PDA

View Full Version : ပြည်တွင်းသတင်းများ



Pages : [1] 2 3

pooh.kglay
04-04-2010, 11:51 AM
လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ များမှ တပ်ဆင်ပေး ထားသော လျှပ်စစ် မီတာ များ၏ ထိန်းသိမ်း စောင့်ရှောက် ခနှင့် ဒဏ်ကြေး များကို ဧပြီ ၁ ရက်မှ စ၍ ပြောင်းလဲ သတ်မှတ် လိုက်ကြောင်း စုံစမ်း သိရှိ ရသည်။ အဆိုပါ သတင်း အပေါ် တောင်ဥက္ကလာပမြို့နယ် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့သို့ ဆက်သွယ် မေးမြန်း ခဲ့ရာ ယခင် လျှပ်စစ် မီတာ များ၏ ထိန်းသိမ်း စောင့်ရှောက် ခမှာ ကျပ် ၅၀၀ ဖြစ်ပြီး ယခုပြောင်းလဲ သတ်မှတ် လိုက်သည့် ထိန်းသိမ်း စောင့်ရှောက် ခမှာ ကျပ် ၁၀၀၀ ဖြစ်ကြောင်း သိရသည်။ “ မီတာထိန်းသိမ်း စောင့်ရှောက်ခ ၅၀၀ ကနေ ကျပ် ၁၀၀၀ ပြောင်းလဲ သွားတယ်။

ဧပြီလ ၁ ရက်ကစပြီး ပြောင်းတယ်လို့ သိရတယ်။ သုံးစွဲခ ယူနစ်တွေရဲ့ ကောက်ခံနှုန်း ထားတော့ မပြောင်းလဲဘူးလို့ သိရတယ်” ဟု မြို့နယ် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ တစ်ခုမှ မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဆက်သွယ် မေးမြန်း ခဲ့သူ ၀န်ထမ်း တစ်ဦးက ပြောသည်။ ဒဏ်ကြေး တိုးမြှင့် သတ်မှတ် မှုမှာ ယခင်က တစ်လလျှင် ကျပ် ၁၀၀၀ အစား ကျပ် ၂၀၀၀ အဖြစ် လည်းကောင်း၊ နှစ်လလျှင် ကျပ် ၂၀၀၀ အစား ကျပ် ၃၀၀၀ အဖြစ် လည်းကောင်း၊ သုံးလလျှင် ကျပ် ၃၀၀၀ အစား ကျပ် ၅၀၀၀ အဖြစ် လည်းကောင်း တိုးမြှင့် သတ်မှတ် လိုက်ကြောင်း သိရသည်။ မီတာသုံးစွဲခ ယူနစ် နှုန်းထား များမှာ အိမ်သုံး မီတာများ တစ်ယူ နစ်လျှင် ၂၅ ကျပ်၊ လုပ်ငန်းသုံး မီတာများ တစ်ယူ နစ်လျှင် ၅၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိပြီး အိမ်သုံး မီတာဖြင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ပါက တစ်ယူနစ်လျှင် ကျပ် ၅၀ ကောက်ခံ ဆောင်ရွက်ကြောင်း အိမ်သုံး မီတာဖြင့် စားသောက်ဆိုင် ဖွင့်ထားသူ တစ်ဦးက ပြောသည်။ အသေးစိတ် အချက် အလက် များကို မြို့နယ် လျှပ်စစ်ရုံး များတွင် ကြေညာ ထားမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၇ ရက်နေ့ ထုတ် News Watch ဂျာနယ်တွင် ဖော်ပြထာ ပါသည်။

မီတာခ ယူနစ်ဈေးတွေလဲ တက်မယ် လို့ ကြားနေရပါတယ် ခင်ဗျာ
သေပြီဆရာ ... မွဲပြီ ဆရာ ရေ ...

ဖိုရမ်မှ မောင်နှမ များကို ထာဝရခင်မင်လျက် ... pooh ကောင်လေး .. :imm:

pooh.kglay
04-06-2010, 11:58 PM
လျှပ်စစ်မီး မရရှိနိုင်သော ဒေသများတွင် တစ်နေ့ကျပ် ၁၅၀ ဖြင့် ၁၅ နာရီကြာ အထွန်းခံသော LED မီးအိမ် ငှားရမ်းပေးသည့် ဝန်ဆောင်မှုကို တစ် နိုင်ငံလုံး တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း M.A. W Electronic မှ ၃၁-၃-၂၀၁၀ရက်တွင်သိရသည်။ အဆိုပါစနစ်မှာ LED မီးအိမ် ကို ဘက်ထရီဖြင့် တွဲသုံးရသော စနစ်ဖြစ်ပြီး LED မီးအိမ်တွင် မီးသီး ၂၈ လုံးပါဝင်သဖြင့် ဖယောင်းတိုင် ၃၄ တိုင်စာ အလင်းအားရှိကာ ၁၅ ပေ၊ ပေ ၃၀ ပတ်လည်အထိကို အလင်းအားဖြန့်ကြက်ပေးနိုင်ကြောင်းသိရသည်။ “မီးအိမ်ငှားရမ်းပေးတဲ့စနစ်ဆိုတာက ကျွန်တော်တို့ ကိုယ်စားလှယ် ပေးထားတဲ့ဆိုင်က နေ့စဉ်နံနက်ပိုင်းမှာ ဘက်ထရီအားဖြည့်ပြီးညနေမှာ သုံးမဲ့အိမ်တွေကို လိုက်ပို့ပေးတာပါ။ ကုန်ကျစရိတ်ကို အနည်းဆုံး ဖြစ် အောင် သတ်မှတ်ပေးထားပါတယ်။ ဒီလိုဆောင်ရွက်ပေးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ လျှပ်စစ်မီးမရနိုင်တဲ့ ကျေးလက်ဒေသတွေရဲ့ စွမ်းအင် လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ပါဝင်ဖြည့်ဆည်းပေးချင်လို့ပါ” ဟု M.A. W Electronic မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ LED မီးအိမ်ကို ၆ ဗို့၊ 4AH ရှိ ဘက်ထရီ အသေးစားဖြင့် တွဲဖက်အသုံးပြုရကြောင်း သိရသည်။ အဆိုပါ LED မီးအိမ် ငှားရမ်းခြင်းစနစ်ကို ရန်ကုန်မြို့၊ ဒဂုံတောင်/မြောက်လမ်းဆုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သင်္ဃန်းကျွန်း၊ ကြည့်မြင်တိုင်၊ လှည်းကူး၊ မှော်ဘီ၊ ပဲခူးတိုင်းအတွင်းရှိ ဖြူး၊ တောင်ငူ၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ပဲခူး-ကြံခင်း၊ ပြည်နှင့် ဧရာဝတီတိုင်းတွင် မြောင်းမြ၊ မအူပင်၊ ကျိုက်လတ်၊ ပန်းတနော်၊ ရခိုင်ပြည်နယ်တွင် စစ်တွေ၊ အမ်းတို့၌ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၈ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြထားပါသည်။

credit by khitlunge

ဖိုရမ်မှ မောင်နှမ များကို ထာဝရ ခင်မင်လျက် ... pooh ကောင်လေး :imm:

pooh.kglay
04-09-2010, 11:36 AM
ရန်ကုန်၌ အများပြည်သူသို့ လျှပ်စစ်မီး ဖြန့်ဝေပေးနေမှုအပေါ် နေပြည်တော်မှ စစ်ဆေးရေးအဖွဲ့လာရောက်ကာ ဧပြီလဆန်းပိုင်းမှစ၍ စိစစ်ပေး လျက် ရှိနေသည်ဟု သတင်းရရှိသည်။ “ပုဂ္ဂလိကလုပ်ငန်းတွေကို ဓာတ်အား ဖြန့်ဝေပေးပုံတွေ လိုက်လံစိစစ်ပေးတာ တွေ့ရတယ်။ နေပြည်တော် က စစ်ဆေးရေးအဖွဲ့ လာရောက်ပြီး ရန်ကုန်မြို့အများပြည်သူမီးဖြန့်ဝေပေးတဲ့အနေအထားကို စိစစ်ပေးတာလို့ပြောပါတယ်။ လျှပ်စစ်မီး ရရှိမှုက လည်း အချိန်ပိုင်းနဲ့ပဲရနေတဲ့ အချိန်ဖြစ်လို့ ဖြန့်ဝေပေးမှုပိုင်းမှာ လုပ်ငန်းသုံး၊ အများပြည်သူ သုံးမျှတစေဖို့ အခုလိုစိစစ်တာလို့ သိရပါတယ်။ ကျွန်တ်ာတို့ ကုမ္ပဏီမှာ ထိုင်ထားတဲ့ ထရန်စဖော်မာလည်း လာရောက် စစ်ဆေးတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။ မတ်လ အတွင်းက အများပြည်သူအနေဖြင့် လျှပ်စစ်ဓာတ်အား ရရှိမှုမှာ အလွန်နည်းပါးခဲ့ပြီး မီး မရရှိမှုကြောင့် နောက်ဆက်တွဲ အခက်အခဲ တစ်ရပ် အဖြစ် ရေပြဿနာကိုပါ ကြုံတွေ့ခဲ့ကြရကြောင်း သိရသည်။ ဧပြီလဆန်းပိုင်းမှစ၍ လျှပ်စစ်မီးရရှိမှုမှာပျက်ချိန်၊ လာချိန် အနည်းငယ်ပုံမှန် ပြန်ဖြစ်လာခဲ့ ပြီး ရေပြဿနာကြုံတွေ့ရမှုမှာလည်း လျော့ကျသွားခဲ့ပြီဟု ရန်ကုန်မြို့နေ ပြည်သူများက ဆိုသည်။ “ပိုက်လိုင်းပြင်ဆင်မှု လုပ်နေလို့ ကျန်ခဲ့တဲ့ လပိုင်းက မီးရတာလျော့ကျခဲ့တာပါ။ အခုတော့ အများပြည်သူကို မီးပိုပေးနိုင်ပါပြီ။ ရန်ကုန်မီးအ၀င် ဓာတ်အားပမာဏပေါ်မှာ ချိန်ညှိပြီး ဖြန့်ဝေပေးရတာဖြစ်တဲ့အတွက် ဓာတ်အားအ၀င်များရင် မီးရရှိမှုကောင်းမယ်၊ အ၀င်နည်းရင် မီးရရှိမှုလျော့နည်းသွားနိုင်တာမျိုးတော့ ရှိနိုင်ပါတယ်” ဟု မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် တွင် ဖော်ပြထားပါသည်။

ဖိုရမ်မှ မောင်နှမ များကို ထာဝရ ခင်မင်လျက် ... pooh ကောင်လေး ...

pooh.kglay
05-06-2010, 12:25 PM
ရန်ကုန်သို့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသစ် ဝင်ရောက်လာမှုကြောင့် လာမည့် မေလ နောက်ဆုံးပတ်မှ စတင်၍ လျှပ်စစ် ဓာတ်အားကို ပိုမို ဖြန့်ဝေ ပေးနိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တော် အ တွင်းရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စက်ရုံလေးရုံ ဖြစ်သည့် အင်းစိန်ရွာမ၊ အလုံ၊ သာကေတ၊ လှော်ကားတို့အတွက် ဧရာဝတီတိုင်း ရတနာ ကမ်းလွန်ရေနံတွင်းမှ သဘာဝဓာတ်ငွေ့ကို ၂၄ လက်မ ပိုက်လိုင်းဖြင့် သွယ်တန်း ပို့လွှတ်နိုင်တော့မည် ဖြစ်ရာ လျှပ်စစ် ဓာတ်အားကို ယခင်ထက် ပိုမိုပေးနိုင်တော့မည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် မေလ ၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါ သည်။

ဖိုရမ်မှ မောင်နှမ များကို ထာဝရခင်မင်လျက် ... pooh ကောင်လေး ... :imm:

blessing
05-06-2010, 12:47 PM
ရန်ကုန်သို့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသစ် ဝင်ရောက်လာမှုကြောင့် လာမည့် မေလ နောက်ဆုံးပတ်မှ စတင်၍ လျှပ်စစ် ဓာတ်အားကို ပိုမို ဖြန့်ဝေ ပေးနိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တော် အ တွင်းရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စက်ရုံလေးရုံ ဖြစ်သည့် အင်းစိန်ရွာမ၊ အလုံ၊ သာကေတ၊ လှော်ကားတို့အတွက် ဧရာဝတီတိုင်း ရတနာ ကမ်းလွန်ရေနံတွင်းမှ သဘာဝဓာတ်ငွေ့ကို ၂၄ လက်မ ပိုက်လိုင်းဖြင့် သွယ်တန်း ပို့လွှတ်နိုင်တော့မည် ဖြစ်ရာ လျှပ်စစ် ဓာတ်အားကို ယခင်ထက် ပိုမိုပေးနိုင်တော့မည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် မေလ ၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါ သည်။

ဖိုရမ်မှ မောင်နှမ များကို ထာဝရခင်မင်လျက် ... pooh ကောင်လေး ... :imm:


ပွတ်ရှ်လေးပြောသလိုပါပဲ
ဒါပေမယ်.လဲ........ဆိုတဲ.သီချင်းလေးလဲရှိသေးတာပဲ :2: :2: :2: :2:
အခုလျှပ်စစ်ဓါတ်အားခွဲစက်ရုံတွေမှာ ကက်ပက်စတာဘန်.ခ်တွေလဲ တက်ဦးမှာတဲ.
စေတနာတွေနော် စေတနာတွေ ;) ;)
မကြာမှီလာမည်နော် ။ ။

pooh.kglay
05-14-2010, 01:55 PM
မေလမှစ၍ ရန်ကုန်မြို့ ရပ်ကွက်အများစု လျှပ်စစ်ဓာတ်အား ရရှိမှု လျော့ကျလာ

ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုစနစ်ကို အေ၊ ဘီ၊ စီ အုပ်စုသုံးစုခွဲ၍ ပေးလျက်ရှိရာမှ မေလမှစတင်၍ လျှပ်စစ်ဓာတ်အား အပြည့် အဝ ရရှိတော့မည်ဟု ဧပြီလ တတိယပတ်တွင် သတင်းများ ဖြစ်ပေါ်ခဲ့သော်လည်း မေလတွင် ယခင်စနစ်ဟောင်းဖြစ်သော အေ၊ ဘီ၊ စီအုပ်စု သုံးစုစနစ်ဖြင့်သာ လျှပ်စစ်ဓာတ်အားကို ဖြန့်ဝေပေးလျှက်ရှိသည်။ မြို့နယ်လျှပ်စစ်ရုံးများရှေ့တွင် မေလအတွက် အေ၊ ဘီ၊ စီအုပ်စု သုံးစုဖြင့်သာ လျှပ်စစ်မီးပေးမည့် အစီအစဉ်ကို ကြေညာပေးထားပြီး စီဒီချပ်အဟောင်းများဖြင့်လည်း နေ့အလိုက် လျှပ်စစ်မီးပေးမည့် အစီအစဉ်ကို ကြေညာထားသည်ဟု ဆိုသည်။ “ အဲဒီနေ့မှာ မနက်(၅)နာရီက (၁၁)နာရီကို C(A)၊ နံနက် (၁၁)နာရီက ညနေ (၅)နာရီကို A(B)၊ ညနေ(၅)နာရီ က ည(၁၁)နာရီကို B(C)၊ ည (၁၁)နာရီကနေ နောက်နေ့ နံနက်(၁၁)နာရီအထိ A+B+C။ အဲဒီလို ကြေညာထားရင် အုပ်စု B ဟာ မနက် (၅)နာရီ က (၁၁)နာရီပဲ မီးပျက်မယ်။ ကျန်တဲ့အချိန် မီးလာမယ်ဆိုပြီး အားလုံးကထင်ကြတယ်။ ဒါပေမယ့် ကွင်းနဲ့ပြထားတဲ့ အဓိပ္ပါယ်က လျှပ်စစ်ဓာတ်အား အဝင်များရင်ရမယ်။ အဝင်နည်းရင် မရဘူးဆိုပြီး လျှပ်စစ်ရုံးက ပြောတယ်။ မေလထဲမှာ တစ်အုပ်စု တစ်ရက်ကို လျှပ်စစ်ဓါတ်အား ၁၈ နာရီရမည် ဆိုပေမဲ့ တကယ့်လက်တွေ့မှာ မရပါဘူး ”ဟု ပုဇွန်တောင်မြို့နယ်နေ လျှပ်စစ်ဓာတ်အား သုံးစွဲသူတစ်ဦးက ပြောသည်။ မေလဆန်းမှစ၍ မြို့တွင်း ခြောက်မြို့နယ် အပါအဝင် မြို့နယ်ရပ်ကွက် အများစုသည် လျှပ်စစ်ဓာတ်အားရရှိမှု အနည်းဆုံး အခြေအနေသို့ ရောက်ရှိပြီး မြို့တွင်းလမ်းမ လမ်းကျယ်များ၌ လျှပ်စစ်မီးအား အဝင် (၁၀၀) ကျော်သာ ရှိ၍ လျှပ်စစ်မီးနှင့် လုပ်ကိုင်ရသော လုပ်ငန်းများသည် မီးစက်ကြီးများကိုသာ အားကိုးနေရကြောင်းကို ၂၀၁၀ ခုနှစ် မေလ ၁၆ ရက်နေ့ထုတ် 24/7 News ဂျာနယ်တွင် ဖော်ပြ ထား သည်။

credit by ခောတ်လူငယ် ...

ဖိုရမ်မှ မောင်နှမ များကို ထာဝရ ခင်မင်လျက် ... poohကောင်လေး ... :imm:

dudugyi
05-28-2010, 06:53 PM
ဘင်္ဂလာဒေ့ခ်ျနိုင်ငံသည် သူ့နိုင်ငံ အတွက် အထူးလိုအပ်နေသည့် လျှပ်စစ်မီးကို မြန်မာနိုင်ငံမှ မီဂါဝပ် ၇၀၀ ၀ယ်ယူကာ ဖြည့်ဆည်းသွားမည် ဖြစ်ကြောင်း နာမည်ကြီး ဘင်္ဂလီ သတင်းစာ The Daily Ittefaq ယနေ့တွင် ရေးသားဖော်ပြသည်။ လွန်ခဲ့သော တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှ လျှပ်စစ်မီး ၀ယ်ယူရေး ကိစ္စကို ဘင်္ဂလာဒေခ်ျ့ အရာရှိကြီးများက မြန်မာနိုင်ငံမှ လာရောက်သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးစဉ် ထိုသို့ သဘောတူညီမူ ရရှိခဲ့သည်ဟု သတင်းစာက ရေးသား ဖေါ်ပြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ်အကြံပေးအရာရှိ Dr. Tawfiq-e-Elahi Chowdhury အပါအ၀င် ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံမှ ဒါတင် Darton Ltd ကုမ္ပဏီ ဒုတိယ အုပ်ချုပ်ရေးမှူး ဟန်ထန်းလီ ခေါင်းဆောင်သည့် အဖွဲ့ဝင် ၆ ဦးတို့ တနင်္ဂနွေ နေ့က တွေ့ဆုံခဲ့ပြီးနောက် အဆိုပါ သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ အလားတူ မြန်မာအဖွဲ့သည် တနင်္လာနေ့ကလည်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ Power Development Board (PDB)မှ အုပ်ချုပ်ရေးမှုးနှင့် Power Grid Company of Bangladesh (PGCB) ကုမ္ပဏီမှ ညွန်ကြားရေးမှူးနှင့်လည်း တွေ့ ဆုံခဲ့သည်ဟု ပြောသည်။

မြန်မာနိုင်ငံမှ လျှပ်စစ်ကို ဖလောင်းချိတ်ခရိုင် မြောက်ဘက် တက်ကနက်မြို့မှ မြန်မာဘက်သို့ ကီလိုမီတာ ၁၀၀ အတွင်း ဓါတ်အားပေးစက်ရုံတခု ထားရှိပြီး ယင်းစက်ရုံမှတဆင့် ဘင်္ဂလာသို့ရောင်းချရန် မြန်မာဘက်မှ ပြောကြားသည်ဟု သတင်းစာက ရေးသားသည်။ ရခိုင်ပြည်နယ်ရှိ လေးမြို့ချောင်း၊ မအီချောင်းနှင့် စိုင်းတင်ချောင်းမှ ရေအား လျှပ်စစ် မီကာဝပ် ၈၀၀ ထုပ်လုပ်နိုင် မည်ဖြစ်ပြီး အဆိုပါ ၈၀၀ ထဲမှ ၇၀၀ ကို ဘင်္ဂလာဒေခ်ျ့မှ ၀ယ်ယူမည်ဟု အဆိုပါ သတင်းစာမှ ဖော်ပြသည်။

ယခု အစီအစဉ်မှာ ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံမှ လျှပ်စစ်ဓါတ်အား ၀ယ်ယူရန် ဘင်္ဂလာဒျေ့် အစိုးရမှ စီစဉ်ခဲ့ပြီး နောက်ပိုင်း ပေါ်ထွက်လာသော သဘောတူညီမူ ဖြစ်သည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် ယခုအခါ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် ရုရှား အကူ အညီဖြင့် နျူးကလီယားသုံး ဓါတ်ပေါင်းဖိုများ နိုင်ငံအတွင်းတွင် တည်ဆောက်ရန် စီစဉ်နေပြီး လွန်ခဲ့သော အပတ်ကလည်း အိန္ဒိယ ထရိပူရပြည်နယ်မှ လျှပ်စစ်ဓါတ်အား ၀ယ်ယူရန်လည်း အိန္ဒိယနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

မူရင်းသတင်း http://www.narinjara.com/detailsbur.asp?id=2517

ကိုထွန်း
06-08-2010, 07:37 AM
ဓာတ်ငွေ့ပိုက်လိုင်း ပေါက်သဖြင့် ရန်ကုန်မြို့ မီးအား ကျဆင်းဦးမည်

ကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထပ်မံပေါက်သွားသည့်အတွက် ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုသည် ပုံမှန်ထက် လျော့ကျမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ပေးရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
၎င်းက “မေလ ဒုတိယပတ်ကလည်း တခါ ပိုက်ပေါက်သွားတယ်။ အဲဒီမှာ မီးတွေ ပုံမှန်ပေးနေတာ မပေးနိုင်ဖြစ်သွားတယ်။ အခုလည်း ပိုက်ပေါက်တာ ပြန်ပြင်နေတယ် မပြီးသေးဘူး၊ ပုံမှန်ထက် ကျမှာပဲ” ဟု ပြောသည်။

အဆိုပါပိုက်လိုင်းပေါက်မှုသည် ဇွန် (၂) ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသော်လည်း မည်သည့်ဒေသအနီး၊ မည်သည့်ကာလတွင် ပြန်လည်ပြင်ဆင်ပြီးစီးမည်ဆိုသည်ကိုမူ အဆိုပါ တာဝန်ရှိသူက ပြောဆိုခြင်း မရှိပေ။
ရန်ကုန်မြို့ခံများ အဆိုအရ မီးလာချိန် မမှန်သည့်အပြင် လာပါကလည်း မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ကျနော်တို့ စမ်းချောင်း ဗားကရာ ဘုန်းကြီးကျောင်းတိုက်အနီးက နေရာတွေကို ဥပမာထားပြောရရင် မနက် (၁၁) နာရီကနေ ညနေ (၅) နာရီထိ လာတယ်လို့ ယူဆရတဲ့ ရက်တွေမှာ မီးကကြားမှာ (၄) ခါလောက်ပြတ်တယ်။ လျှပ်စစ်က အရင် ထုတ်ပြန်ထားတဲ့ စာရင်းရှိတယ်လေ။ နံနက် (၁၁) နာရီမှ ညနေ (၅) နာရီထိ တအုပ်စု ဆိုရမှာပေါ့” ဟု စမ်းချောင်းမြို့နယ် နေသူတဦးက ပြောသည်။

ပြီးခဲ့သည့် မေ (၁၂) ရက်၌ ပေါက်သွားခဲ့သည့် ပိုက်လိုင်းနေရာမှာ ရေးမြို့၊ နောင်ပိုရွာအနီးတွင်ဖြစ်ကြောင်း၊ ပိုက်ပေါက်သည်မှာ မသမာသူများကြောင့် မဟုတ်ဘဲ ပိုက်များ ကြာမြင့်နေပြီ ဖြစ်သည့်အတွက် ဆွေးမြေ့ပေါက်ထွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ပေးရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ ထို့နောက် မေ (၁၄) ရက်မှစ၍ စက်မှုဇုန်များ၊ အသေးစားစက်မှု လုပ်ငန်းများကို လျှပ်စစ်ဖြတ်တောက်ရန် လုပ်ငန်းသုံးမီတာများကို ဖြုတ်သိမ်းခဲ့ကာ မေ (၂၀) တွင် ပြန်လည်တပ်ဆင်ပေးခဲ့သော်လည်း ယခုတိုင် လျှပ်စစ်မီး ပုံမှန် မရရှိသေးကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

တနင်္သာရီမှ ရန်ကုန်သို့ သွယ်ထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ နှစ်စဉ်ပေါက်တတ်ကြောင်း၊ ပိုက်လိုင်းများ သံချေးတက်ကာ ဆွေးမြေ့ပေါက်ထွက်ခြင်းဖြစ်ကြောင်း၊ ထို့အတွက် ယခုအခါ ရတနာကမ်းလွန်ပြင်မှရသော ဓာတ်ငွေ့ကို (၂၄) လက်မအရွယ်ရှိ ပိုက်လိုင်းများဖြင့် သွယ်တန်းထားကြောင်း သိရသည်။ သွယ်တန်းထားသည့် ပိုက်လိုင်းအရှည်မှာ (၁၇၉) မိုင်ရှိပြီး ကမ်းလွန်ပိုင်းတွင် (၉၃) မိုင်၊ ကုန်းတွင်းပိုင်းအရှည် (၈၆) မိုင်ရှည်လျားကြောင်း စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

၂၀၁၀ ပြည့်နှစ် မေလကုန်တွင် ရန်ကုန်၌ လျှပ်စစ်မီး အပြည့်ပေးမည်ဟု ပြည်တွင်း သတင်းဂျာနယ်များမှ တရားဝင်ပြောကြားထားသော်လည်း ယခုအခါ သွယ်တန်းပြီးစီးပြီဆိုသော (၂၄) လက်မ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ထုတ်လွှတ်ခြင်း လုံးဝမရှိသေးကြောင်း သိရသည်။ ဓာတ်ငွေ့မပို့လွှတ်နိုင်ခြင်းသည် လုပ်ပိုင်ခွင့်ရသော IGE ကုမ္ပဏီမှ အရည်အသွေး ပြည့်မီသော ပိုက်များကို မတပ်ဆင်သောကြောင့်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် ရေအားနှင့် သဘာဝဓာတ်ငွေ့များမှ ထုတ်လုပ်သော လျှပ်စစ်ပမာဏမှာ (၆၆၀) မဂ္ဂ၀ပ်သာရှိပြီး ရန်ကုန်တမြို့လုံး လိုအပ်သော ပမာဏမှာ မဂ္ဂါဝပ် (၇၀၀) နီးပါးဖြစ်ကြောင်း သိရသည်။
ယခုရရှိသော မဂ္ဂါဝပ် (၆၆၀) မှ တ၀က်ကို ရန်ကုန်တွင် သုံးစွဲနေကြောင်း လျှပ်စစ်ပေးဝေရေး၏ မှတ်တမ်းများအရ သိရသည်။

Credit to : မျိုးချစ်သူ ၀၇ ဇွန် ၂၀၁၀။ Reference : http://www.khitpyaing.org

Deepblue
06-08-2010, 12:58 PM
ဓာတ်ငွေ့ပိုက်လိုင်း ပေါက်သဖြင့် ရန်ကုန်မြို့ မီးအား ကျဆင်းဦးမည်

၂၀၁၀ ပြည့်နှစ် မေလကုန်တွင် ရန်ကုန်၌ လျှပ်စစ်မီး အပြည့်ပေးမည်ဟု ပြည်တွင်း သတင်းဂျာနယ်များမှ တရားဝင်ပြောကြားထားသော်လည်း ယခုအခါ သွယ်တန်းပြီးစီးပြီဆိုသော (၂၄) လက်မ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ထုတ်လွှတ်ခြင်း လုံးဝမရှိသေးကြောင်း သိရသည်။ ဓာတ်ငွေ့မပို့လွှတ်နိုင်ခြင်းသည် လုပ်ပိုင်ခွင့်ရသော IGE ကုမ္ပဏီမှ အရည်အသွေး ပြည့်မီသော ပိုက်များကို မတပ်ဆင်သောကြောင့်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် ရေအားနှင့် သဘာဝဓာတ်ငွေ့များမှ ထုတ်လုပ်သော လျှပ်စစ်ပမာဏမှာ (၆၆၀) မဂ္ဂ၀ပ်သာရှိပြီး ရန်ကုန်တမြို့လုံး လိုအပ်သော ပမာဏမှာ မဂ္ဂါဝပ် (၇၀၀) နီးပါးဖြစ်ကြောင်း သိရသည်။
ယခုရရှိသော မဂ္ဂါဝပ် (၆၆၀) မှ တ၀က်ကို ရန်ကုန်တွင် သုံးစွဲနေကြောင်း လျှပ်စစ်ပေးဝေရေး၏ မှတ်တမ်းများအရ သိရသည်။

ကိုးကား : မျိုးချစ်သူ ၀၇ ဇွန် ၂၀၁၀။ http://www.khitpyaing.org



လျှပ်စစ်ဓါတ်အားလိုအပ်ချက်ပြည့်မီဖို့ဆိုတာ
စီမံကိန်းအသစ်တွေရေးဆွဲပြီးအကောင်အထည်ဖို့လိုမယ်လို့မြင်ပါတယ်။
(ဓါတ်ငွေ့ပိုက်လိုင်းရောက်ရှိနေပြီးလျှင်လည်း ဓါတ်ငွေ့တာဘိုင်တွေနှင့်ဓါတ်အားပေးစက်တွေ ဖြန့်ဖြူးရေးစနစ်အတွက်ပစ္စည်းတွေ အများကြီး တိုးမြှင့်ချဲ့ထွင်ဖို့ လိုအပ်ပါသေးတယ်)

ဘတ်ဂျက်ကလည်းခွင့်ပြုနိုင်မှ ပညာရှင်များက အချိန်ယူပြီး ၀ိုင်းဝန်းအကောင်အထည်နိုင်ကြမှာပါ။

ဥစ္စာရင်လိုဥစ္စရင်ခဲ ဆိုရိုးစကားနှင့်အညီ လျှပ်စစ်ဓါတ်အားလုံလုံလောက်လောက် သုံးစွဲချင်လျှင် စုပေါင်းညီညာစွာ နည်းလမ်းတကျဖြင့် ဖိဖိစီးစီး ကျားကုတ်ကျားခဲ အားသွန် ကြိုးပမ်းဆောင်ရွက်မှ အောင်မြင်ရရှိနိုင်သည်ကို မျက်ကွယ်ပြုပြီး
စင်္ကြာမင်းမျှော် ဟိုမျှော်ဒီမျှော် ၀ါသနာထုံတဲ့ ကိုရင်နက်ပြာတို့တတွေ ဂျာနယ်သတင်းတွေဖတ်ဖတ်ပြီး ပီတိတွေဝေနေခဲ့တာကြာပါပြီ။

ကျား ကျားလို့ ဟစ်အော်အကူအညီတောင်းပြီးနောက်ပြောင်တဲ့ နွားကျောင်းသားလေး ပုံပြင်ကို ဂျာနယ်ဆရာများအားလုံးလိုလို ကြားဖူးကြမှာပါဗျာ၊ သတင်းဂျာနယ်ရဲ့အလုပ်ဆိုတာ ပုံပြင်တွေပြောဖို့မဟုတ်ဘူးလို့ သူတို့လည်းသိနေမှာပါ။
ဒါပေမယ့် ..............

ဘယ်နေရာမှာဘာတွေပဲဖြစ်ဖြစ် မြန်မာအင်ဂျင်နီယာဖိုရမ်အသင်းဝင်များအနေနှင့် အများအကျိုးပြု တိုင်းပြုပြည်ပြု လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် အကောင်အထည်ဖေါ်ဆောင်ပေးဖို့လိုအပ်လာချိန်မှာ အကောင်အထည်ပေါ်အောင် တာဝန်ယူပံ့ပိုးပေးနိုင်သူတွေဖြစ်အောင် မိမိတို့ကိုမိမိတို့ ဦးစွာ ကြိုးပမ်းမြှင့်တင်နေကြမယ်လို့ ခံယူလျှောက်လှမ်းသင့်ကြောင်း နှိုးဆော်တိုက်တွန်းလိုပါတယ်။

ယုံကြည်လေးစားအားထားလျက်
ကိုရင်နက်ပြာ

kosithuag
06-08-2010, 07:18 PM
ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား တိုးမြှင့် ဖြန့်ဝေ မည်ဟုဆို
http://4.bp.blogspot.com/_1DOxR-iLy84/TAzDg0by_lI/AAAAAAAAArI/djt24ggZWJ4/s320/EPC.png
မိုးရာသီ ကာလ ဖြစ်သော်လည်း အချိန်ပိုင်း အလှည့်ကျ စနစ်ဖြင့်သာ လျှပ်စစ် ဓာတ်အား အသုံးပြုနေ ရသော ရန်ကုန် မြို့တော်၌ ဇွန်လ ဒုတိယပတ် နှောင်းပိုင်းမှ စတင်၍ လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဝေ ပေးသွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့ အကြီးတန်း အင်ဂျင်နီယာ တစ်ဦး၏ အဆိုအရ သိရသည်။ ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေး ရွာမှ တစ်ဆင့် သွယ်တန်း ထားသော ၂၄ လက်မ ကမ်း လွန် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း များမှာ အလုံနှင့် ရွာမ တို့ရှိ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများ အထိ သွယ်တန်း ပြီးစီးခြင်း၊ ဒေသ အနှံ့အပြားတွင် မိုးရွာသွန်းခဲ့၍ ရေအား လျှပ်စစ် ထုတ်လုပ် မှုမှာ ပြန်လည် မြင့်တက်လာခြင်းများကြောင့် ဓာတ်အား ဝင်ရောက်မှု ပိုမို များပြားလာကြောင်း ၄င်းက ဆိုသည်။ ပိုက်လိုင်း အသစ်က သွယ်ပြီး သွားပေမယ့် ဓာတ်ငွေ့ မလွှတ်သးဘူး။ ပိုက်လိုင်း အဟောင်းက ရေးမှာ ပေါက်လိုက်၊ မုဒုံမှာ ပေါက်လိုက်၊ လမိုင်းမှာ ပေါက်လိုက်ဖြစ်နေတယ်ဟု အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ထံမှ သိရှိရသည်။ ယခုနှစ် ပွင့်လင်း ရာသီကာလ အတွင်း မြန်မာနိုင်ငံ ဒေသ အနှံ့ အပြားတွင် အပူချိန် စံချိန်တင် မြင့်မားခဲ့ မှုကြောင့် ရေအား လျှပ်စစ် စီမံကိန်း များတွင် ထုတ်လုပ်မှု သိသာစွာ ကျဆင်းခဲ့ပြီး ပေါင်းလောင်း ရေအား လျှပ်စစ် စီမံကိန်းတွင် လျှပ်စစ် ဓာတ်အား ထုတ်ယူရန် ရေလက်ကျန် ပမာဏမှာ ၂၁ ရက်သာ ရှိကြောင်း အမှတ်(၂) လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာနက မေလ ဆန်းပိုင်းတွင် ထုတ်ပြန်ချက်များ အရ သိရှိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားသည်။

nyinyi27
06-11-2010, 01:05 PM
အသစ်ဖွင့်မည့် ပုဂ္ဂလိက ဘဏ်များ အကြွေးဝယ်ကဒ် (Smart Card) ဝန်ဆောင်မှုများ ပေးနိုင်ရန် ပြင်ဆင်နေ


မကြာမီဖွင့်လှစ်တော့မည့် ပုဂ္ဂလိကဘဏ်သစ်များတွင် အကြွေးဝယ်ကတ်(Smart Card) ၀န်ဆောင်မှုကို ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

"ဖွင့်မယ့်နေ့ရက်ကို အတိအကျ မသိရသေးပေမယ့် ပြင်ဆင်နေပါတယ်။ ဘဏ်ဖွင့်ရင် အကြွေးဝယ်ကတ်ထဲက စနစ်တစ်မျိုးဖြစ်တဲ့ Smart Card ၀န်ဆောင်မှုကို ပေးသွားနိုင်ဖို့ ရှိပါတယ်" ဟု ပုဂ္ဂလိက ဘဏ်သစ်တည်ထောင်ရန် ပြင်ဆင်ဆောင်ရွက်နေသူ တစ်ဦးက ပြောကြားပါသည်။

အကြွေးဝယ်ကတ်များကို Credit Card, Debit Card, Smart Card စသည်ဖြင့် ခွဲခြားနိုင်ပြီး ငွေကြေးလည်ပတ်မှုနှင့် ငွေပေးချေမှုများကို ပိုမိုအဆင်ပြေနိုင်စေရန် ရည်ရွယ်အသုံးပြုခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာ့စီးပွားရေးဘဏ်များမှ ၀န်ဆောင်မှုပေးနေသည့် Smart Card များရှိပြီး အသုံးပြုနိုင်ရေးအတွက် ကျပ် ၁၀ သိန်းပေးသွင်းရန် လိုအပ်ကြောင်း သိရပါသည်။

"ပုဂ္ဂလိကဘဏ်တွေက လုပ်တယ်ဆိုရင်တော့ အကြွေးဝယ်ကတ်အသုံးပြုဖို့ သတ်သတ်ငွေပေးသွင်းထားဖို့ လိုမှာမဟုတ်ဘူး။ Saving account ရှိရင် အသုံးပြုနိုင်ဖို့ စီစဉ်နေပါတယ်"ဟု အဆိုပါ တာဝန်ရှိသူက ဆိုပါသည်။

ကမ္ဘာ့နိုင်ငံအချို့တွင် အကြွေးဝယ်ကတ်ကို ၁၉၅၉ ခုနှစ်မှ စတင်၍ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က ကမ္ဘာ့အကြွေးဝယ်ကတ် ကုမ္ပဏီများဖြစ်သော Master Card နှင့် Visa Card တို့မှ လာရောက် ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ထို့နောက် လက်ရှိအစိုးရလက်ထက် ဈေးကွက်စီးပွားရေးစတင်ပြီး ၁၉၉၄ ခုနှစ်တွင် ပြန်လည်အသုံးပြုခဲ့ရာ ၂၀၀၃ ခုနှစ် နှစ်ဆန်းပိုင်းထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သော်လည်း ၂၀၀၃ ခုနှစ် အတွင်း ပုဂ္ဂလိကဘဏ်အချို့တွင် ဖြစ်ခဲ့သည့် ငွေဖြစ်လွယ်မှု အကျပ်အတည်း နှင့်ကြုံတွေ့ချိန်တွင် အဆိုပါ အကြွေးဝယ်ကတ်စနစ်ကို ကန့်သတ်ခဲ့ရကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများထံမှ သိရှိရပါသည်။

"အကြွေးဝယ်ကတ်ဆိုတာ ဘဏ်တွေရဲ့ အဓိကလုပ်ငန်းတွေဖြစ်တဲ့ အပ်ငွေလက်ခံတာနဲ့ ငွေထုတ်ချေးတာတို့ကို တစ်ပြိုင်နက်လုပ်ဆောင်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ သုံးစွဲသူဘက်က ငွေကိုင်သုံးစရာမလိုတာ၊ လုံခြုံမှုရှိတာ၊ ရေတွက်ရ သက်သာတာတို့အပြင် ဘဏ်တွေဘက်ကလည်း အပ်နှံငွေရပါတယ်။ တစ်ဖက်မှာလည်း စည်းမျဉ်းစည်းကမ်းနဲ့ စောင့်ကြည့်ထိန်းသိမ်းမှု အားနည်းရင် ငွေကြေးဖောင်းပွမှု များနိုင်တာ၊ ငွေသုံးစွဲမှုများပြားတာ၊ လွယ် လွယ်များများသုံးတာကြောင့် အကြွေးထူနိုင်တာ၊ အသုံးစရိတ်များနိုင်တာတို့ ဖြစ်တတ်ပါတယ်။ ၂၀၀၃ ခုနှစ်ကလို အတွေ့အကြုံမျိုးရှိခဲ့ပြီး ဖြစ်တဲ့အတွက် စည်းမျဉ်းစည်းကမ်းနဲ့အညီ အများပြည်သူအဆင်ပြေဖို့ ၀န်ဆောင်ပေးရမှာပါ''ဟု ဘဏ်လုပ်ငန်းနှင့် ငွေကြေးကျွမ်းကျင်သူတစ်ဦးက ရှင်းပြပါသည်။

၂၀၁၀ ပြည့်နှစ်တွင် အစိုးရပိုင် စီးပွားရေးဘဏ်မှ အကြွေးဝယ်ကတ် စနစ်တစ်မျိုးဖြစ်သည့် Smart Card သုံးစွဲခွင့်ကို ပြန်လည်ပေးအပ်ခဲ့ပြီး ယခုနှစ်အတွင်းမှာပင် ထွက်ပေါ်လာမည့် ပုဂ္ဂလိက ဘဏ်သစ်များတွင်လည်း အဆိုပါ အကြွေးဝယ်ကတ်ကို ၀န်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်လာကြခြင်းဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းက ဆိုပါသည်။



credit to http://first-11.com/

ကိုထွန်း
06-15-2010, 06:43 PM
ရန်ကုန်မြို့ကြီး ထိန်ထိန်လင်းတော့မည်

ရန်ကုန်တိုင်းရှိ မြို့နယ်အများစုတွင် ယခုလ (၁၂) ရက်နေ့မှစပြီး လျှပ်စစ်မီး ပိုမိုရရှိလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တာမွေ၊ ပုဇွန်တာင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ဗဟန်းစသည့် မြို့နယ်တို့အပါအဝင် ရန်ကုန်တိုင်းအတွင်း ရှိမြို့နယ်အချို့တွင် တနေ့လျှင် မီးရချိန် (၁၂) နာရီနှင့်အထက် ရနေကြောင်း သိရသည်။

စမ်းချောင်းမြို့ခံတဦးက “ကျမတို့ စမ်းချောင်းမှာဆိုရင် မီး လုံးဝ မပြတ်တာ (၃) ရက်ရှိပြီ၊ မိုးရွာလို့လား၊ ဘယ်လိုကြောင့်လဲတော့ မသိဘူး” ဟု ပြောသည်။

တနေကုန် မီးမပြတ်ဘဲ လာနေသော မြို့နယ်များလည်းရှိကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ပေးဝေရေးလုပ်ငန်း တာဝန်ရှိသူက ပြောသည်။ ကမ်းလွန်သဘာဝဓာတ်ငွေ့ (၂၄) လက်မပိုက်လိုင်း သွယ်တန်းမှု ပြီးစီးသွားပြီဖြစ်ကာ ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ သဘာဝဓာတ်ငွေ့ စတင်ပို့လွှတ်ပေးနေပြီဖြစ်သည့်အတွက် ဖြစ်ကြောင်း၊ ဓာတ်ငွေ့ပို့လွှတ်မှုကို ဇွန် (၁၂) ရက်က စတင်ခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

“မီးပေးတာ သိသိသာသာ ပိုရလာတယ်။ အရင်က တညလုံး ပျက်တယ်၊ အခုတော့ အဲဒီလို မရှိတော့ဘူး။ နေ့လယ်ဘက်မှာ နည်းနည်းတော့ပျက်သေးတယ်” ဟု သင်္ကန်းကျွန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

ရန်ကုန်မြို့၏ လျှပ်စစ်စွမ်းအင်လိုအပ်ချက်မှာ မဂ္ဂါဝပ် (၇၀၀) ခန့်ရှိရာ ယခုအခါ (၆၀) ရာခိုင်နှုန်းခန့် ပေးဝေနိုင်ပြီဖြစ်ကြောင်း ၊ အင်းစိန်ရွာမနှင့် ဖော့ကန်၊ အလုံနှင့် သာကေတ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများက ထွက်ရှိသည့်လျှပ်စစ်၊ ရွှေလီ၊ ရဲရွာ၊ ပေါင်းလောင်းနှင့် လောပိတတို့မှ ထုတ်လုပ်ရရှိသော လျှပ်စစ်ဓာတ်အားများနှင့် ကျောက်မီးသွေးသုံး တီကျစ်လျှပ်စစ်တို့ကို ရန်ကုန်တွင် သုံးနေကြောင်း သိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေးအဖွဲ့၏ တာဝန်ရှိသူက ယခုအခါ တနေ့လျှင် မီးလာချိန်ကို (၁၂) နာရီ သတ်မှတ်ထားပြီ ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။ ရန်ကုန်တွင် အရေးကြီး နေရာများဖြစ်သည့် ဆေးရုံ၊ အကျဉ်းထောင်၊ သံရုံးများ အပါအ၀င် နိုင်ငံတော်နှင့် ပတ်သက်သော နေရာဌာနတို့တွင် (၂၄) နာရီ မီးပေးထားကြောင်း၊ စက်မှုဇုန်များထက် လူနေရပ်ကွက်များကို ဦးစားပေးကာ လျှပ်စစ် ပေးနေကြောင်း ၎င်းက ပြောသည်။

ဇွန် (၁၂) ရက်တွင် ရတနာကမ်းလွန် (၂၄) လက်မ သဘာဝဓာတ်ငွေ့သုံး ပိုက်လိုင်းမှ အင်းစိန် (ရွာမ) သို့ ထုတ်လွှတ်ပေးသော ဓာတ်ငွေ့သည် ကုဗပေ (၁၅၀) သန်းဖြစ်သည်။ လက်ရှိရနေသည်မှာ ရန်ကုန်အတွက် လျှပ်စစ်မဂ္ဂါဝပ် (၃၀၀) ကျော်ဖြစ်ရာ မဂ္ဂါဝပ် (၄၅၀) ခန့် ဖြစ်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

Credit to : မျိုးချစ်သူ ၁၄ ဇွန် ၂၀၁၀။ Reference : http://www.khitpyaing.org

nyinyi27
06-19-2010, 01:59 PM
ငွေထုတ်ရ လွယ်ပြီး အကန့်အသတ်မရှိ ထုတ်ယူနိုင်သည့် Online Smart Card မြန်မာ့ စီးပွားရေး ဘဏ်ကြီး ခုနစ်ခုတွင် စတင် အသုံးပြုနိုင်ပြီ အနည်းဆုံး ငွေဆယ်သိန်းဖြင့် စာရင်းဖွင့်နိုင်

သက်တမ်းသုံးနှစ် အသုံးပြုနိုင်သည့် မြန်မာ့ စီးပွားရေးဘဏ်၏ Online Smart Card ဖြင့် ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းများအား မြန်မာနိုင်ငံရှိ ဘဏ်ကြီးခုနစ်ဘဏ်တွင် စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်း Online Smart Card ဖြင့် ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းများအား နေပြည်တော်ဘဏ်ခွဲ၊ ရန်ကုန်မြို့ဘဏ်ခွဲ(၁)၊ ဘဏ်ခွဲ(၂)၊ ဘဏ်ခွဲ(၅)၊ ငွေစုဘဏ်ခွဲ(၃)၊ မန္တလေးဘဏ်ခွဲ(၁)နှင့် ဘဏ်ခွဲ(၂)တို့တွင် စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။ Online Smart Card အသုံးပြုရာတွင် မြန်မာ့ စီးပွားရေးဘဏ်၌ စာရင်းရှင်စာရင်း(သို့) ငွေစုဘဏ်စာရင်းတစ်ခုခု ဖွင့်လှစ်ထားသူ ဖြစ်ရမည် ဖြစ်ပြီး Online Account စာရင်း စတင်ဖွင့်လှစ် ရခြင်းအတွက် အနည်းဆုံး ငွေသား ဆယ်သိန်းဖြင့် ဖွင့်လှစ်ရမည် ဖြစ်ကြောင်း သိရသည်။ Online Account ဖွင့်လှစ်ပြီး ပါက Online Smart Card တစ်ခုနှင့် Online ငွေမှတ်စာအုပ် Online Pass book စာအုပ်တို့ကို ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ငွေထုတ်ငွေသွင်း ပြုရာတွင်လည်း Online Account တွင် ကျပ်သောင်းဂဏန်း အလီလီဖြင့် အကန့်အသတ် မရှိ ငွေသွင်းငွေထုတ် ပြုလုပ် နိုင် ကြောင်း သိရသည်။ အဆိုပါ Online Account အသုံးပြုပြီး ငွေထုတ်၊ ငွေပေးခြင်းများအတွက် ငွေလွှဲခတွင် တစ်ရာကျပ်လျှင် ဆယ်ပြားနှုန်း သုည ဒသမ တစ်ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ “ဒီစနစ် အသုံးပြုပြီး ဒေသတစ်ခုခုသို့ ငွေကြေး အမြောက်အများ သယ်ဆောင်ရသည့် ဒုက္ခမှ ကင်းဝေးမှာ ဖြစ်ပါတယ်။ ဒီကတ်နဲ့ မိမိစာရင်း ဖွင့်ထားတဲ့ ဘဏ်နှင့် ဆက်သွယ်ထားတဲ့ Online ဘဏ်ခွဲကြီးတွေမှာ လိုတဲ့ငွေကို ထုတ်ယူနိုင် ပါတယ်။ ကတ်ကို ပြုလုပ်တဲ့ နေရာမှာ မိမိဘဏ်စာရင်း သွင်းထားတဲ့ ဘဏ်မှာသာ ပြုလုပ်ရမှာဖြစ်ပြီး ထုတ်ယူတဲ့ နေရာတော့ တခြား သတ်မှတ်ထားတဲ့ ဘဏ်တွေမှာပါ ထုတ်ယူနိုင်ပြီး အခက်အခဲတော့ မရှိပါဘူး။ ပိုအဆင်ပြေ နိုင်ပါတယ်”ဟု ငွေစုဘဏ်ခွဲ(၃)မှ ဘဏ်ဝန်ထမ်း တစ်ဦးမှ ပြောသည်။ ကတ်ပျောက်ဆုံးပါက သက်ဆိုင်ရာ ဘဏ်သို့ တရားဝင် အကြောင်းကြားပါက ကတ်အစားထိုး ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာ့ စီးပွားရေးဘဏ်၏ တရားဝင် ထုတ်ပြန်ချက်များ အရသိရကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။


credit to myanmarevents

Phu Phu
06-20-2010, 02:06 AM
မန္တလေးမြို့ တွင် ဖိုင်ဘာကြိုးဖြင့် အင်တာနက်သွယ်တန်းသည့်စနစ် FTTX ( Fiber to the xxxx ) လိုင်းပေါင်း ၆,၀၀၀ ကို ချပေးရန် လေ့လာမှုများ စတင်၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကိုပြောသည် ။
" မန္တလေးတစ်မြို့ လုံးကို ၇၈ လမ်းကို အခြေတည်ပြီး ဇုန်အေနဲ့ ဇုန်ဘီဆိုပြီး ရှေ့ ခြမ်းနောက်ခြမ်းခွဲပြီး Survey ဆင်းနေတယ် ။ Survey က တစ်လလောက်ကြာမယ် ။ ဇုန်တခုကို လိုင်း ၃,၀၀၀ နဲ့ စုစုပေါင်းလိုင်း ၆,၀၀၀ တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ် " ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည် ။
Survey များပြီးဆုံးပါက ဖိုင်ဘာဆက်ကြောင်းများ ခင်းကျင်းခြင်း ၊ ဆက်ကြောင်းများအချင်းချင်း ချိတ်ဆက်ခြင်းများကို ပြီးစီးရန် နှစ်လခန့် ကြာမည်ဖြစ်သည် ။
ဖိုင်ဘာဖြင့် အင်တာနက်သွယ်တန်း အသုံးပြုလိုသူများအနေဖြင့် ရတနာပုံတယ်လီပို့ မှ စိစစ်ရွေးချယ်ပြီး သွယ်တန်းအသုံးပြုခွင့်များ ချပေးသွားမည်ဖြစ်သည် ။
ဖိုင်ဘာဆက်ကြောင်းများကို သွယ်တန်းရာတွင် ဖိုင်ဘာကြိုးတိုတိုနှင့် နေရာများများ ၊ လူများများ သုံးနိုင်ရန် လိုင်းသွယ်တန်းမှု အဆင်အပြေဆုံး အနေအထားများကို လေ့လာတပ်ဆင်သွားမည် ဖြစ်သည် ။
အိမ်တိုင်ရာရောက် ဖိုင်ဘာစနစ်ဖြင့် အင်တာနက်သွယ်တန်းအသုံးပြုမှုအတွက် ကျသင့်သည့် အခကြေးငွေမှာလည်း ပြင်ဦးလွင်တွင် ကျသင့်သည့် နှုန်းထားဖြစ်သည့် ကျပ်ကိုးသိန်းနှုန်း အတိုင်းသာ ဖြစ်မည်ဟု သိရသည် ။

Credit to: myanmartimes

ကိုထွန်း
06-20-2010, 03:41 PM
ကျော်သူ ဓါတ်ခန်းဖွင့်ပြီ ဆိုတဲ့ ဦးကျော်သူ ကိုယ်တိုင်ရေးထားတဲ့ ဆောင်းပါးကို၊ မိုးမခမှ ကူးယူဖော်ပြလိုက်ပါတယ်။

ဓါတ်ခန်းဖွင့်ပြီဟု ဆိုရာတွင် ကျော်သူတစ်ယောက် ဓါတ်ကြောင်၊ နတ်ကြောင်၊ ဘိုးတော်ယောင်၊ ဘိုးတော်ကြောင် ဖြစ်သွားပြီဟု ဝေဖန်ကဲ့ရဲ့ ရှုတ်ချကြဦးမည် ဖြစ်သည်။ လူဆိုရာတွင် တစ်ဖက်သား၏ လုပ်ရပ်များကို ထဲထဲဝင်ဝင် မလေ့လာ မသုံးသပ်ကြဘဲနှင့် ဦးစွာ အသံလေး ကြားလိုက်ယုံနှင့် ပြစ်တင်ဝေဖန် ကဲ့ရဲ့ရှုတ်ချကြရိုး ထုံးစံလိုပင် ဖြစ်နေကြပြီ။ ထိုကဲ့သို့ ထုံးစံများကို ပျက်သွားမည်ကို စိုး၍၄င်း၊ အကဲ့ရဲ့ ခံခြင်၍၄င်း၊ အပြစ်တင် ခံခြင်၍၄င်း၊ ကျော်သူဓါတ်ခန်းဖွင့်ပြီ ဟူသော ခေါင်းစည်းကို လောကကြီးကို အရွဲ့တိုက်၍ ပေးလိုက်ရခြင်း ဖြစ်သည်။ လူမှုရေးလုပ်ငန်းကို လုပ်ကိုင်ရာတွင် ကျော်သူသည် ကြောင်ခြင်း၊ ယောင်ခြင်းတို့ကို မပြုလုပ်။ တိကျမှန်ကန်သော အတွေးအခေါ် အယူအဆတို့ဖြင့် ပေးဆပ်မှုတို့ကိုသာ လုပ်ဆောင်နေသည်ဟု သိစေချင်သည်။

ဓါတ်ဟူသည်ကား မိမိတို့ ဆိုင်ရာဆိုင်ရာ သဘောကို ဆောင်တတ်ခြင်းကြောင့် ဓါတ် ဟုခေါ်သည်။ မိမိတို့ ဆိုင်ရာဆိုင်ရာ သဘောတည်ရှိနေသည်ကို ဆောင်တတ်သည်။ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော ဟူ၍ ဓါတ်ကြီးလေးပါး ရှိသည်။ ထိုဓါတ်ကြီးလေးပါးကို မြန်မာလို မြေဓါတ်၊ ရေဓါတ်၊ မီးဓါတ်၊ လေဓါတ် ဟူ၍ ခေါ်၏။

မြေဓါတ်သည် … ခက်မာခြင်း၊ နူးညံ့ပျော့ပြောင်းခြင်း လက္ခဏာ။
ရေဓါတ်သည် … အတူတကွဖြစ်သော ရုပ်တို့ကို တဖျင့်တပါး မလွင့်ပါးရအောင် ဖွဲ့စည်းခြင်း၊ ယိုစီးခြင်း လက္ခဏာ။
မီးဓါတ်သည် … ပူခြင်းသဘော၊ အေးခြင်းသဘော လက္ခဏာ။
လေဓါတ်သည် … အတူတကွဖြစ်သော ရုပ်တို့ကို မပြိုမကျရအောင် ထောက်ကန်ခြင်း၊
ဖောင်းကြွ၊ လှုပ်ရှား၊ တွန်းဝှေ့၊ လွင့်ပါးခြင်း လက္ခဏာ ဖြစ်တော့သည်။
အချုပ်ဆိုရသော် သက်ရှိသက်မဲ့ အရာဝတ္ထုတို့သည် ဓါတ်ကြီးလေးပါး၏ အစွမ်းသတ္တိ များကြောင့် ဖြစ်တည်နေသည်။

ကျွန်တော်တို့သည် လူ့လောကကြီးထဲသို့ရောက်ရှိ ရပ်တည်နေစဉ် ကာလတာအတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)တည်း ဟူသော အသင်းအဖွဲ့အဖြင့် လူသားတို့၏ လိုအပ်သော အကျိုးကိစ္စများ၊ ကွက်လပ်များကို အခမဲ့ ဖြည့်ဆည်းပေးနေသော လူမှုရေးသမားများပင် ဖြစ်သည်။ နာရေး၊ ကျန်းမာရေး၊ မီးဘေး၊ ရေဘေး၊ လေဘေး စသဖြင့် ဘေးဒုက္ခမျိုးစုံတို့ကို အများပြည်သူတို့၏ အလှူငွေဖြင့် အများပြည်သူတို့အတွက် ပေးဆပ်နေကြခြင်းပင် ဖြစ်သည်။ ထိုသို့ ပေးဆပ်ကြရာဝယ် … ယခု မကျန်းမာသော လူနာများ ပြည်သူများအတွက် ရောဂါဝေဒနာ ရှာဖွေခြင်းတည်း ဟူသော ဓါတ်မှန်ခန်းကို ၁၉.၆.၂၀၁၀ (စနေနေ့) မင်္ဂလာရှိသော နေ့တစ်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ဤတွင် ဓါတ်ကြီးလေးပါးကို ပါဠိဝေါဟာရဖြင့် “မဟာဘူတ” ဟူ၍လည်း ခေါ်ဆိုသည်။ အဓိပ္ပါယ်မှာ ကြီးမားထင်ရှားစွာဖြစ်တတ်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဓါတ်မှန်ဟု ဆိုရာတွင် မှန်ကန်မှုများကို ကြီးမားထင်ရှားစွာ ဖြစ်ပေါ်စေခြင်းဟု သတ်မှတ်လိုက်ပါတော့သည်။ ဤကဲ့သို့ အများပြည်သူတို့၏ အလှူငွေဖြင့် အများပြည်သူတို့၏ ရောဂါဝေဒနာများကို ရှာဖွေ ကုသပေးမည့် အများပြည်သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ဓါတ်မှန်တည်းဟူသော မှန်ကန်မှုများကို ကြီးမားထင်ရှားစွာ ရှာဖွေပေးသော ဓါတ်မှန်ခန်း တနည်းအားဖြင့် ဓါတ်ခန်းကို ၂၁.၂.၂၀၁၀ (တနင်္ဂနွေနေ့) ရက်တွင် ပနက်ချခဲ့ပြီး မင်္ဂလာရှိသော နေ့မြတ်ဖြစ်သည့် ၁၉.၆.၂၀၁၀ (စနေနေ့) ရက်တွင် ဖွင့်လှစ်မွေးဖွား နိုင်ပြီ ဖြစ်ပါသဖြင့် အများပြည်သူအပေါင်းမှ သာဓု ခေါ်ဆိုနိုင်ကြပါစေ သတည်း။

ဤနေ့ ၁၉.၆.၂၀၁၀ (စနေ)နေ့ နံနက် (၉း၀၀) နာရီ တိတိ နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်တွင် ဓါတ်မှန်ခန်း (ဓါတ်ခန်း) ဖွင့်ပွဲ အခမ်းအနားကို အလှူရှင်များ၊ ဧည့်သည်တော်များ၊ အသင်းသူ/သားများ၊ မျိုးဆက်သစ်ကလေးငယ်များ၊ သုခကုသိုလ်ဖြစ်ဆေးခန်းရှိ လူနာများကို ကောက်ညှင်းပေါင်း၊ ဗယာကြော် (အကြော်စုံ)၊ ကော်ဖီ တို့ဖြင့် ဧည့်ခံ ကျွေးမွေးပြီး ချိုးငှက်၊ စာကလေး၊ ခို တို့ကို ငြိမ်းချမ်းမှုအား ရည်စူး၍ ဘေးမဲ့လွှတ်ကာ မိုးပျံပူဖေါင်းများ လွှတ်တင်ခြင်းဖြင့် အခမ်းအနားကို အောင်မြင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါသည်။ ယင်းနေ့တွင် တိုက်တိုက်ဆိုင်ဆိုင် မွေးနေ့တူသော မွေးနေ့ရှင်များကလည်း အလှူငွေများ လာရောက်လှူဒါန်းခြင်း၊ ရေခဲမုန့်တို့ဖြင့် လာရောက်ကျွေးမွေး လှူဒါန်းခြင်း၊ ငှက်များကို ဘေးမဲ့လာရောက် လွှတ်တင်ခြင်း တို့ကိုလည်း တက်ကြွစွာဖြင့် လာရောက် ဒါနပြုကြပါသည်။

ဖွင့်ပွဲ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူလူထုအပေါ် ပေးဆပ်ခဲ့သော ရေဘေး၊ လေဘေး၊ မီးဘေး၊ နာရေးနှင့် ဆေးဝါးကူညီမှု လုပ်ဆောင်ချက်များနှင့် မျိုးဆက်သစ် ကလေးငယ် များအတွက် ဖွင့်လှစ်သင်ကြားပေးနေသော အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်း၊ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်း စသည့် လှုပ်ရှားမှု ပုံရိပ်များအား မှတ်တမ်းတင်ထားမှုတို့ကို ပရိုဂျက်တာဖြင့် ပြသခြင်း၊ ဓါတ်ပုံများဖြင့် ပြသခြင်း၊ အသင်းသူ/သားများမှ လိုက်လံရှင်းလင်း ပြသခြင်း တို့အပြင် ဓါတ်မှန်ခန်း ဓါတ်မှန်ရိုက် စက်ကိရိယာတို့အား အသုံးပြုပုံတို့ကို သက်ဆိုင်ရာ တာဝန်ရှိ ပညာရှင်များ၊ ဆရာဝန်ကြီးများ၊ ဆရာဝန်မကြီးများမှ စာနယ်ဇင်းသမားများ၊ ဧည့်သည်တော်များအား စေတနာရှေ့ထား၍ လိုက်လံ ပြသ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ DVD အခွေနှင့် တီရှပ်အင်္ကျီ များအား ပေးဝေခဲ့ပါသည်။

ဓါတ်မှန်ခန်း (ဓါတ်ခန်း) အလှူရှင်များဖြစ်ကြသော ကွယ်လွန်သူ သမီးလေး ခိုင်ရွန်းလဲ့ရည်အား ရည်စူး၍ ဖခင် ဦးဌေးအောင် + မိခင် ဒေါ်ချိုချိုမြင့် ညီမလေး ဖြူစင်လဲ့ရည် မိသားစု (အဆောက်အဦး မတည်အလှူငွေ သိန်း ၁၅၀ ကျပ်)၊ ကွယ်လွန်သူ မိဘများအားရည်စူး၍ (ဦးခင်အောင်) + ဒေါ်ကြည်ကြည်သက် သမီး မသီတာအောင် မိသားစု (ဓါတ်မှန်စက် မတည်အလှူငွေ သိန်း ၁၀၀ ကျပ်)၊ ကွယ်လွန်သူ မိဘနှစ်ပါးဖြစ်သော ဦးစိန် + ဒေါ်တီ တို့အားရည်စူး၍ ဦးကျင်စိန်၊ ဦးသန့်စင် + ဒေါ်ခင်ဝင်းမော် သား မောင်ကောင်းဆွေသန့် မိသားစု (ဓါတ်မှန်စက် မတည်အလှူငွေ သိန်း ၁၀၀ ကျပ်)နှင့် ပြည်တွင်း ပြည်ပ အများပြည်သူ အလှူရှင်များ အပြင် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ကုသိုလ်ဖြစ် ဆေးဝါးကုသပေးကြသော ဆရာဝန်ကြီးများ၊ ဆရာဝန်မကြီးများ အားလုံးကို အများပြည်သူတို့ ကိုယ်စား အထူးကျေးဇူးတင် မှတ်တမ်းတင် အပ်ပါသည်။

Credit to : ဦးကျော်သူ ဇွန် ၂၀၊ ၂၀၁၀, Reference : http://moemaka.com

အေ၇ာ
06-20-2010, 04:19 PM
ကျော်သူ ဓါတ်ခန်းဖွင့်ပြီ ဆိုတဲ့ ဦးကျော်သူ ကိုယ်တိုင်ရေးထားတဲ့ ဆောင်းပါးကို၊ မိုးမခမှ ကူးယူဖော်ပြလိုက်ပါတယ်။

ဓါတ်ခန်းဖွင့်ပြီဟု ဆိုရာတွင် ကျော်သူတစ်ယောက် ဓါတ်ကြောင်၊ နတ်ကြောင်၊ ဘိုးတော်ယောင်၊ ဘိုးတော်ကြောင် ဖြစ်သွားပြီဟု ဝေဖန်ကဲ့ရဲ့ ရှုတ်ချကြဦးမည် ဖြစ်သည်။ လူဆိုရာတွင် တစ်ဖက်သား၏ လုပ်ရပ်များကို ထဲထဲဝင်ဝင် မလေ့လာ မသုံးသပ်ကြဘဲနှင့် ဦးစွာ အသံလေး ကြားလိုက်ယုံနှင့် ပြစ်တင်ဝေဖန် ကဲ့ရဲ့ရှုတ်ချကြရိုး ထုံးစံလိုပင် ဖြစ်နေကြပြီ။ ထိုကဲ့သို့ ထုံးစံများကို ပျက်သွားမည်ကို စိုး၍၄င်း၊ အကဲ့ရဲ့ ခံခြင်၍၄င်း၊ အပြစ်တင် ခံခြင်၍၄င်း၊ ကျော်သူဓါတ်ခန်းဖွင့်ပြီ ဟူသော ခေါင်းစည်းကို လောကကြီးကို အရွဲ့တိုက်၍ ပေးလိုက်ရခြင်း ဖြစ်သည်။ လူမှုရေးလုပ်ငန်းကို လုပ်ကိုင်ရာတွင် ကျော်သူသည် ကြောင်ခြင်း၊ ယောင်ခြင်းတို့ကို မပြုလုပ်။ တိကျမှန်ကန်သော အတွေးအခေါ် အယူအဆတို့ဖြင့် ပေးဆပ်မှုတို့ကိုသာ လုပ်ဆောင်နေသည်ဟု သိစေချင်သည်။


ဓါတ်မှန်ခန်း (ဓါတ်ခန်း) အလှူရှင်များဖြစ်ကြသော ကွယ်လွန်သူ သမီးလေး ခိုင်ရွန်းလဲ့ရည်အား ရည်စူး၍ ဖခင် ဦးဌေးအောင် + မိခင် ဒေါ်ချိုချိုမြင့် ညီမလေး ဖြူစင်လဲ့ရည် မိသားစု (အဆောက်အဦး မတည်အလှူငွေ သိန်း ၁၅၀ ကျပ်)၊ ကွယ်လွန်သူ မိဘများအားရည်စူး၍ (ဦးခင်အောင်) + ဒေါ်ကြည်ကြည်သက် သမီး မသီတာအောင် မိသားစု (ဓါတ်မှန်စက် မတည်အလှူငွေ သိန်း ၁၀၀ ကျပ်)၊ ကွယ်လွန်သူ မိဘနှစ်ပါးဖြစ်သော ဦးစိန် + ဒေါ်တီ တို့အားရည်စူး၍ ဦးကျင်စိန်၊ ဦးသန့်စင် + ဒေါ်ခင်ဝင်းမော် သား မောင်ကောင်းဆွေသန့် မိသားစု (ဓါတ်မှန်စက် မတည်အလှူငွေ သိန်း ၁၀၀ ကျပ်)နှင့် ပြည်တွင်း ပြည်ပ အများပြည်သူ အလှူရှင်များ အပြင် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ကုသိုလ်ဖြစ် ဆေးဝါးကုသပေးကြသော ဆရာဝန်ကြီးများ၊ ဆရာဝန်မကြီးများ အားလုံးကို အများပြည်သူတို့ ကိုယ်စား အထူးကျေးဇူးတင် မှတ်တမ်းတင် အပ်ပါသည်။

Credit to : ဦးကျော်သူ ဇွန် ၂၀၊ ၂၀၁၀, Reference : http://moemaka.com


ကိုကြီးရေ
မီဒီယာတွေရဲ့ ရည်ရွယ်ချက်မှာကိုက လှုပ်လှုပ်ခပ်ခပ်လေးဖြစ်သွားပြီး လူသိများထင်ရှားလာကာ နောက်ဆက်တွဲအကျိုးကျေးဇူးတွေရဖို့မျှော်လင့်ချက်ထားလိုတဲ့ သဘာဝမကင်းတာကို သဘောပေါက်လက္ခံနိုင်ပါတယ်။

ဒါပေမယ့်ရှင်
စေတနာရှင်ပြည်သူလူထုက
အများအကျိုးပြု အသင်းအဖွဲ့တစ်ခုကို
ဝိုင်းဝန်း ထောက်ပံ့လှူဒါန်းကြလို့
အကျိုးရှိရာရှိကြောင်းဖြစ်တဲ့ စက်ပစ္စည်း အဆောက်အဦးတွေ အုတ်မြစ်ချ တည်ဆောက်ဖွင့်လှစ်ကြတဲ့ကိစ္စအပေါ်

"ကျော်သူဓါတ်ခန်းဖွင့်ပြီ" လို့ အမည်ဖေါ် ကျော်အောင်လုပ်လိုက်တာကြီးကတော့ မဆီလျော် ဘူးဟုထင်ပါသည်။

သူပြောသလို ဘေးလူတွေက အဆီအငေါ်တည့်တာ မတည့်တာတွေ ဘေးချိတ်ပြီး ဝေဖန်ကဲ့ရဲ့လိုစိတ်သက်သက်ဖြင့် အသေအခြာမသုံးသပ်ပဲ ဒီနာမည်တစ်ကယ်ပေးအပ် ဆုံးဖြတ်ခေါ်ဝေါ်နေကြတယ်ဆိုလျှင်လည်း ထားပါတော့။
သူ့ဖာသာ အရွဲ့တိုက်ချင်တာပဲဖြစ်ဖြစ်၊
မကြောင်ပါ၊ မယောင်ပါ ဆိုတာ ကြော်ငြာချင်တာပဲဖြစ်ဖြစ်၊
ပေးဆပ်နေတာပါဆိုတာကို အလေးအမြတ်တင်ပြလိုတာပဲဖြစ်ဖြစ်
ဖွင့်ပွဲကိစ္စနှင့် မရောထွေးစေပဲ သဘောလေးပိုင်ပိုင်တင်ပြနိုင်သင့်တယ်လို့မြင်ပါတယ်။

အရွဲ့တိုက်ချင်နေတဲ့ ဦးကျော်သူဟာ လောကဓံတွေကို ရင်ဆိုင်ရင်း
မနိုင်မနင်းဖြစ်နေရှာတာများလားလို့လဲ အေ၇ာ တွေးမိပါတယ်။

ခင်မင်လေးစားစွာဖြင့်
အေ၇ာမေ

ကိုဌေး
06-20-2010, 06:01 PM
"ဓါတ်ခန်း" ဆိုတာဘာလုပ်ရတာလဲခင်ဗျာ(တကယ်မသိလို့ပါ)
ွှဲ

stylekglay
06-20-2010, 10:31 PM
http://www.myanmarengineer.org/forum/file:///C:/Documents%20and%20Settings/ieinternetcafe/Desktop/30444_406066010937_711205937_4975481_1897941_n.jpgယနေ့ MICT (Myanmar Ifo Tech) တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားMistake 51 Area (http://www.m51a.com/profile/51area)

စပိုင်ချစ်သူ
06-21-2010, 12:13 AM
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ကြီးမှူး၍ “ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း”

မီဒီယာနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ဒစ်ဂျစ်တယ် ဗီဒီယိုနည်းပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် “ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း” သင်တန်းအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ အဆောင်(၁) သင်တန်းခန်းတွင် ဇူလိုင်လ (၂၀) ရက်နေ့မှ သြဂုတ်လ (၁၇) ရက်နေ့အထိ ညနေ(၃းဝဝ)နာရီ မှ (၅းဝဝ) နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကြေးမှာ ၁၂၀ဝဝဝိ/-(တစ်သိန်းနှစ်သောင်းကျပ်တိတိ) ကျပ်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင် များအား ၁ဝ% Discount ပေးမည် ဖြစ်သည်။

အဆိုပါသင်တန်းတွင် ကွန်ပျူတာအခြေခံအဆင့် လေ့လာထားပြီး၊ ရုပ်သံအစီအစဉ်များနှင့် ရုပ်မြင်သံကြားကြော်ငြာများ၊ မှတ်တမ်းရုပ်ရှင်ကားများ ရိုက်ကူးတည်းဖြတ်ထုတ်လုပ်မှုများ အကြောင်းကို စိတ်ဝင်စားစွာလေ့လာလိုသူများ၊ ကုမ္ပဏီများ၊ ဌာနဆိုင်ရာများတွင် Video Presentation များဖြင့် နေ့စဉ် ထိတွေ့လုပ်ကိုင်နေရပြီး သင်တန်းအတွက် အချိန်များစွာ မပေးနိုင်သူများ၊ ဂရပ်ဖစ်ဒီဇိုင်းသင်တန်းများ၊ အနုပညာတက္ကသိုလ်နှင့် ပန်းချီပန်းပုကျောင်းများမှ ကျောင်းဆင်းပြီး ရုပ်သံဖန်တီး ထုတ်လုပ်မှုကို အထူးပြုလေ့လာနေသူများ၊ နိုင်ငံရပ်ခြားတွင် Video Production, Mass Communication, Animation ဘွဲ့နှင့် ဒီပလိုမာသင်တန်း တက်ရောက်ကြမည့် အခြေခံပညာအထက်တန်းအောင်မြင်ပြီး လူငယ်လူရွယ်များအား ခေတ်သစ် ရုပ်သံနည်းပညာတွင်ပါဝင်သော ဗီဒီယိုပုံရိပ်များဖွဲ့စည်းမှုသီအိုရီ၊ ဗီဒီယိုကင်မရာများ ကိုင်တွယ်အသုံးပြုပုံနှင့် အလင်းပေးခြင်း နည်းစနစ်များ၊ ဗီဒီယိုတည်းဖြတ်ခြင်း၊ စာတမ်းထိုးခြင်းနှင့် အရည်အသွေး မကျဆင်း အောင် ထုတ်လုပ်ပုံများ၊ ဒစ်ဂျစ်တယ် အသံပိုင်းဆိုင်ရာ သိကောင်းစရာများစာတွေ့၊ လက်တွေ့ပါဝင်ပြီး Adobe Certified Expert စာမေးပွဲနှင့် နိုင်ငံခြားအနုပညာ တက္ကသိုလ်ဝင်ခွင့်များ ဖြေဆိုရာတွင် အထောက်အကူရရှိပါမည်။ အထက်ပါသင်တန်းအား ဦးဝဏ္ဏကျော် (Art Director - People Media, Inforithm-Maze Co.,Ltd) ASEAN Award Winning New Media Artist, Contributor (Internet Journal) မှ သင်ထောက်ကူ ပစ္စည်းအပြည့်အစုံဖြင့် လာရောက်သင်ကြားမည်ဖြစ်ပြီး ဧည့်ပညာရှင်များအဖြစ် စာရေးဆရာ ချစ်ဦးညိုမှ ရုပ်ရှင်ဇာတ်ညွှန်းရေးသားခြင်းအကြောင်း၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး မှ မှတ်တမ်းရုပ်ရှင်ဖန်တီးခြင်း အကြောင်း၊ ဒါရိုက်တာ ဇော်ဆက်မှ ရုပ်ရှင်တည်းဖြတ်မှု အကြောင်း၊ တေးရေးနောင်နောင်(S.F) မှ ဇာတ်ဝင်တေးရေးသားခြင်း အပါအဝင် ဂီတရုပ်ရှင် အခြေခံသဘော တရားများကို လာရောက်ပံ့ပိုးပို့ချပေးကြမည်ဖြစ်သည်။ သင်တန်းသားများအတွက် လိုအပ်သော Software Application Installer များ၊ Plug-ins များ၊ Resource Material များ၊ မြန်မာ ဘာသာဖြင့် ရေးသားပြုစုထားသော ခေတ်ပေါ်ဗီဒီယို နည်းပညာနှင့် ရုပ်ရှင်ဂီတသဘောတရား ဆိုင်ရာ မှတ်စုများ ကိုလည်း တစ်ပါတည်း ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ ဇူလိုင်လ (၁၆)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။

Phu Phu
06-22-2010, 12:33 AM
ဖုန်းလိုင်းအပါအ၀င် အင်တာနက်ဆက်ကြောင်းများအတွက် ဖိုင်ဘာကြိုးမျှင်များကို လုံလုံလောက်လောက် ထုတ်လုပ်နိုင်ရန်အတွက် ပုဂ္ဂလိကကုမ္ပဏီတခုအား ဖိုင်ဘာထုတ်လုပ်သည့် စက်ရုံတည်ထောင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတဦးက ပြောသည် ။
" ရတနာပုံဆိုက်ဘာစီးတီးမှာပဲ စက်ရုံဆောက်မှာပါ ။ လောလောဆယ်မြေနေရာ သတ်မှတ်ထားပြီးပြီ ။ ရတနာပုံဖိုင်ဘာစက်ရုံအပြင် နောက်ထပ်စက်ရုံတရုံတိုးလာရင် ပြည်တွင်းဖိုင်ဘာ
လိုအပ်ချက်ကို ပိုဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ် " ဟု ၄င်းက ပြောသည် ။
လတ်တလော အခြေအနေတွင် မည်သည့်ကုမ္ပဏီအား စက်ရုံတည်ထောင်ခွင့်ပြုသည် ၊ မည်မျှထုတ်လုပ်မည်ဆိုသည့် အသေးစိတ်အချက်အလက်များကို သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ စက်ရုံတည်ဆောက်မည့် အခြေအနေများကို အသေးစိတ်ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည် ။
တနိုင်ငံလုံးရှိ တယ်လီဖုန်းများနှင့် အင်တာနက်ဆက်ကြောင်းများအတွက် ဖိုင်ဘာကြိုးလိုအပ်ချက်ကို ရတနာပုံဖိုင်ဘာစက်ရုံတခုတည်းမှသာ လက်ရှိထုတ်လုပ်နေခြင်းဖြစ်သည် ။ ယင်းစက်ရုံမှ G652 အမျိုးအစား 12 Core နှင့် 24 Core G652 ဖိုင်ဘာကြိုးမျှင်များကို တလလျှင် ကီလိုမီတာ ၅၀၀ နှုန်းဖြင့် ထုတ်လုပ်ပေးလျှက်ရှိသော်လည်း ထုတ်လုပ်မှုစွမ်းအားသည် ၀ယ်လိုအားကို အမီမလိုက်နိုင်သည့် အနေအထားမျိုးရှိနေသည်ဟု သိရသည် ။
ယင်းစက်ရုံကို ၂၀၀၉ ခုနှစ် ၊ ဒီဇင်ဘာလတွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ ကုန်ကြမ်းတင်သွင်းပြီး ဖက်စပ်ထုတ်လုပ်နေခြင်းဖြစ်သည် ။
မြန်မာ့ဆက်သွယ်ရေးမှ ရန်ကုန်နှင့် မန္တလေးမြို့ ကြီးများအပြင် အခြားပြည်နယ်နှင့် တိုင်းများတွင် ဖိုင်ဘာဆက်သွယ်ရေးလမ်းကြောင်း စီမံကိန်းများကို ဆက်တိုက် အကောင်အထည်ဖော်လျက်ရှိသည် ။

Credit to : myanmartimes

Phu Phu
06-22-2010, 03:21 AM
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် တရားဝင်ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးနေသည့် ကော့သောင်းစခန်းကို ရနောင်းမြို့ သို့ ဇွန်လကုန်တွင် ယာယီပြောင်းရွှေ့ ဖွင့်လှစ်မည် သတင်းတပ်ဖွဲ့ မှ တာဝန်ရှိသူတဦးက ပြောသည် ။
မြန်မာနိုင်ငံဘက်ခြမ်းရှိ ကော့သောင်း ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးစခန်းသို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ထိုင်းနိုင်ငံ ရနောင်းမှတဆင့် လှေများဖြင့် လာရောက်ကြရာ မိုးကာလတွင် မတော်တဆလှေမှောက်ခြင်း အပါအ၀င် အခြားမတော်တဆမှုများ မဖြစ်ပွားစေရေးအတွက် ထိုင်းနိုင်ငံဘက်ရှိ ရနောင်းမြို့ သို့ ဇူလိုင်နှင့် သြဂုတ်လအတွင်း ပြောင်းရွှေ့ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည် ။
"မိုးကာလပဲ ယာယီဖွင့်လှစ်မှာပါ ။ သြဂုတ်လကုန်အထိ ရနောင်းဘက်မှာ ထုတ်ပေးဖြစ်ပါမယ် " အဆိုပါ တာဝန်ရှိသူက ပြောသည် ။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ တရားဝင်နေထိုင်နိုင်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းကာ ယာယိနိုင်ငံကူးလက်မှတ်များရရှိရေးနှင့် ပြည်ဝင်ခွင့်ဗီဇာရရှိရန် ဆောင်ရွက်ပေးနေသည်။
ထိုလက်မှတ်များကို ထိုင်း-မြန်မာ နယ်စပ်မြို့ သုံးမြို့ ဖြစ်သည့် တာချီလိတ် ၊ ကော့သောင်း (ရနောင်း) နှင့် မြ၀တီမြို့ တို့ တွင် ၂၀၀၉ ခုနှစ် ၊ ဇူလိုင်လက စတင်ထုတ်ပေးလျက်ရှိပြီး ဇွန်လ ၅ ရက်နေ့ အထိ တာချီလိတ်စခန်းမှ ၂၃,၉၂၅ ဦး ၊ မြ၀တီစခန်းမှ ၄၄,၈၃၆ ဦး ၊ ကော့သောင်းစခန်းမှ ၂၇,၀၃၂ ဦး ၊ စုစုပေါင်း ၉၅,၂၈၀ ဦးကို ထုတ်ပေးပြီးဖြစ်ရာ ကျားစုစုပေါင်း ၅၀,၃၇၃ ဦး နှင့် မ စုစုပေါင်း ၄၅,၄၄၇ ဦး လက်မှတ်ရရှိပြီးဖြစ်သည် ။

Credit to: myanmartimes

Phu Phu
06-22-2010, 04:08 AM
မီးသတ်ပညာရပ်များကို သင်ကြားပို့ ချမည့် မီးသတ်နည်းပညာကောလိပ်ကို ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့ နယ်တွင် မကြာမီဖွင့်လှစ်ရန် မီးသတ်ဦးစီးဌာနရုံးချုပ်က စီစဉ်လျက်ရှိသည်ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသင်းဌေးရွှေက ဇွန်လ ၇ ရက်နေ့ က မြန်မာတိုင်း(မ်)ကို ပြောသည် ။
"မီးသတ်နည်းပညာတွေကို ကျယ်ကျယ်ပြန့် ပြန့် သိရှိအောင် ဆောင်ရွက်တဲ့အနေနဲ့  မီးသတ်နည်းပညာကောလိပ်ကို ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ် ။ ၁၀ တန်းအောင်ကျောင်းသားတွေကို လက်ခံမှာပါ " ဟု ၎င်းကပြောသည် ။
စမ်းချောင်းမြို့ နယ် ၊ မြေနီကုန်းရှိ မစိုးရိမ်ကျောင်းတိုက်အနီးတွင် ကောလိပ်အဆောက်အအုံကို တည်ဆောက်လျက်ရှိပြီး ဖွင့်လှစ်မည့်ရက်ကို မသတ်မှတ်ရသေးကြောင်း ဦးသင်းဌေးရွှေက ပြောသည် ။
"လာမယ့်နှစ် ၁၀ တန်းအောင်တွေကနေစပြီး လက်ခံနိုင်မယ်လို့ ခန့် မှန်းပါတယ် ။ ဒီပလိုမာပေးမှာပါ ။ ပညာရေးဝန်ကြီးဌာနစတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆဲဖြစ်တဲ့အတွက် ဖွင့်လှစ်မယ့် အချိန်အတိအကျကို မပြောနိုင်သေးပါဘူး " ဥိးသင်းဌေးရွှေက ပြောသည် ။
စမ်းချောင်းမြို့ နယ် ၊ မြေနီကုန်းရှိ မစိုးရိမ်ကျောင်းတိုက်အနီးတွင် ကောလိပ်အဆောက်အအုံကို တည်ဆောက်လျက်ရှိပြီး ဖွင့်လှစ်မည့်ရက်ကို မသတ်မှတ်သေးရသေးကြောင်း ဦးသင်းဌေးရွှေက ပြောသည် ။
"လာမယ့်နှစ် ၁၀တန်းအောင်တွေကနေစပြီး လက်ခံနိုင်မယ်လို့ ခန့် မှန်းပါတယ် ။ ဒီပလိုမာ ပေးမှာပါ ။ ပညာရေးဝန်ကြီးဌာနစတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆဲဖြစ်တဲ့အတွက် ဖွင့်လှစ်မယ့် အချိန်အတိအကျကို မပြောနိုင်သေးပါဘူး " ဟု ဦးသင်းဌေးရွှေက ပြောသည် ။
ကျောင်းသားလက်ခံမည့်ပုံစံ ၊ သင်ရိုးညွှန်းတမ်း စသည့် ကိစ္စရပ်များကို စီစဉ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည် ။
"မီးသတ်ပညာကို လူတွေက အထင်သေးတယ် ။ မီးသတ်ပညာဟာ အင်ဂျင်နီယာပညာရပ်တွေကိုလည်း သိရတယ် ၊ လက်သမားပညာကိုလည်း သိရတယ် ။ ဓါတုပစ္စည်းတွေအကြောင်း ၊ စက်ယန္တရားတွေအကြောင်း ၊ မီးငြှိမ်းသတ်နည်းမှာလည်း လျှပ်စစ်ကြောင့် လောင်တဲ့မီး ၊ သစ်သား ၀ါး စတဲ့ ကာဗွန်ဒြပ်ပေါင်းတွေကို လောင်တဲ့မီး ၊ သတ္တုကို လောင်တဲ့မီးစတဲ့ လောင်စာအလိုက် ငြှိမ်းသတ်နည်းတွေရှိပြီးဖြစ်တယ် " ဟု ၎င်းက ပြောသည် ။
မီးသတ်နည်းပညာကောလိပ်မှ ဒီပလိုမာရရှိသူများသည် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနအောက်ရှိ မီးသတ်စခန်းများတွင် ရာထူးအဆင့်ဆင့် မီးသတ်သမားများအဖြစ်လည်းကောင်း ၊ မီးသတ်ပညာ ဖြန့် ဖြူးဝန်ထမ်းများအဖြစ်လည်းကောင်း ၊ ဟိုတယ်များ ကုမ္ပဏီများ ၊ အဖွဲ့ အစည်းများတွင် မီးသတ်အကြံပေးများအဖြစ်လည်းကောင်း အလုပ်အကိုင်ရရှိနိုင်မည် ဖြစ်ကြောင်း ဦးသင်းဌေးရွှေက ပြောသည် ။

Credit to: myanmartimes

Phu Phu
06-22-2010, 04:31 AM
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ၊ အာရှသဘာဝဘေးအန္တရာယ်လျော့ပါး ကော်မတီနှင့် မြန်မာနိုင်ငံငလျင်ကော်မတီတို့ ပူးပေါင်းပြီး ငလျင်အန္တရာယ်ဖြစ်ပွားမှု ကာကွယ်ရေးဆိုင်ရာသင်တန်း ပထမအဆင့်ကို ဇွန်လ ၂၁ မှ ၂၅ ရက်အထိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင် ဖွင့်လှစ်မည်ဖြစ်သည် ။
"ငလျင်အန္တရာယ် ဘယ်လောက်ရှိနေသလဲဆိုတာသိမှ ကာကွယ်မှုပိုလုပ်နိုင်မယ် ၊ အစိုးရ၀န်ထမ်းရော ၊ အပြင်လူတွေကိုပါ ငလျင်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ပို့ ချသွားမှာပါ " ဟု အသင်း၏ ဒုဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောသည် ။
အဆိုပါသင်တန်းကို ဇွန်လအပြင် ဇူလိုင်နှင့် သြဂုတ်လတွင်လည်း လစဉ် ၂၁ မှ ၂၅ ရက်နေ့ အထိ ဖွင့်လှစ်မည်ဖြစ်သည် ။
ထိုအတွက် ထိုင်းနှင့် ဥရောပနိုင်ငံများမှ မြေငလျင်နှင့် ပတ်သက်သည့် ကျွမ်းကျင်သင်တန်း ဆရာလေးဦးခန့် က သင်ကြားပို့ ချမည် ဖြစ်သည် ။
သင်တန်းကြေးအခမဲ့ဖြစ်ပြီး သင်တန်းသားများကို စိစစ်လက်ခံမည်ဖြစ်ကာ ငလျင်အကြောင်း ၊ သဘာဝဘေးအန္တရာယ်နှင့် ငလျင်လှုပ်သည့်အကြောင်းအရာများကို ဆက်လက်လေ့လာလိုသော ဌာနဆိုင်ရာနှင့် ပုဂ္ဂိလက ကဏ္ဍများမှ တက်ရောက်လိုသူများကို ဦးစားပေးရွေးချယ်မည်ဖြစ်သည် ။
အာရှသဘာဝဘေးအန္တရာယ်လျော့ပါးရေးကော်မတီက ငွေကြေးထောက်ပံ့သည့် ငလျင်သင်တန်းများအတွက် သင်တန်းသား ၂၅ ဦးအထိ လက်ခံမည်ဖြစ်ပြီး သင်တန်းချိန်မှာ မနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ ဖြစ်သည် ။

Credit to: myanmartimes

pooh.kglay
06-22-2010, 12:48 PM
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ တစ်ရက်လျှင် ငါးနာရီနှုန်းဖြင့် လျှပ်စစ်မီး ပြန်ရနေကြောင်း သိရ
လျှပ်စစ်မီး ဖြန့်ဖြူးပေးမှု ယာယီ ရပ်ဆိုင်း ခံထားရသည့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များမှ ဇုန်အများစုမှာ ဇွန်လ ၁၇ ရက်နေ့မှစ၍ လျှပ်စစ်မီး ပြန်လည် ရရှိနေကြောင်း စက်မှုဇုန်များမှ သိရှိရသည်။ စက်မှုဇုန်များအတွင်း အုပ်စု နှစ်စုခွဲကာ တစ်အုပ်စုလျှင် တစ်ရက် ငါးနာရီနှုန်းဖြင့် လျှပ်စစ်မီး ပြန်လည် ရရှိနေခြင်း ဖြစ်ကြောင်း၊ နံနက် ၇ နာရီမှ နေ့လည် ၁၂ နာရီအထိ တစ်အုပ်စုနှင့် နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီထိ တစ်အုပ်စု အလှည့်ကျဖြင့် အပိုင်းနှစ်ပိုင်း ခွဲကာ ရရှိနေခြင်း ဖြစ်ကြောင်း စက်မှုဇုန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့အနေဖြင့် လျှပ်စစ် မရရှိသေးဘဲ ကျန်ရှိနေသေးသည့် စက်မှုဇုန်များ ရှိပါကလည်း ဇူလိုင်လ ဒုတိယပတ်အတွင်း စတင်၍ ဓာတ်အားဖြန့်ဖြူး ပို့လွှတ်ပေးနိုင်ရန် စီစဉ်ထားကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

လျှပ်စစ် မီးမှန်သဖြင့် ဒီဇယ်ဈေး ဆက်တိုက်ကျ
မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်မှု၊ စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေး ဗဟိုအချက်အချာကျရာ ရန်ကုန်မြို့တော်တွင် ဇွန်လဒုတိယပတ်ခန့်မှ စတင်၍ လျှပ်စစ်မီးများ ပုံမှန်နီးပါး ရရှိလာသဖြင့် ဒီဇယ် ဈေးနှုန်းများ ဆက်တိုက် ကျဆင်းခဲ့ကြောင်း ဗဟန်းမြို့နယ်ရှိ ပုဂ္ဂလိက ဒီဇယ်၊ ဓါတ်ဆီ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လျှပ်စစ်မီးများ ပြန်လည် ရရှိလာခြင်းကြောင့် မေလမှ စတင်၍ ဒီဇယ် တစ်ပီပါလျှင် ၁၅၉၀၀၀ ကျပ်ခန့်ရှိရာမှ ဇွန်လ တတိယပတ်တွင် ဒီဇယ်တစ်ပီပါ တွဲဈေးသည် ၁၃၆၀၀၀ ကျပ်ခန့်သာ ရှိတော့ကြောင်း၊ မိမိတို့၏ တစ်ရက်ရောင်းရသည့် ဒီဇယ် အရေအတွက်မှာလည်း ယခင်တစ်ရက် ပီပါ ၄၀၊ ၅၀ ရောင်းချခဲ့ရာမှ ယခုအခါ တစ်ရက်လျှင် ပီပါနှစ်လုံး၊ သုံးလုံးခန့်သာ ရောင်းချနိုင်တော့ကြောင်း၊ ထို့ပြင် ပုဂ္ဂလိက ဓါတ်ဆီ၊ ဒီဇယ် အရောင်းဆိုင်များ ပေါ်လာပြီး ယင်းဆိုင်များမှ ရောင်းချသည့် ဒီဇယ် ဈေးနှုန်းသည် ပြင်ပတွင် ရောင်းချသည့် ဒီဇယ်ဈေးနှုန်းနှင့် တူညီသောကြောင့် မော်တော်ယာဉ် အချို့သည် ပုဂ္ဂလိက ဒီဇယ်၊ ဓါတ်ဆီ အရောင်းဆိုင်များတွင် ပြောင်းလဲ ဝယ်ယူလာကြကြောင်း၊ လက်ရှိ ပြင်ပ ဒီဇယ်၊ ဓါတ်ဆီ အရောင်းဆိုင်များတွင် ဒီဇယ် တစ်ဂါလန်လျှင် ၂၈၀၀ ကျပ်နှင့် ဓါတ်ဆီ တစ်ဂါလန်လျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချပေးလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

ဖိုရမ်မှ မောင်နှမ များ ကို ထာဝရ ခင်မင်လျက် ... pooh ကောင်လေး ... :imm:

kosithuag
06-22-2010, 02:36 PM
ပုဂ္ဂလိကဆိုင်များမှ ဓာတ်ဆီကို တစ်နေ့လျှင် ကားတစ်စီး တစ်ခေါက်နှုန်း ရောင်းချပေး
June 22, Tuesday,2010 6:30 PM

ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီကို တစ်နေ့လျှင် တစ်ခေါက်နှုန်းဖြင့် ရောင်းချ ပေးနေကြသည်။ အဆိုပါ ဆီဆိုင်များက ဆီစာအုပ်ဖြင့် ဝယ်ယူရန် မလိုသော စက်သုံးဆီ ဒီဇယ်နှင့် ဓာတ်ဆီတို့ကို ဇွန်လ ၁၀ ရက်က စတင်ကာ ရောင်းချပေးနေခြင်း ဖြစ်သည်။ ဓာတ်ဆီ တစ်ဂါလန်လျှင် ၂၅၀၀ ကျပ်ဖြင့် ရောင်းချပေးနေပြီး ဒီဇယ် တစ်ဂါလန်လျှင် ၂၈၀၀ ကျပ်မှ ၂၉၀၀ ကျပ်ထိ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိသည်။ “ဓာတ်ဆီက ဒီဇယ်ထက် ဈေးသက်သာ နေတဲ့အတွက် ဆီဆိုင်တွေ စဖွင့်တဲ့နေ့တွေမှာ ကားတစ်စီးကို အခေါက်ရေ ရသလောက် ဝယ်ပြီးတော့ စုကြတယ်”ဟု စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ယခုအခါ ဆီဆိုင်များက ကားတစ်စီးလျှင် တစ်နေ့အတွက် တစ်ခေါက်နှုန်းဖြင့် ဝယ်ယူကြရန်လည်း ကြေညာ လာကြသည်။ စက်သုံးဆီ အရောင်းဆိုင်များကို ဇွန်လ ၁၀ ရက်တွင် စတင်ဖွင့်လှစ်ပြီး သုံးရက်မြောက်နေ့က စ၍ ယင်းသို့ ကြေညာခြင်း ဖြစ်သည်။ ပုဂ္ဂလိက ဆီဆိုင်များတွင် ဓာတ်ဆီ သွားရောက် ဝယ်ယူသော ကားနံပါတ်များကို ကွန်ပျူတာဖြင့် နံပါတ်များ မှတ်သားထားကာ တစ်နေ့တွင် ဝယ်ယူပြီးကား ဟုတ်မဟုတ်ကို ကွန်ပျူတာတွင် မှတ်သားထားကာ စစ်ဆေးပြီးမှသာ ရောင်းချပေးကြောင်း သိရသည်။ နိုင်ငံတော်က မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ ၁၀ ရက်မှစ၍ စက်သုံးဆီဆိုင် ၂၆၁ ဆိုင်ကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ပိုင်ခွင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
@ခေတ်လူငယ်

kosithuag
06-22-2010, 02:38 PM
မြန်မာနိုင်ငံ အနှံ့တွင်ရှိသော လမ်းများကို ကုမ္ပဏီများအား BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေး နှင်းသဇင် ဆောက်လုပ်ရေး ကုမ္ပဏီက ဂွေးချို - ပခုက္ကူလမ်းပိုင်း လုပ်ကိုင်ခွင့်ရ
June 22, Tuesday,2010 6:30 PM

