PDA

View Full Version : AutoCAD Drawing print out



Saw Win Htoo
04-10-2010, 03:05 AM
AutoCAD Drawings များ ကို Scale အမျိုး မျိုးဖြင့် paper တစ်ခု ထဲ၌ မည်သို့ ပုံ ထုတ် ယူ နိုင် သည် ကို ပြောပြ ပေး စေလို ပါသည်။ M;

papagyi
04-19-2010, 12:26 AM
ဟုတ်ကဲ့ ..paper space (layout ) ထဲမှာပြောတာလားမသိဘူးနော်..
အကြောင်းပြန်ပေးပါဦး... :)

ငမောင်
07-06-2010, 01:05 PM
ဟီး ကျနော်ပဲဆက်မေးလိုက်တော့မယ်.. :7: :7:
model ထဲမှာထုတ်မယ်ဗျ။ ပုံတွေအများကြိးကို ပေါင်းထည့်ထားတယ်ပေါ့နော် အဲဒဲီထဲက ကိုယ့်စိတ်ကြိုက်တစ်ပုံကို ရွေူးထုတ်မှာ ...
window ဆွဲပြီးထုတ်လို့ သူငယ်ချင်းတစ်ယောက် ကပစ်စလတ်ခတ်ကြီးပြောတယ်ဗျ ဘယ်လို ဆွဲတာလဲတော့မသိဘူး..
ပြီးတော့ တခြားနည်းနဲ့ ကောင်းမယ့် ဟာလေးရှိလားမသိဘူး။
ူlayout ထဲမှာ ဘာမှပြန်ပြင် စရာမလိုပဲ စာရွက်နဲ့ကွတ်တိဖြစ်နေအောင်လေ..

ဲပြီးတော့ တခြားလွယ်ကူလျင်မြန်တဲ့ plot ထုတ်တဲ့ ကော်မန်းလေးတွေပြောပြပါဥိးဗျ။
ကိုပါကြီးရေ မအားရင် ဖြေးဖြေးခြင်းရှင်းနော် အွန်လိုင်း ဖြစ်နေတာတွေ့လို့ အမြန်မေးလိုက်တာ.. :4: :4:

ကြိုတင်ကျေးဇူးတင်ထားတယ်နော် နာ့ ကိုကြီး ကချက်ခြင်းလာဖြေမှာသိနေဒယ်လေ အဟဲ :2: :2:

nga maung

phyo
07-06-2010, 02:08 PM
ဟီး ကျနော်ပဲဆက်မေးလိုက်တော့မယ်.. :7: :7:
model ထဲမှာထုတ်မယ်ဗျ။ ပုံတွေအများကြိးကို ပေါင်းထည့်ထားတယ်ပေါ့နော် အဲဒဲီထဲက ကိုယ့်စိတ်ကြိုက်တစ်ပုံကို ရွေူးထုတ်မှာ ...
window ဆွဲပြီးထုတ်လို့ သူငယ်ချင်းတစ်ယောက် ကပစ်စလတ်ခတ်ကြီးပြောတယ်ဗျ ဘယ်လို ဆွဲတာလဲတော့မသိဘူး..
ပြီးတော့ တခြားနည်းနဲ့ ကောင်းမယ့် ဟာလေးရှိလားမသိဘူး။
ူlayout ထဲမှာ ဘာမှပြန်ပြင် စရာမလိုပဲ စာရွက်နဲ့ကွတ်တိဖြစ်နေအောင်လေ..

ဲပြီးတော့ တခြားလွယ်ကူလျင်မြန်တဲ့ plot ထုတ်တဲ့ ကော်မန်းလေးတွေပြောပြပါဥိးဗျ။
ကိုပါကြီးရေ မအားရင် ဖြေးဖြေးခြင်းရှင်းနော် အွန်လိုင်း ဖြစ်နေတာတွေ့လို့ အမြန်မေးလိုက်တာ.. :4: :4:

ကြိုတင်ကျေးဇူးတင်ထားတယ်နော် နာ့ ကိုကြီး ကချက်ခြင်းလာဖြေမှာသိနေဒယ်လေ အဟဲ :2: :2:

nga maung


ကိုပါကြီး မဖြေခင် ကျနော်ဝင်ပြီး အာဖြံကွီး လုပ်လိုက်ဦးမယ်...

ပုံတွေအများကြီး ပေါင်းထည့်ထားတဲ့အထဲက စိတ်ကြိုက် ပုံတစ်ပုံပဲ ထုတ်မယ်ဆိုရင်တော့ Model ထဲမှာပါ.. print လုပ်လို့ ရပါတယ်..
ကျနော် နားလည်တာက Window ဆွဲတယ်ဆိုတာ.. print command လုပ်ပြီးရင် ပေါ်လာတဲ့ Plot Menu Box မှာရှိတဲ့ plot area နေရာမှာ
What to plot ဆိုတာ ရှိပါတယ်.. အဲဒီမှာ Display, extends, limits, window ဆိုပြီး ကိုယ်နှစ်သက်ရာ ရွေးလို့ ရပါတယ်..
အဲဒီမှာ Window ဆိုတာလေးကိုရွှေးပြီး Plotscale မှာ fit to paper နဲ့  Plot offset မှာ centre the plot ဆိုတာရွေးပြီး ထုတ်တာကို ဆိုလိုတာထင်ပါတယ်..

