်က စောလှပြီ ထင်နေတာ ကိုယ့်ရှေ့မှာ မဲပေးပြီးတဲ့သူက ၅၀ လောက် ပေးပြီးသွားပြီ။ လူထုကတော့ တာဝန်ကျေပါတယ်။ ကိုယ်ရဲ့မဲတွေ အညစ်မခံရဖို့ပဲ အရေးကြီးတယ်။ ဒါဆိုရင်တော့ လူထုရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရနိုင်တယ်''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့နီးတူ အခြား နယ်မြို့များတွေလည်း မဲပေးမှုများကို နံနက် ၆ နာရီမှ စတင်လျက် ရှိပါသည်။ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့တွင် မဲပေးမည့်သူများ နံနက် ၄ နာရီ ၀န်းကျင်ခန့် ကတည်းက စတင် စုရုံးနေကြကြောင်းလည်း သိရသည်။ မန္တလေးမြို့တွင်မူ မဲရုံဖွင့်ချိန် နံနက် ၆ နာရီဝန်းကျင်ခန့်တွင် မဲပေးရန် လာရောက်သူ နည်းပါးနေသေးကြောင်း သိရသည်။
''မဲကို တစ်ခါမှ မပေးဘူး။ ဒါ ပထမဆုံးအကြိမ်ပဲ ကိုယ်ရွေးတဲ့ ကိုယ်စားလှယ် ရွေးခံစေချင်ပါတယ်''ဟု လားရှိုးမြို့နယ် မဲရုံ အမှတ်(၅)တွင် ပထမဆုံး မဲပေးခဲ့သူ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦးက ပြောကြားခဲ့ပါသည်။
ကရင်ပြည်နယ် ဖားအံမြို့ ကူးဆိပ်ရပ်ကွက် မဲရုံအမှတ် (၂) တွင် ပထမဆုံး မဲပေးသူမှာ အသက် ၆၀ ကျော် အရွယ်ရှိ ပညာရေးမှူးဟောင်းတစ်ဦး ဖြစ်ပြီး ၎င်းက ဖလုံ-စဝေါ် ပါတီ အမှတ်တံဆိပ်ဘေးတွင် အမှန် ခြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းရှိ မဲရုံများတွင်လည်း မဲပေးရန် စောင့်ဆိုင်းနေသူများ ရှိနေကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နောင်ကုန်ကျေးရွာ မဲရုံ အမှတ်(၁)တွင် စတင် မဲပေးသူမှာ အသက် ၃၀ အရွယ် လူငယ်အမျိုးသားတစ်ဦး ဖြစ်ပြီး လုပ်ငန်းခွင် မ၀င်မီ မဲလာပေးခြင်း ဖြစ်ကြောင်း၊ ကျားဖြူပါတီကို မဲပေးခဲ့ကြောင်း သိရသည်။ ၎င်းက''ပါတီတစ်ခုအနေနဲ့ ဦးဆောင်နိုင်မယ့် ခေါင်းဆောင်ကောင်းရှိတယ်လို့ ယူဆပြီး မဲပေးခဲ့တယ်''ဟု ပြောကြားခဲ့ပါသည်။
(နံနက် ၇ နာရီ ၀န်းကျင် အချိန်အထိ အခြေအနေများ ဖြစ်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်)
@news-eleven.com

poohcartoon
11-07-2010, 08:55 AM
GSM ဖုန်းများကို နေပြည်တော် တိုင်းဒေသကြီးတွင်လည်း အသုံးပြုနိုင်
http://www.yatanarpon.com.mm/index.php?ch=63&pg=102&ac=1393&bb=img_big
မြန်မာ့ဆက်သွယ်ရေး ကြေးနန်းနှင့် စာတိုက်ဝန်ကြီးဌာန မှ နိုဝင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော် တိုင်းဒေသကြီး၌ BTS (GSM ရေဒီယို) စခန်းပေါင်း ၁၁ ခုကို အောင်မြင်စွာ တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
ထိုကဲ့သို့ နေပြည်တော် တိုင်းဒေသကြီး၌ မြန်မာ့ ဆက်သွယ်ရေးမှ GSM ရေဒီယို စခန်းများ ဖွင့်လှစ်နိုင်ခြင်းကြောင့် GSM ဖုန်းအသုံးပြုသူ ပြည်သူများ အနေဖြင့် နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်၍ နေပြည်တော် တိုင်းဒေသကြီးတွင်လည်း GSM ဖုန်းများကို လွယ်ကူစွာ အသုံးပြုနေနိုင်ပြီ ဖြစ်ကြောင်းသတင်း ရရှိပါသည်။
@yatanarpon.com.mm

poohcartoon
11-08-2010, 09:07 AM
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက် မဲရုံအမှတ် (၂)တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် NDF ပါတီက မဲအပြတ်အသတ် ရရှိ
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက် မဲရုံအမှတ် (၂) တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် NDF ပါတီက မဲအပြတ်အသတ် ရရှိကြောင်း သိရသည်။ အဆိုပါ မဲရုံတွင်
ပြည်သူ့လွှတ်တော်၌ ပြည်ခိုင်ဖြိုးက ၄၂၅ မဲကို NDF က ၆၅၉ မဲဖြင့် အသာစီး ရရှိသွားပြီး တစည ပါတီက ၁၇၆ မဲ၊ ၀ံသာနုNLDက မဲ ၇၀ ရရှိကြောင်းနှင့် ပဲမယ် ၉၄ မဲ ရှိသည်ဟု သိရသည်။
အမျိုးသားလွှတ်တော်တွင် NDFက ၆၄၅ မဲဖြင့် အသာစီးရပြီး ပြည်ခိုင်ဖြိုး ပါတီက ၄၁၅ မဲ၊ တစည ပါတီက ၁၉၀၊ ဒီမိုကရက်တစ်ပါတီက ၁၁၂ မဲ ရရှိကာ ပယ်မဲ ၇၂ မဲ ရှိသည်ဟုလည်း သိရသည်။ တိုင်းဒေသကြီး အဆင့်တွင်မူ အဆိုပါ မဲရုံ၌ ပြည်ခိုင်ဖြိုးက ၅၅၉ မဲဖြင့် အနိုင်ရပြီး တစညက ၄၃၇ မဲ တစ်သီးပုဂ္ဂလက ၂၉၈ မဲ ရရှိကာ ပယ်မဲ ၁၃၆ မဲ ပါရှိကြောင်း သတင်းရသည်။
အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာ ရပ်ကွက် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးကိုကြီး၊ တစညပါတီမှ ဦးစောလွင်၊ NDF ပါတီမှ ဦးကျော်အောင်နှင့် ၀ံသာနုNLDမှ ဦးတင်ဝင်းတို့ ယှဉ်ပြိုင်ခဲ့ကြသကဲ့သို့ အမျိုးသားလွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာစိုးထွန်း၊ NDFပါတီမှ ဦးတင်အောင်အောင်၊ ဒီမိုကရက်တစ်ပါတီမှ ဒေါက်တာခင်မောင်ထွန်းနှင့် တစညပါတီမှ ဦးမြင့်သိန်းနှင့် ယှဉ်ပြိုင်ခဲ့ကြသည်ဟု သိရှိရသည်။
အဆိုပါမဲရုံ၏ တိုင်းဒေသကြီး အဆင့်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဖုန်းဇော်ဟန်၊ တစညပါတီမှ ဦးဝင်းမြင့်နှင့် တစ်သီးပုဂ္ဂလ ဦးဖြိုးဝေသက် တို့ ယှဉ်ပြိုင်ကြသည်။
@news-eleven.com

poohcartoon
11-08-2010, 09:08 AM
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက် မဲရုံအမှတ် (၁) ပြည်သူ့လွှတ်တော်အဆင့် ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲရေအတွက် ၁၅၄ မဲအသာဖြင့် အနိုင်ရရှိနေ
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက် မဲရုံအမှတ် (၁) ပြည်သူ့လွှတ်တော်အဆင့် ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲအရေအတွက် ၁၅၄ မဲအသာဖြင့် အနိုင်ရရှိနေကြောင်း သတင်း ရရှိသည်။
မန္တလေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် အဆင့်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီနှင့် ၀ံသာနု NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားလှယ်လောင်း ဦးကျော်အောင်က မဲအရေအတွက် ၅၀၀ ရရှိခဲ့ပြီး ၃၄၆ မဲရရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးကိုကြီးအား ၁၅၄ မဲ အသာစီး ရရှိ ကာ အနိုင်ရရှိနေကြောင်း သိရသည်။ အဆိုပါ မဲရုံတွင် ပယ်မဲ အရေအတွက်မှာ ၁၁၈ မဲရှိပြီး ၀ံသာနု NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဝင်းက ၂၇ မဲနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ ကိုယ်စားလှယ်လောင်း ဦးစောလွင်က မဲအရေအတွက် ၁၆၀ မဲ ရရှိခဲ့ကြောင်း သိရသည်။
အလားတူ အဆိုပါမဲရုံတွင် အမျိုးသားလွှတ်တော်၌ ပြည်ခိုင်ဖြိုး၏ မဲပေါင်း ၃၃၈ မဲကို NDF က ၃၉၃ ဖြင့် အသာရခဲ့သည်ဟု သိရသည်။ ဒီမိုကရက်တစ်ပါတီ ၅၁ မဲ၊ တစညပါတီက မဲ ၁၅၀ ရရှိပြီး ပယ်မဲ ၇၃ မဲ ရှိသည်ဟု သိရသည်။ ညောင်ကွဲရပ် အမှတ် (၁) မဲရုံတွင် အမျိုးသားလွှတ်တော်၌ ပြည်ခိုင်ဖြိုး ပါတီမှ ဒေါက်တာစိုးထွန်း၊ NDF ပါတီမှ ဦးတင်အောင်အောင်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဒေါက်တာတင်မောင်ထွန်းနှင့် တစညပါတီမှ ဦးမြင့်သိန်းတို့ ပါဝင် အရွေး ခံခဲ့ကြသည်။
@news-eleven.com

poohcartoon
11-08-2010, 09:10 AM
နိုဝင်ဘာလ အတွင်း CDMA 450MHz စခန်း အသစ် (၂၃) ခု ထပ်မံ တိုးချဲ့ ဖွင့်လှစ်မည်
http://www.yatanarpon.com.mm/index.php?ch=63&pg=102&ac=1402&bb=img_big
ပြည်နယ်နှင့် တိုင်း အသီးသီးရှိ မြို့ပေါင်း (၁၄၃) မြို့တွင် ငှားရမ်း တပ်ဆင် အသုံးပြုခွင့် ပေးခဲ့သော ကျပ် ငါးသိန်းတန် CDMA 450MHz ဖုန်းများကို နိုဝင်ဘာလ အတွင်း မြို့ပေါင်း (၂၃) မြို့တွင် လိုင်းပေါင်း (၂၂,၀၀၀) ခန့် ထပ်မံ တိုးချဲ့ တပ်ဆင် ပေးသွားမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ထပ်မံတိုးချဲ့ ချထားပေးမည့် မြို့များတွင် ချောင်းသာ၊ မြဝတီ၊ ကော့ကရိတ်၊ မြိတ်၊ ပင်းဒယ၊ ညောင်ဦး၊ ကျောက်ဆည်ကဲ့သို့ စီးပွားရေး အချက်အချာကျပြီး GSM Network လက်ရှိ အသုံးပြုနိုင်သော မြို့များ ပါဝင်သလို အိမ်မဲ၊ ဘုရားကြီး၊ ကွန်ဟိန်း၊ ရွာငံ၊ ဆင်ဘို၊ နောင်မွန်း၊ အင်ဂျန်းယန်၊ မချမ်းဘော၊ ချီဖွေ၊ ပန်ဝါ စသော မြို့များပါ ပါဝင်လာသဖြင့် မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်တွင် CDMA 450MHz ကွန်ရက်သည် အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံး ဖြစ်လာဖွယ်ရှိသည်။


နိုဝင်ဘာလအတွင်း တိုးချဲ့ဖွင့်လှစ်မည့် CDMA 450MHz စခန်းသစ်များ
http://www.yatanarpon.com.mm/index.php?hdl=bin&ai=94&th=556&tw=483
လက်ရှိတွင် ကျပ်ငါးသိန်းတန် CDMA 450MHz ဖုန်းများအား လိုင်းအင်အား စုစုပေါင်း (၃၆၅,၀၀၀) တပ်ဆင်ခဲ့ပြီး လိုင်းပေါင်း နှစ်သိန်းကျော် ငှားရမ်းချထားခဲ့ပြီး ဖြစ်သည်။ ကျပ်ငါးသိန်းတန် CDMA 450MHz ဖုန်းများကို နယ်မြေအလိုက်သာ သုံးစွဲခွင့်ပြုထားခြင်းဖြစ်ပြီး နေပြည်တော်တွင် ချထားပေးခဲ့သော ဖုန်းများကိုမူ တစ်နိုင်ငံလုံးတွင် သယ်ဆောင်သုံးစွဲနိုင်ရန် နယ်မြေကန့်သတ်ချက် ကျော်လွန်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ကျန်ဒေသမျာတွင် ချထားပေးမည့် အဆိုပါ ဖုန်းများကိုလည်း တစ်မိနစ်လျှင် ကျပ် (၆၀) နှုန်းဖြင့် နယ်မြေကန့်သတ်ချက် ကျော်လွန်သုံးစွဲခွင့်ပြုမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
@yatanarpon.com.mm

poohcartoon
11-08-2010, 09:22 AM
ဖိုင်ဘာကြိုးတစ်ချောင်းတည်းဖြင့် တီဗွီ၊ တယ်လီဖုန်း၊ အင်တာနက် အသုံးပြုနိုင်သည့် FTTX စနစ် မန္တလေးတွင် အသုံးပြုနိုင်တော့မည်
မန္တလေး၊ မန္တလေးမြို့တွင် FTTX ( Fiber to the home, Fiber to the Building, Fiber to the Premisers) နည်းပညာဝန်ဆောင်မှု စနစ်ကို နိုဝင်ဘာလမှ စတင်၍ မန္တလေးတွင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း REDLINK Communications မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“FTTX နည်းပညာ စနစ်ကို ကျွန်တော် REDLINK က ၇၈ လမ်းမကြီး အရှေ့ဘက်ခြမ်းကို တာဝန်ယူ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။ ၇၈ လမ်းမကြီး အနောက်ဘက်ခြမ်းကိုတော့ FORTUNE INTERNATIONAL LIMITED က တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု ယင်းက ပြောကြားသည်။ “အခု လောလောဆယ်တော့ ချမ်းအေးသာစံမြို့နယ် တစ်မြို့နယ်သာ အသုံးပြုနိုင်အောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လမ်းအနေနဲ့ကတော့ ၇၈ လမ်းမကြီးကို ၂၆ လမ်းနဲ့ ၃၅ လမ်းအထိ ဖြစ်ပါတယ်။ ၂၀၁၀ မကုန်မီ မန္တလေးမြို့ တစ်မြို့လုံးကို FTTX စနစ် အသုံးပြုနိုင်ဖို့ကိုလဲ စီစဉ်ထားပါတယ်။ ၇၈ လမ်းနဲ့ ၃၄ လမ်းဆုံမှာရှိတဲ့ ရတနာပုံ ဒိုင်းမွန်းပလာဇာ အဆင့်မြင့် ဈေးသစ်ကြီးမှာလည်း ကျွန်တော့် ကုမ္ပဏီက တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။ ခုလောလောဆယ် လျှောက်လွှာ ၃၀ ကျော် လက်ခံထားပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
FTTX စနစ်အတွက် တစ်ဦးချင်း လျှောက်ထားလိုပါက နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံစာ၊ နိုင်ငံရေးကင်း FTTX စနစ် ၀န်ဆောင်မှုနှုန်း ရှင်းကြောင်း ကိုယ်တိုင်ခံဝန်ချက် စသည့် စာရွက်စာတမ်းများ ပူးတွဲတင်ပရမည် ဖြစ်သည်။ ကုမ္ပဏီအတွက် လျှောက်ထားပါက နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူ၊ နိုင်ငံရေး ကင်းရှင်းကြောင်း ကိုယ်တိုင် ၀န်ခံချက်၊ Form VI, XXVI မိတ္တူ၊ ကုမ္ပဏီ မှတ်ပုံတင် မိတ္တူတို့ကို တင်ပြရမည် ဖြစ်ကြောင်း သိရသည်။ color]
[color=limegreen]@yatanarpon.com.mm

poohcartoon
11-08-2010, 09:26 AM
မဲဇလီဖူးနှင့် ဆေးပေါင်းခတဲ့ည “တန်ဆောင်မုန်းလပြည့်နေ့၏ အစွမ်းအရှိဆုံးသော အချိန်မှာ ညသန်းခေါင် ၁၁နာရီ ၅၈မိနစ်တွင်ဖြစ် ”
“ဆေးပေါင်းခတဲ့ ညပေါ့ကွယ်၊ အာကာပြင်မှာလဲနက္ခတ်စုံညီတယ်”” စတဲ့ တေးသီချင်းစာသား ကြားလာမှ မကြာခင် တန်ဆောင်မုန်း လပြည့်နေ့ ရောက်တော့မယ်။ ဒီညကို ဆေးပေါင်းခတဲ့ည အထိမ်းအမှတ် အဖြစ်မှတ်ယူပြီးတော့ မဲဇလီဖူးတွေ သုပ်စားကြ တော့မယ်။ ဒီလိုနေ့ တွေမှာ လူကြီးတွေကလည်း မဲဇလီဖူးတွေ သုပ်စားပြီး ရှေးဟောင်းနှောင်း ဖြစ်တွေ ပြောကြ၊ လူငယ်တွေကလည်း ကျီးမနိုးပွဲ ဆင်နွှဲကြနဲ့ ပျော်စရာ မြန်မာ့ ဓလေ့တွေပဲ ဖြစ်ပါတယ်။
ယခုလာမည့် တန်ဆောင်မုန်း လပြည့်နေ့သည် မြန်မာ ပြက္ခဒိန်များတွင် ရေးဆွဲထားသော ဝေါဟာရ လပြည့်ချိန်နှင့် နက္ခတ် စနစ်များနှင့်ပါ တွက်ချက်ထားသော လပြည့်နေ့ အဖြစ်ကိုက်ညီမှုရှိ သဖြင့် ထူးမြတ်သော လပြည့်နေ့ တစ်နေ့ဖြစ်ပြီး ယင်းနေ့၏ လပြည့်ချိန် ည ၁၁နာရီ ၅၈မိနစ်တွင် မဲဇလီဖူးကို သုပ်စားပါက အမှန်တကယ်ဆေးပေါင်းခမည့် အချိန်ပင် ဖြစ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ပြောသည်။
“မဲဇလီဖူးသုပ်ကို လပြည့်နေ့မှာ စားကြရင် ဆေးပေါင်းခပြီး ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး လူကြီးသူ မတွေက ဟိုးအရင် ကတည်းက ယူဆလာကြပါတယ်။ အခုနှစ်ကတော့ မြန်မာပြက္ခဒိန် ဝေါဟာရ လပြည့်ချိန်နဲ့ နက္ခတ်လပြည့်ချိန်တွေ တိုက်ဆိုင်ပါတယ်။ ဒီလိုနေ့တွေမှာ ပိုပြီးဆေးပေါင်းခ တတ်ပါတယ်”ဟု ယင်းက ပြောကြားခဲ့သည်။ လာမည့် တန်ဆောင်မုန်း လပြည့်နေ့ နိုဝင်ဘာ ၂၁ရက်တွင် လမင်းအနေနှင့် ကြတ္တိကာ နက္ခတ်နှင့် စန်းယှဉ်နေမည်ဖြစ်ကာ ယင်းကြောင့် ဆေးဖော်သူများ၊ မြေအောက် သယံဇာတ ရှာဖွေ တူးဖော် သူများ အနေဖြင့် အထူးအကျိုး များနိုင်ကြောင်း သိရသည်။
ယင်းအပြင် ကျီးမနိုးပွဲ ဟုခေါ်သော သူခိုးကြီး ညပွဲတော် ကျင်းပခြင်းနှင့် ပတ်သက်၍လည်း “အဲဒီအချိန်ဟာ ကြတ္တိကာ နက္ခတ် စန်းယှဉ်တဲ့ အချိန်ဖြစ်တဲ့ အတွက် လောင်းကစား ဆောင်ရွက်လိုမှု များတဲ့အချိန်၊ အားပေးတဲ့ အချိန်ဖြစ်တတ် ပါတယ်။ ဒါကြောင့်လည်း ရှေးလူကြီး သူမတွေက တစ်ဖက်လှည့်နဲ့ ဒီလိုစိတ်တွေ မ၀င်အောင်လို့ အပျော်သဘောနဲ့ကျီးမနိုးပွဲကို ဆင်နွှဲစေတာ ဖြစ်လိမ့်မယ် ထင်ပါတယ်”ဟု ယင်းက သုံးသပ်ခဲ့သည်။ တန်ဆောင်မုန်း လပြည့်နေ့၏ အစွမ်းအရှိ ဆုံးသော အချိန်မှာ တိထိပြည့်သော အချိန်ဟု ခေါ်တွင်ပြီး ယင်းမှာ နိုဝင်ဘာ၂၁ရက် ညသန်းခေါင် ၁၁နာရီ ၅၈မိနစ်တွင် ဖြစ်ပြီး ယင်းအချိန်တွင် ဆေးပေါင်းခ မည်ဖြစ်ကြောင်းလည်း သိရသည်။
ယင်းလပြည့်ချိန်တွင် အင်္ဂါဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့ ပူးယှဉ်သွားရန် ရှိကြောင်း သိရပြီး အဖြူရောင် ကြယ်ပွင့် အထက်နားတွင် အနီရောင် ကြယ်ပွင့် အဖြစ် နီးကပ်စွာ မြင်တွေ့ ရမည် ဖြစ်ကြောင်းလည်း သိရသည်။
@yatanarpon.com.mm

poohcartoon
11-08-2010, 09:35 AM
ဆဋ္ဌမအကြိမ် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် ဖိတ်ခေါ် ဓာတ်ပုံပြိုင်ပွဲ ပြုလုပ်မည်
မန္တလေး၊ ဆဋ္ဌမ အကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်နှင့် မဟာကံထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး တန်ဆောင်တိုင်ပွဲတော် ဖိတ်ခေါ်ဓာတ်ပုံ ပြိုင်ပွဲကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ပြင်ဦးလွင် မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီးကွင်းတွင် ကျင်းပမည့် ပွဲတော်မြင်ကွင်း မီးပုံးပျံ လွှတ်တင်ပြိုင်ပွဲ၊ မသိုးသင်္ကန်းရက် ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းလုံး ခတ်ပြိုင်ပွဲ မြင်ကွင်းများနှင့် ဘုရားကြီး ပုံရိပ်ပါ မီးထွန်းပူဇော်မှု ပွဲတော်များဖြင့် ရိုက်ကူးယှဉ်ပြိုင်နိုင်ရာ ပွဲတော်ရက်များဖြစ်သော နိုဝင်ဘာ ၈ ရက်မှ ၂၂ ရက်အတွင်း ရိုက်ကူးသော ဓာတ်ပုံများဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်ဟု သိရသည်။
ပြိုင်ပွဲဝင် ဓာတ်ပုံများကို သတ်မှတ် စည်းကမ်းများနှင့်အညီ နိုဝင်ဘာ ၂၇ ရက် နောက်ဆုံးထား၍ မဟာအံ့ထူးကံသာ ဂေါပက အဖွဲ့ရုံး ဆန်းစတား ဓာတ်ပုံ စတူဒီယို (၈၀လမ်းx၃၃x၃၄လမ်းကြား) သို့ ၁၀လက်မx၁၄လက်မနှင့် ၁၀လက်မx၁၅လက်မ တစ်ပုံများဖြင့် ပေးပို့ရမည် ဖြစ်သည်။ ဆုရဓာတ်ပုံများကို ပထမဆု ကျပ်ခြောက်သိန်း၊ ကင်မရာတစ်လုံးနှင့် ဆုဖလား၊ ဒုတိယဆု ကျပ်လေးသိန်း ကင်မရာတစ်လုံးနှင့် ဆုဖလား၊ တတိယဆု ကျပ်သုံးသိန်း Canon လက်ဆောင်ပစ္စည်းနှင့် ဆုဖလား နှစ်သိမ့်ဆုရ ဆုအတွက် ကျပ်ငါးသောင်းနှင့် ဆုဖလားတစ်ဆုစီ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
@yatanarpon.com.mm

poohcartoon
11-08-2010, 09:50 AM
MISS USHIDO 2011 အလှဘုရင်မရွေးချယ်ပွဲကြီး မြို့ ကြီး ၁၂မြို့တွင် ကျင်းပမည်
တစ်နိုင်ငံလုံးမှ အလှမယ်များကို စုစည်း ယှဉ်ပြိုင်စေမည့် MISS USHIDO 2011 အလှဘုရင်မ ရွေးချယ်ပွဲကြီးအား ၂၀၁၁ ဇန်န၀ါရီတွင် စတင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
USHIDO အလှကုန် ပစ္စည်းများ၏ ကုန်ပစ္စည်း အအမှတ် တံဆိပ် သံတမန်အဖြစ် ရွေးချယ်မည့် MISS USHIDO 2011 အလှဘုရင်မ ရွေးချယ် ပွဲကြီးကို မန္တလေး၊ မုံရွာ၊ လားရှိုး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ မကွေး၊ ရန်ကုန် ၊ တောင်ငူ ၊ ထားဝယ်၊ ပုသိမ်နှင့် မော်လမြိုင် မြို့ကြီးများတွင် ကျင်းပသွားမည် ဖြစ်ပြီး ယင်းပြိုင်ပွဲများမှ ဆုရရှိကြသူများကို ရွေးချယ်၍ ၂၀၁၁မတ်လတွင် ရန်ကုန်၌ MISS USHIDO ဆုနှင့် အခြားဆုများကို ရွေးချယ်သွားမည် ဖြစ်ပြီး ဂျပန် ၊ဟောင်ကောင် ၊ကွမ်ကျိုးနှင့် ထိုင်းနိုင်ငံတို့မှ USHIDO ကုန်ပစ္စည်း အမှတ်တံဆိပ် သံတမန် အလှမယ်များက အဆိုပါ ပြိုင်ပွဲကို တက်ရောက်အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ နောက်ဆုံးဖိုင်နယ်ကို ၂၀၁၁မတ်လမှာ လုပ်ပါမယ်။ ကျွန်မတို့ အနေနဲ့MISS USHIDO ကို ငွေကျပ်သိန်း၂၀ချီးမြှင့်မှာ ဖြစ်ပါတယ်။ First Runner Up ကိုငွေ၁၀သိန်း ၊Second Runner Up ကိုခုနှစ်သိန်းနဲ့ People's Choice ကိုသုံးသိန်း၊ The Best Styleကို သုံးသိန်း၊ The Best Hair Style ကိုသုံးသိန်း ချီးမြှင့် သွားမှာ ဖြစ်ပါတယ်။ ဖောင်ပိတ်ရက်ကိုတော့ ဒီဇင်ဘာ ၁၅ရက်အထိ တိုးပြီး လက်ခံထားပါတယ်။ MISS USHIDO ၂၀၁၁ အလှမယ်ကိုတော့၂၀၁၁ တစ်နှစ်လုံးရဲ့U Brand Ambassador အဖြစ်ရွေးချယ်ပြီး USHIDO ရဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ခွင့် ရမှာဖြစ်ပါတယ် ” ဟု USHIDO အလှကုန် ပစ္စည်းများကို တင်သွင်း ဖြန့်ဖြူးလျက်ရှိသည့် RCD Company မှ ကုန်အမှတ် တံဆိပ် မန်နေဂျာ မစ်ရှဲလ်က ရှင်းပြသွားသည်။
အဆိုပါ ရန်ကုန်ဖိုင်နယ် ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိကြသူများ အတွက် RCD Company မှ နေစားရိတ်၊ စားစားရိတ် အပြင် လိုအပ် သည်များကို ပံ့ပိုးသွားမည် ဖြစ်ကြောင်း သိရသည်။
@yatanarpon.com.mm

စပိုင်ချစ်သူ
11-08-2010, 10:34 AM
ICT- Laboratory “Guide To Build A Network by Cisco Switch and Router” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာလက်တွေ့ လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ NetInfo မှ (Lecturer) Complete ICT Solution Provider ဦးအောင်ထွန်းလင်း မှ နိုဝင်ဘာလ (၁၃) ရက်တွင် နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ “Guide To Build A Network by Cisco Switch and Router” ခေါင်းစဉ်ဖြင့် လက်တွေ့သရုပ်ပြသွားမည်ဖြစ်သည်။

- Network များကို လုံခြုံစိတ်ချရသော Enterprise Level Device များ (Cisco Switch/ Router) များဖြင့်တည် ဆောက်နိုင်ခြင်း။

- သာမာန် အိမ်သုံး၊ ရုံးသုံး Internet Café သုံး Switch များ Router များနှင့်မတူပိုမိုယုံကြည်စိတ်ချရသော Cisco Device များကို Management လုပ်နိုင်ခြင်း။

- Cisco Switch များကို အသုံးပြု၍ Network များကိုမိမိစိတ်ကြိုက်ခွဲခြားနိုင်ခြင်း၊ Command များကို အသုံးပြု၍ မတူညီသော Network များအား မိမိတည်ဆောက်ထားသော Network အတွင်းရှိ မည်သည့်နေရာတွင်မဆို Configure လုပ်နိုင်ခြင်း။

- Cisco Router နှင့် Switch များကို အသုံးပြု၍ V- Lan ခွဲခြင်း၊ Routing Protocol များကို အသုံးပြု၍ Inter V-Lan Routing နှင့် ပတ်သက်သောလက်တွေ့လေ့ကျင့်ခန်းများကို သရုပ်ပြသွားမည့်အစီအစဉ်ဖြစ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ Network အခြေခံရှိထားပြီးသူများနှင့် Cisco CCNA Exam ဖြေဆိုရန်လေ့လာနေသူများတက်ရောက်လေ့ကျင့်နိုင်ပြီး နိုဝင်ဘာလ (၁၂) ရက်နေ့ ညနေ (၃းဝဝ) နာရီနောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄)ဦးလက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

poohcartoon
11-09-2010, 09:10 AM
လတ်တလော ပြည်တွင်းဈေးကွက်၌ ဆန်ဈေးအပါအ၀င် အခြေခံစားသောက်ကုန် ပစ္စည်းများ၏ဈေးနှုန်းများ မြင့်တက်နေ
http://www.news-eleven.com/images/stories/nov10/we/663.jpg
လတ်တလော ပြည်တွင်းဈေး ကွက်တွင် ဆန်ဈေးနှုန်းများ အပါအ၀င် အခြေခံစားသောက်ကုန်ပစ္စည်း များ၏ဈေးနှုန်းများ မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
"အခု မီးဖိုချောင်သုံး စား သောက်ကုန်ပစ္စည်းတွေ ဈေးတော်တော် မြင့်တက်သွားတယ်။ အထူး သဖြင့် ဆန်ဈေးက ပိုမြင့်တယ်။ ပေါ်ဆန်းမွှေးရှယ် ဆန်တစ်အိတ်ကို အခါတိုင်း ကျပ် ၃၁၀၀၀ ၀န်းကျင် နဲ့ ၀ယ်ရတာကနေ အဲဒီဆန်အမျိုးအစားက အခု ကျပ် ၄၀၀၀၀ ကျော် ဖြစ်နေတယ်။ ကြက်သွန်နီကလည်း အခါတိုင်း ၀ယ်ဈေးတစ်ပိဿာကို ကျပ် ၂၀၀ ၀န်းကျင်ကနေ အခု ကျပ် ၁၀၀၀ ၀န်းကျင်ဖြစ်နေတယ်။ စားအုန်းဆီဈေးကလည်း ပဲဆီနဲ့ သိပ်မကွာတော့ဘူး။ အခြား အသီး အရွက်တွေဖြစ်တဲ့ ဂေါ်ဖီထုပ်ဈေးက အစလိုက်တက်နေပါတယ်"ဟု ရန်ကုန် မြို့ခံအိမ်ရှင်မတစ်ဦးက ပြောပြခဲ့သည်။
ယင်းကဲ့သို့ ကုန်ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာခြင်းမှာ အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သော ဂီရိ မုန်တိုင်းအပြီး ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။
"ဆန်ဈေးကလည်း ဟုတ်ခနဲဆို တက်သွားတယ်။ ထင်တာကတော့ ဂီရိကြောင့်လို့ထင်တယ်။ တစ်အိတ် ကို ကျပ် ၁၀၀၀၀ ကျော်ကွာသွား တယ်။ မနေ့ကဆို ကြက်သွန်နီသွားဝယ်တော့ ဆိုင်ရှင်က ကျွန်မကို ၈၀၀ လို့ပြောပြီး ကျွန်မနောက်မှ ရောက်လာတဲ့တစ်ယောက်ကို ၁၁၀၀လို့ ပြောလိုက်တယ်။ ဖုန်းတွေဆက်ပြီး မေးနေတယ်။ ပြီးတော့ တင်လိုက်ပါတယ်"ဟု အိမ်ရှင်မ တစ်ဦးက ပြောပြခဲ့သည်။
"ပြည်တွင်းဈေးကွက်မှာ စားအုန်းဆီဈေးတွေလည်း တက်နေတယ်။ ကျွန်မတို့က ဘုရင့်နောင် ပွဲရုံကနေလက်ကားဈေး တစ်ပိဿာ ကိုကျပ် ၂၂၃၀ နဲ့ဝယ်ရတယ်။ သယ်ယူစရိတ်နဲ့ဆိုတော့ ကျပ် ၂၂၅၀ လောက် ကျသွားတယ်။ အနည်းဆုံး ကျပ် ၂၃၀၀ လောက်ရမှ ရောင်းလို့ ရတယ်။ ပဲဆီကတော့ ပဲဆီရိုးရိုးက ကျပ် ၃၀၀၀ နဲ့ ရောင်းပေမယ့် ပဲလတ်ဆီက တစ်ပိဿာကို ကျပ် ၂၅၀၀ နဲ့ ရတယ်ဆိုတော့ စားအုန်းဆီနဲ့ သိပ်မကွာတော့ဘူး"ဟု ရန်ကုန်မြို့ ကမာရွတ်ဘူတာရုံဈေးမှ ဈေးသည်တစ်ဦးက ပြောပြခဲ့သည်။
"ဆန်ဈေးတွေတက်လာတာ export နဲ့တော့ သိပ်မဆိုင်ဘူး ထင်တယ်။ export ဆန်ဈေးတက်တိုင်း လည်း ပြည်တွင်းမှာစားနေတဲ့ ဆန် က တက်ချင်မှတက်တာပါ။ ဆွဲအား သိပ်များရင်တော့ မပြောနိုင်ဘူး။ အဓိကကတော့ သီတင်းကျွတ်တာလည်း ပါတယ်။ မုန်တိုင်းအရှိန်နဲ့ ရခိုင်ကိုဆန်တွေ ပို့တာလည်းရှိတယ်။ ပြန်မကျရင်တော့ စားသောက်စရိတ် တက်တော့ရှာသမျှက အစားအသောက်ဖိုး ထဲပဲ ပါသွားတယ်။ တစ်ယောက်တည်း နေတာတောင် တစ်ရက်ကို ၃၀၀၀ လောက် မရှိရင် ရပ်တည်လို့ မရဘူး"ဟု ရန်ကုန်မြို့ခံတစ်ဦးကလည်း ပြောပြခဲ့သည်။

ပြည်တွင်းဆန်လိုဒေသမြို့များ၏ (၂၉-၁၀-၂၀၁၀)ရက်နေ့ ဆန်တစ်အိတ်ဈေးနှုန်း(ကျပ်)များ
မြို့ ဧည့်မထအုပ်စု ပေါ်ဆန်းအုပ်စု
နေပြည်တော် ၂၀၀၀၀ ၃၃၀၀၀
ရန်ကုန် ၁၅၃၀၀ ၂၄၃၀၀
မန္တလေး ၂၀၀၀၀ ၂၈၀၀၀
မကွေး ၁၉၅၀၀ ၃၀၀၀၀
မော်လမြိုင် ၁၇၀၀၀ ၂၅၀၀၀
လွိုင်ကော် ၁၇၅၀၀ ၃၃၀၀၀
ဘားအံ ၁၈၀၀၀ ၂၆၅၀၀
တောင်ကြီး ၂၀၀၀၀ ၃၅၀၀၀

ပြည်တွင်းဆန်ပိုဒေသမြို့များ၏ (၂၉-၁၀-၂၀၁၀)ရက်နေ့ ဆန်တစ်အိတ်ဈေးနှုန်း(ကျပ်)များ
မြို့ ဧည့်မထအုပ်စု ပေါ်ဆန်းအုပ်စု
ပြည် ၁၅၀၀၀ ၂၆၀၀၀
ပုသိမ် ၁၅၀၀၀ ၂၄၀၀၀
တောင်ငူ ၁၅၀၀၀ ၂၃၅၀၀
ရွှေဘို ၂၇၅၀၀ ၃၁၅၀၀
စစ်တွေ ၁၂၅၀၀ ၁၉၅၀၀
@news-eleven.com

poohcartoon
11-10-2010, 10:52 AM
ပြည်ပအလှကုန် ပစ္စည်းများတွင် သုံးစွဲမှုနည်းလမ်းနှင့် သတိပြုရမည့်အချက်များကို မြန်မာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေးရမည်
http://www.news-eleven.com/images/stories/nov10/we/667.jpg
ပြည်တွင်းဈေးကွက်၌ ရောင်းချလျက်ရှိသော ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် အလှကုန်ပစ္စည်းများတွင် သုံးစွဲပုံနည်းလမ်း၊ သုံးစွဲရာတွင် သတိပြုရမည့်အချက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ (သို့မဟုတ်) အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ ရှင်းလင်းစွာ ဖော်ပြပေးရမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
"ဘယ်နိုင်ငံက တင်သွင်းလာတဲ့ အလှကုန်ပစ္စည်းပဲဖြစ်ဖြစ် သုံးစွဲမှု နည်းလမ်းတွေကို သူတို့ရဲ့ဘာသာစကားနဲ့ ရေးသားထားမှုတွေကို လက်မခံတော့ဘူး။ သုံးစွဲသူတွေနားလည်စေဖို့ အလှကုန်သွင်းတဲ့ ကုမ္ပဏီတွေက မြန်မာသို့မဟုတ် အင်္ဂလိပ်ဘာသာနဲ့ ပြန်ပြီး ရေးသားဖော်ပြပေးရမှာ ဖြစ်ပါတယ်။ သုံးစွဲမှုအညွှန်းတွေဟာ မြန်မာ(သို့မဟုတ်) အင်္ဂလိပ်ဘာသာနဲ့ ပဲဖြစ်ရပါမယ်" ဟု အဆိုပါတာဝန်ရှိ သူက ရှင်းပြခဲ့သည်။
အောက်တိုဘာလ ၁၅ ရက်နေ့ က စတင်ပြဋ္ဌာန်းခဲ့သော အာဆီယံ အလှကုန်ပစ္စည်းဆိုင်ရာ အမိန့်တွင် အလှကုန်ပစ္စည်းများ၏ အမှတ်တံဆိပ်များကို ဖော်ပြရာ၌အမည်နှင့် အမှတ်တံဆိပ်၊ ပါဝင်သည့်ပစ္စည်းအ မျိုးအမည်နှင့် အချိုးအစား၊ ထုတ်လုပ်သည့် ကုမ္ပဏီအမည်နှင့်နိုင်ငံ၊ ပါဝင်သည့်ပစ္စည်းများ၏ စုစုပေါင်းအသားတင် အလေးချိန် (သို့) ထုထည်၊ ထုတ်လုပ်မှုအမှတ်စဉ်နံပါတ်၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးမည့် ရက်စွဲ၊ မူလထုတ်လုပ်သည့် နိုင်ငံ (သို့) မှတ်ပုံတင်သည့်နိုင်ငံမှ ထုတ်ပေးသော မှတ်ပုံတင်အမှတ်တို့ ပါရှိရမည်ဖြစ်ပြီး အလှကုန်ပစ္စည်း သုံးစွဲမှုနည်းလမ်း၊ သုံးစွဲရာတွင် အထူးသတိပြုရမည့်အချက်များနှင့် ရှောင်ရန်အခြေအနေများကိုပါ မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့်ဖြစ်စေ ရှင်းလင်းစွာ အသေးစိတ်ဖော်ပြရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
@news-eleven.com

poohcartoon
11-10-2010, 10:53 AM
မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၏ တက္ကသိုလ်ဝင်ခွင့်ရ အနိမ့်ဆုံးရမှတ်များ ထွက်ရှိ၊ ယောက်ျားလေး ၄၉၁ နှင့် မိန်းကလေး ၄၉၀ ရမှတ်များ ဖြစ်ပြီး ယမန်နှစ်ထက် ရမှတ်ပိုမို
http://www.news-eleven.com/images/stories/nov10/we/668.jpg

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ပထမနှစ် ကျောင်းသားများ လေ့ကျင့်ခန်း ပြုလုပ်နေစဉ်
မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်၏ ၂၀၀၉-၂၀၁၀ ခုနှစ် အတွက် တက္ကသိုလ်ဝင်ခွင့်ရအနိမ့် ဆုံးရမှတ်များနှင့် တက္ကသိုလ်ဝင်ခွင့်ရ ပဏာမကျောင်းသား၊ ကျောင်းသူစာရင်းများ ထွက်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ချာလီသန်းထံမှ သတင်းရရှိပါသည်။
၂၀၀၉-၂၀၁၀ ခုနှစ်အတွက် ရေကြောင်းပညာ တက္ကသိုလ်ဝင်ခွင့်ရ အနိမ့်ဆုံးရမှတ်များမှာ ယောက်ျား လေး ၄၉၁ နှင့် မိန်းကလေး ၄၉၀ ရမှတ်များဖြစ်ကြောင်းနှင့် အဆိုပါ ၀င်ခွင့်ရမှတ်များမှာ ယမန်နှစ် တက္ကသိုလ်ဝင်ခွင့် ရမှတ်များထက် ၁၀ မှတ်ဝန်းကျင် ပိုမိုများပြားခဲ့ကြောင်း သိရသည်။
"မနှစ်က ယောက်ျားလေး ၄၈၁ နဲ့မိန်းကလေးက ၄၈၅ အမှတ်တွေ က အနိမ့်ဆုံးရမှတ် ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာ ယောကျာ်းလေးက ၄၉၁ ဆိုတော့ မနှစ်ထက် ၁၀မှတ်ပိုလာပြီး မိန်းကလေးကတော့ ငါးမှတ်ပိုများ လာခဲ့ပါတယ်။ အမြင့်ဆုံးရမှတ် အနေနဲ့တော့ ကျောင်းသား ၅၄၄၊ ကျောင်းသူ ၅၂၄ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် မှ ဆရာတစ်ဦးက ပြောပြခဲ့သည်။
၂၀၀၉-၂၀၁၀ ခုနှစ် ရေကြောင်းတက္ကသိုလ် ၀င်ခွင့်ရ ကျောင်း သား၊ ကျောင်းသူပဏာမစာရင်းများလည်း ထွက်ရှိလာပြီး ကျောင်းသား ၃၆၁ ဦးနှင့် ကျောင်းသူ ၉၂ ဦး ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပဏာမ၀င်ခွင့်ရရှိသည့် ကျောင်း သား၊ ကျောင်းသူများအား နိုဝင်ဘာလ ၄ ရက်နေ့မှ ၉ ရက်နေ့အတွင်း မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းတို့ကို တစ်ပြိုင်နက်ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ မျက်စိနှင့် ကျန်း မာရေးစစ်ဆေးခြင်း အောင်မြင်သည့် သူများသည်နိုဝင်ဘာလ ၂၅ ရက်နေ့ တွင်လူတွေ့စစ်ဆေးခြင်းအား ဆက်လက်ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။
လူတွေ့စစ်ဆေးခြင်း လာရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များသည် အထူးပြုဘာသာရပ် ဆန္ဒပြုလွှာ၌ဦးစားပေး ရွေးချယ်လိုသော ဘာသာရပ်ကို အစီအစဉ်အတိုင်း ဖြည့်စွက်၍ တစ်ပါတည်းယူ ဆောင်လာရမည် ဖြစ်သည်ဟု ဆို သည်။
၂၀၀၉-၂၀၁၀ ခုနှစ်အတွက် ၀င်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများသည် ဒီဇင်ဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်သို့ တက်ရောက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
11-10-2010, 10:56 AM
လုပ်ငန်းအချို့ လုပ်ငန်းအတွေ့အကြုံ မရှိသေးသော ဘွဲ့ရလူငယ်အချို့အား ရွေးချယ်ခန့်ထားသည်များ ရှိလာကြောင်း သိရ
အလုပ်အကိုင် အတွေ့အကြုံ မရှိသေးသောသူများအား အခြားသူများထက် သင်လွယ်တတ်လွယ်မည် ဟု ယူဆသည့်အတွက် ရွေးချယ်ခန့်ထားသော လုပ်ငန်းအချို့ရှိလာကြောင်း အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူအချို့ထံမှ သိရသည်။
လုပ်ငန်းအတွေ့အကြုံရှိရန် မလိုဟူသော သတ်မှတ်ချက်များမှာမူ အတွေ့ရနည်းပါးကြောင်း၊ သို့ သော် လုပ်ငန်းအချို့ကမူ လုပ်ငန်းနေရာတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ နေကြသည့် ၀န်ထမ်းများထက် လူငယ်လူသစ်များကို ခန့်ထားမှုများ ရှိလာကြောင်း သိရှိရသည်။ "အခုက မလုပ်ဖူးသေးတဲ့လူ ကိုလည်း ရွေးပြီးခန့်လာကြတယ်။ ငယ်ရွယ်တယ်၊ စွမ်းအား ရှိတယ်လို့ အလုပ်ရှင်တွေက ယူဆတယ်။ အသစ်တွေကို မွေးဖွားပေးချင်ကြတယ်။ ဒါကြောင့် လူသစ်တွေကိုလည်း သဘောကျတဲ့ အရည်အချင်းရှိရင် ခန့်လာကြတာပါ"ဟု Device Services Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးတင်ဇံကျော်ကပြော ပြသည်။
ပြည်တွင်းတွင်လုပ်ငန်းခွင် ၀င်ရောက်ရန် ကြိုးစားကြသည့်လူငယ်များသည် မိမိတက်ရောက်ခဲ့သည့် တက္ကသိုလ်မှ ဘွဲ့လက်မှတ်များနည်းတူ ပြင်ပမှ ဘာသာစကားသင်တန်းများ၊ ကွန်ပျူတာသင်တန်းများ၊ စာရင်းကိုင်သင်တန်းများ စသည့် သင် တန်းများတက်ရောက်ခဲ့သည့် ကျွမ်း ကျင်လက်မှတ်များကို အားထားလာ ရသည်ဟု သိရသည်။
"အခုမှ အလုပ်စလုပ်ပြီး ရာထူး၊ လစာစတာတွေကို ရွေးချယ်တာမျိုး မဖြစ်စေချင်ဘူး။ အလုပ်ကိုတော့ လုပ်ဖြစ်အောင် စလုပ်ပါလို့ပဲ လူငယ်တွေကို ပြောပြရပါတယ်"ဟု အလုပ်အကိုင်ရှာဖွေရေး အကြံပေးသူတစ်ဦးက ဆိုပါသည်။
လုပ်ငန်းအတွေ့အကြုံမရှိ သေးသူများအား ရွေးချယ်ခန့်ထားမှု များရှိရာတွင် အလုပ်စတင်ဝင်ရောက်ချိန် သတ်မှတ်လစာသည် အများအားဖြင့် နည်းပါးသည့်အတွက် ယင်းအချက်ကလည်း အလုပ်ခွင်ဝင် ရောက်လိုသည့် လူငယ်များအဖို့ လူနေမှုစရိတ်များနှင့် နှိုင်းယှဉ်စဉ်းစား တွက်ချက်မှုများဖြစ်လာစေသည် ဟု လူငယ်အချို့က ဆိုပါသည်။
ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအများစုကမူ လစ်လပ်သွားသော ၀န်ထမ်းနေရာများတွင် ပြန်လည်ခန့်ထားရာတွင် အတွေ့အကြုံရှိသူများကိုသာ ဦးစားပေးခေါ်ယူနေကြဆဲ ဖြစ်ကြောင်း၊ စီးပွားရေးအရ ပြိုင်ဆိုင်လုပ်ကိုင်နေရသော အချိန်မျိုးတွင် ကျွမ်းကျင်ပြီးသူများနှင့်သာ လက်တွဲလိုကြခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
@news-eleven.com

poohcartoon
11-10-2010, 10:58 AM
ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆို
ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
"ကျွန်တော်တို့ ခမောက်ပါတီကို ပြည်သူတွေက အနိုင်မဲတွေ တစ်ခဲနက် ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို ပြည်သူ့ဆန္ဒပေါ် အခြေမခံဘဲ ကြိုတင်မဲဆိုတဲ့ လက်နက်ပုံးတွေနဲ့ ပြည်သူ့ဆန္ဒကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးလိုက်ကြပါပြီ။ ဒါဟာ ပြည်သူ့ဆန္ဒကို မထေမဲ့မြင်ပြုတာ၊ ပြည်သူတွေအပေါ် အာဏာနောက်ခံနဲ့ ငါတကောကောတာ။ ကမ္ဘာ့အလယ်မှာ တိုင်းပြည်နဲ့ လူမျိုးအပေါ် အရှက်ရစေတဲ့ ဂုဏ်သိက္ခာမဲ့မှုကြီးကို ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ခမောက်ပါတီဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပဒေမဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ဥပဒေဘောင်အတွင်းက အစွမ်းကုန်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဘယ်လိုပဲဖြစ်နေပါစေ ခမောက်ပါ တီဟာ နိုင်ငံရေးမှာ မရှုံးဘူးဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့် ပြည်သူ့အတွက် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့အတူ ကျွန်တော်တို့ နိုင်ငံရေးနောက်ကျော မလုံစရာ မရှိပါဘူး။ ခမောက်ပါတီဟာ မဲခိုးပြီး အနိုင်ရဖို့ ဘယ်တော့မှ မလုပ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်သူ့အတွက်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ အတူ ပြည်သူကို ကျောမခိုင်းဘဲ နိုင်ငံရေးခရီးကို ဆက်လျှောက်မယ်ဆိုတာ မိဘပြည်သူများကို အသိပေး ကတိပြုပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နိုင်ငံရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။
ကြိုတင်မဲများကို ပယ်ဖျက်ပေးရန် တောင်းဆိုသွားရန် ရှိ၊ မရှိနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ၎င်းက"ကြိုတင်မဲတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားပါမယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။
"တချို့မဲရုံတွေကိုတော့ ကန့်ကွက်သွားဖို့ရှိပါတယ်။ ဒါပေမယ့် အပြောင်းအလဲက သိပ်အလားအလာမမြင်ဘူး"ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းထွန်းအေးက ပြောကြားခဲ့သည်။
"ကြိုတင်မဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြုစုနေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကြိုတင်မဲကောက်ခံမှုနဲ့ ပတ်သက်လို့ ကန့်ကွက်ခဲ့ပါတယ်။ ကြိုတင်မဲတွေကို ပယ်ဖျက်ပေးသွားဖို့အတွက် တောင်းဆိုသွားဖို့ အစီ အစဉ်ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ Press ခေါ်ပြီး ပြည်သူလူထုကို အသိပေး ပြောကြားသွားဖို့ရှိပါတယ်"ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ပြောကြားခဲ့ပါသည်။
"အခုလတ်တလောမှာတော့ ဌာနချုပ် အစည်းအဝေးလုပ်နေပါတယ်။ ဌာနချုပ်အစည်းအဝေးမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ ကြိုတင်မဲအခြေအနေ၊ မဲရုံတွေမှာဖြစ်ခဲ့တဲ့ ပြဿနာတွေကို ဆွေးနွေးနေပါတယ်။ ကြိုတင်မဲတွေအတွက် ကန့်ကွက်စာ တင်ထားပါတယ်။ ကြိုတင်မဲတွေကို ပြန်စစ်ခွင့်ပေးရင်တော့ Fair ဖြစ်တယ်လို့ ယူဆပါမယ်။ ပြန်စစ်ခွင့်မရဘူးဆို ရင်တော့ Unfair ပေါ့ဗျာ။ ကျွန်တော်တို့ဘက်က ခိုင်လုံတဲ့အကြောင်းပြချက်၊ ခိုင်လုံတဲ့အချက်အလက်တွေရအောင် ကြိုးစားနေပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်လွင်ဦးက ပြောပြပါသည်။
"ကြိုတင်မဲဆိုတာက လိမ်ဆင်ကြီးပဲ။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲဆိုတာလည်း စကတည်းက တရားမျှတမှုမှ မရှိတာ။ မတရားတာကို မတရားဘူးလို့လဲ ပြောထားပြီးပါပြီ။ ဒီလိုမတရားမယ်မှန်းသိလျက်ရဲ့ ၀င်ပြိုင်တဲ့သူတွေ၊ အပေါက်ကျဉ်းကျဉ်းလေးကနေ ၀င်တိုးခဲ့တဲ့သူတွေ အခုကျတော့ ကျောချမှဓါးပြမှန်းသိတာ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမယ့် သူတို့တွေ ဒီလိုခံရလို့ ၀မ်းသာနေမှာတော့ မဟုတ်ပါဘူး။ သူတို့ဘက်က နာပါတယ်။ စကတည်းက မတရားတာကို လက်မခံတာဖြစ်တဲ့အတွက်ကြောင့်လည်း ကြိုတင်မဲဆိုတာနဲ့ မတရားလုပ်တာကိုလည်း လက်ခံစရာ အကြောင်းမရှိပါဘူး။ ရွေးကောက်ပွဲဝင်တဲ့သူတွေက မတရား သဖြင့်လုပ်တဲ့ ကြိုတင်မဲကိစ္စကို ကန့်ကွက်တယ်ဆိုရင်လည်း လုပ်သင့်တယ်လို့ပဲ သုံးသပ်မိတယ်" ဟု သတင်းစာဆရာကြီး ဦးသာဘန်းက ပြောပြသည်။
"ကြိုတင်မဲကိစ္စတွေက ကြားနေရတဲ့အတိုင်းဆိုရင် တော်တော်ကို ဗြောင်ကျကျနဲ့ ညစ်ပတ်စွာ လုပ်ဆောင်နေတာပဲလို့ မြင်တယ်။ ဒီလို ညစ်ပတ်လိမ့်မယ်ဆိုတာ ကြိုတင်ခန့်မှန်းထားပေမယ့် ဒီလောက်အထိ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လိမ့်မယ်လို့ ထင်မထားဘူး။ ဒီကိစ္စကို ပါတီတွေကသာမက မဲဆန္ဒရှင်တွေကလည်း ကန့်ကွက်သင့်တယ်။ ကော်မရှင်က အရေးမယူဘူးဆိုရင် တရားဥပဒေအရ တရားစွဲဆိုနိုင်မယ့် လုပ်ဆောင်မှုတွေ လုပ်သွားကြရလိမ့် မယ်လို့ သုံးသပ်မိတယ်" ဟု သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက ပြောပြပါသည်။
"ကျွန်တော့်အိမ်ပတ်ဝန်းကျင်က မဲရုံတွေမှာလည်း ကြိုတင်မဲတွေ ထပ်ရောက်လာပြီး စောစောက နိုင်ထားတဲ့သူတွေ ရှုံးသွားတယ်လို့ ကြားရတယ်။ ကြိုတင်မဲဆိုတာ အဲလို ထပ်ရောက်လာပြီး ဘယ်က ရောက်လာမှန်းမသိ။ ဘာမှန်းမသိ။ ဘယ်သူပေးမှန်းလည်း မသိဘူး။ ပြီးတော့ အဲဒါတွေနဲ့ပဲ နိုင်သွားတယ်။ ဒါ့ကြောင့် ကြိုတင်မဲတွေ အကုန်လုံးကို သေချာပြန် စိစစ်ပြီးတော့ လုပ်သင့်တယ်။ ကြိုတင်မဲဆိုတာ အသင့်ဆောင်ထားပြီး လိုကာမှထပ်ဖြည့်တဲ့ ပုံစံဖြစ်နေတယ်" ဟု ကာတွန်းအော်ပီကျယ်က ပြောကြားခဲ့သည်။
"ကျွန်တော်တို့က ဒီရွေးကောက်ပွဲကနေ လက်တွေ့ကျတဲ့ ပြောင်းလဲမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ တကယ် ယုံကြည်ထားတာ။ ဒါကြောင့်လည်း ပြည်သူတွေ မဲပေးဖို့တိုက်တွန်းခဲ့တာ။ ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ ကြုံတွေ့ခဲ့ရတာတွေကတော့ ကျွန်တော်တို့ ယုံကြည်သလို မဟုတ်ခဲ့ပါဘူး။ အများယုံကြည်လက်ခံနိုင်တဲ့ ရလဒ်ဖြစ်ဖို့ သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဥပဒေနဲ့ မလျှော်ညီတဲ့ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး ဖြေရှင်းပေးသင့်ပါတယ်" ဟု Weekly Eleven News ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ပြောကြားခဲ့ပါသည်။
"ဗဟန်းမှာ ခမောက်ရှုံးစရာ မရှိပါဘူး။ ဒါပေမယ့် ရှုံးတယ်ဆိုလို့ အံ့သြရပါတယ်။ မဲရုံအမှတ် ၂ မှာ မဲ ၂၅၀ နဲ့နိုင်နေတယ်။ ကြိုတင်မဲ ၁၀၀ ကျော်ထပ်ရောက်လာတဲ့အထိလည်း နိုင်နေသေးတယ်။ မြို့နယ်ကော်မရှင် ရုံးရောက်မှ မနိုင်တော့ဘူးဆိုတော့ ကိုယ်တိုင်မဲပေးခဲ့သူ တစ်ယောက်အနေနဲ့ လက်မခံနိုင်ပါဘူး" ဟု ဗဟန်းမြို့ နယ်တွင် နေထိုင်သူမဲဆန္ဒရှင်တစ်ဦးက ပြောပါသည်။
ကြိုတင်မဲနှင့်ပတ်သက်သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များ
၅၁။(က) ရွေးကောက်ပွဲကျင်းပသော နေ့ရက်၌ မိမိနှင့်သက်ဆိုင်သည့် မဲဆန္ဒနယ်၏ ပြင်ပသို့ ခရီးဝေးသွားရန်၇ှိသူတစ်ဦးသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံ ကြိုတင်၍ ဆန္ဒမဲပေးနိုင်သည်။
(ခ) (၁) ရွေးကောက်ပွဲကျင်းပသောနေ့ရက်၌ မဲဆန္ဒနယ်အတွင်းတွင် ရှိသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးနိုင်စွမ်းမရှိသော အသက်အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါစွဲကပ်နေသူ၊ နေအိမ်တွင် ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူနှင့် နေအိမ်တွင် မီးဖွားနေသူများရှိပါက သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ မိမိအဖွဲ့ဝင်နှစ်ဦးကို စေလွှတ်၍ သက်ဆိုင်ရာ မဲဆန္ဒရှင်များအား ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ ဆန္ဒမဲပေးလိုက ပေးနိုင်ကြောင်းနှင့် ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲ နေနိုင်ကြောင်းကို ရှင်းပြရမည်။ သက်ဆိုင်ရာမဲဆန္ဒရှင်က ဆန္ဒမဲပေးလိုကြောင်း ပြောပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။ ယင်းသို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုယ်တိုင် ကြိုတင်ဆန္ဒမဲလက်မှတ်တွင် ရေးသွင်းရန် အခက်အခဲရှိလျှင် မဲစာရင်းတွင်ပါရှိသော ယင်းပုဂ္ဂိုလ်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊သားသမီးညီအစ်ကိုတစ်ဦးဦးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ဆန္ဒအတိုင်း ယင်း၏ရှေ့မှောက်တွင် ရေးသွင်းရမည်။ ထိုသို့ကူညီမယ့်သူမရှိလျှင် ကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးဦးက ယင်းပုဂ္ဂိုလ်၏ရှေ့မှောက်တွင် ယင်းပုဂ္ဂိုလ်က ညွှန်ကြားသည့်အတိုင်း ရေးသွင်းရမည်။
(၂)အချုပ်ခံနေရသူနှင့် ပတ်သက်လျှင် ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူးကို သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအဖွဲ့ခွဲက ဆက်သွယ်၍ အချုပ်ခံနေရသူများ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။ ရဲအချုပ်စခန်း (သို့မဟုတ်) အကျဉ်းစခန်းအကြီးအမှူးသည် ဤနည်းဥပဒေပါ နည်းလမ်းအတိုင်း ဆောင်ရွက်၍ ယင်းအချုပ်ခံနေရသူများ ဆန္ဒပြုပြီးသော လက်မှတ်ပါ စာအိတ်များကို သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။
(၃)ဆေးရုံသို့တက်ရောက်နေသော အတွင်းလူနာနှင့်ပတ်သက်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ဆေးရုံတာဝန်ခံနှင့် ဆက်သွယ်ရမည်။ ဆေးရုံတာဝန်ခံသည် ဤနည်းဥပဒေပါ နည်းလမ်းအတိုင်း ဆောင်ရွက်၍ ဆေးရုံရှိ သက်ဆိုင်ရာ အတွင်းလူနာ၏ ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်ပါ စာအိတ်ကို သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။
(၄)နည်းဥပဒေခွဲ ငယ်(၂)နှင့်(၃)ပါ ကိစ္စရပ်များအတွက် ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူး သို့မဟုတ် ဆေးရုံတာဝန်ခံတို့သည် ဤနည်းဥပဒေခွဲပါ မဲဆန္ဒရှင်များအား ယင်းတို့၏ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ ဆန္ဒမဲပေးလိုက ပေးနိုင်ပြီး ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲနေနိုင်ကြောင်း ဦးစွာရှင်းပြရမည်။ သက်ဆိုင်ရာမဲဆန္ဒရှင်များက ဆန္ဒမဲပေးလိုကြောင်းပြောပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးရမည်။
(ဂ) ရွေးကောက်ပွဲကျင်းပသောနေ့၌ မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်၍ သွားရောက်တာဝန်ထမ်းဆောင်ရသော ၀န်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲ ပေးလိုပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည်။
(ဃ) သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ယင်းသို့ ကြိုတင်ဆန္ဒမဲပေးသူများ၏ အမည်စာရင်းကို ယင်းတို့နှင့်သက်ဆိုင်သော မဲစာရင်းများနှင့် ယှဉ်တွဲပြီး ရေးမှတ်ထားရမည်။ ယင်းတို့ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်များပါရှိသည့် စာအုပ်များနှင့် လက်ခံဖြတ်ပိုင်းများကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊ လက်မှတ်ရေးထိုးထားသည့် ပုံစံ (၁၃)နှစ်စောင်နှင့်အတူ သက်ဆိုင်ရာ မဲရုံမှူးများထံသို့ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံမဖွင့်မီပေးပို့ရမည်။ ယင်းပုံစံ ၁၃များ တွင် မဲရုံမှူးက လက်မှတ်ရေးထိုး၍ တစ်စောင်ကိုသိမ်းဆည်းထားပြီး ကျန်တစ်စောင်ကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပေးအပ်ရမည်။
၅၂။ သက်ဆိုင်ရာမဲရုံမှူးသည် ပုံစံ(၁၃)ပါ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးပြီးသူများ၏ အမည်များကို သက်ဆိုင်ရာမဲစာရင်းတွင် ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မှတ်သားထားရမည်။
၅၃။ (က) ဆန္ဒမဲလက်မှတ်ကို တောင်းဆိုသူသည် သူတစ်ပါး အယောင်ဆောင်သော ပြစ်မှုကိုကျူးလွန်သူဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်လောင်းက ဖြစ်စေ၊ ယင်းရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ၊ မဲရုံမှူးကသင့်လျော်သည်ဟု ထင်မြင်သူကဖြစ်စေ ကန့်ကွက်လာလျှင် မဲရုံမှူးသည် ကန့် ကွက်မဲစာရင်းပုံစံ(၁၄)တွင် လိုအပ်သည်များ ဖြည့်စွက်၍ ထိုဆန္ဒမဲ လက်မှတ် တောင်းဆိုသူကို လက်မှတ်ရေးထိုးစေရမည်။ ကန့်ကွက်သူများကိုလည်း လက်မှတ်ရေးထိုးစေရမည်။ စာမရေးတတ်လျှင် လက်ဝဲလက်မ လက်ဗွေနှိပ်စေရမည်။ ဆန္ဒမဲလက်မှတ် တောင်းဆိုသူက ပုံစံ(၁၄)တွင်ဖြည့်စွက်ခြင်း၊ လက်မှတ်ရေးထိုးခြင်းမပြုလျှင် ထိုသူအား ဆန္ဒမဲပေးခွင့်မပြုရ။
(ခ) မဲရုံမှူးသည် ဆန္ဒမဲပေးခွင့်ပြုသည်ဖြစ်စေ ဆန္ဒမဲပေးခွင့်မပြုသည်ဖြစ်စေ ထိုအကြောင်းအရာများနှင့် မိမိ၏ဆုံးဖြတ်ချက်တို့ကို ကန့်ကွက် မဲစာရင်းပုံစံ(၁၄)တွင်ရေးမှတ်ထားရမည်။

အခန်း(၁၁)
မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးခြင်း
၅၄။ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ ပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင့်ခွင့်ရှိသည့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။-
(က) တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ
(ခ) မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ
(ဂ) မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ
(ဃ) မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊
(င) အချုပ်ခံနေရသူများ၊
(စ) ဆေးရုံသို့တက်ရောက်နေရသော အတွင်းလူနာများ၊
(ဆ) အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ၊
@news-eleven.com

poohcartoon
11-10-2010, 07:53 PM
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာသို့ တင်ပို့မည့် လေကြောင်းကုန်စည်များ သိုလှောင်နိုင်ရန် အအေးခန်း ကုန်လှောင်ရုံ တည်ဆောက်
http://www.news-eleven.com/images/stories/nov10/bi/3335.jpg
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာသို့ တင်ပို့မည့် လေကြောင်းကုန်စည်များကို သိုလှောင်နိုင်ရန် အအေးခန်း ကုန်လှောင်ရုံတစ်ခုအား တည်ဆောက်လျက်ရှိကြောင်း လေဆိပ်အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လက်ရှိကုန်လှောင်ရုံ တည်ရှိနေရာ နေရာအနီးတစ်ဝိုက်တွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး မြေသားညှိခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ ထိုသို့တည်ဆောက်ရာတွင် ထိုင်း နိုင်ငံမှ ပညာရှင်တစ်ဦးအား ခေါ်ယူ ဆောက်လုပ်ခြင်းဖြစ်ပြီး အအေးခန်း ကုန်သိုလှောင်ရုံကို ပုဂ္ဂလိကမှတာဝန်ယူ တည်ဆောက်ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
"ထိုင်းနိုင်ငံက ကျွမ်းကျင်တဲ့ ပညာရှင်တစ်ဦးကိုခေါ်ပြီး ဆောက်လုပ်နေတာလို့ သိရပါတယ်။ သူ့ရဲ့ ကျွမ်းကျင်မှု၊ အကြံဥာဏ်တွေကို ယူတာပေါ့။ လုပ်အားကတော့ ဒီကလို့သိရပါတယ်"ဟု လေဆိပ်အသိုင်း အ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။
အသစ်တည်ဆောက်မည့် ခေတ်မီ အအေးခန်းကုန်လှောင်ရုံ (Air Cargo Ware House) တွင် သိုလှောင်မည့် ကုန်စည်များလုံခြုံစိတ်ချပြီး မပျက်စီး မပုပ်သိုးစေရန်အတွက် ကုန်ပစ္စည်း အလိုက်ထားရှိနိုင်သည့် အအေးခန်း များထားရှိခြင်း၊ X-ray စက်ထားရှိခြင်း စသည်ဖြင့် ခေတ်မီလေကြောင်း ကုန်စည်သိုလှောင်ရုံတစ်ခုတွင် ပါရှိရမည့် အချက်များအတိုင်း ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
"လေဆိပ်မှာ အအေးခန်းသို လှောင်ရုံမရှိတော့ ပို့မယ့်သူတွေက ပို့မယ့်ကုန်အတွက် လေယာဉ်ရပြီဆို တာနဲ့ လေယာဉ်ထွက်ချိန်ကို မှန်းပြီး ထုတ်လာကြတယ်။ တစ်ခုခုကြောင့် လေယာဉ် delay ဖြစ်ရင် ကိုယ်ထုတ် လာတဲ့အအေးခန်းကို တစ်ခေါက်ပြန်သယ်ဦး၊ ပြန်ပြီးလုပ်ဦးနဲ့ ငွေနဲ့အချိန်ကုန်တယ်။ လေယာဉ် ရနိုးရနိုးနဲ့ စောင့်နေရင်း မရရင် ကိုယ့်ကုန်တွေ က အကုန်လုံးပျက်ကုန်ပြီ။ sea food ဖြစ်တဲ့အတွက် ပုပ်ကုန်တာပေါ့။ ဒီလိုနဲ့ ကျပ်သန်းနဲ့ချီပြီး ဆုံးရှုံးတဲ့ ကုန်သည်တွေရှိတယ်"ဟု လေကြောင်း ကုန်စည်ပို့ဆောင်ရေး နှင့် ဆက်စပ် လုပ်ကိုင်နေသူတစ်ဦး က ဆိုသည်။
"ခေတ်မီတဲ့ အအေးခန်းကုန်လှောင်ရုံရှိပြီဆိုရင် လေယာဉ် delay ဖြစ်လို့ အချိန်နဲ့ငွေ ဆုံးရှုံးရတာတွေ မရှိတော့မယ့်အပြင် ကုန်တင်ပို့မှု တန်ချိန်တွေလည်း တိုးလာမယ်လို့ ထင်ပါတယ်။ လေယာဉ်နဲ့တင်ဖို့ အအေးခန်းကုန်လှောင်ရုံမှာ ထားပြီး စောင့်နေနိုင်တာကြောင့်လေ။ ခေတ်မီ အအေးခန်း ကုန်လှောင်ရုံလည်းရှိမယ်၊ ဈေးကွက်လည်း ရှာနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့လေကြောင်း ကုန်စည်ပို့ဆောင်ရေးက တိုးတက်လာနိုင်ပါတယ်"ဟု လေကြောင်းကုန်စည်ပို့ ဆောင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးက သုံးသပ်ခဲ့သည်။

