PDA

View Full Version : TOUCH SCREEN TECHNOLOGY အကြောင်း။



zinmaung
04-26-2010, 12:25 PM
TOUCH SCREEN TECHNOLOGY အကြောင်း။

ကျွန်တော် အင်တာနက်ဂျာနယ်ထဲ လဲဖတ်ရပါတယ်။

INFRARED နဲ. X-AXIS & Y-AXIS မှာ ထားပြီး အလုပ်လုပ်တယ်လဲပြောတယ်။

CCTV ကို အခြေခံတည်ဆောက်တယ်လဲ ပြောတယ်။

ခပ်ရေးရေး ဖြစ်နေလို.ပါ။

သိတဲ့ ဆရာများ ဖြေကြားပေးစေလိုပါတယ်ဗျာ။

htetlinnaung
04-27-2010, 06:03 AM
ကို ဇင်မောင်ထွန်း ရေ

သိတဲ့ ဆရာတော့  မဟုတ်ပါဘူး။ :4: ကျွန်တော်လည်း အရင် တစ်လောက optoelectronic သင်ရင်းနဲ့  display technology အကြောင်းနဲ့ ပတ်သတ်ပြီး စပ်ဆက်မိလို့  အင်တာနက်မှာ လျှောက်ဖတ်ရင်း အခု ကို ဇင်မောင်ထွန်း ပြောတဲ့  Touch Screen Technology ကိုလည်း တွေ မိပါတယ်။ ကိုဇင်မောင်ထွန်းလည်း အချိန်ရလို့ ရှိရင် ဖတ်နိုင်အောင် လင့် လေးတွေ ညွန်းလိုက်ပါတယ် ။ အတိအကျတော့ technical ပိုင်းကို ရေးထားတာမဟုတ်ပါဘူး ။ယေဘုယျ သဘောပါ။ကိုဇင်မောင်ထွန်းလည်း ယေဘုယျ သိချင်လို့  ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့  မြန်မာနိုင်ငံမှာတော့ သင်ကြားပေးနိုင်မှူမှာရော ၊လက်တွေ့ မှာပါ ဒီနည်းပညာတွေကို လွယ်လွယ်မသင်နိုင်သေးပါဘူး။ ပထမဆုံး ကျွန်တော်တို့ ယေဘုယျ ဖတ်ဖို့ ဆိုရငိDisplay technology တွေကိုအရင် ဖတ်ကြည့် သင့် ပါတယ်။ စိတ်ဝင်စားဖို့ လည်း ကောင်းပါတယ်။ CRT တွေ ခေတ်ကုန်လာပြီး LCD flat screen တွေ နေရာယူလာတဲ့ ယနေ့ ခေတ်မှာ အဲဒိလို screen တွေမှာ ပုံတွေ စာတွေ အရောင်စုံအောင် ပြနိုင်ဖို့  နည်းပညာတွေ အများအပြားရှိပါတယ်။ ပထမဆုံး ၀ီကီထဲက တွေ့ နိုင်တဲ့  Comparison of Display technology လင့်လေးကို ပေးလိုက်ပါတယ်။ အဲဒိမှာ display technology အစုံ နဲ့  ဘယ်နေရာတွေမှာ သုံးနေတယ်ဆိုတာပါ တွေ့ နိုင်ပါတယ်။
http://en.wikipedia.org/wiki/Comparison_of_display_technology
နောက် တစ်လင့် ကတော့ အဲဒီအထဲက တချို့ ကို စာနဲ့  ရေးထားတာပါ ။ ဗဟုသုတ ရှိဖို့  ဖတ်သင့် ပါတယ် ။
http://www.displayforum.de/technologies.htm
နောက် တစ်ခုတော့ စာအုပ်ပါ နဲနဲ နည်းပညာပိုင်းပါ ပါ ပါတယ် ။ အကောင့်ဖော်ပြီး ဖတ်နိုင်ပါတယ်။ စိတ်ဝင်စားလို့ ဖတ်ချင်ရင် ဖတ်နိင်အောင်လို့ ပါ။ ခေါင်းစဉ်က Flat-Panel Display Technologies - Japan, Russia, Ukraine, and Belarus
ပါ။ လင့် ကတော့ http://www.knovel.com/web/portal/browse/display?_EXT_KNOVEL_DISPLAY_bookid=361
အခု ကို ဇင်မောင်ထွန်းသိချင်တဲ့  Touch screen technology ကိုလည်း ၀ီကီမှာတင် ဖတ်နိုင်ပါတယ်။ touch screen technology မှာလည်း အများအပြားရှိတာ တွေ့ နိုင်မှာပါ။ အဲဒီအထဲက Projected Capacitive Touch (PCT) technology က နေရာတော်တော်များများမှာ သုံးနေတယ်ဆိုတာ တွေ့ နိင်ပါတယ်။
http://en.wikipedia.org/wiki/Touchscreen
နောက်တလင့် ကတော့ အဲဒီအထဲက တချို့ ကို ရှင်းပြ ထားတာ တွေ့ နိုင်ပါတယ်။ ကိုဇင်မောင်ထွန်းသိချင်တဲ့  Infrared Touch Screen Technology က နံပါတ် ၂ နေရာမှ ဖတ်နိုင်ပါတယ်။
http://www.i-techcompany.com/touchscreen.html
ဒီလင့် လေးမှာလည်း တွေ့ နိုင်ပါတယ် http://www.allproducts.com/ee/gtouch/infrared_touch_screen.html
အဲ နောက်ဆုံးလင့်ကတော့  ကြိုက်လွန်းလို့  ၀ယ်ချင်တယ်ဆိုရင်ပေါ့  နည်းနည်း ကြည့် ပြီး ရွေးလို့ ရအောင်ပေါ့  :)
http://fineir.manufacturer.globalsources.com/si/6008834711957/pdtl/Touch-panel/1021730228/Touch-LCD-Screen.htm
ကဲ ၀ယ်ဖြစ်ရင်လည်း အကြောင်းကြားလိုက်အုံး ဗျ ။ တခါမှ အဲလို လက်နဲ့ ထိပြီး သုံးနိုင်တဲ့  ပစ္စည်းတွေ မ၀ယ်နိုင်သေးလို့ ပါ ။ ကဲ ကျေးဇူးတင်ပါတယ် ။ အဆင်ပြေပါစေ။

