PDA

View Full Version : မြန်မာအင်ဂျင်နီယာဖိုရမ်မိသားစု၏ ဒုတိယအကြိမ်အလှူတော်မင်္ဂလာ



NayNyo
05-01-2010, 01:39 PM
အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့လေးကတော့ အင်မတန်မှကိုတန်ဖိုးရှိသောနေ့လေးတစ်နေ့ဖြစ်ပါတယ်။
မြန်မာအင်ဂျင်နီယာဖိုရမ် ရဲ့ နှစ်နှစ်ပြည့် ရက်မြတ်ဖြစ်ပြီးတဲ့ဖိုရမ်မှ မိသားစုဝင်မောင်နှမများရဲ့
သဒ္ဒါတရားထက်သန်မှူ့တွေကြောင့် ဖိုရမ်ရဲ့ ဒုတိယအကြိမ်မြောက်အလှူကိုလည်းအောင်မြင်စွာ
ကျင်းပနိုင်ခဲ့ပါတယ်။

မေလ (၁) ရက်နေ့ မနက် (၁၁) နာရီမှာ
နာရေးကူညီမှုအသင်း( ရန်ကုန် ) ကိုရောက်ရှိခဲ့ပါတယ်။
စလုံးမှ ဖိုရမ်တွေရဲ့ အလှူငွေ စုစုပေါင်း သုံးသိန်းခြောက်သောင်းတစ်ထောင်ကျပ် တိတိ
မြန်မာမှ လက်ကျန်အလှူငွေ စုစုပေါင်း ခြောက်သောင်းကျပ် တိတိ
နောက်ထပ် ဒီနေ့တွေ့ဆုံပွဲမှာ ထပ်မံလှူဒါန်းကြသော
Dragon Warrior မှ တစ်သောင်းငါးထောင်ကျပ်တိတိ
တာတာ မှ တစ်သောင်းငါးထောင်ကျပ်တိတိ
အေး မှ တစ်သောင်းငါးထောင်ကျပ်တိတိ
နေမှူး မှ တစ်သောင်းကျပ်တိတိ
မနောဖြူ မှ ငါးထောင်ကျပ်တိတိ ကို ထပ်မံလက်ခံရရှိတဲ့ အတွက်

ရန်ကုန် နာရေးကူညီမှုအသင်းကို အလှူငွေ လေးသိန်းငါးသောင်းကျပ် တိတိ ကိုလှူဒါန်းလိုက်ပါတယ်။

ထပ်မံကျန်ရှိတဲ့ အလှူငွေများကိုတော့ အားလုံးရဲ့ ရင်ထဲမှာ ရှိနေတဲ့ ကိုဇေသူ အတွက် လှူဒါန်းလိုက်ပါတယ်။
ကိုဇေသူအတွက် ကိုတော့ ကိုးဘွဲ့ရ သာသနာပြုကျောင်းတိုက် ရဲ့ ပညာဒါနအလှူအတွက်
သုံးသောင်းတစ်ထောင် တိတိကို ဆရာတော်ထံသို့ရေစက်သွန်းချအမျှဝေလှူဒါန်းခဲ့ပါတယ်။

နာရေးကူညီမှု့အသင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဦးကျော်သူ လက်ရေးစာစောင်ကိုတော့
အလှူမှာလိုက်ပါဆောင်ရွက်ပေးတဲ့ မောင်လေး ပွတ်ရှ်ကောင်လေး ကတင်ပေးပါလိမ့်မယ်။
အလှူနေ့မှာပျော်စရာတွေကောကြည်နူးစရာတွေကို အများကြီးပါပဲ။
ဓါတ်ပုံနဲ့ ဂုဏ်ပြုလွှာတွေကို တင်ပေးကြပါလိမ့်မယ်။

pooh.kglay
05-01-2010, 02:08 PM
ကျွန်တော် ပုရှ်လေး က နာရေးကူညီမှု့ အသင်းက ပေးအပ်တဲ့ ဂုဏ်ပြုလွှာ ရယ် နာရေး ကူညီမှု့ အသင်းရဲ့ အလုပ် အမှုဆောင် အန်ကယ်ကျော်သူရဲ့ လက်ရေးမူ ရယ်
ကိုဇေသူ အတွက် ရည်စူးပြီး လှူဒါန်း ထားတဲ့ ပညာဒါန အလှူ မှတ်တမ်းလွှာ တို့ကို တင်ပေးမှာဖြစ်ပါတယ် ....

ဂုဏ်ပြုလွှာကို scanner အခက်အခဲကြောင့် camera နဲ့ ရိုက်ပြီး တင်ထားရတာ ဖြစ်ပါတယ် ခင်ဗျာ
scanner နဲ့ သေချာလေး ပြန်တင်ပေးမှာ ပါ ခင်ဗျာ ..


http://img72.imageshack.us/img72/5930/dsc02762x.jpg

နာရေးကူညီမှု့ အသင်းက ပေးအပ်တဲ့ ဂုဏ်ပြုလွှာ


http://img80.imageshack.us/img80/851/98948606.jpg

အန်ကယ်ကျော်သူရဲ့ လက်ရေးမူ


http://img688.imageshack.us/img688/1204/23989456.jpg

ကိုဇေသူ အတွက် ရည်စူးပြီး လှူဒါန်း ထားတဲ့ ပညာဒါန အလှူ မှတ်တမ်းလွှာ





ဖိုရမ်မှ မောင်နှမ များကို ထာဝရ ခင်မင်လျက် ... pooh ကောင်လေး ... :imm:

papagyi
05-01-2010, 02:15 PM
အတော့်ကို ကြည်နှူးစရာ ကောင်းတဲ့ အလှူဒါနလေးဖြစ်သလို ဖိုရမ်ရဲ့  တိုးတက်မှူပြယုဒ်တွေ ကိုလည်း ကိုယ်စားပြူနေတာ အမှန်ပါပဲ.. :)
လှူဒါန်းတဲ့ အလှူရှင်တွေ ကော ..အားလုံးသော member တွေရဲ့  အားပေးမှူကြောင့် ဖြစ်လာတဲ့ ကောင်းမှုတွေပါပဲ..
ပြီးတော့ ဒီအလှူဖြစ်အောင်စတင် အကောင်အထည်ဖော်ဆောင်ရွက်တဲ့ KPZ ,နေညို နဲ့ pooh.kglay အပါအ၀င် ၀ိုင်းဝန်းဆောင်ရွက်သူတွေ
ရဲ့  ခွန်အား က မရှိမဖြစ်ပါ။..အားလုံးကို နှစ်နှစ်ပြည့် အလှူမှ ကုသိုလ်တွေ ခံစား ပျော်ရွင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်.. :)