Model ထဲမှာ Window ယူပြီး ထုတ်တယ်ဆိုတာက ပုံတွေအကုန်လုံးကို စကေးတစ်ခုတည်းနဲ့  ထုတ်မယ်ဆိုရင်တော့ အရမ်းလွယ်ပါတယ်..
အရမ်း ရိုးရှင်းတဲ့ ပုံတွေဆိုရင် ၊ ဒါမှမဟုတ် ပုံတစ်ပုံထဲမှာ ဖော်ပြလိုတဲ့ အကြောင်းအရာ Heading တစ်မျိုးတည်းဆိုရင်တော့ ကောင်းပါတယ်..
ဒါပေမယ့် ရှိသမျှ အကုန်လုံးကို စာမျက်နှာတစ်ခုတည်းမှာ စကေးအမျိုးမျိုးနဲ့  ထုတ်မယ်ဆိုရင်တော့ နည်းနည်း ဟိုလုပ် ဒီလုပ်လုပ်ရတာတွေရှိမယ်..
ဥပမာ .. Block တွေဖွဲ့  Groupတွေ လုပ် ပြီး SC command နဲ့  ကိုယ်လိုချင်တဲ့ စကေးအတွင်းမှာဝင်အောင် ဟိုညှပ်ထည့် ဒီညှပ်ထည့်လုပ်ရတယ်..
ရှုပ်ကုန်ပြီထင်တယ်နော်..
ဒါကြောင့် အာဖြံကွီး လုပ်မယ်ပြောတာပေါ့.. :4:
submission မလုပ်ဘဲ..
ကိုယ့်အလုပ်ထဲမှာပဲ Workshop Detail လုပ်ထားတဲ့ ပုံတွေဆိုရင် Model ကနေပဲ print လုပ်တာ အကောင်းဆုံး..

Drawing Standard ကျကျပုံထုတ်မယ်.. XREF ဖိုင်တွေ ဖွဲ့ ပြီး လုပ်ရမယ် .. ပြီးတော့ Drawing ပုံတစ်ခုတည်းမှာပဲ ရှိနေတဲ့ Detail တွေကို အမျိုးအစားအလိုက် အကုန်လုံး Detail ညွှန်းရမယ်ဆိုရင်တော့ ( ကျနော့် စိတ်ကြိုက်အရ) layout ကနေပဲ ပုံထုတ်ပါမယ်...

အရင်တုန်းက ကျနော် တင်ထားတဲ့ ပိုစ့်လေး တစ်ခုရှိပါတယ်.. အဲဒီထဲက တစ်ခါမှ ပုံမထုတ်ဘူးသေးတဲ့ သူတွေအတွက် ဖြတ်လမ်းလိုက်လို့ ရအောင်
pdf ဖိုင်လေးနဲ့  ကျနော်ရှင်းပြထားတာလေးရှိတယ်... အထာတော့ သိပ်မကျဘူးပေါ့ဗျာ.. ဆေးမြီးတိုပေါ့..

ဒီနေရာမှာယူလိုက်ပါ (http://www.myanmarengineer.org/mefuploader/uploaded_files/Plotting%20for%20junior.rar)

ငမောင်
07-06-2010, 03:16 PM
ကိုဖြိုးရေ........
အကို PDF ဖိုင်ထဲက window ကောက်တဲ့နည်း အတိုင်း ကျနော်ထုတ်ကြည့်ပါတယ်။ အရင် အကိုပေးထားတဲ့ Aluminium Door ပုံလေးကိုစမ်းပြီးထုတ်ကြည့်တာပါ။
အားလုံးအဆင်ပြေပါတယ်။ တစ်ခုပဲ Preview ပြန်ကြည့်တော့ ဘာမှမပေါ်ဘူးဗျ။
ဒီလိုကြီးပဲပေါ်တယ်....
http://sphotos.ak.fbcdn.net/hphotos-ak-snc4/hs038.snc4/34267_1531773412868_1190739736_1493912_6594046_n.jpg
အကိုပေးထားတဲ့ ပုံဒေါင်းလုပ်လင့် ကဒီမှာပါ။

http://www.mediafire.com/?vhkg0gk23ig
ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ...

nga maung

MZ
07-06-2010, 03:32 PM
ဒါ သက်သက်လုပ်ကြံတာဘဲဗျ... ;) layer တွေမှာ plot setting ပိတ်ထားတာ ပြောဖို့ ကိုဖြိုး မေ့သွားတာ ထင်တယ်...

construction lines တွေ အပါအ၀င် အချို့ layers တွေကို ပုံဆွဲဖို့ အထောက်အကူ ပြုဖို့အတွက် မြင်ရုံဘဲ မြင်ချင်တယ် ဆိုရင် အဲဒီလို layer မှာ plot ကို ပိတ်ထားလေ့ ရှိပါတယ်... တခါတလေ မတော်တဆ print out ထုတ်မိသွားမှာစိုးလို့ပါ... ဒီပုံ ကို upload မလုပ်ခင်မှာလည်း အကြောင်းတခုခုကြောင့် ပိတ်ထားတာမျိုး ဖြစ်ပါလိမ့်မယ်...