မြန်မာနိုင်ငံ၏ လမ်းပန်း ဆက်သွယ်ရေးစနစ်ကို ပိုမိုကောင်းမွန်စေရန် အတွက် မြန်မာနိုင်ငံ အနှံ့တွင် ရှိသောလမ်းများကို ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီများအား BOT စနစ်ဖြင့် စတင်လုပ်ကိုင်ခွင့် ပေးခဲ့ရာ နှင်းသဇင် ဆောက်လုပ်ရေး ကုမ္ပဏီက ဂွေးချို-ပခုက္ကူ လမ်းပိုင်းကို လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။ ဂွေးချို-ချောက်-ဆိပ်ဖြူ-ပခုက္ကူ လမ်းပိုင်းအရှည်သည် ၇၈ မိုင်ခန့် ရှည်လျားပြီး ယင်းလမ်းပိုင်းတွင် တန့်ကြည့်တောင် အပါအဝင် ချောက်မြို့နယ်အတွင်း မကြာခဏ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားလျက်ရှိသော အလိမ်ကွေ့ကိုပါ အဆင့်မြှင့်တင်ပြီး တိုးချဲ့ဖောက်လုပ် ပေးသွားမည်ဟု သိရသည်။ “ ကျွန်တော်တို့ တာဝန်ယူ တည်ဆောက်ပေးမယ့် လမ်းပိုင်းက ရန်ကုန်ကနေ ပခုက္ကူကို သွားလာရမယ့် အဝေးပြေးကားတွေ အပါအဝင် ကုန်တင်ကားတွေလဲ ဒီလမ်းကနေ အဓိက သွားလာ နေရပါတယ်။ ဒီလမ်းပိုင်းကနေပြီး ပခုက္ကူမြို့ အပါအဝင် ကျောက်ပန်းတောင်း၊ မကွေး၊ မင်းဘူး၊ ပုဂံ၊ ဆောနဲ့ မြိုင်မြို့တွေ အပါအဝင် ပေါက်မြို့နယ်တွေကိုပါ သွားလာလို့ ရပါတယ်။ အဲဒီကမှတစ်ဆင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေကိုပါ ဆက်လက် သွားလာနိုင်မှာ ဖြစ်တာကြောင့် ဒီလမ်းပိုင်းကို အသုံးပြုပြီး သွားလာကြမယ့် ယာဉ်တွေ သွားလာရာမှာ အဆင်ပြေပြေ သွားလာနိုင်ဖို့ အတွက် ရှိပြီးသား လမ်းတွေကို တိုးချဲ့ပြီး ဖောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ် ” ဟု အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် ဖောက်လုပ်ခွင့် ရရှိသော လမ်းပိုင်းအနက် ယခုအခါ ၁၇ မိုင် ၁ ဖာလုံ ရှိသော ဂွေးချို-ချောက်လမ်းပိုင်းကို စတင်လုပ်ကိုင် နေပြီဟု သိရသည်။ နှင်းသဇင် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည့် အဆိုပါ လမ်းပိုင်းတွင် ယာဉ်မကြာခဏ တိမ်းမှောက်လျက်ရှိသော အလိမ်ကွေ့ကိုလည်း ခေတ်မီနည်းပညာများကို အသုံးပြုကာ ပြန်လည် ဖောက်လုပ် ပေးသွားမည်ဟု သိရသည်။ ယင်းကုမ္ပဏီက တာဝန်ယူကာ တိုးချဲ့ ဖောက်လုပ်လျက် ရှိသော ဂွေးချို-ပခုက္ကူ လမ်းပိုင်းတွင် ဒေသခံပြည်သူ ၃၀၀ နီးပါးကို အသုံးပြု သွားမည်ဟု သိရသည်။ မြန်မာနိုင်ငံမှ တာဝန်ရှိသူများသည် ပြည်တွင်းတွင် အသုံးပြုလျက်ရှိသော လမ်းများကို လက်ရှိ အသုံးပြုကာ သွားလာလျက် ရှိသော ယာဉ်များ အဆင်ပြေစွာ သွားလာနိုင်ရန် သာမက မြန်မာပြည်အနှံ့မှ ဒေသခံပြည်သူများ ခရီးသွားလာရာတွင် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့ စေရန်အတွက် မြန်မာပြည် အနှံ့တွင် တည်ရှိသော လမ်းများကို အဆင့်မြှင့်တင်ရန် ပြည်တွင်းတွင်ရှိသော ဆောက်လုပ်ရေး ကုမ္ပဏီများကို BOT စနစ်ဖြင့် စတင်လုပ်ကိုင်ခွင့် ပေးနေပြီ ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။"
@ခေတ်လူငယ်

Phu Phu
06-23-2010, 11:15 PM
၂၀၁၀ လွန်ကာလတွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့်အတူ စီးပွားရေးပါ အချိုးညီညီပြောင်းလဲရန် ကြိုးပမ်းသည့်အနေဖြင့် အစိုးရက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အများအပြား ကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲပေးနေသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းလိုက်နိုင်ရန် စီးပွားရေးလုပ်ငန်းများကို အခြေခံမှ စပြီးပြောင်းလဲပေး နေရာ အရှိန်အတော်ရနေပေပြီ။

မြန်မာနိုင်ငံ၏ ပထ၀ီအနေအထား အားသာချက်များအရ စီးပွားရေး အခြေခံ အဆောက်အအုံမြင့်မားလာစေရန် မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၊ Bimstec ၊ ACMECS နှင့် GMS ကဲ့သို့သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း အပြန်အလှန်အကျိုးဖြစ်ထွန်း လာစေရန်ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ အပါအ၀င် အခြားအာဆီယံနိုင်ငံများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး နှင့်စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်လုပ်ငန်း အပါအ၀င် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် လူသားရင်းမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နေပြီဖြစ်သည်။

စီးပွားရေးလုပ်ငန်းများ သွက်လက်မြန်ဆန်စေရန် အထောက်အကူပေးသော လုပ်ငန်းမှာ ဘဏ်လုပ်ငန်း ဖြစ်သည်။ ပြည်တွင်းလှည့်လည် သုံးစွဲငွေအချိုးညီရန်နှင့် ရင်းနှီးမြှုပ်နှံမှု တိုးပွားရန် ဘဏ်လုပ်ငန်းက ထိန်းကျောင်းပေးရသည်။ ထို့ကြောင့်ပင် ဘဏ်လုပ်ငန်းကိုလည်း အခြား စီးပွားရေးလုပ်ငန်းများနည်းတူ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်ပေးရန် လိုအပ်လာသည်။

ထိုလိုအပ်ချက်အရ နိုင်ငံပိုင် ဘဏ်လုပ်ငန်းအပြင် ပုဂ္ဂလိကဘဏ်လုပ်ငန်းကိုပါ တိုးချဲ့နိုင်ရန် ၁၉၉၃ ခုနှစ်မှ စ၍ လုပ်ကိုင်ခွင့်ပြုခဲ့သည်။ စတင်လုပ်ကိုင်ခွင့်ရရှိသော ပုဂ္ဂလိက ဘဏ်များမှာ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာမေဖလားဝါးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်တို့ ဖြစ်သည်။ ယခုအခါ ပုဂ္ဂလိကဘဏ်ပေါင်း ၁၅ ခုက ဘဏ်လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်သည်။

အဆိုပါ ဘဏ် ၁၅ ခုမှာ ပထမပုဂ္ဂလိကဘဏ်၊ ရိုးမဘဏ်၊ အင်းဝဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ရတနာပုံဘဏ်၊ မြ၀တီဘဏ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ သမ၀ါယမဘဏ်၊ စည်ပင်သာယာရေးဘဏ်၊ Asian Yangon Bank ၊ မြန်မာ့မွေးမြူရေး နှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေး ဘဏ်၊ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် ထပ်ပြီး ပုဂ္ဂလိကဘဏ်သစ်များ တိုးပွားလာဦးမည်ဖြစ်သည်။ ပုဂ္ဂလိကဘဏ်သစ်များကို လုပ်ကိုင်ခွင့်ရသူများမှာ မြန်မာထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်သော ထူး ထရိတ်ဒင်း ဦးတေဇ ၏ အေးရှားဂရင်းဘဏ် (Asia Green) ၊ မက်စ်မြန်မာ ဦးဇော်ဇော်၏ ဧရာဝတီဘဏ်၊ အောင်ရည်ဖြိုး ဦးနေအောင်၏ အမရာဘဏ်၊ ဧဒင်ဂရုမှ ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင်ဘဏ် တို့ဖြစ်ပြီး မေလနောက်ဆုံးပတ်က လုပ်ကိုင်ခွင့်များရရှိထားကြောင်း သိရသည်။

အသစ် တည်ထောင်ခွင့်ရ ပုဂ္ဂလိကဘဏ်များကို နှစ်လအတွင်းအပြီး ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိရာ ၀န်ထမ်းများ ခန့်ထားခြင်း၊ အဆောက်အအုံ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သည်။

မက်စ်မြန်မာ ဦးဇော်ဇော်က သူ၏ဘဏ်များကို ၂၀၁၁ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ဖွင့်လှစ်သွားမည်ဟုဆိုသည်။

“ဘဏ်သစ်တွေပေါ်လာတဲ့ သဘောကတော့ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ငွေကြေးကို အတိုင်းအတာနဲ့ပဲ လက်ခံရပါတယ်။ ဒါကလည်း ဘဏ်တွေကို နည်းမှန်လမ်းမှန်ဖြစ်အောင် ဆိုပြီး ဗဟိုဘဏ်က ထိန်းချုပ်ပေးထားတာပါ။ ဘဏ်တွေဆီ ငွေရောက်မလာဘဲ လူတွေ လက်ထဲမှာပဲ ငွေတွေရှိနေရင် တိုင်းပြည်စီးပွားရေးလည်ပတ်ဖို့ ငွေနည်းလာမယ်။ သဘော ကတော့ လူတွေရဲ့ငွေတွေကို ဘဏ်တွေက လက်ခံပြီး အတိုးပေးတယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို ပြန်ချေးပေးတယ်။ ဒါမှငွေလည်ပတ်မှုရှိပြီး တိုင်းပြည် စီးပွားရေး တက်မယ့် သဘောပါ။ ဒါတွေကြောင့် ဘဏ်သစ်တွေကို ထပ်မံဖွင့်ခွင့်ပေးပြီး ပြည်သူတွေထဲက ငွေတွေကို တိုင်းပြည် စီးပွားရေးထဲဝင်လာအောင် ပြန်လုပ်တဲ့သဘောလို့ ယူဆပါတယ်။ ဒါပေမဲ့ ဘဏ်လုပ်ငန်း လုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့လိုပါတယ်။ ဒါမှသာ ဘဏ်တွေ ပြိုလဲတာ မရှိဘဲ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ အထောက်အပံ့ပေးသွားနိုင်မှာ ဖြစ်ပါတယ်” ဟု စီးပွားရေး နှင့် ဘဏ်လုပ်ငန်း ကျွမ်းကျင်သူပညာရှင်တစ်ဦး က သုံးသပ်ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ၂၀၀၃ ခုနှစ်က ပုဂ္ဂလိက ဘဏ်ကြီး သုံးဘဏ် ပြိုလဲခဲ့ဖူးတယ်။ အဲဒီဘဏ်တွေက အာရှဓနဘဏ်၊ မေဖလားဝါးဘဏ်နဲ့ ယူနီဗာဆယ်ဘဏ်တို့ဖြစ်တယ်။ အဲဒီလို ပြိုလဲမှုမရှိအောင် ဗဟိုဘဏ်က ထိန်းချုပ်လုပ်ကိုင်ပေးနေတယ်။ ဒါကြောင့် ဘဏ်လုပ်ငန်းတစ်ခု စတင်ထူထောင်တော့မယ်ဆိုတာနဲ့ ပုဂ္ဂလိက ဘဏ်လုပ်မယ့် လုပ်ငန်းရှင်က မြန်မာနိုင်ငံ ဗဟိုဘဏ်ကို ကျပ်ငွေ ၁၀ ဘီလျံ တင်ပြပြီး လုပ်ငန်းလုပ်ပိုင်ခွင့် လျှောက်ထားရတယ်။ အဲဒီလို လျှောက်ထားမှ ဗဟိုဘဏ်က စိစစ်ပြီး သက်ဆိုင်ရာက လုပ်ကိုင်ခွင့်လိုင်စင်ချပေးမှာ ဖြစ်ပါတယ်” ဟု အဆိုပါ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူပညာရှင်က ထပ်မံပြောကြားသည်။

မောင်မောင်စ

Credit to: www.themyanmarpost.com

poohcartoon
06-24-2010, 10:02 AM
ရတနာပုံစူပါစင်တာ၏ မြေအောက်ထပ်တွင် ယခုလ နောက်ဆုံးအပတ်ထဲ၌ ဆိုင်ခန်းများ ဖွင့်လှစ်သွားမည်
http://img14.imageshack.us/img14/8169/bi3131.jpg
၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မီးလောင်ဆုံးရှုံးခဲ့သော ရတနာပုံဈေးကြီး နေရာတွင်

အသစ်တည်ဆောက်ထားသော ရတနာပုံ စူပါစင်တာ၏ မြေအောက်ထပ်တွင် ယခုလနောက်ဆုံးအပတ်၌ ကုန်စိမ်း၊ ကုန်ခြောက်နှင့် သားငါးဆိုင်ခန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။



''၃၄လမ်းမှာ ဖွင့်လှစ်ရောင်းချနေ တဲ့ ကုန်စိမ်း၊ ကုန်ခြောက်နဲ့ သားငါးဆိုင်တွေဟာ ဈေးသစ်ကြီးဖြစ်တဲ့ ရတနာပုံစူပါစင်တာ မြေအောက်ထပ်မှာ ဒီလကုန်မှာ ဖွင့်လှစ်ဖို့ ရှိပါတယ်။ ဆိုင်ခန်း ပေါင်း ၁၀၄ ခန်းရှိပြီး ဈေးစည်ကားအောင် ပျံကျဈေးသည်တွေကိုလည်း ၀င်ရောက်ရောင်းချခွင့်ပေးသွားမှာပါ'' ဟု ရတနာပုံ ယာယီဈေးအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


အဆိုပါ ဆိုင်ခန်းများအတွက် ဖေဖော်ဝါရီလအတွင်းက ပထမအရစ်အဖြစ် ကျပ်ငါးသိန်းနှင့်မေလအတွင်း က ဒုတိယအရစ်အဖြစ် ကျပ်ငါးသိန်း ပေးသွင်းခဲ့ကာ ဆိုင်ခန်းများကို မဲနှိုက်စနစ်ဖြင့် နေရာချထားပေးမည် ဖြစ်ကြောင်း သိရသည်။


မြေညီထပ်အတွက်မူ ဇွန်လကုန် တွင် နောက်ဆုံးအရစ် ငွေပေးသွင်းရမည်ဖြစ်ကာ ဇူလိုင်လလယ်တွင် ဆိုင်ခန်းနေရာအတွက် မဲနှိုက်၍ သြဂုတ်လအတွင်း၌ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ အပ်နှံသွားမည်ဖြစ်သည်။ ဆိုင်ခန်းရှင်များအနေ ဖြင့် စက်တင်ဘာလ ပထမပတ်ထဲတွင် မိမိတို့ဆိုင်ခန်းများအား ပြင်ဆင်ခွင့်ရပြီး ယင်းလဒုတိယပတ်ထဲတွင် ဆိုင်ခန်းများထွက်ရှိနိုင်ပြီ ဖြစ်ကြောင်းသိရသည်။


မြေညီထပ်တွင် ဆိုင်ခန်းပေါင်း ၁၅၅၉ ခန်းပါရှိကာ ဆိုင်ခန်းများ အတွက် ၆ပေ_၆ပေတစ်ခန်းလျှင် သိန်း ၇၀ ကျပ်၊ ၆ပေ_၈ပေတစ်ခန်း လျှင်ကျပ် ၉၄ သိန်း၊ ၆ပေ_၁၂ပေ တစ်ခန်းလျှင် ကျပ်သိန်း ၁၄၀ တို့ကို သုံးရစ်ခွဲ၍ ငွေပေးသွင်းရပြီး အ၀တ်အထည်ဆိုင်ခန်းများ၊ ပန်းကန်နှင့် ဓာတ်ဘူးဆိုင်ခန်းများ ပါရှိမည်ဖြစ်ကြောင်း သိရသည်။ ''ရတနာပုံဈေးကြီး မီးလောင်ပြီးနောက်မှာ ဖွင့်လှစ်ခဲ့တဲ့ ရတနာပုံယာယီဈေးကို စက်တင်ဘာလ ကစပြီး ဖျက်သိမ်းမှာပါ။ ဆိုင်ခန်းတွေဖျက်ပြီး ရောင်းချလို့ ရတဲ့ငွေကို ဈေးသူ ဈေးသားတွေရဲ့ ရန်ပုံငွေအဖြစ်ထားပြီး ဈေးသူဈေးသားတွေအတွက် လျှပ်စစ်မီး အခက်အခဲဖြစ်ရင် အသုံးပြုနိုင်ဖို့ မီးစက်ဝယ်ယူသွားမှာပါ''ဟု ယာယီဈေး အကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


ယခု တည်ဆောက်ပြီးစီးတော့မည့် ရတနာပုံစူပါစင်တာသည် အထက်မြန်မာနိုင်ငံတွင် Fire Detection စနစ် ထည့်သွင်းတည်ဆောက်ထားသော ပထမဆုံးအဆောက်အဦ ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်ကဲ့သို့ သဘာဝဘေး များကြုံတွေ့လာပါက အထပ်တိုင်းရှိ လူအားလုံးသည် အဆောက်အဦ အပြင်သို့ ၅ မိနစ်မှ ၁၀ မိနစ်အတွင်း ထွက်ရှိနိုင်အောင် တည်ဆောက်ထား ကြောင်း၊ Raft Foundation ငလျင်ဒဏ် ကာကွယ်ရေးစနစ်အရ ပြင်းအား ရစ်ခ်ျတာစကေး ၇ အထိခံနိုင်ရည် ရှိကြောင်း သိရသည်။


@mymcnews.net

poohcartoon
06-24-2010, 10:10 AM
မျှော်စင်တစ်ခု နေပြည်တော်ရေပန်းဥယျာဉ်တွင် မကြာမီဖွင့်လှစ်မည်
http://img337.imageshack.us/img337/4034/b31314.jpg
ဥပါတသန္တိစေတီတော်၊ လွှတ်တော်အပါအ၀င် နေပြည်တော်ရှိ အထင်ကရ အဆောက်အအုံများကို ကြည့်ရှုနိုင်မည့်

ပေ၄၀အမြင့်ရှိ အထပ်လေးထပ်ပါ မျှော်စင်တစ်ခုကို မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အဦးဌာနမှ သတင်းရရှိပါသည်။

အဆိုပါမျှော်စင်ကို နေပြည်တော် ရေပန်းဥယျာဉ်အဆင့် (၃) တည်ဆောက်ရေးစီမံကိန်း မြေနေရာတွင် တည်ဆောက်လျက်ရှိသည်။

"မျှော်စင်ကို မကြာခင်ဖွင့်လှစ်သွားမှာပါ။ မျှော်စင်ပေါ်မှာ ဆောင်းဘောက်စ်တွေတပ်ဆင်ပြီး သဘာဝရနံ့ကို အမှန်တကယ်ရရှိအောင် ကျေးငှက်သာရကာ အသံတွေ၊ တောရိုင်းတိရစ္ဆာန် အသံတွေ၊ စမ်းရေစီးသံ စတာတွေကို အသံလွှင့်ထုတ်ပေး တာပါ"ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ ဌာနမှူး ဦးသန်းဦးက ပြောကြားသည်။

ရေပန်းဥယျာဉ် (နေပြည်တော်) အမှတ် (၁) သည် ၆၅ ဧက၊အမှတ် (၂) သည် ၂၅ ဧက၊အမှတ် (၃) သည် ဧက ၆၀ ကျယ်ဝန်းကြောင်း သိရသည်။
@mymcnews.net

poohcartoon
06-24-2010, 10:17 AM
ဒုတိယ ကမ္ဘာစစ်အတွင်းက ဘူးသီးတောင် ချောင်းထဲနစ်မြုပ်ခဲ့သော သင်္ဘောများအနက် NAFF သင်္ဘောကို ဖော်ယူနေကြောင်း
http://img31.imageshack.us/img31/9545/w5372a.jpg
ဒုတိယ ကမ္ဘာစစ်အတွင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘူးသီးတောင်ချောင်းထဲ၌ နစ်မြုပ်ခဲ့သည့် သင်္ဘောများအနက်

ပထမဆုံးသင်္ဘောအဖြစ် NAFF ဟု အမည်ရသော သင်္ဘောစင်းလုံး ဖော်ယူနေကြောင်း သတင်းရရှိပါသည်။


အဆိုပါသင်္ဘောမှာ ဘူးသီးတောင်မှ နှစ်မိုင်ခန့်အကွာ ရွာမကျေး ရွာအနီးချောင်းထဲ၌ နစ်မြုပ်နေခြင်း ဖြစ်သည်။ သင်္ဘောအရှည်မှာ ၉၅ ပေ အနံ ၁၆ ပေ၊ စောက် ၉ ပေရှိကြောင်း နှင့် ၈၀ ရာခိုင်နှုန်းခန့် အကောင်း ပကတိ ဖော်ယူရရှိကြောင်းသိရသည်။


NAFF သင်္ဘောမှာ ရေအောက် ၁၅ ပေ၊ ရွှံ့နွံထဲ ၂၁ ပေ နစ်မြုပ်နေခြင်းဖြစ်ပြီး ယခုအခါရွှံ့နွံထဲမှ ဖော်ယူပြီးဖြစ်ကာ ကမ်းဘက်သို့ ပေ ၆၀ အကွာ၌ ဆွဲယူပြီး စင်းလုံးဖော်ယူရေး အတွက် ရေစုပ်ပင်၊ စည်ပိုင်းအလုံး ၂၀၀ဖြင့် ဖော်ယူနေခြင်းဖြစ်သည်။


''ဒီသင်္ဘောက ကမ္ဘာစစ်အတွင်း က နစ်မြုပ်ခဲ့တဲ့ သင်္ဘောတွေထဲက တစ်စင်းပေါ့။ ဒီသင်္ဘောကိုဖော်ယူဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်တွေရယူပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖေဖော်ဝါရီမှာ Survey လုပ်တယ်။ ကျွန်တော်တို့က ဧပြီ ၅ ရက်နေ့ကဖော်တယ်။ သင်္ဘောက ၈၀ ရာခိုင်နှုန်း အကောင်းပကတိ ဖော်ယူရရှိပါတယ်။ ဒီသင်္ဘောကို ပြည်တွင်းကုန်စည်ပို့ဆောင်ဖို့နေရာမှာ သုံးဖို့ဖော်ရခြင်းပါ။ ရေအောက်မှာရှိတဲ့ နိုင်ငံရဲ့ သယံဇာတ တစ်ခုလုံး မဆုံးရှုံးသွားအောင် ဖော်ယူရခြင်း ရည်ရွယ်ချက်ပါ။ အခု NAFF သင်္ဘောကို ဒီလအတွင်းမှာ အပြီး ဖော်ယူမှာဖြစ်ပြီးတော့ အသေးစားပြုပြင်မှုတွေလုပ်ပြီးရင် စက်တပ်ဆင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖော်ယူမှု ကုန်ကျငွေခန့်မှန်းခြေ သိန်း ၁၅၀ ရှိ ပါမယ်။ သင်္ဘောကိုဝယ်မယ့်သူတွေ ဆီ သိန်း ၄၀၀နဲ့ ၆၀၀ ကြားမှာ ရောင်းချသွားမှာပါ''ဟု တာဝန်ယူ တူးဖော်နေသော ကိုစောမိုးကျော်က ပြောပြခဲ့ပါသည်။

ယခုဖော်ယူနေသော NAFF သင်္ဘောကို မန္တလေးမှ ရေငုပ်ကျွမ်းကျင်သူ ဦးခင်မောင်တင့် ဦးဆောင်သော စုစုပေါင်း ၁၂ ဦးအဖွဲ့က ဖော်ယူနေခြင်းဖြစ်သည်။
http://img62.imageshack.us/img62/663/w5372.jpg
''ရခိုင်မှာဆို ကျွန်တော်တို့အဖွဲ့က ကိုစောမိုးကျော်နဲ့အတူ ကျောက်ဖြူအနီးမှာ နစ်မြုပ်နေတဲ့ ပြည်တော်သာ သင်္ဘောနဲ့ဂျာလာကိုဘာ သင်္ဘောကိုဖော်ယူပြီးပါပြီ။ မြန်မာနိုင်ငံတစ်ဝန်းမှာဆို သင်္ဘောစီးရေ တစ်ရာကျော်ဖော်ယူတဲ့ အတွေ့အကြုံရှိပါတယ်။ နာဂစ်မှာနစ်သွားတဲ့ သင်္ဘောတွေကိုလည်း ဖော်ခဲ့ပါသေးတယ်။ အခု NAFF သင်္ဘောအကြောင်း ပြောရရင်တော့ သင်္ဘောကိုယ်ထည်ပိုင်းက အကောင်းပကတိ ရှိပါသေးတယ်။ သင်္ဘောကုန်းပတ် ပျဉ်ချပ်တွေက ဆေးတောင်မပြယ်သေးပါဘူး။ နစ်မြုပ်စဉ်ကဆို သင်္ဘောကအသစ်ပဲရှိပါမယ်။ ဖော်ယူရေးမှာတော့ မိုးရွာရင် ချောင်းရေပြည့်တော့ နည်းနည်းအခက်တွေ့ပါတယ်။ မိုးဆက်မရွာဘူးဆိုရင် နောက်တစ်ပတ်ဆို အပြီးဖော်ယူမှာပါ။ ဒီသင်္ဘောဖော်ယူခတော့ သိန်း ၁၀၀ ယူ ပါတယ်''ဟု ရေငုပ်ခေါင်းဆောင် ဦးခင်မောင်တင့်က ရှင်းပြပါသည်။
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၃ ခုနှစ်က ဘူးသီးတောင်ချောင်းနှင့် ချောင်းလက်တက်များတွင် သင်္ဘော ၇ စီး နစ်မြုပ်သွားခဲ့ကြောင်းနှင့် အချို့သင်္ဘော အစိတ်အပိုင်းတစ်ချို့ကို ဖော်ယူခဲ့ပြီးဖြစ်ကြောင်း၊ ယခု NAFF သင်္ဘောကိုသာ ပထမဆုံးစင်းလုံးဖော်ယူခြင်း ဖြစ်ကြောင်း သိရသည်။


''ဒီအနားတစ်ဝိုက်က ဒေသခံ သက်ကြီးဝါကြီးတွေနဲ့ ပိုက်သမားတွေ ပြောစကားအရဆိုရင် အခုဖော်တဲ့ သင်္ဘောနဲ့ ပေ ၂၀၀၀မှာ သင်္ဘောတစ် စင်း၊ ဘူးသီးတောင်ဆိပ်ကမ်းမှာနှစ်စင်း၊ ရွက်ညှိုးတောင်ရွာအနီးမှာ တစ်စင်း၊ လက်ဝဲဘက်ချောင်းဝမှာ တစ်စင်း၊ ချောင်းအတွင်းပိုင်းမှာ တစ်စင်းရှိတယ်လို့သိရတယ်။ ဒီသင်္ဘောဖော်ယူပြီးရင်တော့ အဆင်ပြေရင် နောက်သင်္ဘောတွေကိုလည်း ဆက်ဖော်ယူဖို့ စီစဉ်မှာပါ''ဟု ကိုစောမိုးကျော်က ဆက်လက်ရှင်းပြခဲ့သည်။


NAFF သင်္ဘောမှာ အိန္ဒိယကုမ္ပဏီ၏ သင်္ဘောဖြစ်ပြီး ဗြိတိသျှခေတ် က နတ်မြစ်အတွင်း ပြေးဆွဲခဲ့သည့် သင်္ဘောဖြစ်သဖြင့် NAFF ဟု အမည် ပေးထားခြင်းဖြစ်သည်ဟု သိရသည်။ ၂၀၀၆ ခုနှစ်မှစ၍ တူးဖော်မှုများပြု လုပ်ကြရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ခွင့်ပြုချက်ရယူပြီး ဒုတိယကမ္ဘာစစ် အတွင်းက နစ်မြုပ်ခဲ့သော သင်္ဘောများကို ပြန်လည်ဖော်ယူခြင်းဖြစ် သည်။ စစ်တွေဖောင်တော်ကြီး အရှေ့တောင်ဘက် မင်းကြီးကျောက်တန်း၏အရှေ့ဘက်ရှိ H.M.S. INDUS သင်္ဘော၊ ၁၉၅၆ ခုနှစ်က ကျောက်ဖြူမြို့အနီး နစ်မြုပ်ခဲ့သော ပြည်တော်သာသင်္ဘော၊ ကျောက်ဖြူ အမှတ် (၁)ဆိပ်ကမ်းအနီး နစ်မြုပ်ခဲ့သော အိန္ဒိယနိုင်ငံပိုင် ဘာမားစတန် ကုမ္ပဏီ၏ဂျာလာကိုဘာ သင်္ဘောနှင့် ၁၉၄၂ စစ်ပြေးဒုက္ခသည် တို့ကို ပို့ဆောင်သော မင်းဝသင်္ဘော၊ H.M.S. INDUS သင်္ဘောတို့ကိုလည်း ဖော်ယူခဲ့ပြီး ဖြစ်သည်။
Eleven Media Group

poohcartoon
06-24-2010, 10:28 AM
မင်္ဂလာဈေး၏ ပဉ္စထပ်မှ တတိယထပ် အထိကိုသာ ဖျက်သိမ်း၍ ပြန်လည်ဆောက်လုပ်
http://img267.imageshack.us/img267/1761/bi3134.jpg
မေလ ၂၄ ရက်တွင် မီးလောင်ခဲ့ရသော ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေး ၏ ပဉ္စမထပ်(ခေါင်မိုးထပ်)မှ တတိယထပ်၏ ခေါင်မိုးအထိကိုသာ
ဖျက်သိမ်းသွားမည်ဖြစ်ပြီး ယင်းအထပ်များကို ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မင်္ဂလာဈေး သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ မီးလောင်ခံခဲ့ရသော မင်္ဂလာဈေး၏ ပဉ္စမထပ်မှ တတိထပ်၏ ခေါင်မိုး (စတုတ္ထထပ်၏ကြမ်းပြင်) အထိမှာ အန္တရာယ်ရှိသောကြောင့် အန္တရာယ်မဖြစ်ပေါ်အောင် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဈေးကြီး အား ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ၍ ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
''မင်္ဂလာဈေး မီးလောင်ခံခဲ့ရတဲ့ အထပ်တွေကို ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။ ဖျက်သိမ်းတဲ့အထဲမှာ ခေါင်မိုးထပ်ကနေ တတိယထပ် ခေါင်မိုးအထိ ပါပါတယ်။ ဒီလိုဖျက်သိမ်းရတာကလည်း အန္တရာယ်မဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ မီးလောင်ခံခဲ့တဲ့ အထပ်တွေက အချိန်နာရီတော်တော် ကြာ မီးလောင်တာခံခဲ့ရတဲ့အတွက် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဈေးကြီး ကို ရန်ကုန်မြို့တော်စည်ပင်ကပဲ တာဝန်ယူပြီး ပြန်ပြင်ဆောက်သွားမှာ ပါ။ အခုလောလောဆယ်မှာ မီး လောင်တဲ့အထပ်တွေကို ဖျက်သိမ်းမှု တွေစပြီးလုပ်နေပါပြီ''ဟု မင်္ဂလာဈေး သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
မင်္ဂလာဈေးမီးလောင်မှုမှာ မေ လ ၂၄ ရက် နံနက် ၈ နာရီခွဲအချိန် တွင် စတင်ခဲ့ခြင်ဖြစ်ပြီး မေလ ၂၅ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်မှသာ မီးညွန့်ကို ထိန်းထားနိုင်ခဲ့ပြီးမီးစတင် လောင်ကျွမ်းချိန်မှ မီးလုံးဝငြိမ်းသွားသည့် အချိန်အထိ နာရီပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံတွင် အချိန်အကြာဆုံးမီးလောင်မှု စာရင်း ၀င်သွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန ၏ထုတ်ပြန်ချက်များအရသိရှိရသည်။
မင်္ဂလာဈေး၏ ပဉ္စမထပ်(ခေါင် မိုးထပ်)နှင့်စတုတ္ထထပ်တို့ ရှိကြမ်းခင်း နှင့်ခေါင်မိုး၊ ကွန်ကရိတိုင်များသည် မီးလောင်ခြင်းကို သာမန်အားဖြင့် ၄ နာရီခန့်သာခံနိုင်ရည်ရှိပြီး ယခု မီး လောင်ချိန်မှာနာရီပေါင်းများစွာ ကြာ မြင့်ခဲ့သဖြင့် ကွန်ကရိနှင့်သံချောင်းများ မှာ ခံနိုင်ရည်များကျဆင်းပြီး အားမ ကောင်းတော့ကြောင်းသိရသည်။
မင်္ဂလာဈေး မီးလောင်ခဲ့ရသော အထပ်များအား ပြုပြင်တည် ဆောက်ရာတွင် အချက်သုံးချက်ဖြင့် တည်ဆောက်သွားမည် ဖြစ်ပြီး ပထမအချက်အနေဖြင့် အလင်းရောင်များများရရှိရန်၊ ဒုတိယ အချက်အနေဖြင့် လေကောင်း လေသန့်ဝင်ရန်၊ တတိယအချက်အနေဖြင့် လှေကားပေါက်၊ တံခါးပေါက်များများဖောက်ကာ သွားလာရ အဆင်ပြေလွယ်ကူစေရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြုပြင်တည်ဆောက်နေဆဲ ကာလတွင် အန္တရာယ်မရှိပါက မြေညီထပ်မှ ဒုတိယထပ်အထိ ဆိုင်ခန်းများ ကို သက်ဆိုင်ရာအထပ်များ၌ ရောင်းချခွင့်ပေးရန် စီစဉ်နေကြောင်း သိရသည်။


Credit : Eleven Media Group

stylekglay
06-24-2010, 03:42 PM
july ၁ရက်မှစပြီးတော့ ရန်ကုန်မြို့တွင် လျှပ်စစ်မီးကို ၂၄ နာရီ ပေးတော့မည်ဟုတ်
သက်ဆိုင်ရာတစ်ယောက်ထံမှ သိရှိရပါတယ်...................
ပျော်စရာကြီးနော်....................အဟီး.......................
:haha: :haha: :haha: :haha: :haha: :haha: :haha:

phoeko
06-27-2010, 12:34 PM
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ လာတော့မည်...

စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မ၀င်စားသည်ဖြစ်စေ၊ လေ့လာထားသည်ဖြစ်စေ၊ ဘာသိဘာသာနေသည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျွန်တော်တို့အနေဖြင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးကို မလွဲမသွေ ကြုံတွေ့ဖြတ်သန်း ကြရတော့မည် ဖြစ်သည်။ ဥပဒေအရ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသည့် နိုင်ငံသားတိုင်းသည် မိမိဆန္ဒအတိုင်း မဲပေးခွင့်ရရှိကြမည် ဖြစ်သည်။ လက်ဝယ်ရရှိထားသည့် အခွင့်အရေးကို ကြိုက်သလိုဆုံးဖြတ်ပိုင်ခွင့် ရှိခြင်းသည် မိမိကိုယ်တိုင်၏ အခွင့်အရေးပင် ဖြစ်ပေသည်။ သို့သော် မိမိ၏ ဆုံးဖြတ်ချက်၊ ပြုမူချက်သည် မိမိအတွက်သော်လည်းကောင်း၊ မိမိနေထိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ တိုင်းဒေသ၊ နောက်ဆုံး တိုင်းပြည်အတွက်သော်လည်းကောင်း တစ်စုံတစ်ခု အကျိုးရှိပါ၏လော ဆိုသည်ကတော့ ထိုအခွင့်အရေးပိုင်ရှင်၏ အဆင့်အတန်းနှင့် များစွာပင် သက်ဆိုင်လှပေမည်။ လူတစ်ဦးနှင့်တစ်ဦးသည် ခံစားချက်များ၊ နားလည်မှုများ၊ ခံယူချက်များ တူညီနိုင်ကြမည် မဟုတ်ပါ။ ထိုကဲ့သို့ မတူညီသည်များကို မတူညီသည့်အတိုင်း ပြုမူပြောဆိုခွင့် လူတိုင်းတွင် ရှိသည်ကိုလည်း နားလည်မိပါသည်။

မည်သို့ပင်ဖြစ်စေ၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးကတော့ မနှေးအမြန်ဆိုသလို ရောက်လာပါတော့မည်။ ထီးလိုမင်းလိုဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်၊ လူတိုင်းသဘောကျချင်မှ ကျပါလိမ့်မည်။ သို့သော် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ဖြင့် ကြီးမားလှသည့် အလှည့်အပြောင်းကြီးတစ်ခု ဖြစ်သည်ဆိုသည်ကတော့ ငြင်းမရသည့်အချက် ဖြစ်ပါသည်။ မည်သည့်နိုင်ငံတွင်မှ ပြည်သူလူထုက ၁၀၀ ရာခိုင်နှုန်း ထောက်ခံသည့် အစိုးရဟူသည် မရှိပါချေ။ ထိုအရာကပင် ဒီမိုကရေစီသဘောဟု မြင်မိပါသည်။ ပြောချင်သည်မှာ တိုင်းပြည်အတွင်းရှိ ပြည်သူအားလုံး၏ ဆန္ဒများအားလုံးသာ တစ်ထပ်တည်း၊ တညီတညာတည်း ဖြစ်နေပါလျှင် ဒီမိုကရေစီစနစ်၊ ဘာစနစ်၊ ညာစနစ် စသည်ဖြင့် မည်သည့်စနစ်မှ လိုအပ်လိမ့်မည် မဟုတ်ပါချေ။ ယခုမူ ထိုကဲ့သို့ မဟုတ်သည့်အတွက်သာ မည်သည့်စနစ်ကို သဘောကျသည်၊ ဘယ်စနစ်က ပိုကောင်းသည်၊ ဘယ်အစိုးရကကောင်းသည်၊ ဘယ်ပါတီကမကောင်း စသည်ဖြင့် ကွဲလွဲနေကြခြင်း ဖြစ်ပါသည်။

ပြောခဲ့သလိုပင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် ကျွန်တော်တို့အတွက် ထူးခြားသည့် အပြောင်းအလဲတစ်ခု ဖြစ်ပါသည်။ တင်ဇာမော်၏ သီချင်းတစ်ပုဒ်ထဲက စာသားများအတိုင်း ပြောရပါလျှင် "ဒီခြေတစ်လှမ်းနဲ့ စတင်ဖို့သာလိုတယ်" ဟု ပြောရမလိုပင်။ ခရီးတစ်ခုကို ရောက်ဖို့အတွက် အရေးအကြီးဆုံးသည် ခြေတစ်လှမ်း အစပြုလိုက်ဖို့ပင် ဖြစ်ပါသည်။ ခြေတစ်လှမ်းသော်မှ မကြွမလှမ်းပါဘဲ၊ အိမ်ထဲတွင်ထိုင်ပြီး နေပူသည်၊ မိုးရွာသည်၊ လမ်းကြမ်းသည်၊ ခရီးဖော်ကို သဘောမကျဟု ဘေးထိုင်ဘုပြောနေရုံဖြင့် ဘယ်ခရီးကိုမှ ရောက်နိုင်လိမ့်မည် မဟုတ်ပါချေ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် အလုံးစုံပြည့်ဝသော ဒီမိုကရေစီစနစ်တစ်ခုကို ဖော်ဆောင်နိုင်လိမ့်မည်ဟု မည်သူကမျှ အာမ,မခံထားပါ။ သို့သော် အဆိုပါ ဒီမိုကရေစီပန်းတိုင်သို့ ရောက်အောင်သွားဖို့အတွက် အစဦးဆုံး ခြေလှမ်းတစ်လှမ်း ဖြစ်သည်ဆိုသည်ကိုတော့ နားလည်ကြဖို့ သင့်ပါသည်။

နက်ဖြန်ခါတွင် မိမိလုပ်ကိုင်မည့် လုပ်ငန်းများအတွက် လိုလေသေးမရှိအောင် အစီအစဉ်ချ၊ ပြင်ဆင်ထားပါသော်လည်း အရာအားလုံးသည် မိမိမှန်းဆထားသလို ဖြစ်လာတတ်သည်မဟုတ်ပါ။ မိမိအစီအစဉ်ထဲတွင် မပါဝင်သည့် ဧည့်သည်တွေ ရောက်လာနိုင်သည်၊ မမျှော်မှန်းနိုင်သည့် အဖြစ်အပျက်များနှင့် ကြုံတွေ့နိုင်သည်၊ ရှောင်လွဲမရသည့် လူမှုရေး၊ စီးပွားရေးအခက်အခဲများလည်း ကြုံနိုင်သည်ပင်။ ဤကား လူတစ်ဦး၏ ဘ၀လေးကို ဥပမာပြု၍ ဆိုခြင်းသက်သက်သာ။ အခုပြောနေသည်က လူတစ်ဦး၏ ဘ၀သေးသေးလေးမဟုတ်။ လူပေါင်းများစွာ၊ သန်းပေါင်းများစွာသော ပြည်သူလူထု၏ အရေးကိစ္စဖြစ်သည်။ ထို့အတွက် မည်မျှပင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားစေကာမူ အဆင်မပြေမှုများ၊ အနှောင့်အယှက်များ ပေါ်လာနိုင်သည်ပင်ဖြစ်သည်။ သို့သော် ထိုအချက်များကို ကြိုတင်တွေးတော ပူပင်နေပြီး ဘာမှမလုပ်ဘဲ ထိုင်နေမယ်ဆိုပြီး နေလို့လည်းဖြစ်မည် မဟုတ်ပေ။

အကွေ့အမျိုးမျိုးအတွက် တက်အမျိုးမျိုး လိုပါလိမ့်မည်။ ကိုယ်တိုင် ကြိုးစားလုပ်ကိုင်သူတွေအတွက် ဖြစ်ပါသည်။ အပင်ပန်းမခံဘဲ ဒီအတိုင်း လိုက်ပါမည်ဆိုလျှင်လည်း အခွင့်အရေးရှိပါသည်။ သို့သော် မိမိလိုက်မည့် လှေအကြောင်း၊ လှေသူကြီးအကြောင်း၊ လှေထိုးသားများအကြောင်းကိုတော့ သေသေချာချာ သိဖို့လိုပါလိမ့်မည်။ အန္တရာယ်နှင့်ကြုံလျှင် ကိုယ်လွတ်ရုန်းသွားမည့် လူတွေလား၊ မိမိအတွက် အသက်ပေးပြီး ကာကွယ်မယ့်လူတွေလား၊ မိမိလိုရာရောက်ဖို့ အမှန်တကယ် ဦးဆောင်ခေါ်သွားနိုင်မယ့်လူတွေလား စသည့် စသည့် မေးခွန်းများနှင့် မိမိကိုယ်တိုင် ဆုံးဖြတ်ကြရပါလိမ့်မည်။ လှေအသီးသီး၊ လှေသူကြီး အသီးသီးကတော့ သူတို့လှေသာ အကောင်းဆုံး၊ သူသာလျှင် အတွေ့အကြုံအများဆုံး၊ သူတို့လှေသာလျှင် ရာသီဥတုဒဏ်ကို အခံနိုင်ဆုံးဟု မွှန်းကြပါလိမ့်မည်။ မည်သူတစ်ဦးတစ်ယောက်ကသော်မျှ သူတို့လှေက သိပ်မကောင်းသည့်အတွက် ဘယ်လှေနဲ့လိုက်ပါဟု ပြောဆိုကြမည် မထင်ပါ။

ပြောလိုသည်မှာ အရာအားလုံးသည် မိမိကိုယ်တိုင်အပေါ်တွင်သာ မှီတည်နေပါသည်။ မိမိကိုယ်သာ ကိုးကွယ်ရာဆိုသော်လည်း လူဆိုသည်မှာ အရာအားလုံးကို တတ်နိုင်ကြသူများ မဟုတ်ပါ။ နယ်ပယ်အားလုံးတွင် ကျွမ်းကျင်လိမ္မာမည်သူဟူ၍ ရှိလိမ့်မည် မဟုတ်ပါ။ နေမကောင်းဖြစ်၍ ဖျားနာလျှင် ဆရာဝန်ကို အားကိုးရမည်၊ အဆောက်အအုံဆောက်လိုလျှင် အင်ဂျင်နီယာ၊ ဗိသုကာကို အားကိုးရမည်၊ စားစရာ၊ ၀တ်စရာများအတွက် တောင်သူလယ်သမားတွေကို အားကိုးရမည် စသည်ဖြင့် နယ်ပယ်အလိုက်၊ ကဏ္ဍအလိုက် ရှိကြပါလိမ့်မည်။ ယခုလည်း ရွေးကောက်ပွဲကြီး လာချေပြီ။ ရွေးကောက်ပွဲဟူသည် နိုင်ငံရေးပင်ဖြစ်သည်။ နိုင်ငံရေးဟူသည် နိုင်ငံသားအားလုံး (ပြည်သူအားလုံး) ၏ အရေးပင်ဖြစ်သည်။ မိမိသည်လည်း နိုင်ငံသားတစ်ဦး ဖြစ်သည့်အတွက် ထိုအရေးတွင် ကိုယ်တိုင်ပါဝင်ရတော့မည်။ သို့သော် နိုင်ငံရေးသည် မိမိမကျွမ်းကျင်သောနယ်ပယ်၊ မိမိနှင့် စိမ်းလှသောကဏ္ဍ ဖြစ်နေကောင်း ဖြစ်နေနိုင်ပါသည်။ ထိုအခါ ဆရာဝန်၊ အင်ဂျင်နီယာများကို အားကိုးသလိုပင် အခြားသော နိုင်ငံရေးသမားများကို အားကိုးရတော့မည်မှာ မလွဲပင်။ မည်သို့မည်ပုံ အားကိုးကြမည်နည်း၊ မည်သူ့ကို အားကိုးကြမည်နည်း။ ဆုံးဖြတ်ကြရတော့မည်။

အစိုးရတစ်ရပ်ကို ဆန့်ကျင်ပုန်ကန်မှု ပြုလုပ်ခြင်းကိုသာ နိုင်ငံရေးလုပ်သည်ဟု အများစုသော မြန်မာများက ထင်မြင်ယူဆထားကြသည်ဟု ကျွန်တော့်အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောလိုသည်။ အပြစ်တင်ခြင်း မဟုတ်ပါ။ ထိုသို့ဖြစ်နေရခြင်းသည် အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် ဆိုသည်ကိုလည်း ကောင်းစွာနားလည်နေပါသည်။ သို့သော် နိုင်ငံရေးအသိရေချိန် မြင့်လာဖို့ မကြိုးစားခြင်း၊ သိချင်စိတ်မရှိခြင်းကိုတော့ စိတ်မကောင်းဖြစ်မိသလို၊ စိတ်ဆိုးဒေါသလည်း ဖြစ်မိပါသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် အားမလိုအားမရ ဖြစ်သည့်ဒေါသဟု နားလည်ကြမည် ထင်ပါသည်။ မိမိနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် မိမိဆန္ဒအလျောက် မိမိယုံကြည်သူကို မဲထည့်ခြင်းသည်လည်း နိုင်ငံရေးလုပ်ခြင်း ဖြစ်သည်ဟု နားလည်ကြသူ အတော်နည်းပါးပါသည်။ နိုင်ငံရေးလုပ်ခြင်းသည် အပြစ်ကျူးလွန်ခြင်း မဟုတ်ပါ။ ထို့အတူ နိုင်ငံရေးဟူသည်မှာလည်း မစားကောင်း၊ မထိကောင်းသည့် အသီးမဟုတ်ပါ။

နိုင်ငံတွင်ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် မိမိပိုင်အခွင့်အရေးအရ မိမိကြိုက်နှစ်သက်သူကို မဲထည့်ခြင်းသည် နိုင်ငံသားတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းဟု ကျွန်တော်ယုံကြည်ပါသည်။ မိမိတစ်ယောက်၏ မဲတစ်ပြားသည် ဘာမှဖြစ်လာနိုင်သည်မဟုတ်ဟု မယူဆကြစေလိုပါ။ "တစ်စက်တစ်ပေါက် ကျဖန်များသော် အင်းနားချောင်းကန် ပြည့်သောဟန်" ဆိုသည့်သဘောကို မြန်မာတွေ ယဉ်ပါးအကျွမ်းဝင်ပြီး ဖြစ်ပါသည်။

လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မြန်မာတွေအားလုံးနီးပါး မဲပေးကြရတော့မည်။ မိမိပေးမည့် မဲသည် မည်သို့အကျိုးသက်ရောက်မည်၊ မည်ကဲ့သို့ ဖြစ်လာနိုင်စေသည်ကို သိရှိနားလည်ထားလျှင် (တစ်နည်း) ကိုယ်စီးသည့်မြင်းအကြောင်းကို ကောင်းကောင်းသိထားလျှင် ပိုမိုအဓိပ္ပါယ်ရှိလိမ့်မည်ဟု ယူဆပါသည်။

ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲပေးစနစ်ကို အောက်တွင် ဖြော်ပထားပါသည်။
http://img413.imageshack.us/img413/8789/2010electionvotingsyste.jpg
[အထက်ပါပုံသည် The VOICE Weekly ဂျာနယ်တွင် ဖော်ပြထားသောပုံ ဖြစ်ပါသည်]

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး မှန်ကန်စွာမဲပေးရင်း မြန်မာ့သမိုင်းစာမျက်နှာတွင် ပါဝင်နိုင်ကြပါစေဟု တိုက်တွန်းဆန္ဒပြုရင်း.....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၄ ရက်၊ တနင်္လာနေ့။
နံနက် ၁၁ နာရီ ၁၈ မိနစ်တွင်ပြီး၏။

credit to: http://www.myanmarthway.co.cc

ကိုထွန်း
06-27-2010, 03:00 PM
http://mizzimaburmese.com မှ ကူးယူဖော်ပြပါသည်။

တရုတ်ကုမ္ပဏီနှင့် ဖက်ဆက်လုပ်ကိုင်သော ငလှိုင်တွင်းဒေသ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ လာမည့်လလယ်တွင် စတင်အကောင်အထည်ဖော်မှာဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအရာရှိတဦးက ပြောသည်။

မကွေးတိုင်း စလင်းမြို့နယ်ရှိ ငလှိုင်တွင်းဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ရေးအတွက် မြန်မာနိုင်ငံတွင် အသစ်ဝင်ရောက်မြုပ်နှံလာသော တရုတ်ကုမ္ပဏီသစ် North Petro-Chem Coporation Ltd (NPCC) နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့ ဇွန် ၁၆ ရက်နေ့က စာချုပ်ချုပ်ခဲ့ကြသည်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်၏ ယခုလဆန်းက နှစ်ရက်တာ မြန်မာနိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့ပြီးနောက် စာချုပ်ချုပ်ဆိုမှု ဖြစ်ထွန်းခဲ့သည်။

အကျယ်အဝန်းအားဖြင့် ၁၀၀ စတုရန်းမိုင်ခန့်ရှိသည့် ငလှိုင်တွင်းဒေသတွင် ဇူလိုင်လလယ်အတွင်း ရှာဖွေတူးဖော်ရေးလုပ်ငန်းများ စတင်မည်ဖြစ်ပြီး ရေနံနှင့် သဘာဝဓါတ်ငွေ့ တွေ့ရှိမှုအပေါ် မူတည်၍ စာချုပ်သက်တမ်းအား တိုးသွားမည်ဟု သိရသည်။ ယေဘူယျအားဖြင့် ရှာဖွေရေးကာလကို ၃ နှစ်မှ ၅ နှစ်အထိ ခွင့်ပြုချုပ်ဆိုလေ့ရှိပြီး နှစ်ပေါင်း ၃၀ အထိ တူးဖော်ခွင့်ပေးလေ့ ရှိသည်ဟု ဆိုသည်။

ယခင်က ရေနံကျင်းပေါင်း ၁၅ဝဝ ခန့် ရှိခဲ့သည့် ငလှိုင်တွင်းဒေသ၌ ဒေသခံများက ကိုယ်ထူကိုယ်ထ တွင်းများဖြင့်သာ တူးဖော်ခဲ့ပြီး ရေနံတွင်းတတွင်းလျင် တရက် ပေပါ ၁ဝဝ မှ ၁၅ဝ ထိ ရရှိခဲ့ကြောင်း ယင်းဒေသ၌ ရေနံတူးဖော်မှု ၂ဝဝ၆ ခုနှစ်အထိ ၆ နှစ်ကြာ လုပ်ကိုင်ဖူးသော ချောက်မြို့နယ်မှ ဒေသခံတဦးက ပြောသည်။ သို့သော် လက်ရှိတွင်မူ ပြည်၊ ကျောက်ပန်းတောင်း၊ ချောက်၊ ရေနံချောင်းမြို့နယ်များရှိ ကျေးရွာများမှ လူ ၅ဝ ဦးခန့်သာ တူးဖော်နေသည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘောဝ ဓါတ်ငွေ့ ထုတ်လုပ်မှု လုပ်ကွက်ပေါင်း ၄၇ ကွက်ရှိရာမှ တရုတ် ကုမ္ပဏီများက ၂၃ ကွက် လုပ်ကိုင်နေပြီး အများဆုံးဖြစ်ပြီး မလေးရှားက ဒုတိယလိုက်သည်။

တရုတ်အစိုးရပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း CNPC က ရခိုင်ပြည်နယ် ကျောက် ဖြူမြို့မှ တရုတ်နိုင်ငံရွှေလီသို့ ဆက်သွယ်မည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခုကို တည်ဆောက်နေရာ ၂ဝ၁၃ ခုနှစ်တွင် ပြီးစီးမှာဖြစ်သည်။ ယင်းပိုက်လိုင်းများဖြင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများ မှ ရေနံနှင့် ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များကို တရုတ်သို့ တင်သွင်းမည်ဖြစ်သည်။

Credit to : ဖနိဒါ Reference : ဇွန်လ ၂၅ ရက် ၂၀၁၀ ခုနှစ် http://mizzimaburmese.com

ကိုထွန်း
06-27-2010, 03:10 PM
http://www1.voanews.com မှကူးယူဖော်ပြပါသည်။

ရာသီဥတုဖောက်ပြန်မှုတွေ ကြုံနေရတာမို့ ဆန်စပါးစိုက်ပျိုးဖို့ တောင်သူတွေ အနေနဲ့ စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။ မုတ်သုန်မိုး အ၀င်နောက်ကျတာ၊ မိုးခေါင်တာ စတဲ့ ရာသီဥတု မမှန်တဲ့အတွက် ဆန်စပါး အဓိက စိုက်ပျိုးရာ မြစ်ဝကျွန်းပေါ် ဒေသမှာသာမက ကျန်တခြား ဒေသတွေမှာပါ စပါးအထွက်နှုန်း ကျဆင်းနိုင်ကြောင်းလည်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေက အစီရင်ခံစာ ထုတ်ပြန် သတိပေးလိုက်ပါတယ်။

ဒီနှစ်မှာ အပူချိန် ထူးထူးကဲကဲ မြင့်မားတာ၊ မုတ်သုန်မိုး အ၀င်နောက်ကျတာ မိုးရာသီ ရောက်ပေမဲ့လည်း မိုးမမှန်တာ စတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ဆန်စပါး စိုက်ပျိုးသူ တောင်သူတွေ အနေနဲ့ စပါးအထွက်ကျမှာကို ပူပန်နေကြပါတယ်။ ရာသီဥတု ပူပြင်းလွန်းလို့ ရေပြတ်လပ်မှုတွေ ကြုံခဲ့ရသလို၊ မိုးအ၀င်နောက်ကျလို့ စိုက်ပျိုးရေးတွေ နောက်ကျခဲ့ရပြီး အခုအခါ မိုးကမမှန် ဖြစ်နေရဆဲမို့ အရင်ကလောက် စိုက်ကြပျိုးကြတာတွေ မရှိကြသလို၊ မြစ်ဝကျွန်းပေါ်ဒေသရဲ့ ကျန်စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ ငါးဖမ်းလုပ်ငန်း ဆားချက်လုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေ ရှိနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“လက်ရှိ ရှိနေတဲ့ လူတွေတောင်မှ ဆယ်ဧကပြည့်အောင် မလုပ်ကြဘူး။ တံငါလုပ်ငန်းတွေ ဆိုရင်လည်း အရင်နှစ်ကထက်စာရင် ငါးရမှုတွေ နည်းတယ်။ အခြား ရေထွက်ပစ္စည်း၊ ပုဇွန်၊ ဂဏန်း အဲဒါတွေကလည်း မနှစ်ကထက်စာရင် ဒီနှစ်ရတာ အရမ်းနည်းပါတယ်။ အခုရာသီဥတုကလည်း တစ်ရက်မိုးရွာပြီး၊ သုံးရက်လောက် မိုးရွာတဲ့ အနေအထား တွေ့ရတယ်။
မိုးတွေကလည်း အုံ့မည်းနေပြီး ရွာတယ်၊ ရွာပြီးတခါ ပြန်ပူလာရင်လည်း ၂ ရက် ၃ ရက်လောက် ဆက်တိုက်ပူတယ်။ မိုးက အရင်လို မိုးရာသီမျိုးလို ဆက်တိုက်ရွာတဲ့ ရာသီဥတုမျိုး မဟုတ်တော့ဘူး။ ရာသီဥတု အပြောင်းအလဲက ကျနော်တို့ဆီမှာ အဲဒီလို ဖြစ်နေတယ်။ နောက်တခုက အခုဘာဖြစ်လဲဆိုတော့၊ မနေ့ကဆိုရင် မိုးအုံ့ပြီး လေလည်း တော်တော်ကြမ်းကြမ်းတိုက်တယ်။ အဲဒါမျိုးတွေ တွေ့ရတယ်။ အမိုးတွေလန်တယ်၊ လူတွေ ထိတ်လန့်တကြား ပြေးတာတွေရှိတယ်။ မနေ့က နေ့ခင်းပိုင်း ၂ နာရီခွဲ လောက်က ဖြစ်သွားတာ။ မြစ်ထဲမှာလည်း လှိုင်းကြီးတာတွေရှိတယ်။ တချို့ လှေ ၂ စင်း ၃ စင်း တိမ်းမှောက်တာတွေ ရှိတယ်။”

ဒီလိုသာ မိုးမမှန်ဘူးဆိုရင်တော့ ဒီနှစ် ဆန်စပါး အထွက်ဆုတ်နိုင်တယ်လို့လည်း ဒီတပတ်ထဲ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) တို့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက တွက်ဆခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတ၀န်းက လယ်သမား ၃,၄၀၀ ကျော်ကိုမေးမြန်းပြီး ပြုစုထားတဲ့ ထုတ်ပြန်ချက်မှာ ရှေ့လာမယ့် သြဂုတ်လနဲ့ စက်တင်ဘာလတွေအထိ ရာသီဥတုဖောက်ပြန်မှုတွေ ဆက်ကြုံရမယ်ဆိုရင် လယ်သမားတွေ အနေနဲ့ စပါးအထွက် ၇၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းမှာကို စိုးရိမ် နေကြတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စပါးကျီလို့ ဆိုရမယ့် မြစ်ဝကျွန်းပေါ် ဒေသက ဆန်စပါးစိုက်ပျိုးရေး လုပ်ငန်းတွေမှာ လိုအပ်တဲ့ အထောက်အကူတွေ ဖြစ်တဲ့ မျိုးစပါး၊ ဓာတ်မြေသြဇာ၊ ထွန်ယက်ပစ္စည်း အလုံအလောက် မရနိုင်တာဟာလည်း စိုက်ပျိုးရေး လုပ်ငန်းတွေအတွက် ဆုတ်ယုတ်စရာ အခြေအနေတွေ ဖြစ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကျနော်တို့ တချို့ ကျန်နေတဲ့ အန်ဂျီအိုအဖွဲ့တချို့ကတော့ မျိုးစပါးနည်းနည်းပါးပါး တနိုင်တပိုင် ဝေတာတွေတွေ့ရတယ်။ ဒါပေမဲ့ ပြည့်စုံမှု မရှိဘူး၊ အနည်းအကျဉ်းလောက်ပဲ။ "

ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) တို့က ဇွန်လပထမပတ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဆိုရင်တော့ မြစ်ဝကျွန်းပေါ်ဒေသအပြင် ဆန်စပါးစိုက်ပျိုးရာ တခြားဒေသတွေမှာလည်း ရာသီဥတု ဖောက်ပြန်မှုဒဏ် ခံနေရပြီး၊ အဆိုးရွားဆုံး အဖြစ်နဲ့ကတော့ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်က ဒေသတွေ ပါဝင်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံသာမက ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာ့ဆန် တင်ပို့မှု အများဆုံး နိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံတွေမှာ ဆန်စပါး အထွက်နှုန်း ထိခိုက်မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ မိုးခေါင်ရေရှားမှုကြောင့် ဆန်စပါး အထွက်ဟာ ၄၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့သလို၊ ဆန်ဈေးဟာလည်း လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းနေလို့ လယ်သမားတွေ တွက်ချေမကိုက် ဖြစ်နေကြတာပါ။ ဒီအတွက် မေလထဲမှာတုန်းကတော့ ထိုင်းအစိုးရက စပါးဈေးကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပေမဲ့ ဒါတွေဟာ လုံလောက်မှုမရှိဖြစ်နေဆဲပဲလို့လည်း ဆန်စပါးလုပ်ငန်းရှင်တွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။

Credit to : အောင်လွင်ဦး Reference : http://www1.voanews.com

poohcartoon
06-28-2010, 10:43 AM
တပ်မတော်ခန်းမက ကားပြပွဲ
http://img638.imageshack.us/img638/6259/amodelisstandinginfront.jpg

ယခုနောက်ပိုင်း မြန်မာမော်ဒယ်များ၏ ၀တ်စားဆင်ယင်မှုမှာ နိုင်ငံတကာကို အမှီ လိုက်နေသည့် သဖွယ် မြင်တွေ့ရသည် (ဓာတ်ပုံများ - မိုးမခ)
ရန်ကုန်မြို့ ဦးဝိစာရလမ်း တပ်မတော် ခန်းမတွင် ယနေ့ စတင်ဖွင့်လှစ်သည့် မော်တော်ယာဉ်၊ မော်တော်ယာဉ်သုံး ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းပြပွဲတွင် တရုတ်နိုင်ငံဖြစ် ကားများ၊ မော်တော်ယာဉ် အပိုပစ္စည်းများနှင့် အခြား အိမ်သုံး ပစ္စည်းများကို ပြသရောင်းချခဲ့ကြသည်။
တရုတ်နိုင်ငံဖြစ် ကုန်တင်ယာဉ်ငယ်များ၊ ၉ ယောက်စီး၊ ၁၂ ယောက်စီး ဝေဂွန်ကားများ အဓိက ပြသခဲ့ပြီး ရန်ကုန်ပရိသတ်ကလည်း စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံထုတ် ကားများအား ပိုမို စိတ်ဝင်စားကြသော်လည်း တင်သွင်းခွင့် ပါမစ် ခက်ခဲခြင်း၊ ဈေးနှုန်း ကြီးမြင့်ခြင်း တို့ကြောင့် လူလတ်တန်းစား အလွှာများပင် မော်တော်ကား ၀ယ်စီးဖို့ရာ မလွယ်ကူပေ။

လွန်ခဲ့သည့် အနှစ်၂၀ ကျော်က ထုတ်လုပ်ခဲ့သည့် ဂျပန်လုပ် မော်တော်ကား တစ်စီးကို ကျပ် သိန်း ၁၀၀ ကျော်မှ ၂၀၀ ကျော်ပေးပြီး ၀ယ်ယူနေကြရသည့် အတွက် ယခုလို ကားအသစ်ကို ကျပ်သိန်း ၂၅၀ ကျော် ဆိုသည့် အတွက် စိတ်ဝင်စား ကြခြင်းဖြစ်သည်။

သို့သော် တရုတ်နိုင်ငံဖြစ် ပစ္စည်း အများစုဖြင့် ဆင်ထားသည့် ကားဖြစ်သောကြောင့် တချို့ကလည်း နှစ်သက်မှု မရှိကြကြောင်း တွေ့ရသည်။
တပ်မတော်ခန်းမ (အင်ဗွိုင်း ခန်းမ) တွင် ယနေ့ စတင် ဖွင့်လှစ်သည့် မော်တော်ကား နှင့် အိမ်သုံးပစ္စည်း ပြပွဲ မြန်မာ မော်ဒယ်တစ်ဦးကို တရုတ်နိုင်ငံဖြစ်ကားများနှင့် တွေ့ရစဉ်၊ ယခုနှစ်များ အတွင်း စီးပွားရေး ကုန်စည်ပြပွဲများတွင် လူစိတ်ဝင်စားမှု များပြားစေရန် မော်ဒယ်အင်အား ပိုမို သုံးလာကြသည်။ တရုတ်ပြည်ဖြစ်ကားများအား စိတ်ဝင်တစား ကြည့်နေသည့် မြန်မာကား ၀ယ်ရောင်းများ၊ ပွဲစားများနှင့် သုံးစွဲသူများ ကျပ်သိန်း ၁၈၀ တန် တရုတ်ဖြစ် ကုန်တင်ယာဉ်ငယ် တစီးနှင့်အတူ တွေ့ရသည့် မြန်မာမော်ဒယ် တဦး။ တရုတ်ဖြစ် မိသားစုသုံး ဝေဂွန်ကား တစ်စီးကို ကြည့်ရှုနေသူများ။ အဆိုပါကားမှာ ကျပ် ၂၅၈ သိန်း ဟု တန်ဖိုး ဖေါ်ပြထားသည်။ ပရိသတ်က တရုတ်ဖြစ် ကားများရော မြန်မာမိုဒယ်များကိုပါ စိတ်ဝင်စားကြသည်။
http://img822.imageshack.us/img822/9524/27902233.jpghttp://img820.imageshack.us/img820/5103/26908502.jpg
http://img337.imageshack.us/img337/8728/71560520.jpghttp://img180.imageshack.us/img180/2571/90035024.jpg


@မိုးမခ

poohcartoon
06-28-2010, 06:04 PM
ပုဂ္ဂလိက ဘဏ်များတွင် Debit Card များ သုံးစွဲရန်ရှိ
ဘဏ်စာရင်းတွင် ထည့်သွင်းထားသော ငွေကြေးပမာဏ အတိုင်းအတာအတွင်း ငွေထုတ်ယူခြင်း ပြုလုပ်နိုင်မည့် အပြင် အွန်လိုင်းမှ ငွေကြေး လွှဲပြောင်းမှု ပြုလုပ်နိုင်မည့် Debit Card များကို မကြာမီ ပေါ်ပေါက်လာမည့် ပုဂ္ဂလိက ဘဏ်များတွင် သုံးစွဲလာကြရန် ရှိကြောင်း ထိုဘဏ်အချို့ အတွက် လိုအပ်သည့် ဟာ့ဒ်ဝဲပိုင်း ဆိုင်ရာ ၀န်ဆောင်မှု ပေးနေသော Micro Peacock ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကုမ္ပဏီ အနေဖြင့် အဆိုပါ Debit Card များတွက် ၀န်ဆောင်မှုကို ဆော့ဖ်ဝဲပိုင်း ဆိုင်ရာ ပံ့ပိုးပေးသည့် ACE ကုမ္ပဏီနှင့် ပူးပေါင်းပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။ ပုဂ္ဂလိက ဘဏ်များတွင် အသုံးပြုမည့် Debit Card စနစ်မှာ ATM စနစ်သုံး စက်များဖြင့် တွဲဖက် သုံးစွဲမည့် Smart Card အမျိုးအစားဝင် Debit Card ဖြစ်ပြီး ငွေသွင်း၊ ငွေထုတ်ခြင်းများကို အလိုအလျောက်လည်း ၀င်ရောက် စစ်ဆေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ Debit Card များနှင့် ပတ်သက်၍ နည်းပညာကျွမ်းကျင်သူတစ်ဦးက Debit Card များအနေဖြင့် ဘဏ်တစ်ခုတည်း အောက်တွင်ရှိသည့် ဘဏ်အကောင့်များ ဆီသို့သာ ငွေကြေး လွှဲပြောင်း နိုင်ရုံသာမက အခြားဘဏ်များ အောက်တွင်ရှိသော ဘဏ်အကောင့်များကိုလည်း လွှဲပြောင်းနိုင်ပါက သုံးစွဲရာတွင် ပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ Debit Card များ ပေါ်ပေါက်လာမည့် အနေအထားနှင့် ပတ်သက်၍ ကေအမ်ဒီ ကွန်ပျူတာ ဂရုပ်ဥက္ကဋ္ဌ ဦးသောင်းတင်ကလည်း “နိုင်ငံတကာက ဘဏ်တွေမှာ Credit Card ကို သုံးစွဲနေပေမယ့် Debit Card ဟာလည်း အဆင်ပြေစေပါတယ်။ Credit Card ဟာ Life မှာ Management မလုပ်တတ်ခဲ့ရင် အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်။ ဘဏ်တွေဘက်ကလည်း အန္တရာယ် များတယ်။ ဒီမှာက Family Business တွေနဲ့ သွားနေတာဆိုတော့ Debit Card တွေက အဆင်ပြေတယ်။ Card တွေရလာရင် Physical Process မရှိဘဲနဲ့ Online Complete ဖြစ်နိုင်တယ်။ ဒီတော့ e-Commerce အသွင်အပြင်လည်း ပြောင်းလာနိုင်တယ်။ အားနည်းချက် အနေနဲ့ကတော့ Security ပိုင်းပေါ့”ဟု သုံးသပ်သည်။ ထိုကဲ့သို့ Debit Card များ ပေါ်ပေါက်လာသည့် အချိန်တွင် သုံးစွဲသူများ အနေဖြင့်လည်း အွန်လိုင်းနှင့် ပတ်သက်၍ ရင်းနှီးကျွမ်းဝင်မှုများ ရှိလာသည့်အတွက် ဘဏ်များအတွက် ဈေးကွက် အခြေအနေ ကောင်းနိုင်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

@ခေတ်လူငယ်

kosithuag
06-28-2010, 08:30 PM
ဗီယက်နမ် စီးပွားရေး လုပ်ငန်း ရှင်များ မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင်း ဝင်ရောက် ဖွယ်ရှိ

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဈေးကွက် တွင်းသို့ ဗီယက်နမ် စီးပွားရေး လုပ်ငန်း ရှင်များ ဝင်ရောက် လာဖွယ် ရှိကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ် (UMFCCI) တွင် ဇွန်လ ၁၇ ရက် နေ့က ကျင်းပ ပြုလုပ်သည့် မြန်မာ - ဗီယက်နမ် စီးပွားရေး ကိုယ်စားလှယ်များ အဖွဲ့ တွေ့ဆုံ ဆွေးနွေး ပွဲသို့ တက်ရောက် ခဲ့သူ တစ်ဦးက ပြောကြား သည်။ ဒီမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် လာမေးကြတာ။ လက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက် အနေ အထားတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး တင်ပြခဲ့တယ်ဟု အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (ဖွဲ့စည်းဆဲ) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ လက်ရှိ အိမ်၊ ခြံ၊ မြေဈေးကွက် အတွင်းသို့ ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များ ဝင်ရောက် လာပါက အထူး သဖြင့် အလုပ်အကိုင် အခွင့် အလမ်း နှင့် နည်းပညာများ ပိုမို အဆင်ပြေ စေနိုင်မည် ဖြစ်ကြောင်း၊ ဗီယက်နမ် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့မှ နေ၍ အခြား စီးပွားရေး လုပ်ငန်းများ နှင့် အတူ နောက်ဆက်တွဲ အနေဖြင့် အိမ်၊ ခြံ၊ မြေ အခန်း ကဏ္ဍ ကိုလည်း ပူးတွဲ ရင်းနှီး မြှုပ်နှံ သွားရန် ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။ အိမ်၊ ခြံ၊ မြေ အခန်းကဏ္ဍက ချန်ထားလို့ မရ တဲ့ ကိစ္စပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်လာမယ် ဆိုရင်တော့ နှစ်ဦး နှစ်ဖက် အကျိုး ရှိနိုင်တယ်ဟု မဏ္ဍိုင်အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ ဒါရိုက်တာ ဦးသန်းဦးက ပြောကြားသည်။

ဗီယက်နမ်နိုင်ငံ ဘဏ်တစ်ခု ဖြစ်သော ဗီယက်နမ် ရင်းနှီး မြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး ဘဏ် (Bank of Investment and Development of Vietnam) ဘဏ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ် နိုင်ရန် အတွက် လျှောက်ထားပြီး ဖြစ်ကြောင်း မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) တွင် ပြုလုပ် သော ဗီယက်နမ် - မြန်မာ အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲ ၂၀၁၀ ၌ BIDV ပြခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ BIDV ဘဏ်ခွဲ ဖွင့်လှစ်ခွင့် လျှောက်ထားဆဲ ဖြစ်သော်လည်း BIDV ကိုယ်စားလှယ် ရုံးကိုမူ ဧပြီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ Ruby Land ဟိုတယ်တွင် ဖွင့်လှစ်ပြီး ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။ ဘဏ်ခွဲ ဘယ်တော့ စဖွင့်မယ် ဆိုတာ ကိုတော့ မပြောနိုင်သေး ပါဘူး။ လျှောက်ထား ဆဲပဲ ရှိပါ သေးတယ်ဟု ၄င်းက ဆိုသည်။ ဘဏ်ခွဲ ဖွင့်လှစ်ရန် နှင့် လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် သတင်း အချက် အလက်များ စုဆောင်းနေကြောင်း ၄င်းက ဆိုသည်။ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ဘဏ်များ နှင့် တွေ့ဆုံခြင်း၊ စီးပွားရေး သတင်း အချက် အလက်များ စုဆောင်း ခြင်းသာ ရှိနိုင်ပြီး ဘဏ်ခွဲ ကဲ့သို့ ဘဏ်လုပ်ငန်း ဆိုင်ရာများ လုပ်ဆောင်၍ မရနိုင်ကြောင်း ဘဏ် လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူ ဦးဝင့်ကျော်က သုံးသပ် ပြောကြားသည်။

BIDV ကိုယ်စားလှယ်ရုံး အနေဖြင့် မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံ စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှု မြှင့်တင်ခြင်း နှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း အစီအစဉ် များတွင် အထောက် အကူ ရမည် ဖြစ်ကြောင်း ဗီယက်နမ်မှ လာသော The Voice of Vietnam သတင်းတွင် ဖော်ပြ ထားသည်။ ဗီယက်နမ် ဝန်ကြီးချုပ် ၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း နှစ်နိုင်ငံဘဏ် အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှု စာချွန် လွှာကို လက်မှတ် ရေးထိုး ခဲ့ရာ ယင်းတွင် ဗီယက်နမ် နိုင်ငံတော် ဘဏ်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ရေး တို့လည်း ပါဝင်သည်။ BIDV ဘဏ်ခွဲကို အမေ ရိကန် ဒေါ်လာသန်း ၅၀ ရင်းနှီး မြှုပ်နှံ၍ ကမ္ဘောဒီးယား နိုင်ငံတွင် ၂၀ဝ၇ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ဗီယက်နမ် နိုင်ငံ၌ ဘဏ်ခွဲ ၁၆၀ ကျော် ရှိသည်။ ဗီယက်နမ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှု အပိုင်းတွင် ရေလုပ်ငန်းကို အဓိက ရည်ရွယ် ဆောင်ရွက် သွားရန် ရှိကြောင်း ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ် အချို့တွင် ဖော်ပြပါရှိသည်။ ပြည်တွင်း အိမ်ခြံမြေ အကျိုး ဆောင် လုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေး ဆောင်ရွက်ခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများက ပြောကြား The Voice ဂျာနယ်တွင် ဖော်ပြထား သည်။
@ဟံသာဝတီ

kosithuag
06-28-2010, 08:31 PM
အခြေခံပညာ ကျောင်းများ၏ ပရ၀ဏ်နှင့် ဆက်စပ်လျက်ရှိသည့် ပေ၃၀၀ အတွင်း ဆေးလိပ် ကွမ်းယာဆိုင်များ နှင့် ဗီစီဒီရောင်းချခွင့် စတင်ပိတ်ပင်

http://first-11.com/images/stories/main/we5383.jpg

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများ၏ ပရ၀ဏ်နှင့်ဆက် စပ်လျက်ရှိသည့်ပေ ၃၀၀ အတွင်း၌ ဆေးလိပ်၊ ကွမ်းယာဆိုင်နှင့် ဗီစီဒီများ ရောင်းချခွင့်ကို စတင်ပိတ်ပင် လိုက်ပြီဖြစ်ကြောင်း ကျောင်းအုပ်ကြီးများ၏ ပြောကြားချက်များအရ သိရှိရသည်။ အခြေခံပညာကျောင်းများနှင့် ဆက်စပ်လျက်ရှိသည့် ပြင်ပနေရာများတွင် ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေးကို ဂရုမပြုဘဲ ရောင်းချလျက်ရှိသော အသားကင်ဆိုင်များ၊ ယင်နားနိုင်သည့် အစားအစာများ၊ ဆိုးဆေးများပါဝင်သည့် ဖျော်ရည်များအနက် ဆေးလိပ်နှင့် ကွမ်းယာဆိုင်များကို ပေ ၃၀၀ အတွင်း ရောင်းချခွင့်မပြုတော့ကြောင်း သိရှိရသည်။


''အခုနှစ် ကျောင်းဖွင့်ရာသီမှာ အခြေခံပညာကျောင်းနဲ့ ဆက်စပ်နေတဲ့ ပေ ၃၀၀အတွင်းမှာ ဆေးလိပ်နဲ့ ကွမ်းယာဆိုင်တွေကိုရောင်းချ ခွင့်လုံးဝမပြုတော့ဘူး။ ဒီဆိုင်တွေ ကိုလည်း ကျွန်တော်တို့ တာဝန်ရှိသူတွေက ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်မယ်။ အဲဒီအခါမှာပိတ်ပင် ထားတဲ့နယ်မြေအတွင်းမှာ ရောင်းချ နေတာတွေ့ရှိရင် သက်ဆိုင်ရာ ရပ် ကွက်ရဲ့တာဝန်ရှိသူတွေနဲ့ စည်ပင်က တာဝန်ရှိသူတွေက အရေးယူသွားပါမယ်။ ကျွန်တော်တို့ကျောင်းက တာဝန်ရှိသူတွေ အနေနဲ့ကလည်း သက်ဆိုင်ရာမြို့နယ်ရဲ့ ကျန်းမာရေးဌာနကို အမြဲတမ်းတင်ပြသွားမှာပါ။ ဒီလို ကျောင်းရဲ့ နီးစပ်ရာ ပေ ၃၀၀ အတွင်းမှာ ပိတ်ပင်လိုက်တဲ့အကြောင်း ကလည်းကျောင်းသား၊ ကျောင်းသူ တွေရဲ့ကျန်းမာရေးကို မထိခိုက်စေဖို့နဲ့ အမြင်တွေ့ရှိမှုနဲ့ ထိတွေ့မှု ဝေးသွားအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အရင်နှစ်တွေကဆိုရင် ကျောင်းရဲ့ နီးစပ်ရာနေရာတွေမှာ ကွမ်းယာနဲ့ ဆေးလိပ်ဆိုင်တွေ ရောင်းချတယ်။ အဲဒီအခါမှာ ကျောင်းသား၊ ကျောင်း သူတွေက ဆေးလိပ်သောက်တဲ့သူ တွေ၊ ကွမ်းယာစားတဲ့သူတွေကို တွေ့မြင်ပြီးတော့ သင်ယူစရာ မှား မှာကိုလည်း စိုးရိမ်ခဲ့ရပါတယ်''ဟု အ.ထ.က(၁)ဒဂုံမြို့နယ်မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ကိုကို က ပြောကြားခဲ့သည်။


အလားတူ ကျောင်းပြင်ပရှိ ကွမ်းယာနှင့်ဆေးလိပ်ဆိုင်များအပြင် ကျောင်းသူ၊ ကျောင်းသားများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည့် အစားအစာရောင်းချသည့် ဆိုင်များ ကိုလည်း အရေးယူရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


ရန်ကုန်တိုင်း မိခင်နှင့်ကလေး ကျောင်းကျန်းမာရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးကလည်း ''ကျွန်မတို့ အဖွဲ့အနေနဲ့က ကျောင်းအတွင်းမှာ ရောင်းချနေတဲ့ အစားအစာတွေ၊ ဈေးသည်တွေကို ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊ မရှိ အမြဲတမ်း စစ်ဆေးပါတယ်။ နှစ်တိုင်းလည်း ကျောင်းအတွင်းမှာ ဈေးရောင်းချသူတွေကို ဆီး၊ ၀မ်း၊ သွေး စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဆေးအောင်မြင်သူတွေကိုသာ ရောင်းခွင့်ပြုတာပါ။ ဒါပေမယ့် ကျောင်းပြင်ပနီးစပ်ရာ ပရ၀ဏ်မှာ ကျောင်းသားတွေကို ကျန်းမာရေး ထိခိုက်နိုင်တဲ့ အစားအစာရောင်းချ တာတွေ၊ ဆေးဆိုးထားတဲ့ အသားကင်ဆိုင်တွေကို အခုအချိန်ထိ တွေ့နေတုန်းပါပဲ။ ကျောင်းပြင်ပကို ကျွန်မတို့အဖွဲ့အနေနဲ့ ထိန်းသိမ်းဖို့ဆိုတာ မလွယ်ဘူး။ အဲဒါကြောင့်မို့လို့ သက်ဆိုင်ရာကျောင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ကျောင်းသားမိဘတွေ ကို ဘယ်လိုအစားအစာတွေ မစားသင့်ဘူးဆိုတာကို လစဉ်ပညာပေး ဟောပြောပွဲတွေ ပြုလုပ်ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။


ကျောင်းတွင်းနီးစပ်ရာပရ၀ဏ် အတွင်း ရောင်းချလျက်ရှိသော ဈေးသည်များကို ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးနှင့် ညီညွတ်စေရန် စည်းကမ်းရှိစွာဖြင့် ရောင်းချရန်အတွက် ခေါ်ယူ၍ပညာပေး ဟောပြောမည်ဖြစ်ပြီး လိုက်နာမှုမရှိသည့် ဈေးသည်များကို ထိရောက်စွာအရေး ယူရန်အတွက် သက်ဆိုင်ရာဌာနသို့လည်း တင်ပြသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး တစ်ဦးကလည်း ပြောကြားခဲ့သည်။


@Eleven Media Group

မောင်သုည
06-29-2010, 05:10 PM
ရန်ကုန်တွင် ၂၄ နာရီ လျှပ်စစ်မီး ပေးတော့မည်
ရန်ကုန်တွင် လာမည့်လဆန်းမှ စတင်၍ လျှပ်စစ်မီး ၂၄ နာရီပေးမည်ဟု
မြို့တော် လျှပ်စစ်ပေးရေးအဖွဲ့ အကြီးတန်းအရာရှိတဦး အဆိုအရ သိရသည်။
အပြည့်အစုံကိုအောက်ကလင့်မှာဝင်ဖတ်ကြပါဗျို့။

http://www.mizzimaburmese.com/news/inside-burma/5604-2010-06-28-13-17-19.html

မှန်မမှန် ကိုတော့ သဘက်ခါ ၀၁.၀၇.၂၀၁၀ ရက်နေ့ကြရင် သိရမှာ :4: :4:

poohcartoon
06-29-2010, 08:44 PM
အထွက်တိုးအောင် စိုက်ပျိုးနိုင်သည့် တောင်သူများကို အိမ်နီးချင်းနိုင်ငံများသို့ လေ့လာရေးစေလွှတ်မည်
http://yangonmedia.net/news/imagelibrary/LocalNews/LocalNews_406.jpg
ရန်ကုန်၊ ဇွန် ၂၂- ထူးထူးခြားခြား အထွက်တိုးသည့် တောင်သူများကို အိမ်နီး ချင်းနိုင်ငံတို့၏ စိုက်ပျိုးမှုအခြေအနေ လေ့ လာရေးစေလွှတ်ပေးမည်ဖြစ်ကြောင်း မြန်မာ့ သြဘာလုပ်ငန်းစုကုမ္ပဏီလီမိတက်မှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။
ယင်းသို့ စေလွှတ်မည့်သူများ မှာ မြန်မာ့သြဘာ၏ စိုက်ပျိုးရေးသုံးဓာတု ဆေးများကို ၀ယ်ယူအသုံးပြုသူတို့အတွက် ဖြစ်သည်။
''သူများနိုင်ငံတွေ ဘယ်လိုစိုက် တယ်။ အထွက်တွေ ဘယ်လိုတိုးတယ် ဆိုတာ လေ့လာလို့ရတာပေါ့''ဟု မြန်မာ့ သြဘာလုပ်ငန်းစု ကုမ္ပဏီလီမိတက်အထွေ ထွေ မန်နေဂျာဦးသန်းတင့်က ပြောသည်။
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်ရှိ တောင်သူ များကို မြန်မာ့သြဘာမှ နေပြည်တော် ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးနှင့် ရန်ကုန် ပတ်ဝန်းကျင် ဘုရားဖူးခရီးစဉ်ကို ဇွန်လ အတွင်း ပို့ဆောင်ပေးခဲ့သည်။
''ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာ ၀တီတိုင်းက တောင်သူတွေအတွက်လာ မယ့် စက်တင်ဘာလထဲမှာ နေပြည်တော် ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးနဲ့ ပုဂံ-ညောင်ဦး ဘုရားဖူးခရီးစဉ်ကို စီစဉ်ထားပါတယ်''ဟု မြန်မာ့သြဘာလုပ်ငန်းစုကုမ္ပဏီလီမိတက်၏ ဒါရိုက်တာဦးချိုဝင်းလှိုင်က ပြောသည်။
ဇွန် ၁၈ရက်က Western Park Royal စားသောက်ဆိုင်တွင် တောင်သူများ ဘုရားဖူးခရီးစဉ်နှင့် မိတ်ဆုံညစာစားပွဲကို မြန်မာ့သြဘာလုပ်ငန်းစုကုမ္ပဏီလီမိတက်က စီစဉ်ပေးခဲ့ကြောင်း သိရသည်။

@yangonmedia.net

poohcartoon
06-29-2010, 08:48 PM
မြန်မာ့ပထမဆုံးပုဂ္ဂလိကအင်ဂျင်နီယာတက္ကသိုလ် AIT က MCC၊ ILBC တို့ နှင့် ပူးပေါင်းဖွင့်မည်
http://yangonmedia.net/news/imagelibrary/LocalNews/LocalNews_401.jpg
ရန်ကုန်၊ မြန်မာ့ပထမဆုံးပုဂ္ဂလိက အင်ဂျင်နီယာတက္ကသိုလ်အား အရှေ့ တောင်အာရှဒေသတွင် နာမည်ကြီး AIT နှင့် မြန်မာနိုင်ငံမှ MCC, ILBC တို့ပူးပေါင်း၍ စက်တင်ဘာတွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပုဂ္ဂလိကအင်ဂျင်နီယာ တက္ကသိုလ်အတွက် Foundation Course အား ILBC မှ တာဝန်ယူ သင်ကြားမည်ဖြစ်ကာ တက္ကသိုလ် ပထမနှစ်နှင့် ဒုတိယနှစ်တို့ကို MCC မှ တာဝန်ယူသင်ကြားမည်ဖြစ်ပြီး သုံး နှစ်စလုံးကို ပြင်ဦးလွင်ရှိ MCC Trai- ning Institute (ရတနာပုံ)တွင် တက်ရောက်ရမည်ဖြစ်ကြောင်း သိရ သည်။
ထို့နောက် တတိယနှစ်နှင့် စတု တ္ထနှစ်တို့အား ထိုင်းနိုင်ငံဗန်ကောက် မြို့ရှိ AIT Main Campus တွင်တက် ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
''ရတနာပုံမှာ တက်ရမယ့်အ တွက်ကလေးတွေအတွက် AIT Main Campus မှာတက်ရတာနဲ့ မခြားတဲ့ ပတ်ဝန်းကျင်ကို ခံစားနိုင်ပါလိမ့်မယ်။ ဒီအတွက် ဗန်ကောက်မှာတက်ရတဲ့ အခါ အခက်အခဲမရှိအောင်မြင်ပါလိမ့် မယ်''ဟု MCC မှ CEO ဒေါ်ချော ခင်ခင်က ပြောသည်။
ထို့နောက် အဆိုပါပုဂ္ဂလိက အင်ဂျင်နီယာတက္ကသိုလ်တွင် သတင်း နှင့်ဆက်သွယ်ရေးဘာသာရပ် Telecommunications နှင့် Mechatronics ဘာသာရပ်တို့သင်ကြားမည် ဖြစ်ပြီး B.Sc ဘွဲ့ရရှိမည်ဖြစ်ကာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပျမ်းမျှတစ်ဘာသာအမှတ် ၆၀ရရှိသူ များ လျှောက်ထားနိုင်ကြောင်းသိရ သည်။

@yangonmedia.net

poohcartoon
06-29-2010, 09:00 PM
ရခိုင်ပြည်နယ်တွင် တတိယမြောက် ဆင်ဖြူတော် ထပ်မံတွေ့ရှိ
မြန်မာပြည် အနောက်ပိုင်း နယ်စပ်ဒေသဖြစ်သော ရခိုင်ပြည်နယ် မောင်းတော မြို့နယ်အတွင်း မေယုတောင်တန်းပေါ်ရှိ တောနက်ထဲတွင် တနင်္ဂနွေနေ့က ရှားပါးသော ဆင်ဖြူတော် ဖစ်ဆီးရမိကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။

ထိုဆင်ဖြူတော်မှာ အသက် ငယ်ရွယ်ပြီး ကိုယ်ခန္ဒာ အရွယ်အစားလည်း အတန်ငယ် သေးငယ်ကာ ခန္ဒာကိုယ်တွင် ပန်းနုရောင် နှင့် မျက်လုံးတွင် ပုလဲရောင် ရှိကြောင်းသိရသည်။
http://img821.imageshack.us/img821/2162/95893933.jpg
ဆင်ဖြူတော်ကို မြန်မာ့သစ်တောဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂုလ်များက ဒေသခံ ရွာသားများ အကူအညီဖြင့် မောင်းတောမြို့နယ် အနောက်မြောက်ပိုင်း ဖက်ဝပ်ချောင်း ကျေရွာအနီး တောနက်ထဲတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ ဆင်ဖြူတော်ကို လေ့ကျင့်သင်ကြားရန် ငါးခူရ ကျေးရွာ နယ်စပ်ကွပ်ကဲရေးစခန်းသို့ မနေ့က ခေါ်ဆောင်လာပြီး ၇ ရက်ခန့် လေ့ကျင့် သင်ကြားပြီးပါက နေပြည်တော်သို့ ပို့ဆောင်မည်ဟု သိရသည်။
http://img339.imageshack.us/img339/3017/25353095.jpg
ယခုဖမ်းဆီးရမိသော ဆင်ဖြူတော်မှာ မြန်မာနိုင်ငံတွင် တတိယမြောက် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ် နှင့် ၂၀၀၂ ခုနှစ်အတွင်းတွင်လည်း အဆိုပါ မေယု တောင်တန်းပေါ်မှပင် ရှားပါး ဆင်ဖြူတော်နှစ်ကောင် ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်မြို့ ကျောက်တော်ကြီးဘုရား တည်ရှိရာ မင်းဓမ္မကုန်းတော် အနီးတွင်အများပြည်သူ ကြည့်ရှုနိုင်ရန် ထားရှိခဲ့သည်။

@Narinjara

poohcartoon
06-29-2010, 09:07 PM
ရန်ကုန် ကားပြပွဲ အိမ်စီးကားများ စံချိန်တင် အရောင်းအဝယ်ဖြစ်
ရန်ကုန်မြို့၊ ဦးဝိစာရလမ်း တပ်မတော်ခန်းမတွင် ၂၆-၆-၂၀၁၀ ရက်မှ ၂၈-၆-၂၀၁၀ ရက်ထိ သုံးရက်တာ ကျင်းပခဲ့သည့် မော်တော်ကားနှင့် နေထိုင်မှုဆိုင်ရာ ထုတ်ကုန် ပစ္စည်းများ ပြပွဲ (Auto Mobile & Living Products Show) တွင် စတင် ရောင်းချသည့် မှစ၍ ကား အရောင်းအဝယ် စံချိန်တင် ဖြစ်ပေါ်ခဲ့ကာ အထူးသဖြင့် အိမ်စီးကား(ဇိမ်ခံကား)များ အရောင်းအဝယ် အများဆုံး ဖြစ်ခဲ့ကြောင်း အဆိုပါ ပြပွဲတွင် ပါဝင် ရောင်းချခဲ့သည့် ပြည်တွင်း ကားထုတ်လုပ်ရေး ကုမ္ပဏီများထံမှ သိရသည်။ အဆိုပါ ပြပွဲတွင် ပြည်တွင်း ကားကုမ္ပဏီ သုံးခုမှ ဇိမ်ခံကားများနှင့် Light Truck ၊ ကုန်တင် ယာဉ်များ ပါဝင် ပြသခဲ့ကြပြီး၊ ပြပွဲ စဖွင့်ချိန် ၂၆-၆-၂၀၁၀ ရက် နံနက် ၉ နာရီခွဲ အချိန်မှ ၁၂ နာရီခွဲ အချိန်အထိမှာပင် ကားအစီး ၂၀ ရောင်းချ နိုင်ခဲ့ကြောင်း ယင်းပြပွဲတွင် ပါဝင်ပြသသည့် ရမ္မာ မော်တော်ယာဉ် ထုတ်လုပ် ရောင်းချရေး ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းက ၂၆-၆-၂၀၁၀ ရက်က ပြောသည်။ အဆိုပါ ကားပြပွဲတွင် ပြသသော ကားများတွင် အိမ်စီးကား (ဇိမ်ခံကား) များဖြစ်သော Chariot Micro Bus (a) MPV ကားမှာ Grade I ကျပ်သိန်း ၆၃၀၊ Grade II ကျပ်သိန်း ၅၈၀ နှင့် Grade III ကျပ်သိန်း ၅၃၀ နှင့် အထွေထွေ သုံးယာဉ် SMPV 02 ၊ 03 ကျပ်သိန်း ၃၄၈ နှင့် ကျပ်သိန်း ၃၅၈ သိန်းတန် ကားများ အရောင်းဝယ် အများဆုံး ဖစ်ခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင် လ ၁ ရက် နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

@ခေတ်လူငယ်

AndrewSway
06-29-2010, 11:00 PM
နေရောင်ခြည်သုံး လျှပ်စစ် ဓာတ်အား စနစ်များ အနည်းဆုံး ကျပ်နှစ်သိန်း ၀န်းကျင်ဖြင့် ရောင်းချ

လျှပ်စစ်မီး မရရှိ နိုင်သည့် ဒေသများတွင် အနည်းဆုံး ငွေကျပ် နှစ်သိန်း ၀န်းကျင်ဖြင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားကို သုံးစွဲ နိုင်ရန် အမှတ် (၂) စက်မှု ၀န်ကြီး ဌာနက စီစဉ် ပေးနေကြောင်း သိရသည်။ နေရောင်ခြည် စွမ်းအင် အသုံးပြု၍ လျှပ်စစ် ထုတ်ယူသည့် စနစ် အတွက် ကျေးလက် ဒေသသုံး 3 Watt မီးသီး ရှစ်လုံး တစ်စုံ သို့မဟုတ် 5 Watt မီးသီး လေးလုံး ပါဝင်သည့် 21 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၁၇၅၀၀၀၊ မြို့ပြတွင် အသုံးပြု နိုင်မည့် 3 Watt မီးသီး ၁၂ လုံး သို့မဟုတ် 5 Watt မီးသီး ရှစ်လုံး သို့မဟုတ် 7 Watt မီးသီးေ ခြာက်လုံး ပါဝင်သည့် 40 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၂၇၀၀၀၀ နှင့် လုံခြုံရေးမီး နှင့် လမ်းမီးများ အဖြစ် အသုံးပြု နိုင်သော သုံးမီတာ နိုင်ရင် အရှည် ရှိသည့် 10 Watt ဆိုလာလမ်း မီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၂၉၅၀၀၀ ဈေးနှုန်းဖြင့် လည်းကောင်း၊ ခြောက်မီတာ အရှည်ရှိသည့် 25 Watt ဆိုလာလမ်း မီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၆၀၀၀၀၀ ဈေးနှုန်းဖြင့် လည်းကောင်း ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အမှတ်(၂) စက်မှုဝန်ကြီး ဌာနက သတင်း ထုတ်ပြန် ထားသည်။

အဆိုပါ ဆိုလာ စနစ်ဖြင့် လျှပ်စစ်မီး၊ ၂၂ လက်မ LCD TV, DVD၊ ကွန်ပျူတာ၊ အဲကွန်းနှင့် ပန်ကာများ သုံးနိုင်သည့် 1000 Watt တစ်စုံကို ကျပ်သိန်း ၃၀၊ 3000 Watt ကို ကျပ်သိန်း ၉၀ နှင့် 5000 Watt ကို ကျပ်သိန်း ၁၂၀ စသည်ဖြင့် ရှိပြီး ဆိုလာ စနစ်များ အတွက် လုပ်ငန်း အပ်နှံ လာပါက ဈေးနှုန်း ချိုသာစွာ ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး အပ်နှံလာတဲ့ Watt အမျိုးအစား အလိုက် နေအိမ်များတွင် ရုပ်မြင်သံကြား၊ အိမ်သုံးမီး၊ ပန်ကာ၊ လေအေးပေးစက်၊ ရေခဲသေတ္တာ နှင့် ရေမော်တာ စက်များအထိ အသုံးပြု နိုင်သည်ဟု သိရသည်။

နေရောင်ခြည် စွမ်းအင်သုံး High Efficiency Multicrystal Photovoltaic ဆိုလာပြား များကို ရာနှုန်းပြည့် ဂျပန် နည်းပညာဖြင့် အမှတ်(၂) စက်မှု ၀န်ကြီး ဌာန၏ လျှပ်စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်း ထုတ်လုပ်မှု စက်ရုံ (ဒဂုံ)၊ LED မီးသီး ထုတ်လုပ်မှု စက်ရုံက ထုတ်လုပ်ထားပြီး၊ ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့် အစိုးရ အဖွဲ့ အစည်း များ၏ တရားဝင် ထောက်ခံ အသိ အမှတ် ပြုထားသော ဆိုလာပြားများ ဖြစ်ကြောင်း သိရသည်။ ယင်းဆိုလာပြားများမှာ လျှပ်စစ်ဓာတ်အား ထွက်ရှိမှုကို အနှစ် ၂၀ အထိ အာမခံ ပေးထားပြီး ၀ယ်ယူလို ပါက ရန်ကုန်တွင် LED မီးသီးစက်ရုံ (၀၁-၆၅၁၄၂၈၊ ၀၁-၆၅၁၄၃၁) နှင့် နေပြည်တော် ၌ မြန်မာ့ စက်ကိရိယာ နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်း ၀၆၇-၄၀၅၀၅၉၊ ၀၆၇-၄၀၅၃၂၂၊ ၀၆၇-၄၀၅၁၂၂ တို့သို့ ဆက်သွယ် နိုင်ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထား ပါသည်။

@ဟံသာဝတီ

poohcartoon
06-30-2010, 07:31 PM
ဂင်းနက်စ်ဘွဲ့ယူမယ့် မြန်မာပြည်က အပုဆုံးလူသား
http://yangonmedia.net/news/imagelibrary/LocalNews/LocalNews_415.jpg
ရန်ကုန်၊ ကမ္ဘာပေါ်တွင် အရပ်အပုဆုံးလူသား က တရုတ်နိုင်ငံမှ Pingping ဖြစ်သည်။ သူ၏ အရပ်က ၂ ပေ၊ ၅ လက်မသာသာဖြင့် ဂင်း နက်စ်စံချိန်တင်ထားသူ။ ခုတော့ ဒီလိုစံချိန် မျိုးတင်နိုင်အောင်လူသားတစ်ဦး ထွက်ပေါ် လာခဲ့သည်။ ယင်းလူသားကား အခြားနိုင်ငံ များက မဟုတ်။ မြန်မာနိုင်ငံကပါဟုဆိုလိုက် လျှင်ဟုတ်မှ ဟုတ်မှဟုတ်ပါမည်လား။ ဖြစ် ကောဖြစ်နိုင်ပါ့မလား။ မယုံနိုင်ဖွယ်ရာပါဟု ပင်ဆိုကြပေလိမ့်မည်။
ကျွန်တော်သည်ပင် မယုံနိုင်ဖွယ်ရာပါဟု ဆိုသည့်အထဲတွင် ပါဝင်ခဲ့သည်။ ယုံလည်း မယုံ ခဲ့ပါ။ ခုတော့ ယုံရပေတော့မည်။ သူ့ကိုစတွေ့ တော့ ကတုံးလေးပြောင်ပြောင်။ မြီးညောင်း ရိုး၌ အမှတ်ဖြူအမှတ်သားနှင့်။ လူကြီးတစ် ယောက်က အရုပ်လေးတစ်ရုပ်လို လက်တစ် ဖက်က မြောက်ပြထား။ ယင်းကိုအားလုံးက တငေးတမော ၀ိုင်းကြည့်လို့မဆုံး။ ထည်ဝါလှ သောခန်းမကြီးတစ်ခုလုံးမှ မျက်ဝန်းပေါင်း များစွာက သူ့ထံသို့သာ ကျရောက်နေသည်။
သူကတော့ ကမ္ဘာ့အရပ်ပုဆုံးလူသား ဖြစ်နိုင်ခြေရှိသည့် အသက်(၁၁) နှစ်အရွယ် မောင်ဗလကြီး(ခ) ဇော်ဗလအောင်ပင်ဖြစ် သည်။ ကမ္ဘာ့အရပ်ပုဆုံးလူသားဖြစ်နိုင်ခြေရှိ သည့် ယင်းလူသားကို ဇွန် ၂၂ရက်က ကရ၀ိက် ခန်းမတွင် ပရိသတ်နှင့်တွေ့ဆုံပြသခဲ့သည်။
ဗလကြီးကို မန္တလေးတိုင်း မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှ ရှာဖွေ တွေ့ရှိခဲ့ပြီး အရပ် ၂၅လက်မရှိ မောင်ဗလကြီး (ခ)ဇော်ဗလအောင်ဖြစ်သည်။
ယင်း မောင်ဗလကြီး(ခ) ဇော်ဗလအောင် အား စာရေးဆရာသတင်းထောက်ခင်(သို့မ ဟုတ်)နတ်မျက်စိမှ အဆိုပါဒေသများတွင် ရှာ ဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
''အစောပိုင်းက ရွာငံဘက်မှာ လူပုလေး တွေနေတယ်လို့သတင်းကြားတဲ့အတွက် အဲဒီ မှာရှာဖွေနေရင်းကနေ ကျောက်ပန်းတောင်း ဘက်မှာ ဗလကြီးသတင်းကိုကြားရလို့ အဲဒီရွာ ကိုသွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ဗလကြီးနဲ့ တွေ့ပြီး ဂင်းနက်စ်အဖြစ်ပြသနိုင်ဖို့ အတွက် ဆရာဖြစ်တဲ့ ဆရာကြီးဦးရှိန်းနဲ့တိုင်ပင်ပြီး အခု လိုပြသနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့အတွက် လို အပ်တဲ့ကိစ္စတွေကိုလဲ ဆောင်ရွက်နေပါတယ်'' ဟု သတင်းထောက်ခင်က ပြောသည်။