zinmaung
04-28-2010, 10:10 AM
ကို ဇင်မောင်ထွန်း ရေ
သိတဲ့ ဆရာတော့  မဟုတ်ပါဘူး။ :4: ကျွန်တော်လည်း အရင် တစ်လောက optoelectronic သင်ရင်းနဲ့  display technology အကြောင်းနဲ့ ပတ်သတ်ပြီး စပ်ဆက်မိလို့  အင်တာနက်မှာ လျှောက်ဖတ်ရင်း အခု ကို ဇင်မောင်ထွန်း ပြောတဲ့  Touch Screen Technology ကိုလည်း တွေ မိပါတယ်။ ကိုဇင်မောင်ထွန်းလည်း အချိန်ရလို့ ရှိရင် ဖတ်နိုင်အောင် လင့် လေးတွေ ညွန်းလိုက်ပါတယ် ။ အတိအကျတော့ technical ပိုင်းကို ရေးထားတာမဟုတ်ပါဘူး ။ယေဘုယျ သဘောပါ။ကိုဇင်မောင်ထွန်းလည်း ယေဘုယျ သိချင်လို့  ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်တို့  မြန်မာနိုင်ငံမှာတော့ သင်ကြားပေးနိုင်မှူမှာရော ၊လက်တွေ့ မှာပါ ဒီနည်းပညာတွေကို လွယ်လွယ်မသင်နိုင်သေးပါဘူး။


ကိုထက်လင်းအောင်ခင်ဗျား........ကျေးဇူးပါနော်။

နောက်ပြီးလေ...လျှာရှည်တာ ...မဟုတ်ပါ။(သိချင်လို.ပါ။)

MOBILE NETWORK အကြောင်းလေးပါ။
အရင်က လေယာဉ်ထဲမှာ ဖုန်းပြောလို.မရဘူး။နောက်တော့ BUILD IN PHONE နဲ.ပြောလို.ရလာတယ်။
အခုတော့ ANY KIND OF HAND PHONE နဲ. ဆက်သွယ်နိုင်လာပါတယ်။(အဲဒါလဲသိချင်တယ်နော်။)
အခုမှာ လေယာဉ်တစ်စီး ရဲ. INFLIGHT SITUATION မှာ INTERNET ACCESS သုံးနိုင်လာတယ်။(BUILD IN COMPUTER ပါ။)