နိုင်ငံတကာတွင် လေကြောင်းလိုင်းများဖြင့် သယ်ဆောင်လျက်ရှိသည့် ကုန်စည်များ
- တန်ဖိုးမြင့် အချောထည်ကုန်ပစ္စည်းများ (High Value Cargo)
- ဟင်းသီးဟင်းရွက်၊ ပန်း၊ သစ်သီး၊ အသားနှင့် ငါး (Perishables)
- တစ်စိတ်တစ်ပိုင်းထုတ်လုပ်မှုပစ္စည်းများ (Semi-product of Production Chain)
- အထည်ချုပ်အ၀တ်အစားများ (Garments)
- အမြန်ချောပို့ကုန်စည်များ (Express Cargo)
- သက်ရှိသတ္တ၀ါများ (Live Animals)
- ခရီးသည်နှင့်အတူ မပါနိုင်သောဝန်စည်စလှယ်များ (unaccompanied baggage)
မှတ်ချက် ။ ။ မြန်မာနိုင်ငံတွင် လေကြောင်းလိုင်းများမှ ကုန်စည်ပို့ဆောင်နေမှုမှာ ဗီယက်နမ်နိုင်ငံနှင့် နှိုင်းယှဉ်လျှင် ၂ဆ၊ ထိုင်းနိုင်ငံနှင့် ၁၀၀ဆ၊ စင်ကာပူနိုင်ငံနှင့် ၁၅၀ဆ ခန့် လျော့နည်းလျက်ရှိ

@news-eleven.com

poohcartoon
11-11-2010, 10:37 AM
ဒုတိယတန်းတွင် သင်ကြားနေသည့် တို့အလံ သင်ခန်းစာအား ပြောင်းလဲမည့်အပြင် ယခုနှစ် ပညာသင်နှစ်၌လည်း မူလသင်ခန်းစာ ထည့်သွင်းမေးမြန်းမည် မဟုတ်ဟု သိရ
http://www.news-eleven.com/images/stories/nov10/bi/33313.jpg

အောက်တိုဘာလ ၂၁ ရက်နေ့ အ .ထ .က(၁) ဒဂုံကျောင်းအတွင်း ဒုတိယတန်းနှင့် တတိယတန်း ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်
ယခုပညာသင်နှစ်တွင် ဒုတိယတန်း မြန်မာစာဘာသာရပ်၌ သင်ကြားလျက်ရှိသော တို့အလံသင်ခန်းစာကို လာမည့်ပညာသင်နှစ်မှစ၍ ပြောင်းလဲ၍ ပုံနှိပ်ထုတ်ပြန်သွားမည့် အပြင် ယခု ပညာသင်နှစ်တွင်လည်း မူလသင်ခန်းစာအား ထည့်သွင်း မေးမြန်းသွားမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာန ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအလံကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြောင်းလဲခဲ့သော်လည်း ဒုတိယတန်း၌ သင်ကြားနေသည့် သင်ရိုးညွှန်းတန်း ဖတ်စာအုပ်တွင် မူလအတိုင်းထားရှိထားပြီး ယခုလာမည့် ပညာသင်နှစ်မှစ၍ အသစ်ထုတ်ပြန်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
ပညာရေးဝန်ကြီး ဌာနပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်းကြားရေးမှူးဖြစ်သူ ဦးဘိုဝင်း က "အခုပညာသင်နှစ်အနေနဲ့ကတော့ ဖတ်စာအုပ်ကို အသစ်ရိုက်ပြီး သင် ကြားသွားဖို့ အစီအစဉ်မရှိဘူး။ ဒါ ပေမယ့် တို့အလံသင်ခန်းစာကို လာမယ့် ပညာသင်နှစ်မှာတော့ အသစ် ပြောင်းလဲပြီး သင်ကြားသွားမှာပါ။ အထဲမှာပါတဲ့ စာသားတွေအနေနဲ့ ကတော့ ပြောင်းလဲသွားမယ်။ ခေါင်း စဉ်ကတော့ဒီခေါင်းစဉ်ပဲဖြစ်ပါတယ်။ အဓိကပြောင်းမယ့်စာသားတွေက နိုင်ငံတော်အလံသစ်တွင် အ၀ါရောင်၊ အစိမ်းရောင်၊ အနီရောင်တို့အောက်ခံ အဖြစ်ပါရှိရခြင်းရဲ့အကြောင်းအရင်း၊ နောက်ပြီးတော့ အလံတော်ရဲ့အရောင်များနဲ့ အဖြူကြယ်ရဲ့ အဓိပ္ပာယ်ဖွင့် ဆိုချက်တွေကို အဓိကဖော်ပြသွား မှာပါ"ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းများ အားလုံး၌ပညာသင်ကြား လျက်ရှိသော ဒုတိယတန်းရှိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀ သိန်း နီးပါးရှိကြောင်း သိရှိရသည်။
နိုင်ငံတော်အလံ၏ အ၀ါ၊ အစိမ်းရောင်နှင့် အနီရောင်တို့ အောက်ခံအဖြစ်ပါရှိခြင်းမှာ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုကာလက ထည်ဝါစွာ အသုံးပြုခဲ့သော သုံးရောင်ခြယ်အလံကို အလေးအမြတ်ပြု ဖော်ညွှန်းခြင်းဖြစ်သည်။ အလားတူ အလံ၏ အရောင်များနှင့် ကြယ်အဖြူ တို့၏အဓိပ္ပာယ်မှာ အ၀ါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဥာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်း ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။ အစိမ်းရောင်သည် မြေဆီသြဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာ ယာ၍ စိမ်းလန်းစိုပြည်သည့် နိုင်ငံ ဖြစ်ခြင်းဟူသော အဓိပ္ပာယ်ကို ဖော် ညွှန်းသည်။ အနီရောင်သည် ရဲရင့် ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။ ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ် မှန်ကန်ခြင်း၊ ကရုဏာတရား ပြည့်ဝခြင်းနှင့် စွမ်းအင်နှင့် ပြည့်စုံခြင်းဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းသည်။ နိုင်ငံတော်အလံကို အရွယ်အစားအမျိုးမျိုး အသုံးပြုရာတွင် ပုဒ်မ ၃အရ ပြဋ္ဌာန်းချက်များပါ အချိုးအစား၊ အရောင်အသွေးတို့နှင့် ကိုက်ညီစေရမည်ဟု သိရသည်။
@news-eleven.com

poohcartoon
11-11-2010, 10:39 AM
တောင်တရုတ် ပင်လယ်အတွင်း သင်္ဘောနစ်မြုပ်မှုမှ မြန်မာသင်္ဘောသား ၁၃ ဦးအား ဟောင်ကောင် ကမ်းခြေစောင့်တပ်မှ ကယ်တင်ပေးခဲ့ တောင်တရုတ် ပင်လယ်အတွင်း မြန်မာသင်္ဘောသားများပါဝင်သည့် M.T GLOBAL JUNO သင်္ဘော သည် ရာသီဥတုဆိုးရွားမှုကြောင့် အောက်တိုဘာလ ၃၀ ရက်နေ့က နစ်မြုပ်မှုဖြစ်ပွားခ
တောင်တရုတ် ပင်လယ်အတွင်း မြန်မာသင်္ဘောသားများ ပါဝင်သည့် M.T GLOBAL JUNO သင်္ဘော သည် ရာသီဥတုဆိုးရွားမှုကြောင့် အောက်တိုဘာလ ၃၀ ရက်နေ့က နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်း သင်္ဘောနစ်မြုပ်ရာတွင် ပါဝင်သည့် မြန်မာသင်္ဘောသား ၁၃ ဦးနှင့် ကိုရီးယားလူမျိုးလေးဦး စုစုပေါင်း သင်္ဘောသား ၁၇ ဦးအား ဟောင် ကောင်ကမ်းခြေစောင့်တပ်ဖွဲ့မှရဟတ် ယာဉ်များဖြင့် ကယ်တင်၍ အနီးရှိ Bulk Carrier သင်္ဘောပေါ်သို့ ပို့ ဆောင်ပေးခဲ့ကြောင်းသတင်းရရှိသည်။
M.T GLOBAL JUNO သင်္ဘောသည် မြန်မာနိုင်ငံအခြေစိုက် LIZSTAR GROUP OF COMPANIES မှဖြစ်ပြီး အင်ဒိုနီးရှားတွင် ကုန်တင်၍ စင်္ကာပူနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်နေသည့် ခရီးစဉ်အတွင်း ရာသီဥတုဆိုးရွားမှုကြောင့် သင်္ဘောဦးပိုင်းမှ စတင်ရေ၀င်မှုဖြစ်ပွားကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
"အောက်တိုဘာလ ၂၉ရက် နေ့ညဦးပိုင်းမှာ ကတည်းက သင်္ဘောဦးပိုင်းကို ရေစတင်ဝင်နေတာကိုသိခဲ့ပါတယ်။ ဒါကြောင့်မို့ ကပ္ပတိန်က သင်္ဘောပိုင်ရှင်ကို အကြောင်းကြားခဲ့ရာ မှာ ကပ္ပတိန်ဆန္ဒအတိုင်း ဆုံးဖြတ်ခွင့်ပေးခဲ့ပါတယ်။ ကပ္ပတိန်ကသင်္ဘော နဲ့နီးစပ်တဲ့ ဟောင်ကောင်ကမ်းခြေ စောင့်တပ်ဖွဲ့ကို အကူအညီတောင်းခံ ခဲ့ပါတယ်။ ဟောင်ကောင်ကမ်းခြေ စောင့်တပ်ဖွဲ့က ဂျပန်နိုင်ငံပိုင် သင်္ဘောတစ်စီးကို ကူညီပေးဖို့ ညွှန်ကြားခဲ့တဲ့ အတွက် Bulk Carrier သင်္ဘောက အနီးမှာကူညီဖို့ အသင့်စောင့်နေခဲ့ပါတယ်။ ရာသီဥတု ဆိုးရွားနေတာကြောင့် ညတွင်းချင်း ကယ်တင်ဖို့ မဖြစ်နိုင်ခဲ့ဘဲ အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ကမှစပြီး ဟောင်ကောင်ကမ်းခြေစောင့်တပ်ဖွဲ့ ရဟတ်ယာဉ် တွေနဲ့တစ်ဦးချင်း ကယ်တင်ပေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မြန်မာ သင်္ဘောသားတွေကို ဖုန်းနဲ့ဆက်သွယ်ပြီး အားပေးစကား ပြောခဲ့ပါတယ်။ သူတို့တွေရဲ့ ကိုယ်ပိုင်ပစ္စည်းဆုံးရှုံးမှုတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဆက်သွယ် လုပ်ဆောင်နေပါတယ်"ဟု LIZSTAR GROUP OF COMPANIES မှ ဒေါက်တာဝင်းဇော် က ပြောပြခဲ့သည်။
M.T GLOBAL JUNO သင်္ဘောမှကယ်တင်ခဲ့သည့် သင်္ဘောသားများကို ဟောင်ကောင်ရှိ Seaman Club သို့ ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ မြန်မာသင်္ဘောသား ၁၃ ဦး မှာ နိုဝင်ဘာလ ၄ ရက်နေ့ ညနေတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့ကြကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
11-11-2010, 10:40 AM
အမျိုးသမီးများတွင် အရိုးပါးရောဂါ ဖြစ်ပွားနှုန်းမှာ သွေးတိုးနှလုံး လေဖြတ်စသည့် ရောဂါများထက် ဖြစ်ပွားနှုန်း သုံးဆခန့်ပိုများနေ အမျိုးသမီးများတွင် အရိုးပါးရောဂါ ဖြစ်ပွားနှုန်းမှာ အခြားနာတာရှည် ရောဂါများဖြစ်သည့် သွေးတိုးနှလုံးလေဖြတ်စသည့် ရောဂါများထက် ဖြစ်ပွားမှု
အမျိုးသမီးများတွင် အရိုးပါးရောဂါ ဖြစ်ပွားနှုန်းမှာ အခြားနာတာရှည် ရောဂါများဖြစ်သည့် သွေးတိုးနှလုံးလေဖြတ်စသည့် ရောဂါများထက် ဖြစ်ပွားမှုနှုန်း သုံးဆခန့်ပိုများနေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအတွင်း အသက် ၆၀မှ၇၀အတွင်းရှိ အမျိုးသမီးများ၏ သုံးပုံတစ်ပုံနှင့် အသက်၈၀ကျော် အမျိုးသမီးကြီးများ၏ သုံးပုံနှစ်ပုံခန့်သည် အရိုးပါးရောဂါ(Osteoporosis) ဝေဒနာခံစားနေရကြောင်း သိရသည်။
အရိုးပါးရောဂါသည် အရိုးအဖွဲ့ အစည်းတစ်ခုလုံး၏ ဇီဝဖြစ်စဉ်တွင် အရိုးထုထည်ပမာဏနှင့် ၀န်ခံနိုင် ရည်စွမ်းအားလျော့ကျလာပြီး အရိုးပုံ သဏ္ဌာန်ပျက်ခြင်းနှင့် အရိုးကျိုး လွယ်ခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း နှင့် လူတစ်ဦး၏ သတ်မှတ်အသက် အပိုင်းအခြား ၂၀ မှ ၂၅ နှစ်အတွင်း အရိုးဖွံ့ဖြိုးမှုအကောင်းဆုံး အခြေအနေတွင် ရှိသင့်သည့် အရိုးထုထည် ပမာဏထက်စံနှုန်း ၂.၅ SD ကျဆင်းသွားလျှင် အရိုးပါးရောဂါဖြစ်နေပြီဟု ယူဆရကြောင်းသိရသည်။
"လူတစ်ဦးရဲ့ အရိုးထုထည် ပမာဏကအသက် ၃၀ အရွယ်ကစ ပြီးသဘာဝအတိုင်းလျော့နည်းလာ ပြီးတစ်နှစ်ကိုအနည်းဆုံးတစ်ရာခိုင် နှုန်းကနေနှစ်ရာခိုင်နှုန်းလောက်အထိ ပုံမှန်ကျဆင်းလာတယ်၊ အမျိုးသမီး တွေမှာဆိုရင် သွေးဆုံးပြီးသုံးနှစ် ကနေခြောက်နှစ်အတွင်းတရှိန်ထိုး ကျဆင်းလာလေ့ရှိတယ်၊ အရိုးပါး ရောဂါကတခြားလူနေမှုပုံစံပြောင်း လဲမှုတွေကြောင့်ဖြစ်တဲ့ သွေးတိုး၊ နှလုံး၊ လေဖြတ်၊ ရင်သားကင်ဆာ တွေထက်ဖြစ်နှုန်းသုံးဆပိုများပါ တယ်"ဟု ဆေးတက္ကသိုလ်(၂) အရိုးရောဂါပညာဌာနမှ ပါမောက္ခ ဒေါက်တာ ဦးမြင့်သောင်းက ဆိုပါသည်။
အရိုးပါးရောဂါသည် အသက် အရွယ်ကြီးချိန်မှ အရိုးကျိုးဖူးသူများ၊ ဆေးလိပ်အရက် အလွန်အကျွံသောက် သုံးသူများ၊ စတီးရွိုက်ဟော်မုန်းဆေးများ ပုံမှန်သုံးစွဲနေရသူများ၊ ကိုယ်လက်လှုပ်ရှားမှု မရှိသလောက် နည်း ပါးသူများ၊ အရိုးပါးရောဂါလက္ခဏာ ရှိသူများ စသည်တို့ဖြစ်ပွားတတ်ကြောင်း၊ အမျိုးသမီးများတွင်စောစီးစွာ သွေးဆုံးကြသူများ၊ သားအိမ်၊ သားဥအိမ်ထုတ်ထားသူများတွင်လည်း ဖြစ်ပွားလာပြီး အမျိုးသားများတွင် လည်ပင်းအကြိတ်ရောဂါရှိသူ၊ ကျောက်ကပ်အသည်းရောဂါ နာတာရှည်ဝေဒနာရှင်များတွင် ဖြစ်ပွားတတ်သည်။
အရိုးပါးရောဂါသည် သဘာဝအရဖြစ်သည် ဆိုသော်လည်း မျိုးရိုး ဗီဇကြောင့်ဖြစ်သည်မှလွဲ၍ အခြားအကြောင်းအရင်းများမှာ ကာကွယ်နိုင်ခြင်း၊ ရောဂါဖြစ်နိုင်ခြေရှိသူများ ကိုစောစီးစွာ သိရှိနိုင်ခြင်းနှင့် ကြိုတင်ကုသနိုင်ခြင်းတို့ ပြုလုပ်နိုင်သည်။
@news-eleven.com

poohcartoon
11-11-2010, 10:42 AM
မြို့တွင်း မ .ထ .သ ယာဉ်လိုင်းလမ်းကြောင်းများ တစ်လျှောက် ယာဉ်ရပ်မှတ်တိုင်နှင့် နားနေဆောင် ၄၅ ခုခန့် ဆောက်လုပ်ပေးရန် တင်ပြထား
http://www.news-eleven.com/images/stories/nov10/bi/3336.jpg
ရန်ကုန်တိုင်း ဒေသကြီး အတွင်း မြို့တွင်းပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းကြီးတစ်လိုင်း ဖြစ်သော မြို့တွင်း(မ.ထ.သ) ယာဉ်လိုင်း၏ ပြေးဆွဲနေသော လမ်းကြောင်းတစ်လျှောက် ယာဉ်ရပ်မှတ်တိုင်နှင့် ခရီးသည် နားနေဆောင် ၄၅ ခုခန့် တည်ဆောက်ပေးရန်အတွက် စစ်တမ်းကောက်ယူ၍ ဗဟို (မ.ထ.သ) အဖွဲ့ကြီးထံသို့ တင်ပြထားကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး ကြီးကြပ်မှု ကော်မတီ၏ ညွှန်ကြားချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်း ခရီးသည်တင် ယာဉ်လိုင်းများ ပြေးဆွဲ နေသည့် လမ်းကြောင်းများတွင် ယာဉ်ရပ်မှတ်တိုင်နှင့် ခရီးသည်နားနေဆောင် ဆောက်လုပ်ရခြင်းမရှိသော နေရာများ၊ အရိပ်အကာမရှိသော နေရာများတွင် ခရီးသည် နားနေဆောင်များ ဆောက်လုပ်ပေးရန် အတွက် သက်ဆိုင်ရာ ယာဉ်လိုင်းအလိုက် စစ်တမ်းပြုစု ကောက်ယူစေလျက် ရှိရာတွင် မြို့တွင်း(မ.ထ.သ) ယာဉ်လိုင်းမှ ၎င်းတို့စီမံခန့်ခွဲမှု လက်အောက်တွင် ပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်ရှိ ခရီးလမ်းကြောင်းများတွင် ယာဉ်ရပ်မှတ်တိုင်နှင့် ခရီးသည် နားနေဆောင်များ ဆောက်လုပ်ပေးရန် လိုအပ်သည့် နေရာ ၄၅ နေရာကို စာရင်းပြုစုတင် ပြထားသည်ဟု သိရသည်။
မြို့တွင်း မ.ထ.သ ယာဉ်လိုင်း လက်အောက်တွင် ဌာနခွဲ ၉ ခု ဖွဲ့ စည်းထားပြီး ဌာနခွဲတစ်ခု၏ လက်အောက်တွင် ပြေးဆွဲနေသော ယာဉ်လိုင်းများ၏ လမ်းကြောင်းများ၌ ယာဉ်ရပ်မှတ်တိုင် ၅ ခုစီခန့်ဖြင့် စစ် တမ်းကောက်ယူ ပြုစုခဲ့ပြီး စုစုပေါင်း ယာဉ်ရပ်မှတ်တိုင် ၄၅ ခုခန့်ကို စာရင်းပြုစုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းသို့ တင်ပြလာချက်များ အပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဆက်လက် ဆောင်ရွက်ပေးရန်ကိုလည်း သက်ဆိုင်ရာက ညွှန်ကြားထားသည် ဟုလည်း သိရသည်။
@news-eleven.com

poohcartoon
11-11-2010, 10:43 AM
ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းမကြီးဘေးတွင် ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရ
http://www.news-eleven.com/images/stories/nov10/bi/b33323.jpg
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၂ နာရီ ၀န်းကျင်တွင် ရွှေပြည်သာမြို့နယ် ဘိုရွှေကုန်းကျေးရွာ အနီးတွင် ရွှေပြည်သာမှ လှော်ကားဘက်သို့ ဓာတ်ငွေ့ပို့လွှတ်သည့် ပိုက်လိုင်းအဆက်မှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
''အိပ်နေတုန်း အသံအကျယ်ကြီး ကြားလိုက်ရတယ်။ ပြီးတော့ လင်းထိန်သွားတယ်။ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ပြီး မီးလောင်တာလို့ သိရတယ်။ အဲဒီပိုက်လိုင်းကို လူတွေ ဖြတ်သွားနေကျပါ။ အခုဖြစ်တဲ့ အချိန်မှာ လူတွေမရှိလို့ အသေအပျောက်တော့ မရှိခဲ့ပါဘူး။ နာရီဝက်လောက်ကြာတော့ မီးသတ်ကားတွေ ရောက်လာပြီး မီးကို ငြှိမ်းနိုင်လိုက်ကြတယ်။ ထပ်ပြီး အန္တရာယ် မဖြစ်အောင်လို့ အနီးမှာရှိတဲ့ မီးကြိုးတွေ ဖြတ်ချမယ်လို့တော့ ကြားတယ်''ဟု မီးလောင်ကျွမ်းမှုကို မျက်မြင်တွေ့ သူတစ်ဦးက ပြောသည်။
အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ မီးလောင်မှုမှာ မိနစ်၃၀ နီးပါးမျှ ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။ အခင်းဖြစ်ပွားရာသို့ မီးသတ်ကားများ၊ တာဝန်ရှိသူများ လာရောက် ကြည့်ရှုခဲ့ကြကြောင်း ရပ်ကွက်တွင် နေထိုင်သူများမှ ပြောပြခဲ့သည်။
''မနက် ၃ နာရီလောက်မှာ အိပ်နေရာကနေ အသံကြီးတစ်သံကို ကြားရတယ်။ အသံက တော်တော်လေး ကျယ်တယ်။ အပြင်ကို ထွက်ကြည့်တော့ ကောင်းကင်တစ်ခုလုံးက နီရဲနေပြီး ဘာဖြစ်မှန်းကို မသိဘူး။ လမ်းမပေါ် ထွက်ကြည့်တော့မှ ဓါတ်ငွေ့ပိုက် ပေါက်တာလို့ သိရတယ်။ မီးတောက်တွေက တော်တော်လေးကို မြင့်တယ်''ဟု ရွှေပြည်သာမြို့နယ်၊ ၀န်ထမ်းကြီးရပ်ကွက်၊ စိန်ပန်းလမ်းတွင် နေထိုင်သူတစ်ဦးမှ ပြောပြခဲ့သည်။
ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ မီးလောင်မှုကြောင့် အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်းအနီးမှ သစ်ပင်များ မီးလောင်ပြီး မီးလောင်သစ်ရွက်များ ပတ်ဝန်းကျင်သို့ လွင့်ကျခြင်း၊ ၆၆၀၀ ဗို့အားရှိ ကွန်ကရစ်ဓါတ်တိုင် မီးလောင်ခဲ့ပြီး မီးကြိုးများ ပြတ်တောက်ခြင်း၊ မီးသီးကွဲ ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။
@news-eleven.com

poohcartoon
11-11-2010, 10:45 AM
ဘုရင်နောင်ပွဲရုံဝင်း စတင်ဖွင့်လှစ်သည့် နေ့များတွင် ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားကြောင်း သိရ
http://www.news-eleven.com/images/stories/nov10/bi/33312.jpg
ဘုရင့်နောင်ပွဲရုံ ၀င်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားတတ်ရာ ပွဲရုံ စတင်ဖွင့်လှစ်သည့် နေ့များတွင် ပိုမိုဖြစ်ပွားတတ်ကြောင်း သိရှိရသည်။
"ဘုရင့်နောင်ဝင်းထဲမှာ ကားတွေပိတ်နေတာ မကြာခဏဆိုသလို ဖြစ်ပါတယ်။ ကြားရက်တွေက တော်သေးတယ်။ ပွဲရုံစဖွင့်တဲ့တနင်္လာလို နေ့တွေကို ပိုဆိုးပါတယ်" ဟု ဘုရင့်နောင်ရှိ ယာဉ်မောင်းတစ်ဦးက ပြောပြခဲ့သည်။
"၀င်းထဲမှာ ကားတွေပိတ်နေတာ ခဏခဏတော့ ဖြစ်တတ်ပါတယ်။ မိုးတွင်းပိုင်းတုန်းကထက် ခုလိုအချိန်က ပိုဆိုးတာပေါ့။ မကြာခင်မှာ ပွင့်လင်းရာသီ ရောက်တော့မှာမို့ ဒါတွေကို ကြိုတင်ပြင်ဆင်ထား သင့်ပါတယ်။ ပွင့်လင်းရာသီဆိုရင် ကုန်အ၀င်များတော့ ကားတွေနည်းနည်းတော့ ကြပ်တာပေါ့"ဟုလည်း ယာဉ်မောင်းတစ်ဦးက ဆိုသည်။
ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားတတ်ပြီး အဓိကလမ်းမကြီးများတွင်သာ အဖြစ်များကြောင်းနှင့် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ယာဉ်ကြောပိတ်ဆို့မှုများ အဖြစ် များကြောင်းလည်း သိရှိရသည်။
@news-eleven.com

poohcartoon
11-11-2010, 10:48 AM
နှစ်စဉ် ရေကြီးရေမြုပ်လေ့ရှိသော အတ္ထရံမြစ်ကမ်းရှိ ကျိုက်မရောမြို့တွင် ယခုဝါထပ်နှစ် ရေကြီးရေမြုပ်မှု မရှိ၍ မိုးစပါးများ ကွက်ပြည့်အောင်မြင်
http://www.news-eleven.com/images/stories/nov10/bi/b33314.jpg
နှစ်စဉ် ရေကြီးနစ်မြုပ်လေ့ရှိသော မွန်ပြည်နယ် အတ္ထရံမြစ်ကမ်းရှိ ကျိုက်မရောမြို့သည် ယခုဝါထပ်နှစ် မိုးတွင်းကာလတွင် ထူးခြားစွာ မြစ်ရေကြီး နစ်မြုပ်ခြင်း မရှိဘဲ တောင်သူများ၏ မိုးစပါးများ စိုက်ကွက်ပြည့် အောင်မြင်မှု ရှိခဲ့သည်ဟု ဒေသခံ များထံမှ သိရသည်။
''နှစ်စဉ် မြစ်ရေကြီးတာကို မိုးတွင်းကာလတိုင်း တွေ့ကြုံနေရတာပါ။ အတ္ထရံမြစ်က တောင်ဘက်ကနေ မြောက်ဘက်ကို စီးဆင်းနေတဲ့ ထူးခြားတဲ့ မြစ်တစ်ခုပါ။ ၀ါထပ်နှစ် မိုးကပိုကောင်းတော့ မြစ်ဖျားက တောင်ကျရေဆင်းပြီး ကမ်းနားပိုင်း ရပ်ကွက်တွေ မြုပ်၊ လယ်တွေရေ၀င်၊ စပါးတွေက ပျက်လေ့ရှိပါတယ်။ ထူးထူးခြားခြား စိုက်ကွက်ပြည့်အောင်တော့ မြို့ထဲကိုတောင် ရေမရောက်ဘူး။ လယ်သမားတွေလည်း စိုက်ကွက်ပြည့် အောင်ကြတော့ ပျော်နေကြတယ်။ မိုးနှောင်းလွန် မုန်တိုင်းမိုး လာနိုင်သေးတယ် ဆိုထားတော့ စပါးတွေရင့်မှည့်တာနဲ့ ရိတ်ပြီး မိုးလွတ်ရာရောက်မှ စိတ်ချရပါမယ်''ဟု မြို့ခံတောင်သူတစ်ဦးက ပြောကြားသည်။
ကျိုက်မရောမြို့နယ်တွင် မိုးစပါး စိုက်ဧက တစ်သိန်းတစ်သောင်းကျော် စိုက်ပျိုးခဲ့ရာ ပျက်စီးမှု မရှိသည့် အတွက် စိုက်ဧကအတိုင်း ကွက်ပြည့် အောင်မြင်ကြပြီး လယ်သမား အများစု မနောသုခမျိုးကို စိုက်ပျိုးကြသည်ဟုလည်း သိရှိရသည်။
@news-eleven.com

poohcartoon
11-11-2010, 10:50 AM
ချင်းပြည်နယ်အတွင်းရှိ ဂျပ်ခုပ်ချည်ထည် ရက်လုပ်မှုများအား စိတ်ဝင်တစား မှတ်တမ်းတင်မှုများရှိ
http://www.news-eleven.com/images/stories/nov10/bi/b33318.jpg
ချင်းပြည်နယ် အတွင်းရှိ ရိုးရာ ဂျပ်ခုပ်ချည်ထည် ရက်လုပ်မှု နည်းပါးလာပြီး ချင်းတောင်သို့ လာရောက်သော ဧည့်သည်များမှ စိတ်ဝင်တစား မှတ်တမ်းတင်မှုများ ရှိလာသည်ဟု ဒေသခံများမှ တစ်ဆင့် သိရှိရပါသည်။
“ချင်းတောင်ပေါ်မှာတော့ ဂျပ်ခုပ် ရက်လုပ်တယ်ဆိုတာ အဖွားကြီးတွေ အလုပ်လို ဖြစ်သွားပြီ၊ လူငယ်တွေထဲက ဂျပ်ခုပ်ရက်လုပ်တဲ့သူ မရှိသလောက်ပဲ။ အခုခေတ် လူငယ်တွေထဲကလည်း ဂျပ်ခုပ်ရက်လုပ်တဲ့ လုပ်ငန်းကို သင်ဖို့ဘယ်သူမှ စိတ်မ၀င်စား ကြဘူး။ အဲဒါဆိုတော့လည်း ဂျပ်ခုပ် ရက်လုပ်တတ်တဲ့သူ မရှိသလောက် နည်းပါးသွားတာပေါ့''ဟု ဟားခါးဒေသခံ တစ်ဦးက ပြောကြားခဲ့ပါသည်။
ဟားခါးမြို့ပေါ်တွင်း ဒေသရိုးရာ အ၀တ်အစားများကိုလည်း ရောင်းချသည့် ဈေးဆိုင်များတွင်လည်း ဂျပ်ခုပ်ထည်များမှာ တစ်ထည်လျင် သိန်းဂဏန်းအထိ ဈေးကြီးပြီး အရောင်းအ၀ယ် နည်းပါးမှုကြောင့် အဆိုပါ ဂျပ်ခုပ် ရက်လုပ်သည့် လုပ်ငန်းလည်း တဖြည်းဖြည်း နည်းပါးလာခဲ့သည်ဟု သိရှိရပါသည်။
''ဂျပ်ခုပ်ရက်လုပ်တတ်တဲ့ သူတွေ ဂျပ်ခုပ် ရက်လုပ်နေတယ်ဆိုရင် ချင်းပြည်နယ်ကိုလာတဲ့ ဧည့်သည် တော်တော်များများက စိတ်ဝင်တစား မှတ်တမ်းတင်လေ့ ရှိကြပါတယ်။ ဂျပ်ခုပ်လုပ်ငန်းကို မတိမ်ကော မပပျောက်အောင်တော့ နှစ်စဉ်နှစ်တိုင်းမှာ ကျင်းပတဲ့ ချင်းပြည်နယ်နေ့ အခမ်းအနားတွေမှာ ဂျပ်ခုပ်ရက်လုပ်ခြင်း ပြိုင်ပွဲကို ကျင်းပလေ့ ရှိပါတယ်''ဟု ဒေသခံက ဆက်လက်ပြောကြားခဲ့ပါသည်။
@news-eleven.com

poohcartoon
11-11-2010, 10:51 AM
မြန်မာနိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်းမှ ၀ါးခယ်မမြို့နယ်သို့ သွားရောက်၍ အခမဲ့မျက်စိ ကုသပေးမှု အစီအစဉ်စတင်
http://www.news-eleven.com/images/stories/nov10/bi/33310.jpg
မြန်မာနိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်း(BDA) ၏နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ၀ါးခယ်မမြို့နယ်သို့ သွားရောက်၍ အခမဲ့ဆေးကုသမှု အစီအစဉ်များကို စတင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါအသင်းမှ သိရှိရပါသည်။
နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းမှ မျက်စိအထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာကိုကိုတင် ဦးဆောင်၍ ကျေးရွာများမှ မျက်စိဝေဒနာရှင်များ ကိုအား အခမဲ့မျက်စိကုသပေးမှုများ ကို ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။
"မျက်စိအထူးကု ဆရာဝန်ကြီးတွေ သွားပြီးကုသပေးသွားမှာ ဖြစ်ပါတယ်။ ဆရာဝန်အရေအတွက်ကတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။ ၀ါးခယ်မမြို့နယ်မှာ စုရပ်လုပ်ပြီး ကျေးရွာတွေမှာရှိတဲ့ မျက်စိဝေဒနာရှင်တွေကို လူနာဦးရေသတ် မှတ်မထားဘဲ အခမဲ့ကုသပေးသွားမှာပါ။ မျက်စိခွဲစိတ်စရာလိုတဲ့သူတွေ ကိုခွဲစိတ်ပေးသွားမှာဖြစ်ပြီး မျက်မှန်တပ်ဖို့လိုအပ်တဲ့သူတွေ ဆိုရင်လည်း မျက်မှန်တပ်ဖို့စီစဉ်ပေးသွားမှာပါ။ နယ်လှည့်ဆေးကုသရေးအဖွဲ့အနေ နဲ့က အခုအချိန်မှာ မျက်စိအဓိကထားပြီး ကုသပေးဖို့ စီစဉ်ဖြစ်သွားမှာပါ။ တခြားဝေဒနာတွေနဲ့ ပတ်သက်ပြီးတော့လည်း နယ်လှည့်ပြီး ဆေးဝါးအခမဲ့ ကုသပေးမှုတွေကိုပါ ဆောင်ရွက်သွားဖို့လည်း အစီအစဉ်တွေ ရှိပါတယ်" ဟု မြန်မာနိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ၊ ဦးမောင်မောင်စိုးတင့်က ပြောပြခဲ့ပါ သည်။
အသင်းအနေဖြင့် နယ်လှည့် မျက်စိကုသမှုမှာ ၂၄ ကြိမ်မြောက် ဖြစ်ပြီး အဆိုပါအဖွဲ့မှာနိုဝင်ဘာလ ၂၀ ရက်နေ့မှစတင်၍၀ါးခယ်မမြို့၌ နှစ်ရက်ကြာ မျက်စိဝေဒနာရှင်များကို အခမဲ့ ကုသပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
@news-eleven.com

facelover
11-11-2010, 11:24 AM
ပြင်ဦးလွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ကို ထူးကုမ္ပဏီအုပ်စုက ၁၅ နှစ် လုပ်ကိုင်ခွင့်ရ
ပြင်ဦးလွင်မြို့တွင် အသစ်ထပ်မံ တည်ဆောက်လိုက်သည့် အမျိုးသားအထိမ်းအမှတ် ဥယျာဉ်ကြီးကို ထူးကုမ္ပဏီအုပ်စုမှ ၁၅ နှစ် ပြန်လည်ငှားရမ်း လုပ်ကိုင်ခွင့်ရကြောင်း ပြင်ဦးလွင်ရှိ ထူးကုမ္ပဏီအုပ်စုမှ အထွေထွေမန်နေဂျာ ကိုဝေမျိုးအောင်က ပြောသည်။ “ဒီအမျိုးသားအထိမ်းအမှတ် ဥယျာဉ်ကို နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုအရ သစ်ထုတ်တဲ့ ကုမ္ပဏီ ၁၀ ခုက ဝိုင်းဝန်း တည်ဆောက်ခဲ့ကြတယ်။ အကျိုးတူ ပူးပေါင်းပြီး သစ်ပင်တွေ စိုက်ကြပျိုးကြ၊ အဆောက်အအုံတွေ ဆောက်ကြတဲ့အထဲကမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုခဲ့တဲ့ ထူးကုမ္ပဏီအုပ်စုက ၁၅ နှစ် ငှားရမ်းလုပ်ကိုင်ခွင့်ကို ၂၀၀၆ ခုနှစ်မှာ ရခဲ့တာပါ”ဟု ၄င်းကပြောသည်။ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်သည် အကျယ်အဝန်း ဧကပေါင်း ၂၄၀ ရှိပြီး အမျိုးသားကန်တော်ကြီး ဥယျာဉ်ထက် ဧကပေါင်း ၁၀၀ ကျော်ပိုမိုကျယ်ဝန်းသည်။ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် တစ်ဆက်တည်း ဆက်စပ်လျက်ရှိသည့် မြေနေရာတွင် တည်ရှိပြီး အရိပ်ရသစ်ပင်များကို ဦးစားပေး စိုက်ပျိုးထားကြောင်း သိရသည်။ ကုမ္ပဏီများမှ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၆ ဒီဇင်ဘာ ၁၅ ရက်တွင် ထူးကုမ္ပဏီအုပ်စုက ဖွင့်လှစ်ခဲ့သည်။ ဝင်ကြေးကို သစ်တောရေးရာဝန်ကြီးဌာန၏ သတ်မှတ်ချက်အတိုင်း လူကြီး ၁၀၀၀ ကျပ်နှင့် ကလေး ၅၀၀ ကျပ် သတ်မှတ်ထားသည်။ နိုင်ငံတော်အကြီးအကဲ၏ ၂၀၀၄ ဧပြီလက ပြင်ဦးလွင်ခရီးစဉ်အတွင်း ပြည်တွင်းပြည်ပ ဧည့်သည်များလာရောက် အပန်းဖြေ အနားယူရာတွင် ပြည်နယ်နှင့် တိုင်းအလိုက် ထူးခြားထင်ရှားသည့် အထင်ကရ သဘာဝအထိမ်းအမှတ်များ၊ ဖန်တီးမှုအလှအပများကို တစ်နေရာတည်းတွင် ပြည်ထောင်စုငယ်သဖွယ် ခံစားကြည့်ရှုနိုင်ရန် အမျိုးသားအထိမ်းအမှတ် ဥယျာဉ်ကို တည်ဆာက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

facelover
11-11-2010, 11:26 AM
မန္တလေးမြို့တွင် နိုင်ငံတကာ အဆင့်မီဘောလုံးကွင်း တည်ဆောက်မည်
မြန်မာနိုင်ငံအထက်ပိုင်းမြို့တော် မန္တလေးတွင် နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်းတစ်ကွင်းကို လာမည့် ၂၀၁၁ ခုနှစ် ဧပြီလအတွင်း စတင်တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် အမှုဆောင်တစ်ဦးက ပြောကြားသည်။ နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်းသည် မြန်မာနိုင်ငံ အိုလံပစ်ကောင်စီ၏ လမ်းညွှန်ချက်အရ နိုင်ငံတော်၏ အားကစားအဆင့်အတန်း မြင့်မားအောင်မြင်ရေးအတွက် အထက်မြန်မာပြည် အမျိုးသားအားကစားဥယျာဉ် စီမံကိန်း(မန္တလေး) တည်ဆောက်ရေးစီမံကိန်းတွင် ပါဝင်ခဲ့သည့် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းတောင်ဘက် ၆၈ လမ်းနှင့် ၇၃ လမ်းကြား၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား မြေဧက ၁၈၄ ဒသမ ၉၄ ဧကတွင် တည်ဆောက်ရန် လျာထားပြီး၊ နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်းမှာ ၈၅ ဧကခန့် တည်ဆောက်ရန် လျာထားကြောင်း မန္တလေးတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူးက ပြောကြားသည်။ အဆိုပါ စီမံကိန်းတွင် နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်းတစ်ကွင်း၊ အားကစားခန်းမတစ်ခု၊ ရေကူးကန်တစ်ခု၊ စက်ဘီးအားကစားကွင်းတစ်ခု၊ ပိုက်ကျော်ခြင်းအားကစားရုံတစ်ခု၊ ဘိုးလင်းအားကစားရုံတစ်ခု၊ သေနတ်ပစ်ကွင်းတစ်ခု၊ တင်းနစ်အားကစားကွင်းတို့ ဆောက်လုပ်မည် ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ အမျိုးသား အားကစားဥယျာဉ် (မန္တလေး)နယ်မြေတွင် တည်ဆောက်မည့် မိုးလုံလေလုံ နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်းသည် ပွဲကြည့်ပရိသတ် သုံးသောင်းအထိ ၀င်ဆံ့မည်ဖြစ်ပြီး၊ ဘောလုံးကွင်း၏ မြေညီထပ်တွင် ပြခန်း၊ ရုံးခန်း၊ အစည်းအဝေးခန်း၊ ဆေးခန်း၊ အ၀တ်လဲခန်း၊ အထူးဧည့်သည်များအခန်း၊ စားသောက်ခန်း၊ မီဒီယာခန်း၊ ရေချိုးခန်း၊ အရောင်းဆိုင်ခန်းများ၊ လေ့ကျင့်ရေးခန်း၊ စာကြည့်တိုက်၊ ဒိုင်လူကြီးများနှင့် နည်းပြများရုံးခန်းတို့ပါဝင်မည်ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

poohcartoon
11-13-2010, 09:30 AM
ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း နေပြည်တော်တွင် သုံးနိုင်ပြီ
http://www.yatanarpon.com.mm/index.php?ch=127&pg=434&ac=246&bb=img_big
GSM မိုဘိုင်းဖုန်းများ နေပြည်တော်တွင် စတင် သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောသည်။ "GSM မိုဘိုင်းဖုန်းတွေ နေပြည်တော်မှာ နိုဝင်ဘာ ၆ရက်က စပြီးသုံးစွဲနိုင်ပါပြီ။ ဒီလို သုံးစွဲနိုင်ဖို့အတွက် နေပြည်တော်မှာ စမ်းသပ် ကာလအဖြစ် ဖွင့်ပေးခဲ့ပြီးပါပြီ။ စမ်းသပ်ကာလ ပြီးသွားတဲ့အတွက် တရားဝင် ဖွင့်လှစ် ပေးလိုက်တာပါ”ဟု ယင်းက ရန်ကုန်တိုင်းမ်၏ မေးမြန်း ချက်ကို ဖြေကြားခဲ့သည်။ ယင်းသို့ နေပြည်တော်တွင် GSM မိုဘိုင်းလ်ဖုန်းများကို စတင် ဖွင့်လှစ်ပေးလိုက်ခြင်းကြောင့် GSM မိုဘိုင်းလ် ဖုန်းများအပြင် ကျပ် ၁၅သိန်းတန် CDMA450 MHz ဖုန်းများ၊ ကျပ်ငါးသိန်းတန်CDMA 450MHz ဖုန်းများနှင့် ကြိုးဖုန်းများ သုံးစွဲနိုင်နေပြီ ဖြစ်သည်။
“GSM တွေ နေပြည်တော်မှာ စမ်းသပ် သုံးစွဲခွင့်ရအောင် စမ်းသပ်နေတယ်။ ရတစ်ချက်၊ မရတစ်ချက်ပေါ့။ ကျွန်တော်ထင်တယ်။ ပြိးခဲ့တဲ့ လက စမ်းသေးတယ်။ နောက် စက်ပြန်ပိတ်သွားတယ်။ တချို့နေရာတွေ ရပြီး တချို့နေရာတွေ မရဘူး ဖြစ်နေတယ်။ အခြုပန်ဖွင့်ပေးတယ် ဆိုတော့ နေရာစုံအောင် သုံးစွဲနိုင်တော့မှာပေါ့”ဟု နေပြည်တော်တွင် နေထိုင်သူ ဦးထိန်လင်းဦးက ပြောသည်။ နေပြည်တော်တွင် ယခင်က ကျပ်ငါးသိန်းတန် CDMA 450 MHz ဖုန်းများကို သက်ဆိုင်ရာ နယ်မြေဒေသ အလိုက် အကန့်အသတ်ဖြင့်သာ ဖွင့်ပေးခဲ့ရာမှ ယခုအခါ နယ်မြေ အကန့်အသတ် မရှိသဖြင့် တစ်နိုင်ငံလုံး သုံးစွဲခွင့်ပြုထားပြီ ဖြစ်ကြောင်း သိရသည်။
@news-eleven.com

စပိုင်ချစ်သူ
11-13-2010, 10:32 PM
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း



ICT- Laboratory “Programming With Finger Print အသုံးပြုနည်း” ခေါင်းစဉ်ဖြင့်

လက်တွေ့စမ်းသပ်ပြုလုပ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့လေ့လာ မှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။ နိုဝင်ဘာလ (၂၀) ရက်တွင် နေ့လည် ၁းဝဝ နာရီမှ ညနေ ၅းဝဝ နာရီအထိ “Programming With Finger Print အသုံးပြုနည်း” ခေါင်းစဉ်ဖြင့် လက်တွေ့သရုပ်ပြသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများနှင့် Computer Program ပညာ လေ့လာနေသူများ၊ စိတ်ပါဝင်စားသူမည်သူမဆိုတက်ရောက်လေ့ကျင့်နိုင်ပြီး နိုဝင်ဘာလ (၁၉) ရက်နေ့ ညနေ (၃းဝဝ) နာရီ နောက်ဆုံးထား၍စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

ကိုဖိုးဇော်
11-14-2010, 04:54 AM
အားလုံးတော့လဲ သိပြီးလောက်ပါပြီ... နိုင်ငံတကာ က မီဒီယာတွေမှာ အုတ်အော်သောင်းနင်း ဖေါ်ပြနေတာမို့ MEF ရဲ့ ပြည်တွင်းသတင်း တော့ပစ်မှာ မရှိမဖြစ်ရအောင် Eleven Media Group ကနေ ကူးယူဖော်ပြလိုက်ပါတယ်...

နေအိမ်အကျယ်ချုပ်ဖြင့် ၇နှစ်နှင့် ၆လကြာ ဆက်တိုက် ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် () နာရီ တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဧ။်သမီး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ခုနှစ် မေလ (၃၀) ရက်နေ့ ဒီပဲယင်းဖြစ်စဉ်အပြီးမှစ၍ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ယခုလွတ်မြောက်ချိန်အထိ (၇) နှစ်နှင့် (၆) လကြာ ဆက်တိုက် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ ၄င်းသည် ၁၉၈၈ ခုနှစ်အတွင်း ကျန်းမာရေးချို့တဲ့သော မိခင်အား ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး မြန်မာဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲသည်။ ယင်နောက်ပိုင်းမှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း နေအိမ်အကျယ်ချုပ်များဖြင့် (၁၅) နှစ်ခန့် ထိန်းသိမ်းခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၉ ခုနှစ် မေလအတွင်းက အမေရိကန်နိုင်ငံသား ဂျွန်ရက်တော နေအိမ်ခြံဝင်းအတွင်း ရေကူးဝင်ရောက်ခဲ့မှုနှင့်ပတ်သက်၍ စွဲချက်တင် အရေးယူခြင်းခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအမှုကြောင့် နေအိမ်အကျယ်ချုပ်သက်တမ်း ၁၈ လ ထပ်မံတိုးမြှင့် ချမှတ်ခံရခြင်းဖြစ်သည်။

http://www.news-eleven.com/images/stories/nov10/we/DASSK/DSC_0832.jpg

သားနှစ်ဦးဧ။်မိခင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၉ခုနှစ် အတွင်းက ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်(Michael Aris)ဧ။် ဈာပနသို့ သွာရောက်ရန် အခွင့်အရေးရှိခဲ့သော်လည်း သွားရောက်ရန်ငြင်းဆန်ခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၁ခုနှစ်မှစ၍ သူဧ။်ရင်သွေးနှစ်ဦးကိုလည်း တွေ့ဆုံခဲ့ရခြင်းမရှိကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဖြတ်သန်းခဲ့ရသည့် ရက်စွဲအချို့ 


၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ - အစိုးရက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စွဲချက်မတင်၊ တရားမစွဲဘဲ ဒေါ်အောင်ဆန်းစုကြည်ကို သုံးနှစ်ကြာထိန်းသိမ်းခွင့်ဖြင့် နေအိမ်အကျယ်ချုပ်ချခဲ့။
၁၉၉၀ပြည့်နှစ် - NLD ပါတီက ရွေးကောက်ပွဲတွင်အနိုင်ရ။ အစိုးရက ရွေးကောက်ပွဲရလဒ်ကို လက်မခံခဲ့။
၁၉၉၁ခုနှစ် - ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိ။
၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက် - နေအိမ်အကျယ်ချုပ် သက်တမ်းတိုးမှုများ အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့။ သို့သော် သွားလာမှုကို အကန့်အသတ်ဖြင့် ခွင့်ပြုခဲ့။
၂၀၀၀ ပြည့်နှစ်စက်တင်ဘာလ ၂၃ ရက် - ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံထိမ်းသိမ်းခဲ့။
၂၀၀၂ ခုနှစ်၊ မေလ ၆ ရက် - ၁၉ လကြာ ထိမ်းသိမ်းပြီးပြန်လွှတ်ပေးခဲ့
၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက် - ဒီပဲယင်းဖြစ်စဉ်အပြီးတွင် သုံးလကြာ လျှို့ဝှက်ထိမ်းသိမ်းထားခဲ့။
၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ - ဆေးကုသမှုခံယူရန် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်ခွင့်ပေးခဲ့ပြီ နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက်ထားရှိခဲ့။
၂၀၀၇ ခုနှစ်၊ မေလ - နေအိမ်အကျယ်ချုပ် သက်တမ်းကို အစိုးရက တစ်နှစ်ထပ်တိုးခဲ့။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ - ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ ထွက်ပြီး သံဃာတော်များကိုဝတ်ပြုခဲ့
၂၀၀၈ ခုနှစ်၊ မေလ - အစိုးရက နေအိမ်အကျယ်ချုပ်ကို သက်တမ်းတစ်နှစ် ထပ်တိုးခဲ့။
၂၀၀၉ ခုနှစ်၊ မေလ - အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းထဲသို့ ရေကူးလာ ရောက်ခဲ့ခြင်းကို လက်ခံထားခဲ့မှုကြော့င့် ၁၉၇၅ ခုနှစ်နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုခံရ။ ၂၀၀၉ ခုနှစ်၊ သြဂုတ်လ - နေအိမ်အကျယ်ချုပ်သက်တမ်းကို ၁၈ လ ထပ် မံတိုးမြှင့်ချမှတ်ခံရ။


ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအကျဉ်း
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း(အာဇာနည်ခေါင်းဆောင်)-ဒေါ်ခင်ကြည်တို့မှ ဖွားမြင်သည်။ ဖခင်ဖြစ်သူ လုပ်ကြံခံခဲ့ရပြီးနောက် မိခင်ဖြစ်သူဒေါ်ခင်ကြည်၊ အကိုများဖြစ်ကြသည့် အောင်ဆန်းလင်း၊ အောင်ဆန်းဦးတို့နှင့် အတူကြီးပြင်းခဲ့သည်။ အောင်ဆန်းလင်းမှာ အသက် ၈ နှစ်အရွယ်တွင် ရေနစ်ကွယ်လွန်ခဲ့သည်။ အောင်ဆန်းလင်းကွယ်လွန်ပြီးနောက် တာဝါလိန်းလမ်းအိမ်မှ အင်းယားကန်အနီးရှိ အိမ်သို့ပြောင်းရွှေ့ခဲ့သည်။ မက်သဒစ်အင်္ဂလိပ် အထက်တန်းကျောင်း (ယခု ဒဂုံအထက ၁ ) တွင် ပညာသင်ကြားခဲ့ပြီး ဘာသာစကားသင်ကြားမှုတွင် ထူးချွန်ခဲ့သည်ဟု သိရသည်။ ၁၉၆၀ ပြည့်နှစ်တွင် မိခင်ဒေါ်ခင်ကြည် အိန္ဒိယနှင့်နီပေါဆိုင်ရာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး နောက် ဒေါ်အောင်ဆန်းစုကြည်လည်း လိုက်ပါသွားခဲ့ကာ ၁၉၆၄ ခုနှစ် တွင် နယူးဒေလီရှိ လေဒီရှရီရမ်ကောလိပ်မှ နိုင်ငံရေးဘာသာရပ်ဖြင့် ဘွဲ့ဒီဂရီရခဲ့သည်။ အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟုခ်ျကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေးဘာသာတွဲဖြင့် ဘီအေဘွဲ့ရခဲ့သည်။ ဘွဲ့ရပြီးနောက် နယူးယောက်တွင် ကုလသမဂ္ဂ၌ သုံးနှစ်မျှ အလုပ်လုပ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ခဲ့သူ မိုက်ကယ်အဲရစ်(Michael Aris) နှင့်လက်ထပ်ခဲ့သည်။ သားနှစ်ယောက်မွေးဖွားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိခဲ့သည်။၁၉၈၈ ခုနှစ်တွင် ကျန်းမာရေးချို့တဲ့နေသော မိခင်ဖြစ်သူ ကိုပြုစုစောင့်ရှောက်ရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ယင်းနောက်တွင် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်တည်ထောင်သူတစ်ဦး ဖြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့်ပတ်သက်၍ ပြောစကားများ

အခုဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်ဆိုတာ အင်မတန်ဝမ်းသာစရာကောင်းတဲ့ မင်္ဂလာရှိတဲ့ သတင်းဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး တင်မကဘူး တစ်ကမ္ဘာလုံးကလည်းပဲ ၀မ်းမြောက်ဝမ်းသာကြိုဆိုကြမှာပါ။ သူအခု လွတ်လာတဲ့အချိန်ဟာ အင်မတန် အချိန်ကောင်းလို့ ဆရာတော့ ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတဲ့ သတင်းဟာ အခြေအနေတွေကို အဆိုးကနေအကောင်းဘက်ကို ပြောင်းသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။ အခွင့်အရေးကိုသာ ရယူတတ်မယ်ဆိုရင် ဒါဟာတိုင်းပြည်အတွက် အင်မတန်ကောင်းတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့အခုလို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မခံချိမခံသာဖြစ်နေကြတဲ့၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ တစ်သီးပုဂ္ဂလတွေ၊ မဲဆန္ဒရှင်ပြည်သူတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီးတော့ ၀န်းရံပြီးတော့ လာကြပါလိမ့်မယ်။ အဲလိုဆိုလို့ရှိရင် ဒါဟာတိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ အမျိုးသားအင်အားစုကြီး တစ်ရပ်ပေါ်ထွန်းပြီးတော့ လာနိုင်တယ်။ ဒီအခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည် ရအောင်ယူစေချင်တယ်။ ဒီအခွင့်အရေးရအောင်ယူပြီးတော့ ခိုင်မာတဲ့ အမျိုးသားအင်အားစုကြီးတစ်ရပ်ကို စုစည်းနိုင်ခဲ့ရင် နောင်ဖြစ်လာမယ့် အစိုးရအနေနဲ့က လွှတ်တော်အတွင်းရော၊ လွှတ်တော်အပြင်ရော အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေအပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီးတော့ ၀န်းရံနေတဲ့ အမျိုးသားအင်အားစုကြီးနဲ့ စကားမပြောဘဲကိုပဲ နေလို့မရဘူးဆိုတဲ့ အခြေအနေမျိုးဖြစ်လာပါလိမ့်မယ်။ အဲလိုဆိုလို့ရှိရင် ဆရာတို့က ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့ဆွေးနွေးပြီးတော့ အစိုးရကလည်းပဲ တကယ်အမျိုးသားအင်အားစုကြီးကို လစ်လျူရှုမထားဘဲ တိုင်းပြည်ကောင်းကျိုးအတွက် ဆွေးနွေးမယ်ဆိုလို့ရင် ဆရာတို့တိုင်းပြည်မှာ ဘယ်တုန်းကမှမရဘူးသေးတဲ့ အမျိုးသားညီညွတ်ရေးကြီး တစ်ရပ်ပေါ်ထွန်းနိုင်ပါလိမ့်မယ်။ တပ်မတော်အတွင်းကလည်း အမျိုးသားညီညွတ်ရေးရယူနိုင်မယ့် အင်အားစုတွေ၊ ငြိမ်းချမ်းပြီး တိုးတက်ချင်တဲ့ အင်အားစုတွေ တပ်မတော် အတွင်းမှာလည်း အများကြီးရှိပါလိမ့်မယ်။ တပ်မတော်အတွင်းက အင်အားစုတွေကလည်း အမျိုးသားညီညွတ်ရေးအတွက် တွန်းအားပေးလိမ့်မယ်လို့ ထင်တယ်။ အဲသလိုဆိုရင် အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေးဟာ မဖြစ်နိုင်စရာမရှိပါဘူး။ ငြိမ်းချမ်းတဲ့နည်းနဲ့ ပန်းတိုင်ကိုရောက်အောင်သွားနိုင်တဲ့ အခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမိအရ ဆုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
လူထုစိန်ဝင်း

တစ်ကယ်ဝမ်းသာပါတယ်။ အများကြီးလုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ကာတွန်းအော်ပီကျယ်

အရမ်းဝမ်းသာတယ်ဗျာ ကျွန်တော်တို့ မျှော်လင့်ချက်ရှိလာပြီ။

ဦးမောင်မောင်နိုင် (ပုံနှိပ်လုပ်ငန်းလုပ်ကိုင်သူ)

အရင်တုန်းကတော့ ငယ်သေးလို့ ဒေါ်အောင်ဆန်းစုကြည် လွတ်တယ်ဆိုရင် သတိမထားမိဘူး။ အခုတော့ ကျွန်တော်အပါအ၀င် လူငယ်အတော်များများက မျှော်လင့်ချက် ထားနေကြပါတယ်။ ရွေးကောက်ပွဲဟာ အပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်တဲ့ နည်းလမ်း မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ လူငယ်တွေ ကိုယ်တွေ့ကြုံပြီးတဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေဟာ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်လို့ ယူဆနေကြပါတယ်"
လူငယ် အယ်ဒီတာတစ်ဦး

အခုလို ကြုံတွေ့ရတဲ့နေ့ဟာ မင်္ဂလာရှိသောနေ့ပါပဲ။ ကြိုဆိုပါတယ်။ တစ်မျိုးသားလုံးအတွက် လိုအပ်တဲ့ ပေါင်းကူးတံတားဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဦးမျိုးမင်း CEO - PS Business School


ဘယ်သူမဆို ကျဉ်းထဲကြပ်ထဲ ရောက်နေရာကနေ လွတ်မြောက်လာမယ်ဆိုရင် ၀မ်းသာရမှာပဲ။ မုဒိတာ ပွားရမှာပဲ။ လူတစ်ယောက် ချမ်းသာသုခ ရောက်လာရင် မုဒိတာပွားရမယ်။ ဒါလူသားဝါဒါပါ။ လူသားတွေကို ကောင်းတာတွေ့ရင် ၀မ်းသာစေဖို့၊ မကောင်းတာတွေ့ရင် ခွဲခြားနိုင်စေဖို့ ဦးနှောက်ပေးထားတယ်။ မုဒိတာပွားနိုင်ဖို့ နှလုံးသား ပေးထားတယ်။ ဒီလို ဦးနှောက်နဲ့ နှလုံးသားကို ယှဉ်တွဲ အသုံးချရင် ငြိမ်းချမ်းမှာပဲ။ မေတ္တာထားရင် ငြိမ်းချမ်းမယ်။ မေတ္တာမထားနိုင်ရင် သံသရာရှည်မယ်။
ဦးစိုးညွန့်ဥက္ကဋ္ဌ၊ တော်ဝင်နှင်းဆီဖောင်ဒေးရှင်း

ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်ဆိုတာ သောကြာနေ့ ညနေ ၄ နာရီလောက်ကတည်းက စကြားခဲ့ရပါတယ်။ လွယ်လွယ်ကူကူ ပြောရရင် ၀မ်းသာပါတယ်။ နိုင်ငံတော်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အခန်းကဏ္ဍမှာ ဒါဟာ ဘေးဖယ်ထားလို့ မရပါဘူး။ မပါမဖြစ် ပါရမယ့် သဘောပါ။ လောလောဆယ်မှာ ရွေးကောက်ပွဲလည်း ပြီးပြီ။ result လည်း ထွက်ပြီးပြီ။ အများစု မျှော်လင့်သလို ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဖြစ်ချင်ရင်လည်း ဖြစ်မယ်။ ဒါပေမယ့် ရွေးကောက်ပွဲဆိုတဲ့ တံခါးတစ်ချပ်က ဖွင့်ပြီးပါပြီ။ ပြဿနာတွေကို ကျွန်တော်တို့ မမျှော်လင့်ဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာ ကောင်းပါတယ်လို့ မျှော်လင့်ပါတယ်။
ဦးဇော်မင်းထွန်း - မန်နေဂျင်းဒါရိုက်တာ Tip-Top ပညာရေးဝန်ဆောင်မှု ကုမ္ပဏီ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ အသက်ဝင်လာပါပြီ။
အသက် (၂၅) နှစ်အရွယ် လူငယ်တစ်ဦး


အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာဟာ သမားရိုးကျကြည့်ရင်တော့ အရမ်းဝမ်းသာစရာကောင်းပါတယ်။ ဘာပဲပြောပြော မျှော်လင့်ချက်တစ်ခု ရှိလာတာပါ။ ဒါပေမယ့် တော်တော်များများစိုးရိမ်နေတဲ့ အချက်တစ်ခုလည်း ရှိပါသေးတယ်။ နားလည်လက်ခံထားတာက ဆွေးနွေး ညှိနှိုင်းတိုင်ပင်မှု Compromise တစ်ခုတော့လုပ်ရမယ်။ ဥပမာ- Negotiation တစ်ခုလုပ်တယ်ဆိုရင် Zeo Sum Game တစ်ခုတည်းကို ကြည့်လို့မရပါဘူး။ Win Win Situation ဖြစ်ဖို့အရေးကြီးပါတယ်။ ထွက်ပေါက်တစ်ခုတော့ ပေးဖို့လိုအပ်လိမ့်မယ်။ အထူးသဖြင့်တော့ Negotiation ကို ထိပ်တိုက်ရင်ဆိုင်ခြင်း Confrontation နဲ့မသွားမိဖို့လိုပါတယ်။ ဒါကြောင့် ပြောချင်တာက ဒေါ်စုလွတ်လာတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ နောက်တစ်ခုပြောချင်တာက သူဟာတကယ်လည်းတော်တဲ့ အမျိုးသမီးတစ်ဦးပါ။ ဒါပေမယ့် ဘေးနားက Influence တွေများနေလို့ Negotiation ဘက်မရောက်ဘဲ Confrontation ဘက်ရောက်သွားမှာမျိုးဆိုရင်တော့ လူမျိုးအတွက်၊ နိုင်ငံအတွက်ပါအားလုံးပြီးဆုံးသွားပါလိမ့်မယ်။ ဒုံရင်းကဒုံရင်းဆိုတဲ့ အခြေအနေမျိုးပြန်ရောက်သွားပါလိမ့်မယ်။ ဒါကြောင့် Negotiation Skill မှာကိုယ်အသာစီးရဖို့ထက် သူများကို ဘယ်လိုထွက် ပေါက်ပေးမလဲဆိုတာ စဉ်းစားရပါတယ်။ ဒါနှစ်ဦးနှစ်ဖက်လက်ခံထားရမယ့် သဘောတရားပါ။ အဲဒါဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှုဟာ တိုင်းပြည်အတွက်ရော လူမျိုးအတွက်ပါပိုပြီး အကျိုးရှိပြီး ပျော်စရာကောင်းပါလိမ့်မယ်။
စီးပွားရေးပညာရှင်တစ်ဦး

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် လွတ်တာကို လာစောင့်ကြည့်ကြတာ လူတော်တော်များတယ် ညနေပိုင်းမှာ ပိုများတယ် အတားအဆီးတွေ ဖယ်လိုက်လို့ ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်ထဲကို ပျော်ပြီးဝင်သွားကြတာ တက္ကသိုလ်ရိပ်သာလမ်း တစ်ခုလုံး လူသောင်းချီရှိတဲ့ လူပင်လယ်ကြီး ဖြစ်သွားတယ်။

ကိုယ်တိုင်သွားရောက်ခဲ့သူ ကိုဇော်လင်း

poohcartoon
11-14-2010, 08:57 AM
သိုးသွေးရည်ကြည်ဖြင့် ထုတ်လုပ်သော မြွေဆိပ်ဖြေဆေး မကြာမီ စီးပွားဖြစ်ထုတ်လုပ်နိုင်တော့မည်
သိုး၏သွေးရည်ကြည်မှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများ မကြာမီ စီးပွားဖြစ် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်း စက်ရုံ (ရန်ကုန်) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခင်က မြွေဆိပ်ဖြေဆေးကို မြင်း၏ သွေးရည်ကြည်မှ ထုတ်လုပ် ခဲ့သော် လည်း ဆေးဝါးသုံး အဆင့်မီ မြင်းများ ရှားပါးလာခြင်း၊ မြင်းနှင့်ဓာတ်မတည့်သော လူနာများတွင် သိုးမြွေဆိပ် ဖြေဆေး အစားထိုး သုံးစွဲရန် ရည်ရွယ်၍ သိုး၏ သွေးရည်ကြည်မှ မြေဆိပ်ဖြေဆေး ထုတ်လုပ်နိုင်ရန် သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းက ထပ်မံ ပြောသည်။ “အဆိပ်ရှိတဲ့ မြွေအကိုက်ခံရမှုကို ကုသရာမှာ ၎င်းနှင့်သက်ဆိုင်တဲ့ မြွေဆိပ်ဖြေဆေး ထိုးရန်မှအပ နည်းလမ်းမရှိတဲ့ အတွက် မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း စက်ရုံ (ရန်ကုန်) အနေနဲ့ မြင်းသွေးရည်ကြည်က မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုကို ၁၉၆၄ ခုနှစ်က စပြီး ထုတ်လုပ်ခဲ့ပါတယ်။ အခုတော့ အဆင့်မီ ဆေးဝါးသုံး မြင်းရှားပါးတာရယ်၊ ဓာတ်မတည့်တဲ့ လူနာတွေအတွက် ရယ်ရည်ရွယ်ပြီးတော့ သိုးမြွေဆိပ်ဖြေဆေးကို စမ်းသပ် ထုတ်လုပ် အောင်မြင်ခဲ့ပါတယ်” ဟုတာဝန်ရှိသူက ပြောသည်။ သိုး၏ သွေးရည်ကြည်မှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် သုတေသန ပြုလုပ်မှုကို ၂၀၀၆ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ရာ ၂၀၀၉တွင် အပြီးသတ် စမ်းသပ်နိုင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် သိုးမှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေး၏ အာနိသင်ကို ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) နှင့် ပူးပေါင်း၍ လူတွင် စမ်းသပ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ စမ်းသပ်မှု ပြီးစီးပါက မြန်မာနိုင်ငံတွင် မြွေကိုက်ခံရသူများ ကုသရန်အတွက် မြွေဆိပ်ဖြေဆေး အသစ် တစ်မျိုး တိုးလာမည် ဖြစ်ပြီး မကြာမီ ကာလတွင် မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်း စက်ရုံ ရန်ကုန်မှ သိုးမြွေဆိပ်ဖြေဆေးကို စီးပွားဖြစ် ထုတ်လုပ် ကာ တစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားမည် ဖြစ်သည်။
@yatanarpon.com.mm

poohcartoon
11-14-2010, 10:12 AM
မြန်မာနိုင်ငံ တွင် တယ်လီဖုန်းများ သိပ်သည်းဆ ၃၉ ဒသမ ၉၅ အထိ ရောက်ရှိ လာ
http://www.themyanmarpost.com/wp-content/themes/openair/thumb.php?src=http://www.themyanmarpost.com/wp-content/woo_custom/880-800px-Mobile_phone_PHS_Japan_1997-2003.jpg&h=173&w=230&zc=1&q=90
မြန်မာနိုင်ငံ ဆက်သွယ်ရေး ကဏ္ဍ တွင် အရေးပါ သည့် တယ်လီ ဖုန်း ဆက်သွယ်ရေး တွင် တယ်လီဖုန်း များ သိပ်သည်း ဆမှာ ၃၉ ဒသမ ၉၅ အထိ ရှိလာကြောင်း အောက်တို ဘာ လကုန်ပိုင်း တွင် မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန်ချက် အ ရ သိရသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ၏ ထုတ်ပြန်သည့် စာရင်း ဇယားများ အရ တယ်လီဖုန်း လိုင်း ၂,၂၉,၇၄၁ လိုင်း ရှိပြီး မိုဘိုင်းဖုန်း လိုင်း ၁,၄၃၅ ၂၅၀ လိုင်း ချထား ပေးပြီး ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်း များတွင် CDMA 800 MHz ၅,၈၃,၇၅၀ လိုင်း၊ GSM ဖုန်း ၄၈,၅၁,၀၀၀၊ WCDMA ၂၈,၀၀၀၊ MC Well ၅၀,၀၀၀ ချ ထား ပေးပြီး ဖြစ်ကြောင်း သိရသည်။
“ဒီနှစ် ထဲမှာတော့ မိုဘိုင်း ဖုန်း တွေမှာ CDMA 450 နဲ့ 800 MHz တွေ အများဆုံး ချပေး နေတာ တွေ့ရတယ်။ တခြား အော် တိုတယ်လီဖုန်း တွေလည်း တောက် လျှောက်ချ ပေးနေတာပဲ။ အခုလည်း ဒီထက် ဈေးသက်သာ တဲ့ မိုလ်ဘိုင်း ဖုန်းတွေ ထပ်ချ မယ်ကြားတယ်။ ဒီမှာ က မိုဘိုင်း ဖုန်း တွေ ကိုယ်တိုင် ထုတ် တဲ့ ကုမ္ပဏီတွေ လည်း ရှိနေပြီဆိုတော့ သိပ်မကြာခင် မိုဘိုင်းဖုန်း ကို လူ တော်တော် များများ သုံးလာ နိုင်မှာ ပါ” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦး က ပြောကြားသည်။
@.themyanmarpost.com

poohcartoon
11-14-2010, 10:14 AM
မိုးနှောင်း ကောင်း၍ အအေးဓာတ် ပိုလာ မှုကြောင့် အနွေးထည်များ အရောင်း သွက်
http://www.themyanmarpost.com/wp-content/themes/openair/thumb.php?src=http://www.themyanmarpost.com/wp-content/woo_custom/871-jacket2.jpg&h=173&w=230&zc=1&q=90
နေပြည်တော် မြို့မဈေး၊ သပြေ ကုန်းဈေး၊ မင်္ဂလာ ဈေးနှင့် နေပြည် တော် ပျဉ်းမနား မြို့ရှိ အ၀တ် အထည် မျိုးစုံ အရောင်းဆိုင် များတွင် အနွေး ထည် များ အရောင်းသွက် နေကြောင်း သိရသည်။
“ဒီနှစ်တော့ ဘယ်လို ပြောရ မယ် မသိဘူး။ အောက်တိုဘာ ထဲမှာ ကို အအေး ဓာတ်ဝင်နေတာ။ ဒီနှစ် မိုး ကောင်း လို့ အအေးဓာတ် စောစော ၀င်တယ်ထင်တာပဲ။ အောက်တိုဘာ လည်း ကုန်ရော နှင်းတွေ ကျပြီး အေး လာ တာ။ အရင် နှစ်က ဇန်န၀ါရီ မှာ တောင် အအေးဓာတ် မရှိ သေးဘူး။ ပြီးခဲ့တဲ့ နှစ်က ဆောင်းရာသီ ဆိုပေ မယ့် အနွေးထည်ေ တာင် မ၀တ် လိုက် ရဘူး။ ဒီနှစ်တော့ အအေး ဓာတ် စောစော ၀င်လာလို့ အနွေးထည် တွေ အရောင်း သွက် လာတယ်” ဟု နေပြည်တော် မြို့မ ဈေးကြီး ရှိ အထည် ဆိုင်ရှင် တစ်ဦးက မြန်မာပို့စ် ဂျာနယ်သို့ ပြောကြား သည်။
နေပြည်တော် မြို့မဈေး၊ သပြေ ကုန်း ဈေး၊ မင်္ဂလာ ဈေးနှင့် နေပြည် တော် ပျဉ်းမနားမြို့ပေါ်ရှိ အနွေးထည် နှင့် အထည် အမျိုးမျိုး အရောင်းဆိုင် များတွင် သိုးမွေး အနွေးထည်၊ မိုးကာ အနွေးထည် နှင့် ချည်သား အနွေး ထည်၊ သားရေ အနွေးထည် အမျိုးမျိုး အရောင်းသွက် လျက်ရှိပြီးအမျိုး အစား ပေါ် မူတည်၍ ကျပ် ၂,၀၀၀မှ ကျပ် ၂,၀၀,၀၀၀ ၀န်းကျင် အထိ ရှိကြောင်း သိရသည်။
@themyanmarpost.com

poohcartoon
11-14-2010, 10:27 AM
ပြင်ဦးလွင်မြို့ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတွင် ဖျော်ဖြေရေး ပွဲများ ပါဝင်မည်
၂၀၁၀ ပြည့်နှစ် ပြင်ဦးလွင်မြို့ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတွင် IC အ ဖွဲ့သားများဖြစ်သော လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ လင်းလင်း၊ ချမ်း ချမ်း၊ နေနေတို့၏ ဖျော်ဖြေမှု များကို နိုဝင်ဘာ ၁၉ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ညနေ ၃ နာရီတွင် မီးပုံး ပျံကွင်း၌ သီဆို ဖျော်ဖြေမည်ဖြစ် သည်။