@ yangonmedia.net

poohcartoon
06-30-2010, 07:33 PM
နိုင်ငံတကာပုံစံနှင့် အဆင့်မီကားသစ်များ အမှတ်(၂)စက်မှုဝန်ကြီးဌာနက ထပ်မံထုတ်လုပ် ဇူလိုင်လအတွင်း အများပြည်သူများသို့ ရောင်းချသွားမည
http://yangonmedia.net/news/imagelibrary/LocalNews/LocalNews_413.jpg
ရန်ကုန်၊ အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ မီနီဘတ်စ်နှင့် ဇိမ်ခံကားအမျိုးအစား သစ်လေးမျိုးထုတ်လုပ်၍ ဇူလိုင်အတွင်း ဈေးကွက်အတွင်းသို့ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါမော်တော်ကားအသစ် လေးမျိုးမှာ SUV, Myanmar Station Wagon(MSW)၊ ထိုင်ခုံ ၁၅ခုံပါ Myanmar Micro Bus နှင့် ထိုင်ခုံ ၂၉ ခုံပါ Myanmar Mini Bus တို့ဖြစ် ပြီး ဇူလိုင်လအတွင်း ဈေးကွက်အတွင်း သို့ရောင်းချသွားမည်ဖြစ်ကြောင်း အမှတ် (၂)စက်မှုဝန်ကြီးဌာနမှ သတင်းထုတ် ပြန်ထားသည်။
''အခုအသစ်ထုတ်တဲ့ မော်တော် ယာဉ်အမျိုးအစားတွေကို အရည်အ သွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာ စွာနဲ့ရောင်းချနိုင်ဖို့စီစဉ်ထားပါတယ်။ မော်တော်ယာဉ်တွေကိုဝယ်ယူဖို့ လျှောက်ထားသူတိုင်းကို ရောင်းချပေး နိုင်အောင် ဆောင်ရွက်သွားမှာပါ။ Myanmar Micro Bus Royal lounge နဲ့ ၂၉ခုံပါ Myanmar Mini Bus တွေကို တော့ ဌာနဆိုင်ရာတွေနဲ့ အဖွဲ့အစည်း တွေအတွက်သာ ရည်ရွယ်ပြီးရောင်း ချသွားမှာပါ။ အခုထုတ်လုပ်လိုက်တဲ့ မော်တော်ယာဉ်အသစ်နဲ့ပတ်သက်ပြီး အားနည်းချက်တွေရှိရင်လည်း ပြန် လည်ပြင်ဆင်နိုင်ရန်အတွက် အကြံ ပြုချက်တွေကိုပေးပို့ပေးဖို့ ဖိတ်ခေါ်ပါ တယ်''ဟု အမှတ်(၂)စက်မှုဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
SUV မော်တော်ယာဉ်သည် QD32T (ဒီဇယ်)အင်ဂျင်၊ VM မို ဒယ်၊ 4 Wheel အမျိုးအစား၊ ခရီးသည် ခုနစ်ယောက်အထိစီးနိုင်ကာ ကီလိုမီ တာ ၁၆၅အထိပြေးဆွဲနိုင်ပြီး ငွေကျပ် ၄၂၅သိန်းဝန်းကျင်ဖြင့်ရောင်းချမည်ဟု သိရသည်။

@ yangonmedia.net

poohcartoon
06-30-2010, 07:39 PM
စိတ်ဝင်စားစရာ အိမ်တွင်းမှုဆပ်ပြာ တစ်နိုင်တစ်ပိုင်ထုတ
http://www.myanmar.mmtimes.com/2010/upper/472/soap.gif
ပုံစံလောင်းပြီးသည့် ဆပ်ပြာခဲများကို အခြောက်လှန်းရန် ပြင်ဆင် နေစဉ်။ ဓာတ်ပုံ - ကြေးမုံဝင်း

ဆပ်ပြာဆိုတာနဲ့ ပြည်တွင်းဖြစ်ရော၊ပြည်ပလုပ်ဆပ်ပြာအရည်၊ဆပ်ပြာ အခဲတွေကို ပါ ပြေးမြင်မိကြမယ် ထင်ပါ တယ်။ ဒါပေမယ့် အဲဒီဆပ်ပြာ တွေကစက်ရုံတွေမှာ စက်ပစ္စည်းအမျိုးမျိုးကိုအသုံးပြုထုတ်လုပ်နေကြ တဲ့ဆပ်ပြာတွေ ဖြစ်ပြီး ဒီတစ်ခေါက်ကတော့ စက် ပစ္စည်းလုံးဝမပါဘဲ အိမ်တွင်းမှု လုပ်ငန်းသဘောမျိုး တစ်နိုင်တစ်ပိုင်ထုတ်လုပ်တဲ့ ဆပ်ပြာ လုပ်ငန်းပါ။

ဆပ်ပြာဆိုပေမယ့် သာမန် ဆပ်ပြာ တွေလို လေးထောင့်၊ အ၀ိုင်း၊ သုံး မြှောင့် စတဲ့ရိုးရှင်းတဲ့ ပုံစံတွေသာမကဘဲ အရုပ် ပုံသဏ္ဌာန်၊ ပန်းပွင့်ပုံ သဏ္ဌာန်စသဖြင့် ပုံသဏ္ဌာန်အမျိုးမျိုးဖော်ထားတဲ့ ဖန်စီဆပ်ပြာခဲလေး တွေ ဖြစ်ပါတယ်။ ဒီ ပညာရပ်ကို ထိုင်ဝမ်မှာ သင်ယူခဲ့ပြီး မန္တလေးဈေး ကွက်ကို ဒီနှစ် မေလက စပြီး ထိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။ ထိုဖောက် လာသူကတော့ Vanilla House သဘာဝဟမ်းမိတ် ဆပ်ပြာခဲ လုပ်ငန်း က မအားရှမ်းဖြစ်ပါတယ်။

"ဒီလုပ်ငန်းကို ထိုင်ဝမ်မှာ ငါးနှစ် သင်ခဲ့ပါတယ်။ နောက်ပြီး ၂၀၀၅ ခုနှစ် ကစပြီး စီးပွားဖြစ်ရောင်းချခဲ့တယ်။ ဒီမှာတော့ စရောင်းတာ သိပ်မကြာသေး ဘူး။ ဓာတုဗေဒပစ္စည်းလုံးဝ မပါတဲ့ သဘာဝဆပ်ပြာကို အဓိကထား လုပ်ပါတယ်။ ဒီလိုဆပ်ပြာက ကျိုလည်း မကျို ဘူး။ ခဲဆေးလည်း မသုံးဘဲ သဘာဝအတိုင်းခဲတာဆိုတော့ မန္တလေး ရာသီဥတုနဲ့က ဆပ်ပြာ အရည်အသွေး ကောင်းကောင်း ထွက် တယ်။ ထိုင်ဝမ် မှာဆို အေးတော့ဆပ်ပြာတွေခဏခဏ ပျက်တယ်"လို့ သူက ပြောပါတယ်။

သဘာဝဆပ်ပြာက ထုတ်လုပ်ပြီးတစ်လအကြာမှ စတင်အသုံးပြုနိုင်တာဖြစ်လို့ အချိန်ယူရပြီး ဓာတုပစ္စည်း မပါဝင်တာကြောင့် ခေါင်း အစခြေအဆုံး တစ်ကိုယ်လုံးမှာ အသုံးပြုလို့ရပါတယ်။

သဘာဝဆပ်ပြာရဲ့သဘောကစတင် ပြုလုပ်ပြီးကာစအချိန်မှာ ပီအိပ်ခ်ျ အဆင့် (၉) ရှိနေပြီး တစ်လအကြာမှ ပီအိပ်ခ်ျအဆင့် (၇) ထိ ရောက်တာကြောင့် တစ်လထိ သိမ်းဆည်းထားရ တာ ဖြစ်တဲ့အကြောင်း၊ ကျိုချက်ထားခြင်းမရှိတဲ့အတွက် အမြှုပ်ထွက်အား ကောင်း ခြင်းစတဲ့အာနိသင်တွေ ရှိတယ် လို့ ဆိုပါတယ်။

သဘာဝဆပ်ပြာအပြင် အသား အလှဆီ ဆပ်ပြာကိုလည်း ထုတ်ပြီး အသားအလှဆီဆပ်ပြာကတော့ အရက်ပြန်ပါဝင်တာကြောင့် အ ရက်ပြန်နဲ့မတည့်တဲ့လူတွေဆိုရင်တော့ သုံးဖို့သိပ်အဆင်မပြေဘူးလို့ သိရပါတယ်။ သူကတော့ ကျိုချက်ထုတ်လုပ်ရလို့ အမြှုပ် ထွက် အားမှာ သဘာဝ ဆပ်ပြာလောက် မကောင်းပါဘူးတဲ့။

"သဘာဝဆပ်ပြာခဲက သဘာဝအသီးအနှံတွေနဲ့ပဲလုပ်တာဆိုတော့အနံသိပ်မရှိဘူး။ အခဲဖြစ်ဆေးမထည့်ထားတဲ့အတွက် ဆပ်ပြာက ပျော့နေပြီးအကုန်မြန်တယ်။ စသုံးခါစတစ်ပတ်၊နှစ်ပတ်လောက်မှာ အသားအရေ နည်း နည်းစပ်သလိုခံစားရမယ်။ဒါကလည်း အရမ်း နုတဲ့အသားအရေမျိုးမှပါ။အရင်ကိုယ့်ကိုယ်ခန္ဓာပေါ်မှာ ကျန်နေတဲ့ ဓာတုပစ္စည်းအကြွင်းတွေကြောင့်ပါ။ သုံးလကနေ ခြောက်လကြာ ရင် အဲလို မခံစားရတော့ဘဲ အသားအရေ သိသိ သာသာ ကောင်းလာပါလိမ့်မယ်"လို့ မအားရှမ်းက ပြောပါတယ်။

ဈေးနှုန်းအားဖြင့် ကျပ် ၂၀၀ ကနေ ကျပ် ၁,၅၀၀ ထိပဲ အများဆုံးရှိပြီး ထိုင်ဝမ်မှာ မြန်မာ ငွေခြောက်ရာတန်တဲ့ ပစ္စည်းကို ဒီမှာ ကျပ် ၂၀၀ နဲ့ ရောင်းချ နေနိုင်တာဟာ သဘာဝဆပ်ပြာမှာ အသုံးပြုတဲ့ ဆီသန့်တွေကို မြန်မာနိုင်ငံ မှာ ဈေးသက်သက်သာသာနဲ့ အလွယ် တကူရရှိနေနိုင်တာကြောင့်လို့လည်း သူက ရှင်းပြပါတယ်။

"ဟိုမှာက အုန်းဆီတို့၊ စားအုန်းဆီ တို့ အရမ်းရှားတော့ ဈေးကြီးကြီး ပေး ၀ယ်ရတယ်။ ဒီမှာက ကုန်ကြမ်းပေါလို့ ဈေး နည်းနည်းနဲ့ပဲ ရောင်းပေးနေတာ ပါ။ ဒီမှာ ကျပ် ၁,၀၀၀ လောက်နဲ့ ရောင်းတဲ့ ဆပ်ပြာကို ဟိုမှာ မြန်မာငွေ ကျပ် ၁၀,၀၀၀ ကျော်ထိ ရှိတယ်။ တချို့ ကုန်ကြမ်းပစ္စည်းတွေကို ဒီက ၀ယ်ပြီး တချို့ဟာ တွေကို တော့ နိုင်ငံခြားက မှာ သုံးပါတယ်။ ထုပ်ပိုးပစ္စည်း တွေကို လည်း ကောင်း ကောင်း သုံးထားတဲ့ အတွက် အမြတ်နည်းပေမယ့် အမြတ် နည်းနည်းနဲ့ ပစ္စည်းများများ ရောင်းရ အောင်ပဲလုပ်သွားမှာပါ"လို့ သူက ဖြည့်စွက် ပြောပါတယ်။

Vanilla House က ပစ္စည်းတွေကို မန္တလေးအပြင် ပြင်ဦးလွင်၊ လားရှိုးနဲ့ ဂန့်ဂေါမြို့တွေမှာလည်း ရောင်းချနေတယ်လို့ သိရပါတယ်။ ထိုင်ဝမ်မှာ လည်း ဒီဆပ်ပြာလုပ်ငန်းကို လုပ်နေဆဲ မို့ သွားလိုက်ပြန်လိုက်လုပ်နေရတဲ့ မအားရှမ်းက အချိန်နည်းနည်းယူပြီးရင်တော့ ဒီပညာရပ်ကို မြန်မာနိုင်ငံမှာ ပြန်ဖြန့်ဖို့ စိတ်ကူးရှိပါတယ်တဲ့။

သဘာဝဆပ်ပြာတွေကို ရောမခေတ်ကတည်းကအသုံးပြုခဲ့တာ အခုဆို နှစ်ပေါင်း ၅,၀၀၀ ကျော်နေပါပြီ။ ၁၇ရာစုလောက်မှာဆပ်ပြာ အသုံးပြုမှု များလာတဲ့အတွက် သဘာဝဆပ်ပြာ တွေအပြင် ဓာတုဗေဒဆပ်ပြာတွေပါ ထွက်ရှိလာခဲ့ပါတယ်။ အရင်က ဆပ်ပြာ ထုတ် ရာမှာထုံးကိုအသုံးပြု ထုတ်လုပ်ခဲ့ရာကနေ ၁၉ ရာစုမှာ ဂျာမနီနိုင်ငံက ထုံးအစားထိုး ဆိုဒီယမ် ဟိုက်ဒရောဆိုဒ်ကိုထုတ်လုပ်ခဲ့ တယ် လို့ မအားရှမ်း ကို ပြောပြပါတယ်။

ဆပ်ပြာကို လက်မှုပစ္စည်းအနေနဲ့ ဓာတုပစ္စည်းတွေ မပါဝင်ဘဲ ထုတ်လုပ်ထားတာ၊ လှလှပပ ရုပ်ကြွပုံစံ ဖော်ပြီး ထုတ်လုပ် ရောင်းချ နေတာကြောင့် အသစ်အဆန်းတစ်ခုဖြစ်နေတဲ့အပြင် စိတ်ဝင်စားစရာ ကောင်းတဲ့ ပညာရပ် တစ်ခုလည်း ဖြစ်နေပါတော့တယ်။

@ မြန်မာတိုင်း(မ်)

poohcartoon
06-30-2010, 09:58 PM
အမ်စီစီမှ ကျပ် သိန်း ၅၂၀ ဖိုး ပညာသင်ဆုများ ချီးမြှင့်မည်
အမ်စီစီ ကွန်ပျူတာသင်တန်းကျောင်း မှ ၂၀၁၀ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းကို ထူးချွန်စွာအောင်မြင်သော ကျောင်းသားများကို ကျပ်သိန်း ၅၂၀ ဖိုး ပညာသင်ဆုများ ချီးမြှင့်သွားမည်ဟု အမ်စီစီမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းပညာသင်ဆုများတွင် ပြင်ဦးလွင်ရှိ MCC Training Institute (Yatanarpon) တွင် ဖွင့်လှစ်ထားသော B.Sc (Hons) Business IT Course ပထမနှစ်သင်တန်းအတွက် ကျပ် ၁၀ သိန်း ပညာသင်ဆုများ အပါအ၀င် ကျောင်းသား ၂၅ ဦးအား ကျပ်သိန်း ၁၁၀ ဖိုး ပညာသင်ဆုများ၊ ရန်ကုန်ရှိ သိမ်ကြီးဈေး(စီ)ရုံတွင် ဖွင့်လှစ်ထားသော MCC Training Institute (Yangon Campus) တွင် B.Sc (Hons) Business IT Course ပထမနှစ် သင်တန်းအတွက် ကျပ် ၁၀ သိန်းတန် ပညာသင်ဆုများအပါအ၀င် ကျောင်းသား ၁၄ ဦး အတွက် စုစုပေါင်း ကျပ် ၆၄ သိန်းဖိုး၊ ရန်ကုန်နှင့် မန္တလေး မြို့များတွင် ဖွင့်လှစ်ထားသော နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာ ဒီပလိုမာသင်တန်းများတွင်တက်ရောက်ခွင့်ကို ၃၉ ဦးအတွက် ငွေကျပ် ၈၇ သိန်းဖိုး၊ တစ်နိုင်ငံလုံးရှိ သင်တန်းကျောင်းခွဲများတွင် အခြေခံကွန်ပျူတာ သင်တန်းတက်ရောက်ခွင့် ၆၉၅ ဦး အတွက် ကျပ်သိန်း ၂၆၀ ဖိုး၊ စုစုပေါင်း ကျောင်းသား ၇၇၃ ဦး အတွက် ကျပ် သိန်း ၅၂၀ ဖိုး ချီးမြှင့် မည်ဖြစ်သည်။

ယင်းပညာသင်ဆုများအတွက် လျှောက်ထားလိုပါက နီးစပ်ရာ အမ်စီစီ သင်တန်းကျောင်းများမှတစ်ဆင့် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။

@ မြန်မာတိုင်း(မ်)

စပိုင်ချစ်သူ
07-01-2010, 01:28 AM
ရန်ကုန်တိုင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဇွန်လ(၂၁)ရက်နေ့မှစ၍ နေ့ချင်းလျှောက် နေ့ချင်းရနိုင်သည့် စနစ်ဖြင့် ကမ်းရိုးတန်းဖုန်းများ ချထားပေးနေပြီဟု သိရှိရသည်။ အဆိုပါ

ကမ်းရိုးတန်းဖုန်း CDMA 800 MHz ဖုန်းများကို ရန်ကုန်တိုင်းအတွင်းရှိ အလုံအိတ်ချိန်း၊ ပန်းဆိုးတန်းအိတ်ချိန်း၊ ရွှေဂုံတိုင်အိတ်ချိန်းနှင့် လမ်း (၄၀) အိတ်ချိန်း၊ ဗဟိုစာတိုက်ကြီး၊

လှိုင်တက္ကသိုလ်စာတိုက်၊ မင်္ဂလာဒုံစာတိုက်၊ မြောက်ဒဂုံစာတိုက်တို့တွင် လျှောက်လွှာများ တင်သွင်းနိုင်ကြောင်း သိရှိရသည်။ လျှောက်လွှာတင်ရမည့်နေရာများကို နေရာအလိုက်၊

မြို့နယ်အလိုက် ကန့်သတ်ထားပြီး လိုအပ်သည့် စာရွက်စာတမ်းအပြည့်အစုံ၊ အချက်အလက်အပြည့်အစုံပါရှိပါက (၂၄)နာရီအတွင်း ဖုန်းရရှိမည်ဖြစ်ကြောင်းနှင့် ဖုန်းကဒ်များကို မင်္ဂလာဒုံ၊

မြောက်ဥက္ကလာပ၊ ကျောက်တံတား၊ ဗဟန်း၊ ကြည့်မြင်တိုင်မြို့နယ်များရှိ အရောင်းဆိုင်များတွင် ထုတ်ယူရရနိုင်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ နေ့ချင်းပြီး စနစ်ဖြင့် ချထားပေးမည့်ဖုန်းများမှာ CDMA 800 MHz ဖုန်းများသာဖြစ်၍ (၇၃)နှင့် (၉၁)နံပါတ်များဖြင့် အစပြုသည့် ဂဏန်း(၈)လုံးပါ ဖုန်းများဖြစ်ကြောင်းနှင့် ဘဏ်သွင်းငွေမှာ

မူလအတိုင်း ကျပ်ငါးသိန်းသာ သွင်းရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မည်သည့်အရာကိုမျှသိမ်းပိုက်မထားသော
$þ¥ ©HÎtHµ

kosithuag
07-01-2010, 02:55 PM
ခဲမဖြူ၊ အဖြိုက်နက် သတ္တုရောင်းလိုအားထက် ဝယ်လိုအားပိုများ တရုတ်အပြင် တခြားနိုင်ငံများကပါ ဝယ်လိုကြောင်း ကမ်းလှမ်း

http://popularmyanmar.com/mpaper/wp-content/uploads/2010/06/Zinc-1.jpg
ပြည်တွင်း၌ ထုတ်လုပ်လျက် ရှိသော ခဲမဖြူ၊ အဖြိုက်နက်သတ္တု များကို တရုတ်နိုင်ငံအပြင် ကိုရီးယား ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ဝယ်ယူလို ကြောင်း ကမ်းလှမ်းမှုများရှိနေသည် ဟု သတ္တုတွင်းလုပ်ငန်းရှင်များထံမှ သိရသည်။ ”တရုတ်နိုင်ငံကိုပဲ အဓိက တင်ပို့နေတာ။ ဝယ်ချင်တဲ့နိုင်ငံနဲ့ ပမာဏကများလို့ မပို့နိုင်ဘူးဖြစ်နေ တယ်” ဟု Delco သတ္တုတူးဖော် ရေးလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဦးက ပြောသည်။ သတ္တုတွင်းစတင်ရန်အတွက် လိုအပ်သည့်စက်ပစ္စည်းယန္တရားများ ကို တရုတ်မှ အကြွေးတင်သွင်းပြီး ၄င်းတန်ဖိုးများကို ပေးချေရန် သတ္တု ထွက်လာပါက ၄င်းတို့ကို ရောင်းချ ပေးမည်ဆိုသည့် ပုံစံမျိုးဖြင့် အရောင်းအဝယ် ပြုကြခြင်းမျိုးလည်း ရှိကြကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတကာမှ သတ္တု များကို တစ်လတန် ၂ဝဝ ဝယ်လို ကြောင်း စာချုပ်ချုပ်ဆိုရန် လာ ရောက်ကြသော်လည်း ပြည်တွင်း ရှိ သတ္တုတွင်းတစ်တွင်းသည် ယခင် တစ်နှစ်လျှင် တန် ၁ဝဝ ထုတ်နေရာ မှ ယခုနှစ်တန် ၃ဝဝ ထိ တိုးထုတ် နိုင်အောင် ပြင်ဆင်နေဆဲပင်ဖြစ်၍ ဝယ်ယူလိုသလောက် မရောင်းချ နိုင်ဘဲရှိနေကြောင်း သိရသည်။ ”ထုတ်မယ်ဆိုရင် တန် ၅ဝဝ၊ ၁ဝဝဝ ထုတ်လို့ရတယ်။ ဒါပေမဲ့ အရင်းအနှီးမနည်းဘူး။ နည်းပညာ၊ စက်ပစ္စည်း၊ စက်ယန္တရားတွေ အများကြီးလိုတယ်။ ရင်းနှီးမြှုပ်နှံမှု တွေ အများကြီးလုပ်မှ အများကြီး ထွက်မယ်” ဟု ဦးဝင်းဦးက ထပ်လောင်းပြောသည်။ ကမ္ဘာပေါ်တွင် ခဲမဖြူ၊ အဖြိုက် နက် သတ္တုထုတ်လုပ်မှုကို မြန်မာ အပြင် မလေးရှား၊ ထိုင်း၊ အင်ဒို၊ တောင်အာဖရိက၊မြောက်အမေရိက နိုင်ငံများတို့တွင် ဆောင်ရွက်လျက် ရှိသော်လည်း ယခုအခါတွင် ¤င်း နိုင်ငံများ၏ သတ္တုထွက်ရှိမှုမှာ နည်းပါးလာပြီဖြစ်၍ ဈေးကွက်၏ ဝယ်လိုအား များပြားလာရခြင်းဖြစ် ကြောင်း ယခင် သတ္တုတူးဖော်ရေး ကုမ္ပဏီ ၂ဝဝဝ ခန့်ရှိသော မလေး ရှားသည် ယခုအခါတွင် ၂ဝ ခန့် သာရှိပြီး ထိုသို့နည်းပါးရခြင်းမှာ အဆမတန် သတ္တုထုတ်ယူမှု ကြောင့် သတ္တုနည်းပါးသွားခြင်း ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံ မှာ ¤င်းသတ္တုထွက်ရှိသော်လည်း နောင်တွင် မလေးရှားကဲ့သို့ တွင်း ထွက်နည်းပါးမှု ဖြစ်ပေါ်မည်စိုး၍ ထုတ်လုပ်မှုမရှိကြောင်းလည်း သိရ သည်။ ”ဒီမှာက နည်းနည်းစီပဲ ထုတ်လို့ တော်တော်ကျန်သေးတဲ့ သဘောရှိတယ်။ ကုမ္ပဏီတွေက လည်း အသေးစားလေးတွေပဲ ရှိ တယ်။ ပြည်ပကလည်း သတ္တုလုပ် ချင်လို့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ မှာ ဝင်လာကြတယ်။ နိုင်ငံတော်က တော့ ရပိုင်ခွင့် ရာခိုင်နှုန်းတွေ၊ ထုတ် လုပ်ခွင့်တွေနဲ့ ထိန်းချုပ်ပေးထား တာပေါ့” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ပြည်တွင်း၌ ခဲမဖြူ၊ အဖြိုက် နက် သတ္တုကို မြန်မာနိုင်ငံအလယ် ပိုင်း မကွေး၊ မင်းဘူးဒေသ၊ မြန်မာ နိုင်ငံတောင်ပိုင်းတို့၌ အဓိက ထွက် ရှိပြီး လုပ်ကိုင်နေသည့် တိုင်းရင်း သားကုမ္ပဏီ ၂ဝ ခန့်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိ သည့် ခဲမဖြူ၊ အဖြိုက်နက်သည် နိုင်ငံတကာတွင် ၆၅ ရာခိုင်နှုန်း အဆင့်ရှိပြီး အဆင့်မီကြောင်း၊ ဈေး ကွက်၌ ယခင် ၁၉၉၅/၉၆ ခုနှစ်တွင် တစ်တန်လျှင် ကန်ဒေါ်လာ ၁ဝဝဝ မှ ယခုနှစ်တွင် တစ်တန်လျှင် ၁၈ဝဝဝ၊ ၂ဝဝဝဝ ထိ ပေးဝယ်လာ ကြောင်း သိရသည်။ သတ္တုတွင်းလုပ်ငန်းများကို နိုင်ငံတော်မှ ပုဂ္ဂလိကတိုင်းရင်းသား လုပ်ငန်းရှင်များသို့ လုပ်ပိုင်ခွင့်ပေး လျက်ရှိရာ သတ္တုတွင်းတစ်တွင်း လျှင် ၁ဝ နှစ်သက်တမ်းလုပ်ကိုင် ခွင့်နှင့် ထပ်မံ၍ ၅ နှစ်စီ သက်တမ်း တိုး၍ လုပ်ကိုင်ခွင့်ပေးကြောင်း သိရ သည်။
တင်ဇာဇော်

Source: ပေါ်ပြူလာဂျာနယ်

kosithuag
07-01-2010, 02:57 PM
ကိုရီးယားတက္ကသိုလ်များ၌ မြန်မာအစိုးရဝန်ထမ်းများ ဘွဲ့လွန်ပညာသင်ဆုဖြင့် ထပ်မံသင်ကြားနိုင်ရန် KOICA စီစဉ်နေ

ကိုရီးယားနိုင်ငံရှိ တက္ကသိုလ် များ၌ မြန်မာအစိုးရဝန်ထမ်းများ ဘွဲ့လွန်ပညာသင်ဆုဖြင့် ထပ်မံသင် ကြားနိုင်ရန် ကိုရီးယားအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ KOICA က စီစဉ်ဆောင် ရွက်နေကြောင်း သိရသည်။ ”ဒီနှစ်ဆန်းပိုင်းကနေစပြီး ဟိုကတက္ကသိုလ် ၁ဝ ခုမှာ ပေးနေ တာ၊ အခုက နောက်ထပ်ပေးဖို့ တက္ကသိုလ် ၃ ခုကျန်သေးတယ်။ အဲဒီအတွက် ပညာသင်ဆု ၁ဝ ခု လောက်ကို ဒီနှစ်ထဲမှာ အပြီးသတ် ပေးဖို့စီစဉ်ဆောင်ရွက်နေတယ်”ဟု KOICA မှ စီမံကိန်းဒါရိုက်တာ ဦးအမ်သူအောင်က ပြောသည်။ KOICA သည် ၁၉၉၁ ခုနှစ်မှ စတင်ကာ ကိုရီးယားနိုင်ငံ၌ ဖွဲ့စည်း ခဲ့သည့်အစိုးရအဖွဲ့အစည်းတစ်ရပ် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ် ၌ ရုံးခွဲအနေဖြင့် ဖွင့်လှစ်ခဲ့သည်။ ယင်းသို့ ဖွင့်လှစ်ပြီးနောက်ပိုင်း မှ စတင်ကာ မြန်မာအစိုးရဝန်ထမ်း များကို ကိုရီးယားနိုင်ငံသို့ ဘွဲ့လွန် ပညာသင်ဆု စေလွှတ်နိုင်ရန် စီစဉ် ခဲ့ပြီး ယခုအခါ ကိုရီးယားသို့ ပညာ သင်ဆုဖြင့် သွားရောက်သူ ၃ဝ ခန့် ရှိပြီးဖြစ်ကြောင်း သိရသည်။ ”ဘာသာရပ်အပေါ် မူတည်ပြီး တက္ကသိုလ်ကို ရွေးပို့တာ။ ဥပမာ စိုက်ပျိုးရေးနဲ့ပတ်သက်တာဆိုရင် စိုက်ပျိုးရေးဝန်ကြီးဌာနကလူတွေကို ပေးတယ်။ ငါးလုပ်ငန်းဆိုရင် ငါးလုပ် ငန်းဌာနက ဝန်ထမ်းတွေကို ပေး တယ်။ သူနဲ့သက်ဆိုင်တာကိုပဲ စေလွှတ်တယ်။ ကျန်တာတွေကို တော့ ပညာသင်ဆုမပေးဘူး”ဟု ၄င်းကပြောသည်။ ထိုသို့ ပညာသင် ဆုပေးရာတွင်လည်း အစိုးရ ဝန်ထမ်းများအတွက်သာ ရည်ရွယ် ထားကြောင်း သိရသည်။ KOICA က အစိုးရအဖွဲ့ အစည်းဆိုတော့ မြန်မာအစိုးရနဲ့ Government to Government ချိတ်ဆက်ပြီး တော့သာ နိုင်ငံတော် ဝန်ထမ်းတွေ ကိုပဲစေလွှတ်တယ်။ တခြား အရပ် သားတွေကိုတော့ စေလွှတ်တာ မရှိ ပါဘူး”ဟု အထက် ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။
စံကျော်၊ ထက်ထက်မိုးမြင့်

Source: ပေါ်ပြူလာဂျာနယ်

kosithuag
07-01-2010, 03:01 PM
ရင်းနှီးမြှုပ်နှံမှုပိုမို တိုးတက်လာ၍ နိုင်ငံခြားသားများ၏ အိမ်ခြံမြေအငှားဈေးကွက် ပိုသွက်လာ


မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာသည့် အတွက် နိုင်ငံခြားသားများ၏ အိမ် ခြံမြေအငှားဈေးကွက်လည်း ပိုသွက် လာကြောင်းအိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်ဦးစိုင်းခွန်နောင်က ပြော သည်။ ”ဒီမှာလာရောက် ရင်းနှီးမြှုပ် နှံတဲ့ နိုင်ငံခြားသားက တရုတ်၊ တရုတ် (တိုင်ပေ) နဲ့ ဗီယက်နမ်က များတယ်။ သူတို့တွေက မရမ်းကုန်း၊ ဗဟန်းနဲ့ ရန်ကင်းဘက်တွေမှာ ရွေး ချယ်ပြီး ငှားကြတာပိုများတယ်။ ကန် ဒေါ်လာ ၁၅ဝဝ တန်ကနေ ၇ဝဝဝ တန်လောက်ဝန်းကျင်ဈေးနှုန်းရှိတဲ့ ဟာတွေ အငှားအများဆုံးပဲ” ဟု ၄င်းက ထပ်လောင်းပြောသည်။ ယခုလအတွင်း အိမ်ခြံမြေ ဈေး ကွက် အရောင်းအဝယ်အငှားသည် ရွှေဈေးတက်မှု ကားဈေးကွက် မတည်ငြိမ်မှုတို့ကြောင့် အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက် ဘက်သို့ အမြတ်အစွန်း ပိုမိုရရှိနိုင်သည်ဟု ယုံကြည်မှုဖြင့်လှည့်လာကြကြောင်း၊ အိမ်ခြံမြေဝယ်ရောင်း စည်းကြပ်ခွန် မှာလည်း ဒုတိယသက်တမ်း ပြည့် လုပြီဖြစ်၍ အခွန်တိုးမြှင့်သွားမည်ကို စိုးရိမ်ကာ သက်တမ်းမကုန်ဆုံးမီ ရင်းနှီးမြှုပ်နှံလာကြခြင်းဖြစ်ကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။ အိမ်ခြံမြေဝယ်ယူရောင်းချမှု များပြုရာတွင် လိုအပ်သော စာရွက် စာတမ်းများ မပြည့်စုံမှု၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းများ လွဲမှားမှုများ ရှိ နိုင်သဖြင့် နစ်နာ ဆုံးရှုံးမှုများမဖြစ်ပေါ် စေရန် နားလည်တတ်ကျွမ်းသူများ နှင့် သေချာတိုင်ပင်၍ ပြုလုပ်သင့် ကြောင်း အိမ်ခြံမြေဥပဒေအကြံပေး များက အသိပေးစကားဆိုခဲ့သည်။
မင်းသုအောင်

Source: ပေါ်ပြူလာဂျာနယ်

kosithuag
07-01-2010, 03:02 PM
ရန်ကုန်မြို့တွင်း၌ မြေဧကအကျယ်များ ဝယ်ယူလိုကြောင်း ဗီယက်နမ် လုပ်ငန်းရှင်များ ကမ်းလှမ်း


ရန်ကုန်မြို့တွင်း၌ မြေဧက အ ကျယ်များ ဝယ်ယူလိုကြောင်း ဗီယက်နမ်လုပ်ငန်းရှင်များက ကမ်း လှမ်းလာကြောင်း မြန်မာနိုင်ငံ အိမ် ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (ဖွဲ့စည်းဆဲ) မှ အမှုဆောင် ဦးသန်းဦး (မဏ္ဍိုင်)က ပြောသည်။ ”၅ဝဝဝ စကွဲယားမီတာ လောက်တွေ လိုချင်တာ၊ Hyper Market တွေဘယ်နေရာမှာ ဆောက်လို့ရမလဲ မေးတယ်။ သူ တို့က မြေကြီးပဲလိုချင်တာ၊Hyper Market တွေ၊ ရုံးခန်းတွေ ဖွင့်ဖို့ အ ဆောက်အအုံအကြီးကြီးတွေ ဆောက်ချင်ကြတာ” ဟု ဦးသန်းဦး က ဆိုသည်။ ဗီယက်နမ်လုပ်ငန်းရှင်များ သည် ဇွန်လ ၂၂ ရက်တွင် အသင်း နှင့်အတူ ရန်ကုန်မြို့တွင်း လိုက်လံကြည့်ရှုခဲ့ကြသည်။ ၄င်းတို့ သည် ရန်ကုန်မြို့တွင်း၌ အဓိက လိုချင်ပြီး ၄င်းနေရာနှင့် ဆယ်မိုင်ခန့် အကွာတွင် လည်း မြေရနိုင်၊ မရနိုင် မေးမြန်းကြောင်း၊ မြေအကျယ် မည်မျှရနိုင်မလဲ မေးကြောင်း၊ ဈေးနှုန်းများလည်း စုံစမ်းသလို ရန်ကုန်မြို့တွင် Hyper Market နှင့် Super Market မည်မျှ ရှိသည်ကိုလည်း စုံစမ်းမေးမြန်းကြ ကြောင်း အဆိုပါပုဂ္ဂိုလ်ကပြော သည်။ ”မြန်မာနိုင်ငံ မြေဈေး တွေက အရမ်းဈေးကြီးတယ်လို့ ပြောတယ်” ဟု ဦးသန်းဦးက ဗီယက်နမ်လုပ်ငန်း ရှင်တို့၏ သုံးသပ်ချက်ကိုပြောသည်။ ၄င်းလုပ်ငန်းရှင် များသည် အသင်းနှင့် တွေ့ဆုံရာ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပြုရာတွင် အိမ်ရာမြေ ပိုင်ဆိုင်မှုဥပဒေများ၊ ကုမ္ပဏီဥပဒေ များ၊ အခွန်ကိစ္စများကို အဓိကထား မေးမြန်းခဲ့ကြကြောင်း ဗီယက်နမ် မြန်မာလုပ်ငန်းရှင်များဆွေးနွေးပွဲ ကို ဇွန်လ ၂၁ ရက်တွင် ပါ့ခ်ရွိုင်ရယ် ဟိုတယ်၌ ကျင်းပခဲ့ရာ ဗီယက်နမ် နိုင်ငံမှ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့် အကြံပေးလုပ်ငန်းအဖွဲ့နှင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်း (ဖွဲ့စည်းဆဲ) နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ”အသင်းအနေနဲ့ ဒုတိယခြေ လှမ်းပါ။ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များ ဝင်လာတာနဲ့အမျှ အိမ်ခြံမြေဈေးကွက် တိုးတက်လာ မှာပဲ” ဟု ဦးသန်းဦးက ပြောသည်။ ယခုလက်ရှိတွင် ရန်ကုန်မြို့ရှိ စက်မှုဇုန်မြေကွက်များတွင် ဝယ်လို အားလိုက်နေကြောင်း၊ အခြား အိမ်ခြံ မြေနေရာ၌ အငှားများသာ များပြီး တိုင်းရင်းသားလုပ်ငန်းရှင်များလည်း မြေကွက်များ ဝယ်ယူလာကြောင်း သိရသည်။ ရန်ကုန်မြို့တွင်း၌ လက်ရှိတွင် မြေ ၁ ပေပတ်လည် မှာ သုံးသိန်းခန့်ပေါက်သော်လည်း ရောင်းလိုသူ ရှားပါးကြောင်း သိရ သည်။
တင်ဇာဇော်

Source: ပေါ်ပြူလာဂျာနယ်

kosithuag
07-01-2010, 03:06 PM
အညာဖျား ရေအားလျှပ်စစ်စီမံကိန်း ၂ဝ၁၂ ခုနှစ်တွင် ပြီးစီးမည် ထားဝယ်မြို့နှင့် မိုင် ၅ဝ ဝန်းကျင်ဒေသများသို့ ၂၄ နာရီ မီးပေးနိုင်မည်ဟုဆို

http://popularmyanmar.com/mpaper/wp-content/uploads/2010/06/Tin-Zar-Zaw-Anyapya-1-1024x672.jpg
အားလုံးပြီးစီးပါက ဤသို့တွေ့ရမည်

အညာဖျားရေအားလျှပ်စစ် စီမံ ကိန်းမှ ၂ဝ၁၂ တွင် ထားဝယ်တစ် မြို့လုံးနှင့်အနီး မိုင် ၅ဝ ပတ်ဝန်း ကျင် ဒေသများသို့ လျှပ်စစ်မီး ၂၄ နာရီ ပေးဝေနိုင်တော့မည်ဖြစ် ကြောင်း ၄င်းစီမံကိန်းကိုဆောင်ရွက် လျက်ရှိသော Delco လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ”၂ဝ၁၂မေလ၊ ဇွန်လလောက် အပြီးဆောက်မယ်။ ဇူလိုင်မှာ ရေ ပြည့်ရင် စက်သုံးလုံးထိုင်မှာဆိုတော့ တစ်လုံးပြီးတစ်လုံး လည်သွားမယ် ဆိုရင် သြဂုတ်မှာ ကောင်းကောင်း မီးပေးနိုင်ပြီ”ဟု ၄င်းကထပ်လောင်း ပြောသည်။ တိုင်းရင်းသား ပုဂ္ဂလိကလုပ် ငန်းရှင်များသို့ ရေအားလျှပ်စစ်စီမံ ကိန်းများကို ယခုနှစ်တွင် အစိုးရမှ လုပ်ကိုင်ခွင့်ပေးခဲ့ရာ Delco လီမိ တက်မှ ထားဝယ်မြို့ အညာဖျား ချောင်းပေါ်ရှိ အညာဖျား ရေအား လျှပ်စစ်စီမံကိန်းကို BOT စနစ်ဖြင့် လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ စီမံ ကိန်းသည်ယခုအခါတွင်လမ်းတံတား များ ဖောက်လုပ်ဆောက်လုပ်ခြင်း အကုန်ပြီးစီးပြီဖြစ်ပြီး ဝန်ထမ်းအိမ်ရာ များ၊ အရာရှိနေထိုင်ရန်အိမ်များ၊ ရှင်းလင်းဆောင်များ ဆောက်လုပ် ပြီးစီးသွားပြီဖြစ်ကြောင်း၊ ရေကာ တာဆောက်မည့်နေရာတွင်လည်း မြေရာရှင်းလင်းခြင်းကို ဆောင်ရွက် ပြီးဖြစ်ကြောင်း သိရသည်။ သို့သော် ယခု မိုးကာလတွင် ¤င်းအညာဖျား ချောင်းသည် ရေကြီးတတ်သည့် အတွက် လုပ်ငန်းများဆောင်ရွက် ခြင်းကို ခေတ္တရပ်ထားရပြီး ပွင့်လင်း ရာသီတွင် လုပ်ကိုင်နိုင်ရန် ပြည်ပပို့ ပစ္စည်းမှာခြင်းများ ဆောင်ရွက်နေရ ကြောင်း သိရသည်။ ‘အဓိက ကတော့ လာမယ့် ပွင့်လင်းရာသီမှာ ဥမင်ဖောက်ပြီး ရေကို လွှဲထုတ်ရမယ်။ လွှဲပြီးရင် ရေကာတာဆောက်မယ်။ လွှဲထုတ် ပြီးရင်တော့ ရေကာတာကို နွေရော မိုးရောဆောက်လို့ရပြီ။ မိုးတွင်းတွေ ရှောင်စရာမလိုတော့ဘူး”ဟု ဦးဝင်း ဦးက ရှင်းပြသည်။ အညာဖျားချောင်းသည် ပေါက်ကိုင်းချောင်း၊ ပကာရည် ချောင်းတို့နှင့် ပေါင်းဆုံကာ ထားဝယ် မြို့ကိုပတ်၍ စီးဆင်းပြီး ထားဝယ် မြစ်ထဲသို့ စီးဝင်သွားသည့် ချောင်း တစ်ခုဖြစ်သည်။ ¤င်းချောင်းနှင့် ပေါက်ကိုင်းချောင်းဆုံရာသည် ရေ အားများပြီး ရေအားလျှပ်စစ်ပိုရနိုင် သော်လည်း ထားဝယ်မြို့၊ ထားဝယ် -မြိတ်ကားလမ်းနှင့် နီးစပ်သဖြင့် ထို နေရာတွင်မလုပ်ဘဲလွတ်သည့်နေရာ ကို ရွေးချယ်ရာမှ အညာဖျားချောင်း ပေါ်တွင် စီမံကိန်းတည်ဆောက်ဖြစ် ခြင်းဖြစ်ကြောင်း သိရသည်။ ၄င်း ရေအားလျှပ်စစ်စီမံကိန်း တွင် ဆောက်လုပ်မည့် ရေကာတာ သည် အမြင့် ၁၆၇ ပေရှိပြီး အလျား မှာ ၇၂ဝ ပေရှိသည်။ ရေကာတာ တည်ဆောက်ခြင်းကြောင့် ရေ အောက်ရောက်သွားမည့် ဧရိယာမှာ ၃၃၇ဝ ဧကခန့်ရှိပြီး ၄င်းဧရိယာကြီး တစ်ခုလုံးတွင် ကျေးရွာငယ် ၆ ရွာ ပါဝင်နေ၍ ၄င်းကျေးရွာများကို ရွှေ့ ပြောင်းပေးခြင်း၊ နေရာချထားပေး ခြင်းတို့ကို ဒေသဆိုင်ရာ အာဏာပိုင် များနှင့် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။ ၄င်းကျေးရွာများတွင် လယ်ဧက ၂ဝဝ ခန့်၊ ဥယျာဉ်ခြံဧက ၂ဝဝဝ ကျော်ရှိကာ ကွမ်းသီးပင်တို့ ကိုအဓိကစိုက်ပျိုးကြောင်းသိရသည်။ ”မမြင်ရတဲ့ သဘာဝဘေး အန္တရာယ်က ပြောလို့မရပါဘူး။ ငလျင်ကြီးတွေလှုပ်ရင် ဘာမှမတတ် နိုင်ဘူး။ ဒါကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ စီစဉ်ရတာပါ။ ကျေးရွာ တွေကအိမ်ခြေ ၃ဝဝ ကျော်ရှိတယ်။ သူတို့ကို ပြန်ပြီး နေရာချထားဖို့ မိသားစုတွေ အလုပ်အကိုင် ဖန်တီး ပေးဖို့ ဝင်ငွေရအောင် ဆောင်ရွက် ပေးဖို့ စီစဉ်ထားတယ်။ အသက် မွေးဝမ်းကျောင်း ပြန်လည်လုပ်နိုင်ဖို့ အတွက်လည်း အတိုင်းအတာတစ် ခုထိ လုပ်ကိုင်ပေးဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းလုပ်ပေးနေ တယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ၄င်းစီမံကိန်းပြီးပါက ရေအား လျှပ်စစ်မှာ ၉ မဂ္ဂါဝပ် ရရှိမည်ဖြစ် သည်။ ထားဝယ်မြို့သည် အိမ်ခြေ ၇ သောင်းခန့်ရှိပြီး ယခု လျှပ်စစ် လိုအပ်ချက်မှာ ၄ မဂ္ဂါဝပ်ခန့်ပင်ရှိ သည်ဟု သိရသည်။ ထားဝယ်မြို့နှင့် ပတ်ဝန်းကျင် သည် ဒီဇယ်မီးစက်ကြီးများဖြင့် မီး အချိန်လိုက် ပေးဝေလျက်ရှိပြီး တစ်ယူနစ်လျှင် ကျပ် ၄၃ဝ ခန့်ကျ ကြောင်း၊ ယခု ဆောင်ရွက်နေသည့် ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးပါက ထားဝယ်မြို့၊ ရေဖြုကန်ပေါက်တို့ကို ၂၄ နာရီ မီးပေးနိုင်မည်ဖြစ်ကာ လျှပ် စစ်ဓာတ်အားခမှာလည်း ၂ဝဝ ကျော်ခန့်သာကျမည်ဖြစ်ကြောင်း သိရသည်။ ”ထားဝယ်မြို့မှာ ရေနက်ဆိပ် ကမ်းတွေပေါ်လာရင်၊ စက်မှုဇုန်တွေ ဝင်လာရင်တော့ မလောက်တော့ ဘူး။ မဂ္ဂါဝပ် ၄ဝ၊ ၅ဝ လောက် လိုလာနိုင်တယ်။ ရေအားလျှပ်စစ် အပြင် ဇီဝလျှပ်စစ်ထပ်ထည့်ရင် တော့ ၁၅ မဂ္ဂါဝပ်လောက်ရမယ်။ ထပ်ပြီး ဖွံ့ဖြိုးလာမယ်။ စက်မှုဇုန် တွေတွက်ပါ လောက်ငအောင်လုပ်ဖို့ က ငွေအရင်းအနှီးတွေ ထပ်ထည့် ရမယ်။ တတ်နိုင်တဲ့လူတွေ ဝင်လာ လည်း ကြိုဆိုပါတယ်”ဟု ရင်းနှီး မြှုပ်နှံမှုအပိုင်းနှင့် ပတ်သက်၍ ဦးဝင်းဦးက ရှင်းပြသည်။ ရေအားလျှပ်စစ်၏သဘော တရားအရ နွေရာသီတွင် စွမ်းအား ရရှိနှုန်းမှာ ၄ဝ ရာခိုင်နှုန်း၊ ၅ဝ ရာခိုင်နှုန်းခန့် ထုတ်လုပ်မှု လျော့ ကျသွားမည်ဖြစ်ရာ လိုအပ်သည့် ပါဝါကို ဖြည့်ဆည်းနိုင်ဖို့ စီစဉ်လျက် ရှိကြောင်း၊ စွန့်ပစ်ပစ္စည်းများမှတစ် ဆင့် စွမ်းအင်ကို ရယူ၍ ပြန်လည် ထုတ်လုပ်ပေးနိုင်ရန် နည်းပညာရှင် များဖြင့် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ”ဂက်စ်တာဘိုင်တွေ လုပ်ပြီး စွမ်းအင်ကိုပေးမယ်။ အခု လေ့လာ မှုအရ လုပ်နေတာ လောက်ငမှု ရှိတယ်။ ဒါမှ မလောင်ငရင် အဲဂျေး (ဗူါနေ)လို့ခေါ်တဲ့ ရေမှော်တစ်မျိုးနဲ့ စွမ်းအင်ထုတ်မယ်။ သူက လိုအပ် ချက်ရဲ့ ၅ဝ ရာခိုင်နှုန်းကို ဖြည့်ဆည်း ပေးနိုင်တယ်။ အခု စင်ကာပူမှာ လုပ်နေတာကို လေ့လာနေတယ်။ အဲဒါမျိုးနဲ့ အစားထိုးဖို့ စီစဉ်ထား တယ်။ အခု လောလောဆယ်တော့ ရေအားကိုပဲ လုပ်ဦးမယ်။ အရင်း အနှီးများတော့ အဆင့်လိုက်သွား မယ်”ဟု ၄င်းက ထပ်လောင်း ပြော ကြားသည်။ ထိုသို့ ဇီဝလျှပ်စစ်နှင့် ရေအား လျှပ်စစ်လုပ်ငန်းများကို လုပ်ကိုင်ရာ တွင် ရင်းနှီးမြှုပ်နှံမှုမှာ များပြားလှပြီး ၄ဝ/၅ဝ မဂ္ဂါဝပ်ရအောင် ဆောင် ရွက်မည်ဆိုပါက ပိုမို၍ ရင်းနှီးမြှုပ်နှံမှု ကြီးမား၍ တစ်ဦးတည်း မလုပ်နိုင်ဘဲ ပူးပေါင်း၍ လုပ်ကိုင်မည်ဆိုပါက ဆောင်ရွက်နိုင်ကြောင်း ¤င်းက ဆိုသည်။ ၄င်းစီမံကိန်းဆောင်ရွက် ရန် လေ့လာလျက်ရှိသော အဲဂျေး စီမံကိန်းကိုလည်း ပြည်တွင်း၌ ဆောင်ရွက်လိုသူများကို ဖြန့်ဝေပေး သွားဦးမည်ဟု ¤င်းက ပြောသည်။ ”ဒီစီမံကိန်းကိုလုပ်ရတဲ့ ရည် ရွယ်ချက်က ဒေသတစ်ခုလုံးကို ဒီဇယ်နဲ့လည်ပတ်ပြီး မီးပေးနေရတဲ့ အချိန်မှာ ဒီဇယ်က နိုင်ငံခြားက တင်သွင်းရတာဖြစ်လို့ နိုင်ငံခြားက တင်သွင်းတာကိုရပ်ပြီး ကိုယ်ပြည် တွင်းမှာရှိတဲ့ဟာကို အတတ်နိုင်ဆုံး လုပ်မယ်ဆိုရင် ကိုယ့်တိုင်းပြည် လည်း အကျိုးရှီမယ်လို့ယူဆပြီး ၂ဝဝဝ ကစပြီး ဂက်စ်တာဘိုင်တွေ လုပ်ဖို့ လုပ်ခဲ့တာပါ။ နောက် သက် ဆိုင်ရာအာဏာပိုင်တွေက တစ်ပိုင် တစ်နိုင်ဖွံ့ဖြိုးရေးတွေ လုပ်ကြဖို့ တိုက်တွန်းတဲ့အခါမှာ အညာဖျား ချောင်းကို တရုတ်ပညာရှင်တွေ ခေါ် စမ်းသပ်စစ်ဆေးပြီး ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီအနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမပါဘဲ လျှောက်ပြီး လုပ်ကိုင်ခွင့်ရခဲ့တာပါ”ဟု ဦးဝင်းဦး က ¤င်း၏ရည်ရွယ်ချက်ကို ပြော ကြားခဲ့သည်။ အညာဖျားရေအားလျှပ်စစ် စီမံ ကိန်းသည် BOT စနစ်ဖြင့် အနှစ် ၆ဝ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကာ ၅ နှစ် ထပ်တိုး၍ လုပ်ကိုင်ခွင့် လျှောက်ထားနိုင်၍ ၇၅ နှစ် ဆက် လက်လုပ်ခွင့်ရထားကြောင်း သိရ သည်။ Delco လီမိတက်တွင် အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာနနှင့် ယခုနှစ်တွင် ၄င်းစီမံကိန်းကို လုပ် ကိုင်ခွင့် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။
တင်ဇာဇော်

Source: ပေါ်ပြူလာဂျာနယ်

poohcartoon
07-01-2010, 09:25 PM
မြန်မာ့ GSM ဖုန်း ဆက်သွယ်မှု ဧရိယာကို အရှေ့တောင် အာရှ နိုင်ငံများ အထိ တိုးချဲ့ရန် စီစဉ်
http://patheincity.com/news/wp-content/themes/openair/thumb.php?src=http://patheincity.com/news/wp-content/uploads/2010/06/myanmargsm.jpg&h=200&w=495&zc=1&q=90
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ GSM ဖုန်း ဆက်သွယ်မှုများ ပိုမို အဆင်ပြေရန် ရည်ရွယ်ပြီး GSM ဖုန်း ဆက်ကြောင်း ဧရိယာများကို အာဆီယံနိုင်ငံများ အထိ တိုးချဲ့ရန် စီစဉ်မည် ဖြစ်ကြောင်း ဒေသတွင်း သတင်းဂျနယ်များက ယခု သီတင်းပါတ် အတွင်း ဖော်ပြခဲ့သည်။

ပထမဦးစွာ မလေးရှာနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် စင်္ကာပူနိုင်ငံများသို့ မိုဘိုင်ဖုန်း ဆက်ကြောင်းများ ချိတ်ဆက်ရန် စီစဉ်ထားပြီး တရုတ်နိုင်ငံနှင့်လည်း ချိတ်ဆက်ရန် စီစဉ်ထားသည်ဟု သိရသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်ဖြစ်သော ရန်ကုန်မြို့တော်တွင်လည်း GSM radio stations အသစ် ၃၃ ခုထက်မနည်း ထပ်မံ တည်ဆောက်ရန်အတွက် ဈေးပြိုင် တင်ဒါ စနစ်ဖြင့် ပုဂ္ဂလိက ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုရန် တာဝန်ရှိသူများက အစီအစဉ်ဆွဲပြီး ဖြစ်သည်။

GSM မိုဘိုင်း ဖုန်းကို လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် မြို့ပေါင်း ၈၀ တွင် အသုံးပြုနိုင်ပြီ ဖြစ်ပြီး ယခုနှစ် မေလအထိ အလုံးရေ ၅သိန်း တပ်ဆင်ပြီး ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ရေး စနစ်များအဖြစ် ၁၉၉၃ ခုနှစ်တွင် ဆယ်လူလာဖုန်း စနစ်ကို စတင်ခဲ့ပြီး ၁၉၉၇ တွင် CDMA တယ်လီဖုန်းစနစ် တို့ကို ရန်ကုန် ၊ မန္တလေး စသော မြို့ကြီးများတွင် တပ်ဆင်ခဲ့သည်။ GSM မိုဘိုင်း ဖုန်းများကို ၂၀၀၂ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံနှင့်အဝှမ်း အခြားနယ်မြို့ကြီးများတွင်ပါ အကျယ်ပြန့်ဆုံး စတင်အသုံးပြုခဲ့သော တယ်လီဖုန်း ဆက်သွယ်ရေး စနစ် ဖြစ်သည်။
Source:TMCnet

poohcartoon
07-01-2010, 09:50 PM
ငလျင်ဘေးဒဏ်ကြောင့် နှစ်ပေါင်းရှစ်ဆယ်နီးပါး ပိတ်မိနေခဲ့သော အင်းလေးအလိုတော်ပေါက်ဘုရား၊ အနောက်ဘက်လိုဏ်နှင့် ရုပ်ပွားတော်မြတ် တူးဖော်ပြင်ဆင်ပြီးစီး
http://first-11.com/images/stories/myanmar/loc/b31417http://first-11.com/images/stories/myanmar/loc/b31418
ဗုဒ္ဓရုပ်ပွားတော်အား မပြုပြင်မီဖူး တွေ့ရစဉ် ဗုဒ္ဓရုပ်ပွားတော်အား ပြုပြင်ပြီးဖူး တွေ့ရစဉ်လွန်ခဲ့သော ၁၉၃၁ ခုနှစ် ငလျင်ဘေးဒဏ်ကြောင့် အမိုးနံရံများ ပြိုကျပိတ်ဖုံးနေခဲ့သော အင်းလေးဒေသ နန်းပန်ကျေးရွာ၊ အလိုတော်ပေါက်ဘုရား အနောက်ဘက် လိုဏ်နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့မှ စတင် တူးဖော်ခဲ့ရာ ယခု ဗုဒ္ဓရုပ်ပွားတော်မြတ်လိုဏ်ဂူနှင့် အာရုံခံတန်ဆောင်းတို့ပါ အချောထည်အားလုံးပြီးစီးခဲ့ပြီးဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ အနောက်ဘက်လိုဏ်ကို ဆည်မြောင်းဌာန ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများက ကျန်လိုဏ်ဂူတော်သုံးခု မထိခိုက်စေရန် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်အထိ ခက်ခဲစွာတူးဖော်ပြီးမှ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးတွေ့ ရကြောင်း၊ လိုဏ်တူးဖော်စဉ် ပဲ့နေသော နားရွက်တော်တစ်ဖက်ကို စတင်တွေ့ရှိခဲ့ပြီး ဦးခေါင်းတော်မှာ အများဆုံးပျက်စီး၍ ကိုယ်လုံးတော်နေရာအချို့ ပျက်စီးနေသည်ကို ဖူးတွေ့ရကြောင်း၊ တွေ့ရှိခဲ့သော နားရွက်တော်တစ်ဖက်၏ လက်ရာမှာ ညောင်ရမ်းခေတ် လက်ရာဖြစ်ကြောင်း သိရ၍ ကျွမ်းကျင်သူ ဦးလှအေး(ပုဂံ) အဖွဲ့မှ ရှေးမူလက်ရာမပျက် ပြန်လည်ပုံဖော်ပြုပြင်နိုင်ခဲ့ကြောင်း သိရသည်။

ဘုရားပြုပြင်ရန် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် ဗုဒ္ဓရုပ်ပွားတော် အပါအ၀င် လိုဏ်ဂူတော် အာရုံခံတန်ဆောင်းတို့ကို ပြုပြင်တည်ဆောက်ခဲ့ရာ သိန်း ၈၀၀ ကျော်ကုန်ကျခဲ့ပြီး ယခုအခါ အားလုံးပြီးစီးပြီဖြစ်ကြောင်း ဗုဒ္ဓရုပ်ပွားတော်ကို ကျွမ်းကျင်သူများမှ ရှေးမူမပျက် ညောင်းရမ်းခေတ် လက်ရာအတိုင်း ပုံဖော်ပြင်ဆင်နိုင်ခဲ့၍ သပ္ပါယ်ကြည်ညိုဖွယ်ကောင်းပြီး ဒေသခံများနှင့်အနယ်အနယ်အရပ်ရပ်မှ ဧည့်သည်များ လာရောက် ဖူးမြော်လှူဒါန်းသူ များပြားလျက်ရှိ ကြောင်း ဂေါပကအဖွဲ့အတွင်းရေးမှူးထံမှ သိရသည်။

@Eleven Media Group

စပိုင်ချစ်သူ
07-02-2010, 12:08 AM
ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်ရှိ UMFCCI အသင်းချုပ်ရုံး၊ မင်္ဂလာခန်းမတွင် ဇူလိုင်လ (၃) ရက်၊ စနေနေ့၌ " အဖွဲ့အစည်းများအတွင်း ကိုယ်ကျင့်တရားဖွံ့ရေး "

ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပမည်ဖြစ်ပါသည်။ ဆွေးနွေးဟောပြောမည့် ပုဂ္ဂိုလ်မှာ တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်မိုးမိုးခိုင် မှ ဟောပြောမည်ဖြစ်ပြီး ယခု

ကျင်းပမည့် ဟောပြောပွဲအမှတ်စဉ်မှာ (၂၅/၀၉-၁၁) ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါဟောပြောပွဲကို ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်

(UMFCCI)၊ ပြန်ကြားရေး နှင့် သတင်းနည်းပညာ မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှကြီးမှူး ကျင်းပခြင်းဖြစ်ကြောင်း၊ အသင်းအဖွဲ့အနေနှင့် ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ

ဟောပြောပွဲကို ဇူလိုင် (၃) ရက်၊ စနေနေ့၊ နေလည် (၂) နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း၊ အသင်းဝင်များနှင့် အခြားစိတ်ပါဝင်စား သူမည်သူမဆို တက်ရောက်နိုင်ကြောင်း

သတင်းကောင်းပါးအပ်ပါသည်။

မည်သည့်အရာကိုမျှသိမ်းပိုက်မထားသော
$þ¥ ©HÎtHµ

စပိုင်ချစ်သူ
07-02-2010, 12:24 AM
မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံပုဇွန်လုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်းကျင်းပသည့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များဟောပြောပွဲကို လာမည့် ဇူလိုင်လ (၃) ရက်၊ စနေနေ့တွင်

မြန်မာနိုင်ငံ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ကျင်းပမည်ဖြစ်ပါသည်။ ယခုကျင်းပသည့် ဟောပြောပွဲအမှတ်စဉ်မှာ ( ၁၃/၂၀၁၀) ဖြစ်ပါသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ၂၀၀၆

ခုနှစ်မှစတင်၍ ယခုကဲ့သို့ ဟောပြောပွဲများကို (၂) ပတ်တစ်ကြိမ် ကျင်းပလျက်ရှိခဲ့ရာ ယခုကျင်းပမည့် ဟောပြောပွဲမှာ ဘဏ်လုပ်ငန်းပညာရှင် ဦးဝင့်ကျော်၏

" နိုင်ငံခြားငွေမိတ်ဆက်နိဒါန်း " ဟောပြောဆွေးနွေးချက်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါဟောပြောပွဲအခမ်းအနားသို့ အသင်းဝင်များနှင့် အခြားစိတ်ပါဝင်စားသူ မည်သူမဆို ဇူလိုင်လ (၃) ရက်၊ စနေနေ့ နေ့လည် (၂) နာရီတွင် တက်ရောက်နိုင်ပါကြောင်း

သတင်းကောင်းပါးအပ်ပါသည်။

မည်သည့်အရာကိုမျှသိမ်းပိုက်မထားသော
$þ¥ ©HÎtHµ

kosithuag
07-02-2010, 03:08 PM
စက်ရုံကြီးများနှင့်ကျေးရွာများတွင် စွမ်းအင်ကိုအနည်းဆုံးနှင့် အထိရောက်ဆုံး အသုံးချနိုင်ရေးအတွက် နည်းပညာနှင့်ငွေကြေး ဂျပန် NGO ထောက်ပံ့ရန် စီစဉ်နေ
http://popularmyanmar.com/mpaper/wp-content/uploads/2010/07/Solar-225x300.jpg
လှိုင်သာယာစက်မှုဇုံတွင် ဆိုလာဖြင့်စွမ်းအင်ချွေတာနေပုံ

အသစ်နှင့်ပြန်ပြည့်မြဲစွမ်းအင် ကော်မတီနှင့် ဂျပန်နိုင်ငံမှ NGO အဖွဲ့အစည်းဖြစ်သော နြီဥ တို့ ပူးပေါင်း၍ စက်ရုံကြီးများနှင့် ကျေး ရွာများတွင် စွမ်းအင်ကို အနည်းဆုံး နှင့် အထိရောက်ဆုံးအသုံးချနိုင်ရေး အတွက် နည်းပညာနှင့်ငွေကြေးများ ထောက်ပံ့ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ စက်မှုဇုန်ကြီးများရှိ စက်ရုံများ တွင် စွမ်းအင်ကို အသုံးချရာ၌ လို အပ်သည်ထက် ပိုမိုသုံးစွဲနေသည် များကိုတွေ့နေရသဖြင့် အသုံးချပုံ နည်းပညာများကို စနစ်တကျဖြစ်စေ ရန်နှင့် လိုအပ်သော ငွေကြေးအ ထောက်အပံ့များကို NEDO မှ ဆောင်ရွက်ပေးမည်ဟု သိရသည်။ ”အဓိက နည်းပညာပိုင်းကိုပဲ လုပ်မယ်၊ ပြန်ပြည့်မြဲစွမ်းအင်အသုံး ပြုမှု တွင်ကျယ်မှုရှိလာအောင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ စက်မှု လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲပေး ဖို့ ရှိတယ်” ဟု အသစ်နှင့်ပြန်ပြည့်မြဲ စွမ်းအင်ကော်မတီ(ရန်ကုန်တိုင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇွန်လ ၂၂ ရက်က နေပြည် တော်တွင် ကျင်းပခဲ့ပြီး UMFCCI မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အသစ်နှင့် ပြန်ပြည့်မြဲစွမ်းအင်ကော်မတီမှ တာ ဝန်ရှိသူများ၊ NEDO မှ တာဝန်ရှိသူ များနှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများမှ တက်ရောက်ခဲ့ ကြောင်း သိရသည်။ NEDO ကို ၁၉၉၃ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး တရုတ်၊ မလေး၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒို နီးရှား စသော နိုင်ငံများ၌လည်း ပြန်ပြည့်မြဲစွမ်းအင်နှင့်ပတ်သက်သော အကူအညီများ ပေးခဲ့ကြောင်း သိရ သည်။
ဝေယံမိုးမြင့်

Source: popular

kosithuag
07-02-2010, 03:12 PM
၂၀၀၉ ခုနှစ် ထုတ်ပြန်သော စစ်တမ်းအရ မြန်မာနိုင်ငံ လူဦးရေ သန်း ၆၀ နီ်းပါးရှိပြီ


မြန်မာနိုင်ငံ လူဦးရေ သည် ၁၉၈၈ ခုနှစ်တွင် ၃၉.၃သန်း ၂၀၀၈ ခုနှစ် မေလတွင် ၅၇.၃၇သန်း ရှိခဲ့ရာ ပြီးခဲ့သော ၂၀၀၉ ခုနှစ် အကုန်ပိုင်းတွင် ၅၉.၁၂သန်း အထိ ရောက်ရှိလာပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှာ နောက်ဆုံး ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

စုစုပေါင်း လူဦးရေ ၅၉.၁၂သန်း တွင် ယောက်ျားဦးရေ ၂၉.၃၇ သန်းနှင့် မိန်မဦးရေ ၂၉.၇၃ သန်း အသီးသီးရှိပြီး ၎င်းတို့အနက် အသက် ၁၈ နှစ်နှင့် အထက် လူဦးရေမှာ သန်း ၃၀ ကျော်ရှိသည်။မြန်မာ့လူဦးရေသည် နှစ်စဉ် ၂.၀၂ ရာခိုင်နှုန်းတိုးလျက်ရှိသည်။ မြန်မာနိုင်ငံသည် ၎င်း၏လူဦးရေ စာရင်းကို ၂၀၀၇ ခုနှစ်တွင် နောက်ဆုံးထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ယင်းမတိုင်မီက ၁၉၇၃ တွင်တစ်ကြိမ် ၁၉၈၃ တွင် တစ်ကြိမ် ထုတ်ပြန်ခဲ့ဖူကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၀ ခုနှစ်အတွက် စိုက်ပျိုးရေး လုပ်ကိုင်သူ သန်းခေါင်းစာရင်း ကောက်ယူခြင်းကို ယခုနှစ် မတ်လကပင် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (FAO) ၏ အကူအညီနှင့် စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ တစ်နှစ်ခွဲကြာမြင့်မည့် အဆိုပါ စီမံကိန်းသည် လာမည့် ၂၀၁၁ မတ်လတိုင် ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ရရှိလာမည့် စိုက်ပျိုးရေး လုပ်ကိုင်သူ လူဦးရေစာရင်းကို ၂၀၁၃ တွင်ထုတ်ပြန်မည် ဖြစ်သည်။

စတုထ္ထအကြိမ်မြောက် စိုက်ပျိုးရေး လုပ်ကိုင်သူ သန်းခေါင်းစာရင်း ကောက်ယူရေး စီမံကိန်းအတွက် FAO မှ အမေရိကန် ဒေါ်လာ ၄၁၀,၀၀၀ မတည်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များကို ဒေသတွင်ရှိ ပညာရှင်များနှင့် ပူပေါင်းဆောင်ရွက်နိုင်ရန် စေလွတ်ခဲ့သည်။ ထို့အပြင် စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် နိုင်ငံတကာ အလှူရှင်များထံမှ အမေရိကန်ဒေါ်လာ ၁.၃သန်း ရရှိခဲ့ရန် FAO မှ ကူညီဆောင်ရွက်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို နိုင်ငံစီးပွားရေး၏ အဓိက အစိတ်အပိုင်းအဖြစ် လုပ်ကိုင်နေခြင်းဖြစ်ရာ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးရေး လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်လျက်ရှိပြီး စိုက်ပျိုးရေး ကဏ္ဍမှ ရရှိသော ဝင်ငွေသည် နိုင်ငံ့ GDP (ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးစုစုပေါင်း) ၏ ၄၀ ရာခိုင်နှုန်း ပါဝင်သည်။

@PatheinCity News | Source:PeopleDaily | Photo:caritas

kosithuag
07-03-2010, 10:43 AM
ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်း မှတ်ပုံတင်နိုင်ပြီ


ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေတရားဝင် လုပ်ကိုင်ခွင့်ရဖို့ အကျိုးဆောင် ယာယီမှတ်ပုံတင် လျှောက်ထား နိုင်ပြီလို့ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တချို့ထံက သိရတယ်။ အကျိုးဆောင် ယာယီမှတ်ပုံ တင်လျှောက်ထားနိုင်သူ တွေက မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသားပိုင် အစုစပ် လုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ခွင့် ရှိတဲ့ ကုမ္ပဏီဖြစ်ရပါမယ်။ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် ယာယီမှတ်ပုံတင် မရှိဘဲ အလုပ်သမားတွေကို တရားမဝင် စုဆောင်းတဲ့ လုပ်ငန်း သို့မဟုတ် အစုစပ် လုပ်ငန်း သို့မဟုတ် ကုမ္ပဏီတွေ လျှောက်ထားခွင့် မရှိဘူးလို့ သိရတယ်။ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် ယာယီမှတ်ပံတင် အသစ် ထုတ်ယူဖို့ တစ်နှစ်ကိုကျပ် ၅၀,၀၀၀ နဲ့ အကျိုးဆောင် ယာယီမှတ်ပုံတင် သက်တမ်းတိုးတာ အတွက် တစ်နှစ်ကို ကျပ် ၅၀,၀၀၀ ပေးပြီး ငွေသွင်းချလန် မူရင်း တင်ပြရမှာပါ။ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် ယာယီမှတ်ပုံ တင်ထားတဲ့ ကုမ္ပဏီအားလုံးဟာ တစ်နှစ်ပြည့်ဖို့ ၁၀ ရက် မတိုင်မီမှာ ယာယီမှတ်ပုံတင် သက်တမ်းတိုး ဆောင်ရွက်ရပါမယ်။ သတ်မှတ်ရက်ထက် နောက်ကျတဲ့ ကုမ္ပဏီဟာပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် ယာယီမှတ်ပုံတင် အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်ပါတယ်။ ပြည်တွင်း အလုပ်အကိုင် ရှာဖွေပေးတာ အတွက် အလုပ်သမားတွေဆီက ဝန်ဆောင်ခ မကောက်ခံဖို့နဲ့ အလုပ်ရှင်ဆီကလည်း လစာတစ်လစာထက် မပိုတဲ့ ဝန်ဆောင်ခ ကောက်ခံရမှာ ဖြစ်တယ်။ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် ယာယီမှတ်ပုံတင်ရ ကုမ္ပဏီတွေဟာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီက အလုပ်နေရာ လစ်လပ်ကြောင်း အမှာစာ ရရှိရင် မြို့နယ် အလုပ်အကိုင်နဲ့ အလုပ်သမား ရှာဖွေရေးရုံး( Labour Exchange Office LEO) တွေမှာ အမှာစာ( ပုံစံ-၃) ကို ဖြည့်စွက်ပြီးသည့် အမှာစာကို အလုပ်အကိုင်အတွက် လိုအပ်တဲ့ သတ်မှတ် အချက်အလက်တွေ ဖော်ပြပြီး သတင်းစာ၊ဂျာနယ်၊ စာစောင်တို့က တစ်ဆင့်ကြော်ငြာ ခေါ်ယူနိုင်ပါတယ်။ ဝန်ထမ်းစုဆောင်းရာမှာ လာရောက် လျှောက်ထားသူတွေဟာ (LEO) ရုံးတွေမှာလည်း မှတ်ပုံတင်ပြီးသူ ဖြစ်ရမှာပါ။ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် ယာယီမှတ်ပုံ တင်ရ ကုမ္ပဏီတွေဟာ စုဆောင်း ရရှိသူတွေကို အလုပ်ခေါ်တဲ့ အလုပ်ရှင်တွေနဲ့ တွေ့ဆုံပေးပြီးနောက် အလုပ်ရှင်က စိတ်ကြိုက် ရွေးချယ်စေရပါမယ်။ အလုပ်ရှင် ရွေးချယ်တဲ့ အလုပ်သမား စာရင်းကို ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် ယာယီမှတ်ပုံတင်ရ ကုမ္ပဏီတွေက သက်ဆိုင်ရာ ( LEO) ရုံးတွေဆီ ပေးပို့ပြီး အဲသည့် အလုပ်သမားတွေအတွက် (ပုံစံရ) ကိုထုတ်ယူပြီး အလုပ် ခန့်ထားဖို့ဖြစ်ပါတယ်။ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် ယာယီမှတ်ပုံတင်ကို ပြည်တွင်း အလုပ်အကိုင် အကျိုးဆောင် လုပ်ငန်းဆောင်ရွက်ရန် အတွက်သာ ထုတ်ပေးတာ ဖြစ်ပါတယ်။ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် ဝန်ဆောင်မှု လုပ်ငန်း၊ ပြည်ပကို အလုပ်သမား စေလွှတ်တဲ့ လုပ်ငန်း လုံးဝ လုပ်ကိုင်ခွင့် မပြုပါဘူး။ ပြည်တွင်း အလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြစ်တဲ့ ၁၉၅၀ ခုနှစ် အလုပ်အကိုင်နဲ့ သင်ကြားလေ့ကျင့်ရေး အက်ဥပဒေနဲ့ ၁၉၅၉ ခုနှစ် အလုပ်ခန့်ထားမှု ကန့်သတ်ရေး အက်ဥပဒေတို့ရဲ့ ရည်ရွယ်ချက်ကို သိရှိလိုက်နာရမှာ ဖြစ်တယ်။ ဒါ့အပြင် ဆိုင်ရာက အခါအားလျော်စွာ ထုတ်ပြန်တဲ့ စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းနဲ့ ညွှန်ကြားချက်တွေကို လိုက်နာရမယ်လို့ သိရတယ်။ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူက ‘ ဒီလိုလုပ်တာ ဝန်ထမ်းတွေအတွက် ပိုကောင်းလာမယ်၊ အေဂျင်စီလဲ နည်းသွားနိုင်တယ်၊ ဒီအလုပ်ကို ယာယီထပြီး လုပ်မယ့်သူ ရှားသွားမယ်၊ ကျွန်တော်တို့ အတွက်လဲ အဆင်ပြေတယ်’လို့ သူအမြင် ပြောကြားကြောင်း ၂၀၁၀ ခု နှစ်ဇူလိုင် ၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

@ခေတ်လူငယ်

kosithuag
07-03-2010, 10:45 AM
မလေးရှားသွားမယ့် လုပ်သား လေယာဉ်လက်မှတ် ဂရုပြုဖို့လိုလာ

ဈေးနှုန်းချိုသာတဲ့ အဲအေးရှား (Air Asia) လေကြောင်းလိုင်းက လာမယ့်လမှာ ကွာလာလမ်ပူ ခရီးစဉ် စတင်ပြေးဆွဲမှာ ဖြစ်လို့ မလေးရှားကို အလုပ်သွားလုပ်မယ့် လုပ်သားတွေ အနေနဲ့ အရင်ကထက် စရိတ်သက်သာ သွားမယ်လို့ သိရတယ်။ အရင်က မလေးရှား တိုက်ရိုက်လေကြောင်းလိုင်း နှစ်ခုပဲရှိပြီး လေယာဉ် လက်မှတ် ဈေးနှုန်းက အမေရိကန် ဒေါ်လာ နှစ်ရာဝန်းကျင် ကျသင့်ပါတယ်။ အဲအေးရှား လေကြောင်းလိုင်းက တခြားလိုင်းတွေထက် အမေရိကန်ဒေါ်လာ တစ်ရာလောက် သက်သာပါတယ်။ မလေးရှားသွားမယ့် လုပ်သားတွေအနေနဲ့ ပြည်ပ အလုပ်အကိုင် အေဂျင်စီက လေယာဉ် လက်မှတ်ပေးရင် ဘယ်လေကြောင်းလိုင်းလဲ ဆိုတာ ဂရုစိုက်ဖို့ လိုပါတယ်လို့ သိရပါတယ်။ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုက မန်နေဂျင်း ဒါရိုက်တာက “အဲအေးရှားလိုင်းက လာမယ့်လဆို စပြေးဆွဲပြီ၊ အေဂျင်စီ အများစုကလဲ ဈေးချိုတဲ့ အဲအေးရှားနဲ့ပဲ ပို့ဖို့များပါတယ်၊ လုပ်သားအနေနဲ့ ကိုယ့်ကိုပို့ပေးတဲ့ လေယာဉ် လက်မှတ်ကို သေချာကြည့်ဖို့ လိုတယ်၊ အဲအေးရှား လက်မှတ်ဆိုရင် လုပ်သားက အေဂျင်စီကို ကျပ်တစ်သိန်းလောက် ပြန်တောင်းဖို့ လိုတယ်”လို့ဆိုပါတယ်။ လက်ရှိမှာလည်း တိုက်ရိုက် လေကြောင်းလိုင်းနဲ့ တစ်ဆင့်ခံ လေကြောင်း လိုင်းဆိုရင် အေဂျင်စီအများစုက အမေရိကန်ဒေါ်လာ တစ်ဆယ်လောက် သက်သာတဲ့ တစ်ဆင့်ခံ လေကြောင်းလိုင်းနဲ့ လုပ်သားတွေကို ပို့ကြပါတယ်။ လေယာဉ်လက်မှတ် အရောင်း ကိုယ်စားလှယ်တစ်ဦးက “ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက လက်မှတ်ဝယ်ရင် ၁၀ ဒေါ်လာသက်သာတဲ့ transit လက်မှတ်ပဲ ဝယ်တာများပါတယ်၊ လုပ်သားဘက်က နစ်နာမှု မရှိအောင် လေယာဉ် လက်မှတ်ကို ဂရုပြုသင့်တယ် ”လို့ ပြောပါတယ်။ အဲအေးရှား လေကြောင်းလိုင်းက လက်မှတ်ကို အနီးကပ်မှ မဟုတ်ဘဲ ကြိုတင် ဝယ်ယူရင် ဈေးနှုန်း ပိုသက်သာပါတယ်။ အဲအေးရှားလိုင်းက ဆင်းသက်တဲ့ လေယာဉ်ကွင်းက ကွာလာလမ်ပူ လေဆိပ်သစ် မဟုတ်ဘဲ လေဆိပ်ဟောင်း LCCT မှာဖြစ်ပေမယ့် လေယာဉ်ကွင်း နှစ်ခုလုံးက မြို့ပြင်မှာပဲ တည်ရှိတာ ဖြစ်တယ်လို့ သိရကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

မှတ်ချက်။ ။ လေဆိပ်အဟောင်း LCCT မှာ Visa on arrival မရပါ။

@ခေတ်လူငယ်

kosithuag
07-03-2010, 10:47 AM
ရွှေပြည်ဟိန်း ကုသိုလ်ဖြစ်ဆေးခန်းမှ အခမဲ့ မျက်စိခွဲစိတ်ခြင်း ဒီဇင်ဘာတွင် စတင်ဆောင်ရွက်ပေးမည်

ရန်ကင်းမြို့နယ် ရွှေပြည်ဟိန်း ကုသိုလ်ဖြစ် အလင်းဒါန မျက်စိ ခွဲစိတ်ဆောင် ဆောက်လုပ်နေမှု ပြီးစီးသွားပြီဖြစ်၍ နိုဝင်ဘာနောက် ဆုံးပတ်တွင် ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ”အဆောက်အအုံကတော့ ပြီးစီးသွားပြီ။ ခွဲစိတ်ခန်းသုံး လိုအပ် တဲ့ပစ္စည်းတွေကိုလည်း သီတဂူ ဆရာတော်ဘုရားကြီးက လှူဒါန်း ထားပါတယ်။ သြဂုတ်လထဲမှာ ဆရာဝန်ကြီးတွေက ကြီးကြပ်ပြီး လာရောက်တပ်ဆင်မယ်။ တန် ဆောင်မုန်းလထဲမှာဖွင့်ပြီး ကုသပေး မယ်။ ဒီအစီအစဉ်တွေက သီတဂူ ဆရာတော်ကြီး ဆွဲပေးထားတာ။ ဒီကိစ္စကလည်း ဆရာတော်ကြီးပဲ လမ်းညွှန်စီမံဆောင်ရွက်ပေးတာပါ” ဟု သီတဂူကြာတစ်ပွင့် ရွှေပြည် ဟိန်းကျောင်းဆရာတော်မှ မိန့်ကြား သည်။ ယခင်က ရွှေပြည်ဟိန်းကျောင်း အခမဲ့ ကုသိုလ်ဖြစ်ဆေးခန်း၌ မျက်စိစမ်းသပ်ခန်းရှိသော်လည်း ခွဲစိတ်ကုသဖို့ရန် နေရာမရှိသည့် အတွက် ကုသိုလ်ဖြစ်ဆရာဝန်ကြီး များက လူနာများကို ရန်ကုန်မျက်စိ ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ ဆေးရုံကြီးတို့၌ခွဲစိတ်ပေးခဲ့ရကြောင်း သိရသည်။ ရွှေပြည်ဟိန်း အလင်းဒါန မျက်စိခွဲစိတ်ဆောင်ကြီး ဖွင့်လှစ်ပြီး ပါက ယခင်က ခွဲစိတ်ကုသဖို့ လိုအပ်နေသည့် လူနာများကို အဓိကထားပြီး အခမဲ့ခွဲစိတ်ကုသမှု ကို စတင်၍ ပြုလုပ်ပေးမည်ဖြစ် ကြောင်းလည်း ထပ်မံ၍ သိရှိခဲ့ရ သည်။ အဆိုပါ ရွှေပြည်ဟိန်း ကုသိုလ်ဖြစ်ဆေးခန်းသည် ရန်ကင်း မြို့နယ် ၁၆ ရပ်ကွက်၊ တာမွေလေး၊ သံလမ်းအနီး၌ တည်ရှိသည်။
မင်းသုအောင်

Source: popularmyanmar.com

kosithuag
07-03-2010, 10:48 AM
ချည်နှင့်ပလတ်စတစ် ရောစပ်ထုတ်လုပ်သည့်အိတ် မြန်မာနှင့်ဖက်စပ်ထုတ်လုပ်ရန်တရုတ်ကုမ္ပဏီလာရောက် ဆွေးနွေး

http://popularmyanmar.com/mpaper/wp-content/uploads/2010/07/Plastic-150x150.jpg
တရုတ်နိုင်ငံတွင် တွင်ကျယ် စွာ ထုတ်လုပ်လျက်ရှိသော ချည်နှင့် ပလတ်စတစ် ရောစပ်ထုတ်လုပ် သည့် အိတ်အမျိုးမျိုးကို မြန်မာ နိုင်ငံတွင် လာရောက်ထုတ်လုပ်ရန် အတွက် အကျိုးတူပူးပေါင်းလိုသော ပလတ်စတစ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ချည်နှင့် ပလတ်စတစ် ရော စပ်ထုတ်လုပ်သော လီနင်အိတ် အမျိုးအစား ရေစိုခံ၊ အကြမ်းခံ၊ အလေးချိန်ခံနိုင်သော အိတ်အမျိုး အစားကို ထုတ်လုပ်မည်ဖြစ်ပြီး ဆိုက်အရွယ်အစားမျိုးစုံနှင့် ကုန် ပစ္စည်းအမျိုးမျိုး ထည့်သွင်းနိုင်သော အိတ်များ ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။ ”အိတ်ထဲကို အရည်ပစ္စည်း တော့ ထည့်လို့မရဘူး။ ဒါပေမဲ့ ဆန် ထည့်ရင် အပြင်က ရေစိုတာ ခံနိုင်တယ်။ အတွင်းကို အစိုဓာတ် မဝင်ဘူး။ နိုင်ငံတကာမှာလည်း ဒီလိုအိတ်ပုံစံမျိုးတွေပဲ သုံးစွဲနေကြ တာပါ။ မြန်မာနိုင်ငံမှာ ဒီအိတ်က သုံးစွဲမှု မတွင်ကျယ်သေးဘူး” ဟု တရုတ်ကုမ္ပဏီမှ ကိုယ်စားလှယ် တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံမှ စိတ်ပါဝင်စား သော ပလတ်စတစ်လုပ်ငန်းရှင် များအနေဖြင့် တရုတ်နိုင်ငံ ဝှန်ကျိုး မြို့နယ်ရှိ ¤င်းတို့စက်ရုံသို့ သွား ရောက်လေ့လာနိုင်ကြောင်း ၄င်းက ပြောသည်။ လီနင်အိတ်သည် ပလတ် စတစ်ထက် ပိုမိုဆွေးမြည့်လွယ်ပြီး မီးရှို့ပါကလည်း လေထုညစ်ညမ်းမှု သက်သာကြောင်း၊ နိုင်ငံတကာတွင် ကုန်ခြောက်ပစ္စည်း ထုတ်ပိုးရာ၌ ၄င်းအိတ်အမျိုးအစားကိုသာ အသုံး ပြုတော့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၄င်းအိတ် ထုတ်လုပ်နေသော စက်ရုံငယ်များ ရှိပြီး ကုန်ကြမ်းကို နိုင်ငံခြားမှ မှာယူ တင်သွင်းရကြောင်း၊ ၄င်းတို့ဖြင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် စက်ရုံ တည်ဆောက်မည်ဆိုပါက ကုန် ကြမ်းပစ္စည်းကို မြန်မာနိုင်ငံ၌ပင် ဝယ်ယူ၍ရမည်ဖြစ်ပြီး ကုန်ချော အဆင့် ထုတ်လုပ်သူများလည်း အဆင်ပြေလာနိုင်ကြောင်း ၄င်းက ပြောသည်။
PN- 029

Source: popularmyanmar.com

poohcartoon
07-04-2010, 10:28 AM
မိတ္ထီလာတစ်မြို့လုံးစိတ်ဝင်စားသည့် လွတ်လပ်ရေးပန်းခြံထဲကလူသေမှုကိုဖော်ထုတ်နိုင်ပြီ
မိတ္ထီလာမြို့၊ မြို့မ (၄) ရပ်ကွက်ရှိလွတ်လပ်ရေးပန်းခြံအတွင်း ၂ဝဝ၈ ခုနှစ၊် ဇူလိုင် ၁၃ ရက်ကပါးစပ်မှအမြှုပ်များ ထွက်လျက်သေဆုံးနေသူ တစ်ဦး ကိုလာရောက်စွန့်ပစ်ထားသဖြင့်လူအများစိတ်ဝင်စားခဲ့သည်။ ထိုမှုခင်းနှင့်ပတ်သက်၍လာရောက်စွန့်ပစ်ထားသူများကို ဖမ်းဆီးရမိပြီဖြစ် ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ၂ဝဝ၈ ခုနှစ်အတွင်း က မိတ္ထီလာမြို့ လွတ်လပ်ရေး ပန်းခြံအတွင်းတွင် ပါးစပ်မှ အမြှုပ် များထွက်လျက် သေဆုံးနေသူ လူသေ အလောင်း တစ်လောင်းအား တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ အေးကျော် (ခ) စံငြိမ်းအေးဆိုသူ ဖြစ်ကြောင်း သိရ၍ အမှတ် (၁) ရဲစခန်းက သေမှုသေခင်းအမှတ် (ပ) ၅/ဝ၈ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
အေးကျော် (ခ) စံငြိမ်းအေး သည် ဓမ္မတာအတိုင်း သေဆုံးသည် ဟု ယူဆ၍ မဖြစ်နိုင်သဖြင့် ဆက် လက်စုံစမ်း စစ်ဆေးခဲ့ရာ သေဆုံးသူ နှင့် ယခင်ကအတူသွားလာခဲ့သူ ဖိုးလပြည့် (ခ) လွှမ်းမိုးဦး (၂၁ နှစ်) အား မသင်္ကာ၍ သွားရောက်ရှာဖွေရာ အောင်ပန်းမြို့သို့ ထွက်ပြေး တိမ်းရှောင် နေသည့်အတွက် ၂ဝဝ၉ ခုနှစ်တွင် ၄င်းမြို့မှ ဖမ်းဆီး ခဲ့ရသည်။ဖိုးလပြည့် (ခ) လွှမ်းမိုးဦး၏ အစစ်ခံချက်အရ သေဆုံးသူ အေး ကျော် (ခ) စံငြိမ်းအေး မသေဆုံး မီက ၄င်းတို့နှစ်ဦးသည် စားသောက် ဆိုင်တစ်ဆိုင်တွင် အရက်သောက် စားပြီး အောင်ဇေယျရပ်ကွက် သိုက်ထွန်း၏အိမ်၌ မူးယစ်ဆေးဝါး ထိုးပြီး ရုတ်တရက် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆို၏။ ထို့ကြောင့် အေးကျော် (ခ) စံငြိမ်းအေး၏ ဆိုင်ကယ်ဖြင့် ညအချိန်တွင် သိုက် ထွန်းက ဆိုင်ကယ်မောင်း၍ အေး ကျော် (ခ) စံငြိမ်းအေး အလောင်း အား အလယ်မှာထားပြီး ဖိုးလပြည့် (ခ) လွှမ်းမိုးဦးက နောက်မှာထိုင် ကာ လွတ်လပ်ရေးပန်းခြံအတွင်း စွန့်ပစ်ထားခဲ့ကြောင်း ဝန်ခံခဲ့သည်။ ထို့နောက် ဖိုးလပြည့် (ခ) လွှမ်းမိုးဦး နှင့် သိုက်ထွန်းတို့မှာ ထွက်ပြေး တိမ်းရှောင်သွားသည်။ ဖိုးလပြည့် (ခ) လွှမ်းမိုးဦးကို အောင်ပန်းမြို့၌ ၂ဝဝ၉ ခုနှစ်တွင် ဖမ်းမိပြီး သိုက်ထွန်းကို ၂ဝ၁ဝ ဇွန်လ ၈ ရက်နေ့တွင် နေအိမ်သို့ ပြန်လာစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
@ပေါ်ပြူလာ နယူးစ်ဂျာနယ်

poohcartoon
07-04-2010, 10:34 AM
ငလျင်ဘေးအန္တရာယ် ခံရနိုင်ခြေပြမြေပုံရေးဆွဲရေး ပထမအဆင့်အဖြစ် မန္တလေးမြို့ကို ရွေးချယ်
မြန်မာနိုင်ငံ ငလျင်ကော်မတီနှင့် ADPC တို့မှ မြန်မာနိုင်ငံရှိ မြို့ကြီး များအလိုက် ငလျင်ဘေးအန္တရာယ် ခံရနိုင်ခြေပြမြေပုံ (Risk Map) ရေးဆွဲ ရန် စီမံကိန်း၏ ပထမအဆင့်အဖြစ် မန္တလေးမြို့အတွက် မြေပုံရေးဆွဲ သွားရန် ရွေးချယ်ထားပြီးဖြစ် ကြောင်း မြန်မာနိုင်ငံ ငလျင် ကော်မတီမှ သိရသည်။
မြေပုံ ရေးဆွဲနိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် အဆိုပါ စီမံ ကိန်းတွင် ဌာနဆိုင်ရာအလိုက် ပါဝင်မည့်သူများအား ADPC မှ ၃ကြိမ် လာရောက်သင်တန်းပေး သွားမည်ဖြစ်သည်။ တစ်ကြိမ်လျှင် ၅ ရက်ကြာမည့်သင်တန်း ၃ ကြိမ် အား ၃ လခွဲပေး၍ သင်တန်းပြီးပါက မြေပုံရေးဆွဲမည့် မြို့သို့ကွင်းဆင်း ၍ အချက်အလက်များကောက်ယူရ မည်ဖြစ်သည်။ မြေပုံတွင် ငလျင်လှုပ်ပါက နေရာအပိုင်းအခြားအလိုက် သေဆုံး နိုင်ခြေရှိသည့်လူဦးရေ၊ ပြိုကျနိုင် သည့်အဆောက်အအုံများ၏ ခံနိုင် ရည်အားစသည်တို့ ပါဝင်နိုင်ရန် အတွက် ရပ်ကွက်များအလိုက် နေထိုင်သည့် လူဦးရေ၊ အဆောက် အအုံများ၏ အနေအထားတို့ကို အချက်အလက် ကောက်ယူ စုဆောင်းရမည်ဖြစ်သည်။ အဆိုပါ အဆင့်များအား သက်ဆိုင်ရာ အာဏာပိုင်မှ စီမံကိန်းဆောင်ရွက် ခွင့်ကျလာပြီးမှသာ လုပ်ဆောင်နိုင် မည်ဟု ယင်းစီမံကိန်းတွင်ပါဝင်သူ ဦးသူရအောင်က ပြောသည်။”အခုလောလောဆယ်တော့ ခွင့်ပြုမိန့် မကျသေးတဲ့အတွက် အချိန်လည်း မလေလွင့်အောင် ဒီမြေပုံရေးဆွဲရာမှာ ပါဝင်မယ့်သူ တွေကို ADPC ကလာပြီး သင်တန်း ပေးနေတယ်။ ဇွန်လ ၂၁ ရက် ကစပြီး ၂၅ ရက်ထိ တစ်ကြိမ်၊ နောက်ဇူလိုင်နဲ့ သြဂုတ်မှာ တစ် ကြိမ်စီ ထပ်ပေးပြီးရင် ကွင်းဆင်း လို့ရပြီ။ မြို့တစ်မြို့အတွက် မြေပုံဆွဲနိုင်ဖို့ အဲဒီမြို့ရဲ့ ဘူမိဗေဒ အနေအထားတင်မကဘူး၊ လူဦးရေ နဲ့ ရှိနေတဲ့ အဆောက်အအုံတွေရဲ့ ခံနိုင်ရည်တွေပါ ရဖို့လိုတယ်။ ဒါကို တစ်ရပ်ကွက်ချင်းစီအလိုက် ကောက်ယူရမှာ။ အဲဒီမှာ ဆည်/ မြောင်း၊ မြို့တော်စည်ပင်၊ မိုး/ဇလ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေး စသဖြင့် ဌာနဆိုင်ရာတွေပါ အားလုံးပါမယ်။ လူစုလူဝေးနဲ့ဆိုတော့ အဲဒီမှာ နေ ထိုင်တဲ့သူတွေ အထိတ်တလန့် ဖြစ်မှာစိုးတဲ့အတွက် ကြိုတင်အသိ ပေးထားဖို့လည်း လိုအပ်တယ်။ အထက်က ခွင့်ပြုမိန့်ကျတာနဲ့ အစီ အစဉ်စနိုင်အောင် ကြိုလုပ်ထားတဲ့ သဘောပါ” ဟု ၄င်းကဆိုသည်။ မြန်မာနိုင်ငံရှိ မြို့ကြီးများအနက် မန္တလေးမြို့အား မြေပုံရေးဆွဲရန် ရွေးချယ်ခဲ့ခြင်းမှာ မန္တလေးမြို့သည် အခြားမြို့များထက် လူဦးရေပိုမို ထူထပ်ခြင်း၊ ငလျင်ဖြစ်နိုင်ခြေအရ စစ်ကိုင်းပြတ်ရွေ့၏ တည့်တည့်တွင် ရှိခြင်းနှင့် အောက်ခံကျောက်သား မှာ ငလျင်လှုပ်ပါက ခံနိုင်ရည်မရှိ သည့် အမျိုးအစားများဖြစ်ခြင်း ကြောင့်ဟု ငလျင်ကော်မတီမှ ဦးစိုးသူရထွန်းကပြောသည်။ ”တကယ်လို့ အထက်က ခွင့် ပြုမိန့်လည်း စောစောကျလာမယ်။ ဒီက ကွင်းဆင်းပြီးအချက်အလက် ယူတာလည်း နှစ်လ၊ သုံးလနဲ့ မြန်မြန်ပြီးခဲ့မယ်။ မြေပုံရေးဆွဲဖို့ ပညာရှင်ပိုင်းကလည်း အဆင်သင့် ဖြစ်ခဲ့မယ်ဆို မန္တလေးအတွက် မြေပုံ က တစ်နှစ်လောက်အတွင်း ပြီးနိုင် ပါတယ်။ မန္တလေးအတွက် ပြီးရင် တခြားမြို့တွေအတွက်လည်း Risk Map ဆွဲဦးမှာပါ။ ဒါပေမဲ့ ဒီ ၃ နှစ်စီမံကိန်း အတွင်းမှာ ဘယ်နှမြို့ ဆွဲသွားမယ်ဆိုတာတော့ အချိန် ကာလအရရော ခွင့်ပြုမိန့်လည်း မကျသေးတဲ့အတွက် မပြောနိုင် သေးဘူး။ တစ်မြို့ချင်းစီ အလိုက် ဆွဲသွားနိုင်ရင်တော့အကောင်းဆုံး ပေါ့”ဟုဦးသူရအောင်ကပြောသည်။ ယင်းကဲ့သို့ ငလျင်ဘေး အန္တရာယ်ခံရနိုင်ခြေပြမြေပုံ (Risk Map ) ရေးဆွဲထားပါက ၄င်းမြို့တွင် ငလျင်တစ်ခုလှုပ်လျှင် လှုပ်သည့် ပမာဏအလိုက် မည်သည့်ရပ်ကွက် တွင် လူဘယ်လောက် သေဆုံးနိုင် ခြေရှိသည်။ အဆောက်အအုံ ဘယ်လောက်ပြိုနိုင်ခြေရှိသည်ကို အကြမ်းဖျင်း သိရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ် တစ်ခုခုကျရောက်ခဲ့ပါက အရေးကြီး သည့်၊ ခံရနိုင်ခြေများသည့် နေရာ အလိုက်ရွေးချယ်၍ အလျင်အမြန် ကာကွယ်စောင့်ရှောက်မှုများ လုပ် ကာ ဆုံးရှုံးနိုင်ခြေများကို လျှော့ချ နိုင်မည်ဖြစ်သည်ဟု သိရသည်။ အဆိုပါ စီမံကိန်းသည် ၂ဝ၁ဝ မှ ၂ဝ၁၂ ခုနှစ်အထိ ၃ နှစ်ကြာ မြင့်မည်ဟု သိရသည်။
@ပေါ်ပြူလာ နယူးစ်ဂျာနယ်

poohcartoon
07-04-2010, 06:36 PM
မုံရွာဒေသ ကြေးနီထုတ်လုပ်ခွင့် တရုတ်ကုမ္ပဏီတစ်ခုရရှိ
http://news-eleven.com/images/stories/myanmar/loc/we5393a.jpg
မုံရွာတစ်ဖက်ကမ်း ချင်းတွင်းမြစ် အနောက်ဘက် လက်ပန်းတောင်းတောင်တွင် ကြေးနီတူးဖော်ရေးစီမံကိန်းအား မကြာမီစတင်တော့မည် ဖြစ်ကြောင်းနှင့် အဆိုပါမုံရွာဒေသ ကြေးနီထုတ်လုပ်ခွင့်အား တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော China Industries Corporation က ရရှိကြောင်းအဆိုပါ နိုရင်ကို၏ ထုတ်ပြန်ကြေညာချက်များအရ သိရှိရသည်။
http://news-eleven.com/images/stories/myanmar/loc/we5393b.jpg
မုံရွာမြို့တစ်ဖက်ကမ်း ချင်းတွင်း မြစ်အနောက်ဘက်ရှိ လက်ပတောင်းတောင်၊ စပယ်တောင်၊ မြရိပ်တောင်၊ ကြေးစင်တောင်၊ ကျောက်မျက်တောင်၊ ရွှေဘိုသာတောင်နှင့် ဖိုဝင်တောင် များသည် ယခင်ကမီးတောင်များ ဖြစ်ခဲ့ကြောင်း၊ ယခုအခါ လက်ပတောင်းတောင်နှင့် ကြေးစင်တောင် တစ်ဝိုက်တွင် ကြေးနီတူးဖော်ရေး လုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါကြေးနီထုတ်လုပ်ခွင့် နှင့်ပတ်သက်၍မူ ဇွန်လဆန်းတွင် မြန်မာနိုင်ငံသို့ တရုတ် ၀န်ကြီးချုပ် ၀မ်ကြားပေါင် ရောက်ရှိခိုက် နိုရင်ကို ကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Zhang Guaqing နှင့်အဖွဲ့က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။ အလားတူ ကြေးစင်တောင် မိုင်းကိုမူ ၁၉၇၆ ခုနှစ် ၀န်းကျင်တွင် ရှာဖွေရေးလုပ်ခဲ့ပြီး ၁၉၈၀ ၀န်းကျင်တွင် လုပ်ငန်းစတင် လည်ပတ်ခဲ့ကြောင်း သိရှိရသည်။