Layer properties ကိုခေါ်လိုက်ပါ.... အဲဒီမှာ "Plot" column အောက်မှာ ပိတ်ထားတဲ့ Layers တွေကို ဖွင့်လိုက်ပါ... အဲဒီမှာ ပြထားတဲ့ အတိုင်း plot ပြန်လုပ်ကြည့်ပါ... အဆင်ပြေသွားပါလိမ့်မယ်..

papagyi
07-08-2010, 09:28 PM
:) အားလုံးကို ကျေးဇူးပါဗျာ..မေးတဲ့သူကော ဖြေတဲ့သူတွေပါပေါ့..
ကျွန်တော် ဒီလိုလေး ဖြစ်စေချင်တာပါ...တစ်ယောက်မေးရင်..ကျန်တဲ့သူတွေက ဦးရာဖြေပေးကြ..
တစ်ယောက်တစ်မျိုးစီနဲ့ နည်းမျိုးစုံလဲ သိရပေါ့....နောက်လဲ.အဲလိုဖြေပေးကြပါဗျာ.. ;D
မေးတဲ့သူကလဲ...တစ်ခြားသူတွေ မေးလို့..သိတာရှိရင် ဖြေပေးပါဦးနော်..
အများကြီးသိမှ ဖြေရမယ် လို့ မဟုတ်ပါဘူး... :)

AndrewSway
07-09-2010, 05:32 AM
ခေါင်းစဉ်အသစ်မဖွင့် တော့ ဘဲဒိနေရာမှာ ကပ်မေးပါမယ်။
ကျနော့ ထံကို ပုံဆွဲသမားများက draft များအား .dwg အနေနဲ့ ပို့ ပေးပါတယ်။ ကျနော်ကအဲဒီအပေၞမှာ လို တာဖြည့် ဆွဲ မလိုတဲ့ layer တွေပိတ်ပြီး window နဲ့  plot လုပ်ကာ ထွက်လာတဲ့ pdf file ကို report software ထဲ insert လုပ်ပါတယ်။ pdf အတွက်တော့ foxit pdf printer ကို သုံးပါတယ်။ ပုံတွေကကနဦးအားဖြင့် သူများဆွဲထားတဲ့ ပုံများဖြစ်လို့ plot မှာ landscape နဲ့ ထွက်ပါတယ်။ ဒါကို pdf ထဲမှာ rotate ပြန်လုပ် ပြီး snap shot နဲ့ ကူးကာ insert လုပ်တာဖြစ်ပါတယ်။ pdf plot မှာ portrait ထွက်ချင်ရင် အမြဲတန်း plot မလုပ်ခင် page layout မှာဝင် pdf printer ရွေး portrait ကို select လုပ်ပြီးမှ plot လုပ်ရပါတယ်။ printer ကို modify setting လုပ်ပြီးသိမ်းထားလည်း file အသစ်ဖွင့် တဲ့ အခါ အဲဒီ setting ကို ခေၞမရပါ။ အခုလို page layout ထဲမ၀င်ဘဲ့  autocad မှာ portrait default လုပ်ထားလို့ ရတဲ့ နည်းရှိရင် ပြောပြပေးပါ။
ကျေးဇူးတင်လျက်...

phyo
07-09-2010, 09:55 AM
ခေါင်းစဉ်အသစ်မဖွင့် တော့ ဘဲဒိနေရာမှာ ကပ်မေးပါမယ်။
ကျနော့ ထံကို ပုံဆွဲသမားများက draft များအား .dwg အနေနဲ့ ပို့ ပေးပါတယ်။ ကျနော်ကအဲဒီအပေၞမှာ လို တာဖြည့် ဆွဲ မလိုတဲ့ layer တွေပိတ်ပြီး window နဲ့  plot လုပ်ကာ ထွက်လာတဲ့ pdf file ကို report software ထဲ insert လုပ်ပါတယ်။ pdf အတွက်တော့ foxit pdf printer ကို သုံးပါတယ်။ ပုံတွေကကနဦးအားဖြင့် သူများဆွဲထားတဲ့ ပုံများဖြစ်လို့ plot မှာ landscape နဲ့ ထွက်ပါတယ်။ ဒါကို pdf ထဲမှာ rotate ပြန်လုပ် ပြီး snap shot နဲ့ ကူးကာ insert လုပ်တာဖြစ်ပါတယ်။ pdf plot မှာ portrait ထွက်ချင်ရင် အမြဲတန်း plot မလုပ်ခင် page layout မှာဝင် pdf printer ရွေး portrait ကို select လုပ်ပြီးမှ plot လုပ်ရပါတယ်။ printer ကို modify setting လုပ်ပြီးသိမ်းထားလည်း file အသစ်ဖွင့် တဲ့ အခါ အဲဒီ setting ကို ခေၞမရပါ။ အခုလို page layout ထဲမ၀င်ဘဲ့  autocad မှာ portrait default လုပ်ထားလို့ ရတဲ့ နည်းရှိရင် ပြောပြပေးပါ။
ကျေးဇူးတင်လျက်...