အဆိုပါ IC Show ပွဲဝင်ကြေး မှာ ကျပ် ၆,၀၀၀ ဖြစ်သည်။ နိုဝင် ဘာ ၂၁ ရက်တွင် Hip Hop အဖွဲ့ ၏ ဖျော်ဖြေမှုများ အဖြစ် စိုင်းစိုင်းခမ်း လှိုင်၊ ဂျေမီ၊ ရန်ရန်ချမ်း၊ Jenny ၊ စန္ဒီမြင့်လွင်၊ ဂျောက်ဂျက်၊ ကောင်း မြတ်လေး၊ Fire Cracker၊ Cyclone ၊ Rတီ၊ Uranium dancer group ၊ ရန်နိုင် တို့က အဆိုပါ မီးပုံးပျံ ကွင်း၌ ညနေ ၃ နာရီတွင် ဖျော်ဖြေ မည်ဖြစ်ကာ ၀င်ကြေး လက် မှတ်ခမှာ ကျပ် ၆,၀၀၀ ဖြစ်သည်။

ညပိုင်း တွင် ခေတ်သစ်စွမ်းအား အနုပညာ အင်အား စုဖြစ်သော စိန် မာ ဒင်သား မိုးမင်း၊ ရဲမိုး၊ မိုးစက်၊ ဂျွန်မိုး၊ နေဇာ တို့၏ စံပြ သဘင် နှင့် မန္တလေးမြို့ ကြိုးစားမှု နှင့် ၀ီရိယမင်း သား ၀င်းနောင် ယဉ်ကျေးမှု သဘင် ပွဲများ ကို နိုဝင်ဘာ ၁၈ ရက်မှ နိုဝင်ဘာ ၂၂ ရက်အထိ ရုံဝင်ကြေး ကျပ် ၁,၀၀၀ နှုန်းဖြင့် မိုးလင်း ပေါက် ကပြ သွားမည် ဖြစ်ကြောင်း သိရ သည်။
@themyanmarpost.com

poohcartoon
11-14-2010, 12:19 PM
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု အဆင့်အတန်းခွဲခြားမှု၊ လစာမရရှိမှုနှင့် လုပ်အားခေါင်းပုံဖြတ်မှုများ ကြုံတွေ့နေရသော်လည်း အကာအကွယ်ပေးမည့် အဖွဲ့အစည်းများ နည်းပါးနေသေးကြောင်း သိရ
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု အဆင့်အတန်းခွဲခြားမှု၊ လစာမရရှိမှု နှင့် လုပ်အားခေါင်းပုံဖြတ်မှုများနှင့် ကြုံတွေ့နေရသော်လည်း ပြည်ပနိုင်ငံများတွင် အကာအကွယ် ပေးမည့်အဖွဲ့ အစည်းများ နည်းပါးနေကြောင်း ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၏ပြောကြားချက်အရ သိရှိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား အများစုသည် တရားမ၀င် ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သားများဖြစ်ရာ သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် ခေါင်းပုံဖြတ်ခံရမှုများနှင့် ကြုံတွေ့ရကြောင်း၊ ထိုသို့ ကြုံတွေ့ရသည့်အခါတွင် အကာအကွယ်ပေးမည့် အဖွဲ့အစည်းမှာ နည်းပါးနေသဖြင့် ထိုင်းနိုင်ငံတွင် မြန်မာလူမျိုးများဖြင့် စုဖွဲ့ထားသည့် မြန်မာအလုပ်သမားအရေးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းအချို့နှင့် ထိုင်းအလုပ်သမားရေးရာ NGO အချို့ကိုသာ ဖြေရှင်းပေးရန် အကူအညီ တောင်းခံမှုများ ပြုလုပ်နေရကြောင်း သိရှိရသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုသည် အမှန်တကယ် အလုပ်လုပ်ကိုင်ရသည့်အခါတွင် ယခင် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် စာချုပ်များအစား လုပ်အား ခေါင်းပုံဖြတ်သည့် စာချုပ်များဖြင့် ချုပ်ဆိုခံရခြင်း၊ ယခင်ပေးခဲ့သည့် ကတိက၀တ်များ ပျက်ကွက်ခြင်းနှင့် လုပ်အား ခေါင်းပုံဖြတ်ခြင်းများကို တွေ့ကြုံရမှုများရှိ . . .
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာလူမျိုးတစ်ဦးဖြစ်သည့် ဦးဇော်မင်းက "ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား အများစုကတော့ အဆင်မပြေကြဘူး။ ဒီမှာက တရားမ၀င်အလုပ်သမား တွေက အများစုဖြစ်နေတဲ့အတွက် ထိုင်းရဲကဖမ်းတာတွေ၊ ငွေညှစ်တာတွေ ထိုင်းလူဝင်မှုကြီးကြပ်ရေးက အရေးယူတာမျိုးတွေ မကြာခဏ ကြုံတွေ့ကြရပါတယ်။ အထူးသဖြင့် လူပေါင်းထောင်ချီရှိတဲ့ စက်ရုံကြီး တွေမှာလုပ်တဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ တစ်ခါတလေမှာ အလုပ်ရှင်ကညစ်တာမျိုးတွေ၊ မန်နေဂျာက ညစ်တာမျိုးတွေကြောင့် လနဲ့ချီပြီး လစာမရတာမျိုးတွေကို ရင်ဆိုင်ရတယ်။ ဒါမျိုးခံရတာတွေကို အလုပ် သမားတွေက သူတို့ရဲ့ရပိုင်ခွင့်(လစာ) တွေကို ပြန်ပေးဖို့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ ဆောင်ရွက်တဲ့အခါမှာ တစ်ခါတလေ အဆင်ပြေတဲ့အခါမှာ အရင်မရတဲ့ လစာတွေ ပြန်ရတာမျိုးရှိတယ်။ တချို့ကျတော့လည်း ၀ိုင်းဝန်း ဆောင်ရွက်ကြပေမယ့် တစ်ပြားမှမရဘဲ မြန်မာပြည်ပြန်သွားရတဲ့ လူတွေလည်း ရှိတယ်။ ဒီလို လစာပြန်ရအောင် ဆောင်ရွက်မှုတွေကြောင့် အလုပ်ရှင်တွေက အလုပ်ဖြုတ်ပစ်တာမျိုးတွေလည်း ရှိတယ်။ ဒါတွေက ဒီမှာ နိစ္စဓူဝဖြစ်နေတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ အဓိကကတော့ မြန်မာအလုပ် သမားတွေအနေနဲ့ ခေါင်းပုံဖြတ်မှုတွေ ခံရတဲ့အခါမှာ မြန်မာအလုပ် သမားတွေဘက်က အင်တိုက်အားတိုက် ကာကွယ်ဆောင်ရွက်ပေးမယ့် သက်ဆိုင်တဲ့ အဖွဲ့အစည်းမရှိလို့ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ယာယီနိုင်ငံကူး လက်မှတ်ရှိသော မြန်မာအလုပ်သမားအချို့ပင်လျှင် ထိုင်းအလုပ်ရှင်အချို့၏ ကတိက၀တ် ချိုးဖောက်သည့် ဖြစ်ရပ်များ ရှိနေကြောင်းကို ၎င်းက"ယေဘုယျ အားဖြင့်တော့ တရားဝင်မဟုတ်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေက ပိုပြီးအရေးယူခံရပါတယ်။ တချို့ နေရာတွေမှာကျတော့ တရားဝင်အလုပ်သမား ပတ်စပို့ကိုင်ဆောင်ထားပေမယ့် ညစ်ခံရတဲ့အလုပ်သမားတွေလည်း ရှိတယ်။ ဥပမာ အလုပ်သမားပတ် ပို့ကိုအလုပ်လုပ်တဲ့ စက်ရုံက အလုပ်ရှင်(သို့) မန်နေဂျာ သိမ်းထားတာတို့၊ တောင်းရင် ပြန်မပေးတာတို့ရှိတယ်။ ပြီးရင် အလုပ်လုပ်နေတဲ့အချိန်မှာ ပတ်စပို့ကိုသိမ်းထားပြီး အဲဒီပတ်စပို့ မှာပါတဲ့ ဓာတ်ပုံတွေကို ကပ်ခွာလုပ် ပြီး အသက်အရွယ် မတိမ်းမယိမ်းရှိတဲ့ တရားမ၀င် အလုပ်သမားတွေကို နယ်စပ်ကနေ ထပ်မံခေါ်ယူတာမျိုးတွေ ရှိတယ်။ အလုပ်သမားတွေအနေနဲ့ စာအုပ်ပြန်တောင်းတဲ့အခါမှာ ကိုယ့်ဓာတ်ပုံမဟုတ်ဘဲ သူများဓာတ်ပုံ ဖြစ်နေတာမျိုးတွေ၊ လူနှစ်ယောက်ရှိပြီး ပတ်စပို့စာအုပ် တစ်အုပ်ထဲရှိတဲ့ ပြဿနာမျိုးတွေ ကြုံတွေ့ကြရတယ်" ဟု ပြောကြားခဲ့သည်။
အလုပ်သမား စာချုပ်ဖြင့် ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုသည် အမှန်တကယ် အလုပ်လုပ်ကိုင်ရသည့်အခါတွင် ယခင်အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် စာချုပ်များအစား လုပ်အားခေါင်းပုံဖြတ်သည့် စာချုပ်များဖြင့် ချုပ်ဆိုခံရခြင်း၊ ယခင်ပေးခဲ့သည်ကတိက၀တ်များပျက်ကွက်ခြင်းနှင့် လုပ်အား ခေါင်းပုံဖြတ်ခြင်းများကို တွေ့ကြုံရမှု များရှိသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦး က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သားအရေအတွက် နှစ်သန်းခွဲမှ သုံးသန်းကြားရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၀၉ ခုနှစ် ဇူလိုင်လ မှ ယခုအချိန်အထိ ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ ယာယီ နိုင်ငံကူးလက်မှတ် နှစ်သိန်းနီးပါးကို ထုတ်ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။
@news-eleven.com

poohcartoon
11-14-2010, 12:22 PM
မိုးစပါး ရိတ်သိမ်းကြပြီ
http://www.news-eleven.com/images/stories/nov10/we/673a.jpg
နိုဝင်ဘာ လလယ်ရောက်လာပြီ ဖြစ်ကာ မြန်မာနိုင်ငံရှိ စပါးစိုက်ရာ ဒေသများတွင်မိုးပြတ်သွားပြီး ရာသီဥတု သာယာနေသောကြောင့် မိုးစပါး ရိတ်သိမ်းမှုများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
"ကျွန်တော်တို့ ဧရာဝတီတိုင်း ဒေသကြီးမှာ နေရာတော်တော်များများ စပါးတွေရိတ်နေကြပါပြီ။ နိုဝင်ဘာလဆန်း ကတည်းက စရိတ်တာ အခု ဆိုရင် သုံးပုံနှစ်ပုံလောက် ရိတ်ပြီးသွားပြီ။ ဒါပေမယ့် ရိတ်သိမ်းမှုက နောက်ကျတယ်။ အခါတိုင်းနှစ်တွေ ဆိုရင် အောက်တိုဘာလကတည်းက စရိတ်တာ ဒီနှစ်ကတော့ ရာသီဥတု အခြေအနေကြောင့် အခုမှ ရိတ်နိုင်တယ်ဆိုပေမယ့် အခုရိတ်သိမ်းချိန်မှာတော့ ရာသီဥတုကောင်းနေပါတယ်"ဟု ဧရာဝတီတိုင်းဒေသကြီး ဇလွန်ဒေသမှ တောင်သူတစ်ဦးက ပြောပြခဲ့သည်။
အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ရွှေဝါထွန်း၊ မနောသုခနှင့် ဆင်းသွယ်လတ်စပါးများစိုက်ပျိုးပြီး လက်ရှိ တလင်းပေါက်ဈေးမှာ တင်း ၁၀၀ လျှင် ကျပ် ၃၃၀၀၀၀ ၀န်းကျင် ရှိနေကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ရိတ်သိမ်းမှုများ စတင်နေပြီဖြစ်သော်လည်း ပဲစိုက်ရာ ဒေသများတွင်ခြွေလှေ့မှုများ မပြုလုပ်နိုင်သေးကြောင်းလည်း သိရသည်။
"ရန်ကုန်မှာတော့ ဆန်ဈေး ကောင်းတယ်ကြားတယ်။ အခုက စပါးဘက်ကို တောင်သူတွေက သိပ်မလှည့်နိုင်ဘူး။ ရိတ်သိမ်းချိန်နောက်ကျတော့ ပဲကို နိုဝင်ဘာလထဲအမီ စိုက်နေရတယ်။ ဒီဘက်မှာကတော့ မတ်ပဲကိုပဲ အဓိကထားစိုက်တာပါ။ တချို့ဆိုထွန်ရက်ပြီး စိုက်ရင်နောက်ကျမှာမို့လို့ ရေလိုက်ပဲစိုက်ရတယ်။ ရေလိုက်စိုက်တာ အခု ၃၀ ရာခိုင်နှုန်းလောက် ပြီးသွားပြီ၊ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကတော့ လကုန်ခါနီးလောက်မှ စစိုက်ရတော့မယ်"ဟု ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူတစ်ဦးကပင် ပြောပြခဲ့သည်။
http://www.news-eleven.com/images/stories/nov10/we/673.jpg
"အခုကျွန်တော်တို့ဆီမှာလည်း စပါးရိတ်နေကြပြီ။ အနိမ့်ပိုင်းမှာ ကျဲထားတဲ့စပါးတွေ စုစုပေါင်း ၃၀ ကနေ ၄၀ ရာခိုင်နှုန်းလောက်အထိ ရိတ်ပြီးသွားပြီ။ အခုတော့ ရာသီဥတုက သာသာယာယာပဲ။ ကျွန်တော်တို့ဘက်မှာ စိုက်တာကတော့ ၂၅ မှတ်ဆန်တွေပဲ များပါတယ်"ဟု ပဲခူးတိုင်းဒေသကြီး ဝေါမြို့မှ တောင်သူကြီးတစ်ဦးက ပြောပြပါသည်။
လတ်တလော အခြေအနေ၌ ရန်ကုန်မြို့တွင် ဆန်ဈေးကြီးနေ သော်လည်း နယ်မြို့များတွင် ပုံမှန်သာရှိကြောင်း ရန်ကုန်ဈေးကွက်တွင် ကျပ် ၂၅၀၀၀၀ ၀န်းကျင်ရှိသော မနောသုခ (ကောက်ဟောင်း) တစ်အိတ် ဈေးမှာ နယ်မြို့တွင် ကျပ် ၁၃၅၀၀ နှင့် ရှယ်မှာ ကျပ် ၁၄၀၀၀ (ကောက် သစ်)ခန့်သာရှိကြောင်း သိရှိရသည်။
"အခုက ရန်ကုန်ဈေးကွက်က ဆန်သစ်တွေ သိပ်မ၀င်သေးဘူး။ ကောက်သစ်ဆန်က ဈေးသိပ်မရှိပါဘူး။ မနောသုခဆန်က အဟောင်း ဆိုရင် ကျပ် ၁၈၅၀၀၀ နဲ့ ရွှေဝါထွန်းလည်း ကျပ် ၁၈၀၀၀ ၀န်းကျင်ရှိတယ်။ ဒါပေမယ့် အသစ်နဲ့အဟောင်း နဲ့က တစ်အိတ်ကို ကျပ် ၄၀၀၀ လောက်ပဲကွာပါတယ်"ဟု ဆန်ကိုယ်စားလှယ်တစ်ဦးက ပြောပြခဲ့သည်။
အလားတူပင် ပဲခူးတိုင်းဒေသကြီးရှိ ဒေသတော်တော်များများတွင် ရိတ်သိမ်းမှုများ စတင်နေပြီဖြစ်ကြောင်း နှင့် ရိတ်သိမ်းချိန်တွင် ရာသီဥတု ကောင်းမွန်နေကြောင်း သိရှိရသည်။
"အခု စပါးရိတ်နေတာ နှစ်ပတ်လောက် ရှိနေပါပြီ။ ရာသီဥတု အခြေအနေလည်း ကောင်းနေပါတယ်။ ကျွန်တော်တို့ ဒိုက်ဦးမှာ စုစုပေါင်း ၂၅ ရာခိုင်နှုန်းလောက်ပြီးသွားပြီ။ အထူးသဖြင့် လုပ်ကွက်အသေးလေး တွေ ပြီးနေပြီ။ ဒီဘက်မှာစိုက်တာက တော့ အထူးသဖြင့် ဧည့်မထအုပ်စုတွေကို စိုက်တာများပါတယ်။ နိုဝင်ဘာလကုန်ရင် အားလုံးအပြီး ရိတ်သိမ်းနိုင်မယ်လို့ ခန့်မှန်းထားတယ်။ စပါးဈေးကတော့(၄၆ ပေါင် တစ်တင်း) တင်း ၁၀၀ ကို ကျပ် ၃၄၀၀၀၀ နဲ့ ကျပ် ၃၅၀၀၀၀ ကြား ရှိပါတယ်"ဟု ပဲခူးတိုင်းဒေသကြီးမှ စပါးစိုက် တောင်သူတစ်ဦးက ပြောပြခဲ့သည်။
"အခု ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်ဈေးမြင့်နေတယ်လို့ သိရတယ်။ ပြည်တွင်းဈေးကွက်မှာတော့ ကောက်သစ်တွေ ဈေးကွက်ထဲကို သိပ်မ၀င်သေးတော့ ကောက်ဟောင်းဈေးက မြင့်နေတယ်။ ဒါပေမယ့် နယ်မှာက တော့သိပ်မသိသာဘူး။ မနှစ်တုန်း က စပါးဟောင်းတွေ ကျန်တယ်။ အဲဒါကို ဒီနှစ် ဆန်သစ်နဲ့ရောပြီးတော့ ပြန်ထုတ်နေတယ်လို့လည်း ကြားတယ်။ ဒီကြားထဲမှာ မြ၀တီကိစ္စနဲ့ရောပြီးတော့ ဆန်ဈေးတွေ တက်လိုက်တယ်လို့ ကြားတယ်။ ဒါပေမယ့် တောင်သူတွေကတော့ ဆန်ဈေးတက်တဲ့ အကျိုးတော့ မခံစားရပါဘူး။ အခုဖြစ်နေတဲ့ကိစ္စကလည်း ပုံမှန်မဟုတ်တဲ့အတွက်ယာယီလောက် ပဲ ဖြစ်နိုင်ပါတယ်"ဟု ဝေါမြို့နယ်မှ တောင်သူတစ်ဦးက ပြောပြခဲ့သည်။
အာရှဆန်ဈေးကွက်အနေနှင့်မူ ရာသီဥတုဖောက်ပြန်မှု အနေအထားများကြောင့် ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း သုံးသပ်ချက်များရှိနေပြီး မြန်မာနိုင်ငံမှ စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍မူ အစောပိုင်းတွင် ရာသီဥတု အခြေအနေများကြောင့် ကမ္ဘာ့ဆန်အထွက်နှုန်းကို ထိခိုက်နိုင်သည်ဟု ခန့်မှန်းသော်လည်း လက်ရှိတွင် ရာသီဥတုကောင်းမွန်နေပြီး စပါးအရည်အသွေးကို ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
@news-eleven.com

poohcartoon
11-14-2010, 12:24 PM
တင်သွင်းလာသည့် ၂၀၁၀ မော်ဒယ်ကားသစ်များကို ပေါက်ဈေးထက် ထက်ဝက်မက နိမ့်သည့်ဈေးဖြင့် အသုံးပြုသူလက်ဝယ်သို့ ရောင်းချပေးမှုများရှိလာ
http://www.news-eleven.com/images/stories/nov10/we/671a.jpg
ဟိုတယ် ခရီးလုပ်ငန်း အတွက် အသုံးပြုရန် တင်သွင်းလာသည့် ၂၀၁၀ မော်ဒယ် ကားသစ်အစီး ၂၀၀ နှင့် ပြည်ပမှတင်သွင်းလာသည့် အစီးရေ ရာနှင့်ချီသော ၂၀၀၇ မော်ဒယ်နှင့်အထက် အခြား အိမ်စီးကားသစ်များကို ပေါက်ဈေးထက် ထက်ဝက်မကနိမ့်သည့်ဈေးဖြင့် အသုံးပြုသူများ လက်ဝယ်သို့ ရောင်းချပေးမှုများ ရှိလာကြောင်း သတင်းရရှိပါသည်။
ယခင်က ဟိုတယ်လုပ်ငန်း သုံးဖြစ်စေ၊ အခြားလုပ်ငန်းသုံးဖြစ်စေ တင်သွင်းလာပါက ယခုဈေးထက်မြင့်သည့် ဈေးနှုန်းများဖြင့်သာ အသုံးပြုမည့်သူများသို့ ရောင်းချပေးလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ပြင်ပပေါက်ဈေးထက် ထက်ဝက်မကနိမ့်သည့်ဈေးဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း၊ အသုံးပြုခွင့်ရ သူများအနေဖြင့် များစွာသက်သာ ခွင့်ရခဲ့ကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများအတွက် သုံးစွဲရန် တင်သွင်းလာသည့် ၂၀၁၀ မော်ဒယ်ကားသစ်များမှာ Previa နှင့် Hiace အမျိုးအစားများ ဖြစ်ကြောင်း သိရသည်။
"Previa က လက်ရှိပေါက်ဈေးဆို ၂၀၁၀ မော်ဒယ်ဖြစ်လို့ ကျပ်သိန်း ၂၀၀၀ နဲ့အထက်မှာရှိတယ်။ ဟိုတယ်ခရီးလုပ်ငန်းအတွက် သုံးဖို့ တင်သွင်းတုန်းက သုံးစွဲခွင့်ရထားတဲ့ သူတွေအနေနဲ့ အမြင့်ဈေးနဲ့ မဟုတ်တော့ဘဲ ကျပ်သိန်း ၈၀၀ ကျော်ပဲ ပေးသွင်းခွင့်ရတဲ့အတွက် အသုံးပြုသူတွေကတော့ ထက်ဝက်မကနိမ့်တဲ့ ဈေးနဲ့သုံးခွင့်ရတာပေါ့။ Hiace 2010 မော်ဒယ်ကလည်း အခုဆို အပြင်မှာ ပေါက်တဲ့ဈေးက ကျပ် သိန်း ၁၂၀၀၊ ၁၃၀၀ ၀န်းကျင်ရှိ တယ်လေ။ ဒါပေမယ့် သုံးစွဲခွင့်ရတဲ့ သူတွေကို ကျပ်သိန်း ၆၀၀ ၀န်းကျင်ပဲ ပေးသွင်းရတဲ့အတွက် ဈေးသက်သာ ခွင့်ရလာတာပေါ့" ဟု ဟိုတယ်လုပ်ငန်းနှင့် ဆက်နွှယ်သည့် ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း အခြားအိမ်စီးကားသစ်များကို အစီးရေရာနှင့်ချီတင်သွင်းရန် စီစဉ်ထားမှုမှ အစီးရေအများစု ရန်ကုန်သို့ရောက်ရှိခဲ့ကြောင်း၊ ရောက်ရှိလာသည့် ၂၀၀၇ မော်ဒယ် အထက် ကားများကိုလည်း ပေါက်ဈေးထက် များစွာသက်သာသည့် ဈေးဖြင့် ၀ယ်ယူအသုံးပြု ခဲ့ရသူများရှိကြောင်း သိရသည်။
http://www.news-eleven.com/images/stories/nov10/we/671.jpg
"ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာလအတွင်းမှာ Toyota အမျိုးအစား အိမ်စီးကားသစ်တွေကို အစီးရေရာနဲ့ချီတင်သွင်းခွင့် ရထားတဲ့သူတွေရှိတယ်လေ။ အဲဒီအထဲက အမျိုးအစားတချို့ ရန်ကုန်ရောက်နေပြီ။ ၂၀၀၇ မော်ဒယ်အထက် အဲဒီကားတွေကိုတော့ တစ်စီးကို ကျပ်သိန်း ၂၀၀ ၀န်းကျင်နဲ့ပဲ အသုံးပြုမယ့်သူတချို့ကို ရောင်းပေးလိုက်တယ်လို့ ကြားရတယ်။ အဲဒီကားတွေ ရဲ့တင်သွင်းဈေးက အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကနေ ၂၀၀၀၀ ကြားထဲမှာ ရှိတဲ့တွက် အရမ်းနိမ့်တဲ့ဈေးနဲ့ ရောင်းပေးတဲ့သဘောပေါ့။ ဒီတော့ ကားဝယ်ယူရရှိတဲ့ သူကကျပ်သိန်း ၂၀၀ အရင်းဆိုပါတော့၊ နောက်ထပ် အမြတ်တစ်ဆတင်ဦး၊ ကျပ်သိန်း ၄၀၀ လောက်ဆို ရောင်းပျော်ပြီ။ အဲဒီကား တွေရဲ့လက်ရှိ ပြင်ပပေါက်ဈေးက ကျပ်သိန်း ၄၀၀ ရဲ့အထက် အများကြီး မြင့်သေးတယ်လေ။ ဒီကားတွေ ကလည်း ဒီလိုပဲ အနိမ့်ဈေးနဲ့ ဈေးကွက်ထဲ အနှေးနဲ့အမြန် ရောက်လာမှာပဲ။ ဒါဆို ကားသစ်ဈေးက အနိမ့်ဘက်ကို ထပ်ဦးတည်မယ့် သဘောပေါ့"ဟု ကားဈေးကွက်အတွင်းမှ ၀ယ်ရောင်းတစ်ဦးကလည်း ရှင်းပြခဲ့ပါသည်။

ကားသစ်များ ပေါက်ဈေးထက် ထက်ဝက်မက နိမ့်သည့်ဈေးဖြင့် ၀ယ်ယူသုံးစွဲခွင့်ရလာမှုကြောင့် ကားဈေးနှုန်းများ၏ အလားအလာမှာလည်း အကျဘက်သို့ ဆက်လက်ဦးတည်ဖွယ်ရှိသည်ဟု ကားဈေးကွက် အတွင်းမှ ဈေးကွက်နှံ့စပ်သူများက သုံးသပ်လာကြသည်။

"Previa 2010 ရဲ့ ကျပ်သိန်း ၈၀၀ ၀န်းကျင်ဈေး၊ Hiace 2010 ရဲ့ ကျပ်သိန်း ၆၀၀ ၀န်းကျင်ဈေးနဲ့ အိမ်စီးကား ၂၀၀၇ မော်ဒယ်အထက် တိုယိုတာအုပ်စု အမျိုးအစားကားရဲ့ ကျပ်သိန်း ၂၀၀ ၀န်းကျင်ဈေးဆိုတဲ့ ကားဈေးတွေက သုံးစွဲသူလက်ထဲကို ရောက်တဲ့ဈေးတွေလေ။ ထပ်ပြီး ကားတင်သွင်းမယ့် အစီအစဉ်တွေကလည်း ကြားနေသေးတယ်။ ဒီတော့ ကားဈေးကတော့ အကျ ဘက်ကိုပဲ ဦးတည်မယ်ဆိုတာ ပြောစရာကိုမလိုဘူး။ လက်ရှိအနေ အထားအရလည်း ၀ယ်လက်ပျောက်နေတယ်။ ကားထက် ငွေကိုပဲကိုင်ထားတဲ့သူ များသွားပြီ" ဟု ကားဝယ်ရောင်းတစ်ဦးကလည်း ရှင်းပြခဲ့သည်။
လိုင်စင်မဲ့ကားများ လိုင်စင်ပြုလုပ်ပေးသည့် အချိန်မှစ၍ ၃ လအတွင်း ကားဈေး ၄၀ ရာခိုင်နှုန်းကျ ဆင်းခဲ့ပြီးနောက် ဆက်လက်၍လည်း ၀ယ်လိုအားကျဆင်းမှုကို လိုက်ကာ ကားဈေးများထပ်မံကျ ဆင်းခဲ့ကြောင်း၊ ယခုကဲ့သို့ ကား သစ်များ ပေါက်ဈေးထက်များစွာ သက်သာသည့်ဈေးဖြင့် အသုံးပြုခွင့် ရလာသည့်အချက်ပါ ထည့်ပေါင်းပါက ကားဈေးဆက်လက် ကျဆင်းနိုင်ကြောင်း သိရသည်။
"လိုင်စင်မဲ့တွေ လိုင်စင်လုပ်ပေးတဲ့ အချိန်ကစတွက်ရင် သုံးလအတွင်း ကားဈေးက ၄၀ ရာခိုင်နှုန်း လောက်ကျသွားတယ်။ အဲဒီနောက်ပိုင်းမှာလည်း ထပ်ပြီးကျတယ်။ ဥပမာ Mark II ရွှေငါးက လွန်ခဲ့တဲ့ လေးလက နံပါတ်မြင့်ဆိုရင် ကျပ်သိန်း ၁၂၀၀၊ ၁၃၀၀ အထိဈေးရခဲ့တယ်။ အောက်တိုဘာလထဲလည်း ရောက်ရော ကျပ်သိန်း ၈၅၀ ၀န်းကျင်ပဲ ရှိတော့တယ်။ အဲဒီကနေ အခုဆို ကျပ်သိန်း ၈၀၀ အောက်ထိဆင်းသွားတယ်။ ပြောချင်တာက ကားက အမြတ်ကြီးကျန်တဲ့ အလုပ်မဟုတ်ဘူးလို့ ၀ယ်တဲ့သူတွေသုံးသပ်ပြီး အ၀ယ်အေးသွားတာက အဓိကျတာ ပါပဲ။ ကားဈေးကွက်ကတော့ ဘယ်လိုပဲရောင်းရောင်း ၀ယ်သူဈေးကွက် ဘက်ကို ဦးတည်လာပြီလို့ပဲ ပြောရမယ်။ ၀ယ်သူက ဈေးကြိုက်လို့ ပေးဝယ်မှ အ၀ယ်ဖြစ်တော့မယ့် အနေအထားလေ"ဟု ကားပွဲစားတစ်ဦး ကလည်း ဆိုပါသည်။
@news-eleven.com

poohcartoon
11-14-2010, 12:27 PM
ပို့ကုန်ဈေးကွက်နှင့် စီးပွားရေး လုပ်ငန်းများ ဆက်လက်ငြိမ်သက် နေဆဲ
http://www.news-eleven.com/images/stories/nov10/we/672a.jpg
လတ်တလောတွင် ဖြစ်ပေါ်နေသော ကမ္ဘာ့စီးပွားရေးဆိုင်ရာ အခင်းအကျင်းများနှင့် ဖြစ်ပေါ်နေသော ဈေးကွက်အနေအထားအရ ပို့ကုန်ဈေး ကွက်နှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက် ငြိမ်သက်နေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။
"လတ်တလောမှာ ပြည်တွင်း ဈေးကွက်အခြေအနေအေးနေဆဲပါ။ အားလုံးကရွေးကောက်ပွဲအပြီး လာမယ့်အခြေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဈေးကွက်အနေအထားတွေကို စောင့်ကြည့်နေကြတာပါပဲ။ လတ်တလော မှာတော့ အရင်လို ဆက်အေးတုန်းပါပဲ။ အခုကဒေါ်လာဈေးကလည်း ပြန်ကောင်းလာတာမျိုး မရှိဘူး။ ပြည်ပ ပို့ကုန်က ရငွေလည်း မာလာမလားလို့ စောင့်နေပေမယ် အခုထိကတော့ အေးနေတုန်းပဲ။ ဒေါ်လာဈေးမကောင်းတော့က ပို့ကုန်လုပ်ငန်းတွေအနည်း နဲ့အများတော့ အကျပ်ရိုက်ပါတယ်။ အခုတော့ အားလုံးက အခြေအနေ ကိုစောင့်နေကြတုန်းပါပဲ"ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
အခုနိုဝင်ဘာလလယ်မှာ စီးပွားရေးသမားတွေက အခြေအနေကို တွက်ဆနေတဲ့ အဆင့်မှာပဲ ရှိနေသေးတယ်လို့ ယူဆတယ်။ အကောင်းဘက်ကို မျှော်လင့်နေပေမယ့် အကောင်အထည် ဖော်လောက်တဲ့ အနေအထား တစ်ရပ်ရပ်ကို မမြင်ရသေးဘူး။
ယင်းကဲ့သို့ ပို့ကုန်ဈေးကွက် အေးနေခြင်းမှာ အမေရိကန်၏ငွေကြေးဆိုင်ရာ မူဝါဒများအပေါ် များစွာအခြေတည်နေကြောင်း၊ လတ်တလော အခြအနေအရ အမေရိကန်နိုင်ငံအနေဖြင့်လည်း ၎င်းတို့၏ငွေကြေးကိုတန်ဖိုး ပြန်မြှင့်ရန် အစီအစဉ်မရှိကြောင်း။ ဒေါ်လာဈေး ကျဆင်းနေသည်နှင့်အမျှ ပို့ကုန်လုပ်ငန်းများလည်း ထိခိုက်နိုင်ကြောင်း၊ အလားတူကမ္ဘာ့ရွှေဈေးမှာလည်း အမေရိကန်ဒေါ်လာ ဈေးနှင့်ဆန့်ကျင်ပြီး တန်ဖိုး မြင့်တက်လျက်ရှိ ကြောင်း သုံးသပ်မှုများလည်း ရှိနေပါသည်။
လက်ရှိ ပြည်တွင်းဈေးကွက်၏ အနေအထားမှာမူ စီးပွားရေးလုပ်ငန်းများငြိမ်သက်နေပြီး အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းနေသောကြောင့် မြန်မာငွေဖြင့် ဖလှယ်ရာတွင် မြန်မာငွေတန်ဖိုး တက်လာသည်ဟု ယူဆရသော်လည်း လက်ရှိဖြစ်ပေါ် နေသော ပြည်တွင်းရှိ အဓိကစား သောက်ကုန်များ၏ ဈေးနှုန်းမြင့်တက်မှုကြောင့် မြန်မာငွေသုံးစွဲရာတွင် အသုံးမခံသော အနေအထားမျိုးလည်း တွေ့နေရကြောင်း သိရှိရသည်။
http://www.news-eleven.com/images/stories/nov10/we/672.jpg
"အခု ပြည်တွင်း ဈေးကွက်မှာ အဓိကပို့ကုန်တွေရဲ့ ဈေးနှုန်းတွေက သိသိသာသာတက်သွားတာမျိုး မရှိပေမယ့်ပြည်တွင်းမှာပဲ ၀ယ်ယူစား သောက်ရတဲ့ပစ္စည်းတွေရဲ့ ဈေးနှုန်း က သိသိသာသာ တက်သွားတယ်။ အပေါ်ဆန်တွေဆိုရင် တစ်အိတ်ကို ၁၀၀၀၀ ကျော်လောက် တက်သွား တယ်။ နယ်ဈေး တက်လို့လားဆို တော့ မဟုတ်ဘူး။ မနောသုခဆိုရင် ကုန်စည်ဒိုင်ပေါက်ဈေးက တစ်အိတ် ကို ၁၈၅၀၀ ကျပ်နဲ့ ရွေဝါထွန်းက အဲဒီဝန်းကျင်ပဲရှိတယ်။ တကယ်ဈေးကွက်မှာ ရောင်းနေတာတချို့ဆို ကျပ် ၂၅၀၀၀ နဲ့တောင်ရောင်းနေတာတွေ့ ရတယ်။ ဒီရက်ပိုင်းမှာ ဖြစ်ပေါ်လာနေတဲ့ အခြေအနေတချို့ကို အကြောင်းပြနေတာလည်းပါတယ်"ဟုရန်ကုန် မြို့ခံအိမ်ရှင်မများ၏ ပြောကြားချက် အရ သိရှိရသည်။
ဈေးကွက်အတွင်း ယင်းကဲ့သို့ ဆန်ဈေးမြင့်တက်လာမှု တစ်ခုတည်း မဟုတ်ဘဲ အခြခံစားသောက်ကုန်ပစ္စည်း အချို့ပါ လိုက်ပါမြင့်တက်နေကြောင်း၊ အထူးသဖြင့်ဆီဈေးနှုန်း၊ သားငါးဈေးနှုန်းများနှင့် ဟင်းသီးဟင်းရွက်များပါ လိုက်ပါမြင့်တက် နေကြောင်း သိရှိရသည်။
အလားတူ အာရှဈေးကွက်တွင် ငွေကြေးနှုန်းထားများ မတည်ငြိမ်မှုသည်လည်း ပို့ကုန်သွင်းကုန်လုပ်ငန်း အပေါ် အကျပ်ရိုက်စေကြောင်း၊ ငွေ ကြေး အတက်အကျပေါ် မူတည်၍ အပြောင်းအလဲ အမျိုးမျိုးဖြစ်နေကြောင်း လည်း သိရသည်။
"အခု မကြာခင်က အမေရိကန် က ဘဏ်တိုးနှုန်းကို သုညနားအထိ လျှော့ချလိုက်တော့ လူတွေက ဘဏ်မှာ ငွေမအပ်ချင်တော့ဘူးဆိုတော့ ဈေးကွက်ထဲမှာ ဒေါ်လာဈေးတွေကျတယ်။ တကယ်လည်း ဒေါ်လာတန်ဖိုး ကို ချလိုက်တာပဲ။ အဲဒီနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုတွေက အာရှဘက်ကို ရောက်လာတယ်။ တစ်ခါတရုတ်က ထပ်ပြီး အခုပြန်လျှော့တယ်ဆိုတော့ ငွေကြေးဈေးကွက်တွေက အမျိုးမျိုး ဖြစ်နေတယ်။ အခုအီးယူနိုင်ငံတွေက ပါ ထပ်ချလာကြတော့ ဒီတစ်ခါ ဖြစ်မယ့် recession က technical recession လို့တောင် ပြောနေတာရှိတယ်။ ဒါပေမယ့် စောစောကပြောတဲ့ ရင်နှီးမြှုပ်နှံမှုကတော့ ငွေကြေးတန်ဖိုးချလိုက်လို့ ဖြစ်လာတာဆိုတော့ ပုံသေ တော့ပြောလို့ရမှာ မဟုတ်ပါဘူး။ အဲဒီ ဂယက်နဲ့ အာရှငွေကြေးတွေ မငြိမ်ဘူးဆိုရင်တော့ အာရှနိုင်ငံတွေ အချင်းချင်းကုန်သွယ်ရတဲ့အခါ ငွေကြေးမငြိမ်တဲ့ဒဏ်ကို ခံရမှာဖြစ်သလို အနောက်နိုင်ငံတွေနဲ့ ကုန်သွယ်တဲ့အခါလည်း သက်ရောက်မှုတွေ ရှိလာမှာပါ"ဟု စီးပွားရေး ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။
"ကျွန်တော်တို့အိန္ဒိယက ကုန်မှာတယ်။ agreement အရတော့ အမေရိကန်ဒေါ်လာနဲ့ အရောင်း အ၀ယ်လုပ်ထားတယ်။ တကယ်တမ်း ကျတော့ အမေရိကန်ဒေါ်လာနဲ့ LC ဖွင့်လို့မရတော့ EURO နဲ့ဖွင့်ရတယ်ဆိုတော့ နောက်ထပ် agreement တစ်ခု ထပ်လုပ်ရတယ်။ လက်ရှိ အနေအထားအရ မူလသဘောတူထားတာ ဒေါ်လာနဲ့ဆိုတော့ ပေါက်ဈေးအရ ယူရိုဈေးတက်ရင် ကုမ္ပဏီဘက်က ပြန်အမ်းရမယ်။ ကျရင်လည်း ကျွန်တော်တို့ဘက်က ထပ်စိုက်ပေးမယ်လို့ သဘောတူပြီးမှ ပစ္စည်းသွင်းတာ ကံအားလျော်စွာပဲ ယူရိုဈေးကတက်လာတော့ ကျွန်တော်တို့ အတွက် ကောင်းသွားတယ်။ ဒါပေမယ့် ငွေကြေးဈေးနှုန်းတွေ အပြောင်းအလဲ လျင်လျင်မြန်မြန်ဖြစ်နေရင် ကုန်သည်တွေ ခေါင်းကိုက်တာတော့ အမှန်ပဲ"ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
"ကမ္ဘာ့ငွေကြေးဈေးကွက်မှာ မတည်မငြိမ်ဖြစ်နေတယ်။ နိုင်ငံတကာ ငွေကြေးလဲလှယ်မှုနှုန်းက စီးပွားရေးမူဝါဒတွေမှာ အဓိကအရေးပါတဲ့နေရာက ပါဝင်နေတဲ့အတွက် နိုင်ငံအသီးသီးကို အနည်းနဲ့အများ သက်ရောက်တယ်။ အခုအမေရိကန် ဒေါ်လာငွေတန်ဖိုးလျော့လာတယ်။ စီးပွားရေးကလည်း ကျဆင်းနေတဲ့ သဘောရှိတယ်။ ဒါကြောင့်အတိုး နှုန်းကိုလျှော့ချလိုက်တယ်။ အတိုး နှုန်းနှိမ့်လိုက်တဲ့အတွက် ချေးငွေများများ ထုတ်ချေးလို့ရမယ်။ ပြီးတော့ ငွေတန်ဖိုးကျနေတဲ့အတွက် အမေရိကန်နိုင်ငံရဲ့ပို့ကုန်တွေ ပိုအလုပ်ဖြစ်မယ်၊ သွင်းကုန်အစား ပြည်တွင်းထုတ်ပစ္စည်းတွေ ပိုရောင်းရမယ်။ ကျဆင်းနေတဲ့စီးပွား ရေးကိုအတိုင်းအတာတစ်ခုအထိလှုပ်နှိုး နိုင်မယ်။ တရုတ်အနေနဲ့ကတော့ စီးပွားရေးက လျင်လျင်မြန်မြန်ကြီး ထွားနေတယ်။ ပို့ကုန်က အရမ်း အလုပ်ဖြစ်နေတယ်။ ယွမ်ငွေတန်ဖိုးက ဖြစ်သင့်တဲ့ အနေအထားအထိ ဖြစ်မလာတာလည်းရှိတယ်။ အခု အမေရိကန်လို အဓိကကုန်သွယ်ဖက် နိုင်ငံတစ်ခုရဲ့ငွေတန်ဖိုးလျော့ကျမှုက သူ့အတွက်သက်ရောက်မှုကြီးတယ်။ ငွေတန်ဖိုးလည်း အထိုက်အလျောက် မြင့်လာတဲ့အချိန်မှာ အတိုးနှုန်းကိုမြှင့် လိုက်တယ်။ ငွေတန်ဖိုး အရမ်းတက် မလာအောင် ကာကွယ်တဲ့သဘောလို့ ထင်တယ်။ တရုတ်အနေနဲ့ ဒီလောက်မြှင့်လို့ စီးပွားရေးဖွံ့ဖြိုးမှုကို ဆွဲချ တဲ့အထိဖြစ်မှာမဟုတ်ဘူး။ ရေရှည် မှာတော့တရုတ်ယွမ်ငွေကို ဖြစ်သင့်တဲ့ တန်ဖိုးဖြစ်အောင် မြှင့်ထားမလား၊ အခုလိုပဲ လျှော့ထားမလား ဆိုတာတရုတ်အစိုးရဆုံးဖြတ်ရမှာပါ။ မြန်မာနိုင်ငံအနေနဲ့တော့ တခြား ကမ္ဘာ့နိုင်ငံတွေလိုအနည်းနဲ့ အများတော့ သက်ရောက်မှုရှိနေတယ်။ အမေရိကန် ဒေါ်လာနဲ့ယှဉ်ရင် မြန်မာကျပ်ငွေက တစ်နေ့တခြား ဈေးမြင့် လာတယ်။ ဒီအတွက် ပို့ကုန်သမား တွေအထိနာနေဦးမှာပါ။ စီးပွားရေး သမားတွေက စောင့်ကြည့်တဲ့ အနေအထားမှာ ရှိနေတယ်။ အစိုးရဘက်က ကြည့်ရင်တော့ မြန်မာကျပ်ငွေမာနေတာကို သဘောကျကောင်း ကျနိုင်ပေမယ့် ငွေကြေးဈေးနှုန်းက တက်တိုင်းလည်းမကောင်း၊ ကျတိုင်းလည်း မကောင်းဘဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထားတစ်ရပ်မှာပဲ ရှိသင့် ပါတယ်"ဟု AMBO Co., Ltd ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်က ပြောပြခဲ့သည်။
"အခုလက်ရှိဖြစ်နေတဲ့ အမေရိကန်ဒေါ်လာ ဈေးနှုန်းကျတဲ့ကိစ္စ၊ အမေရိကန်မှာ အတိုးနှုန်းလျှော့တဲ့ကိစ္စ၊ တရုတ်မှာအတိုးနှုန်းမြှင့်တဲ့ ကိစ္စဒီကိစ္စတွေမှာ ဈေးကွက်သဘောချည်း မဟုတ်ဘဲ ပါဝင်ပတ်သက်မှုတွေ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုတွေလည်း အနည်းအများရှိနိုင်တယ်။ ပို့ကုန်တွက်ခြေကိုက်တာ နည်းလာမယ်။ ကုန်သွယ်ရေးအတား အဆီးမရှိဘူးဆိုရင် သွင်းကုန်စားသုံးမှု ပိုများလာမယ်။ ကျပ်ငွေတောင့်တင်းလို့ ခိုင်မာလာတဲ့ သဘောဆို ပြဿနာမရှိပေမယ့် ဒေါ်လာကျလို့ ကျပ်မာနေတာဖြစ်တဲ့အတွက် ကုန်သွယ်ရေးပိုထိနိုင်တယ်"ဟု အငြိမ်းစားပါမောက္ခ ဒေါ်လှမြင့်က ရှင်းပြခဲ့သည်။
"အခုနိုဝင်ဘာလလယ်မှာ စီးပွားရေးသမားတွေက အခြေအနေကို တွက်ဆနေတဲ့ အဆင့်မှာပဲ ရှိနေသေးတယ်လို့ ယူဆတယ်။ အကောင်းဘက်ကို မျှော်လင့်နေပေမယ့် အကောင်အထည်ဖော်လောက်တဲ့ အနေအထား တစ်ရပ်ရပ်ကို မမြင်ရသေးဘူး။ အခုအချိန်မှာ ဈေးကွက်ကအေးပေမယ့် အခြေခံ စားသောက်ကုန်တွေ ဈေးမြင့်လာတာတွေ့ရတယ်။ အခု ဘယ်လို ဖြစ်လာမလဲဆိုပြီး စီးပွားရေးသမား တွေစောင့်ကြည့်နေတုန်းပဲ။ လုပ် သာကိုင်သာရှိပြီး အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဖော်ဆောင်ထိန်းမတ်ဖို့ လိုပါတယ်"ဟု ဒေါ်လှမြင့်က ဆက်လက်သုံးသပ်ခဲ့ပါသည်။
@news-eleven.com

poohcartoon
11-14-2010, 12:34 PM
နိုဝင်ဘာလဆန်းမှ စ၍ အိမ်ခြံမြေရောင်းဝယ်မှု အနည်းငယ်ပြန်အေး
ပွင့်လင်းရာသီဖြစ်သည့် ယခုလက်ရှိ အချိန်ကာလသည် အိမ်၊ ခြံ၊ မြေ အရောင်းအ၀ယ် ငှားရမ်းခြင်းများ အလုပ်ဖြစ်လေ့ရှိသည့် အချိန်ဖြစ်ရာ နိုဝင်ဘာလဆန်းမှစတင်ကာ အိမ်ခြံမြေရောင်းဝယ်မှု အခြေအနေ အနည်း ငယ်အေးလာကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများထံမှ စုံစမ်းသိရှိရပါသည်။
ယခင်နှစ်များက ပွင့်လင်းရာသီ အချိန်ကာလဖြစ်သော အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ငှားရမ်းမှု မြင့်တက်လေ့ရှိသည့်အချိန် ဟု သတ်မှတ်နိုင်သော်လည်း ယခုနှစ် တွင်မူ အရောင်းအ၀ယ် အခြေအနေမှာ အောက်တိုဘာ လနှောင်းပိုင်းအချိန် အထိသာ အနည်းငယ်ကောင်းခဲ့ကြောင်း ပြောပါသည်။
"အခုနောက်ပိုင်း မြန်မာငွေတန်ဖိုးက မြင့်လာတော့ အိမ်ခြံမြေ တွေကို ၀ယ်သူတော်တော်များများ က အရင်ကလို ငွေရှိရင်ရှိသလို မ၀ယ်ကြတော့ဘဲ သေချာချင့်ချိန်ပြီး မှဝယ်ကြတာများလာတယ်။ အရင် တုန်းကတော့ သိန်းထောင်ဂဏန်း အထက်မှာရှိတဲ့ မြေကွက်တွေက အိမ်ဆောက်ပြီး နေထိုင်မယ့်သူတွေ ၀ယ်ကြတာရှိပေမယ့် အခုနောက်ပိုင်းမှာတော့ သိန်းထောင်ဂဏန်းရှိ တဲ့ မြေကွက်တွေကို ရင်းနှီးမြှုပ်နှံကြမယ့်သူတွေပဲ ၀ယ်တာများလာတယ်။ အရင်တုန်းကတော့ ပြည်လမ်း၊ ဗဟန်း၊ သုဝဏ္ဏ စတဲ့နေရာတွေမှာ အရောင်းအ၀ယ်ပြုလုပ်ရတာများပေ မယ့် မေလကနေ စက်တင်ဘာလ အထိတော့ ရန်ကင်းလမ်းမပေါ်၊ တောင်ဥက္ကလာပ၊ ဝေဇယန္တာလမ်း မပေါ်စတဲ့မြို့ပြင် ဧရိယာတွေမှာရှိတဲ့ မြေကွက်တွေ၊ လုံးချင်းတိုက်တွေကို ၀ယ်တာများလာတယ်။ တိုက်ခန်းတွေအနေနဲ့ကတော့ ရန်ကုန်-အင်းစိန်လမ်းမပေါ်၊ ၈ မိုင်၊ တာမွေစတဲ့ နေရာတွေမှာလောက်ပဲ အလုပ်ဖြစ်တယ်။ ဒါပေမယ့် နိုဝင်ဘာလအနီး အောက်တိုဘာလလယ်ပိုင်းလောက် ကစပြီး အရောင်းအ၀ယ်စအေးရာက နေ နိုဝင်ဘာလဆန်းပိုင်းမှာတော့ အရောင်းအ၀ယ်က အေးတာ သိသာလာတယ်။ တိုက်ခန်းအငှားကတော့ ထိုးမကျသွားပေမယ့် နိုင်ငံခြားသား တွေကိုတိုက်ခန်းငှားရတဲ့ ဈေးကွက် ကတော့ သိသိသာသာ ထိုးကျသွားတယ်"ဟု ယူနီတီအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ရှင်းပြပါသည်။
ထို့ကြောင့် ယခုလက်ရှိအခြေ အနေတွင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများသို့ အိမ်၊ ခြံ၊ မြေ၊ ရောင်း ၀ယ်ငှားရမ်းမှုပြုလုပ်ရန် အလုပ်လာ ရောက်အပ်နှံမှုများလျော့ကျလာကြောင်း သိရသည်။ "ကျွန်တော်တို့ဆီမှာက တော့ အောက်တိုဘာ လနှောင်းပိုင်း အထိကို အရောင်းအ၀ယ်က ပုံမှန်ဖြစ်နေပြီး နိုဝင်ဘာလဆန်းပိုင်းကနေ အခုအချိန်အထိ အရောင်းအ၀ယ်က အေးနေတယ်"ဟု အာရှမြေ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
အရောင်းအ၀ယ် ပြုလုပ်နေရသည့် နေရာအချို့နှင့် လက်ရှိပေါက်ဈေးနှုန်းများ
တည်နေရာ အကျယ်အ၀န်း ဈေးနှုန်း(ကျပ်)
ပြည်လမ်းမပေါ်(၈မိုင်၊၉မိုင်)မြေကွက် တစ်စတုရန်းပေ ကျပ် ၁၀၀၀၀၀ မှ ကျပ် ၁၂၀၀၀၀
၉-မိုင် အေ၀မ်းခြံလမ်းမြေကွက် တစ်စတုရန်းပေ ကျပ် ၆၀၀၀၀ ၀န်းကျင်
သုဝဏ္ဏ(၂၃ရပ်ကွက်)မြေကွက် တစ်စတုရန်းပေ ကျပ် ၄၅၀၀၀ ၀န်းကျင်
သုဝဏ္ဏ(၃၀ရပ်ကွက်)မြေကွက် တစ်စတုရန်းပေ ကျပ် ၂၀၀၀၀ ၀န်းကျင်
ဗဟန်း(ရွှေတောင်ကြားလမ်း)မြေကွက် တစ်စတုရန်းပေ ကျပ် ၅၀၀၀၀ မှ ကျပ် ၈၀၀၀၀
တောင်ဥက္ကလာပ(ဝေဇယန္တာလမ်းမပေါ်)မြေကွက် တစ်စတုရန်းပေ ကျပ် ၆၀၀၀၀ မှ ကျပ် ၇၀၀၀၀
တောင်ဥက္ကလာပ(ဝေဇယန္တာလမ်းသွယ်)မြေကွက် တစ်စတုရန်းပေ ကျပ် ၂၀၀၀၀
ရန်ကုန်-အင်းစိန်လမ်းမပေါ်(မြေကွက်) တစ်စတုရန်းပေ ကျပ် ၈၀၀၀၀ မှ ကျပ် ၁၀၀၀၀၀
ဒဂုံမြို့နယ်တိုက်ခန်း(မြေညီ+ပထမထပ်) ၁၅ပေ_ပေ၆၀ ကျပ်သိန်း ၁၂၀၀ ၀န်းကျင်
ဒဂုံမြို့နယ်(တတိယထပ်) ၁၅ပေ_ပေ၆၀ ကျပ်သိန်း ၄၅၀ ၀န်းကျင်
၉ မိုင် (ကွန်ဒိုခန်း) ၁၇၀၀ sqft ကျပ်သိန်း ၉၅၀ မှ ကျပ်သိန်း ၁၀၀၀ အကြား
၉ မိုင် (ကွန်ဒိုခန်း) ၁၅၀၀ sqft ကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၇၀၀ အကြား
@news-eleven.com

Fortune
11-14-2010, 08:23 PM
Myanmar News - မြန်မာသတင်းများ

(၁) ဇူလိုင် ၁ ရက်မှစ၍ လေဆိပ်ခွန် Airport Tax အား ခြောက်ဆတိုးမြှင့် ကောက်ခံမည်ဖြစ်

* ၁၉၉၆ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအား လေဆိပ်ခွန်အဖြစ် တစ်ဦးလျှင် ၅၀၀ ကျပ် ကောက်ခံခဲ့ရာမှ ၂၀၁၀ ဇူလိုင် ၁ ရက်မှစ၍ ၃၀၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံတော့မည်ဖြစ်
* အသက် ၂ နှစ်နှင့် ၂ နှစ်အောက်ကလေးများ ပေးဆောင်ရန်မလို
* နိုင်ငံခြားသားများအတွက် Airport Tax အဖြစ်ကောက်ခံသော ၁၀ ဒေါ်လာကိုမူ တိုးမြှင့်ကောက်ခံခြင်းမရှိ


(၂) ဈေးဝယ်စင်တာနှင့် ဈေးများရှိ ဆိုင်ခန်းများ အမွှေးတိုင်၊ ဖယောင်းတိုင် မထွန်းရန် ကြေညာချက်ထုတ်ပြန်

* ပြုလုပ်ပါက ဆိုင်ခန်းများအား တစ်ပတ်သိမ်းယူမည်ဟူသော ကြေညာချက်ထုတ်ပြန်ထား
* ဈေးတွေမှာ လျှပ်မီးသုံးရင်လည်း အလင်းရောင်အတွက်ပဲ သုံးလို့ရမယ်။ ထမင်းဟင်းချက်တာ၊ ရေနွေးအိုးတည်တာတို့ မသုံးရဘူးဟု မီးသတ်မှ သတ်မှတ်ပေးထားကြောင်း သိရှိရ
* ဗဟိုစံပြငါးဈေး၌ ဆိုင်ခန်းတစ်ခန်းလျှင် အများဆုံး ဖန်ချောင်း ၄ ချောင်းနှင့် ပလပ်ပေါက်တစ်ခု သုံးစွဲခွင့်ပေးထားပြီး ပလပ်ပေါက်သုံးစွဲမှုများ မှန်ကန်မှုရှိမရှိကိုလည်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း


(၃) စီးပွားရေးလုပ်ငန်းရှင်များသည် တည်ဆဲကုန်သွယ်ရေးလုပ်ငန်းခွန် ဥပဒေများအရ ကြိုတင်ပေးဆောင်ပြီးမှသာ သက်ဆိုင်ရာ စည်ပင်သာယာရေးရုံးများ၌ လုပ်ငန်းလိုင်စင်များ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား

* လုပ်ငန်းရှင်များသည် ကြိုတင်ခွန်အဖြစ်
* ကုန်သွယ်ခွန် [လစဉ် (သို့မဟုတ်) တစ်နှစ်စာ ကြိုတင်ခွန်ပေးဆောင်ရမည်] နှင့်
* အမြတ်ခွန် [တည်ဆဲအမြတ်ခွန်ဥပဒေအရ ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်စီခွဲ၍ အခွန်ပေးဆောင်နိုင်] ဟူ၍ နှစ်မျိုးပေးဆောင်နိုင်ကြောင်း သိရ။

(၄) အရှေ့အလယ်ပိုင်းဒေသရှိ ဒူဘိုင်းနိုင်ငံသို့ ပြည်တွင်းမှ သွားရောက်၍ အလုပ်လုပ်ကိုင်မှုများ ယခုနှစ်ဆန်းပိုင်းမှစ၍ တဖြည်းဖြည်းနှင့် ကျဆင်းလာနေပြီး လက်ရှိအချိန်တွင်မူ ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီအချို့သည် အဆိုပါနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ပေးမှုကို ရပ်ထားထားကြောင်း စုံစမ်းသိရှိရ

* ဒူဘိုင်းအလုပ်အကိုင်မှာ ၂၀၀၆ ခုနှစ် ၀န်းကျင်လောက်က အရမ်းကောင်းခဲ့ကြောင်း
* ကျွန်တော်တို့ကို ခေါ်တုန်းက ၀ိတ်တာဆိုပြီးခေါ်တယ်၊ ဒီရောက်တော့ အမှိုက်လည်းကျုံးရတယ်၊ ပစ်ရတယ်၊ စားပွဲထိုးဆိုတာနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ရဘူး။ နေတာကျတော့လည်း သူတို့ ကျွန်တော်တို့နိုင်ငံမှာ အင်တာဗျူးတုန်းက ဗီဒီယိုနဲ့ပြတုန်းက သုံးယောက်တစ်ခန်း၊ အခု ဒီမှာနေရတာက ခြောက်ယောက်တစ်ခန်း၊ လစာက တစ်လကို ဒူဘိုင်းငွေဒါဟမ် ၉၀၀ ဆိုပြီး တစ်ခါမှ ၉၀၀ မရဘူး။ သူတို့အင်တာဗျူးတုန်းကတော့ စပါယ်ရှယ်ပဲ။ စာချုပ်က သုံးနှစ်ပါဟု ဒူဘိုင်းနိုင်ငံရှိ AMERICANA (KUWART FOOD COMPANY) ကုမ္ပဏီတွင် သွားရောက်အလုပ် လုပ်ကိုင်နေသူတစ်ဦးက 7Day News သို့ ယခုလ ၅ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ပြောသည်။


(၅) ရခိုင်ပြည်နယ် ရေဘေးကယ်ဆယ်ရေးအတွက် ဂျပန်အစိုးရက ထောက်ပံ့

* ဂျပန်အစိုးရသည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ()မှ တစ်ဆင့် ဂျပန်ယန်း ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၁၁၀၀၀) နီးပါး တန်ဖိုးရှိ ရေလှောင်ကန် ၁၅ ခု၊ ရေသန့်စင်စက် ၁၅ ခု၊ မီးစက် ၂၅ လုံး၊ ယာယီတဲ ၁၀ လုံး စသည့်ပစ္စည်းများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းကာ မြေပြို၊ ရေကြီးမှုဖြစ်ပွားခဲ့သည့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လှူဒါန်းခဲ့ကြောင်း သိရှိရ
* ယခုလ ၁၃ ရက်မှ ၁၅ ရက်အထိ ရခိုင်ပြည်နယ်တွင် မိုးကြီးမှုကြောင့် ရပ်ကွက်များ၊ မြေယာများ ရေလွှမ်းမိုးခံခဲ့ရသည့်အတွက် သေဆုံးသူ ၆၀ ကျော်နှင့် ပျောက်ဆုံးသူများရှိခဲ့ကြောင်း သိရှိရ။
* ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ ရေကြီးခြင်းမှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးဖြစ်။


(၆) မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် ဧပြီလမှစ၍ A(H1N1) လူတုပ်ကွေးရောဂါဖြစ်ပွားသည့် လူနာမရှိတော့ကြောင်း ကူးစက်ရောဂါ တိုက်ဖျက်ရေးမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးလွင်ငြိမ်းက ပြောကြား

* မက္ကစီကိုနိုင်ငံတွင် ရောဂါပိုးစတင်တွေ့ရှိသည့် ၂၀၀၉ ခုနှစ် ဧပြီလမှစ၍ ၂၀၁၀ ခုနှစ် ဇွန်လ ၂၅ ရက်အထိ နိုင်ငံပေါင်း ၂၁၄ နိုင်ငံကျော်တွင် ရောဂါကြောင့် သေဆုံးသူအရေအတွက် ၁၈၂၀၉ ဦးခန့် ရှိသွားပြီဖြစ်ကြောင်း WHO ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်ထားချက်အရ သိရှိရ
* မြန်မာနိုင်ငံတွင်မူ လူတုပ်ကွေးရောဂါကြောင့် ယနေ့အချိန်အထိ သေဆုံးသူလူနာ တစ်ဦးမှမရှိသေးဘဲ ရောဂါပိုးတွေ့ရှိသူ လူနာများအားလုံးသည် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရ။


(၇) တညင်းသီးထဲတွင်ပါဝင်သော ပစ္စည်းတစ်မျိုးကြောင့် စားသုံးသူ၏ ကျောက်ကပ်ပျက်စီးနိုင်ကြောင်း သိရှိရ

* တညင်းသီးများတွင်ပါဝင်သော Crystal ဟုခေါ်သော အဖုအချွန်လေးများကြောင့် ကျောက်ကပ်ပျက်စီးခြင်းဖြစ်ကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာထွန်းသိန်းက ပြောကြား
* ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို စွန့်ထုတ်လုပ်ငန်းလုပ်ဆောင်သည့် ကျောက်ကပ်၏ အညစ်အကြေးစစ်ထုတ်ရာ ဆန်ကာပေါက်လေးများထဲတွင် တညင်းသီး၌ပါဝင်သော အဆိုပါအချွန်လေးများက ဆန်ကာပေါက်တွင် ပိတ်မိရာမှ ကျောက်ကပ်ပျက်စီးလေ့ရှိကြောင်း သိရ
* အများကြီးစားတဲ့လူတွေမှ ဖြစ်တာမဟုတ်ဘူး။ နည်းနည်းစားတာနဲ့တောင် ဖြစ်နိုင်တယ်။ ဒါပေမယ့် လူတွေက မဖြစ်သေးတဲ့အခါ မယုံကြဘူး။ မဖြစ်သေးတာပဲရှိတယ်။ ဖြစ်နိုင်တယ်ဟု အဆိုပါဆရာဝန်က ပြောသည်
* တညင်းသီးဆားရည်စိမ်မှာ ခန္ဓာကိုယ်အတွင်း သွေးပေါင်ချိန်ကို တိုးလာစေနိုင်ကြောင်း သိရှိရ။


(၈) နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစနစ်များ အမှတ်(၂) စက်မှုဝန်ကြီးဌာနက အနည်းဆုံး ကျပ်နှစ်သိန်းဝန်းကျင်ဖြင့် ရောင်းချမည်

* ကျေးလက်ဒေသသုံး 3 Watt မီးသီးရှစ်လုံး တစ်စုံ သို့မဟုတ် 5 Watt မီးသီးလေးလုံးပါဝင်သည့် 21 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၁၇၅၀၀၀၊
* မြို့ပြတွင် အသုံးပြုနိုင်မည့် 3 Watt မီးသီး ၁၂ လုံး သို့မဟုတ် 5 Watt မီးသီးရှစ်လုံး သို့မဟုတ် 7 Watt မီးသီး ခြောက်လုံးပါဝင်သည့် 40 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၂၇၀၀၀၀၊
* လုံခြုံရေးမီးနှင့် လမ်းမီးများအဖြစ် အသုံးပြုနိုင်သော သုံးမီတာအရှည်ရှိသည့် 10 Watt ဆိုလာလမ်းမီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၂၉၅၀၀၀၊
* ခြောက်မီတာအရှည်ရှိသည့် 25 Watt ဆိုလာလမ်းမီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၆၀၀၀၀၀
* နေရောင်ခြည်စွမ်းအင်သုံး High Efficiency Multicrystal Photovoltaic ဆိုလာပြားများကို ရာနှုန်းပြည့် ဂျပန်နည်းပညာဖြင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန၏ လျှပ်စစ်နှင့် အီလက်ထရွန်နစ် ပစ္စည်းထုတ်လုပ်မှုစက်ရုံ (ဒဂုံ)၊ LED မီးသီးထုတ်လုပ်မှုစက်ရုံက ထုတ်လုပ်ထား၊
* ယင်းဆိုလာပြားများမှာ လျှပ်စစ်ဓာတ်အားထွက်ရှိမှုကို အနှစ် ၂၀ အထိ အာမခံပေးထားပြီး ၀ယ်ယူလိုပါက ရန်ကုန်တွင် LED မီးသီးစက်ရုံ (၀၁-၆၅၁၄၂၈၊ ၀၁-၆၅၁၄၃၁) နှင့် နေပြည်တော်၌ မြန်မာစက်ကိရိယာနှင့် လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း ၀၆၇-၄၀၅၀၅၉၊ ၀၆၇-၄၀၅၃၂၂၊ ၀၆၇-၄၀၅၁၂၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရ


(၉) ဆရာတော်ရှင်ဆန္ဒာဓိက၏ စကားပြေရေးဟန် လေ့လာဆန်းစစ်ချက် စာတမ်းကို ၀ိဇ္ဇာနှင့် သိပ္ပံပညာရှင်များဖတ်ပွဲတွင် စာတမ်းတင်သွင်း ဖတ်ကြားမည်

* ဆရာတော်၏ ထွက်ရှိပြီးသော စာအုပ် ၄၂ အုပ်ကို Prose Style စည်းမျဉ်းဖြင့် လေ့လာတင်ပြခြင်းဖြစ်
* ပဲခူးဒီဂရီကောလိပ်မှ မြန်မာစာဌာန၊ ဌာနမှူး ပါမောက္ခ ဒေါက်တာ ချိုချိုတင့်က တင်သွင်းဖတ်ကြားမည်ဖြစ်
* ဒီစာတမ်းတင်သွင်းဖတ်ကြားဖို့ စီစဉ်တာကတော့ ဆရာတော်ရဲ့ စာတွေကို ဝေဖန်ဆန်းစစ်တာတွေနဲ့ ပတ်သက်လို့ ၀ိဝါဒဖြစ်နေလို့ ဒီလိုဆောင်ရွက်ခြင်း ဖြစ်ပါတယ်ဟု ဒေါက်တာချိုချိုတင့် ပြောကြားသည်။


(၁၀) ကမ်းနားလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ပုဂ္ဂလိကဘဏ်ကြီးများ ဖွင့်လှစ်လုပ်ကိုင်မည် ဆိုသောကြောင့် မြိ့တွင်းခြောက်မြို့နယ်တွင် အိမ်ခြံမြေဈေးများ ပေ၃၀xပေ၆၀ လျှင် ကျပ်သိန်း ၇၀၀၀ ဖြင့် အရောင်းအ၀ယ်ဖြစ်လာကြောင်း သိရှိရ

* တိုက်ခန်းဈေးတွေလည်း တစ်စတုရန်းပေကို အရင်က တစ်သောင်းလောက်ကနေ အခုတစ်သောင်းခွဲ၊ နှစ်သောင်းခွဲကြားမှာ အရောင်းအ၀ယ်ဖြစ်လာတယ်ဟု အိမ်ခြံမြေ၀ယ်ရောင်းပြုလုပ်သူက ဆိုသည်
* ကမ်းနားလမ်းချဲ့မယ်ဆိုတော့ မြစ်ဘက်အခြမ်းတော့ အရောင်းအ၀ယ် လုံးဝမဖြစ်ဘူး။ ဈေးလည်း ခေါက်ချိုးလောက်ကျတယ်။ ကမ်းနားကို မျက်နှာမူထားတဲ့ဘက်ကတော့ အရောင်းအ၀ယ်လိုက်လာတယ်။ အဲဒီဘက်အခြမ်းက စာရွက်စာတမ်းတွေ ခိုင်မာရင် ချက်ချင်းတောင် အရောင်းအ၀ယ်ဖြစ်တယ်ဟု ၀ယ်ရောင်းတစ်ဦးက ဆိုသည်။


Source:

* 7 Day News, Vol-9, No-15, July 1, 2010
* The Yangon Times, Vol-6, No-25, July 1-7, 2010

poohcartoon
11-14-2010, 08:37 PM
နိုဝင်ဘာလ၂၁ ရက်နေ့၌ မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အနောက်ပိုင်း အပါအ၀င် အလယ်ပိုင်းဒေသ မိုးကုတ်မြို့တို့ကို လဖြတ်သွားမည် ဖြစ်ကြောင်း သိရ
http://www.news-eleven.com/images/stories/nov10/we/678.jpg
လ၏ အားအင်အပြည့်ဝဆုံး အချိန်ဖြစ်သော လာမည့် နိုဝင်ဘာလ ၂၁ ရက်နေ့(တန်ဆောင်မုန်းလ ပြည့်နေ့)၌ လမင်းသည် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အနောက်ပိုင်း အပါအ၀င် အလယ်ပိုင်းဒေသ ဖြစ်သော မိုးကုတ်မြို့မှ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့တွင် လမင်းသည် အဆိုပါည ၁၁ နာရီ မိနစ် ၃၀ မှ စတင်ကာ ည ၁၁ နာရီ ၅၉ မိနစ်အထိ အားအင်အပြည့်ဆုံး ဖြစ်ပေါ်မည်ဖြစ်ကာ ည ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် မြန်မာနိုင်ငံ အထက်ပိုင်းဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ထိုင်းနိုင်ငံ နယ်စပ်မြို့ ဖြစ်သည့် မိုင်းတုံမြို့အနီးကို ဖြတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့နောက် မြန်မာနိုင်ငံအလယ်ပိုင်း ဖြစ်သော ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့ကိုလည်း ည ၁၁ နာရီ ၄၃ မိနစ်တွင် ဖြတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနောက်ပိုင်းဖြစ်သည့် စစ်ကိုင်း ကို ည ၁၁ နာရီ ၅၇ မိနစ်တွင် ဖြတ်မည်ဖြစ်ကာ ည ၁၁ နာရီ ၅၉ မိနစ် ၌ အိန္ဒိယနိုင်ငံသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်သည် ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ်မဟုတ်သည့်အတွက် ပြီးခဲ့သော ၁၉၇၇ ခု နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်ပေါင်း ၃၃ နှစ်ကြာမှ ယခုတစ်ဖန် ထပ်မံဖြစ်ပေါ်ခြင်း ဖြစ်ကြောင်းသိရသည်။ "အခု ဖြစ်ပေါ်မယ့် ဖြစ်စဉ်မှာလရဲ့အားအင်အပြည့်ဆုံး ဖြစ်ပေါ်မယ့်နေရာကတော့ အရှေ့လောင်ဂျီတွဒ် ၉၃ဒီဂရီ၊ ၀၇ မိနစ်မှာရှိတဲ့ ဟားခါးမြို့အနောက်ဘက်နဲ့ အိန္ဒိယ-မြန်မာနယ်စပ်မှာ နက္ခတ်အခေါ်အရ လရဲ့တိထိပြည့်ဝတဲ့ဖြစ်စဉ်ဖြစ်မှာ ဖြစ်တယ်။ အဲဒီနေ့က တန်ဆောင်မုန်း လပြည့်နေ့ဖြစ်နေပြီး ကြတ္တိကာနက္ခတ်မှာ ရောက်ရှိနေတဲ့အတွက် အဲဒီနက္ခတ်ရဲ့သဘောက မြေပေါ်မြေအောက်သယံဇာတတွေ တူးဖော်ရရှိနိုင်တဲ့အတွက် လဖြတ်မယ့်လမ်းကြောင်းဖြစ်တဲ့ မိုး ကုတ်မှာ ကမ္ဘာ့အဆင့်တန်းမှာ မှတ်တမ်းတင်လောက်တဲ့ ပတ္တမြားထွက်နိုင်တယ်။ ကြတ္တိကာနက္ခတ်နဲ့ လမင်းကစန်းယှဉ်မှာ ဖြစ်တဲ့အတွက် ထီလုပ်ငန်းရှင်တွေ၊ ထီထိုးကံစမ်းလိုတဲ့ သူတွေ၊ Gamer တွေအနေနဲ့ လမင်း ဖြတ်မယ့်နေရာတွေမှာ ဖြတ်မယ့် အချိန်နဲ့တိုက်ပြီး အထောက်အပံ့ဖြစ်နိုင်မယ့် အဆောင်အစီအရင်တွေ လုပ်မယ်ဆိုရင် ကိုယ်လုပ်ကိုင်မယ့် လုပ်ငန်းမှာအောင်မြင်နိုင်တယ်" ဟု နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိ ချုပ် ဦးဇေယျာကိုက ပြောပါသည်။
ကြတ္တိကာနက္ခတ်နှင့်စန်းယှဉ် ကာလမှာ အားအင်အပြည့်ဝဆုံး ဖြစ်ပေါ်ပြီး မြန်မာနိုင်ငံမှ ဖြတ်သန်းမှုသည်ဖြစ်ခဲသည့် ဖြစ်ရပ်ဖြစ်ခြင်းကြောင့် ယခုဖြစ်ပေါ်ပြီးသည့်နောက်ပိုင်း နောက်ထပ်တစ်ဖန် ပြန်လည်ကြုံ တွေ့နိုင်မှုမှာ၂၀၇၂ ခုနှစ် နိုဝင်ဘာလ ၂၅ရက်နေ့ရောက်မှသာ ပုသိမ်မြို့မှ ကြုံတွေ့ရမည်ဖြစ်ကြောင်း သိရသည်။
@news-eleven.com

poohcartoon
11-14-2010, 08:40 PM
ရမည်းသင်းခရိုင်ရှိ ရွှေတောသို့ ဒေသခံများအပြင် မြန်မာနိုင်ငံအနှံ့မှ လာရောက်၍ စီးပွားရေးလုပ်ကိုင်သူ များပြားလာ
ရမည်းသင်းခရိုင်ရှိ ရွှေတောသို့ ရမည်းသင်းမှဒေသခံများအပြင် မြန်မာနိုင်ငံအနှံ့မှ လာရောက်၍ စီးပွားရေးလုပ်ကိုင်သူ များပြားလာကြောင်း သတင်းရရှိပါသည်။
ရွှေတောတွင် ၂၀၀၆ ခုနှစ်မှ စတင်၍ ရွှေစတင်ထွက်ရှိခဲ့သည် ဟုသိရသောကြောင့် ယင်းနောက်ပိုင်းတွင် ရွှေတူးဖော်သည့် ကုမ္ပဏီများ၊ ရွှေတူးအလုပ်သမားများနှင့် ဆက်စပ် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြောင်း၊ ယခုနှစ် နောက်ပိုင်းတွင်မူ ရွှေတောကိုမှီ၍ စီးပွားရေးလာရောက် လုပ်ကိုင်လိုသူဦးရေ ယခင်ထက် များပြားလာကြောင်း သိရသည်။
"ရွှေတောက ရမည်းသင်းမြို့ ပေါ်ကနေ တစ်နေကုန်လောက် သွား ရပါတယ်။ ရွှေတူးတဲ့ ကုမ္ပဏီလုပ် ကွက်တွေ အများကြီးရှိတယ်။ ဒီနှစ် ပိုင်းမှာဆို ရမည်းသင်းမြို့ထဲကပဲ ရွှေတောမှာ စားသောက်စရာ သွား ရောင်းတာတို့၊ ဆိုင်ကယ်ကယ်ရီ သွားဆွဲတာတို့ သွားလုပ်ကြတယ်။ မိုးကုတ်တို့၊ မိုင်းရှူးတို့၊ တခြားနယ် ဘက်တွေကလည်း ဒီနှစ်ပိုင်းမှာ ဒီ ကိုလာပြီး စီးပွားရေးလာလုပ်တဲ့သူ တွေများလာတာကို တွေ့ရတယ်။ လုပ်ဖူးတဲ့သူတွေ ပြောပြတာတော့ တချို့ဆိုရင် ရွှေတူးတာ နာရီပိုင်း အတွင်းမှာတင် ပိဿာနဲ့ချီပြီးရကြ တယ်။ အဲဒီလိုသတင်းတွေကြားတဲ့ အတွက်လည်း ရွှေလာတူးတဲ့သူတွေ များလာရတာပါ"ဟု ရမည်းသင်းမြို့ မှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။
ရွှေတောမှာ ရမည်းသင်းခရိုင် နှင့် ရှမ်းပြည်နယ် ပင်လောင်းမြို့ နယ်အစပ်တွင် တည်ရှိပြီး အကျယ် အ၀န်းအားဖြင့် ဧက ၈၀၀၀ နီးပါး ရှိသည်ဟု သိရသည်။ ပွင့်လင်းရာ သီတွင် ရမည်းသင်းမြို့မှ ရွှေတော သို့ ကား၊ ဆိုင်ကယ်များဖြင့် တိုက်ရိုက်သွားလာနိုင်ကြောင်း သိရသည်။
"ရမည်းသင်းမြို့က စီးပွားရေး လုပ်ငန်းအနေနဲ့ ပြောရရင် အရင်က စပါး၊ ပဲ၊ ငရုတ်သီးနှံတွေကို စိုက်ပျိုးတာများတယ်။ အခုကျတော့ ရွှေတောကို သွားလုပ်တဲ့သူတွေ တည်းခိုနေထိုင်နိုင်တဲ့ တည်းခိုခန်းတွေ ဖွင့်လာကြတယ်။ အရင်က ဆေး လိပ်ခုံလုပ်ငန်းလုပ်တဲ့သူက ၂၀၀၇ ခုနှစ် နောက်ပိုင်းကစပြီးတော့ တည်းခိုခန်းအဖြစ် ပြောင်းလဲလုပ်ကိုင်လာတယ်"ဟု ရမည်းသင်းမြို့မှ တည်း ခိုခန်းပိုင်ရှင်တစ်ဦးက ပြောပြသည်။
"ရွှေတောကို သွားရင် ကျန်းမာရေးဂရုစိုက်ရမယ့်အပြင် အသက် အန္တရာယ်ကာကွယ်ဖို့လည်း လိုတယ်။ တချို့လူပြတ်တဲ့ နေရာတွေဆိုရင် လုယက် အန္တရာယ်ပြုတာတွေ ရှိနေလို့ပါ။ ကျန်းမာရေးပိုင်းဆိုရင်တော့ ငှက်ဖျားပေါတယ်"ဟု ရွှေတောသို့ သွားရောက်ခဲ့သူတစ်ဦးက ဆိုသည်။
@news-eleven.com

poohcartoon
11-14-2010, 08:46 PM
ပြင်ပဓာတ်ဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် ပုဂ္ဂလိက အရောင်းဆိုင်များတွင် ထုတ်ယူသုံးစွဲသူ များပြားလာ
http://www.news-eleven.com/images/stories/nov10/we/677a.jpg

နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လည်ပိုင်းတွင် စမ်းချောင်းမြို့နယ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင်
ဝယ်ယူရန် စောင့်ဆိုင်းနေသည့် ကားတန်းကြီးအား တွေ့မြင်ရစဉ်
မန္တလေးမြို့တွင် စက်သုံးဆီများ စိစစ်ရောင်းချလာခြင်း နှင့်အတူ ပြင်ပဓာတ်ဆီ ဈေးနှုန်းမြင့်တက်လာမှုကြောင့် ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များတွင် ထုတ်ယူသုံးစွဲသူပိုမို များပြားလာကြောင်း စုံစမ်းသိရသည်။
"ဓာတ်ဆီဈေးက နိုဝင်ဘာလ ဆန်းမတိုင်မီကတစ်ဂါလန်လျှင်ကျပ် ၂၈၀၀ ရှိရာကနေ အခုကျပ် ၃၄၀၀ အထိတက်လာတယ်။ အခုလို ပြင်ပ ဓာတ်ဆီဈေးနှုန်းက မြင့်တက်လာတော့ ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေမှာ ပုံတိုး လာကြတယ်"ဟု ဓာတ်ဆီလက်လီ ရောင်းချသူတစ်ဦးက ပြောသည်။
"ကျွန်တော်က ကုမ္ပဏီဝန်ထမ်း တစ်ယောက်ပါ။ ရုံးအသွားအပြန်အတွက် ဓာတ်ဆီဝယ်ရင်တော့ အပြင်ဆိုင်တွေကဈေးပိုပေးရပြီး ဆီတွေကလည်း စိတ်မချရတဲ့အတွက် ပုဂ္ဂလိကဆီဆိုင်တွေမှာပဲ သွားတန်းစီပြီး ထုတ် တာများပါတယ်။ နိုဝင်ဘာလဆန်း ပိုင်းလောက်ကစပြီး အပြင်ဓာတ်ဆီ ဆိုင်တွေမှာ ဈေးတွေမြင့်တတ်လာလို့ ကျွန်တော်တို့လိုဓာတ်ဆီဆိုင်မှာတန်း စီတဲ့လူတွေများလာပြီး ဆီထုတ်ရ တာ အခက်အခဲရှိလာပါတယ်။ အရင်ကဆိုရင် ၀န်ထမ်းအချို့က ဆီထုတ်ဖို့အတွက် တန်းစီချိန်မရလို့ အပြင်ကနေပဲ ၀ယ်သုံးနေပေမယ့် အခုလိုဈေးတက်လာတော့ရတဲ့ လစာလေးနဲ့အပြင်မှာ ၀ယ်သုံးဖို့ခက်လာတာမို့ အချိန်ကုန်အပင်ပန်းခံပြီး ဆိုင်တွေ မှာပဲလာတန်းစီနေရတယ်။ ဒီနောက်ပိုင်း ပုဂ္ဂလိကဆီဆိုင်တွေမှာ ဘယ်ဆိုင်ကိုပဲ ကြည့်ကြည့်အချိန်ပြည့် ဆီတန်းစီတဲ့လူတွေနဲ့ ပြည့်နေတာပါပဲ။ ခန့်မှန်းကြည့်ရရင် အရင်ထက် ၃၀ ရာ ခိုင်နှုန်း ကျော်ကျော်လောက်တော့ တိုးလာတယ်။ တန်းစီရင်လည်း အရင် ထက် ၁၅ မိနစ်ကျော်မိနစ် ၂၀ လောက်တော့ ပိုကြာတာပေါ့ဗျာ"ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ၎င်း၏ ဓာတ်ဆီထုတ်မှု အတွေ့အကြုံနှင့် ပတ်သက်၍ ပြောသည်။
http://www.news-eleven.com/images/stories/nov10/we/677.jpg

မန္တလေးမြို့ရှိ လမ်းဘေး လက်လီဓာတ်ဆီ အရောင်းဆိုင်တစ်ဆိုင်ကို တွေ့မြင်ရစဉ်
မန္တလေးမြို့တွင်နိုင်ငံတော်ပိုင် စက်သုံးဆီအရောင်းဆိုင် ၁၅ ဆိုင် ခန့်ရှိပြီးဇွန်လမှစတင်၍ ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ရာတွင် လက်ရှိ၌ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ၁၂ ဆိုင်ခန့် ရှိကြောင်း၊ ယင်းဆိုင်များ အားလုံးနီး ပါးတွင်စက်သုံးဆီ ထုတ်ယူရန်အတွက် ညအိပ်စောင့်ဆိုင်းသည်များ အထိရှိကြောင်း သိရသည်။
"ပုဂ္ဂလိကဓာတ်ဆီဆိုင်တွေမှာ ဆီထုတ်တဲ့သူများတဲ့ အခြားအကြောင်းရင်းတစ်ခုက လမ်းဘေး လက်လီဈေးကွက်ကျယ်ပြန့်လာမှု လည်းပါတယ်။ ဆီဆိုင်မှာတစ်ဂါ လန်ကျပ် ၂၅၀၀ နဲ့ ဆီထုတ်တယ်။ အပြင်မှာကျပ် ၃၂၀၀၊ တချို့လည်း ကျပ် ၃၃၀၀နဲ့ ပြန်သွင်းတယ်။ ဆိုင်ဆီတစ်ဂါလန်က အပြင်မှာကျပ် ၈၀၀ နဲ့ရောင်းတဲ့ ရေသန့်ဘူးငါးဘူး လောက်ရတယ်။ အခုလိုဆီဆိုင်နဲ့ အပြင်ပေါက်ဈေးကွာဟနေလို့ နေ့တွက်ကိုက်ပြီးရောဆိုပြီး ဆီထုတ် ရောင်းစားသူလည်း များလာတယ်" ဟု မန္တလေးမြို့ခံတစ်ဦးက သုံးသပ်သည်။
ယခုကဲ့သို ဓာတ်ဆီစောင့်ဆိုင်း ထုတ်ယူသော ယာဉ်တန်းရှည်လျားမှုကြောင့် ပုဂ္ဂလိကစက်ဆီ အရောင်းဆိုင်များ အနီးရှိအိမ်များ၊ ဈေးဆိုင်များ၏ ရှေ့မျက်နှာစာများ ပိတ်ဆို့မှုများအထိ ဖြစ်ပွားလာကြောင်း သိရသည်။
" ပုဂ္ဂလိကအရောင်းဆိုင်တွေမှာ ဆိုင်ပေါ်မူတည်ပြီး အနည်းဆုံး ဓာတ်ဆီလေးဂါလံကနေ ခြောက်ဂါလန်အထိ ရောင်းချပေးတယ်။ ဒါပေမယ့် တချို့ အရောင်းဆိုင်တွေမှာ ၀န်ထမ်း နဲ့ ဆီထုတ်ရောင်းသူ ပေါင်းပြီးတော့ ခွဲတမ်းထက် ပိုရောင်းချပေးတာတွေ တွေ့ရတယ်။ ဈေးနှုန်းကတော့ ပုံမှန်တစ်ဂါလန်ကျပ် ၂၅၀၀ ဆို ခွဲတမ်းထက်ပိုတော့ ကျပ် ၂၇၀၀ အထိပေးရတယ်"ဟု နေ့စဉ်ဓာတ်ဆီ စောင့်ဆိုင်းထုတ်ယူသူတစ်ဦးက ပြောသည်။
@news-eleven.com

poohcartoon
11-15-2010, 08:06 AM
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးတွင် (၁၁)နှစ်တာ ကာလအတွင်း ပထမအကြိမ် ရောင်တော်ဖွင့် ပူဇော်ခဲ့
http://www.news-eleven.com/images/stories/nov10/we/w66710.jpg
မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား (၁၁) နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာလ ၁၁ ရက်နေ့(တန်ဆောင်မုန်းလဆန်း ၅ ရက်နေ့)က ရောင်တော်ဖွင့် ပူဇော်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ရောင်တော်ဖွင့် ပူ ဇော်ခြင်းသည် ဆဋ္ဌမအကြိမ်မြောက် ပူဇော်ခြင်း ဖြစ်သော်လည်း ပဉ္စမအကြိမ် ရောင်တော်ဖွင့် ပူဇော်မှုကို ၁၉၉၉ ခုနှစ်က ဆောင်ရွက်ခဲ့သဖြင့် ယခု အကြိမ်သည် (၁၁)နှစ်တာ ကာလအတွင်း ပြန်လည် ပြုလုပ်သော ပူဇော်မှု ဖြစ်ကြောင်းလည်း သိရှိရပါ သည်။
''ကျွန်တော်တို့ အခုအကြိမ် ကျင်းပ ဆောင်ရွက်ရတဲ့ ရောင်တော်ဖွင့် ပူဇော်မှုဟာ ဘုရားသမိုင်းတစ်လျှောက်မှာ ဆဋ္ဌမအကြိမ်မြောက် ပူဇော်ခြင်းပါပဲ။ အဲဒီလို ရောင်တော်ဖွင့် ပူဇော်နိုင်ဖို့အတွက် နိုဝင်ဘာလ ၁၀ ရက်နေ့က မဟာမုနိ ရုပ်ရှင်တော် မြတ်ကြီးနဲ့ ပလ္လင်တော်တို့ကို သစ်သားငြမ်း တည်ဆောက်ခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာပဲ နေ့ချင်းပြီး ရောင်တော်ဖွင့် ပူဇော်ခဲ့ပါတယ်။ ရောင်တော်ဖွင့် ပူဇော်ခဲ့တာကတော့ မနက် ၈ နာရီ ကတည်းကစပြီး တစ်နေကုန်ပါပဲ။ သြ၀ါဒစရိယ ဆရာတော်ကြီး တွေရယ်၊ မဟာမုနိ ဘုရားဂေါပက အဖွဲ့ရယ်၊ ပန်းတိမ်ပညာရှင်တွေရယ် ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ''ဟု မဟာမုနိဘုရားမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ထိုသို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့် ပူဇော်ရာတွင် ပန်းတိမ်ပညာရှင် အဖွဲ့သုံးဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ပြီး စုစုပေါင်း ပညာရှင် ၂၅ ဦး ပါဝင်ကြောင်း သိရှိရသည်။
''ရောင်တော်ဖွင့် ပူဇော်ခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ နေ့တိုင်းနေ့တိုင်း မျက်နှာသစ်တော်ရေ ကပ်တဲ့အခါမှာ နံ့သာရေတွေ စီးကျတာတွေနဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဖုန်မှုန့်တွေကြောင့် ရုပ်ရှင်တော်မြတ်ကြီးမှာ ပူဇော်ထားတဲ့ မကိုဋ်တော် တွေ၊ စလွယ်တော်တွေ၊ ဘယက်တော်တွေ၊ သင်္ကန်းတော်တွေနဲ့ ချိတ်ဆွဲပူဇော်ထားတဲ့ စိန်ရွှေရတနာ ပစ္စည်းတွေမှာ အရောင်တွေ မှိန်လာလို့ပါပဲ။ ဒါ့အပြင် ရွှေသားမျက်နှာကြက်တော်ကလည်း အရောင်တွေ မှိန်နေပါတယ်။ ဒါကြောင့် အရောင်မှိန်လာ တိုင်း ဘုရားဖူးတွေ အကြည်ညိုတိုးစေဖို့ ရောင်တော်ဖွင့်ပူဇော်လာတာ အခုဆိုရင် ခြောက်ကြိမ်မြောက်ကို ဆောင်ရွက်ပြီးစီးပါပြီ''ဟုလည်း ဂေါပက လူကြီးတစ်ဦးက ရောင်တော်ဖွင့် ပူဇော်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြပါသည်။
ထို့အတူ ရောင်တော်ဖွင့် ပူဇော်မှုတွင် ပါဝင်ခဲ့သော ပန်းတိမ်ပညာရှင် ဦးဝင်းအောင်က ''ကျွန်တော်က ဒီမဟာမုနိဘုရားမှာ ၁၉၈၆ ခုနှစ်ကတည်းကစပြီး ရတနာပညာရှင်အနေနဲ့ တာဝန်ယူ ဆောင်ရွက်ခဲ့တာမို့ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော် သွားပါပြီ။ အခု ဆဋ္ဌမအကြိမ် ရောင်တော်ဖွင့် ပူဇော်မှုမှာ ကျွန်တော်တို့ အဖွဲ့က မကိုဋ်တော်နဲ့ စလွယ်တော်မှာရှိတဲ့ စိန်၊ ရွှေရတနာ ပစ္စည်းတွေကို ရောင်တော်ဖွင့်ရပါတယ်။ ဆာလဖြူရစ် အက်ဆစ်ပျော့ကို ရေနဲ့ ၁၀ ဆ ရောပြီး ရတနာပစ္စည်းတွေကို ခဏ နူးလိုက်တယ်။ ပြီးမှ တရော်ကင်ပွန်းတစ်ထပ်၊ ရေသန့်နဲ့တစ်ထပ် ဆေးပြီးတော့ ရောင်တော်ဖွင့်ပါတယ်''ဟု သူ၏ လုပ်ငန်းတာဝန်ကို ပြောပါသည်။
@news-eleven.com

poohcartoon
11-15-2010, 08:07 AM
ဝါကျွတ်ကာလ မန္တလေးမြို့၌ မြန်မာ့ ထုံးတမ်း အစဉ်အလာအတိုင်း မင်္ဂလာဆောင်သူ ပိုမို များပြားလာ
၂၀၁၀ ပြည့်နှစ် ၀ါကျွတ်ကာလ မင်္ဂလာဆောင်များတွင် မန္တလေးမြို့၌ မြန်မာ့ထုံးတမ်း အစဉ်အလာအတိုင်း မင်္ဂလာဆောင်သူ ပိုမိုများပြားလာကြောင်း တွေ့ရှိရသည်။ ထို့အတူ သတို့သမီး အများစုက ရှေးမိဖုရားများ ၀တ်ဆင်သည့်အတိုင်း ၀တ်စုံများ ကို အော်ဒါမှာယူမှု များကြောင်းကို မြန်မာ့ရိုးရာ မင်္ဂလာဝတ်စုံချုပ် လုပ်ငန်းများထံမှ သိရှိရသည်။
''သတို့သမီး တချို့ကတော့ မင်္ဂလာဆောင်အတွက် မန္တလေးမြနန်းစံကျော်ထဲက ပြသထားတဲ့ မိဖုရားဝတ်စုံတွေကို အမှာများတော့ သူတို့ခေတ်တုန်းက ဘယ်လိုပုံစံဝတ်ခဲ့တယ်၊ ခု ဘယ်လိုဆန်းသစ်ပြီး ချုပ်လိုက်ရင် အမြင်ဆန်းသွားမလဲ ဆိုတာကို အ ရင်ဆုံး လေ့လာရတယ်။ ပြီးမှ မင်္ဂလာဆောင် သတို့သမီးတွေကို ပုံစံပြပြီး သူတို့ ကြိုက်နှစ်သက်မှုရှိမှ ချုပ်ပေးပါတယ်။ သူတို့ ကြိုက်ပြီဆိုရင် အမရပူရဘက်က မြန်မာ့ရိုးရာ ပိုးစစ်လွန်းရာကျော်ချိတ် လုပ်ငန်းတွေဆီ ပြန်အပ်ရတယ်''ဟု မြန်မာမင်္ဂလာဝတ်စုံ ဒီဇိုင်နာတစ်ဦးက ပြောသည်။
ယခုနှစ် မင်္ဂလာဧည့်ခံပွဲများတွင် မြန်မာ့ရိုးရာ ပွဲတက်ဝတ်စုံဖြစ်သော လက်ရက်ကန်း ပိုးစစ်လွန်းရာကျော်ချိတ်ထည်များကို အမြတ်တနိုး ၀တ်ဆင်နေကြဆဲ ဖြစ်သကဲ့သို့ နှစ်စဉ်နှစ်တိုင်းလည်း ဒီဇိုင်းသစ်များ ထွက်ရှိမှုကြောင့် မြန်မာ့ရိုးရာ လက်ရက်ကန်း များမှာလည်း ယခုအချိန်အထိ နေရာယူထားဆဲ ဖြစ်ကြောင်း အမရပူရမြို့နယ် ပိုးထည်တိုက်တစ်ခုက ဆိုသည်။
'အခု ဈေးကွက်ထဲမှာ ထိုင်းဘက်က၀င်တဲ့ ပိုးပေါ်ကို ဇာဖောက်ထားတဲ့ အထည်တွေ ၀င်တာများတယ်။အဲဒီ အထည်တွေက တစ်ထည်ကို ငွေကျပ်တစ်သိန်းနဲ့ အထက်မှာ ရှိတယ်။ မင်္ဂလာဆောင် သတို့သမီးတွေအပြင် မင်္ဂလာဆောင်မှာ အဓိက နေရာက ပါဝင်ကြမယ့်သူ တော်တော်များများက နှစ်အလိုက် လပ်ကီးရောင်တွေကို ကြည့်ပြီး ၀ယ်ကြတာများတယ်''ဟု မန္တလေး ဈေးချိုတော်၊ ပိုးစစ်လွန်းရာကျော်ချိတ် အရောင်းဆိုင် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
@news-eleven.com

poohcartoon
11-15-2010, 08:09 AM
ဗဟန်းမြို့နယ်ရှိ တက္ကသိုလ်ရိပ်သာလမ်း ပြန်ဖွင့်ပြီ
http://www.news-eleven.com/images/stories/nov10/we/w66709.jpg
တက္ကသိုလ်ရိပ်သာလမ်း၌ သွားလာနေသော ကားများကို နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်က တွေ့ရစဉ်
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ် အချိန်မှစ၍ တက္ကသိုလ်လမ်း တစ်လျှောက်တွင် ယာဉ်များ သွားလာလျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းကို ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းစဉ် ကာလများတွင် လမ်းပိုင်းအချို့ကို ပိတ်ထားခဲ့ရာ ဗဟန်းဘက်မှ လှည်းတန်းဘက်သို့ သွားသော ကားများသည် ရွှေတောင်ကြားလမ်းမှ ဖြတ်သန်းသွားလာရာမှ သွားလာခွင့်ပေး ခဲ့ခြင်းကြောင့် အဆင်ပြေလာကြောင်းလည်း သိရသည်။
''ကျွန်တော်က သင်္ဃန်းကျွန်းကနေ လှည်းတန်းက ရန်ကုန်တက္ကသိုလ်ကို နေ့တိုင်း ကျောင်းသွားရပါတယ်။ လိုင်းကားက တက္ကသိုလ်ရိပ်သာလမ်းကို မဖြတ်ရပဲ ရွှေတောင်ကြားလမ်းက သွားရတော့ အချိန်ပိုပေးရတယ်။ အိမ်က လုပ်စရာရှိတာတွေ မလုပ်ရဘူး။ အခုတော့ လမ်းလည်း ဖွင့်လိုက်ပြီ၊ ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်လိုက်ပြီဆိုတော့ ကျွန်တော်တို့ သွားချင်တဲ့ဆီကို အချိန်တိုတိုနဲ့ မြန်မြန် သွားနိုင်တော့မှာပါ။ ၀မ်းသာစရာ ကောင်းပါတယ်။ ကျေးဇူးလည်းတင်ပါတယ်''ဟု အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးက ဆိုပါသည်။
''ဒီနေ့မှာ ကိုယ်ပိုင်ကားတွေကော၊ လိုင်းကားတွေကော ဖြတ်သန်း သွားလာနေတာကို တွေ့ရတယ်။ ဒီလမ်းကို ဖြတ်မောင်းတဲ့ အမှတ်(၃)နဲ့ အမှတ်(၁၀၇) ယာဉ်လိုင်း နှစ်ခုရှိပါတယ်။ အရင်က အင်းယားမြိုင်မှတ်တိုင်နဲ့ ကုက္ကိုင်းမှတ်တိုင် နှစ်ခုလည်း ရှိပါတယ်။ အခု လိုင်းကားတွေပြန်ပြီး စမ်းသပ် ပြေးဆွဲနေတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် မှတ်တိုင် ဘယ်နားမှာရှိတယ်ဆိုတာ မမှတ်မိကြဖူးနဲ့ တူတယ်။ တားတဲ့နေရာမှာ ရပ်ပေးတယ်။ ဆင်းမယ့်နေရာမှာလည်း ရပ်ပေးတယ်''ဟု တက္ကသိုလ်ရိပ်သာလမ်းတွင် နေထိုင်သူတစ်ဦးက ဆိုပါသည်။
@news-eleven.com

poohcartoon
11-15-2010, 08:10 AM
ခရီးသွားရာသီ အစမှာပင် မင်းကွန်းဒေသသို့ ခရီးသွားဧည့်သည် အများအပြား လာရောက်
ယခုနှစ် ခရီးသွားရာသီ အစမှာပင် မင်းကွန်းဒေသသို့ ရေကြောင်းခရီးဖြင့် ခရီးသွားဧည့်သည် အများအပြား လာရောက်ကြောင်း သိရသည်။ မန္တလေး မရမ်းခြံဆိပ်မှ ပြည်ပခရီးသွား ဧည့်သည်များအတွက် မန္တလေး-မင်းကွန်း၊ မန္တလေး- မင်းကွန်း- စစ် ကိုင်းနှင့် မန္တလေး-ဗန်းမော်ဟူ၍ ရေကြောင်းခရီးစဉ်သုံးခု ပြေးဆွဲပေးရာ မန္တလေး-မင်းကွန်း ခရီးစဉ်သည် သွားရောက်မှု အများဆုံးဖြစ်ကြောင်း သိရသည်။
''မန္တလေးကို လာရောက်တဲ့ ဧည့်သည်အများစုက မင်းကွန်းကို မဖြစ်မနေ သွားကြတာ များတယ်။ မင်းကွန်းကို မန္တလေးကနေ ကုန်းလမ်း၊ ရေလမ်း နှစ်လမ်း သွားလာနိုင်တယ်။ ပြည်ပခရီးသည် အများစုက ရေလမ်းကနေသွားတာ များတယ်။ ဒီနှစ် နို ၀င်ဘာလဆန်းပိုင်းမှာကို တစ်နေ့ခရီးသွား ဧည့်သည် အယောက် ၇၀ ကျော် ၈၀ လောက် လာရောက်တာကို တွေ့ရတယ်''ဟု မန္တလေးမရမ်းခြံဆိပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြင်သစ်၊ စပိန်နှင့်အီတလီ နိုင်ငံသားများ လာရောက်မှုများကြောင်းနှင့် မန္တလေးမရမ်းခြံဆိပ်တွင် ပြည်ပခရီးသည်များအတွက် မန္တလေး-မင်းကွန်းသွား ရေယာဉ် ၂၆ စင်းရှိပြီး တစ်ဦးလျင် အသွား၊ အပြန် ၄၅၀၀ ကျပ် ဈေးနှုန်း၊ စင်းလုံးငှားယာဉ်အတွက် လူဦးရေပေါ်မူတည်ကာ ငွေကျပ်၂၅၀၀၀ မှ ၄၅၀၀၀ ၀န်းကျင်အထိ ကောက်ခံလျက်ရှိကြောင်း သိရှိရပါသည်။
@news-eleven.com

poohcartoon
11-15-2010, 08:12 AM
ကယားရိုးရာ ချည်ထည်များကို ဒေသခံများအပြင် ပြည်တွင်းပြည်ပ ဧည့်သည်များ နှစ်ခြိုက်စွာ ၀ယ်ယူ ၀တ်ဆင်ကြ
http://www.news-eleven.com/images/stories/nov10/we/w66711.jpg
ကယားရိုးရာ ချည်ထည်များကို ဒေသခံများအပြင် ပြည်တွင်းပြည်ပမှ ဧည့်သည်များလည်း နှစ်ခြိုက်စွာဖြင့် ၀ယ်ယူဝတ်ဆင်မှုများ ရှိကြောင်း သိရသည်။
ကယားရိုးရာ ချည်ထည်များကို ဒေသခံ ကယားတိုင်းရင်းသားများ အကြိုက် အနီရောင်နှင့် အနက်ရောင်များ အပြင် ယခုနောက်ပိုင်းတွင် အရောင်အသွေး အမျိုးမျိုး၊အဆင်ဒီဇိုင်း အမျိုးမျိုးတို့ကို ရိုးရာမပျက် အဆင်ပုံစံများဖြင့် တီထွင်ရက်လုပ်လာကြရာ ဒေသခံများအပြင် ကယားပြည်နယ်သို့ လာရောက်ကြသော အနယ်နယ် အရပ်ရပ်မှ ဧည့်သည်များ၊ နိုင်ငံခြားသား ဧည့်သည်များ အထူး ကြိုက်နှစ်သက်ကြကြောင်း သိရှိရသည်။
ကယားချည်ထည်များကို ရက်လုပ်ရာတွင် ချည်များကို မန္တလေးမြို့မှ မှာယူရက်လုပ်ကြပြီး အရည်အသွေးကောင်းသော ချည်များကို အသုံးပြုသောကြောင့် အရောင်အဆင်း မှေးမှိန်သွားခြင်း၊ ရေကျခြင်း မရှိခြင်းတို့ကြောင့် ကြိုက်နှစ်သက်စွာ ၀တ်ဆင် လာကြခြင်း ဖြစ်သည်ဟု သိရသည်။
''ချည်ကိုတော့ မန္တလေးကပဲ မှာယူရက်လုပ်ပါတယ်။ ကယားချည်ထည်တွေကို အသုံးပြုတဲ့ ချည်နဲ့ ချင်းအထည်တွေကို အသုံးပြုတဲ့ ချည်က အမျိုးအစား အတူတူပါပဲ။ ဒါကြောင့် ရေမဆွေး၊ အရောင်မကျပါဘူး။ အရင်ကတော့ ကယားရိုးရာ အရောင်တွေ ဖြစ်တဲ့ အနီနဲ့အနက်ကိုပဲ အဓိကထား ထုတ်လုပ်ပါတယ်။ ကယားတိုင်းရင်းသားတွေက အနီရောင်ကို ကြိုက်နှစ်သက်ကြပါတယ်။ အခုနောက်ပိုင်းတော့ ခေတ်နဲ့အညီ အရောင်ဆန်း၊ အဆင်ဆန်းလေးတွေကို ရိုးရာမပျက် ရက်လုပ်ခဲ့တာပါ။ ဧည့်သည်တွေကတော့ အရောင်စုံ၊ အဆင်စုံကို ပိုမို ကြိုက်နှစ်သက်ကြပါတယ်။ ရောင်းအားကတော့ ဒီက ဒေသခံတွေရယ်၊ လာတဲ့ ဧည့်သည်တွေ၊ နောက် တာဝန်လာထမ်းဆောင်တဲ့ ၀န်ထမ်းတွေဝယ်ကြတာနဲ့ ပုံမှန် လောက်ပါပဲ''ဟု လွိုင်ကော်မြို့ ချိကယ်ကျေးရွာရှိ ရိုးရာယက်ကန်းစင်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။
ရိုးရာအင်္ကျီ၊ လုံချည်၊ ထမီ၊ ခြုံစောင်၊ ပ၀ါ၊ အိတ် စသည်ဖြင့် အထည်အမျိုးမျိုးကို ရက်လုပ်ရောင်းချလျက်ရှိပြီး ဈေးနှုန်းအားဖြင့် ငွေ ကျပ် ၂၀၀၀ မှကျပ် ၈၀၀၀ ၀န်းကျင်ခန့် ရှိကြောင်း သိရသည်။
@news-eleven.com

poohcartoon
11-16-2010, 09:20 AM
ချင်းတောင်ခြေနှင့် ချင်းတောင်ပေါ်ရှိ မြို့များတွင် အင်တာနက်ဆိုင်များ ပြန်လည် ဖွင့်လှစ်
http://www.news-eleven.com/images/stories/nov10/we/w66718.jpg
ချင်းတောင်ခြေနှင့် ချင်းတောင်ပေါ်ရှိ မြို့များတွင် အင်တာနက်ဆိုင်များ အင်တာနက် မကြာခဏ လိုင်းပြတ်တောက်မှုများကြောင့် ပိတ်ထားရာမှ နိုဝင်ဘာလဆန်းအတွင်း ပြန်လည် ဖွင့်လှစ်ကြပြီဟု သိရှိရပါသည်။
အင်တာနက်လိုင်းတွေ နှေးနေတာကြောင့် ဆိုင်တွေ ပိတ်ထားခဲ့တာပါ။လိုင်းတွေက ၀င်လိုက်မ၀င်လိုက်ဆိုတော့ ပိုက်ဆံတောင်းလို့လဲ မကောင်းဘူးလေ။ ကျွန်တော်တို့ကလဲ မီးစက်နှိုးထားရတာ။ အဲဒါဆိုတော့ ပိုက်ဆံသာမရတာ နေ့တိုင်း ဆီကုန်နေတော့ ဆိုင်ကို ပိတ်ထားလိုက်ပါတယ်။ အခုတော့ လိုင်းက နှေးပေမယ့် သုံးလို့ရနေကြတော့ ပြန်ဖွင့်လိုက်တာပါ''ဟု ကလေးမြို့အတွင်းရှိ အင်တာနက်ဆိုင်ရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
''ဟားခါးမှာလည်း အင်တာနက်လိုင်းတွေ နှေးနေလို့ နှစ်ပတ်လောက်တော့ ပိတ်ထားလိုက်ရသေးတယ် ပြန်ဖွင့်တော့လည်း လိုင်းကနှေး နေပြန်ရော။ ပိုက်ဆံယူရတာ အားနာစရာကောင်းတယ်။ အင်တာနက် လိုက်နှေးပေမယ့် သုံးတဲ့သူတော့များ ပါတယ်''ဟု ဟားခါးမြို့မှ တော်ဝင် အင်တာနက်ဆိုင်ပိုင်ရှင်က ပြောကြားခဲ့ပါသည်။
ကလေးမြို့တွင် အင်တာနက် အသုံးပြုခမှ ကျပ် ၄၀၀မှ ကျပ် ၆၀၀ ဖြစ်ပြီး ဆိုင်အလိုက် ခြားနားသော်လည်း ဟားခါးမြို့တွင် အင်တာနက် အသုံးပြုခမှာ တစ်နာရီ ကျပ် ၅၀၀ ဖြစ်သည်ဟု သိရှိရပါသည်။
@news-eleven.com

poohcartoon
11-16-2010, 09:22 AM
နေပြည်တော် ဟိုတယ်ဇုန်၌ အသစ် တည်ဆောက်နေသည့် ဟိုတယ်ကိုးလုံးအနက် လေးလုံးဖွင့်လှစ်
http://www.news-eleven.com/images/stories/nov10/we/w66719.jpg
လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စတင်ကျင်းပမည့် ကျောက်မျက်ပြပွဲအမီ နေပြည်တော်ရှိ ဟိုတယ်ဇုန်တွင် အသစ် တည်ဆောက်နေသည့် ဟိုတယ်ကိုးလုံးအနက် လေးလုံးကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်း တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
နေပြည်တော် ဟိုတယ်ဇုန်တွင် ကျောက်မျက်ပြပွဲအမီ အသစ် တည်ဆောက်နေသည့် ဟိုတယ်ကိုးလုံးမှာ Junction ဟိုတယ်၊ ဇမ္ဘူသီရိဟိုတယ်၊ ကောင်းကင်နန်းတော်ဟိုတယ်၊ မင်္ဂလာသီရိဟိုတယ်၊ တုံဂပူရီ ဟိုတယ်၊ မန်းမြန်မာဟိုတယ်၊ မြင့် မိသားစုဟိုတယ်၊ Country ဟိုတယ်နှင့် Golden Land ဟိုတယ် တို့ ဖြစ်ပြီး ဖွင့်လှစ်ခဲ့သည့် ဟိုတယ် လေးလုံးမှာ ကောင်းကင်နန်းတော်ဟိုတယ်၊ မင်္ဂလာသီရိဟိုတယ်၊ တုံဂပူရီ ဟိုတယ်နှင့် Junction ဟိုတယ်တို့ ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ အခု ဖွင့်လှစ်လိုက်တဲ့ ဟိုတယ်လေးလုံးက ပထမအဆင့် ပြီးစီးတာ ဖြစ်ပါတယ်။ ပြီးစီးတဲ့ အခန်းတွေက လူဦးရေ ၅၀၀၀ လောက် တည်းခိုနိုင်မှာ ဖြစ်ပါတယ်။ အခုဖွင့်လိုက်တဲ့ ဟိုတယ်လေးလုံးက အခန်းတွေရော၊ အခြား ဟိုတယ်တွေ မှာလည်း ဧည့်သည်တွေ ပြည့်နေပါပြီ''ဟု တုံဂပူရီဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
ယခု ဖွင့်လှစ်ခဲ့သည့် ဟိုတယ် ၄ လုံးအနက် Junction ဟိုတယ်ကို ရွှေတောင်ကုမ္ပဏီက လည်းကောင်း၊ ကောင်းကင်နန်းတော် ဟိုတယ်ကို မန်းပြည်တံခွန် ကုမ္ပဏီက လည်းကောင်း၊ မင်္ဂလာသီရိဟိုတယ်ကို G4 ကုမ္ပဏီက လည်းကောင်း၊ တုံဂပူရီ ဟိုတယ်ကို Asian Golden ကုမ္ပဏီက လည်းကောင်း အသီးသီး တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
11-16-2010, 09:32 AM
ကျိုင်းတုံလေဆိပ်ရှိ လေယာဉ်ပြေးလမ်း တိုးချဲ့မှုအား ၂၀၁၁ မတ်လတွင် အပြီးသတ်နိုင်ရန် စီစဉ်
http://www.news-eleven.com/images/stories/nov10/we/w66720.jpg
ရှမ်းပြည်နယ် ကျိုင်းတုံလေဆိပ်၏ လေယာဉ်ပြေးလမ်း တိုးချဲ့မှုအား ၂၀၁၁ မတ်လတွင် အပြီးသတ်နိုင်ရန် စီစဉ်ထားကြောင်း ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်ခွင့် ရခဲ့သော ကျိုင်းတုံလေဆိပ် တည်ဆောက်ခွင့်ရ ခိုင်မာသောပန်းတိုင် ဆောက်လုပ်ရေး ကုမ္ပဏီမှ ဆောက်လုပ်ရေး အင်ဂျင်နီယာက ပြောကြားခဲ့ပါသည်။
ကျိုင်းတုံလေဆိပ်သည် ရှမ်းပြည်နယ် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၂၇၀၀ ကျော်တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်းအား အလျားပေ ၈၀၀၀၊ အကျယ်ပေ ၁၅၀ ရှိမည့် တန် ၆၀ ခံနိုင်ရည် လေယာဉ်ပြေးလမ်းအဖြစ် တည်ဆောက်နေ သည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းအား ၂၀၀၉ ဒီဇင်ဘာမှ စတင်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဇွန်လတွင် လေးလက်မ ထုထည်ရှိ ကတ္တရာကွန်ကရစ် ပထမအရစ်အလွှာ ခင်းပြီးဖြစ်ကာ ဆက်လက်၍ လေးလက်မထုထည် ဒုတိယအလွှာကို စီမံကိန်းကာလအတွင်း အပြီးသတ် ဆက်လက် ခင်းကျင်းသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးအင်ဂျင်နီယာ ကိုမောင်မောင်ထွေးက ပြောကြားခဲ့သည်။
''ဒီလေဆိပ်ကတော့ ခေါက်တိုပြေးဆွဲတဲ့ လေယာဉ်အများစု ဆင်းတာ ဖြစ်တယ်။ နောက်ဆို ဘိုးရင်းတွေ မဟုတ်တာတောင် ဂျက်၊ ဖော့ကာ အမျိုးအစား လေယာဉ်တွေ ကျယ်ကျယ်ဝန်းဝန်း ဆင်းနိုင်မယ့် အနေအထားပါ''ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာက ရှင်းပြခဲ့သည်။
ထို့ပြင် လေယာဉ်ကွင်းအတွင်း လေယာဉ်ဆင်းသက်ချိန်များ၌ လုံခြုံရေး စိတ်ချမှု ရှိစေရန် ကွင်းအတွင်း အချက်ပြမီးများလည်း တပ်ဆင်ထားကြောင်း၊ တာချီလိတ်လေဆိပ်အား ကျိုင်းတုံလေဆိပ်ထက် ပြည်တွင်း လေယာဉ်ဆင်းသက်မှုပိုမိုများပြား ကြောင်း၊ ကျိုင်းတုံလေဆိပ်သို့ ပြည်တွင်း လေယာဉ်ဆင်းသက်မှု အနေအထားမှာ တစ်ပတ်လျှင် ခရီးစဉ် တစ်ခုလျှင် နေ့စဉ်ဆင်းသက်မှု မရှိသေးကြောင်း၊ အသစ်တိုးချဲ့မှုမှာ ပြည်တွင်းလေယာဉ်များ အဓိက ဆင်းသက်နိုင်ရန်သာ ဦးတည်ကြောင်း သိရသည်။
@news-eleven.com

poohcartoon
11-16-2010, 09:35 AM
အကျဉ်းချခံ ကိုယ်ဝန်ဆောင်အမျိုးသမီးများ မိမိရင်သွေးငယ်ကို မွေးကင်းစမှ အသက်ခြောက်နှစ်အထိ ထောင်အတွင်း ခေါ်ထားခွင့်ရှိဟုဆို
ရန်ကုန် - အင်းစိန် (ဗဟို) အကျဉ်းထောင်တွင် အကျဉ်းချခံရသူ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် မိမိ၏ ရင်သွေးငယ်များကို မွေးကင်းစ အရွယ်မှ အသက်ခြောက်နှစ် ထိ ထောင်အတွင်းခေါ်ထားခွင့်ရှိကြောင်း သိရသည်။ “ကျွန်တော်တို့ အကျဉ်းထောင်မှာ ကိုယ်ဝန်ဆောင်မိခင်တွေ အကျဉ်းကျလာတာတွေ ရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေကို ကလေး မီးဖွားခွင့်ကိုလည်း လိုအပ်ရင် အင်းစိန်ဆေးရုံမှာ တက်ရောက်ကုသခွင့် ပေးထားပါတယ်။
မွေးလာတဲ့ ကလေးငယ်တွေကိုလည်း မိခင်နဲ့အတူ အသက်ခြောက်နှစ်အထိ နေခွင့် ပေးထားပါတယ်။ ဒါ့အပြင် ကလေးပါလာတဲ့ မိခင်တွေကိုလည်း အတူနေခွင့် ပေးထားတယ်။ ကလေးတွေအတွက် အကျဉ်းဦးစီးဌာနမှာရှိတဲ့ မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းရဲ့ မူကြိုကျောင်းမှာ တက်ခိုင်းပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းအပြင် မွေးဖွားလာပြီးသော ကလေးငယ်များကို မိခင်နှင့်အတူ မထားလိုသူများမှာ မိမိသဘောဆန္ဒဖြင့် ဆွေမျိုးများ၊ သက်ဆိုင်ရာ မိသားစုများအား ပေးခွင့်ရှိကြောင်း သိရသည်။ အကျဉ်းကျသော ကိုယ်ဝန်ဆောင်မိခင်များ၏ မွေးဖွားစရိတ်များကို ဆေးရုံမှလည်း စရိတ်မျှပေးဖြင့် ထောက်ပံ့ပေးကြောင်း၊ အကျဉ်းထောင်မှလည်း ထောက်ပံ့ပေးကြောင်း သိရသည်။
“အစားအသောက်ကို ထောင်က ပုံမှန်ကျွေးတယ်။ ဆေးရုံတက်ရရင်လည်း မိသားစုတွေဆီကို အကြောင်းကြားပေးတယ်။ မိသားစုမရှိတဲ့သူတွေကို အကျဉ်းထောင်ကပဲ ကျွေးမွေးတယ်။ ဒါ့အပြင် လစဉ်ဒေသန္တရဆေးရုံတွေက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစမှ တစ်နှစ်အောက်ကလေးတွေကို ကာကွယ်ဆေးထိုးပေးတာတို့ ကျန်းမာရေး စောင့်ရှောက်မှုတို့ လုပ်ပေးတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ အင်းစိန် (ဗဟို) အကျဉ်းထောင်တွင်းရှိ အောက်တိုဘာလထိ ကလေးဦးရေ စာရင်းမှာ ကျား၊ မ ၅၁ ဦး ရှိကြောင်း သိရသည်။
@မြန်မာသတင်းဇုန်

poohcartoon
11-16-2010, 09:37 AM
ရန်ကုန် မြေအောက်ရေသုံးစွဲမှု အလွန်အကျွံရောက်
ရန်ကုန်၊ အောက်တိုဘာ ၃၁ - မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ပုံ ၁ ပုံကျော်ဖြစ်သည့် လူခြောက်သန်းကျော်နေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် မြေအောက် ရေသုံးစွဲမှုမှာ အလွန်အကျွံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးဖြစ်သူ ဦးဝင်းမျိုးသူက ပြောကြားသည်။ ရန်ကုန်မြို့တော်တွင် ဖူးကြီး၊ လှော်ကား၊ ဂျိုးဖြူရေလှောင်ကန်တို့မှ ရေအလုံအလောက်မရခြင်းက မြေအောက်ရေ ပိုမိုသုံးစွဲ မှုကို ဖြစ်ပေါ်စေပြီး ထိုသို့ အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေအောက်တွင် ဂလိုင်ဖြစ်သွားခြင်း၊ ယခင်ရေချိုနေရာတွင် ဆားငန်ရေဝင်ရောက်လာခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရန်ကုန်မြစ်နှင့်နီးကပ်သော ကြည့်မြင်တိုင်၊ အလုံ၊ လှိုင်သာယာ စသော မြို့နယ်တို့တွင် လူအချို့သည် သောက်သုံးရေ အတွက် အဝီစိတွင်းတူးရာ ရေချိုမရရှိဘဲ ရေငန်များသာ ထွက်နေခြင်းကို ကြုံတွေ့နေရကြောင်း ယင်းမြို့နယ်များတွင် နေထိုင်သူများထံမှ သိရသည်။ “နာဂစ်ဖြစ်ပြီးကတည်းက ဒီလိုဖြစ်လာတာ။ ရေချိုမရတော့ တွင်းသစ် ထပ်တူးတယ်။ ဒါပေမဲ့ တစ်ရက်၊ နှစ်ရက်ပဲ ရေချိုရပြီး ကျန်တဲ့ရက်မှာ ရေငန်ပဲ ရတော့တယ်” ဟု အလုံမြို့နယ် အေးရှားဝေါလ်ဆိပ်ကမ်းအနီးရှိ အောင်ဇေယျလမ်းတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။
မြေအောက်ရေ အလွန်အကျွံသုံးစွဲမှုတွင် မန္တလေးသည် အဆိုးရွားဆုံးဖြစ်ပြီး ရန်ကုန်မှာ ဒုတိယလိုက်နေကြောင်း ဦးဝင်းမျိုး သူက ထပ်မံပြောကြားသည်။ “မန္တလေးမှာ ရေအလွန်အကျွံသုံးစွဲလွန်းတော့ မြို့အောက်ဘက်မှာ ဂလိုင်ကြီးလိုလိုဖြစ်နေပြီ။ မန္တလေးမြို့ရဲ့ မြေအနေ အထားအရ အင်္ဂလိပ်လက်ထက်က လေးထပ်ကျော်တဲ့ အဆောက်အအုံဆိုရင် မြေနိမ့်ပိုင်းမှာ မဆောက်ရဘူးလို့ သတ်မှတ် ခဲ့ဖူးတယ်။ အဲဒီလိုမှမလိုက်နာရင် မြေနိမ့်သွားနိုင်လို့ အင်္ဂလိပ်တွေက သတ်မှတ်ခဲ့တယ်ထင်တာပဲ။ အခုတော့ ဘယ်လိုတွေဆောက်နေလဲမသိတော့ဘူး”ဟု ယခင်က မန္တလေးမြို့တော်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူတစ်ဦးကဆိုသည်။
ရန်ကုန်မြို့တော်သို့ ဂျိုးဖြူရေလှောင်ကန်မှ ရေဂါလန် ၂၇သန်း၊ ဖူးကြီးနှင့် လှော်ကား ကန်မှ ရေဂါလန် ၅၈သန်း၊ ငမိုးရိပ်ရေလှောင်ကန် (ပထမအဆင့်)မှ ရေဂါလန် ၄၅သန်းနှင့် အဝီစိတွင်းများမှာ ရေဂါလန် ၁၀ သန်း နေ့စဉ်ရေပေးဝေလျက်ရှိသည်။ မြန်မာနိုင်ငံတွင် မြေအောက်ရေ အရင်းအမြစ်သုံးစွဲမှုနှင့်ပတ်သက်၍ ၂၀၀၁ ခုနှစ်အတွင်း Myanmar Academy of Agriculture, Forestry and Livestock and Fisheries Science ၏ လေ့လာထားချက်အရ မန္တလေးမြို့တွင် ၁၀၀ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်း ဒေသကြီး (အရှေ့ပိုင်း)တွင် ၉၉ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်း ဒေသကြီး (အနောက်ပိုင်း)တွင် ၉၈ ရာခိုင်နှုန်း၊ ကျိုင်းတုံတွင် ၄၁ ရာခိုင်နှုန်း၊ လားရှိုးတွင် ၄၈ ရာခိုင်နှုန်း၊ စစ်ကိုင်းတွင် ၅၅ ရာခိုင်နှုန်းတို့ရှိကြောင်း မြေအောက်ရေ ၄၀ ရာခိုင်နှုန်းထက် ပိုမိုသုံးစွဲပါက အလွန်အကျွံ သုံးစွဲမှုဖြစ်ပေါ်စေကြောင်း အဆိုပါအဖွဲ့၏ သတင်းအချက် အလက်များအရ သိရသည်။
@မြန်မာသတင်းဇုန်

poohcartoon
11-16-2010, 09:42 AM
ဘုရင့်နောင်ပွဲရုံများတွင် ကုန်တင်ယာဉ်များကို ညအိပ်ခွန်တိုးမြှင့်
http://www.news-eleven.com/images/stories/nov10/we/6714.jpg

ဘုရင့်နောင်ရှိ ပွဲရုံများရှေ့တွင် ရပ်နားထားသော ကုန်တင်ယာဉ်များ ကိုတွေ့ရစဉ်
ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ညအိပ်ရပ်နားထားသော ကုန်တင်ယာဉ်ကြီးများကို ကောက်ခံသောညအိပ်ခွန်များ နိုဝင်ဘာ ပထမပတ်အတွင်းက တိုးမြှင့်ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။
"ဘုရင့်နောင်ဝင်းထဲမှာ ညအိပ်ရပ်နားတဲ့ကုန်ကားတွေကို ညအိပ်ခွန် ကောက်ပါတယ်။ အရင်တုန်းကတစ်စီးကို ကျပ် ၆၀၀ ပဲပေးရတာကိုခုဆို ရင်ကျပ် ၁၀၀၀ ထိ တိုးကောက်နေတာတွေ့ရတယ်"ဟုဘုရင့်နောင်ရှိ ယာဉ်မောင်းတစ်ဦးက ပြောပြခဲ့သည်။
"ဘုရင့်နောင်ဝင်းထဲမှာ ညအိပ်ရပ်နားတဲ့ ကုန်တင်ယာဉ်တွေကို ညအိပ်ခွန်ကောက်ခံရာမှာ ည ၁၂ ကျော် မှကောက်ခံရမှာဖြစ်ပါတယ်။ အဲဒါ ကို ည ၁၀နာရီ ကျော်၊ ၁၁ နာရီ လောက်ကတည်းက ညအိပ်ခွန်ဆိုပြီး လိုက်ကောက်နေတာ တွေ့ရတယ်။ ည ၁၁ နာရီကျော်မှ ဘုရင့်နောင်ကနေ ထွက်သွားတဲ့ ကားတွေလည်းရှိပါတယ်။ တချို့ကားတွေကညအိပ် ခွန်မပေးချင်လို့ ည၁၁နာရီ ကျော်လောက်ထွက်တာကိုတောင် လိုက်ကောက်ပါတယ်။ အမှန်ကညအိပ်ခွန်ဆိုတာ ည ၁၂ ကျော်မှ ကောက်ရမှာလေ။ ဒါ့အပြင်စည်ပင်က သတ်မှတ်ထားတဲ့နှုန်းထက် အဲဒီကန်ထရိုက်တွေက ညအိပ်ခွန်တွေ တိုးကောက်ပါတယ်"ဟု ဘုရင့်နောင်ပွဲရုံများမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ဘုရင့်နောင်ပွဲရုံဝန်းအတွင်းရှိ စည်ပင်သာယာရေး ကော်မတီမှ ကောက်ခံခွင့်ပြုထားသော နှုန်းထားများမှာ ၁၀ဘီး၊ ၁၂ဘီးကုန်တင် ယာဉ်တစ်စီးလျှင်ကျပ် ၆၀၀၊ ခြောက်ဘီးယာဉ် တစ်စီးလျှင်ကျပ် ၅၀၀ နှုန်းဖြင့် ည အိပ်ခွန်ကောက်ခံရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း သိရှိရသည်။
@news-eleven.com

poohcartoon
11-16-2010, 04:55 PM
ကျပ် ၅ သိန်းတန် CDMA 450 MHz ဖုန်းများ တစ်နိုင်ငံလုံးသို့ သယ်ဆောင် အသုံးပြုနိုင်ပြီ
http://www.yatanarpon.com.mm/index.php?ch=63&pg=102&ac=1698&bb=img_big
၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ မှစ၍ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ မြို့ကြီးပေါင်း (၁၇၀) ကျော်တွင် ကျပ်ငါးသိန်းဖြင့် မိမိသတ်မှတ် ဧရိယာအတွင်း၌သာ ငှားရမ်းတပ်ဆင် ပြောဆိုခွင့်ပြုခဲ့သော CDMA 450 MHz Fixed Wireless Phone များအား ယခုနှစ် နိုဝင်ဘာလ (၁၄) ရက်မှစ၍ တစ်နိုင်ငံလုံးသို့ သယ်ဆောင် အသုံးပြုခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင် ကြေငြာခဲ့ပါသည်။ အဆိုပါဖုန်းများအား မိမိသတ်မှတ်ဧရိယာတွင် ပြောဆိုပါက တစ်မိနစ်လျှင် ကျပ် (၅၀) နှုန်းဖြစ်ပြီး မိမိဧရိယာ ကျော်လွန် ပြောဆိုလိုပါက တစ်မိနစ်လျှင် ကျပ် (၆၀) နှုန်း ကျသင့်မည် ဖြစ်သည်ဟု ဖော်ပြပါရှိပါသည်။ CDMA 450 MHz အမျိုးအစား တယ်လီဖုန်းများအား ကမ်းရိုးတန်းမိုဘိုင်းဖုန်းများဟု ယခင်က လူသိများခဲ့ပြီး ကျပ် (၁၅) သိန်းဖြင့် ငှားရမ်းတပ်ဆင် ချထားပေးခဲ့ပြီး တစ်နိုင်ငံလုံး သယ်ယူအသုံးပြုခွင့် ပြုခဲ့ပြီး ဖြစ်သည်။
ထို့နောက် Auto တယ်လီဖုန်း တပ်ဆင်ရန် ခက်ခဲပြီး အချိန်ယူ တည်ဆောက်ရန် ခက်ခဲသည့် မြို့နယ်အသီးသီးတွင် ဆက်သွယ်မှု လွယ်ကူစေရန်အတွက် အချိန်တိုအတွင်း တပ်ဆင် တည်ဆောက်နိုင်သည့် CDMA 450 MHz ဖုန်းများအား ဒေသတွင်းသုံး (WLL) (Wireless Local Loop) Fixed Wireless Phone များအဖြစ် ဆက်သွယ်မှု ဧရိယာ ကန့်သတ်၍ ကျပ်ငါးသိန်းဖြင့် ချထားပေးခဲ့ခြင်းဖြစ်ပါသည်။ CDMA 450 စနစ်သည် 450 MHz Spectrum အတွင်းအသုံးပြုထားပြီး Wide Area Converage ဖြစ်၍ High Frequency အသုံးပြုသော GSM စနစ်နှင့် နှိုင်းယှဉ်ပါက ကွန်ရက်တစ်ခု အတွင်း ရေဒီယိုစခန်း အနည်းငယ်ရှိရုံမျှဖြင့် အသုံးပြုနိုင်သဖြင့် အထူးသဖြင့် ကျေးလက်ဒေသများအတွက် ဈေးချိုချိုဖြင့် အသုံးပြုနိုင်သော ဆက်သွယ်မှုစနစ် ဖြစ်ပါသည်။
ထို့အပြင် 3G CDMA မျိုးဆက်ဖြစ်၍ နောင်တွင် EVDO စနစ်ဖြင့် အင်တာနက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ GSM ကွန်ရက်မှာ မြို့ပေါင်း (၈၅) မြို့တွင် လိုင်းအင်အားငါးသိန်းနီးပါးခန့် အသုံးပြုနေပြီး CDMA 450 ကွန်ရက်မှာ စီမံကိန်းပြီးစီးပါက မြို့ပေါင်း (၂၁၅) မြို့တွင် လိုင်းအင်အား (၅၂၄၅၅၀) ခန့် အသုံးပြုနိုင်မည်ဖြစ်၍ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်တွင် အကြီးမားဆုံး၊ အကျယ်ပြန့်ဆုံး မိုဘိုင်းကွန်ရက် ဖြစ်လာဖွယ်ရှိပါသည်။
@yatanarpon.com.mm

poohcartoon
11-17-2010, 08:40 AM
ဧရာဝတီနှင့် ချင်းတွင်းမြစ်များတွင် ရေထုထည်ပမာဏ နည်းပါးမှုကို တစ်နှစ်ထက်တစ်နှစ် ပိုမိုကြုံတွေ့လာရ၊ ဧရာဝတီမြစ်အတွင်း သောင် ဖြစ်ထွန်းမှု ယခင်နှစ်များထက် ကျယ်ပြန့်လာပြီး မြစ်ကြောင်းပြောင်းလဲ မှုပိုမိုသိသာ
http://www.news-eleven.com/images/stories/nov10/bi/3342.jpg