@Eleven Media Group

poohcartoon
07-05-2010, 09:52 AM
စစ်တွေ-ဘူးသီးတောင် ရေကြောင်းခရီးတွင် အမြန်ရေယာဉ်ကို အသုံးပြုကာ လေးနာရီဖြင့် အရောက်သွားနိုင်တော့မည် \
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်စပ်မြို့များဖြစ်ကြသော မောင်းတောနှင့် ဘူးသီးတောင်မြို့များသို့ သွားရောက်ရန်အတွက် စစ်တွေ-ဘူးသီးတောင်ခရီးကို ရေကြောင်းတွင် အမြန်ရေယာဉ်ကို အသုံးပြုကာ လေးနာရီဖြင့် အရောက်သွားနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမြန်ရေယာဉ်ကို ယခုအခါတွင် ဧရာဝတီတိုင်းအတွင်း တည်ဆောက်နေပြီ ဖြစ်သဖြင့် အောက်တိုဘာလ (သို့မဟုတ်) နိုဝင်ဘာလတွင် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ယင်း ရေယာဉ်တွင် ခရီးသည် ၈၀ ဦးအထိ လိုက်ပါနိုင်မည်ဖြစ်ပြီး စစ်တွေမှ ဘူးသီးတောင်ကို နေ့ချင်းအသွားအပြန် ပြေးဆွဲနိုင်သော အနေအထားတွင် ရှိကြောင်းလည်း သိရှိရပါသည်။

မောင်တောဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသတစ်ခု ဖြစ်သဖြင့် ယင်းသို့ အမြန်ရေယာဉ်များကို အသုံးပြု၍ ပြေးဆွဲသွားရန် စီစဉ်ခြင်းဖြစ်ကြောင်းနှင့် လက်ရှိ ပြေးဆွဲလျက်ရှိသော ပြည်တွင်း ရေကြောင်းသင်္ဘောသည် ရှစ်နာရီမှ ၁၀ နာရီအထိ ကြာမြင့်တတ်သဖြင့် မောင်တောမှ ခရီးသည်များ အခါအားလျော်စွာ ဘူးသီးတောင်တွင် ညအိပ်ရလေ့ရှိကြောင်း၊ ထိုအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ယင်းသို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။

အဆိုပါ ရေယာဉ် ပြေးဆွဲပေးလျင် စစ်တွေနှင့် ဘူးသီးတောင်ခရီးမှာ လေးနာရီသာ ကြာမြင့်တော့မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

@Eleven Media Group

poohcartoon
07-05-2010, 09:54 AM
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)တွင် စင်းလုံးငှားယာဉ်များအပြင် Buggy ဘတ်စကားများဖြင့်ပါ လည်ပတ်နိုင်ရန် စီစဉ်နေ
http://www.first-11.com/images/stories/myanmar/loc/w53915
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)တွင် လှည့်လည် လည်ပတ်လိုသူများအတွက် စင်းလုံးငှားယာဉ်များအပြင် Buggy ဘတ်စကားများဖြင့်ပါ လည်ပတ်နိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
Buggy ဘတ်စကားများဖြင့် လည်ပတ်နိုင်ရန်အတွက် ဘတ်စကားဂိတ်များကို တည်ဆောက်နေပြီး မကြာမီတွင် ဘတ်စကားများဖြင့်ပါ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ဒီဥယျာဉ်ထဲကို လာရောက်လည်ပတ်သူတွေက စင်းလုံးငှားယာဉ်တွေနဲ့ သွားလိုရင်လည်း စင်းလုံးငှားယာဉ်တွေ ထွက်ပေးမှာပါ။အဲလိုမှမဟုတ်ဘဲ ဘတ်စကားပုံစံနဲ့ လည်ပတ်လိုသူတွေ အတွက်လည်း မကြာခင်မှာ ပြေးဆွဲပေးနိုင်ဖို့ ဘတ်စကားဂိတ်တွေ တည်ဆောက်နေပါတယ်"ဟု အမျိုးသားအထိမ်းအမှတ်ဥယျာဉ် တာဝန်ရှိသူတစ်ဦးက ပြောဆိုပါသည်။

စင်းလုံးငှားယာဉ်များကို စီးနင်းလိုသူများအတွက် တစ်နာရီလျှင် ကျပ် ၅၀၀၀ သတ်မှတ်ထားပြီး Buggy ဘတ်စကားများကို ၁၅ မိနစ် တစ်စီး၊ မိနစ် ၃၀ တစ်စီး ပြေးဆွဲနိုင်ရန် စီစဉ်နေပြီး အသွားအပြန်အဖြစ် တစ်ဦးလျှင် ကျပ် ၅၀၀ နှုန်း သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

@Eleven Media Group

poohcartoon
07-05-2010, 09:56 AM
ဆောင်းရာသီအတွက် သိုးမွေးထည်များ ကြိုတင်ရက်လုပ်လျက်ရှိပြီး လက်ခစား သိုးမွေးထိုးသူများ နေ့တွက်ကိုက်လျက်ရှိကြောင်း သိရ
http://www.news-eleven.com/images/stories/myanmar/mdy/w53914
မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် လာမည့် ဆောင်းရာသီအတွက် သိုးမွေးထည်များ ကြိုတင်ရက်လုပ်လျက် ရှိနေပြီး လက်ခစား သိုးမွေးထိုးသူများ နေ့တွက်ကိုက်လျက်ရှိကြောင်း သိုးမွေးထိုးသူများထံမှ စုံစမ်းသိရှိရပါသည်။
"လာမယ့် ဆောင်းရာသီအတွက် သိုးမွေးထည်တွေ အဓိကရက်လုပ်တဲ့ ပြင်ဦးလွင်မြို့နဲ့ မန္တလေးမြို့တို့မှာ အခုချိန်လောက်ကတည်းက စပြီးတော့ သိုးမွေးထည်တွေကို ရက်လုပ်နေကြပါပြီ။ တကယ်တမ်း စပြီး ရက်လုပ်နေကြတာကတော့ မေလ လောက်ကတည်းကပေါ့။ ဒါပေမယ့် တကယ်အလုပ်များတဲ့ အချိန်ကတော့ နိုဝင်ဘာလကုန်ပိုင်း ဒါမှမဟုတ် ဒီဇင်ဘာလဆန်းပိုင်းလောက်ပါပဲ။ မေလပိုင်းလောက်ကစပြီး ရက်လုပ်ကြတယ်ဆိုပေမယ့်လည်း အဲဒီအချိန်လောက်မှာ နေ့တွက်မကိုက်ပါဘူး။ တော်တော်လေးကို အလုပ်ပါးတဲ့ အချိန်ပါပဲ။ တချို့ဆိုရင် တခြားအလုပ်တွေကိုတောင်မှ ပြောင်းလုပ်တာ တွေရှိပါတယ်။ ဒီလို ဇူလိုင်လလောက်ကို ရောက်လာပြီဆိုရင်တော့ အလုပ်တွေ အအပ်များလာပြီး နေ့တွက်ကိုက်လောက်အောင်တော့ အလုပ်ဖြစ်နေပါတယ်။ အများစုကတော့ ရာသီကုန်ရင် နားထားပြီး ဇူလိုင်လ၀န်းကျင်လောက်ရောက်မှ လုပ်ငန်းခွင် ပြန်ဝင်ကြတာ များပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ အနေနဲ့ တစ်ရက်ကို သိုးမွေးထည် ၂၀ ကျော်လောက် ပြီးပါတယ်"ဟု မန္တလေး မြို့ရှိ လက်ခစား သိုးမွေးထည် ရက်လုပ်သူတစ်ဦးက လက်ခစား သိုးမွေးရက်လုပ်သူများ၏ အလုပ်လုပ်ကိုင်ရမှုနှင့် ပတ်သက်၍ ပြောပါသည်။

သိုးမွေးထိုးများကို အလုပ်အပ်သူများမှ ချည်ပေးထိုးခိုင်းရပြီး တစ်ထည်လျင် ကျပ် ၈၀၀ ၀န်းကျင် ပေးရသော်လည်း အမျိုးအစားနှင့်ဒီဇိုင်းပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် ကွာခြားကြောင်း၊ အများစုမှာ ဈေးချိုကုန်သည်များက အပ်ကြခြင်း ဖြစ်ကြောင်း၊ ယခုအချိန်သည် ပူပြင်းသည့် ကာလဖြစ်သဖြင့် ချည်ဈေးများကျသောကြောင့် အလုပ်အပ်ပြီး ဆောင်းရာသီအတွက် ကြိုတင်စုဆောင်းထားချင်သည့် ကုန်သည်များ ပေါများကြောင်း၊ ပုံမှန်အချိန်၌ ချည်ဈေး (တရုတ်) တစ်ပေါင်လျင် ကျပ် ၃၀၀၀ ကျော်ကျော်ရှိသော်လည်း ယခုအချိန်တွင်ကျပ် ၂၅၀၀ ခန့်သာရှိကြောင်း အဆိုပါ သိုးမွေးထိုးသူက ဆက်လက်ရှင်းပြပါသည်။

သိုးမွေးထည်များကို ပြင်ဦးလွင်နှင့် မန္တလေးမြို့တို့မှ အဓိက ရက်လုပ်ကြပြီး နေရာအနှံ့အပြားသို့ ဖြန့်ချိလျက်ရှိကြောင်း၊ အများအားဖြင့် ပြင်ဦးလွင်တွင် အပါးထည်ကို အထိုးများပြီး မန္တလေးတွင် အထူထည်ကိုသာ အထိုးများကြောင်းလည်း သိရှိရသည်။

@Eleven Media Group

Htet Soe Paing
07-06-2010, 09:20 AM
နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား စနစ်များ အမှတ်(၂) စက်မှုဝန်ကြီးဌာနက အနည်းဆုံး ကျပ်နှစ်သိန်း ၀န်းကျင်ဖြင့် ရောင်းချမည်

လျှပ်စစ်မီး မရရှိနိုင်သည့် ဒေသများတွင် အနည်းဆုံး ငွေကျပ်နှစ်သိန်း ၀န်းကျင်ဖြင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားကို သုံးစွဲနိုင်ရန် အမှတ်(၂)စက်မှု ၀န်ကြီးဌာနက စီစဉ်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။ နေရောင်ခြည် စွမ်းအင် အသုံးပြု၍ လျှပ်စစ်ထုတ်ယူသည့် စနစ်အတွက် ကျေးလက်ဒေသသုံး 3 Watt မီးသီးရှစ်လုံး တစ်စုံ သို့မဟုတ် 5 Watt မီးသီးလေးလုံး ပါဝင်သည့် 21 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၁၇၅၀၀၀၊ မြို့ပြတွင် အသုံးပြုနိုင်မည့် 3 Watt မီးသီး ၁၂ လုံး သို့မဟုတ် 5 Watt မီးသီးရှစ်လုံး သို့မဟုတ် 7 Watt မီးသီးခြောက်လုံး ပါဝင်သည့် 40 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၂၇၀၀၀၀ နှင့် လုံခြုံရေးမီးနှင့် လမ်းမီးများအဖြစ် အသုံးပြုနိုင်သော သုံးမီတာနိုင်ရင် အရှည်ရှိသည့် 10 Watt ဆိုလာလမ်း မီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၂၉၅၀၀၀ ဈေးနှုန်းဖြင့် လည်းကောင်း၊ ခြောက်မီတာ အရှည်ရှိသည့် 25 Watt ဆိုလာလမ်း မီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၆၀၀၀၀၀ ဈေးနှုန်းဖြင့် လည်းကောင်း ဈေးနှုန်း သက်သာစွာဖြင့် လူတန်းစား မရွေး ရောင်းချပေးသွားမည် ဖြစ်ကြောင်း အမှတ်(၂) စက်မှုဝန်ကြီးဌာနက သတင်း ထုတ်ပြန် ထားသည်။ အဆိုပါ ဆိုလာ စနစ်ဖြင့် လျှပ်စစ်မီး၊ ၂၂ လက်မ LCD TV, DVD၊ ကွန်ပျူတာ၊ အဲကွန်းနှင့် ပန်ကာများ သုံးနိုင်သည့် 1000 Watt တစ်စုံကို ကျပ်သိန်း ၃၀၊ 3000 Watt ကို ကျပ်သိန်း ၉၀ နှင့် 5000 Watt ကို ကျပ်သိန်း ၁၂၀ စသည်ဖြင့် ရှိပြီး ဆိုလာစနစ်များ အတွက် လုပ်ငန်း အပ်နှံလာပါက ဈေးနှုန်း ချိုသာစွာ ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး အပ်နှံလာတဲ့ Watt အမျိုးအစားအလိုက် နေအိမ်များတွင် ရုပ်မြင်သံကြား၊ အိမ်သုံးမီး၊ ပန်ကာ၊ လေအေးပေးစက်၊ ရေခဲသေတ္တာနှင့် ရေမော်တာ စက်များအထိ အသုံးပြုနိုင်သည်ဟု သိရသည်။ နေရောင်ခြည် စွမ်းအင်သုံး High Efficiency Multicrystal Photovoltaic ဆိုလာပြားများကို ရာနှုန်းပြည့် ဂျပန်နည်းပညာဖြင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန၏ လျှပ်စစ်နှင့် အီလက်ထရွန်းနစ် ပစ္စည်း ထုတ်လုပ်မှု စက်ရုံ (ဒဂုံ)၊ LED မီးသီး ထုတ်လုပ်မှု စက်ရုံက ထုတ်လုပ်ထားပြီး၊ ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် အစိုးရ အဖွဲ့အစည်းများ၏ တရားဝင်ထောက်ခံ အသိအမှတ် ပြုထားသော ဆိုလာပြားများ ဖြစ်ကြောင်း သိရသည်။ ယင်းဆိုလာပြားများမှာ လျှပ်စစ်ဓာတ်အား ထွက်ရှိမှုကို အနှစ် ၂၀ အထိ အာမခံ ပေးထားပြီး ၀ယ်ယူလိုပါက ရန်ကုန်တွင် LED မီးသီးစက်ရုံ (၀၁-၆၅၁၄၂၈၊ ၀၁-၆၅၁၄၃၁)နှင့် နေပြည်တော်၌ မြန်မာ့ စက်ကိရိယာနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်း ၀၆၇-၄၀၅၀၅၉၊ ၀၆၇-၄၀၅၃၂၂၊ ၀၆၇-၄၀၅၁၂၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

poohcartoon
07-06-2010, 11:09 AM
ကမ္ဘာနှင့် နေအကြား လရောက်ရှိမှုကြောင့် နေအပြည့်ကြတ်မှု ဇူလိုင်လ ၁၂ ရက်နေ့တွင် ဖြစ်ပေါ်ရန်ရှိ
http://www.news-eleven.com/images/stories/myanmar/mm/we5395.jpg
ကမ္ဘာနှင့် နေအကြား လရောက်ရှိမှုကြောင့် ဖြစ်ပေါ်မည့် နေအပြည့်ကြတ်မှု ဖြစ်စဉ်လာမည့် ဇူလိုင်လ ၁၂ ရက်နေ့၌ ဖြစ်ပေါ်ရန်ရှိကြောင်း နက္ခတ်ပညာရှင်များထံမှ သိရှိရသည်။

နေအပြည့်ကြတ်မှု ဖြစ်စဉ်သည် တောင်ပစိဖိတ်သမုဒ္ဒရာရှိ ကီရီဘာရီကျွန်းအနီး၌ ဇူလိုင်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ညဥ့်သန်းခေါင် အနီး ည ၁၁ နာရီ ၃၈ မိနစ်တွင် အနောက်လောင်ဂျီတွဒ် ၁၆၁ ဒီဂရီ ၃ မိနစ်နှင့် တောင်လတ္တီတွဒ် ၁၁ ဒီဂရီ ၃၉ မိနစ်၌ စတင်ဖြစ်ပေါ်မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါနေကြတ်မှုဖြစ်စဉ် ကိုကောင်းစွာမြင်တွေ့နိုင်သည့်ဖမ်း လယ်အချိန်မှာလည်း ဇူလိုင်လ ၁၂ ရက်နေ့၏ နံနက် ၂ နာရီ ၃ မိနစ်၌ အနောက်လောင်ဂျီတွဒ် ၁၂၁ ဒီဂရီ ၄၀ မိနစ် နှင့် တောင်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၄ မိနစ်၌ ဒူးစီးကျွန်းမြောက်ဘက်ပိုင်းတွင် ဖြစ်ပေါ်မည်ဖြစ်ကာ နံနက် ၆ နာရီ ၂၆ မိနစ်၌ ချီလီ နိုင်ငံ ဆန်တီယားဂိုးမြို့အနီးတွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းဖြစ်စဉ်ကို တောင်အမေရိကနိုင်ငံများ၊ တောင်ပစိဖိတ်သမုဒ္ဒရာ၊ ချီလီနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့မှသာ မြင့်တွေ့ခွင့်ရနိုင်ပြီး အခြားနိုင်ငံများမှ မမြင်တွေ့နိုင်ကြောင်း သိရသည်။

နေကြတ်မှုဖြစ်စဉ်သည် တစ်နှစ်လျှင် နှစ်ကြိမ်ဖြစ်ပေါ်လေ့ရှိပြီး ယခုဖြစ်ပေါ်မည့်ဖြစ်စဉ်မှာ ယခုနှစ်၏ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရှိရပါသည်။
@mtalk.net

poohcartoon
07-06-2010, 11:22 AM
ဖိုင်ဘာအင်တာနက်စနစ်ရရှိလာပါက ၀ိုင်ဖိုင်ဧရိယာများ ပိုများလာဖွယ်ရာရှိ
ဖိုင်ဘာဖန်ကြိုးမျှင်သုံးအင်တာနက်စနစ် (Fibre To The X) အသုံးပြုခွင့်ကို အများအပြားချထားပေးမည်ဆိုပါက ၀ိုင်ဖိုင် (Wifi) ခေါ် ကြိုးမဲ့အင်တာနက်စနစ်ရရှိမည့် ဧရိယာများပိုမိုပေါ်ပေါက်လာဖွယ်ရာရှိကြောင်း အင်တာနက်ဆိုင်နှင့် သုံးစွဲသူအချို့ကပြောကြားသည်။ လက်ရှိ၌ ၀ိုင်ဖိုင်အင်တာနက်စနစ်ကို စားသောက်ဆိုင်၊ ရှော့ပင်းစင်တာနှင့် ဟိုတယ်အချို့တွင် အခမဲ့သုံးစွဲခွင့်ပေးထားပြီး ၎င်းတို့အနက်အချို့မှာ ၀ိုင်မက်စ် (WiMAX) ADSL နှင့် Broadband လိုင်းများမှတစ်ဆင့် ပြန်လည်ထုတ်လွှင့်ပေးထားခြင်းဖြစ်သည်။ ဖိုင်ဘာဖန်ကြိုးမျှင်သုံး အင်တာနက်စနစ်မှာ လက်ရှိသုံးစွဲလျက်ရှိသောစနစ်များဖြစ်သည့် ADSL, Broadband, WiMax လိုင်းများထက် လိုင်းဆွဲအားပိုမိုကောင်းမွန်သည့်အပြင် ဈေးနှုန်းပိုင်းတွင်လည်း ပိုမိုသက်သာသောကြောင့် ၀ိုင်ဖိုင်စနစ်ရရှိရန် ပိုမိုလွယ်ကူလာမည်ဖြစ်ကာ ရရှိနိုင်သောဧရိယာများမှာလည်း ယခုထက်ပိုမိုများပြားလာမည်ဖြစ်သည်။ ရန်ကုန်မြို့တွင်ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူကိုဝေဖြိုးက “အခုတောင် နေရာတော်တော်များများမှာ ၀ိုင်ဖိုင်တွေရနေပါတယ်။ တစ်ချို့က ပါ့စ်ဝါဒ်ခံထားတယ်။ တစ်ချို့က ပါ့စ်ဝါဒ်မခံထားကြဘူး။ ဖိုင်ဘာ (FTTX) စနစ်သာရလာရင် ဒီထက်မက၀ိုင်ဖိုင် Free Area တွေ တိုးလာနိုင်ပါတယ်” ဟုပြောသည်။ ပန်းဘဲတန်းမြို့နယ်ရှိ အင်တာနက်သုံးစွဲသူ ကိုကျော်မြတ်သူက “ဖိုင်ဘာစနစ်တွေရလာခဲ့ရင် ၀ိုင်ဖိုင်တွေနေရာအားလုံး နီးပါးရလာမှာပါ။ နေရာတိုင်းရလာဖို့ကိုလည်း မျှော်လင့်ပါတယ်။ အင်တာနက်ကို အချိန်မရွေး၊ နေရာမရွေးရနေတော့ အလုပ်လုပ်ရတာ လူတိုင်းအတွက်အဆင်ပြေနိုင်ပါတယ်” ဟုဆိုသည်။ ထိုကဲ့သို့ ၀ိုင်ဖိုင်ဧရိယာများ တိုးတက်လာသော်လည်း အင်တာနက်ဆိုင်လုပ်ငန်းအပေါ်တွင် သိသာသည့်ထိခိုက်မှုမျိုး မဖြစ်ပေါ်နိုင်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်သည်။ “၀ိုင်ဖိုင်ရတဲ့နယ်မြေများလာလို့ အင်တာနက်ဆိုင်လုပ်ငန်းကို ထိခိုက်မှာမဟုတ်ပါဘူး။ ထိလည်းနည်းနည်းပါးပါးပါ။ လူတိုင်းလက်ပ်တော့ သုံးကြမှာမဟုတ်ဘူးလေ။ ကျောင်းတက်တဲ့သူတွေနဲ့ ရုံးလုပ်ငန်းလုပ်ကိုင်တဲ့သူတွေလောက်ပဲ လက်ပ်တော့ကို အချိန်တိုင်းသုံးကြမှာ။ အင်တာနက်ဆိုင်တွေမှာက သူ့မိတ်နဲ့သူ Customer တွေရှိနေဦးမှာပါ” ဟု အင်တာနက်ဆိုင်ဖွင့်လှစ်ထားသည့် ကိုဇော်မြင့်ဌေးက သုံးသပ်သည်။
@Internet Journal

poohcartoon
07-06-2010, 12:00 PM
အာဆီယံ ၁၀ နိုင်ငံသို့ ဈေးနှုန်း သက်သာစွာဖြင့် သွားရောက် လည်ပတ်နိုင်ပြီ
မြန်မာနိုင်ငံမှ အာဆီယံ ၁၀ နိုင်ငံသို့ ဈေးနှုန်း သက်သာစွာဖြင့် သွားရောက် လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း လေယာဉ် လက်မှတ်အရောင်း ကုမ္ပဏီများမှ သိရသည်။ အဆိုပါ အာဆီယံနိုင်ငံများသို့ မလေးရှား လေကြောင်းလိုင်းမှ အထူးဝန်ဆောင်မှု အနေဖြင့် ပို့ဆောင်ပေးနေပြီး မည်သည့် နိုင်ငံကိုမဆို သွားရောက် လိုပါက ကွာလာလမ်ပူမြို့မှ တစ်ဆင့် သွားရန် သတ်မှတ်ထားသည်ဟု သိရသည်။ “မလေးရှားနိုင်ငံကိုပါ ဧည့်သည်တွေ လာရောက် လည်ပတ်စေချင်တဲ့ သဘောပါပဲ။ အရင်ပြေးဆွဲပေးနေတဲ့ ဈေးနှုန်းထက် ဈေးပိုများပေမယ့် သူ့မှာ အားသာချက်တွေ အများကြီးရှိပါတယ်။ အာဆီယံနိုင်ငံတွေပဲ သွားချင်ရင် ဒီ့ထက်မက ဈေးပိုကုန် နိုင်ပါတယ်”ဟု Seven Diamond လေယာဉ်လ က်မှတ်မှ မန်နေဂျာတစ်ဦးက ပြောသည်။ ယင်း ၁၀ နိုင်ငံ အပါအဝင် ခရီးစဉ်များကို အမေရိကန်ဒေါ်လာ 299+Tax ဖြင့် ခြောက်လအတွင်း အသွား၊ အပြန် နှစ်ကြိမ် ပြုလုပ်နိုင်ကြောင်း သိရသည်။ “ဒီခရီးစဉ်က ပရိုမိုးရှင်း ပြုလုပ်ပေးနေတဲ့ ခရီးစဉ်ပါ။ ဒီလိုလုပ်ပေးတဲ့ အတွက် ခရီးသွားချင်တဲ့ သူတွေအတွက် လွယ်ကူ အဆင်ပြေစေတယ်။ တစ်ခုထားခြားတာက KL Transit နဲ့သွားရတာပါ။ တချို့ခရီးသည်တွေ အစောကြီးကတည်းက ဘွတ်ကင် လုပ်ထားတာ တွေ့ရှိပါတယ်” ဟု ယင်းက ထပ်မံရှင်းပြသည်။ ယင်းကဲ့သို့ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်ကို ဒေါ်လာ ၂၂၉ ဖြင့် သုံးလ လက်မှတ် သက်တမ်း ရရှိမည်ဖြစ်ပြီး ဈေးနှုန်းဒေါ်လာ ၅၄၇ ဖြင့် လက်မှတ် သက်တမ်း တစ်နှစ် ရရှိမည်ဖြစ်သော အီကော်နော်မီ Class များကိုလည်း ပျံသန်းပေးလျက် ရှိကြောင်း သိရသည်။ အာဆီယံနိုင်ငံ ခရီးစဉ်များ ကိုလည်း ပရိုမိုးရှင်း အနေဖြင့် ဆက်လက် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင် ၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
@ခေတ်လူငယ်

မောင်သုည
07-06-2010, 02:53 PM
ဆေး (၁) ပထမနှစ်များ လယ်ဝေးသို့ ရွှေ့မည်။

ဆေးတက္ကသိုလ် (၁) ရန်ကုန် ပထမနှစ် သင်တန်းများကို နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့သို့ လာမည့်နှစ်တွင် ရွှေ့ပြောင်းရန် အစီအစဉ် ရှိကြောင်း သိရသည်။
ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် တက္ကသိုလ် ပရ၀ုဏ် ၃ ခုရှိပြီး လမ်းမတော်၊ ပြည်လမ်း (လိပ်ခုံးကျောင်း) နှင့် သထုံလမ်း တို့တွင် ဖြစ်သည်။
လမ်းမတော် ဆေးကျောင်းမှာ ရန်ကုန်ဆေးရုံကြီးနှင့် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံ သစ်ကြီးတို့ အနီးတွင်ရှိသည်။
လိပ်ခုံးကျောင်းမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန အနီးတွင် တည်ရှိသည်။
ယခု ပြောင်းရွှေ့ရန် စီစဉ်နေသော အတန်းမှာ သထုံလမ်းတွင် သင်ကြားကြရသော ဆေးတက္ကသိုလ် ပထမနှစ် သင်တန်းများ ဖြစ်ကြောင်း သိရသည်။
ဆေးတက္ကသိုလ်(၁) မှ ဆေးကျောင်းသား တဦးက“ဆေး (၁) ပထမနှစ် အတန်းတွေကို ၂၀၁၁ မှာ လယ်ဝေးကို ပြောင်းမယ် လို့ ဆေး(၁) ပါမောက္ခချုပ်က ပြောပါတယ်”ဟု ဆိုသည်။
ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်မှာ ဒေါက်တာ အေးမောင်ဟန် ဖြစ်ပြီး ဆေးကျောင်းသား ကျောင်းသူပေါင်း ၂၅၀၀ ခန့် ရှိသည်။
ဆေး (၁) ကို လယ်ဝေးသို့ ရွှေ့ချင်သည်မှာ နေပြည်တော်တွင် ဆေးတက္ကသိုလ် ဖွင့်လိုသောကြောင့် ဖြစ်သည်ဟု အခြား ဆေးကျောင်းသားတဦးက ဆိုသည်။
ဆေး (၁) ကို တခုလုံး ရွှေ့ပြောင်းရန်မှာ ဖြစ်နိုင်ဦးမည် မထင်ကြောင်း၊ ဆေးတက္ကသိုလ် အတန်းကြီးများအတွက် သင်ကြားရေးဆေးရုံများနှင့် တွဲဖက်ထားရန် လိုအပ်ကြောင်း
ဆရာဝန်တဦးက ပြောသည်။
ဆေးတက္ကသိုလ် (၁) နှင့် တွဲဖက်ထားသော သင်ကြားရေး ဆေးရုံများမှာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံနှင့် အလုပ်သမား ဆေးရုံအပါအဝင်
ရန်ကုန်မြို့ရှိ ဆေးရုံကြီး ၁၀ ရုံ ပါဝင်သည်။
မန္တလေး ဆေးတက္ကသိုလ်ကိုလည်း မုံရွာသို့ ရွှေ့မည်ဟု သတင်းများ ထွက်ပေါ်သော်လည်း မဖြစ်နိုင်သဖြင့် ကောလာဟလသာ ဖြစ်နိုင်သည်ဟု ဆေးတက္ကသိုလ် အသိုင်းအဝန်းမှ သိရသည်။
ဆေးတက္ကသိုလ် သင်တန်းကာလ ၆ နှစ်တွင် စာတွေ့ ၅ နှစ်နှင့် အလုပ်သင် ဆရာဝန်ကာလ ၁ နှစ် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ မန္တလေး ဆေးတက္ကသိုလ်နှင့် မကွေး ဆေးတက္ကသိုလ် ဟူ၍ ၄ ခုရှိသည်။
ဆေးတက္ကသိုလ် (၁) ရန်ကုန် သည် မြန်မာပြည်ရှိ ဆေးတက္ကသိုလ်များအနက် ပထမဦးဆုံး တည်ထောင်ခဲ့သော ဆေး ကျောင်းဖြစ်ပြီး
၁၉၂၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာစပင် ဆာဟာကုတ် ဘတ္တလာက အုတ်မြစ်ချပေးခဲ့သည်။

မှတ်ချက်။ ။http://www.irrawaddy.org/bur/index.php/news/1-news/3552-2010-07-06-06-53-57 မှကူးယူဖေါ်ပြသည်။

မောင်သုည
07-06-2010, 03:07 PM
တက္ကသိုလ် စာမေးပွဲများ ၁ လစော ကျင်းပမည်

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန် ရှိသောကြောင့် မြန်မာ နိုင်ငံတ၀န်းရှိ တက္ကသိုလ် စာမေးပွဲများကို ၁ လစော၍ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ် စာမေးပွဲများကို စက်တင်ဘာလနှင့် မတ်လများတွင် ပုံမှန် ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်မူ သြဂုတ်လတွင် အပြီး ကျင်းပရမည်ဟု
အထက်က ညွှန်ကြားထားကြောင်း ပညာရေး အသိုင်းအ၀န်းမှ သိရသည်။
ရန်ကုန်မြို့ရှိ ပါမောက္ခ တဦးက “ရွေးကောက် ပွဲကြောင့် စာမေးပွဲ တွေကို အရင်ကထက် ၁ လ စောပြီး ကျင်းပရမှာပါ။

မှတ်ချက်။ ။အပြည့်အစုံကို ဒီလင့်မှာ http://www.irrawaddy.org/bur/index.php/news/1-news/3551-2010-07-06-06-19-00 ဖေါ်ပြထားသည်။

စပိုင်ချစ်သူ
07-06-2010, 07:22 PM
Online မှဈေးဝယ်နိုင်မည့်  www.onlinemyanmarshopping.com နှင့် T.Link ၏ Free Web Sider Builder Seminar အားဖိတ်ကြားခြင်း *မိတ်ဆက်ပွဲ နှင့် *T.Link ၏ Free Web Site Builder *အကြောင်းကို Myanmar Info-Tech , Conference Hall တွင် ဇွန်လိုင်လ ၈ ရက်နေ့  နေ့ လည် ၁ နာရီ မှ ညနေ ၅ နာရီ အထိ ပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက် ချီးမြှင့်ပေးပါရန်လူကြီးမင်း တို့ အား လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

http://img5.imageshack.us/img5/8425/invitationpublic.jpg

• အိုင်တီ နည်းပညာ အသုံးပြုလျှက် ဈေးကွက် တခုအား ဖန်တီးတတ်စေရန်
• မြန်မာနိုင်ငံအတွင်း အွန်လိုင်း အသုံးပြုရင်း ၀င်ငွေ တိုးပွားလာစေရန်
• သတင်းအချက်လက် အခြေခံသော မားကတ် တခုနှင့်ရင်းနီးစေရန် Site Builder ( Free Service )
• မြန်မာအိုင်တီလောက တိုးတက်စေရန်
• ပြည်တွင်းသတင်းအချက်လက်များလွယ်ကူစွာ စီးဆင်းနိုင်စေရန်
• ပြည်တွင်းတွင် စရိတ်စက သက်သာစွာဖြင့် နက်ဝက်တခုအား ပြူလုပ်နိုင်စေရန်
• ပြည်ပမှ Server များအားကိုးရန်မလိုပဲ မိမိ နိုင်ငံအတွင်း လွယ်ကူစွာ အသုံးပြူနိုင်ရန်
• မိမိ နိုင်ငံသားခြင်း စည်းရုံးမူပိုမိုလာစေရန် (……………) အသင်းသူအသင်းများနှင့် အက်မင်များနှင့်တကွ T link Web development မှ ပြုလုပ်သော Online Shopping မိတ်ဆက်ပွဲ နှင့် Website , Blog , Forum များနှင့် အခြား နက်ဝက်များ ကိုလွယ်ကူစွာ တည်ဆောက် နိုင်သော Service အား မိတ်ဆက်လိုပါသဖြင့် ဆွေးနွေးပွဲသို့တက်ရောက်ပါရန်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ဤဆွေးနွေးပွဲ အားတက်ရောက်ခြင်း ဖြင့် သင့် အနေနဲ့အကျိုးတစုံတရာ ရ ရှိလိမ့်မည်ဟု အာမခံပါသည် ။

Admin
Online Myanmar Shopping
T.Link Web Development

မည်သည့်အရာကိုမျှသိမ်းပိုက်မထားသော
$þ¥ ©HÎtHµ

poohcartoon
07-07-2010, 10:27 AM
ဘဏ်ဖွင့်ရန် မန္တလေး တောင်ဇလပ် ဟိုတယ်ကိုဝယ်
မန္တလေးမြို့ ၂၆ လမ်းနှင့် ၈၁ လမ်း ထောင့်ရှိ တောင်ဇလပ် ဟိုတယ်ကို အေးရှားဂရင်း ဘဏ်ခွဲ အသစ်ဖွင့်ရန် စီးပွားရေး လုပ်ငန်းရှင် ထူးကုမ္ပဏီက ၀ယ်ယူ လိုက်ကြောင်း သိရသည်။

ထိုနေရာသည် ဘဏ်ဖွင့်ရန်အတွက် နေရာအနည်းငယ် ကျဉ်းသော်လည်း ဈေးကွက်အရ အရေးပါသည့် မန္တလေး ဈေးချိုနှင့် နီး ကြောင်း၊ ကျပ် သိန်းပေါင်း နှစ်သောင်း သုံးထောင် ဖြင့် ၀ယ်ယူလိုက်ခြင်း ဖြစ်ကြောင်း ထူးကုမ္ပဏီနှင့် နီးစပ်သူ တဦးက ပြောသည်။

“ပထမ ဖွင့်မှာ ကတော့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးက ဦးစားပေးပေါ့၊ နောက်မှ တခြားမြို့တွေ ဖွင့်မယ်”ဟု ၎င်းက ဆိုသည်။

မြို့ကြီး သုံးမြို့တွင် လာမည့် သြဂုတ်လ ၁ ရက်နေ့ ဖွင့်လှစ်နိုင်ရန် စီစဉ်ထားပြီး စီးပွားရေး အချက်အချာ ကျသည့် မြို့ ၉ မြို့တွင် ဘဏ်ခွဲများ ထပ်မံ ဖွင့်လှစ်မည် ဟုလည်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်မြို့တွင်မူ ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံ အနီးရှိ ထူးကုမ္ပဏီက ပိုင်ဆိုင်သည့် ဟိုတယ်တွင် ဘဏ်ခွဲတခု ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ထူးကုမ္ပဏီနှင့် နီးစပ်သူ ကဆိုသည်။

ယခုဖွင့်လှစ်မည့် အေးရှား ဂရင်းဘဏ်သည် ငွေစုခြင်း(Saving Account)၊ စာရင်းရှင်အပ်ငွေ(Current Account)၊ ငွေလွှဲခြင်း နှင့် ချေးငွေလုပ်ငန်းများကိုသာ လုပ်ကိုင်မည်ဖြစ်ပြီး၊ Credit Card စနစ်နှင့် ATM ကတ်စနစ်ကိုလုပ်ကိုင်မည်မဟုတ် ဟု သိရသည်။

အေးရှားဂရင်း ဘဏ်တွင် အလုပ်လုပ်ကိုင်ရန် လျှောက်ထားသူပေါင်း ၉၀၀၀ ကျော်ရှိကြောင်း ၊ လျှောက်ထားသူများသည့် အတွက် လျှောက်လွှာ လက်မခံ တော့ကြောင်း ရန်ကုန်မြို့ခံလူငယ်တဦးကပြောသည်။

“အနိမ့်ဆုံးအငယ်တန်းစာရေးတောင် တလ ကျပ် ၁ သိန်းပေးမယ်ဆိုတော့ အခုအချိန်မှာ ဘွဲ့ရပညာတတ်အလုပ်လက်မဲ့များ နေ တာလေ လျှောက်တဲ့ လူ အရမ်းများတာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိဖွင့်လှစ်ထားသည့် ရိုးမဘဏ်တွင်မူ အငယ်တန်းစာရေးတဦး၏ လစာရင်းမှာ ကျပ် လေးသောင်း ရရှိပြီး ခံစားခွင့်နှင့် ဆိုလျှင် စုစုပေါင်း ကျပ် ခုနှစ်သောင်း ခန့်ရရှိကြောင်း၊ မန်နေဂျာတဦးမှာမူ လစာငွေ ကိုးသောင်း ကျပ် ရရှိပြီး ခံစားခွင့်အပါအ၀င် စုစု ပေါင်း ကျပ် ၁ သိန်း ကျော် ရရှိသည်ဟု သိရသည်။

အဆိုပါ ဘဏ်အသစ်များကို အမြန်ဖွင့်လှစ်ရန် ပြောဆိုထားသည့်အတွက် လုပ်ငန်းကျွမ်းကျင်ပြီး အတွေ့အကြုံ ရှိသည့် ၀န်ထမ်းများကို များပြားသောလုပ်ခလစာငွေ အပြင် အထူးခံစားခွင့်များကိုပါပေးမည်ဟု မက်လုံးပေး၍ ဘဏ်သစ်များက ခေါ်ယူနေ ခြင်းဖြစ်ကြောင်း ၎င်းဘဏ်ဝန်ထမ်းကရှင်းပြသည်။

ပြီးခဲ့သည့် မေလအတွင်း အေးရှား ဂရင်း ဘဏ်၊ ဧရာဝတီ ဘဏ်၊၊ မြန်မာ့ရှေ့ဆောင် ဘဏ် ၊ အမရာ ဘဏ် စသည်ဖြင့် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်များ ချပေးခဲ့ခြင်းဖြစ်သည်။


ထိုသို့ ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင်မပေးသော်လည်း မြ၀တီ ဘဏ်၊ အင်းဝ ဘဏ်၊ ရတနာပုံ ဘဏ် နှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ဘဏ်၊ နယ်စပ်စည်ပင် ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးရေး(မွေး/ရေ) ဘဏ်၊ မြန်မာ့ စက်မှုလက်မှုဖွံဖြိုးရေး ဘဏ်၊ သမ၀ါယမ ဘဏ် စသည့် ဘဏ်များကို ဖွင်လှစ်ခဲ့သည်။
@ ဧရာဝတီ

poohcartoon
07-07-2010, 08:00 PM
မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ကောလိပ်နှင့် ဒီဂရီကောလိပ် အရေအတွက် စုစုပေါင်း ၁၅၉ ခု ရှိလာပြီး အာဆီယံ ဒေသတွင်းနိုင်ငံများတွင် အများဆုံးဖြစ်ကြောင်း သိရ
http://www.news-eleven.com/images/stories/myanmar/mm/b31502
မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် အရေအတွက်မှာ ၁၅၉ ခုအထိ ရှိလာကြောင်း သိရှိရသည်။ ယင်းသို့ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖွင့်လှစ်သင်ကြားပေးနေသော တက္ကသိုလ်၊ ကောလိပ် နှင့် ဒီဂရီကောလိပ်များ၏ အရေအတွက် စုစုပေါင်းသည် အာဆီယံဒေသတွင်း နိုင်ငံများတွင် အရေအတွက် အများဆုံးဖြစ်ကြောင်း သိရှိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် အရေအတွက် ၁၅၉ ခုတွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် အရေအတွက်မှာ ၁၃၉ ခု၊ အခြားဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် ကောလိပ်နှင့် ဒီဂရီကောလိပ် အရေအတွက်မှာ ၂၀ ခု ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန လက်အောက်တွင် ၁၉၈၈ ခုနှစ်က တက္ကသိုလ်ကောလိပ်နှင့် ဒီဂရီကောလိပ် အရေအတွက်မှာ ၃၃ ခု ရှိခဲ့ပြီး ကျောင်းသူကျောင်းသား အင်အားမှာ ၁၃၈၈၃၁ ဦး ရှိခဲ့ပြီး ဆရာ၊ ဆရာမ အင်အားမှာ ၆၅၂၅ ဦး ရှိခဲ့ကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်တွင် တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ်အရေအတွက်မှာ ၁၃၉ ခုထိ ရှိလာခဲ့ပြီး ကျောင်းသူကျောင်းသား အင်အားမှာ ၅၀၀၈၀၇ ဦး ရှိလာကြောင်း သိရသည်။ ဆရာ ဆရာမ အင်အားမှာလည်း ၁၄၉၉၂ ဦး ရှိလာခဲ့သည်ဟု သိရသည်။

http://www.news-eleven.com/images/stories/myanmar/mm/b31503
တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ်အများစုမှာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် တည်ရှိကြပြီး ကျောင်းသား ကျောင်းသူနှင့် ဆရာ ဆရာမ အင်အားမှာလည်း အများဆုံး ရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် အခြားဝန်ကြီးဌာနများ လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ် အရေအတွက်မှာ ၃၂ ခုရှိနေပြီး ပညာရေးဝန်ကြီးဌာန လက် အောက်ရှိ တက္ကသိုလ်နှင့် ကောလိပ် အရေအတွက်မှာ ၁၂ ခုဖြင့် အများဆုံးတည်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် အခြားဝန်ကြီးဌာနများ လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ် အရေအတွက်မှာ ၂၈ ခု ထိရှိပြီး သိပ္ပံနှင့်နည်းပညာ ၀န်ကြီး ဌာနလက်အောက်ရှိ တက္ကသိုလ်နှင့် ကောလိပ်အရေအတွက် ၁၄ ခုရှိပြီး အများဆုံးဖြစ်နေကြောင်း သိရသည်။

တက္ကသိုလ်အများစုတွင် ဘာသာရပ်အသစ်များလည်း တိုးချဲ့သင်ကြားပေးနိုင်မှု ရှိလာပြီး ဘာသာရပ်အချို့တွင် သင်ယူနေသည့် ကျောင်းသူကျောင်းသား အင်အားထက် ဆရာဆရာမ အင်အားသည် ဖွဲ့စည်းပုံအရ ပိုမိုများပြားနေသည်ဟု သိရသည်။

တက္ကသိုလ်ကောလိပ် ဒီဂရီကောလိပ်များမှ ဆရာ ဆရာမအင်အား (၁၉၈၈)
ဝန်ကြီးဌာန အရေအတွက်
ပညာရေး ၅၆၃၈
သိပ္ပံနှင့်နည်းပညာ ၂၉၆
ကျန်းမာရေး ၅၉၁
စုစုပေါင်း ၆၅၂၅


တက္ကသိုလ် ကောလိပ် ဒီဂရီကောလိပ်များမှ ဆရာဆရာမ အင်အား (၂၀၀၉)
ဝန်ကြီးဌာန အရေအတွက်
ပညာရေး ၁၁၅၄၆
သိပ္ပံနှင့်နည်းပညာ ၇၁၂
ကျန်းမာရေး ၂၇၃၄
စုစုပေါင်း ၁၄၉၉၂



တက္ကသိုလ်ကောလိပ် ဒီဂရီကောလိပ်များမှ ကျောင်းသားအင်အား (၁၉၈၈)
ဝန်ကြီးဌာန အရေအတွက်
ပညာရေး ၁၃၄၃၂၅
သိပ္ပံနှင့်နည်းပညာ ၇၀၆
ကျန်းမာရေး ၃၈၀၀
စုစုပေါင်း ၁၃၈၈၃၁


တက္ကသိုလ်ကောလိပ် ဒီဂရီကောလိပ်များမှ ကျောင်းသားအင်အား (၂၀၀၉)
ဝန်ကြီးဌာန အရေအတွက်
ပညာရေး ၄၇၃၁၂၈
သိပ္ပံနှင့်နည်းပညာ ၆၇၉၂
ကျန်းမာရေး ၂၀၈၈၇
စုစုပေါင်း ၅၀၀၈၀၇


ဝန်ကြီးဌာနအလိုက် တက္ကသိုလ် ကောလိပ် အရေအတွက် (၁၉၈၈)
ဝန်ကြီးဌာန အရေအတွက်
ပညာရေး ၂၇
သိပ္ပံနှင့်နည်းပညာ ၂
ကျန်းမာရေး ၎
စုစုပေါင်း ၃၃



ဝန်ကြီးဌာနအလိုက် တက္ကသိုလ် ကောလိပ် အရေအတွက် (၂၀၁၀)
ဝန်ကြီးဌာန အရေအတွက်
ပညာရေး ၆၄
သိပ္ပံနှင့်နည်းပညာ ၆၀
ကျန်းမာရေး ၁၅
အခြား ၂၀
စုစုပေါင်း ၁၅၉

@www.mymcnews.net/news

စပိုင်ချစ်သူ
07-07-2010, 08:18 PM
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ နှင့် ၂ဝ၁ဝ ပြည့်နှစ် ဇွန်လတွင် ကျင်းပပြုလုပ် ခဲ့သော MCPA (FSE) နှင့် (NA) စာမေးပွဲအောင်မြင်သူများကို ၂ဝ၁ဝ ပြည့် နှစ် ဇူလိုင်လ (၁ဝ) ရက် စနေနေ့ နံနက် ၉း၀၀ တွင် မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင် Conference Hall တွင် အသိအမှတ်ပြု အောင်လက်မှတ်များပေးအပ်ချီးမြှင့်မည် ဖြစ်ပါသည်။ ထိုစာမေးပွဲ ၂ ခုတွင် FSE အောင်မြင်သူ (၂၇) ဦးနှင့် NA အောင်မြင်သူ (၇၇) ဦးရှိကြောင်း သတင်းရရှိသည်။ အောင်စာရင်းကို ၂၆-၆-၂ဝ၁ဝ ရက်တွင် အသင်းမှ ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်သည်။

poohcartoon
07-09-2010, 10:02 AM
မြန်မာ-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်း လာမည့် နှစ်လအတွင်း အသုံးပြုနိုင်တော့မည်

ပည်တွင်းရှိ အင်တာနက် ဆက်သွယ်မှုလိုင်းများ ပိုမိုမြန်ဆန်လာစေရန် အတွက် မြန်မာ-ဗီယက်နမ်နယ်စပ် ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်း နှစ်ခုအား စတင်သွယ်တန်းနေပြီ ဖြစ်ပြီး ယခုမှစ၍ နှစ်လတာ ကာလအတွင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း အဆိုပါလုပ်ငန်း၏ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ယခုကဲ့သို့ ပြည်တွင်း အင်တာနက်ဆက်သွယ်မှု လိုင်းများအတွက် နယ်စပ်ဖြတ်ကျော် ဖိုက်ဘာ ဆက်ကြောင်းများအား ထပ်မံသွယ်တန်း ပေးလိုက်ခြင်းအားဖြင့် တစ်ခါတစ်ရံတွင် ဖြစ်ပေါ်တတ်သည့် SEAMEWE3 Cable ( အရှေ့တောင် အာရှအလယ်ပိုင်းနှင့် အနောက် ဥရောပ နိုင်ငံများ ဆက်သွယ်ထားသော ရေအောက် ကေဘယ်လ်ကြိုး) ပြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာသော အင်တာနက်ဆက်သွယ်မှု ပြတ်တောက် ခြင်းမျိုး ဖြစ်ပေါ်တော့မည် မဟုတ်ကြောင်း၎င်းက ဆိုသည်။ မကြာမီ အသုံးပြုနိုင်တော့မည့် မြန်မာ-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် ဖိုက်ဘာ ဆက်ကြောင်း စီမံကိန်းအား မြန်မာနိုင်ငံနယ်စပ် မြို့ဖြစ်သည့် တာချီလိတ်မြို့မှ နေ၍ စတင်သွယ်တန်းမည် ဖြစ်သည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မြန်မာနှင့် အိန္ဒိယ ဖိုက်ဘာ ဆက်ကြောင်း အပေါ် နှစ်လိုင်းကိုလည်း လာမည့်နှစ်လတာ ကာလအတွင်း အပြီးသတ် သွယ်တန်းနိုင်အောင် ဆောင်ရွက်မှုများ ပြုလုပ်နေပြီး ယခုအချိန်တွင်မူ ရေအောက်ဖိုက်ဘာ ဆက်ကြောင်းဆက်ရန်သာ ကျန်ရှိ တော့ကြောင်း သိရသည်။ ယခုလက်ရှိ အချိန်တွင် မြန်မာနိုင်ငံမှ ဆက်သွယ်ထားသော နယ်စပ်ဖြတ်ကျော် ဖိုက်ဘာ ဆက်ကြောင်းများမှာ မြန်မာ-တရုတ် ဖိုက်ဘာဆက်ကြောင်း ၆ ခု၊ မြန်မာ့- ထိုင်း ဖိုက်ဘာ ဆက်ကြောင်း ၆ ခု၊ မပြီးပြတ်သေးသော ဆက်သွယ်မှုများ ဖြစ်သည့် မြန်မာ-အိန္ဒိယ ဖိုက်ဘာ ဆက်ကြောင်း ၂ ခု၊ မြန်မာ-ဗီယက်နမ် ဖိုက်ဘာဆက်ကြောင်း ၂ ခုတို့ ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင် ၈ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
@ခေတ်လူငယ်

pooh.kglay
07-09-2010, 01:41 PM
ရန်ကုန်မြို့ရှိ မြို့ပတ်နှင့်ဆင်ခြေဖုံးမြို့နယ်များတွင် လျှပ်စစ်မီး ရရှိချိန် သိသိသာသာ တိုးလာသော်လည်း လျှပ်စစ်ဓာတ်အား အ၀င်ဗို့ မညီမျှမှု ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့ရှိ ဆင်ခြေဖုံး မြို့နယ်များဖြစ်သည့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ကဲ့သို့သော မြို့နယ်အချို့တွင် လျှပ်စစ်မီးရရှိချိန်မှာ ယခုနှစ် ဇွန်လဆန်းမှ စတင်ကာ သိသိသာသာ တိုးလာခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျ ၁၈ နာရီခန့် ရရှိနေကြောင်း အဆိုပါ မြို့နယ်များနေ ပြည်သူများက ပြောပြခဲ့သည်။ ယင်းသို့ လျှပ်စစ်မီး ရရှိချိန်မှာ သိသိသာသာ တိုးလာခဲ့သော်လည်း လျှပ်စစ်ဓာတ်အား ၀င်ရောက်မှုမှာ ညီမျမှု မရှိဘဲ ဗို့အားမှာ၂၃၀ အထက်တွင် ရှိနေသဖြင့် ဆေ့ခ်ဂတ်ဗို့အား ထိန်းကိရိယာ တစ်ဆင့်ခံ၍ သုံးစွဲရသည့် အိမ်သုံးလျှပ်စစ် ပစ္စည်းများမှာ သုံးစွဲရန် ခက်ခဲနေရကြောင်း သိရသည်။ ယင်းအပြင် မြို့ပတ်မြို့နယ်များ ဖြစ်သည့် တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်ကဲ့သို့သော မြို့နယ်အချို့တွင်မူ လျှပ်စစ်မီး ရရှိချိန်မှာ တစ်ရက်လျင် နာရီ ၂၀ နီးပါးသို့ တိုးတက် ရရှိခဲ့သော်လည်း လျှပ်စစ်ဓာတ်အား အ၀င်မှာ ဗို့အား ကျဆင်းမှုများနှင့် ကြုံတွေ့နေရကြောင်း အဆိုပါ မြို့နယ်များတွင် နေထိုင်သူများက ဆိုသည်။ "ဒီဘက်မှာတော့ လူနေစိပ်ပြီး လျှပ်စစ် အသုံးများလို့လားတော့ မသိဘူး။ အများအားဖြင့်တော့ မီးအားတွေ ကျတတ်တယ်။ မီးအားက ကျသွားလိုက်၊ ပြန်တက်လာလိုက် ဖြစ်နေတော့ အလိုလျောက် ဗို့ထိန်းညှိပေးတဲ့ အေဗီအာတွေ သုံးနေရတယ်" ဟု ကြည့်မြင်တိုင်မြို့နယ် ဗိုလ်စောဦး ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဖိုရမ်မှ မောင်နှမ များကို ထာဝရ ခင်မင်လျက် ... pooh ကောင်လေး ... :imm:

poohcartoon
07-09-2010, 09:31 PM
လုပ်ငန်းလိုင်စင် မရှိရင် ဒဏ်ငွေ ဆယ်ဆ ပေးဆောင်ရမည်
မန္တလေးမြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းမျိုးစုံ အနေနဲ့ လုပ်ငန်းလိုင်စင် မပြနိုင်တာ၊ လုပ်ငန်းလိုင်စင် လျှောက်ထားထားတဲ့ အထောက်အထား မပြနိုင်တာတွေကို စစ်ဆေး တွေ့ရှိပါက လိုင်စင် သတ်မှတ်နှုန်းရဲ့ ဆယ်ဆကို ဒဏ်ကြေး ပေးဆောင်ရမယ်လို့ မန္တလေးမြို့၊ စည်ပင်သာယာရေး ကော်မတီက ကြေညာချက်ကို ယနေ့ ထုတ်ပြန်ပါတယ်။ စီးပွားရေး လုပ်ငန်းမျိုးစုံကို ယခုနှစ်မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး လိုင်စင် လျှောက်လွှာ ဝယ်ယူရန်နဲ့ ဧပြီလ ၁ ရက်ကစတင်ပြီး လိုင်စင်မရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ လိုင်စင် လျှောက်ထားခြင်း မရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို ဒဏ်ကြေးငွေ သုံးဆအပြင် စည်ပင်သာယာ တည်ဆဲ ဥပဒေတွေအရ ထိရောက်စွာ အရေးယူမယ်လို့ ယခင်နှစ် လပိုင်းထုတ် မန္တလေး နေ့စဉ်သတင်းစာတွေမှာ အသိပေး ခဲ့တယ်လို့ အဲသည်ကြေညာချက်မှာ ဖော်ပြပါတယ်။ အဲသည်လို အသိပေးခဲ့ပေမဲ့ လုပ်ငန်းရှင် အချို့ဟာ မသိနားမလည်ခြင်း၊ ရှောင်လွှဲလိုပြီး လိုင်စင် မယူခြင်းတွေ ရှိနေသေးတာကြောင့် ယခုလို ထပ်မံပြီး အသိပေး ကြေညာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လုပ်ငန်း လိုင်စင်အတွက် စည်ပင်သာယာကို ပေးဆောင်ရမယ့် အခွန်ဟာ လုပ်ငန်း အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားတယ်လို့ သိရကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင် ၉ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

@ခေတ်လူငယ်

စပိုင်ချစ်သူ
07-09-2010, 10:22 PM
MyanmarING မှတတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲအတွက် ဖိတ်ခေါ်ခြင်း

Myanmar Internet Networking Group (MyanmarING) သည် ၂၀၀၈ ခုနှစ်မှ စတင်၍ နှစ်စဉ် အိုင်တီ နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲများကို ပုံမှန် ကျင်းပလာခဲ့ရာ ယခုအခါ တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲကို ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်းတွင် ကျင်းပသွားရန် စီစဉ်လျက် ရှိပါသည်။ ပထမအကြိမ် စာတမ်းဖတ်ပွဲတွင် မြန်မာလူငယ် ၁၁ ဦး၊ ဒုတိယအကြိမ်တွင် ၁၅ ဦး တက်ရောက်စာတမ်းဖတ်ခဲ့ကြပါသည်။ ထို့ကြောင့် ယခုအကြိမ်တွင်လည်း မြန်မာလူငယ် ပညာရှင်များ ပါဝင်စာတမ်းဖတ်နိုင်ကြပါရန် ဖိတ်ခေါ်ပါသည်။

စိတ်ပါဝင်စားပြီး အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူ မည်သူမဆို စာတမ်းများ ရေးသားပေးပို့နိုင်ပါသည်။

၁။ စာတမ်းတင်သွင်းသူသည် အသက် ၃၅ နှစ်မပြည့်သေးသည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။

၂။ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် သင်တန်းကျောင်း တစ်ခုခုမှ ကွန်ပျူတာပညာရပ်ဆိုင်ရာ ဘွဲ့ သို့မဟုတ် ဒီပလိုမာ တစ်ခုခု ရရှိ/တက်ရောက်ဆဲဖြစ်ရမည်။ သို့မဟုတ် ကွန်ပျူတာနယ်ပယ်တွင် လက်တွေ့ လုပ်ကိုင် ဆောင်ရွက်နေသူ ဖြစ်ရမည်။

စာတမ်းတင်သွင်းသူများအနေဖြင့် စာတမ်းတစ်စောင်အား တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အင်္ဂလိပ်ဘာသာဖြင့် ရေးသားရမည်ဖြစ်ပြီး စာတမ်းဖတ်သည့်အခါတွင်မူ အဖွဲ့လိုက်ဖြစ်ပါက အဖွဲ့ကိုယ်စားပြု တစ်ဦးတည်းကသာ မြန်မာဘာသာဖြင့် ပြောဆိုဖတ်ကြားနိုင်မည် ဖြစ်သည်။ စာတမ်းများကို ကိုယ်တိုင်ရေးသားကြောင်း ဝန်ခံချက်နှင့် ပြည့်စုံစွာ ဖြည့်စွက်ထားသော fellowship form တို့ ပူးတွဲ၍ ဇူလိုင်လ ၅ ရက်နေ့မှ စတင်ကာ စက်တင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံးထား၍ email ဖြင့် ပေးပို့ရမည် ဖြစ်သည်။ စာတမ်းတင်သွင်းရန်အတွက် (၂) မျက်နှာခန့် ရေးသားထားသော စာတမ်းနှင့်အတူ Presentation လုပ်ရန် လိုအပ်သည်များကို ပြင်ဆင်ရမည်။ ယခုနှစ် စာတမ်းဖတ်ပွဲအတွက် Main Theme မှာ "ICT for Education (ICT4E)" ဖြစ်ပါသည်။ စာတမ်းများသည် အောက်ပါရှုထောင့်များအနက်မှ တစ်ခုခုနှင့် ဆက်နွယ်၍ ရေးသား နိုင်ပါသည်။

· Internet Technologies

· E-Culture

· Myanmar IT History

· Disaster Management and e-Health

စာတမ်းအတွက် Research Idea ရှိသော်လည်း စာတမ်းပြုစုရေးသားရန် အတွေ့အကြုံ၊ ဗဟုသုတ နည်းပါး သည့်အတွက် အခက်တွေ့နေသော လူငယ်များအတွက် အခြေခံ Research Methodology သင်တန်း ပြုလုပ်ပေးသွားရန် ရှိပါသဖြင့် Idea ရှိသူများအနေဖြင့် မိမိ၏ Research Title ကိုတင်ပြ၍ Fellowship Form တွင် ဖြည့်သွင်းကာ သင်တန်းတက်လိုကြောင်း ဇူလိုင်လ ၂၃ ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုနိုင်ပါသည်။

Fellowship Form နှင့် နမူနာစာတမ်းများအား www.myanmaring.asia တွင် ဝင်ရောက်ကြည့်ရှု ရယူနိုင်ပါသည်။

Myanmar Internet Networking Group
Phone: 09-5080836, 09-5153925, 09-2024507
Email: contact@myanmaring.asia
Web: www.myanmaring.asia

မည်သည့်အရာကိုမျှသိမ်းပိုက်မထားသော
$þ¥ ©HÎtHµ

kosithuag
07-10-2010, 02:43 PM
ကမ္ဘာ့ဖလားစတင်ချိန်မှစ၍ အင်တာနက်အသုံးပြုသူ လျော့ကျသွား
Friday, July 9, 2010, 7:56

http://popularmyanmar.com/mpaper/wp-content/uploads/2010/07/Internet-Cafe-300x225.jpg
ကမ္ဘာ့ဖလားဘောလုံးပွဲ စတင် ချိန်မှစ၍ အင်တာနက်အသုံးပြုသူ လျော့နည်းသွားကြောင်း ကျောက် တံတားမြို့နယ်ရှိ အင်တာနက်ဆိုင် ဖွင့်လှစ်ထားသူတစ်ဦး ကပြောသည်။ ကမ္ဘာ့ဖလားဘောလုံးပွဲရာသီ အစဖြစ်သော ဇွန်လဆန်းမှ စတင် ကာ ညနေပိုင်းနှင့်ညပိုင်းအချိန်များ တွင် အင်တာနက်လာရောက်အသုံး ပြုသူများသိသာစွာ လျော့နည်းသွား ခဲ့ကြောင်း၊ ယခင်ကညနေနှင့် ညဦး ပိုင်းအချိန်များတွင် အင်တာနက်လာ ရောက်အသုံးပြုသူ များပြားလျက်ရှိ သော်လည်း ယခုမူ ညပိုင်းအင်တာ နက်သုံးစွဲသူ သိသိသာသာလျော့ နည်းသွားကြောင်း၎င်းကပြောသည်။ ”အရင်လတွေက မီးပုံမှန်မရ လို့ မီးစက်မောင်းပြီး လည်ပတ်ရ ပေမယ့် လာသုံးတဲ့လူ များတယ်။ ဒါပေမဲ့ ဓာတ်ဆီဖိုးနဲ့ မကိုက်ဘူး။ အခုကျတော့ မီးက ပုံမှန်နီးပါး ပြန်ရနေပေမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲရှိတော့လာသုံးတဲ့သူက တော်တော်လေးနည်းသွားပြီး ဝင်ငွေ လျော့ကျသွားတယ်” ဟု ၄င်းက ထပ်လောင်းပြောသည်။ အင်တာနက် အသုံးပြုသူ လျော့ကျသွားသော်လည်း ညလုံး ပေါက် ဖွင့်လှစ်သည့်စားသောက် ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ တွင်မူ ကမ္ဘာ့ဖလားဘောလုံးပွဲများ ထုတ်လွှင့်ပြသမှုကြောင့် လူအဝင် များလျက်ရှိကြောင်းသိရသည်။
PN – 020

@ပေါ်ပြူလာ နယူးစ်ဂျာနယ်

ငမောင်
07-10-2010, 02:51 PM
တောင်ကြီး မြို့တွင် အသစ်ဆောက်လုပ်လျှက်ရှိ သော ကွန်ပျူတာ ကျောင်းပြိုကျမှု သောကြာနေ့ တွင်ဖြစ်ပွား။ စနေနေ့တွင် ကျောင်းဆောက်လုပ်သော ကုဏ်ပဏီမှ ပညာရေးထံသို့ ကျောင်းကို
အပြီးသတ် အပ်နံရန် စီစဉ်ထား.စဉ်၊ မအပ်နံမှီ တရက် အလို ညနေ ၆ နာရီခန့်တွင် အခုပုံပါအတိုင်းကျောင်းကြီးပြို့ကျသွားခဲ့။
ဘာကြောင့်ပြိုကျသွားခဲ့သည်ကို..လိုက်လံစုံစမ်းဆဲ. အရေသွေးပြည့်မှီသောအသုံးပြု ဘိလပ်မြေ အုတ်သဲ သံ သွပ် ထုံး စာရင်းများကို ကြည့်ရာတွင်လည်း အားလုံးကိုက်ညီ.
ကျောင်းကြီး ပြီးစီးအောင်မြင်ရန် နိုင်ငံတော် အကြီးကဲများ ၊ ဆောက်လုပ်ရေး ကုဏ်ပဏီများ.၊ ကြီးကြီးငယ်ငယ် အင်ဂျင်နီယာများ.၊ အောက်ခြေအလုပ်သမားများက
လည်း အားကြိုးမန်တက်.စွမ်းစွမ်းတမံ မနေမနား.ကြိုးစားပန်းစား အားထုတ်ခဲ့ကြပါသော်လည်း..ယခုလို အဖြစ်ဆိုးဖြစ်ကြုံခဲ့ရ.
ပြိုကျသွားသော အဆောက်ဦးအား ကုမ်ပဏီမှ ပြန်လည်ပြင်ပြီး အပ်နံမည်ဟုဆိုရာ ပညာရေးဖက်က လက်မခံဟုလည်း ဆို.
ယခုလို ဖြစ်ပြီး တကျောင်းလုံး ပြိုကျ သွားနိုင်အောင် ဖြစ်နိုင်ကြောင်းပြော ၀န်ကြီးရောက်လာပြီး အစည်းဝေးထိုင်ကာ. ပြိုကျရခြင်းအကြောင်းကို
ရှာရာ..ကျောင်းအောက်တည့်တည့်တွင် ရေကြောကြီး ၇ှိနေသည်ဟု ကျွမ်းကျင် ဆောက်လုပ်ရေး အင်ဂျင်နီယာကြီးများက မှတ်ချက်ချ.
ကျောင်းမဆောက်ခင်က ရေကြောကိုတော့ ရှိမရှိ မသိခဲ့ကြကြောင်းအဆိုပါ အင်ဂျင်နီယာကြီးများမှ.ပြောကြား. အစည်းဝေးပွဲ နောက်ဆုံးတွင် အဖြေတစ်ခုကို အားလုံးမှ တူညီစွာ လက်ခံသဘောတူ လိုက်ကြ။

https://mail.google.com/mail/?ui=2&ik=8cf3f1a6b7&view=att&th=129bb26c766f4ee1&attid=0.1&disp=inline&realattid=f_gbf7leev0&zw
https://mail.google.com/mail/?ui=2&ik=8cf3f1a6b7&view=att&th=129bb26c766f4ee1&attid=0.2&disp=thd&realattid=f_gbf7lmki1&zw
https://mail.google.com/mail/?ui=2&ik=8cf3f1a6b7&view=att&th=129bb26c766f4ee1&attid=0.3&disp=thd&realattid=f_gbf7lqar2&zw
https://mail.google.com/mail/?ui=2&ik=8cf3f1a6b7&view=att&th=129bb26c766f4ee1&attid=0.4&disp=thd&realattid=f_gbf7lss43&zw

ကဲ ကျနော့မေး ထဲကို ဒီလိုရောက်လာသဗျာ။ အချို့ အသုံးအနှုံးလေးတွေကိုတော့ ခနဲ့ သလိုလို ဘာလိုလို ဖြစ်နေသောကြောင့်ပြုပြင်ထားပါသည်။
နီးစပ်သူများ စုံစမ်းပေးကြပါဦးခင်ဗျာ။ ကျနော်လည်း စိတ်ပူနေလို့ပါ...

Enjoy!!
nga maung

poohcartoon
07-10-2010, 08:06 PM
ငွေကြေးနှင့် ဘဏ်လုပ်ငန်း ဒီပလိုမာ သင်တန်းဖွင့်မည်
ဘဏ်အသစ်များ ဖွင့်လှစ်ပြီးနောက်လူ့စွမ်းအား လိုအပ်ချက် ရှိလာချိန်တွင် STI Education ကငွေကြေးနှင့် ဘဏ်လုပ်ငန်း ဒီပလိုမာသင်တန်းကို ဇူလိုင်လအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း STI Educationမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “ဘဏ်လုပ်ငန်း နယ်ပယ်မှာ ပရော်ဖက်ရှင်နယ် ရပ်တည်မယ့် သူတွေများများ မွေးထုတ်ပေးချင် ပါတယ်”ဟု ၎င်းကဆိုသည်။ အဆိုပါ သင်တန်းတွင် Financial Marketing Financial Management စသည့် ငွေကြေး စီမံခန့်ခွဲမှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဘာသာရပ်များ၊ ဘဏ်လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု၊ Financial market ၏ တည်ဆောက်ပုံ၊ Finance ၏ အခြေခံသဘောတရား၊ ဆင်ခြင်သုံးသပ်ရန် အခြေခံ ဥပဒေများကို သင်ကြားသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ Financial Theory သဘောတရားများ၊ ယခင်နှင့် ယနေ့ခေတ် Financial Asset များ၊ Financial Intermediaries အမျိုးအစားများနှင့် Financial Market ၏ လုပ်ငန်း ဆောင်ရွက်ပုံများကို အကျွမ်းတဝင် ရှိစေရန် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ တက်ရောက် လိုသူများ အနေဖြင့် ဖုန်း -၂၅၀၀၅၆၊ ၇၀၀၂၇၃ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
@ခေတ်လူငယ်

Marie
07-10-2010, 10:52 PM
စိတ်မဆိုးနဲ့နော်။ Banking ကို Diploma ပေးမတဲ့လား။ မာရီသိလောက်က အရမ်းမြင့်တယ်နော်။ တက္ကသိုလ်တွေကလည်း သင်ပေးနေတာပဲလေ။ HR နဲ့ပက်သက်ပြီး မာရီတို့ တိုင်းပြည်က Finical & Banking မှာအဲဒီလောက်လိုနေပြီလား။ မာရီ အမှားပါခဲ့ရင်ခွင့်လွှတ်ပါ။ ပညာသင်ချင်သူတွေ အညာခံရမှာစိုးရိမ်လို့ပါရှင့်။

မာရီ့ကို မဆူနဲ့နော်။ တော်ပြီ ရေးတော့ဘူး။

poohcartoon
07-11-2010, 09:06 PM
ဇူလိုင်လ ဂ ၇က်နေ့တွင် ၁၅ မိနစ်ကြာတိုက်ခေတ်ခဲ့သော လေဆင်နှာမောင်းကြောင့် ကွမ်းခြံကုန်းနှင့်ကော့မှုးမြို့နယ် များရှိ အိမ်ခြေ ၆၀ ကျော်ပျက်စီးခဲ့ပြီး လူ၁ဦး သေဆုံးခဲ့ကြောင်း သိရ
http://www.news-eleven.com/images/stories/myanmar/ygn/w540tornado.jpg
သမင်ခြံကျေးရွာအတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်တစ်လုံးပျက်ဆီးသွားသည်ကို တွေ့ရစဉ်

http://www.news-eleven.com/images/stories/myanmar/ygn/w540tornado1
သမင်ခြံကျေးရွာအတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်ဆီးသွားသော အိမ်တစ်လုံးကို တွေ့ရစဉ်

http://www.news-eleven.com/images/stories/myanmar/ygn/w540tornado2
ထန်းတပင်ကျေးရွာအတွင်း လေဆင်နှာမောင်းတိုက်ခေတ်ပြီးနောက် မိမိ၏ပစ္စည်းများအားပြန်လည်သယ်သူနေစဉ်


ဇူလိုင်လ ၈ ၇က်နေ့တွင် ၁၅ မိနစ်ကြာတိုက်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်နှင့် ကော့မှုးမြို့နယ်များရှိ ကျေးရွာများအတွင်းမှ အိမ်ခြေ ၆၀ ကျော်ပျက်စီးခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော အိမ်ခြေအများစုမှာပျဉ်ထောင်အိမ်နှင့် ၀ါး၊ဓနိအိမ်များဖြစ်ပြီး လူတစ်ဦးသေဆုံးရခြင်း၏ အကြောင်းအရင်းမှာလည်း တိုက်ခတ်ခံရမှုကြောင့် မဟုတ်ဘဲယင်းအချိန်အတွင်း လျှပ်စီးများလက်ကာ မိုးကြိုးထိမှန်ခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရှိရသည်။

ရန်ကုန်တိုင်း၊ကော့မှုးမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီဥက္ကဌ ဦးညီညီဝင်းက "ဇူလိုင်လ ၈ရက်နေ့ ည ၆နာရီ မိ နစ် ၃၀ အချိန်မှာ ကော့မှုးမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ သမင်ခြံကျေးရွာနဲ့ ထန်းတပင်ကျေးရွာကို လေဆင်နှာမောင်းဝင်ရောက် တိုက်ခေတ်ခဲ့ပါတယ်။ အလှုရှင်တွေကို ဖိတ်ကြားပြီး ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းကာ ပံ့ပိုးမှုတွေ ပြုလုပ်ထားပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ဆန်တွေနဲ့သွပ်ချပ်တွေကိုလည်း ထိခိုက်ပျက်စီးသွားခဲ့တဲ့ အိမ်ခြေအလိုက်ပေးသွားပါမယ်။ လုံးလုံးကြီးပျက်စီးသွားတဲ့ အိမ်တွေရှိသလို အမိုးလန်၊ အိမ်စောင်းဖြစ်သွားတဲ့ အိမ်ခြေစုစုပေါင်း ၆၀ လောက်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအ သင်း(ကော့မှုးမြို့နယ်)မှ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးအရာရှိ ဦးကျော်နိုင်ကလည်း "လေဆင်နှာမောင်း တိုက်ခေတ်သွားတယ်ဆိုတာကို ကျွန်တော်တို့က ည ဂနာရီလောက်မှ သတင်းရပါတယ်။ အဲဒါနဲ့ ညတွင်းချင်းသွားရောက် ကြည့်ရှုပြီးတော့ တစ်ကိုယ်ရေသုံးပစ္စည်း၊ ဓာတ်စားထုတ်၊ ရေသန့်ဆေးပြားတွေကို ဖြန့်ဝေ ခဲ့တယ်။ အနံ ၁၃ ပေ၊ အလျား ၂၄ ပေ အမိုးအကာတွေကိုလည်း အိမ်ထောင်စုတစ်စုအလိုက် ပေးခဲ့ပါတယ်။ အိမ်တွေပျက်စီးသွားပေမယ့် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပေးဖို့ မလိုခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ပါသွားတဲ့သူတွေ၊ ပျက်စီးခဲ့တဲ့သူတွေက အိမ်ပျက်စီးမှုမရှိဘဲ ကျန်ခဲ့တဲ့အိမ်တွေမှာ သွားရောက်ပူးပေါင်းနေထိုင်ပါတယ်။ ဖြစ်ဖြစ်ချင်း ယာယီဆေးကုခန်းကို သံစူး၊ သစ်သားရှ စတဲ့ ထိခိုက်ဒဏ်ရာရတဲ့လူ ၄ဦးလောက်ပဲ ကုသပေးခဲ့ရပါတယ်"ဟု ပြောကြားခဲ့သည်။

ထန်းတပင်မြို့နယ်တွင် အဆိုပါ လေဆင်နှာမောင်းနှင့် အမြင့်ပေတော်တော်များများခန့်ပါသွားခဲ့သူ ကိုကျော်လွင်ဦးက "ကျွန်တော်ညနေ ၆ နာရီလောက်က လယ်ထဲမှာ နွားစာကျွေးနေတာပါ၊ လေဆင်နှာမောင်း မလာခင်မှာ လေတိုက်နှုန်းက တော်တော်လေးပြင်းထန်လာတယ်။ မိုးတဖွဲဖွဲကျလာတယ်။ အဲဒီအခါမှာ ကျွန်တော်အနေနဲ့ အခြေအနေမဟန်မှန်းသိတော့ တဲပေါ်ကို ပိုက်ဆံအိတ်တက်ယူဖို့ ခြေလှမ်းပြင်နေတုန်းအခါမှာပဲ လေသံက လေယာဉ်ပျံကြီးမောင်းလာတဲ့အသံထက်ပိုကျယ်တဲ့ အသံနဲ့အတူ ကျွန်တော်ကလည်း ဖွေးကတည်းမြင်လိုက်ရတဲ့ မီးခိုးရောင်လေဆင်နှာမောင်းကြီးနဲ့ အတူတူမြောက်ပြီးပါသွားပါတယ်။ အပေါ်ကို မြောက်သွားတဲ့အခါမှာ ကျွန်တော်က တဲတိုင်ကိုဖက်ပြီးပါသွားတာပါ။ ကျွန်တော်ကိုကျွန်တော် သေပြီ တောင်အောက်မေ့တာပါ။ ပြန်အကျမှာကံကောင်းလို့ မြေသားအပျော့ပေါ်ပြန်ကျခဲ့တာပါ။ ခြေထောက်ရယ်၊ ဦးခေါင်းရယ်၊ မျက်နှာတွေရယ် ဒဏ်ရာရခဲ့ပါတယ်။ ကျွန်တော်တဲကတော့ ကောက်စရာအစအနတောင်မကျန်ပါဘူး" ဟု ၎င်း၏အတွေ့အကြုံကိုရှင်းပြခဲ့ပါသည်။

သမင်ခြံကျေးရွာတွင် နေထိုင်သူအသက် ၆၆နှစ်အရွယ်ရှိ ဒေါ်စန်းတင့်ကလည်း "ဖြစ်တဲ့အချိန်မှာ အဒေါ်ကအိမ်မှာတစ်ယောက်ထဲရှိနေတာပါ။ လေတွေကလည်း အပြင်းအထန်တိုက်ခတ်လာတော့ အဒေါ်က အိမ်ရှေ့ကအိမ်ကိုသွားဖို့အထွက်မှာ လေတိုက်လို့ အိမ်တံခါးမကြီးနဲ့ မျက်နှာကိုရိုက်မိတော့ ဖင်ထိုင်ကျခဲ့ပါတယ်။ အဲဒီအခါမှာ အဒေါ်က ရွာအ၀င်ဝထိပ်ကို လှမ်းကြည့်လိုက်တော့ အချင်း တော်တော်ကြီးပြီး အမြင့်ထန်းပင်လောက်ရှိတဲ့ လေဆင်နှာမောင်းကြီးက မျက်စိတစ်မှိတ်ခဏလေး အတွင်းမှာပဲ မြင်လိုက်ရပြီးအိမ်ကို ၀င်စောင့်သွားတော့တာပဲ။ အိမ်ကတော့ အမိုးလန်ပြီးတစ်ခြမ်းပြို သွားတယ်။ နာဂစ်လေမုန်တိုင်းတိုင်တုန်းကဆိုရင် တစ်ညလုံးဒုက္ခခံပြီးမှ အိမ်ပျက်စီးခဲ့တာ၊ အခုဟာက မျက်စိတစ်မှိတ်၊ စက္ကန့်ပိုင်းအတွင်းမှာ အားလုံးပျက်စီးသွားခဲ့တာပါ။ ရွာလမ်းရဲ့ ဘယ်ခြမ်း၊ ညာခြမ်းမှာ အိမ်တွေရှိပေမယ့် လေဆင်နှာ မောင်းက ညာဘက်တစ်ခြမ်းထဲကိုပဲ ၀င်တိုက်သွားတာပါ"ဟု ပြောပြခဲ့သည်။

အဆိုပါ လေတိုက်ခတ်မှုကြောင့် ကော့မှုးမြို့နယ်အတွင်းရှိ အိမ်ခြေ ၆၀နီးပါးပျက်စီးဆုံးရှုံးခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ်ရှိအိမ်ခြေ ၄ အိမ်ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

@eleven media

poohcartoon
07-12-2010, 06:43 PM
ပုဂ္ဂလိက ဘဏ်သစ်လေးခု ဩဂုတ်လ ၁ ရက်ဖွင့်မည်
မြန်မာတိုင်းရင်းသားပိုင် ကုမ္ပဏီများ ဖြစ်သည့် မက်စ် ကုမ္ပဏီများအုပ်စု၊ ထူးကုမ္ပဏီများအုပ်စု၊ ဧဒင်ကုမ္ပဏီများ အုပ်စုနှင့် အိုင်ဂျီအီး တို့သည် ပုဂ္ဂလိက ဘဏ်များ ဖွင့်လှစ်ခွင့်ရပြီဖြစ်ရာ ဘဏ်များကို ဩဂုတ်လ ၁ ရက်နေ့တွင် ဖွင့် လှစ်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ များမှ တာဝန်ရှိသူများက အတည်ပြု ပြောကြားသည်။

မေလဆန်းပိုင်း၌ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက ပုဂ္ဂလိကဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့်များကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်သို့ လျှောက်ထားခဲ့ရာတွင် အဆိုပါကုမ္ပဏီလေးခုက ဘဏ်ဖွင့်ခွင့်ကို မေလကုန်၌ရရှိခဲ့သည်။

"မက်စ်မြန်မာအနေနဲ့ တစ်နိုင်ငံလုံးမှာ ဘဏ် ၁၀ ခုကျော် ဖွင့်လှစ်သွားမယ်။ ဩဂုတ်လ ၁ ရက်နေ့ဖွင့်ဖို့ ပြင်ဆင်နေပါပြီ" ဟု မက်စ် မြန်မာကုမ္ပဏီ အုပ်စုမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်သက်က ပြောသည်။

မြန်မာနိုင်ငံဗဟိုဘဏ်၏ လမ်းညွှန်ချက်များဖြင့် မက်စ်မြန်မာကုမ္ပဏီက ဧရာဝတီသားအမည်ဖြင့် ဘဏ်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ မြိတ်၊ တောင်ငူ၊ မုံရွာ၊ ပခုက္ကူ၊ ဟင်္သာတ၊ မြောင်းမြနဲ့ ပုသိမ် တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အကြွေးဝယ်ကတ် စနစ်ကိုလည်း အကောင်အထည်ဖော်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း ၎င်းက ပြောသည်။

ထူးထရေးဒင်းကုမ္ပဏီများ အုပ်စုက တစ်နိုင်ငံလုံးတွင် ဘဏ်ရှစ်ခု ဖွင့်လှစ်သွားမည်ဟု ရည်ရွယ်ထားကြောင်း ယင်းကုမ္ပဏီများ အုပ်စုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ဘဏ်ရဲ့အမည်က Asia Green Development ဖြစ်တယ်။ ရန်ကုန်မှာ အခြေစိုက်ပြီး လုပ်ကိုင်သွားမှာဖြစ်တယ်။အားလုံးအတွက် ပြင်ဆင်ဖို့အချိန်တော့ လိုသေးတယ်"ဟု ၎င်းက ပြောသည်။

"တစ်ပြည်လုံး အတိုင်းအတာနဲ့ဆိုတော့ ဘဏ်ခွဲ ၃၀ ကနေ ၅၀ အထိ ဖွင့်ဖို့လျာထားပါတယ်"ဟု ဧဒင် ကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုဂ္ဂလိကဘဏ်ဖွင့်လှစ်နိုင်ရန် ငွေကျပ် ၁၀ ဘီလျံရင်းနှီးမြှုပ်နှံရပြီး ဖွင့်လှစ်သည့် ကုမ္ပဏီများသည် ၎င်းတို့ လက်အောက်ရှိ လုပ်ငန်းများသို့ ငွေချေးခြင်းခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

ပုဂ္ဂလိကဘဏ်သစ်များ ပေါ်ထွက်လာခြင်းကို စီးပွားရေးလုပ်ကိုင်ခွင့် အခွင့်အလမ်းများကို ဖော်ဆောင်နိုင်ခြင်းကြောင့် ကြိုဆိုကြောင်း ဌေးမိသားစု ထရေးဒင်းမှအုပ်ချုပ်မှုဒါရိုက်တာဦးလှဌေးကပြောသည်။

"အရင်ဘဏ်စနစ်က စီးပွားရေးလုပ်ငန်းရှင်တွေအတွက် လိုအပ်ချက်တွေရှိနေလို့ ဒီထက်ကောင်းတဲ့စနစ်ကို လုပ်ဖို့လိုပါတယ်။ ခုလို ဘဏ်တွေပေါ်လာပြီး ဈေးဝယ်ကတ်တွေ သုံးစွဲခွင့်ရရင် အရင်ကလို ငွေသားတွေ အများကြီး သယ်စရာမလိုတော့ဘူး"ဟု ၎င်းက ပြော သည်။ စီးပွားရေးလုပ်ငန်းရှင်များအတွက် ငွေချေးရာတွင်လည်း ရွေးချယ်ခွင့် ပိုများလာမည်ဖြစ်ကြောင်း ဦးလှဌေးက ပြောသည်။

၁၉၉၂ မှ ၁၉၉၇ ခုနှစ်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင် ၂၀ ကို ချထားပေးပြီးဖြစ် ကြောင်း ဗဟိုဘဏ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

@mmtimes.com

poohcartoon
07-12-2010, 08:24 PM
ကျပ်ငါးသိန်းတန်ဖုန်းကို နယ်မြေ ကန့်သတ်ချက် မရှိဘဲ သုံးစွဲနိုင်တော့မည်
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ချထားပေးလျက်ရှိသော ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်းများကို ယခုလ ၁၅ ရက်မှ စတင်ကာ ရန်ကုန်မြို့တွင် နယ်မြေ ကန့်သတ်ချက် မရှိဘဲ သုံးစွဲနိုင်မည် ဖြစ်ကြောင်း ထိုလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ ဖုန်းများကို သတ်မှတ်နယ်မြေ တိုးချဲ့ သုံးစွဲနိုင်ရန် ပြီးခဲ့သည့်လမှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုလ ၁၅ ရက်မှစတင်၍ ရန်ကုန်တိုင်းအတွင်း ၃၃ မြို့နယ်လုံးသို့ သယ်ဆောင် သုံးစွဲနိုင်မည် ဖြစ်သည်။ ဇန်နဝါရီလဆန်းတွင် စတင်ဌားရမ်း သုံးစွဲခွင့်ပြုခဲ့သည့် ထိုဖုန်းများကို ယခုအခါ ရန်ကုန်မြို့ရှိ သတ်မှတ်နေရာ ရှစ်ခုနှင့် မန္တလေးမြို့ရှိ သတ်မှတ်နေရာ သုံးခုတွင် သတ်မှတ်ချိန် အတွင်း အပြီးသတ် လျှောက်ထား ရယူနိုင်ပြီဖြစ်သည်။ ထိုဖုန်းများကို စတင်ချထား ပေးခဲ့သည့်အချိန်က ရန်ကုန်မြို့တွင် လိုင်း ၁၀၀၀၀၀ နှင့် မန္တလေးမြို့တွင် လိုင်း ၅၀၀၀၀ ချထားပေးမည် ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် လိုင်းပေါင်း ငါးသိန်းအထိ တိုးမြှင့် ချထားပေးမည် ဖြစ်ကြောင်း ထပ်မံကြေညာခဲ့သည်။ ထိုဖုန်းများကို ဇန်နဝါရီလဆန်းတွင် စတင်ချထားပေးခဲ့စဉ်က ရန်ကုန်မြို့တွင် နယ်မြေကန့်သတ်ချက် ထားရှိခဲ့ပြီး မန္တလေးမြို့တွင်မူ တစ်မြို့လုံး သယ်ဆောင် သုံးစွဲနိုင်ခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
@ခေတ်လူငယ်

poohcartoon
07-13-2010, 07:28 PM
ရာသီဥတု အခြေအနေကို အချိန်နှင့် တစ်ပြေးညီ လေ့လာနိုင်မည့် ၀က်ဘ်ဆိုက် လွှင့်တင်မည်
မြန်မာ့ ရာသီဥတု ပြောင်းလဲမှု စောင့်ကြည့်လေ့လာရေး အဖွဲ့က နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲ နေသော ရာသီဥတု အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ လေ့လာကြည့်ရှုနိုင်မည့် ၀က်ဘ်ဆိုက် တစ်ခုကို လွှင့်တင်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ယခုဇူလိုင်လ ကုန်ပိုင်းတွင် စတင်အသုံးပြု လွှင့်တင်ရန် ကြိုးစားနေသော ၀က်ဘ်ဆိုက်တွင် မြန်မာနိုင်ငံ အပါအ၀င် အာရှဒေသ၏ ရာသီဥတု အခြေအနေများကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် လေ့လာကြည့်ရှုနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ “အဓိက ရည်ရွယ်ချက်က ရာသီဥတုနဲ့ ပတ်သက်တဲ့ ယေဘုယျ အနေအထားတွေကို အများပြည်သူ သိရှိအောင်၊ မီဒီယာသမားတွေ ပြန်ကိုးကား ဖော်ပြနိုင်အောင်ပါ။ အငြိမ်းစားယူထားတဲ့ ပညာရှင်လေး၊ ငါးဦး ပူးပေါင်း ပါဝင်ဆောင်ရွက်နေတဲ့ ဒီဝက်ဘ်ဆိုက်မှာ အဓိကအားဖြင့် မြန်မာနိုင်ငံ အပါအ၀င် ဒေသကြီး တစ်ခုလုံးမှာ ဖြစ်နေတဲ့ ရာသီဥတု အနေအထားတွေကို ၂၄ နာရီ သိရှိနိုင်အောင် ဖော်ပြပေးသွားပါတယ်။ ဒီအတွက် အချက်အလက်တွေကို အဓိက ထုတ်လွှင့် ပေးသွားမှာ ဖြစ်ပြီး ကျန်တာကိုတော့ နိုင်ငံတကာ မိုးလေ၀သ ဌာနတွေရဲ့ အင်တာနက် သတင်းအချက်အလက်ကို အခြေပြုပြီး အင်တာနက်ပေါ် ပြန်တင်တာမျိုးပါ”ဟု မြန်မာ့ ရာသီဥတု ပြောင်းလဲမှု စောင့်ကြည့်လေ့လာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ရာသီဥတု အခြေအနေများနှင့် ပတ်သက်၍ ပထမဆုံး လွှင့်တင်မည့် ယင်း မိုးလေ၀သ ၀က်ဘ်ဆိုက်ကို www.myanmarclimatechangewatch.com ဟု အမည်ပေးထားကြောင်း၊ ကာလတိုနှင့် ကာလရှည် ခန့်မှန်းချက်များ အပါအ၀င်အခြား ရာသီဥတုနှင့် ပတ်သက်သော သတင်းအချက်အလက်များလည်း ပါဝင်မည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြထားပါသည်။
@ခေတ်လူငယ်

poohcartoon
07-14-2010, 10:26 AM
တောင်ကြီး ကွန်ပျူတာ တက္ကသိုလ် ကျောင်းဆောင်ပြိုကျ
တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်တွင် အသစ် ဆောက်လုပ် လျက်ရှိသော ကျောင်းဆောင် အဆောက် အအုံသည် ဇူလိုင်လ ၉ ရက်နေ့က ပြိုကျသွားကြောင်း သတင်းရရှိသည်။

တာဝန်ယူ ဆောက်လုပ်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီက အဆိုပါ အဆောက်အအုံကို တက္ကသိုလ် တာဝန်ရှိသူများထံသို့ လွှဲပြောင်းခြင်း မပြုမီ ပြိုကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တောင်ကြီး ကွန်ပျူတာ တက္ကသိုလ် တာဝန်ရှိသူများသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော် လည်း ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။

တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်မှ အမည် မဖော်လိုသူ နည်းပြတဦးကမူ“ဆောက်လက်စ အဆောက်အအုံကြီး ပြိုကျ သွားတာပါ။ ထိခိုက် ဒဏ်ရာရတာတော့ တယောက်မှ မရှိပါဘူး” ဟု ပြောသည်။

ပြိုကျသွားသည့် အကြောင်းအရင်းကိုမှု ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်သည် တောင်ကြီးမြို့၏ တောင်ဘက် ၄ မိုင် အကွာတွင် တည်ရှိသည်။

တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်ကို ၂၀၀၀ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် အစိုးရ ကွန်ပျူတာ ကောလိပ်အဖြစ် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။

ရှမ်းပြည်နယ်တွင် နည်းပညာ တက္ကသိုလ် ၄ ခု၊ ကွန်ပျူတာ တက္ကသိုလ် ၄ ခု၊ ပညာရေး တက္ကသိုလ် ၁ ခုနှင့် ၀ိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် ၄ ခုရှိသည်။

သတင်းစာများက ဖော်ပြသည့် အချက်အလက်များအရ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံတဝန်း၌ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းပေါင်း ၁၉၂ ကျောင်းအထိ တိုးချဲ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၁၉၉၉ ခုနှစ်မှ စတင်၍ နိုင်ငံတ၀န်းလုံးတွင် တက္ကသိုလ်ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ၀ိဇ္ဇာ၊ သိပ္ပံ ရိုးရိုးဘွဲ့များအတွက် သင်တန်းကာလကို ၄ နှစ်မှ ၃ နှစ်သို့ လျှော့ချ သတ်မှတ်ခဲ့သည်။

@ဧရာဝတီ

poohcartoon
07-14-2010, 09:46 PM
မန္တလေး ဈေးချိုအနီးတွင် မြေအောက် ရေလှောင်ကန် နှစ်ကန် ထပ်မံတည်ဆောက်မည်
မန္တလေးဈေးချိုအနီးတွင် Fire Fighting အတွက် မြေအောက် ရေလှောင်ကန် နှစ်ကန် ထပ်မံတည်ဆောက် သွားမည်ဟု သိရသည်။ အဆင့်မြင့် ဈေးချိုတော်ကြီး၏ အရှေ့မြောက်ထောင့်နှင့် အနောက် မြောက်ထောင့်တို့တွင် ရေဂါလန် ၁၀၀၀၀ စီဆံ့ မြေအောက် ရေလှောင်ကန် နှစ်ကန် ရှိပြီးဖြစ်သောကြောင့် ရေလိုအပ်ချက် မရှိသော်လည်း Fire Fighting အတွက် စိတ်ချရစေရန် အရှေ့တောင်ထောင့်နှင့် အနောက် တောင်ထောင့်တို့တွင် ရေဂါလန် ၁၀၀၀၀ စီဆံ့ မြေအောက် ရေလှောင်ကန် နှစ်ကန် ထပ်မံ တူးဖော်နိုင်ရန် MCDC သို့တင်ပြထားပြီး ၂၀၁၀ ပြည့်နှစ်အတွင်း အပြီးတူးဖော်ရန် လျာထားကြောင်း သိရသည်။ ဈေးချိုနှင့် အတူ ဈေးချိုတောင်နှင့် မြောက်ရှိ တိုက်တန်းများတွင်လည်း ဈေးရုံတစ်ရုံလျှင် မီးသတ်ဆေးဘူး ၃၀ အထိ ထားရှိသွားမည်ဟု ဈေးအကျိုးတော်ဆောင် အဖွဲ့မှ သိရသည်။ လက်ရှိတွင် တိုင်းလျှပ်စစ် တာဝန်ခံ အပါအဝင် စည်ပင်သာယာရေး အဖွဲ့၊ ဈေးအကျိုးတော်ဆောင် အဖွဲ့ နှင့် ဈေးချိုတော် အရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ဈေးရုံများအတွင်း ဝါယာကြိုးသွယ်တန်းမှု စနစ်နှင့် မီးသုံးစွဲမှု အခြေအနေများကို ရုံတိုင်း စေ့စစ်ဆေးလျက် ရှိပြီး ဆွေးမြည့်နေသော ဝါယာကြိုးများနှင့် ဟောင်းနွမ်းနေသော မီးပလပ်များကိုလည်း အသစ်လဲလှယ် နေကြောင်း ဈေးအကျိုးတော်ဆောင် အတွင်းရေးမှူး ဦးမင်းမင်းက ပြော သည်။ “အပတ်စဉ် အင်္ဂါနေ့တိုင်း စစ်ဆေးသလို တချို့ကြားရက်တွေမှာ ရှောင်တခင် စစ်ဆေးတယ်။ အရင်တုန်းကတော့ မီးဘေးအန္တရာယ် ကင်းဝေးဖို့အတွက် ကျွန်တော်တို့ရဲ့ တားမြစ် သတိပေးချက်တွေကို တချို့ဈေးသားတွေက မလိုက်နာ ချင်ကြဘူး။ အပိုတွေ လုပ်နေတာလို့ ထင်ကြတယ်။ အခုကျတော့ ဈေးမီးလောင်မှု သတင်းတွေလည်း သူတို့ ကြားနေရတော့ ကိုယ်ပိုင် အသိစိတ်ဓာတ်နဲ့ပါဝင် ကူညီလာကြတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

@ခေတ်လူငယ်

poohcartoon
07-14-2010, 11:33 PM
အင်္ဂါဂြိုဟ်နှင့် စနေဂြိုဟ်စစ်ထိုးမှု သြဂုတ်လ ၂ ရက်နေ့တွင် ဖြစ်ပေါ်ရန်ရှိ
http://www.news-eleven.com/images/stories/myanmar/mm/bi3163.jpg
အင်္ဂါဂြိုဟ်နှင့် စနေဂြိုဟ်စစ်ထိုးမှု ဖြစ်စဉ်လာမည့် သြဂုတ်လ ၂ ရက်နေ့တွင် ဖြစ်ပေါ်ရန်ရှိကြောင်း နက္ခတ်ပညာရှင်များထံမှ သိရသည်။