လိပ်ကြီး
05-01-2010, 02:17 PM
ဒီနေ့လို ရုံးပိတ်ရက်မှာ ကိုယ်တိုင် အနားယူမနေပဲ မအားလပ်တဲ့ ကြားက သွားရောက် လှူပေးကြတဲ့ ညီအကို မောင်နှမ အားလုံးကိုကျေးဇူတင် ပါတယ်။

ကျေးဇူတင်လေးစားလျှက်
လိပ်ကြီး

NayNyo
05-01-2010, 02:40 PM
ဒီနေ့ ဖိုရမ် ရဲ့ အလှူအတွက် လိုက်ပါဆောင်ရွက်ပေးကြတဲ့
မောင်လေး pooh.kglay
မောင်လေး သိုးကျောင်းသား
မောင်လေးေ၀၀ါး
ကို Dragon Warrior
မအေး
မတာတာ
မနောဖြူ
နေမှူး

တို့ကို ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။အမြဲတမ်း တက်ကြွစွာလုပ်အားပေး
ပိုက်ပိုက်ဆိုလည်းကိုယ့်ဘာသာအကုန်ကျခံပြီးလိုက်လုပ်ပေးကြလို့ အလှူလေးဖြစ်မြောက်သွားတာပါ။
အလှူငွေတွေထည့်ပြီး တကူးတကပို့ပေးသော အကြံဥာဏ်များကိုပေးသော မကေပီဇက် နဲ့ စလုံးက မန်ဘာများကိုလည်းကျေးဇူးအထူးပါ။
အားလုံးသောမန်ဘာတွေရဲ့ စေတနာနဲ့သဒ္ဒါတရားကြောင့်သာ အလှူလေးဖြစ်မြောက်တာပါလို့။
ဓါတ်ပုံတွေကြည့်ပြီးထပ်တူထပ်မျှ သာဓုခေါ်နိုင်ပါစေ။
ကိုဇေသူလည်းရောက်ရာဘ၀မှာ သာဓုခေါ်နိုင်ပါစေလို့။

Dragon Warrior
05-01-2010, 02:54 PM
;D ;D ;D ;D ....

ဓာတ်ပုံတွေကို ကျွန်တော်ထပ်တင်ပေးပါဦးမယ် ... ပိုစ့်လည်း သေချာရေးပေးမယ်နော် ... :4: :4: :4:
အားလုံးပျော်ကြ ကြည်နူးကြ ၀မ်းသာကြမှာပါ ....

မြန်မာအင်ဂျင်နီယာဖိုရမ်မှ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ် ....

Dragon Warrior ....

သိုးကျောင်းသား
05-01-2010, 02:56 PM
http://img265.imageshack.us/img265/808/dsc02689w.jpg

မြောက်ဥက္ကလာ အဝိုင်း မဟာနွယ် တီးရှော့ မှာ စောင့်နေကြစဉ်

http://i40.tinypic.com/24cfqrn.jpg

အလှူငွေ လှူဒါန်း စဉ် .. နာရေးကူညီ မှူ အသင်း ၏လုပ်ဆောင်ချက်များ ရှင်းပြနေပုံ

http://i43.tinypic.com/2qupz4y.jpg
ဦးကျော်သူနှင့် ဖိုရမ် မမ်ဘာများ အမှတ်တရ.. (အားလုံး ကိုသိပြီးသားလို့ထင်ပါတယ်.. လောကကိုဘောင်ခတ်ပြီးကြည့်တဲ့သူတစ်ယောက်ကတော့ အမမနောဖြူလေးဖြစ်ပါ၏)

http://i41.tinypic.com/11aegle.jpg
ဘုရားခန်း

http://i40.tinypic.com/bj7bj8.jpg
http://i42.tinypic.com/dfisk5.jpg
နာရေးကူညီမှူ အသင်းရဲ့ သုခကုသိုလ်ဖြစ်ဆေးခန်း ၏ ဆီးဝမ်းသွေးသလိပ်ဓါတ်ခွဲခန်းအသေးစားလေး ပါ..

http://i41.tinypic.com/j6ijo1.jpg
http://i41.tinypic.com/v2xq8n.jpg
သွားဆေးခန်းပါ..ခင်ဗျာ..

http://i42.tinypic.com/2rfwitk.jpg
မျက်စိနဲ့ပက်သတ်တဲ့စမ်းသပ်ခန်းပါ

http://i42.tinypic.com/29f2d1c.jpg
လူနာစမ်းသပ်ခန်းလေးပါ..

http://i42.tinypic.com/21d4av9.jpg
နာရေးကူညီမှုအသင်းရဲ့လှုပ်ရှား မှုလေးတွေကိုမှတ်တမ်းတင်ထားတာပါ..

http://i44.tinypic.com/x3zaeo.jpg
အသေးစားခွဲစိတ်ခန်း အသုံးအဆောင်တွေပါ

http://i42.tinypic.com/29gk709.jpg
စာကြည့်တိုက်နာမည် လေး ပါ..

http://i43.tinypic.com/rcvp5e.jpg
နာရေးကူညီမှူ အသင်းသားတွေနဲ့ သင်တန်း က လေး တွေအတွက်စာကြည့်တိုက်ပါ..

http://i39.tinypic.com/97plht.jpg
စာကြည့်တိုက်မှစာအုပ်များ စနစ်တကျစီစဉ်မှု (စာအုပ်များ လည်းလှူဒါန်းနိုင်ကြောင်းသတင်းကောင်းပါးပါရစေ)

http://i42.tinypic.com/25syg3o.jpg
အမအေး နဲ့ ဒေါ်ရွှေဇီးကွက်
http://i42.tinypic.com/oa4sqo.jpg
အမနေညိုနှင့် ဒေါ်ရွှေဇီးကွက်


http://i43.tinypic.com/255rspk.jpg

http://i40.tinypic.com/20auw7l.jpg
စာသင်ခန်းများ .. (အတန်း ကို သင်တန်း သူ/သား တွေရဲ့ english skill နဲ့ခွဲတယ်.. လို့ အန်တီရွှေဇီးကွက်က ရှင်းပြခဲ့ပါတယ်.. )

http://i44.tinypic.com/2cgbg45.jpg
ရှေ့အလယ်.. ဒေါ်သန်းမြင့်အောင်။ ဒေါ်ရွှေဇီးကွက် (ဦးကျော်သူ ဇနီး.. )


http://i40.tinypic.com/ao57gg.jpg
ဆရာကြီး ဦးသုခ ပုံကို စာကြည့်တိုက် ရဲ့ ဦး ခန်း မှာချိတ်ဆွဲထားပါတယ်..