ဧရာဝတီမြစ်ဖျားပိုင်း တစ်နေရာအား နိုဝင်ဘာလဆန်းပိုင်းက ဝေဟင်မှတွေ့ရစဉ်
မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများတွင် ပါဝင်ပြီး ပို့ဆောင်ဆက်သွယ်ရေးအတွက် အားထားရာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် ရေထုထည်ပမာဏ နည်းပါးမှုကို တစ်နှစ်ထက်တစ်နှစ် ပိုမိုကြုံတွေ့လာရပြီး ထုထည်ကြီးမား ကျယ်ပြန့်သော သောင်ထွန်းမှုများလည်း ဖြစ်ပွားလာကြောင်း သတင်းရရှိသည်။
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် အကြောင်းကြောင်းကြောင့် စီးဝင်နိုင်သည့်ရေအား နည်းပါးလာခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် တစ်နှစ်ထက်တစ်နှစ် မြစ်အတွင်းရှိ သင့်သည့် ရေထုထည်ပမာဏထက် လျော့နည်းမှုကို တွေ့ကြုံလာရကြောင်း သိရသည်။
အဆိုပါမြစ်များ၏ မြစ်လက်တက်များတွင် ရေလှောင်ဆည်တမံများ တည်ဆောက်ထားခြင်း၊ မြစ်ဖျားခံ စီးဆင်းရာ ရေဝေရေလဲဒေသများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုများရှိလာခြင်း စသည့် သဘာဝ တရားကြောင့်မဟုတ်သော လူသားများကြောင့်နှင့် မိုးရွာသွန်းမှုနည်းပါးခြင်းစသည့် သဘာဝတရားများကြောင့် မြစ်ထဲသို့စီးဝင်နိုင်သည့် ရေထုထည်မှာ နည်းပါးသွားခဲ့ကြောင်း သိရသည်။
"ဧရာဝတီမြစ်ထဲမှာ ၂၀၀၉ ခုနှစ် ကစပြီး သောင်ဖြစ်တာ သိသာလာ တယ်။ ဒီနှစ်မှာတော့ ပိုသိသာလာ ပါတယ်"ဟု နိုဝင်ဘာလဆန်းက ဧရာဝတီမြစ် အထက်ပိုင်းဒေသသို့ သွားရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။
ဧရာဝတီမြစ်သည် ကီလိုမီတာ ၂၁၇၀ (၁၃၄၈ မိုင်) ရှည်လျားပြီး မြစ်အထက်ပိုင်းဒေသများနှင့်အလယ် ပိုင်းဒေသ၊ အောက်ပိုင်းဒေသတို့ကို ကုန်စည်ပို့ဆောင်ရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ ခရီးသွားလာရေးတို့ အတွက် အဓိကချိတ်ဆက်ပေးသော မြစ်ကြီးဖြစ်ကာ မြစ်ဖြတ်သန်းရာ ဒေသတွင် တည်ရှိသည့်မြို့ကြီးများသည် စီးပွားရေးဖွံ့ဖြိုးသော၊ လူဦးရေများပြားသော မြို့များဖြစ်သည်ဟု သိရသည်။
ဧရာဝတီမြစ်၏ သဘာ၀၀န်းကျင် အပြောင်းအလဲသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ယခင်ထက် ပိုမိုသိသာလာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နှစ်ဦးပိုင်းတွင်လည်း နှစ်စဉ်ကထက် ရေနည်းပါးလာသည့် အရိပ်အယောင်များ ကို တွေ့လာရသည်ဟု သိရှိရသည်။
မြစ်ပတ်ဝန်းကျင်ဒေသများ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အားနည်းမှုများ၊ သစ်ပင်သစ်တောပြုန်းတီးမှု များပြားလာခြင်း၊ မြေဆီလွှာ ပြုန်းတီးခြင်းကြောင့် မြစ်အတွင်းသို့ အနည်အနှစ်ပို့ချမှု များပြားလာကာ မြစ်ကြမ်းပြင်လည်း တိမ်လာသည်ဟု သိရှိရသည်။
"ဧရာဝတီနဲ့ ချင်းတွင်းမှာ ရေ ထုထည် ဘယ်လောက်နည်းသွားလဲ ဆိုတာ အတိအကျပြောနိုင်မယ့် စာရင်းကောက်ယူမှုကို မလုပ်ထား ပေမယ့် သေချာတာက တစ်နှစ်ထက် တစ်နှစ် ရေပမာဏ နည်းလာတယ် ဆိုတာပဲ။ ရေကြောင်းကြပ်ချိန် မဟုတ်ဘဲ ကြပ်နေတာ၊ မိုးရွာပြီး ရေလမ်းကြောင်း မကြပ်သင့်တော့ပေမယ့် ကြပ်နေသေးတာ ဒါတွေကို ကြည့်ရင်သိသာတယ်။ ဒီလို ဖြစ်ရပ်တွေ ပိုစိတ်လာတာကိုတွေ့ရတယ်" ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ခဲ့ပါသည်။
ထိုသို့ ရေထုထည်ပမာဏ နည်းပါးသွားခြင်းနှင့်အတူ ရေမျက်နှာပြင်ကျဉ်းလာမှုများ၊ ရေမြွှာပေါက်များနှင့်အတူ ထုထည်ကြီးမားကျယ် ပြန့်သည့် သောင်ထွန်းမှုများလည်း ဖြစ်ပွားလာကြောင်း သိရှိရပါသည်။
"သောင်ပိုထွန်းလာတာထက် ရှိတဲ့သောင်တွေကြီးလာတာ၊ ကျယ်လာတာကို တွေ့ရပါတယ်။ ထုထည်ကြီးလာတဲ့ သောင်တွေကြောင့် မြစ်ကြောင်းပျက်စီးနိုင်မှုနဲ့ ရေကြောင်းကြပ်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်"ဟု အဆိုပါ တာဝန်ရှိသူက ထပ်မံပြော ပြခဲ့သည်။
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဧရာဝတီနှင့်ချင်းတွင်း မြစ်ကြောင်းဖွံ့ဖြိုးရေးအတွက် မြစ်ကြောင်း ထိန်းသိမ်းမှုလုပ်ငန်းများကို နှစ်စဉ်လုပ်ဆောင်နေသော်လည်း စက်ကိရိ ယာပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ၌ အားနည်းချက်များရှိကြောင်း သိရသည်။
"ဧရာဝတီမြစ်မှာ မြစ်ကြောင်း ကြပ်တာတွေ ပြီးခဲ့တဲ့နှစ်က ကြုံခဲ့ရတယ်။ မနှစ်က မိုးလည်းနည်းခဲ့တော့ မြစ်ရေနည်းတယ်။ မြစ်ကြောင်းပြောင်းလဲလာတာ တော်တော် သိသာလာတယ်။ သောင်တွေ ဖြစ်တာများလာတယ်။ မြစ်အထက်ပိုင်းမှာရော အလယ်ပိုင်းမှာပါ သောင်တွေများလာတယ်။ မြစ်အနေအထားက ဒီဘက်နှစ်တွေမှာ ပိုပြီး ပျက်ယွင်းလာပါတယ်"ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း များ လုပ်ဆောင်နေသူတစ်ဦးက ပြောကြားသည်။
၂၀၁၀ ပြည့်နှစ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် ရေကြီးမှုမရှိခဲ့ဘဲ ရေအရင်းအမြစ် နည်းပါးနိုင်ခြေရှိမှုကိုလည်း ကြုံတွေ့နေရကာ ယခုကဲ့သို့ ခြောက်သွေ့ကာလ စတင်ချိန်တွင်ပင် ရေနည်းပါးမှု၊ သောင်ဖြစ်ထွန်းမှုများ ရှိနေပါက ရေနည်းရာသီအတွင်း ရေကြောင်းကြပ်မှုများကို ကြုံတွေ့နိုင်သည်ဟု မြစ်ကြောင်းဖြင့် ခရီးသွားလာသူအချို့ ၏ ပြောကြားမှုအရ သိရှိရသည်။
ဧရာဝတီမြစ်ဖြတ်သန်းရာ ဒေသတစ်လျှောက်တွင် မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ ပခုက္ကူ၊ အောင်လံ စသော မြို့များ၊ ချင်းတွင်းမြစ်ဖြတ်သန်းရာ တစ်လျှောက်တွင် မုံရွာ၊ ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက် စသော မြို့များ တည်ရှိနေသည်ဟု သိရှိရသည်။
@news-eleven.com

poohcartoon
11-17-2010, 08:42 AM
မသန်စွမ်း ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာနှင့် အကြောအဆစ်များ ပြန်လည် သန်စွမ်းလာစေရန် ရေကုထုံးနည်းဖြင့် ကုသပေးလျက်ရှိ
ဧဒင်မသန်စွမ်းသူများ ပြုစုရေးရိပ်မြုံတွင် မသန်စွမ်းကလေးငယ်များ နှင့် ဥာဏ်ရည်နိမ့်ပါး ကလေးငယ်များကို ရေကုထုံးနည်းဖြင့် ကုသပေးလျက်ရှိပြီး အဆိုပါရေကုထုံးမှာ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ နှင့်အကြောအဆစ်များ ပြန်လည်သန်စွမ်းလာနိုင်ကြောင်း အဆိုပါရိပ်မြုံမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ရေကုထုံးနည်းသည် မသန်စွမ်းကလေးငယ်များ ပြန်လည်ထူထောင်ရေးကဏ္ဍတွင် အကြောအဆစ်ကျွမ်းကျင်သူများမှ အသုံးပြုသော ကုသနည်းတစ်နည်းဖြစ်ကြောင်း၊ မသန်စွမ်းကလေးများသည် မြေပြင်ပေါ်တွင် လှုပ်ရှားသွားလာရာတွင် ခက်ခဲမှုများရှိသော်လည်း ရေထဲတွင် လွတ်လပ်စွာလှုပ်ရှားနိုင်သည့် အတွက် ရေကုထုံးနည်းသည် မသန်စွမ်း ကလေးငယ်များ၏ စိုးရိမ်မှု၊ မူမမှန် သောလှုပ်ရှားမှုများကို ထိန်းချုပ်ရန် ခက်ခဲခြင်းတို့ကို တိုးတက်လာနိုင်ကြောင်း သိရသည်။
"ရေကုထုံးနည်းကတစ်ဆင့် ကလေးငယ်တွေရဲ့သိရှိမှု၊ သဘောပေါက် နားလည်မှုတို့ကို တိုးတက်စေပါတယ်။ ပြီးတော့ရေထဲမှာ ကလေးတွေ စိတ်ဝင်စားနိုင်မယ့် ကစားနည်း တွေ ထည့်သွင်းထားတဲ့အတွက် ပျော်ရွှင်မှုကိုလည်း ပေးနိုင်ပါတယ်။ အဓိက ကတော့မြေပေါ်မှာ မလုပ်နိုင်တဲ့ လှုပ် ရှားမှုတွေကိုရေထဲမှာ လုပ်နိုင်တဲ့ အတွက် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာမှာ တိုးတက်မှုတွေရှိလာတယ်"ဟု ဧဒင် မသန်စွမ်းပြုစုရေး ရိပ်မြုံမှဦးထာအုပ်က ပြောကြားခဲ့ပါသည်။
ရေကုထုံးနည်းဖြင့်သူငယ်နာ အကြောတင်း၊ သွက်ချာပါဒ၊ မွေး ရာပါ ခန္ဓာကိုယ် ချို့ယွင်းမှုများ၊ အရိုးကျိုးခြင်း၊ ဦးခေါင်းပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခြင်း၊ အတက်ရောဂါ၊ ပန်းနာရောဂါ၊ ကြွက်သားလှုပ်ရှားမှု လွန်ကဲသောရောဂါများ၊ ဥာဏ်ရည်နိမ့်ကျ၍ စိတ်အခြေအနေမမှန် ခြင်း၊ အာရုံသိမှုချို့ယွင်းသောရောဂါ၊ အပူလောင်နာများ၊ ပိုလီယိုရောဂါ၊ အာရုံကြောမကြီးနှင့် အာရုံကြောငယ်များ ထိခိုက်မှုကြောင့် ဖြစ်ပေါ်သော ရောဂါများကို ကုသပေးနိုင်ကြောင်း သိရှိရပါသည်။
မသန်စွမ်း ကလေးငယ်များအား ရေကုထုံးဖြင့် ကုသပေးနိုင်ရန်အတွက် အစ္စရေးနိုင်ငံသို့ ဧဒင်မှ မန်နေဂျင်း ဒါရိုက်တာ ဦးထာအုပ်နှင့် နော်မေဖလားဝါးတို့ တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
@news-eleven.com

poohcartoon
11-17-2010, 08:50 AM
အင်ဂျင်နီယာများ ဂေါက်သီးရိုက်ပြိုင်ပွဲ
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း စတုတ္ထအကြိမ် မိတ်ဆုံ ဂေါက်သီးရိုက်ပြိုင်ပွဲကို ၁၉-၁၁-၂၀၁၀ (သောကြာနေ့) (၁၀) နာရီတွင် ရန်ကုန်ဂေါက်ကလပ်(ဒညင်းကုန်း)တွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ရောက်မည့် အင်ဂျင်နီယာများသည် ညစာစားပွဲအတွက် ကျပ်တစ်သောင်းစီကို ကစားသည့်နေ့တွင် ထည့်သွင်း၍ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း၊ Lucky Draw အတွက် လက်ဆောင်များလည်း ထည့်ဝင်နိုင်ပါကြောင်း ပြိုင်ပွဲကျင်းပရေး ဥက္ကဌ ဗိုလ်မှူးကြီး ဥာဏ်ထွန်းဦး(ငြိမ်း)ထံမှ သတင်းရရှိပါသည်။ ဗိုလ်မှူးလှမြင့် (ငြိမ်း) ၀၉-၅၀၀၁၁၂၃၊ ဦးခင်မောင်ထွေး ၀၉-၅၁၀၈၂၀၀၊ ဦးကျော်ကျော်စိုး ၀၉-၅၀၁၀၆၁၂၊ ဦးကျော်စိုးမိုးလွင် ၀၉-၅၁၀၀၅၁၂၊ ဦးဦးမောင် ၀၉-၅၀၂၂၇၆၁၊ ဦးအောင်ကိုးရွှေ ၀၉-၅၁၄၆၇၂၅သို့ စုံစမ်းနိုင်ပါသည်။
@မြန်မ်ာသတင်းရပ်ဝန်း

စပိုင်ချစ်သူ
11-17-2010, 10:57 AM
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း


အသိအမှတ်ပြုစာမေးပွဲများကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းအသိအမှတ်ပြုစာမေးပွဲများကို ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် တပြိုင်နက် ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။ မြန်မာ နိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသော ကျောင်းသူ/ ကျောင်းသားများ၊ အသင်းဝင်များအတွက် အရည်အချင်းကို အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော စာမေးပွဲ များဖြစ်သည်။

အဆိုပါစာမေးပွဲများသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာ များနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင် နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ရောက်မည်ဖြစ်သည်။

စာမေးပွဲအမျိုးအစား

(1) MCPA Certified Fundamental Software Engineer (FSE) စာမေးပွဲကြေး ၅ဝဝဝ ကျပ်

(2) MCPA Certified Software Engineer (SE) စာမေးပွဲကြေး ၁ဝဝဝဝ ကျပ်

(3) MCPA Certified Network Associate (NA) စာမေးပွဲကြေး ၅ဝဝဝ ကျပ်

(4) MCPA Certified Network Professional (NP) စာမေးပွဲကြေး ၁ဝဝဝဝ ကျပ်

ü စာမေးပွဲကျင်းပမည့်နေ့ - ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၉) ရက် (တနင်္ဂနွေနေ့)

ü စာမေးပွဲပြုလုပ်မည့်အချိန် - နံနက် (၉း၀၀) နာရီမှ နေ့လည် (၁၂း၀၀) နာရီအထိ

ü နောက်ဆုံးစာရင်းပေးသွင်းရမည့်နေ့ - ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၅) ရက် (ဗုဒ္ဓဟူးနေ့)

ü စာမေးပွဲကျင်းပမည့်နေရာ - Function Hall (2), မြန်မာအင်ဖိုတက်ခ်, လှိုင်တက္ကသိုလ်နယ်မြေ ၊ ရန်ကုန်။

မှတ်ချက်။ ။ MCPA အသင်းဝင်များအား ၁ဝ% Discount ပေးပါမည်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖို တက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် ၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

poohcartoon
11-17-2010, 06:36 PM
မြန်မာမှ သြစတြေးလျသို့ အလုပ်ဗီဇာဖြင့် သွားမည့်သူများအတွက် လူဝင်မှုကြီးကြပ်ရေး မူဝါဒသစ်ကို ၂၀၁၁ ခုနှစ်တွင် စတင်ကျင့်သုံးမည်
မြန်မာနိုင်ငံမှ သြစတြေးလျသို့ အလုပ်ဗီဇာ (Skill Migration)ဖြင့် ထွက်ခွာမည့်သူများအတွက် သြစတြေးလျ၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒသစ်ကို ၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း သြစတြေးလျ၏ Department of Immigration and Citizenship ၏ နိုဝင်ဘာလ ၁၁ ရက်နေ့ သတင်းထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရပါသည်။
ယခုအခါ သြစတြေးလျနိုင်ငံ အနေဖြင့် ကျွမ်းကျင်အလုပ်သမား နေရာများအတွက် အမှန်တကယ် အရည်အသွေးရှိပြီး အင်္ဂလိပ်စာသတ်မှတ်ချက် ပြည့်မီမှုရှိသူများကိုသာ ရွေးချယ်လိုသည့်အတွက် ပွိုင့်စနစ်များဖြင့် အမှတ်ပေးရာတွင် မူလရှိထားသည်ထက် တိုးမြှင့်လိုက်ခြင်းဖြစ်သည်ဟု သြစတြေးလျရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် တရားဝင်ချိတ်ဆက်ထားသော Crown Education မှ Chief Consultant ဦးအောင်ကျော်ဆန်းက ပြောကြားခဲ့ပါသည်။
ယင်းမူဝါသစ်တွင် သြစတြေးလျသို့ Skill Immigration ဖြင့် ဗီဇာလျှောက်ထားမည့် သူတိုင်းအား ပွိုင့်စနစ်ဖြင့် အမှတ်ပေးသွားမည့်အပြင် လုပ်ငန်းအတွေ့အကြုံ ရှိသူများအား ဦးစားပေးခြင်း၊ ရရှိခဲ့သောဘွဲ့များနှင့် ပတ်သက်၍ ပွိုင့်ပေးခြင်းများပါဝင်မည့်အပြင် အင်္ဂလိပ်စာ အရည်အချင်းစစ် လက်မှတ် IELTS 7 နှင့်အထက်ရရှိမှသာ အမှတ်ရရှိမည်ဖြစ်သည်ကိုလည်း တွေ့ရသည်။
"အဲဒီ ပွိုင့်စနစ်သစ်မှာ သြစတြေးလျက ဒီပလိုမာလောက်နဲ့ ပြည်ပနိုင်ငံတွေက မာစတာ၊ ဒီဂရီတွေကို ယှဉ်ပြီးပွိုင့်ပေးတာတောင် ထူးခြားချက်တွေ တွေ့ခဲ့ရပါတယ်။ လောလောဆယ် သြစတြေးလျကို ကျောင်းသွား တက်မယ့်မြန်မာတွေအပေါ်တိုက်ရိုက် သက်ရောက်မှု မရှိသေးပေမယ့် ဒီနိုင်ငံကို ရွေးချယ်တော့မယ်ဆိုတာနဲ့ ဒီနိုင်ငံမှာ ကျောင်းပြီးရင် အလုပ်ရဖို့ ချမှတ်ထားတဲ့ မူဝါဒတွေကို သေချာစွာ လေ့လာသွားသင့်ပါတယ်"ဟု ဦးအောင်ကျော်ဆန်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ထို့ပြင် အသစ်ပြဋ္ဌာန်းသွားမည့် မူဝါဒသစ်တွင် Skill Migration ဗီဇာ လျှောက်ထားမည့်သူများထဲမှ အသက် ၂၅ မှ ၃၂ နှစ်အရွယ် ဖြစ်ပါက ပွိုင့်အမှတ်အများဆုံး ရရှိမည် ဖြစ်ပြီး IELTS 6 ရရှိသော်လည်း ပွိုင့်အနေဖြင့် သုညသာရရှိမည်ဖြစ်သည်။ ယင်းမှာ လက်ရှိ သြစတြေးလျ၌ ကျောင်းတက်နေသူများနှင့် မကြာမီ သွားရောက်မည့်သူများအတွက် သတိပြုစရာအချက်ပင် ဖြစ်သည်ကို သြစတြေးလျ ပညာရေးနှင့် အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူကအသိပေး ပြောကြားခဲ့ပါသည်။
@news-eleven.com

poohcartoon
11-17-2010, 06:45 PM
ရေငန်ငါးခြောက် ဈေးကွက်အတွင်း အ၀င်နောက်ကျသော်လည်း လတ်တလောတွင် ပုံမှန်ဝင်ရောက်မှု ရှိနေ
http://www.news-eleven.com/images/stories/nov10/bi/3347.jpg
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် စီးပွားရေးဇုန်အတွင်းရှိ ငါးခြောက်ပွဲရုံများသို့ ရေငန်ငါးခြောက်များ အ၀င်နောက်ကျသော်လည်း လတ်တလောတွင်ပွဲရုံများသို့ ငါးခြောက်အ၀င်ပုံမှန်ရှိနေပြီး အရောင်း အ၀ယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
"ရခိုင်မှာ ဂီရိမုန်တိုင်းထိတဲ့အတွက် ဘုရင့်နောင်ပွဲရုံတွေကို ငါးခြောက် အ၀င်နောက်ကျပေမယ့် အခုလက်ရှိမှာတော့ ပုံမှန်ဝင်ရောက်မှုရှိနေပြီး အရောင်းအ၀ယ်လည်း ပုံမှန်ရှိနေပါတယ်။ ဈေးနှုန်းကလည်း အ ရင်နဲ့သိပ်မကွာပါဘူး။ ဘုရင့်နောင် ပွဲရုံတွေကိုဝင်လာတဲ့ ကုန်စည်တွေထဲမှာ ရွာသာကြီးငါးဇုံ(သာကေတ) ငါးခြောက်တွေက တခြားငါးတွေထက်ဈေးပိုမြင့်ပါတယ်။ မြစ်ဝကျွန်းပေါ်ကလည်း ငါးခြောက်တွေ ပုံမှန် ၀င်ရောက်မှုရှိပါတယ်"ဟု ရေထွက် ကုန်ပစ္စည်းမျိုးစုံရောင်းဝယ်ရေးပွဲရုံတစ် ခုမှတာဝန်ရှိသူက ရှင်းပြခဲ့သည်။
ပွဲရုံများသို့ ကလိန်၊ ငါးကွမ်း ရှပ်၊ ငါးတံခွန်မျှင်းကြီး၊ ငါးတံခွန် လုံး၊ ငါးနှပ်ချို၊ ငါးနှပ်ငံ၊ ငါးပုတ် သင်၊ ငါးမန်းသားတွဲ၊ ငါးရောင်ကြီး ငါးရောင်လတ်၊ ဆီငါးရောင်၊ ငါး ရွှေကြီး၊ ငါးရွှေသေး၊ ငါမြီးတံသွယ် ငါးဘူးစိစသည့် ငါးများဝင်ရောက်မှု ရှိကြောင်းသိရသည်။ ရေငန်ငါးခြောက်များသည် တန်ဆောင်မုန်း လပြည့်ကျော်သည်နှင့် ယခုထက်ပိုမိုကာ ဆက်တိုက် ၀င်ရောက်လာနိုင်ပြီး ဈေးနှုန်းလည်း အနည်းငယ်ကျလာနိုင်ကြောင်း သိရှိရပါသည်။
"ရေချိုငါးခြောက်က ရေငန်ငါး ခြောက်ထက် ဈေးကွက်ထဲကိုအ၀င် စောပြီးရောက်လေ့ရှိပေမယ့် ဒီနှစ်မှာ တော့ ရေငန်ငါးခြောက်က စောပြီး ၀င်တယ်။ အခုနိုဝင်ဘာလ ဒုတိယပတ်လောက်ကစပြီး ရေချိုငါးခြောက်တွေလည်း ပွဲရုံတွေကိုဝင်ရောက်လာ ပါပြီ။ အရမ်းပေါပေါသီသီ မ၀င်ရောက်သေးပေမယ့် ဒီလကုန်လောက် ဆိုရင်တော့ ရေငန်နည်းတူ ရေချိုငါးခြောက်တွေလည်း ပေါပေါများများ ၀င်လာမယ်လို့ခန့်မှန်းမိပါတယ်။ ရာသီဥတုက အရင်နှစ်တွေနဲ့မတူ တော့ ဘယ်လောက်အ၀င်ရှိနိုင်တယ် ဆိုတာကို ကျိန်းသေခန့်မှန်းဖို့ ခက်ပါတယ်"ဟု ငါးခြောက်ပွဲရုံတစ်ခုမှ ဆိုပါသည်။
ပွဲရုံများသို့ ငါးခြောက်ဝင်ရောက်မှုမှာ တန်ခူးလကုန်သည်နှင့် ၀င်ရောက်မှုလျော့နည်းလေ့ရှိကာ ယင်းကာလနောက်ပိုင်းတွင် နေလှန်း ငါးခြောက်ထက် ကြပ်တင်ငါးခြောက်များ ၀င်ရောက်မှုများကြောင်း သိရှိရပါသည်။
@news-eleven.com

poohcartoon
11-17-2010, 06:50 PM
မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ အောက်သာ ကျန်ရှိတော့၍ သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများ ပြုလုပ်သွားမည်
http://www.news-eleven.com/images/stories/nov10/bi/33411.jpg
ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် ထိန်းသိမ်းထားသော ကျားတစ်ကောင်အား တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ ၀န်းကျင်အောက်သာ ကျန်ရှိတော့ကြောင်း၊ ထို့ကြောင့် သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများကို သစ်တောရေးရာဝန်ကြီးဌာန အနေဖြင့် ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ကျားအများဆုံး ရှိရာဒေသသည် ၂၀၁၀ ပြည့်နှစ် နှစ်လယ်ပိုင်းအတွင်းက ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေ ဖြစ်ပြီး အခြားကျား ထိန်းသိမ်းရေး နေရာများဖြစ်သည့် တမံသီဘေးမဲ့တောနှင့် တနင်္သာရီ သဘာဝကြိုးဝိုင်းတွင်လည်း ကျားမျိုးစိတ်အချို့ ကျန်ရှိနေသေးကြောင်း သိရှိရသည်။
သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက "မြန်မာနိုင်ငံမှာ ကျားထိန်းသိမ်းရေးကို WCS အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ကျားထိန်းသိမ်းမှုတွေ ပြုလုပ်နေသလို နည်းပညာအသုံးပြုပြီး ကျားထိန်းသိမ်းရေးနယ်မြေတွေမှာ ကျားခြေရာတွေကို GPSS စနစ်နဲ့မှတ်တမ်းတင်တာမျိုးတွေ ပြုလုပ်လျက်ရှိပါတယ်။ ပြီးတော့ ကျားမစင်လို့ယူဆရတဲ့ တိရစ္ဆာန်မစင်တွေကိုလည်း DNA နည်းနဲ့ ဓာတ်ခွဲခန်းတွေမှာ ဓာတ်ခွဲပြီး မျိုးစိတ်လေ့လာမှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ ထောင်ခြောက်ကင်မရာတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ပြီး ကျားကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမျှင်တွေ နဲ့အစင်းတွေအပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်မှုတွေ ပြုလုပ်နေပါတယ်။ ဆက်လက်ပြီးလည်း သိပ္ပံနည်းကျ စာရင်းကောက်ယူမှုတွေကို ဆက်လက်ပြုလုပ်သွာဖို့ အစီအစဉ်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ကျားမျိုးစိတ် ၂မျိုးသာ ကျန်ရှိတော့ပြီး ဘင်္ဂလားကျားနှင့် အင်ဒိုချိုင်းနားကျား မျိုးစိတ်တို့သာ ကျန်ရှိတော့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဖြစ်သည့် ဟူးကောင်း ကျားထိန်းသိမ်းရေး နယ်မြေတွင်လည်း ကျားကောင်ရေ ၅၀ ၀န်းကျင်သာ ကျန်ရှိတော့ကြောင်း၊ ကျားမျိုးများ လျော့နည်း လာရခြင်းမှာ ကျားနေထိုင်ရန် သစ်တောများပြုန်းတီးလာခြင်း၊ ရာသီဥတု အခြေအနေနှင့် အမဲလိုက်ခံရခြင်းများကြောင့်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တစ်ဦး ကေ ပြာကြားခဲ့သည်။
@news-eleven.com

poohcartoon
11-17-2010, 06:54 PM
တစ်နိုင်ငံလုံး သယ်ဆောင် အသုံးပြုနိုင်သည့် နေပြည်တော် ငါးသိန်းတန်ဖုန်းများကို နိုဝင်ဘာလအတွင်း ရန်ကုန်မြို့တွင် စတင်ချထားပေးမည်
တစ်နိုင်ငံလုံး သယ်ဆောင် အသုံးပြုနိုင်သည့် နေပြည်တော် ငါးသိန်းတန်ဖုန်း(CDMA-450) ဖုန်း များကို နိုဝင်ဘာလအတွင်း ရန်ကုန် မြို့၌စတင်ချထားပေးနိုင်ရန် စီစဉ် လျက်ရှိကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ငါးသိန်းဖုန်း(CDMA-800) များကို ယခုနှစ်နှစ်ဆန်းပိုင်း၌ စတင်ချထား ပေးခဲ့ပြီး အဆိုပါဖုန်းများသည် ရန်ကုန်တိုင်းအတွင်းသာ အသုံးပြုနိုင်သည့် ငါးသိန်းဖုန်းများဖြစ်သည်။
အလားတူ နေပြည်တော်၌လည်း မြန်မာတစ်နိုင်ငံလုံး အသုံးပြုနိုင်သည့် ငါးသိန်းဖုန်း(CDMA-450) ဖုန်းများကို ချထားပေးခဲ့ရာ ယင်းနေပြည်တော်တွင် ချပေးခဲ့သည့်ငါးသိန်းတန် CDMA-450 ဖုန်းများအား ယခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးပြောဆိုနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါဖုန်းများကို ရန်ကုန်မြို့ရှိ ဖုန်းသုံးစွဲသူများမှ နေပြည်တော်သို့ လျှောက်ထားမှုများ ရှိခဲ့သည်။ ထို့ကြောင့် နေပြည်တော်ငါးသိန်း ဖုန်းများကို ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ပါ ယခုလအတွင်းချထား ပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။
နေပြည်တော် ငါးသိန်းတန် ဖုန်းများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ သယ်ဆောင်အသုံးပြုမည်ဆိုပါက တစ်မိနစ်လျှင် ငွေကျပ် ၆၀ နှုန်းဖြင့် ပေးဆောင်ရခြင်းဖြစ်ပြီး ရန်ကုန်မြို့၌ချထားပေးမည့် တစ်နိုင်ငံ လုံးအသုံးပြုနိုင်သည့် ငါးသိန်းဖုန်းများ၌မူ တစ်မိနစ်လျှင် ၅၀ ကျပ် နှုန်းဖြင့်သာ ပေးဆောင်ရဖွယ်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ကျောက်မျက်ပွဲကာလအတွင်း နေပြည်တော်တွင် ပြပွဲလာရောက်ကြမည့် ဒေသတွင်းနိုင်ငံအချို့မှ GSM ဖုန်းများကို နေပြည်တော်၌ ယူဆောင်အသုံးပြုခွင့် ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။ ယခင်က ပြည်တွင်း၌ အသုံးပြုနေသော GSM ဖုန်းများကို ပြည်နယ်နှင့်တိုင်း အသီးသီးရှိ မြို့ကြီးများအပါအ၀င် မြို့ ၅၀ ကျော်တွင် အသုံးပြုနိုင်သော်လည်း ယခု နိုဝင်ဘာလအတွင်း နေပြည်တော်၌ ယူဆောင် အသုံးပြုခွင့်ရနေပြီ ဖြစ် ကြောင်း သိရသည်။
နေပြည်တော်၌ ချထားပေးလျက်ရှိသည့် ငါးသိန်းတန် ကမ်းရိုးတန်းဖုန်းများကို ပိုမိုစိတ်ဝင်စားမှုများ ရှိနေသောကြောင့် ရန်ကုန်မြို့၌ ချထားပေးနေသည့် ငါးသိန်းဖုန်းများ၏ ၀ယ်လိုအားမှာ အနည်းငယ် လျော့ကျသွားခဲ့ကြောင်း သိရသည်။
@news-eleven.com

poohcartoon
11-17-2010, 06:56 PM
သီရိမင်္ဂလာဈေးမှ ဖရဲသီးဒိုင်အများစု နီးစပ်ရာ ရပ်ကွက်ဈေးများသို့ ပြောင်းရွှေ့ဖွင့်လှစ်
http://www.news-eleven.com/images/stories/nov10/bi/3348.jpg
သီရိမင်္ဂလာဈေးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဖရဲသီးဒိုင်အများစုသည် နီးစပ်ရာရပ်ကွက်ရှိ ဈေးများသို့ ပြောင်းရွှေ့ဖွင့်လှစ်မှုများ ပြုလုပ်လာကြောင်း ဖရဲသီးဒိုင်များမှ စုံစမ်းသိရှိရသည်။
ဖရဲသီးဒိုင်အများစုမှာ သီရိမင်္ဂလာဈေး ပြောင်းရွှေ့ဖွင့်လှစ်ချိန်မှ စတင်၍ ဈေးအရှေ့ဘက် ကမ်းနားလမ်းတွင် ဒိုင်များအဖြစ် ဆိုင်ခန်းများဖွင့်လှစ် ရောင်းချမှုများရှိခဲ့ပြီး နီးစပ်ရာရပ်ကွက်များသို့ အောက်တိုဘာလကုန်မှစတင်၍ ဆိုင်ခန်းပြောင်းလဲမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
"ကျွန်တော်တို့ ဖရဲသီးလက်ကားဒိုင် အများစုက သီရိမင်္ဂလာဈေးမှာ ပဲဖွင့်လှစ်ရောင်းချမှုရှိတာပါ။ ပြီးခဲ့တဲ့ ဇွန်လလောက်ကစပြီး ဈေးအပြောင်းအရွေ့သတင်းကြောင့် အရောင်းအ၀ယ်က ပါးလာတယ်။ခုချိန်မှာလည်း ဖရဲသီးကရာသီချိန်မဟုတ်တဲ့အတွက် အ၀င်နည်းပြီး အရောင်းအ၀ယ်ပါး တယ်။ ဒီတော့ရောင်းရတာနဲ့ ဆိုင် ခန်းငှားရမ်းခက မကိုက်တော့ဘူး။ ဒါကြောင့် ဆိုင်ခန်းပြန်အပ်ပြီး ဆိုင် ဖွင့်လှစ်လို့အဆင်ပြေမယ့်နေရာတွေ မှာ ပြောင်းရွှေ့ဖွင့်လှစ်ကြတယ်။ ကျွန်တော်တို့နေတာက မြောက်ဥက္ကလာမှာ ဖြစ်တဲ့အတွက် မြောက်ဥက္ကလာ-၂ ရပ်ကွက်ဈေးမှာပဲ ဆိုင်ပြန်ဖွင့်ပြီးရောင်းတယ်။ တချို့လည်း လှိုင်သာယာ၊ ဘုရားလမ်းတို့ ကိုယ်နေတဲ့နေရာတွေမှာပဲ ဆိုင်ပြန်ဖွင့်ကြ တယ်။ သီရိမင်္ဂလာဈေးကနေ ဈေးသစ်ကိုပြောင်းရင်တော့ ဈေးသစ်မှာ ပြန်ပြောင်းဖွင့်ဖြစ်မလား မပြောတတ်ဘူး။ အခုတော့ သီရိမင်္ဂလာဈေး ဖရဲသီးတန်းမှာ ဖရဲသီးဒိုင်တချို့ပဲ ကျန်တော့တယ်"ဟု သီရိမင်္ဂလာဈေးမှ ၂ ရပ်ကွက်ဈေးသို့ ဖရဲသီးဆိုင်ပြောင်းရွေ့ ဖွင့်လှစ်ရောင်းချသူဦးအေးသိန်း က ပြောပြခဲ့သည်။
လက်ရှိဈေးကွက်အတွင်း ဖရဲသီးများ ၀င်ရောက်မှုနည်းသောကြောင့် ဈေးမြင့်လျက်ရှိပြီး ဖရဲသီးတစ်လုံးလျှင် ပုံမှန်ဈေးနှုန်း ကျပ် ၅၀၀ ၀န်းကျင်သာရှိသည့် အသီးများ မှာကျပ် ၁၅၀၀ ဈေးနှုန်းထိ ဈေးမြင့်လျက်ရှိကြောင်း သိရသည်။"အခုချိန်က ဖရဲသီးအ၀င်လည်းနည်း၊ နောက်မူဆယ်ကနေ တရုတ်ကိုလည်း တင်ပို့နေတာမို့လို့ ပစ္စည်းပြတ်ပြီး ဈေးတက်နေတာပါ။ မူဆယ်လမ်းကြောင်း မပွင့်ရင်တော့ အသီးတွေ ဒီဘက်ဈေးကွက်ပဲ ပို့ကြမှာဖြစ်လို့ ပုံမှန်အသီးဝင်ရောက်မှုများတဲ့ ဖရဲသီးရာသီချိန် ဖေဖော်ဝါရီလမတိုင်ခင် ဈေးပြန်ကျနိုင်ပါတယ်"ဟု ၎င်းက ထပ်မံပြောပြခဲ့သည်။
@news-eleven.com

poohcartoon
11-17-2010, 07:02 PM
သြဂုတ်လကုန်ပိုင်းက အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သည့် အဆောက်အအုံများကို မကြာမီ ဖြိုဖျက်တော့မည်
http://www.news-eleven.com/images/stories/nov10/bi/3349.jpg
ရန်ကုန်တိုင်း ဒေသကြီးအတွင်း သြဂုတ်လကုန်ပိုင်းက အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သည့် အဆောက်အအုံများတွင် နေထိုင်သူများကို ယခုလ ၁၅ ရက်နေ့တွင် အပြီး ပြောင်းရွှေ့ပေးရန် သက်ဆိုင်ရာမှ ညွှန်ကြားထားပြီး ယင်းအဆောက် အအုံများကို မကြာမီဖြိုဖျက်တော့မည် ဖြစ်ကြောင်း အန္တရာယ်ရှိ အဆောက်အအုံများမှ ပြောင်းရွှေ့ပေးရမည့်သူ အချို့ထံမှ စုံစမ်း သိရှိရသည်။
သြဂုတ်လကုန်ပိုင်းတွင် အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သည့် အဆောက်အအုံများမှာ စုစုပေါင်း ၁၅ လုံးဖြစ်ပြီး အဆိုပါအဆောက် အအုံများမှာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်တွင်နှစ်လုံး၊ ပန်းဘဲတန်းမြို့နယ်တွင် သုံးလုံး၊ လသာမြို့နယ်တွင် နှစ်လုံး၊ လမ်းမတော်မြို့နယ်တွင်တစ်လုံး၊ ပုစွန် တောင်မြို့နယ်တွင် တစ်လုံး၊ အလုံ မြို့နယ်တွင်တစ်လုံး၊ တာမွေမြို့နယ် တွင်တစ်လုံး၊ ဗဟန်းမြို့နယ်တွင် တစ်လုံးနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် တို့တွင်သုံးလုံးတို့ဖြစ်ကြောင်း သိရှိရသည်။ ယင်းအဆောက်အအုံများ တွင် နေထိုင်သူများအနေဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့နောက်ဆုံး သက်ဆိုင်ရာသို့ အဆောက်အအုံသော့များ အပ်နှံ၍ အပြီးပြောင်းရွှေ့ပေးရမည် ဖြစ်ပြီး ပြောင်းရွှေ့ပြီးပါက အဆိုပါ အဆောက်အအုံများကို ဖြိုဖျက်ကာ ကန်ထရိုက်တိုက်များအဖြစ် ပြန်လည် ဆောက်လုပ်သွားမည်ဟုသိရသည်။
"ကျွန်တော်တို့ အဆောက်အအုံကနေ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အပြီးပြောင်းပေးရမှာပါ။ အဲဒီနေ့မှာ သက်ဆိုင်ရာကိုသော့တွေလာအပ်နှံဖို့ ကိုလည်း အသိပေးထားပါတယ်။ ကျွန်တော်တို့ ဒီကနေ ပြောင်းပြီး သိပ်မကြာခင်မှာ ဒီအဆောက်အအုံတွေကို ဖြိုဖျက်တော့မယ်လို့ သိရပါတယ်။ ဒီအဆောက်အအုံတွေကို ဖြိုဖျက်ပြီးရင် လူနေကန်ထရိုက်တိုက်တွေအဖြစ် ပြန်ဆောက်လုပ်မှာပါ။ ဆောက်လုပ်ချိန်ကတော့ တစ်နှစ်ကျော်လောက် ကြာမယ်လို့ သိရပါ တယ်။ ဆောက်ပြီးရင် ကျွန်တော် တို့က အခန်းတစ်ခန်း ပြန်ရမှာပါ။ ဒါပေမယ့် အခုလောလောဆယ်တော့ ကျွန်တော်တို့ တခြားနေရာ မှာ တိုက်ခန်းငှားနေရပါတယ်"ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ အန္တရာယ်ရှိ အဆောက်အအုံတစ်ခုမှ ပြောင်းရွှေ့ခဲ့ရသူတစ်ဦးက ပြောပြ ခဲ့သည်။
အန္တရာယ်ရှိ အဆောက်အအုံများကိုဖြိုဖျက်၍ လူနေကန်ထရိုက်တိုက်များအဖြစ် ပြန်လည်ဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေး ကုမ္ပဏီအသီးသီးမှ ကန်ထရိုက်ရရှိခဲ့ကြကြောင်း သိရသည်။
"ကျွန်မတို့နေတဲ့ အဆောက်အအုံကိုတော့ အန္တရာယ်ရှိအဖြစ် ကြေညာပြီးချင်းမှာ သက်ဆိုင်ရာက ကန်ထရိုက်နဲ့ညှိခိုင်းပါတယ်။ ကန်ထရိုက်က ဒီအဆောက်အအုံကို ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်မယ်၊ ပြန်ဆောက်မယ့်အချိန်က ဘယ်လောက်ကြာမယ်၊ ဆောက်ပြီးရင် ကိုယ့်နေတဲ့အခန်းနေရာမှာပဲ ကိုယ်ပြန်ရမယ်ဆိုတာမျိုးပါ" ဟု ပန်းဘဲတန်းမြို့နယ်မှအန္တရာယ် ရှိအဖြစ် သတ်မှတ်ခံခဲ့ရသည့် အဆောက်အအုံတစ်ခုတွင် နေထိုင်သူတစ်ဦး ပြောပြခဲ့သည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အဆောက်အအုံ ၂၅ လုံးကို အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့ပြီး ယင်းတို့ကိုဖြိုဖျက်၍ ကန်ထရိုက်တိုက်များအဖြစ် ဆောက်လုပ်လျက်ရှိသည်။
@news-elevenc.om

poohcartoon
11-17-2010, 07:06 PM
ယခုနှစ် ဆားကြမ်းထုတ်လုပ်မှု ယခင်နှစ်ကထက် တစ်ဝက်နီးပါး လျော့ကျဖွယ်ရှိနေ
http://www.news-eleven.com/images/stories/nov10/bi/3346.jpg
ဆားကြမ်းဈေး ကျဆင်းမှုကို လိုက်၍ ယခုနှစ် ဆားထုတ်လုပ်နိုင်မှုမှာ ယခင်နှစ်ကထက် တစ်ဝက်နီးပါးအထိပင် လျော့ကျနိုင်ဖွယ် ရှိနေသည်ဟု ဆားထုတ်လုပ်သူများက ဆိုသည်။
ယခုအချိန်ထိ ဆားထုတ်လုပ် ရန် လိုင်စင်လျှောက်ထားမှုမှာလည်း ဆားတိုက်နယ်အများစုတွင် ၆၀ ရာ ခိုင်နှုန်းဝန်းကျင်သာရှိနေသေးသည် ဟုလည်း သတင်းရရှိပါသည်။
"ကျွန်တော်တို့တိုက်နယ်မှာ ဆားထုတ်တာက ၉၆ ဦးရှိတယ် လိုင်စင်လျှောက်ထားတာက ၆၀ ၀န်းကျင်ဆိုတော့ ၆၀ ရာခိုင်နှုန်းဝန်း ကျင်ပဲရှိသေးတယ်"ဟု သက္ကယ်သောင် ဆားတိုက်နယ်မှ ဆားထုတ် တောင်သူတစ်ဦးက ရှင်းပြခဲ့သည်။
"ကျွန်တော့်တိုက်နယ်မှာ ဆားထုတ်လုပ်တဲ့ ဦးရေက ၁၈၀ လောက် ရှိပါတယ်။ လိုင်စင်တင်ထုတ်သွားတာက ၁၂၀ ၀န်းကျင်ပဲရှိပါသေး တယ်။ ၇၀ ရာခိုင်နှုန်းလောက်တော့ ရှိပါတယ်"ဟု သင်္ကန်းကုန်းတိုက် နယ်မှ တာဝန်ရှိသူတစ်ဦးပြောကြား ခဲ့သည်။
"ကျွန်တော်တို့ တိုက်နယ်မှာ ဆားထုတ်လုပ်တဲ့ဦးရေက ၁၂၀ ရှိတယ်။ ဒီနှစ်လိုင်စင် လျှောက်ထားတာက အခုအချိန်ထိ ၇၀ ဆိုတော့ ၆၀ ရာခိုင်နှုန်းလောက်ပဲလို့ပြောရ မှာပေါ့"ဟု လပွတ္တာမြို့နယ် ရှိဆား တောင်သူတစ်ဦးကဆိုသည်။
ဆားဈေးကျဆင်းမှုကြောင့် ယခုကဲ့သို့ ဆားထုတ်လုပ်မှု လျော့ကျမည့် အနေအထားကြုံတွေ့နေရခြင်း ဖြစ်သည်ဟုလည်း ဆားတောင်သူများက သုံးသပ်ပြောကြားခဲ့သည်။
"ကျွန်တော်တို့ ဆားကွင်းတစ်ကြောမှာ ဆားကွင်း ၁၀ကွင်းလောက် ရှိတယ်။ အခုပြင်ဆင်နေတာက တစ်ဝက်လောက်ပဲရှိသေးတယ်။ ကွင်းသေးသမားတွေ မလုပ်ကြသေးဘူး။ လုပ်ငန်းမစကြသေးဘူး။ ဆားဈေး ကျလို့ မလုပ်ကြတဲ့သဘောပါ။ ဆားဈေးက အခုတစ် ပိဿာ ၃၀ ကျပ် ကနေ ၃၅ ကျပ်ကြားထဲမှာရှိတယ်။ ထုတ်လုပ်စရိတ်က တစ်ပိဿာကို ၃၅ ကျပ်ကနေ ကျပ် ၆၀ လောက် ကုန်တယ်ဆိုတော့ မကိုက်တဲ့အတွက် လုပ်ဖို့တွန့်နေကြတာပါ"ဟု ဆားတောင်သူတစ်ဦးကလည်း ရှင်းပြခဲ့သည်။
"ကျွန်တော့်မှာ ဆားပိဿာချိန် နှစ်သိန်းလောက် ဂိုဒေါင်ထဲမှာကျန်သေးတယ်။ ဒါကို ရောင်းရင် ကျပ် သိန်း ၆၀ လောက်ရမယ်။ ဒီငွေနဲ့ ဆားထုတ်မယ်ဆိုရင် ဆားပိဿာချိန် ၂ သိန်းပြန်ရဖို့ မသေချာဘူး။ ရာသီဖျက်တာ ရှိနိုင်တဲ့အတွက်ပါ။ ပြီးတော့ ကျွန်တော်ဆားထုတ်မယ် ဆိုရင် ပုံမှန်ရာသီကောင်းတယ်ဆိုရင် ကျွန်တော့်ကွင်းက တစ်ပိဿာ ကို ထုတ်လုပ်စရိတ်က ကျပ် ၄၀ ကျော်ရှိတယ်။ ဒီတော့ ဆားပြန်ရတယ်ဆိုရင်တောင်မှ ရှုံးနေသေးတယ်လေ"ဟု ဆားတောင်သူတစ်ဦးကလည်း တွက်ချက်ပြောကြားခဲ့သည်။
"တစ်ကယ်ဆိုရင် စက်တင်ဘာလ၊ အောက်တိုဘာလကတည်းက ဆားထုတ်ဖို့ ပြင်ဆင်ကြတာ။ အခု နိုဝင်ဘာလရောက်နေပြီ ပြင်ဆင်တဲ့ သူကနည်းလွန်းတယ်လို့ ပြောရမယ်။ ဂိုဒေါင်ထဲက ဆားရောင်းပြီး ထုတ်လည်း ရှုံးမယ်၊ ဆားပေးယူပြီးလုပ်လည်း ရှုံးမယ့်အနေအထားဆိုတော့ လုပ်တဲ့သူနည်းသွားတာပေါ့။ ဆားပေးက အခုတစ်ပိဿာကို ကျပ် ၂၀ နဲ့ပဲရှိတယ်။ ဆားတစ်ပိဿာ ထုတ်လုပ်စရိတ်က ကျပ် ၆၀ အထိရှိတယ်။ ဘယ်လုပ်ရဲကြမလဲ"ဟု ဆားတောင်သူ တစ်ဦးကလည်း သုံးသပ်ပြောကြားခဲ့ပါသည်။
@news-eleven.com

poohcartoon
11-17-2010, 07:11 PM
ကျိုင်းတုံမြို့သည် ကမ္ဘာ့လှည့် ခရီးသွားများသည့် နေရာတစ်ခုအဖြစ် ၂၀၁၀ တွင်ထင်ရှားလာ
http://www.news-eleven.com/images/stories/nov10/bi/33410.jpg
ခရီးသွားများအတွက် ထိန်းသိမ်းမှု စတင်နေသည့် ကျိုင်းတုံမှနောင်ခန်းကန်
ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံမြို့သည် ကမ္ဘာ့လှည့်ခရီးသွားများသည့် နေရာတစ်ခုအဖြစ် ၂၀၁၀တွင် ပိုမို ထင်ရှားလာခဲ့ပြီဖြစ်ကြောင်း ကျိုင်းတုံမြို့ခံများနှင့် ခရီးသွားဒေသခံ ဧည့်လမ်းညွှန်အချို့၏ ပြောကြားချက်များအရ သိရှိရပါသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းမြို့နယ်များထဲမှ ကျိုင်းတုံသည် သဘာဝအလျောက် ထိန်းသိမ်းမှုနယ်မြေများ များစွာရှိသည့်အပြင် နောင်တုံကန်၊ နောင်ခမ်းကန်အပြင် အခြားသော ဒေသတွင်းထင်ရှားသော ဘုရားများကြောင့် နေရာအနှံ့မှ ကမ္ဘာလှည့်ခရီးသွားများ များစွာစိတ်ဝင်စားရာ နေရာတစ်ခုဖြစ်ခဲ့ကြောင်း ဒေသခံကျိုင်းတုံမြို့နေ ခရီးသွားဧည့်လမ်းညွှန်တစ်ဦး က ပြောပြခဲ့ပါသည်။
"ဒီကိုလာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ တော်တော်များများမှာ စပိန်၊ အီတလီတွေပါပေမယ့် သူတို့ကိုဧည့်လမ်းညွှန်အဖြစ် လိုက်ပေးရင် ဒီနယ်ခံက အင်္ဂလိပ်လိုပဲပြောပြီး လိုက်ပေးတယ်။ သူတို့ကျိုင်းတုံကို အဓိက လာရတာက သဘာဝထိန်းသိမ်း နယ်မြေတွေကို စိတ်ဝင်စားလို့။ နယ်စပ် နဲ့နီးတယ်ဆိုပေမယ့် နယ်မြေအေးချမ်းလို့ လာလည်ကြပါတယ်" ဟု ရှမ်းတိုင်းရင်းသား ဧည့်လမ်းညွှန် ကိုစိုင်းက ပြောပြခဲ့ပါသည်။
ထို့ပြင် ယခင်နှစ်ပေါင်းများစွာ ကတည်းက ကျိုင်းတုံမြို့တွင် ကမ္ဘာလှည့်ခရီးသွား အများဆုံး လာရောက်ကြသော နေရာများထဲမှ နောင်တုံကန်ကို လွန်ခဲ့သောဆယ်စုနှစ်မှ စတင်ကာ မြေထိန်းနံရံများဖြင့် ကာရံထားခြင်းအပြင် ကန်ပတ်လည်အား ခြံဝန်းခတ်ထားခြင်းဖြင့် ကန်၏အလှအား ထိန်းသိမ်းထားခြင်းများ ရှိနေသည်ကိုလည်း သိရှိရပါသည်။ ယင်းကန်၏အကျယ်မှာ တစ်မိုင်ပတ်လည် ကျယ်ဝန်းသည်ဟုလည်း သိရှိရပါသည်။
ယခုအခါ နောင်ခမ်းကန်ကိုလည်း နောင်တုံကန်ကဲ့သို့ ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာနေရာတစ်ခုအဖြစ် ပြုလုပ်ရန်စီစဉ်ထားခြင်းဖြင့် ကန်ပတ်လည်တွင် ကွန်ကရစ်လမ်းများ စတင် ခင်းကျင်းထားပြီးဖြစ်ကြောင်း ညွှန် ကြားရေးမှူး ဦးစိုင်းထွန်းထွန်း (ပြည်နယ် စည်ပင်သာယာရေးအဖွဲ့) က ပြောကြားခဲ့ပါသည်။
ကျိုင်းတုံမြို့သို့ ၂၀၁၀ပြည့်နှစ်အတွင်း လအလိုက်လာရောက်ခဲ့သည့် ကမ္ဘာလှည့်ခရီးသွားဦးရေ စာရင်း
ဇန်န၀ါရီ ၁၇၃၅
ဖေဖော်ဝါရီ ၁၅၅၁
မတ် ၁၆၃၈
ဧပြီ ၁၆၀၆
မေ ၁၀၄၅
ဇွန် ၈၀၉
ဇူလိုင် ၉၅၆
သြဂုတ် ၆၉၃
စက်တင်ဘာ ၅၄၀
အောက်တိုဘာ ၁၁၈၂
@news-eleven.com

Fortune
11-21-2010, 01:50 PM
<img src="http://www.news-eleven.com/images/stories/nov10/bi/tg1.jpg">
၂၀၁၀ ပြည့်နှစ် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ တန်ဆောင်တိုင်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီက တောင်ကြီးမြို့ အဝေယျာမီးပုံးပျံကွင်းတွင် ကျင်းပခဲ့ကြောင်း၊ ပြည်တွင်း
ပြည်ပရပ်ဝေး ဧည့်သည်များ ဒေသခံ တိုင်းရင်းသားများ စုစုပေါင်း
သုံးသောင်းကျော် ပါဝင် ဆင်နွှဲအားပေး ကြည့်ရှုခဲ့ကြကြောင်း ဒေသခံများထံမှ
သိရှိရသည်။


အခမ်းအနားတွင် ပညာရေး ကောလိပ် ကျောင်းသူလေးများ၏ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းတိုင်းရင်းသားရိုးရာ စုပေါင်းအက မီးပုံးကိုင် အက၊ ရှမ်းကိန္နရီ၊ ကိန္နရာ၊ ရောင်စုံ မီးပုံးလေးထောင်ကျော်ကိုင်ဆောင်၍ ရှမ်းအလံ၊
ရှမ်းအိုးစည်၊ နေကြာပွင့် မီးရှူး၊ မီးပန်းများပစ်ဖောက်ကာ
ပွဲတော်အထိမ်းအမှတ် စာတမ်းပါ စိန်နားပန်မီးပုံးပျံနှစ်လုံးကို
လွှတ်တင်ခဲ့ကြကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားအပြီး ညပိုင်း တွင် ပြိုင်ပွဲဝင် ညလွှတ်မီးပုံးပျံ စိန်နားပန်ငါးလုံး၊ ညမီးကြီးခုနစ်လုံးတို့ လွှတ်တင်ယှဉ်ပြိုင်ခဲ့ကြပြီး တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ
၁၄ ရက်မှ ၂၂ ရက်နေ့အထိ ညလွှတ်မီးပုံးပျံ ၁၁၄ လုံး၊ နေ့လွှတ် အရုပ် ၂၀၉
လုံးတို့  ပါဝင်ယှဉ်ပြိုင်မည့် မီးပုံးပျံပြိုင်ပွဲ၊ Lazy Club၊ The Trees
တေးဂီတအဖွဲ့များနှင့် နိုင်ငံကျော် တေးသံရှင်များ၊ အားမာန်ဇာတ်ပွဲ၊
ရုပ်ရှင်၊ မျက်လှည့်၊ ချား၊ ရဟတ် နှင့်ကြည့်ချင်ပွဲများ၊
မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ ခြင်းလုံးအလှခတ်ပြိုင်ပွဲ နှင့်
ပိုက်ကျော်ခြင်းပြိုင်ပွဲများ၊ ဒေသအစားအစာနှင့် စားသောက်ဆိုင်များ၊
ကံစမ်းမဲဆိုင်များဖြင့် စည်ကားစွာ ကျင်းပလျက်ရှိကြောင်း တာဝန်ရှိသူများထံမှ
သိရှိရသည်။

ကိုယ်တော်ချော
12-02-2010, 10:31 AM
မြန်မာ့ပထမဆုံး အဆင့်မြင့် အလိုအလျောက် မီးငြှိမ်းသတ်စနစ်ပါဝင်သော ဈေးကြီးအဖြစ် သင်္ကန်းကျွန်းဈေးကြီးကို တည်ဆောက်
http://www.mmdailynews.com/news_images/afex_vehicle_photo1.jpg

၂၀၁၁ နှစ်ဆန်းပိုင်းတွင် အပြီးသတ်နိုင်တော့မည် ဖြစ်သော သင်္ကန်းကျွန်း ဈေးကြီး ပြန်လည်အဆင့်မြှင့် တည်ဆောက်ခြင်း ပြီးစီးသွားခဲ့လျှင် အဆိုပါ ဈေးကြီးသည် မြန်မာ့ပထမဆုံး အဆင့်မြင့် မီးအန္တရာယ် ကာကွယ်ငြှိမ်းသတ်ရေးစနစ် ပါရှိသော ဈေးကြီး ဖြစ်လာတော့မည်ဟု ကြားသိရသည်။
http://t0.gstatic.com/images?q=tbn:WlcoLV2ynGSyrM:http://img43.imageshack.us/img43/1492/sany1784.jpg&t=1

ဖေဖော်ဝါရီလက သင်္ကန်းကျွန်းဈေးကြီး မီးလောင်ခဲ့စဉ်

ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းပေါ်တွင် တည်ရှိသော သင်္ကန်းကျွန်း ဈေးကြီးသည် ယခုနှစ် ဖေဖော်ဝါရီလက မီးလောင်မှု ဖြစ်ပွားခဲ့ကာ ပျက်စီးဆုံးရှုံးခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို သြဂုတ်လက စတင်ခဲ့ခြင်း ဖြစ်လေသည်။ မြေအောက်ကားပါကင်နှင့် မြေညီထပ်အပါအ၀င် လေးထပ်အဆောက်အဦ အဖြစ် တည်ဆောက်နေသော ဈေးသစ်ကြီးတွင် အထပ်တစ်ထပ်၌ မီးသတ်ပိုက်ခေါင်း ၈ ခုနှင့်အထက် ပါရှိမည် ဖြစ်ပြီး ပိုက်ခေါင်းတစ်ခုစီတွင် မီးသတ်ဆေးဘူး နှစ်ခုစီ ချိတ်ဆက် တပ်ဆင်ထားသည်ဟု သိရသည်။

အဆိုပါ အဆင့်မြင့် အလိုအလျောက် မီးငြှိမ်းသတ်စနစ်တွင် မီးလောင်မှု ဖြစ်ပွားပါက မီးခိုးငွေ့နှင့် အပူချိန်မြင့်တက်မှု အချက်ပေးစနစ်များ ပါရှိပြီး သူ့အလိုလို မီးငြှိမ်းသတ်မှု ဆောင်ရွက်မည် ဖြစ်ပြီး အဆောက်အဦပေါ်ရှိ ဂါလန် ငါးသောင်းဆန့် မီးသတ်ရေလှောင်ကန်နှင့် ဂါလန်ငါးသောင်းဆန့် မြေအောက် ရေလှောင်ကန် တို့မှ ရေများဖြင့်ပါ ဆက်လက် ပက်ဖျန်း ကာကွယ်သွားမည့် စနစ်ဖြင့် တည်ဆောက်ထားသော မြန်မာ့ပထမဆုံး ဈေးကြီး ဖြစ်လာမည်ဟု ကြားသိရသည်။

ချင်းတွင်းသား
12-13-2010, 03:28 PM
ICT-Laboratory “Database Mirroring with SQL server 2005” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့ လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် တစ်ဦးဖြစ်သော ဦးဇော်မိုးသန့် (ACE Data Systems) မှ ဒီဇင်ဘာလ (၁၈) ရက်တွင် နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ “Database Mirroring with SQL server 2005 ” ခေါင်းစဉ်ဖြင့် လက်တွေ့သရုပ်ပြသွားမည်ဖြစ်သည်။ ယနေ့ Business Applications များတွင် တွင်ကျယ် စွာအသုံးပြုနေကြသော SQL Server 2005 အားအသုံးပြု၍ High Availability Solution တစ်ခုဖြစ်သော Database Mirroring အားစမ်းသပ်မည်ဖြစ်ပါသည်။ Database Applications များရေးသားခြင်းကို လေ့လာနေသူများ၊ Database Administrator များအနေဖြင့် လက်တွေ့စမ်းသပ်သင့်သော အစီအစဉ်တစ်ခုဖြစ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများနှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်လေ့ကျင့်နိုင်ပြီး ဒီဇင်ဘာလ (၁၇) ရက်နေ့ ညနေ (၃းဝဝ) နာရီနောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

စပိုင်ချစ်သူ
12-17-2010, 07:19 PM
2011 ခုနှစ် အတွင်း ကျင်းပမည့် ဒုတိယ အကြိမ်မြောက် ရန်ကုန် Barcamp ကို February 19 မှ 20 ထိ Myanmar Info-Tech အဆောက်အဦး တွင် နံနက် ၉ နာရီ မှ ညနေ ၆ နာရီ အထိ ကျင်းပ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Barcamp ဆိုသည် မှာ IT နယ်ပယ် မှ ကျွမ်းကျင် ပညာရှင်များ ၊ လေ့လာလိုက်စား လျှက်ရှိသူများ နှင့် စတင် လေ့လာ လိုက်စားရန် စိတ်အား ထက်သန်သူများ အပြန်အလှန် လွတ်လပ်စွာ ဆွေးနွေး နိုင်သော Meeting လေးတစ်ခု ပဲဖြစ်ပါတယ်။

Barcamp အတွင်း IT နှင့် ပတ်သက်၍ မိမိ ကြိုက်နှစ်သက်ရာ (သို့မဟုတ်) စိတ်ဝင်စားရာ အကြောင်းအရာများ ကို လွတ်လွတ် လပ်လပ် ၀င်ရောက် ဆွေးနွေးသွား နိုင်မှာ ဖြစ်ပါတယ်။

ပထမ အကြိမ် ရန်ကုန် Barcamp ကိုလည်း 2010 ခုနှစ် January လ အတွင်း ကျင်းပခဲ့ပြီး ကမ္ဘာပေါ်တွင် တက်ရောက်မှု အများဆုံး Barcamp တစ်ခု အဖြစ် မှတ်တမ်း တင်ခြင်းခံ ခဲ့ရပါတယ်။

Barcamp အား နိုင်ငံတစ်ဝန်း မှ စေတနာ့ ၀န်ထမ်းများ နှင့် MCPA တို့မှ ပူးပေါင်းကာ Organizer Team ဖွဲ့စည်းပြီး ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ယခုနှစ် တွင်လည်း ထိုအတူ MCPA နှင့် IT ကို စိတ်ပါဝင်စား သူ မည်သူမဆို ပူးပေါင်းပါဝင်ကာ Barcamp အား အထောက်အပံ့ပေး နိုင်ကြောင်းနှင့် Sponsor ကြေးအဖြစ် Main Sponsor အား ၂၅ သိန်း ၊ Gold Sponsor အား ၁၀ သိန်း နှင့် Silver Sponsor အား ၆ သိန်း အသီးသီးဖြင့် Sponsor ပေးသွား နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ စိတ်ပါဝင်စားသော လုပ်ငန်းရှင် များ အနေဖြင့် မထိုက်ထိုက်အောင် (Ph-392867 Ext 203) သို့ ဆက်သွယ် နိုင်ကြောင်း လည်း သိရပါတယ်။

Barcamp Yangon 2011 တက်ရောက်သူများ အတွက်လည်း Wireless Internet ရရှိအောင် စီစဉ်ထားကြောင်း နှင့် စိတ်ဝင်စားစရာ လက်ဆောင်ပစ္စည်းများ ကိုလည်း ရရှိနိုင်အောင် ဆောင်ရွက် ထားကြောင်း သိရပါတယ်။

တက်ရောက်လိုသူများ အနေဖြင့်လည်း www.barcampyangon.org တွင် Register လုပ်ထားနိုင်ပြီး မိမိ E-mail အား Subscribe လုပ်ထား ပါကလည်း Mail ထဲ သို့ နောက်ဆုံး သတင်းများ ကို ပေးပို့ သွားမှာ ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။

စပိုင်ချစ်သူ
12-24-2010, 09:33 AM
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြု စာမေးပွဲများ ကျင်းပပြုလုပ်ခဲ့

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းမှ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြု စာမေးပွဲများကို ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၉) ရက် တနင်္ဂနွေနေ့ နံနက် ၉းဝဝ မှ ၁၂းဝဝ နာရီအထိ၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း နှင့် ရှမ်းပြည်နယ်တို့တွင် တပြိုင်နက် ကျင်းပ စစ်ဆေးခဲ့ပါသည်။ ထိုစာမေးပွဲများမှာ-

1. MCPA Certified Fundamental Software Engineer (FSE),
2. MCPA Certified Software Engineer (SE)
3. MCPA Certified Network Associate (NA) နှင့်
4. MCPA Certified Network Professional (NP)

တို့ဖြစ်ပြီး အိုင်တီပညာရှင်များ အဖြစ် အသက် မွေးဝမ်းကျောင်း ပြုလိုသော ကျောင်းသူ/ ကျောင်းသားများ၊ အသင်းဝင် များအတွက် အရည်အချင်းကို အသိအမှတ်ပြု ခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးခဲ့သော စာမေးပွဲများဖြစ်သည်။

အဆိုပါစာမေးပွဲများသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန် အတွက် အဓိကလိုအပ်သော အသိပညာ များနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲများ ဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင် နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ရောက်မည်ဖြစ်သည်။

ဖြေဆိုသူ အရေအတွက်ပြ ဇယား

Yangon -- FSE-22, SE-9, NA-85, NP-24

Mandalay -- FSE-3, SE-1, NA-15, NP-2

Pathein -- NA-12

Taunggyi -- NA-9


TOTAL

FSE-25

SE-10

NA-121

NP-26

All Total - 182

စာမေးပွဲအောင် စာရင်းများကို မကြာမီ ထုတ်ပြန်သွားမည် ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ်- ၆၅၂၂၇၆၊ ၇၃ဝ၈၈၃ဝဝ သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး အဆိုပါစာမေးပွဲများကို တစ်နှစ်လျှင် နှစ်ကြိမ် နှစ်စဉ် ဇွန်လ နှင့် ဒီဇင်ဘာလများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

http://imgur.com/DACNT.jpg

စပိုင်ချစ်သူ
12-24-2010, 12:55 PM
မြန်မာ့လေကြောင်းလိုင်းမှ တရုတ်နိုင်ငံလုပ် ARJ ဂျက်လေယာဉ်များ ထပ်မံဝယ်ယူရန် စီစဉ်

http://imgur.com/qCQfO.jpg
ဒီဇင်ဘာလ (၁) ရက်နေ့တွင် ၀ယ်ယူခဲ့သော တရုတ်နိုင်ငံထုတ် MA 60 လေယာဉ်အား တွေ့ရစဉ်

ပြည်တွင်းခရီးစဉ်များတွင် တရုတ်နိုင်ငံထုတ် လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲမှု များပြားလာမည်

မြန်မာ့လေကြောင်းလိုင်းမှ တရုတ်နိုင်ငံလုပ် ARJ ဂျက် အမျိုးအစား လေယာဉ်များအား ထပ်မံဝယ်ယူရန် စီစဉ်လျက်ရှိကြောင်းနှင့် အဆိုပါ လေယာဉ်များ ၀ယ်ယူရေးကိစ္စ ဆွေးနွေးညှိနှိုင်းရန်အတွက် တရုတ်နိုင်ငံရှိ China National Aero- Technology Import and Export Corporation (CATIC) အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်နှင့် လေကြောင်းလိုင်း အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။

ARJ-21 ဂျက်လေယာဉ်တွင် ခရီးသည် ၉၀ ဦးဆံ့နှင့် ခရီးသည် ၇၂ ဦးဆံ့ အမျိုးအစားနှစ်ခု ရှိသည့်အတွက် မည်သည့် အမျိုးအစားကို ၀ယ်ယူရန် ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရှိရသည်။

မြန်မာ့လေကြောင်းလိုင်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ပြောကြားချက်အရဆိုပါက မြန်မာနိုင်ငံရှိ တာဝန်ရှိသူများနှင့် (CATIC) အဖွဲ့တို့ ARJ လေယာဉ်များ ၀ယ်ယူရေးကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး သဘောတူစာချုပ် (MOU) ချုပ်ဆိုပြီး သည့် အဆင့်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ ARJ လေယာဉ်များအား အနည်းဆုံးသုံးစင်း ၀ယ်ယူနိုင်သည်ဟု ဆိုသည်။

''ARJ လေယာဉ်တွေကို ၀ယ်မယ်ဆိုရင် ဒီလေယာဉ် အမျိုးအစားကို မြန်မာနိုင်ငံမှာ မသုံးဖူးတဲ့ အတွက် လေယာဉ်မှူးတွေ၊ အင်ဂျင်နီယာတွေကို ပျံသန်းရေးဆိုင်ရာ Training ပေးရပါမယ်။ ဒါတွေကို အချိန်ယူရမှာ ဖြစ်တဲ့အတွက် လေယာဉ်ဝယ်ဖြစ်ရင် ဒီလေယာဉ်တွေ မြန်မာပြည်ကို ရောက်ပြီး ခရီးစဉ်ဆွဲနိုင်ဖို့ ၂၀၁၂ နှစ်စပိုင်းလောက်မှာ ဖြစ်နိုင်ပါတယ်''ဟု ၀ါရင့် လေယာဉ်မှူးကြီးတစ်ဦးက သုံးသပ်ခဲ့သည်။