အဆိုပါဂြိုဟ်နှစ်လုံး စစ်ထိုးမှုမှာ ကန်ရာသီခွင်အတွင်း ဖြစ်ပေါ်မည်ဖြစ်ကာ မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၃၈ မိနစ်၌ ဖြစ်ပေါ်မည် ဖြစ်ကြောင်းသိရသည်။ ယင်းဂြိုဟ်နှစ်လုံးသည် ပုံမှန်အားဖြင့် ပျမ်းမျှနှစ်နှစ်လျှင် တစ်ကြိမ်ဖြစ်ပေါ် လေ့ရှိပြီး ပါဠိအခေါ်အဝေါ်အားဖြင့် ဂြဟယုဒဟုခေါ်ကာ အင်္ဂလိပ်အခေါ် အားဖြင့် Conjunction ဟုခေါ်ကြောင်း သိရှိရပါသည်။

' ဒီဂြိုဟ်နှစ်လုံး စစ်ထိုးမှုက ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၀ ရက် နေ့ကတစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး နောက်ထပ်လည်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ထပ်ဖြစ်ဖို့ရှိပါတယ်။ အခု ဖြစ်စဉ်ကတော့ အရှေ့လောင်ဂျီတွဒ် ၀ ဒီဂရီ၊ ၁၄ မိနစ်နဲ့တောင်လတ္တီတွဒ် ၀ ဒီဂရီ ၀၁ မိနစ်မှာရှိတဲ့ ဂါနာနိုင်ငံတောင်ဘက်၊ တောင်အတ္တလန္တိတ် သမုဒ္ဒရာမှာ ဖြစ်ပေါ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ အဲဒီဖြစ်စဉ်ကို မမြင်တွေ့နိုင်ပါဘူး။ ဒါပေမဲ့ အဲဒီ ဂြိုဟ်နှစ်လုံး စစ်မထိုးခင် အချိန်ဖြစ်တဲ့ သြဂုတ်လ ၁ ရက်နေ့ ည ၇ နာရီကနေ ည ၉ နာရီအကြားနဲ့ စစ်ထိုးပြီးအချိန်ဖြစ်တဲ့ သြဂုတ်လ ၂ ရက်နေ့ နံနက် ၄ နာရီ ကနေ နံနက် ၅ နာရီအကြား နက္ခတ်တာရာကြည့် မှန်ပြောင်းနဲ့ကြည့်ရင် ဒီဂြိုဟ်နှစ်လုံးကို မြင်တွေ့ရမှာဖြစ် ပါတယ်။ ဒီဖြစ်စဉ်ကိုအခြေပြုပြီး ခေတ်သစ်နက္ခတ်ပညာရပ် (Modern Astrology) မှာ ကံကြမ္မာ အခြေအနေအရပ်ရပ်ကို ဟောကိန်းထုတ်ကြတယ်။ ဒါကြောင့် ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာဖရိက အနောက်ပိုင်းနိုင်ငံတချို့နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ရာသီဥတုနဲ့ ပတ်သက်တဲ့ ထူးခြားမှုတွေ ဖြစ်လာနိုင်တယ်' ဟု နက္ခတ်သိပံ္ပအဖွဲ့ မှ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ဆိုပါသည်။

@Eleven Media Group

poohcartoon
07-15-2010, 10:06 AM
တက္ကသိုလ်ဝင်တန်းအောင်ပြီး အလုပ်လျှောက်သူများအားလုံးနီးပါး အလုပ်ရဟုဆို
မည်သည့် လုပ်ငန်းတွင်မှ အလုပ်လုပ်ဖူးခြင်း မရှိသေးသော သူများကို ဝန်ထမ်းအဖြစ် ရွေးချယ် သင်ကြားပေးပါက ကုမ္ပဏီအတွက် အကျိုးထိရောက်မှု ပိုရှိသည်ဟု လုပ်ငန်းရှင်များက ယူဆကြသော ကြောင့် ယခုနှစ်တက္ကသိုလ်ဝင်တန်း အောင်ပြီး အလုပ်လျှောက်သူများ အားလုံးနီးပါး အလုပ်ရနေကြသည် ဟု ပြည်တွင်း အလုပ် အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခုဖြစ်သော နွယ်ရိုး ကုမ္ပဏီက ပြောသည်။တက္ကသိုလ်ဝင် အောင်စာရင်း ထွက်ပြီးချိန်မှ ဇူလိုင် ၈ ရက်အထိ လာရောက် လျှောက်ထား သူ ၃ဝ ခန့်ရှိပြီဖြစ်ကြောင်း၊ အရပ် ၅ ပေ၊ ၂ လက်မ၊ အသားဖြူပြီး ရုပ်ရည် အဆင်ပြေသူများမှာ လစာ ကျပ် ၆ဝဝဝဝ ဝန်းကျင် ရကြကြောင်း နွယ်ရိုး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။တက္ကသိုလ်ဝင်တန်းအောင် အများစုမှာ အလုပ်အကိုင်အမျိုး အစားမရွေးဘဲ အလုပ်တစ်ခုရလျှင် ပြီးရောပုံစံဖြင့် လာရောက်လျှောက် ထားကြ သည်ဟု ၄င်းက ပြော သည်။”သမီးက တက္ကသိုလ်ဝင် အောင်စာရင်းမထွက်ခင်ကတည်းက စာမေးပွဲအောင်ရင် အလုပ်တစ်ခုခု ဝင်လုပ်ပြီး အဝေးသင် တက်မယ်။ ရတဲ့ လစာရဲ့ တချို့တစ်ဝက်ကို မိသားစုအတွက်၊ ကျန်တဲ့ငွေက သင်တန်းတက်ဖို့အတွက်။ နောက် သုံးလေးနှစ်ကြာရင် ပညာရပ် တစ်ခုခု ကျွမ်းကျင်နေရမယ်ဆိုတဲ့ စိတ်ကူးရှိတယ်။ ဒါမှ အလုပ် ကောင်းကောင်းရမယ်လို့ ထင် တယ်”ဟု တောင်ဥက္ကလာပမြို့ နယ်မှ တက္ကသိုလ်ဝင်တန်းအောင် ပြီး အလုပ်လျှောက်ထားသူတစ်ဦး က ပြောသည်။ပြည်တွင်း အလုပ်အကိုင် ရှာ ဖွေရေးအေဂျင်စီတစ်ခုကတက္ကသိုလ် ဝင်တန်းအောင်များအား အဓိက ခေါ်ယူနေသောအလုပ်မှာ အရောင်း မြှင့်တင်ရေး အလုပ်ဖြစ်သည်ဟု ဆို သည်။ ပြည်တွင်းအလုပ်အကိုင် ရှာ ဖွေရေးကုမ္ပဏီများကို တရားဝင် လိုင်စင် ချပေးပြီးနောက် လုပ်ငန်း တိုးတက်မှု ပိုမိုရှိလာသည်ဟု နွယ် ရိုးကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ထပ်လောင်း ပြောသည်။
@ပေါ်ပြူလာ နယူးစ်ဂျာနယ်

poohcartoon
07-15-2010, 12:56 PM
ရန်ကုန်တိုင်းအတွင်းရှိ လမ်းများကို BOT စနစ်ဖြင့် ကုမ္ပဏီ ၄ ခုအား လုပ်ကိုင်ခွင့်ပေး၊ ပထမ ၃ နှစ် အတွင်း နိုင်ငံတော်သို့ အခွန်ပေးဆောင်ရမှု ကင်းလွတ်ခွင့်ပြု
http://popularmyanmar.com/mpaper/wp-content/uploads/2010/07/Bo-Myat-Tun-Bridge-300x195.jpg
ရန်ကုန်တိုင်းအတွင်းရှိ လမ်း များကို BOT စနစ်ဖြင့် လုပ်ကိုင် ခွင့်ပေးလိုက်သော ကုမ္ပဏီ ၄ ခုအား ပထမ ၃ နှစ်အတွင်း နိုင်ငံတော် သို့ အခွန်ပေးဆောင်ရမှု ကင်းလွတ် ခွင့်ပြုလိုက်ကြောင်း သိရသည်။လက်ရှိတွင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီသည် ရန်ကုန်-ပြည် လမ်းတွင် မိုင်တိုင် ၂၂/၃ မှ ၇ဝ/၆ အထိ၊ အမှတ် ၄ လမ်းမကြီးတွင် မိုင်တိုင် ၆/ဝ မှ ၁၂/၄ အထိ လည်း ကောင်း၊ အေးရှားဝေါလ်ကုမ္ပဏီ သည် ရန်ကုန်ပုသိမ်လမ်းတွင် မိုင် တိုင် ဝ/ဝ မှ ၁၇/၄ နှင့် အောင် ဇေယျတံတားချဉ်းကပ်လမ်း တွင် မိုင်တိုင် ဝ/ဝ မှ ၃/၁ အထိ အပါအဝင် ရွှေပြည်သာ တံတားချဉ်းကပ်လမ်း ရှိ မိုင်တိုင်အမှတ် ၃/၄ မှ ၄/၆ အထိ လုပ်ဆောင်ခွင့်ယူထား ကြောင်း သိရသည်။
ယင်းကဲ့သို့ BOT စနစ်ဖြင့် ဆောင်ရွက်နေသည့် ကုမ္ပဏီများတွင် မက်(စ်)မြန်မာကုမ္ပဏီမှ ရန်ကုန်-မန္တလေး ၆ လမ်းသွား လမ်း မကြီး၊ အမှတ် ၂ လမ်းမကြီး၊ မြို့ ပတ်လမ်း၊ ထောက်ကြန့်မြို့ရှောင် လမ်း၊ ပဲခူး-သနပ္ပင်-ခရမ်း-သုံးခွ-သန်လျင်လမ်း၊ ဒဂုံတံတားမှ သီလဝါစက်မှုဇုန် ဆက်သွယ်သည့်လမ်း၊သန်လျင်-ကျောက်တန်းလမ်း နှင့် သန်လျင်-သီလဝါဆိပ်ကမ်း အပါ အဝင်လမ်းမိုင် ၁ဝ၆ မိုင် ၆ရ ဖာလုံ အထိ မိုင်အရှည် အများဆုံး ရယူ ထားကြောင်း ရန်ကုန်တိုင်း ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ သိရ သည်။ လမ်းမိုင်အရှည် ဒုတိယ အများဆုံးဆောင်ရွက်နေသည့် Yangon Crown Wire ကုမ္ပဏီ သည် လှိုင်သာယာ-ဒလ-တွံတေး လမ်း၊ ကံဘဲ့-ပျော်ဘွယ်လေး-ဒလ လမ်း၊ တွံတေး-ကွမ်းခြံကုန်းလမ်း၊ တွံတေးမြို့ရှောင်လမ်းနှင့် ကွမ်းခြံ ကုန်း-ဒေးဒရဲလမ်းတို့ကို ၅၉ မိုင် ၆ဖာလုံ ရယူထားကြောင်း သိရသည်။
အခွန်ပေးရမည့် စနစ်သည် ပထမ ၃ နှစ်အတွင်း ကင်းလွတ် ခွင့်ပေးထားပြီး ၄ နှစ်မှ ၁၃ နှစ် အထိ ၅ ရာခိုင်နှုန်း ပေးရမည်ဖြစ် ကြောင်း၊ နောက်ထပ် ၁၄ နှစ်မှ ၂၃ နှစ်အထိ ၂ဝ ရာခိုင်နှုန်း၊ ၂၄ နှစ်မှ ၃၃ နှစ်အထိ ၁၅ ရာခိုင်နှုန်း နှင့် ၃၄ နှစ်မြောက်မှ နှစ် ၄ဝ ကာလအတွင်း ၂ဝ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး နှစ် ၄ဝ ကျော် ကာလအတွက် အချိန်တိုးမြှင့် ကောက်ခံမည်ဆိုပါက နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရာခိုင်နှုန်း အတိုင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းအတွင်း လမ်း ပေါင်း ၄၅ လမ်းနှင့် လမ်းမိုင်ပေါင်း ၅၄၇ မိုင် ၁ ဖာလုံရှိပြီး မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်၊ အေးရှား ဝေါလ်၊ မက်စ်မြန်မာနှင့် Yangon Crown Wire ကုမ္ပဏီတို့အား ၂၄၃ မိုင်ကျော် လွှဲပြောင်းပေးခဲ့ပြီးဖြစ် ကြောင်း၊ ကျန်ရှိသည့် လမ်းများ ကို ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဆက်လက်တာဝန်ယူ ထိန်းသိမ်းထားလျက်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတို့ထံမှ သိရသည်။
BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် ပေးထားသည့် လမ်းများအပါအဝင် ဘုရင့်နောင်တံတား (သာမန် တံတား)၊ အောင်ဇေယျတံတား (အထူးစီမံကိန်းဝင်တံတား)၊ ရွှေပြည် သာတံတား (အထူး)၊ ဒဂုံတံတား (အထူး)၊ သုံးခွမြို့ဝင်တံတား (သာမန်)၊ ပန်းလှိုင်တံတား (အထူး) နှင့် တွံတေးတံတား (အထူး) ဟူ၍ သာမန်တံတားနှင့် အထူးစီမံကိန်းဝင် တံတားဟူ၍ သတ်မှတ်ထားသည်။လက်ရှိတွင် ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်း၏ လမ်းခကောက်ခံ မှုနှုန်းသည် ၁ မိုင်လျှင် ၂ တန် အောက် ယာဉ်ငယ်များအား ပြား ၆ဝ၊ ဟိုင်းလက် ၁ ကျပ် ပြား ၅ဝ၊ ၂ တန်အောက် ခရီးသည်တင် ယာဉ် (ဒိုင်နာအပါအဝင်) နှင့် ၂ တန်မှ ၅ တန်အောက်ယာဉ် ၂ ကျပ်ခွဲ၊ ၅ တန်အထက် ခရီးသည် တင်ယာဉ်ကြီး ၃ ကျပ် ၁၅ ပြားနှင့် ၅ တန်အထက် ကုန်တင်ယာဉ်ကြီး အား ၆ ကျပ် ၂၅ ပြား ကောက်ခံ လျက်ရှိပြီး ပဲခူး၊ တိုက်ကြီးနှင့် လှိုင်သာယာ ဂိတ်တို့တွင် (ယာဉ် + ကုန်) ၁၃ တန်အထိ ၂၅ ကျပ် နှုန်းနှင့် ၁၃ တန်အထက် ယာဉ် များကို ကျပ် ၅ဝ နှုန်းဖြင့် တွက် ချက်ကောက်ခံခဲ့ကြောင်း သိရ သည်။ ကုမ္ပဏီ ၄ ခုမှ လမ်းအသုံး ပြုခ ကောက်ခံမည့် နှုန်းထားများ မှာ ၁ မိုင်လျှင် ၁ တန်အောက်ယာဉ် ငယ်များအား ၄ ကျပ်မှ ၁၃ ကျပ်၊ ၁ တန်မှ ၃ တန်အထိယာဉ်အား ၁၂ ကျပ်မှ ၃၉ ကျပ်၊ ၅ တန် အောက်ကားကြီးများအား ကျပ် ၂ဝ မှ ၆၅ ကျပ်၊ ၁ဝ တန်အောက် ကုန်တင်ယာဉ်ကြီးများအားကျပ် ၃ဝ မှ ၄၁ ကျပ်နှင့် တန် ၂ဝ အထိ ကုန်တင်ယာဉ်ကြီးများအား ၅၉ ကျပ်မှ ၈၂ ကျပ် ကောက်ခံသွား မည်ဖြစ်ပြီး တန် ၂ဝ အထက် တန် ပို ၁ တန်နှုန်းသည် ၁ မိုင်လျှင် ၈ ကျပ်မှ ၂၆ ကျပ် ဆက်လက် ကောက်ခံ သွားမည်ဟုသိရသည်။
တံတားကောက်ခံမှု နှုန်းထား များတွင် သာမန်တံတားများ၏ ကောက်ခံနှုန်းသည် ဆိုင်ကယ်၊ မြင်းလှည်း၊ ထော်လာဂျီများကို ၅ ကျပ်မှ တန် ၂ဝ ထရပ်ကားအား ကျပ် ၁၅ဝ အထိသော်လည်း ကောင်း၊ စီမံကိန်းဝင် တံတားများ အတွက် ကောက်ခံနှုန်းသည် စက်ဘီးတစ်စီးလျှင် ၅ ကျပ်မှစ၍ တန် ၂ဝ ကုန်တင်ယာဉ်ကြီးများ အား ကျပ် ၁ဝဝဝ အထိ အခွန် ကောက်ခံမည်ဖြစ်ကြောင်းသိရသည်။
BOT စနစ် ရရှိထားသည့် ကုမ္ပဏီများအနေဖြင့် နှစ် ၄ဝ ပြည့် ပါက ကောက်ခံမှုသက်တမ်းကာလ ကို ၅ နှစ်လျှင်တစ်ကြိမ်စီဖြင့် ၃ ကြိမ်တိုးမြှင့် လုပ်ကိုင်ခွင့် ရရှိမည် ဟုလည်း သိရသည်။ရန်ကုန်တိုင်းအတွင်းတွင် လမ်း ပေါင်း ၇၅ လမ်းနှင့် မိုင်အရှည် ပေါင်း ၅၁၇ မိုင် ၁ ဖာလုံရှိပြီး အဆိုပါ ကုမ္ပဏီများသို့ ၂၄၃ မိုင် ၂ရ ဖာလုံ လုပ်ဆောင်ခွင့်ပေးထားခဲ့ ကြောင်းသိရသည်။
@ပေါ်ပြူလာ နယူးစ်ဂျာနယ်

poohcartoon
07-15-2010, 06:51 PM
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ရဲစခန်း ၁၁ ခု ထားရှိမည်ဟု သိရ
http://www.news-eleven.com/images/stories/myanmar/loc/b31628
ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် အကူအညီပေးနိုင်ရေးတို့အတွက် ရဲစခန်း ၁၁ ခု ထားရှိသွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်နိုင်၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် အသုံးပြုနေသော ရန်ကုန်- နေပြည်တော် အမြန်လမ်းမကြီး၏ လမ်းပိုင်းတွင် ရဲစခန်း ၆ ခု ထားရှိသွားရန် စီစဉ်လျက်ရှိပြီး ယခုအခါတွင် စခန်း ၂ ခုမှာ တည်ဆောက်ပြီးစီးသွားပြီဟု သိရသည်။ မကြာမီဖွင့်လှစ်တော့မည့် နေပြည်တော်- မန္တလေး အမြန်လမ်းမကြီး လမ်းပိုင်းတွင်မူ ရဲစခန်း ၅ ခု ထားရှိသွားမည်ဟု သိရသည်။

ရန်ကုန်မှ နေပြည်တော်အထိ အမြန်လမ်းမကြီးတစ်လျှောက်တွင် နေ့စဉ် ဖြတ်သန်းသွားလာနေကြသော အဝေးပြေးခရီးသည်တင် ယာဉ်ကြီးများ၊ ကိုယ်ပိုင်ယာဉ်များနှင့် ဌာနဆိုင်ရာယာဉ်များ အပါအ၀င် ဖြတ်သန်းသွားလာ အသုံး ပြုမှု များပြားလာသည်နှင့်အမျှ ယာဉ်မတော်တဆမှုများ၊ တိမ်းမှောက်မှုများလည်း ကြုံတွေ့နေရသည့်အတွက် သတ်မှတ်မိုင်နှုန်းများ၊ လမ်းညွှန်များအတိုင်းသာ မောင်းနှင်ကြရန် အသိပေးနေခြင်းများအပြင် အကူအညီများ ဆောင်ရွက် ပေးနိုင်ရန်အတွက် ရဲစခန်းများထားရှိနိုင်ရေး စီစဉ်ဖြစ်ကြောင်းလည်း သိရှိရသည်။

အမြန်လမ်းမကြီးတစ်လျှောက် ရဲစခန်းများ ထားရှိရာတွင် မော်တော်ယာဉ်များ၊ လမ်းမကြီးများနှင့်ပတ်သက်၍ ယာဉ်စည်းကမ်းထိန်းသိမ်း ကြပ်မတ်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့များကို ထားရှိသွားမည်ဟု သိရသည်။ ထားရှိသွားမည့် တပ်ဖွဲ့ဝင်အင်အားနှင့် ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လိုအပ်သည့် ပစ္စည်းများ ရရှိနိုင်ရေးအတွက် စတင်ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အထူးအမြန်လမ်းမကြီးသည် ရန်ကုန်မြို့ အမှတ် (၃) လမ်းမကြီးလမ်းဆုံမှ နေပြည်တော် (ပန်းတင်) စီလမ်းဆုံအထိ ၂၂၁ မိုင် ၁ ဖာလုံရှိပြီး မကြာမီဖွင့်လှစ်မည့် နေပြည်တော်- မန္တလေး လမ်းပိုင်း ပြီးစီးသွားပါက ရန်ကုန်မှမန္တလေးမြို့ အထိ စုစုပေါင်း ၃၆၅ မိုင် ၆ ဖာလုံ ရှည်လျားမည်ဟု သိရသည်။

ရန်ကုန်မှ မန္တလေးအထိ အထူးအမြန် လမ်းမကြီးတစ်လျှောက်တွင် လမ်းအသုံးပြုခ ကောက်ခံရေးစခန်း ၅ ခု ပါဝင်မည်ဖြစ်ပြီး လမ်းမကြီးကို အသုံးပြုနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်နားရန်အတွက် စားသောက်ဆိုင်တန်းများ၊ မော်တော်ယာဉ်ပြုပြင်ရေး အလုပ်ရုံ၊ လောင်စာဆီ အရောင်းဆိုင်များနှင့် ရဲစခန်းများ ထားရှိသွားရန် လမ်းမကြီးစီမံကိန်းနှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းအပြင် နားနေစခန်းများပါဝင်သည့် အပန်းဖြေစခန်း ၃ ခုကိုလည်း ထည့်သွင်းသွားရန် စီမံကိန်းရေးဆွဲခဲ့သည်ဟု သိရှိရသည်။
@Eleven Media Group

poohcartoon
07-15-2010, 06:57 PM
ရန်ကုန်-မလေးရှား လေကြောင်းလိုင်း ဈေးကွက် အဲအေးရှားလေကြောင်း စတင် ပျံသန်းမှုကြောင့် ဈေးလျှော့လာ
ရန်ကုန်-ကွာလာလမ်ပူ လေကြောင်း ခရီးစဉ် လက်မှတ်များသည် အဲအေးရှားလေယာဉ် စတင် ပျံသန်းမည့် ဇူလိုင် ၂၀ ရက်မှ စ၍ ဈေးလျှော့လာကြကြောင်း လေယာဉ်လက်မှတ် အရောင်း ကိုယ်စားလှယ်ကြီးများက ပြောသည်။ “အမ်အေအိုင်က ဇူလိုင်လ ၁၉ ရက်နောက်ပိုင်းမှ စပြီးဈေးလျှော့မယ်။ မလေးရှား အဲလိုင်းကတော့ ဇူလိုင်လကုန်မှာ ဈေးစလျှော့မယ်” ဟု ကျောက်တံတားမြို့နယ် အတွင်းရှိ လေယာဉ်လက်မှတ် ရောင်း ကိုယ်စားလှယ်များက ပြောသည်။ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်ကို အမ်အေအိုင်လေကြောင်း လိုင်းက ဇူလိုင် ၂၀ ရက်မှစ၍ တစ်ကြောင်း စာလက်မှတ် တစ်စောင်လျှင် ကန်ဒေါ်လာ ၁၂၀ ဖြင့် စတင် ရောင်းချမည် ဖြစ်ကြောင်း လေယာဉ်လက်မှတ် အရောင်း ကိုယ်စားလှယ်ကြီးများက ပြောသည်။ အမ်အေအိုင် လေကြောင်း လိုင်းသည် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ဖြစ်ခဲ့သည့် ၂၀၀၈ ခုနှစ် နှောင်းပိုင်းတွင် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သော လုပ်သားများ လျော့နည်းခဲ့ရာ ထိုကာလအတွင်း လေယာဉ်လက်မှတ်အား ဒေါ်လာ ၁၈၀ ထိ လျှော့ချခဲ့သည်။ “အရင်ဈေး လျှော့တာကတော့ သွားတဲ့လူ နည်းသွားလို့လေ။ အခုကသွားတဲ့လူက မနည်းဘူး။ ပြိုင်ဆိုင်မှု ရှိလာလို့၊ အဲအေးရှား ဝင်လာလို့ ထင်တာပဲ” ဟု လေယာဉ် လက်မှတ် အရောင်းကိုယ်စားလှယ် တစ်ဦးက ပြောသည်။ အမ်အေအိုင်နှင့် မလေးရှား လေကြောင်းလိုင်းတို့သည် တစ်ခေါက်လျှင် လုပ်သားများအတွက် ထိုင်ခုံ ၁၀၀ စီ ရောင်းချပေးနေပြီး၊ တစ်လလျှင် အခေါက် ၂၀ စီပျံသန်းလျက် ရှိသည်။ Sanbumi လေကြောင်းလိုင်းကမူ တစ်ခေါက်လျှင် လူ ၉၀ ကျော်နှင့် တစ်ပတ် ၄ ရက် ပျံသန်းလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့ထုတ် 7Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

@ခေတ်လူငယ်

poohcartoon
07-16-2010, 12:37 PM
မုံရွာမြို့နယ်၊ ရွာတော်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၍ နေအိမ်အလုံး ၂၀ ဆုံးရှုံး
http://www.news-eleven.com/images/stories/myanmar/loc/b31623
မုံရွာမြို့နယ်၊ ကံပြားရွာအုပ်စု၊ ရွာတော်ကျေးရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ခန့်က မီးဖိုဆောင် မီးကြွင်းမီးကျန်မှ နွားစာတိုက်အဆောက်အဦးသို့ မီးကူးစက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ နေအိမ်အလုံး ၂၀ ဆုံးရှုံးမှု ရှိခဲ့ပါသည်။
"အိမ်နောက်ဖေး မီးဖိုဆောင်မှာရှိတဲ့ ထမင်းချက်မီးဖို မီးကြွင်းမီးကျန်ကနေစပြီး လောင်ရာကနေ အနီးမှာရှိတဲ့ နွားစာတိုက်ကိုကူးစက်ပြီး နေအိမ်တွေပါ မီးလောင်ခဲ့တာ အိမ်အလုံးနှစ်ဆယ် မီးလောင်ခဲ့ပါတယ်။ မုံရွာမြို့က မီးသတ်ကားတွေက လာသလို ဒေသခံရွာသူရွာသားတွေ အနီးအနားက ရွာသူရွာသားတွေကလည်း ၀ိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့ပါတယ်"ဟု ရွာတော်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ် အပေါ်(ပ)၂၂၇/၁၀ ပုဒ်မ ၂၈၅ ဖြင့် မုံရွာမြို့အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်ကာ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

@.news-eleven.com

poohcartoon
07-16-2010, 01:06 PM
မန္တလေးမြို့ပေါ်ရှိ ယာဉ်အပ်နှံသည့် နေရာများနှင့် လမ်းဘေးယာဉ်ရပ်နားခ ကောက်ခံခွင့်ရသည့် နေရာများတွင် ယာဉ်အပ်နှံခနှင့် ယာဉ်ရပ်နားခများကို တိုးမြှင့်ကောက်ခံ
http://img687.imageshack.us/img687/2635/b31615.jpg
မန္တလေးမြို့ပေါ်ရှိ ယာဉ်အပ်နှံသည့် နေရာများနှင့် လမ်းဘေးယာဉ်ရပ်နားခ ကောက်ခံခွင့် ရသည့်နေရာများတွင် ယခုအခါ ယာဉ်အပ်နှံခနှင့် ယာဉ်ရပ်နားခများကို တိုးမြှင့်ကောက်ခံလာကြောင်း တွေ့ရှိရသည်။မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တရားဝင်ကောက်ခံခွင့် သတ်မှတ်ထားသော လမ်းဘေးယာဉ်ရပ်နား ကောက်ခံခွင့် နှုန်းထားများကို လေလံပွဲ၌ သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း ကောက်ခံခြင်းမပြုဘဲ ယခုကဲ့သို့ တိုးမြှင့်ကောက်ခံခြင်း အပေါ် ယာဉ်ပိုင်ရှင်များက သုံးသပ်ပြောဆိုမှုများ ရှိကြောင်း သိရှိရသည်။

ယခင်က ယာဉ်အပ်နှံသည့် ဌာနများတွင် ဆိုင်ကယ်အပ်နှံခ တစ်စီးလျှင်ကျပ် ၁၀၀၊မော်တော်ယာဉ်အပ်နှံခ ကျပ် ၂၀၀ ကောက်ခံခဲ့ရာမှ လက်ရှိကောက်ခံသည့် ဈေးများနှင့် ပတ်သက်၍ ''အခုဆိုင်ကယ်တစ်စီးကိုပဲ ဈေးချိုတော်နဲ့ ရှော့ပင်းမောလ်တွေ မှာ ယာဉ်အပ်နှံခက ကျပ် ၃၀၀ နဲ့ ကားတစ်စီးကိုကျပ် ၅၀၀ ကောက်ခံနေပါတယ်။လမ်း ၈၀ နှင့် ၇၈ လမ်းမှာဆိုရင် ခဏလေးရပ်ပြီး တစ်ခုခု ၀ယ်လိုက်ရင်ကိုပဲ ယာဉ်ရပ်နားခက ဆိုင်ကယ်တစ်စီးကို ကျပ် ၂၀၀ ပေးနေရပါတယ်။ မန္တလေးဘူတာကြီးကတော့ ကားတစ်စီးကို ကျပ် ၅၀၀ ကောက်ခံမယ်လို့ အတိအလင်း ဆိုင်းဘုတ်နဲ့ ကြေညာထားပါတယ်။ ပြီးတော့ မန္တလေးဘူတာကြီး ခုံးကျော်ဖြတ်သန်းခက အရင်ကျပ် ၅၀ ကနေ အခု ကျပ် ၁၀၀ ပြောင်းလဲကောက်ခံနေပါတယ်။ စီးပွားရေး အချက်အချာကျတဲ့ ၇၈ လမ်းနဲ့ အနောက်ခြမ်းလမ်း ၈၀၊ ၈၄ လမ်းတို့ကို သွားလာဖို့ဆိုရင် မန္တလေးဘူတာကြီး ခုံးကျော်တံတားက အလွယ်ဆုံးနဲ့ အတိုဆုံး လမ်းကြောင်းဖြစ်တယ်။ တစ်နေ့ကို အရောင်းအ၀ယ်ကိစ္စနဲ့ သုံးလေးကြိမ်ထက် မနည်း ဖြတ်သန်းနေရတဲ့ သူတွေအနေနဲ့ ဒီဖြတ်သန်းခတင် မဟုတ်ဘဲ တခြားဆိုင်ကယ်န့ပတ်သက်ပြီး ကုန်ကျမှုတွေ ရှိပါတယ်''ဟု မန္တလေးဘူတာကြီး အရှေ့ဘက်ကပ်လျက် ၇၈ လမ်းပေါ်ရှိ ကုမ္ပဏီတစ်ခုမှ ၀န်ထမ်းတစ်ဦးက ဆိုသည်။

မန္တလေးမြို့တွင် မြို့ပေါ်ယာဉ်အပ်နှံသည့်နေရာ ၅၁ နေရာနှင့် လမ်းဘေးယာဉ်ရပ်နားခ ကောက်ခံခွင့်နေရာ ရှစ်နေရာတို့ကို ခွင့်ပြုထားကြောင်း သိရသည်။
news-eleven.com

poohcartoon
07-16-2010, 01:15 PM
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော် ပျဉ်းမနားမြို့နယ် ရပ်ကွက်အချို့နှင့် လမ်းမကြီးများပေါ်တွင် ရေလျှံမှုများ ဖြစ်ပေါ်
http://img39.imageshack.us/img39/4674/b31617.jpg
နေပြည်တော်ပျဉ်းမနားမြို့နယ် ရပ်ကွက်အချို့နှင့် ကားလမ်းမကြီးများပေါ်တွင် ဇူလိုင်လ ၁၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ ၁၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်မှ ည ၇ နာရီခန့်ထိ မိုးရွာသွန်းခဲ့သောကြောင့် နေပြည်တော် ပျဉ်းမနားမြို့နယ် ရပ်ကွက်အချို့နှင့် ကားလမ်းမကြီးများပေါ်တွင် ရေလျှံခြင်း၊ အိမ်အချို့တွင် ရေ၀င်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရပါသည်။

''မိုးရွာပြီး သိပ်မကြာဘူး ကျွန်မတို့ရပ်ကွက်ထဲ ရေတွေ ဒလဟော ၀င်ချလာတယ်။ တစ်ခါမှလည်း မကြုံဖူးကြဘူး။ မိုးရေတွေက ဘယ်ကလာမှန်းမသိ အိမ်တွေထဲပါ ၀င်လာတယ်။ရပ်ကွက်ထဲက ဈေးဆိုင်တွေဆိုရင် ချက်ချင်းပိတ်ပစ်ရတယ်။ အိမ် တွေပေါ်ဆိုရင် ကင်း၊ ကင်းမလက်မည်း၊ ကင်းလိပ်ချော၊ ပုစွန်လုံးတွေ တက်လာကြတယ်။ ရပ်ကွက်ထဲက လမ်းတွေဆိုရင် ရေတွေက ပေါင်လောက်ထိရှိတယ်၊တစ်ခါမှ ဒီလိုမကြုံဖူးဘူး''ဟု နေပြည်တော် ပျဉ်းမနားမြို့နယ် အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောပါသည်။ ဇူလိုင်လ ၁၂ ရက်နေ့တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ရေစီးရေလာကောင်းမွန်စေရန် မြေတူးစက်ဖြင့် မြောင်းများ ပြန်လည်တူးဖော်ပေးခဲ့သဖြင့် ရေများ ပြန်လည်ကျဆင်းသွားကြောင်း သိရပါသည်။
news-eleven.com

poohcartoon
07-16-2010, 07:39 PM
မိုးလယ်ကာလသို့ ရောက်ရှိလာပြီဖြစ်သော်လည်း တောင်ကြီးမြို့ပေါ်ရှိ ရေကန်အချို့ ရေ၀င်ရောက်မှု မရှိသေး
http://www.news-eleven.com/images/stories/myanmar/loc/b31620
၂၀၁၀ ပြည့်နှစ်မိုးဦးကာလမှ မိုးလယ်ကာလသို့ ၀င်ရောက်လာပြီ ဖြစ်သော်လည်း တောင်ကြီးမြို့ပေါ်ရှိ သောက်သုံးရေကန်အချို့တွင် ရေအနည်းငယ်စီသာ ၀င်ရောက်ခဲ့ပြီး ကန်အချို့မှာ ရေ၀င်လာခြင်း မရှိသေးဘဲ ခန်းခြောက်လျက်ပင် ရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

"၀ါဆို၊ ၀ါခေါင် ရေဖောင်ဖောင် ဆိုတဲ့စကားအတိုင်း အရင်နှစ်တွေက ဒီအချိန်ဆို တောင်ကြီးက ရေကန်တွေ အားလုံးလိုလို ရေပြည့်နေပြီ။ မိုးကတော့ နေ့တိုင်းလိုလို ရွာပါတယ်။ ဒါပေမဲ့ ကန်တွေမှာ ရေသိပ်မတင်ဘူး။ မိုးရွာပြီး နေပြန်ပူလိုက်တာနဲ့ ပြန်ပြီးခြောက်ကုန်တယ်။ အောက်ခံမြေကြီးက စုပ်ယူသွားတာလည်း ပါတာပေါ့။ ရေ၀င်တဲ့ ကန်တွေကျပြန်တော့လည်း တက်တဲ့ရေက တစ်ပေ၊ နှစ်ပေလောက် လူနေရပ်ကွက်တွေကို ဖြန့်ဝေရတဲ့ ပိုက်လိုင်းတွေက များတော့ ကန်ထဲမှာ ရေပြန်လျော့သွားတာကြောင့် ကန်ထဲမှာ လက်ရှိရေချိန်မှတ်ကနေ သိသိသာသာတက်မလာဘူး။ တောင်ကြီးမြို့ပေါ်အိမ်တွေ တော်တော်များများကတော့ အိမ်တံစက်မြိတ်ကကျတဲ့ မိုးရေကို အုတ်ကန်၊ တိုင်ကီ၊ ပီပါတွေနဲ့ ခံပြီးသုံးကြတာမို့ နွေတုန်းကထက်စာရင် သောက်သုံးရေ အဆင်ပြေနေပါတယ်။ အ၀ီစိတွင်းရေ ၀ယ်သုံးရတာ သိပ်မရှိတော့ဘူးပေါ့"ဟု ဒေသခံတစ်ဦးက ဆက်လက်ရှင်းပြခဲ့သည်။

@news-eleven.com

kosithuag
07-16-2010, 10:44 PM
ဗိသုကာဆိုင်ရာ လေ့လာမှုများပြုလုပ်ရန် ပြည်တွင်းပြည်ပ ခြေဆန့်ကြမည်

မြန်မာနိုင်ငံ ဗိသုကာပညာရှင် များအသင်းမှ ဗိသုကာဆိုင်ရာ လေ့ လာမှုများပြုလုပ်ရန် ပြည်တွင်း ပြည်ပသို့ ခြေဆန့်ကြမည်ဟု သိရ သည်။ ဇွန်လ ၂၆ ရက်တွင် ပြုလုပ် သော အသင်းနှစ်ပတ်လည် အစည်းအဝေးတွင် လေ့လာမှုပြုကြ မည့် ပြည်တွင်းပြည်ပခရီးစဉ်များကို ရွေးချယ်ခဲ့ကြသည်ဟု ဆိုသည်။ ပြည်ပခရီးစဉ်အဖြစ် ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားနိုင် ငံများသို့ သွားရောက်ကြမည်ဖြစ်ပြီး တိုးတက်လာသော မြို့ပြဖွံ့ဖြိုးမှုများ နှင့် ရှေးဟောင်းဘုရားများကို သွားရောက်လေ့လာကြမည် ဟု အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ”ပြည်တွင်းခရီစဉ်အနေ နဲ့ ပဲခူး၊ မြစ်ဝကျွန်းပေါ်ဒေသ၊ နောက် ပုဂံနဲ့ ရှမ်းပြည်နယ်ဘက်ကို သွားရောက်မယ်။ အဓိကကတော့ ရှေးဟောင်းအဆောက်အအုံတွေကို တိုင်းတာရေးဆွဲပြီး မှတ်တမ်းတင် မယ့် ဗိသုကာပညာရပ်တွေကို လေ့ လာမယ်။ နောက် အဆောက်အအုံ တွေကို ရေ၊ မြေ၊ တော၊ တောင် သဘာဝတွေနဲ့လိုက်ဖက်ညီအောင်၊ ရာသီဥတုဒဏ် ခံနိုင်အောင် ဘယ်လိုတည်ဆောက်သင့်တယ်၊ တည်ဆောက်ထားတယ်ဆိုတာကို လေ့လာမယ်၊ မှတ်တမ်းပြုစုမယ်” ဟု ၄င်းကပြောသည်။ အဆိုပါ ခရီး စဉ်များကို သက်ဆိုင်ရာတာဝန်ရှိ သူများထံသို့တင်ပြပြီး ယခုနှစ် မကုန်မီ သွားရောက်ကြမည်ဖြစ် ကြောင်းသိရသည်။
မင်းသုအောင်

@popular

kosithuag
07-16-2010, 10:45 PM
လူငယ်အင်ဂျင်နီယာများ နှီးနှောဖလှယ်ပွဲတက်ရောက်ရန် မြန်မာလူငယ်နှစ်ဦး ဂျပန်သို့ထွက်ခွာ

http://popularmyanmar.com/mpaper/wp-content/uploads/2010/07/ToJapan-300x225.jpg
အရှေ့တောင်အာရှနိုင်ငံများမှ လူငယ်အင်ဂျင်နီယာများတွေ့ဆုံ နှီးနှောပွဲ Community Design Group: 2010 သို့ တက်ရောက်ရန် အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ မျိုးဆက်သစ်အင်ဂျင်နီယာနှစ်ဦးသည် ယခုလ ၇ ရက်နေ့ တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာသွား ကြောင်းသိရသည်။အဆိုပါ အစီအစဉ်မှာ ဂျပန် ဖောင်ဒေးရှင်း၏ East Asia Future Leader Programme အရ ဇူလိုင် ၈ ရက်မှ ဇူလိုင် ၂ဝ ရက် ထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ဖိတ်ကြားမှု ဖြစ် ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံ များမှ မျိုးဆက်သစ်အင်ဂျင်နီယာ များ တွေ့ဆုံ၍ ပညာရပ်ဆိုင်ရာများ ကို နှီးနှောဖလှယ်ရန်အတွက် မြန်မာ နိုင်ငံအင်ဂျင်နီယာ အသင်း မျိုးဆက်သစ်အင်ဂျင်နီယာ မောင်ကြည်မင်း သူနှင့် မယုဝေယံသိန်းတန်တို့ကို ရွေးချယ်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။”ဒါ ပထမဆုံးပါပဲ။ ဒီကို အကြောင်းကြားစာရတော့ ဆရာတို့ အသင်းအနေနဲ့ သက်ဆိုင်ရာ တောင်ကြီး၊ မန္တလေး၊ ပြည် စတဲ့ အသင်းခွဲတွေကို ကြေညာချက်တွေ ပို့တယ်။ မျိုးဆက်သစ် အင်ဂျင်နီယာ တွေကို လျှောက်လွှာတင်ခိုင်းတယ်။ အဲဒီတင်တဲ့သူတွေကို အင်္ဂလိပ်စာနဲ့ အထွေထွေနဲ့ အင်ဂျင်နီယာဘာသာ ရပ်ရေးဖြေစစ်တယ်။ အဲဒီထဲကမှ ဒီအသင်းက ကြည်မင်းသူနဲ့ မန္တလေး က မယုဝေယံသိန်းတန်တို့ကို ရွေး ချယ်ခဲ့တာပါ”ဟု မြန်မာနိုင်ငံအင်ဂျင် နီယာအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
အောင်ခွန်းဆက်

@popular

kosithuag
07-16-2010, 10:46 PM
စင်ကာပူအစိုးရကျောင်းပြီးသည်နှင့် PR ရမည်မဟုတ်

မြန်မာကျောင်းသားများနှင့် မိဘအချို့သည် စင်ကာပူအစိုးရ ကျောင်းပြီးသည်နှင့် PR ရရှိမည်ဟု လွဲမှားစွာယူဆနေကြကြောင်း Crown Education မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။”ပုဂ္ဂလိကကျောင်းမှာပဲတက်တက်၊ အစိုးရကျောင်းတွေမှာပဲ တက်တက် အလုပ်အကိုင်ကျွမ်းကျင်မှသာ PR ရမှာပါ။ အစိုးရကျောင်း ပြီးရင်တော့ PR လျှောက်ခွင့်စာပဲရမယ်။ ဟိုမှာ အလုပ်တစ်ခုခုရမှ အလုပ်ကနေ PR လျှောက်ရမယ်။ အဲဒီမှာငြင်းပယ် ခံရနိုင်သေးတာပဲ။ အသနားခံစာ ထပ်တင်လို့တော့ ရပါတယ်” ဟု ၄င်းက ပြောသည်။ပုဂ္ဂလိကကျောင်းပြီးသူများအနေဖြင့် PR ကို တိုက်ရိုက်လျှောက်ခွင့်မရှိ ဘဲ Skilled pass(S’pass) ကို အရင်လျှောက်ရပြီး ၂ နှစ်အတွင်း PR ကိုဆက်လက်လျှောက်ထား နိုင်ကြောင်း သိရသည်။ ”အခုဆို PR တွေကို အရမ်း စိစစ်နေတယ်။ လတ်တလော ကြား တာကတော့ PR သမားတွေကို နိုင်ငံသား ခံယူခိုင်းတယ်။ နိုင်ငံသား မခံယူရင် နောက်တစ်ဆင့် ဆင်းခိုင်း မယ်လို့ သတင်းတွေကတော့ ထွက်နေတယ်။ ဟိုမှာနေရင်တော့ သတင်းတွေကို အမြဲမပြတ်တော့ စောင့်ကြည့်သင့်တယ်။ PR သမား တွေအနေနဲ့ စင်ကာပူနိုင်ငံသားတွေ နဲ့တော့ တန်းတူအခွင့်အရေး မရနိုင် ပေမယ့် လုပ်ခလစာကတော့ Work Permit
သမားတွေ၊ Skilled Pass သမားတွေထက်ပိုရတယ်။ ကျောင်း တက်ရင်လည်း ကျောင်းလခကအစ သက်သာပါတယ်”ဟု PS Business School မှ ဒေါ်စိမ်းဝတ်ရည် ကပြောသည်။PR လျှောက်ထားရာ၌ အစိုးရ ကျောင်းများက များစွာအထောက် အကူပြုပေးနေသော်လည်း ပုဂ္ဂလိ က ကျောင်းများ၌ တက်ရောက်ပြီး သင်ကြားကြသူများ အနေဖြင့် S’pass မှတစ်ဆင့် အခွင့်အရေး ရရှိနိုင်ကြောင်း သိရသည်။
မင်းသုအောင်

@popular

kosithuag
07-16-2010, 10:47 PM
တက္ကသိုလ်နေ့ ကျောင်းတက်ရောက်သူများ ကျောင်းခေါ်ချိန်ပြည့်မီစွာ မတက်ရောက်ပါက စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်မည်ဟူသည့် သတိပေးချက်ထုတ်ပြန်


၂၀၁၀ -၂၀၁၁ ပညာသင်နှစ်တွင် နေ့ကျောင်းတက်ရောက်လျက် ရှိသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများမှာ ကျောင်းခေါ်ချိန် ပြည့်မီစွာ မတက်ရောက်ပါက စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်မည်ဟူသည့် သတိပေးစာများ ထုတ်ပြန်လာသည်။
ယခင်က ကျောင်းခေါ်ချိန်ပြည့်မီစွာ တက်ရောက်ရန် နှိုးဆော်မှုများကို ကျောင်းသားရေးရာတွင် သတိပေးနှိုးဆော်ရာမှ ယခုနှစ်ပညာသင်နှစ်တွင် ကျောင်းခေါ်ချိန်ပြည့်မီစွာ တက်ရောက်ခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများထံသို့ စာဖြင့် ဖြင့်စေ၊ ခေါ်ယူတွေ့ဆုံ၍ဖြစ်စေ အသိပေးကြောင်း တက္ကသိုလ်တက်ရောက် လျက်ရှိသည့် ကျောင်းသား၊ကျောင်းသူ များထံမှ စုံစမ်းသိရှိရပါသည်။
နည်းပညာတက္ကသိုလ်တွင် ဒုတိယနှစ် တက်ရောက်လျက်ရှိသည့် ကျောင်းသူတစ်ဦးက ' ပထမနှစ်ကတော့ ကျောင်းခေါ်ချိန်ပြည့်အောင် တက်ဖို့သတိပေးခဲ့ပေမယ့် ဒီနှစ်မှာ အိမ်ကိုစာတွေပို့တယ်။ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းမပြည့်ရင် ဒုတိယနှစ်ဝက်စာမေးပွဲကို ဖြေဆိုခွင့်မပေးဘူးလို့လည်း သတိပေးစာထဲမှာ ပါရှိပါတယ်။ အခုတော့ စာမေးပွဲဖြေဖို့ နီးနေပြီဆိုတော့ ကျောင်းခေါ်ချိန်ပြည့် အောင်တက်ကြတယ်' ဟု ပြောပြခဲ့ ပါသည်။ ဒဂုံတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နည်းပြ ဆရာမတစ်ဦးက ' နေ့ကျောင်းတက်တဲ့ ကျောင်းသား၊ ကျောင်းသူအများစုက ကျောင်းခေါ်ချိန်ပြည့်အောင် မတက်ကြပါဘူး။ အိမ်ကနေကျောင်းကိုတော့ လာချင်လာမယ်။ အတန်းတော့ မှန်အောင်မတက်ကြဘူး။ စာမေးပွဲနီးမှစာပြန်ကူး၊ပြန်ကျက် ဒီလိုနဲ့ပဲ လည်နေကြတာပါ။ ဒါကြောင့် ဒီနှစ်မှာ တင်းတင်းကြပ်ကြပ် ဆောင်ရွက်တာပါ' ဟု ရှင်းပြခဲ့ပါသည်။
' ကျောင်းခေါ်ချိန်က မေလနဲ့ ဇွန်လအတွက် ထုတ်ပြန်ပြီးပါပြီ။ ပြီးခဲ့တဲ့လတွေမှာ ပြည့်မီအောင် မတက်ရောက်ခဲ့သူတွေက ဒီရက်တွေထဲမှာ ကျောင်းမှန်မှန်တက်ဖို့ လိုအပ်ပါတယ်။ ကျောင်းခေါ်ချိန်ကိုလည်း လူစားထိုးပြီး လက်မှတ်ထိုးလို့မရဘဲ ကိုယ်တိုင်ထိုးမှရပါတယ်'ဟု ဒဂုံတက္ကသိုလ်တွင် ကျောင်းတက်ရောက်လျက်ရှိသည့် ကျောင်းသားတစ်ဦးက ဆိုပါသည်။ ကျောင်းခေါ်ချိန်ပြည့်မီစွာ တက်ရောက်ရန်နှင့် စာစဉ်များ အ ချိန်မီစွာ တင်သွင်းရန် ပျက်ကွက်ပါက စာမေးပွဲဖြေဆိုခွင့်ပြုမည် မဟုတ်ကြောင်း အဝေးသင်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများကို နှိုးဆော်ထားရှိပါသည်။

credit to eleven.com

ကိုဦး
07-17-2010, 03:46 AM
3D ဇာတ်လမ်းခွေတစ်ခွေနှင့် 3D မျက်မှန်နှစ်လက်လျှင် ငွေကျပ် ၂ဝဝဝ နှုန်းဖြင့် ရန်ကုန်မြို့တွင် ရောင်းချခဲ့ရာ ၃ ရက်အတွင်း အခွေ ၇ဝဝ ကျော်ရောင်းချရကြောင်းသိရ သည်။ အဆိုပါ 3D ရုပ်ရှင်ခွေကို ဒီဗီဒီ ခွေဖတ်သည့် မည်သည့်စက်နှင့် မဆို ကြည့်ရှုနိုင်ပြီး တစ်ခွေတွင် ရုပ်ရှင်ကား ၄ ကားပါရှိကာ 3D မျက်မှန် ၂ လက်ဖြင့် လူနှစ်ဦး ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရ သည်။ ”ဇူလိုင် ၅ ရက်က စရောင်း တာ။ တော်တော် စိတ်ဝင်တစား လာဝယ်ကြတယ်။ တချို့က ပြန် ရောင်းဖို့ဆိုပြီး ဝယ်သွားတာတောင် ရှိတယ်” ဟု
http://popularmyanmar.com/mpaper/wp-content/uploads/2010/07/3-D-1-150x150.jpg
ရန်ကုန်မြို့တွင် ရောင်းကောင်းနေသည့် 3D အခွေနှင့် မျက်မှန်
http://popularmyanmar.com/mpaper/wp-content/uploads/2010/07/3-D.jpg
စင်ကာပူနိုင်ငံထုတ The Straits Times သတင်းစာကြီးတွင် 3D ဓာတ်ပုံများကို ထည့်သွင်းဖော်ပြနေပြီဖြစ်လေရကား၊ ဤကဲ့သို့သော 3Dီ ကြည့်မျက်မှန်ကိုပါ သတင်းစာနှင့်အတူအခမဲ့ ပူးတွဲထည့်သွင်းပေးလျက်ရှိသည

၎င်းရုပ်ရှင်ခွေရောင်းချ သော Green Electric အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ကွန်ပျူတာနှင့်ပါ ကြည့်ရှု၍ရပြီး တရုတ်ထုတ် ဒီဗီဒီ၊ အီးဗီဒီစက်များ ဖြင့်လည်း ကြည့်ရှုနိုင်ကြောင်း၊ မိမိအိမ်၌ ကြည့်ရှု၍ရသော 3D ရုပ်ရှင်ဖြစ်သောကြောင့် ဈေးကွက် အတွင်း၌ လူအများစိတ်ဝင်စား ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။ ”ကြာကြာကြည့်လို့တော့ မရ ဘူး။ မျက်မှန်က စက္ကူနဲ့ ဖလင် ပြားနဲ့လုပ်ထားတာမို့ မူးတယ်၊။ 3D မျက်မှန်အစစ်နဲ့ ပြပွဲတုန်းက သွား ကြည့်ခဲ့သေးတယ်။ မတူဘူး။ ဒါပေမဲ့ စက္ကူနဲ့လုပ်ထားတဲ့ ဒီ 3D မျက်မှန်နဲ့ကြည့်တာလည်း ရုပ်လုံး တော့ ကြွလာပါတယ်” ဟု ဝယ်ယူ ကြည့်ရှုပြီးသူ တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၁၈ ရက် မှ ၂ဝ ရက်အထိ တပ်မတော်ခန်းမ ၌ ကျင်းပခဲ့သော SONY Expo 2010 ပြပွဲတွင် 3D ရုပ်ရှင်ကို ပြပွဲ လာ ပရိသတ်များအား ပြသခဲ့ပြီး လူအများ စိတ်ဝင်တစားတန်းစီ ကြည့်ရှုခဲ့ကြောင်း၊ ယခုအခါ 3D နည်းပညာကို ပန်းဆိုးတန်းရှိ SONY အရောင်းပြခန်းတွင် ကြည့် ရှုလေ့လာ နိုင်ကြောင်းသိရသည်။


http://popularmyanmar.com

poohcartoon
07-17-2010, 09:54 AM
မန္တလေးမြို့တွင် ချထားပေးမည့် FTTH လိုင်း 6000 အတွက် အိုင်တီကုမ္ပဏီနှစ်ခု လုပ်ပိုင်ခွင့်ရ
ရတနာပုံ တယ်လီပို့စ်မှ မန္တလေးမြို့တွင် ချထားပေးမည့် FTTH စနစ်လိုင်းပေါင်း 6000 အတွက် ပြည်တွင်းအိုင်တီကုမ္ပဏီနှစ်ခုအား လိုင်းပေါင်း ၃ဝဝဝ စီ လုပ် ပိုင်ခွင့်ပေးလိုက်ပြီး လျှောက်လွှာများကို ဇူလိုင်လကုန်ပိုင်းတွင် စတင် လက်ခံဖွယ်ရှိကြောင်း သိရသည်။ အဆိုပါ အိုင်တီကုမ္ပဏီနှစ်ခုမှာ Red Link Communication နှင့် Fortune International Co., Ltd တို့ဖြစ်ပြီး ရန်ကုန်ကဲ့သို့ Prepaid Access Card များဖြင့် အင်တာနက်သုံးစွဲနိုင်သော WiFi Hotspot Zone ၂ဝ ကို မန္တလေးမြို့ တွင် ပထမဦးဆုံးဖန်တီးပေးနိုင်ရန် စီစဉ်နေကြကြောင်း ရတနာပုံတယ်လီပို့စ်မှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။ ” Prepaid Access Card တွေကတော့ သုံးစွဲနိုင်တဲ့ နာရီပေါ် မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိတယ်။ အဲဒီ Card တွေကိုတော့ ရတနာပုံ တယ်လီပို့စ်ကပဲ ရောင်းချပေးသွားမှာပါ။ မန္တလေးမြို့မှာ FTTH လိုင်း တွေ တပ်ဆင်ပေးနိုင်ဖို့ ကျွမ်းကျင်ပညာရှင်တွေလည်း Survey ဆင်းနေကြတယ်။ Survey ဆင်းတာ ပြီးပြီဆိုရင်လည်း ဖိုက်ဘာဆက်ကြောင်းတွေခင်းဖို့နဲ့ အချင်းချင်း ချိတ်ဆက်တာတွေ ဆက်လုပ်ဖို့ နှစ်လနီးပါးလောက် အချိန်ယူရဦးမယ်။ မန္တလေးတစ်မြို့လုံးမှာဆိုရင် ၇၈ လမ်းကို ဗဟိုပြုပြီး အရှေ့ခြမ်း A၊ အနောက်ခြမ်း B ဆိုပြီး ဇုန် နှစ်ဇုန် ခွဲပြီး လိုင်းပေါင်း ၆ဝဝဝ ချ ထားပေးသွားမှာ ဖြစ်ပါတယ်” ဟု ၄င်းက ဆက်လက်ရှင်းပြသည်။ မြန်မာနိုင်ငံ၌ အင်တာနက်လိုင်း၊ တယ်လီဖုန်းနှင့် ရုပ်သံလိုင်းများကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်သည့် FTTH လိုင်းများအား ပြင်ဦးလွင်မြို့တွင် လိုင်းပေါင်း ၅ဝဝ ပထမဦးဆုံး ချထားပေးခဲ့ရာ လိုင်း ပေါင်း ၁ဝဝ ကျော် တပ်ဆင်အသုံးပြု နေပြီဖြစ်သည်။ မန္တလေးမြို့တွင် Prepaid Access Card များဖြင့် သုံးစွဲနိုင်သော WiFi Hotspot Zone များကိုလူစည်ကားသော Shopping Centreနနှင့် Plaza များတွင် ဦးစားပေးဖန်တီးပေးမည် ဖြစ်သည်။
@popularmyanmar.com

poohcartoon
07-17-2010, 07:25 PM
တောင်သမန်အင်းအတွင်း ရေဆိုးဝင်ရောက်မှုကြောင့် ငါးသေဆုံးမှုများ ဖြစ်ပွာ
http://news-eleven.com/images/stories/myanmar/mdy/w54101http://news-eleven.com/images/stories/myanmar/mdy/w54102
ကမ္ဘာကျော် ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းအတွင်း ရေဆိုးများ ၀င်ရောက်လာမှုကြောင့် ငါးသေဆုံးမှု အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

"တောင်သမန်အင်းထဲကို ရေဆိုးတွေဝင်လာတာ ကျွန်တော် သတိထားမိသလောက် ဆိုရင်တော့ နှစ်ရက်၊ သုံးရက်လောက် ရှိပါပြီ။ဇူလိုင်လ ၁၂ ရက်နေ့လောက် ကတည်းကပေါ့။ ရေဆိုးတွေ ၀င်လာတဲ့အတွက် ၀င်စနေရာတွေမှာ ရေတွေက တော်တော်လေးကို နောက်လာပြီး နံတာလည်း တော်တော်နံတယ်။ အဲဒီရေတွေနောက်တဲ့ ဒဏ်တွေကြောင့်ပဲ အင်းထဲက ငါးတွေသေတယ်။ အများကြီးသေတာတော့ မဟုတ်ပေမယ့် ဟိုနားတစ်ကောင်၊ ဒီနားတစ်ကောင်လောက်တော့ တွေ့နေရတယ်။ ဒါနဲ့ ကျွန်တော်တို့ ငါးသေတွေကိုလိုက်ဆယ်ပြီး ၀က်စာကျွေးကြတယ်။ စားတော့ မစားရဲဘူး။ ဓာတုစွန့်ပစ် ရေဆိုးတွေကြောင့် သေတာဆိုရင် ငါးတွေက အဆိပ်သင့်သေတာမို့ လူတွေကို ဥပဒ်ဖြစ်မှာစိုးပြီး ဘယ်သူမှ မစားကြဘဲ ၀က်စာပဲကျွေး လိုက်ကြတယ်။ လူတွေအတွက်ကတော့ ကိုယ်ဘာသာကိုဖမ်းလို့မိတာကိုပဲ စားကြတာပါ"ဟု ထန်းတောကျေးရွာမှ တံငါသည်တစ်ဦးက ရှင်းပြပါသည်။

မန္တလေးမြို့တွင်းမှ စွန့်ပစ်ရေများကို ငွေတစ်ချောင်းမြောင်း၊ နဒီမြောင်း၊ ကိုလံဘိုမြောင်းနှင့် ပန်းရံတော် ချောင်းများမှတဆင့် အင်းအတွင်းသို့ တစ်ခုတည်းသော ၀င်ပေါက်ဖြစ်သော ရွှေတောင်ချောင်းအတွင်းမှ ၀င် ရောက်လာခြင်းဖြစ်ပြီး အဆိုပါ ရွှေတောင်ချောင်းသည် တောင်သမန်အင်းအတွင်းတွင် လမ်းဆုံးသော တံခွန်တိုင်၊တောင်မြင့် စသည့် နေရာများဘက်မှ စီးဝင်လာသော ချောင်းဖြစ်သဖြင့် မန္တလေးစက်မှုဇုံများရှိ သကြားစက်၊ အရက်ချက်စက်ရုံ၊ သားရေနယ်စက်ရုံ စသည့် စက်ရုံများမှ စွန့်ပစ်ရေဆိုးများ ၀င်ရောက်လာခြင်း ဖြစ်နိုင်ကြောင်း၊ ရေဆိုးများသည် ရွှေတောင်ချောင်းဝရှိရာ တ၀ိုက်တွင်သာ ၀င်ရောက်မှုရှိသဖြင့် အနည်းငယ်ကွာဝေးသော ဦးပိန်တံတားဘက်တွင် ဆိုးကျိုးသက် ရောက်မှု မရှိကြောင်း၊ ထိုကဲ့သို့ ရေဆိုးဝင်ရောက်မှုများသည် နှစ်စဉ် ရေတက်ခါစ အချိန်တိုင်းတွင် ဖြစ်ပွားလေ့ရှိပြီး နောက်ပိုင်း ရေဆက်လက်တက်လာပါက ရေထုထည် များပြားလာသဖြင့် ပျောက်ကွယ်သွားလေ့ရှိကြောင်းလည်း အဆိုပါ တံငါသည်က ဆက်လက်ပြောကြားပါသည်။
@news-eleven.com

poohcartoon
07-17-2010, 07:32 PM
ရန်ကုန်- မန္တလေး အဝေးပြေးကား နံနက်ပိုင်း ခရီးစဉ် ပထမဆုံးစတင် ပြေးဆွဲ
ရန်ကုန်- မန္တလေး နံနက်ပိုင်း ခရီးစဉ်ကို ပထမဆုံးအဖြစ် ဇွန်လ ၁၅ ရက်မှ စတင်ပြေးဆွဲလျက် ရှိကြောင်း ရွှေစင်စကြာ ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ခံ ကိုနေမျိုးက ပြောကြားသည်။ “ ရန်ကုန်- မန္တလေး လမ်းကြောမှ မနက်ပိုင်း ပြေးဆွဲတာပါ။ ပထမဆုံးပဲ။ မနက် ၇ နာရီ ထွက်မယ်။ မန္တလေးကို ည ၉ နာရီ ရောက်မယ်။ ပုံမှန်လမ်းကြောင်း အတိုင်းဆို ရန်ကုန်ကနေ မုံရွာ- မန္တလေး- ပြင်ဦးလွင်- နေပြည်တော် ပြေးဆွဲ ပေးနေ ပါတယ်။ နေ့စဉ် မုံရွာ ၃ စီး၊ မန္တလေး ၂ စီး၊ ပြင်ဦးလွင် ၁ စီးနဲ့ နေပြည်တော်ကို ၅ စီး ပြေးဆွဲ ပေးပါတယ်။ နေပြည်တော် ခရီးစဉ်ကတော့ တနင်္ဂနွေဆိုရင် ၁၀ စီးလောက် ထွက်ရတယ်။ နေပြည်တော် လမ်းပိုင်းမှာ ရိုးရိုးလမ်း (လမ်းဟောင်း) ဆိုရင် ပဲခူး ရှမ်းမေတ္တာ စားသောက်ဆိုင်၊ ဝမ်းတွင်းမြို့၊ ပဲနွယ်ကုန်း ရွှေဥ စားသောက်ဆိုင်တွေမှာ နားတယ်။ ရန်ကုန်-နေပြည်တော် အမြန်လမ်းကတော့ ပိုင်အိုနီးယားမှာ နားတယ် ” ဟု ကိုနေမျိုးက ပြောသည်။ ယခုအခါ လိုက်ပါစီးနင်းသော ခရီးသည်များမှာ ရိုးရိုးလမ်း (လမ်းဟောင်း)နှင့် နှိုင်းယှဉ်ပါက အမြန်လမ်းကို ပိုမိုကြိုက်နှစ်သက်ပြီး ယာဉ်မောင်းများမှာလည်း အမြန်လမ်းတွင် မောင်းနှင် ရခြင်းကို ပိုမိုကြိုက်နှစ်သက် ကြကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

@ခေတ်လူငယ်

poohcartoon
07-17-2010, 08:07 PM

ငါးသိန်းတန်ဖုန်းများကို ကျောက်ဆည်နှင့်စစ်ကိုင်းမြို့များတွင်ပါ အသုံးပြုနိုင်ရန် တိုးချဲ့ဆောင်ရွက်သွားမည်
ငါးသိန်းတန်ဖုန်းများကို ရန်ကုန်မြို့ရှိ မြို့နယ်အချို့နှင့် မန္တလေးတိုင်းအတွင်းရှိ ကျောက်ဆည်နှင့် စစ်ကိုင်းမြို့များတွင်ပါ အသုံးပြုနိုင်ရန် တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အလုံ)မှ တာဝန်ရှိသူတစ်ဦးထံက သတင်းရရှိသည်။

ရန်ကုန်မြို့တွင် ငါးသိန်းတန်ဖုန်းများ စတင်အသုံးပြုနိုင်စဉ်က မြို့တွင်းဧရိယာတွင် အသုံးပြုနိုင်ခဲ့ပြီး နောက်ပိုင်းတွင် လှိုင်သာယာ၊ ဒဂုံ၊ သန်လျင်၊ ရွှေပြည်သာ စသည့်မြို့များတွင်ပါ သုံးစွဲနိုင်ခဲ့သည်။ယခုလ ၁၁ရက်နေ့တွင် ရန်ကုန်မြို့၌ ငါး သိန်းတန်ဖုန်းများအား ဧရိယာကန့်သတ်ချက်မထားဘဲ ဖုန်းဆက်သွယ်ခွင့်ပေးမှုနှင့်အတူ ငါးသိန်းတန်ဖုန်း အသုံးပြု၍ မရနိုင်သေးသော မြို့နယ်များတွင်ပါ အသုံးပြုနိုင်ရန် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။

"ရန်ကုန်မြို့တွင်းနဲ့ မြို့ပြင်ဧရိယာမှာရှိတဲ့ မြို့နယ်တော်တော်များများမှာ ငါးသိန်းတန်ဖုန်းကို သုံးနိုင်နေပြီ။ အခုမှော်ဘီ၊ ထောက်ကြန့်မှာ ဖုန်းသုံးနိုင်အောင် လုပ်ပေးမယ်။ ဆက်စပ်မြို့နယ်တိုင်းမှာ သုံးနိုင်အောင် လုပ်သွားဖို့ ရှိတယ်"ဟု ၎င်းက ပြောသည်။

မန္တလေးမြို့တွင်မူ ငါးသိန်းတန်ဖုန်းများအား ရန်ကုန်ကဲ့သို့ ဖုန်းခေါ်ဆိုမှု နယ်မြေဧရိယာ ကန့်သတ်ချက်မထားဘဲ သုံးစွဲခွင့်ပြုခဲ့ကြောင်း သိရသည်။ ယခုအခါတွင် မန္တလေးတိုင်းအတွင်းရှိ မြို့များတွင်ပါ ငါးသိန်းတန်ဖုန်း ခေါ်ဆိုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"မန္တလေးတစ်မြို့ထဲပဲ ငါးသိန်းတန်ဖုန်း သုံးလို့ရတာကနေ ကျောက်ဆည်နဲ့ စစ်ကိုင်းမြို့တွေမှာပါ သုံးနိုင်အောင် မကြာခင် လုပ်သွားပေးမှာပါ"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ထပ်မံပြောပြခဲ့သည်။

@news.eleven.com

poohcartoon
07-18-2010, 02:55 PM

ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချသည့် နိုင်ငံများတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၃ နေရာတွင်ရှိလာ၊ ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့မြေမှ ထိုင်းနိုင်ငံသို့ နေ့စဉ်သဘာဝ ဓာတ်ငွေ့ကုဗပေ တစ်ဘီလျံကျော် ပို့လွှတ် ရောင်းချလျက်ရှိ
http://img837.imageshack.us/img837/3576/we5411.jpg
ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချနေသည့် နိုင်ငံများတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၃ နေရာသို့ရောက်ရှိလာပြီး ရတနာနှင့်ရဲတံခွန် သဘာဝဓာတ်ငွေ့မြေမှ ထိုင်းနိုင်ငံသို့နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေ တစ်ဘီလျံကျော် ပို့လွှတ်ရောင်းချပေးလျက် ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံသည် ၁၉၉၈ ခုနှစ်မှစတင်ကာ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှစတင်ကာ အာရှ-ပစိဖိတ်ဒေသတွင် ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချသော ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်ဟု သိရသည်။ ၂၀၀၈ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံသည် ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့်သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချသော ထိပ်တန်းနိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့သည်ဟု သိရသည်။ ၂၀၀၈ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံသည် ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချသည့်နိုင်ငံများတွင် ကမ္ဘာ့အဆင့် ၁၃ တွင် ရပ်တည်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်များတွင် ပါရှိသည့် ဖော်ပြချက်များ အရ သိရသည်။
http://img832.imageshack.us/img832/6440/we5411a.jpg
ကမ်းလွန်ရေနံမြေသစ်များကို တိုးချဲ့ရှာဖွေရာတွင် ရခိုင်ကမ်းလွန် ပင်လယ်ပြင်၊ မုတ္တမကမ်းလွန် ပင်လယ်ပြင်၊ တနင်္သာရီကမ်းလွန် ပင်လယ်ပြင်များတွင် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေး ရှား၊ စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီများ နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မုတ္တမကမ်းလွန် ပင်လယ်ပြင်တွင် လက်ရှိအနေဖြင့် ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းကို ပြင်သစ်နိုင်ငံ တိုတယ်ရေနံကုမ္ပဏီ၊ အမေရိကန်နိုင်ငံ ယူနိုကယ်ကုမ္ပဏီ၊ ထိုင်းနိုင်ငံ PTTEPI ကုမ္ပဏီတို့က လာရောက် ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မုတ္တမကမ်းလွန် ပင်လယ်ပြင်တွင် ဇောတိကကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းမြေမှ သဘာဝဓာတ်ငွေ့ပမာဏ ၅ ဒသမ ၇ ထရီလီယံ ကုဗပေထုတ်ယူနိုင်မည်ဟု ပညာရှင်များက ခန့်မှန်းထားကြပြီး အဆိုပါ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းတည်ရှိရာ မုတ္တမ ကမ်းလွန်ပင်လယ်ပြင်တွင် ထပ်မံတွေ့ရှိသည့် စိန်သဘာဓာတ်ငွေ့မြေနှင့် ပတ္တမြားသဘာဝဓာတ်ငွေ့မြေတို့မှ ထုတ်ယူနိုင်မည့်ပမာဏကိုပါ ထည့်သွင်းမည်ဆိုပါက ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းမှသဘာဝ ဓာတ်ငွေ့ပမာဏ စုစုပေါင်း ၆ ဒသမ ၅ ထရီလီယံကုဗပေ ထုတ်ယူနိုင်မည်ဟု ပညာရှင်များက ခန့်မှန်းထားသည် ဟု သိရသည်။
အဆိုပါ ရတနာသဘာဝဓာတ်ငွေ့မြေမှ ၁၉၉၈ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ကုဗပေ ၅၂၅ သန်းပို့လွှတ် ရောင်းချခဲ့ပြီးဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် ရတနာသဘာဝဓာတ်ငွေ့ မြေမှ စိန်သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များ အပါအ၀င် ထိုင်းနိုင်ငံသို့ နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗသန်း ၇၀၀ ပို့ လွှတ်ရောင်းချနေပြီး ထိုင်းနိုင်ငံနှင့် တရားဝင်ချုပ်ဆိုထားသည့် စာချုပ်အရအနှစ် ၃၀ ပို့လွှတ် ရောင်းချရမည် ဖြစ်သည်ဟု သိရသည်။
ထိုင်းနိုင်ငံသို့ နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗသန်း ၇၀၀ ပို့ လွှတ်ရောင်းချနေပြီး ထိုင်းနိုင်ငံနှင့် တရားဝင်ချုပ်ဆိုထားသည့် စာချုပ်အရအနှစ် ၃၀ ပို့လွှတ် ရောင်းချရမည် ဖြစ်သည်ဟု သိရ...
တနင်္သာရီ ကမ်းလွန်ပင်လယ်ပြင်တွင် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကို မလေးရှားနိုင်ငံမှ ပက်ထရိုနပ်ကုမ္ပဏီ၊ ဂျပန်နိုင်ငံမှ နိပွန်ကုမ္ပဏီ၊ ထိုင်းနိုင်ငံမှ PTTEPI ကုမ္ပဏီတို့က ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
ရဲတံခွန် သဘာဝဓာတ်ငွေ့မြေ မှ ထုတ်ယူနိုင်မည့် သဘာဝဓာတ် ငွေ့ပမာဏမှာ ၃ ဒသမ ၆၇ ထရီလီယံ ရှိမည်ဟု ပညာရှင်များက ခန့်မှန်းထားကြပြီး ယင်းနှင့်စပ်ဆက်၍ ရေနံစိမ်းအပေါ့စား Condensate စည် သန်းပေါင်း ၈၄ ဒသမ ၃၆ သန်း ခန့် ထုတ်ယူရရှိနိုင်သည်ဟု ခန့်မှန်းထားကြကြောင်း သိရသည်။
ရဲတံခွန် သဘာဝဓာတ်ငွေ့မြေ မှ ၂၀၀၀ ပြည့်နှစ် ဧပြီလမှစတင်ကာ ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၂၀၀ ခန့် ပို့လွှတ်ရောင်းချပေးခဲ့ပြီး ယခုအခါ သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၄၀၀ ခန့်အထိ တိုးမြှင့်ပို့လွှတ် ရောင်းချလျက်ရှိပြီး သဘာဝဓာတ်ငွေ့နှင့် အတူတစ်နေ့လျှင် ရေနံစိမ်းအပေါ့စား စည် ၁၂၀၀၀ ခန့်ထွက်ရှိနေကြောင်း သိရသည်။
http://img841.imageshack.us/img841/5530/we5411c.jpg
မန်မာနိုင်ငံ၏ ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ပိုင်းဒေသတို့တွင် ထုတ်လုပ်ဆဲ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့ ပမာဏများကို တိုးမြှင့်ထုတ်လုပ်လျက် ရှိကြောင်းလည်း သိရှိရသည်။
ကုန်းတွင်းပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့မြေအဖြစ် ကျောက်ခွက်၊ အဖျောက်၊ ညောင်တုန်း၊ သားကြီးတောင်/စပယ်၊ အင်းတော် ထန်းကုန်းနှင့် မအူပင်တို့မှလည်းကောင်း၊ ကမ်းလွန်ပင်လယ်ပြင် သဘာဝဓာတ် ငွေ့မြေများအဖြစ် မုတ္တမကမ်းလွန်မှ ရတနာနှင့် တနင်္သာရီကမ်းလွန်မှ ရဲတံခွန်၊ စိန်(မုတ္တမ)၊ ရခိုင်ကမ်းလွန် ဒေသမှ ရွှေနှင့် မုတ္တမကမ်းလွန်မှ ဇောတိကသဘာဝဓာတ်ငွေ့ စီမံကိန်းတို့ ဖြစ်ကြကြောင်းလည်း သိရှိရသည်။
http://img826.imageshack.us/img826/4082/we5411b.jpg
မုတ္တမကမ်းလွန်ဒေသရှိ ရတနာနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ပြည်ပသို့ပိုက်လိုင်းသွယ်တန်း၍ ရောင်းချနိုင်သကဲ့သို့ ဇောတိကသဘာဝဓါတ်ငွေ့ စီမံကိန်းမှလည်း သဘာဝဓါတ်ငွေ့များ မကြာမီထုတ် လုပ်ရောင်းချနိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအနေဖြင့် နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွင် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး အခြေခံမူဖြင့် ၂၀၁၀ မတ်လအထိ ကုန်းတွင်းပိုင်း ဒေသတွင် စာချုပ်ပေါင်း ၄၆ ခုကို လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း၊ ယင်းစာချုပ်များ အနက်မှ ကုန်းတွင်းပိုင်းဒေသ လုပ်ကွက် ၁၁ ခုတွင် စာချုပ် ၁၁ ခုနှင့် ကမ်းလွန်လုပ်ကွက် ၃၁ ခုတွင် စာချုပ် ၃၀ တို့မှာလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်းလည်း သိရှိရသည်။
@news-eleven.com

poohcartoon
07-18-2010, 10:29 PM
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးရာ၌ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရာ၌ ကာကွယ်ရေးဝန် ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများ အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့်တပ် မတော်သားများ၏ အမည်စာရင်းကို ရယူရမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ သိရသည်။

အသစ်ပေါ်ထွန်းလာမည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ကို နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများ၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုရှေ့နေချုပ်များဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရာတွင် လွှတ်တော်ကိုယ် စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့်ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော် သမ္မတသည် မိမိရွေးချယ်ထားသည့် ပုဂ္ဂိုလ်များ၏အမည်စာရင်းနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ ရရှိသည့် တပ်မတော်သားများ၏ အ မည်စာရင်းတို့ကို စုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်မည်ဖြစ်ပြီး သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အစု အဖွဲ့သုံးဖွဲ့ဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။
@news.eleven.com

poohcartoon
07-19-2010, 12:13 PM
မန္တလေးမြို့တွင် ၀ါယာလက်အော်တိုတယ်လီဖုန်းများကို သုံးရက်နှင့်အပြီး တပ်ဆင်ပေးနိုင်
http://www.news-eleven.com/images/stories/myanmar/mdy/w54118
မန္တလေးမြို့တွင် ၀ါယာလက် အော်တိုတယ်လီဖုန်းများကို လျောက်လွှာတင်သည့်ရက်မှစ၍ သုံးရက်နှင့် အပြီးတပ်ဆင်ပေးနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(မန္တလေးတိုင်း)မှ ကြေညာချက်အရ သိရသည်။

ထိုသို့ လျှောက်ထားရာတွင် လမ်း ၈၀ နှင့် ၂၅ လမ်းထောင့်ရှိ မန္တလေးတိုင်း ကြေးနန်းရုံး(PAC)၊ ပြည်ကြီးတံခွန်စာတိုက်နှင့် အမရပူရအိတ်ချိန်း (PAC)သို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

''မန္တလေးမြို့ပေါ်မှာ ၀ါယာလက် အော်တိုတယ်လီဖုန်းလုံးရေ ငါးသောင်းအထိ ချထားပေးနိုင်ပါတယ်။ လူထုကလည်း စိတ်ဝင်စားမယ် လိုအပ်ချက်လည်း များမယ်ဆိုရင် လိုအပ်သလောက်ချထားပေးနိုင်အောင် စီစဉ်လို့ရပါတယ်။ အခုဆိုရင် ဆက်သွယ် နိုင်တဲ့ ဧရိယာကလည်း ကျယ်လာပါပြီ''ဟု မြန်မာဆက်သွယ်ရေးလုပ်ငန်း (မန္တလေးတိုင်း)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝါယာလက် အော်တိုတယ်လီဖုန်းများ လျှောက်ထားသုံးစွဲခွင့်ကို စတင်ချထားပေးစဉ်က မန္တလေးမြို့တော်စည်ပင်သာယာ နယ်နိမိတ် ငါးမြို့နယ်အတွင်းရှိ စက်မှုလုပ်ငန်းများ အများစုရှိသော ပြည်ကြီးတံခွန်မြို့နယ်မှအပ ကျန်မြို့နယ်များအတွင်း သာ လျှောက်ထားသုံးစွဲနိုင်ခဲ့သော်လည်း ယခုအခါ ပြည်ကြီးတံခွန်မြို့နယ်တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (မန္တလေးတိုင်း)မှ ၀ါယာလက် အော်တိုတယ်လီဖုန်းများကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်းက လျှောက်ထားသုံးစွဲခွင့် ချထားပေးခဲ့ရာတွင် မေလဆန်းပိုင်းအထိ လုံးရေ ၁၃၇၈၂ လုံး လျှောက်ထားသုံးစွဲ လျက်ရှိကြောင်း သိရသည်။

ယင်းဖုန်းများအပြင် အော်တိုတယ်လီဖုန်းများကို ဆက်လက်ချထားပေးလျက်ရှိပြီး အော်တိုတယ်လီဖုန်းများကို မန္တလေးမြို့တွင်းရှိ ပတ်ကုန်းဝန်းကျင်၊ ပါတ်ကုန်းပျော်ဘွယ်၊ အောင်တော်မူ၊ မဟာဇေယျာဘုံ၊ မောရဂီဝါ၊ စိတ္တရမဟီ၊ ယာဉ်ပျံ၊ အနှိပ်တော်၊ သံလျက်မှော် အရှေ့၊ ရွှေဘုန်းရှိန်၊ ကျွန်းလုံးဥသျောင်၊ ပြည်ကြီးရန်လုံ၊ ပြည်လုံးချမ်းသာ၊ အမရဋ္ဌာနီအရှေ့၊ အမရဋ္ဌာနီအနောက်၊ ဒေါနဘွား၊ ဥပုသ်တော်၊ မြို့သစ်(၁)၊ မဟာနွယ်စဉ်၊ မဟာမြိုင်(၁)၊ မဟာမြိုင်(၂)၊ ရဲမွန်တောင်၊ ကံသာယာ၊ အောင်ပင်လယ် ရပ်ကွက်များတွင် တပ်ဆင်ပေးလျက်ရှိရာ ဆက်လက်လျှောက်ထားနိုင်ကြောင်း သိရသည်။

''အော်တိုတယ်လီဖုန်းကို ၄၅၀၀ လုံးအထိ ချထားပေးဖို့ အစီအစဉ်ရှိပါတယ်။ လက်ရှိသုံးစွဲနေတဲ့ အလုံးပေါင်းဟာ ၂၀၀၀ နဲ့ ၂၅၀၀ ကြားမှာပဲ ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ တပ်ဆင်ပေးနေတဲ့ ဧရိယာကသူတွေ လျှောက်ထားချင်တယ် ဆိုရင် ရက်အကန့်အသတ်မရဘဲ လျှောက်ထားနိုင်ပါတယ်။ မန္တလေးမြို့မှာ မရနိုင်တဲ့နေရာမရှိအောင် ချထားပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(မန္တလေးတိုင်း)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
@news.eleven.com

poohcartoon
07-19-2010, 12:16 PM
မြစ်ရေကြီးမှု ပထမကာလအတွင်း မန္တလေးမြို့အနီး ဧရာဝတီမြစ်နံဘေးရှိ ကျေးရွာအချို့ကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရ
http://www.news-eleven.com/images/stories/myanmar/mdy/we5411.jpg
မြန်မာနိုင်ငံ မြစ်ကြီးများတွင် မြစ်ရေကြီးမှုကာလ(သို့မဟုတ်) ရေကြီးမှု ကာလသုံးခုရှိပြီး ပထမကာလဖြစ်သော ဇွန်လနှောင်းပိုင်းတွင် စတင်တက်ရောက်လာခဲ့ရာ ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ်များ၌ ဇူလိုင်လ ၉ ရက်နေ့က ဧရာဝတီမြစ်တွင် ၁၁၇၀ စင်တီမီတာ၊ ဒုဋ္ဌ၀တီမြစ်တွင် ၇၆၇ စင်တီမီတာသို့ အမြင့်ဆုံးရောက်ရှိခဲ့ကာ ဇူလိုင်လ ဒုတိယပတ်အတွင်း၌ မြစ်ရေများ ပြန်လည်ကျဆင်းမှုရှိ လာကြောင်း မြစ်ရေတိုင်းထွာရေး စခန်းများ၏ မှတ်တမ်းများအရ သိရှိရပါသည်။
မြစ်ရေတိုးလာသည့်အတွက် မန္တလေးမြို့၏ အနောက်ဘက်ကမ်းများပေါ်ရှိ ကျွန်းရွာများဖြစ်ကြသည့် ညောင်ပင်သာ၊ ဟင်းရွက်စု၊ သံဘို ကျွန်း၊ နန်းတော်ကျွန်း၊ ရှမ်းကလေးကျွန်း စသည့်ကျေးရွာများတွင် နေ ထိုင်ကြသည့်လူများနှင့် ကျွဲ၊ နွား တိရိစ္ဆာန်များ ရေလွတ်ရာကုန်းများပေါ်သို့ တက်ရောက်နေထိုင်မှုများ ရှိလာကြောင်း၊ ဧရာဝတီမြစ်လယ်ရှိ ဘိုလှကုန်းကျေးရွာအုပ်စု၊ ညောင်ပင်သာ အရှေ့ကျေးရွာ တွင်လည်း မြစ်ကမ်းပါးများ ပြိုကျလာ၍ ရေဘေးအန္တရာယ် တွေ့ကြုံရနိုင်သောကြောင့် အဆိုပါကျေးရွာမှ စိုးရိမ်ဖွယ် အခြေအနေရှိသော နေအိမ် ၃၂ လုံးမှ အမျိုးသား ၇၆ ဦး၊ အမျိုးသ မီး ၈၆ ဦး စုစုပေါင်း ၁၆၂ ဦးတို့ အားလည်း ရေဘေးလွတ်ကင်းရာသို့ ယခုလ ဒုတိယပတ်အတွင်းက ရွှေ့ပြောင်း နေရာချထားပေးထားကြောင်း သိရှိရသည်။
' အခုလိုကာလမှာ ကျွန်းရွာတွေပေါ်ကို ရေတက်တာက နှစ်စဉ်ကြုံ တွေ့နေတာပါပဲ။ ဒီနှစ်မြစ်ရေတက်တာကတော့ စောနေသေးတယ်။ အခုပထမ၀ါဆိုမှာပဲစပြီး ရေကစားနေပြီ။ ပြန်ကျသွားပြီဆိုပေမယ့် နောက်ထပ် ပြန်တက်လာနိုင်သေးတာမို့ ရေတက်ချိန်ကာလ ကြာနိုင်တယ်' ဟု ခိုတောင်ချောင်းပေါက် ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားပါသည်။ မြစ်ရေတိုင်းထွာရေးစခန်း၏ မြစ်ရေ မှတ်တမ်းများအရ မန္တလေးမြို့ရှိ ဧရာဝတီမြစ်ရေသည် ဇူလိုင်လ ၁၅ ရက်နေ့တွင် ၁၁၁၁ စင်တီမီတာသို့ ပြန်လည်ကျဆင်းသွားကြောင်း သိရှိရသည်။
ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ် ရေတက်ချိန်ကာလအတွင်း အင်းဝမြို့ဟောင်းအနီးရှိ ကျေးရွာများဖြစ်ကြသော ငါးရာပြား၊ ကြီးပင်၊ အိုးတုတ္တန်း ရွာများမှ လူနှင့်အိမ်မွေးတိရစ္ဆာန်များ ရေကင်းလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်မှု များရှိနေပြီး အင်းဝမြို့ဟောင်း တတိယမြို့ရိုးရှိ စန္ဒာပူရိရေထိန်းတံခါးမှ မြစ်ရေ၀င်ရောက်လာမှုကြောင့် ဗားကရာလယ်ကြီးကွင်းတွင် စီမံကိန်းစပါး စိုက်ပျိုးမှုကိုလည်း စတင် လုပ်ဆောင်လာနိုင်ကြကြောင်း သိရှိရသည်။
မန္တလေးမြို့၏ စိုးရိမ်ရေအမှတ် မှာ ၁၂၆၀ စင်တီမီတာဖြစ်ပြီး ဇူလိုင် ၉ ရက်နေ့က အမြင့်ဆုံးရေချိန် ၁၁၇၀ စင်တီမီတာထိ ရောက်ရှိလာခဲ့ပြီး ယခုအခါမြစ်ရေချိန်များ ပြန်လည်ကျဆင်းလာကြောင်း၊ မှတ် သားဖွယ် မြစ်ရေချိန်များမှာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က ၁၃၈၂ စင်တီမီတာ၊ ၁၉၉၇ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က ၁၃၀၅ စင်တီမီတာနှင့် ၁၉၉၈ ခုနှစ် စက်တင်ဘာ လ ၁၁ ရက်နေ့က ၁၂၇၄ စင်တီမီတာများထိ ရောက်ရှိခဲ့ပြီး မြို့၏စိုးရိမ်ရေ အမှတ်သို့ ကျော်လွန်ရောက်ရှိခဲ့ကြောင်း တွေ့ရှိရသည်။

news-eleven.com

poohcartoon
07-19-2010, 12:19 PM
ဖားကန့်မြို့နယ်ရှိ ကုမ္ပဏီလုပ်ကွက်ဟောင်း တစ်ခုအတွင်း သဘာဝနတ်ဖဲ့ ကျောက်ရိုင်းကျောက်ပျဉ်နှစ်ခုကို တစ်နေရာစီ တွေ့ရှိ
http://www.news-eleven.com/images/stories/myanmar/loc/w54122
ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာ မြန်မာ့တကောင်းကုမ္ပဏီ လုပ်ကွက်ဟောင်းခြံဝင်းတွင် သဘာဝနတ်ဖဲ့ကျောက်ဝိုင်း ကျောက်ပျဉ်ကြီးကို တွေ့ရှိရပြီး ၎င်းကျောက်ပျဉ်ကြီးမှာ ထုနှစ်ပေခန့်ရှိကာ အလေးချိန် ၁၂၀၀ ခန့်ရှိကြောင်း သိရသည်။ ၎င်းကျောက်ပျဉ်ကြီးကို မြန်မာ့တကောင်းကုမ္ပဏီမှ ကျောက်စိမ်းတူးဖော်စဉ် တူးဖော်ရရှိခဲ့ကြောင်း သိရသည်။

"ဒီကျောက်ရိုင်း ကျောက်ပျဉ်ကြီးကို ကျောက်စိမ်းတွေကို ဘက်ဟိုးနဲ့တူးစဉ်က မြေကြီးထဲကနေ ဒီပုံစံအတိုင်း ထွက်ခဲ့တာပါ။ ကျောက်စိမ်းဆိုရင် ရောင်းစားလို့ရသေးတယ်။ အခုဟာက ကျောက်ရိုင်းဆိုတော့ ရောင်းစားလို့မရဘူး။ ကျွန်တော်ကတော့ တောစောင့်နတ်၊ တောင်စောင့်နတ်တွေ ဆေးသွေးတဲ့ ဆေးကျောက်ပျဉ်လို့တောင် ထင်မိတယ်"ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပြသည်။

အခြား ကျောက်ရိုင်းကျောက်ပျဉ်တစ်ခုမှာ ကရင်ချောင်မှော်ရွာ ရေမဆေးသမားတစ်ဦးရဲ့ တဲအနီးတွင် တွေ့ရှိခဲ့ရပြီး အချိန် ၅၀၀ ခန့်ရှိကြောင်း၊ ၎င်းကျောက်ပျဉ်နှစ်ခုကို တစ်နေရာစီ တွေ့ရှိရပြီး ဆက်ကြည့်လျှင် အဖိုအမဟု ထင်မြင်ယူဆရကြောင်း သိရသည်။

"ဒီကျောက်ရိုင်း ကျောက်ပျဉ်ကြီးကို ကျွန်တော်တို့ တဲစဆောက်ကတည်းက တွေ့ရတာပါ။ ကုမ္ပဏီတစ်ခုက ကျောက်တူးဖော်ရင်း ရရှိခဲ့တာပါလို့ ပြောကြပါတယ်"ဟု ရေမဆေးသမားတစ်ဦးက ပြောပြသည်။
@news.elleven.com

poohcartoon
07-19-2010, 04:00 PM
(၆၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပ
http://www.news-eleven.com/images/stories/igallery/__________-1/large/01.jpg http://www.news-eleven.com/index.php?option=com_igallery&view=gallery&id=68&Itemid=164# http://www.news-eleven.com/images/stories/igallery/__________-1/large/06.jpg http://www.news-eleven.com/images/stories/igallery/__________-1/large/07.jpg http://www.news-eleven.com/images/stories/igallery/__________-1/large/08.jpg http://www.news-eleven.com/images/stories/igallery/__________-1/large/09.jpg http://www.news-eleven.com/images/stories/igallery/__________-1/large/10.jpg http://www.news-eleven.com/images/stories/igallery/__________-1/large/03.jpg http://www.news-eleven.com/images/stories/igallery/__________-1/large/13.jpg http://www.news-eleven.com/images/stories/igallery/__________-1/large/14.jpg http://www.news-eleven.com/images/stories/igallery/__________-1/large/17.jpg
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက (၆၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်ရှိ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်အသီးသီးတွင် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းများကို လုပ်ဆောင်ခဲ့ကြပါသည်။

အခမ်းအနားကို နံနက် ၈ နာရီတွင် စတင်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့တော်ဝန် တက်ရောက်၍ လွမ်းသူပန်းခွေချ အလေးပြုခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို တိုင်ဝက်သို့ လျှော့ချလွှင့်ထူကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်အလေးပြုခြင်း၊ စစ်ခရာအဖွဲ့က အလေးပြုခရာမှုတ်ခြင်းများကို ပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသူများက အာဇာနည်ခေါင်းဆောင်ကြီးများအား မေတ္တာပို့အမျှဝေရန် နှစ်မိနစ် ငြိမ်သက်စွာ နေခဲ့ကြပါသည်။ ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက ဂူဗိမာန်အသီးသီးတွင် လွမ်းသူပန်းခွေချ ကန်တော့ခဲ့ကြပါသည်။


အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးနှင့်ဇနီးတို့ တက်ရောက်ခဲ့သလို သခင်မြ၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွား၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့၏ မိသားစုဝင်များက အသီးသီး လွမ်းသူပန်းခွေချ ကန်တော့ခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။ ထို့အပြင် (၆၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများမှတာဝန်ရှိသူများ လည်း တစ်ပါတီလျှင် ခုနစ်ဦးနှုန်းဖြင့် တက်ရောက်ခွင့်ရရှိခဲ့ပြီး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ စသည့် ပါတီများ မှတာဝန်ရှိသူများ တက်ရောက်ခဲ့သည်ကိုတွေ့ရပါသည်။


ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကိုးဦးသည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်(စနေနေ့)၊ နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံး၌ အစည်းအဝေးကျင်းပနေစဉ် လုပ်ကြံခံခဲ့ရခြင်း ဖြစ်ပါသည်။ ထိုနေ့က ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင်များသည် ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးတွင် အနာဂတ်ဖွဲ့စည်းပုံ အုပ်ချုပ်ရေးအတွက် အခြေခံဥပဒေကိစ္စများ ဆွေးနွေးနေစဉ် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသော အာဇာနည်ခေါင်းဆောင်များ

စဉ် အမည် ရာထူး
၁။ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ၀န်ကြီးချုပ်
၂။ သခင်မြ (၁၈၉၇-၁၉၄၇) ပြည်ထဲရေးဝန်ကြီး
၃။ ဦးဘချို (၁၈၉၄-၁၉၄၇) ပြန်ကြားရေးဝန်ကြီး
၎။ ဦးရာဇတ် (၁၈၉၈-၁၉၄၇) ပညာရေးနှင့်အမျိုးသားစီမံကိန်းဌာန၀န်ကြီး
၅။ ဦးဘ၀င်း (၁၉၀၁-၁၉၄၇) ထောက်ပံ့ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
၆။ မန်းဘခိုင် (၁၉၀၃-၁၉၄၇) စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဌာန၀န်ကြီး
၇။ မိုင်းပွန်စော်ဘွားစပ်စံထွန်း (၁၉၀၇-၁၉၄၇) အတိုင်ပင်ခံတောင်တန်းဒေသရေးရာဝန်ကြီး
၈။ ဦးအုန်းမောင် (၁၉၁၃-၁၉၄၇) လမ်းပန်းဆက်သွယ်ရေးဌာနအတွင်းဝန်
၉။ ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇) ပညာရေးဝန်ကြီး၏သက်တော်စောင့်

ကိုးကား- ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများအထ္ထုပ္ပတ္တိစာစောင် (၁၉၇၁)၊ ၂၀ ရာစုမြန်မာ့သမိုင်းကို ပြောပြနေသောနေ့စွဲများ စာအုပ်မှ