ကျနော့်နည်းလမ်းကတော့ Systematically တော့ ဖြစ်မယ်မထင်ဘူး.. ကျနော်သိသလိုလိုနဲ့  ၀င်ရွီးပါမယ်.. :4:
အစ်ကို သိချင်တာနဲ့ လည်း လွဲကောင်း လွဲသွားနိုင်ပါတယ်

AutoCAD file ကနေ PDF file ပြောင်းနည်းတွေကတော့ ကျနော်မသိသေးတာတွေ အများကြီးရှိနေပါလိမ့်မယ်...
အခု နောက်ပိုင်း AutoCAD 2008 နောက်ပိုင်းတွေမှာ Autodesk အနေနဲ့  AutoCad file တွေကနေ PDF ပြောင်းလို့ ရအောင်
printer လေး တစ်ခုထည့်ပေးထားပါတယ်.. ကျနော်ကတော့ အဆင်ပြေနေတဲ့အတွက် အဲဒါကိုပဲ သုံးပါတယ်.. အောက်ကပုံမှာ ကြည့်နိုင်ပါတယ်

http://www.freeimagehosting.net/uploads/a15b0864c1.jpg (http://www.freeimagehosting.net/)

ဒီနည်းနဲ့  သုံးရင်တော့ တစ်ပုံ ချင်းစီ print လုပ်ပြီး ပြောင်းဖို့ လိုပါတယ်...

http://www.freeimagehosting.net/uploads/fcb9f3bcee.jpg (http://www.freeimagehosting.net/)

(၁)အပေါ်ကပုံမှာ ကျနော် အနီရောင်နဲ့  printer အမျိုးအစားကို autodesk ရဲ့ DWG to PDF.pc3 ( PDF plotter) ဆိုတာလေးရွေးထားပါတယ်..

(၂) အစိမ်းရောင်နဲ့  ပြထားတဲ့ Drawing Orientation မှာ ကိုယ်ဆွဲထားတဲ့ ပုံအနေအထားအရ protrait နဲ့  Landscape ဆိုပြီး ရွေးထားလိုက်ပါတယ်..( အဲဒီ ရွေးချယ်မှုဟာ PDF အနေနဲ့  ရလာမယ့် view အတွက် အကျိုးသက်ရောက်မှုမရှိပါဘူး.. DWG file မှာ လုပ်ထားတဲ့ setting အတွက်ပဲ လိုပါတယ် .. ပုံမှန် ရွေးချယ်မှုပါပဲ .. ကျနော့် ပုံမှာ landscape နဲ့ ဆွဲထားလို့  landscape ကို ကျနော်ရွေးထားပါတယ် )

(၃) paper size မှာ ISO Expand A3 နဲ့  ၂ မျိုးရှိပါတယ် ( တခြား paper side အရွယ်အစားတွေအတွက်လည်း အလျား x အနံ ကို ခုလိုပဲ ၂ မျိုး ရွေးနိုင်ပါတယ် )
- ISO Expand A3 ( 420.00 x 297.00mm) ဆိုတာက pdf မှာ landscape view ပေါ်စေပါတယ် ( အလျား x အနံ )
- ISO Expand A3 ( 297.00 x 420.00mm) ဆိုတာက pdf မှာ portrait view ပေါ်စေပါတယ်.. ( အနံ x အလျား )

(၄) အဲဒီဖိုင်ကို portrait view ရအောင် ISO Expand A3 ( 297.00 x420.00mm ) ဆိုတာနဲ့  print လုပ်ထားခဲ့ရင်
နောက်တစ်ကြိမ် အဲဒီဖိုင်ကို ဖွင့်တဲ့အခါမှ plot menu ရဲ့  page setup မှာ previous plot ဆိုတာကို ရွေးလိုက်တာနဲ့ 
အရင်လုပ်ခဲ့တဲ့ setting / default အတိုင်း ရပါတယ်..