http://i42.tinypic.com/2u481o3.jpg
သုခကုသိုလ်ဖြစ်ဆေးခန်း က တစ်ရက်တိုကင်ကြိုယူရပါတယ်.. တိုကင်မရောက်သေးရင်.. ဒီနေရာလေး မှာ စောင့်ဆိုင်းရပါတယ်.. ကိုယ့်အလှည့် မရောက်ခင်ပေါ့

http://i42.tinypic.com/zk0r48.jpg
သုခကုသိုလ်ဖြစ်ဆေးခန်းရှေ့ဖိုရမ်မမ်ဘာများ အမှတ်တရ


http://i44.tinypic.com/b3og86.jpg
နာရေးကူညီမှုအသင်း အပြင်ဖက် မြင်ကွင်း.

http://i44.tinypic.com/fa56ir.jpg
ကိုးဘွဲ့ရကျောင်းတော် အဝင်လမ်း

http://i40.tinypic.com/208clko.jpg
ကိုးဘွဲ့ရကျောင်းတော် ဝင်း အတွင်း မြင်ကွင်း

http://img72.imageshack.us/img72/4364/dsc02756p.jpg
http://i39.tinypic.com/nxiw.jpg
အကိုဇေသူ အတွက် ကိုးဘွဲ့ရ ကျောင်းမှာ.. သွားရောက်လှူဒါန်း စဉ်

tinypic.com နဲ့တင်ထားခြင်းဖြစ်၏
မမြင်ရလျှင် အဆင်ပြေတဲ့အကိုများ .. .......... လုပ်ပေးပါလိမ့်မယ်..

ကိုထွန်း
05-01-2010, 03:44 PM
မြန်မာအင်ဂျင်နီယာဖိုရမ်ရဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်၊ ဖိုရမ် မိသားစုဝင် ညီ၊ အကို၊ မောင်နှမ များအားလုံး ရဲ့ လှူဒါန်းမှုကို၊ အကောင်အထည်ပေါါစေဖို့၊ ကိုယ်ပိုင်အချိန်ထဲက ဖဲ့ကာ၊ ကူညီစီစဉ်ဆောင်ရွက်ပေးကြတဲ့၊ ညီမ အေး၊ ညီမ မနေညို၊ ညီမ တာတာ၊ ညီမ မနောဖြူ၊ ညီမ မနေမှူး၊ ညီများ၊ တူများ ဖြစ်ကြတဲ့ ကိုနဂါး၊ ကိုသိုး၊ ကိုဝေဝါး နဲ့ပုရှ်လေး တို့ကို ကျေးဇူးအထူးတင်ရပါတယ်။

အလှူဖြစ်အောင်စတင်တဲ့ ညီမ KPZ၊ ပါဝင်လှူဒါန်းကြတဲ့ ဖိုရမ် ညီ၊ အကို၊ မောင်နှမများ၊ အကောင်အထည်ပေါါစေဖို့ စီစဉ်ဆောင်ရွက်ပေးကြတဲ့၊ ဖိုရမ်ညီ၊ အကို၊ မောင်နှမများ၊ နဲ့ မြန်မာအင်ဂျင်နီယာဖိုရမ် မိသားစုဝင် ညီ၊ အကို၊ မောင်နှမ များအားလုံး၊ မြန်မာအင်ဂျင်နီယာဖိုရမ်ရဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ် မှသည် အောင်မြင်မှုများ၊ အသီးသီးကိုရယူနိုင်ကြပြီး စိတ်ကျမ်းမာ၊ ကိုယ်ချမ်းသာစွာဖြင့် မြန်မာအင်ဂျင်နီယာဖိုရမ်ရဲ့ ရဲ့ အကျိုးကို ပျော်ရွှင်စွာ ဆက်လက်ဆောင်ရွက်ပေးနိုင်ကြပါစေ ဖို့နဲ့ ဆက်လက်ပြီးတော့လည်း အခုလို လှူဒါန်းနိုင်ကြပါစေလို့ ဝမ်းသာဂုဏ်ယူစွာ ဆုတောင်းလိုက်ပါတယ်။

ခင်မင်လေးစားစွာဖြင့်

ကိုထွန်း

chit tee
05-01-2010, 08:33 PM
နာရေးကူညီမှုအသင်းရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာလေးရယ် ၊ ကိုကျော်သူရဲ့ မှတ်ချက်လေးရယ် ၊ ကိုဇေအတွက်အလှူဖြတ်ပိုင်းလေးရယ် ...နောက်ပြီး
ကိုယ်တိုင်ရောက်ခဲ့သလို ခံစားမှုကိုဖြစ်စေမယ့် ပါဝင်လှုပ်ကြပုံလေးတွေ အားလုံးကို စုပေါင်းကြည့်ရင်း ကြည့်ရင်းနဲ့ ကြက်သည်းမွှေးညှင်းထတဲ့ အထိ MEF ရဲ့ အလှူလေးကို ၀မ်းသာကြည်နူးပီတိ ဖြစ်မိပါတယ် ။
သာဓု သာဓု သာဓု လို့ခေါ်လိုက်ပါရစေ ။

ဖြစ်မြောက်အောင် ၀ိုင်းဝန်းဆောက်ရွက်ပေးကြသူအားလုံးကိုလဲ MEF ကိုယ်စား ၊ အားလုံးကိုယ်စား ကျေးဇူးအထူးတင်မိပါတယ်ဗျာ ။