@news-eleven.com

poohcartoon
07-20-2010, 01:54 PM
မန္တလေးမြို့၏ ပထမဆုံး လက်ဝတ်ရတနာ ဒီဇိုင်းပြိုင်ပွဲ ကျင်းပ တန်ဖိုးကြီး လက်ရာကောင်း လက်ဝတ်ရတနာပစ္စည်းများ ပါဝင်ကြောင်း သိရ
http://img837.imageshack.us/img837/3465/w54135.jpg
http://img839.imageshack.us/img839/4416/w54136.jpg
မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် လက်ဝတ်ရတနာ ဒီဇိုင်းအလှပြိုင်ပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် တန်ဖိုးကြီး လက်ရာကောင်း လက်ဝတ်ရတနာ ပစ္စည်းများ များစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း စုံစမ်း သိရှိရပါသည်။ လက်ဝတ်ရတနာပြိုင်ပွဲကို မန္တလေးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့က မန္တလေးဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။
"ဒီလက်ဝတ်ရတနာပြိုင်ပွဲက မန္တလေးမြို့မှာ ပထမဦးဆုံး ကျင်းပပြုလုပ်တဲ့ ပွဲလေးပါပဲ။ အရင်က ဒါမျိုးပြိုင်ပွဲမျိုးတွေ ကျင်းပပြုလုပ်ခဲ့တာမရှိဘဲ ပြပွဲသဘောမျိုးလောက်သာ ကျင်းပခဲ့ကြတာ တွေရှိပါတယ်။ ပြီးတော့ ဒီလက်ဝတ်ရတနာ ဒီဇိုင်းပြိုင်ပွဲမှာ သိန်းပေါင်းရာချီ တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာပစ္စည်းတွေလည်း အများကြီးပါပါတယ်။ ကျပ်သိန်းလေး၊ ငါးရာတန် ပစ္စည်းတွေကနေ ၁၀ သိန်းဝန်းကျင်လောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေအထိကို ၀င်ရောက်ယှဉ်ပြိုင်တဲ့ လက်ဝတ်ရတနာ တွေထဲမှာ ပါပါတယ်"ဟု အဆိုပါ ဒီဇိုင်းအလှပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သူတစ်ဦးက ရှင်းပြပါသည်။
မန္တလေးတိုင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်ကလည်း ''အရင်တုန်းကတော့ ဒီလို လက်ဝတ်ရတနာ ဒီဇိုင်းပြိုင်ပွဲတွေကို မကျင်းပဖူးပါဘူ။ ပြပွဲတွေလောက်ပဲ ကျင်းပဖြစ်တာပါ။ ကျင်းပရတဲ့ အဓိက ရည် ရွယ်ချက်ကတော့ လက်ဝတ်ရတနာ ဒီဇိုင်းတွေကို ဒီထက်ပိုမြင့်မားလာစေဖို့ပါပဲ။ ဒီလိုပြိုင်ပွဲတွေ ကျင်းပခြင်းအားဖြင့် သူ့ထက်သူတော်တဲ့လူတွေ ပေါ်လာပြီး ဒီဇိုင်းတွေလည်း ပိုကောင်းလာနိုင်ပါတယ်။နောက်လည်း ဒီလို လက်ဝတ်ရတနာ ဒီဇိုင်းပြိုင်ပွဲလို ပွဲမျိုးတွေ ဆက်လက်ကျင်းပသွားဖို့ အစီအစဉ်ရှိပါတယ်''ဟု ဆိုပါသည်။
အဆိုပါ လက်ဝတ်ရတနာ ဒီဇိုင်းပြိုင်ပွဲတွင် လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး၊ ဆွဲသီးနှင့်နားကပ်ဟူ၍ ပြိုင်ပွဲအမျိုးအစား ၅ မျိုး ခွဲခြားထားပြီး လာရောက်သော ဧည့်သည်တော်များ၏ မဲပေးမှုပေါ် မူတည်၍ ရွေးချယ်ခဲ့ကြောင်း၊ လက်ဝတ်ရတနာ ဒီဇိုင်း များကို စိန်၊ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ ပုလဲစသည့် လူကြိုက်များသည့် ကျောက်အမျိုးအစားများအပြင် ပြောင်ခေါင်းစိမ်း၊ စလင်းဝါ စသည့် ကျောက်အမျိုးအစားများပါ ပါဝင်ပေါင်းစပ် ဒီဇိုင်းဆွဲခဲ့ကြပြီး အများဆုံးအသုံးပြုသော ကျောက်အမျိုးအစားများမှာ စိန်၊ ပတ္တမြားနှင့် နီလာ တို့ဖြစ်ကြောင်း၊ ဒီဇိုင်းများတွင် ပြည်တွင်းကြိုက် ဒီဇိုင်းများဖြင့်သာ ယှဉ်ပြိုင်ခဲ့ကြခြင်း မဟုတ်ဘဲ နိုင်ငံခြားကြိုက် ဒီဇိုင်များလည်း ပါဝင်ကြောင်း၊ နိုင်ငံခြားဝယ်လက်ကြိုက် ဒီဇိုင်းများသည် အများအားဖြင့် ပတ္တမြား၊ စိန်နှင့် နီလာတို့ ပါဝင်ကြောင်း သိရှိရသည်။
ဒီဇိုင်းပြိုင်ပွဲတွင် ဆွဲကြိုး အကုံး ၃၀ခန့်၊ ဆွဲသီးအလုံး ၈၀ ကျော်၊ နားကပ်အရံ ၃၀ ကျော်၊ လက်စွပ်အကွင်း ၆၀ ခန့်နှင့် လက်ကောက်အကွင်း ၃၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရပါသည်။
www.news.eleven.com

poohcartoon
07-20-2010, 01:57 PM
အင်းလေးဒေသထွက် ပိန်းရိုးများကို ပြည်တွင်းအ၀ယ်ဒိုင်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေ
http://img835.imageshack.us/img835/2241/w54131.jpg
အင်းလေးဒေသရှိ ကန်မကြီးဝန်းကျင်နှင့် ချောင်းများအတွင်း ကျွန်းမျောရိုင်းများ၊ ကုန်းမြေကမ်းစပ်များတွင် သဘာဝအလျောက် ပေါက်ရောက်နေသော ပိန်းပင်၏ ရိုးတံများအား ရှာဖွေခူးယူကာ အခြောက်လှန်းပြီး ပြည်တွင်းအ၀ယ်ဒိုင်များမှ တစ်ဆင့် ကိုရီးယားတရုတ်စသည့် နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
"အင်းလေးဒေသမှာ ပိန်းပင်တွေဟာ ကျွန်းမျောတွေ၊ ကျွန်းမျောရိုင်း၊ ကျွန်းမျောပျက်နဲ့ ချောင်းဘေးရေစပ် ကုန်းမြေတွေ၊ မြက်ရိုင်း၊ ကျူတော၊ ဒိုက်တောတွေကြားမှာ သဘာဝအလျောက် အများဆုံး ပေါက်ရောက်နေပါတယ်။ ဒေသခံတချို့ဟာ အဲဒီ ပိန်းပင်ရဲ့ပင်စည်နဲ့ပိန်းဥ၊ ဒေသအခေါ် ပလိုင်းခေါင်းကို ဟင်းအဖြစ် ချက်ပြုတ် စားသောက်တတ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ အဲဒီပိန်းပင်ရဲ့ အရိုးတံဖြစ်တဲ့ ပိန်းရိုးကို ရှာဖွေအခြောက်လှန်းပြီး အင်းလေးကျေးရွာ အ၀ယ်ဒိုင်၊ တောင်ကြီး၊ အေးသာယာ အ၀ယ်ဒိုင်တွေဆီကို သွင်းပါတယ်။ အဲဒီအ၀ယ်ဒိုင်တွေက ရန်ကုန်၊ မန္တလေးမြို့တွေကို ပို့ပေးပြီး အဲဒီ မြို့ကြီးတွေကတစ်ဆင့် ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ တရုတ်(တိုင်ပေ)ကို တင်ပို့ရောင်းချတယ်လို့ သိရပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
"အင်းလေးတစ်ခွင်မှာ နေ့စဉ် မိသားစုအလိုက် လှေနဲ့လှည့်လည် ခူးယူရရှိတဲ့ ပိန်းရိုးအစိမ်းတွေကို နေအိမ်တွေမှာ နေပူခံ၊ ကြပ်တိုက်တာမျိုး မဟုတ်ဘဲ သေသေချာချာ လေသလပ်ခံ အခြောက်လှန်း၊ ဆာလာအိတ် သန့်သန့်တွေမှာထည့်ပြီး အ၀ယ် ဒိုင်ကို ပို့ရပါတယ်။ ပိန်းရိုးခြောက်ဟာ ဖြူနေမှ စံနှုန်းသတ်မှတ်တဲ့ အရောင်တွေရှိမှ ဈေးကွက်ဝင်ပါတယ်။ နီသွား၊ ညိုသွား၊ တခြားအရောင်တွေ ပြောင်းသွားရင် မ၀ယ်တော့ပါဘူး။ ဒီအင်းလေးပိန်းရိုးခြောက်ကို ကိုရီးယားနိုင်ငံက အနှစ်သက်ဆုံး အကြိုက်ဆုံးဖြစ်ပြီး မှိုခြောက် မျှစ်ခြောက်၊ စွန်တန်လို့ခေါ်တဲ့ မုန်ညင်းခြောက်တို့လို ရေနွေးနဲ့ပြန်ပြုတ်ပြီး သုတ်စား၊ ကြော်စား၊ ဟင်းချက်စား၊ ဟင်းရည်ပြုလုပ်စားသုံးကြောင်း သိရပါတယ်။ ဒီပိန်းရိုးခြောက်လုပ်ငန်းကို အင်းလေးဒေသ နန်းပန်ကျေးရွာ အုပ်စု၊ မိုင်းပျိုးကျေးရွာအုပ်စုနဲ့ ရေတန်ရွာ၊ တောင်တိုကျေးရွာအုပ်စု သာလေးရွာတွေမှာ အများဆုံးလုပ်ကိုင်ကြပြီး အင်းလေးဒေသ အဲဒီနေ့ပေါက်ဈေး၊ ပိန်းရိုးခြောက်တစ်ပိဿာ ကျပ် ၁၂၀၀ ဈေးရှိပါတယ်"ဟု ပိန်းရိုး ခြောက်လုပ်ငန်းရှင်များထံမှ သိရသည်။
@news.eleven.com

kosithuag
07-21-2010, 10:26 AM
ရန်ကုန် - နေပြည်တော် မြန်နှုန်းမြင့် ရထားလမ်း ဖောက်မည်

http://img837.imageshack.us/img837/3060/01156.jpg

ရန်ကုန် - နေပြည်တော် မြန်နှုန်းမြင့် ရထားလမ်းကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် ဖောက်လုပ် သွားမည် ဖြစ်ကြောင်း နေပြည်တော် ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ရောင်းချမှု အောင်မြင်ခဲ့သည့် အတွက် ချစ်ကြည်ရေး လက်ဆောင် အနေနှင့် ဤမြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ် ပေးခြင်းဖြစ်ပြီး ရထားတွဲ ဆိုင်းများကိုလည်း တရုတ်နိုင်ငံမှ လာရောက် တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း နေပြည်တော် ရထားပို့ဆောင် ရေးဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

ရန်ကုန်မှ ပျဉ်းမနား ရေဆင်း အကျော်၊ နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနအထိ မီးရထားလမ်းကြောင်းဆွဲထားကြောင်း၊ ရန်ကုန်-နေပြည်တော်လမ်းမှာ ၂၂၆ မိုင်ရှိပြီး ဖောက်လုပ်မည့် မြန်နှုန်းမြင့်ရထားလမ်း တလျှောက်တွင် လျှပ်စစ်မီးအပြည့်အ၀ ရရှိရန် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။“ဘူတာကတော့ ပေါင်းလောင်း စစ်ရေးပြကွင်းနားမှာရှိတယ်။ ဒီပရောဂျက် လုပ်နေတာတော့ကြာပြီ” ဟု အဆိုပါ ရထားပို့ဆောင်ရေး အရာရှိကပြောသည်။ လာမည့် ၂၀၁၃ တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအမီ ယခု ရထားလမ်းကို ဖောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီ မြန်နှုန်းမြင့် ရထားလမ်းကို ရန်ကုန်-နေပြည်တော် ကားလမ်းမကြီးနဲ့ ယှဉ်ပြီးဖောက်သွားမယ်။ မြန်နှုန်းမြင့် ဆိုတဲ့ အတိုင်းအချိန် ၃ နာရီပဲ ကြာမယ်” ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး တဦးကဆိုသည်။

@Irrawaddy News.

poohcartoon
07-21-2010, 09:58 PM
Entertainment စုံလင်သည့် အမျိုးသားအထိမ်းအမှတ် ဥယျာဉ်(နေပြည်တော်)
http://www.first-11.com/images/stories/opinion/bi3171g.jpg
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)ကိုညဖက်၌တွေ့မြင်ရစဉ်

စိတ်ပင်ပန်း လူပင်ပန်းဖြစ်သည်ဟု ခံစားရသည့်အချိန်မျိုးတွင် အပန်းဖြေ ခရီးထွက်ကြသကဲ့သို့ အထိမ်းအမှတ်များ၊ စိတ်ပျော်ရွှင်သည့် အခါမျိုးတွင်လည်း အပန်းပြေခရီးများကို ပျော်ပွဲစားထွက်သည့် အနေဖြင့် အပန်းဖြေဥယျာဉ် များနှင့် ကမ်းခြေများ စသည်ဖြင့် အပန်းပြေခရီး ထွက်လေ့ရှိသည်ကို တွေ့ရလေ့ရှိသည်။
အပန်းဖြေ ဥယျာဉ်များဟု ဆိုရာတွင်လည်း လည်ပတ်သူတွေအတွက် အမြင်အာရုံဆန်းသစ်ပြီး စိတ်ခံစားမှု ပြောင်းလဲပေးနိုင်သည့် နေရာများကိုသာ ရွေးချယ်လာလျက်ရှိ နေကြကြောင်း သိရသည်။ ယခုအခါ နေပြည်တော် တွင် Entertainment စုံလင်စွာရှိနေသည့် အပန်းဖြေဥယျာဉ် သို့မဟုတ် အမျိုးသားအထိမ်းအမှတ် ဥယျာဉ်(နေပြည်တော်) ရှိလာနေပြီ ဖြစ်သည်။
အဆိုပါ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)ကို ၂၀၀၈ ခုနှစ်ခန့်မှစ၍ တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံ မြေပုံအတိုင်း ပြည်နယ်နှင့် တိုင်းအလိုက် ခွဲခြားတည်ဆောက်ထားပြီး ပြည်နယ်နှင့် တိုင်းအသီးသီးတွင် အပန်းဖြေလာ ရောက်သူများအတွက် စိတ်ဖျော်ဖြေမှုများ ပေးစွမ်းနိုင်သည့် Entertainment စုံလင်စွာ တည်ဆောက်ထားသည့် အတွက် လာရောက်သူများအတွက် စိတ်ကျေနပ်မှုများ ပေးစွမ်းနိုင်မည် ဖြစ်သည်။
တည်ဆောက်ထားသည့် ပြကွက်တိုင်းတွင် ပြည်နယ်နှင့်တိုင်း အသီးသီး၏ ထင်းရှားသည့် နေရာများအပြင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းများ၏ ရိုးရာစားသောက်ဖွယ်ရာများ၊ ဓလေ့ထုံးစံများပါ ခံစားနိုင်ရန် တည်ဆောက် ထားသည်ကို တွေ့ရသည်။

http://www.first-11.com/images/stories/opinion/bi3171f.jpg
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)အတွင်းရှိ မန္တလေးတိုင်းပြကွက်
မြန်မာပြည် မြောက်ဖျားပိုင်း ကချင်ပြည်နယ်မှသည် တောင်ဘက်ဆုံး တနင်္သာရီနှင့် အိန္ဒိယသမုဒ္ဒရာ အထိပုံဖော်ထားပြီး ကချင်ပြည်နယ် ပြကွက်တွင် ပြည်နယ်၏ အထင်ရှားဆုံးဖြစ်သည့် ခါကာဘိုရာဇီတောင်ပုံစံ တည်ဆောက်နေပြီး ကချင်ရိုးရာအိမ်များ၊ ကချင်ခေါင်ရေနှင့် ရိုးရာအစားအသောက်များအပြင် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်ကို အပေါ်စီးမှ မြင်တွေ့နိုင်သည့် View Tower နှစ်ခုကိုလည်း တည်ဆောက်နေလျက် ရှိသည်။
' ဒီပြကွက်မှာ ထူးခြားတာကတော့ ခါကာဘိုရာဇီတောင် အတွင်းပိုင်းမှာ ရေခဲပြင်စကိတ်ကွင်း တည်ဆောက်သွားမှာပါ။ စကိတ်စီးဝါသနာရှင်တွေအတွက် ရည်ရွယ်ထားတာပါ။ တောင်အတွင်းပိုင်းမှာ ရေအမြဲခဲနေအောင် အဆင့်မြင့်နည်းပညာတွေ သုံးပြီး ပြင်ပအပူချိန်တွေနဲ့ သေချာတွက်ချက်ပြီး လုပ်မှာပါ။ ဘာလို့လဲဆိုတော့ စကိတ်ကွင်းထဲမှာကစားပြီး အပြင်ထွက်လာရင် ကစားသမားတွေအတွက် အန္တရာယ်မရှိအောင် အဘက်ဘက်က တွက်ချက်ပြီး တည်ဆောက်သွားမှာပါ' ဟု ထူးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
http://www.first-11.com/images/stories/opinion/bi3171d.jpg
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)ရှိ ပုပ္ပားတောင်ကလပ်တွင် ဖွင့်လှစ်ထားသည့် မှော်ဝင်အိမ်ကြီး


ကချင်ပြည်နယ်ကို ကျော်လွန်လာသည်နှင့် တစ်ပြိုင်နက် ရှမ်းပြည်နယ် ပြကွက်ရှိ အင်းလေးကန်ထဲတွင် လှေစီးနင်းနိုင်သကဲ့သို့ ဂျပန်နည်းပညာဖြင့် ဖန်တီးထားသည့် Flower Wheel နှင့် Twin Dragon တို့ကို စီးနင်း၍ ဥယျာဉ်အတွင်းရှိ ပြကွက်များသို့ အပေါ်စီးမှ ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။
မန္တလေးတိုင်းပြကွက်တွင် အထင်ကရနေရာများဖြစ်သည့် မန္တလေးတောင်၊ ပုပ္ပားတောင်ပုံစံငယ်ကို တည်ဆောက်ထားပြီး အဆိုပါတောင်များ၏ အတွင်းပိုင်းတွင် မှော်ဝင်အိမ်၊ သရဲခြောက်သော အိမ်များကို ထူးခြား သည့် Entertainment ပုံစံများအဖြစ် ထည့်သွင်းတည်ဆောက် ဖန်တီးထားသည်ကို တွေ့ရသည်။
" မှော်ဝင်အိမ်နဲ့ သရဲခြောက်တဲ့ အိမ်ကြီးတွေထဲကို လာရောက်လည်ပတ်သူတွေ များပြားပါတယ်။ အဲဒီထဲမှာတော့ ရုတ်တရက် အရုပ်ကြီးတွေ ထတာတို့၊ လက်နဲ့ပုတ်တာတို့ ပါဝင်တဲ့အတွက် အပန်းဖြေလာရောက်တဲ့ သူတွေ နှစ်ခြိုက်လျက်ရှိတာကိုတွေ့ ရတယ်။ လာရောက်တဲ့သူတွေ ရိုးအီမသွားစေဖို့ အရုပ်တွေကို ပုံစံသစ်တွေ ဖန်တီးသွားဖို့စီစဉ်ထားပါတယ်'ဟု ဧရာရွှေဝါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ရှင်းပြခဲ့သည်။
http://www.first-11.com/images/stories/opinion/bi3171c.jpg
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)ကိုညဖက်၌တွေ့မြင်ရစဉ်

ရိဒ်ရေကန်၊ ရေလွှာလျှောစီးနှင့် Floating များ ဖန်တီးထားသည့် ချင်းပြည်နယ်ပြကွက်မှာလည်း ပြီးစီးနေပြီဖြစ်သည့်အပြင် ချင်းရိုးရာအစား အစာများ၊ ချင်းလူမျိုးများ၏ဓလေ့ စရိုက်များကိုလည်းပြသထားရှိသည်။

ရခိုင်ပြည်နယ်ပြကွက်တွင်လည်း ကစ္စပနဒီမြစ်ကို ဖန်တီးထားသည့် အပြင် ရခိုင်ရိုးမတောင်တန်းကိုလည်း စတင်တည်ဆောက်နေပြီ ဖြစ်သကဲ့သို့ အဆိုပါတောင်၏ အတွင်းပိုင်းတွင် လူအများစိတ်ဝင်စားနိုင်သည့် Entertainment (Indoor Game) များကို ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

http://www.first-11.com/images/stories/opinion/bi3171b.jpg
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)အတွင်းရှိ Flower Wheel နှင့် Twin Dragon
ဧရာဝတီတိုင်းပြကွက်မှာမူ အပန်းဖြေသူများအတွက် Entertainment စုံလင်သည့်အတွက် အပန်းဖြေလာရောက်သူများ နှစ်ခြိုက်မည့်နေရာတစ်ခု ဖြစ်လာသည်။ ချားရဟတ်များကဲ့သို့ စီးနင်းနိုင်သည့် Super Swing၊ ရန်သူ များနှင့် အပြန်အလှန် ပစ်ခတ်ကစားနိုင်သည့် World of War Craft Ride နှင့် ကလေးများအန္တရာယ်ကင်းစွာ ရေကစားနိုင်သည့် Water Slide for Kids များအပြင် ခြင်္သေ့၊ ကျား၊ ဒိုင်နိုဆော၊ သမင် စသည့် တိရစ္ဆာန်များ၏ အော် သံများကို ဖန်တီးထားသည့် ပြကွက်များ ပါဝင်လျက် ရှိသည်။

" ကျွန်တော်တို့ရဲ့ ဒီပြကွက်ကို လာရောက်သူတွေ စိတ်အပန်းဖြေစေဖို့ ရည်ရွယ်ပြီး Game တွေနဲ့ Entertainment တွေကို စုံလင်အောင် ဖန်တီးထားတာပါ။ သန့်ရှင်းတဲ့ရေနဲ့ ဖန်တီးထားတဲ့ ရေလွှာလျှောစီး (Water Slide)တွေ၊ ရေကန်ထဲမှာ လှဲလျောင်းရုံနဲ့ ပင်ပန်းနွမ်းနယ်မှု တွေပြေပျောက်စေဖို့ စီစဉ်ထားတဲ့ Spa Pool ၊ Floating Balletတွေကိုလည်း တည်ဆောက်နေပါတယ်"ဟု မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ဇွဲကပင်တောင်၊ တောင်ကွဲစေတီတို့ဖြင့် အလှဆင်ထားသည့် ပြည်နယ် ပြကွက်များမှာလည်း သူ့နည်းသူ့ဟန်ဖြင့် ဆွဲဆောင်လျက်ရှိသည်။ ကျိုက္ခမီ စက်စဲကမ်းခြေပြကွက်မှာလည်း တည်ဆောက်လျက်ရှိပြီး တနင်္သာရီ ပြကွက် ထဲတွင်မူ ပုလဲကျွန်းတွင်လည်း ပုလဲရှာဖွေ ငုပ်ယူသည့်ပြကွက်များကို ဖန်တီးထားသည်ကို တွေ့ရသည်။
http://www.first-11.com/images/stories/opinion/bi3171a.jpg
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)တွင်းရှိ ကမ္ဘောဇသာဒီရွှေနန်းတော်

အိန္ဒိယသမုဒ္ဒရာ အသွင်ဖန်တီး ထားသည့် ရေဆင်းဆည်အတွင်းတွင်လည်း အပျော်စီးသင်္ဘောဖြင့် ကန်ရေပြင်တစ်ပတ် ၄၅ မိနစ် လှည့်လည် စီနင်းနိုင်နေပြီဖြစ်သည်။
ယခုအခါ နေပြည်တော်အတွင်းတွင် အပန်းဖြေလိုသူများ နားနေနိုင်ရန်အတွက် ငလိုက်ကန်သာအပန်းဖြေစခန်း၊ ရေပန်းဥယျာဉ်၊ တိရစ္ဆာန် ဥယျာဉ်နှင့် အမျိုးသားအထိမ်းအမှတ် ဥယျာဉ်တို့ကို တည်ဆောက်ထားသည်။ ရေပန်းဥယျာဉ် အပန်းဖြေစခန်းတွင်လည်း ရေတံခွန်၊ ရေကူးကန်၊ ရေလွှာရုပ်ရှင်နှင့် Water Dancing တို့ကို တည်ဆောက်ထားရှိသည်။
' ဒီအမျိုးသား အထိမ်းအမှတ် ဥယျာဉ်ကြီး ပေါ်ပေါက်လာတော့ ကျွန်တော်တို့ အရင်တုန်းက မတွေ့မမြင်ဘူးတဲ့ ကြည့်ရှုစရာတွေ ပေါများလာတာတော့ အမှန်ပဲ။ ၀င်ကြေးက ကျပ် ၁၀၀၀ ပဲရှိတယ် ဆိုပေမယ့် ကား စင်းလုံးငှားပြီးသွားရင် ကျပ် ၅၀၀၀ ဆိုတော့ လူနည်းရင် အဆင်မပြေဘူး။ သူငယ်ချင်းတွေ စုပေါင်းပြီးငှားသွားမှ အဆင်ပြေတယ်။ ကားဂိတ်နဲ့ နည်းနည်းဝေးနေတဲ့အတွက် ကားဂိတ်ကနေ ဥယျာဉ်ထဲထိ Buggy ကားလေး တွေပြေးဆွဲပေးရင် အဆင်ပိုပြေမယ် ထင်တယ်' ဟု အပန်းဖြေလာရောက်သူ တစ်ဦးက ပြောပြခဲ့သည်။

အမျိုးသား အထိမ်းအမှတ်ဥယျာဉ် အပန်းဖြေစခန်းတွင်လည်း စိတ်အပန်းပြေစေမည့် Entertainment များကို ထပ်မံတည်ဆောက်လျက်ရှိရာ တည်ဆောက်မှု အားလုံးပြီးစီးပါက မြန်မာနိုင်ငံတွင် Entertainment စုံလင် သည့် အပန်းဖြေဥယျာဉ်ကြီး တစ်ခုအဖြစ် ပေါ်ပေါက်လာမည် ဖြစ်သည်။
http://www.first-11.com/images/stories/opinion/bi3171e.jpg
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)ရှိ လွတ်လပ်ရေးကျောက်တိုင်
@news.eleven.com

poohcartoon
07-22-2010, 01:50 PM
မန္တလေးမြို့တွင် လျှပ်စစ်မီးများ ပိုမိုရရှိလာသော်လည်း မီးအားအ၀င်နည်းမှုများ ရှိနေ
မန္တလေးမြို့တွင် ဇူလိုင်လဆန်းပိုင်းမှစတင်၍ လျှပ်စစ်ဓာတ်အား ပိုမိုရရှိလာမှုကြောင့် မီးပေးချိန်များ ပိုမိုရရှိလာသော်လည်း အချို့သောနေရာများတွင် လျှပ်စစ်မီးအား အ၀င်နည်းမှုများ ရှိနေကြောင်း သိရှိရသည်။
"မီးပေးချိန်တွေကတော့ အရင်ကထက်အများကြီး ပိုလာပါတယ်။ ဒါပေမယ့် မီးအားအ၀င်နည်းမှု ပြဿနာတော့ ရှိနေတယ်။ အရင်ကလည်း ရှိတော့ရှိပေမယ့် နေ့တိုင်းမီးလာတာ မဟုတ်တော့ သိပ်သတိမထားမိဘူး။ ဒါပေမယ့် အခုနောက် ပိုင်း မီးလာချိန်တွေ ပိုရလာပြီး ညတိုင်းနီးပါးမီးလာတဲ့အခါမှာ ပိုပြီးတော့ သိသာလာပါတယ်။ မီးလုံးဝပြတ်သွားတာတော့ မဟုတ်ဘဲ မီးအားတွေတအားကြီး နည်းသွားတာမျိုးတွေ ဖြစ်နေပါတယ်။ အဲဒီလို မီးအားတွေ တအားနည်းသွားပြီဆိုရင် လျှပ်စစ် နဲ့ပတ်သက်ပြီး ဘာမှကို သုံးလို့မရတော့လို့ မီးပြတ်သွားသလိုပါပဲ။ ဒါပေမယ့် တစ်ခါတစ်ခါဖြစ်ရင် ၅ မိနစ်၊ ၁၀ မိနစ်လောက်ထိပဲ ပြတ်ပေမယ့် တစ်ခါတစ်လေဆိုရင်တော့ နာရီဝက်လောက်ထိဖြစ်သွားတာတွေလည်း ရှိပါတယ်"ဟု မန္တလေးမြို့ ၄၂ လမ်း ခုံးကျော်အနီးတွင် နေထိုင်သူတစ်ဦးက ရှင်းပြသည်။
လျှပ်စစ်ဓာတ်အားများ ယခုကဲ့သို့ နည်းပါးရခြင်းသည် ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား နည်းပါးသောကြောင့် မဟုတ်ပါက အနီးအနားအိမ်များမှ မီးအားမြှင့်စက်များဖြင့် လျှပ်စစ်ဓာတ်အားများကို ဆွဲယူအသုံးပြုနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားနည်းမှုများသည် တစ်ညလျှင် သုံးလေးကြိမ်ထက်မနည်း ဖြစ်လေ့ရှိကြောင်းကို ''ဒီရက်ပိုင်းမှာ တစ်ညကို သုံးလေခါလောက်တော့ မီးအားနည်းမှုတွေ ဖြစ်ဖြစ်နေတယ်။ နေ့ခင်းပိုင်းလည်း ဖြစ်ရင်ဖြစ်မှာပေါ့။နေ့ခင်း ပိုင်းမှာ ကျွန်တော်တို့က လျှပ်စစ်မီး သိပ်မသုံးကြတော့ သတိမထားမိဘူး။ ဒါပေမယ့် ညပိုင်းကတော့ ကောင်းကောင်းကို သတိထားမိတယ်'' ၎င်းက ဆက်လက်ရှင်းပြပါသည်။

@news.eleven.com

poohcartoon
07-22-2010, 01:53 PM
လေတိုက်နှုန်းမိုင် ၄၀ ကျော်ပြီး ထူးခြားသည့် ရာသီဥတု အခြေအနေများ ဖြစ်ပေါ်ပါက ပြည်တွင်းရေကြောင်းခရီးစဉ်များ ယာယီရပ်နားမည်
လေတိုက်နှုန်းမိုင် ၄၀ ကျော်ပြီး ထူးခြားသည့် ရာသီဥတု အခြေအနေများဖြစ်ပေါ်ပါက ပြည်တွင်းရေကြောင်းခရီးစဉ်များ ယာယီရပ်နားသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ထူးခြားသည့် ရာသီဥတုဖြစ်စဉ်များနှင့် လေတိုက်နှုန်းတစ်နာရီ လျှင် မိုင် ၄၀ ကျော်လျှင် ပြည်တွင်းရေကြောင်း ရေယာဉ်များမောင်းနှင် သွားလာရာ၌ ခရီးသည်များ၊ ကုန်ပစ္စည်းများစသည်ဖြင့်မလိုလား အပ်သော ဆုံးရှုံးထိခိုက်မှုများဖြစ်ပေါ် နိုင်သည့်အတွက် ကြိုတင်ကာကွယ်မှုအနေဖြင့် ခရီးစဉ်များအား ယာယီရပ်နားရန် စီစဉ်ရခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။
' လေတိုက်နှုန်း မိုင် ၄၀ကျော်ရင် သင်္ဘောတွေမောင်းလို့ ဖြစ်ပေမယ့် ခရီးသည်တွေအတွက် အရမ်းအန္တရာယ်ကြီးတယ်။ ဒီတော့ခရီးစဉ် တွေရပ်နားရမယ်။ ပြီးတော့ ရုတ်တရက် လေပြင်းတိုက်တာ၊ စိုက်ဆင်းလေပြင်းစတဲ့ ထူးခြားတဲ့ ရာသီဥတု သဘာဝအခြေအနေတွေ ဖြစ်ရင်လည်း ခရီးစဉ်ကို မပြေးဆွဲတော့ ခဏရပ်ထားမှာဖြစ်ပါတယ်'ဟု ၎င်းက ထပ်မံပြောသည်။
ထိုသို့ ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ ထူးခြားသည့်ရာသီဥတု အခြေအနေမျိုး ဖြစ်ပေါ်ပါက ခရီးစဉ်များအား ယာယီရပ်နားခြင်း၊ လမ်းခရီးတွင် ရောက်ရှိနေပါက ရှေ့ဆက်မသွားဘဲ အန္တရာယ်ကင်းနေရာ တွင်နားခိုခြင်းစသည်တို့ကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ တဆင့် ပြည်တွင်းရေကြောင်းရုံးချုပ်သို့ တင်ပြကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ ခရီးစဉ်များ ရပ်နားမှုတွင်လည်း ထူးခြားရာသီဥတုဖြစ်စဉ်နှင့် တိုက်ရိုက်သက်ဆိုင် သော ခရီးစဉ်ကိုသာ ရပ်နားမည်ဖြစ်ပြီး ခရီးစဉ်အားလုံးကို ရပ်နားမည်မဟုတ်ကြောင်းလည်း ပြည်တွင်းရေကြောင်းမှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။
'မြစ်ဝကျွန်းပေါ်ခရီးစဉ် ၂၂ မှာသုံးခုလောက်က ခရီးစဉ်ပြေးဆွဲလို့မရအောင် ရာသီဥတုဆိုးရွားနေတယ် ဆိုပါစို့။ ဒါဆို ဒီသုံးခုကိုပဲ နားထားမှာဖြစ်ပြီး ကျန်တဲ့ခရီးစဉ် တွေကတော့ ပုံမှန်ဆွဲနေမှာပါ။ ခရီးစဉ်အားလုံးဆွဲလို့ မရတဲ့အနေ အထားဆိုရင်တော့ အားလုံးနားမှာပေါ့' ဟု ၎င်းက ဆိုသည်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး စစ်တွေအခြေပြု ရခိုင်ဌာနခွဲမှ ရေယာဉ်များ၊ ပုဂ္ဂလိကရေယာဉ်များ၊ ငါးဖမ်းစက်လှေများအား ယခုနှစ် မေလပိုင်းက ရခိုင်ကမ်းရိုးတန်း တစ်လျှောက် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မိုးသက်မုန်တိုင်းနှင့် လေပြင်းများ ကျရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်ကြေညာခဲ့စဉ် ကလည်း ခရီးစဉ်အားလုံးကို ရပ်နားခဲ့ကြောင်း သိရသည်။
@news.eleven.com

kosithuag
07-22-2010, 02:37 PM
လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
ဟိန်းဇော် Thursday, July 22, 2010


ကြွက်ဝမ်းဖြူများ အုပ်စုလိုက် ပြောင်းရွှေ့ခြင်းသည် အစာရေစာ ရှားပါးခြင်းကြောင့် ဖြစ်ပြီး စွတ်စိုအေးမြသည့် လာနီညာ ရာသီဥတု ဖြစ်လာနိုင်ခြေ ရှိသည့် အတွက်လည်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လာနီညာရာသီဥတု ဖြစ်နိုင်ခြေ ၆၅ ရာခိုင်နှုန်း ရှိနေ၍ ရေကြီးခြင်၊ မြေပြိုခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့က ပြုလုပ်ခဲ့သော “၂၀၁၀ လာနီညာ ရာသီဥတု ဖြစ်နိုင်ခြေအပေါ် သုံးသပ်ချက်” ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ဦးထွန်းလွင်က ရာသီဥတုရှုထောင့်မှနေ၍ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

မိုးဦးအစတွင် ရိုးမအတွင်းရှိ ၀ါးပန်းပွင့်ခြင်း၊ ၀ါးသုဉ်းခြင်း၊ အစားအစာ ရှားပါးလာခြင်း တို့ကြောင့် မျိုးပွားနှုန်း မြင့်မားလာသော ကြွက်ဝမ်းဖြူများသည် စပါးစိုက်ခင်းများရှိရာ မြေပြန့်သို့ အုပ်စုလိုက် ရွှေ့ပြောင်း၍ စပါးစေ့နှင့် ပျိုးပင်ငယ်များကို စားသောက် ဖျက်ဆီးလာနိုင်သည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားသည်။

ကြွက်ဝမ်းဖြူများသည် ဇွန်လ နောက်ဆုံးပတ်နှင့် ဇူလိုင်လ ပထမပတ်အတွင်း ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်တို့ တွင် အုပ်စုလိုက် ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း သိရသည်။

“မြေပြန့်ဒေသတွေကို ရွှေ့ပြောင်းလာပြီး ကြွက်ဖျက်ဆီးခဲ့ရင် ဆောင်ရွက်ဖို့ ဌာနက နှိုးဆော်ထားပါတယ်။ ကြွက်ကြောင့် နှစ်စဉ် စပါးထွက်နှုန်း ၅ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း ဆုံးရှုံးမှု ရှိနေပါတယ်” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကဆိုသည်။

ကြွက်ဝမ်းဖြူများ အုပ်စုလိုက် နေရာပြောင်းရွှေ့နေကြခြင်းမှာ ရာသီဥတုပြောင်းလဲပြီး သဘာဝဘေး အန္တရာယ် ကျရောက်တော့မည့် ရှေးပြေးနိမိတ်များဟု သုံးသပ်သူများလည်း ရှိနေသည်။

“အခုနောက်ပိုင်း ရာသီဥတုတွေ ဖောက်ပြန်လာတယ်။ လေဆင်နှာမောင်းကျတွေ၊ မိုးကြိုးပစ်တာတွေလည်း မကြာခဏပဲ။ လယ်သမားတွေဆို လုပ်ငန်းခွင်ဝင်ဖို့ စိုးရိမ်နေကြတယ်” ဟု ဧရာဝတီတိုင်းမှ ဒေသခံတဦးက ဆိုသည်။

ဒေါက်တာ ထွန်းလွင်က “မိုးပေါ်ကလာတဲ့ရေဟာ မြေကြီးက အပူပြန်တဲ့ရေထက် နည်းနေပါတယ်။ နည်းနေတယ် ဆိုတဲ့အတွက် မြေကြီးမှာ အောင်းရေမရနိုင်ဘူး။ အောင်းရေ မရနိုင်တဲ့အတွက် အငွေ့ပဲရှိမယ်။ မြေအောင်းအပူ Latent Heat ကနေပြီးတော့ ခံစားနိုင်တဲ့အပူ Sensible Heat အဖြစ် ပြောင်းလိုက်တဲ့အခါမှာ ဘယ်တွင်းအောင်း သတ္တ၀ါမှ မနေနိုင်ပါဘူး” ဟု ရှင်းပြသည်။

ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းတွင် အယ်လ်နီညို (ပူပြင်း ခြောက်သွေ့သော ရာသီ) ဖြစ်သော၂၀၀၉ ခုနှစ် ဇူလိုင်လမှ ၂၀၁၀ ဧပြီလအတွင်း ပင်လယ်ရေမျက်နှာပြင် အပူချိန်မှာ ပုံမှန်ထက်ပိုခဲ့ပြီး အပူချိန် ပြန်လည်ကျဆင်းမှုမှာ ဖြစ်သင့်သည့်ကာလထက် မြန်နေသည့်အတွက် လာနီညာနှစ် ဖြစ်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

၁၉၉၈ ခုနှစ်အတွင်းကလည်း အလွန်အားကောင်းသော အယ်လ်နီညို ရာသီဥတု ဖြစ်ပွားခဲ့ပြီး ၂၀၁၀ ကဲ့သို့ အလွန်ပူပြင်းသော နွေရာသီကို ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။

“၁၉၉၈ မှာ အယ်လ်နီညို ကြုံတွေ့ပြီး နောက်ပိုင်း မိုးလေးစက်စက်ရွာလိုက်တော့ ပုပ္ပါးတောင်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ မြေသားကြီး ပဲ့ကျသွားပါတယ်။ ပဲ့ကျသွားတဲ့ မြေသားကြီးပေါ်မှာ ဘုန်းကြီးကျောင်းတွေ ဇရပ်တွေ ဆိုင်တွေ အကုန်ပါသွားပါ တယ်”ဟု ဒေါက်တာထွန်းလွင်က ရှင်းပြသည်။

“ဒီနှစ် လာနီညာဖြစ်ဖို့ သေချာနေပြီ။ ဇူလိုင်လနဲ့ သြဂုတ်လဆန်းဆိုရင် လာနီညာနှစ် ဖြစ်ပြီ”ဟုလည်း ၎င်းက ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ် (WMO) ကို ကိုးကား၍ ပြောသည်။

အမေရိကန် အမျိုးသား သမုဒ္ဒရာ နှင့် လေထု စီမံရေးရာဌာန(NOAA) ၏ သုတေသနပြု စစ်တမ်းများအရ လာနီညာကြောင့် လာမည့် လများ၌ အရှေ့တောင်အာရှဒေသတွင် ပုံမှန်ထက် ပိုမိုအေးမြသည့် ရာသီဥတုနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး မိုးများခြင်း၊ မြစ်ရေကြီးခြင်း၊ မြေပြိုခြင်းများ ကြုံတွေ့ရနိုင်သည်ဟု ဆိုသည်။

၂၀၁၀-၁၁ ခုနှစ်တွင် ဖြစ်ပေါ်မည့် လာနီညာရာသီဥတုကြောင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် စသောမြစ်များ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ရေကြီးနိုင်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မန္တလေးတိုင်း (မိုးကုတ်မြို့နယ်)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် မြေပြိုမှုများကို သတိရှိရန် လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ မိုးလွန်ကာလ အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် မုန်တိုင်းအန္တရာယ်ကိုလည်း သတိပေး ပြောကြားသွားသည်။
@ ဧရာဝတီ.

kosithuag
07-22-2010, 02:39 PM
အာမခံအသစ်သုံးမျိုး မကြာမီ စတင်တော့မည်

၂ဝ၁ဝ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ အာမခံအသစ် ၃ မျိုးကို ကျန်းမာရေးအတွက် တွင်ကျယ်စွာ အသုံးပြုဖွယ်ရှိသည့် အတွက် မကြာမီ အသုံးပြုနိုင်ရန် လေ့လာမှုပြုလုပ်နေပြီဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဒေါက်တာမောင်မောင် သိမ်းက ပြောသည်။
၎င်းအဆိုပါ အာမခံအသစ် ၃ မျိုးမှာ ကျန်းမာရေး၊ ဆေးဝါးကုသမှုနှင့် စပေါ်ငွေအာမခံတို့ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများတွင် ကျယ်ပြန့်စွာ အသုံးပြုနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ မရှိသေးကြောင်း ၄င်းက ပြောသည်။
”ကျန်းမာရေးအာမခံဆိုတာက အာမခံထားသူဟာ ရောဂါတစ်ခုခုဖြစ်လို့ ဒါမှမဟုတ် နေထိုင်မကောင်းဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့ ဆေးကုသစရိတ်ကို အာမခံက အကုန်အကျခံပေးသွားမယ်။ ဥပမာ အာမခံထားသူက သိန်း ၅ဝ ဖိုး ကျန်းမာရေး အာမခံထားရင် တစ်နှစ် ကို ပရီမီယံကြေး ၂၅ဝဝဝ ပဲ သွင်း ရမယ်။ ဒီအာမခံက ဆင်းရဲချို့တဲ့တဲ့ သူတွေထားရင် ပိုအကျိုးရှိတယ်။ ဒါပေမဲ့ အာမခံထားတဲ့သူဟာ အသက် ၆ဝ မကျော်ရဘူး။ အာမခံ ထားတော့မယ်ဆိုရင် ရောဂါကင်း ရှင်းကြောင်း အထောက်အထား တွေ တင်ပြရမယ်ဆိုတဲ့ ကန့်သတ် ချက်တော့ရှိတယ်။ အခုလောလော ဆယ်တော့ ဒီအာမခံပေးဖို့ကို စီစဉ် နေပြီ။ နောက် ဆေးဝါးကုသမှုဆိုင် ရာ အာမခံဆိုတာကတော့ ဆရာ ဝန်တွေနဲ့ ဆေးပညာရှင်တွေ အတွက်ပါ။ ဒီအာမခံက အာမခံ အကာအကွယ်ယူထားတဲ့ ဆရာဝန် တစ်ယောက်ဟာ သူ့ရဲ့မကျွမ်းကျင် မှု ပေါ့ဆမှုတစ်ခုခုကြောင့် လူနာ တစ်ယောက် ထိခိုက်နစ်နာခဲ့လို့ တရားစွဲ ခံရတယ်ဆိုရင် အာမခံက အဲဒီတရားစရိတ်အတွက် ကုန်ကျ ငွေတွေကို အမှုနိုင်သည်ဖြစ်စေ၊ ရှုံး သည်ဖြစ်စေ စိုက်ထုတ်ပေးလျော် သွားမယ့် အာမခံပါ။ စပေါ်ငွေ အာမခံ (Deposit Insurance) ဆိုတာကတော့ ဘဏ်တွေနဲ့ဆိုင်တဲ့ အာမခံအမျိုးအစားပါ။ ဥပမာ ဘဏ်တစ်ခုခုဟာ သဘာဝဘေး အန္တရာယ်ကြောင့်ပဲဖြစ်ဖြစ်၊ ဒေဝါလီ ခံရလို့ ပိတ်လိုက်ရင်ပဲဖြစ်ဖြစ် အဲဒီ ဘဏ်မှာ ငွေအပ်နှံထားတဲ့သူတွေကို အာမခံလုပ်ငန်းက ပြန်လည်ပေး လျော်ပေးမှာပါ”ဟု ၄င်းက ပြော သည်။

@ Popular Myanmar

AndrewSway
07-23-2010, 07:00 AM
အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်

ဝီရ / ၂၂ ဇူလိုင် ၂၀၁၀

ပြည်တွင်း တက္ကသိုလ်အသီးသီးတွင် ပါရဂူ၊ မဟာဘွဲ့ ကျမ်းပြုသင်တန်းသားများအနေဖြင့် သတ်မှတ်ထားသည့် အဆင့်မြင့် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲအောင်မြင်မှ ဘွဲ့ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ပညာသင်နှစ် (၂၀၁၀ - ၂၀၁၁) မှစ၍ ဖြေဆိုရမည့် Test of English as a Foreign Language for Advance Study (TEFLAS) စာမေးပွဲတွင် ရမှတ် (၅၅၀) ကျော်မှ အောင်မြင်မည်ဖြစ်ပြီး သတ်မှတ်ရမှတ် မပြည့်မချင်း ထပ်မံ ဖြေဆိုရမည်ဖြစ်ကြောင်း မဟာ ဝိဇ္ဇာတန်းဘွဲ့အတွက် ကျမ်းပြုနေသူ ကျောင်းသားတဦးက ပြောသည်။

၎င်းက “နိုင်ငံတကာ စံသတ်မှတ်ချက်ဖြစ်တဲ့ TOEFL စာမေးပွဲနဲ့ အလားတူပါပဲ။ TOEFL ကလည်း (၅၅၀) ရမှတ်ရှိမှ ပြည်ပတက္ကသိုလ်တွေက လက်ခံတယ်လေ။ ဒါပေမယ့် ဒီက သင်တန်းသားတွေက ဒါကို အောင်နိုင်ပါ့မလားပေါ့ ညည်းနေကြတယ်။ ပြည်တွင်းက တက္ကသိုလ်ပညာရေးမှာ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး ဘယ်လောက်တတ်ကြသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပဲလေ။ အင်္ဂလိပ်စာ မေဂျာက လူတွေတောင် လွယ်တာမဟုတ်ဘူး” ဟု ပြောကြားသည်။

လက်ရှိအခြေအနေအရ ကျမ်းပြုသူများအကြား အဆိုပါအင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲကို သတ်မှတ်စံရမှတ်အတိုင်း အောင်မြင်ရန် လွယ်ကူမည်မဟုတ်ကြောင်း အဆိုပါကျမ်းပြုနေသူ ကျောင်းသားက ပြောသည်။

“ဒီလိုစာမေးပွဲကို သင်တန်းတပတ်ပေးပြီး ဖြေခိုင်းတာဆိုတော့ အောင်ဖို့လမ်းမမြင်ဘူး။ ဒါပေမယ့် ကြိုးစားကြည့်ရမှာပဲလေ။ ဒီနှစ် Master ယူဖို့ များလာတာက ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ပေးတာကြောင့်လည်း ပါတယ်။ အများစုက ပုဂ္ဂလိကကျောင်းမှာ ဝင်ငွေကောင်းတဲ့အလုပ်ရနိုင်ဖို့ အနီးစပ်ဆုံး ပြည်တွင်းမဟာဘွဲ့၊ ပါရဂူဘွဲ့တခုခုကို ရအောင် ကြိုးစားချင်လာကြတယ်။ ကျနော် အပါအဝင်ပေါ့။ အခုလို အင်္ဂလိပ်စာစစ်ရင် ကျနော့်အတွက်တော့ အနည်းဆုံး တနှစ်လောက်တော့ အချိန်လိုမယ် ထင်တယ်” ဟု ၎င်းက ပြောသည်။

ယခု ပညာသင်နှစ်တွင် ပြည်တွင်းတက္ကသိုလ်များ၌ ပါရဂူဘွဲ့၊ ဝိဇ္ဇာ၊ သိပ္ပံနှင့် မဟာသုတေသန ကျမ်းပြုတန်း တက်ရောက်နေသူပေါင်း (၄,၀၀၀) ခန့်ရှိကြောင်း အဆင့်မြင်ပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပညာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ တက္ကသိုလ်များတွင် ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ မြန်မာစာ၊ သမိုင်း၊ ပထဝီ၊ သတ္တဗေဒေ၊ ဘူမိဗေဒ၊ စီးပွားရေးဆိုင်ရာ အထူးပြု ပါရဂူဘွဲ့၊ မဟာဘွဲ့များ ဖွင့်လှစ်ထားရှိသည်။

“ပြည်တွင်းမှာ တက်နေတဲ့ Ph.D. (ပါရဂူ)၊ Master တန်းက လူအများစုက ဝန်ထမ်းအလုပ်ကတဖက် အသက်ကြီးသမားတွေ ဖြစ်နေကြပြီလေ။ တချို့ဆို မိသားစုတွေနဲ့ ဘာနဲ့ဆိုတော့ ပြည်ပမှာ Master တက်ဖို့ ကြိုးစားနေတဲ့ လူတွေထက် အားနည်းပါတယ်။ ရမှတ် (၅၅၀) ဆိုတာ အင်္ဂလိပ်စာ သင်တန်းကို နှစ်ချီတက်ခဲ့ပြီးမှ ဖြေကြတဲ့ စာမေးပွဲလေ” ဟု ပါရဂူဘွဲ့အတွက် သင်တန်းတက်နေသူ အသက် (၄၁) နှစ်ရှိ ကျောင်းဆရာတဦးက ပြောသည်။

အဆိုပါ အင်္ဂလိပ်စာကျွမ်းကျင်မှု စာမေးပွဲအား လာမည့် ဇူလိုင်လ (၂၃) ရက်နှင့် (၃၀) ရက်နေ့တို့တွင် တကြိမ်စီ စတင်ကျင်းပသွားမည်ဖြစ်ပြီး အဖြေလွှာများကို အမျိုးသားအင်္ဂလိပ်စာဌာနက စစ်ဆေးပေးမည်ဖြစ်ကြောင်း သင်တန်းသားများက ပြောဆိုကြသည်။

@ခေတ်ပြိုင်မှအပိုင်းအစအချို့ ကိုပြန်လည်ကူးယူဖေၞပြပါသည်။

kosithuag
07-23-2010, 10:27 AM
ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့

ဧရာဝတီတိုင်း မအူပင်မြို့နယ် တောင်ဘက်တွင် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းက အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့ တွင်းကြီးတတွင်း တွေ့ရှိထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ၀န်ထမ်းတဦးက ပြောကြားသည်။

၎င်းက “မအူပင်မြို့ တောင်ဘက်က ရေနံရှာဖွေရေးအတွက် အလတ်စားတူးစက်တွေ စမ်းသပ်ပြီးတူးတာ အိုးဘိုကုန်းမှာ သဘာဝဓာတ်ငွေ့ အများကြီး ရှိနိုင်တဲ့ တွေ့ရှိချက်တွေ ရထားတယ်။ အခု အဲဒီတွင်းကို စက်ကြီးတွေနဲ့ ဆက်တူးဖို့ စနေပါပြီ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုရေနံသဘာဝဓာတ်ငွေ့တွင်းမှ ပမာဏ မည်မျှ ထွက်ရှိနိုင်ကြောင်း ပြောကြားခြင်း မရှိသော်လည်း ပြည်တွင်းအတွက် သုံးစွဲသွားရန် ရည်ရွယ်ထားကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ တွေ့ရှိရာ မအူပင် (တောင်) ဒေသ ပေနက်အစမ်းတွင်း အမှတ် (၁) လုပ်ငန်းခွင်သို့ စွမ်းအင်ဝန်ကြီး ဦးလွန်းသီ ပြီးခဲ့သည့် ဇူလိုင် (၁၈) ရက်တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း ဇူလိုင် (၂၀) ထုတ် မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည်။

ယခု အသစ်တွေ့ရှိရာ ကုန်းတွင်းပိုင်းဒေသ ရေနံသဘာဝဓာတ်ငွေ့လုပ်ကွက်နေရာသည် ရန်ကုန်မြို့မှ (၃၅) မိုင်သာ ကွာဝေးကြောင်း သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ဦးဆောင်၍ ကုန်းတွင်းပိုင်း ရေနံရှာဖွေရေးလုပ်ငန်းများကို ဘူမိဗေဒ ပြောင်းလဲမှုအပေါ် အခြေခံ၍ မြန်မာပြည်အလယ်ပိုင်း၊ ပြည်နှင့် ဧရာဝတီလွင်ပြင်များရှိ မြစ်ဝှမ်း၊ ချိုင့်ဝှမ်း (၁၄) နေရာတွင် ရေနံ စမ်းသပ်ရှာဖွေမှုများ လုပ်ကိုင်လျက်ရှိသည်။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် သဘာဝဓာတ်ငွေ့လုပ်ကွက်များဖြစ်သော ရဲတံခွန်နှင့် ရတနာလုပ်ကွက်များမှ ထိုင်းနိုင်ငံသို့ နေ့စဉ် သဘာဝဓာတ်ငွေ့ပမာဏ ကုဗပေ သန်း (၁,၀၀၀) ကျော် ရောင်းချနေသော်လည်း ပြည်တွင်းအတွက်မူ (၁၀) ပုံ (၁) ပုံသော ကုဗပေ သန်း (၁၁၀) သာ အသုံးပြုနေသည်။

မြန်မာအစိုးရသည် ကုန်းတွင်းပိုင်း ရေနံသဘာဝဓာတ်ငွေ့ လုပ်ကွက်ပေါင်း (၁၁) ခု၊ ကမ်းလွန်လုပ်ကွက် (၃၁) ခုတို့ကို နိုင်ငံတကာ ကုမ္ပဏီများနှင့် လုပ်ကိုင်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှု အများဆုံးနိုင်ငံတို့အနက် အဆင့် (၁၃) ၌ တည်ရှိပြီး နိုင်ငံခြား ကုမ္ပဏီများနှင့် သဘာဝဓာတ်ငွေ့ရောင်းဝယ်ရေး စာချုပ်ပေါင်း (၄၆) ရပ် ချုပ်ထားသည်။

ကမ်းလွန်ရေနံမြေသစ်များကို ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့မှ ကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

@The New Era

poohcartoon
07-23-2010, 01:28 PM
The Voice ဂျာနယ်အား ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားကြောင်းသိရ
ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်သည့် The Voice ဂျာနယ်အား ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားကြောင်း သိရှိရပါသည်။
ယင်းကဲ့သို့ ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းခံရခြင်းနှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင့် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားခြင်းဖြစ်ကြောင်းကိုမူ စာပေစိစစ်ရေးမှ တရားဝင် စုံစမ်းသိရှိရခြင်းမရှိပါ။
သို့သော် ဇူလိုင်လ ၁၂-၁၈ ရက်နေ့ ရက် စွဲဖြင့်ထုတ်ဝေခဲ့သော The Voice ဂျာနယ် အတွဲ ၆ အမှတ် ၃၄ မှ Concept နှင့် Process ဆောင်းပါးပါ အကြောင်းအရာအချို့နှင့်ပတ်သက်၍ ယခုကဲ့သို့ ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆောင်းပါးကို ဆောင်းပါးရှင်အောင်ထွဋ်ကရေးသားထားခြင်း ဖြစ်သည်။ The Voice ဂျာနယ်ကို Myanmar Partners Think Tank Group မှ ထုတ်ဝေခြင်းဖြစ်ပြီး Living Color မဂ္ဂဇင်းကိုလည်း ထုတ်ဝေလျက်ရှိကြောင်းသိရသည်။
The Voice ဂျာနယ်သည် မေလအတွင်းကလည်း သရုပ်ဆောင်ထက်ထက်မိုးဦးနှင့် 7 Days News ဂျာနယ် သတင်းထောက်တို့၏ ပြဿနာဖြစ်ပွားမှုနှင့် ပတ်သက်၍ ဖော်ပြခဲ့မှုကြောင့် ဂျာနယ်အားတစ်ပတ်ထုတ်ဝေခွင့် ရပ်ဆိုင်းခံခဲ့ရဖူးသည်။
@news.eleven.com

manawphyulay
07-23-2010, 04:27 PM
Mysuboo Blood Donor Group အနေဖြင့် ၉ ကြိမ်မြောက် သွေးလှူပွဲကို ၂၆.၇.၂၀၁၀ ၀ါဆိုလပြည့်နေ့ (တနင်္လာနေ့) တွင် CMA ပုညကုသလ ဗဟုကအသင်း ၏တည်ရှိရာ အမှတ် ၇၃/၇၉၊ လမ်းမတော် (Lower Block) MAC Tower တွင် သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။ ထိုကြောင့် Mysuboo Blood Donor Group နှင့်အတူ လိုက်ပါလှူဒါန်းချင်သူများ ၂၅.၇.၂၀၁၀ မတိုင်မှီ အောက်ပါ attach file တွင် ဖော်ပြထားသည့်အတိုင်း ဖြည့်စွတ်ပြီး mysuboofanclub@gmail.com သို့ပဲလိမ့်မူပြီးပြန်လည်ပေးပို့ကြပါရှင်။


လှူဒါန်းမည့်နေရာ : CMA ပုညကုသလ ဗဟုကအသင်း
အချိန် : မနက် ၉ နာရီ။
လိပ်စာ : ၇၃/၇၉၊ လမ်းမတော်လမ်း၊ ၇န်ကုန်မြို့။ ဖုန်း - ၂၁၆၆၈၅။

poohcartoon
07-25-2010, 08:44 PM
သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြင်းနှင့် တိရစ္ဆာန်တို့၏ အမူအကျင့် ပြောင်းလဲလာခြင်း ဆက်စပ်မှုအချို့ရှိနေ
သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြင်းနှင့် တိရစ္ဆာန်တို့၏ အမူအကျင့် ပြောင်းလဲလာခြင်းများ ဆက်စပ်မှုအချို့ရှိကြောင်းနှင့် တိရစ္ဆာန်များသည် လူများထက် မြေပြင်လှုပ်ခတ်မှုလှိုင်းများကို ခံစားသိရှိနိုင်သောကြောင့် တိရစ္ဆာန်တို့၏ အမူအကျင့် ပြောင်းလဲလာခြင်းကိုကြည့်၍ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြင်းကို ခန့်မှန်းနိုင်ကြောင်းလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များထံမှ သိရှိရသည်။

ပဲခူးတိုင်းဒေသ အတွင်းသို့ ကြွက်များ အုပ်စုလိုက်ပြောင်းရွှေ့ ရောက်ရှိလာမှုကြောင့် ငလျင်လှုပ်ခတ်နိုင်မှု အန္တရာယ်မှာ စိုးရိမ်ဖွယ်မရှိသော်လည်း သတိပြုနေထိုင်သင့်ကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီမှ အတွင်းရေးမှူး ဦးစိုးသူရထွန်း က ပြောကြားခဲ့သည်။

'များသောအားဖြင့်တိရစ္ဆာန်တွေရဲ့ အမူအကျင့်ပြောင်းလဲလာခြင်းဟာ သဘာဝ ဘေးအန္တရာယ်ကို စိုးရိမ်ဖွယ်ရာ အနေအထားတစ်ခု ရှိပါတယ်။ သဘာဝဘေး အန္တရာယ်ထဲက တစ်ခုဖြစ်တဲ့ငလျင်ဆိုရင် ကြိုတင်ခန့်မှန်းလို့ မရနိုင်ပေမယ့် တိရစ္ဆာန်တွေကတော့ ငလျင်မလှုပ်မီ ကြိုသိနေတတ်တယ်။ တိရစ္ဆာန်တွေက မြေပြင်ရဲ့ wave ကို ကြိုပြီးခံစားမိလို့ရော မြေအောက်ရေမျက်နှာပြင် မြင့်တက်လာမှုတွေကိုပါ ကြိုသိနေတော့ လူတွေထက် ပိုစောသိနိုင်တာ ဖြစ်ပါတယ်'ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တိရစ္ဆာန်တွေဟာ သဘာဝ ဘေးအန္တရာယ်တွေကို ကြိုပြီးခံစားသိနိုင်ကြပါတယ်။ ဥပမာ ငလျင်လှုပ်တော့မယ်ဆိုရင် အရင်ဆုံး ရှေ့ပြေးလှိုင်းတွေ လွှတ်လေ့ရှိပါတယ်။ ဒီ wave တွေကြောင့် တိရစ္ဆာန်တွေက လူတွေထက် စောသိနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့်ခုလို ကြွက်တွေအုပ်စုလိုက် ပြောင်းလာတာကတော့ တခြား အကြောင်းရင်းကြောင့် ဖြစ်ပါလိမ့်မယ် ...
မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကလည်း 'တိရစ္ဆာန်တွေဟာ သဘာဝဘေး အန္တရာယ်တွေကို ကြိုပြီးခံစားသိနိုင်ကြပါတယ်။ ဥပမာ ငလျင်လှုပ်တော့မယ်ဆိုရင် အရင်ဆုံး ရှေ့ပြေးလှိုင်းတွေ လွှတ်လေ့ရှိပါတယ်။ ဒီ wave တွေကြောင့် တိရစ္ဆာန်တွေက လူတွေထက် စောသိနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့်ခုလို ကြွက်တွေအုပ်စုလိုက် ပြောင်းလာတာကတော့ တခြား အကြောင်းရင်းကြောင့် ဖြစ်ပါလိမ့်မယ်။ ကြွက်တွေကြောင့်တော့ ငလျင်လှုပ်ခတ်နိုင်ဖွယ်မရှိပါဘူး'ဟု ပြောကြားခဲ့သည်။

'တိရစ္ဆာန်တွေက ငလျင်လှုပ်တော့မယ်ဆိုတာကို ကြိုပြီး သိနိုင်တယ်ဆိုပေမယ့် အစောဆုံး ၂၄ နာရီအတွင်းပဲ သတိထားသင့်တာပါ။ ခုကိစ္စမှာ အဲဒီလိုမထင်ပါဘူး။ အခု ဖြစ်တဲ့ကိစ္စက ကြာနေပြီ ဖြစ်ပါတယ်။ နောက်ပြီး animal response က အဲလောက်မကြာပါဘူး၊ မြန်ပါတယ်။ အစောဆုံး ၂၄ နာရီအတွင်းနဲ့ အလွန်ဆုံးသုံးရက်အတွင်းသာ စိုးရိမ်ဖွယ် ရှိတာပါ' ဟု ဦးစိုးသူရထွန်းက ပြောပြခဲ့သည်။

'တိရစ္ဆာန်တွေရဲ့အမူအကျင့်တွေထဲက ဥပမာ ဖားတွေ ထွက်တာ၊ ကျီးပြိုတာ၊ ကြွက်တွေထွက်တာ ဒါတွေကိုကြည့်ပြီးလည်း ပြောကြတယ်။ ဒီလို sign ပြတာတွေကို ကြည့်ပြီး သဘာဝအန္တရာယ် တစ်ခုခု ကျရောက်နိုင်ခြင်းကို ခန့်မှန်းနိုင်ပါတယ်'ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တိရစ္ဆာန်တို့၏ အပြုအမူ ပြောင်းလဲခြင်းနှင့် ငလျင်အန္တရာယ် ဆက်စပ်မှု ရှိ၊ မရှိ အများဆုံးလေ့လာနေသော နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်ကြောင်းလည်း သိရသည်။

'တရုတ်မှာ ၂၀၀၈ မေ ၁၂ ရက် တုန်းက စီချွမ်ငလျင်လှုပ်ခဲ့တယ်။ အဲဒီတုန်းက တိရစ္ဆာန်တွေရဲ့အပြုအမူတွေကို ကြည့်ပြီး တစ်ပတ်လောက်စောပြီး ခန့်မှန်းနိုင်ခဲ့တာလည်း တွေ့ရတယ်။ တိရစ္ဆာန်တွေက လူတွေမခံစားနိုင်တဲ့ မြေပြင်လှုပ်ခတ်မှုတွေ ကို ခံစားနိုင်ကြတယ်။ ငလျင်လှုပ်လို့ ရောက်ရှိလာတဲ့လှိုင်းတွေကို တိရစ္ဆာန်တွေက ကြိုတင်ခံစားနိုင်လို့သာ တုံ့ပြန်ကြတာဖြစ်ပါတယ်'ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
@news.eleven.com

poohcartoon
07-25-2010, 08:54 PM
မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်မှုဖြင့် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ခွင့်ရ မြန်မာလုပ်သား ၂၀၀ ဦး အနက် ပထမအသုတ် ထိုင်းနိုင်ငံသို့ စတင်လွှဲပြောင်းပေး
မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေးစီမံကိန်းအရ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင် ခွင့်ရရှိကြမည့် မြန်မာရွှေ့ပြောင်းလုပ် သား ၂၀၀ ဦးမှ ပထမအသုတ်ကို တရားဝင်အခမ်းအနားဖြင့် ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ယင်းစီမံကိန်းအရ ထိုင်းနိုင်ငံ Inovative Gloves Co.Ltd က ခေါ်ယူရန်ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ဦးအနက် ပထမအသုတ် ဖြစ်သည့် ၁၇ ဦးကို ထိုင်းနိုင်ငံဘက်သို့ စတင်စေလွှတ်သည့် အခမ်းအနား ကို ဇူလိုင်လ ၁၄ ရက်နေ့က ကော့သောင်းမြို့ရှိ ယာယီမြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးတွင် ကျင်းပခဲ့သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းမှုဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားသစ်များကို နှစ်နိုင်ငံနယ်စပ် ဒေသများမှတစ်ဆင့် ခေါ်ယူသွားရန် ရှိရာခေါ်ယူသွားမည့်အရေအတွက် မှာ ၁၅၀၀၀ ဦးခန့် ရှိနိုင်မည်ဟု ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မြန်မာနိုင်ငံ ပုဂံမြို့တွင် ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေး မြန်မာ-ထိုင်း ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ အစီအစဉ်အရ ထိုင်း- မြန်မာ နယ်စပ်တစ်လျှောက်ရှိ တာချီလိတ်၊ ကော့သောင်း၊ မြ၀တီမြို့ များမှတစ်ဆင့် မြန်မာရွှေ့ပြောင်း လုပ်သားသစ်များကို ထိုင်းနိုင်ငံတွင် သွားရောက် လုပ်ကိုင်ခွင့် တရားဝင်ရရှိကြမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ အလုပ်သမားများနှင့်တန်းတူ အလုပ်သမား အခွင့်အရေးများလည်း ရရှိကြမည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ဦးရေမှာနှစ်သန်းခန့်ရှိမည်ဟု လုပ်သားရေးရာ ကျွမ်းကျင်သူမျာက ခန့်မှန်းထားကြပြီး မြန်မာရွှေ့ပြောင်းလုပ်သား အများစုသည် စက်မှုလုပ်ငန်း များတည်ရှိရာ ဘန်ကောက်၊ ရေလုပ်ငန်းများဖွံ့ဖြိုးရာ စမုစခွန်နှင့် စူရတ် ဌာနီနှင့် ချင်းမိုင်တို့တွင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
@news.eleven.com

poohcartoon
07-26-2010, 11:09 AM
၁၀၀ ရာနှုန်းပြည့် ပဲဆီသန့်ဟု အညွှန်းတပ်ထားမှုမှာ နိုင်ငံတကာ စားသောက်ကုန် အရည်အသွေး စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိ၍ မြေပဲဆီသန့် ထုတ်လုပ်သူအချို့ ပြန်လည်ပြင်ဆင်သွားမည်
http://img269.imageshack.us/img269/4595/we5424.jpg
မြေပဲဆီသန့် ထုတ်လုပ်သူများ အနေဖြင့် မိမိထုတ်လုပ်သည့်ဆီမှာ ၁၀၀ ရာနှုန်းပြည့် ပဲဆီသန့်ဟု အညွှန်းတပ်ဖော်ပြထားမှုများမှာ နိုင်ငံတကာ စားသောက်ကုန် အရည်အသွေး စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိကြောင်း နိုင်ငံတကာ စားသောက်ကုန် အရည်အသွေး စံသတ်မှတ်ချက်များအကြောင်း ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံမှ စားသောက်ကုန် အရည်အသွေးများ လေ့လာသူပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

မြေပဲတစ်မျိုးတည်းကို အသုံးပြုထုတ်လုပ်ခြင်းမဟုတ်ပဲ ရေအပါအ၀င်အခြားပစ္စည်းများ ထည့်သွင်းကြိတ်ခွဲရခြင်းဖြစ်သည့်အတွက် ရာနှုန်းပြည့်ဟူသော စကားရပ်ကို အညွှန်းတပ်ဖော်ပြ၍ မရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

' မြန်မာနိုင်ငံကထုတ်လုပ်တဲ့ စားသောက်ကုန်တချို့ကို လေ့လာခဲ့တဲ့အခါ နိုင်ငံတကာစားသောက်ကုန် အရည်အသွေး စံသတ်မှတ်ချက်တွေနဲ့ ကွဲလွဲတာတွေရှိသလို၊ ကိုက်ညီတာတွေလည်း ရှိပါတယ်။ ကျွန်တော် မြေပဲဆီကို လေ့လာတဲ့အခါ တချို့က ရာနှုန်းပြည့်ပဲဆီ စစ်စစ်(၁၀၀ ရာခိုင်နှုန်းပြည့်) လို့ အညွှန်းတပ်ထားကြတယ်။ တကယ်တော့ မြေပဲဆီထုတ်လုပ်တဲ့အခါ မြေပဲ ၉၀ ရာခိုင်နှုန်း၊ ရေ ၈ ရာခိုင်နှုန်း၊ အခြား ၂ ရာခိုင်နှုန်း ပါဝင်ကြိတ်ခွဲရပါတယ်။ အဲဒီအတွက် ရာနှုန်းပြည့် မြေပဲဆီလို့ တပ်လို့မရပါဘူး' ဟု Shinohara Professional Engineer Office မှ Mr.Masami Shinohara က ပြောကြားခဲ့သည်။

ထို့အတွက် မှားယွင်းသော အညွှန်းတပ်မှုများကို ဆက်လက် မပြုလုပ်တော့ဘဲ မြေပဲဆီသန့်ထုတ်လုပ်သူအချို့မှာ သတ်မှတ်ချက်နှင့် အညီအညွှန်းများကို ပြန်လည်ပြင်ဆင် သွားတော့မည်ဟု လုပ်ငန်းရှင်များက ဆိုပါသည်။

'၁၀၀ ရာခိုင်နှုန်းပြည့် မြေပဲဆီသန့်လို့ အညွှန်းတပ်တာ မှားနေတယ်ဆိုတာ ကျွန်တော်တို့အခုသိလာပြီ။ ဟုတ်တယ် မြေပဲဆီထုတ်လုပ်မယ်ဆိုရင် မြေပဲက ၉၀ ရာခိုင်နှုန်းပါတယ် ဆိုပေမဲ့ ရေငွေ့နဲ့အခြားပါဝင်မှုကလည်း ရှိနေတယ်။ ဥပမာ ရွှေတောင်မှ ၁၀၀%ပြည့် ရွှေလို့ ရှိမှမရှိတာ။ နိုင်ငံတကာ ဈေးကွက်မှာတောင် ၉၉.၉၉ ရွှေလို့ပဲ အမည် တပ်ရတယ်လေ။ ကျွန်တော်ကတော့ လက်ရှိအသုံးပြုဖို့ ရိုက်နှိပ်ထားတဲ့ ဘူးတံဆိပ်တွေကုန်ရင် ထပ် မသုံးတော့ဘူး။ နောက်ထပ် မြေပဲဆီသန့်လို့ပဲ တပ်တော့မယ် ၁၀၀% ပြည့်ဆိုတာကို ဖြုတ်တော့မယ်'ဟု ဧရာဝတီ မြေပဲဆီသန့်မှ ဦးခင်စိုးက ရှင်းပြခဲ့ပါသည်။

'ကျွန်တော်တို့လည်း ၁၀၀% ပြည့်ဆိုတာကို မသုံးတော့ဘူး။ မြေပဲဆီသန့်ဆိုတာလောက်ပဲ တပ်တော့မယ်။ ကျွန်တော်တို့ အခုလိုပြောင်းလဲတာဟာ စနစ်တစ်ခု သတ်မှတ်ထားလို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ လေ့လာသိရှိထားတဲ့ နိုင်ငံတကာ စံသတ်မှတ်တွေနဲ့ ကိုက်ညီအောင် ပြင်ဆင်သွားကြတာပါ' ဟု ငွေသဇင်မင်း ဆီစက်လုပ်ငန်းမှ ဦးအောင်ရွှေ က ရှင်းပြခဲ့သည်။

မြေပဲဆီသန့်ဟု တံဆိပ်ကပ်မည်ဆိုပါက အမှန်တကယ် အရည်အသွေးပိုင်း အရလည်း သန့်စင်မှုရှိရမည်ဖြစ်ကာ ထုတ်လုပ်သူများ သတိပြုရမည့်၊ စားသုံးသူအပေါ် အာမခံရမည့်အချက်များ ရှိနေသေးကြောင်း လည်း ပဲဆီထုတ်လုပ်သူများက ဆိုပါသည်။

'ကိုယ်သုံးတဲ့မြေပဲက ရေစိုပြီး အချဉ်ဓာတ်များတဲ့ မြေပဲဖြစ်နေရင်၊ ပိုးသတ်ဆေးဓာတ်ကြွင်းတွေကျန်ရှိနေတဲ့ မြေပဲဆန်ဖြစ်နေရင် ဒါမှမဟုတ် မှိုတက်၊ ပိုးကိုက်မြေပဲဆန်ဖြစ်နေရင် ဒီပဲဆန်ကိုအသုံးပြုကြိတ်ခွဲပြီး ရလာတဲ့ဆီက မြေပဲဆီသန့် ဖြစ်နိုင်ပါဦးမလား။ မြေပဲဆီသန့်တပ်မယ် ဆိုပြန်ရင်လည်း ဒီအချက်တွေကို သတိထားဖို့လိုပါလိမ့်မယ်။ အရောအနှော ကင်းတယ်ဆိုတဲ့ အချက်တစ်ခုထဲနဲ့လည်း မြေပဲဆီသန့်ဆိုတဲ့ တံဆိပ်ကပ်လို့မရသေးဘူး ဆိုတာသိစေချင်လို့ပါ။ ကျွန်တော်တို့လည်း ဒါကိုအမြဲသတိပြု နေရတယ်' ဟု ဧရာဝတီ မြေပဲဆီသန့် လုပ်ငန်းမှ ဦးခင်စိုးက ထပ်မံရှင်းပြခဲ့ပါသည်။

အညွှန်းတပ် မှန်ကန်ခြင်းမှာ စားသုံးသူအပေါ် လိမ်လည်ရာမရောက်သည့်အတွက် ကောင်းမွန်သည့် အလေ့အထဖြစ်ကြောင်းနှင့် သို့သော် အညွှန်းတပ် မှန်ကန်မှုထက်ပို၍ အရေးပါသည်မှာ စားသုံးသူများ ဘေးဥပဒ် ကင်းရှင်းရေးအတွက် အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ရောင်းချခြင်း ဖြစ်ကြောင်းလည်း ဆီလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

မြေပဲဆီသန့်ဟု တံဆိပ်ကပ်မည်ဆိုပါက အသုံးမပြုသင့်သည့် ကုန်ကြမ်းများ

မှိုတက်မြေပဲဆန်များ
ပိုးကိုက်မြေပဲဆန်များ
ပိုးသတ်ဆေးဓာတ်ကြွင်းများ ကျန်ရှိနေသည့် မြေပဲဆန်များ
အစိုဓာတ်များပြီး အချဉ်ဓာတ်မြင့်သည့် မြေပဲဆန်များ
@news.eleven.com

kosithuag
07-26-2010, 09:01 PM
လိုင်စင်မဲ့ကားများ မှတ်ပုံတင်ထုတ်ပေး

တက်လူ / ၂၆ ဇူလိုင် ၂၀၁၀

လိုင်စင်မဲ့ကားများကို ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ဇူလိုင် (၂၃) ရက်မှ စတင်ကာ မှတ်ပုံတင်များ လုပ်ပေးနေပြီဖြစ်သည်။

ကားအတွက်ကျသင့်သည့် အခွန်ငွေကို အခွန်ဦးစီးရုံးများတွင် ပေးဆောင်ကြရပြီး ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ကားများကို မှတ်ပုံတင်ထုတ်ပေးနေကြောင်း ယင်းဌာနမှ တာဝန်ရှိသူက ပြောသည်။

၎င်းက “ကျနော်တို့ဌာနက မှတ်ပုံတင်တာ တခုတည်းပဲ လုပ်ပါတယ်။ ကားအတွက် ကျသင့်တဲ့အခွန်တွေကိုတော့ အခွန်ဦးစီးရုံးတွေမှာ ပေးဆောင်ကြရမှာပါ” ဟု ပြောသည်။

ကားတစီး၏တန်ဖိုးမှ (၈၅) ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည်ဖြစ်ကာ ယင်းအခွန်ပေးဆောင်ပြီးကြောင်း ချလန်ဖြင့် ရန်ကုန်တိုင်း ကညနရုံးတွင် လိုင်စင်လုပ်ရခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ကားတန်ဖိုးသတ်မှတ်သည့်နေရာမှာ စည်ပင်နယ်နိမိတ်အတွင်းတွင် ယာဉ်ထိန်းရုံးက တန်ဖိုးဖြတ်ပေးပြီး ရန်ကုန်စည်ပင်နယ်နိမိတ် ပြင်ပဖြစ်ပါက မှော်ဘီနှင့် သံလျင်တွင် ရှိသည့် မြို့နယ်ရဲစခန်းများက ဈေးသတ်မှတ်ပေးကြောင်း ယာဉ်ထိန်းတပ်ဖွဲ့၏ အကြီးတန်းအရာရှိတဦးက ပြောသည်။

၎င်းက “အဲဒီလိုတွေ တန်ဖိုးဖြတ်ပြီးမှ အခွန်ဆောင်ရမှာဖြစ်တယ်။ အခွန်ဆောင်တဲ့အခါကျတော့ စည်ပင် ပြင်ပမှာကျတော့ သံလျင်နှင့်မှော်ဘီက အခွန်ဦးစီးဌာနနဲ့ စည်ပင်ဧရိယာထဲမှာဆိုရင်တော့ သင်္ကန်းကျွန်းမြို့နယ်က အခွန်ဦးစီးမှာ ဆောင်ရမှာ” ဟု ပြောသည်။

သံလျင်မြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ အကြီးအကဲတဦးက ၎င်းတို့ သံလျင် မြို့နယ်ရဲစခန်းတွင် လိုင်စင်မဲ့ကားအတွက် ကျသင့်သော အခွန်ငွေပေးဆောင်ရန် ကားတန်ဖိုးဖြတ်သောအဖွဲ့ ဖွဲ့ထားကြောင်း၊ ထိုအဖွဲ့မှဖြတ်သော တန်ဖိုးအပေါ်မူတည်ကာ မြို့နယ်အခွန်ဦးစီးရုံးတွင် အခွန်ငွေပေးရမည်ဖြစ်ကြောင်း ရှင်းပြသည်။

ကားတန်ဖိုးသတ်မှတ်ခြင်းကို ကားအမျိုးအစားများအလိုက် သတ်မှတ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနနှင့် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်း ယာဉ်ထိန်းတဦးက “ဥပမာပြောရရင် စူပါရု ဖင်ကောက်တစီးကို သိန်း (၄၅၀)၊ သိန်း (၅၀၀) စသဖြင့် သတ်မှတ်မှာဖြစ်တယ်။ အဲဒီသတ်မှတ်တဲ့အပေါ်မှာမှ (၈၅) ရာခိုင်းနှုန်းကို အခွန်ဆောင်ရမှာ ဖြစ်တယ်” ဟု ရှင်းပြသည်။

ရန်ကုန်ရှိ ဟံသာဝတီကားပွဲစားတန်းတွင် စူပါရု ဖင်ကောက်တစီးလျှင် သိန်း (၆၀၀) ကျော်ဖြင့် အရောင်းအ၀ယ် ပြုလုပ်နေကြောင်း ၀ါရင့်ကားပွဲစားတဦးက ပြောသည်။

၎င်းက “ကျနော်တို့ အခုဝယ်ရောင်းလုပ်နေတဲ့ ကားတွေက စီးပြီးသားတွေကို လုပ်တာ၊ အသစ်မဟုတ်ဘူး။ အခု လိုင်စင်ချပေးမယ့် လိုင်စင်မဲ့ကားတွေကြောင့် ကားပွဲစားတန်းကို လုံးဝထိခိုက်တာပေါ့။ ဘယ်သူက အဟောင်းကို စီးတော့မှာလဲ” ဟု ပြောသည်။

သို့သော် ယခုအချိန်အထိ ကားပွဲစားများက ယင်းတို့ထံ လာရောက်အပ်နှံသော ကားများကို ဈေးချမရောင်းပေးကြောင်း၊ ကားဈေးလုံးဝ မကျသေးကြောင်း၊ အရောင်းအ၀ယ် အေးနေကြောင်း သိရသည်။

လိုင်စင်မဲ့ကားများကို တန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ ကာလတန်ဖိုးသတ်မှတ်ရာတွင် လင့်ရိုဗာ ၁၉၉၇ မော်ဒယ်အား ကျပ်သိန်း (၅၅၀) ဖြင့် ကာလတန်ဖိုး သတ်မှတ်ပေးကြောင်း ၀ီးကလီးအဲလင်းဗင်းဂျာနယ်တွင် ဖော်ပြသည်။

@Khitpyaing

poohcartoon
07-27-2010, 03:04 PM
မန္တလေးမြို့ဝန်းကျင်သည် ငလျင်ပြင်းထန်ဇုန်အတွင်း ကျရောက်နေသဖြင့် ငလျင်ဘေးအန္တရာယ် ခံရနိုင်ခြေပြ မြေပုံရေးဆွဲရာတွင် မန္တလေးမြို့ကို ဦးစားပေးရန်စီစဉ်
http://img830.imageshack.us/img830/2086/we5421.jpg
မန္တလေး-အမရပူရဒေသ၏ ငလျင်ဇုန်ပြမြေပုံ
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်ဖြစ်စဉ်များအရ မန္တလေးမြို့ဝန်းကျင်ဒေသသည် ငလျင်ပြင်းထန်ဇုန်အတွင်း ကျရောက်နေသဖြင့် ငလျင်ဘေးအန္တရာယ် ခံရနိုင်ခြေပြမြေပုံရေး ဆွဲရာတွင် မန္တလေးမြို့ကို ဦးစားပေး ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

မန္တလေးမြို့ ၀န်းကျင်ဒေသများသည် စစ်ကိုင်းပြတ်ရွေ့ကြော၏ တည့်တည့်တွင် တည်ရှိနေသောကြောင့် အခြားမြို့ဒေသများထက် ငလျင်ဒဏ်သက်ရောက်မှု ပိုမိုခံရနိုင်ဖွယ်ရှိကြောင်း၊ ထို့ပြင်တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် အယ်လ်ပိုင်း-ဟိမ၀န္တာမြေငလျင်ကြောပေါ်၌ တည်ရှိနေပြီး ဘူမိအနေအထားတွင်လည်း စစ်ကိုင်းပြတ်ရွေ့တွင် ကျောရိုးသဖွယ် ဖြစ်နေသည့်အတွက် မြေငလျင်ဘေး အန္တရာယ်ရှိနေသော ဒေသဖြစ်ကြောင်း လည်းသိရှိရသည်။

ထို့ပြင် ၂၀၀၅ ခုနှစ်တွင် ပြင်ဆင်ရေးဆွဲထားသော မြန်မာနိုင်ငံ ငလျင်ဇုန်များပြ မြေပုံအရ မြန်မာနိုင်ငံအတွင်း လှုပ်နိုင်သောမြေငလျင်အင်အားအလိုက် ဇုန်များခွဲခြားဖော်ပြထားရာ မန္တလေးမြို့ဝန်းကျင်သည် အင် အားပြင်းထန်ဇုန်အတွင်း ကျရောက်နေကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီနှင့် ADPC တို့မှ မြန်မာနိုင်ငံရှိ မြို့ကြီးများအလိုက် ငလျင်ဘေးအန္တရာယ် ခံရနိုင်ခြေပြမြေပုံရေးဆွဲရန် စီမံဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းပြတ်ရွေ့ကြောမှ မန္တလေးမြို့အား ဦးစား ပေးဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

'ငလျင်ကော်မတီနဲ့ ADPC တို့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့မြို့ကြီးတွေကို ငလျင်ဘေးအန္တရာယ် ခံရနိုင်ခြေပြမြေပုံ ရေးဆွဲသွားဖို့ စီစဉ်ထားပါတယ်။ ပထမဦးစားပေး အနေနဲ့ကတော့ မန္တလေးမြို့ကို ရွေးချယ်ထားပါတယ်။ အစီအစဉ်က ရေးဆွဲထားတုန်းပါပဲ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြထား ပြီးပါပြီ။ ခွင့်ပြုတာနဲ့ ဒီအစီအစဉ်ကို စတင်တော့မှာဖြစ်ပါတယ်' ဟု မြေငလျင် ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မန္တလေးမြို့ဝန်းကျင်ရှိ မြေသားကြံ့ခိုင်မှုသည် ရန်ကုန်မြို့ဝန်းကျင်ထက် ငလျင်ဒဏ်ခံနိုင်အားနည်းပါးကြောင်းနှင့် စစ်ကိုင်းပြတ်ရွေ့၏အနီးကပ်ဆုံးတွင် ရှိနေသောကြောင့် ငလျင်နှင့်ပတ်သက်ပြီး စောင့်ကြည့်မှုများပြု လုပ်ရန်လိုအပ်နေကြောင်း ငလျင်ဆိုင်ရာပညာရှင်များထံမှ သိရှိရသည်။

နေရာဒေသအလိုက် အပေါ်ယံ မြေသား၏အထူ၊ မြေသားအပျော့ အမာ(ခံနိုင်အား Bearing Capacity) မြေအောက်ရေ၏ အနေအထားတို့ကို ရှာဖွေလေ့လာ၍ ပြည့်စုံသောငလျင် ဘေးအန္တရာယ်ပြ မြေပုံပြုစုရေးဆွဲထား ရန်လိုအပ်ပြီးမန္တလေးမြို့တွင် ငလျင်ဒဏ်ခံနိုင်သည့် အထပ်မြင့်အဆောက်အအုံကြီးများ ဆောက်လုပ်ရန်အတွက် သင့်လျော်သောမြေနေရာနှင့် ပုံစံတည်ဆောက်ရေးစည်းမျဉ်းတို့ကို ရေးဆွဲပြဋ္ဌာန်းနိုင်မည်ဟု သုံးသပ်ကြသည်။

ရန်ကုန်၏ ငလျင်ပြင်းထန်အားသည် မာကယ်လီစကေးအတန်းရှစ်ဖြစ်ပြီး မန္တလေး၏ငလျင်ပြင်းထန်အားမှာ မာကယ်လီစကေးအတန်းအစားမှာ ကိုး ဖြစ်ကြောင်းလည်း သိရှိရသည်။

မန္တလေးတိုင်းအတွင်း ဖြစ်ပွားခဲ့သော ငလျင်ဖြစ်စဉ်အချို့
၁။
၁၉၇၅ ဇူလိုင် ၈ ရက် ပုဂံငလျင် ၆ .၈ ရစ်ခ်ျတာစကေး
(ပုဂံညောင်ဦးတွင်ရှေးဟောင်းဘုရားအများအပြားပျက်စီး)
၂။ ၁၉၈၉ မတ်လ ၁ ရက် မန္တလေး ၅ .၄ ရစ်ခ်ျတာစကေး
(ပလိပ်ချည်မျှင်စက်တွင်ဘွိုင်လာအိုးပျက်စီး)
၃။
၂၀၀၃ စက်တင်ဘာ ၂၂ ရက် တောင်တွင်းကြီး ၆ .၆ ရစ်ခ်ျတာစကေး
(ဘုရားအချို့နှင့် အဆောက်အဦအချို့ပျက်စီး)


@news.eleven.com

poohcartoon
07-27-2010, 03:38 PM
ဖားကန့်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်၊ ဖားကန့်မြို့နယ် မှော်စီစာကျေးရွာတွင်လည်း မြေသားပြတ် တောက်ရွေ့လျားခြင်းများ ဖြစ်ပေါ်
http://img175.imageshack.us/img175/5504/dsc08839u.jpg
http://img204.imageshack.us/img204/3371/dsc08927b.jpg
http://img186.imageshack.us/img186/5504/dsc08839u.jpg
ဖားကန့်မြို့နယ် ဥရုချောင်းဖျား ကံဆီး-အောင်ဘာလေရွာနှင့် ဖားကန့်၊ လုံးခင်း၊ ဆိပ်မူတို့တွင် ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှစတင်၍ မိုးသည်းစွာ ရွာသွန်းမှုကြောင့် ဖားကန့်၊ လုံးခင်း၊ ဆိပ်မူ၊ ကုဋေမှော်အစရှိသော ဒေသများတွင် လူနေအိမ်များ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်စီစာကျေးရွာ အေ၀မ်းရပ်ကွက်တွင်လည်း ပုံမှန်မြေအနေအထားမှ မြေသားနိမ့်ကျခြင်း၊ မြေသားများ ရွေ့လျားခြင်း၊ အက်ကွဲလာခြင်းစသည့် ထူးခြားဖြစ်စဉ် အချို့လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးသည်းစွာ ရွာသွန်းခဲ့မှုကြောင့် ဇူလိုင် ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စိုးရိမ်ရေအမှတ်တိုင် နစ်မြှုပ်သွားသည်အထိ ရေတက်လာခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေ ဖြစ်ပေါ်ခဲ့သောကြောင့် သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူများ လူမှုရေးအသင်းအဖွဲ့များမှ လုံးခင်းဥရုချောင်းဘေးနေ ပြည်သူများအား လိုက်လံသတိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။ ''လုံးခင်းမှာ ကျွန်တော်နေတာ နှစ်ပေါင်း ၇၀ ရှိပြီ ဒီတစ်ခါလောက် ရေကြီးတာ မတွေ့ဖူးဘူး။ ဘုန်းကြီးကျောင်း၊ ရပ်ကွက်ရုံးရှေ့၊ ရပ်ကွက် (၁) တို့အထိ ဘယ်တုန်းကမှ ရေမရောက်ဘူး။ အခုမှပဲ မြင်ဖူးတယ်။ ဘုန်းကြီးကျောင်းဝင်းထဲမှာ ဆိုရင် ရေက ၅ ပေလောက်အထိ ရှိတယ်။ အခုဆိုရင် ကုန်းနည်းနည်းကျတဲ့ နေရာကလွဲပြီး တစ်ရွာလုံးနီးပါး ရေ၀င်နစ်မြုပ်နေပါပြီ။ ရပ်ကွက် (၁) ဘက်က ၀င်လာတဲ့ရေဆိုရင် လုံးခင်းဈေးထဲမှာ ချောင်းကြီးကျနေတာပဲ''ဟု လုံးခင်းကျေးရွာမှ အသက် ၇၀ အရွယ် အဘိုးတစ်ဦးက ပြောပါသည်။
ရေအတက်ဆုံးအချိန်တွင် လုံးခင်းရပ်ကွက် (၁)၊ (၂)၊ (၃)၊ (၄) ရှိ ဗိုလ်ချုပ်လမ်းကြီး တစ်ခုလုံး ရေနစ်မြုပ်ခဲ့ကြောင်း ဆက်သွယ်ရေးများ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေး စက်လှေများ၊ လှေများဖြင့် အိမ်ခေါင်မိုးပေါ်၌ တက်နေကြသော ရေဘေးဒုက္ခသည်များကို ရေလွတ်ရာသို့ လိုက်လံကယ်ဆယ်ခဲ့ကြကြောင်း သိရသည်။ လုံးခင်းရပ်ကွက် (၄) အ၀င်တံခါးပေါ်ရှိ လမ်းပေါ်၌ ရေ ၈ ပေ၊ ဘေလီတံတားထိပ် ကားလမ်းဆုံ၌ ၄ ပေခန့်အထိ ရေများဝင်ရောက်ခဲ့ကြောင်း သိရပြီး အောင်ရာရွာ နန့်မားယံချောင်းတံတား၌မူ ရေအနက် ၁၆ ပေခန့်အထိ ရှိခဲ့ကြောင်း သိရသည်။ ''ဒီတစ်ခေါက်ရေကြီးတာ အရမ်းမြန်တယ်။ ၂၀ ရက်နေ့က စကြီးတာ ၂၂ ရက်နေ့အထိ ရပ်ကွက် (၃)၊ (၄)ထဲမှာ ရေ ၅ ပေလောက်အထိ ကျန်နေတုန်းပဲ။ မိုးကလည်း ရွာလိုက်၊ တိတ်လိုက်ဆိုတော့ ရေက တက်လိုက်၊ ကျလိုက်ဖြစ်နေတယ်။ ရေတတ်တာ မြန်သလောက်၊ ရေတတ်တာ အရမ်းနှေးတယ်။ ရေက တစ်စတစ်စတက်လာတော့ ဆိုင်အပေါ် သွပ်မိုးတွေကို ဖောက်ပြီး ရသလောက် ပစ္စည်းတွေကို သယ်လိုက်ရတယ်။ အောက်ဆုံးမှာကျန်တဲ့ ပစ္စည်းတွေကတော့ ရေစိုပြီး ဆုံးရှုံးသွားတယ်။ ဆန်အိတ်တွေဆို ဘာမှလုပ်လို့မရတော့ဘူး။ ၀က်စာကျွေးဖို့ တစ်အိတ် ၅၀၀ နဲ့ ရောင်းလိုက်ရတယ်''ဟု ဈေးသည်တစ်ဦးက ပြောပါသည်။ ရေဘေးသင့်သူများအတွက် ကျောက်စိမ်းကုမ္ပဏီများနှင့် စေတနာရှင် အလှူရှင်များက ဆန်၊ ဆီ၊ ငါးခြောက်စသည့် ထောက်ပံ့ရေးပစ္စည်းများနှင့် အစားအသောက်များကို တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့များမှ စက်လှေများဖြင့် လိုက်လံ ဝေငှပေးလျက်ရှိကြောင်း သိရသည်။ ရေဘေးသင့်သူအချို့သည် ရေလွတ်သည့် မိမိတို့နီးစပ်ရာ ဆွေမျိုးသားချင်းများထံတွင် နေထိုင်ကြသူများရှိသလို မှော်စီစာသီရိရတနာစိမ်း ဓမ္မာရိပ်သာ၊ ကုဋေမှော် အမကကျောင်း၊ ကုဋေဘုန်းတော်ကြီးကျောင်းနှင့် ကုဋေမှော် နှစ်ခြင်းအသင်းတော်ကျောင်းတို့၌ ခေတ္တနေထိုင်ကြကြောင်း သိရသည်။ ''ဗြုန်းစားကြီး ရေတွေပေါက်ချလာတော့ လူတွေတောင် မနည်းထွက်ပြေးခဲ့ရတယ်။ ရွာထဲမှာဆို ချောင်းကြီး ကျနေတာပဲ။ ပစ္စည်းတွေဆို ယူတောင် မယူနိုင်ဘူး။ ယူချိန်လည်းမရှိဘူး။ ကလေးတွေခေါ်ပြီး ထွက်ပြေးခဲ့ရတယ်။ အချို့အိမ်တွေဆို သဲတွေပိတ်မိပြီး အိမ်ခေါင်မိုးပဲ ကျန်တော့တယ်။ အချို့ဆို အိမ်အလုံးလိုက် ကျွတ်ပါသွားတယ်''ဟု ကုဋေမှော်ရွာသားတစ်ဦးက ပြောပါသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မှော်စီစာကျေးရွာ၊ အေ၀မ်းရပ်ကွက်၊ မှော်စီစာ အပေါ်လမ်းရှိ လမ်းမကြီးသည် မြေလွှာများ တွန့်၍ အက်ကြောင်းများ ဖြစ်ပေါ်ခြင်း၊ အချို့နေရာများတွင် မြေလွှာများ ပြတ်ရွေ့နိမ့်ဆင်းသွားခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ပေါ်ခြင်းကြောင့် လူနေအိမ်များ၊ ရေတွင်းများ ပျက်စီးရွဲ့စောင်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။ မြေလွှာများ တွန့်ခေါက်၍ လျောကျနေသော လမ်းအရှည်မှာ ပေ ၇၀၀ ခန့် ရှိပြီး ပြတ်ရွေ့လျော့ကျသော ဧရိယာမှာ ပေ ၂၀ ခန့်ရှိသလို သုံးပေခန့် မြေသားနိမ့်ဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရေကြီးမှု ဖြစ်ပွားပြီးနောက် ရေထိုးဖောက်ဝင်လာသည့် နန့်မားယံချောင်း ရေဘောင်၊ ရေကာတာအား သက်ဆိုင်ရာက အနီးရှိ ကုမ္ပဏီများမှ မြေတူးယာဉ်များဖြင့် ရေ၀င်ရာ လမ်းကြောင်းကို ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခြင်း၊ အခမဲ့ ဆေးကုသပေးခြင်းနှင့် လိုအပ်သည်များကို ကူညီပံ့ပိုးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ လောလောဆယ်တွင် ဖားကန့်မှ ဆိမ့်မူသို့ သွားရောက်သည့် အောက်လမ်းမှာ ရေနစ်မြုပ်နေသည့်အတွက် စက်လှေများဖြင့် သွားလာနေရကြောင်း သိရသည်။
@news.eleven.com

tunaungtunaung
07-27-2010, 05:05 PM
PRIVATE SCHOOL ရဲ့လိမ်ညာမှု

မြန်မာပြည်မှာခုတလောနာမည်ကြီးနေတဲ့ PRIVATE SCHOOL ရဲ့လိမ်ညာမှုပါ။ Private School တွေဖွင့်တော့ M.Sc M.A ရထားတဲ့ မိန်းကလေးတော်တော်များများဝမ်းသာကြပါတယ်။ Private School တွေက M.Sc M.A ရထားတဲ့သူတွေကို ဆရာမအဖြစ် Study Guide အဖြစ်ခန့်မယ်လို့ Seven Days News ဂျာနယ်မှာ အတိအလင်း ပြောထားတာကိုဖတ်ခဲ့ရလို့ပါ။
အဲဒီထဲမှာ ကျွန်မလဲတစ်ယောက်အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ကျွန်မက M.Sc ရထားတဲ့သူကိုး။ မဟာမြကျွန်းသာ (MMAC)ဆိုတဲ့ ကျောင်းက M.Sc M.A တွေကိုဆရာမအဖြစ် Study Guide အဖြစ်ခေါ်ပါတယ်။ ကျွန်မလဲ ၀င်လျှောက်ဖြစ်ပါတယ်။
ဆရာမအဖြစ်အရွေးခံရပါတယ်။ အရမ်းနာမည်ကြီးနေတဲ့ကျောင်းမို့ အရမ်းအထင်ကြီးပြီး လျှောက်ခဲ့တာပါ။ နေစရာစားစရာပေးပြီး လစာကို ၄၅၀၀၀ မှ ၈၀၀၀၀ ထိပေးမယ်လို့ပြောခဲ့ပါတယ်။
ကျွန်မတို့လို ပညာသာတတ်ပြီး ကိုယ့်ဝမ်းစာကိုကိုယ့်ဘာသာရှာစားနေရတဲ့ မိန်းကလေးတွေအတွက်တော့ မဟာ့မဟာအခွင့်အရေးပါပဲ။ ဒါပေမယ့်ဒါတွေကအိမ်မက်ပဲဖြစ်ခဲ့တာ။ အလုပ်လျှောက်လွှာကို လက်ခံတဲ့နေရာက ၆မိုင်ခွဲမှာရှိတဲ့မူကြို တစ်ခုမှာပါ။
မူကြိုကလဲ စင်ကာပူသင်ရိုးအတိုင်းသင်တဲ့မူကြိုမို့ အထင်ကြီးစရာအင်မတန်ကောင်းပါတယ်။ မူကြိုတောင် ဒီလောက်အဆင့်မြင့်ရင် Private School ကပိုတောင် သားနားမယ်လို့ ထင်ခဲ့ပါတယ်။ ဒါနဲ့ ပဲကျွန်မအရွေးခံ ရပါတယ်။ အလုပ်အတွက် စာချုပ် ချုပ်ရမယ်လို့ပြောပါတယ်။
တလကို ၄၅၀၀၀ နဲ့ ၃နှစ်စာချူပ်ရပါတယ်။ စာချူပ်ထဲမှာလဲ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့အချက်တွေသာ ပါပြီး သင်ကြားရေးတာဝန်ခံဆရာမ ဆိုတဲ့ရာထူးနဲ့ချူပ်တာပါ။ စာချူပ်ချူပ်ပြီးတာနဲ့ မြရိပ်မာလာဆိုတဲ့အဆောင်ကိုခေါ်သွားပါတယ်။
အဲဒီမှာစပြီးတွေ့ တာပါပဲ။ ပေ ၁၀၀ပတ်လည်တောင်မရှိတဲ့ ခြံဝင်းထဲမှာ နှစ်ထပ်တိုက်၂လုံး၊ ဂိုထောင်လိုလို အခန်း၂ခန်း၊ စာသင်ဆောင်၂ခုနဲ့ ရေကန်၁ကန်တွေ့ရပါတယ်။
နှစ်ထပ်တိုက်၂လုံးကတော့ကျောင်းသူတွေနေတဲ့အဆောင်ပါ။ ဂိုထောင်လိုလိုအခန်းကတော့ ဆရာမများအတွက်ဖြစ်ပါတယ်။ ဂိုထောင်တခုမှာဆရာမ၄ယောက်နေရပါတယ်။ မိုးတွင်းရောက်ရင် ခုတင်ခြေထောက်ထိ ရေမြုပ်တဲ့အခန်းတွေပါ။
ကျွန်မတွေ့ခဲ့ရတဲ့ဖိနှိပ်မှုနဲ့ချူပ်ချယ်ခံရမှုများကို အောက်မှာဆက်ရေးထားပါတယ်။

(၁) တိုးတတ်နေတဲ့ခေတ်ထဲမှာသတင်းစာမဖတ်ရဘူးတဲ့။
(၂) ရေဒီယိုနားမထောင်ရဘူးတဲ့။
(၃) MP3 MP4 လက်ကိုင်ဖုန်းသုံးခွင့်မပြုဘူးတဲ့။
(၄) မိမိ မိသားစုအသိုင်းအ၀ိုင်းက မိမိထံသို့ ဖုန်းဆက်ခွင့်မရှိပါတဲ့။ လာရောက်တွေ့ခွင့်မရှိပါတဲ့။
(၅) သန့်ရှင်းရေးနဲ့ ပန်းပင်ရေလောင်းတာကို အလှည့်ကျလုပ်ရပါတယ်။
(၆) ညဘက်ရေတင်တာကိုအလှည့်ကျစောင့်ရပါတယ်။(ကျောင်းသူများရဲ့ရေချိုးခန်းထဲကိုထည့်တာပါ။)
(၇) ကျောင်းသူများရဲ့အခန်းကို Room Service ၀င်ပေးရပါတယ်။
(၈) ဂိတ်ပေါက်စောင့်ရပါတယ်။
(၉) ဆရာမများတနေ့ကို ရေတခါပဲချိုးရမယ်လို့ စည်းကမ်းထုတ်ထားပါတယ်။ ရေချိုးရတဲ့နေရာကိုပြောပြပါမယ်။