(၅) pdf ဖိုင်အတွက် AutoCAD ဘယ်ဖိုင်ကိုပဲ print လုပ်လုပ် အမြဲတမ်း လိုချင်တဲ့ portrait ဒါမှမဟုတ် landscape ရနေအောင် တခြား ဘယ်လိုနည်းလမ်းမျိုးနဲ့ ရမလဲဆိုတာတော့ ကျနော်လည်း မသိပါ။

AndrewSway
07-09-2010, 10:19 AM
ကိုဖြိုး
အခုလိုဆွေးနွေးပေးတာကျေးဇူးတင်ပါတယ်။ ကျနော်အပေါ်က အဆင့် ၁ ကနေ ၄ လိုအမြဲသွားနေရလို့ တခါတည်း Autocad မှာ Portrait default လိုချင်တာပါ။ ကျနော့ မှာ monochrome နဲ့  color printer ရှိပါတယ်။ ၂ ခုလုံးက 11x17 print ထုတ်လို့ မရတဲ့ အတွက်အဲဒီ printer တွေမှာ plot ထုတ်ရင်လည်း Portrait ပဲလိုချင်ပါတယ်။ ဒါကြောင့် မေးရတာပါ။

papagyi
07-09-2010, 12:06 PM
အဲဒါက ကျွန်တော် သိသလောက်တော့ window setting ထင်တယ်ဗျ..
control panel ကနေ printer ဆီကို သွားပြီး အဲဒီမှာ ကိုယ်ထုတ်မယ့် printer ကို သူ့ရဲ့  properties ကနေ
portrait ပေးထားရင် အဆင်ပြေပါတယ် :)

AndrewSway
07-09-2010, 01:13 PM
ကျေးဇူးပါဘဲကိုပါကြီး
ကျနော့ printer တွေက တခြား software တွေမှာ portrait ဘဲ print လုပ်ပါတယ်။ ဒီ autocad တခုထဲမှာဘဲ page setup မလုပ်ရင် landscape default ဖြစ်နေတာပါ။ ဒီ ပြသနာက အခုမှမဟုတ်ပါဘူး။ ကျနော် autocad 2000 လောက်ထဲကစတာပါ။ အရင် autocad 1 ကနေ 10 အထိ (dot matrix printer ခေတ်) အထိ ဒီပြသနာမရှိခဲ့ သေးပါ။

papagyi
07-09-2010, 02:18 PM
ဟုတ်တယ်ဗျ..ကျွန်တော်လဲ အခုမှ သိတော့တယ်...ကျွန်တော် အရင်တုန်းက version အဟောင်းနဲ့ တုန်းက လုပ်ဘူးတာလေးရေးလိုက်တာပါ။ :)
ဟားဟား..စိတ်ဓာတ်မကျပါနဲ့ လိုလျှင်ကြံဆ နည်းလမ်းရတဲ့ ...အဲလိုမဖြစ်ချင်ဘူး ကိုယ့်စိတ်ကြိုက်ပဲဖြစ်ချင်တဲ့ drawing တစ်ခုကို အမြဲ လွယ်လွယ်နဲ့ ရနိုင်ပါတယ်ဗျာ..
်ဖိုင်တစ်ခုကို layer တွေကော..dimension style တွေကော..text style တွေကော....စသဖြင့်..အခု လိုချင်တဲ့ layout တွေကော အရင်စိတ်ကြိုက် ဖန်တီးလိုက်ပါ။
ူlayout တွေကို နာမည်တွေပေးပြီး..pdf ,laser plotter ..မျိုးစုံနဲ့...scale အမျိုးမျိုး...plot style အမျိုးမျိုး ...orientation အမျိုးမျိုး စာရွက်တွေ လှည့်ထားပေါ့။
ပြီးရင် ဖိုင် ...saveas က နေ ဖိုင် types နေရာမှာ autocad drawing template (*.dwt) အနေနဲ့ သိမ်းထားလိုက်ပါ.။
ပြီးတာနဲ့ အော်တိုကတ်ဖွင့်ရင် အရင်တုန်းက startup dialogbox တောင်းတယ်ဗျ..နောက်ပိုင်း ဗားရှင်းတွေတော့ အဲလိုမတောင်းအောင်ဖြူတ်ထားပေးတယ်။
တောင်းတဲ့ ဗားရှင်းဆိုရင် အခုပြောသလို တန်းလုပ်လိုက်ပါ..မတောင်းတဲ့ ဗားရှင်းဆိုရင်..commandline မှာ stratup လို့ရိုက်ပြီး တန်ဖိုးကို 1 ပေးလိုက်ပါ။
ပြီးရင် ဖိုင် new ခေါ်လိုက်တာနဲ့ အခုန startup dialogbox လေးကျလာပြီး Strat from scrath အနေန့ archi ,metric ဘာနဲ့ ဖွင့်မလဲလို့မေးပါလိမ့်မယ်.။
အဲဒီအခါမှာ အပေါ်က Strat from scrath tab ညာဘက်က from template ကို နှိပ်ပြီး အဲဒီက မှ အခုနက saveas လုပ်ထားတဲ့ template file လေးကို
ရွေးလိုက်ပါ.။ဒါဆို အော်တိုကတ်နဲ့ ဖိုင်အသစ်..project အသစ်တိုင်း အဲဒီ template လေးရွေးလိုက်တာနဲ့ အားလုံး အသင့်ပြင်ပြီးသားလေး...layout တင်မက dimension style..text style တွေပါ
ထပ်ခါ လုပ်ရတဲ့ ဘေးက ကင်းဝေးပါလိမ့်မယ်.။...အဲပြီးရင် အခုနက stratup ကို ၀ ပြန်ပြောင်းလိုက်ပေါ့.နို့မို့ ဆို အော်တိုကတ်ဖွင့်တိုင်း အဲဒါအမြဲမေးနေမှာပေါ့..
ကိုယ်လိုချင်တာ ချိန်ပြီးပြီပဲ..ပြန်ဖျောက်ထားပေါ့..လိုရင် ခေါ်သုံးလိုက်ပေါ့။
အကြံပြုချင်တာကတော့ ...ပေလက်မအတွက် တစ်ခု ...နောက် မီလီမီတာ ..အနေနဲ့ တစ်ခု template ၂ ခုရှိထားရင် ပိုကောင်းတာပေါ့ဗျာ...
အဆင်ပြေပါစေဗျား... :)