၂၀၁၀ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖော်ကာ F27 လေယာဉ်များ နေရာ၌ တရုတ်နိုင်ငံလုပ် MA 60 လေယာဉ်သုံးစင်းဖြင့် ခရီးစဉ်များ စတင် ပြေးဆွဲခဲ့သည်။ ARJ ဂျက်လေယာဉ်များ ၀ယ်ယူရန် စီစဉ်ခြင်းတွင်လည်း လက်ရှိ ပြေးဆွဲနေသည့် လေယာဉ်များ နေရာတွင် အစားထိုး ပြေးဆွဲရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

''မြန်မာ့လေကြောင်းက တရုတ်နိုင်ငံလုပ် လေယာဉ်တွေကို သုံးတာ MA 60 က ပထမဆုံးပါ။ ဖော်ကာဂျက် 27 နဲ့ 28 လေယာဉ်တွေကလည်း နယ်သာလန် နိုင်ငံလုပ်တွေပါ။ ARJ လေယာဉ်တွေ ၀ယ်ရင်တော့ နောက်ပိုင်း တရုတ်နိုင်ငံလုပ် လေယာဉ် တွေနဲ့ ပျံတာ များလာနိုင်ပါတယ်''ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်တွင်းခရီးစဉ်များ ပြေးဆွဲနေသော ပုဂ္ဂလိက လေကြောင်းလိုင်းများမှာ ပြင်သစ်နိုင်ငံလုပ် လေယာဉ်များကို ၀ယ်ယူပြေးဆွဲလျက် ရှိသော်လည်း မြန်မာ့လေကြောင်းလိုင်းမှာ ပုဂ္ဂလိက လေကြောင်းလိုင်းများထက် ပြည်တွင်း ခရီးစဉ်များကို အဓိက ထား အများဆုံး ပြေးဆွဲပေးနေသည့် လေကြောင်းလိုင်းတစ်ခု ဖြစ်သည့်အတွက် ၎င်းမှဝယ်ယူသည့် တရုတ်နိုင်ငံထုတ် လေယာဉ်များ များပြားလာပါက ပြည်တွင်းလေကြောင်း ခရီးစဉ်တွင် တရုတ်နိုင်ငံလုပ် လေယာဉ်များ ပိုမိုနေရာယူဖွယ် ရှိကြောင်း သိရသည်။

Credit to: Eleven Media Group

ချင်းတွင်းသား
12-24-2010, 01:59 PM
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ“The Architecture Overview of Yahoo Mail System”ဟောပြောပွဲကျင်းပမည်

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းမှ ကြီးမှူး၍ ICT နည်းပညာပြန့်ပွားရန်၊ ခေတ်မီနည်းပညာရပ်များ လေ့လာမှု နည်းလမ်းများ ဖော်ဆောင်ရန် ရည်ရွယ်၍ Yahoo Mail System ၏တည်ဆောက်ပုံသဘောတရားများနှင့် အခြေခံနည်းပညာသဘောတရားများ၊ Infrastructure, Deployment နှင့် Monitoring အကြောင်းများကို သိရှိနားလည်စေရန် ဒီဇင်ဘာလ(၃၀)ရက် (ကြာသပတေးနေ့) နေ့လည် (၂း၀၀)နာရီ မှ (၄း၀၀)နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိ အခန်း(၂၀၅)တွင် YAHOO: Internet industry (San Francisco Bay Area, - Yahoo.com) ၏ Principle Software Engineer ဦးစန်းဝေဦး မှ ၅နှစ်ကျော် Yahoo.com မှ အတွေ့အကြုံများကို “The Architecture Overview of Yahoo Mail System” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးမည်ဖြစ်ပါသည်။

အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ အထူးသဖြင့် ICT လေ့လာဆည်းပူနေသောကျောင်းသားလူငယ်များနှင့် လုပ်ငန်းခွင် ၀င်ရောက်နေသော Software Engineer များ၊ Network Engineer များ၊ ကွန်ပျူတာပညာရှင်အသင်းဝင်များ နှင့် စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ Website – www.mcpamyanmar.org ၊ ဖုန်းနံပါတ် - ၆၅၂၂၇၆ ၊ ၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

skhaung
12-29-2010, 09:29 PM
ဟောဒီက ယူကြဦးမလား ..........
ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း တဲ့ဗျိုး
ရတနာပုံမှ သတင်းလေးပါဗျာ

ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းအလုံးရေတစ်သိန်းခွဲကို နေပြည်တော်တွင်စတင်ချပေးမည်
Wednesday,29 December 2010

http://www.yatanarpon.com.mm/photos/p_loc_524L.jpg


ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းအလုံးရေတစ်သိန်းခွဲကို ပထမအဆင့်အနေဖြင့် နေပြည်တော်ဒေသတွင် လာမည့်လအတွင်း စတင်ချထားပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာ ၀န်ရှိသူတစ်ဦးကပြောကြားသည်။ အဆိုပါဖုန်းများမှာ ၀၉-၄၂၊ ၀၉-၄၃ စသည့်နံပါတ်များဖြင့်စတင်ပြီး ဂဏန်း ၁၀ လုံးရှိမည့်ဖုန်းများဖြစ်ဖွယ်ရာရှိပြီး ဖုန်းခေါ်ဆိုခကြိုတင်ပေးသွင်းငွေအဖြစ် ကျပ်ငါးသောင်းကို ပေးဆောင်ရန်လိုအပ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူက “ဂျီအက်စ်အမ်ဖုန်းတွေကို နေပြည်တော်မှာ ပထမဆုံးအနေနဲ့ ကျပ်ငါးသိန်းနဲ့အသုံးပြုခွင့်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေ ပါတယ်။ လောလောဆယ်အချိန်မှာတော့ အလုံးရေတစ်သိန်းခွဲလျာထားတယ်ဆိုပေမယ့် ဒီမှာရှိနေတဲ့ ဂျီအက်စ်အမ်နက်ဝပ်ခ်တာဝါတိုင်တွေနဲ့ ဆာဗာတွေနိုင်သလောက်အထိ ချထားပေးဖို့ရှိတယ်” ဟု ပြောသည်။ ထိုဖုန်းများတွင် ဖုန်းခေါ်ဆိုခမှာ သတ်မှတ်နယ်မြေအတွင်းသုံးစွဲပါက တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်း၊ သတ်မှတ်နယ်မြေပြင်ပ ကျော်လွန်သုံးစွဲပါက တစ်မိနစ်လျှင် ကျပ် ၆၀ နှုန်းနှင့် သတင်းတိုစာပို့စနစ်အတွက် တစ်စောင်လျှင် ၂၅ ကျပ်နှုန်းဖြစ်သည်။
ရေးသားသူ - ကိုသက်
Source : Internet Journal
@yatanarpon

skhaung
12-30-2010, 08:42 PM
အင်တာနက်ပါ အသုံးပြုနိုင်မည့် McWLL ဖုန်းများ စတင် ချပေးတော့မည်ဟုဆို
Thursday,30 December 2010, 5:50


အင်တာနက် တိုက်ရိုက် အသုံးပြုနိုင်မည့် စနစ်ပါရှိသည့် McWLL ဖုန်း (CDMA 400 MHz) များကို လာမည့် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးနှစ်ခုတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချပေးတော့မည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ မိုဘိုင်းဖုန်းဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေးမည့် အဆိုပါ McWLL ဖုန်းများ၏ ဆက်သွယ်မှု ကွန်ရက်မှာ မဂ္ဂါဟဇ် လေးရာ(400 MHz)သာ ရှိသော်လည်း အင်တာနက် ဆက်သွယ်မှု စနစ်ကိုမူ တိုက်ရိုက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် ပြီးခဲ့သည့် နှစ်အတွင်းက ရောင်းချပေးခဲ့သည့် အဆိုပါ McWLL ဖုန်းများအား အခြား စီဒီအမ်အေ ဖုန်းများကဲ့သို့ပင် ကျပ်ငါးသိန်း ဝန်းကျင်ဖြင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းအနေဖြင့် ရွေ့လျားသယ်ဆောင် အသုံးပြုနိုင်မည့် အဆိုပါ McWLL ဖုန်းများသည် အထိုင်ဖက်စ် (Fax) ဖုန်းများ အနေဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက် ဝန်ဆောင်မှုစနစ်ကို အသုံးပြုမှသာ ကျပ်ငါးသိန်းဝန်းကျင် ကုန်ကျမည်ဖြစ်ပြီး တယ်လီဖုန်း အဝင်အထွက် ခေါ်ဆိုခြင်းများသာ အသုံးပြုမည်ဆိုပါက ကျပ်လေးသိန်းခွဲ ဝန်းကျင်သာ ကုန်ကျမည်ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။ လာမည့် နှစ်ဆန်းပိုင်းအတွင်း ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးနှစ်ခုအတွက် စတင်ရောင်းချတော့မည့် အဆိုပါ ဖုန်းများအား ရတနာပုံတယ်လီပို့ ကုမ္ပဏီတွင်သာ လျှောက်ထားရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

@Yatanarpon

ချင်းတွင်းသား
12-31-2010, 12:31 PM
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ICT-Laboratory “Software Testing Workshop” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။ ဇန်နဝါရီလ (၈) ရက်တွင် နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ “Software Testing Workshop” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးအောင်အောင်မှ လက်တွေ့သရုပ်ပြသွားမည် ဖြစ်သည်။ ဆရာဦးအောင်အောင်သည် Microsoft Co.,Ltd. ၏ Software Testing Field တွင် Software Developer အဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်ပြီး သူ၏ အတွေ့အကြုံများကို အခြေခံ၍ ယခု Workshop ကို လက်တွေ့စမ်းသပ်ပြုလုပ်သွားမည်ဖြစ်ပါသည်။
Software Testing ကို နားလည်လိုသူများ၊ Software Testing ကို လုပ်ငန်းခွင်တွင် Professional အနေဖြင့် လိုက်စားလိုသူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲ အောင်မြင်ထားသူများနှင့် Computer Program ပညာလေ့လာနေသူများ၊ စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်လေ့ကျင့်နိုင်ပြီး ဇန်နဝါရီလ (၇) ရက်နေ့ ညနေ (၃းဝဝ) နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည် ဖြစ်ပြီး အသေးစိတ်သိရှိ လိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆၊ ၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

skhaung
12-31-2010, 11:59 PM
မြန်မာ-တောင်ကိုရီးယား အထူး ဗီဇာကင်းလွတ်ခွင့် သဘောတူ
ဧရာဝတီ Thursday, 30 December 2010 12:57 သတင်းတိုများ

မြန်မာနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရရေး သဘောတူစာချုပ် ချုပ်ဆိုကြကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးက နေပြည်တော်သို့ လာရောက်၍ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စာချုပ်ချုပ်ဆိုကြခြင်း ဖြစ်သည်။
@ ဧရာဝတီ

ချင်းတွင်းသား
01-03-2011, 08:52 AM
2011 ခုနှစ် ဒုတိယ အကြိမ်မြောက် ရန်ကုန် Barcamp
February 19 - 20 ထိ Myanmar Info-Tech အဆောက်အဦး
နံနက် ၉ နာရီ မှ ညနေ ၆ နာရီ
Barcamp ဆိုတာ IT နယ်ပယ် မှ ကျွမ်းကျင် ပညာရှင်များ ၊ လေ့လာလိုက်စား
လျက်ရှိသူများ နှင့် စတင် လေ့လာ လိုက်စားရန် စိတ်အား ထက်သန်သူများ အပြန်အလှန်
လွတ်လပ်စွာ ဆွေးနွေး နိုင်သော Meeting တစ်ခု ပဲဖြစ်ပါတယ်။
Barcamp အတွင်း IT နှင့် ပတ်သက်၍ မိမိ ကြိုက်နှစ်သက်ရာ (သို့မဟုတ်)
စိတ်ဝင်စားရာ အကြောင်းအရာများ ကို လွတ်လွတ် လပ်လပ် ၀င်ရောက် ဆွေးနွေးသွား
နိုင်မှာ ဖြစ်ပါတယ်။
MCPA နှင့် IT ကို စိတ်ပါဝင်စား သူ မည်သူမဆို ပူးပေါင်းပါဝင်ကာ Barcamp အား
အထောက်အပံ့ပေး နိုင်ကြောင်းနှင့် Sponsor ကြေးအဖြစ် Main Sponsor အား ၂၅ သိန်း
၊ Gold Sponsor အား ၁၀ သိန်း နှင့် Silver Sponsor အား ၆ သိန်း အသီးသီးဖြင့်
Sponsor ပေးသွား နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
စိတ်ပါဝင်စားသူ လုပ်ငန်းရှင် များ အနေဖြင့်
မထိုက်ထိုက်အောင် (Ph-392867 Ext 203) သို့ ဆက်သွယ် နိုင်ကြောင်း လည်းသိရပါတယ်။
Barcamp Yangon 2011 တက်ရောက်သူများ အတွက်လည်း Wireless Internet ရရှိအောင်
စီစဉ်ထားကြောင်း နှင့် စိတ်ဝင်စားစရာ လက်ဆောင်ပစ္စည်းများ ကိုလည်း
ရရှိနိုင်အောင် ဆောင်ရွက် ထားကြောင်း သိရပါတယ်။
တက်ရောက်လိုသူများ အနေဖြင့်လည်း http://www.facebook.com/l/f1c0fMKfQtJ5qpG4GtMI_SVJbbw;www.barcampyangon.org
တွင် Register လုပ်ထားနိုင်ပြီး မိမိ E-mail အား subscribe လုပ်ထား ပါကလည်း mail ထဲ သို့
နောက်ဆုံး သတင်းများ ကို ပေးပို့ သွားမှာ ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။

poohcartoon
01-03-2011, 09:57 AM
ကမ်းရိုးတန်းဖုန်း၊ ဆယ်လူလာဖုန်းနှင့် ဂျီအက်အမ်ဖုန်း ပြင်ပပေါက်ဈေးနှုန်းများ ထက်ဝက်နီးပါးကျဆင်း
ငါးသိန်းဖုန်းများ ချထားပေးပြီးနောက် ကမ်းရိုးတန်းဖုန်း၊ ဆယ်လူလာဖုန်းနှင့် ဂျီအက်အမ်ဖုန်း ပေါက်ဈေးနှုန်းများ ထက်ဝက်နီးပါး ကျဆင်းလာကြောင်း မိုဘိုင်းဖုန်း အကျိုးဆောင်များထံမှ သိရှိရသည်။

ငါးသိန်းတန်ဖုန်းများ စတင်ချထားမပေးမီ ကာလများက ကမ်းရိုးတန်းဖုန်း ပြင်ပပေါက်ဈေးနှုန်းများမှာ ကျပ် ၁၇သိန်း ၀န်းကျင်ဈေးရှိခဲ့သော် ယခုအခါတွင် ကျပ်၁၀သိန်းဝန်းကျင် သို့လည်းကောင်း၊ ဆယ်လူလာဖုန်းများမှာ ကျပ် ၁၀သိန်းဝန်းကျင်မှ ၆ သိန်းဝန်းကျင်သို့ လည်းကောင်း၊ ဂျီအက်အမ်ဖုန်းများမှာ ၁၅သိန်းဝန်းကျင်မှ ၈ သိန်းဝန်းကျင်သို့ လည်းကောင်းအသီးသီး ပြင်ပပေါက်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

"ငါးသိန်းဖုန်းတွေ ချပေးပြီး နောက်ပိုင်းမှာ မိုဘိုင်းဖုန်း အမျိုးအစား အားလုံးဈေးကျတယ်။ ကမ်းရိုးတန်း ဖုန်း(၀၉၈၀,၈၅,၈၆)တွေကတော့ ဈေးကျသွားပေမယ့် ရောင်းမယ့်သူရှားတယ်။ ကမ်းရိုးတန်းတွေက လိုင်းဆွဲအားပိုကောင်းတာရယ်၊ တစ်နိုင်ငံလုံး အသုံးပြုလို့ ရတာတွေရယ်ကြောင့် ရောင်းမယ့်လူနည်းတယ်။ ဆယ်လူလာဖုန်းတွေကတော့ စတင်ချပေးတုန်းကဆို သိန်း၄၀ကျော်အထိ ဈေးရှိခဲ့တာ။နောက်ပိုင်း တဖြည်းဖြည်းဈေး ကျလာပြီး အခုဆို ငါးသိန်းလောက်ပဲ ဈေးရှိတော့တယ်၊ တချို့ဂျီအက်အမ် ၅၀နံပါတ်တွေဆို ရှစ်သိန်းဝန်းကျင်ပဲ ပေါက်ဈေးရှိတော့တယ်" ဟု မိုဘိုင်းဖုန်း အကျိုးဆောင်တစ်ဦးက ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
01-03-2011, 09:59 AM
နေပြည်တော် အမျိုးသားပြတိုက်ကြီးတွင် ရှေးဟောင်းအမွေအနှစ် သမိုင်းဝင်ပစ္စည်းများ၏ ပုံစံတူလက်ရာများ ပြုလုပ်ကာ ပြသသွားမည်ဟုသိရ
နေပြည်တော်တွင် ဖွင့်လှစ်ပြသသွားမည့် အမျိုးသားပြတိုက်ကြီး၌ လက်ရှိဖွင့်လှစ် ပြသလျက်ရှိသည့်ရန် ကုန်အမျိုးသား ပြတိုက်ကြီးတွင် ပြသထားသော ရှေးဟောင်းအမွေအနှစ် သမိုင်းဝင်ပစ္စည်းများကို ပုံစံတူပြုလုပ် ကာဖွင့်လှစ် ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၁ ခုနှစ် မတ်လတွင် ဖွင့်လှစ်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် နေပြည်တော်အမျိုးသားပြတိုက်ကြီးကို ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ တည်ဆောက်လျက်ရှိပြီး အဆိုပါပြတိုက်ကြီးတွင် နိုင်ငံတကာတွင် ဖွင့်လှစ်ပြသထားသော ပြတိုက်များကဲ့သို့ပင် မူလလက်ရာပစ္စည်းများကို ပုံစံတူ၊ ကိုယ်ပွား (Duplicate) ပြုလုပ်ကာ ထားရှိပြသသွားမည့် အစီအစဉ်ဖြစ်သည်ဟု သိရသည်။

ရန်ကုန် အမျိုးသားပြတိုက်ကြီးတွင် ထားရှိပြသထားသည့် သမိုင်းဝင် ရှေးဟောင်းပစ္စည်းများ၏ ပုံစံတူကိုယ်ပွားပြုလုပ်၍ ထားရှိပြသသွားရန် ပုဂ္ဂလိကကုမ္ပဏီများအား တင်ဒါခေါ်ယူထားသည်ဟု သိရသည်။

"နေပြည်တော် ပြတိုက်ကြီးမှာ ထားရှိပြသဖို့အတွက် ပုံစံတူတွေ ပြုလုပ်ပေးရမှာပါ။ ဘယ်ပစ္စည်းကို ဘယ်လိုလုပ်မလဲ၊ နှစ်ကာလ ဘယ်လောက် ကြာရှည်ခံအောင် လုပ်မလဲ၊ ဈေးနှုန်း ဘယ်လောက်နဲ့ လုပ်မလဲ ဆိုတာတွေ တင်ပေးရပါတယ်။ သီဟာသနပလ္လင်လည်း ပါတာပေါ့။ နိုင်ငံတကာမှာရှိတဲ့ ပြတိုက်ကြီးတွေ မှာလည်း နှစ်ကာလ ကြာမြင့်ပြီး ထိန်းသိမ်းထားဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ထိန်းသိမ်းထားလိုက်ပြီးတော့ သူရဲ့ ပုံစံတူ ကိုယ်ပွားတွေ ပြုလုပ်ပြီးတော့ပဲ ပြသတော့တာပါ။ ဒီမှာလည်း ဒီလို ပြုလုပ်သွားမယ့် အစီအစဉ်ပါ။ ကုမ္ပဏီတွေ တင်ဒါတင်ထားကြပါတယ်"ဟု တင်ဒါတင်ထားသော ကုမ္ပဏီ တစ်ခုမှ ၀န်ထမ်းတစ်ဦးက ဆိုသည်။

လက်ရှိ နေပြည်တော်တွင် အမျိုးသား စာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်းတိုက်တို့ကို နေပြည်တော် ဇေယျာသိဒ္ဓိရပ်ကွက်၊ ကြာပန်းအ၀ိုင်းအနီး ရာဇသင်္ဂဟလမ်းပေါ်နှင့် ရာဇသင်္ဂဟအ၀ိုင်း အနီးတွင် တစ်ပြိုင်နက်တည်း တည်ဆောက် အကောင်အထည်ဖော်နေကာ ၂၀၁၁ ခုနှစ် မတ်လ မတိုင်ခင်တွင် ပြီးစီးရန် ဆောင်ရွက်နေသည်ဟု သိရသည်။

နေပြည်တော် ပြတိုက်ကြီးတွင် ပုံစံတူ ကိုယ်ပွားလက်ရာများ ထားရှိ ပြသသွားမည် ဖြစ်သော်လည်း ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်ကြီးကို ဆက်လက်ဖွင့်လှစ် ပြသသွားမည် ဖြစ်ကာ မူလလက်ရာ အမွေအနှစ် ပစ္စည်းများကို ဆက်လက်ထိန်းသိမ်း ထားရှိသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
@news-eleven.com

poohcartoon
01-03-2011, 10:01 AM
တာချီလိတ်မြို့ တွင် အာခါရိုးရာ နှစ်သစ်ကူးပွဲတော် စည်ကားစွာ ကျင်းပ
http://www.news-eleven.com/images/stories/Jan11/we/w61410.jpg
တာချီလိတ်မြို့ တွင်းရှိ အာခါ တိုင်းရင်းသားများနှင့် တောင်ပေါ်ကျေးလက်နေ အာခါ တိုင်းရင်းသားများ စုပေါင်းကျင်းပသော တတိယ အကြိမ်မြောက် အာခါရိုးရာ နှစ်သစ်ကူးပွဲတော်ကို တာချီလိတ်၊ ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲတော်တွင် အာခါရိုးရာအကများ၊ သီချင်းများ၊ ခေတ်ဟောင်း တေးဂီတစင်နှင့် ခေတ်ပေါ် တေးဂီတစင်များမှ ပွဲတော်လာ ပရိသတ်များကို ဖျော်ဖြေခဲ့ပြီး အာခါရိုးရာ ၀တ်စုံအရောင်းဆိုင်များ၊ ပြခန်းများလည်း ပါဝင် ခင်းကျင်းခဲ့ကြောင်း သိရပါသည်။

"အခု ဖွင့်ပွဲနေ့ မှာ ပွဲတော်လာ တောင်ပေါ်နဲ့ မြို့ထဲပရိသတ်တွေကို ထမင်းဝိုင်း ၀ိုင်းကြီး ၂၀၀ ခင်းကျင်း ကျွေးမွေးပြီး ထမင်းဘူး ၄၀၀၀ ခန့် အခမဲ့ ကျွေးမွေးခဲ့ပါတယ်။ သုံးရက်လုံးကိုတော့ ဧည့်ခံအိမ်တွေမှာ စုပေါင်း လုပ်ကြပါတယ်။ ညပိုင်းမှာ အာခါ တိုင်းရင်းသား နာမည်ကြီး အဆိုတော်တွေက ဖျော်ဖြေပါတယ်။ စုပေါင်းပွဲတော် ဆိုတော့ တောင်ပေါ်နဲ့ မြို့နေ တစ်နေရာတည်း စုပေါင်းတွေ့ဆုံကြတော့ ပျော်စရာ ကောင်းပါတယ်။ တောင်ပေါ်ဒေသတွေက တစ်နေရာနဲ့ တစ်နေရာ တွေ့ ဖို့လွယ်တာ မဟုတ်တော့ ခုလို စုပေါင်း တွေ့ဆုံရတာ ကြည်နူးစရာပါ"ဟု ပွဲတော်ကျင်းပရေး ကော်မတီဝင် တစ်ဦးက ပြောပြသည်။

“'ဒီဇင်ဘာလ ၂၆၊ ၂၇၊ ၂၈ ရက် တွေမှာက ရွာတွေမှာလုပ်ပြီး မြို့ထဲမှာ အခုလုပ်တာပါ။ ရွာပေါင်း ၅၀ လောက်က ကိုယ်စားလှယ်တွေက လွယ်တော်ခမ်း အုပ်စုက ဟိုဂါး(အာခါ)ရွာလို့ခေါ်တဲ့ စန်းလုမှာ ရွာတွေရဲ့ ဘာသာရေး ဆရာတွေ စုပေါင်းနှစ်သစ်ကူး လုပ်ကြတယ်။ ဘာသာစကား၊ ၀တ်စားဆင်ယင်မှု၊ အခြား ယဉ်ကျေးမှုဆိုင်ရာတွေကို နှီးနှောဖလှယ် ဆွေးနွေးကြတာပါ။ အာခါတိုင်းရင်းသား ရိုးရာကိုးကွယ်သူတွေမှာ ကျွေးမား(ဘာသာရေးဆိုင်ရာ)၊ ဂျွေးမော်(ဘာသာရေးဆိုင်ရာ)၊ ညီးဖာ (ကျန်းမာရေးဆိုင်ရာ)၊ နာဘီးနာငို (ရွာသူကြီး)ဆိုပြီး လေးမျိုးရှိတယ်။ သူတို့အားလုံးရဲ့ စကားကို နာခံရတယ်။ ပွဲတိုင်းမှာ ညီညီညွတ်ညွတ် အေးအေးချမ်းချမ်း ပြီးသွားတာချည်းပါပဲ"ဟု ပွဲတော်မှကိုအားလယ် က ရှင်းပြခဲ့သည်။ ပွဲပြီးအိမ်ပြန်လျှင် (ယောစားနိ့ဒေး) နေကောင်းပါစေ၊”(နို့စားအိုလူး) လိုအင်ဆန္ဒပြည့်ဝပါစေ၊ (အာခါးနေရာကို့ထား ဂျွေ့မာ့) နောင်နှစ်မှာ ပြန်ဆုံတွေ့ ကြပါစို့ဟု နှုတ်ဆက်လေ့ရှိသည်။

ပွဲတော်သည် စေတနာပွဲ ဖြစ်ပြီး စေတနာအလျောက် ၀ိုင်းဝန်း လှူဒါန်းသည်ဟုလည်း ခေါ်နိုင်ပြီး ကျွဲ၊ နွား၊ ၀က်၊ ကြက်၊ ဆန်၊ ဆီ၊ ဆား၊ ဖရုံသီး၊ ရေ၊ လုပ်အား အစရှိသည်များကို စေတနာအလျောက် ပေးလှူသော စေတနာ အလှူပွဲ(စေတနာနှစ်သစ်ကူးပွဲ)လည်း ဖြစ်သည်ဟု ကိုအားလယ်က ဆက်လက် ပြောသည်။
@news-eleven.com

poohcartoon
01-03-2011, 10:05 AM
နေပြည်တော်တွင် ၂၀၁၁ ခုနှစ် မတ်လမှစ၍ ပြည်ပမှ ယူဆောင်လာ သည့်ဖုန်းအမျိုးအစား အားလုံး ပြည်တွင်း၌ ခေါ်ဆို အသုံးပြုနိုင်မည့် Roaming စနစ် စတင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ
http://www.myanmarnewszone.com/images/stories/2010/20110102/2011010201.jpg
နေပြည်တော်တွင် လာမည့် ၂၀၁၁ ခုနှစ် မတ်လမှစတင်၍ ပြည်ပမှ ယူဆောင်လာ သည့် လက်ကိုင်ဖုန်း အမျိုးအစား အားလုံးဖြင့် ပြည်တွင်း ပြည်ပသို့ ခေါ်ဆိုနိုင်မည့် Roaming စနစ်ကို ဖွင့်လှစ်ပေးသွားနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

ယင်းစနစ်ကို ပြီးခဲ့သည့် နိုဝင်ဘာလက ကျင်းပပြီးစီးခဲ့သည့် ကျောက်မျက်ရတနာ ပြပွဲကာလတွင် စမ်းသပ်ခဲ့ခြင်းဖြစ်သည်ဟု သိရပြီး တစ်နှစ်လျှင် သုံးကြိမ်ကျင်းပပြုလုပ်သွားမည့် ကျောက်မျက်ရတနာပြပွဲ သို့ လာရောက်သော နိုင်ငံတကာမှ ရတနာကုန်သည်များ၊ နေပြည်တော်သို့ လာရောက် ကြသည့် သံတမန် ခရီးသွားများအတွက် ရည်ရွယ်ကာ နေပြည်တော်တွင် ဖွင့်လှစ် ပေးသွားခြင်း ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် ကျောက်မျက်ရတနာ ပြပွဲကာလတွင် နေပြည်တော် ဇမ္ဗူသီရိမြို့ရှိ ဟိုတယ်ဇုန်(၁) ရှိ ဟိုတယ်များအားလုံးတွင် တည်းခိုနေထိုင် ကြသည့် ကျောက်မျက်ရတနာ ကျွမ်းကျင်သူများ၊ ကုန်သည်များ အတွက် ဝိုင်ဖိုင် အင်တာနတ် စနစ်ကို ဖွင့်ထားပေးခဲ့ပြီး နေပြည်တော်တစ်ဝန်းလုံးတွင်လည်း လက်ရှိမြန်မာနိုင်ငံတွင် အသုံးပြုနေသည့် မိုဘိုင်းဖုန်း စနစ်အားလုံးကို အသုံးပြုနိုင်ရန် ဖွင့်လှစ်ပေးထားခဲ့သည်ဟု သိရသည်။

"ကျောက်မျက်ရတနာပွဲ ကာလမှာ မြန်မာတစ်နိုင်ငံလုံးမှာ အသုံးပြုနေတဲ့ ဂျီအက်စ်အမ် မိုဘိုင်းစနစ်၊ စီဒီအမ်အေ မိုဘိုင်းဖုန်းစနစ်ပါ အသုံးပြုလို့ရတဲ့အပြင် ပြပွဲလာ နိုင်ငံတကာ ကုန်သည်တွေ အဓိကရှိတဲ့ဟိုတယ်ဇုန်မှာ ဝိုင်ဖိုင်အင်တာနက်လည်း အသုံးပြုလို့ရအောင် ဖွင့်ထားပေးတာ တွေ့ရပါတယ်။ ခုလာမယ့် ကျောက်မျက်ပွဲကစပြီး Roaming စနစ်ပါ ဖွင့်ထားပေးမှာ ဖြစ်တဲ့အတွက် နိုင်ငံတကာ ကုန်သည်တွေအတွက် ပိုပြီးအဆင်ပြေ သွားတာပေါ့"ဟု နေပြည်တော် ဟိုတယ်ဇုန်(၁)ရှိ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ "ပြီးခဲ့တဲ့ ပြပွဲမှာ အဓိကလာ ရောက်ကြတဲ့ ရတနာကုန်သည်တွေ က တရုတ်နိုင်ငံ၊ ဟောင်ကောင်နဲ့ ထိုင်းက ဖြစ်နေတဲ့အတွက် အဲဒီပွဲတော်ကာလမှာ Roaming ဖွင့်မယ်ဆိုရင် ဒီသုံးနိုင်ငံကဖုန်းတွေပဲ သုံးလို့ ရနိုင်မယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေ ညှိနှိုင်းစီစဉ်နေဆဲပဲ ဖြစ်ပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး"ဟု နေပြည်တော် ဇမ္ဗူသီရိမြို့ မှ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောကြား ခဲ့သည်။ ပြီးခဲ့သည့် ကျောက်မျက် ရတနာပွဲကာလတွင် ပြည်တွင်း ပြည်ပမှ ရတနာ ကုန်သည် စုစုပေါင်း ၆၇၀၀ ဦး နေပြည်တော်သို့ လာရောက်ခဲ့ကြပြီး အများစုမှာ တရုတ်နိုင်ငံနှင့် ဟောင်ကောင်တို့မှ ဖြစ်သည် ဟု သိရသည်။ ပြပွဲတွင် ပတ္တမြား၊ ပုလဲနှင့်အတူ ကျောက်စိမ်းတို့ကို ရောင်းချခဲ့ပြီး ယူရိုငွေကြေးဖြင့် အဓိက ရောင်းချခဲ့ခြင်း ဖြစ်သော်လည်း ပြပွဲအပြီးတွင် ရောင်းချမှုမှ ရရှိငွေမှာ အမေရိကန်ဒေါ်လာသန်း ၁၄၄၀ ခန့် ဖြစ်သည်ဟု သိရသည်။
@Weekly Eleven

ချင်းတွင်းသား
01-10-2011, 11:42 AM
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့လေ့လာမှုများအား အထောက်အကူ ပြုနိုင်ရန်အတွက် လစဉ် LAB Schedule များ ရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဇန်နဝါရီလ (၂၂) ရက်နေ့ နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ "Ethernet Over Power Line" ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်များဖြစ်ကြသော ဦးအောင်စိုးမိုး၊ ဦးအောင်ဇော်မြင့်၊ ဦးဇော်ဝင်းထွန်း နှင့် ဦးရဲကျော်သိန်း တို့မှ လက်တွေ့ချိတ်ဆက် စမ်းသပ်ကြမည် ဖြစ်သည်။
Myanmar Info-Tech ဝင်းအတွင်းရှိ အဆောင်(၁) တွင် Wireless Devices များ၊ LAN ကြိုးများ အသုံးမပြုပဲ အဆောက်အဦးအတွင်းရှိ မီးလိုင်းများကိုသာ အသုံးပြုပြီး ကွန်ပျူတာများအား လက်တွေ့ချိတ်ဆက် စမ်းသပ်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများ၊ Network အခြေခံတတ်မြောက်ထားသူများ နှင့် စိတ်ပါဝင်များသူ မည်သူမဆို တက်ရောက်လေ့ကျင့်နိုင်ပြီး ဇန်နဝါရီလ (၂၁) ရက်နေ့ ညနေ (၃းဝဝ) နာရီနောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦးလက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ ဖုန်း-၆၅၂၂၇၆၊ ၇၃၀၈၈၃၀၀ သို့ဆက်သွယ်စုံစမ်းနိုင်သည်။

skhaung
01-11-2011, 12:13 AM
ဖရုံကာကျွန်းအနီး ကျောက်ဆောင်တစ်ခု ရေပေါ်မှ ပေါ်ထွက်လာ

1/10/2011
Adjust font size:


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖရုံကာကျွန်းအနီး ပယ်လယ်ပြင်တွင် ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ထူးခြား ဆန်းကြယ်စွာ ထွက်ပေါ်လာကြောင်း သတင်း ရရှိသည်။

ထွက်ပေါ်လာသော ကျောက်ဆောင်မှာ ရေပေါ်သို့ အမြင့် ၁၀ ပေခန့် ထိုးထွက် ဖြစ်ပေါ်နေသည်ဟု သိရသည်။
http://www.narinjara.com/images/Sittwe-sea-mount.jpg
ငါးဖမ်းသမား ဘုတ်ပိုင်ရှင် ကိုလှကျော်မြင့်က “ ဒီရေ ကျသွားတဲ့ အချိန်ဆိုရင် ၁၀ ပေထိ ထိုးထွက်နေပြီး ဒီရေ တက်ချိန်ဆိုရင် လေး- ငါးပေထိ ပေါ်ထွက်နေပါတယ်။ အရင်က အဲဒီနေရာမှာ ခုလို ကျောက်ဆောင် မရှိတဲ့ အတွက် လူတွေကတော့ အနားမကပ်ရဲဘဲ ဖြစ်နေကြပါတယ်။ ခုလို ကျောက်ဆောင်ပေါ်တာက ထူးခြားဆန်းကြယ်တဲ့ အတွက် ငါးဖမ်းသမားတွေကတော့ အမျိုးမျိုး ပြောနေကြပါတယ်” ဟု ပြောသည်။

အခု ကျောက်ဆောင်ပေါ်လာသော နေရာမှာ စစ်တွေမြို့ အရှေ့တောင်ဘက်၊ ဖရုံကာကျွန်း အရှေ့ ပိုင်း၏ တောင်ဘက် ၇ မိုင်ခန့် အကွာတွင် တည်ရှိသည်ဟု သိရသည်။
http://www.narinjara.com/images/Sittwe-sea-mount-pic.jpg
အဆိုပါ ကျောက်ဆောင်မှာ ဒီဇင်္ဘာလ နောက်ဆုံးအပတ်ခန့်က ရေပေါ်သို့ ရွှေ့လျား ပေါ်ထွက်လာသဖြင့် အစပိုင်းတွင် ငါးဖမ်းသမားများက ရေနဂါးဟု ထင်ကာ စက်လှေများကို ထွက်ပြေးခုတ်မောင်းခဲ့ကြကြောင်း နောက်ပိုင်းတွင်သာ ကျောက်ဆောင်ဟု သိရှိသဖြင့် အနီးအနားမှ သွားရောက်ကြည့်ရှု့ခဲ့ကြသည်ဟု သူက ပြောသည်။

“ အခုတော့ လူတွေက အနားကို စက်လှေနဲ့ သွားကြည့်ကြတယ်။ ဒါပေမယ့် သိပ်အနီးကပ်ပြီးတော့ မသွားရဲကြဘူး။ လူတွေကတော့ ရေအောက်မှာ မီးတောင်ရှိနေတဲ့ အတွက် မီးတောင်ပေါက်ကွဲမယ့် အနေအထားကြောင့် ခုလို မြင့်တက်လာတာ ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုနေကြပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ ဖရုံကာကျွန်း အနီးတ၀ိုက်တွင် ရွံ့မီးတောင်များ အများအပြား တည်ရှိနေပြီး ရေအောက်တွင်လည်း မီးတောင်များ ပျံ့နှံ့ တည်ရှိနေကြောင်း သိရသည်။ အဆိုပါ နေရာ အနီး တ၀ိုက်တွင် ငါးများ အထူးကျက်စားသဖြင့် ပြည်တွင်း ငါးဖမ်းသမားများသာမက ပြည်ပ ငါးဖမ်းသမားများလည်း တန်ကေးခေါ် စက်လှေကြီးများကို အသုံးပြုကာ ငါးများကို ဖမ်းဆီးကြသည်ဟု သိရသည်။

ယခုကဲ့သို့ ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ရွှေ့လျား ထွက်ပေါ်လာခြင်းကို စစ်တွေတွင် သိရှိသူ နည်းပါးနေသေးကြောင်း သူက ဆက်ပြောသည်။
: ----------------------------------- ----------------------------------- ----------------------------------- :



(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)


@ နိရဉ္စရာ (http://www.narinjara.com)

skhaung
01-11-2011, 12:15 AM
နယူးဒေလီ(မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲအပြီး ပထမဆုံးဖြစ်လာမည့် လွှတ်တော်သုံးရပ် အစည်းအဝေးများကို ယခုလ ၃၁ ရက်နေ့တွင် တပြိုင်တည်း ခေါ်ယူသွားမည်ဟု နိုင်ငံပိုင်မီဒီယာများက ယနေ့မွန်းလွဲ ၁ နာရီတွင် ကြေညာသွားသည်။

အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်၊ တနင်္လာနေ့ မနက် ၈ နာရီ ၅၅ မိနစ်မှစ၍ ကျင်းပသွားရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ရေးထိုး ထုတ်ပြန်ကြောင်း မြန်မာ့ရုပ်မြင်သံကြား MRTV4က ကြေညာသည်။
http://mizzimaburmese.com/images/NewsPhotos/JAN11/senate_in_nayphydaw2.jpg

လွှတ်တော်သုံးရပ် အစည်းအဝေးများအား တပြိုင်တည်း
ပြည်သူ့လွှတ်တော် အဆောက်အဦးကို စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။

ကျင်းပသွားမည်ဖြစ်ရာ လေ့လာဖတ်ရှုနိုင်ရန် ဥပဒေ၊ နည်းဥပဒေ ၁၇ မျိုးအား ပုံနှိပ်ဖြန့်ဝေလိုက်သည်ဟုလည်း ပါရှိသည်။

၎င်းတို့မှာ (က) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေ၊ နည်းဥပဒေ၊ (ခ) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ၊ (ဂ) ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ၊ (င) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥပဒေ၊ (စ) နေပြည်တော်ကောင်စီ ဥပဒေ၊ (ဆ) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (ဇ) ပြည်ထောင်စု ရာထူးဝင်အဖွဲ့ ဥပဒေ၊ (ဈ) နိုင်ငံတော် အလံဥပဒေနှင့် နည်းဥပဒေ၊ (ည) နိုင်ငံတော် သီချင်း ဥပဒေနှင့် နည်းဥပဒေတို့ ပါရှိသည်။

ထို့ပြင် (ဋ) ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဌ) ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ (ဍ) အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဎ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဏ) ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ၊ (တ) ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊ (ထ) ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတို့ ဖြစ်သည်။

အဆိုပါ ဥပဒေ၊ နည်းဥပဒေ စာအုပ်များအား ရန်ကုန်မြို့ ကုန်သည်လမ်း စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ သိမ်ဖြူလမ်း သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးများတွင် ဝယ်ယူရရှိနိုင်ကြောင်း ထည့်သွင်း ကြေညာသွားသည်။

@ mazzima (http://mizzimaburmese.com/news/inside-burma/6690-2011-01-10-08-09-05.html)

skhaung
01-19-2011, 06:52 PM
TD_SCDMA မိုဘိုင်းဖုန်းလိုင်းသစ်မိတ်ဆက်
အတွဲ(12) အမှတ်(2)
Wednesday, 12 January 2011
Share
http://www.myanmarinternetjournal.com/images/2011/12-2/ts-cdma.jpg
အိုင်ပီစနစ်အသုံးပြု၍ ဗီဒီယိုနှင့်တယ်လီဖုန်းလိုင်းနှစ်မျိုးစလုံးကို ပူးတွဲသုံးစွဲနိုင်မည်ဖြစ်သော TD_SCDMA မိုဘိုင်းဖုန်းလိုင်းသစ်ကို န၀မအကြိမ်မြောက် ရတနာပုံနည်းပညာပွဲတော်တွင် FISCA ကုမ္ပဏီလီမိတက်မှ မိတ်ဆက်ပြသခဲ့သည်။ Datang အမည်ရှိသော တရုတ်နည်းပညာကုမ္ပဏီတစ်ခုသည် TD Mobile အမည်ဖြင့် လာရောက်မိတ်ဆက်ပြသခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌ အဆိုပါမိုဘိုင်းဖုန်းလိုင်း သစ်လုပ်ကိုင်ခွင့်ရရှိနိုင်စေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဆွေးနွေးညှိ့နှိုင်းလျှက်ရှိကြောင်း သိရသည်။ “GSM တွေ၊ CDMA တွေလိုပဲ TD_SCDMA ဆိုတာကလည်း မိုဘိုင်းဖုန်းလိုင်းနည်းပညာအသစ်တစ်ခုပဲဖြစ်ပါတယ်။ အိုင်ပီစနစ်သုံးစွဲတာကြောင့် ဗီဒီယိုအနေနဲ့ရုပ်ကိုပါမြင်လို့ရတဲ့ ထူးခြားချက်တွေပါလာပါတယ်။ ဒါကြောင့် မျက်နှာချင်းဆိုင် စကားပြောဆိုလို့ရတာတွေဖြစ်လာမယ်” ဟု TD Mobile နှင့်ပူးပေါင်း၍ မိုဘိုင်းဖုန်းလိုင်းသစ်ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သော FISCA ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တယ်လီဖုန်းလိုင်းသစ်၏ Frequency နှင့် တန်ဖိုးငွေများကို မသိရှိရသေးသော်လည်း ခွင့်ပြုချက်ရရှိသည်နှင့် ကွန်ရက်သစ်ကို စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း လက်ရှိအသုံးပြုလျှက်ရှိသော မိုဘိုင်းဖုန်းလိုင်းများနည်းတူ တယ်လီဖုန်းလိုင်းအသုံးပြုမှုကောင်းမွန်နိုင်မည်ဖြစ်ကြောင်း ၄င်းကပြောသည်။ ပြည်တွင်း၌ ဆယ်လူလာဖုန်းများ၊ GSM ဖုန်းများ၊ CDMA ဖုန်း များနှင့် မက်ဝဲလ်ဖုန်းလိုင်းများကို မိုဘိုင်းဖုန်းလိုင်းများအဖြစ် ငှားရမ်းသုံးစွဲခွင့်ပြုခဲ့ပြီးဖြစ်သည်။

ရေးသားသူ - မြင့်ကျော်လှိုင်
@internetjournal

ချင်းတွင်းသား
01-20-2011, 11:50 AM
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့ လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ Net-Info မှ (Lecturer) Complete ICT Solution Provider ဦးအောင်ထွန်းလင်းမှ ဇန်နဝါရီလ (၂၉) ရက်တွင် နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ “Demonstration of Cisco devices password hacking and Cisco IOS backup restore ”ခေါင်းစဉ်ဖြင့် လက်တွေ့သရုပ်ပြသွားမည်ဖြစ်သည်။ Enterprise Level networking devices များဖြစ်ကြသော Cisco router, Cisco switch များ၏ password crack, password hack ခြင်းများကို simulator and real devices များဖြင့် လက်တွေ့သရုပ်ပြသသွားမည်ဖြစ်သည်။ Cisco router, Cisco switch တို့၏ Internetwork Operating System (IOS) များကို backup, restore လုပ်ခြင်းများကိုလည်း simulator and real devices များဖြင့်လည်း ရှင်းလင်းပြသသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPAစာမေးပွဲအောင်မြင်ထားသူများနှင့် Network အခြေခံတတ် မြောက်ထားသူများ၊ Routing နှင့် Switching့ စိတ်ပါဝင်စားသူများ၊ CCNA စာမေးပွဲဖြေဆိုရန် လေ့လာနေသူများ မည်သူမဆို တက်ရောက်လေ့ကျင့်နိုင်ပြီး ဇန်နဝါရီလ (၂၈) ရက်နေ့ ညနေ (၃းဝဝ) နာရီနောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆၊ ၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

skhaung
01-23-2011, 12:27 PM
မကြာမီ လုပ်ကိုင်ခွင့်ပေးတော့မည့် ATMကတ်နှင့် Debit ကတ်စနစ်များ အသုံးပြုနိုင်ရန် ပြည်တွင်းဘဏ်များ ပြင်ဆင်

http://www.news-eleven.com/images/stories/Jan11/we/6172.jpg

မြန်မာနိုင်ငံ ငွေရေးကြေးရေးအဖွဲ့အစည်းများဖြစ်သော ပြည်တွင်းဘဏ်များသည် ယခုနှစ်အတွင်း မကြာမီ လုပ်ကိုင်ခွင့်ပေးတော့မည့် ATM ကတ်နှင့် Debit ကတ်စနစ်များ အသုံးပြုနိုင်ရန် ပြင်ဆင်လျက်ရှိပြီး အစိုးရ-ပုဂ္ဂလိက ဖက်စပ်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ အပါအ၀င် ဘဏ်အများစု လုပ်ကိုင်ခွင့်ရလာမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

"အစိုးရ-ပုဂ္ဂလိက ဖက်စပ်ဘဏ်တွေ၊ ပုဂ္ဂလိကပိုင်ဘဏ်တွေ အနေနဲ့ ဗဟိုဘဏ်ကခွင့်ပြုတာနဲ့ အကြွေးဝယ်ကတ်နဲ့ အေတီအမ်ကတ်တို့ကို အသုံးပြုနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဘဏ်အများစု လုပ်ကိုင်ခွင့်ရလာနိုင်တယ်။ ဗဟိုဘဏ်ကရော ပြည်တွင်းဘဏ်တွေကပါ တာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်း၊ ပြည်ပမှာ လေ့လာနေတာ ရှိပါတယ်။ အသုံးပြုရမယ့်စက်တွေ၊ ဆော့ဖ်ဝဲတွေ၊ စနစ်တွေကို လေ့လာနေတာပါ"ဟု ဘဏ်လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းဖြစ်သော ဘဏ်လုပ်ငန်းအသိုင်းအ၀ိုင်းသည် ၂၀၁၀ ပြည့်နှစ်အတွင်း ပုဂ္ဂလိကဘဏ်သစ်လေး ဘဏ်တည်ထောင်ခွင့်ပေးပြီး နောက်ပိုင်းပြန်လည်တိုးတက်လာပြီး အခြားငွေရေးကြေးရေး လုပ်ကိုင်ခွင့်များကို ဆောင်ရွက်နိုင်ရန် မျှော်မှန်းပြင်ဆင်လာကြကြောင်း၊ ပြည်တွင်းငွေကြေး လည်ပတ်မှုနှင့် ငွေပေးချေမှုများ ပိုမိုအဆင်ပြေစေရန် အကြွေးဝယ်ကတ် ၀န်ဆောင်မှုကို ဆောင်ရွက်ခွင့်ရလာရန် ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းက လိုလားကြောင်း သိရပါသည်။

"တာဝန်ရှိသူတွေကလည်း ပြည်တွင်းဘဏ်လုပ်ငန်းတွေကို အကြွေးဝယ်ကတ် အသုံးပြုခွင့်ပေးချင်တယ်လို့ သိရတယ်။ အဓိကကတော့ ငွေကြေးလည်ပတ်မှုနဲ့ ငွေပေးချေမှု ပိုအဆင်ပြေလာဖို့ ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်သစ် တချို့ဆို ဘဏ်စတည်ထောင်ကတည်းက အကြွေးဝယ်ကတ်အသုံးပြုခွင့်ပေးတာနဲ့ ၀န်ဆောင်မှုပေးနိုင်ဖို့ ပြင်ဆင်ထားတာ တွေ့ရတယ်။ တကယ်အသုံးပြုခွင့်ပေးရင် ဘဏ်တွေအနေနဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ စနစ်တကျလုပ်ကိုင် တတ်ဖို့တော့လိုမှာပါ"ဟု ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေး ပညာရှင်တစ်ဦးက ထင်မြင်ချက်ပေးပါသည်။

ကမ္ဘာ့နိုင်ငံအချို့တွင် အကြွေးဝယ်ကတ်ကို ၁၉၅၉ ခုနှစ်မှ စတင် ကာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က ကမ္ဘာ့အကြွေးဝယ်ကတ် ကုမ္ပဏီများဖြစ်သော Master Card နှင့် Visa Card တို့မှ လာရောက်ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ထို့နောက် လက်ရှိအစိုးရလက်ထက် ဈေးကွက်စီးပွားရေးစတင်ပြီး ၁၉၉၄ ခုနှစ်တွင် ပြန်လည်အသုံးပြုခဲ့ပြီး ၂၀၀၃ ခုနှစ်ဆန်းပိုင်းထိ ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုခဲ့သော်လည်း ၂၀၀၃ ခုနှစ်အတွင်း ပုဂ္ဂလိကဘဏ် အချို့ တွင်ဖြစ်ခဲ့သည့်ငွေဖြစ်လွယ်မှုအကျပ် အတည်းနှင့်ကြုံတွေ့ချိန်တွင် အဆိုပါ အကြွေးဝယ်ကတ်စနစ်ကိုကန့်သတ် ခဲ့ရကြောင်းနှင့် ၂၀၁၀ ပြည့်နှစ်တွင် အစိုးရပိုင်စီးပွားရေးဘဏ်ကို အကြွေးဝယ်ကတ်စနစ် တစ်မျိုးဖြစ်သည့် Smart Card သုံးစွဲခွင့် ပြန်လည်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

အကြွေးဝယ်ကတ်သည် ဘဏ်များ၏ အဓိကလုပ်ငန်းများဖြစ်သော အပ်ငွေလက်ခံခြင်း လုပ်ငန်းနှင့် ငွေထုတ်ချေးခြင်း လုပ်ငန်းကို တစ်ပြိုင်တည်း အကောင်အထည်ဖော်နိုင်သည့် စနစ်ဖြစ်ပြီး လက်လီဘဏ်လုပ်ငန်း (Retail Banking) ဖြစ်သည်။ ထို့အပြင် အကြွေးဝယ်ကတ်သည် စားသုံးသူချေးငွေ အခွင့်အလမ်းတစ်ရပ် (Consumer Credit Facility) ဖြစ်ပြီးငွေကြေးလည်ပတ်မှုကို အထောက်အကူပြုခြင်း၊ ငွေကိုင်ပြီး အသုံးပြုရန် မလိုအပ်ခြင်း၊ ငွေကြေးလုံခြုံမှုရှိ ခြင်း၊ ငွေရေတွက်ရသက်သာခြင်း၊ ဘဏ်ထုပ် ထုပ်ရန် မလိုအပ်ခြင်း၊ လုံခြုံအောင် သိမ်းဆည်းရန် လွယ်ကူခြင်း၊ သယ်ဆောင်ရလွယ်ကူခြင်း၊ ဘဏ်ငွေအသွင်းအထုတ် လုပ်ရန်မလိုအပ်ခြင်း၊ ဘဏ်များမှစာရင်း ရှင်အပ်နှံငွေရရှိခြင်းစသည့် အားသာချက်များရှိကြာင်း၊ အလားတူ အားနည်းချက်များလည်းရှိပြီး စည်းမျဉ်း စည်းကမ်းနှင့် စောင့်ကြည့်ထိန်းသိမ်းမှု အားနည်းခြင်းများဖြစ်ပေါ်နေချိန်တွင် တွေ့ရှိရနိုင်သည့် အားနည်းချက်များမှာ ငွေကြေးဖောင်းပွမှု များပြားနိုင်ခြင်း၊ ကုန်ဈေးနှုန်းတက်နိုင်ခြင်း၊ စားသုံးသူများမှ လွယ်လွယ်များများ အသုံးပြုနိုင်ခြင်းကြောင့် အကြွေးဝန် ထုပ်ဝန်ပိုးများလာခြင်း၊ အသုံးစရိတ်များလာခြင်းတို့ကို ကြုံတွေ့နိုင်ကြောင်းသိရသည်။

@ ELEVEN NEWS (http://www.news-eleven.com/index.php?option=com_content&view=article&id=6865:-atm-debit-&catid=42:2009-11-10-07-36-59&Itemid=112)

min kyaw
01-23-2011, 10:22 PM
သူတို့ကို ကူညီနိုင်ဘို့ဆိုရင် သူတို့ကပြန်ကူညီမှဖြစ်လိမ့်မယ်ထင်ပါတယ်..... ဒါဘာလဲဆိုတော့ မြန်မာပြည်မှာထွက်နေတဲ့ လောင်စာဓါတ်ငွေ့ရည်ကို ပြည်ပကိုရောင်းမယ့်အစား ပြည်တွင်းသုံးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြုပေးလိုက်မယ်ဆိုရင် လက်ရှိကာလ လျှပ်စစ်စွမ်းအင်လိုအပ်မှုထက် 70 % နှုန်းလောက် သက်သာသွားနိုင်တဲ့အပြင် ၁၀၀% ပြည့်ပါအဆင်ပြေသွားနိုင်ပါတယ်.. ဘာဖြစ်လို့်လဲဆိုတော့ ကျန်ခဲ့တဲ့ လေးငါးနှစ်ခန့်က ကြေငြာချက်တစ်ခုကို အမြဲသတိရနေမိလို့ပါ ရုပ်သံမှာနဲ့ သတင်းစာမှာပါနေ့စဉ်နီးပါး ကျေငြာခဲ့တာပါ ..... အိမ်တစ်အိမ်မှာ မီးချောင်းတစ်ချောင်းချွေတာမယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဘယ်လောက်မီဂါဝပ်ထွက်တဲ့ စက်ရုံသုံးရုံခန့်တည်ဆောက်နိုင်တယ်ဆိုတာပါပဲ...... မသိတာလား သိရက်နဲ့ မလုပ်တာလား ဆိုတာမခွဲခြားနိုင်လို့ပါ........ ကျွန်တော်တို့ မြန်မာနိုင်ငံက လျှပ်စစ်မီးရတဲ့ အိမ်းတိုင်းနီးပါး ကွိုင်မီးဖိုကိုသုံးကြပါတယ် အဲဒီအထဲက ၃၀% လောက်က ပေါင်းအိုးနဲ့ အခြားဇိမ်ခံပစ္စည်းတွေကိုသုံးကြပါတယ်.... ဒီမှာပြောချင်တာက ကွိုင်မီးဖိုကိုပါ.... မီးဖိုတိုင်းဟာ သာမန်အသုံးပြုသူတွေမှာ အနဲဆုံ ၈၀၀ ဝပ်ကနေစပါတယ် အများဆုံ ၁၆၀၀ ဝပ်အထိ သုံးကြပါတယ်.. .. ဒါဟာမီးလာတဲ့ အချိန်လေးအတွင်းမှာ မီးရတဲ့ရပ်ကွက်မှာ တစ်ပြိင်ထဲလောက်နီးပါးကိုသုံးကြတာပါ တစ်ရပ်ကွက်ရဲ့ ပျမ်းပျသုံးအားကို ဒီကအဖွဲ့ဝင်ညီအကို အသေးစိတ်မဟုတ်တောင် အကြမ်းဖျင်းတွက်ချက်ကြည့်လို့ရပါတယ်... မီးချောင်းတစ်ချောင်းစာဝပ်ဟာ ၄၀ ဝပ်ပဲအများဆုံးသုံးတာပါ... တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီကွိုင်မီးဖိုသုံးစွဲမှုကို တရားဝင်ရပ်ဆိုင်းလိုက်နိုင်ခဲ့မယ်ဆိုရင် ....... ဓါတ်အားပေး စက်ရုံဘယ်နိုင်ရုံစာ အပိုထွက်လာနိုင်ပါသလဲ ဒါဟာအလေးအနက်ထားပြီးစဉ်းစားရမဲ့အချက်ပါ...... စက်ရုံတွေဘယ်လောက်ဆောက်ဆောက် လောက်ငှလာမှာမဟုတ်ပါဘူး သမင်မွေးရင်းကျားစားရင်းဆိုသလိုပေါ့.... တစ်ခါသုံးစွဲသူတွေဘက်ပြန်ကြည့်ရင်လဲ ဒီမီးဖိုကိုမှ မသုံးရင် မီးသွေးတို့ ထင်းတို့က အဆင်မပြေနိုင်ဘူးလေ...ခေတ်ကာလအရပေါ့..... ကျွန်တော်အခုရှိနေတာမလေးရှားမှာပါ .... ဒီမှာ ကွိုင်းမီးဖိုမရှိပါဘူး ရှိလည်းလူတွေစိတ်မဝင်စားပါဘူး.... ဘာလို့လဲဆိုတော့ ဂက်စ်မီးဖိုတွေ ရှိနေလို့ပါ... ကာလပေါက်ဈေးက 14 kg ပါတဲ့ အိုးတစ်လုံးကို မလေးငွေ 26 ကျပ်ပါ.. မြန်မာပေါက်ဈေးနဲ့ဆိုရင် 6000 နီးပါးပဲရှိပါတယ်.... အဲဒီဂက်စ်ကို ပြည်ပကဝယ်ပြီးဖြန့်တာပါ ...အဲဒိအိုးတစ်လုံးကို မိသားစု ၈ယောက်ရှိတဲ့အိမ်မှာ ထမင်းချက်ရင် တစ်လ အကြိုက်ချက်လို့ရပါတယ် တစ်လကျော်မှ ကုန်ပါတယ်... ဒီလိုဂက်စ်တွေက မြန်မာပြည်ကထွက်နေတာပါ ပြည်ပရောင်းဈေးကိုကျွန်တော်မသိပေမဲ့ ခန့်မှန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဝန်ကြီးများနဲ့ ဗိုလ်မှုအရာရှိများအတွက်ဆိုပြီးချထားပေးတဲ့ ဂက်စ်အိုတွေရဲ့ ဂက်စ်ထုတ်ဈေးဟာ ရာဂဏန်းပါတ်ဝန်းကျင်ပဲရှိပါတယ်..... အဲဒါမျိုးကို ပြည်တွင်းမှာ အားလုံးကိုချထားပေးလိုက်မယ်ဆိုရင် ဘယ်သူက ဒီကွိုင်မိးဖိုကိုသုံးတော့မှာလဲ သုံးခွင့်ကိုလည်းပိတ်ခဲ့မယ်ဆိုရင်ပေါ့....... ဂက်စ်အိုးအတွက်ကလည်း ရင်းနှီးမြုပ်နှံနိုင်တဲ့ ကုမ္ပဏီတွေ အများကြီးရှိပါတယ်.... ဈေူးပေါပေါနဲ့ ဂက်စ်တွေကို ပြည်ပကိုရောင်းပြီး ဈေးကြီူးကြီးနဲ့ အသားကုန်မြုပ်နှံနေရတဲ့ မလောက်မငှ လျှပ်စစ်စက်ရုံတွေ ဆောက်နေတာဟာ လမ်းကြောင်းလွဲနေပါတယ် အကြီးအကျယ်ကို လွဲနေတာပါ... တကယ်လို့သာ ဂက်စ်ကို ပြည်တွင်းမှာသုံးခွင့်ရခဲ့ရင် လျှပ်စစ်ကြောင့်ဖြစ်တဲ့မီးလောင်မှုတွေ ကို ၇၅% လောက်အထိလျော့ချလိုက်နိုင်မှာပါ... ပြီးတော့လည်းမြန်မာပြည်မှာ လောင်စာအတွက်နဲ့ သုံးနေရတဲ့ သစ်တောပြုန်းတီးမှုကို လုံးဝတားဆီးလိုက်နိုင်မှာပါ... ဂက်စ်နဲ့ စက်စပ်ပြီး ထုတ်လုပ်မဲ့စက်ရုံတွေကြောင့် အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေပိုမိုလာနိုင်ပါတယ်....... တစ်ခုအားသာတာကလဲ ဂစ်အိုးတွေ စံချိန်မှီရင်ပေါ့ မီးလောင်ဖို့ လုံးဝမလွယ်ပါဘူး .... made in china ဆိုရင်တော့ အာမ မခံနိုင်ဘူးနော်.... ဒီပို့အတွက်လည်း လိုအပ်တာလေးတွေရှိရင် သူငယ်ချင်းများက ဝင်ဖြည့်ပေးကြပါနော်......

yeakharr
09-01-2011, 11:33 PM
မြန်မာပြည် အင်တာနက်လိုင်းတွေမှာ youtube ဖွင့်သွားပါပြီ။ ဝမ်းသာစရာပါပဲ။
ကျနော်အတွက် ပိုဝမ်းသာစရာကောင်းတာက ftp ဖွင့်ပေးလိုက်တာပါပဲ။
အခုထိတော့ 2082 2083 hosting cpanel port တွေ မပွင့်သေးဘူးဗျာ.. ဆိုးပ....
ဘယ်နဲ့လုပ်ပြီး hosting back end ဝင်ကြသလဲမသိဘူး။။။။

mail port တွေတော့ စမ်းကြည့်တာ မရသေးဘူးဗျာ... ဖွင့်ပေးဖို့ မေ့နေတာလား မဖွင့်ပေးတာလား မသိဘူး..
ညစ်ပ။

ချင်းတွင်းသား
11-25-2011, 07:55 AM
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

MCPA Certified Network Associate Exam Preparation (Intensive Course) ဖွင့်မည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲများကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်တွင် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါစာမေးပွဲများသည် Professional နယ်ပယ်သို့စတင် ဝင်ရောက်သူများအတွက် အဓိက လိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်သည်နှင့်အညီ စာမေးပွဲ အောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်ဝင်ရောက်လုပ်ကိုင်မည့် အခြေအနေသို့ ရောက်ရှိမည်ဖြစ်ပါသည်။

MCPA Certified Network Associate (NA) စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူများ တိုးတက်လာစေရန်၊ Networking ဆိုင်ရာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာမေးပွဲအထာက်အကူပြုသင်တန်းအား အောက်ဖော်ပြပါ အစီအစဉ်အတိုင်း သင်ကြားဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

သင်ကြားမည့်ဘာသာရပ်များ


Desktop PC Hardware, Desktop OS, Networking Fundamental, NOS and Network Environment, Network Management, WLAN, WAN Technologies, Network Security (Networking သင်ခန်းစာအချို့အား ICT Lab ဖြင့် လက်တွေ့သင်ကြားပါမည်)

သင်တန်းကာလ နှင့် အချိန်


၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၈) ရက် မှ (၁၁) ရက်အထိ (၄) ရက်

(ကြာသာပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ)

နံနက် ၉း၀၀ မှ ညနေ ၄း၀၀ အထိ

သင်တန်းကြေး (၁၀,၀၀၀) ကျပ်

(စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူများသာ တက်ရောက်နိုင်ပါသည်)

သင်တန်းဖွင့်လှစ်မည့်နေရာ
MCF e-Learning Center ၊ အဆောင် (၁)၊
Myanmar Info-Tech ၊ လှိုင်မြို့နယ်၊

သင်ကြားမည့်ဆရာများ
ဦးအောင်စိုးမိုး၊ ဦးရဲကျော်သိန်း၊ ဦးအောင်ဇော်မြင့်၊ ဦးဇော်ဝင်းထွန်း၊

(EC မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း)

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄) ၊ အခန်း (၄) ၊ ဖုန်း ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (၂၅.၁၁.၂၀၁၁) ရက်နေ့ မှစ၍ စာရင်းပေးသွင်းနိုင်ပါသည်။

chit tee
01-06-2012, 05:27 PM
ပြည်ပတွင် အလုပ်လုပ်နေသော အလုပ်သမားများ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားခြင်း

ပြည်တွင်း သတင်းပေမယ့် ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ သူတွေအတွက် ဆိုရင်ပိုမှန်လိမ့်မယ်။
Facebook မှာတွေ့မိလို့ပါ ။ ဒီနေ့ထွက်တဲ့သတင်းဘဲ ထင်ပါတယ်။
သိပ်ရှည်ရှည်ဝေးဝေးတော့ မပြောတော့ပါဘူး။ အောက်မှာသာ ဖတ်ကြည့်ကြပါတော့။
အားလုံးဘဲ ပျော်ရွှင်နိုင်ကြပါစေ။


http://i.imgur.com/eGWwy.jpg

kosithuag
01-07-2012, 11:07 PM
ရွှေလီ-ချောင်းသာ ရေအောက်ကေဘယ်လ်ဆက်ကြောင်းလိုင်းအသစ်အား တရုတ်အကူအညီဖြင့် သွယ်တန်းမည်

ဥာဏ်ဥာဏ်(မြစ်မခ)
by Myit Makha Mediagroup on 4 Jan, 2012

ရွှေလီမှချောင်းသာသို့ သွယ်တန်းမည့် ဖိုက်ဘာဆက်ကြောင်း အသစ်တစ်ခုဖြစ်သောအပြည်ပြည်ဆိုင်ရာ ရေအောက်ကေဘယ်လ်ဆက်ကြောင်း အသစ်(SEME WE-5)အား တရုတ်အကူအညီဖြင့် ချိတ်ဆက်သွယ်တန်း ဖွယ်ရှိကြောင်း မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးလမ်းကြောင်း SEME WE-3 ရေအောက်ကေဘယ်လ် အား အသုံးပြုလျှက်ရှိသောကြောင့် အပြည်ပြည်ဆိုင်ရာရေအောက်ကေဘယ်လ်ဆက်ကြောင်းအသစ် SEME WE-5 ကို တရုတ်အကူအညီဖြင့်ချိတ်ဆက်အသုံးပြုနိုင်ရန် ဆွေးနွေးထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင် ပင်လယ်ရေအောက်ကေလယ်လ်ဆက်ကြောင်းအသစ်အား ချိန်ဆက်အသုံးပြု ပါက SEME WE-3 ရေအောက်ကေလယ်လ်ပြတ်တောက်ခြင်းကြောင့် ကြုံတွေ့နေရသည့် အင်တာနက်စနစ် ပြတ် တောက်ခြင်းနှင့် နှေးကွေးခြင်းများကို ကျော်လွှားနိုင်မည်ဟု ကြားသိရသည်။

တရုတ်-မြန်မာ ဆက်သွယ်ရေးဆိုင်ရာဆွေးနွေးချက်များတွင် SEMEWE-5 ရေအောက်ကေယ်လ်တစ်ခုကို တိုးချဲ့ရန်အပြင် ရွေလီ၊လားရိုး၊မန္တလေး၊နေပြည်တော်၊ရန်ကုန်၊ချောင်သာ ဖိုင်ဘာဆက်ကြောင်းလိုင်းအသစ် တစ်ခုကို ချိန်ဆက်သွယ်တန်းရန် အစီစဉ်ရှိကြောင်း မြန်မာဆက်သွယ်ရေးမှ သိရှိရသည်။

အပြည်ပြည်ဆိုင်ရာ ရေအောက်ကေဘယ်လ် ဆက်ကြောင်းအသစ်ချိန်ဆက်ရန်နှင့် ရွှေလီ-ချောင်းသာ ဖိုင်ဘာဆက်ကြောင်း သွယ်တန်းမူမှာ ဆွေးနွေးမူအဆင့်သာရှိပြီး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် အတွက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုမူကော်မရှင်၏ ခွင့်ပြုချက်ရမှသာလျှင် အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ တာဝန်ရှိသူတစ်ဦးကဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘောဒီယားနိုင်ငံနှင့် ပူးပေါင်း၍ ရန်ကုန်၊ နေပြည်တော်၊ပြည်၊မကွေး စသည့် ဧရာဝတီမြစ် နောက်ဘက်ခြမ်းဒေသများတစ်လျှောက် ဖိုင်ဘာဆက်ကြောင်းတစ်ခုသွယ်တန်းရန် ဆွေးနွေးခဲ့ကြောင်း ဒီဇင်ဘာလအတွင်းက နေပြည်တော်တွင်ပြုလုပ်ကျင်းပခဲ့သည့် ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီး ဋ္ဌာနမှ အစည်းအဝေးဆုံးဖြတ်ချက်များအ၇ သိရသည်။