အားလုံးကိုခင်မင်လေးစားစွာဖြင့်
chit tee

thanyawzinmin
05-02-2010, 09:16 AM
ဖိုရမ်အလှူတက်ကြွစွာဆော်ရွက်ခဲ့တဲ့ 
အစ်ကိုတွေအစ်မတွေကိုကြည့်မိတော့ စိတ်ထဲတစ်မျိုးတွေးမိတယ်ခင်ဗျ
ကျွန်တော်တို့ မြန်မာအင်ဂျင်နီယာဖိုရမ်ဟာ အခုလိုမိသားစုစတိုင် ဗဟုသုတ ဟင်းလေးအိုးကြီးတစ်ခုသဖွယ်ဖြစ်အောင်တည်ထောင်သူများ စတင်ခဲ့သူများနှင်
ကြိုးစားခဲ့သူများရဲ့ နှစ်နှစ်ပြည့်ခရီးကြမ်းမှာ အခုလိုအလှူတော်မင်္ဂလာ တစ်ခု ဖြစ်မြောက်သွားတယ် ။ အကျိုးရှိ သောအလှူလေးတစ်ခုပေါ့ခင်ဗျာ။
နှစ်နှစ်ပြည့်မြန်မာအင်ဂျင်နီယာဖိုရမ်ရဲ့ မန်ဘာ တစ်ယောက်ဖြစ်ရတာအရမ်းဂုဏ်ယူမိပါတယ်။
နှစ်နှစ်ပြည့်မှသည် သက်တော်ရာကျော်ရှည်ပါစေ

သံယောဇဉ်မင်း
သံယောဇဉ်နန်းတော်
သံယောဇဉ်နန်းတော်

pooh.kglay
05-02-2010, 09:22 AM
scan ဖတ်ပြီး တင်ပေးထားတာပါ ပထမ ပိုစ့်မှာ မတင်လိုက်ရတဲ့ မှတ်တမ်းလွှာ အသေးလေးပါ ပါပါတယ် ခင်ဗျာ ...

http://img511.imageshack.us/img511/5530/123cy.jpg


http://img265.imageshack.us/img265/234/234s.jpg

ကျွန်တော် ပုရှ်လေး ကတော့ မဟာနွယ်ကို 9:00 ဆိုရောက်ပါတယ် ခင်ဗျာ ...
နောက်တော့ အမ နေညိုရောက်လာပါ တယ် ..
ပြီးတော့ ကိုနဂါး ပြူးတူးပြဲတဲ နဲ့ ထပ်ရောက်လာပါ တယ် ..
သူ က အတွင်းဝိုင်း မှာ စောင့်နေတာတဲ့ ကျွန်တော် က ခပ်သေးသေး ဆိုတော့
မမြင်ဘူးတဲ့လေ .. ခဏနေတော့ ကိုသိုးကျောင်းသား ရောက်လာတော့တာပဲ
ကိုနဂါး နဲ့ ကိုသိုး တော်ကီ တွေ ရိုက်နေတာ လေ .. ဟိုဘက်ကားလမ်း မှာစောင့်
နေတဲ့ အမနေမှူးကို မမြင်ဘူး .. ဒါနဲ့ မောင်ပုရှ်လေး က ပဲ ကားလမ်းကူးပြီးသွားခေါ်
ခဲ့ရတယ် ဟဲဟဲ

ပြီးတော့ အမ အေး ရောက်လာတယ် ...
အမ အေး နဲ့ ပုရှ်လေး တို့ အမ မနောဖြူအကြောင်းအတင်းတုတ်နေတုန်း အမ မနောဖြူ
က ရောက်လာပါလေ ရော ...
(ကျွန်တော် ကော်ဖီတိုက်ပါတယ် နော် သူဟာသူရှင်းသွားတာ ကျွန်တော် က မှာပေးတယ်လေ :4: :4: )
အမ တာတာ ကတော့ အလှပျက်မှာစိုးလို့တဲ့ လိုင်းကား မစီးပဲ တက္ကစီ နဲ့ လာပါတယ် ခင်ဗျာ ...
နောက်ဆုံးတော့ ကိုေ၀၀ါးကြီး ရောက်လာတော့ တာ ပဲ ...
အဲမှာ လှူဖို့ တမ်းဖို့ ဆွေးနွေးကြရင်း နဲ့ နောက်ထပ် လာမည် သူ့များ ကို စောင့်ခဲ့ပါတယ်
11:20 မှာ မှာ မဟာနွယ်ကဖီးကနေပြီ 202 အထူးကြီး စီးကာ .. နာရေးကူညီမှုအသင်းရုံးချုပ်သို့ သွားခဲ့ပါတယ်
အဲမှာ လှူဒါန်းပြီးတော့ အသင်းကို လိုက်လံလေ့လာကြပါတယ် ... ဓါတ်ခွဲခန်း တွေ ခွဲစိတ်ခန်း သွားဆေးခန်းတွေ
အစုံပါပဲဗျာ ပြီးတော့ သူတို့ဆီမှာ မကုနိုင်တဲ့ ရောဂါမျိုး ဆိုရင် ဆေးရုံကြီး ရှစ်ခု နဲ့ ချိတ်ထားပါတယ် တဲ့ အဲမှာ
တက်ရောက် ကုသ နေသူတွေကို ငွေကြေးထောက်ပံ့ မှုအဖြစ် 25000 ကနေ 30000 ထိ ထောက်ပံ့ပါတယ်တဲ့
ခင်ဗျာ ...
ဒါနဲ့ပဲ အပေါ်ထပ်ကို တက်ကြည့်လိုက်တော့ စာကြည့်တိုက်ကို တွေ့လိုက်ရတယ် တန်ဖိုးကြီး စာအုပ်ကြီးတွေပါ တွေ့
နိုင်ပါတယ် .. စာအုပ်တွေကိုတော့ အပြင်လူတွေကို မငှားသေးပါဘူး ... ပြီးတော့ စာသင်ခန်းတွေလဲ တွေ့ရပါတယ် ...
ပရောဂျက်တာတွေ နဲ့ သင်တာနော် ... လန်းတယ် ဟီဟီ

ပြီးတော့ ကျွန်တော် တို့ နာရေးကူညီမှုအသင်းက ပြန်လာခဲ့တယ် ...
ကိုဇေသူ အတွက်ကို တော့ ကိုးဘွဲ့ရ ဆရာတော် ဘုရားကြီး ကျောင်းမှာ ကိုဖေသူအတွက် ရည်စူး၍ ပညာဒါန အလှူအဖြစ်
ငွေ ကျပ် 31000 ကို ရေစက်ချ အမျှဝေပြီး လှူဒါန်းပြီး နောက် ကျွန်တော် တို့ အဖွဲ့ သည် ... အင်တာနက်ဆိုင်သွား၍ ပိုစ့်တွေ
တင်ကြပါတယ် ... ထိုအင်တာနက် ဆိုင်သည် ကွန်နက်ရှင်မကောင်းပါ ... ကိုနဂါးတို့ ကိုသိုး တို့ ပေါက်ကွဲကြပါသည် ..
(ဘယ်သူ ဆိုင်လဲ တော့ မပြောတော့ပါ :4: :4: )