ကျွန်တော်သိချင်တာက BMW ကားအသစ် SERIES ထဲမှာ WI FI ရတယ်တဲ့။ သူက ANY KIND OF LAPTOP သုံးနိုင်တယ် ဆိုလားပဲဗျ။
နောက် Y-450 ရဲ. BATTERY PAG မထည့်ခင် အထဲမှာ SIM CARD လေးထဲ့သုံး နိုင်တဲ့ SPACING လေးရှိနေတယ်။
အဲဒီ SIM CARD က MOBILE NETWORK ကိုပြောတဲ့ ပုံစံဗျ။

အဲတော့ ချုပ်လိုက်ရင် MOBILE NETWORK ထဲကို ANY KIND OF LAPTOP သုံးနိုင်လာပြီလား။(ဘာကြောင့်သုံးနိုင်လာတာလဲဗျာ။)
အမှားပါရင်လဲထောက်ပြပေးပါဗျာ။
အောင်မြင်ကြပါစေဗျာ။

စပိုင်ချစ်သူ
05-10-2010, 09:46 AM
Touch Screen Technology ကို ဒီနေ့ခေတ် Electronic Device တွေမှာ Function တစ်ခုအဖြစ်တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာကိုတွေ့ရပါတယ်။ အထူးသဖြင့် Mobile Phone များ Supermarket များတွင် Point of Sale များအနေဖြင့်လည်းကောင်း ၊ စက်ရုံ အလုပ်ရုံတွေရဲ့ Control Room များတွင်လည်းကောင်း။ ၀န်ထမ်းတွေရဲ့ ၀င်ချိန်၊ထွက်ချိန် များကိုမှတ်ရာတွင်လည်းကောင်း ၊ Security ကို အသားပေးသော လုပ်ငန်းများတွင်လည်းကောင်း၊ ကင်မရာနှင့် အခြားသော Device တွေမှာပါ အသုံးပြုလာကြပြီဖြစ်ပါတယ်။ အဓိက Touch Screen ရဲ့ Advantage ကတော့ စဉ်းစားတွေးခေါ်စရာမလိုပဲ Screen ရဲ့ Interface ကို အရာဝတ္တုတစ်ခု လက် (သို့မဟုတ်)ဘောပင် {ဒီနေရာမှာ ချွန်ထက်တဲ့အရာတွေကိုမသုံးမိအောင်ရှောင်ကြည်ရပါမယ်} ဖြင့်ထိလိုက်ရုံဖြင့် အလုပ်လုပ်ဆောင်သွားနိုင်ခြင်း၊ အချိန်တိုအတွင်း သိရှိနားလည်အသုံးပြုနိုင်ခြင်း။ Touch Screen အသုံးပြုနည်းကို တသီးတသန့်ကြီးလေ့ကျင့်သင်ကြားရန်မလိုအပ်ခြင်းတို့ကြောင့်အသုံးများလာခြင်းဖြစ်သည်ဟု ယူဆပါသည်။

http://i.fosfor.se/i08/2/080221_3.jpg

Touch Screen Device ဆိုသည်မှာ Touch Screen Device ရဲ့ မျက်နှာပြင်ကို အရာဝတ္တုတစ်ခုဖြင့်ထောက်လိုက်ရုံနှင့် မိမိလုပ်လိုသောအလုပ်၊ မိမိရဲ့ခိုင်းစေချက်ကို နားလည်နိုင်သည့် ပစ္စည်းတစ်မျိုးသာဖြစ်သည်။
အဓိကအားဖြင့် Touch Screen Technology တွင် အပိုင်း ၃ ပိုင်းပါဝင်သည်။ ၄င်းတို့မှာ-