phyo
07-09-2010, 02:20 PM
ကိုဖြိုး
အခုလိုဆွေးနွေးပေးတာကျေးဇူးတင်ပါတယ်။ ကျနော်အပေါ်က အဆင့် ၁ ကနေ ၄ လိုအမြဲသွားနေရလို့ တခါတည်း Autocad မှာ Portrait default လိုချင်တာပါ။ ကျနော့ မှာ monochrome နဲ့  color printer ရှိပါတယ်။ ၂ ခုလုံးက 11x17 print ထုတ်လို့ မရတဲ့ အတွက်အဲဒီ printer တွေမှာ plot ထုတ်ရင်လည်း Portrait ပဲလိုချင်ပါတယ်။ ဒါကြောင့် မေးရတာပါ။


အစ်ကိုရေ..

ကျနော်ပထမရှင်းခဲ့တဲ့ ပုံထဲမှာကြည့်မယ်ဆိုရင် printer/plotter ဆိုတဲ့ ဘေးနားမှာ properties ဆိုတာလေး ရှိပါတယ်..
အဲဒီမှာဝင်ပြီး ကိုယ့်စိတ်ကြိုက် custom paper setting လေး လုပ်ထားရင်တော့ ရမယ်ထင်ပါတယ်..
ကျနော် စမ်းကြည့်တာကတော့ အဆင်ပြေတယ်..
နည်းလမ်းကျမကျတော့ မသိဘူး.. ဟိုစမ်း ဒီစမ်းနဲ့  လုပ်ကြည့်တာကတော့ အဆင်ပြေပါတယ်..
အဲဒီ default ကို မလုပ်ခင် အောက်က ပထမဦးဆုံးပုံမှာ ကိုယ်လိုချင်တဲ့ setting ကို အရင်ချိန်ထားပြီးမှ လုပ်ရင်ပိုကောင်းပါလိမ့်မယ်..
ကျနော်ကတော့ window နဲ့  print လုပ်နေကျမို့ လို window နဲ့  setting ယူထားပါတယ်..

(1) properties ( next to printer/plotter )
(2) Device and Document Setting > Defaults >Custom Paper size > Add
(3) mark use existing in printable area
(4) select from the list of paper sizes ( eg.ISO expand 297 x 420 ) > next > next
(5) Create Paper size Name and next
(6) click finish
(7) mark at ( Save changes to the following file : C:\users\xxx \Roaming\Autodesk\AutoCAD2008)

ဆိုပြီး အဆင့်ဆင့် လုပ်သွားပြီး Create လုပ်ထားလိုက်လို့ ရပါတယ်..
print တဲ့ pdf plotter လေးကို ရွေးပြီး paper size မှာ ကိုယ် Create လုပ်ထားတဲ့ paper ကို ရွှေးလိုက်တာနဲ့  လိုချင်တဲ့ defaut အတိုင်း ရပါတယ်... အစ်ကိုလုပ်ကြည့်လို အသစ်တွေ့ လာတာရှိရင်လည်း ပြောပြပါဦးနော့..

http://www.freeimagehosting.net/uploads/b7b95e4630.jpg (http://www.freeimagehosting.net/)
http://www.freeimagehosting.net/uploads/e039e42002.jpg (http://www.freeimagehosting.net/)
http://www.freeimagehosting.net/uploads/0a719d1a17.jpg (http://www.freeimagehosting.net/)
http://www.freeimagehosting.net/uploads/0773bf3a25.jpg (http://www.freeimagehosting.net/)
http://www.freeimagehosting.net/uploads/a8f7fa7f07.jpg (http://www.freeimagehosting.net/)
http://www.freeimagehosting.net/uploads/8f4379a033.jpg (http://www.freeimagehosting.net/)

ပုံလေးတွေ သေးသွားတယ်ဗျာ..
နောက်တစ်ခါ ထပ်တင်လိုက်ပါ့မယ်..
အစ်ကို ဖြစ်ချင်တဲ့အတိုင်း မဟုတ်ရင်လည်း ပြန်ဆွေးနွေးပါဦးနော်..