အင်တာနက်ဆိုင်မှာ 2:00 လောက်ထိုင်တော့ အစာအိမ်ထဲက စစ်ပွဲတွေက စလာပါပြီ .. ( ဗိုက်ဆာလာပြီ :4: :4: )
ရွှေညောင်ပင်မှာ ဒန်ပေါက်ဆွဲကြပါတယ် ပုရှ်လေးက တော့ မနေညို ဆီက ကပ်စားပါတယ် ... ဟီဟီ .
နောက်တော့ ... :4: :4:
နောက်တော့ ... :4: :4:

အားလုံး လမ်းခွဲ ပြီး ပြန်လာခဲ့ကြပါတယ် ခင်ဗျာ .....

ဖိုရမ်မှ မောင်နှမ များကို ထာဝရ ခင်မင်လျက် ... pooh ကောင်လေး .. :imm:

မောင်လေပြေလေး
05-02-2010, 10:09 AM
ကိုသိုးနဲ့ ကို pooh နဲ့ အားလုံးပဲခင်ဗျာ။
ကျနော် MEF Facebook မှာတင်ဖို့ ပုံပို့ပေးတာ မစောင့်နိုင်လို့။
ဒီကနေပဲ ဆွဲစိပြီး သွားတင်လိုက်ပါတယ်။ :4: :4:
လုပ်ပြီးမှ ခွင့်တောင်းခြင်း ဖြစ်တဲ့အတွက် ဆောရီးပါ။ ;D ;D
http://www.facebook.com/pages/Myanmar-Engineer-Forum/243577843946
အပေါ်လင့်မှာ တင်ထားပြီးပါပြီဗျ။
သွားပြီး ကြည့်ကြပါဦး။
ထပ်ရမယ့် ပုံတွေကို ထပ်တင်သွားပါဦးမည်။


ခင်မင်လေးစားစွာဖြင့်



လေပြေလေး

manawphyulay
05-02-2010, 03:55 PM
၂ နှစ်ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုလိုက်ပါတယ်။ တည်တံ့ခိုင်မြဲစည်းလုံးညီညွတ်စွာ ဆက်လက်ရပ်တည်နိုင်ပါစေ။

http://i1028.photobucket.com/albums/y347/manawphyu_2010/MEFUNIcopy.jpg

manawphyulay
05-02-2010, 06:39 PM
အင်တာနက်ဂျာနယ်မှာ ထည့်ဖို့ ပို့လိုက်ရမလား။
http://i1028.photobucket.com/albums/y347/manawphyu_2010/MEFUNI1.jpg

KPZ
05-02-2010, 09:56 PM
အလှူပီးတာနှင့်တစ်ပြိုင်နက် ရန်ကုန်မန်ဘာတွေ ဆီက ဓါတ်ပုံတွေကို ကြည့်ရင်း တစ်စိမ့်စိမ့် ကြည်နူး ပျော်ရွှင်မိပါရဲ့ ...
ကျမနဲ့ ထပ်တူ ဖိုရမ်အဖွဲ့ဝင်အားလုံးလဲ ထပ်တူ ခံစားနေရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ရေများရာမှာ မိုးမရွာပဲ ... လိုအပ်နေတဲ့သူတွေကို ကျမတို့ MEF မောင်နှမတွေက အပြည့်မ၀ မဟုတ်တောင် တစ်စိတ်တစ်ပိုင်း ဖြည့်တင်းပေးနိုင်မှုအတွက်
ကျေနပ်ပီတိ ဖြစ်မိပါရဲ့ . . . . . .

ဒီအလှူဖြစ်မြောက်ရေးအတွက် ကျေးဇူးတင်ထိုက်သူတွေက အများကြီးပါ
ဖိုရမ်ကို လစဉ်ပံ့ပိုးပေးနေတဲ့ အလှူရှင်များအားလုံး
ကျမတို့ ဖိုရမ်အတွက် ဦးကျော်သူကများ စာလေးတစ်ကြောင်းနှစ်ကြောင်း ရေးပေးရင် ဘယ်လောက်ကောင်းလိမ့်မလဲဆိုပီး အကြံရတဲ့ အချိန်မှာ
အဆက်အသွယ်ရှာပေးခဲ့တဲ့ အဖွဲ့ဝင် ကိုလိပ်ကြီး . . . .
ဖိုရမ်ရဲ့ အလှူဖြစ်မြောက်ရေးအတွက် မအားတဲ့ ကြားကနေ
ကျမ အွန်လိုင်းပေါ်ကနေ ဂျီကျအနိုင်ကျင့်တိုင်း ကူညီပေးတဲ့ မောင်လေး ပွတ်ကောင်လေး
မဖြစ်ဖြစ်အောင် အွန်လိုင်းလာပါနော်လို့ ကြိမ်စကြာရိုက်ခေါ်တိုင်း မအားတဲ့ ကြားကနေ လာပေးပြီး ဖြစ်အောင် ဆောင်ရွက်ပေးတဲ့ မောင်လေး သိုးကျောင်းသား
မောင်လေးရေ .. ဒါလေးတော့ လုပ်ပါဦးနော်လို့ ပြောတိုင်း မငြီးမငြူ လုပ်ပေးတဲ့ မောင်လေးေ၀၀ါး
အလုပ်တစ်ဖက်နဲ့ မအားတဲ့ ကြားထဲကနေ ကိုယ်ပိုင်အချိန်တွေ ဖဲ့ပေးတဲ့ ညီမလေး နေညို
အလှူပွဲနေ့မှာ တက်ညီလက်ညီ ပါဝင်ကူညီခဲ့ကြပါသော ရန်ကုန်မှအမာခံ အဖွဲ့ဝင်များ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်မိပါတယ်။

ဘာလိုလိုနဲ့ ကျမတို့ ဖိုရမ်ကြီး ၂ နှစ်တင်းတင်း ပြည့်ပီးခဲ့ပါပီ။
နှောင်နှစ် နှောင်နှစ်တွေမှာလည်း အခုလို စုပေါင်းအလှူပေါင်းများစွာကို ဆောင်ရွက်ရပါလို၏
မြန်မာအင်ဂျင်နီယာဖိုရမ်ကြီး ယနေ့မှ၍ နှောင်နှစ်ပေါင်းများစွာတိုင် ............