1. Touch Sensor
2. Controller
3. Software Driver တို့ဖြစ်ကြသည်။

1. Touch Sensor
Touch Sensor ဆိုသည်မှာTouch Screen ၏ Display ပေါ်သို့  အရာဝတ္တု (လက်(သို့ မဟုတ်) Pen) တို့၏ထိတွေ့ မှုကို သိနိုင်သော Glass Panel ဖြစ်သည်။ ၄င်း Touch Sensor Panel ကို Display တစ်ခု၏ Viewable Area နှင့် ဖုံးအုပ်ထားလေ့ရှိသည်။ Touchscreen Panel အပေါ်တွင် Electric Current တစ်ခုစီးဆင်းနေသည်။ Touchscreen ၏ အဆိုပါ Glass Panel ကို ထိလိုက်သည်တွင် ၄င်း Electric Current တွင်ပြောင်းလဲမှုဖြစ်ပေါ်သည်။ ထိုပြောင်းလဲမှုက ထိလိုက်သောနေရာကိုသတ်မှတ်ဆုံးဖြတ်ပေးသည်။

2. Controller
Touch Sensor နဲ့ Processor ကြားတွင် ချိတ်ဆက်ပေးသည့် Device ကို Controller ဟုခေါ်သည်။ Controller ၏ အဓိကလုပ်ငန်းတာဝန်မှာ Touch Sensor မှ ရရှိသည့် ထိလိုက်သည့်နေရာ နှင့်သက်ဆိုင်သော Information ကိုရယူပြီး Processor မှ နားလည်နိုင်သော Information သို့ပြောင်းလဲပေးပို့ခြင်းဖြစ်သည်။ Controller က Processor နဲ့ ချိတ်ဆက်မဲ့ ကြားခံဆက်သွယ်မှုအမျိုးအစားကို သတ်မှတ်ပေးသည်။ Touchscreen Technology အသုံးပြုထားသည့် Monitor များတွင် Touch Screen နောက်တွင် External Cable တစ်ခုပါဝင်ကြောင်းတွေ့ရသည်။

3. Software Driver
Software Driver ဆိုသည်မှာ Touchscreen နဲ့ Processor တို့ပူးပေါင်းဆောင်ရွက်နိုင်ရန် လုပ်ဆောင်ပေးမည့် PC Application တစ်ခုဖြစ်သည်။ Driver က Controller က ပေးပို့တဲ့ Information တွေကို Mobile Phone သို့မဟုတ် PC ရဲ့ Operating System မှ နားလည်စေနိုင်ရန်အတွက် လုပ်ဆောင်ပေးပါတယ်။

စပိုင်ချစ်သူ
05-11-2010, 09:28 AM
Touchscreen အသုံးပြုသော Mobile Phone များ၏ အားသာချက်များ

၁။ Touchscreen ၏ Screen Size သည် များသောအားဖြင့် အခြားသောဖုန်းများထက် ပိုမိုကျယ်ပြန့်သောကြောင့် Multimedia Function များဖြစ်ကြသည့် Photos, Videos နဲ့ Music Player စသည့် Function များကို ပိုမိုကြည်လင်ပြတ်သားစွာကြည့်ရှုနိုင်ပါသည်။

၂။ ဒီဇိုင်းအပိုင်းတွင်လည်း လှပသေသပ်ပြီး ဆွဲဆောင်မှုကောင်းခြင်းကြောင့် လူငယ်ထု၏ အားပေးမှုကိုရရှိပါသည်။

၃။ Keypad အတွက် သီးသန့်နေရာသုံးရန်မလိုအပ်ပဲ Function များအသုံးပြုသည့်အခါ Touchscreen Display ပေါ်ရှိ အသုံးပြုလိုသော Function ပေါ်တွင် အသာလေးဖိလိုက်ရုံမျှဖြင့် အလုပ်လုပ်ဆောင်သွားနိုင်ခြင်း။

၎။ မိမိတို့၏ ကိုယ်ပိုင် Notes များကို ကိုယ်ပိုင်လက်ရေးမူဖြင့် ရေးသားသိမ်းဆည်းထားနိုင်ခြင်း၊ မိမိ၏ Signature ကို Digital Signature အဖြစ်သိမ်းဆည်းထားနိုင်ခြင်း။ ပုံဆွဲခြင်းများကို Touch Pen အသုံးပြပြီး စိတ်ကြိုက်ဖန်တီးရေးဆွဲနိုင်ခြင်း... စသည်တို့ဖြစ်ပါသည်။