MZ
07-09-2010, 02:47 PM
ကို Andrew လိုချင်တဲ့ page layout orientation ပြောင်းတာမျိုး Report တွေ ပြင်တဲ့ အခါ ကျနော် လုပ်ဖူးတယ်.. ကျနော်ကတော့ Plotter Configration File (*.pc3) တခု create လုပ်ထားလိုက်တာပါ...

http://img683.imageshack.us/img683/5830/pc3y.jpg

1. plot command ကနေဘဲ သွားလို့ ရပါတယ်.. (အထက်က ကိုဖြိုးရဲ့ ပိုစ့်မှာ ပါတဲ့ နေရာပါဘဲ... ဒါပေမဲ့ ကျနော်က paper create မလုပ်ပါဘူး...) ကိုယ် base လုပ်ချင်တဲ့ ပရင်တာကို ရွေးလိုက်ပါ... ပြီးရင် ဘေးက properties ကို နှိပ်လိုက်ပါ..
2. အဲဒါဆိုရင် plotter configration editor box ကျလာပါမယ်... custom properties ကို နှိပ်လိုက်ပါ...
3. Document properties box ကျလာပါမယ်.. Layout tab ကို ရွေးလိုက်ပါ... Orientation ကို Portrait ပြောင်းထားလိုက်ပါ...
4. OK လုပ်ပြီး ပြန်ထွက်လို့ ရပါပြီ... မူရင်း plotter configration file ကို overwrite လုပ်မလား မေးပါလိမ့်မယ်... user သဘောအတိုင်း overwrite လုပ်ချင်ရင်လည်း လုပ်လို့ရပါတယ်.. ကျနော့် သဘောကတော့ Portrait အတွက် pc3 file တခု Landscape အတွက် pc3 file တခု ထားပါမယ်.. (Landscrape အတွက် ဆိုရင် အဆင့် ၃ က Orientation box မှာ Landscape ထားဖို့လိုပါမယ်..) file name ကို လည်း မှတ်ရလွယ်အောင် ဥပမာ Adobe_P.pc3 နဲ့ Adobe_L.pc3 ဆိုတဲ့ file name မျိုးပေးပြီး save လုပ်ထားပါမယ်..

နောက် ဒီ setting နဲ့ Print ထုတ်ချင်တိုင်း printer ရွေးရမဲ့ box မှာ Adobe_P.pc3 or Adobe_L.pc3 ဆိုတာကို ရွေးထုတ်မယ် ဆိုရင် ကို Andrew လိုချင်တဲ့ အတိုင်း Portrait or Landscape ရပါမယ်...

လရိပ်မောင်
09-24-2010, 10:35 PM
ဟုတ်ကဲ့ ..paper space (layout ) ထဲမှာပြောတာလားမသိဘူးနော်..
အကြောင်းပြန်ပေးပါဦး... :)


ဟုတ်ပါတယ် ကိုပါကြီး ရေ
layout တစ်ခုထဲမှာ Scale အမျိုးမျိုးနဲ့ထုတ်ချင်တာပါ...ကျွန်တော်လဲသိချင်လို့...သူငယ်ချင်းတစ်ယောက်မေးလို့မသိလို့ပါ