လောက
05-04-2010, 08:42 AM
အလှူ သွားလှူတဲ့နေ့က ဓါတ်ပုံလေးတွေ ထပ်ရှိရင်တင်ပေးပါအုံးဗျာ :)
ရှိသေးရင် ကြည့်ချင်သေးလို့ပါ...........
သွားလှူကြတဲ့ ဖိုရမ်အကိုကြီး အမကြီးတွေကိုလဲ တော်တော်လေး ကျွန်တော် လေးစားမိပါတယ် :)

မေဒေး လိုနေ့မျိုးမှာတောင် အနားမယူပဲ တတ်တတ်ကြွကြွ သွားရောက်လှူဒါန်းပေးတဲ့အတွက်
သူ့တို့ ကျခဲ့တဲ့ နေပူထဲက ချွေးတွေအတွက် ဂုဏ်ယူပါတယ် ကြည်နူးမူလဲအပြည့်ပါပဲ
ရန်ကုန် ရာသီဥတုကလဲ ဒီရက်ပိုင်း တယ်ပူတာကိုး.........
သူတို့ ဖိုရမ်အပေါ်ထားတဲ့ သူတို့ မေတ္တာ စေတနာ တွေနဲ့ သံယောဇဉ်ကတော့
နေပူထဲမှာ ထိးမလိုပဲ လှပနေတာကတော့ ပုံတွေကသက်သေပါပဲ :)
တခြား အကြောင်းကြောင်းကြောင့် စိတ်ထဲမှာအပြည့်အ၀ ရှိပေမယ့် မလိုက်နိုင်ကြတဲ့သူတွေကလဲ
သူတို့ ဘယ်လောက်အလေးထား ကြသလဲဆိုတာ ပို့စ်တွေက သက်သေပါပဲ
ကိုဇေသူ အတွက် ကုသိုလ်ပြုပေးတာလေးဟာလဲ သိပ်ကောင်းတဲ့စိတ်ကူးလေးပါပဲဗျာ
စေတနာကောင်းတွေကြောင့် အစီအစဉ်ကောင်းလေးတွေဖြစ်လာပြီး ကြည်နူးဖို့အရမ်းကောင်းတယ်ဆိုတာကတော့
ပြောဖွယ်ရာကိုမရှိတော့ပါဘူးဗျာ
နောက်များမှာလဲ တို့တွေစည်းစည်းလုံးလုံး ရှိကြပြီး ဆထက်တပိုး ဖိုရမ်အကျိုးသယ်ပိုးကြရအောင်ဗျာ :)

ဖိုရမ်ခင်မင်မူသံယောဇဉ်နဲ့ ကျွန်တော့်ဆိုင် အစုတ်မှာ ပုံတွေတင်ဖို့ လာကြိုးစားရင်း လာရောက်လည်ပတ်ပေးကြတဲ့
သူငယ်ချင်း အကို အမ တွေကိုလဲ ကျေးဇူးအရမ်းတင်ပါတယ်

ပုံလေးတွေထပ်ရှိရင်တင်ပေးပါအုံးဗျ :4: :4: :4: :4:

pooh.kglay
05-04-2010, 08:47 AM
အလှူ သွားလှူတဲ့နေ့က ဓါတ်ပုံလေးတွေ ထပ်ရှိရင်တင်ပေးပါအုံးဗျာ :)
ရှိသေးရင် ကြည့်ချင်သေးလို့ပါ...........
သွားလှူကြတဲ့ ဖိုရမ်အကိုကြီး အမကြီးတွေကိုလဲ တော်တော်လေး ကျွန်တော် လေးစားမိပါတယ် :)


ပုံလေးတွေထပ်ရှိရင်တင်ပေးပါအုံးဗျ :4: :4: :4: :4:


ကို Dragon Warrior မှာ ရှိသေးတယ် ထင်တယ် .. သူတင်ပေးလိမ့်မယ် ဟီဟီ
လောကရေ .. အွန်လိုင်းမှာ တွေ့ရင် သူကို အပူကပ်ထား ... နာ့မှာ လဲ ကင်မရာ
က မရှိတော့ ဓါတ်ပုံရိုက်လို့ မရဘူး ဖြစ်နေတယ် .. ဟီဟီ
သူဆီမှာ .. နာ့ ဓါတ်ပုံ အလန်းလေး တွေလဲ ရှိသေးတယ် တောင်းကြည့်လိုက်နော် ..

ကိုဦး
05-04-2010, 09:19 PM
ဖိုရမ်ရဲ့  နှစ်ပတ်လည် အလှူမှာ လာရောက်ကူညီကြတဲ့  မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ် ..
အလှူအကြောင်းတွေ လိုက်ဖတ်ရင် အတိုင်းမသိတဲ့  ၀မ်းသာစိတ်နှင့်အတူ ကိုယ်တိုင်ပါဝင်ချင်တဲ့  ဆန္ဒတွေ ဖြစ်ပေါ်လာခဲ့ တယ် ..
ဓါတ်ပုံလေးတွေကြည့်ပြီး ဒီထက်မက လှူဒါန်းချင်တဲ့  သဒ္ဒါစိတ်တွေ ဖြစ်ပေါ်လာမိတာလည်း အမှန်ပဲ ...
တစ်နေ့ နေ့ တော့ ကြုံဆုံခဲ့ ရင် ဖိုရမ်က မောင်နှမတွေနဲ့ အတူ ဖိုရမ်ရဲ့ အလှူတွေမှာပါဝင်ခွင့် ရပါစေလို့ ပဲ ဆုတောင်းရတော့မယ် ..
အခုတော့ အဝေးမှာ ဆိုတော့ ... ဖိုရမ်ရဲ့ မောင်နှမ အားလုံးကိုယ်စား ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီခဲ့ တဲ့ သူတွေကိုပဲ ကျေးဇူးတင်လိုက်ပါတယ် ..
နောင်ဒီထက် မကသော အလှူဒါနတွေကို နောင်နှစ်တွေနှစ်တွေမှာ ကျွန်တော်တို့ ရဲ့ မြန်မာအင်ဂျင်နီယာ ဖိုရမ်ကြီး လှူဒါန်းနိုင်ပါစေလို့  ဆုမွန်ကောင်းပြုလိုက်ပါတယ် ..