@မြစ်မခမီဒီယာ

kosithuag
01-07-2012, 11:08 PM
WiMax အင်တာနက် တပ်ဆင်ခအား ကျပ်နှစ်သိန်းဝန်းကျင် လျှော့ချသတ်မှတ်

ဥာဏ်ဥာဏ်(မြစ်မခ)
by Myit Makha Mediagroup on 2 Jan, 2012

WiMax အင်တာနက်ဆားဗစ် ကနဦး တပ်ဆင်ခ များကို မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံမည်ဖြစ်ပြီးဈေးနှုန်းများ ကိုလည်း ကျပ်နှစ်သိန်းဝန်းကျင် လျှော့ချလိုက်ကြောင်း အင်တာနက်ဝန်ဆောင်မှုပေးနေသည့် Red Link Communication ကုမ္ပဏီမှ သိရှိရသည်။

အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီမှ WiMax အင်တာနက်လိုင်းအတွက် ကောက်ခံသော နှုန်းထားများမှာ အက်ဖ်အီးစီဖြင့် ကောက်ခံခြင်း မပြုတော့ဘဲ မြန်မာကျပ်ငွေဖြင့်သာ ကောက်ခံမည်ဖြစ်ပြီးး ယခင်က ကျပ် ၈၁၀၀၀၀ဖြင့် ရောင်းချရာမှ ယခုလ အတွင်းမှစ၍ ကျပ် ၆၃၀,၀၀၀ ဖြင့် လျှော့ချ၍ ရောင်းချပေးနေကြောင်း သိရှိရသည်။

"ဈေးနှုန်း လျှော့ပေးလိုက်တာက သုံးစွဲတဲ့ customer တွေ အားလုံးဈေးနှုန်း သက်သက်သာသာနဲ့ သုံးစေ ချင်လို့ပါ။ ဒီဈေးနှုန်းကို ပြန်တက်ဖို့ မရှိပါဘူး။ လျော့ချ လိုက်တာပါ။ အဲ့ဒါက ရန်ကုန်မှာပဲ လျှော့ပေးတာပါ " ဟု Red Link Communication ကုမ္ပဏီ မှ ဈေးကွက်မန်နေဂျာ ကိုမျိုးမြင့်ညွန် ကပြောသည်။

လက်ရှိအချိန်တွင် ပြောင်းလဲလိုက်သည့် ၀န်ဆောင်မှုများမှာ Silver, Gold+,Platinum, Platinum+,Diamond ဟူ၍ ဖြစ်ကြောင်းသိရှိရပြီး လစဉ်ကြေးနှုန်းထားများအနေဖြင့် 512 Kbps ကို US$-30, 1Mbps- US$-55, 2Mbps- US$ -90 နှင့် 3Mbpsကို US$ -155ဟူ၍ သတ်မှတ်ထားကြောင်း သိရှိရသည်။

"WiMax အင်တာနက်သွားလျှောက်တာ အရင်ထက် အများကြီး ဈေးကျသွားတယ်။ အဲဒီလောက်ထိ ကျ သွားမယ် မထင်ထားဘူး။ အရင်တုန်းကဆိုရင် အက်ဖ်အီးစီ ၁၅၀၀ လောက်ပေး ရတာ။ အခုက မြန်မာငွေ ၆၃၀,၀၀၀ လောက်ပဲ ကျတယ်ဆိုတော့ သုံးရတဲ့သူတွေ အတွက် အရမ်းအဆင်ပြေပါတယ်" ဟု ယခု ရက်ပိုင်း တွင် အဆိုပါ WiMax အင်တာနက် လိုင်သွားလျှောက် သူ ကိုထိန်ဝန်းက ဆိုသည်။

WiMax အင်တာနက်လိုင်း၏ ယခင် လစဉ်ကြေးနှုန်းထားများမှာ 128 Kbps-US$-45, 256 Kbps- US$-75, 512Kbps- US$-130 ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချထားပေးသည့် Mbps များထက် 1Mbps တိုး၍ ကျော်လွန်အသုံးပြုမည်ဆိုပါက သုံးစွဲသူများ အနေဖြင့် ကုမ္ပဏီသို့ US$ 0.01ပေးဆောင်ရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

@မြစ်မခမီဒီယာ

htinlin
01-13-2012, 09:16 PM
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်လက်ထက် တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၀ ရက်အကြာ အကျဉ်းသား ၆၅၁ ဦးအား ထပ်မံလွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့သည်။

အကျဉ်းသား ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကို ဇန်န၀ါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန် နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားမှ တစ်ဆင့် ထုတ်ပြန်သွားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ လူသားခြင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်း ရည်ရွယ်ပြီး အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှစပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်"ဟု ဖော်ပြထားသည်။

ဇန်န၀ါရီလ ၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ပြီး ၁၀ ရက်အကြာ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုအကြိမ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏
သဘောဆန္ဒနှင့် ပေးခြင်းဖြစ်သည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ကြေငြာစာပါ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ သိရသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) တွင် ဆိုထားသည်မှာ ' ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၄င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့) ၄င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ်အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်' ဟု ဖြစ်ပါသည်။ အကယ်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (ခ) အရ ပေးရမည်ဖြစ်ပြီး ယင်းပုဒ်မ မပါရှိသောကြောင့် သမ္မတကြီး၏ သဘောဆန္ဒဖြင့်ပေးခြင်းဖြစ်သည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၀၄ (ခ)မှာ ဆိုထားသည်မှာ '' အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပိုင်ခွင့်ရှိသည်'' ဟူ၍ဖြစ်ပါသည်။

နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက်လည်းကောင်း . . .
ဇန်န၀ါရီလ ၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ဇန်န၀ါရီလ ၃ ရက်နေ့တွင် အကျဉ်းထောင် အသီးသီးမှ အကျဉ်းကျခံလျက်ရှိသော အကျဉ်းသားများအနက် အကျဉ်းသား ၆၀၈၇ ဦး၊ အကျဉ်းသူ ၅၆၉ ဦး စုစုပေါင်း ၆၆၅၆ ဦးတို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ရရှိခဲ့ပြီး ယင်းအနက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့သာ လွတ်မြောက်ခဲ့သည်။

ထို့ပြင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၁ အရ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခုရှိ အကျဉ်းသားဦးရေ ၄၀၀၀၀ ကျော်အနက် နေသား ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းရှိ အကျဉ်းသား ၆၃၅၉ ဦးအား အောက်တိုဘာလ ၁၂ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့)မှ စတင်ပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ရာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး လွတ်မြောက်လာသူ ၂၀၀ ကျော်ထဲတွင် ကိုသူရ (ခ)ဇာဂနာ၊ ဗိုလ်ချုပ်ဆေထင်(SSPC ဥက္ကဋ္ဌ)၊ ကိုကိုကြီး (စမ်းချောင်း)၊ မစုစုနွေးတို့ ပါဝင်ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ပထမဆုံး လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် အမိန့်ကြေညာချက်အရ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ အပါအ၀င် အကျဉ်းသား ၁၄၆၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သည်။

Ref: http://www.weeklyeleven.com/index.php?option=com_content&view=article&id=11879:2012-01-12-12-57-00&catid=42:2009-11-10-07-36-59&Itemid=112


ဒီမိုကရေစီလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နောက် ဒုတိယအထင်ရှားဆုံး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့်အောင်လံရှိ ထောင်နှင့်ချီသောပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

ယနေ့ နံနက်ပိုင်းတွင် သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်မြို့မှ ဧရာဝတီမြစ်ကို ကူးကာ အောင်လံမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လာနေကြောင်း သတင်းရရှိပါသည်။ သရက်မြို့မှ ထွက်ခွာလာသော ကိုမင်းကိုနိုင်အား ဧရာဝတီမြစ်ကမ်းဘေးတွင် ထောင်နှင့်ချီသော ပြည်သူများက ကမ်းလုံးပြည့်မျှ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ထို့အပြင် ပြည်သူအချို့သည် ဧရာဝတီမြစ်အတွင်း စက်လှေများဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ အခြေအနေတွေအများကြီး ပြောင်းလဲလာပြီး လူတွေ ပျော်ပျော်ရွှင်ရွှင် ရဲရဲဝင့်ဝင့်နဲ့ ကြိုဆိုနေကြတာကို တွေ့ရပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ တိုင်းပြည်အတွက် အများကြီး လုပ်နိုင်မှာပါ” ဟု ထောင်ချီသော ပြည်သူများ၏ ကြိုဆိုမှုကို မြင်တွေ့ရပြီးနောက် ကိုမင်းကိုနိုင်က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်ထောင်မှ လွတ်မြောက်ပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်ကလည်း "ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲဆောင်ရွက်ကြဖို့ပါပဲ။ ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်း ရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံးရေးခဲ့ပြီ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။ ရှေ့ဆက်ပြီး ဒီမိုကရေစီ အရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခု ကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်မစဉ်စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေး လုပ်တာမဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်ကလုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့ အစီအစဉ်မရှိဘူး။သို့သော် ဒီမိုကရေစီ အရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။ ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရော ပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulation လုပ်လိုက်ပါနော်။ Appreciate လုပ်ပါတယ်လို့ " ဟု ပြောကြားခဲ့ပါသည်။

သရက်မြို့မှ ပြန်လည်ထွက်ခွာလာသော ကိုမင်းကိုနိုင်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ နေအိမ်(အမှတ်-၄၇၂/ခ၊ ဇာနည် (၁၃) လမ်းအထက်၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်)သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်းသိရသည်။ ကိုမင်းကိုနိုင်လွတ်မြောက်မှုကို စောင့်မျှော်ခဲ့ကြသော ပြည်သူများနှင့် မိတ်ဆွေများသည် ၎င်း၏နေအိမ်ရှေ့တွင် သွားရောက်စောင့်ဆိုင်း ကြိုဆိုကြရန် ပြင်ဆင်နေကြကြောင်းလည်း သိရှိရသည်။

http://www.weeklyeleven.com/images/stories/jan12/we/mkn.jpg
http://www.weeklyeleven.com/images/stories/jan12/we/kmko2.jpg
သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ကိုမင်းကိုနိုင်အား တွေ့ရစဉ်

10:30 Am

ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) လွတ်မြောက်ကြောင်း သိရှိပါသည်။ ၄င်းနှင့်အတူ ဦးမြင့်ဇော်(ဗိုလ်မှုးချုပ်ဟောင်း) လည်း လွတ်မြောက်ကြောင်း သိရှိရပါသည်။

10:37 Am

ဟင်္သာတ အကျဉ်းထောင်မှ ကိုစည်သူဇေယျနှင့် ဦးကိုကိုလေး အပါအ၀င် ၄ ဦး လွတ်မြောက်လာကြောင်း သိရသည်။

10:53 Am

ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) ၏ သားဖြစ်သူ ဦးဇော်နိုင်ဦး(ဗိုလ်မှုးဟောင်း) လွတ်မြောက်ကြောင်း သိရသည်။
http://www.weeklyeleven.com/images/stories/jan12/we/Khin-Nyunt-1.jpg
http://www.weeklyeleven.com/images/stories/jan12/we/Khin-Nyunt-2.jpg
12:13 PM

" နေကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ပျော်တော့ပျော်တာပေါ့။ မိသားစုလည်းပျော်တယ်၊ လွတ်ပေမယ့်လည်း ကျန်တဲ့ တပည့်တွေရှိနေသေးတယ်။ ဟိုမှာ မလွတ်သေးတာပေါ့ကွယ်။ ကျန်တဲ့ တချို့လွတ်သင့်လွတ်ထိုက်တဲ့လူတွေလည်း ရှိနေသေးတယ်။ အားလုံးလွတ်ရင်တော့ ပိုကောင်းတာပေါ့။ အားလုံးမိသားစုတွေနဲ့ဆုံကြတဲ့အချိန်မှာ ပိုကောင်းတာပေါ့။ သူတို့ကြီးပဲ ဒီလို လွတ်မြောက်လာတာ တစ်ကိုယ်ကောင်းဆန်တယ်လို့တော့ စိတ်ထဲမှာ ဖြစ်မိတယ်။ အားလုံးလွတ်ရင်ကောင်းမယ်။ လွတ်ပါစေလို့ပဲ ဆုတောင်းတယ်။ အချိန်ကာလတစ်ခုမှာ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေမှာဆိုတော့ လွတ်လိမ့်မယ်လို့ထင်ပါတယ်" ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ပြောကြားခဲ့သည်။

12:14 PM
"လက်ရှိအစိုးရကကောင်းတယ်လေ။ ကောင်းတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ လက်ရှိသမ္မကြီးရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ ၊ နှစ်ဦးစလုံးရဲ့ဆောင်ရွက်မှုတွေဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းမယ်လို့ မြင်ပါတယ်" ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ဆက်လက်ပြောကြားခဲ့သည်။

dudugyi
01-15-2012, 07:30 PM
(၅၀၀၀) ကျပ်တန် ဆင်းမ်ကဒ်ကိစ္စနဲ့ ပက်သက်ပြီး၊ ဘယ်သူတွေက ဘာတွေပြောခဲ့တယ်၊ ဘယ်သူတွေက ဘာတွေကိုပြန်လည်ဖြေရှင်းခဲ့တယ်ဆိုတာကိုလည်း online မီဒီယာမှာ၊ အကျယ်တဝင့်ပြောကြဆိုကြနဲ့မို့၊ သိပြီးသားဖြစ်မှာပါ။ online မီဒီယာ ဆိုတာကလည်း ဒီလိုပဲပြောကြဆိုကြနဲ့၊ "သတင်းဦးသတင်းထူးတွေကို၊ ကူးယူဖော်ပြကျရင်း၊ စာဖတ်သူမှ နားမလည်လို့မေးတဲ့အခါ၊ မူရင်းအတိုင်းကူးယူဖော်ပြတာပါ..." ဆိုပြီး၊ ရှောင်ထွက်သွားတတ်ကျသလို၊ တာဝန်ယူဖြေရှင်းတတ်သူတွေလည်းရှိပါတယ်။


http://img576.imageshack.us/img576/7994/84615269.jpg


ကြေးမုံသတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ၊ တရားဝင်ရေးသားခဲ့တာလေးကိုလည်း၊ သဘောကျနှစ်သက်မိလို့ ကူးယူဖော်ပြလိုက်ပါတယ်။

ကိုးကား။ ကြေးမုံသတင်းစာ၊ ၁၅၊ ဇန်နဝါရီ၊ ၂၀၁၂။


ပြည်တွင်းသတင်းဖြစ်ပါသဖြင့် နိုင်ငံတကာ သတင်းခေါင်းစဉ်အောက်မှ ပြည်တွင်းသတင်းခေါင်းစဉ်အောက်သို့ ရွှေ့ထားလိုက်ပါသည်။ chit tee

ကိုထွန်း
01-23-2012, 04:27 PM
http://img838.imageshack.us/img838/6585/1db82843c77.jpg

ဇန်နဝါရီ (၂၃) ရက်နေ့ထုတ်၊ Weekly Eleven News Journal အတွဲ (၇) အမှတ် (၁၇) ပါ။ ဒီနေရာမှ (http://www.scribd.com/thit_lwin_2/d/79054995-Weekly-Eleven-Vol7-No-17) ရယူနိုင်ပါတယ်။

စာမျက်နှာ (၂၃) နဲ့ (၂၅) မှာဖော်ပြထားတဲ့၊ "နေပြည်တော် အနာဂတ် သဘောတူညီချက်" ဆိုတဲ့ဆောင်းပါးနဲ့ "မြန်မာနိုင်ငံအပေါါစီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းသင့်ပြီလား၊ မြန်မာ့စီးပွားရေးကဏ္တွ ၂၀၁၂ မှာအလျှင်အမြန်ပြောင်းလဲရတော့မည်"ေ ဆာင်းပါးတွေဟာ စိတ်ဝင်စားစရာကောင်းပါတယ်။

Credit to : Eleven Media Group (http://www.weeklyeleven.com/)

ချင်းတွင်းသား
01-27-2012, 10:38 AM
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း
Real Life Experience on Clustering and Linux Server Administration
ဟောပြောပွဲ ကျင်းပမည်

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်း (YCPA) မှ ကြီးမှုး၍ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက် (သောကြာနေ့) နေ့လယ် (၂း၀၀) မှ ညနေ (၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း(၂၀၅) တွင် USA နိုင်ငံရှိ National Center for Super Computing Application (NCSA) တွင် System Engineer အဖြစ်လုပ်ကိုင်နေသော ဦးချစ်ခင်မှ “Real Life Experience on Clustering and Linux Server Administration” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမည် ဖြစ်ပါသည်။
အဆိုပါ ဟောပြောပွဲတွင် Computer ပညာလေ့လာသူ လူငယ်များ နှင့် Networking နှင့် Server Administration ပညာကိုစိတ်ပါဝင်စားသူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ မည်သူမဆို(အခမဲ့) တက်ရောက်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်ခ်၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း

dudugyi
01-27-2012, 09:20 PM
ဒီနေ့ ရွှေမြန်မာဘလောက်ဂ် (http://goldenmyanmarnews.blogspot.com/2012/01/blog-post_26.html#more) မှာဖော်ပြထားတဲ့၊ သတင်းဆောင်းပါးကို၊ ကူးယူဖော်ပြလိုက်ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နေချိန်၌ ရန်ကုန် မြို့တော်အား စီးပွားရေးမြို့တော်တစ်ခု အဖြစ် အဆင့်မြှင့်တင်နိုင်ရန် မြေပေါ်မြေအောက် မီးရထားလမ်းများကို ဖောက်လုပ်သွားမယ် လို့ သိရပါတယ်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းက ဇန်န၀ါရီ (၂၆) ရက်နေ့မှာ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ အဆိုပါ စီမံကိန်းအတွက် နိုင်ငံခြားပညာရှင် များက ရေးဆွဲနေပြီဖြစ်ကြောင်း သိရပါတယ်။


http://img580.imageshack.us/img580/168/65209438.jpg


နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတဲ့ လက်ရှိ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက် အချိန်တို အတွင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု များစွာထဲက ယခုစီမံကိန်းဟာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဘယ်သူတွေ ဘာပြောပြော၊ အတိုက်အခံတွေ ဘာအော်နေ အော်နေ တိုးတက်မှု အရှိန်အဟုန်မြင့်နေ တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ ပြည်သူ လူထုက ထောက်ခံတဲ့ အစိုးရနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှုတွေ အဆက်မပြတ်ပေါ်ထွန်းနေမှာ ဖြစ်ကြောင်း ရွှေမြန်မာက တင်ပြလိုက်ပါတယ်။


http://img513.imageshack.us/img513/6619/26684206.jpg


http://img29.imageshack.us/img29/5869/73422326.jpg


http://img252.imageshack.us/img252/258/79602183.jpg




ရွှေမြန်မာဘလောက်ဂ်မှာဖော်ပြထားတဲ့ Yangon subway ရဲ့ ပုံတွေကိုလည်း ကူးယူဖော်ပြလိုက်ပါတယ်။


အထူးကျေးဇူးတင်စွာဖြင့် ကိုးကားကူးယူဖော်ပြခြင်း။ ရွှေမြန်မာ Thursday, January 26, 2012. (http://goldenmyanmarnews.blogspot.com/2012/01/blog-post_26.html#more)

အေ၇ာ
01-27-2012, 09:51 PM
ဒူဒူရေ
ရွှေမြန်မာတွေ အနေနဲ့
လေထဲမှာတောင် တိုက်အိမ်တွေဆောက်ဖူးလျှင်
မြေအောက်မှာလည်း ဥမင်တွေဖေါက်ကြမှာပါပဲလေ။

ကိုဖိုးဇော်
01-27-2012, 10:07 PM
Myanmar to cooperate with U.S. universities to develop education

YANGON, Jan. 27 (Xinhua) -- Myanmar Ministry of Education will cooperate with The Johns Hopkins University in the United States aimed at developing the education sector of the country, according to official media Friday.

A meeting in Nay Pyi Taw on Thursday between a delegation of U. S., led by Ron Daniel, President of The Johns Hopkins University, and Myanmar Deputy Minister for Education U Ba Shwe focused on cooperation between universities under the Myanmar Ministry of Education and The Johns Hopkins University including other universities in the United States, said the New Light of Myanmar.

The move also covered sending of Myanmar students, cooperation in research, exchange of students from both countries, upgrading machines used in advanced research, easy access to reference books and papers from internet website and training of basic education teachers for promotion of English proficiency skill.

Meanwhile, Ron Daniel and Minister for Health Dr. Pe Thet Khin discussed matters related to development of rural health care, giving training for promoting for the quality of health staff, supply of medicine and medical equipment, study of public health at Johns Hopkins University, training of medicine, better program for selection of students at Universities of Medicine, prevention and cure of non-infectious diseases, maternal, infant and child health care, nourishment program, availability of immunization and promotion of immunization program.

source : http://news.xinhuanet.com/english/culture/2012-01/27/c_131378627.htm

ကိုဖိုးဇော်
01-29-2012, 07:07 PM
ဒီနေ့ မဇ္ဈိမ မှာ ဖတ်လိုက်ရတဲ့ သတင်းမှာ ကျနော်အောက်မှာ အနီနဲ့ ပြောင်းထားတဲ့သတင်းက တနိုင်ငံလုံး imperial unit ကနေ metric unit ကိုပြောင်းမယ်လို့ ဆိုလိုတာလား သိတဲ့သူများ confirm လုပ်ပေးကြပါအုံး။

ဦးသိန်းဇော်၏ အဆိုနှစ်ခု အတည်ပြု (http://www.mizzimaburmese.com/news/inside-burma/8936-2012-01-27-15-39-41.html)

ချင်းမိုင်(မဇ္ဈိမ) ။ ။ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော် တင်သွင်းသော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးဆိုင်ရာ အဆိုနှစ်ရပ်ကို လွှတ်တော်မှ အတည်ပြုပေးလိုက်ကြောင်း သိရသည်။

တိုင်းရင်းသားများ၏ လူနေမှုဘဝ မြင့်မားရေးနှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်းရန် သောကြာနေ့ လွှတ်တော် အစည်းအဝေးတွင် ဦးသိန်းဇော် အဆိုပြုတင်သွင်းရာ အတည်ပြုပေးလိုက်သည်ဟု လွှတ်တော်အမတ် များက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု
ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းဇော် တင်ပြသည့် အဆိုပါကော်မတီတွင် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်နယ်/ တိုင်း ဝန်ကြီးချုပ်များ ဦးစီးမည် ဖြစ်သည်။

ထို့အပြင် ကြာသပတေးနေ့ လွှတ်တော် အစည်းအဝေးတွင်လည်း ဦးသိန်းဇော် က "ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း
ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ရန်ပုံငွေစာရင်း ခေါင်းစဉ်ဖြင့် ရန်ပုံငွေတရပ် ထားရှိရန်" အဆို တင်သွင်းခဲ့သေး ရာ ထောက်ခံဆွေးနွေးမှုများဖြင့် ထိုနေ့တွင်ပင် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

အမျိုးသားလွှတ်တော်၏ ကြာသပတေးနေ့ ဆွေးနွေးပွဲတွင် အပိုဒ် ၃၀ ကျော်ပါရှိသည့် "မြေလွတ်မြေရိုင်း ဖေါ်ထုတ်ရေး ဥပဒေကြမ်း" မှ အပိုဒ်တချို့ကို ပယ်ဖျက်ပေးရန် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဖေသန်း က ကန့်ကွက်ခဲ့သည်။

မြေလွတ်၊ မြေရိုင်းများ ဖော်ထုတ်ရာတွင် ဟန့်တားနှောက်ယှက် တားဆီးမှုများ မရှိစေရန် ဝန်ကြီးဌာနပေါင်းစုံမှ ဒုဝန်ကြီး များဖြင့် ဖွဲ့စည်းထားသည့် ကော်မတီက ကာကွယ်ပေးရမည် ဟူသည်ကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ “မြေလွတ်မြေရိုင်း ဖော်ထုတ်ရေး” ဥပဒေအား တနင်္လာနေ့တွင် ပြန်လည်သုံးသပ်ရန် ဆက်လက် ဆွေးနွေးကြ မည် ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမျိုးမြင့်၏ ပေ-ပေါင် ယူနစ် စနစ်မှ စင်တီမီတာ-ဂရမ် ယူနစ်စနစ်သို့
ပြောင်းလဲသုံးစွဲရေး အဆိုကို အတည်ပြုခဲ့သည်ဟုလည်း လွှတ်တော်အမတ်များက ပြောသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်ခင်ဝိုင်းကြည်၏ ကိုယ်ဝန်ဆောင်ဝန်ထမ်း အမျိုးသမီး
များအား မီးဖွားခွင့်ရက် တိုးမြှင့်သတ်မှတ်ပေးရန် အဆိုကိုလည်း လွှတ်တော်မှ အတည်ပြုပေးခဲ့သည်ဟု သိရသည်။

အမျိုးသားလွှတ်တော်တွင် အလုပ်သမားဝန်ကြီးဌာနမှ "လူမှုဖူလုံရေး ဥပဒေကြမ်း" နှင့် စီးပွားရေးနှင့် ကူးသန်းရောင်း
ဝယ်ရေး ဝန်ကြီးဌာနမှ "နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း" တို့ကို တင်သွင်းခဲ့ကြောင်းလည်း သိရသည်။

ကိုထွန်း
01-29-2012, 09:14 PM
ဒီတပတ်ထုတ် The Voice ဂျာနယ်မှာပါတဲ့ ဆောင်းပါး တပုဒ်ကို၊ ဧရာဝတီဘလောက်ဂ် (http://www.irrawaddyblog.com/) မှတဆင့်၊ မူရင်းအတိုင်း ကူးယူဖော်ပြလိုက်ပါတယ်။ စာရေးဆရာ ဦးလှဝင်း (လေသူရဲတစ်ဦး) ဟာ၊ ကျောက်မျက်ကုန်သည်၊ ကျောက်မျက် သင်တန်းဖွင့်သူ၊ လေတပ်အရာရှိဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပါတယ်။


http://img94.imageshack.us/img94/6428/samplebig.jpg

အထူးကျေးဇူးတင်စွာဖြင့် ကိုးကားကူးယူဖော်ပြခြင်း။ http://www.vwkly.com/, http://www.irrawaddyblog.com/

ဝိုင်းချစ်
02-01-2012, 06:14 PM
ငါးထောင်တန် SIM ကဒ် ရောင်းချနိုင်ရန် ရွှေပြည်တံခွန်ကုမ္မဏီက ဆက်လက်လုပ်ဆောင်သွားမည်

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-ash4/s720x720/408799_307502092629753_171807346199229_884536_1906500770_n.jpg
ရွှေပြည်တံခွန်ကုမ္ပဏီမှ တာဝန်ရှိသူတို့ကို ယနေ့သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

ရွှေပြည်တံခွန်ကမ္မဏီအနေဖြင့် ငါးထောင်တန် SIM ကဒ်ရောင်းချပေးနိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြာင်း ယနေ့နေ့လည် ထရိတ်ဒါးဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ပြောဆိုလိုက်သည်။

“ကျွန်တော်တို့သတင်းထုတ်ပြန်ထားတဲ့ အချက်အမှတ်ငါး မှာပါထားတဲ့ အတိုင်းဆက်လုပ်မှာ ဖြစ်ပါတယ်”ဟု ရွှေပြည်တံခွန် ကုမ္မဏီ၏ စီမံချက်ဒါရိုက်တာ ဦးရဲထွဋ်ဝင်းက ပြောသည်။



ယင်း ရွှေပြည်တံခွန်ကုမ္ပဏီ၏ ထုတ်ပြန်ချက် အမှတ် STPG002 အမှတ် ငါးတွင် ရွှေပြည်တံခွန်မှ မူလကပေးခဲ့သည့်အတိုင်း လူတစ်ဦးမှတ်ပုံတင်တစ်ခုလျှင် SIM Card တစ်ခု (ကျပ် ၅၀၀၀) နှုန်းဖြင် ရောင်းချနိုင်ရန် နိုင်ငံတော်၏ မူဝါဒနှင့်အညီ အောင်မြင်အောင်စီမံကြိုးပမ်းဆောင်ရွက်တော့မည် ဖြစ်သည်ဟုပါရှိသည်။

ယမန်နေ့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပုဇွန်တောင်မြို့နယ် ဆက်သွယ်ရေး သင်တန်းကျောင်း၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ရွှေပြည်တံခွန်ကုမ္ပဏီကိုပါ ဖိတ်ကြားပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူတို့က ၅၀၀၀ တန်ဖုန်းကိစ္စမှာ လောလောဆယ်တွင် မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။

ထိုသို့ပြောကြားအပြီး နောက်တရက်အကြာတွင် ရွှေပြည်တံခွန်ကုမ္ပဏီက ယခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ဆက်လက်ကြိုးစားသွားမည့် အကြောင်း ထုတ်ပြန် အသိပေးလိုက်ခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငါးထောင်တန်ဖုန်း မဖြစ်နိုင်သေးသည့်အကြောင်းအချက်များကို ပြောဆိုရာတွင် ရေဒီယိုစခန်းများ တည်ဆောက်ရန် အချိန်ယူရခြင်း၊ စက်ပစ္စည်းများ လုံလောက်စွာတပ်ဆင်ရခြင်းနှင့် မြို့တွင်းနှင့် အခြားမြို့များသို့ ဆက်သွယ်ရာတွင် ပင်မကျောရိုးဆက်သွယ်မှုအတွက် အချိန်ယူတည်ဆောက်ရခြင်းတို့ကြောင့်ဟု အကြောင်းပြ ပြောဆိုထားသည် ကိုတွေ့ရသည်။

ယင်းအချက်နှင့်ပတ်သက်၍ ရွှေပြည်တံခွန် ကုမ္ပဏီမှ ဦးရဲထွဋ်ဝင်းက “သူတို့ရဲ့နည်းပညာအရတော့မသိပါဘူး ကျွန်တော်တို့နည်းပညာအရတော့ ခြောက်လအတွင်းလုပ်နိုင်ပါတယ်”ဟု ထပ်မံပြောကြားသည်။

ငါးထောင်တန် မိုဘိုင်းဖုန်းအတွက် အမေရိကန်နည်းပညာဖြစ်သည့် 3GPP Rel 7 နည်းပညာအား အသုံးပြုသွားမည် ဖြစ်၍ ရွှေပြည်တံခွန်ကုမ္မဏီအနေနှင့် ပြည်ပဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားမည်ဟု သိရသည်။

ရွှေပြည်တံခွန်ကုမ္မဏီမှ ၀ါယာလက်နက်ဝေါ့ခ် နည်းပညာရှင် မစ္စတာ ဟီလို ရွိုင်း က “ကျွန်တော်တို့ အနေနဲ့ တာဝါတိုင် အကြီးကြီးတွေ တည်ဆောက်ဖို့မလိုအပ်ပါဘူး”ဟုဆိုသည်။

ငါးထောင်တန် မိုဘိုင်းဖုန်းအတွက် လိုအပ်သည့်တာဝါတိုင်အကြီးများအစား ပိုမိုပေါ့ပါးသည့် တာဝါတိုင်အသေးများကို သုံးစွဲသွားမည်ဟု ယနေ့ရှင်းလင်းပွဲတွင်ပြောဆိုသည်။

ရွှေပြည်တံခွန်ကုမ္မဏီအနေဖြင့် Second Mobile Network Operator အဖြစ်ဆောင်ရွက်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တင်ပြထားပြီး အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်ပါတ်သက်၍ ဦးရဲထွဋ်ဝင်းက “ဒါကတော့ MPT က ပြည်သူတွေကို ငါးထောင်နဲ့ ဖုန်းကိုင်စေချင်တဲ့စေတနာ အပေါ်မူတည်ပါတယ်”ဟုပြောသည်။

dudugyi
02-01-2012, 07:27 PM
ဒူဒူ တယောက်၊ facebook မှာ ငါးထောင်တန် ဖုန်းကိစ္စနဲ့ ပက်သက်ပြီး၊ ပြောကြဆိုကြရေးသားကြာတာ ဖတ်မိပါတယ်။ ရွှေပြည်တံခွန်ကုမ္ပဏီမှ သတင်းစာရှင်းလင်းပွဲလုပ်လိုက်၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းစာရှင်းလင်းပွဲ လုပ်လိုက်နဲ့ အဆင်ပြေနေပါတယ်။ ရွှေပြည်တံခွန်ကုမ္ပဏီဟာ ပုဂ္ပလိကပိုင် ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းဖြစ်သလို၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဟာလည်း ဝန်ဆောင်မှုပေးတဲ့ နိုင်ငံပိုင်အဖွဲ့အစည်းတခုအဖြစ် ဒူဒူ နားလည်မိပါတယ်။ ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်း (၂) ခုရဲ့ ဈေးကွက်ဝေစု ကိစ္စလို့၊ ယူဆမိပါတယ်။

နိုင်ငံတိုင်းမှာ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် နည်းဥပဒေနဲ့ လုပ်ထုံး လုပ်နည်းတွေကို သတ်မှတ်ပေးရတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ မြန်မာပြည်ဆက်သွယ်ရေးလုပ်ငန်းတွေအတွက် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနဆိုတဲ့ regulatory body ရှိပါတယ်။ regulatory body ဟာ အခုထိ ဝင်ရောက်မစွက်ဖက်သေးတာကို သတိထားမိပါတယ်။ စာမျက်နှာတွေပေါါတင်ပြီး၊ အကျယ်တဝင့် ဆွေးနွေးနေကြတဲ့ အကြောင်းအရာကိစ္စတခုဖြစ်တဲ့အတွက် ဒူဒူ့ မှာ လေ့လာမှတ်သားစရာတွေ၊ တိုးလာခဲ့ပါတယ်။

ကိုထွန်း
02-04-2012, 06:36 AM
(၂ဝ၁၁-၂ဝ၁၂) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုကြမည့်သူများသည် တက္ကသိုလ်စာသင်နှစ် တစ်နှစ်တိုးစနစ်ထဲတွင် အကျုံးဝင်သွားမည်ဟု နေပြည် တော်ရှိ ပညာရေးဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူက ဆိုသည်။ ယခုအခါ တက္ကသိုလ် စာသင်နှစ် တစ်နှစ်တိုးမြှင့် ရန်အတွက်နှစ်တိုးသင်ရိုးညွှန်းတမ်း များကို ပညာရှင်တို့ ရေးဆွဲနေ ပြီဟု ၄င်းက ပြောသည်။

”အခု ပထမနှစ်၊ ဒုတိယနှစ် အစရှိသည်ဖြင့် တက်ရောက်နေဆဲ ကျောင်းသားတွေက နှစ်တိုးတဲ့အထဲမှာ မပါတော့ဘူး။ လာမယ့် ဒီဇင်ဘာမှစတက် မယ့်သူတွေပဲ ဒီစနစ်နဲ့ အကျုံးဝင်သွားမယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ကွန်ပျူတာတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ယခုပညာသင်နှစ်မှစကာ စာသင်နှစ် တစ်နှစ်တိုးခြင်းကို လုပ်ဆောင်ခဲ့ခြင်းကြောင့် နိုင်ငံပိုင် တက္ကသိုလ်များထဲတွင် ပထမဦးဆုံး နှစ်တိုးခဲ့သည့် တက္ကသိုလ်များဖြစ်ခဲ့သော် လည်း ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များ တိုးရန်အတွက်ကိုမူ စာသင်ခန်း အဆောက်အအုံများ လိုမည် ဖြစ် သောကြောင့် ချက်ချင်း မတိုးဘဲ အချိန်စောင့်ဆိုင်းရခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ”နှစ်တိုးသင်ရိုးညွှန်းတမ်း ဆွဲသူ ကဆွဲ၊ အဆောက်အအုံဆောက်သူ ကဆောက်နဲ့ သုံးနှစ်လည်းပြည့် ရော နှစ်တိုးစာသင်ရမယ့် နှစ်မှာ ကျောင်းသားက အဆင်သင့်တက် ရုံပဲ။ ဒါမှ အဆင်ပြေသွားမှာပေါ့”ဟု ၄င်းက ဆက်လက်ပြောသည်။

လက်ရှိ ဘွဲ့ရရှိခဲ့သူ အများစုထဲတွင် အရည်အချင်း မပြည့်ဝသူ အမြောက်အမြားပါဝင်ခဲ့ကြောင်း၊ အရည်အချင်းရှိ ဘွဲ့ရများထွက်ပေါ်လာရန် ပညာရေး ဆွေးနွေးပွဲများ ကျင်းပ၍ အဖြေစုပေါင်း ရှာခဲ့ရာမှ စာသင်နှစ်တစ်နှစ် တိုးစေခြင်း ဆိုသည့် အချက်ပါဝင်ခဲ့ကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ဖူးသည်။ ရန်ကုန်တက္ကသိုလ်အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာထွန်းခင် က “နှစ်တိုးလိုက်တဲ့အတွက် ကျောင်းသားတစ်ဦးအနေနဲ့ တတ်မြောက်သင့် တတ်မြောက်ထိုက်တဲ့ ပညာတွေတတ်သွားနိုင်ပါတယ်” ဟု ပြောသည်။

ကိုးကားကူးယူဖော်ပြခြင်း။ မင်းသုအောင်, ရန်ကုန်၊ ဇန်နဝါရီ ၂၆။ (http://popularmyanmar.com/mpaper/archives/36214) http://popularmyanmar.com/

ကိုထွန်း
02-04-2012, 07:00 AM
နိုင်ငံတိုင်းမှာ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် နည်းဥပဒေနဲ့ လုပ်ထုံး လုပ်နည်းတွေကို သတ်မှတ်ပေးရတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ မြန်မာပြည်ဆက်သွယ်ရေးလုပ်ငန်းတွေအတွက် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနဆိုတဲ့ regulatory body ရှိပါတယ်။ regulatory body ဟာ အခုထိ ဝင်ရောက်မစွက်ဖက်သေးတာကို သတိထားမိပါတယ်။ စာမျက်နှာတွေပေါါတင်ပြီး၊ အကျယ်တဝင့် ဆွေးနွေးနေကြတဲ့ အကြောင်းအရာကိစ္စတခုဖြစ်တဲ့အတွက် ဒူဒူ့ မှာ လေ့လာမှတ်သားစရာတွေ၊ တိုးလာခဲ့ပါတယ်။

ဟုတ်ပါတယ် ဒူဒူ ရေ။ ဝန်ဆောင်မှုအဖွဲ့အစည်းဆိုတာက service provider ပါ။ service provider ကိုထိမ်းသိမ်းကြပ်မတ်ပေးတာက regulatory body ပါ။ တနည်းအားဖြင့် policy maker လို့သတ်မှတ်နိုင်ပါတယ်။ regulatory body ဟာ rules & regulations ဆိုတဲ့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို၊ သတ်မှတ်ပေးသလို authorization ဆိုတဲ့ အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ အရေးယူမှုတွေကို၊ ဆောင်ရွက်ပိုင်ခွင့်လည်းရှိပါတယ်။ regulatory body ဟာ policy maker ဖြစ်ပေမယ့်၊ policy desire အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်တော့မရှိပါဘူး။ policy maker ဟာ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို၊ ရေးဆွဲပြီးရင် အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ပါလီမန်လို policy desire အဖွဲ့အစည်းအထိ တင်ပြပြီး၊ ခွင့်ပြုချက်ယူရပါတယ်။ အသွင်ကူးပြောင်းရေး ကာလတွေမှာနိုင်ငံတိုင်းကြုံတွေ့ရလေ့ရှိတဲ့ ဝိဝါဒကွဲပြားတဲ့ အမြင်တွေလို့သာ၊ ပြောချင်ပါတယ်။

ဝိုင်းချစ်
02-28-2012, 09:12 AM
ကျပ်နှစ်သိန်းတန်ဖိုးဖြင့် ဂျီအက်စ်အမ်ဖုန်းများ မတ်လ နောက်ဆုံးပတ် စတင်ချပေးမည်ဟုဆို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မတ်လအစောပိုင်းတွင် စတင်ငှားရမ်း ခွင့်ပေးမည်ဟု သတင်းထွက်ပေါ်နေသည့် တန်ဖိုးနည်း ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းများကို မတ်လနောက်ဆုံးပတ်တွင်မှ စတင်ချထားပေးသွားမည်ဟု မြန်မာ့ ဆက်သွယ်ရေးမှ တာဝန် ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ယခုအချိန်တွင် ငှားရမ်းသုံးစွဲခွင့်ပြု မည့်အချိန်မှာ 3Gs စနစ်ဖြစ်ကြောင်း၊ အင်တာနက်စနစ်ပါဝင်ဖွယ်ရှိကြောင်း၊ အင်တာနက်စနစ် အပါအ၀င် Voice စနစ်ပါဝင်ပြီး ကျပ်နှစ်သိန်းဖြစ်ကြောင်း၊ အခြေခံအဆောက်အဦးပိုင်းအရ ပြင်ဆင်မှုများပြုလုပ်နေကြောင်း ၎င်းက ပြောသည်။

MMS (Multi Message Service) စနစ်ကို ပြုလုပ်သွားရန် အစီအစဉ်ရှိ သော်လည်း ယခုငှားရမ်းသွားမည့်စနစ် တွင် ပါဝင်မည် မဟုတ်သေးကြောင်း ၎င်းက ပြောသည်။

ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို အလုံးရေ တစ်သန်းခွဲ ခန့် ငှားရမ်းပေးသွားရန်အစီအစဉ်ရှိ ကြောင်း၊ ရန်ကုန် အတွက် အလုံးရေ တစ်သိန်းခွဲ ငှားရမ်းသုံးစွဲခွင့်ပြုသွား မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အဆိုပါ ဂျီအက်စ်အမ်ဖုန်းများကို မိုဘိုင်းဖုန်း သန်း ၃၀ တိုးချဲ့ရေး ငါးနှစ် စီမံကိန်း၏ ပထမအဆင့် လိုင်း ငါးသန်း အစီအစဉ်အရ စတင်ချထားပေးခြင်း ဖြစ်သည်ဟု သိရသည်။

dudugyi
02-29-2012, 09:12 PM
ဖိုရမ်မှာ ITU publications တွေကို နောကြေအောင်ဖတ်ထားသလို၊ ကျွန်းကလေး IDA ရဲ့ Regulations တွေကို၊ ကိုင်ကာပြောနိုင် သူတွေလည်းရှိပါတယ်။ ဘာမှ မသိတဲ့ ဒူဒူ ကတော့ (၂၀၁၂) ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ထုတ် Mobile Guide ဂျာနယ်မှ ဦးပြည်စိုးထွန်း B.E (Electronics, MBA (Telecom) နဲ့ အင်တာဗျူးကို၊ ပိတောက်မြေ (http://padaukmyay.blogspot.com/) မှာ ဖတ်မိပြီး၊ ကူးယူဖော်ပြလိုက်ပါတယ်။

အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ ငါးထောင်တန်ဖုန်း ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတဲ့ နေရာမှာ အစ်ကို့ရဲ့ အမြင်ကို သုံးသပ်ပေးပါဦး

နှစ်ဖက်စလုံးက ပြောနေတာတွေတော့ ရှိပါတယ်။ ဒီအခြေအနေကို ပြောရမယ် ဆိုရင်တော့ နိုင်ငံ တစ်ခုလုံး ခြုံကြည့်ဖို့ လိုတယ်။ Improve ဖြစ်ဖို့က အဓိက ဖြစ်ဖို့ လိုတယ်။ခြုံကြည့်တဲ့ အချိန်မှာလည်း Business Area ဖြစ်တဲ့ ရန်ကုန်လိုမျိုး၊ ဧရာဝတီလိုမျိုးကို ကွက်ြပီး ကြည့်လို့ မရဘူး။ နိုင်ငံ တစ်ခုလုံး ခြုံကြည့်ရမယ်။ ကိုယ့်ရဲ့ တိုင်းရင်းသားတွေ ရှိတဲ့ ချင်းတောင် လိုဟာမျိုး၊ ကချင်ပြည်နယ်လို နေရာမျိုးတွေကိုလည်း ကြည့်ရမယ်။

အဲဒီနေရာ မျိုးတွေမှာ Tele density မြင့်ဖို့ ဆိုတာလည်း အစိုးရမှာ တာဝန် ရှိတယ်။ ဒါတွေကို ချန်ထား ပြီးတော့ ရန်ကုန်လို နေရာမျိုးကိုပဲ develop ဖြစ်အောင် လုပ်မယ် ဆိုရင် အခုလို အချိန်မျိုးမှာ ပိုပြီးတောင် အပြောခံရနိုင်တယ်။ ဒီနေရာက develop ဖြစ်တယ်။ ဒီနေရာက မဖြစ်ဘူး ဆိုပြီး ပိုပြီးတောင် အပြောခံရဦးမယ်။ အစိုးရ အနေနဲ့ ဒါတွေကို Setup လုပ်ဖို့ ဆိုတာ နယ်စွန် နယ်ဖျားမှာလည်း setup လုပ်ဖို့ လိုတယ်။ အဲဒီလို လိုတဲ့နေရာမှာလည်း ဖုန်းတစ်လုံးနဲ့ တစ်လုံး ပြောဖို့ဆိုတာ Transmittion Link မရှိဘဲနဲ့ ပြောလို့မရဘူး။ Transmittion Link ရှိဖို့ဆိုတာက backbone တွေ ဘာတွေချဖို့ အများကြီး လိုအပ်တယ်။

အဲဒီ အပေါ် မှာလည်း Cost တွေ အကုန်လုံးက စီးပွားရေးအရ တွက်ချေ ကိုက်တာ မကိုက်တာက နောက်မှထား။ အရေးကြီးတာက Tele density အရ နယ်စွန် နယ်ဖျားတွေမှာ ရှိရမယ်။ ပြီးတော့လည်း improve ဖြစ်ဖို့ဆိုတာက ဒီ cost တွေကို ထည့်တွက် ထားဖို့ မေ့ထား ရမယ်။ နိုင်ငံတော် အနေနဲ့ဆိုရင် ဒါတွေ အရေး မကြီးသေးဘူး။ အဲဒီလိုမျိုး စဉ်းစားပြီးမှ လုပ်တဲ့ အတွက်ကြောင့်လည်း သူ့အနေနဲ့ အခုအချိန်မှာ Cost တွေ ဘာတွေ ကြီးတာ ဖြစ်နိုင်တယ်။

ရွှေပြည်တံခွန်ရဲ့ Project အရလည်း ရန်ကုန်နဲ့ ဧရာဝတီက ခြောက်လလို့ ဆိုပါတယ်။ ပြီးရင် တစ်နိုင်ငံလုံး ငါးနှစ် စီမံကိန်း လို့ပဲ ဆိုပါတယ်။

သူ့အနေနဲ့ ဆိုရင်လည်း ရန်ကုန်နဲ့ ဧရာဝတီလို Business Area လိုနေရာက စမယ်။ အဲဒီလို နေရာကနေမှ ပိုက်ဆံရမယ်။ ပြီးတော့မှ ဖြည်းဖြည်းချင်း တိုးသွားမယ်။ သူ့လို Private sector က ကြည့်တဲ့ Concept က တစ်မျိုးပေါ့။ MPT ဘက်က ကြည့်တဲ့ Concept ကတော့ တစ်နိုင်ငံလုံးကို improve ဖြစ်ချင်တာ။ အဲဒီလို လုပ်တဲ့ နေရာမှာ ခုနက ပြောတဲ့ Cost တွေ ရှိတယ်။

နောက်ပြီး ရွှေပြည်တံခွန်ဘက် အခြမ်းက ကြည့်မယ်ဆိုရင်တော့ ခြောက်လ အတွင်းမှာ မဖြစ်နိုင်ဘူးလား ဆိုရင် ဖြစ်တာတော့ ဖြစ်နိုင်ပါတယ်။ ဥပမာ မြေနေရာဆိုလည်း မရရအောင် ဝယ်မယ် ဆိုလည်း ရတာပေါ့။ နောက်တစ်ခုက သုံးနိုင်တဲ့ နည်းပညာ ရှိတယ်။ ဥပမာ Station တစ်ခုကို ထောင်မယ် ဆိုရင် မဆောက်ခင်မှာလည်း Mobile Vehicle က အဲဒီနေရာကို သွားမယ်။ ပြီးရင် Mobile Vehicle နဲ့ ဆောက်မယ်။ အဲဒီအချိန် အတွင်းမှာပဲ ကိုယ့်ရဲ့ Station တစ်ခုကို Fixed လုပ်နိုင်မယ်။ အဲဒီလိုမျိုး Solution ကို မြန်မြန် လုပ်မယ်ဆိုလည်း ရပါတယ်။ ဒါမျိုးကို ရွှေပြည်တံခွန်ကလည်း မပြဘူးပေါ့။ တကယ်တမ်း ညှိလုပ်မယ် ဆိုရင် ရပါတယ်။

ဒါဆိုရင် ခြောက်လအတွင်းမှာ ရန်ကုန်နဲ့ ဧရာဝတီမှာ ရနိုင်တာပေါ့။

တကယ်တမ်း အားသွန် ခွန်စိုက် လုပ်ချင်ရင် ရပါတယ်။ အဲဒီ Location တစ်ခုကို ရွေးတယ် ဆိုရင် အဲဒီနေရာမှာ ကြိုပြီးတော့ ပွိုင့်တွေ ချထားပေါ့။ အဲဒီ နေရာတွေက ရနိုင်လား မရနိုင်လား၊ ကိုယ်က ကြိုစဉ်းစား ထားပေါ့။ ဒါပေမယ့် ကိုယ်က အဲဒီနေရာကို Network အသစ်တစ်ခု ဆောက်မယ် ဆိုရင်တော့ Fiber optic မချဘဲနဲ့ Micro Wave တစ်ခုနဲ့ တစ်ခု ချိတ်ပြီးချမယ် ဆိုရင်လည်း ဖြစ်နိုင်ချေ ရှိပါတယ်။ သူရဲ့ နေရာက သေးသေးလေးပါ။

ရန်ကုန်တိုင်း ရှိမယ်။ ပြီးတော့ ဧရာဝတီတိုင်း ဆိုတာကလည်း တစ်ခုနဲ့ တစ်ခု ဘာမှ obstacle မရှိတဲ့ နေရာတွေပေါ့။ အတား အဆီးတွေ မရှိဘူးပေါ့။ ဥပမာ ချင်းတောင်လို နေရာမျိုးတွေပေါ့။ Microwave ဆောက်ဖို့ ဆိုတာ တော်တော်ကို ခက်ပါတယ်။ ဒီလို နေရာမျိုးက တော့ ဖြစ်နိုင်ပါတယ်။ International အရ Network ဆောက်မယ် ဆိုတာကတော့ ဖြစ်နိုင်ပါတယ်၊ ဆောက်လို့ ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက မမျှော်လင့်တာတွေ ရှိနိုင်ပါသေးတယ်။ Frequency မှာလည်း သူတို့ အခုလက်ရှိ သုံးနေတာနဲ့ လွတ်လား မလွတ်လား ကြည့်ဖို့ လိုသေးတယ်။ International မှာ ရပေမယ့် ဒီမှာကတော့ ရချင်မှလည်း ရမယ်ပေါ့။ Nature ချင်းလည်း မတူဘူး။

အိမ်နီးချင်း နိုင်ငံတွေရဲ့ မိုဘိုင်းဖုန်း သုံးစွဲမှုနဲ့လည်း ယှဉ်ပြီး ပြောပေးပါဦး။

အနီးစပ်ဆုံး ဆိုရင်တော့ ထိုင်းနိုင်ငံပေါ့။ ထိုင်းနိုင်ငံမှာလည်း ပထဦးဆုံးက အစိုးရ အနေနဲ့ပဲ လုပ်တာရှိတယ်။ အစိုးရက လုပ်ပြီး တဖြည်းဖြည်း Mature ဖြစ်လာတော့ Private ကို လွှဲပေးတာပေါ့။ သူရဲ့ Backbone ကြီးကို နဂို ကတည်းက ဆောက်ထားတယ်။ အဲဒီကမှ Transmittion Link အတွက် သူတို့က လိုင်းတွေကို ပြန်ငှားပေးတာပါ။ အဲဒီလို ပုံစံမျိုးနဲ့ သွားနေကြတာပါပဲ။ သူတို့မှာက နဂိုကတည်းက invest လုပ်ထားတာ ရှိတယ်။ အဲဒီ invest လုပ်ထားတာတွေ အရင်း ကျေပြီ ဆိုရင် cost ချတာရှိတယ်။ အဲဒီလို လုပ်ရတဲ့ အချိန်မှာ Competition ရှိလာတယ် ဆိုရင် Operator အချင်းချင်းတွေက ပြိုင်ဆိုင်မှုတွေ ဖြစ်လာတော့ ဈေးပိုကျတာပေါ့။ တဖြည်းဖြည်း ကျလာတော့ Competition အရ အလကား ပေးတာလည်း ဖြစ်နိုင်တယ်။ 2 Years Contact, 1 Years Contact တွေ ရှိလာရင်လည်း ဟန်းဆက် တစ်မျိုး ပေးမယ် ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေရဲ့ မိုဘိုင်းဖုန်း Operator ပေးတဲ့ အနေအထားကရော ဘယ်လို ရှိပါသလဲ။

ထိုင်းမှာဆိုရင်လည်း စစချင်း ပထမဆုံးက Government အနေနဲ့ လုပ်တယ်။ TOT ဆိုပြီး လုပ်တယ်။ ပြီးတော့ operator တွေ အနေနဲ့ ဖြစ်လာတယ်။ ဖြည်းဖြည်းချင်းနဲ့ ခွဲထုတ်တာ။ စင်ကာပူမှာလည်း ဒီလိုပဲ ခွဲထုတ်လာတာပဲ။ အနီးစပ်ဆုံး တရုတ်ပြည်မှာ ဆိုရင်လည်း ဒီလိုပါပဲ။ အစတုန်းက ဒေါ်လာ ၂၀၀၀ လောက်ကနေမှ အခုဆိုရင် အလကားရတဲ့ အဆင့် အထိ ဖြစ်လာတာပဲ။ ဖြည်းဖြည်းချင်း ချပေးတာပေါ့။ အဲဒီလို ဟာမျိုးတွေက ဘယ်လိုမျိုးမှာ မြင်ရလည်း ဆိုတော့ Geographical အရ အရမ်းကို ကြီးတဲ့ နေရာမျိုးတွေမှာ ဖြစ်တယ်။ နံပါတ်တစ် အချက် ကြီးမား ကျယ်ပြန့်တယ်။

နံပါတ်နှစ် အနေနဲ့က Loan မရတဲ့ နိုင်ငံမျိုးတွေမှာပါ။ ဒီလိုမျိုး Telecom Network ဆိုတာ Infrastructure အရ အရမ်းကြီးမား ကျယ်ပြန့်တော့ Loan မရဘူးဆိုရင် ဒီလိုပဲ လုပ်ရတာပါပဲ။ တစ်ခုခုက Provide လုပ်လို့ ဥပမာ အခုချိန်မှာ 1 billion လောက်ကို ကမ္ဘာ့ဘဏ်ကပဲ ဖြစ်ဖြစ်၊ ADB ကပဲ ဖြစ်ဖြစ် တယ်လီကွန်း ကဏ္ဍမှာ သုံးပါဆိုပြီး ပေးမယ်ဆိုရင် အစ ကတည်းက Cost ချလို့ ရတယ်။ နောက်တခုကလည်း Private investor ဘက်က ဒီဟာကို investment လုပ်ပေး ထားနိုင်တယ်။ ဒီအချိန်မှာလည်း အလုပ်လုပ်လို့ ရတယ် ဆိုရင်တော့ ပြဿနာ မရှိဘူးပေါ့။

အလကား ပေးနိုင်တယ် ဆိုတာ ဆယ်စုနှစ် တစ်ခု အတွင်းလောက် ဖြစ်မလား။
အဲဒါက ဆယ်စုနှစ် ၂ ခုလောက် ဖြစ်မယ်။ Mobile Technology တကယ် Develop ဖြစ်တာက ၁၉၉၀ လောက်မှ စတာ။

လက်ရှိ အချိန်မှာ ထိုင်းနိုင်ငံရဲ့ Sim Card တန်ဖိုးက ဘယ်လောက် ရှိပါသလဲ။
အခု အချိန်မှာတော့ Sim Card တန်ဖိုးက Cost တောင် မရှိတော့ဘူး။ ဘာလို့လည်း ဆိုတော့ Tourism Promotion အရရော Market Promotion အရရော Cost မရှိတော့ပါဘူး။ Air Port သွားမယ်ဆိုရင် Sim Card Free ယူသွားလို့ ရတယ်။ တချို့ဆို 15 Baht ထည့်ပေးတာတောင် ရှိတယ်။ ဒါတွေက Business Competition အရ ဖြစ်လာတာပါ။

ဝန်ကြီးဌာနအနေနဲ့ လုပ်သင့်တာကရော ဘယ်လိုရှိမလဲရှင်။

မြန်မာ့ဆက်သွယ်ရေး အနေနဲ့က Radio Spectrum တွေကို လေလံတင်ပြီး ရောင်းရမယ်။ operator တွေက Frequency ဘယ်နှစ်ခုကို လိုချင်တယ် ဆိုတာ ကန်ထရိုက် ဆွဲရမယ်။ အဲဒီလိုင်စင်ကို Operator က လေလံ ဆွဲရမယ်။ အဲဒီမှာ Spectrum Cost က အရေးကြီးတယ်။ အဲဒီမှာ ဈေးကြီးရင် ချရောင်းမယ် ဆိုတာ လွယ်မှာ မဟုတ်ဘူး။ သူက Cost ကိုလည်း Cover ဖြစ်တယ်။ Long Term investment ကိုလည်း သူက Financing အရ Loan တွေ ဘာတွေ ရမယ် ဆိုရင်လည်း Cost ကို နဂိုကတည်းက ချပြီး ရောင်းဖို့ ဖြစ်နိုင်တယ်။

စစချင်း Plan က Business Model အရ ROI (Return On Investment) က 3 Years အတွင်းကျေမလား 5 Years အတွင်း လုပ်မယ်လို့ Business Model ဆွဲထားပေ မယ့်လည်း အဲဒီအချိန်မှာ အစိုးရက အခြား Operator တစ်ယောက်ကို ပေးလိုက်မယ် ဆိုရင် သူ့မှာရှိတဲ့ Subscriber တွေသည် အခြားဆီ ပြောင်းမသွားဖူးလို့ မပြောနိုင်ပါဘူး။။ အဲဒီမှာလည်း Competition များလာရင်လည်း အကျိုး အမြတ်က တော်တော်လေးကို ခက်ပါတယ်။

ကိုယ်က အလကား ပေးမယ်လို့ လုပ်ထားပေမယ့် အဲဒီအချိန်မှာ နောက်တစ်ယောက်က အလကား ပေးရုံတင် မဟုတ်ဘူး။ တစ်ခု ထပ်ပေးမယ် ဆိုပြီး ကိုယ့်ရဲ့ Subscriber ကို ယူသွားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့ အလကား ပေးတယ် ဆိုတာ ဖြစ်လည်း ဖြစ်နိုင်သလို့ ကိုယ့်အတွက် အကျိုးအမြတ်က တော်တော်လေး ခက်ပါတယ်။ အခုအချိန်မှာ ၅၀၀၀ နဲ့ ထွက်လို့ ရတယ်လို့ တွက်ထားပေမယ့် အစိုးရက သူတင် မဟုတ်ဘူး အခြားပေးမယ် ဆိုရင် အခြား တစ်ယောက်က Free ပေးမယ်။ နောက်တစ်ယောက်က Free မှ အခြား Value added Service ကို ထည့်ပေးလိုက်မယ် ဆိုရင် Customer က ပြောင်းသုံးမှာပဲ။ အကျိုးအမြတ် ဖြစ်ခြင်း၊ မဖြစ်ခြင်းက တော်တော်လေး ပြောရခက်တယ်။ ဒါပေမယ့်လည်း မြန်မာပြည် အနေထားနဲ့ ကြည့်မယ်ဆိုရင် လူဦးရေက သန်းခြောက်ဆယ် ရှိတယ်။ လုပ်မယ် ဆိုလည်း လုပ်လို့ ရတာပေါ့။

Radio Spectrum ရောင်းတယ်ဆိုတာကိုလည်း ရှင်းပြပါဦး။

Radio Spectrum ရောင်းပေးတယ် ဆိုကက GSM ကို 900 MHz ကို သုံးတယ် ဆိုရင် အဲဒီမှာ Channel တွေ ရှိတယ်။ အဲဒီ Channel ပေါ်မှာ မူတည်ပြီးမှ သူက Subscriber ဘယ်လောက် Extend လုပ်မယ် ဆိုတာ တွက်လို့ရတယ်။ မြန်မာ့ ဆက်သွယ်ရေး အနေနဲ့ Spectrum ရောင်းနိုင်တယ်။ တကယ်တမ်း international အရ မြန်မာ့ ဆက်သွယ်ရေးသည် ဒါပဲလုပ်ရမယ်။ ပြီးတော့ Operator က ဘယ်လို လုပ်သလဲ ဒါကို Supervise လုပ်ရတယ်။ ဒါက ဖြည်းဖြည်းချင်း လုပ်သွားရမှာ။

နိုင်ငံတကာမှာ Operator လုပ်တာက ဘယ်အချိန်လောက်ဖြစ်မလဲ။

Operator ပေးတာက ၁၉၉၀ နောက်ပိုင်းမှာ ဖြစ်လာတာပါ။

ရွှေပြည်တံခွန် အနေနဲ့ သီးသန့် Network ဆောက်မယ်လို့ ဆိုထားပါတယ်။ အဲဒါကရော ဖြစ်နိုင်ပါသလားရှင်။

သူက isolated Network ပေါ့။ နိုင်ငံတကာမှာလည်း Isolated Network က ဆောက်လို့ ရပါတယ်။ တစ်ယောက်တည်း ဆောက်တာပေါ့။ သူ့ရဲ့ customer တစ်ယောက်ကပဲ အဲဒီ နက်ခ်ဝပ်ထဲမှာပဲ ပြောမယ် ဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ လူဆိုတာ အမျိုးမျိုးရှိတယ်။ လူတွေမှာ Choise ရှိတယ်။ ဆက်သွယ်ရေးက လိုင်းကို သုံးတာလည်း ရှိနိုင်တယ်။ အဲဒီအတွက် ပြောချင်ရင် Agreement ထိုးကို ထိုးရမယ်။ Hand Shaking လုပ်ကို လုပ်ရမယ်။ အဲဒီအခါ ကျရင်လည်း incoming call ဝင်လာရင် ဘယ်လောက် ပေးရမယ် ဆိုတာမျိုးပေါ့။ အဲဒါတွေက လုပ်ကို လုပ်ရမယ်။

တစ်ယောက်တည်း လုပ်ရမယ်ဆိုရင် နိုင်ငံတကာရဲ့ Business model အရကြည့်ရင် အရမ်းကို Cost များတယ်ပေါ့။ တစ်ခုနဲ့ တစ်ခု ချိတ်တယ် ဆိုလည်း သူတို့အနေနဲ့ စဉ်စားမယ်ဆိုရင် Transmission တစ်ခုနဲ့ တစ်ခု ချိတ်ဖို့လိုတယ်။ ကိုယ်က generally တွက်ထားပေးမယ့် အဲဒီနောက်ကွယ်မှာ Hidden Cost တွေ အများကြီး ရှိပါတယ်။ သူ့ရဲ့ ချိတ်ထားတဲ့ Network နဲ့ တခြား Networkနဲ့ ဘယ်လို Connection လုပ်ကြမလဲ။ အဲဒီနက်ဝပ် နှစ်ခုကြားမှာ ရှိတဲ့ Interface က လိုက်လျော ညီထွေ ဖြစ်တဲ့ interface ဖြစ်ဖို့ လိုတယ်။ အဲဒီလို မရှိလို့ လိုက်ညှိရမယ် ဆိုရင် အဲဒီနေရာက အရမ်းကို Cost တက်မယ့် နေရာလို့ မြင်ပါတယ်။

ဒါဆိုရင် ကုမ္မဏီ တစ်ခုတည်းအနေနဲ့ သီးသန့် လုပ်မယ်ဆိုရင် ဘယ်လို မြင်နိုင်ပါသလဲ။

သေချာပေါက် တစ်ယောက်တည်း လုပ်လို့ မရဘူး။ ဆက်သွယ်ရေးမှာလည်း သူတို့ဘက်မှာ သုံးနေတဲ့ Subscriber တွေ ရှိမှာပဲ။ တစ်ယောက်တည်း သက်သက် လုပ်မယ် ဆိုရင် အစကတည်းက Network ကြီး တစ်ခုလုံးကို သူဆောက်မယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့လည်း အခုမှစမယ် Mobile Operator တစ်ယောက် အနေနဲ့ စမယ်ဆိုရင် သေချာပေါက်က သူခေါ်မယ့်သူသည် ကြိုးဖုန်းတွေကို ခေါ်မယ့် Condition လည်း ရှိဦးမှာပဲ။ မိုဘိုင်း အချင်းချင်း ပြောကြမယ် ဆိုပေမဲ့လည်း သူ့ကြိုးဖုန်းကို ခေါ်မယ် ဆိုရင်လည်း အဲဒီအပေါ်မှာ Agreement လုပ်ရမယ်။ ယူပြီးတော့မှ Hand Shaking လုပ်ထားပြီးမှ စကား ပြောခွင့်ရမယ်။

အဲဒါမှလည်း ပိုအောင်မြင်မှာပေါ့။ သူ့ရဲ့ Network ကို ဆောက်ပြီးတော့ အချင်းချင်း ပြောကြပါလို့ လုပ်ထားရင်လည်း အချို့ Customer က OK ဆိုပြီး လုပ်တာလည်း ရှိမယ်။ သဘောကျချင်လည်း ကျမယ်။ အမျိုးမျိုး ရှိနိုင်တာပေါ့။

နိုင်ငံတကာ စံနှုန်းနဲ့ ကြည့်မယ်ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ Operator ဘယ်နှစ်ခု လောက်ပေးသင့်ပါသလဲ။

ပုံမှန်အားဖြင့် အိမ်နီးနားချင်း နိုင်ငံတွေကိုပဲ ကြည့်မယ်ဆိုရင် အနည်းဆုံး Operator သုံးခုလောက်ကို ပေးတယ်။ ဒါကလည်း Customer အတွက် right way လို့ထင်ရတယ်။ Customer အတွက် ရွေးစရာ choice လည်းရှိမယ်။ price တွေကလည်း အပြိုင်အဆိုင် ဖြစ်လာတော့ customer ဘက်က ကြည့်မယ်ဆိုရင် အဆင်ပြေတာပေါ့။ ကမ္ဘောဒီးယား နိုင်ငံဆိုရင်လည်း Operator အများကြီး ပေးလိုက်တာ ရှိတယ်။ Operator သုံးခုလောက်က အသင့်တော်ဆုံးပေါ့။

မြန်မာ့ ဆက်သွယ်ရေးကလည်း ပြောသွားတာ ရှိပါတယ်။ အခု Project မှာပါတဲ့ ကုမ္မဏီတွေကို ကနဦးတပ်ဆင်ခ အပြင် Air Time ပေါ်မှာလည်း ပေးမယ်လို့ သိရပါတယ်။ မိုဘိုင်း စီးပွားရေးမှာ ကနဦီး တပ်ဆင်ခပေါ်မှာ ပိုက်ဆံမယူဘဲ ဘယ်လိုပုံစံမျိုးနဲ့ Operatorက Investment ကိုပြန်ရနိုင်ပါသလဲ။

အဲဒါက အများကြီး ဖြစ်နိုင်ပါတယ်။ Telecom ရဲ့ Business Model မှာ အများကြီး ရှိတယ်။ အရင်တုန်းက Initial price ကို ယူပြီးမှ ရောင်းတယ်။ အခုက Initial price ကို ချပေးလိုက်တယ်။ ဖြစ်နိုင်တဲ့ Amount တစ်ခုကို ယူထားတယ်။ ဒါမှမဟုတ် အလားကား ပေးလိုက်တာလည်း ဖြစ်နိုင်တာပေါ့။ တခြားလည်း အများကြီးရှိပါတယ်။ Air Time အရ ရတာရှိမယ်။ ဒါမှမဟုတ် တခြား Value Added တွေအရ ရတာလည်း ရှိမယ်ပေါ့။ Air Time အရဆိုရင်လည်း Air Time ပေါ်မှာ Plan တွေ အများကြီး ခွဲထားပြီးမှ မျိုးစုံရှိတယ်။ အဲဒီလို ပေါ်မှာလည်း ပိုက်ဆံယူလို့ရတယ်။ Sim Card ပေါ်မှာ မယူဘူး။ တချို့ နိုင်ငံတွေမှာလည်း ရှိပါတယ်။

တစ်လကို ပြောပြော မပြောပြော ဒေါ်လာ ၂၀ ပေးရမယ် ဆိုတာလည်း ရှိတယ်။ Initial price မယူထားဘူး။ လတိုင်း ယူထားတယ်၊ စစချင်းတော့ Initial price ကို မပေးရဘူး။ ဒါပေမဲ့ လတိုင်း လတိုင်း ပေးသွားခြင်းဖြင့်လည်း Operator တစ်ယောက်အနေနဲ့ ပိုက်ဆံ ဝင်သွားတာတွေ ရှိပါတယ်။ Investor တွေရဲ့ Business Mindset အရ မျိုးစုံ သွားနေကြတာ တွေရှိပါတယ်။