Touchscreen အသုံးပြုသော Mobile Phone များ၏ အားနည်းချက်များ

၁။ Keypad များမပါရှိသောကြောင့် Text Message များအသုံးပြုရာတွင် အလွယ်တကူအသုံးမပြုနိုင်ခြင်း

၂။ Touch Pen ကို အသုံးပြုရသောကြောင့် တဖက်တည်း အလုပ်လုပ်ရန်ခက်ခဲခြင်း

၃။ Touchscreen အသုံးပြုသော ဖုန်းများသည် အခြားသောဖုန်းများထက် အကိုင်အတွယ် နူးညံ့ရန်ပိုလိုအပ်ခြင်း ....စသည်တို့ဖြစ်ပါသည်


Reference from Net Guide Journal

Ko Toe Gyi
05-11-2010, 04:52 PM
ကျွန်တော်လေ့လာထားသမျှ ကို အခန်း ၆ ခုခွဲပြီး ရေးပေးထားပါတယ်။ လိုအပ်တာ ရှိလျင်လည်း ခွင့်လွှတ်ပေးစေချင်ပါတယ်။
အခြေခံ အဆင့်မျှသာဖြစ်ပါတယ်။ ထပ်မံ၍ အသေးစိတ် ဆက်လက်လေ့လာနိုင် လျင်ပိုကောင်းပါတယ်။
ဒီမှာ (http://www.mediafire.com/file/zqen2yzxzwg/MultiTouchInteraction.pdf) ဒေါင်း ပါနော်။

Introduction
Multi-touch Interaction
Capacitive Sensing Technology
Optical Imaging Technology
Multi-touch pad တစ်ခု ကိုယ်တိုင် တည်ဆောက်ခြင်း
Multi-touch ရဲ့ တစ်ခြား application system များ

Software ကို version အဟောင်းသုံးတာ ပိုအဆင်ပြေမယ် ထင်ပါတယ်။ ဒီမှာ (http://audiotouch.googlecode.com/svn/trunk/MTmini%20package%20v1.zip)ဒေါင်းပါနော်။ ဖိုင် size တော့နဲနဲကြီးတယ်။

ကျွန်တော့ စေတနာကို အသိအမှတ်ပြုလိုလျင် (itengineer.mm@gmail.com) ကျွန်တော့မေးထဲသို့ မေးတစ်စောင်ပို့ပြီး အားပေးနိုင်ပါတယ်။
ညီအကို မောင်နှမ များ၏ mail က ကျွန်တော့ အတွက် နောက်ထပ် ခွန်အားများကိုဖြစ်စေမှာ အမှန်ပါ။
Virtual Reality System များအကြောင်းလဲ ဗဟုသုတ ရရုံ ရေးဖိုရှိပါသေးတယ်ခင်ဗျာ။

zinmaung
05-11-2010, 05:39 PM
ကျွန်တော်လေ့လာထားသမျှ ကို အခန်း ၆ ခုခွဲပြီး ရေးပေးထားပါတယ်။ လိုအပ်တာ ရှိလျင်လည်း ခွင့်လွှတ်ပေးစေချင်ပါတယ်။
အခြေခံ အဆင့်မျှသာဖြစ်ပါတယ်။ ထပ်မံ၍ အသေးစိတ် ဆက်လက်လေ့လာနိုင် လျင်ပိုကောင်းပါတယ်။
ဒီမှာ (http://www.mediafire.com/file/zqen2yzxzwg/MultiTouchInteraction.pdf) ဒေါင်း ပါနော်။


ကိုတိုးရေ.....မရဘူးဗျ။ အခုပဲစမ်းထားတာပါ။

ကူညီပါဦး။

မူရင်းပိုစ့်မှာ Attach ဖိုင် အနေနဲ့ ပြန်တင်ပေးထားပါတယ်နော်၊

phoeko

ကိုဖိုးကို ကိုလဲကျေးဇူးပါဗျာ။

Ko Toe Gyi
05-11-2010, 06:37 PM
ဘယ်လိုမရတာလဲမသ်ဘူး။ version အသစ်က ကျနော့်ဆီမှာတော့ သိပ်အဆင်မပြေဘူး။ အဟောင်း (http://audiotouch.googlecode.com/svn/trunk/MTmini%20package%20v1.zip) နဲ့စမ်းကြည့်ပါလား။