Dragon Warrior
05-05-2010, 08:49 AM
::) ::) ::) ::) ::)

အားလုံးပဲ ပိုစ့်ရေးပေးမယ်ပြောပြီး အလုပ်များလို့ အွန်လိုင်းပေါ်အချိန်မပေးနိုင်တာ ကြာပါပေါ့ ... တက်ဖြစ်လည်း ဂနိုင်ထဲမှာတင် ပျော်နေမိတော့ ရေးစရာအကြွေးတွေများနေပါတယ် ... ဓာတ်ပုံတွေကတော့ ပုရှ်လေးဆီကိုပဲ ပို့လိုက်ပါတော့မယ် .. (လောလောဆယ်တော့ မလုပ်နိုင်သေး :4: :4:)

ကျွန်တော့်ရဲ့ ပီအမ်ထဲကို ခရီးသွား သိုးကလေးက စာပို့လာပါတယ် ဖိုရမ်(၂)နှစ်ပြည့်အလှူကို လိုက်နိုင်မလားပေါ့ ..... အဲ အလုပ်ကလွဲလို့ ကျန်တဲ့နေရာမှာအားပါတတ်တဲ့ ကျွန်တော်လည်း ၀မ်းသာအားရ ပြန်ပြောပါတယ် လိုက်ပေးပါမယ်ပေါ့ ... :2: :2:
ပြီးတော့မှ အဲသည်နေ့မနက်ကို မင်္ဂလာဆောင်တစ်ခုသွားစရာရှိတာ သတိရတယ်ဗျာ ... အဲသာနဲ့ အချိန်လေး အဆင်ပြေအောင် ညှိကြမယ်ဆိုတော့ မနက် ၁၁ နာရီကို မြောက်ဥက္ကလာအ၀ိုင်းက မဟာနွယ်လက်ဖက်ရည်ဆိုင်ကို ချိန်းလိုက်ကြပါတယ် ...
ရင်ထဲမှာလည်း အပျော်တွေက ပြည့်လို့ပေါ့ ... ဂနိုင်ကိုဝင်လာတော့ တာဝန်ရှိကြသော သိုး၊ ပုရှ်တို့နဲ့ အချိန်လေးတွေ ညှိကြပြောကြဆိုကြပေါ့ဗျာ ... .. . :shy :shy :shy
ဖြစ်ချင်တော့ ၃၀-ရက်နေ့ ညမှာ ဖုန်းဝင်လာတယ် တာတာဆီကဗျ ... ချိန်းတဲ့အချိန်ကို ၁၀-နာရီနောက်ဆုံးလို့ ပြောင်းလိုက်သတဲ့ .. ပြီးတော့ ကျွန်တော်လည်း ဂနိုင်ကိုတက်ခဲ့ဦးလို့ ဦးရီးထွန်းမှာကြောင်း ပြောပြပါလေရော ... ဘာတွေဖြစ်ကုန်သလဲပေါ့ :? :? ကိုယ်ကလည်း အလုပ်များနေတော့ အွန်လိုင်းမတက်မိ ... အဲသာနဲ့ အွန်လိုင်းပေါ်တက်တော့ ည ၁၀-နာရီလောက်ရှိပြီ .. ဂနိုင်ကလူတွေ ၀ိုင်းပြောကြသပါဗျာ ... ဦးထွန်းမှာသွားကြောင်း (ဟုတ်ကဲ့ အနော်ကလည်း အနော်ပါပဲလေ ... :4: :4:) .. အကျိုးအကြောင်းသိပြီးပြီလို့ ပြန်ပြောပြရင်း အိမ်ပြန်ခဲ့ပါတယ်ဗျာ .....