လူနှစ်ရပ်လောက်ရှိတဲ့ ရေကန်နဲ့ခြံစည်းရိုးအုတ်နံရံကြား လူတကိုယ်ဝင်စာရှိတဲ့နေရာမှာချိုးရတာပါ။ လူနှစ်ရပ်လောက်ရှိတဲ့ ရေကန်မှာ ရေကတစ်တောင်လောက်ပဲရှိတာကိုပုံးမှာကြိုးတပ်ပြီးငင်ချိုးရတာပါ။
မျက်နှာသစ်ဖို့ ရေက အမှိုက်တွေနဲ့ သံချေးရေပါ။ တစ်နှစ်ပတ်လုံးမိုးတွင်းက လွဲလို့ ကျန်တဲ့အချိန်တွေမှာ ဒီလိုပဲသုံးရပါတယ်။
ဒါဟာလိမ်ညာမှုပါပဲ။
ဒါဟာအိမ်ဖော်တွေလုပ်ရတဲ့အလုပ်မျိုးတွေပါ။ ဆရာမဆိုတဲ့နာမည်တပ်ပြီးအိမ်ဖော်လုပ်ခိုင်းတာပါ။
စာချုပ်မှာ မပါတဲ့အချက်တွေကို အခိုင်းခံရပေမယ့် စာချုပ်ဆိုတာကြီးကိုကြောက်လို့ မထွက်ရဲတဲ့သူတွေ အများကြီးပါ။ မဟာမြကျွန်းသာဆိုတဲ့ ဒီ Private School ကပညာတတ်အမျိုးသမီးတွေကိုပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး အကျဉ်းချ ကျွန်ပြု ထားတာ ပြည်တွင်းလူကုန်ကူးမှုလို့ တောင်ပြောလို့ ရပါတယ်။
တိုးတက်နေတဲ့ နည်းပညာခေတ်ကြီးထဲမှာသတင်းစာမဖတ်ရဆိုတာတော်တော် ဆိုးဝါးတဲ့အချက်ပါ။ စီးပွားရေးအရ ကြည့်ရင်လဲ ပိုက်ဆံ ရစရာရှိတဲ့ ကျောင်းသူတွေကိုတော့ ကောင်းကောင်းထားပြီး ပိုက်ဆံပေးရမယ့်ဆရာမ(တနည်းဝန်ထမ်း၊ အလုပ်သမား) ကိုတော့ဖိနှိပ်ထားတာ အရင်းရှင်စနစ်ကို ကျင့်သုံးတာပါပဲ။
အရမ်းကောင်းပြီး အဆင့်မြင့်ပါတယ်လို့ နာမည်ကြီးနေတဲ့မဟာမြကျွန်းသာ Private School ကိုတော့ ပညာတတ် မိန်းကလေးများ မလျှောက်မိပါစေနဲ့။
အမှားကြီးမှားမှာစိုးရိမ်လို့ပါ။ နီးစပ်ရာသူငယ်ချင်းများကိုပြောပြပြီး Forward လုပ်ပေးကြပါလို့ အကူအညီတောင်းပါတယ်။
ကျေးဇူးတင်ပါတယ်။
(သူငယ်ချင်းက သူခံစားနေရတာကို မေးလ်ပို့ပြီး ရင်ဖွင့်တာပါ။ ကျွန်တော်က သူ့ကိုယ်စားပြန်ရင်ဖွင့်လိုက်ပါတယ်။)

poohcartoon
07-29-2010, 01:47 PM
မြန်မာနိုင်ငံတွင် လေယာဉ်ပြေးလမ်း ပေတစ်သောင်းအထက် လေယာဉ်ကွင်း ၁၁ ကွင်းရှိကြောင်းသိရ
မြန်မာနိုင်ငံတွင် လေယာဉ် ပြေးလမ်း ပေတစ်သောင်းအထက် လေယာဉ်ကွင်း ၁၁ ကွင်း ရှိကြောင်း သိရှိရသည်။

လေယာဉ်ပြေးလမ်းများကို အသစ်တည်ဆောက်ခြင်းနှင့် တိုးချဲ့တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့ရာတွင် Boeing ၇၄၇ ကဲ့သို့သော လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့် လေယာဉ်ပြေးလမ်း ပေတစ်သောင်းအထက် လေယာဉ်ကွင်း ၁၁ ကွင်းရှိလာကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင် ရာလေဆိပ်၊ နေပြည်တော်လေဆိပ်၊ အနီးစခန်းလေဆိပ်၊ နန်ပေါင်လေဆိပ်၊ ဟုမ္မလင်းလေဆိပ်၊ နမ့်စန်လေဆိပ်၊ ထားဝယ်လေဆိပ်၊ ဘုတ်ပြင်းလေဆိပ်၊ ကျောက်ထုလေဆိပ်နှင့် တောင်ငူလေဆိပ်များမှာ လေယာဉ်ပြေးလမ်း ပေတစ်သောင်းအထက်ရှိသော လေယာဉ်ကွင်းများဖြစ်ကြောင်း သိရသည်။

'လေယာဉ်ပြေးလမ်း ပေတစ်သောင်းအထက် ရှိတယ်ဆိုတော့ နိုင်ငံတကာ လေယာဉ်ကြီးတွေ ဆင်းသက်နိုင်တဲ့ အနေအထားပေါ့။ ဒါပေမဲ့ လေယာဉ်ပြေးလမ်းတင် မဟုတ်ဘဲ ပြည်တွင်းဆိုရင်လည်း ပြည်တွင်း အလျောက်၊ နိုင်ငံတကာဆိုရင်လည်း နိုင်ငံတကာအလျောက် လေဆိပ်တစ်ခု ရဲ့လိုအပ်ချက်တွေ ပြည့်စုံနေရင်တော့ အကောင်းဆုံးပဲပေါ့' ဟု ၀ါရင့် လေယာဉ်မှူးကြီးတစ်ဦးက ဆိုသည်။

လက်ရှိပေတစ်သောင်းအထက် လေယာဉ်ကွင်းများတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တို့၌ နိုင်ငံတကာ ခရီးသည်တင် လေယာဉ်ကြီးများ ဆင်းသက်မှုရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပေတစ်သောင်း အထက် လေယာဉ်ကွင်း ၁၁ ကွင်း၊ ပေငါးထောင်အထက် လေယာဉ်ကွင်း ၂၇ကွင်း၊ ပေ ငါးထောင်အောက် လေယာဉ်ကွင်း ၃၁ ကွင်း စုစုပေါင်း ၆၉ ကွင်းရှိကြောင်း သိရသည်။
@news.eleven.com

kosithuag
07-29-2010, 11:07 PM
လိုင်စင်မဲ့ကားများအား ကာလတန်ဖိုး စိစစ်ပေးရာတွင် ကားကောင်းခြင်းညံ့ခြင်းထက် မော်ဒယ်အလိုက် ဈေးတစ်မျိုးတည်း သတ်မှတ်ပေးသည့် အနေအထားရှိ ကားအများစု ပြင်ပပေါက်ဈေးနှင့် တန်းတူနီးပါးဖြစ်ပြီး အချို့ကားများ ပြင်ပပေါက်ဈေးထက် များစွာကျော်လွန်မှုရှိခဲ့

http://www.first-11.com/images/stories/myanmar/mm/b31829
၎ဂ/--- နံပါတ်သစ်ရရှိသည့် စိစစ်ပြီးကားအား တွေ့ရစဉ်
http://www.first-11.com/images/stories/myanmar/mm/b31830
ကျပ်သိန်း ၁၁၀၀ ကာလတန်ဖိုးသတ်မှတ်ခဲ့သည့် Pajero V46

http://www.first-11.com/images/stories/myanmar/mm/b31831
ကျပ်သိန်း ၄၃၀ ကာလတန်ဖိုးသတ်မှတ်ခဲ့သည့် Suzuki R+ နှင့် ကျပ်သိန်း ၇၀၀ ကာလတန်ဖိုးသတ်မှတ်ခဲ့သည့် Toyota RAV4 2 door

ပြည်ပမှ တရားမ၀င် တင်သွင်းလာသော လိုင်စင်မဲ့ကားများ တရားဝင်လိုင်စင် ပြုလုပ်ရန် ကာလတန်ဖိုး လာရောက်စိစစ်ခံရာတွင် ကားကောင်းခြင်း၊ ညံ့ခြင်းထက် မော်ဒယ်ကိုသာကြည့်၍ မော်ဒယ်အလိုက် ဈေးတစ်မျိုးတည်း သတ်မှတ်ပေးနေသည့် ပုံစံမျိုး ဖြစ်နိုင်ကြောင်း စိစစ်ခံသူများထံမှ သိရှိရသည်။

''ဇူလိုင်လ ၂၇ ရက်နေ့မှာလာပြီး ကာလတန်ဖိုးသတ်မှတ်ခံခဲ့တဲ့ Pajero V46 အမျိုးအစားကို ကျပ်သိန်း ၁၁၀၀ ကာလတန်ဖိုး သတ်မှတ်တယ်။ ဇူလိုင်လ ၂၈ ရက်နေ့လာပြီး စိစစ်ခံတဲ့ Pajero V46 ကိုလည်း ကျပ်သိန်း ၁၁၀၀ ပဲသတ် မှတ်တယ်ဆိုတော့ မော်ဒယ်တစ်မျိုးကို ဈေးတစ်မျိုးတည်း ပုံသေသတ်မှတ်ပေးတဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ Pajero V46 ချင်းတူပေမဲ့ ကားကောင်းတာခြင်းကတော့ မတူဘူး။ ဒီတော့ ကားကောင်းတာညံ့တာထက် မော်ဒယ်ပေါ်မှာပဲ အဓိကကြည့်ပြီး ဈေးဖြတ်ပေးနေတယ်လို့ ယူဆရပါတယ်။ လာပြီးစိစစ်ခံတဲ့ ကားတိုင်းကို မော်ဒယ်နဲ့ပဲ အဓိက စစ်ဆေးတာတွေ့ရလို့ပါ။ ဆိုလိုတာက ကားဝယ်ရောင်းအခေါ် ချွတ်ကျန်ဆိုတာမျိုးပဲဖြစ်ဖြစ် မူရင်းကား အမျိုးစားမှန်ပဲ ဖြစ်ဖြစ် အဲဒီ နှစ်မျိုးဟာ မော်ဒယ်တစ်မျိုးတည်းဆိုရင် ချွတ်ကျန်လည်း မူရင်းအမျိုးအစားကို သတ်မှတ်တဲ့ ဈေးအတိုင်းဖြစ်မှာပဲလို့ ပြောရတာပါ''ဟု ကာလတန်ဖိုး လာရောက်စိစစ်သတ်မှတ်ခံသူ တစ်ဦးက ရှင်းပြခဲ့သည်။

ဇူလိုင်လ ၂၃ ရက်နေ့၊ ဇူလိုင် လ ၂၇ ရက်နေ့နှင့် ဇူလိုင်လ ၂၈ ရက်နေ့များအတွင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့သို့ လိုင်စင်မဲ့ ကားအစီး ၂၀ ကျော် လာရောက်၍ တန်ဖိုးသတ်မှတ်ခံခဲ့ကြောင်း လာရောက် စိစစ်ခံသူများက ဆိုသည်။

''သုံးရက်မှာ ၂၄ စီးလောက် လာပြီး ကာလတန်ဖိုး စိစစ်ခံတာ တွေ့ရတယ်။ အဲဒီမှာ Suzuki R+ ဆိုရင် ကျပ်သိန်း ၄၃၀ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်ပေးတယ်။Hilux Double Cab C107 ကို ကျပ်သိန်း ၇၀၀၊ RAV4 ကို ကျပ် သိန်း ၇၀၀ အဲဒီလို သတ်မှတ်တယ်။ Mitsubishi Extra Cab မော်ဒယ်နိမ့်ကို ကျပ်သိန်း ၄၃၀ သတ်မှတ်ပေးတာရှိတယ်။ ဒါတွေကျတော့ တစ်ကယ်တမ်း အဲဒီသတ်မှတ်တာရဲ့ ၈၅ ရာခိုင်နှုန်း၊ ကညန ပေးသွင်းငွေ ကျပ် ၁၅၁၅၀၀၀ နဲ့ မူလကားတန်ဖိုး စုစုပေါင်းတွက်လိုက်ရင်တော့ ပြင်ပပေါက်ဈေးထက် အများကြီး ကျော်သွားမှာပေါ့။ တစ်ခြား ကားအများစုကတော့ ပြင်ပပေါက်ဈေးနီးပါး၊ ပြင်ပပေါက်ဈေး တန်းတူပဲ ကျသင့်တာ တွေ့ရတယ်။ ကားတစ်စီးစနှစ်စီးစကတော့ ဈေး တန်သွားတာ တွေ့ရတယ်။ အခုသတ်မှတ်ပေးတဲ့ ကာလတန်ဖိုးအများစုက ဈေးကွက်ထဲမှာ အစောဆုံးထွက်ခဲ့တဲ့ 'ခန့်မှန်းကား တန်ဖိုးစာရင်းများ'ဆိုတဲ့ စာရင်းမှာ ပါတာနဲ့ အတူတူနီးပါးပါပဲ''ဟု ဇူလိုင်လ ၂၈ ရက်နေ့တွင် ကားတစ်စီး အတွက် ကာလတန်ဖိုး လာရောက်စိစစ်ခံသူတစ်ဦးက ရှင်းပြခဲ့ပါသည်။

ပေးဆောင်ရသည့် နှုန်းထားအခြေအနေကို လာရောက်လေ့လာသူများ ပိုများပြီး သတ်မှတ်ပေးသည့် ဈေးမှာ ကိုက်ညီမှုရှိမရှိ၊ မည်သို့ သတ်မှတ်ပေးနေသည် ဆိုခြင်းကို လေ့လာသူ ပိုများကြောင်း သိရသည်။

''စောင့်ကြည့်တဲ့သူ ပိုများတယ်။ ဘယ်လို သတ်မှတ်ပေးတာလဲ။ အပြင်ဈေးနဲ့ ကိုက်ပါ့မလား တွက်ကြတယ်။ အပ်ပြီးမှ မတန်တဆ ဖြစ်ကုန်မှာကို အစိုးရိမ်ဆုံးပဲလေ။ ဈေးသတ်မှတ်ပေးမှုကို လေ့လာကြတာများတယ်။ တချို့ကားလေးတွေကို ပထမရက်တွေတုန်းက သတ်မှတ်တဲ့ဈေးက အပြင်ဈေးထက် ကျော်သွားတော့ နောက်တွန့်သွားတာပေါ့။ ဘယ်သူမဆို ကိုက်ညီတဲ့ နှုန်းထားဖြစ်မှ လာရဲကြမှာပါ။ ကျွန်တော်လည်း ထို့နည်းတူပါပဲ။ အရမ်းကွာဟသွားတာမျိုး ကြုံရင် လာတဲ့သူတွေ နောက်တွန့်ကုန်မှာပဲ။ ၈၅ ရာခိုင်နှုန်းက ပြဿနာမဟုတ်ဘူး။ သတ်မှတ်ပေးတဲ့ ကာလတန်ဖိုးက အပြင်ဈေးနဲ့ ကိုက်ညီဖို့၊ လာအပ်တဲ့အထဲမှာ အမျိုးအစားတူလာအပ်တဲ့သူတွေ တစ်ယောက်ဈေးတစ်မျိုး သတ်မှတ်တာမျိုး မဖြစ်ရင် ပိုပြီးလာကြလိမ့်မယ် ထင်တယ်''ဟု ယာဉ်နှစ်စီးအတွက် ကာလတန်ဖိုး လာရောက်စိစစ်သူတစ်ဦးက ဆိုသည်။
ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့(ရန်ကုန်)မှ ကားအမျိုးအစားအလိုက် ဈေးသတ်မှတ်ပေးခဲ့မှု အချို့ (ကျပ်သိန်း)
အမျိုးအစား ကာလတန်ဖိုး
Pajero V46 ၁၁၀၀
Mark II 2002 ၁၁၀၀
Discovery 1997 ၅၅၀
Discovery 1995 ၅၀၀
Toyota RAV4 2 door ၇၀၀
Hilux Double Cab(C107) ၇၀၀
Chaser 1994 ၇၀၀
Mark II 1988 ၃၀၀
Mark II 1990 ၃၅၀
Celsior 1995 ၅၅၀
Honda Accord 1993 ၃၂၀
Corolla Van 1991 ၂၁၀
Nissan Laurel 1990 ၂၈၀
Hilux Surf 'dkAmrif ၄၅၀
SUZUKI R+ ၄၃၀
Mitsubishi Extra Cab ၄၃၀
Nissan SAFIRI 2 door ၄၅၀
Sunny Pick Up 1990 ၁၃၅
Toyota Hiace 88 ၄၀၀
Mercedez E280 ၃၅၀
Wrangler Jeep ၁၆၀
Mazada 929 ၁၃၀
Sport 180 SX ၃၃၀

@first-11

poohcartoon
07-30-2010, 02:07 PM
ယာဉ်မောင်းလိုင်စင် မရှိဘဲမောင်းနှင်ရာမှ ဖြစ်ပွားသည့် ယာဉ်မတော်တဆမှု များပြား
http://img341.imageshack.us/img341/6369/bi3185.jpg
ယာဉ်မတော်တဆမှု ဖြစ်စဉ်များ ဖြစ်ပွားနေရာတွင် စနစ်တကျ ယာဉ်မောင်းသင်တန်း တက်ရောက်ထားခြင်းမရှိဘဲ ယာဉ်မောင်းလိုင်စင် ရရှိထားခြင်းမရှိဘဲ မောင်းနှင်နေရာမှ ဖြစ်ပွားရသော ယာဉ်မတော်တဆမှု ဖြစ်ရပ်များသည်လည်း များပြားလျက်ရှိနေကြောင်း သတင်း ရရှိသည်။

ရန်ကုန်မြို့တော်အတွင်း ယခုနှစ်ဇန်န၀ါရီလမှ ဇွန်လကုန် အထိဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်ရာမှ ယာဉ်မတော်တဆမှု ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များရှိနေကြောင်း သိရသည်။

ယင်းသို့ ယာဉ်မောင်းလိုင်စင် မရှိဘဲ မောင်းနှင်နေရာမှ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများမှာ ရန်ကုန်မြို့တော်အတွင်း၌ ယခုနှစ် ဇန်န၀ါရီလတွင် ၉ မှုဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အဆိုပါ ဇန်န၀ါရီလတစ်လလုံးတွင် ယာဉ်မတော်တဆမှုပေါင်း ၅၄ မှုဖြစ်ပွားခဲ့ရာတွင် ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်ရာမှ ယာဉ်မတော်တဆ ဖြစ်ပွားခဲ့မှုသည် ၉ မှုရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါလတွင် ယာဉ်မောင်းသူများ၏ မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆမှု ၂၈ မှု ဖြစ်ပွားခဲ့ပြီး ၆ ဦးသေဆုံးကာ ၅၄ ဦး ဒဏ်ရာရရှိခဲ့သည်။ လမ်းကူးသူများ၏ ပေါ့ဆမှုများကြောင့်မှာ ၉ မှု ဖြစ်ပွားခဲ့ပြီး ၄ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလတွင်လည်း စုစုပေါင်း ယာဉ်မတော်တဆမှု ၆၁ မှု ဖြစ်ပွားခဲ့သည့်အနက် မဆင်မခြင် မောင်းနှင်မှုကြောင့်မှာ ၃၁ မှု၊ သေ ဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရရှိသူ ၅၄ ဦးရှိခဲ့ကြောင်း သိရပြီး လမ်းကူးသူ၏ ပေါ့ဆမှုကြောင့်မှာ ၁၆ မှု ဖြစ်ပွားခဲ့၍ ၃ ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယင်းဖြစ်စဉ်တို့၏နောက်တွင် ယာဉ်မောင်း လိုင်စင်မရှိဘဲ မောင်းနှင်နေရာမှာ မတော်တဆဖြစ်ပွားခဲ့မှုမှာ ၆ မှုရှိခဲ့ ပြီး ၂ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာ ရရှိခဲ့ပြီးအဆိုပါလတွင်လည်း တတိယအများဆုံး ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

မတ်လတွင်လည်း ယာဉ်မတော်တဆမှု စုစုပေါင်း ၆၉ မှုတွင် ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်ရာမှ မတော်တဆဖြစ်ပွားခဲ့မှုသည် ၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူမရှိခဲ့သော်လည်း ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့သည် ဟု သိရသည်။ ယင်းအပြင် ဧပြီလတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုပေါင်း ၅၈ မှုအနက် ၃ မှုမှာ လိုင်စင်မရှိမှုဖြစ်ကြောင်း သိရသည်။ မေလတွင် ယာဉ်မတော်တဆမှုပေါင်း ၅၅ မှုအနက် လိုင်စင်မရှိမှုမှာ ၆ မှု ဖြစ်ပွားခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့ သည်ဟု သိရှိရသည်။ ပြီးခဲ့သည့် ဇွန်လတွင်လည်းယာဉ်မတော်တဆမှု ပေါင်း ၅၁ မှုအနက်ယာဉ်မောင်း လိုင်စင်မရှိမှုမှာ ၂ မှုပါဝင်နေပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။ လစဉ် ရန်ကုန်မြို့တော် အတွင်း၌ ဖြစ်ပွားလျက်ရှိသော ယာဉ်မတော်တဆမှုဖြစ်စဉ်များ တွင် လမ်းကိုအသုံးပြုနေကြသူ များဖြစ်သည့် ယာဉ်မောင်းသူများ၏ မဆင်မခြင် မောင်းနှင်မှုကြောင့်လည်းကောင်း၊ လမ်းကူးသူများ၏ ပေါ့ဆစွာ လမ်းဖြတ်ကူးမှုများ၊ လမ်းအသုံးပြုနေမှုများ ကြောင့်လည်းကောင်း အဓိကဖြစ်ပွားနေရသည်ဟု စာရင်းများအရ သိရပြီး တရားဝင် ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ခွင့် မရရှိကြသေးမီတွင် ယာဉ်မောင်းနှင်နေကြရာမှ ဖြစ်ပွားသော ယာဉ်မတော်တဆမှုများသည်လည်း လစဉ်လိုလို ဖြစ်ပွားနေလျက် ရှိကြောင်းလည်း သိရသည်။

@news.eleven.com

poohcartoon
08-04-2010, 01:22 PM

မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူအရေအတွက် လေးသိန်းကျော်ရှိနေပြီး ရန်ကုန်မြို့သည် အင်တာနက်သုံးစွဲမှု အများဆုံးမြို့ဖြစ်ကြောင်း သိရ
http://img821.imageshack.us/img821/8436/bi3181.jpg
လတ်တလောစာရင်းများအရ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ အရေအတွက် လေးသိန်းကျော်ရှိနေပြီး ရန်ကုန်မြို့သည် အင်တာနက်သုံးစွဲမှု အများဆုံးဖြစ်ကြောင်း၊ မန္တလေးမြို့သည် ဒုတိယအများ ဆုံးသုံးစွဲသည့် မြို့ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ထားသော လိုင်းအရေအတွက်မှာ ၄၀၀၀၀ ကျော်ရှိပြီး အများစုမှာ ADSL အင်တာနက် လိုင်းဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။ ADSL လိုင်းဖြင့် အင်တာနက် သုံးစွဲသူအရေအတွက်မှာ ရန်ကုန်မြို့၌ အများဆုံးဖြစ်ပြီး အရေအတွက်အားဖြင့် ၅၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။

အင်တာနက်သုံးစွဲမှုများ၏ ရာခိုင်နှုန်း အများအပြားသည် လုပ်ငန်းပိုင်းဆိုင်ရာ အသုံးပြုမှုအတွက် တပ်ဆင်ထားခြင်းဖြစ်ပြီး အချို့ကသာ နေအိမ်များတွင် တပ်ဆင်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
'အခုလက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ အင်တာနက်လိုင်းတွေအဖြစ် MPT Satellite Terminal လိုင်း၊ Dial Up လိုင်းနဲ့ Wimax လိုင်းတွေကို အများပြည်သူတွေဆီ သုံးစွဲခွင့် ချထားပေးလျက် ရှိပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ အင်တာနက်ကဖေးက အင်တာနက်လိုင်းတွေကိုလည်း တိုးချဲ့ချထားပေးလျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ခရိုင်မြို့ကြီးတွေ အားလုံးနီးပါးကိုလည်း အင်တာနက်ကွန်ရက် လွှမ်းခြုံမှုရှိစေဖို့ ADSLလိုင်းတွေ တိုးချဲ့တပ်ဆင်ပေးပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအများဆုံး အသုံးပြုနေတဲ့ အင်တာနက်လိုင်း အမျိုးအစားက ADSL အမျိုးအစား ဖြစ်ပြီး ပြည်နယ်နဲ့တိုင်းရှိ မြို့ကြီး ၄၂ မြို့မှာ ADSL လိုင်းနဲ့ အင်တာနက်အသုံးပြုသူ တစ်သောင်းကျော် ရှိနေပြီဖြစ်ပါတယ်'ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

ထို့ပြင်ပြည်တွင်း၌ အင်တာနက်မြန်နှုန်းများ မြှင့်တင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဖိုက်ဘာဆက်ကြောင်းများ အပြင် ပြည်တွင်းဆက်ကြောင်းများ၌လည်း Bandwidth များ တိုးချဲ့နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှာအများဆုံး အသုံးပြုနေတဲ့ အင်တာနက်လိုင်း အမျိုးအစားက ADSL အမျိုးအစား ဖြစ်ပြီး ပြည်နယ်နဲ့တိုင်းရှိ မြို့ကြီး ၄၂ မြို့မှာ ADSL လိုင်းနဲ့ အင်တာနက်အသုံးပြုသူ တစ်သောင်းကျော် ရှိနေ..

'မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာနဲ့ ချိတ်ဆက်ထားတဲ့ အင်တာနေရှင်နယ် ဆက်ကြောင်းသုံးကြောင်း ရှိပါတယ်။ အဲဒီထဲက Sea Me We 3 နဲ့ Cross Border Link ဆက်ကြောင်းတွေက ဖိုက်ဘာစနစ်နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ နောက်တစ်ကြောင်းကတော့ Satellite Link ဖြစ်ပြီး Satellite စနစ်နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာသုံးစွဲနေတဲ့ အင်တာနက်အမြန်နှုန်းတွေ ပိုမိုမြင့်မားလာဖို့အတွက် အင်တာနေရှင်နယ် ဆက်ကြောင်းတွေရော ပြည်တွင်း ဆက်ကြောင်းတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးဆက်ကြောင်းစတဲ့ ဆက်ကြောင်းတွေမှာပါ Bandwidth တွေ တိုးချဲ့သွားမှာ ဖြစ်ပါတယ်'ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများအဖြစ် အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံများနှင့် ချိတ်ဆက်ထားကြောင်း သိရှိရသည်။

ထို့ပြင် ပြည်တွင်းအင်တာနက် မြန်နှုန်းများ ပိုမိုမြှင့်တင်နိုင်မည့် Fiber to Home စနစ်ကို ဆောင်ရွက်လျက်ရှိရာ ယခုအချိန်၌ မန္တလေးတိုင်းအတွင်း စတင်ဝန်ဆောင်မှုပေးလျက်ရှိပြီး ရန်ကုန်မြို့၌လည်း မကြာမီ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
@news.eleven.com

poohcartoon
08-04-2010, 01:23 PM
၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ပြည်တွင်းခရီးစဉ်များ၌ နိုင်ငံတကာအဆင့်မီ ၀န်ဆောင်မှုများ စတင်ပေးသွားမည်
http://img811.imageshack.us/img811/7323/bi3183.jpg
နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်နေရာအား ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်
လာမည့် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြည်တွင်းခရီးစဉ်များ၌ နိုင်ငံတကာအဆင့်မီ ၀န်ဆောင်မှုများ စတင်ပေးသွားမည်ဖြစ်ကြောင်း နေပြည်တော်လေဆိပ် လုပ်ငန်းခွင် ရှိ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
နေပြည်တော်လေဆိပ်အား Aisa World ကုမ္ပဏီမှ လေဆိပ် ဆောက်လုပ်ရေး စီမံကိန်းအဆင့် သုံးဆင့်ဖြင့်၂၀၀၉ ခုနှစ်အတွင်းက စတင်ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေကြောင်းခရီးစဉ်များ ဆိုက်ကပ်နိုင်မည့် အဆောက်အအုံ နှင့် ပြည်တွင်းခရီးစဉ် အသုံးပြု အဆောက်အအုံအသစ်ကို တစ်ပြိုင်နက် ဆောက်လုပ်နေပြီး ပြည်တွင်းလေဆိပ်သစ်ကိုမူ ဦးဆုံးပြီးစီးရန် ကြိုးပမ်းဆောင်ရွက် နေသည်ဟု ဆိုပါသည်။

'နိုင်ငံတကာက ခရီးသည်တင် လေယာဉ်တွေဆိုက်ဖို့ လေဆိပ်အဆောက်အအုံနဲ့ ပြည်တွင်းသုံးဖို့ အဆောက်အအုံကို တစ်ပြိုင်နက်တည်း ဆောက်နေတယ်။ ဒါပေမဲ့ ပြည်တွင်း ခရီးစဉ်အသုံးပြုမယ့် လေဆိပ်ကိုတော့ အရင်ဆုံး ပြီးအောင်လုပ်မယ်။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းလောက်ဆိုရင် နိုင်ငံတကာအဆင့်မီတဲ့ ၀န်ဆောင်မှုတွေကို ပြည်တွင်းခရီးစဉ် စီးမယ့်ခရီးသည်တွေကို ပေးသွားမှာပါ'ဟု လေဆိပ်လုပ်ငန်းခွင်မှ တာဝန်ရှိသူက ဆိုပါသည်။

၎င်းကပင်ဆက်လက်၍ 'အခု နိုင်ငံတကာခရီးစဉ်ကတော့ အစိုးရကိစ္စနဲ့ သွားလာမှုပဲရှိတယ်။ ပြည်တွင်းခရီးသည်တင် လေယာဉ်ခရီးစဉ်တွေ ရှိပါတယ်။ ၂၀၁၁ မှာပြည်တွင်း ခရီးစဉ်တွေမှာ နိုင်ငံတကာ အဆင့်မီ ၀န်ဆောင်ပေးဖို့က သွားမယ့်လေယာဉ်ဆီကို ကားနဲ့တစ်ဆင့်သွားစရာမလိုဘဲ Tube နဲ့ တစ်ခါတည်း လေယာဉ်ပေါ် အရောက်တက်တာ၊ ရွေ့လျားစက်နဲ့အိတ်သယ်တာ၊ ကျန်းမာရေး၊ လုံခြုံရေးစတဲ့ လေဆိပ်အတွင်းပိုင်း ၀န်ဆောင်မှုတွေအပြင်လေဆိပ်အပြင် က၀န်ဆောင်မှု၊ ဥပမာ တက္ကစီယာဉ်တွေ ထားပေးတာစတာတွေကို စနစ်တကျနဲ့ ပြည်တွင်းခရီးသည်တွေကို ၀န်ဆောင် ပေးသွားမှာပါ။ ပြောရရင် နိုင်ငံတကာခရီးစဉ်တွေမှာ ၀န်ဆောင် ပေးရသလိုမျိုးပဲ ပြည်တွင်းခရီးစဉ်တွေ လုပ်ပေးမှာပါ' ဟု ရှင်းပြခဲ့သည်။

နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆိုက်ကပ်ရပ်နား ၀င်ထွက်သွားလာနိုင်ရန် အတွက်လည်း ပြုလုပ်လျက်ရှိရာ သွားလာနိုင်မည့် နှစ်အတိအကျကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

'International Airport အတွက်ကတော့ အချိန်ယူရဦးမှာပါ။ အဆောက်အအုံအပြင်ကို လေယာဉ်ဆီဖြည့်တင်းနိုင်မှု၊ မြေပြင် ၀န်ဆောင်ပေးနိုင်မှု စတာတွေ အများကြီးလုပ်ဖို့ကျန်သေးလို့ပါ။ ဆီးဂိမ်းအမီတော့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး ဖွင့်နိုင်မယ်လို့ မျှော်မှန်းထားတာ ပါပဲ'ဟု လေဆိပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

စီမံကိန်းအဆင့်အလိုက် ဆောက်ရွက်ဆဲ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်
အကြောင်းအရာ
အရေအတွက်
စီမံကိန်းအဆင့်၁ လက်ရှိပြေးလမ်းနှင့်အပြိုင်သွားလမ်း
၁ ခု
အမြန် ၀င်/ထွက်လမ်း
၎ ခု
ဝင်/ထွက်လမ်း
၁ ခု
ရပ်နားရာနေရာ
၁ ခု
ခရီးသည် သုံးထပ်အဆောက်အအုံ
၁ ခု
ခရီးသည် တက်/ဆင်းတံတား
၁၀ စင်း
လေကြောင်းထိန်းမျှော်စင်
၁ ခု
Ground Service Equipments Maintenance အဆောက်အအုံ
၁ ခု
Fuel Farm
၁ ခု
Water Intake Station
၁ ခု
စီမံကိန်းအဆင့်၂ လေယာဉ်ရပ်နားရာနေရာ
၁ ခု
VIP လေယာဉ်ရပ်နားရာနေရာ
၁ ခု
ခရီးသည် အတက်/အဆင်းတံတား
၎ စင်း
Flight Catering အဆောက်အအုံ
၁ ခု
Government Complex အဆောက်အအုံ
၁ ခု
Airport Maintenance Base အဆောက်အအုံ
၁ ခု
စီမံကိန်းအဆင့်၃ ခရီးသည် အတက်/အဆင်းတံတား
၁၇ စင်း
လေယာဉ်သွားလမ်းနှင့်အပြိုင် Dual Parallel Taxiway
၁ ခု
လေယာဉ်ပြေးလမ်း
၁ ခု
Dual Parallel Taxiway
၁ စုံ
လေယာဉ်အမြန်ဝင်/ထွက်လမ်း
၎ ခု
လေယာဉ်ဝင်/ထွက်လမ်း
၎ ခု
ကုန်တင်လေယာဉ်ရပ်နားနေရာ
၁ ခု


@news.eleven.com

poohcartoon
08-04-2010, 01:24 PM
ဝါတွင်းကာလတွင် စစ်ကိုင်းမြို့ရှိ စေတီပုထိုးများအား ဘုရားစဉ်အလိုက် ဆွမ်းကြီးကပ်လှူသည့် ဘုရားပွဲတော်များ စတင်
http://www.news-eleven.com/images/stories/myanmar/loc/b31822
ဝါတွင်းကာလတွင် စစ်ကိုင်းမြို့ရှိ စေတီပုထိုးများအား ဘုရားစဉ်အလိုက် ဆွမ်းကြီးကပ်လှူသည့် ဘုရားပွဲတော်များကို ၀ါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ကျင်းပလေ့ရှိရာ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင် စေတီတော်၌ ဇူလိုင်လ ၂၆ ရက်နေ့(‘ဒုတိယ၀ါဆိုလပြည့်နေ့) နံနက် အရုဏ်တက်ချိန်တွင် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းဖြင့် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့ရှိ ၀ါတွင်းဘုရားစဉ် ၁၄ ပွဲတွင် ဆွမ်းဦးပုညရှင် စေတီတော်၌ ပထမဆုံး ဆွမ်းဦးကပ်လှူကြခြင်းဖြစ်ပြီး ဆွမ်းဦးပုညရှင် စေတီတော်တွင် အရုဏ်တော်ဝတ်အသင်းများနှင့်အတူ အနယ်နယ်အရပ်ရပ်မှ လာရောက်၍ ဆွမ်းဦးကပ်လှူပူဇော်ကြ သော်လည်း လာရောက်ကပ်လှူ ပူဇော်သူများအနေဖြင့် မည်မျပင်လာစေကာ မူနတ်၊သိကြားများမှ ဆွမ်းဦးကပ်လှူပြီး ဖြစ်နေလေ့ရှိကြောင်း အစဉ်အဆက် ယုံကြည်ခဲ့ကြသည်။ စစ်ကိုင်းမြို့ ၀ါတွင်းဘုရားစဉ် ၁၄ ပွဲကို ပေါရာဏ လင်္ကာ မင်္ဂလာမှတ်တမ်းအရ 'ပုံ၊ တောင်၊ဇေ ၊ချမ်း၊ ဥ၊ နန်း၊ နံ၊ လေး၊ ပ၊ ထူ၊ ရှင်၊ ငါး၊ အောင်၊ ကောင်း'ဟူ၍ အစဉ်အတိုင်း ကျင်းပခြင်းဖြစ်ပြီး စစ်ကိုင်းမြို့၏ ဆွမ်းတော်ကြီး(အရုဏ်တော်) အသင်းများ စတင်ပေါ်ပေါက်လာသည့် နှစ်ကို ''ဥသြမြည်ဟည်းဆွမ်းတော်ကြီး'' ဟူသော နိယံမှန်စကားအရ မြန်မာသက္ကရာဇ် ၁၁၅၆ ခုနှစ် ဘိုးတော်ဘုရားလက်ထက် ကတည်းက ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်အတွင်းရှိ ရွာထောင်ရပ်၊ ရွှေသမားရပ်၊ အိုးဘိုရပ်၊ မန်ကျည်းစင်၊ တင်းတိပ်၊ ဆွမ်းချက်၊ ပုဂံရပ်၊ စီတီး၊ ပဲကတိုး၊ လက်လှုပ်၊ ရေခါးစသော ကျေးရွာ၊ ရပ်ကွက်များရှိ ဆွမ်းတော်ကြီး အသင်းများမှာ "ကောင်း၊ ပု၊ ရှင်၊ မင်၊ မြ၊ ဖီ၊ မီ၊ ဗော၊ ချမ်း၊ နန်း၊ စေ၊ လဲ၊ ကောင်း"ဟူ၍ ဘုရားစဉ်များ ခွဲခြား၍ ကပ်လှူပူဇော်လေ့ရှိကြောင်း သိရှိရသည်။ယင်းသို့ ခွဲခြား၍ ဆွမ်းတော်ကြီးကပ်လှူခြင်းမှာ ဘုရားပုထိုးများတွင် နေရာထိုင်ခင်း အခက်အခဲမရှိစေရန် တောင်ဘီလူး ဆရာတော်ကြီးက ညှိနှိုင်းမှုပြုစေပြီး ဆွမ်းတော်ကြီး ကပ်လှူခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။ "ဆွမ်းတော်ကြီး ကပ်လှူရာမှာ တောပွဲနဲ့မြို့ပွဲ ခွဲခြားပြီး ၀ါတွင်းကာလ ဥပုသ်နေ့တိုင်းမှာ ဘုရားစဉ်လင်္ကာအလိုက် ကပ်လှူခဲ့ကြတာ။ တောပွဲလို့ခေါ်တဲ့ ဘုရားစဉ်မှာ ရေခါးကျေးရွာမှာရှိတဲ့ ရွှေမြင်းမီဘုရား(မီ)၊နောက်ပြီး ဗောဓိကျိုက်ပတိုင်ဘုရား(ဗော)နဲ့ ပြူကံရွာအနီး ကလဲကျောင်းသိမ်း(လဲ)စတဲ့ ဘုရားစဉ်သုံးခုပဲ ကွဲလွဲပြီး ကျန်တဲ့ဘုရားတွေကတော့ နေ့ရက်လွှဲ ကပ်လှူတာပဲ ကွာ တာပါ"ဟု စစ်ကိုင်းမြို့ခံ လူကြီးတစ်ဦးက ပြောပြပါသည်။

http://www.news-eleven.com/images/stories/myanmar/loc/b31823

စစ်ကိုင်းမြို့ ၀ါတွင်းဘုရားစဉ်များ
စဉ် စေတီအမည်
တည်သည့်ခုနှစ် တည်ထားကိုးကွယ်သည့်ပုဂ္ဂိုလ ပွဲတော်ရက်များ(မြန်မာသက္ကရာဇ်)
၁။ ဆွမ်းဦးပုညရှင်(ပုံ) ၆၇၄ ပုညအမတ် ၀ါဆိုလပြည့်(၀ါထပ်လျင်ဒုတိယ၀ါဆိုလပြည့်နေ့)
၂။ တောင်ဖီလာ(တောင်) ၁၀၀၃ ပထမတောင်ဖီလာဆရာတော ၀ါဆိုလပြည့်ကျော် ၈ ရက်နေ့
၃။ ဇေ၀တန်(ဇေ) (ဂေါတမမြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်) ဇေတနတ်ဘီလူး ၀ါဆိုလကွယ်နေ့
၎။ ချမ်းသာကြီး၊ ချမ်းသာရ(ချမ်း) ၄၂၀ ကြံသိုင်းအမတ် ၀ါခေါင်လဆန်း ၈ ရက်
၅။ ဥမင်သုံးဆယ်(ဥ) ၁၀၅၀ ပတူသင်္ဃာရာဇာ ၀ါခေါင်လပြည့်နေ့
၆။ ရှင်ပင်နန်းဦး(နန်း) ၆၀၆ သီဟိုဠ်ရောက် ဘုန်းကြီးမဟာထေရ် ၀ါခေါင်လပြည့်ကျော် ၈ ရက်
၇။ ရှင်ပင်နံကိုင်း(နံ) ၄၂၀ ကြံသိုင်းအမတ် ၀ါခေါင်လကွယ်
၈။ လေးကျွန်းမာရ်အောင်(လေး) ၄၂၀ ဆင်ဖြူရှင်မင်း တော်သလင်းလဆန်း ၈ ရက်
၉။ ပတ္တမြားစေတီ(ပ) ၁၀၈၆ ပတူသင်္ဃာရာဇာ တော်သလင်းလပြည့်
၁၀။ ထူပါရုံ(ထူ) ၆၆၂ နရပတိမင်း တော်သလင်းလပြည့်ကျော် ၈ ရက်
၁၁။ ရှင်ဖြူရှင်ဘုရား(ရှင်) ၈၀၆ အလောင်းစည်သူမင်းကြီး တော်သလင်းလကွယ်
၁၂။ ငါးထပ်ကြီးဘုရား(ငါး) ၄၇၈ မင်းရဲနန္တမိတ် သီတင်းကျွတ်လဆန်း ၁ ရက်မှ ၈ ရက်နေ့အထိ
၁၃။ အောင်မြေလောက (အောင်) ၁၀၂၀ ဘိုးတော်ဘုရား သီတင်းကျွတ်လကွယ်
၁၄။ ကောင်းမှုတော်ဘုရား(ကောင်း) ၉၉၈ သာလွန်မင်းတရားကြီး သီတင်းကျွတ်လပြည့်

@news.eleven.com

poohcartoon
08-04-2010, 01:24 PM
မြန်မာနိုင်ငံမှ ၀ါးထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့ နှစ်စဉ်ပျမ်းမျှ ဒေါ်လာငါးသန်းကျော် တင်ပို့ ၊နည်းပညာ၊ အရင်းအနှီးတိုးမြှင့်ပါက အလားအလာကောင်းသော ပြည်ပပို့ကုန် အမယ်ဖြစ်လာနိုင
http://www.news-eleven.com/images/stories/myanmar/loc/bi3186.jpg
မြန်မာနိုင်ငံမှ ၀ါးထုတ်ကုန် ပစ္စည်းများကို ပြည်ပသို့နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ငါးသန်းကျော် (၅ ဒသမ ၂ သန်းခန့်) တင်ပို့လျက်ရှိကြောင်း ဇူလိုင်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် တန်ဖိုးမြှင့်ဝါးထွက် ပစ္စည်းထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှ သတင်းရရှိပါ သည်။

ထိုကဲ့သို့ တင်ပို့ရာတွင် ၀ါးမီးသွေး၊ ၀ါးတူ၊ ၀ါးချောင်း၊ ၀ါးဦးထုပ်၊ ၀ါးပါကေး၊ ၀ါးဖြတ်ပိုင်း၊ ၀ါးစပြား၊ ၀ါးပျော့ဖတ်နှင့် အခြားလူသုံးကုန် ၀ါးအသုံးအဆောင်ဖြစ်ပြီး အာရှနှင့် အရှေ့တောင်အာရှနှင့် ဥရောပနိုင်ငံ များကြောင်း သိရသည်။
၂၀၀၅-၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် အခြားဝါးထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှုတင်ပို့နိုင်မှု သိသာစွာ ကျဆင်းသွားသော်လည်း ၂၀၀၅-၂၀၀၆ မှစ၍ ၀ါးပျော့ဖတ်ပြည်ပသို့ တင်ပို့နိုင်ခဲ့သဖြင့် အသားတင်ပို့ကုန် တန်ဖိုးမြင့်လာကာ ၂၀၀၅-၂၀၀၆ တွင် စုစုပေါင်းအသားတင် တင်ပို့မှု၏ ၇၇ ရာခိုင်နှုန်း ရှိလာသည်ဟု သိရသည်။

'ပြည်ပတင်ပို့မှု တိုးမြှင့်ဖို့ဆိုရင် နည်းပညာ၊ ဈေးကွက်၊ အရင်းအနှီး ပိုင်းမှာလိုအပ်ချက်တွေရှိနေပါတယ်။ ကျွန်တော်တို့ဆီမှာ ၀ါးကို ပြည်ပတင်ပို့နိုင်ဖို့ ဆိုတာထက် အိမ်သုံးအဖြစ် ထုတ်ယူသုံးစွဲတာ များတာက ၀ါးကုန်ကြမ်း အရည်အသွေးကို နိမ့်ကျစေပြီး ကုန်ချောထုတ်ရာမှာ ထိခိုက်စေပါတယ်'ဟု ဆွေးနွေးပွဲ တက်ရောက်သူ ၀ါးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

'ရိုးရာလက်မှုလုပ်ငန်းကို အခြေခံပြီး ခေတ်မီနည်းပညာ၊ ဒီဇိုင်းသစ်၊ အမယ်သစ်တွေကို ရင်းနှီးမြှုပ်နှံမှု အင်အားကောင်းကောင်းနဲ့ဈေးကွက် ထိုးဖောက်ဆိုရင် ၀ါးထွက်ပစ္စည်း လုပ်ငန်းကနေ ပြည်ပပို့ကုန်ဝင်ငွေ အများကြီး တိုးလာနိုင်ပါတယ်' ဟု ၎င်းက ထပ်မံပြောကြားသည်။

ဈေးကွက်ဝင် ၀ါးအမျိုးအစားများကို တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနိုင်ငံ စသည်တို့မှမျိုးများ၊ နည်း ပညာများရယူပြီး သင့်လျော်သည့် စိုက်ခင်းနေရာများ ချမှတ်ပေးကာ ၀ါးစိုက်ခင်းများ စနစ်တကျပျိုးထောင် ပေးသင့်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း ကြိမ်/၀ါး လုပ်ငန်းစု အလုပ်အမှုဆောင် ဦးသန်းလှိုင်က ဆိုပါသည်။

ဝါးထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့မှု
ခုနှစ် တန်ဖိုး(အမေရိကန်ဒေါ်လာ)
၂၀၀၃-၂၀၀၄ ၁၁၅၁၆၅၆
၂၀၀၄-၂၀၀၅ ၁၆၂၄၉၇၂
၂၀၀၅-၂၀၀၆ ၄၃၂၇၆၇၇
၂၀၀၆-၂၀၀၇ ၁၂၇၆၈၈၉၀
၂၀၀၇-၂၀၀၈ ၃၉၈၄၇၃၈
၂၀၀၈-၂၀၀၉ ၇၂၇၁၃၄၉
@news.eleven.com

poohcartoon
08-04-2010, 01:25 PM

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ လူတစ်ထောင်လျှင် ၃၇ ဦးဝန်းကျင် ဖုန်းကိုင်ဆောင် အသုံးပြုလျက်ရှိကြောင်း သိရ
အများပြည်သူထံသို့ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်းအလုံးရေ ငါးသိန်းနီးပါးနှင့် CDMA အမျိုးအစားဖုန်း အလုံးရေ ခုနစ်သိန်းကျော် ကို ချထားပေးပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန်ချက် များအရ သိရှိရသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်း၊ GSM တယ်လီ ဖုန်း၊ CDMA (Mobile) တယ်လီဖုန်း၊WCDMA တယ်လီဖုန်း၊ D- AMPS တယ်လီဖုန်း၊ Mc WLL တယ်လီဖုန်း၊ ARTS ရေဒီယိုတယ်လီဖုန်း၊ DECT ရေဒီယိုတယ်လီဖုန်း စသည်ဖြင့် တယ်လီဖုန်းအမျိုးအစား ၁၀ မျိုးဝန်းကျင်ကို အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

ယခုလအထိ GSM တယ်လီ ဖုန်း ၄၉၄၃၀၀ လုံး၊ CDMA (Mobile) တယ်လီဖုန်း ၅၄၅၆၅၀ လုံး၊ CDMA 800 တယ်လီဖုန်း ၁၅၀၀၀၀ လုံး၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ လုံး၊ WCDMAတယ်လီဖုန်း ၂၈၀၀၀ လုံး ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။
ဒေသတွင်းနိုင်ငံများ နှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ တယ်လီဖုန်းကိုင်ဆောင် အသုံးပြုနိုင်မှု ပမာဏသည် နည်းပါးနေသေးကြောင်း...

ထို့အပြင် မြန်မာနိုင်ငံ၌ မိုဘိုင်းတယ်လီဖုန်း အလုံးရေစုစုပေါင်း ၁၃၀၆၃၅၀ (၁၃သိန်းကျော်) နှင့် အော်တိုတယ်လီဖုန်း (လိုင်းဖုန်း) ၈၆၆၀၈၄ လုံးကို ချထားပေးပြီး ဖြစ် ကြောင်း ဆက်လက်ချထားပေးနိုင်ရန် လည်းစီစဉ်လျက်ရှိကြောင်းသိရသည်။ ၁၉၉၇ ခုနှစ်တွင် မိုဘိုင်းဖုန်းအဖြစ် ဆယ်လူလာဖုန်းကို စတင်ချထားပေးခဲ့ပြီး နောက်ပိုင်းတွင် CDMA ခြင်းဖုန်းများကို ငှားရမ်း သုံးစွဲခွင့်ပြုခဲ့သည်။ ထို့နောက် CDMA မိုဘိုင်း၊ ၂၀၀၀ နှင့် ၂၀၀၁ ခုနှစ် ၀န်းကျင်တွင် GSM စသဖြင့် ချထားပေးခဲ့ကြောင်း သိရှိရသည်။

ငွေကျပ် ၁၅ သိန်းပေးသွင်း၍ GSM ဖုန်းများ ငှားရမ်းသုံးခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင် မြို့အသီးသီး၌ မိုဘိုင်းဖုန်းသုံးစွဲမှု တိုးတက်လာပြီး သုံးစွဲခွင့်ရသည့် လူဦးရေလည်း တိုးတက်လာခဲ့သည်။ ၂၀၀၇ ခုနှစ် အတွင်း လက်ကိုင်ဖုန်းနှင့် အထိုင်ဖုန်းအဖြစ်ပါ အသုံးပြုနိုင်သည့် ကမ်းရိုးတန်းဖုန်းများလည်း ၀င်ရောက်မှုရှိလာခဲ့သည်။ သုံးစွဲနိုင်သည့် အရေအတွက်နည်းခဲ့သော်လည်း နေရာစုံတွင် အသုံးချနိုင်မှု ပိုလာခဲ့သည်။ ထို့နောက်GSM, WCDMA တစ်ခါသုံး Prepaid ကတ်များကို ၂၀၀၉ခုနှစ်တွင် စတင်ချထားပေးမှုများ ရှိလာခဲ့ပြီး 800MHz CDMA ငါးသိန်းတန်ဖုန်း အမျိုးအစားများကို ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ချထားပေးခဲ့ကြောင်း သိရှိရသည်။ ငါးသိန်းတန်ဖုန်းများ ချထားပေးမှုကြောင့် လူလတ်တန်းစား အများအပြား ဖုန်းဝယ်ယူအသုံးပြုနိုင်မှု ပိုမိုများပြားလာခဲ့ပြီး ယခုအချိန်တွင် ဖုန်းဈေးကွက်အတွင်း ၌ GSM ဖုန်းပေါက်ဈေးများ သိသာစွာ ကျဆင်းလာခဲ့ပြီး ဖုန်းအငှားဈေး ကွက်မှာလည်း အလွန်နည်းပါးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် လက်ရှိအချိန်၌ GSM ဖုန်းကိုင်ဆောင် အသုံးပြုနေသူများသည် မိမိတို့လက်ဝယ်ရှိ GSM ဖုန်းများကို ပြန်လည်ရောင်းချကာ ငါးသိန်းတန်ဖုန်းများဖြင့် အစားထိုး အသုံးပြုခြင်းဖြင့် ဖုန်းအသုံးပြုရန် အတွက် ရင်းနှီးမြှုပ်နှံထားရသည့် ငွေပမာဏကို လျှော့ချခြင်းများကိုလည်း ပြုလုပ်မှုများရှိလာကြောင်း သိရှိရသည်။

'မိုဘိုင်းဖုန်းတွေ ပေါပေါများများ ချထားပေးမှုမရှိတဲ့အချိန်က ကြိုးဖုန်း(လိုင်းဖုန်း)တွေကိုပဲ အားထားပြီး အသုံးပြုခဲ့ရပါတယ်။ အခုနောက်ပိုင်းမှာ CDMA 800MHz ဖုန်းတွေလိုမျိုး မိုဘိုင်းဖုန်းတွေကို ငွေကျပ်ငါးသိန်းဝန်းကျင်နဲ့ ချထားပေးမှုတွေ ရှိလာတဲ့အတွက် ဖုန်းအသုံးပြုနိုင်သူဦးရေတော့ တိုးလာမယ့် သဘောမှာရှိပါတယ်။ ဒါပေမယ့် မိုဘိုင်းဖုန်းတွေရဲ့ ခေါ်ဆိုခနှုန်းထားတွေအရ ကြိုးဖုန်းလိုမျိုး အချိန်အများကြီး ခေါ်ဆိုအသုံးပြုတာမျိုးထက် အရေးကြီးတဲ့ကိစ္စတွေ ရှိတဲ့အခါမျိုးမှာပဲ ချင့်ချင့်ချိန်ချိန် ဆက်သွယ် အသုံးပြုပါတယ်'ဟု တယ်လီဖုန်း သုံးစွဲသူတစ်ဦးက ပြောကြားခဲ့သည်။

သို့သော် ဒေသတွင်းနိုင်ငံများ နှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ တယ်လီဖုန်းကိုင်ဆောင် အသုံးပြုနိုင်မှု ပမာဏသည် နည်းပါးနေသေးကြောင်း၊ အထူးသဖြင့် မိုဘိုင်းဖုန်းအသုံးပြုရန် အတွက် ကနဦး ရင်းနှီးမြှုပ်နှံရငွေ မှာ အလွန်နည်းပါးသည့် နည်းတူ အလွယ်တကူဝယ်ယူ အသုံးပြုနိုင်မှုနှင့် ခေါ်ဆိုအသုံးပြုခ သက်သာမှုသည်လည်း ယင်းနိုင်ငံများ၏ ဖုန်းသုံးစွဲနိုင်မှု ပိုမိုမြင့်မားရခြင်း၏ အကြောင်းအရင်းတစ်ရပ် ဖြစ်နိုင်ကြောင်း မိုဘိုင်းဖုန်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
@news.eleven.com

poohcartoon
08-04-2010, 01:26 PM

အိန္ဒိယနိုင်ငံမှ တာတာကားကုမ္ပဏီက မော်တော်ယာဉ်များ ကျောက်ဆည် စက်မှုနယ်မြေတွင် အမှတ်(၂)စက်မှုဝန်ကြီးဌာနနှင့် ဖက်စပ်ထုတ်လုပ်မည်
အိန္ဒိယနိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် တာတာမော်တော်ယာဉ်ကုမ္ပဏီသည် မြန်မာနိုင်ငံ ကျောက်ဆည်စက်မှုနယ်မြေတွင် တာတာအမျိုးအစား မော်တော်ယာဉ်သစ်များကို အမှတ်(၂)စက်မှုဝန်ကြီးဌာန မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း နှင့် ဖက်စပ်ထုတ်လုပ်သွားမည် ဖြစ်သည်ဟု သိရသည်။

တာတာ မော်တော်ယာဉ် ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မော်တော်ယာဉ် ထုတ်လုပ်ရန်အတွက် ၂၀၀၉ ခုနှစ်ကတည်းက သဘောတူညီချက်များ ရရှိခဲ့ပြီးဖြစ်ပြီး မြန်မာနိုင်ငံဘက်မှလည်း ဖက်စပ် ဆောင်ရွက်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်ထားပြီးဖြစ်သည်ဟုလည်း သိရသည်။

တာတာ မော်တော်ယာဉ်ကုမ္ပဏီ နှင့် မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းတို့သည် တာတာ ဆလွန်းကား၊ တာတာအပေါ့စား ကုန်တင်ကား၊ တာတာ ခရီးသည်တင်ယာဉ်များကိုပါ မြန်မာနိုင်ငံတွင် ဖက်စပ်ထုတ်လုပ်သွားဖွယ်ရှိသည်ဟု လည်း သိရသည်။

တာတာဆလွန်း လေးယောက်စီး မော်တော်ယာဉ်ကို တစ်နှစ်လျှင် အစီးရေ တစ်သောင်းခန့် ထုတ်လုပ် ခွင့်ရဖွယ်ရှိသည်ဟု သိရပြီး တာတာ ဆလွန်းတစ်စီးလျှင် စက်ရုံထုတ်ဈေး မှာ ကျပ်ငွေ သိန်း ၅၀ ၀န်းကျင် အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့် ဖြစ်နိုင်သည်ဟုလည်း သိရသည်။

အမှတ် (၂) စက်မှုဝန်ကြီးဌာနသည် မော်တော်ယာဉ်ဖက်စပ် ထုတ်လုပ်မှုကို မြန်မာနိုင်ငံတွင် ၁၉၇၀ ခုနှစ် ၀န်းကျင်ကာလက ဂျပန်နိုင်ငံ မာဇဒါ မော်တော်ယာဉ် ကုမ္ပဏီနှင့် လည်းကောင်း၊ ၁၉၉၀ ၀န်းကျင်ခန့် က တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီနှင့်လည်းကောင်း၊ ၂၀၀၃ ခုနှစ် ၀န်းကျင်ခန့်က ဂျပန်နိုင်ငံ ဆူဇူကီး ကုမ္ပဏီနှင့်လည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် တရုတ်ကုမ္ပဏီတစ်ခုဖြင့် လည်းကောင်း ဖက်စပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

@news.eleven.com

poohcartoon
08-04-2010, 01:27 PM
မြန်မာနိုင်ငံ၏ အရေးကြီးလမ်းပိုင်းများ အားလုံးနီးပါး BOT စနစ်ဖြင့် လုပ်ကိုင်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးစီး
http://www.news-eleven.com/images/stories/main/we5431.jpg

မြန်မာနိုင်ငံ၏ အရေးကြီး လမ်းမကြီးများ အားလုံးနီးပါးကို အပိုင်းလိုက်ခွဲကာ BOT စနစ်ဖြင့် လမ်းတံတားကြေးကောက်ခံရန်၊ လမ်းပြုပြင် ဖောက်လုပ်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်းပေးလျက် ရှိရာလမ်းပိုင်းများ အားလုံးနီးပါးကို လွှဲပြောင်းပြီးစီးသည့် အနေအထား ရှိလာသည်ဟု တရားဝင်ထုတ်ပြန် ချက်များအရ သိရှိရသည်။
ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်- နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး ကဲ့သို့သော အဓိကလမ်းမကြီးများ အပါအ၀င် အရေးကြီးလမ်းမကြီးများအား အပိုင်းလိုက်ဖြင့် ပုဂ္ဂလိက ကုမ္ပဏီများမှ လမ်းတံတားကြေး ကောက်ခံခွင့် အပါအ၀င် လမ်းပိုင်းများကို BOTစနစ်ဖြင့် ပြုပြင်လုပ်ကိုင်ရန်အတွက် လွှဲပြောင်းပေးထားပြီးဖြစ်သည်။
ယင်းအပြင် အရေးကြီးလမ်းမကြီးများကို အပိုင်းလိုက်ခွဲ၍ လမ်းပြုပြင်ဖောက်လုပ်သည့် လုပ်ငန်း BOT စနစ်ဖြင့် လုပ်ကိုင်ရေးအတွက်လည်း ပုဂ္ဂလိကကုမ္ပဏီ ခြောက်ခုသို့ ထပ်မံလွှဲပြောင်းပေးပြီးဖြစ်သည်။ ထို့အတွက် BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးခဲ့ပြီးဖြစ်သည့် လမ်းပိုင်းများကို ကြည့်ပါက နိုင်ငံတွင်းရှိအရေးပါသော လမ်းပိုင်းများ အားလုံးနီးပါးကို ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်းပေးလိုက်ပြီး ဖြစ်သည်ဟု ဆိုနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြသည်။
http://www.news-eleven.com/images/stories/myanmar/mm/we5432.jpg
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကကုမ္ပဏီ ခြောက်ခုနှင့် လမ်းပြုပြင်ဖောက်လုပ်မှု လုပ်ငန်းလုပ်ကိုင်ရေးနှင့် လွှဲပြောင်းပေးရေး (BOT) စာချုပ်ကို ဇူလိုင်လ ၂၆ ရက်နေ့တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန် ကြီးဌာန အစည်းအဝေးခန်းမ၌ ချုပ်ဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရှိရသည်။
အခုပုဂ္ဂလိက ကုမ္ပဏီခြောက်ခုကို ပေးလိုက်တာနဲ့ ပထမ ပေးထားတာတွေပေါင်းရင် မြန်မာနိုင်ငံမှာရှိတဲ့ အရေးကြီးလမ်းမကြီးတွေကို ပုဂ္ဂလိကလုပ်ကိုင်ဖို့ လွှဲပြောင်းပေးတာ လမ်းပိုင်းအားလုံးနီးပါး ကုန်သလောက်တောင် ဖြစ်သွားပြီလို့ ပြောရမယ့် အနေအထားပါ

အဆိုပါ ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီ ခြောက်ခုတွင် အေးရှားဝေါလ်၊ ရွှေသံလွင်၊ ခိုင်မာသောပန်းတိုင် ဆောက်လုပ်ရေးကုမ္ပဏီ၊ တောင်ပေါ်ဒေသ ဆောက်လုပ်ရေးကုမ္ပဏီ၊ ရွှေတောင် နှင့် မြတ်နိုးသူကုမ္ပဏီတို့ ပါဝင်ကြောင်း သိရှိရသည်။
ထိုကဲ့သို့ စာချုပ်ချုပ်ဆိုရာတွင် ရွှေသံလွင်ကုမ္ပဏီမှ ရန်ကုန်-မြိတ် ပြည်ထောင်စုလမ်းမကြီး၏ ကျိုက်ထို- သထုံ-မော်လမြိုင်အပိုင်း ၇၈ မိုင် ၆ ဖာလုံနှင့် သထုံ-ဘားအံလမ်း ၂၆ မိုင် ၂ ဖာလုံအား ပြုပြင်ဖောက် လုပ်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အေးရှားဝေါလ် ကုမ္ပဏီမှ ရန်ကုန်-ပုသိမ်လမ်း ၁၁၃ မိုင်၊ ပုသိမ်-ငွေဆောင်လမ်း ၂၉ မိုင် ၅ ဖာလုံနှင့် မြစ်ငယ်-ထုံးဘို ပြင်ဦးလွင်လမ်း ၉ မိုင် ၃ ဖာလုံကိုလည်းကောင်း၊ ရွှေတောင် ကုမ္ပဏီမှ မန္တလေး-စစ်ကိုင်း-မုံရွာ-ရေဦးလမ်း၏ စစ်ကိုင်း-မုံရွာအပိုင်း ၇၃ မိုင် ၃ ဖာလုံနှင့် မန္တလေး-စစ်ကိုင်း-ရွှေဘိုလမ်း၏ အုန်းတော-ရွှေဘို အပိုင်း ၄၃ မိုင်ကို လည်းကောင်း၊ မြတ်နိုးသူကုမ္ပဏီမှ မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦး-ပုဂံ လမ်း ၉၃ မိုင် ၆ ဖာလုံနှင့်ညောင်ဦး- မြင်းခြံလမ်း မိုင် ၄၀ နှင့် ၂ ဖာလုံကို လည်းကောင်း၊ တောင်ပေါ်ဒေသလမ်း ဆောက်လုပ်ရေးကုမ္ပဏီမှ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်း၏ မိတ္ထီလာ-တောင်ကြီးအပိုင်း မိုင်၁၄၀နှင့် ၅ဖာလုံကိုလည်းကောင်း၊ ခိုင်မာသော ပန်းတိုင်ကုမ္ပဏီမှ မိုးကောင်း-ကာမိုင်း- ဖားကန့်လမ်း၏ ပါဟုတ်-ကာမိုင်း-လ၀-လုံခင်း အပိုင်း မိုင် ၆၀နှင့် မန္တလေး-ရွှေဘို- မြစ်ကြီးနားလမ်း၏ နန့်စီးအောင်-နမ္မတီးအပိုင်း ၈၉မိုင်ကိုလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ပုဂ္ဂလိကလုပ်ငန်း ကုမ္ပဏီ ခြောက်ခုအနေဖြင့် လမ်းမိုင်ပေါင်း ၇၉၀ မိုင်ကို ပြုပြင်ဖောက်လုပ်လုပ်ငန်း လုပ်ကိုင်ရေးကို စာချုပ်ချုပ် ဆိုရရှိခဲ့သည်ဟု သိရသည်။
'လမ်းပိုင်းတွေကို အခုပုဂ္ဂလိက ကုမ္ပဏီခြောက်ခုကို ပေးလိုက်တာနဲ့ ပထမ ပေးထားတာတွေပေါင်းရင် မြန်မာနိုင်ငံမှာရှိတဲ့ အရေးကြီးလမ်းမကြီးတွေကို ပုဂ္ဂလိကလုပ်ကိုင်ဖို့ လွှဲပြောင်းပေးတာ လမ်းပိုင်းအားလုံးနီးပါး ကုန် သလောက်တောင် ဖြစ်သွားပြီလို့ပြောရမယ့် အနေအထားပါ။ ကျန်တာတွေတော့ ရှိသေးတယ်ဆိုပေမယ့် အခုပေးထားတဲ့အပိုင်းတွေက အဓိကကျတဲ့ အပိုင်းတွေလေ။ အခုလုပ်ကိုင်ခွင့် ရထားသူတွေအနေနဲ့ သုံးနှစ် အခွန် ကင်းလွတ်ခွင့် ရထားသလို လေးနှစ် ကနေ ၁၃ နှစ်အထိကိုလည်း ငါးရာခိုင်နှုန်းပဲ အခွန်ပေးဆောင်ဖို့ သတ်မှတ် ထားတာတွေ့ရတယ်'ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ခဲ့သည်။

ရန်ကုန်တိုင်းအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကောက်ခံသည့် လမ်းကြေးနှုန်း(တစ်မိုင်နှုန်း)
ယာဉ်အမျိုးအစား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း
၂ တန်အောက်ယာဉ်ငယ် ၀ ကျပ် ၆၀ ပြားနှုန်း
၂ တန်အောက်ခရီးသည်ယာဉ်(ဒိုင်နာပါ) ၂ ကျပ် ၅၀ ပြားနှုန်း
၂ တန်မှ ၅ တန်အောက်ယာဉ် ၂ ကျပ် ၅၀ ပြားနှုန်း
၅ တန်အထက် ခရီးသည်တင်ယာဉ်ကြီး ၃ ကျပ် ၁၅ ပြားနှုန်း
၅ တန်အထက် ကုန်တင်ယာဉ်ကြီး ၆ ကျပ် ၂၅ ပြားနှုန်း
၁၃ တန်အထိယာဉ်ကြီး ၂၅ ကျပ်နှုန်း(ပဲခူး၊ တိုက်ကြီး၊ လှိုင်သာယာဂိတ်များတွင်)
၁၃ တန်အထက်ယာဉ်ကြီး ၅၀ ကျပ်နှုန်း(ပဲခူး၊ တိုက်ကြီး၊ လှိုင်သာယာဂိတ်များတွင်)

B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ရသည့် ပုဂ္ဂလိကကုမ္ပဏီအချို့၏ လမ်းကြေးကောက်ခံမှုနှုန်း(တစ်မိုင်နှုန်း)
ယာဉ်အမျိုးအစား ပုဂ္ဂလိကကုမ္ပဏီများ
၁ တန်အောက်ယာဉ်ငယ် ၄ ကျပ်မှ ၁၃ ကျပ်နှုန်း
၁ တန်မှ ၃ တန်အထိယာဉ် ၁၂ ကျပ်မှ ၃၉ ကျပ်နှုန်း
၅ တန်အောက်ယာဉ် ၂၀ ကျပ်မှ ၆၅ ကျပ်နှုန်း
၁၀ တန်အောက်ကုန်တင်ယာဉ် ၃၀ ကျပ်မှ ၄၁ ကျပ်နှုန်း
၂၀ တန်အထိယာဉ် ၅၉ ကျပ်မှ ၈၂ ကျပ်နှုန်း
၂၀ တန်အထက်တန်ပိုနှုန်း ၈ ကျပ်မှ ၂၆ ကျပ်နှုန်း

B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ရသည့် ပုဂ္ဂလိကကုမ္ပဏီများ အခွန်ကင်းလွတ်ခွင့်ရထားမှုနှင့် စည်းကြပ်မည့်ပုံစံ

၁။ ပထမ ၃ နှစ်အတွက် အခွန်ပေးဆောင်ရမှု ကင်းလွတ်ခွင့်ပြုထား
၂။ လုပ်ကိုင်ပြီး ၄ နှစ်မှ ၁၃ နှစ်အထိ ၅ ရာခိုင်နှုန်းပေးဆောင်ရမည်
၃။ လုပ်ကိုင်ပြီး ၁၄ နှစ်မှ ၂၃ နှစ်အထိ ၂၀ ရာခိုင်နှုန်းပေးဆောင်ရမည်
၎။ လုပ်ကိုင်ပြီး ၂၄ နှစ်မှ ၃၃ နှစ်အထိ ၁၅ ရာခိုင်နှုန်းပေးဆောင်ရမည်
၆။ လုပ်ကိုင်ပြီး ၃၄ နှစ်မှ ၄၀ နှစ်အထိ ၂၀ ရာခိုင်နှုန်းပေးဆောင်ရမည်
၇။ လုပ်ကိုင်ပြီး နှစ် ၄၀ ကျော်လွန်ပါက နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရာခိုင်နှုန်းအတိုင်း ပေးဆောင်ရမည်။
@news.eleven.com

poohcartoon
08-04-2010, 01:28 PM
ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံ မီးပွိုင့်တွင် သစ်လုံးတင်ယာဉ်တစ်စီးပေါ်မှ သစ်လုံးကြီးများ ပြုတ်ကျမှု ဖြစ်ပွား
http://news-eleven.com/images/stories/myanmar/ygn/w54315
http://news-eleven.com/images/stories/myanmar/ygn/w54316
ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံ မီးပွိုင့်တွင် သစ်လုံးတင်ယာဉ် တစ်စီးပေါ်မှ သစ်လုံးကြီးများ ပြုတ်ကျမှု ဇူလိုင်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

အခင်းဖြစ်ပွားမှုမှာ နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် တင်ဆောင်လာသော သစ်လုံးများကို ချည်နှောင်ထားသည့် သံကြိုးများ ပြတ်သွား၍ ဖြစ်ကြောင်းနှင့် သစ်လုံးကြီးများ ပြုတ်ကျမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မှာ ချောင်းဝမှ သီလ၀ါသို့ သွားနေစဉ် ဗိုလ်တထောင်ဘုရားလမ်းမှ မဟာဗန္ဓုလလမ်း ဘက်သို့ အကွေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော် အဲဒီအချိန်မှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်သွားဖို့ လမ်းကူးနေတဲ့အချိန်မှာ သစ်လုံးတင်ယာဉ်ကြီးက မဟာဗန္ဓုလ လမ်းဘက်ကို ကွေ့တဲ့အချိန်မှာ သစ်လုံးတွေကို ချည်ထားတဲ့ သံကြိုးတွေ ပြတ်သွားတယ်။ ပြီးတော့ သိပ် မကြာဘူး။ သံထောက်တွေကလည်း ပြုတ်ထွက်ပြီးတော့ သစ်လုံးတွေ ပြုတ်ကျတာပါပဲ။ သစ်လုံးအားလုံးက ကိုးလုံးရှိတယ်။ အဲဒီအချိန်မှာ ဖြတ်သွားနေတဲ့ ကားတွေကော၊ လူတွေကော မရှိလို့ တော်သေးတာပေါ့။ အခုလိုမျိုး သစ်လုံးတင်ယာဉ် ပေါ်ကနေ သစ်လုံးတွေ ပြုတ်ကျတာတွေ၊ တိမ်းမှောက်တာတွေကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်ယခင်က ရှိခဲ့ပါတယ်"ဟု အခင်းဖြစ်စဉ်နှင့် အနီးဝန်းကျင်တွင် ရှိနေခဲ့သူတစ်ဦးက ဆိုပါသည်။

ရန်ကုန်မြို့တွင် ဖြတ်သန်းသွားလာလျက်ရှိသည့် သစ်လုံးတင် ယာဉ်ကြီးများတွင် သံကြိုးလေးချောင်း တပ်ဆင်ပြီးမှသာ မောင်းနှင်ရန်နှင့် သံကြိုးများ ခိုင်ခံ့မှုရှိ၊ မရှိ စစ်ဆေးရန်အတွက်လည်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက သတိပေးညွှန်ကြားထားကြောင်းလည်း သိရသည်။

@news.eleven.com

poohcartoon
08-04-2010, 01:29 PM
အခြေခံပညာ ကျောင်းများသို့ မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ၀တ်ဆင်မှုများဖြင့် လာရောက်လျှင် ၀င်ခွင့်မပြုဟု ထုတ်ပြန်ထား
အခြေခံပညာကျောင်းများသို့ မြန်မာ့ရိုးရာဝတ်စုံဖြင့် လာရောက်သူများကို ကျောင်းအတွင်းသို့ ၀င်ခွင့်ပြုမည်ဖြစ်ပြီး သရုပ်ပျက်ဝတ်ဆင်မှုများဖြင့် လာရောက်သူများအား ၀င်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးဖြင့် အခြေခံပညာကျောင်းများသို့ လာရောက်ကြသူများမှာ မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်မှုမရှိသည့် ၀တ်စားဆင်ယင်မှုဖြင့် လာရောက်လျှင် အမြင်သင့်လျော်မှု မရှိသည့်အတွက် ယခုကဲ့သို့ စာကပ်ထားရခြင်း ဖြစ်သည်ကို စမ်းချောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးမြင့်က ပြောပြခဲ့သည်။

"ဒီထုတ်ပြန်ချက်က ကျောင်းတိုင်းလိုလိုမှာ ရှိပါတယ်။ လိုက်နာတဲ့ မိဘတွေရှိသလို မလိုက်နာကြတဲ့သူ တွေလည်းရှိပါတယ်။ ကျောင်းအပ်တဲ့ ရာသီဆိုရင်လည်း ကျောင်းသား မိဘတွေ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆီ လျော်မှုရှိရှိ ၀တ်ဆင်လာအောင်အသိ ပေးရပါတယ်"ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးမြင့်က ဆက်လက်ပြောပြခဲ့သည်။ အခြေခံပညာကျောင်း အသီးသီးတွင်အချို့မှာ ကျောင်းဝင်ပေါက်ဂိတ်ဝမှာပင် စာကပ်ထားကာ အသိပေးခြင်း ပြုလုပ်ထားသည်ကိုလည်း သိရသည်။ ထို့ပြင်ကျောင်း အသီးသီးသို့ အကြောင်းအမျိုးမျိုးဖြင့် လာရောက်ကြသူတိုင်းအား မှတ်ပုံတင်၊ ဧည့်သည်ကတ်ပြုလုပ်မှသာ ၀င်ခွင့်ပြုကြောင်းသိရသည်။

ပညာရည် ထူးချွန်ဆုချီးမြှင့်ပွဲများသို့ တက်ရောက်ရာ၌လည်း သရုပ်ပျက်ဝတ်ဆင်မှုများဖြင့် လာရောက်ခြင်းမပြုရန် တားမြစ်ခြင်းလည်း ရှိကြသည်။

@news.eleven.com

poohcartoon
08-04-2010, 01:30 PM

တရားမ၀င် တင်သွင်းလာသောယာဉ်များ တရားဝင်လိုင်စင် ပြုလုပ်ရာတွင် သတ်မှတ်ဒဏ်ကြေးအပြင် ထပ်မံ ပေးဆောင်ရသော ကျပ် ၁၅၁၅၀၀၀ ကို ပေးဆောင်ရန် မလိုတော့ကြောင်းသိရ
ပြည်ပမှ တရားမ၀င်တင်သွင်း လာသော မော်တော်ယာဉ်များအား တရားဝင် လိုင်စင်ပြုလုပ်ရာတွင် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ထံသို့ တန်ဖိုးစိစစ်ခံပြီးနောက် အဆိုပါသတ်မှတ်တန်ဖိုး၏ ၈၅ ရာခိုင်နှုန်းကိုသာ ပေးဆောင်ရမည် ဖြစ်ပြီး ထပ်မံပေးဆောင်ရသော ကျပ် ၁၅၁၅၀၀၀ အား ပေးသွင်းရန်မလိုတော့ကြောင်း သိရှိရသည်။

"ကျွန်တော် အရင်ရက်တွေက စိစစ်ခံပြီး လိုင်စင်လုပ်တော့ ၈၅ ရာ ခိုင်နှုန်းအပြင် ယာဉ်စစ်ဆေးမှုဆိုင် ရာကုန်ကျစရိတ်နဲ့ လိုင်စင်နံပါတ်ပြားအတွက် ကျပ် ၁၅၁၅၀၀၀ ပေး သွင်းရတယ်။ ကျွန်တော်နဲ့တစ်ရက် တည်းလုပ်တဲ့သူတွေ အားလုံးပေး သွင်းရတာချည်းပဲ။ ဇူလိုင်လ ၂၉ရက် နေ့မှာ သွားတဲ့သူတွေတော့ ကျပ် ၁၅၁၅၀၀၀ ပေးသွင်းစရာမလိုတော့ဘူးလို့ သိရပါတယ်၊ ကောင်းတာပေါ့ဗျာ။ အခုကျပ် ၁၅ သိန်းကျော် ကုန်ကျစရိတ်ကို လျှော့ချပေးတဲ့အတွက် ၀မ်းသာပါတယ်၊ ဒီလိုလုပ်ပေးတာမျိုးကို ကြိုဆိုပါတယ်" ဟု ကာလတန်ဖိုး စိစစ်ခံ၍ ဒဏ်ကြေးပေးဆောင်ကာ တရားဝင်လိုင်စင်ပြုလုပ်ခဲ့သူ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပြပါသည်။
@news.eleven.com

poohcartoon
08-04-2010, 01:31 PM

မြန်မာတစ်နိုင်ငံလုံးတွင် အက်ဖ်အမ်ရေဒီယိုလိုင်း ခုနစ်လိုင်းအထိ ရှိလာမည်ဖြစ်ပြီး ရန်ကုန်၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းတို့အတွက် အက်ဖ်အမ်ရေဒီယိုလိုင်း နှစ်လိုင်းစီ တိုးချဲ့သွားမည်
၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် အက်ဖ်အမ်ရေဒီယိုလိုင်း ခုနစ်လိုင်းအထိ ရှိလာမည်ဖြစ်ပြီး ယင်းတို့အနက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့အတွက် အက်ဖ်အမ် ရေဒီယိုလိုင်းနှစ်လိုင်း အထိ တိုးချဲ့ထုတ်လွှင့်ပေးသွားမည် ဟု သတင်းရရှိသည်။

အဆိုပါ အက်ဖ်အမ်ရေဒီယိုလိုင်း ခုနစ်လိုင်းအနက် စစ်ကိုင်းတိုင်းတွင် ပတ္တမြားအက်ဖ်အမ်နှင့် မန္တလေးအက်ဖ်အမ် လိုင်းနှစ်လိုင်း ထုတ်လွှင့်မှုကို ဖမ်းယူနားဆင်နိုင်မည်ဖြစ်ပြီး ပဲခူးတိုင်းတွင် ရွှေအက်ဖ်အမ်နှင့် မန္တလေး အက်ဖ်အမ် လိုင်းနှစ်လိုင်းတို့၏ ထုတ်လွှင့်မှုကို ဖမ်းယူ နားဆင်နိုင်မည်ဖြစ်သည်ဟု သိရသည်။ ယင်းအပြင် ရန်ကုန်မြို့တော် နှင့် ပတ်ဝန်းကျင်မိုင် ၅၀ ပတ်လည်တွင် စီးတီးအက်ဖ်အမ်လိုင်း အပြင် မန္တလေးအက်ဖ်အမ်လိုင်း ကိုပါ ဖမ်းယူနားဆင်နိုင်ကြောင်း သိရသည်။

လက်ရှိထုတ်လွှင့်နေသည့် အက်ဖ်အမ်လိုင်းများမှာ ရန်ကုန်မြို့နှင့်မိုင် ၅၀ပတ်လည်အတွင်း ဖမ်းယူနားဆင်နိုင်သည့် စီးတီးအက်ဖ်အမ်လိုင်းနှင့် မန္တလေးအက်ဖ်အမ်လိုင်းတို့ ဖြစ်ကြောင်းသိရသည်။ မန္တလေးအက်ဖ်အမ်လိုင်းသည် မန္တလေးတိုင်းအပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင်ပါ ဖမ်းယူနားဆင်နိုင်ကြောင်းလည်း သိရသည်။

လက်ရှိ ထုတ်လွှင့်နေသည့် ရန်ကုန်တိုင်းအတွက် စီးတီးအက်ဖ်အမ် ရေဒီယိုလိုင်းနှင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန် တိုင်းတို့အတွက် မန္တလေးအက်ဖ်အမ် ရေဒီယိုလိုင်းတို့အပြင် ချင်းပြည်နယ်နှင့် မကွေးတိုင်းအတွက် ပုဂံအက်ဖ်အမ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် အတွက် ချယ်ရီအက်ဖ်အမ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအတွက် ပဉ္စ၀တီအက်ဖ်အမ်၊ ကရင်ပြည်နယ်၊ တနင်္သာတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့အတွက် ရွှေအက်ဖ်အမ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတို့ အတွက် ပတ္တမြားအက်ဖ်အမ်တို့ကို ၂၀၁၀ ပြည့်နှစ်အတွင်း တိုးချဲ့ထုတ်လွှင့်သွားမည် ဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် မတိုင်မီက တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်သည့် တစ်ခုတည်းသော ရေဒီယိုလိုင်းမှာ မြန်မာ့အသံ ရေဒီယိုသာရှိ ခဲ့ပြီး ၂၀၀၂ ခုနှစ် ဇန်န၀ါရီလတွင် စီးတီးအက်ဖ်အမ် ရေဒီယိုလိုင်းနှင့် ၂၀၀၈ ခုနှစ် ဧပြီလတွင် မန္တလေး အက်ဖ်အမ်ရေဒီယိုလိုင်းတို့ကို ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။


၂၀၁၀ ပြည့်နှစ်အတွင်း ထုတ်လွှင့်သွားမည့် အက်ဖ်အမ်ရေ ဒီယိုလိုင်းများ
အမည်
အခြေပြုဒေသ
ပတ္တမြား
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း
ရွှေ
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း
ပဉ္စ၀တီ
ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း
ချယ်ရီ
ကယားပြည်နယ်၊ ရှမ်းပြည်နယ်
ပုဂံ
ချင်းပြည်နယ်၊ မကွေးတိုင်း
မန္တလေး
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း
စီးတီး
ရန်ကုန်တိုင်း


@news.eleven.com

poohcartoon
08-04-2010, 01:32 PM
အသက် ၁၀၀ နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့ပေးမှုများ ပြုလုပ်
http://img715.imageshack.us/img715/853/we5438.jpg
မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့ တည်ထောင်ခြင်း (၁၃) နှစ်ပြည့် အထိမ်းအမှတ် အဋ္ဌမအကြိမ်မြောက် မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၁၀၀ နှစ်နှင့်အထက် ဘိုးဘွားများ ပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၄ ရက် နေ့က မင်္ဂလာဗျူဟာ အသင်းချုပ်တွင် ပြုလုပ်ခဲ့ပြီး ဘိုးဘွားများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
"နိုင်ငံတစ်ဝန်းမှာရှိတဲ့ အဘိုးအဘွားတွေကို အသိပေးဖိတ်ကြားခဲ့ပါ တယ်။ တချို့ကတော့ ကျန်းမာရေး မကောင်းတာ၊ ခရီးဝေးတာ စတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် အခမ်းအနားကို မတက်ရောက်ပေမယ့် ထောက်ပံ့ငွေကိုတော့ အိမ်တိုင်ရာရောက် ပို့ပေးပါတယ်။ ပြီးတော့ မြတ်မင်္ဂလာမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ သက်ရှိထင်ရှားရှိနေသေးတဲ့ အသက် ၁၀၀ ကျော် ဘိုးဘွားတွေကို မဂ္ဂဇင်း က တစ်ဆင့် ပို့ပေးပါတယ်။ ဒီပွဲမှာတော့ အသက် ၁၁၀ နှစ်ရှိတဲ့ အဘိုး ဦးအုန်းမြိုင်နဲ့ အဘွားဒေါ်ခင်နုတို့ပဲ အသက်အကြီးဆုံးအဖြစ် တက်ရောက်ခဲ့ပါတယ်"ဟု မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့မှ ဦးအောင်မျိုးမင်းက ပြောကြားခဲ့ပါသည်။
အခမ်းအနားကို မြန်မာနိုင်ငံ တစ်ဝန်းရှိ အသက်၁၀၀ နှင့်အထက် ဘိုးဘွားများအား သတင်းစာ၊ ဂျာနယ်များမှတစ်ဆင့် ဖိတ်ကြားခဲ့ပြီး မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ အသက် ၁၁၈ နှစ်အရွယ်ရှိ အဘွား ဒေါ်မြကြီးအပါအ၀င် အသက် ၁၀၀ နှစ် နှင့်အထက် အဘိုးအဘွား ၆၂ ဦး စာရင်းပေးခဲ့ပြီး ၁၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ အဘိုးအဘွားများကို တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ငါးသောင်းနှင့် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ခဲ့သော အဘိုး အဘွားများအား ခရီးစရိတ်အဖြစ် ကျပ်ငါးထောင် ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
@news.eleven.com

poohcartoon
08-04-2010, 01:33 PM
ဓာက်တော်တောင်ခြေမှ သပြေပင်မှရေထွက်သော သပြေရေထွက်
http://img197.imageshack.us/img197/6421/img1087310x232.jpg
သပြေရေထွက်သည် ဓာက်တော်တောင်၏ တောင်ခြေတွင်တည်ရှိပါသည်။ သပြေပင်မှအောက်မှ ရေများထွက်သောကြောင့် သပြေရေထွက်ဟုခေါ်ပါသည်။ ရေများသည် ရာသီမရွေး အမြဲတမ်းစီးဆင်းနေသောကြောင့် မြောင်းသဖွယ်ပြုလုပ်ပြီး အနီးနားရှိရွာများမှ လယ်ယာလုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူများ အတွက် အားထားရာဖြစ်ပါသည်။ ယခုအခါတွင် သပြေပင်ကိုလှဲပြီး ဘုရားတစ်ဆူတည်ထားပါသည်။ ရေများကိုမြောင်းပုံစံပြုလုပ်ပြီး ရေကန်ကြီးများဖြင့် ထိုရေများကိုသိုလှောင်ထားပါသည်။ အနီးနားရှိရွာမှ လူများအတွက် သောက်ရေ သုံးရေ အဖြစ်အသုံးပြုကြပါသည်။ လယ်ကွင်းများဆီသို့ မိမိတို့အိမ်ဆီသို့လည်း လှည်းများပေါ်တင် ပေပါကြီးများတင်ပြီး လာရောက်သယ်ယူကြပါသည်။ တန်ခိုးကြီးသည့် ဓာက်တော်လှိုဏ်ဂူကိုလည်း ဖူးမြော်ရင် ထူးဆန်းလှသည် သပြေရေထွက်လည်း တွေ့နိုင်ပါသည်။ ပွဲတော်အချိန်ဆိုလျှင်များ ပိုမိုထွက်လေ့ရှိပါသည်။ ပွဲတော်လာဈေးသည်များ ဧည့်သည်များအတွက် ရေလုံးဝပူစရာမလိုပါ။ နောက်ထပ်လည်း ကတိုးရေထွက်ဆိုတာရှိသေးတယ်။ ဓာက်တော်တောင်ခြေကနေနည်းနည်း သွားလိုက်ရင် ရောက်တယ်။ သူကတော့ တွင်းလေးထဲကနေ ရေတွေပွက်ပြီးတော့ကို ထွက်လာတာ အရင်ကတော့ ပိုက်ဆံ ကျပ်ပြား စေ့လေးတွေကို ပစ်ချရင်ပိုပြီးတော့ ရေတွေပွက်တယ်တဲ့။ မောင်နှမနှစ်ယောက်ပြိုင်တူ ကတစ်ခုခုကို အော်လိုက်ရင်လဲ ပိုပြီးပွက်ပြတယ်တဲ့။ ကတိုးရေထွက်ကလည်းရေများ ရသြီမရွေးထွက်ရှိနေခြင်းကြောင့် မြောင်းသဖွယ်ပြုလုပ်ပြီး ရေကန်ကြီးများဖြင့် သိုလှောင်ထားပြီး အနီးအနားရှိရွာများမှ ရွာသားများအတွက်ရေမရှားတော့ပါ။ ကတိုးရေထွက်ကိုအစွဲပြုပြီး ကတိုးရွာလို့လည်း ရှိပါသေးတယ်။ ထူးဆန်းစရာတွေပေါများလှသည် ကျောက်ဆည်မြို့ဆီသို့ တစ်ခေါက်လောက်တော့ လာရောက်စေချင်ပါသည်။
@mandalaygazette.com

manawphyulay
08-04-2010, 06:01 PM
ပဲခူးတိုင်း၊အင်းတကော်မြို့နယ်၊ အလိုင်နီဆည်ရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မိုးရာသီဖြစ်သည့်အတွက် ကလေးငယ်များ အလွန်အမင်းဖျားပြီး ဆေးဝါးလိုအပ်မှု နှင့်ကလေးတွေအတွက် ကျမ်းမာရေးစောင့်ရှောက်မှု လိုအပ်သည့်အခြေအနေများဖြစ်ပေါ်နေပါသည်။ ကျောင်းတွင် ကလေး အယောက် ၂၅၀ ကျော်ရှိတာ အယောက် ၈၀ ကျော်လောက်မှာ ဖျားနာနေကြသည်။ ထိုကြောင့်လိုအပ်သည့် ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်းများလှူဒါန်းနိုင်ကြပါသည်

ကိုထွန်း အမှတ် (၁၅၉)၊ ၄၈လမ်း (အထက်)၊ ဗိုလ်တထောင်၊ ရန်ကုန်မြို့။ Ph: 09-8640206


ပိုစ့်ကိုဖတ်ချင်တော့

http://www.mmdailynews.com/ မှာဖတ်လို့ ရတယ်

poohcartoon
08-05-2010, 01:40 PM
အင်းစိန်အောင်ဇေယျတံတားအဆင်းတွင် ယာဉ်နှစ်စီးညှပ်တိုက်၍ ၁၂၅ယာဉ်မီးလောင်တိမ်းမှောက် ခရီးသည် ၁၅ဦးဒဏ်ရာရရှိခဲ့
http://www.yangonmedia.com/news/imagelibrary/LocalNews/LocalNews_475.jpg
ရန်ကုန်၊ အင်းစိန်အောင်ဇေယျကြိုးတံတားအဆင်းတွင် ယာဉ်နှစ်စီးညှပ်တိုက်ပြီး ၁၂၅ယာဉ် မီးလောင်တိမ်းမှောက်ကာ ခရီးသည် ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ခံရသည့် ၁၂၅ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။
ခရီးသည် ၁၅ ဦးဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်မရှိကြောင်း အင်းစိန်အထွေထွေရောဂါကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။
''အဲဒီနေ့ဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူ ငါးဦးက ပြင်ပလူနာအဖြစ် ကုသမှုခံယူနေပြီး ကျန်တဲ့ ၁၀ဦးကတော့ ခွဲစိတ်ဆောင်နဲ့ အရိုးကုသဆောင် မှာ ကုသမှုခံယူနေ ပါတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်ရတဲ့အနေအထားမှာမရှိပါဘူး''ဟု အင်းစိန်အထွေထွေရောဂါကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ရှင်းလင်း ပြောဆိုသည်။
အင်းစိန်ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသမှုခံယူနေသည့် လူနာ ၁၀ ဦးအနက် အမျိုးသား လေးဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ခုနစ်ဦးသည် ခွဲစိတ်ဆောင်၌ ကုသမှုခံယူနေကြပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်းသုံးဦးသည် အရိုးကုသဆောင်တွင် ကုသမှုများခံယူလျက်ရှိကြောင်း သိရသည်။

@mmcybermedia.com

poohcartoon
08-06-2010, 09:58 AM
ရန်ကုန်မြို့တော်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ နီးပါး နေ့စဉ်ရရှိနေပြီး လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏကို ပြည့်မီခြင်း မရှိသေးကြောင်းသိရ
ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏကို ပြည့်မီခြင်း မရှိသေးသော်လည်း လက်ရှိ ရန်ကုန်မြို့တော်၏ နေ့စဉ်လျှပ်စစ်ဓာတ်အားရရှိမှု ပမာဏမှာ မဂ္ဂါဝပ် ၅၀၀ နီးပါးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယခင်နှစ် နွေရာသီကာလများ က လျှပ်စစ်ဓာတ်အားရရှိမှု ပမာဏ မှာ မဂ္ဂါဝပ် ၃၀၀ မှ ၄၀၀ ကြားသာ ရှိခဲ့သည့်အတွက် ရန်ကုန်မြို့တော်ရှိ စက်မှုဇုန်များမှ စက်ရုံ အလုပ်ရုံများ၊ ရန်ကုန်မြို့တော်ရှိ ပုဂ္ဂလိက စက်မှုလုပ်ငန်းငယ်များ မိမိအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိစေရန် ဆောင်ရွက်ခဲ့ရပြီး ပုံမှန်အလှည့်ကျ မီးပေးစနစ်တွင် လျှပ်စစ်ဓာတ်အား ရရှိချိန်မှာ တစ်နေ့လျှင် ၁၈ နာရီမှ ၁၂ နာ ရီ၊ ယင်းမှ ၆ နာရီခန့်အထိ ကျဆင်း သွားခဲ့ရသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လဆန်း ပိုင်းတွင်မူ ၂၄ လက်မ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၅၀ နှင့် ၂၀၀၆ ခုနှစ်မှ စတင်ကာ ရန်ကုန် မြို့တွင် အသုံးပြုနေသည့် ဘန်ဘောက်-မြိုင်ကလေး-ရန်ကုန် ၂၀ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀ ခန့်၊ စုစုပေါင်း သဘာဝ ဓာတ်ငွေ့ ကုဗပေ သန်း ၂၀၀ ရရှိခဲ့ သဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများလည်ပတ် နိုင်ခဲ့သဖြင့် ယင်းကဲ့သို့ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၅၀၀ ပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိအခြေအနေတွင် ရန်ကုန်မြို့ ၏ လျှပ်စစ်ဓာတ်အား ရရှိနေမှု အခြေအနေမှာ အလှည့်ကျမီးပေးစနစ် ပုံစံမျိုးမဟုတ်တော့ဘဲ ပုံမှန်အတိုင်း လျှပ်စစ်မီး အပြည့်အ၀နီးပါး ရရှိနေသည်ဟု သိရသည်။ သဘာဝဓာတ် ငွေ့ဖြင့် သီးခြားလည်ပတ်လျက်ရှိသော အကြီးစား စက်မှုလုပ်ငန်းကြီး များအနေဖြင့် သြဂုတ်လအတွင်း လျှပ်စစ်ဓာတ် အပြည့်အ၀ ပြန်လည် ရရှိလာနိုင်မည်ဟု သိရသည်။ ယင်းကဲ့သို့ ရရှိလာပါက ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓာတ်အားရရှိနေမှုပမာဏ မှာ အပြည့်အ၀ ရရှိလာနိုင်မည်ဟု သိရသည်။

ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေမှုမှာ ရေအားလျှပ်စစ်မှရရှိမှု ပါဝင်ခြင်းမရှိသေးဟုလည်း သိရသည်။ လက်ရှိ အခြေအနေတွင် အထက်မြန်မာနိုင်ငံ၌ မိုးရွာသွန်းမှု နည်းပါးပြီး ရေသိုလှောင်အား နည်းပါးမှုကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု နည်းပါးနေကြောင်းလည်း သိရသည်။ ယခင်က သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အား ရရှိမှု ပမာဏမှာ မဂ္ဂါဝပ် ၈၀၀ ကျော် ခန့် ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ မဂ္ဂါဝပ် ၆၆၀ ကျော်ရှိပြီး အများပြည်သူသုံး စွဲနေမှုမှာ မဂ္ဂါဝပ် ၂၉၀ ကျော်ရှိကြောင်း သိရသည်။ ရန်ကုန်မြို့တော်ရှိ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ မဂ္ဂါဝပ် ၇၀ ကျော်ရှိသည်ဟု သိရပြီး စက်မှု ဇုန်များမှ မဂ္ဂါဝပ် ၁၂၀ ကျော် အသုံးပြုမှုရှိကြောင်း သိရသည်။ ပုဂ္ဂလိကပိုင် စက်ရုံများ၏ လျှပ်စစ်ဓာတ်အား အသုံးပြုမှုမှာ မဂ္ဂါဝပ် ၆၀ ကျော်ရှိ ပြီး၊ ဆေးရုံ၊ ကျောင်း၊ ရုံးဌာနများ ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ မဂ္ဂါဝပ် ၁၀၉ ကျော်ရှိကြောင်း သိရသည်။
@news.eleven.com

poohcartoon
08-06-2010, 10:00 AM
ရန်ကုန်မြို့ မြစ်၊ချောင်းများ၏ ရေထုညစ်ညမ်းမှု ပမာဏသတ်မှတ်စံနှုန်း ထက်ကျော်လွန်
http://www.news-eleven.com/images/stories/myanmar/ygn/bi3191.jpg
ရန်ကုန်မြို့ရှိမြစ်၊ ချောင်းများ၏ ရေထုညစ်ညမ်းမှု ပမာဏမှာ သတ်မှတ်ထားသော စံနှုန်းများကိုများစွာ ကျော်လွန်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ အခြေအနေကြောင့် မြစ်၊ ချောင်းများ၏ ရေအရည်အသွေးကို ပြန်လည်စစ်ဆေး သွားမည်ဖြစ်ပြီး မြစ်၊ ချောင်းများအတွင်း ရေနေသတ္တ၀ါများ ရှင်သန်နေထိုင်မှု ပမာဏကိုပါ လေ့လာသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက် အရ သိရှိရသည်။

ရန်ကုန်မြို့ရှိ ထန်းတပင်မြစ်၏ ရေထုညစ်ညမ်းမှုပမာဏကို ၂၀၀၉ ခုနှစ်အတွင်းက တိုင်းတာခဲ့မှုအရ ရေထုညစ်ညမ်းမှုပမာဏ များနေကြောင်း သိရှိရသည်။ ထန်းတပင်မြစ်၏ ရေထုညစ်ညမ်း ပမာဏကို ၁၀၀ PPMအထိ ခွင့်ပြုသော်လည်း ယင်းမြစ်၏ အမှန်တကယ် ရေထုညစ်ညမ်းမှု ပမာဏမှာ ၃၀၀၀ PPMကျော်အထိရှိနေကြောင်း သိရသည်။ ယင်းကဲ့သို့ ရန်ကုန်မြို့ရှိမြစ်၊ ချောင်းများအတွင်း ရေထုညစ်ညမ်းမှုများပြားနေရခြင်း မှာ မြစ်၊ ချောင်းများနံဘေးနှင့် အနီးတွင် စွန့်ပစ်ရေဆိုးများ ထွက်ရှိသော စက်ရုံများ တည်ဆောက်ဖွင့်လှစ်မှု များပြားလာပြီး စက်ရုံများမှ ထွက်ရှိသော စွန့်ပစ်ရေဆိုးများအား ထိန်းချုပ်နိုင်မှုစနစ် အားနည်းခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ စက်ရုံထွက် စွန့်ပစ်ရေဆိုးများတွင် ဓာတုပစ္စည်းများ ပါဝင်နေခြင်းကြောင့် ယင်းပစ္စည်းများ ရေထုထဲသို့ပျံ့နှံ့ကာ ရေနေသတ္တ၀ါများကို ထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု သိရသည်။

"မြစ်ကမ်းနံဘေး စက်ရုံတွေကနေ စွန့်ပစ်လိုက်တဲ့ ရေဆိုးတွေမြစ်ထဲကို အများကြီးရောက်ရှိနေလို့ မြစ်ရေတွေ ညစ်ညမ်းနေရတာပါ။ အဲဒီထဲကမှ အရက်ချက်စက်ရုံတွေက ထွက်ရှိတဲ့ စွန့်ပစ်ရေဆိုးတွေက မြစ်ရေညစ်ညမ်းမှုကို ပိုပြီးဖြစ်စေတယ်လို့ စမ်းသပ်မှုတွေအရ သိရပါတယ်။ ဒါကြောင့် ရေထုအရည်အသွေး အခြေအနေကို လေ့လာဖို့ လုပ်ထားပါတယ်။ ပြီးတော့ ရန်ကုန်မြို့မှာရှိတဲ့ မြစ်၊ ချောင်းတွေထဲမှာ ရေနေသတ္တ၀ါတွေ ဘယ်လောက် အသက်ရှင်နေထိုင်မှု ရှိသေးလဲဆိုတာကိုပါ လေ့လာသွားမှာပါ။ သိရသလောက်တော့ မြစ်ရေညစ်ညမ်းမှုတွေကြောင့် မြစ်ထဲမှာတည်မှီနေထိုင်တဲ့ သက်ရှိရေနေ သတ္တ၀ါတွေလည်း လျော့လာတယ်" ဟု အဆိုပါ တာဝန် ရှိသူက ပြောပြခဲ့သည်။

ရန်ကုန်မြို့ရှိမြစ်၊ ချောင်းများ ၏ရေထုညစ်ညမ်းမှု အခြေအနေအရ စက်ရုံများနှင့် ထိစပ်နေသော ရေစပ်ပိုင်းတွင် ညစ်ညမ်းမှုပိုများပြီး ရေလယ်ခေါင်နေရာများတွင်မူ ညစ်ညမ်းအနည်းငယ် သက်သာသည်ဟု သိရသည်။ ယင်းကဲ့သို့ ရေအရည်အသွေးကို ပြန်လည်လေ့လာပြီးပါ က အစီအစဉ်တစ်ရပ် ရေးဆွဲမည်ဖြစ်ပြီး ယင်းအစီးအစဉ်မှာ စွန့်ပစ်ရေဆိုးများကို စုဆောင်း၍ ဘိုင်အိုဂက်စ် (Biogas) ထုတ်နိုင်ရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

"စက်ရုံထွက် စွန့်ပစ်ရေဆိုးတွေကိုမြစ်၊ ချောင်းထဲကိုမစွန့်ပစ်မီ စုဆောင်းပြီး အဲဒီကနေ Biogas ထုတ်ဖို့ စဉ်းစားထားတာရှိပါတယ်။ ရရှိလာတဲ့ Biogas ကို စွမ်းအင်အဖြစ် ပြန်လည်အသုံးပြုနိုင်မှာပါ။ ဒီလိုလုပ်လိုက်ရင် စက်ရုံထွက်စွန့်ပစ် ရေဆိုးတွေမြစ်၊ ချောင်းထဲကိုရောက် ရှိတာနည်းသွားပြီး မြစ်၊ချောင်းတွေ ညစ်ညမ်းမှု လျော့ကျမယ့်အပြင် တစ်ဖက်ကလည်း စွမ်းအင်ရရှိနိုင်တယ်" ဟု ၎င်းတာဝန်ရှိသူက ရှင်းပြခဲ့သည်။

@news.eleven.com

poohcartoon
08-06-2010, 10:01 AM
မင်္ဂလာဒုံမြို့နယ်ရှိ အထူးကုဆေးရုံ (မင်္ဂလာဒုံ)ကို အေအိုင်ဒီအက်စ် ရောဂါ ကူးစက်ခံရသူများအား အဓိက ကုသပေးသည့် ဆေးရုံအဖြစ် ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရ
မင်္ဂလာဒုံမြို့နယ်ရှိ အထူးကု ဆေးရုံ(မင်္ဂလာဒုံ)ကို အေအိုင်ဒီအက်စ် ရောဂါကူးစက်ခံရသူများ အား အဓိက ကုသပေးသည့် ဆေးရုံအဖြစ်ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ကူးစက်ခံရသူများအား မင်္ဂလာဒုံမြို့ နယ်ရှိ အထူးကုဆေးရုံ(မင်္ဂလာဒုံ)၌ အတွင်းလူနာအဖြစ် လက်ခံကုသ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မင်္ဂလာဒုံမြို့နယ်ရှိ အထူးကုဆေးရုံ(မင်္ဂလာဒုံ)သည် ခုတင် ၁၀၀ ဆံ့ဆေးရုံဖြစ်ပြီး ဆေးရုံကို ဒေ၀ူးကော်ပိုရေးရှင်း၏ အကူအညီဖြင့် ၂၀၀၇ ခုနှစ်၊ မေလတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ လက်ရှိဆေးရုံ တွင် ART ဆေးဝါးဖြင့် ကုသပေးနေ သည့်လူနာဦးရေ ၁၄၀ ခန့်ကို ကုသ ပေးလျက်ရှိကြောင်း သိရသည်။
အခုလက်ရှိ ART ဆေးဝါးနဲ့ကုသပေးနေတဲ့ ဝေဒနာရှင် ၁၀၀၀ ကျော် ရှိပြီး မင်္ဂလာဒုံဆေးရုံမှာတော့ ဝေဒနာရှင် ၁၄၀ ကျော်ကို လက်ရှိကုသပေး နေပါတယ်။ အခု ထပ်မံတိုးချဲ့ထားတဲ့ မင်္ဂလာဒုံဆေးရုံမှာ အေအိုင်ဒီအက်စ် ကူးစက်ခံရသူတွေကို အတွင်းလူနာအဖြစ်နဲ့ လက်ခံကုသ ပေးနေပါတယ် ..