စပိုင်ချစ်သူ
05-12-2010, 08:14 AM
Touchscreen Product များကို Touchscreen Add-Ons နဲ့Integrated Touchscreen Monitors ဟူ၍ ဈေးကွက်တွင် နှစ်မျိုးနှစ်စားဝယ်ယူနိုင်ပါသည်။

Touchscreen Add-Ons ဆိုသည်မှာ ရှိပြီးသား Computer ၏ Display ပေါ်တွင် Touchscreen Technology ကို Build-in ထည့်သွင်းတည်ဆောက်ထားသည့် Touchscreen Monitor ကိုခေါ်ပါသည်။

Different types of Touchscreen Technologies

Touchscreen ကို အဓိကအားဖြင့် Technologies ၄ မျိုးဖြင့် ပြုလုပ်နိုင်ပါသည်။ ၄င်းတို့မှာ

၁။ Capacitive Touchscreens
၂။ Resistive Touchscreens
၃။ Surface Acoustic Wave (SAW) Touchscreen Technology
၎။ Infrared Touchscreens တို့ဖြစ်ပါသည်။


၁။ Capacitive Touchscreens
http://i42.tinypic.com/5jz9s0.jpg

Capacitive Touchscreens Technology ကို Finger Touch ဖြင့် အသုံးပြုနိုင်သော KIOSK Applications များတွင် အဓိကအသုံးပြုကြသည်။ Capacitive Touchscreens များကို ရေရှည်ခံပြီး ခြစ်ရာစင်းရာများ အလွယ်အတူမဖြစ်နိုင်သော မှန်များဖြင့်ပြုလုပ်ထားသည်။ ၄င်း Glass Overlay ၏ မျက်နှာပြင်တွင် လျှပ်စစ်ဓာတ်များကို သိမ်းဆည်းထားသော Coating Layer ရှိသည်။ Glass Overlay ၏ ထောင့်များတွင် Oscillator Circuit များကို တပ်ဆင်ထားသည်။ Glass ၏ မျက်နှာပြင်ကိုထိတွေ့လိုက်သည်နှင့်တဆက်တည်းမှာပင် Oscillator Circuit များတွင် Frequency ပြောင်းလဲမှုဖြစ်ပေါ်သည်။ ထို Frequency ပြောင်းလဲမှုကို Touchscreen Controller က တိုင်းတာပြီး Touch Location ကို Calculate လုပ်ပေးသည်။ ထို့နောက် PC သို့ User ပြုလုပ်လိုသည့် Instruction ကိုပေးပို့လိုက်သည်။ Capacitive Touchscreens များသည် ဆီ ၊ ဖုန်မှုန့် နှင့် ရေများထိတွေ့လျှင် အလွယ်တူ သန့်စင်နိုင်သောကြောင့် မကြာခဏအသုံးပြုရန်လိုအပ်သည့် Device များ၌ အဓိကအသုံးပြုကြသည်။

၂။ Resistive Touchscreens
http://i39.tinypic.com/2e6btjm.jpg

Resistive Touchscreens Technology ကို Point of Sale Service လို့ခေါ်တဲ့ POS များဖြစ်သည့် Supermarket များ ၊ ဟိုတယ်များ ၊ စားသောက်ကုန်နှင့် လက်လီအရောင်းဆိုင်များဖြစ်သည့် Public Center များတွင် အဓိကအသုံးပြုကြပါသည်။ Resistive Touchscreens များကို ပျော့ပျောင်းသော Flexible Top Layers နှင့်မာသော Rigid Resistive Bottom Layers နှစ်ခုဖြင့်ပေါင်းစည်းတည်ဆောက်ထားသည်။ ထို Layers နှစ်ခုကို Spacer Dots များဖြင့်ခွဲခြားထားပါသည်။ Flexible Top Layers ကို အရာဝတ္ထု တစ်ခုခုဖြင့် ဖိလိုက်သောအခါ ထိုဖိလိုက်သည့်နေရာတွင် Resistive Bottom Layers နှင့် Internal Electric Contact တစ်ခုဖြစ်ပေါ်လာသည်။ ထို Electric Contact ကို Controller မှတိုင်းတာပြီး Touching Location ကိုသတ်မှတ်ပေးသည်။ ၄င်း Touching Location ကိုမူတည်ပြီး User ၏ Instruction ကို Processor ထံသို့ပို့ဆောင်ပေးပြီး ဆက်လက်လုပ်ဆောင်သည်။