papagyi
09-25-2010, 01:05 AM
ပုံလေးတွေ နဲ့ တင်လိုက်ပါတယ်။နံပတ် စဉ်အလိုက်ကို အခုရေးတဲ့ စာအတိုင်း တွဲဖတ်သွားပါ။
1..အရင်ဆုံး ပုံထဲမှာ မြင်တဲ့အတိုင်း layout tab ကို click ပါ။တစ်ချို့က page setup mananger တစ်ခါတည်း ပေါ်တတ်သလို
မပေါ်ရင်လည်း ပုံထဲကလို အဲဒီ layout စာသားပေါ် မောက်စ်တင်ပြီး right click လိုက်ရင် ပုံမှာတွေ့တဲ့ အတိုင်း page setup mananger
ကိုရွေးပါ။ပြီးရင် ပေါ်လာတဲ့ အခါ modify ကို နှိပ်ပါ။
၂..ပုံထဲမှာ ပြထားပါတယ်...လိုတာပဲ ပြောထားပါတယ်။ အဓိကက scale ကို 1း1 ထားပါ။အဲဒီမှာ လိုချင်တဲ့ စကေးပြောင်းရင် ရပေမယ့် ပိုအဆင်ပြေပြီး စိတ်ကြိုက်ဖြစ်တာလေးပြောတာပါ။
scale ကို 1း1 ထားပါမှ နောက်ပိုင်း အဆင့်တွေ မှာ စကေးဖမ်းရင် မမှား တော့ပါဘူး။အရေးကြီးပါတယ်။ကျန်တာတွေ စိတ်ကြိုက်ချိန်ပြီးရင် ok နှိပ်ပါ။
3. ဒေါ့ လိုင်းလေးတွေနဲ့ rectangle က print ထုတ်ပေးမယ့် area ပါ။သူ့ထက် ကျော်လို့ မရပါဘူး။
4. ပုံထဲမှာ နမူနာပြထားပါတယ်.. layer တစ်ခုလုပ်ပြီး template စိတ်ကြိုက် ဖန်တီးပါ။လုပ်ပြီးသားဆိုလဲ edit copy နဲ့ ယူပြီး paste လုပ်လိုက်ပါ။
5.ဥပမာ အနေနဲ့ ပုံထဲက 1 နဲ့ 2 နေရာတွေ ကို " mv " enter ဆိုပြီး rectangle ကောက်လိုက်ရင်...model space ထဲမှာ ဆွဲထားတာတွေ ဖမ်းပေးပါလိမ့်မယ်။
စာရွက်နဲ့ အုပ်ထားတာကို အပေါ်က အဲဒီ အကွက်အတိုင်း ဖောက်ထုတ်လိုက်လို့ မြင်ရတဲ့ သဘောပါ။အဲဒီမှာ အောက်ထောင့်မှာ triangle လေးပြထားပါတယ်။အဲဒါက
paper space အနေနဲ့ပဲရှိနေတယ် ဆိုတာပြတာပါ။zoom လုပ်ရင် ဖမ်းထားတဲ့ ပုံက ဘာမှ မဖြစ်ပဲ စာရွက် တစ်ခုလုံး ပဲ zoom ဖြစ်နေလိမ့်မယ်။
6.စကေးဖမ်းဖို့ model space ဖြစ်ဖို့ ပုံထဲက အနီရောင် rectangle (အခုနကောက်ထားတဲ့ 1 to 2 ) ထဲမှာ မောက်စ်ကို double click လုပ်လိုက်ပါ (or) ms လို့ရိုက်လိုက်ပါ။
7.အဲဒီ အချိန်မှာ model space ဖြစ်သွားတာကို ucs လေးတွေ့ရတာ ပြထားပါတယ်။အဲဒီ အချိန်မှာ zoom ဆွဲရင် စာရွက်က အသေဖြစ်နေပြီး ဖောက်မြင်ရတဲ့ ပုံပဲ အကြီး အသေးဖြစ်နေပါလိမ့်မယ်။
8. command line မှာ " z " enter ဆိုပြီး (ဥပမာ..1:50 .. စကေးဖမ်းမယ်ဆိုပါစို့ ) 1/50xp လို့ရိုက်လိုက်ပါ။ပုံထဲမှာ သေချာရေးထားပါတယ်။ :)
9. မြင်ရတာ 1: 50 စကေးဖမ်းထားတဲ့ပုံပါ။
10.ဟုတ်မဟုတ် ပြန် check ဖို့အတွက်...ပုံမှပြထားသလို .." vpscale " enter ဆိုပြီး ရွေးလိုက်ရင် ps:ms = 1 :50 ဆိုတာ တွေ့ရပါလိမ့်မယ်။ဒါဆို ရပါပြီ။
vpscale သုံးဖို့ express tools တင်ထားမှာ အဆင်ပြေပါလိမ့်မယ်။...
အဲလိုနည်းနဲ့ နောက်ထပ် layout တွေ စကေးအမျိုးမျိုးနဲ့ ဖန်တီးပြီး သုံးနိုင်ပါပြီ။ ပုံ 1 မှာ တွေ့နိုင်ပါတယ်..နာမည်လဲ rename ပြန်ပြီး စိတ်ကြိုက်ပေးထား လို့ရပါတယ်။
ကျန်တာတော့ self study လုပ်ကြည့်ပါဦး... :)
နမူနာပုံ 1 နဲ့ 2 ကြည့်ရအောင်တင်ထားပါတယ်။
ပုံ 1 ကနေ 10 အထိ zip လုပ်ထားပေးပါတယ်။zip paperspace.jpg ကို zip paperspace.zip ပြန်ချိန်းပြီး zip ဖြည်လိုက်ပါ။ :)

kay lay
10-01-2010, 03:00 PM
ကို Andrew လိုချင်တဲ့ page layout orientation ပြောင်းတာမျိုး Report တွေ ပြင်တဲ့ အခါ ကျနော် လုပ်ဖူးတယ်.. ကျနော်ကတော့ Plotter Configration File (*.pc3) တခု create လုပ်ထားလိုက်တာပါ...


Movie လေးလုပ်ထားတာပါ..
. pc3 file creat လုပ်ဖို့ http://www.multiupload.com/KJLBX9Y7GN
PDF file အနေနဲ့ Print လုပ်ဖို့ ပါhttp://www.multiupload.com/5SPO1SXJ3B
အဆင်ပြေကြပါစေ....

kay lay
10-01-2010, 03:04 PM
ဟုတ်ပါတယ် ကိုပါကြီး ရေ
layout တစ်ခုထဲမှာ Scale အမျိုးမျိုးနဲ့ထုတ်ချင်တာပါ...ကျွန်တော်လဲသိချင်လို့...သူငယ်ချင်းတစ်ယောက်မေးလို့မသိလို့ပါ
[/quote]
To Print with plot sclaes http://www.multiupload.com/6MVNWC1RCG