PDA

View Full Version : သံပုရာသီးကနေ လျှပ်စစ်ထုတ်ပြီးသုံးကြမယ်



စပိုင်ချစ်သူ
04-04-2010, 07:16 PM
http://i39.tinypic.com/qq7dd2.jpg

သံပုရာသီးကို မတူညီတဲ့ သတ္တု နှစ်မျိုးနဲ့ DC (Direct Current) လျှပ်စစ်ထုတ်လို့ ရတယ်လို့ သိရပါတယ်။ အဲ့ဒီသတ္တုနှစ်မျိုးကတော့ သွတ်နဲ့ ကြေးနီတို့ဘဲဖြစ်ပါတယ်။ သံပုရာသီးကို အနည်းငယ်အပေါက်ဖောက်ပြီး တဖက်ကနေသွတ်ရည်စိမ်ထားတဲ့ သံမဏိ သွတ်ချောင်းနဲ့ တဖက်ကတော့ ကြေးနီပဲနိ ပြား ကို ပုံမှာပါတဲ့အတိုင်း ထည့်ရမှာဖြစ်ပြီး အဲ့ဒီသွတ်ချောင်းနဲ့ ပဲနိပြားဟာ လုံးဝထိနေလို့မရပါဘူး။

http://i42.tinypic.com/256tjio.jpg

http://i44.tinypic.com/2r6cguv.jpg

သွတ်ချောင်းကို ဘက်ထရီရဲ့ အမ (-) မှာထားပြီး ပဲနိ ကြေးပြားကိုတော့ အဖို (+) မှာထားရမှာဖြစ်ပါတယ်။ အဲ့ဒီလိုထားပြီး မီတာနဲ့ တိုင်းတာကြည့်တဲ့အခါ သံပုရာသီးတစ်လုံးမှာ မီတာမှာ ဝ.၉၀၆ ဗို့ အားပြနေတာတွေ့ရပါလိမ့်မယ်။ အရည်ရွမ်းတဲ့ သံပုရာသီးဆိုပိုကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဗို့အားလောက်နဲ့တော့ မီလုံးတစ်လုံးလင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

http://i41.tinypic.com/p7lg1.jpg

သံပုရာသီးနှစ်လုံးကို ပုံမှာပြထားတဲ့အတိုင်း တန်းဆက် ဆက်လိုက်ရင်တော့ ၁.၇၈၈ ဗို့အားရရှိလာမည်ဖြစ်ပါတယ်။(ဓါတ်ခဲတစ်လုံးဗို့အား ၁.၅ ဗို့ဖြစ်ပါတယ်)ဒီလို အားနဲ့လည်းမီးလုံး တစ်လုံး လင်းလာဖို့အတွက်တော့ မလုံလောက်သေးပါဘူး။

http://i41.tinypic.com/mh9h1j.jpg

http://i43.tinypic.com/15g9nuv.jpg

လေးလုံးဆက်လိုက်ရင်တော့ ၃.၅ ဗို့ရလာမယ်။ အဲ့ဒါဆိုရင်တော့ အလုပ်ဖြစ်လာပြီ (နှစ်တောင့်ထိုးဓါတ်မီး အားလောက်တော့ လင်းမှာပေါ့) ကဲ့ဒါဆိုရင် LED မီးလုံးနဲ့ ထွန်းမယ်ဆိုရင်တော့ ဗို့အားကို လျှော့ချဖို့ ဆားကစ်တစ်ခုပြုလုပ်ရမှာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုရင်တော့ ၂ဗို့ ထက်ကျော်သွားရင် LED မီးလုံး ကျွမ်းသွားနိုင်လို့ ဖြစ်ပါတယ်။

http://i42.tinypic.com/2mx1w2e.jpg

http://i44.tinypic.com/1z2kkdh.jpg


Mail ထဲက ရတာကိုပြန်လည်မျှဝေပေးထားတာပါ

konge
04-04-2010, 08:04 PM
ဘယ်လောက်ကြာကြာလင်းတာလဲဟင်... :? ဆိုလိုတာက အမ့် ဘယ်လောက်လောက်ရသလဲလို့  ;D

စပိုင်ချစ်သူ
04-04-2010, 08:14 PM
ကျွန်တော်လည်းမပြောတတ်ဘူးခင်ဗျ။ ကျွန်တော့် မေးလ်ထဲကိုပို့ထားတာကိုပြန် Share လုပ်တာပါ

ခင်မင်လျှက်
စပိုင်ချစ်သူ