၃။ Surface Acoustic Wave (SAW) Touchscreen Technology
http://i43.tinypic.com/2d2bxhy.jpg

SAW ကို ကလေးကစားကွင်းများရှိ Game စက်များ၊ ဘဏ်လုပ်ငန်းများနှင့် စက်ရုံများ၏ Machine Control Room များတွင် အဓိကအသုံးပြုကြသည်။ SAW Technology တွင် Ultrasonic Waves များကို Touchscreen ၏ Panel ပေါ်တွင် ထုတ်လွှင့်ထားသည်။ Panel ပေါ်သို့ Device တစ်ခုဖြင့်ထိလိုက်သည်နှင့် တပြိုင်နက် Ultrasonic Waves တွင် Changes ဖြစ်ပြီး Controller က ထို Changes ဖြစ်ခြင်းအပေါ် မူတည်၍ Touching Location ကို သတ်မှတ်ပေးလိုက်သည်။ ဒီ Information ကို Controller မှတဆင့် PC ထံသို့ Processing ဆက်လုပ်ရန် ပေးပို့လိုက်သည်။

၎။ Infrared Touchscreens
http://i41.tinypic.com/25i3ygz.jpg

Infrared Touchscreens ဆိုသည်မှာ Panel တစ်ခု၏ မျက်နှာချင်းဆိုင် ဘေးဘောင်များတွင် Infrared LED (Light Emitting Diode) နှင့် Photo Sensor များကို အသုံးပြုထားခြင်းဖြစ်သည်။ Infrared LED နှင့် Photo Sensor တို့ကြောင့် အလင်းတန်းများသည် Display ပေါ်တွင်ဖြစ်ပေါ်နေသည်။ အရာဝတ္တုတစ်ခုခုဖြင့် Panel ပေါ်ထိလိုက်သည်နှင့် တပြိုင်နက်ထိုနေရာတွင် အလင်းရောင်ပြောင်းလဲခြင်းဖြစ်ပေါ်ပြီး ထိုပြောင်းလဲခြင်းကို Photo Sensor က တိုင်းတာပြီး Touching Location သတ်မှတ်၍ Controller ဆီသို့ပို့ဆောင်ပေးသည်။ နောက်ပိုင်းတွင် Infrared Technology အစား Resistive နှင့် Capacitive Touchscreens တို့က အစားထိုးနေရာယူခဲ့ကြသည်။

ယနေ့ခေတ် Touchscreen Mobile Phone များတွင် အထက်ဖော်ပြပါ နည်းပညာများထဲမှာ Resistive Touchscreens Technology ကို အဓိက အသုံးပြုထားကြောင်းလေ့လာတွေ့ရှိရပါသည်။

ဆွေးနွေးချက်များမှ အချို့ ကို Netguide Journal မှ Reference လုပ်ထားပါသည်။

စပိုင်ချစ်သူ
05-17-2010, 09:51 AM
http://i43.tinypic.com/o0nx92.jpg

Touchscreen Technology သည် Latest Technology တစ်ခုဖြစ်ပြီး ဤ နည်းပညာ အသုံးပြုထားသော Mobile Phone များမှာ အခြားသော Mobile Phone များထက် Technology ပိုင်းဆိုင်ရာတွင်မြင့်မားပြီး Function များမှာလည်း ပိုမိုစုံလင်စွာအသုံးပြုနိုင်သည်။ (ဈေးလည်းပိုကြီးပါတယ်) ထို့ကြောင့် ဈေးကြီးပေးဝယ်ထားရသော မိမိတို့ရဲ့ Touchscreen ဖုန်းများ သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ရန် အောက်ပါအချက်အလက်များကို သတိပြုလိုက်နာသင့်ပေသည်။

၁။ Touchscreen Phone များ၏ Display ပေါ်တွင် Touch Sensor တွဲဖက်ပါဝင်သောကြောင့် Screen Guard ကို မိမိအသုံးပြုသည့် Phone Model အတွက် သီးသန့်ထုတ်ထားသော Screen Guard များကိုသာ အသုံးပြုရမည်ဖြစ်သည်။