နိုင်ငံတကာမှာ သွားနေတဲ့ Trend ကရော Sim Card ပေါ်မှာ ပိုက်ဆံယူတာ ရှိနိုင်ပါသလား။

နိုင်ငံတကာမှာ လုပ်နေတဲ့ Trend ကတော့ Sim Card ပေါ်မှာ ပိုက်ဆံ မယူဘူး။ အခြား ခုနက ပြောသလို Air Time ပေါ်မှာ ယူတာတွေလည်း ရှိပါတယ်။

နိုင်ငံတကာမှာဆိုရင် ဆက်သွယ်ရေးနဲ့ ပက်သက်တဲ့ လုပ်ငန်းမှာ နိုင်ငံတော်က ဘယ်လို အခန်းကဏ္ဍက ပါဝင်ပါသလဲ။

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းသည် နိုင်ငံတော်ကပဲ ပိုင်တယ်။ သူသည် ပြန်ပြီး Spectrum rent လုပ်မယ် ဒါက နှစ်စဉ် ရောင်းတာ။ တစ်နှစ်ထဲ မဟုတ်ဘူး။ နှစ်စဉ်လိုင်စင် Fees တောင်းပြီး ပိုက်ဆံ ရှာတာပေါ့လေ။

ရွှေပြည်တံခွန်က UMTS နည်းပညာနဲ့ တပ်ဆင်မယ်လို့ ဆိုပါတယ်။ အဲဒီနည်းပညာကို ရှင်းပြပေးပါအုံးရှင်။

UMTS ဆိုတာ WCDMA ပါပဲ။ သိပ်ပြီး ကွာခြားတာ မရှိပါဘူး။ GSM, GPRS, EDGE, UMTS လို့ အရင်တုန်းက ပြောခဲ့ပေမဲ့ အခုကတော့ WCDMA လို့ ပြောကြတာပါပဲ။

4GLTE စနစ်ကို သွားနေတာရော ရှိပါသလား။

ကမ္ဘာမှာ WCDMA ပြီးရင် 4GLTE သွားတယ်။ ဒါပေမဲ့ အခုအချိန်မှာ LTE ကို Apply လုပ်မယ်ဆိုရင် LTE နဲ့ ပတ်သက်တဲ့ ဟန်းဆက်တွေ ဘာတွေက အတော်တော် ရှားပါးတယ်။

3G ဆိုတာက DATA ပေါ်မှာ base လုပ်တဲ့ အတွက် ဘယ်လို Function မျိုးတွေကို ပြည်တွင်းမှာ တကယ် သုံးလို့ ရနိုင်ပါသေးလဲ။

3G ဆိုတာက DATA ပေါ်မှာ base လုပ်တယ်။ Data ကို Base လုပ်ပြီးသွားတဲ့ အချိန်မှာ Transmittion Backbone တွေက အရေးကြီးဆုံးပဲ။ လုံလောက်တဲ့ Bandwidth မရှိဘူးဆိုရင် 3G ဆိုတာက အကောင်အထည် ဖော်လို့မရဘူး။ 3G ကို ပြောမယ်ဆိုရင် DATA ကအရေးကြီးဆုံးပဲ။ BTS Size နဲ့ Gateway မှ ကြားထဲမှာရှိတဲ့ Bandwidth က လုံလောက်မှ 3G ကို Support လုပ်လို့ရမယ်။

ရွှေပြည်တံခွန်အနေနဲ့ ဆက်သွယ်ရေးနဲ့ မချိတ်ဆက်ဘဲနဲ့ အင်တာနက် ကွန်နက်ရှင်ကို ဘယ်လို ရယူနိုင်ပါသလဲ။

ဆက်သွယ်ရေးနဲ့ မချိတ်ဆက်ဘူး ဆိုရင်တော့ ကျွန်တော့် အမြင်တော့ ဘာမှလုပ်လို့ မရနိုင်ပါဘူး။ အင်တာနက် Gateway နဲ့ ချိတ်မယ် ဆိုတာလည်း National Internet Gateway နဲ့ ချိတ်မှပဲ ရမှာပါ။ သူကိုယ်တိုင် ချိတ်ဆိုရင်လည်း ဆက်သွယ်ရေးက သူ့ကို Operator အဖြစ် approve လုပ်မှ သူက ချိတ်လို့ရမှာပါ။

ITU (International Telecom Union) ရဲ့ Standard ကို လိုက်နာဖို့ရော ဘာတွေ လိုအပ်ပါသလဲ။

ITU မှာ သူ့ရဲ့ Standard ရှိပါတယ်။ ဘယ် Code ကို ဘယ်လို ပေးမယ်ဆိုတဲ့ Standard ပါ။ အဲဒီ Standard တွေကို မြန်မာ့ ဆက်သွယ်ရေးကပဲ လုပ်လုပ်၊ ဘယ် Operator ကပဲလုပ်လုပ် မြန်မာနိုင်ငံရဲ့ အောက်မှာ လုပ်မယ်ဆိုရင် ပေးထားတဲ့ Standard တွေရှိပါတယ်။ အဲဒီ Standard တွေကို Follow up လုပ်ဖို့က အဓိက အချက်ပေါ့။ ပြီးရင် ကိုယ်က လုပ်မယ် ဆိုတာကို သူ့ကို inform လုပ်ဖို့လိုပါတယ်။ အဲဒီ နှစ်ခုက အဓိက အချက်ပေါ့။

လက်ရှိအချိန်မှာ ရွှေပြည်တံခွန်နဲ့ ဆက်သွယ်ရေး ပူးပေါင်းမယ်ဆိုရင် ဘာကနေစပြီး လုပ်ဆောင်သင့်တယ်လို့ ယူဆပါသလဲ။

အဓိကက ဆက်သွယ်ရေနဲ့ ညှိနှိုင်း လုပ်မယ်။ လုပ်ချင်တဲ့ master plan ကြီးကို ဆက်သွယ်ရေးကို ချပြမယ်။ ပြီးတော့လည်း ဖြစ်နိုင်တာက တစ်အချက် Financing အရ Investment လုပ်လို့ ရမယ်။ ဆက်သွယ်ရေးမှာ ရှိတဲ့ Existing Network တွေရှိမယ်။ အဲဒါတွေကို ဘယ်လိုမျိုး Sharing လုပ်မယ်။ ဘယ်လိုမျိုး ငှားရမ်းချင်တယ် ဆိုတာတွေကို Propose လုပ်မယ်။ အဲဒါတွေ မူတည်ပြီးမှ ဆက်သွယ်ရေး စဉ်းစားပေးမယ်။ ဆက်သွယ်ရေးကလည်း သူရဲ့ Backbone တွေအတွက် investment ရှိထား ပြီးသားပါ။ အဲဒါတွေ အကုန်လုံးကို negotiate လုပ်ထားပြီးမှ ဖြစ်လာနိုင်မှာပေါ့။

မိုးဘိုင်းဖုန်း တစ်လုံးကို အစအဆုံး တည်ဆောက်နေတဲ့ စရိတ်တွေ အပါအဝင် အဝင်ဈေးနှုန်း ဘယ်လောက်များ ကျသင့်တယ်လို့ တွက်ချက်နိုင်ပါသလဲ။

အဲဒီမှာက ကိုယ်တပ်မယ့် Subscriber ပေါ်မှာ မူတည်တယ်။ တည်ထောင်မယ့် network ရဲ့ ဧရိယာ ပေါ်မှာလည်း မူတည်တယ်။ ပြီးတော့ အဲဒီ ဧရိယာတွေရဲ့ Tansmittion Link ပေါ်မှာလည်း မူတည်တယ်။ တချို့ဟာတွေက Fiber Optic သုံးတာရှိတယ်။ တချို့ဟာတွေက Micro Wave Link နဲ့ချိတ်မယ်။ တချို့ Alarm System လိုဟာမျိုး ဆိုရင် IT Backbone တွေရဲ့ ချိတ်ထားတာလည်း ရှိမယ်။ အဲဒီဟာတွေ ပေါ်မှာ မူတည်ပြီးတော့မှာ Cost က ကွာမှာပဲ။ ပုံမှန် General အနေနဲ့ Thinking လုပ်ရင် Per Line Cost သိပ်များပေမယ့် နောက်မှာ Hidden Cost တွေရှိမယ်။

မြန်မာ့ဆက်သွယ်ရေးက ရောင်းပေးမယ့် သုံးသိန်းထက် မကျော်ဘူး ဆိုတဲ့ ဈေးနှုန်းပေါ်မှာရော ဘယ်လို ထင်ပါသလဲ။

သုံးသိန်းဆိုတာ Maximum လို့ ထင်ပါတယ်။ ဆက်သွယ်ရေးက ဈေးချ ရောင်းပေးမယ် ထင်ပါတယ်။

နိုင်ငံသား တစ်ယောက် အနေနဲ့ ဆိုရင် ၅၀၀၀ တန် ထွက်မယ့် အပေါ်မှာ ဘယ်လို ထင်ပါသလဲ။

၅၀၀၀ တန် ထွက်တာလည်း ကောင်းတယ်၊ တတ်နိုင်ရင်တော့ ကိုယ်က မြန်မြန် ရောက်မယ် ဆိုရင် ခုန်ပျံပြီး ရောက်ချင် တာပေါ့။ ရောက်လို့များ ရမယ်ဆိုရင် သူများ နိုင်ငံတွေနဲ့ တန်းတူ ရောက်ချင်တဲ့ စိတ်မျိုးတော့ ရှိတာပေါ့။ ဒါကတော့ ပင်ကိုယ်စိတ်ပေါ့။ ဒါပေမယ့်လည်း အခုလိုမျိုး Step တစ်ခုချင်း သွားမယ်၊ စောင့်ပြီးမှ မြန်မြန် ရောက်မယ် ဆိုလည်း စောင့်ရမှာပေါ့။

ပြီးတော့ ရွှေပြည်တံခွန် ကလည်း ပြောတာက နိုင်ငံရဲ့ ဆင်းရဲမွဲတွေမှု လျော့ချပေးရေးအတွက် မိုဘိုင်းဖုန်း သုံးစွဲနိုင်တာက အထောက်အကူ ပြုမယ်လို့ ဆိုပါတယ်။ ဘယ်လိုများ ထင်မြင်ချက် ပေးလိုပါသလဲ။

အခုခေတ် စီးပွားရေး လုပ်ငန်းတွေက သတင်း အချက်အလက် အပေါ်မှာ အခြေခံပြီး သွားနေတာပါပဲ။ များများ ပြောနိုင်၊ များများ သိနိုင်ရင် ကောင်းတယ်။ အခုအချိန်မှာ Business အကုန်လုံးက Information ပေါ်မှာ မူတည်နေတာပေါ့။ သတင်း သိနိုင်လေလေ။ သတင်း အချက်အလက် မြန်မြန် ရနိုင်လေလေပါ။ ကြိုပြီးတော့ သတင်းရနိုင်တဲ့ Condition မှာ ရှိတဲ့ လူတွေ အကုန်လုံးက စီးပွားရေး ဖွံ့ဖြိုးမှုမှာ အမြန်ဆုံး ဖြစ်လာမှာပါ။ စီးပွားရေး အရ ဆွဲတင်နိုင်မယ့် သဘောရှိတယ်။ နှစ်ဘက်စလုံးက မှန်ပါတယ်။ နှစ်ဘက်စလုံးက မြင်တဲ့ အမြင်တွေလည်း မှန်တယ်။ နှစ်ဘက်စလုံးက အားသာချက်တွေ ပေါင်းလုပ်နိုင်ရင် အကောင်းဆုံးပေါ့၊

ကိုးကားကူးယူဖော်ပြခြင်း။ တင်ဇာအောင်။ ပိတောက်မြေ (http://padaukmyay.blogspot.com/search?updated-max=2012-02-24T00:01:00-07:00&max-results=25&start=4&by-date=false)၊ Wednesday, February 22, 2012,

ကိုဖိုးဇော်
03-02-2012, 05:14 AM
phone, internet စတဲ့ communication channel တွေကတော့ ဖွင့်သင့်တာအမှန်ပါဘဲဗျာ။ ဒီဟာတွေက ကုန်ကျစရိတ်နဲ့ တိုက်ရိုက်ပြန်ရမဲ့ ငွေ တခုတည်းတင် တွက်သင့်တဲ့ ကိစ္စမျိုး မဟုတ်ဘဲ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အားလုံးပေါ်မှာ အကျိုးရှိစေနိုင်တယ် ဆိုတာ telecommunication နဲ့ technically တိတိကျကျ မပြောနိုင်တဲ့ ကျနော်တို့လို လူတွေတောင်သိပါတယ်။ ရင်းတာနဲ့ ပြန်ရတာလည်း ကိုက်ပါတယ်။ မဖွင့်လို့ကတော့ ကျနော်တို့တွေ ကျန်သထက် ကျန်နေခဲ့ဖို့ဘဲ ရှိတယ်။ သူများနိုင်ငံတွေမှာ အလကားပေးတဲ့ အချိန်ကျမှ ကိုယ့်ဆီမှာ backbone ဆောက်ဖို့စဆွေးနွေးတုန်း ဆိုတော့ ဒုက္ခဘဲ။ ဘာဘဲဖြစ်ဖြစ်ပေါ့လေ အခု အချိန်မှာမှ စပြီး infrastructure လုပ်မယ်ဆိုရင် အမြင့်ဆုံးလုပ်ထားဖို့ရယ် upgrade ဘယ်လိုလုပ်မယ် ဆိုတာရယ်ပါ စဉ်းစားထားသင့်တယ်။ သိတဲ့အတိုင်း ဒီ technology က ပြောင်းတာ မဟားတရားကြီး မြန်တာ။ အစိုးရကလည်း အရှုံးခံရောင်းတယ်ဆိုတာမျိုးကျတော့ နိုင်ငံတော်ရဲ့ စေတနာဆိုပြီး ခွအော်နေပေမဲ့ မဟားတရား တင်ထားတာကျ အသာမှိတ်ထားတာ။ အခုလို ကုမ္ပဏီက ၅၀၀၀ နဲ့ လုပ်မယ်ဆိုပြီး challenge လုပ်တာတော့ ဆက် မှိတ်ထားလို့ မရတော့ဘူး။ ဒါ လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့် ရဲ့ အကျိုးကျေးဇူးဘဲ။ ဒါပေမဲ့ ကုမ္ပဏီ လုပ်ခွင့်ရဖို့အတွက် campaign တွေ လုပ်နေတာတော့ သိပ်သဘောမကျလှဘူးဗျ။ ဆက်သွယ်ရေးကနေ အလကား မပေးနိုင်တောင် ၅၀၀၀ထောင်နဲ့ ရောင်းအောင် လုပ်ရမှာ။

အေ၇ာ
03-02-2012, 09:07 PM
အစိုးရကလည်း အရှုံးခံရောင်းတယ်ဆိုတာမျိုးကျတော့ နိုင်ငံတော်ရဲ့ စေတနာဆိုပြီး ခွအော်နေပေမဲ့ မဟားတရား တင်ထားတာကျ အသာမှိတ်ထားတာ။ အခုလို ကုမ္ပဏီက ၅၀၀၀ နဲ့ လုပ်မယ်ဆိုပြီး challenge လုပ်တာတော့ ဆက် မှိတ်ထားလို့ မရတော့ဘူး။ ဒါ လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့် ရဲ့ အကျိုးကျေးဇူးဘဲ။
ဒီအကြောင်းတွေကိုဖိုးဇော်ပြောလာပြန်တော့ မျက်စေ့ပွင့်လင်းရမည့်သူတွေ အသာမှိတ်ထားလို့ နစ်နာခဲ့ရတာတွေပြန်တွေးမိပြီး အရမ်းဝမ်းနည်းရတယ်။
တချို့တချို့သောသူတွေကြုံရသလို လက်ထိလက်ရောက်နှိပ်စက်တာအထိမကြုံတွေ့ခဲ့ရတာ အတော်ကြီးကံကောင်းလို့ပါလားလို့ဖြေသိမ့်လိုက်မှ သက်သာရာရတော့တယ်။

အေ၇ာမေ

ဝိုင်းချစ်
08-13-2012, 10:41 AM
နည်းပညာတကသိုလိများ လာမည့်နှစ်မှစပြီး (၇)နှစ်တက်ရောက်ရမည်

http://www.scribd.com/doc/102680680/Aug12

အေ၇ာ
08-13-2012, 07:41 PM
နည်းပညာတကသိုလိများ လာမည့်နှစ်မှစပြီး (၇)နှစ်တက်ရောက်ရမည်

http://www.scribd.com/doc/102680680/Aug12

ဝိုင်းချစ်ရေ
ပိုင်းဆစ်ပြီး "နည်းပညာတက္ကသိုလ်" လို့ တင်ပြမည့်အစား
အာစီယံ နိုင်ငံလေးများအတွင်း အနှိုင်းတင့်စေဖို့
လာမည့် ၅ နှစ်တာအတွင်း ၀ိုင်းပင့်ကာ တည်ထောင်မှာလို့ ဆိုထားတဲ့
အဆင့်မြင့်နည်းပညာ တက္ကသိုလ်နှစ်ခု ဖြစ်ကြောင်း
ဆင့်ပေါင်းကာ ရှင်းပြပေးပါလားနော် .....

ကျန်တာတွေ အဆင့်မီဖို့ နှစ်ရှည်လဲ မလွယ်သေး M-Tech ကို အမြင့်ဆုံးထားပေးမယ်တဲ့ ......
အဲ ဒေသကြီး တစ်ခုစီမှာ BE ပေးနိုင်တာ တစ်ခုစီတော့ ကျန်ဦးမှာဆိုပဲ အဲဒါလေးလဲ ပြောပေးဦးပေါ့။

လေးစားစွာဖြင့်
အေ၇ာမေ

kosithuag
08-14-2012, 10:43 PM
မော်တော်ယာဉ် နည်းပညာ တက္ကသိုလ်၊ ကောလိပ်များ ဖွင့်ရန်ရှိ
ရတနာဦး | တနင်္လာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၄၇ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ဒေါ်လာ
သန်းပေါင်း ၄၅၀ ကျော် ရင်းနှီးရမည့် မော်တော်ယာဉ် ထုတ်လုပ်၊ ပြင်ဆင်ခြင်း နည်းပညာ ဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး အစီအစဉ် တခုကို အကောင်အထည်ဖေါ်ရန် ဆောင်ရွက်နေကြောင်း ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်မည့် မြန်မာ-ဂျပန် ဖက်စပ်ကုမ္ပဏီတခုက ပြောသည်။

“တက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်တွေ ဖွင့်လှစ်သွားမယ်။ အဲဒီဟာက ဂျပန်နိုင်ငံ အိုဆာကာ
မော်တော်ယာဉ် နည်းပညာ တက္ကသိုလ်ရဲ့ ပညာရေးအစီအစဉ်တခု ဖြစ်တယ်” ဟု ဂျပန် ကားကုမ္ပဏီ လီမိတက်ဟု အမည်ရသည့် ဖက်စပ်ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ ကာဇူဟီစာအီဂါမိုတို က ပြောသည်။

ယင်းစီမံကိန်း အကောင်အထည်ဖေါ်ရန် အဆိုပါ ၀န်ကြီးဌာနများနှင့် သဘောညီချက် ပြုလုပ်ပြီးဖြစ်၍ အသေးစိတ် လုပ်ဆောင်ရမည်များကို ဆက်လက်ညှိနှိုင်းနေကြောင်း ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးတင်အောင်မြင့် က ပြောသည်။

“မော်တော်ယာဉ် နည်းပညာ တက္ကသိုလ်ကို ဂျပန်နိုင်ငံမှာရှိတဲ့ ဆရာတွေက လေးငါးနှစ်ကြာ လာသင်ကြားပေးမှာ
ဖြစ်ပြီး ဆရာဖြစ်သင်တန်းတွေကိုလည်း စီစဉ်ပို့ချပေးသွားမယ်။ သင်ရိုး ညွှန်းတမ်းကတော့ အိုဆာကာ သင်ရိုးအတိုင်း သင်သွားပေးမှာပါ” ဟု ဆိုသည်။

အဆိုပါ တက္ကသိုလ်အား လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အမီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်းနှင့် လေးနှစ်၊
နှစ်နှစ်၊ သုံးလ သင်တန်းများ ပေးကာ နှစ်ဘက် အစိုးရအသိအမှတ်ပြု အောင်လက်မှတ်များ ပေးအပ် ချီးမြှင့်သွားမည်
ဖြစ်ကြောင်း ဦးတင်အောင်မြင့် က မဇ္ဈိမကို ပြောသည်။

သင်ကြားမည့် ဘာသာရပ်များတွင် ဒီဇိုင်းဆွဲနည်း၊ ကားသစ် တည်ဆောက် ထုတ်လုပ်ခြင်း၊ ကားနှင့် ပတ်သက်သော ဥပဒေများအပြင် အဟောင်းပြန်ပြင်သည့် နည်းပညာ စသည်တို့ ပါဝင်မည်။

မြန်မာပြည်တွင် တက္ကသိုလ်အဆင့် လေးနှစ်တက်ပြီး၍ ဘွဲ့ရလျှင် အိုဆာကာ တက္ကသိုလ်၌ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့
အတွက် ဆက်လက် ဆည်းပူးနိုင်သည်။ အလုပ်အကိုင် အခွင့်အလမ်း အနေဖြင့် ဂျပန်နိုင်ငံရှိ ကားကုမ္ပဏီများမှ လာရောက် ရွေးချယ်ကာ ဂျပန်နိုင်ငံ၌ အလုပ်အကိုင် ရရှိနိုင်မည် ဖြစ်သည်။

ထို့အပြင် တက္ကသိုလ် မတက်ရောက်နိုင်သူများ အတွက်လည်း မော်တော်ယာဉ် နည်းပညာ ကောလိပ် ဖွင့်လှစ်ပေးပြီး
နှစ်နှစ် တက်ရောက်စေကာ ဒီပလိုမာ ပေးအပ်သွားမည် ဖြစ်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်လည်း သုံးလကျော် တက်ရောက်ရမည့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းများ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

ဂျပန်ကားကုမ္ပဏီက ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ချက် တခုအနေဖြင့်
မြန်မာနိုင်ငံသို့ ကားအစီးရေ ၃,၀၀၀ တင်သွင်းရန်လည်း စီစဉ်ထားရှိပြီး ဖြစ်သည်။

@Mizzimaburmese

kosithuag
08-15-2012, 09:34 AM
မြန်မာ့ပို့ကုန် အမေရိကန် လက်မခံသေး

http://burma.irrawaddy.org/wp-content/uploads/2012/08 /Strikers02.jpg

အမေရိကန်မှ မြန်မာ့ပို့ကုန်များ တားမြစ်သည့်ဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် အထည်ချုပ်စက်ရုံ တဝက်ကျော် ပိတ်ခဲ့ရပြီး အလုပ်သမား ၅ သောင်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည် (ဓာတ်ပုံ – Reuters)

အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာပြည်၏ ပို့ကုန်တင်သွင်းမှု တားမြစ်ထားသည့် မြန်မာ့လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေ (BFDA) သက်တမ်းကို တနှစ် ထပ်မံတိုးမြှင့်လိုက်ပြီ ဖြစ်သည်။

မြန်မာပြည်၏ ပြုပြင်ပြောင်းလဲမှုများ၊ ဒီမိုကရေစီခြေလှမ်းနှင့် လူ့အခွင့်အရေး လိုက်နာဆောင်ရွက်မှု တိုးတက်လာသည်ကို လေးစားသည့် အနေဖြင့် အရေးယူထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပြီဟု ကြေညာပြီး တလအကြာတွင် အဆိုပါ လက်မှတ်ကို သမ္မတ အိုဘားက သြဂုတ် ၁၀ ရက်နေ့က ရေးထိုးလိုက်ခြင်း ဖြစ်သည်။

ဇူလိုင် ၁၁ ရက်နေ့က မြန်မာပြည်အပေါ် အရေးယူထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ခဲ့ပြီး သမ္မတ အိုဘားမားက မြန်မာပြည်၏ ပြုပြင်ပြောင်းလဲမှုများ ထင်ရှားလာပြီ ဖြစ်သောကြောင့် အမေရိကန် ကုမ္ပဏီများ အပါအဝင် အမေရိကန် အခြေစိုက် ကမ္ဘာ့ကုမ္ပဏီ အသီးသီးက မြန်မာနိုင်ငံတွင် သွားရောက်ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုသည်ဟု ကြေညာခဲ့သည်။

တချိန်တည်းတွင် အမေရိကန် သမ္မတက မြန်မာပြည်၏ ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေး လုပ်ငန်းကြီးများအတွင်း ပွင့်လင်း မြင်သာမှု မရှိခဲ့ခြင်းနှင့် မြန်မာ့စီးပွားရေးကို စစ်ဗိုလ်ချုပ်ကြီးများက ဆက်လက်ချယ်လှယ်မှုများ ရှိနေမည်ကို အမေရိကန်နိုင်ငံ အနေဖြင့် စိုးရိမ်သည်ဟု ပြောဆိုခဲ့သည်။

အမေရိကန်အစိုးရကမြန်မာ့ပို့ကုန်တင်သွင်းမှုကိုနောက်ထပ် ၁ နှစ် ထပ်မံသက်တမ်း တိုးလိုက်ခြင်းကြောင့်မြန်မာ့ပို့ကုန်ကဏ္ဍ တိုးတက်မှုကိုဆုတ်ယုတ်စေပြီးအခြေခံလူထုအပေါ်ထိခိုက်မှုရှိနိုင်ကြောင်းပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် များနှင့်စီးပွားရေးပညာရှင်တို့က သုံးသပ်နေကြသည်။

“ပို့ကုန်ဈေးကွက်မှာဥရောပနဲ့ အမေရိကားကကမ္ဘာ့ဈေးကွက်ကြီးတွေပါ။ ဒီဈေးကွက်တွေကအရည်အသွေးမြင့်တဲ့ပစ္စည်းတွေကိုပဲသုံးတဲ့ဈေးကွက် ဖြစ်တာကြောင့်အရည်အသွေး နိမ့်ကျတဲ့မြန်မာ့ပို့ကုန်တွေကိုအခုလိုအချိန် တနှစ်ထပ်မံကန့်သတ်ရုံနဲ့မြန်မာနိုင်ငံအဖို့ထူးခြားတဲ့ ပြောင်းလဲမှုမရှိနိုင်ဘူးလို့တချို့ကလည်းပြောကြတယ်။ ဒါကိုကျနော်လက်မခံဘူး” ဟုAsia Develop Research Institue (ADSI) မှမြန်မာနိုင်ငံသား စီးပွားရေး သုတေသနပညာရှင် တဦးကပြောသည်။

မြန်မာ့ပို့ကုန်များထဲတွင်အမေရိကန်နိုင်ငံသို့ အများဆုံး တင်ပို့မှုရှိသည့် ပစ္စည်းများမှာအထည်ချုပ်နှင့် ရေထွက်ကုန်များ ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများသည်လုပ်သားအင်အား များစွာသုံးရသည့် လုပ်ငန်းများ ဖြစ်သောကြောင့်အခြေခံ လူထုကိုသာထိခိုက်မည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လုပ်ခလစာ တိုးမြှင့်ပေးနိုင်ရန်အတွက်ရောင်းချနိုင်သည့်ဈေးကွက်ကြီးများရှိရန် လိုအပ်ကြောင်း၊ သို့မှသာ အလုပ်သမား၏ လိုအပ်ချက်ကိုဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း သူက ရှင်းပြသည်။

“ဒါကြောင့်ကျနော်ကတော့အခြေခံလူထုကိုအကျိုးရှိစေမယ့်ကုန်စည်တွေကိုဖွင့်ပေးပါ။ ဒါကမြန်မာနိုင်ငံအတွက်လည်းချက်ချင်း အကျိုးခံစားရမယ့် လုပ်ငန်းတွေပါ။ ပြီးတော့မြန်မာနိုင်ငံအနေနဲ့ အခုအချိန်ကပို့ကုန်ကဏ္ဍနဲ့ ပတ်သတ်ပြီး ကြီးထွားနိုင်ခြေရှိတဲ့အနေအထားပါ” ဟု ၎င်းကဆက်ပြောသည်။

အမေရိကန် အစိုးရသည် ၁၉၉၈ ခုနှစ်မှ စပြီးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများအပေါ်ကန့်သတ်ပိတ်ဆို့ ခဲ့ပြီးကုန်သွယ်မှု ကဏ္ဍနှင့် ပတ်သက်၍ ပို့ကုန်၊ သွင်းကုန် များကို၂၀၀၃ခုနှစ် ဒီပဲယင်း အရေးအခင်း ဖြစ်ပြီး နောက်တွင် BFDA ထုတ်ပြန်၍ ကန့်သတ် ပိတ်ပင်ခဲ့သည်။

အမေရိကန် အစိုးရအနေဖြင့်မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုများ မရှိခင်အချိန်က မြန်မာနိုင်ငံမှ အထည်ချုပ်ပို့ကုန် တ၀က်ကျော်ကိုအမေရိကန် ဈေးကွက်သို့ အများဆုံး တင်ပို့ခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ် နောက်ပိုင်းတွင်အမေရိကားက BFDA ထုတ်ပြန်ခဲ့သဖြင့် မြန်မာပြည်၏ အထည်ချုပ် ပို့ကုန်များကိုတောင်ကိုရီးယားနှင့် ဂျပန်ဈေးကွက်သို့အားကိုးခဲ့ရကြောင်း၊ အမေရိကန်အစိုးရ၏ မြန်မာ့ပို့ကုန် တားမြစ် ပိတ်ဆို့မှု အက်ဥပဒေကြောင့်ပြည်တွင်းရှိအထည်ချုပ်စက်ရုံတ၀က်နီးပါး ပိတ်ခဲ့ရပြီးလုပ်သားဦးရေငါးသောင်းကျော်အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်းမြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌဦးမြင့်စိုးကပြောသည်။

“တောင်ကိုရီးယားနဲ့ ဂျပန် ဈေးကွက်တွေကအမေရိကန် ဈေးကွက်ကိုမမီဘူး။ဒါကြောင့်အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုဟာကျနော်တို့ စက်ရုံတွေမှာရှိတဲ့အောက်ခြေ လူတန်းစား အလုပ်သမားတွေကိုပဲထိခိုက်တာဖြစ်လို့ကန့်သတ်မှုတွေကိုဖြေလျှော့ ပေးစေလိုပါတယ်” ဟု သူက ဆိုသည်။

ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ် (UMFCCI)ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကမူအမေရိကန် လွှတ်တော်တွင် မြန်မာ့ပို့ကုန်တားမြစ်သည့် ဥပဒေ သက်တမ်း တနှစ် တိုးလိုက်သည့်အတွက်မြန်မာလုပ်ငန်းရှင်များလည်း ထိခိုက်မှုရှိကြောင်း ပြောသည်။

“ပို့ကုန်တားမြစ်တော့ လုပ်ရကိုင်ရတာသိပ်အဆင်မပြေဘူး။ ဒါကြောင့်လည်းပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေထဲမှာတချို့ လုပ်ငန်းအသစ် တိုးချဲ့ချင်တဲ့သူတွေတောင်လုပ်ရမှာနည်းနည်းတန့်သွား ကြတယ်” သူက ဟုဆိုသည်။

ဆက်လက်၍ ၎င်းက အမေရိကန်နိုင်ငံသည် မြန်မာ့ပို့ကုန်များ တားမြစ်ခြင်းကို တဖြည်းဖြည်း ဖြေလျှော့ပေးမည်ဟု ယူဆကြောင်း၊ အမေရိကန် ဈေးကွက်သည်အရည်အသွေးမြင့်သည့် ကုန်စည်များကိုသာဝယ်ယူမည် ဖြစ်သောကြောင့် ယင်းဈေးကွက်ကိုဝင်ရောက် ထိုးဖောက်ရန်အတွက် မြန်မာ လုပ်ငန်းရှင်များဘက်က ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောသည်။

“အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တုန်းကသူတို့ အနေနဲ့မြန်မာ့ပို့ကုန်တွေထဲကအထည်ချုပ်၊ ရေထွက်ကုန်၊ကျွန်းနဲ့ ပတ်သတ်တဲ့ပရိဘောပတွေ၊ ကျောက်မျက် ရတနာတွေကိုစိတ်ဝင်စားတာ တွေ့ရတယ်။သူတို့ဘက်ကကန့်သတ် ထားတာတွေကိုဖြေလျှော့ ပေးနိုင်မယ်ဆိုရင်ကျနော်တို့ တိုင်းပြည် စီးပွားရေး တိုးတက်မှုအတွက်အလားအလာ ကောင်းလာမှာပါ” ဟု ၎င်းက ဆိုသည်။

မြန်မာ့ပို့ကုန် တားမြစ်ထားသည့် အက်ဥပဒေ သက်တမ်းတိုးရေး ကိစ္စနှင့် ပတ်သက်၍ အမေရိကန် လွှတ်တော်တွင် ဇူလိုင် လကုန်ပိုင်းက နိုင်ငံရေးပါတီ နှစ်ခုအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး သက်တမ်းကုန်ဆုံးမည့် ရက်မတိုင်ခင် ယင်းဥပဒေကို ထပ်မံ သက်တမ်းတိုးခြင်း မပြုနိုင်ခဲ့ပေ။

ယခု ဥပဒေသည် လွန်ခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့က သက်တမ်း ကုန်ဆုံးခဲ့သည့် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေ ပေါ်တွင် အခြေခံထားပြီး သက်တမ်း ၃ နှစ်ရှိသော်လည်း ယခု ပြန်လည် အတည်ပြုရာတွင် အမေရိကန် လွှတ်တော်များက မြန်မာ့အရေး နှစ်စဉ် ပြန်လည် သုံးသပ်နိုင်ရန်နှင့် သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် ဥပဒေကို ယာယီ ဖယ်ရှား နိုင်သည့် လုပ်ပိုင်ခွင့်များ ပါရှိကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီအရေး အခိုင်အမာ ထောက်ခံသူ ရီပတ်ပလီကန် ပါတီ ခေါင်းဆောင် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက္ကောနဲလ်က ယခုဥပဒေကြောင့် အမေရိကန်၏ မြန်မာပြည်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရေးနှင့် ငွေကြေးဆိုင်ရာ ဒဏ်ခတ် ပိတ်ပင်မှု လျှော့ချရေးတို့ကို ထိခိုက်မည် မဟုတ်ဟု ဆိုသည်။

@IRRAWADDY

kosithuag
08-15-2012, 01:39 PM
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်ဇုန်၊ ရှော့ပင်းမောလ် လုပ်ငန်းများတွင် ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ ရင်းနှီးမြှပ်နှံမှုပြုလုပ်ရန် လာရောက်လေ့လာ ဆွေးနွေးမှုများရှိနေ

http://thumbnails59.imagebam.com/20604/4f0e36206036601.jpg

*ရန်ကုန်မြို့ရှိ ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသော Sedona Hotel*

15 Aug, 2012
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်ဇုန်၊ ရှော့ပင်းမောလ်စသော လုပ်ငန်းများတွင် ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ ရင်းနှီးမြှပ်နှံမှု ပြု လုပ်ရန် လာရောက်လေ့လာ ဆွေးနွေး မှုများရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိ သည်။ ယင်းကဲ့သို့လာရောက် လေ့လာ ဆွေးနွေးမှုများ ရှိသော်လည်း လတ်တလော အခြေအနေအရ ရန်ကုန် တိုင်းဒေသကြီးအတွင်း မြေနေရာ အခက်အခဲကြောင့် ခွင့်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

“ပြည်ပနိုင်ငံတွေကဒီမှာဟိုတယ် ဇုန်၊ ရှော့ပင်းမောလ်လုပ်ဖို့အတွက် လာပြီး လေ့လာတာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ က စီမံခန့်ခွဲလို့ရတဲ့ မြေနေရာမရှိတဲ့ အတွက် ခွင့်မပြုနိုင်သေးဘူး။ အခု အိုးအိမ်ကနေ တိုင်းဒေသကြီးအစိုးရ ကိုမြေစီမံခန့်ခွဲမှုတွေလွှဲပေးနေတယ်။ ဒီလိုမြေယာစီမံခန့်ခွဲမှုတွေ ရလာမယ် ဆိုရင်တော့ ခွင့်ပြုပေးနိုင်မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပခရီးသွားဝင်ရောက်မှု များပြား လာသည့်အတွက် ဟိုတယ်ပိုင်းဆိုင် ရာများတွင် ပြည်ပနိုင်ငံများမှ ရင်းနှီး မြုပ်နှံမှုပြုလုပ်ရန် ပိုမိုစိတ်ဝင်စားနေကြပြီး လက်ရှိတွင် ရန်ကုန်မြို့၌ ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် အသစ် ဆောက်လုပ်မည့်ဟိုတယ်အချို့လည်း ရှိနေသည်ဟု သိရပါသည်။ ရှော့ပင်းမောလ်များအနေဖြင့် လက်ရှိအခြေအနေအရ ရန်ကုန်မြို့တွင် လက်ရှိ ၇၄ ခုခန့် ဖွင့်လှစ်ထား ပြီး (ယင်းအထဲတွင် စူပါမားကတ်၊ မီနီမားကတ်များလည်းပါဝင်) ဖွင့်လှစ်မှု များပြားနေသော်လည်း ပြည်ပ နိုင်ငံများ၏ အဆင့်မြင့်ရှော့ပင်းမောလ် များ လာရောက်ဖွင့်လှစ်နိုင်ပါက စိတ်ဝင်စားမှုများပြားလာနိုင်ဖွယ်ရှိနေ ကြောင်း သိရသည်။

“ရန်ကုန်မြို့ကို ခရီးသွားအ၀င် များလာတဲ့အတွက် အဆင့်မီဟိုတယ် တွေလိုအပ်ပါတယ်။ အခုကန်တော် ကြီးပတ်လမ်းမှာ ရှန်ဂရီလာက ဟိုတယ်လိုမျိုးဆောက်ဖို့ လုပ်နေတာကို တွေ့ရတယ်။ ရှော့ပင်းမောလ်တွေဆို ရင်လည်း ရန်ကုန်မြို့မှာလက်ရှိအရေအတွက် များတယ်။ ဒါပေမဲ့ နိုင်ငံ တကာမှာလို ရှော့ပင်းမောလ် အကြီးကြီးတွေမရှိသေးတာ့ နိုင်ငံတကာက လာဖွင့်ရင်တော့ စိတ်ဝင်စားကြမှာ အမှန်ဖြစ်သလို အလုပ်အကိုင်တွေလည်း ရလာမယ်”ဟု မြို့ပြရေးရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။ ရန်ကုန်မြို့၌လက်ရှိ နိုင်ငံသားပိုင် ဟိုတယ်၊ မိုတယ်၊ ၁၃၁ လုံးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသော ဟိုတယ်၊ မိုတယ် စုစုပေါင်း ၁၁ လုံးရှိကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသော ဟိုတယ်များ

1. Trader's Hotel
2. Sedona Hotel
3. Chatrium Hotel
4. Summit Park View Hotel
5. Micasa Hotel
6. The Grand Mee Yatha Hotel
7. ParkRoyal Hotel
8. Seasons Of Yangon International Airport Hotel
9. Yangon International Hotel
10. Savoy Hotel
11. Pan Sea Hotel

@ Eleven News

kosithuag
08-16-2012, 12:20 AM
ပြည်တွင်းမိုဘိုင်းဖုန်းများ အာဆီယံနိုင်ငံများသို့ချိတ်ဆက်အသုံးပြုနိုင်ပြီဟု ဆက်သွယ်ရေးအတည်ပြု

http://thumbnails52.imagebam.com/20607/a5f4a6206063815.jpg

15 Aug, 2012
မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းများအား အာဆီယံနိုင်ငံများတွင်သယ်ဆောင်အသုံးပြုနိုင်အတွက် ဆောင်ရွက်လျှက်ရှိရာ လက်ရှိအချိန်တွင်ချိတ်ဆက်အသုံးပြုနိုင်ရန် အဆင့်သင့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။ လက်ရှိတွင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းများကိုမြန်မာနိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိရာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

''ပြည်ပက ဖုန်းတွေကို ပြည်တွင်းမှာ သုံးလို့ရနေပြီ၊ ပြည်တွင်းက ဖုန်းတွေပြည်ပကို သယ်ဆောင် အသုံးပြုဖို့က အသုံးပြုတဲ့ အခကြေးငွေကိစ္စရပ်မျိုးတွေကို ညှိနေသေးတယ်။ နည်းပညာအရ ချိတ်ဆက်မှုကလည်း အသင့်အနေအထားမှာ ရှိနေပါတယ်။ အမြန်ဆုံး သယ်ဆောင် အသုံးပြုနိုင် အောင်လုပ်ဆောင်သွားမှာပါ။'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ လက်ရှိအချိန်တွင် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှမိုဘိုင်းဖုန်းများကို ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်နေပြီဖြစ်ပြီး မကြာခင် အခြားနိုင်ငံအသစ်များကိုထပ်မံတိုးချဲ့ အသုံးပြုခွင့်ပေးသွားမည်ဟု ၄င်းက ထပ်မံပြောကြားသည်။

ထို့အပြင် ပြည်တွင်းမှ မိုဘိုင်းဖုန်းများကို အာဆီယံနိုင်ငံများ အပါအဝင်ပြည်ပ နိုင်ငံ အသီးသီးသို့ သယ်ဆောင်အသုံးပြုနိုင်ရန် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆွေးနွေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းသည် ယခုလ ၃ ရက်နေ့ နေပြည်တော်၌ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့်
တွေဆုံဆွေးနွေးမူများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးမှုများအတွင်း မိုဘိုင်း ( Roming)ကွန်ရက် ကိစ္စရပ်အပြင် ဆက်သွယ်ရေးလုပ်ငန်းအတွက် နိုင်ငံတကာအကြံပေး တင်ဒါလုပ်ငန်း ကိစ္စရပ်များလည်းပါဝင်ခဲ့ကြောင်းသိရသည်။ Roming ကွန်ရက် စတင်ဖွင့်လှစ်ခဲ့ချိန် ၌ဂျပန်အပါအဝင် အာဆီယံနိုင်ငံအချို့မှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့သယ်ဆောင် အသုံးပြုခဲ့ကြသည်။ အဆိုပါ မိုဘိုင်း Roming ကွန်ရက်ကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလတွင်နေပြည်တော်တွင် လက်ခံကျင်းပခဲ့သည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးမှ စတင်၍အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်သည်။

@ Myitmakha News

kosithuag
08-26-2012, 05:56 PM
မြန်မာ့လေကြောင်းမှ တာဝန်ယူလုပ်ကိုင်နေသည့် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းကို ပထမဆုံး အနေဖြင့် ယူအေအီးနိုင်ငံ အခြေစိုက် Dnata ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်


မြန်မာ့လေကြောင်းမှ တာဝန် ယူလုပ်ကိုင်နေသည့် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းအား ပထမဆုံးအနေဖြင့် ယူအေအီးနိုင်ငံ အခြေစိုက် Dnata နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သတင်းရရှိပါသည်။

ယူအေအီးနိုင်ငံ အခြေစိုက် Dnata ကုမ္ပဏီသည် နိုင်ငံပေါင်း ကိုးနိုင်ငံရှိ လေဆိပ် ၂၀ ၌ မြေပြင် ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်ဟု သိရသည်။

“ရန်ကုန်လေဆိပ်မှာ ဆိုက်ရောက်တဲ့ နိုင်ငံတကာလေကြောင်း လိုင်းတွေရဲ့ လေယာဉ်တွေကို အဆင့်မြင့်မြေပြင်ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အခုလို နိုင်ငံတကာ မြေပြင်ဝန်ဆောင်မှု လုပ်ငန်းမှာနာမည်ရပြီးသား နိုင်ငံတကာ ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်ဖြစ်တာပါ”ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

မြေပြင်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၌ မြေပြင်ဝန်ဆောင်မှု လုပ်ငန်းအမျိုးအစား ၁၄ မျိုးပါဝင်ပြီး လေယာဉ်ဆိုက်ရောက်ချိန်တွင် လေယာဉ်သန့်ရှင်းရေးမှစ၍ ယာဉ်ယန္တရားများဖြင့် မြေပြင်ဝန်ဆောင် မှုလုပ်ငန်းများ၊ ခရီးသည်၊ ခရီး ဆောင်အိတ်၊ ကုန်စည်တင်၊ ချဝန် ဆောင်မှုများနှင့် လေယာဉ်ပြန်လည် မထွက်ခွာမီ စက်မှုလက်မှုပိုင်းဆိုင်ရာ စစ်ဆေးထိန်းသိမ်းမှုများ ပါဝင်သည်ဟု သိရသည်။

လေကြောင်းလိုင်းများသည် မိမိဆင်းသက်သော အခြားနိုင်ငံရှိ လေယာဉ်ကွင်းများတွင် မြေပြင်ဝန်ဆောင် မှုလုပ်ငန်းများနှင့် ဝေဟင်ဝန်ဆောင် မှုလုပ်ငန်းများကိုဆောင်ရွက်ရသည် ဖြစ်ရာ ၀န်ဆောင်မှုလုပ်ငန်း ကုမ္ပဏီများအား ငှားရမ်းအသုံးပြုလာကြသည်ဟု သိရသည်။

“အခုDnata ကုမ္ပဏီနဲ့ မြေပြင်ဝန်ဆောင်မှု လုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်မယ့်နေရာမှာ နိုင်ငံတကာ စံချိန်မီစက်ပစ္စည်းတွေ အပြည့်အစုံ ပါလာမယ်။ ၀န်ထမ်းတွေက လည်း နိုင်ငံတကာစံချိန်မီ ကျွမ်းကျင်လက်မှတ်တွေ ရထားပြီးသား ဆိုတော့ Safety အတွက်လည်း စိတ်ချရတယ်”ဟု မြန်မာ့လေကြောင်း မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

ပူးပေါင်းဆောင်ရွက်နိုင်ရန် သဘောတူညီထားသည့် ကာလမှာ ၂၀၁၂ အောက်တိုဘာလ ၁ ရက်မှ ၂၀၁၃ မတ်လ ၃၁ရက်နေ့ အကျုံးဝင်သော စမ်းသပ်ကာလဖြစ်ပြီး ယင်းကာလပြီးမြောက်ပါက ငါးနှစ်သက်တမ်းရှိ Joint Venture အနေဖြင့် ဆက်လက် လုပ်ကိုင်သွားမည်ဟု သိရသည်။


@Eleven

kosithuag
08-26-2012, 05:56 PM
နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများ၏ ပညာရေးစနစ်များကို လာမည့် ပညာသင်နှစ်မှ စတင်ပြောင်းလဲမည်

နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံများ၏ ပညာရေးစနစ်များ ကို လာမည့် ပညာသင်နှစ်မှ စတင်၍ ပြောင်းလဲမည်ဟု သိရှိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းအား ရမှတ် ၄၅၀ နှင့်အထက်ရရှိ အောင်မြင်သူများမှာ ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များ၌ ဖွင့်လှစ်မည့် B.E နှင့် B.Arch ဘွဲ့သင်တန်းများအား တိုက်ရိုက်လျှောက်ထား နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ကျောင်းသားဦးရေ ၂၅၀ ဦးစီကို လက်ခံသင်ကြားပေးသွားမည် ဖြစ်ပြီး Bio. Technology ၀ါသနာပါသူ များအတွက် လေးနှစ်ဆက်တိုက် သင်ယူစေကာ အောင်မြင်သူများအား B.S.(Bio.Tech) ဘွဲ့ကို ပေးအပ်ချီး မြှင့်သွားမည်ဖြစ်သည်။

ရမှတ် ၃၆၀ နှင့် အထက်ရရှိ အောင်မြင်ထားသူများမှာမူ ယခုလက်ရှိ ဖွင့်လှစ်လျက်ရှိသော နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများတွင် A.G.T.I Certificate ရရှိရန် သုံးနှစ်တက်ရောက် သင်ကြားရမည်ဖြစ် ပြီး B.E ဘွဲ့တက်ရောက်ရန် အဆင့်မီသူများမှာ အင်ဂျင်နီယာ Orientation သင်တန်းတစ်နှစ်ကို တက်ရောက်ရမည်ဖြစ်ကာ အောင်မြင်ပါက B.Eဘွဲ့ပေးရန် သတ်မှတ်ထားသည့် နည်းပညာတက္ကသိုလ်များ၌ ဆက်လက် တက်ရောက်ခွင့် ရရှိမည်ဖြစ် ကြောင်း သိရှိရသည်။

B.E ဘွဲ့သင်တန်းသို့ တက် ရောက်ရန်အဆင့်မမီသူများမှာမူ ယခင်ပုံစံအတိုင်း သက်ဆိုင်ရာ တက္ကသိုလ် များ၌ B.Tech သင်တန်းနှစ်နှစ်ကို တက်ရောက်နိုင်ပြီး အောင်မြင်ပါက B.Techဘွဲ့ကို ပေးအပ်သွားမည်ဖြစ်သည်။

ပြောင်းလဲလိုက်သည့်ပညာရေး စနစ်အရ အဆင့်မြှင့်နည်းပညာ တက္ကသိုလ်များမှ တိုက်ရိုက် B.E ဘွဲ့ရရှိ ရန် ခြောက်နှစ်ကြာမြင့်မည်ဖြစ်ပြီး A.G.T.I အောင်မြင်ပြီး B.E ဘွဲ့တက်ရောက်သူများမှာ ခုနစ်နှစ်ကြာမြင့်မည် ဖြစ်သည်။ B.Tech ဘွဲ့ရရှိရန် ငါးနှစ်ကြာမြင့်မည်ဖြစ်ပြီး M.Tech တက်ရောက်ရပါက ခုနစ်နှစ်ကြာမြင့်မည်ဖြစ်သည်။ နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများ၏ B.E ဘွဲ့သင်တန်း၌ A.G.T.I နှစ်နှစ်၊ B.Tech နှစ်နှစ်နှင့် B.E ဘွဲ့တစ်နှစ်ပေါင်း ငါးနှစ်တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

@Eleven

kosithuag
08-26-2012, 05:57 PM
မြ၀တီ-ကောကရိတ် လမ်းပိုင်းအား ဘတ်သန်း ၁၁၀၀ အကုန်အကျခံ ဖောက်လုပ် သွားမည်

ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မြ၀တီ-ကော့ကရိတ် လမ်းပိုင်း သစ်ကြီးကို ထိုင်းနိုင်ငံ ဘက်မှ ဘတ်သန်း ၁၁၀၀
ဝန်းကျင် အကုန်အကျခံ ကူညီ ဖောက်လုပ် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာမှာ ယခင်ကတည်းက ဖောက်လုပ် ထားတဲ့ မြ၀တီ-သင်္ဃန်း ညီနောင် လမ်းပိုင်း ကိုတော့ ပြုပြင် ထိန်းသိမ်း မှုသာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် သင်္ဃန်း ညီနောင်-ကော့ကရိတ် လမ်းပိုင်း ကိုတော့ အသစ် ဖောက်လုပ် မှာဖြစ်ပြီး လက်ရှိမှာ လိုအပ်တဲ့ စီစဉ် ဆောင်ရွက် မှုတွေကို စတင်ပြုလုပ် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ မြ၀တီ-သင်္ဃန်း ညီနောင် လမ်းပိုင်းမှာ ၁၈ ကီလိုမီတာ ရှိပြီး သင်္ဃန်း ညီနောင်-ကော့ကရိတ် လမ်းပိုင်း ကတော့ ၂၈ ကီလိုမီတာ အရှည်ရှိ ပါတယ်။ ဒါ့ကြောင့် မြ၀တီ-ကော့ကရိတ် လမ်းပိုင်းမှာ စုစုပေါင်း ၄၆ ကီလိုမီတာ အရှည်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို မြ၀တီ-ကော့ကရိတ် လမ်းပိုင်း ဖောက်လုပ်မှု အပြင် ထိုင်းနိုင်ငံ အစိုးရ ဘက်မှ မြ၀တီ-မဲစောက် မှာလည်း တံတား တစ်စင်းကို ကူညီဆောက်လုပ် ပေးသွားမှာ ဖြစ်ပါတယ်။
အဆိုပါ တံတားကြီးကို မြ၀တီမြို့မှ အထွက် ၂ မိုင်ခန့် အကွာမှာ တည်ဆောက် သွားဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ အစိုးရ ဘက်မှ ဒီလို တံတား တည်ဆောက် ပေးမှုဟာ တာချီလိတ်မှာ တည်ဆောက် ပေးထားတဲ့ တာချီလိတ် တံတား အမှတ် ၁ နှင့် အမှတ် ၂ တံတား အပါအ၀င် အခု တည်ဆောက်မယ့် မြ၀တီ-မဲစောက် တံတားနဲ့ ပါဆိုရင် ၃ စင်းရှိလာမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်


@MRTV-4

kosithuag
08-26-2012, 05:58 PM
ကိုရီးယား ရေကြောင်းပညာ တက္ကသိုလ်နှင့် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၏ ဘွဲ့သင်တန်း သစ်များလာမည့် ပညာသင်နှစ်တွင် ပူးပေါင်း ဖွင့်လှစ် ရန်ရှိ

မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ချာလီသန်းရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ဟာ
ကိုရီးယား ရေကြောင်း ပညာတက္ကသိုလ်နဲ့ ပူးပေါင်းပြီး ဘွဲ့သင်တန်း ပေးအပ်မယ့် သင်တန်း တွေကို လာမယ့် ပညာသင်နှစ်က စတင်ကာ ပူးပေါင်း ဖွင့်လှစ်နိုင်ဖို့ စီစဉ် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ပူးပေါင်း ဖွင့်လှစ်တဲ့ အခါ သင်ကြား ပေးမယ့် ဘာသာရပ်မှာ ရေကြောင်း အင်ဂျင်နီယာ ဘာသာရပ်နဲ့ ရေကြောင်း သိပ္ပံပညာရပ် နှစ်ခုအတွက် ဖွင့်လှစ်မှာ ဖြစ်ပြီး ဘာသာရပ် တစ်ခုစီကို သင်တန်းသား ၂၀ ဦးစီ လက်ခံ သင်ကြားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
အဆိုပါ သင်တန်း ဖွင့်လှစ်မှု အတွက်ကို ကိုရီးယား ရေကြောင်း ပညာ တက္ကသိုလ်မှ သီလ၀ါရှိ မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ် ကျောင်းဝင်း အတွင်းမှာ အဆောက်အဦး ငှားရမ်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဒီလို သင်ကြားရာမှာ ပထမ သုံးနှစ်ကို မြန်မာနိုင်ငံမှာ သင်ကြား ရမှာဖြစ်ပြီး ကျန် ၂ နှစ်ကို ကိုရီးယား နိုင်ငံမှာ သွားရောက် သင်ကြားရမှာ ဖြစ်ပါတယ်။ ဒီလို သင်ကြား နေစဉ် ကာလ အတွင်း သင်္ဘော ကုမ္ပဏီက ပညာသင် ထောက်ပံ့ကြေးပါ ပေးအပ်မှာ ဖြစ်ပါတယ်။ ဒီလို သင်ကြား ပြီးပါက ကိုရီးယား ရေကြောင်း ပညာ တက္ကသိုလ်မှ ပေးအပ်မယ့် ဘွဲ့ကို ရရှိမှာဖြစ်ပြီး ကိုရီးယား သင်္ဘော အရာရှိ COC လက်မှတ်ပါ ရရှိမှာ ဖြစ်ပါတယ်။
အဆိုပါ သင်တန်း ဖွင့်လှစ်ဖို့ အတွက် လက်ရှိမှာ သင်ရိုးညွှန်းတမ်း ရေးဆွဲမှုတွေ ပြုလုပ်လျက် ရှိပြီး ကိုရီးယား နိုင်ငံမှ ရေကြောင်း ဆိုင်ရာ ပါမောက္ခများ ကိုယ်တိုင် သင်ကြား ပို့ချပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းရှိ ဆရာ၊ ဆရာမ တွေကိုပါ လိုအပ်တဲ့ သင်တန်းတွေကို ကိုရီးယား ရေကြောင်း ပညာ တက္ကသိုလ်က ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်နဲ့ ကိုရီးယားနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နှစ်ခုဟာ ပညာရေး ဆိုင်ရာ ပူးပေါင်း ဖလှယ်မှုတွေ အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင် ကတည်းက MoU ရေးထိုးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခုအခါ မှာတော့ ကိုရီးယား ရေကြောင်း တက္ကသိုလ်မှ ပြည်တွင်းမှာ ရေကြောင်း ဆိုင်ရာ တက္ကသိုလ် ဘွဲ့သင်တန်းကို လာရောက် ဖွင့်လှစ်ဖို့ အတွက် ဆွေးနွေးမှု တွေကို စတင် ဆောင်ရွက် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

@MRTV-4

kosithuag
08-26-2012, 05:59 PM
ပြည်တွင်း ပို့ဆောင်ရေး လုပ်ငန်း လိုအပ်မှု အတွက် လေ့လာ ဆွေးနွေးမှုကို ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ပြုလုပ်မည်

မြန်မာနိုင်ငံရဲ့ ပို့ဆောင်ရေး ကဏ္ဍမှာ အဆင့်မြင့် နည်းပညာများကို အသုံးချ နိုင်ရေး အတွက် ဂျပန်နိုင်ငံမှ ကူညီ ဆောင်ရွက် ပေးလျက်ရှိပြီး ဒီလို ကူညီ

ပေးရာမှာ ပိုမို ထိရောက်စွာ ဆောင်ရွက် ပေးနိုင်ဖို့ အတွက် ပြည်တွင်း ပို့ဆောင်ရေ လုပ်ငန်း လိုအပ်မှုနဲ့ ပတ်သက်တဲ့ နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးမှုကို ယနေ့ သြဂုတ်လ ၂၄ ရက်နေ့က ချက်ထရီယံ ဟိုတယ်မှာ ပြုလုပ်ခဲ့ ပါတယ်။
အဲ့ဒီလို ဆွေးနွေး ကြရာမှာ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း လမ်းနဲ့ ပို့ဆောင်မှု လွယ်ကူ ချောမွေ့စေရေး လုပ်ငန်းများမှာ ထောက်ပံ့ ပို့ဆောင်ရေး၊ ဘေးကင်း လုံခြုံရေး၊ ပတ်ဝန်းကျင် ရေးရာနဲ့ အခြေခံ အဆောက်အအုံ ပိုင်းဆိုင်ရာ အပါအ၀င် ပို့ဆောင်ရေး ကဏ္ဍရဲ့ ပင်မ မဏ္ဍိုင်ကြီး လေးရပ်ကို ဂျပန်နိုင်ငံ အနေနဲ့ အာဆီယံ နိုင်ငံ အပါအ၀င် မြန်မာနိုင်ငံ ကိုလည်း ကူညီ ဆောင်ရွက် ပေးနိုင်ဖို့ အတွက် လေ့လာ ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီလို လေ့လာ ဆွေးနွေးမှုမှာ ဂျပန်နိုင်ငံ အနေနဲ့ ပြည်တွင်းရဲ့ ပို့ဆောင်ရေး လုပ်ငန်းမှာ အဆင့်မြင့် နည်းပညာများ အသုံးချနိုင်ရေး အတွက် ကိုလည်း ပို့ဆောင်ရေး ၀န်ကြီးဌာနနဲ့ ဂျပန်နိုင်ငံ ကုန်းလမ်း အခြေခံ အဆောက်အအုံ၊ ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေး ဆိုင်ရာ ၀န်ကြီး ဌာနတို့ ဆွေးနွေး ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အနာဂတ် ပို့ဆောင်ရေး အစီအမံများ ချမှတ်ပြီး ၂ နိုင်ငံ ရေရှည် ပူးပေါင်း ဆောင်ရွက်ရေး အတွက် ပေါင်းစည်း ညီညွတ်တဲ့ ပို့ဆောင်မှု စနစ် ဖြစ်ထွန်းရေး၊ ဘေးအန္တရာယ် ကင်းရှင်းစွာ ပို့ဆောင်နိုင်ရေးနဲ့ ပို့ဆောင်ရေး ကဏ္ဍကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ တာဝန် ရှိသူများနဲ့ ပုဂ္ဂလိက အဖွဲ့အစည်း များမှ ဆွေးနွေးတာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲ မှာတော့ ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ ပြည်ထောင်စု ၀န်ကြီးနဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များ အပါအ၀င် စုစုပေါင်း ကိုယ်စားလှယ် ၁၇၀ ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။


@MRTV-4

kosithuag
08-28-2012, 10:18 AM
မွန်ပြည်နယ်အတွင်း လေအားလျှပ်စစ်ထုတ်နိုင်ရေး ထိုင်းနိုင်ငံကုမ္ပဏီမှ စူးစမ်းလေ့လာမှုများဆောင်ရွက်လျှက်ရှိ

http://www.hotnewsweekly.com/wp-content/uploads/2012/08/compressed-air-energy-storage-for-wind-power-350x184.jpg

မွန်ပြည်နယ်အတွင်းလျှပ်စစ်ဓါတ်အားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှတ်(၂)လျှပ်စစ်ဓါတ် အားဝန်ကြီးဌာန နှင့် ထိုင်းနိုင်ငံ Gunkul Engineering Public Co;Ltd တို့ပူးပေါင်း၍ မွန်ပြည်နယ်အတွင်း၌ လေစွမ်းအင်သုံးလျှပ်စစ်ဓါတ်အား မဂ္ဂါဝပ်(၁၀၀၀) ထုတ်လုပ်နိုင်ရေးအတွက် ကျွမ်းကျင်သူများအဖွဲ့မှ မွန်ပြည်နယ်အတွင်းရှိ ပေါင်မြို့နယ် ကုလားမတောင်ရှိ Zingyaik Site နှင့် ဘီးလင်းမြို့နယ်အနီးရှိ Blin Site နေရာများတွင် စီမံကိန်းဖြစ်နိုင်စွမ်းလေ့လာမှုနှင့် ကွင်းဆင်းတိုင်းတာရေး လုပ်ငန်းများဆောင် ရွက်လျက်ရှိပြီး မိုလေ၀သနှင့် လေတိုက်နှုန်းတိုင်းတာရေးတိုင်များစိုက်ထူလျက်ရှိကြောင်း၊ လေ့လာရေးစီမံ ကိန်းများမှာ လာမည့် ၂၀၁၃ခုနှစ် စက်တင်ဘာလလောက်တွင်ပြီးဆုံးမှာဖြစ်ပြီး လုပ်ငန်းအောင်မြင်ပါက ၂၀၁၅ခုနှစ်၊ နှစ်လယ်ခန့်တွင် စက်လည်ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံ Gunkul Engineering Public Co;Ltd ကုမ္ပဏီအနေဖြင့် အမှတ်(၂)လျှပ်စစ်ဓါတ်အားဝန်ကြီးဌါနမတိုင်မီ လျှပ်စစ်ဓါတ်အားဝန်ကြီးဌါနလက်ထက် ၁၉၉၆ ခုနှစ် လောက်မှစ၍ မြန်မာနိုင်ငံအတွင်း မဟာဓါတ်အားလိုင်းများ၊ ဓါတ်အားခွဲရုံများတည် ဆောက်ခြင်းလုပ်ငန်း များမှာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း လက်ရှ်ိအချိန်တွင် ကုမ္ပဏီအနေဖြင့် လေအား၊ နေအား လျှပ်စစ်ဓါတ်အားများ ထုတ်လုပ်ဖြန်ချိရေးလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်လျှက် ရှိကြောင်း၊ထိုင်းနိုင်ငံ တွင် မဂ္ဂါဝပ်(၃၀) ထွက်ရှိသော solar Energy နေစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေး စက်ရုံတစ်ခုကို တည်ဆောက်ခဲ့ပြီး နောက်ထပ်အနေဖြင့်မဂ္ဂါဝပ်(၁၅၀) ထွက်ရှိနိုင်မည့် Solar Energy လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခုကိုလည်း အကောင်ထည်ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလမှစ၍ အမှတ်(၂)လျှပ်စစ်ဓါတ်အားဝန်ကြီးဌါနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွေမှာ လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းများကို စတင်အကောင်ထည်ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိချိန်မှာ ဖြစ်ပေေးနိုင်စွမ်းလေ့လာမှုအဖြင့် စူးစမ်းလေ့လာဆောင်ရွက်ဆဲကာလဖြစ်ကြောင်း၊ မွန်ပြည်နယ်မှာ ဘီးလင်းမြို့နယ်နှင့် ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာ ကုလားမတောင်ပေါ်တွေမှာ၊ ကရင်ပြည်နယ်မှာ ကော့ကရိတ်မြို့ အနီးတ၀ိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်၊ မေတ္တာမြို့နယ်ခွဲတွေမှာ မိုးလေ၀သ စူးစမ်းလေ့လာတိုင်းတာရေးတိုင်တွေထောင်ပြီးမိုလေ၀သ တိုင်တာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း၊ အဆိုပါ စူးစမ်းလေ့လာတိုင်းတာရေးတိုင်များကို Satellite မျာနှင့်ချိတ်ဆက် ပြီး Data များကောက်ယူခြင်းကို တစ်နှစ်ခန့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရရှိလာတဲ့ Data များအရ အဆိုပါဒေသတွေမှာ လျှပ်စစ်ဓါတ်အားတွေကို စီးပွါးဖြစ်ထုတ်လုပ်လို့ရ/မရ ၊ ဖြစ်နိုင်/မဖြစ်နိုင်တို့ကို တွက်ချက်သွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ Gunkul Engineering Public Co;Ltd မှ GM ကိုသူရထွန်း ကပြောသည်။

” လက်ရှိကျနော်တို့ရရှိထားတဲ့အကြမ်းဖျင်း Data တွေထဲက တစ်ခုကိုပြောပြရရင် ဇင်းကျိုက် ကုလားမတောင်ဒေသမှာ ခန့်မှန်းခြေပေါ့ မဂ္ဂါဝပ် ၂၆၀ ကနေ ၄၅၀ လောက်အထိထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားတယ်၊ တစ်ခုက လေအားလျှပ်စစ်ထုတ်လုပ်တဲ့နေရာမှာ သူ့ရဲ့သဘောသဘာဝက လေတိုက်နှုန်းပေါ်မူတည်တဲ့အတွက် ထွက်လာတဲ့ Output က အပြောင်းအလဲရှိနိုင်တယ်၊ အဲဒါကို ကျနော်တို့က Stable ဖြစ်အောင် Back up Generator ဒါမှမဟုတ် General Mix ပေါ့၊ တခြားစွမ်းအင်ပေါ့ နေအားဖြစ်ဖြစ်၊ ဒီဇယ်နဲ့ပဲဖြစ်ဖြစ်၊ တစ်ခုခုနဲ့ရောပြီးအသုံးပြုမှ Output Power က Stable ရတယ်၊ လေအားလျှပ်စစ်က ကုန်ကျစ၇ိတ်များပေမဲ့ သဘာဝပတ်ဝန်းကျင်ကိုတော့ ထိခိုက်မှုမရှိတဲ့အတွက် ရေရှည်အနေနဲ့ အကျိုးရှိတယ်” လို့ ၎င်းကပြောသည်။

Credit to hotnews

hninn nu
11-04-2012, 02:53 AM
ရေခဲပန်းပုနှင့် ဆီးနှင်း ပေါင်းစပ်ဖန်တီးထားသော ပြခန်းသည် အရှေ့တောင်အာရှတွင် မြန်မာ ပထမဆုံးဖြစ်

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၀ ရက်မှစ၍ ပြန်လည် ဖွင့်လှစ်သည့် Snow Wonderland သည် မြန်မာနိုင်ငံ၌သာမက အရှေ့တောင်အာရှ နိုင်ငံများတွင်ပါ ပထမဆုံး ရေခဲနှင့် ဆီးနှင်းအသုံးပြု ပေါင်းစပ်ဖန်တီးထားသော အပန်းဖြေနေရာဖြစ်ကြောင်း Asia Myanmar Consortium Development ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ခိုင်က ၁၆-၁၀-၂၀၁၂ ရက်ကပြောသည်။ ယင်း Snow Wonderland ကို ယခင်က Ice Wonderland ဟု ခေါ်တွင်ခဲ့ပြီး ပြခန်းအတွင်း ရေခဲပန်းပုများသာ ပြသနိုင်ခဲ့သော်လည်း ယခု အသစ်ပြန်လည် ဖွင့်လှစ်လိုက်သည့် Snow Wonderland တွင်မူ ရေခဲပန်းပုများသာမက ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေသော နှင်းလျှောစီးကွင်း၊ နှင်းလျှောစီးကွင်းတစ်လျှောက် အရှိန်ပြင်းစွာဖြင့် စီးနင်းနိုင်မည့် အပျော်စီးကား၊ ကလေးကစားကွင်းများကိုပါ ထည့်သွင်း ဖန်တီးထားခြင်းဖြစ်၍ ယင်းကဲ့သို့ ရေခဲပန်းပုနှင့် ဆီးနှင်း ပေါင်းစပ်ဖန်တီးမှုသည် မြန်မာနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ပထမဦးဆုံးဖြစ်ကြောင်း သိရသည်။ “ဒီ Snow Wonderland ကို ရေခဲပန်းပုတွေ စတင်ခဲ့တဲ့ တရုတ်နိုင်ငံက ပညာရှင်တွေကို ခေါ်ပြီး ဖန်တီးထားတာပါ။ ထူးခြားတာတစ်ခုက ရေခဲနဲ့ဆီးနှင်း ပေါင်းစပ်ဖန်တီးထားတာပါ။ ဘန်ကောက်က နာမည်ကြီး Dream World မှာဆိုရင် ဆီးနှင်းပဲရှိတယ်။ တရုတ်မှာဆိုလည်း ရေခဲပန်းပုပဲရှိတယ်။ ဒါကို နိုင်ငံခြား ဧည့်သည်တွေအတွက် လည်ပတ်စရာ နေရာအဆန်းတစ်ခု ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်” ဟု ယင်းက ပြောသည်။
By Pyi Myanmar