"ဝေဘာဂီ အထူးကုဆေးရုံမှာ အခုလက်ရှိ ART ဆေးဝါးနဲ့ကုသပေးနေတဲ့ ဝေဒနာရှင် ၁၀၀၀ ကျော် ရှိပြီး မင်္ဂလာဒုံဆေးရုံမှာတော့ ဝေဒနာရှင် ၁၄၀ ကျော်ကို လက်ရှိကုသပေး နေပါတယ်။ အခု ထပ်မံတိုးချဲ့ထားတဲ့ မင်္ဂလာဒုံဆေးရုံမှာ အေအိုင်ဒီအက်စ် ကူးစက်ခံရသူတွေကို အတွင်းလူနာအဖြစ်နဲ့ လက်ခံကုသ ပေးနေပါတယ်။ နောက်ပိုင်းမင်္ဂလာဒုံ ဆေးရုံမှာအေအိုင်ဒီအက်စ် ကူးစက်ခံရသူ တွေကို အဓိက ကုသပေးနေတဲ့ ဆေးရုံအဖြစ် ပြုလုပ်သွားဖို့လည်း ရည်မှန်းထားပါတယ်"ဟု ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

မြောက်ဥက္ကလာပမြို့နယ် မေဓာဝီလမ်းရှိ ဝေဘာဂီအထူးကုဆေးရုံ သည် အေအိုင်ဒီအက်စ်ရောဂါ အပါအ၀င်ကူးစက်ရောဂါများကို အဓိက ကုသပေးလျက်ရှိရာ ယခုအခါ မင်္ဂလာဒုံ အထူးကုဆေးရုံတွင် ထပ်မံတိုးချဲ့ပြီး ကူးစက်ခံရသူများအား လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကူးစက်ရောဂါဆေးရုံ (ဝေဘာဂီ)ကို မင်္ဂလာဒုံမြို့နယ်ရှိ အထူးကု ဆေးရုံ (မင်္ဂလာဒုံ)သို့ တဖြည်းဖြည်း ပြောင်းရွှေ့ပေးသွားမည်ဖြစ်ပြီး ကူးစက်ခံရသူများအနေဖြင့် နီးစပ်ရာဆေးရုံတွင် တက်ရောက် ကုသနိုင်ကြောင်း၊ အထူးကုဆေးရုံ (မင်္ဂလာဒုံ)ကို နောင်တွင်ဝေဒနာရှင်များ ယခုထက်ပိုမို လက်ခံကုသပေးသွားနိုင်ရန်အတွက် လိုအပ်သည့် စီမံမှုများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

@news.eleven.com

kosithuag
08-06-2010, 08:47 PM
မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင် ခြောက်ဦးတို့ ပူးပေါင်း၍ ပထမဆုံးအကြိမ်အဖြစ် စွယ်စုံသုံးယာဉ် ထုတ်လုပ်မည်
ကြေးမုံဝင်း
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၈)

http://www.myanmar.mmtimes.com/2010/upper/478/multi.gif
စွယ်စုံသုံးယာဉ် နမူနာပုံစံကို စစ်ဆေးကြည့်ရှုနေစဉ်။
ဓာတ်ပုံ - ကြေးမုံဝင်း

မန္တလေးစက်မှုဇုန်မှ ကားထုတ်လုပ် ရေးစက်ရုံလေးရုံ ပူးပေါင်း၍ စွယ်စုံ သုံးယာဉ် (Multi Purpose Vehicle )ကိုထုတ်လုပ်သွားမည်ဖြစ်ရာ ယခု ကဲ့သို့ ကား ထုတ်လုပ်ရေး လုပ်ငန်းရှင်များ ပူး ပေါင်း ထုတ်လုပ်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

"တခြားနိုင်ငံတွေမှာလည်း အရင်တစ်ဦးတည်းတစ်ယောက်တည်း လုပ် ရာကနေ နောက်ပိုင်း အစုအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်ပြီးတော့ အကြီး စား စက်မှု လုပ်ငန်းကြီးတွေ အထိ တိုးချဲ့ သွားကြပါတယ်။ ကျွန်တော် တို့လုပ်ငန်း ရှင်တစ်ဦးချင်းစီကလည်း ကားထုတ် လုပ်တဲ့ လုပ်ငန်းလုပ် သက် ရှစ်နှစ်၊ ကိုးနှစ်စီ ရှိနေကြ ပြီဖြစ်လို့ အခု အချိန်မှာ ပူးပေါင်းလုပ် သင့်ပြီလို့ ထင် တဲ့အတွက် ပူးပေါင်းလိုက်တာပါ။

"နိုင်ငံတော်က လည်း ဒီလိုပူးပေါင်း လုပ်ကိုင်ဖို့ ကို တိုက်တွန်းပါတယ်။ အဲဒီလိုပူးပေါင်းလုပ်ကိုင်တဲ့အတွက်မော်တော်ယာဉ်ထုတ်လုပ်မှု အရည် အသွေး ပိုင်းဆိုင်ရာမှာ လည်း ပိုကောင်း လာမယ်။ အရေအတွက် ကို လည်းအမှာရှိသလောက်ထုတ်နိုင်ဖို့ အခြေ အနေကောင်းတွေ ရလာနိုင်ပါတယ်" ဟု မန်းစက်မှုဇုန်ကားထုတ်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ၊ မန်း စတားဂရု(ပ်)မော်တော်ယာဉ် ထုတ် လုပ်ရေးမှ ဦးမြင့်ဆွေက ပြောသည်။

စွယ်စုံသုံးယာဉ် ထုတ်လုပ်မှုတွင် မန်းစတားဂရု(ပ်) (ဦးမြင့်ဆွေ၊ ဦးဇင် ကိုဦး)၊ K.O (ဦးကိုကိုဦး)၊ M.T.O (ဦးသန်းဦး၊ ဦးကျော်သူနိုင်)၊ စူပါမန်း(ဦးမြင့်ဦး)စသည့်ကားထုတ်လုပ်ရေးစက်ရုံလေးခုမှ လုပ်ငန်းရှင် ခြောက်ဦးပူးပေါင်း၍ အစီး ၃၀၀ ကို ပထမဆုံး အကြိမ် စတင် ထုတ်လုပ် မည်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်၊ မေလ ၂၅ ရက်နေ့ တွင် နိုင်ငံတော်မှ စွယ်စုံသုံးယာဉ် ထုတ်လုပ် ရန်နှင့် ကုန်ကြမ်းတင်သွင်းရန် ခွင့်ပြု လိုက်ချိန်မှစပြီး ယခုကဲ့သို့ ထုတ်နိုင်ရေး အတွက် ကြိုးစားခဲ့ကြခြင်းဖြစ်သည်။

"စွယ်စုံသုံးယာဉ် ထုတ်လုပ်ဖို့ နိုင်ငံ တော်က ခွင့်ပြုပေးကတည်းက ထုတ် လုပ်ခွင့်ရဖို့ ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်ခဲ့ကြပါတယ်။ ထုတ်လုပ်တဲ့ နေရာမှာ အကောင်းဆုံး ဆောင်ရွက် နိုင်အောင်လည်း ထိုင်းနိုင်ငံ၊ဘန်ကောက် မြို့က မော်တော်ကားမိုလ်ထုတ်လုပ်တဲ့ စက်ရုံနဲ့ တရုတ်နိုင်ငံ ပေဂျင်းမြို့နဲ့ စန့်ယန်မြို့တွေက မော်တော်ကား ထုတ်လုပ်တဲ့ စက်ရုံတွေမှာ အလို အလျောက်ရွေ့လျား တပ်ဆင် မှုစနစ် တွေနဲ့ တွဲဆက်တဲ့ နည်းပညာတွေကို သွားရောက် လေ့လာခဲ့ပါတယ်။

"လိုအပ်တဲ့ ဂျပန်ကုန်ကြမ်း ပစ္စည်း တွေကိုလည်း အရင်မန္တလေး စက်မှုဇုန်ကို အင်ဂျင်နဲ့ ဆက်စပ်ပစ္စည်းတွေတင်သွင်းပေးနေကျ ရွှေ တင်တောင်း ကုမ္ပဏီကပဲ ဆက်လက်တင်သွင်းပေး သွားမှာဖြစ်ပါတယ်။

"ဩဂုတ် ၁ ရက်ကစပြီး လက်ခံခဲ့တာအခုဆိုကားအစီးရေရဲ့ ၅၀ ရာခိုင်နှုန်းလောက်အမှာလက်ခံရရှိပြီးပါပြီ။ မန္တလေး၊ လားရှိုး၊ မူဆယ် စတဲ့ ဒေသစုံ က ဟိုတယ်နဲ့ခရီးသွားလာရေး လုပ်ငန်း တွေက မှာယူကြတာများပါတယ်"ဟု K.Oကားထုတ်လုပ်ရေးလုပ်ငန်းမှ ဦးကိုကို ဦးက ရှင်းပြသည်။

စွယ်စုံ သုံးယာဉ် (Multi Purpose Vehicle) မှာ မိသားစု အိမ်သုံးယာဉ် အဖြစ် လည်းကောင်း၊ ဟိုတယ်နှင့် ခရီး သွားလာရေးအတွက် လည်းကောင်း၊ ဆေးရုံ၊ ဆေးခန်းသုံးယာဉ်၊ ပါဆယ် နှင့် စာပို့ယာဉ်၊ လုံခြုံစိတ်ချ စွာသယ်ယူပို့ ဆောင်နိုင်ရေး အတွက် ကုန်ပေါ့ကုန်ပို့ ယာဉ်၊ ရဲတပ်ဖွဲ့သုံးယာဉ် စသည့်ယာဉ် များအဖြစ် လည်းကောင်း အနည်းဆုံး ခြောက်မျိုး အသုံးပြုနိုင်ကြောင်းနှင့်MSTG MPV Model 01, 02, 03 ဟူ၍မော်ဒယ်သုံးမျိုးထုတ်လုပ်မည် ဖြစ်ကာ Model 01, 02 မှာ ရှစ်ယောက်စီး၊အမိုးနိမ့်ဖြစ်ပြီး ကျပ် သိန်း ၂၇၀ နှင့် ၂၈၀၊ Model 03 မှာ အမိုးမြင့် ၁၂ ယောက်စီးဖြစ်ကာ ၀ယ်ယူရမည့် ကုန်ကြမ်းပေါ် မူတည်၍ ဈေးညှိနေဆဲဖြစ်ကြောင်း သိရသည်။

"စက်မှုဇုန် ထုတ်ကားတိုင်းကို လူ တိုင်းဝယ်စီး နိုင်အောင် မူရင်း ကားဈေး ရဲ့ တစ်ဝက်နှုန်း အမြဲတမ်းဈေး သတ်မှတ် ရောင်းချပေးခဲ့ပါ တယ်။ Light Truck ကားတစ်စီးကို အပြင်မှာ သိန်း ၂၅၀ ပေါက် နေတဲ့ အချိန် ကျွန်တော် တို့ စက်မှုဇုန်က သိန်း ၁၀၀ ကျော်နဲ့ ရောင်း ချပေးခဲ့တဲ့ အတွက် ထုတ်မလောက် ရောင်းပေး ခဲ့ရပါတယ်။ ဒီ တစ်ကြိမ်မှာ လည်း ကုန်ကြမ်းက ဂျပန်ပစ္စည်းဖြစ် မယ်၊ ဈေးကလည်း နည်းမယ်ဆိုရင် အရင်ကားတွေလို လူကြိုက်များကြ မယ်ထင်ပါတယ်"ဟု ဦးမြင့်ဆွေက ဖြည့်စွက်ပြောသည်။

ပထမအသုတ် ထုတ်လုပ် မည့် ကား အစီးရေ သုံးရာ ကို မန္တလေးတောင် ခြေရှိ အမှတ် (၂) စက်မှု ၀န်ကြီးဌာနနှင့် ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးပြီး နောက် ထုတ်လုပ်သူများက ထုတ်လုပ် နိုင်စွမ်းရှိသလောက်နှင့် စိတ်ချရသည့် အရည် အသွေးကောင်း ထုတ်လုပ်နိုင် သည့် အနေအထား ရှိသလောက် မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက် ရေး ကော်မတီက ထပ်တိုးထုတ် လုပ်ခွင့် ချထားပေးသွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

"စက်တင်ဘာလ ဒုတိယပတ် လောက်မှာတော့ စွယ်စုံသုံးကားတွေ ဈေးကွက်ထဲ ရောက်နိုင်ဖို့ စီစဉ် ဆောင် ရွက်နေပါတယ်။ ကားတွေ ဈေးကွက် ထဲရောက်ပြီး ကျယ်ကျယ်ပြန့်ပြန့်အသုံး ပြုနေပြီဆိုရင် ရန်ကုန်၊ မန္တလေး၊ နေ ပြည်တော်၊ တောင်ကြီး၊ လားရှိုး၊ မူဆယ် စတဲ့ မြို့တွေမှာ အပို ပစ္စည်း ရောင်းချ ပေးနိုင်ပြီး ပြုပြင် ထိန်းသိမ်းတဲ့ ၀န်ဆောင်မှု ပေးမယ့် ဆားဗစ်စင်တာ တွေ ထားပေးဖို့ ရှိပါတယ်"ဟု M.T.O ကားထုတ်လုပ်ရေးလုပ်ငန်းမှ ဦးသန်း ဦးကလည်း ပြောသည်။

လတ်တလောတွင်မန္တလေးစက်မှု ဇုန်မှ ဂျစ်ကား (open type, close type )၊ Light Truck (တစ်တန်)၊ နှစ် တန်ခွဲ ထရပ်၊ ခြောက်ဘီး ထရပ် (၈ တန်၊ ၁၀ တန်)၊ ဆယ်ဘီးထရပ် ( ၁၀တန်၊ တန် ၂၀)၊ ဆယ့်နှစ်ဘီး ထရပ် (၁၂ တန်၊ တန် ၂၀)၊ ဘတ်စ်ကား ၄၂ ယောက် စီးများကို ထုတ်လုပ်လျက်ရှိပြီး အယောက် ၅၀ စီး ဘတ်စ်ကား ထုတ် လုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်းလည်း သိရသည်။

၂၀၀၂ ခုနှစ်မှစတင်၍ မန္တလေး၊တောင်ကြီး(အေးသာယာ) မုံရွာ၊မြင်းခြံ၊ ရေနံချောင်း၊ ပခုက္ကူစသည့် ဇုန်ခြောက်ခုမှ ဈေးကွက်ဝင်ကား အမျိုးမျိုးကို စနစ်တကျ ထုတ်လုပ်လုပ်ကိုင်ခဲ့ပြီး ယခုအချိန်တွင် အလားတူ ဇုန် ၁၉ ခုထိ ရှိနေပြီဖြစ်သည်။

@myanmar times

kosithuag
08-06-2010, 08:48 PM
အုတ်၊ ထုံး၊ သဲ၊ ကျောက် အရောင်း အ၀ယ် ပုံမှန်အနေအထား ဖြစ်လာ
ခင်ဆုဝေ
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၈)

လွန်ခဲ့သည့်သုံးလေးလခန့်ကအရောင်းအ၀ယ်အနည်းငယ်ငြိမ်သွား ခဲ့သော အုတ်ထုံးသဲကျောက် အရောင်း အ၀ယ်လုပ်ငန်းသည် ယခု အခါတွင် ပုံမှန်အနေအထားတိုင်း တည်ရှိနေ ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

အရောင်းအ၀ယ်သည် ယခင်နှစ်များနှင့် သိပ်အကွာကြီးမဟုတ်ကြောင်း၊ လက်ရှိ ပုံမှန်အနေအထားအတိုင်း ဆက်လက်ရောင်းဝယ် နေ ကြောင်း ကေသုံးလုံး အုတ်ထုံးသဲကျောက် ရောင်းဝယ်ရေးက ဆိုသည်။

ဆန်းသစ်ဦးအုတ်ထုံးသဲကျောက် ရောင်းဝယ်ရေးလုပ်ငန်းကလည်း အရောင်းအ၀ယ် ဈေးနှုန်းအပြောင်းအလဲ ကြီးကြီးမားမားမရှိ သလို ရောင်း အားလည်း ပုံမှန်အတိုင်းသာ ဆက်ရှိ နေကြကြောင်း ဆိုသည်။

"လွန်ခဲ့တဲ့လတွေကဘာကြောင့်မှန်းမသိ အေးသွားခဲ့သေးတယ်။ တခြား ကိုယ်လို ရောင်းဝယ်တဲ့လူတွေ မေး ကြည့်တော့ သူတို့လည်း အဲလိုပဲလို့ပြောတယ်။ အခုတော့ အရောင်းအ၀ယ် ပုံမှန်ပြန်ဖြစ်နေပါပြီ။ ထုံးဆိုရင် လည်း တစ်နေ့ လေးငါးလုံးလောက် ဖြစ်တယ်။ ၀က် ၀ံထုံးကို ရောင်းတာပါ။ အုတ်ကတော့ လက်လီကို ၆၂ ကျပ်နဲ့ ရောင်းတာ။ တစ်ပတ်ကို တစ်စီး လောက် ကုန်တယ်၊ တစ်စီးပြီးမှ တစ်စီး မှာတာပါ။ တစ်ခါတလေ တော့ လည်း ဆိုက် တွေက မှာရင်တော့ စပ်မှာလိုက် ကြတာမျိုးရှိတယ်။ အုတ်ကားတစ်စီးကို ခြောက်ထောင် လောက်ပါတယ်လေ။အုတ်ကတော့ အများကြီး ကြိုမမှာထား ချင်ဘူး။ အုတ်ဖိုကလည်း ၆,၀၀၀ မှာမှ ချတာတစ်ကြောင်း၊ အုတ်ဈေးက လည်း နည်းနည်းကျလိုက်၊ တက်လိုက် ဖြစ်နေ တာတစ်ကြောင်းကြောင့် မမှာဖြစ်တာ ပါ။ ကျောက်က တော့ အင်ဂျင်နီယာ တွေနဲ့ စပ် လုပ်ဖြစ်တာပါ။ နည်းနည်းဒုက္ခများလို့သိပ်မလုပ်ဖြစ်တော့ဘူး။ သူတို့နဲ့ သိပ်အဆင်မပြေလို့ပါ။ တင် တော့ တင်ထားဖြစ်တယ်။လက်လီ သဘောမျိုးပဲပေါ့" ကောင်းထက်မှ မလှဝင်းမာက ပြောသည်။

လက်ရှိအုတ်ဈေးသည်လက်ကား ၅၈ ကျပ်၊ ထုံးတစ်အိတ်ကျပ် ၂,၀၀၀၊ သဲကားကြီး(လေးကျင်း)ကျပ် ၃၀,၀၀၀၊ ကျောက်ကားတစ်စီး ရှစ်သောင်းခွဲမျှ ဈေးပေါက်လျက်ရှိကြောင်း၊ ယခုနှစ်အတွင်း ဈေးနှုန်း အပြောင်းအလဲ မရှိကြောင်း သိရှိရသည်။

@myanmar times

kosithuag
08-06-2010, 08:50 PM
လိုင်စင်မဲ့ ကားခွန် ၆၅ ရာခိုင်နှုန်းသို့ လျှော့ချ
နရီလင်းလက် Friday, August 06, 2010

လိုင်စင်မဲ့ကားများ လာရောက် အခွန်ဆောင်၍ တရားဝင် လိုင်စင် လုပ်ဆောင်မှု နည်းနေသောကြောင့် ပေးဆောင်ရမည့် အခွန်နှုန်းကို ကားတန်ဖိုး၏ ၈၅ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းသို့ ပြင်ဆင် လျှော့ချ သတ်မှတ် လိုက်ကြောင်း သတင်း ရရှိသည်။

ဝန်ကြီးဌာန ၄ ခုအောက်မှ ဌာနခွဲများ ပူးပေါင်း ပါဝင်သည့် “ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့” ဖြင့် လိုင်စင်မဲ့ ကားများကို အခွန်ဆောင်စေပြီး တရားဝင် ပြုလုပ်ပေးသည့် အစီအစဉ်ကို ပြီးခဲ့သည့်လမှ စတင်ခဲ့သော်လည်း လာရောက် လုပ်ဆောင်သည့် ကားအရေအတွက်မှာ သတ်မှတ်ထားသည်ထက် နည်းနေသောကြောင့် အခွန်နှုန်း လျှော့ချ ပြင်ဆင်ရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

“ကား အသစ်လား၊ အဟောင်းလားပ်ါမှာ မူတည်ပြီး တန်ဖိုးသတ်မှတ်တာ မဟုတ်ဘဲ Mark II 2000 ဆို သိန်း ၁၁၀၀ သတ်မှတ်ထားတော့ ကားအဟောင်းရှိနေတဲ့ လူကျတော့ ပြန်ရောင်းရင် ဒီလောက်ဈေး ပြန်မရနိုင်ဘူး။ ကားပိုင်ရှင် အနေနဲ့ကတော့ လိုင်စင်လိုချင်တော့ ဆောင်ရတော့မယ်လေ။ အပြင်ပေါက်ဈေးနဲ့ ညီသွားတာ ရှိသလို ပြင်ပ ပေါက်ဈေးထက် ကျော်သွားတာတွေလည်း ရှိတယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။

ဇူလိုင်လတွင် ရန်ကုန်တိုင်းအတွင်းရှိ လိုင်စင်မဲ့ကား အစီးရေ ၃၀ ခန့်သာ တရားဝင်လိုင်စင် လာရောက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရန်ကုန်တိုင်းကနေ ၀င်လာမယ့် ကားအစီး ၂၀၀၀၊ မန္တလေးကနေ အစီး ၄၀ အဲဒီလောက် ရှိရမယ်ဆိုပြီး အာဏာပိုင်တွေက သတ်မှတ်ထားတာ။ မန္တလေး၊ ကချင် အဲဒီဘက်တွေမှာ တစီးမှ ၀င်မလာသေးဘူး။ ဒါကြောင့်လည်း အခွန်နှုန်းကို လျှော့လိုက်တာ” ဟု ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့မှ အရာရှိ တဦးက ပြောသည်။

ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့များကို ရန်ကုန်တွင် သင်္ဃန်းကျွန်း၊ သန်လျင်နှင့် မှော်ဘီမြို့နယ်များ၊ ကရင်ပြည်နယ်တွင် မြ၀တီမြို့ရှိ ပြည်တွင်း အခွန်များ ဦးစီးဌာနများ၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ် တို့ရှိ ပြည်တွင်း အခွန်များ ဦးစီးဌာနများတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

မြ၀တီမြို့ရှိ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့တွင်မူ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား နှင့် ဆက်စပ်၍ တင်သွင်းလာသည့် ကား များသောကြောင့် အခွန် ၅၅ ရာခိုင်နှုန်းသာ ပေးဆောင်ရန် သတ်မှတ်ထားကြောင်း အဆိုပါ အရာရှိက ပြောသည်။

အခွန်သွားဆောင်သည့် ကားပိုင်ရှင်တဦးက “အခု လောလောဆယ် တန်ဖိုးဖြတ်ပေးပြီး ကျသလောက်ကို ဆောင်၊ လိုင်စင်ထုတ်ပေးတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ ကားနံပါတ် မထုတ်ပေးသေးဘူး” ဟု ဆိုသည်။

ယခုအချိန်တွင် ကားဈေးကွက်အတွင်းသို့ လမ်းကြောင်း အမျိုးမျိုးဖြင့် ၀င်ရောက်လာသည့် ကားများ များပြားနေခြင်းကြောင့် ကားဈေးနှုန်းများ ကျဆင်းနေသည့်အပြင် ဈေးဖြတ်သည့် အခွန်နှုန်းထား မြင့်မားခြင်းကြောင့် တရားဝင်လိုင်စင် လာရောက်လျှောက်ထားသူ နည်းပါးခြင်းဖြစ်ကြောင်း ရန်ကုန်မှ ကားပွဲစားတဦးက ဆိုသည်။

ပြီးခဲ့သည့် နှစ်အတွင်းက ပြည်တွင်း အခွန်များ ဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှကြားမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ဆိုင်ကယ်များကို အခွန်ဆောင်စေပြီး တရားဝင်လိုင်စင် ထုတ်ပေးခဲ့ရာ ကျပ် သန်း ၇၀၀၀ ရရှိခဲ့ကြောင်း သိရသည်။

ဒီလို လိုင်စင်ထုတ်ပေးတဲ့ နည်းလမ်းကနေ ၀င်ငွေတော်တော်များများရတာ သိသွားတဲ့အခါကျတော့ အခု ကားဘက်ကို လှည့်ပြီး လုပ်တဲ့သဘောလည်း ပါတယ်။ ကားလိုင်စင်ဆို ဒီထက်ပို ရနိုင်တယ်လေ။ သူတို့ အနေနဲ့ ဒီကနေရမယ့် ဘဏ္ဍာငွေကြေးတွေကို တော်တော် မျှော်လင့်ထားတာ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အရာရှိကဆိုသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၄ ခု လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနနှင့် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနတို့ ပူးပေါင်ကာ လိုင်စင်မဲ့ကားများကို တနေရာတည်း၊ တချိန်တည်းတွင် ပြီးပြတ်အောင် စီစဉ်ပေးသည့် One Stop Service ဖြင့် တရားဝင် လုပ်ဆောင်ပေးရေးအစီအစဉ်ကို ဇူလိုင်လ နောက်ဆုံးပတ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
@ဧရာဝတီ

စပိုင်ချစ်သူ
08-07-2010, 07:57 PM
Internet Web Development CMS နည်းပညာ တစ်ခုဖြစ်သည့် Joomla!နှင့် ပတ်သက်သော အလွတ်တန်း တွေ့ဆုံဆွေးနွေး ဖလှယ်ပွဲ (1st Joomla! Camp)ကို ပထမအကြိမ်အဖြစ် Joomla User Group Myanmarမှ အမှတ် (၁၀၆) ဆင်မင်းလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ ရှိ ABC Centerတွင် သြဂုတ်၈ရက်(တနင်္ဂနွေနေ့)၊ နေ့လည် ၁၂နာရီမှ မွန်းလွဲ ၃နာရီအထိ ပြုလုပ်မည် ဖြစ်သည်။

http://www.cedarcreeknetworks.com/joomla/images/stories/Joomla_Logo.png

“ကျွန်တော်တို့က နည်းပညာနဲ့ အခွင့်အလမ်းတွေ တိုးတက်လာအောင် တစ်ဖက်တစ်လမ်းကနေ လုပ်နေတာပါ၊ အခုပွဲကလည်း အင်တာနက်ဝက်ဘ်ဆိုဒ်တွေ လွယ်လွယ်ကူကူ ဘယ်လိုရေးမလဲ၊ စီးပွားရေး အချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ဘယ်လိုတင်မလဲ ဆိုတာတွေကို Joomla! နည်းပညာနဲ့ မိတ်ဆက် ပေးချင်တဲ့သဘောပဲ ဖြစ်ပါတယ်"ဟု ဆွေးနွေးပွဲ ပြုလုပ်ရခြင်းအပေါ် JUG Myanmar အဖွဲ့ခေါင်းဆောင် ကိုအောင်မျိုးလွင်( အဂ္ဂ )က ပြောကြားသည်။ အဆိုပါ Joomla! Campသို့ တက်ရောက်လိုပါက အင်တာနက်မှ တဆင့် www.jmyanmar.orgတွင် Register ပြုလုပ်ရမည်ဖြစ်ပြီး လူဦးရေ ကန့်သတ်ထားသည်။ Joomla! CMSကို ၂၀၀၅ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး ၂၀၁၀ ခုနှစ် ဇူလိုင်၁၈ရက်တွင် နောက်ဆုံးဗားရှင်း 1.5.20 ထုတ်ဝေထားသည်။ ထို့အတူ Joomla! ဗားရှင်း 1.6ကိုလည်း Beta အဆင့်အနေဖြင့် စမ်းသပ် အသုံးပြုနိုင်ရန် ထုတ်ဝေထားပြီး ဖြစ်သည်။ Joomla!မှာ အခမဲ့ အသုံးပြုနိုင်သည့် Open Source CMS ဖြစ်ခြင်းနှင့် လေ့လာသင်ယူရန် အထိုက်အလျောက် လွယ်ကူမှုတို့ကြောင့် ပြည်တွင်းမှ ဝက်ဘ်ဆိုက်ရေးဆွဲသူများ အသုံးပြုလာကြသည်။

Credit to Planet

မည်သည့်အရာကိုမျှသိမ်းပိုက်မထားသော
$þ¥ ©HÎtHµ

poohcartoon
08-07-2010, 10:43 PM
CDMA နှင့် GSM Sim Card နှစ်မျိုးလုံးအသုံးပြုနိုင်သည့် တရုတ်နိုင်ငံထုတ် ငါးသိန်းတန်ဖုန်း ဟန်းဆက်များ စိတ်ဝင်စားသူများပြား
ဖုန်းဈေးကွက် အတွင်းသို့ CDMA နှင့် GSM နှစ်မျိုးလုံးအသုံးပြုနိုင်သည့် တရုတ်နိုင်ငံထုတ်ငါးသိန်းတန်ဖုန်း ဟန်းဆက်များ စိတ်ဝင်စားသူ များပြားလျက်ရှိကြောင်းသိရသည်။

"အခုနောက်ဆုံးဝင်တဲ့ဖုန်းက CDMA ရော GSM ကတ်ရောထည့်ပြီး နှစ်မျိုးလုံးသုံးလို့ရတယ်။ သူက i-Phone လိုပဲ အသုံးပြုလို့ရပြီးလိုင်း ဆွဲအားလည်းကောင်းတယ်။ ဒါပေမယ့် တရုတ်က၀င်တာ၊ Warranty တော့မရှိပါဘူး။ ဆိုင်က၀န်ဆောင်မှု အနေနဲ့တော့ ၁ လအတွင်းပျက်ရင် အခမဲ့ပြန်ပြင်ပေးပါတယ်။ ဒီဖုန်းက လိုင်းမမိတာမရှိဘူး။ Error လည်း နည်းတယ်။ ဒီဖုန်းရောင်းကတည်း က တစ်လအတွင်း ပျက်လို့လာပြင်တဲ့ လူမရှိပါဘူး။ ပြီးတော့ ဖုန်းနဲ့ ပတ် သက်ပြီး ကြီးကြီးမားမားComplain တက်တာမျိုးလည်း မရှိဘူး။ ဖုန်းအသုံးပြုတဲ့သူတွေက Function မြင့်တဲ့အပိုင်းကို ရွေးပြီးသုံးကြတယ်။ ဒီမှာကများသောအားဖြင့် တရုတ်ဖုန်းတွေ အ၀င်များပြီး ကိုရီးယား-အိန္ဒိယ ဖက်စပ်လည်းဝင်တယ်။ အခုလက်ရှိ ငါးသိန်းတန် ဖုန်းဟန်းဆက်ထဲ က Verizon နဲ့ i-Phone ကတော့ အရောင်းသွက်နေတယ်"ဟု ရွှေဂုံတိုင် Mr.Fone မှတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

CDMA 800 MHz လိုင်းဆွဲအားကို အသုံးပြုထားသည့် ငါးသိန်းတန်ဖုန်းသည် ရန်ကုန်မြို့တွင်း မိုဘိုင်းဖုန်းကဲ့သို့ တစ်နေရာမှတစ်နေရာသို့ ကိုင်ဆောင်အသုံးပြုနိုင်ခြင်း၊ ကြိုတင်ငွေပေးချေသည့်စနစ်ကို အသုံးပြု သည့်အတွက် ဖုန်းခေါ်ဆိုခများအား ချိန်ဆကန့်သတ်တွက်ချက် ဖုန်းပြောဆိုနိုင်ခြင်း၊ လိုင်းဆွဲအားကောင်း ခြင်း၊ အ၀င်အထွက် ခေါ်ဆိုထားသည့် ဖုန်းနံပါတ်များအား up to date စစ်ဆေးနိုင်ခြင်းများ စသည်တို့ကြောင့် သုံးစွဲသူများမှ အထူးကြိုက်နှစ်သက်လျက် ရှိကြောင်း သိရသည်။

နှစ်မျိုးသုံး ဟန်းဆက်နှင့် ဈေးနှုန်းများ
အမျိုးအစား
မော်လ်ဒယ်
ဈေးနှုန်း(ကျပ်)
i-Phone(3G)
၁၆၀၀၀၀
Philips
K-700
၁၁၀၀၀၀
Sola
CM-200 ၆၅၀၀၀
Sola
CM-330
၁၃၅၀၀၀
Sola
CM-500 ၁၀၅၀၀၀
Verizon
XV6900
၂၀၀၀၀၀
Samsumg
B319 ၆၅၀၀၀
Samsumg
B189 ၅၀၀၀၀ကျော်
Huawai
C5600
၁၀၀၀၀၀
@news.eleven.com

poohcartoon
08-07-2010, 10:48 PM
ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ ဖုန်းလိုင်းသစ် လေးသိန်းကျော် ထပ်မံချထားပေးမည်
ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ ဖုန်းလိုင်းသစ်လေးသိန်းကျော် ထပ်မံချထားပေးနိုင်ရန်အတွက် ရေဒီယို စခန်း၂၀၀ကျော်ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၀ ပြည့်နှစ်အတွင်း အပြီးသတ်တည်ဆောက်သွားမည့် ရေဒီယိုစခန်းများမှာ ဂျီအက်စ်အမ်ရေဒီယို စခန်း ၃၀ ခု၊ စီဒီအမ်အေ ၄၅၀MHZ ရေဒီယိုစခန်း ၁၅၀ ခု၊ စီဒီ အမ်အေ ၈၀၀ MHZ ရေဒီယိုစခန်း ၄၂ခုတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်း ၃၂၃ ခု တည်ဆောက်ပြီးစီးသွားပါက ဂျီအက်စ်အမ်လိုင်း အရေအတွက် ၆၁၄၀၀ ထပ်မံရရှိလာမည်ဖြစ်ပြီး စီဒီအမ်အေ ၄၅၀ MHZ လိုင်းအရေအတွက် ၂၈၁၀၀၀ ထပ်မံ ရရှိလာမည် ဖြစ်သည်။ ယင်းအပြင် စီဒီအမ်အေ ၈၀၀ MHZ လိုင်း အရေအတွက် တစ်သိန်းထပ်မံရရှိလာမည် ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် မတ်လအထိ မိုဘိုင်းတယ်လီဖုန်းများ ချထားပေးမှုမှာ စီဒီအမ်အေ (မိုဘိုင်း) အရေအတွက် ၅၄၅၆၅၀၊ စီဒီအမ်အေ၈၀၀MHZ အရေအတွက် ၁၅၀၀၀၀၊ ဒီအမ်အေ ပီအက်စ် အရေအတွက် ၃၈၄၀၀၊ ဂျီအက်စ်အမ် အရေအတွက် ၄၉၄၃၀၀၊ ဒဗလျူစီဒီအမ်အေအရေ အတွက် ၂၈၀၀၀၊ အမ်စီဝဲလ် အရေအတွက် ၅၀၀၀၀ရှိပြီး စုစုပေါင်း မိုဘိုင်းလိုင်းအင်အား ၁၃၀၆၃၅၀ ချထားပေးဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် တည်ဆောက်ဆဲဖြစ်သည့် ရေဒီယို စခန်းများအားလုံး ပြီးစီးသွားပါက မိုဘိုင်းဖုန်းအရေအတွက် လေးသိန်းကျော် ရှိလာမည်ဖြစ်ရာ ၂၀၁၀ ပြည့် နှစ်ကုန်ပိုင်းတွင် မိုဘိုင်းဖုန်းစုစုပေါင်း တစ်သန်းခုနစ်သိန်းကျော် ရှိလာမည် ဖြစ်ကြောင်း သိရသည်။

တည်ဆောက်ဆဲ ရေဒီယိုစခန်းများနှင့် လိုင်းအင်အားရရှိနိုင်မှု
မိုဘိုင်းဖုန်းအမျိုးအစား
ရေဒီယိုစခန်း
လိုင်းအင်အား
ဂျီအက်စ်အမ်
၃၀
၆၁၄၀၀
စီဒီအမ်အေ ၄၅၀ MHZ
၁၅၁
၂၈၁၀၀၀
စီဒီအမ်အေ ၈၀၀ MHZ
၄၂
၁၀၀၀၀၀
@news.eleven.com

poohcartoon
08-07-2010, 11:16 PM
မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၄၅၀ ဦးခေါ်ယူမည်ဖြစ်ပြီး အမျိုးသမီးကျောင်းသူ ၂၀ ရာခိုင်နှုန်း လက်ခံသွားမည်
http://img411.imageshack.us/img411/309/bi3198.jpg
မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၄၅၀ ဦးခေါ်ယူမည်ဖြစ်ပြီး အမျိုးသမီးကျောင်းသူများအား ၂၀ ရာခိုင်နှုန်း ခေါ်ယူသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် ပါမောက္ခချုပ် ဦးချာလီသန်းက ပြောကြားခဲ့သည်။

ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် ပထမနှစ်သင်တန်းကို ယခုနှစ် ဒီဇင်ဘာလ ၂ ရက် နေ့တွင် ဖွင့်လှစ်မည်ဖြစ်ရာ လျှောက် ထားလိုသူများသည် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာပြည်သို့ တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။

တက္ကသိုလ်တက်ရောက်ခွင့် ရရှိရန် တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊ မြန်မာ၊ သင်္ချာ၊ ရူပ၊ ဓာတု၊ ဘောဂဘာသာတွဲ၊ အင်္ဂလိပ်၊ မြန်မာ၊ သင်္ချာ၊ ရူပ၊ဓာတု၊ ဇီဝဘာသာတွဲနှင့် အင်္ဂလိပ်၊ မြန်မာ၊ သင်္ချာ၊ ရူပ၊ ဓာတု၊ ပထ၀ီဝင် ဘာသာတွဲများဖြင့် အောင်မြင်ပြီး ရမှတ်၄၀၀နှင့် အထက်ရရှိသူ မည်သူမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်တွင် ရေယာဉ်တည်ဆောက်မှုပညာ၊ ရေကြောင်းအင်ဂျင်နီယာ၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်ပညာ၊ ဆိပ်ကမ်းအင်ဂျင်နီယာ၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာ၊ ရေကြောင်းသိပ္ပံပညာ စသည့် ဘာသာရပ်ခြောက်ခုကို သင်ကြားပေးလျက်ရှိသည်ဟု ဆိုသည်။

အမျိုးသမီး ကျောင်းသူများသည် ရေကြောင်းအင်ဂျင်နီယာနှင့် ရေကြောင်းသိပ္ပံပညာ ဘာသာရပ်များမှလွဲ၍ ကျန်ဘာသာရပ်များအား လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။

၂၀၀၉-၂၀၁၀ ပညာသင်နှစ် ဘာသာရပ်အလိုက် အနိမ့်ဆုံး ၀င်ခွင့်ရအမှတ်များ
စဉ်
ဘာသာရပ်
အနိမ့်ဆုံးရမှတ်(ကျောင်းသား) ၊
အနိမ့်ဆုံးရမှတ် (ကျောင်းသူ)
၁။
ရေကြောင်းအင်ဂျင်နီယာ
၄၈၈
-
၂။
ရေကြောင်းသိပံ္ပပညာ
၄၉၀
-
၃။
ရေယာဉ်တည်ဆောက်မှု
၄၈၅
၄၈၅
၎။
ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်
၄၈၁
၄၈၆
၅။
ဆိပ်ကမ်းအင်ဂျင်နီယာ
၄၈၁
၄၈၅


မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပညာသင်နှစ်အလိုက် ၀င်ခွင့်ရအနိမ့်ဆုံး ရမှတ်များ
ပညာသင်နှစ်
အနိမ့်ဆုံးရမှတ်
မှတ်ချက်
၂၀၀၂-၂၀၀၃
၃၄၀ မှတ်
ငါးဘာသာ
၂၀၀၂-၂၀၀၃
၄၀၂ မှတ်
ခြောက်ဘာသာ
၂၀၀၃-၂၀၀၄
၄၃၀ မှတ်
ခြောက်ဘာသာ
၂၀၀၃-၂၀၀၄
၄၃၀ မှတ် ခြောက်ဘာသာ
၂၀၀၃-၂၀၀၄
၄၃၀ မှတ် ခြောက်ဘာသာ
၂၀၀၄-၂၀၀၅
၄၄၀ မှတ် ခြောက်ဘာသာ
၂၀၀၅-၂၀၀၆
၄၄၃ မှတ် ခြောက်ဘာသာ
၂၀၀၆-၂၀၀၇
၄၅၈ မှတ် ခြောက်ဘာသာ
၂၀၀၇-၂၀၀၈
၄၄၅ မှတ် ခြောက်ဘာသာ
၂၀၀၈-၂၀၀၉
၄၇၃ မှတ်(ကျား)/၄၈၃ မှတ်(မ) ခြောက်ဘာသာ
၂၀၀၉-၂၀၁၀
၄၈၁ မှတ်(ကျား)/ ၄၈၅ မှတ်(မ) ခြောက်ဘာသာ
@news.eleven.com

poohcartoon
08-08-2010, 11:28 AM

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် လေယာဉ်ပြင်ဆင်မှု ပြုလုပ်နေ၍ Air Mandalay လေကြောင်းလိုင်း၏ ခရီးစဉ်များ ရပ်နားထား
Air Mandalay လေကြောင်းလိုင်းမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေယာဉ်ပြင်ဆင်မှု ပြုလုပ်နေ၍ ခရီးစဉ်များအား ခေတ္တရပ်နားထားကြောင်း ပြည်တွင်းလေကြောင်းလိုင်း အသိုင်းအ၀ိုင်းနှင့် လေယာဉ်လက်မှတ် အရောင်းကိုယ် စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

Air Mandalay လေကြောင်းလိုင်းသည် ATR 72 လေယာဉ်ဖြင့် ပြည်တွင်းခရီးစဉ်များ ပြေးဆွဲပေးနေပြီး ၂၀၁၀ ပြည့်နှစ် ဇူလိုင်လကုန်ပိုင်းတွင် အဆိုပါ လေယာဉ်အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လေယာဉ်အကြီးစား ပြင်ဆင်မှု ပြုလုပ်ရန် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် Air Mandalay လေကြောင်းလိုင်းမှ ပြေးဆွဲပေးနေသည့် ခရီးစဉ်များကို ခေတ္တရပ်နားခဲ့ကြောင်း သိရသည်။

''Air Mandalay လေကြောင်းလိုင်းက လေယာဉ်အကြီးစားပြင်ဆင်မှု လုပ်နေလို့ ခရီးစဉ်ကို သြဂုတ်လ ၁၅ ရက်နေ့အထိ ရပ်ထားမယ်လို့ အကြောင်းကြားထားပါတယ်''ဟု Columbus Travels and Tours မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထိုသို့ သြဂုတ်လလယ်ပိုင်းတွင် ပြန်လည်ပြေးဆွဲနိုင်ရန် လျာထားမှုရှိသော်လည်း ပြေးဆွဲနိုင်မည့်ရက်ကို အတိအကျပြော၍ မရနိုင်သေးကြောင်းလည်း Air Mandalay လေကြောင်းလိုင်းနှင့်နီးစပ်သူ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ Air Mandalay လေကြောင်းလိုင်းမှ လေယာဉ်ပြင်ဆင်မှု မပြီးသေးသည့် အချိန်တွင် ၀ယ်ယူထားသည့် လေယာဉ်သစ်များ ရောက်လာပါက အဆိုပါလေယာဉ်ဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး ပြင်ဆင်နေသည့် လေယာဉ်နှင့် ၀ယ်ယူထားသည့် လေယာဉ်များ လျာထားသည့်အချိန် ရောက်ရှိမလာပါက ခရီးစဉ်များကို ဆက်လက်ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။
@news.eleven.com

poohcartoon
08-09-2010, 07:16 PM
မြန်မာလူငယ် အများစု ပြည်တွင်းပြည်ပ အလုပ်အကိုင်များ ရှာဖွေလုပ်ကိုင်ရာတွင် ယခင်ကာလများထက် အခက်အခဲရှိလာ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင် လျက်ရှိသော လူငယ်များ စီမံကိန်းများ ရပ်ဆိုင်းသည့်အတွက် လတ်တလောတွင် အလုပ်အကိုင် ရှားပါးမှုကို ကြုံတွေ့နေ
http://news-eleven.com/images/stories/main/we5441.jpg
ယခုနှစ်ပိုင်းအတွင်း မြန်မာလူငယ်အများစု ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်များ ရှာဖွေလုပ်ကိုင်ရာတွင် ယခင်ကာလများထက် အခက်အခဲများ ရှိလာကြောင်းနှင့် အလားတူ အစိုးရမဟုတ်သော အဖွဲ့အစည်း NGO များတွင် အလုပ်လုပ်ကိုင်ခဲ့ကြသော လူငယ်များပါ စီမံကိန်းကာလ ကုန်ဆုံးသွားသည့် အတွက် လုပ်လက်စအလုပ်များ ရပ်ဆိုင်းကုန်ပြီး နောက်ထပ် အလုပ်သစ်ရှာရန် အခက်အခဲများ ရှိနေကြောင်း NGO များတွင် အလုပ်လုပ်ကိုင်ခဲ့ ကြသော လူငယ်အများစု၏ ပြောပြချက်အရ သိရှိရသည်။

'နာဂစ်နောက်ပိုင်း NGO တွေမှာဝင်လုပ်ကြတဲ့ လူငယ်တွေက ပရောဂျက်နဲ့ လုပ်ရတာဆိုတော့ အကန့်လိုက်အကန့်လိုက် ခွဲလုပ်ရတယ်။ တချို့လည်း ခြောက်လရှိတယ်၊ တစ်နှစ်ရှိတယ်၊ အမျိုးမျိုးပဲ။ ဒါပေမယ့် ပရောဂျက်တွေ ပြီးသွားပြီး လုပ်ငန်းအတွေ့အကြုံလည်း ရပြီဆိုတော့ နိုင်ငံခြားသွားပြီး အလုပ်လုပ်တာတွေ လည်းရှိတယ်။ အများစုကတော့ စင်ကာပူကိုပဲ သွားကြတယ်။ အဆင်ပြေတဲ့ လူလည်းရှိတယ်။ ပြန်လာတဲ့ လူလည်းရှိတယ်။ စင်ကာပူမှာ အလုပ်လုပ်မယ်ဆိုရင်တော့ အင်္ဂလိပ်စာ တစ်ခုတည်း မရဘူး။ တခြား accounting တို့ IT,Engineering တို့ တတ်ဖို့လည်းလိုပြန်ရော။ အဲဒီတော့ ပြန်လာရတာလည်း ရှိတယ်"ဟု စင်ကာပူနိုင်ငံမှ ပြန်လာသော မြန်မာ လူငယ်တစ်ဦးက ပြောပြခဲ့သည်။

အလားတူပင် NGO လုပ်ငန်းများ ရပ်ဆိုင်းကုန်သောကြောင့် အခြားလုပ်ငန်းများပြောင်း၍ လုပ်ကိုင်လာသူများရှိသကဲ့သို့ ပြည်ပနိုင်ငံများသို့ ကျောင်းတက်ရန် ထွက်သွားသူများလည်း ရှိကြောင်း၊ တတ်ကျွမ်းမှုနှင့် အလုပ်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံကိုလိုက်၍ NGO အဖွဲ့အစည်းများတွင် ၀င်ရောက်လုပ်ကိုင်သူများ ရှိသကဲ့သို့ ယင်းကာလနောက်ပိုင်း ရရှိလာသော လုပ်ငန်းများနှင့် အံမ၀င်သောကြောင့် လတ်တလော အလုပ်အကိုင်ရပ်နား နေသူများလည်းရှိကြောင်း သိရှိရပါသည်။

"နာဂစ်နောက်ပိုင်း NGO ၀င်လုပ်ကြတဲ့သူအများစုက ကျောင်းလျှောက်တဲ့သူ၊ အလုပ်ဝင်တဲ့သူ၊ အလုပ်ပြောင်းတဲ့သူတွေ များတယ်။ တော်တော်များများ NGO တွေက လုပ်ငန်းတွေ ရပ်ကုန်ပြီဆိုတော့ ၀န်ထမ်းတွေ လျှော့လိုက်ကြတယ်။ ဒီကြားထဲကာလတွေမှာ Capacity Building အပြင်လစာတွေလည်း အများကြီးရခဲ့ကြတော့ လိမ္မာတဲ့သူတွေ စုဆောင်းမိသွားတယ်။ နိုင်ငံခြားကျောင်း လျှောက်ချင်တဲ့လူတွေ၊ စကောလားရှစ် လျှောက်ချင်တဲ့သူတွေ အတွက်လည်း အက်ဆေးကောင်းရေးဖို့ အကြောင်းအရာရသွားကြတယ်။ အကောင်းဘက်ကကြည့်ရင် အကျိုးရှိပါတယ်။ အဆိုးဘက်က ကြည့်ရင်တော့ အဲဒီမှာ လစာတွေ အများကြီးရပြီး အခုနားသွားရတော့ နောက် အလုပ်အသစ်ပြန်ရှာတဲ့အခါ တော်ရုံလစာနဲ့ အလုပ်မျိုး မလုပ်နိုင်ကြတာမျိုးတွေ ရှိတာပေါ့"ဟု ရန်ကုန် မြို့ရှိ UN ရုံးတစ်ရုံးတွင် အလုပ်လုပ်နေသော လူငယ်ဝန်ထမ်းတစ်ဦးက ပြောပြခဲ့သည်။

http://news-eleven.com/images/stories/myanmar/mm/we5442.jpg
"မြင်နေရတဲ့ အခြေအနေကတော့ INGO တွေက ပိုပြီး အလုပ်လုပ်ဖို့ အခွင့်အလမ်းပိုကောင်းချင် ကောင်းမယ်။ ပြည်တွင်း NGO တွေကတော့ တော်တော်လေးကြိုးစားရတယ်။ နာဂစ်မုန်တိုင်းတိုက်ပြီးစ အချိန်တုန်းက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ရပေမယ့် ဒီနောက်ပိုင်းတော့ တည်ဆောက်ရေး လုပ်ငန်းတွေလုပ်ဖို့ အချိန်ရလာတယ်။ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်တယ်။ ငွေကြေးရလဒ်ထက် စွမ်းဆောင်ရည် မြင့်အောင် လုပ်လို့ရတဲ့ အခွင့်အရေးတွေ ရှိပါတယ်။ လတ်တလော အခြေအနေမှာတော့Job Opportunities ဆိုတာထက် Learning Opportunities တွေရပါလိမ့်မယ်။ တခြားပံ့ပိုးမှုတွေလည်း ရရှိနိုင်ပါတယ်"ဟု မင်္ဂလာဖောင်ဒေးရှင်းမှ ဒေါ်ယူဇာမော်ထွန်း က ပြောပြခဲ့သည်။
နယ်ကလူတွေက မလေးရှားကို သွားတာများတယ်။ အလုပ်အကိုင် ရှားပါးလာတဲ့သဘောပါ။ ပြည်တွင်းမှာ အလုပ်ရှားတော့ ပြည်ပ ထွက်ကုန်ကြတယ်။ ပြည်ပမှာလည်း ဒီလောက်ကြီးတော့ အဆင်မပြေဘူး။ မလေးရှားသွားတဲ့လူတွေ ပိုဆိုးပါတယ် ...

"NGO တွေက Contract နဲ့ လုပ်ရတာတွေလည်း ရှိတယ်။ ဒါပေမယ့် Contract ပြည့်သွားတဲ့အခါ တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တယ်။ ဆိုလိုတာက NGO မှာ လုပ်လို့ တစ်ဘ၀လုံးအတွက် ဘ၀အာမခံချက် ရသွားတာတော့ မဟုတ်ဘူး။ စွမ်းဆောင်ရည်မြင့်သွားတယ်။ တခြား အတွေ့အကြုံနဲ့ ထိတွေ့မှုတွေရတယ်။ ကိုယ်ချင်းစာနာတတ်လာမယ်။ နောက်ပြီး ယူတတ်မယ်ဆိုရင် ခေါင်းဆောင်မှု အရည်အသွေးတွေလည်း ရနိုင်ပါတယ်။ အဲဒီအတွက် အလုပ် နားလိုက်ရပေမယ့် တခြားတစ်နေရာမှာ ပြန်ရနိုင်ပါတယ်လို့ မြင်ပါ တယ်"ဟု NGO တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

"လတ်တလောမှာတော့ အလုပ်အကိုင်ရှားပါးမှုတို့ ရှိလာနိုင်တယ်။ ကိုယ့်ဘက်က အထိုက်အလျောက် ပညာတတ်ထားတယ်ဆိုပေမယ့် ကိုယ်တတ်ထားတဲ့ပညာနဲ့ လုပ်ငန်းလိုအပ်ချက်နဲ့ မကိုက်ညီနိုင်တာမျိုး ရှိနိုင်တယ်။ ထပ်ဖြည့်သွားမယ် ဆိုရင်တော့ အဆင်ပြေမှာပါ"ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။

ယင်းကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် ဘ၀တိုးတက်အောင် ကြိုးစားချင်သူများရှိသကဲ့သို့ အခြားတစ်ဖက်တွင်လည်း အချိန်ကိုကောင်းစွာ အသုံးမချတတ်ခဲ့သည့် လူငယ်များလည်း ရှိနေကြကြောင်း သိရသည်။

"ပညာခေတ်ဆိုတော့ ပညာတတ်ရင် အလုပ်လုပ်ဖြစ်မှာပါ။ ဒါပေမယ့်သိပ်လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။ နည်းနည်းအချိန်ပေးရမယ်။ Long plan နဲ့ သွားနိုင်ဖို့ လိုတယ်။ မြန်မာလူငယ်အများစုက နိုင်ငံခြား ထွက်သွားကြတယ်။ ဒါပေမယ့် စင်ကာပူသွားတဲ့ Level နဲ့ မလေးရှား သွားတဲ့ Level မတူဘူး။ အထူးသဖြင့် မြို့နေလူတန်းစား ပညာတတ် လူငယ်လေးတွေ စင်ကာပူကို အသွားများတယ်။ တခြား ဥရောပမှာ ကျောင်းသွားတက်တဲ့ လူတွေရှိတယ်။ ဒါကလည်း လူနည်းစုပါ။ အထူးသဖြင့် နယ်ကလူတွေက မလေးရှားကို သွားတာများတယ်။ အလုပ်အကိုင် ရှားပါးလာတဲ့သဘောပါ။ ပြည်တွင်းမှာ အလုပ်ရှားတော့ ပြည်ပ ထွက်ကုန်ကြတယ်။ ပြည်ပမှာလည်း ဒီလောက်ကြီးတော့ အဆင်မပြေဘူး။ မလေးရှားသွားတဲ့လူတွေ ပိုဆိုးပါတယ်။ စင်ကာပူကလည်း နောက်ပိုင်းမှာ ကြေညာချက်တွေတစ်မျိုးပြီး တစ်မျိုးထွက်လာတယ်။ အခုတော့ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက ပြောတယ်။ အလုပ် အကိုင်သစ် တစ်သိန်းလောက် ထပ်လိုတယ်လို့။ ဒါပေမယ့် တကယ် ကျွမ်းကျင်တဲ့ဝန်ထမ်း (skillful) တွေပဲလိုတာပါ။ ကိုယ့်ဘက်က ပြင်ထားရင်တော့ ရပါတယ်။ အရင်တစ်ပတ်က သူငယ်ချင်းတစ်ယောက် စင်ကာပူကနေ ပြန်လွှတ်လိုက်ရတယ်။ သူက S pass နဲ့ နေတာမဟုတ်ဘူး။Work Permit နဲ့ဆိုတော့ လစာက နည်းတယ်။ အလုပ်လည်းမကောင်းတော့ ပြန်လာရတယ်"ဟု စင်ကာပူ နိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ဦးက ပြောပြခဲ့သည်။

အလားတူပင် ပြည်တွင်းတွင်လည်း အလုပ်အကိုင်ရှားပါးမှုအပြင် အလုပ်အကိုင်ရရှိသော်လည်း လစာနည်းကာ ၀င်ငွေအကန့်အသတ် ရှိနေသောကြောင့် နိစ္စဓူဝ ရုန်းကန်နေရသောလူငယ်များလည်း အများအပြား ရှိနေသေးကြောင်း သိရသည်။

"ကြိုးစားရင် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အချိန်နဲ့ငွေအများကြီး မြှုပ်နှံရမယ်။ အဲဒါ မမြှုပ်နှံနိုင်ရင်တော့ ကျရာအလုပ်ပဲဝင်လုပ်ရမှာပဲ။ ဒါပေမယ့် လုပ်တဲ့အလုပ်က dead-end-job မဖြစ်ဖို့တော့ လိုတယ်။ တစ်ဖက်ပိတ်နေတဲ့ အလုပ်ဆိုတာ အတွေ့ အကြုံလောက်ပဲရပြီး ဘ၀တိုးတက်မှုအတွက် သိပ်အထောက်အကူ မဖြစ်ပါဘူး။ အဓိကကတော့ ရုန်းရမှာပဲ။ ကျောင်းပညာရေး တစ်ခုတည်းနဲ့ ဘယ်လိုမှ ရပ်တည်လို့မရတဲ့အခါ တခြားသင်တန်းတွေ တက်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် အမြဲသွေးနေဖို့လို အပ်ပါတယ်။ အဲဒီလိုမဟုတ်ရင် အသက်တွေသာ ကြီးသွားမှာ၊ ဘာမှ ဖြစ်မလာဘူး။ အသက်ကြီးလာတာ နဲ့တစ်ပြိုင်တည်း လူကသိပ်မစွန့်စား ချင်တော့ဘူး။ အဲဒါကလည်း လူ့အ ဖွဲ့အစည်းအတွက် အထောက်အကူ သိပ်မဖြစ်တော့ဘူး။ အခုအချိန်မှာ နိုင်ငံတိုင်းမှာ အလုပ်အကိုင်ရှားပါးတဲ့ ပြဿနာရှိပါတယ်။ ဒါပေမယ့် အမြန်ဆုံးပြေးနိုင်တဲ့လူပဲ ပန်းတိုင်ကို ရောက်မှာပါ။ လမ်းခရီးမှာ အတား အဆီးတွေ ရှိနိုင်ပါတယ်။ ကိုယ့်ဘာသာကိုယ် မီးစဉ်ကြည့်ပြီး ကျော်ဖြတ်ကြဖို့လိုပါတယ်" ဟု အငြိမ်းစား အရာရှိ တစ်ဦးကလည်း ပြောပြခဲ့သည်။

@news.eleven.com

poohcartoon
08-09-2010, 07:21 PM
ရန်ကုန် ဈေးကွက်အတွင်း ထိုင်းနိုင်ငံမှဝင်ရောက်သော အီလက်ထရောနစ် ပစ္စည်း၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အချို့ဈေးနှုန်းများ ပြောင်းလဲ
ရန်ကုန်ဈေးကွက်အတွင်းသို့ အိမ်နီးချင်းထိုင်းနိုင်ငံမှ ၀င်ရောက်လျက်ရှိသော အီလက်ထရောနစ် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်း များနှင့် လူသုံးကုန်ပစ္စည်းအချို့၏ ဈေးနှုန်းများ အပြောင်းအလဲဖြစ် ပေါ်လျက်ရှိကြောင်း အဆိုပါပစ္စည်း ရောင်းဝယ်ရေး ဈေးကွက်မှ စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံမှ ၀င်ရောက်လျက်ရှိသော ပစ္စည်းများမှာ ဇူလိုင်လကုန်ပိုင်းမှစတင်၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ကုန်ပစ္စည်း ၀င်ရောက်မှုများ သိသာစွာနည်းပါးလာသဖြင့် ဈေးနှုန်းများမြင့်တက် သွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"ထိုင်းနိုင်ငံက၀င်တဲ့ အီလက်ထရောနစ်ပစ္စည်း အားလုံးနီးပါး ဈေးမြင့်တက်သွားပါတယ်။ ရေခဲသေတ္တာဆိုရင် တစ်လုံးကို ကျပ် ၁၅၀၀၀ ၀န်းကျင်လောက် တက်သွားတယ်။ တီဗွီဈေးနှုန်းတွေ ဆိုရင်လည်း တစ်လုံးကိုကျပ် ၂၀၀၀၀ ၀န်းကျင်လောက် ဈေးတက်တယ်။ ထိုင်းဘက်က မြန်မာနိုင်ငံကို ကုန်ပစ္စည်းဝင်တဲ့ လမ်းကြောင်းပိတ်ပြီး ကွန်တိန်နာတွေ အ၀င်မရှိတဲ့အတွက် ဈေးတက်တာပါ။ ဒါကြောင့် နဂိုဝင်ထားတဲ့ လက်ကျန်ပစ္စည်းက ဈေး တက်သွားတာပါ။ ဆိုင်တွေဘက်ကလည်း အရင်ဈေးနှုန်းနဲ့ မရောင်းနိုင်တော့ဘူး"ဟု အနော်ရထာလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။

ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် လျှပ်စစ်ပစ္စည်းများဖြစ်သော တီဗီ၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ အဲယားကွန်း၊ LCD တီဗီဈေးနှုန်းများမှာ ပြောင်းလဲမှုဖြစ်ပေါ်နေကြောင်း၊ အထူးသဖြင့် LCD တီဗီဈေးနှုန်းများ မှာ တစ်လုံးလျှင် ကျပ် ၅၀၀၀၀ ၀န်း ကျင်အထိ ဈေးနှုန်းများမြင့်တက်ခဲ့ပြီး ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အလားတူ ကွန်ပျူတာပစ္စည်း ဈေးနှုန်းများလည်း ပြောင်းလဲမှုဖြစ်ပေါ်နေကြောင်းကို "ကွန်ပျူတာ ပစ္စည်းတွေ ဈေးနှုန်းအပြောင်းအလဲ ရှိနေပါတယ်။ တချို့ကွန်ပျူတာ ပစ္စည်းတွေဆိုရင် ဈေးကွက်ထဲမှာပစ္စည်း ပြတ်တဲ့အထိ ဖြစ်နေပါတယ်။ လက်ရှိရောင်းအား အခြေအနေကတော့ ပွင့်လင်းရာသီလောက် မကောင်းပေမယ့် ပုံမှန်တော့ရှိပါတယ်"ဟု Technoland ကွန်ပျူတာပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

စားသောက်ကုန်ပစ္စည်းဈေးကွက်တွင်လည်း ထိုင်းနိုင်ငံမှဝင်ရောက်သော စားသောက်ကုန်ပစ္စည်းများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံမှ ရန်ကုန်ဈေးကွက်အတွင်းသို့ ၀င်ရောက်သော စားသောက်ကုန် ဈေးနှုန်းများမှာ ယခင်လပိုင်းများကတည်းက ဈေးနှုန်းများ တရိပ်ရိပ်အတက်ပြခဲ့ပြီး ယခုအခါဈေးနှုန်းများ ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ထိုင်းက၀င်တဲ့ ဘီစကစ်တို့၊ ကိတ်မုန့်တို့၊ ကော်ဖီမစ်တို့ဆိုရင် အရင်လတွေကတည်းက ဈေးတက်နေတာပါ။ အဲဒီအချိန်ကတည်းက နယ်စပ်မှာ စစ်ဆေးမှုများလို့ ဈေးနှုန်းတက်တယ်လို့ သိရတယ်။ အခုဟာ က ပစ္စည်းကို လုံးဝမ၀င်မရှိတော့လို့ လက်ကျန်ပစ္စည်းတွေက ဈေးနှုန်းတက် တာပါ။ ဘီစကစ်တို့၊ ကိတ်မုန့်တို့ ဆိုရင် အရင်တစ်ထုပ်ကို ကျပ် ၁၆၀၀ ကနေ အခုကျပ် ၂၀၀၀ ကျော်လောက် ဖြစ်နေပါပြီ" ဟုညောင်ပင်လေးဈေးရှိ စားသောက်ကုန် ပစ္စည်းအရောင်းဆိုင် တစ်ခုက ဆိုပါသည်။

ထိုင်းနိုင်ငံမှ ၀င်ရောက်သော ပစ္စည်းများ ဈေးနှုန်းအပြောင်းလဲ ဖြစ်နေခြင်းကြောင့် အများစုမှာ ဈေးနှုန်းသက်သာသော တရုတ်နိုင်ငံမှ ပစ္စည်းများဖြင့် ပိုမိုအရောင်းအ၀ယ် ပြုလုပ်နေရကြောင်း သိရှိရသည်။
"ထိုင်းပစ္စည်းတွေက ဈေးတက်သွားတော့တချို့က ဈေးသက်သာတဲ့ တရုတ်ပစ္စည်းတွေကို ၀ယ်လာကြတယ်။ တချို့ကျတော့လည်း ဈေးတက်လည်းတက်ဆိုပြီး ထိုင်းပစ္စည်းပဲ ဆက်ဝယ်ကြတယ်။ ဒါပေမယ့် အရည်အသွေးပိုင်းမှာ ယှဉ်ရင်တော့ ထိုင်းပစ္စည်းက တရုတ်ထက် အများကြီးကောင်းတယ်"ဟု အီလက်ထရောနစ်ပစ္စည်း ရောင်းချသူတစ်ဦးကဆိုပါသည်။

ထို့ပြင် လူသုံးကုန်ပစ္စည်းဖြစ်သည့် ထိုင်းနိုင်ငံထုတ် ဖိနပ်များ၏ ဈေးနှုန်းများလည်း အနည်းငယ် မြင့်တက်လာခဲ့သည်ဟု ဖိနပ်ရောင်းချသည့်ဆိုင် အချို့ထံမှ စုံစမ်းသိရှိရသည်။

@news.eleven.com

poohcartoon
08-09-2010, 07:28 PM
လိုင်စင်မဲ့ကားများ တရားဝင်လိုင်စင် ပြုလုပ်ပေးသည့် အစီအစဉ် ကြောင့် နယ်စပ်ရှိလိုင်စင်မဲ့ကား ရောင်းချသူများ အလုပ်ပိုဖြစ်နေ၊ ရန်ကုန်၌ ကာလတန်ဖိုး စိစစ်သတ်မှတ် ခံရာတွင်လည်း လုပ်ငန်းစဉ် နားလည်သူများ အကျိုးပိုရှိ


မြန်မာတစ်နိုင်ငံလုံးတွင် လိုင်စင်မဲ့ကားများကို ကာလတန်ဖိုး စိစစ်ပေးပြီး သတ်မှတ်ဒဏ်ကြေး ပေးသွင်းစေကာ တရားဝင်လိုင်စင် ပြုလုပ်ပေးလျက်ရှိရာ အဆိုပါအစီအစဉ်ကြောင့် နယ်စပ်ရှိလိုင်စင်မဲ့ ကားရောင်းချသူများ၊ ရောင်းချသည့် ကုမ္ပဏီများ အလုပ်ဖြစ်လျက်ရှိနေသည်ဟု သတင်းရရှိပါသည်။

နယ်စပ်တွင် လိုင်စင်မဲ့ကားများ ရောင်းဝယ်မှုအပေါ် စိတ်ဝင်စားသူ မြင့်တက်လာခြင်းကြောင့်လည်း လိုင်စင်မဲ့ကားဝယ်ရင်းဈေးများမှာ ယခင်ကထက် မြင့်တက်မှုရှိလာခဲ့သည်ဟုလည်း နယ်စပ်မြို့များရှိ ကားဈေး ကွက်ကျွမ်းကျင်သူများက ဆိုကြသည်။

"ဒီအစီအစဉ် စတင်လိုက်ပြီးတဲ့ နောက်မှာ ကျွန်တော်တို့ နယ်စပ်ဘက်မှာ လိုင်စင်မဲ့ကားရောင်းတဲ့သူတွေ၊ ကုမ္ပဏီတွေ အလုပ်ပိုဖြစ်လာတာတော့ အမှန်ပဲ။ လူတွေကလည်း ၀ယ်ဖို့ စိတ်ဝင်စား လာကြတာကိုး။ ဒီတော့ လိုင်စင်မဲ့ကားဈေးလည်း အရင်ကထက် တက်သွားတာပေါ့။ ဥပမာ Toyota Mark II 2004 Grade 4 ရွှေငါးဆိုတဲ့ လိုင်စင်မဲ့ကားက အရင် ဘတ် ၃၅၀၀၀၀ က နေ အခု ဘတ် ၄၅၀၀၀၀ ၀န်းကျင် အထိ ဖြစ်သွားတယ်လို့ ကြားရတယ်။ Toyota Mark II 2000 မော်ဒယ်လိုင်စင်မဲ့ကားက ဘတ် ၂၃၀၀၀၀ ကနေ ၂၈၀၀၀၀ လောက်ဖြစ်သွားတယ်။ အဆွဲများတဲ့ကားတွေ ဈေးတက်လာတာပါ။ အမြင့်ကားတွေကတော့ လောလောဆယ် အဆွဲနည်းလို့ ဈေးသိပ်မတက်သေးဘူး"ဟု မြ၀တီမြို့နေ ကားဈေးကွက်ကျွမ်းကျင်သူ တစ်ဦးက ပြောပြခဲ့ပါသည်။
ဝယ်ရင်းဈေးနဲ့ ဒဏ်ကြေးပေးသွင်းရမှု စုစုပေါင်းဆိုရင်တော့ အပြင်ဈေးနဲ့ ဘာမှမထူးတဲ့အတွက် ကာလတန်ဖိုး စိစစ်သတ်မှတ်ခံပြီး တရားဝင်လိုင်စင် ပြုလုပ်တဲ့သူတွေ အတွက်တော့ အရမ်းအကျိုးမရှိပါဘူး။ လိုင်စင်မဲ့ကား ရောင်းချတဲ့ ကုမ္ပဏီနဲ့ ရောင်းချသူတွေကတောင် ပိုပြီး အဆင်ပြေနေ..

"အခု သက်ဆိုင်ရာကလည်း လိုင်စင်မဲ့ကား ၀င်ရောက်မှုနဲ့ ပတ်သက်ပြီး ပိုပြီးတင်းတင်းကြပ်ကြပ် စိစစ်ပေးနေပါတယ်။ နောက် ကျွန်တော်တို့မြို့မှာ လိုင်စင်မဲ့ကားတွေကို လိုင်စင်ပြုလုပ်ပေးနေတဲ့ အစီအစဉ်လည်း စနေပြီလေ။ ၈၅ ရာခိုင်နှုန်းနဲ့ပဲ ပေးဆောင်ရပါတယ်။ ၀ယ်ရင်းဈေးနဲ့ ဒဏ်ကြေးပေးသွင်းရမှု စုစုပေါင်းဆိုရင်တော့ အပြင်ဈေးနဲ့ ဘာမှမထူးတဲ့အတွက် ကာလတန်ဖိုး စိစစ်သတ်မှတ်ခံပြီး တရားဝင်လိုင်စင်ပြုလုပ်တဲ့သူတွေ အတွက်တော့ အရမ်းအကျိုးမရှိပါဘူး။ လိုင်စင်မဲ့ကား ရောင်းချတဲ့ကုမ္ပဏီနဲ့ ရောင်းချသူတွေကတောင် ပိုပြီး အဆင်ပြေနေသေးတယ်"ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

"နယ်စပ်က လိုင်စင်မဲ့ကား ရောင်းတဲ့သူတွေ အလုပ်ဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ အခုဆို တာချီလိတ်ဘက်မှာပဲဖြစ်ဖြစ်၊ မြ၀တီမှာပဲ ဖြစ်ဖြစ် ရန်ကုန်ကနေ ကားအခြေအနေ သွားကြည့်တဲ့သူတွေ တော်တော် များတယ်။ ဟံသာဝတီ ကားပွဲစားတန်းတောင် နယ်စပ်ရောက်သွားတယ်လို့ စနောက်နေကြရတဲ့အထိ သွားတဲ့သူများပါတယ်။ ဒီတော့နယ်စပ်မှာ ရောင်းဝယ်တဲ့သူတွေကလည်း ၀ယ်လိုအားပေါ် မူတည်ပြီး ဈေးတက်တယ်လို့ ယူဆရပါတယ်။ တကယ်တော့ အဲဒီက၀ယ်ရင်းဈေးရယ်၊ ဒီမှာကာလတန်ဖိုး သတ်မှတ်ခံပြီး ၈၅ ရာခိုင်နှုန်း နဲ့ပေးသွင်းရမယ့် တန်ဖိုးရယ်ပေါင်းလိုက်ရင် လိုင်စင် လုပ်တဲ့သူတွေအတွက် ဘာမှမကိုက်ပါဘူး။ ရောင်းရတဲ့ လိုင်စင်မဲ့ကားကုမ္ပဏီပဲ အလုပ်ဖြစ် မှာပေါ့"ဟု ကားဝယ်ရောင်းတစ်ဦးကလည်း ရှင်းပြခဲ့ပါသည်။

ရန်ကုန်မြို့တွင်လည်း လိုင်စင်မဲ့ကား လက်ဝယ်ရှိသူများအနေဖြင့် ကာလတန်ဖိုး စိစစ်သတ်မှတ်ခံပြီး အဆိုပါ ကာလတန်ဖိုးပေါ်တွင် ၈၅ ရာခိုင်နှုန်း ပေးသွင်းကာ တရားဝင်လိုင်စင် ပြုလုပ်ရာတွင် လုပ်ငန်းစဉ်နားလည်သူများက အခြားသူများထက်ပို၍ အကျိုးအမြတ်ရှိကြောင်း သိရသည်။

"ရန်ကုန်မှာကတော့ ကာလတန်ဖိုး စိစစ်သတ်မှတ်ခံတဲ့ ဈေးတွေကိုကြည့်ရင် အများစုကတော့ ပြင်ပပေါက်ဈေးနဲ့တန်းတူ၊ ပြင်ပပေါက်ဈေးထက် မြင့်တာတွေရှိပေမယ့် လုပ်ငန်းသဘောတရားကို နားလည်မယ်၊ ပါးရည်နပ်ရည် ရှိတယ်ဆိုတဲ့သူတွေကတော့ ဖြတ်ဈေးသင့်တင့်တဲ့အတွက် အကျိုးရှိတာတွေ့ရပါတယ်။ ဥပမာ RAV 4 2 door အမျိုးအစားဆိုရင် ကျပ်သိန်း ၇၀၀ ကာလတန်ဖိုး သတ်မှတ်ခံရတဲ့အတွက် မခံသာဘူး ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ Mitsubishi Evolution ကျတော့ ကျပ်သိန်း ၄၅၀ ပဲ သတ်မှတ်တယ်လို့ သိရတယ်။ အဲဒီလို လူအတွက်ကျတော့ ခံသာတာပေါ့။ နောက် Nissan Premier 1993 ဆလွန်းအမျိုးအစားကို ကျပ်သိန်း ၁၃၀ ၀န်းကျင် ကာလတန်ဖိုးသတ် မှတ်ပေးတယ်လို့ နောက်ပိုင်းကြားရတယ်။ တကယ်လို့သာ အဲဒီဈေးအတိုင်းအမှန်ဆိုရင်တော့ SUZUKI R+ အမျိုးအစားကို ကျပ်သိန်း ၄၃၀ သတ်မှတ်ခံရတဲ့သူထက် Nissan Premier အတွက် ပေးသွင်းရတဲ့သူက ပိုပြီးခံသာသွားတာမျိုး ရှိတာပေါ့။ ဒါကြောင့် ပါးရည်နပ်ရည်ရှိတဲ့ သူကပိုပြီးခံသာတယ်၊ အလုပ်ဖြစ်တယ်လို့ ပြောရတာပါ"ဟု ကာလတန်ဖိုး စိစစ်ခံခဲ့သူတစ်ဦးက ရှင်းပြခဲ့ပါသည်။

ယခုကဲ့သို့ ပြုလုပ်ပေးသည့် အစီအစဉ်မှာ လာရောက်သူအများစုအတွက် ပို၍ခံသာမည်ဆိုပါက နိုင်ငံတော်ဝင်ငွေ ပို၍၀င်ရောက်လာနိုင်ခြင်း၊ ကားလိုအပ်သူများအတွက် အရည်အသွေး စိတ်ချရသည့်ကားများ အသုံးပြုလာနိုင်ခြင်းတို့ ရရှိနိုင်မည် ဖြစ်ကြောင်းလည်း စောင့်ကြည့်သူများက သုံးသပ်ကြပါသည်။
@news.eleven.com

poohcartoon
08-11-2010, 03:23 PM
ကြိုးမဲ့အင်တာနက်စနစ် (Wi Fi) အသုံးပြုရန်မလိုဘဲ အင်တာနက် သုံးစွဲနိုင်မည့် မိုဘိုင်းဖုန်းမျိုးဆက် အဆင့်မြှင့်တင်မှုများကို GSM ဖုန်းများတွင် ပြုလုပ်သွားမည်ဟုဆို
http://www.news-eleven.com/images/stories/myanmar/mm/bi3202.jpg
လက်ရှိ အချိန်တွင် GSM (Global System for Mobile Communications) ဖုန်းများဖြင့် အင်တာနက်အသုံးပြုလိုပါက ကြိုးမဲ့အင်တာနက်စနစ်(Wi Fi) ရရှိသည့် ဧရိယာများတွင်သာ အသုံးပြုနိုင်ရာ ဆက်သွယ်ရေးကွန်ရက်ဖြင့် အင် တာနက်သုံးစွဲနိုင်မည့် မိုဘိုင်းဖုန်း အဆင့်မြှင့်တင်မှုများကို GSM ဖုန်းများတွင် ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆက်သွယ်ရေး၊ စာတိုက် နှင့်ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အသုံးပြုနေသော GSM မျိုးဆက်သည် 1.5 G မျိုးဆက်ဖြစ်ပြီး ဒုတိယမျိုးဆက် (2G) နှင့် တတိယမျိုးဆက် (3G) ကြား အပြောင်းအလဲအဆင့်ကို အသုံးပြုနေခြင်းဖြစ်ကြောင်း၊ အဆိုပါစနစ်တွင် အထွေထွေပက်ကတ် ရေဒီယိုစနစ် (GPRS) ကို အသုံးပြုထားပြီး စာသားတိုပေးပို့မှုစနစ် (SMS) စနစ် နှင့်အင်တာနက် Data လွှဲပြောင်းမှု အချို့ကိုသာ ပြုလုပ်နိုင်သေးကြောင်း သိရှိရသည်။
GSM ဖုန်းတွေ မှာ အင်တာနက် အသုံးပြုနိုင်ဖို့ ရှိပါတယ်။ လောလောဆယ်မှာတော့ GSM ဖုန်းတွေကို 3D အဆင့်ကိုတိုးမြှင့်ပေးဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒါကြောင့် 3D မျိုးဆက်တွေမှာမှ အသုံးပြုလို့ရတဲ့ Video call တွေကို အသုံးမပြုနိုင်သေးပါဘူး

ထို့ကြောင့် မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် 2.5G ကို 2.75G သို့ အဆင့်မြှင့်တင်မှုများပြုလုပ်ကာ GSM ဖုန်းများတွင် အင်တာနက်အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော် 25.G အဆင့်မှ 3G အဆင့်သို့ ယခုအချိန်တွင် မြှင့်တင်ပေးနိုင်မည့် အခြေအနေ မရှိကြောင်း၊ ထို့ကြောင့် လတ်တလောအချိန်တွင် GSM ဖုန်းများ၌ ဖုန်းခေါ်ဆိုမှုအပြင် ရုပ်ပုံများကိုပါ မြင်နိုင်မည့် (Video Call) ခေါ်ဆိုမှုများကို အသုံး ပြုနိုင်ဦးမည် မဟုတ်ကြောင်း သိရသည်။

"လက်ရှိအသုံးပြုနေတဲ့ DSM ဖုန်းတွေကို 2.5G ဖြစ်အောင် upgrade လုပ်ပြီး (EDGE) လို့ခေါ်တဲ့ အဆင့်မြှင့်ထားတဲ့ အချက်အလက် ထုတ်လွှတ်မှုနှုန်းတွေကို အသုံးပြုလို့ရအောင် စီစဉ်နေတာဖြစ်ပါတယ်။ (EDGE) ရလာရင် GSMဖုန်းတွေ မှာ အင်တာနက် အသုံးပြုနိုင်ဖို့ ရှိပါ တယ်။ လောလောဆယ်မှာတော့ GSM ဖုန်းတွေကို 3D အဆင့်ကိုတိုးမြှင့်ပေးဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒါကြောင့် 3D မျိုးဆက်တွေမှာမှ အသုံးပြုလို့ရတဲ့ Video call တွေကို အသုံးမပြုနိုင်သေးပါဘူး"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လူကြီးမင်း မိုဘိုင်းဖုန်းအရောင်းဆိုင်မှ မန်နေဂျာဦးကိုကိုအောင်က "ကျွန်တော်တို့ GSM နဲ့ အင်တာနက်သုံးချင်ရင် WiFi ဇုန်ရှိတဲ့နေရာကို သွားသုံးရပါတယ်။ ဒီမှာသုံးနေတဲ့ 2.5G/900GSM အမျိုးအစားဖြစ်တဲ့အတွက် အင်တာနက် သုံးတဲ့အခါမှာလည်း SMS ပို့တာနဲ့ Data Transfer လုပ်တာမျိုးလောက်ပဲရတယ်။ မျိုးဆက်အဆင့်မြှင့်မှုတွေ သာရှိလာရင် File Size နဲ့အမြန်နှုန်း တွေမြင့်လာပြီး Chatting လောက် အထိ Mobile Phone နဲ့အသုံးပြု လာနိုင်မယ့်သဘောရှိပါတယ်။ နိုင်ငံတကာမှာတော့ Video Call တွေ အသုံးပြုလို့ရတဲ့ 3G စနစ်ကို အသုံးပြုနေတာ ကြာနေပြီဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် GSM ဖုန်း များကို ၂၀၀၁ ခုနှစ်ဝန်းကျင်၌ စတင်ချထားပေးခဲ့ပြီး လက်ရှိအချိန်တွင် GSM ဖုန်းအလုံးပေါင်း ငါးသိန်းနီးပါးကို ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် GSM ရေဒီယို စခန်း ၃၀ ခုကို ထပ်မံတည်ဆောက်လျက်ရှိပြီး အဆိုပါစခန်းများအပြီး သတ်တည်ဆောက်ပြီးစီးပါက အလုံးရေ ခြောက်သောင်းကျော်ကို ထပ်မံချထားပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလအတွင်း စတင်ချထားပေးခဲ့သည့် CDMA 800 MHz ငါးသိန်းတန်ဖုန်းများမှာ လက်ရှိ၌ သုံးစွဲသူများ ပြားလျက်ရှိခြင်းကြောင့် GSM ဖုန်း များ၏ ၀ယ်လိုအားကျဆင်းနေခဲ့ပြီး လျှောက်ထားမှုမှာလည်း နည်းပါး နေကြောင်း သိရှိရသည်။
@news.eleven.com

poohcartoon
08-11-2010, 03:38 PM
မြန်မာနိုင်ငံ၏ လက်ရှိ အသက်အကြီးဆုံးပုဂ္ဂိုလ်မှာ အသက် ၁၁၈ နှစ် ဖြစ်ပြီး ဂင်းနစ်မှတ်တမ်း၏ သက်ရှိထင်ရှား ရှိနေသေးသော ကမ္ဘာ့ အသက်ကြီးဆုံးထက် လေးနှစ်ပိုကြီးနေ
http://www.news-eleven.com/images/stories/myanmar/mm/bi3201a.jpg
မြန်မာနိုင်ငံ၏ လူထုမျှော်မှန်း သက်တမ်းသည် မြင့်တက်လာပြီး အသက်အကြီး ဆုံးသူမှာ အသက် ၁၁၈ နှစ်အရွယ်ရှိ ဒေါ်မြကြည်ဖြစ်ပြီး ဂင်းနစ်မှတ်တမ်း၏ သက်ရှိထင်ရှားရှိနေသေးသော ကမ္ဘာ့အသက်ကြီးဆုံးသူထက် လေးနှစ်ခန့် အသက်ပိုကြီးနေကြောင်း သိရသည်။

ဂင်းနစ်မှတ်တမ်း၏ စာရင်းအရ သက်ရှိ ထင်ရှားရှိသော ကမ္ဘာ့အသက်ကြီးဆုံးသူမှာ Eugénie Blanchard ဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ၁၈၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မွေးဖွားခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် မေလ ၂ ရက်တွင် ဂျပန်နိုင်ငံရှိ Kama Chinen သေဆုံးပြီးနောက် ကမ္ဘာ့အသက်ကြီးဆုံးသူ ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်မြကြည်သည် မန္တလေးတိုင်း အမရပူရမြို့နယ် ပေါက်ခြံကုန်းကျေးရွာတွင် နေထိုင်ပြီး မြန်မာသက္ကရာဇ် ၁၂၅၄ ခုနှစ် သီတင်းကျွတ်လဆန်း ၁ ရက်နေ့ (၁၈၉၂ ခုနှစ်) တွင် မွေးဖွားခဲ့ကြောင်း၊ လက်ရှိအချိန် တွင် ဒေါ်မြကြည်မှာ ၁၁၈ နှစ် ဖြစ်သောကြောင့် Eugénie Blanchard ထက် အသက်လေးနှစ်ခန့် ပိုကြီးနေသည်ဟု သိရသည်။

မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့၏ ကောက်ယူထားသော စာရင်းများအရ အသက် ၁၀၀ နှစ်နှင့်အထက် အဘိုး ၁၃ ဦး၊ အဘွား ၄၄ ဦး၊ သံဃာတော် ၂ ပါး၊ သီလရှင် ၁ ပါးတို့ ဖြစ်ကြောင်း သိရသည်။

http://www.news-eleven.com/images/stories/myanmar/mm/bi3201.jpg
"ဒီစာရင်းက အခုလက်ရှိသက်ရှိ ထင်ရှားရှိနေသေးတဲ့သူတွေကို စာရင်းလုပ်ထားတာပါ။ ဆုံးပါးသွားတဲ့သူ တွေလည်းရှိပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းလူတွေ အသက်ပိုရှည်လာတယ်လို့ ပြောလို့ရတယ်။ အခုအသက် အကြီးဆုံးက အသက် ၁၁၈ နှစ်အထိ ရှိနေတာကိုတွေ့ရတယ်။ ကျွန်တော်တို့ ဆီမှာရှိတဲ့စာရင်းက အဖွဲ့ကိုလာရောက် စာရင်းပေးထားတဲ့သူတွေပဲ ရှိပါသေးတယ်။ အသက် ၁၀၀ ကျော် ဘိုးဘွားတွေ ဒီထက်များများလည်း ရှိနေနိုင် ပါတယ်"ဟု မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့မှ ဦးအောင်မျိုးမင်းက ဆိုပါသည်။

မြန်မာနိုင်ငံတွင် ပြည်သူလူထု မျှော်မှန်းသက်တမ်းသည် ၁၉၈၈ ခုနှစ် က ကျေးလက်ဒေသတွင် အမျိုးသား ၅၆ ဒသမ ၂ နှစ်၊ အမျိုးသမီး ၆၀ ဒသမ ၄ နှစ်နှင့် မြို့ပြဒေသတွင် အမျိုးသား ၅၉ ဒသမ ၀ နှစ်၊ အမျိုး သမီး ၆၃ ဒသမ ၂ နှစ်ရှိခဲ့ရာမှ လက်ရှိ အချိန်တွင် ကျေးလက်ဒေသ၌ နေထိုင်သည့်အမျိုးသားများမှာ ၆၃ ဒသမ ၂ နှစ်၊ အမျိုးသမီး ၆၇ ဒသမ ၁ နှစ်၊ မြို့ပြဒေသတွင် အမျိုးသား ၆၄ ဒသမ ၀ နှစ်၊ အမျိုးသမီး ၆၉ ဒသမ ၀ နှစ် အထိ တိုးတက်လာကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် ယေဘုယျသေနှုန်းမှာ လူဦးရေတစ်ထောင်လျှင် ကျေးလက်ဒေသတွင် ၉ ဒသမ ၉ နှင့် မြို့ပြ ဒေသတွင် ၈ ဒသမ ၉ ရှိရာမှ ကျေးလက်ဒေသတွင် ၅ ဒသမ ၉ နှင့် မြို့ပြ ဒေသတွင် ၅ ဒသမ ၃ သို့ ကျဆင်း သွားခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ လူ့သက်တမ်းမြင့်မားလာခြင်းနှင့် ယေဘုယျ သေနှုန်းကျဆင်းလာခြင်း တို့ကြောင့် အသက် ၆၀ နှစ်နှင့် အထက် လူဦးရေများမှာလည်း နှစ်စဉ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

လူတစ်ယောက် အသက်ရှည်ဖို့ (ဒါမှမဟုတ်) သက်တမ်းစေ့ နေနိုင်ဖို့ဆိုတာကျန်းမာရေးက အဓိကအခြေခံကျပါတယ်။ ပြီးတော့ ကျန်းမာရေး အသိရှိမှု၊ အမူအကျင့်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လောက်ထိရတယ်။ အစား အသောက်နဲ့ ပတ်ဝန်းကျင်က ဘယ်လောက်သန့်ရှင်းမှုရှိလဲ၊ ရေကောင်း ရေသန့်ရရှိမှု စတာတွေအပေါ်မှာလည်း မူတည်နေပါတယ်

"လူ့သက်တမ်းကို တွက်တဲ့အခါ မွေးတဲ့လူတစ်ယောက်ဟာ ဘယ်လောက် အသက်ရှည်မယ်ဆိုပြီး ပျမ်းမျှ တွက်ချက်တာပါ။ အဲဒီထက်ပိုရှည်တဲ့ သူလည်းရှိသလို အဲဒီလောက် အသက်မရှည်တဲ့သူလည်း ရှိပါတယ်။ လူတစ်ယောက် အသက်ရှည်ဖို့ (ဒါမှမဟုတ်) သက်တမ်းစေ့ နေနိုင်ဖို့ဆိုတာကျန်းမာရေးက အဓိကအခြေခံကျပါတယ်။ ပြီးတော့ ကျန်းမာရေး အသိရှိမှု၊ အမူအကျင့်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လောက်ထိရတယ်။ အစား အသောက်နဲ့ ပတ်ဝန်းကျင်က ဘယ်လောက်သန့်ရှင်းမှုရှိလဲ၊ ရေကောင်း ရေသန့်ရရှိမှု စတာတွေအပေါ်မှာလည်း မူတည်နေပါတယ်"ဟု UNFPA မှ ဌာနေကိုယ်စားလှယ် ဒေါက်တာနေ၀င်း က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၅၈ ဒသမ ၃ သန်းတွင် အသက် ၆၀ နှစ် နှင့်အထက်ရှိသူအရေအတွက်မှာ ၅ ဒသမ ၁၃ သန်းရှိပြီး စုစုပေါင်း လူဦး ရေ၏ ၁၁ ရာခိုင်နှုန်းရှိကြောင်း၊ လက်ရှိ တွင် အသက် ၁၀၀ နှစ်နှင့်အထက် သက်ကြီးရွယ်အို ဦးရေမှာ ၆၀ ဦးခန့် ရှိကြောင်းနှင့် ကမ္ဘာပေါ်၌ သက်ကြီးရွယ်အို အရေအတွက်မှာနှစ်စဉ် ၂ ဒသမ ၀ ရာခိုင်နှုန်း မြင့်တက်လျက် ရှိကြောင်းသိရသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျန်းမာရေး အဆင့်အတန်း မြင့်မားလာခြင်း၊ လူနေမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် မွေးနှုန်းကျဆင်းလာခြင်း၊ သေနှုန်းကျဆင်းခြင်း နှင့်အတူ သက်ကြီးရွယ်အို ဦးရေလည်း မြင့်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။

ယခုလက်ရှိ အချိန်အထိ သက်ရှိထင်ရှားရှိသည့် အသက် ၁၀၀ နှစ်နှင့်အထက် ဘိုးဘွားအချို့
စဉ် အမည် အသက် နေရပ်လိပ်စာ
၁။ ဒေါ်မြကြည် ၁၁၈ နှစ် အမရပူရမြို့၊ မန္တလေးတိုင်း
၂။ ဦးအုန်းမြိုင် ၁၁၀ နှစ် မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်း
၃။ ဒေါ်ခင်နု ၁၁၀ နှစ် မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း
၎။ ဒေါ်သိန်းညွန့် ၁၀၉ နှစ် ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်)၊ ရန်ကုန်တိုင်း
၅။ ဒေါ်သိန်းကြည် ၁၀၇ နှစ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်း
၆။ ဒေါ်အုံးပွင့် ၁၀၇ နှစ် လက်ပံတန်းမြို့၊ ပဲခူးတိုင်း
၇။ ဒေါ်နှင်းအေး ၁၀၇ နှစ် သာကေတမြို့နယ်၊ ရန်ကုန်တိုင်း
၈။ ဒေါ်ရာကူး ၁၀၇ နှစ် ကျောက်တန်းမြို့နယ်၊ ရန်ကုန်တိုင်း
၉။ ဦးမောင်ရွှေ ၁၀၆ နှစ် ညောင်တုန်းမြို့၊ ဧရာဝတီတိုင်း
၁၀။ ဒေါ်ဖွဲနုမ ၁၀၆ နှစ် ကျောက်တန်းမြို့၊ ရန်ကုန်တိုင်း

ဂင်းနစ်မှတ်တမ်းအရ သက်ရှိထင်ရှား ရှိနေသေးသော အသက် ၁၀၀ နှစ်နှင