၂။ Applications နှင့် Game များ Installation လုပ်ရာတွင် တစ်စုံတစ်ခုမှားယွင်းသည်နှင့်တပြိုင်နက် စက်များဟန်းသွားတတ်ခြင်း၊ Software Problem များပေါ်ပေါက်လာစေခြင်းတို့ကြောင့် တတ်ကျွမ်းနားလည်သည့် ပညာရှင်များနှင့်တိုင်ပင်ပြီးမှသာ Installation လုပ်သင့်ပါသည်။

၃။ Touchscreen များ၏ Touching Sensor များသည် Sensitivity မြင့်မားခြင်းတို့ကြောင့် အမြင့်မှပြုတ်ကျခြင်း၊ အလေးချိန်ရှိသော Object တစ်ခုခုဖြင့် ဖိမိခြင်းနှင့် ရေစိုခြင်းများ မဖြစ်ပေါ်အောင် သတိပြုကိုင်ဆောင်သင့်ပေသည်။

စပိုင်ချစ်သူ
11-17-2010, 05:09 PM
http://imgur.com/o9mCk.jpg

ဒီနေ့ခေတ် နေရာတော်တော်များများ မှာတွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ Touch Screen Technology ရဲ့ မူရင်းက Resistive Technology ပဲဖြစ်ပါတယ်။ “Resistive” ရဲ့ အဓိပ္ပာယ်ကတော့ သုံးစွဲသူ User တွေရဲ့ ထိတွေ့မှုတွေကို မှတ်တမ်းတင်ထားတဲ့ System ပါ။ တိတိကျကျပြောရမယ်ဆိုရင် ဒီ Resistive ကို အဓိကအားဖြင့် ပစ္စည်း ၅ မျိုး နဲ့ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဲ့ဒီ ပစ္စည်း ၅ မျိုးကတော့

၁။ CRT လို့ခေါ်တဲ့ Cathode Ray Tube ဒါမှမဟုတ် Screen Base
၂။ Resistive Coating
၃။ Glass Panel
၎။ Separator
၅။ Conductive Cover Sheet နဲ့ Coating တို့ပါပဲ။

Resistive Touch Screen က သူ့မျက်နှာပြင်ပေါ် ထိတွေ့လိုက်တဲ့ အရာရဲ့ဖိအားအပေါ်မှာမူတည်ပြီး အလုပ်လုပ်တာပါ။ ဒါကြောင့်သူ့ကို လက်ဗွေနှိပ်တဲ့နေရာတွေမှာ အသုံးပြုလာတယ်။
တိုးတက်နေတဲ့ခေတ်ကြီးမှာတော့ တခြား Touch Screen Technology တွေ များစွာပေါ်ထွန်းနေပါပြီ။ ဒါပေမယ့်လည်း Resistive Touch Screen တွေကိုတော့ မေ့လိုက်လို့မရသေးပါဘူး။
လက်ရှိ နေရာတော်တော်များများမှာ Resistive Touch Screen ကိုအသုံးပြုနေကြဆဲပါ။ ဘာလို့လဲဆိုတော့ အသုံးပြုရတာလွယ်ကူပြီး ဈေးနှုန်းသက်သာခြင်း၊ လျှင်မြန်ခြင်း အစရှိတဲ့ အားသာချက်တွေကြောင့်ပဲဖြစ်ပါတယ်။

zinmaung
12-06-2010, 11:18 AM
TOUCH SCREEN ကို လေ သိပ် SENSITIVE မဖြစ်အောင် ဘယ်လို အမျိုးအစားကို ရွေးချယ်သုံးစွဲရင် အဆင်ပြေမလဲ ဆိုတာလေးကို ၀ိုင်းဝန်းဆွေးနွေးပေးကြပါနော်....။

CAPACITANCE အမျိုးအစားကတော့ တော်တော်လေးကို ခပ်ကြမ်းကြမ်းကို ကိုင်တွယ်ရတယ်ပြောတယ်..။
သေသေချာချာတော့ နားမလည်ပါဘူး...။

ဘာကြောင့် ဘယ်လို ဘယ်ဝါ ဆိုတာလေးကို ဖြေရှင်းပေးစေချင်ပါတယ်ဗျာ...။