အဲ ၁-ရက်နေ့ မနက်မှာ မင်္ဂလာဆောင်သွားဖို့ လက်ဖွဲ့ထုပ်ပိုက် အလုပ်ကတွမ်လာတဲ့ ကင်မရာကိုခါးချိတ် လိုင်းကားစီးလို့ လှည်းတန်းကို လစ်ခဲ့သပေါ့ ... .. . အမလေး မင်္ဂလာဆောင်က ၅-လွှာမှာဗျ ခြေတစ်ညောင်းတက်ပြီးတော့ အမောဖြေတုန်း စားစရာလာချတာကြည့်လိုက်တော့ ဒန်ပေါက် .. ( ??? ??? တေပီ နေပူပူကို ...) တတ်နိုင်ဘူးဗျာ မြန်မြန်ဝါးပြီးတာနဲ့ ပြန်ဆင်းခဲ့ပါတယ် .. အောက်ရောက်တော့ အလုပ်က ဒါရိုက်တာတွေကလည်း မင်္ဂလာဆောင်လာတာ ကြုံသဗျ .. အဲသာအခန်းလိုက်ပို့ရတော့ ၅-လွှာကို နဂါးစစ်သည်တို့ နှစ်ကျော့ပြန်ချွေးထွက်အောင် တက်ခဲ့ရသပေါ့ဗျာ .... :D :D :D
အချိန်ကြည့်တော့ ၉ ခွဲ ... တက်စီမှတစ်ပါး ကိုးကွယ်ရာမရှိ ... လာထား အမြန်တော့လစ်ရမယ် အပြောင်းအလဲရှိရင် ကိုယ်မမီပဲ နေမှာကိုးဗျာ ... အ၀ိုင်းရောက်တော့ ဆိုင်ထဲကို ပတ်ကြည့်လိုက်တယ် ဘယ်သူမှ မတွေ့ဘူးဗျ လက်ဖက်ရည် ထိုင်သောက်နေတုန်း ... စိတ်ကလည်းပူလာတယ် ... အချိန်မှားနေလားပေါ့ .. ခဏနေတော့ ကောင်တာဖက်ကို အကြည့်မှာ ပုရှ်ကို သွားတွေ့ပါလေရော (အမှန်တော့ ကောင်တာက ကောင်မလေးကို ကြည့်မိတာပါ :4: :4: :4: )
သူတို့ဝိုင်းကို သွားလိုက်တော့ နေညိုကိုပါတွေ့ပါတယ် ... နောက်တော့ သိုးရောက်လာတယ် ... အဲ ကျွန်တော်နဲ့ သိုးက ကျန်တဲ့သူတွေကို စောင့်ပေးမယ်ဆိုပြီး ဆိုင်ရှေ့မှာ ရပ်နေကြတာ လမ်းတစ်ဖက်က နေမှူးကို ဆိုင်ထဲက ပုရှ်က သွားကြိုရတယ် (အင်းလေ အကောင်ကလည်း သေးတာကိုး :4: :4: .. နောက်တာ စိတ်ဆိုးနဲ့ ) .. ပြီးတော့ အေး၊ တာတာ၊ မနောဖြူလေး၊ေ၀၀ါး(သူရအောင်)တို့ အသီးသီးရောက်လာကြလို့ .. ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး ၁၁:၂၀ လောက် ၂၀၂အထူး စီးပြီးနာရေးကူညီမှုအသင်းရှိရာကို သွားခဲ့ကြပါတယ် ... အလှူအကြောင်းကတော့ ပုံတွေလည်းတင်ပေးပြီးသားမို့ ထပ်ရှင်းမပြတော့ပါဘူးလေ ... လှူတာတန်းတာ လုပ်ပြီးလို့ ပြန်ကြမယ်ဆိုတော့ အချိန်က ၁၂ လောက်ရှိပြီဗျ ... အေး၊ မနောဖြူလေး နဲ့ သူရအောင်က ကိစ္စရှိလို့ ကျန်နေခဲ့ကြပြီး ကျန်သူတွေက ဓာတ်ပုံတွေတင်ပေးဖို့ အင်တာနက်ဆိုင်ရှိရာကို တစ်ပျော်တစ်ပါး ချီတက်ခဲ့ပါတယ် ... အဲဆိုင်သည်က နက်မကောင်းလေတော့ စိတ်ညစ်လောက်အောင် ဒုက္ခခံပြီးပုံတင်ပေးခဲ့တဲ့ ကိုသိုးကျောင်းသားလေးကို ကျေးဇူးအထူးတင်ကြောင်းလည်း ဒီနေရာကနေ မှတ်တမ်းတင်ပါရစေ ....
ကျွန်တော့်မှာဗျာ ပိုစ့်အရှည်ကြီးရေးပြီးကာမှ ဘာဖြစ်တယ်မသိဘူး တင်တဲ့အချိန်တက်မလာတော့ ရင်ကိုကွဲရော ... အဲ အားလုံးကလည်း ဗိုက်ဆာနေလေတော့ ပိုစ့်အတိုလေးပဲ ရေးပြီးထားခဲ့ရပါတယ် (အခုဟာက အကြွေးပြန်ဆပ်တာနော် ... )
ပြီးတော့ ၀မ်းရေးကို ရွှေညောင်ပင် ဒန်ပေါက်မှာဖြေရှင်းလိုက်ကြပြီး ... ကျွန်တော်နဲ့ တာတာက အဆိုပြုကာ အားလုံးသော မောင်နှမတွေ ဗွိုက်တက်စ်လုပ်ဖို့ ပြင်ဆင်ကြပါတယ် ... အဲသည်အချိန်မှာ လောကတစ်ယောက် ချွေးတွေသံတွေနဲ့ ကျွန်တော်တို့ဆီရောက်လာတယ် ခင်ဗျ .... (အဲ တစ်ခုပြောရဦးမယ် ... ကိုနေမင်းသွေး အကြောင်း ... ... ... )

ဆက်ရေးပေးမယ်နော် ဆိုက်ထဲ လစ်ရတော့မယ် တာ့တာ ..

Dragon Warrior
05-06-2010, 12:04 AM
:4: :4: :4: ...

မနက်ကစာကို ညမှ ပြန်ရေးရပါတယ် ... ကိုနေမင်းသွေးလေးက ကျွန်တော်တို့ကို မဟာနွယ်မှာ ၁၁ ခွဲကနေ တစ်နာရီအထိ စောင့်တယ်ဆိုပဲဗျာ .... ကျွန်တော်တို့ ဂနိုင်ပေါ်ရောက်ချိန်မှာ ပြောရှာပါတယ် ... အရင်တုန်းက တွေ့ဆုံပွဲလို အောက့်မေ့လို့ နောက်ကျလာဆိုပဲ ... :-[ :-[ :-[ ဖြစ်ရလေခြင်းနော် ... အရင်က မိသားစုတွေတွေ့တာ အခုဟာက သူများနဲ့ အလုပ်လုပ်တာဆိုပြီး သိုးကပြောပြပါတယ် ... ကျွန်တော်ကလည်း မရတော့ဘူး အတိအကျကို လုပ်နေတယ်ဆိုပြီး ရေနစ်သူ ၀ါးကူလို့ ထိုးပေးလိုက်ပါတယ် ... (သူ့ခင်ဗျာ ... မျက်နှာငယ်လေးနဲ့ ဂနိုင်မှာ ခဏပဲနေပြီး လစ်သွားရှာတယ်ဗျာ ... M; M; M; ... ) (ညီလေးရေ နောက်တစ်ခါဆိုရင်တော့ နောက်မကျရတော့ဘူးနော် ... ;D ;D)

အဟမ်း ... :4: :4: :4:
ဗွိုက်တက်စ် ကို ... ... ... ... ... မှာ အသံစမ်းခဲ့ကြရာတွင် ..... နေမှူးက ရော့ခ်၊ ဟစ်ဟော့၊ အော်လ်တာ တို့တွင် ဦးရီးထွန်း ထိုင်ငိုရလောက်သည်အထိ လည်းကောင်း ..... နေညိုမှ Classical တွင် မီမီဝင်းဖေ ဆူဆိုက်လုပ်ချင်သည်အထိ လည်းကောင်း ..... တာတာမှ မြန်မာသံ နှင့် ခေတ်ပေါ် ပေါင်းစပ်ရာတွင် သားစိုး လူ့လောကမှ ထွက်သွားချင်လောက်သည်အထိ လည်းကောင်း ..... ပုရှ်ကောင်လေးမှ (အင်း သူလည်း မခေ ;D ;D) အေးအေးချိုချိုသံစဉ်များကို ၀ိုင်းဝိုင်း တောင်းပန်ရလောက်သည်အထိ လည်းကောင်း ..... လောကမှ ပေါ့ပ်တွင် မျိုးကျော့မြိုင် စိတ်ဓာတ်ကျသည်အထိ လည်းကောင်း ..... သိုးကျောင်းသားမှ ဒွန်း၏ ယောက်ဖရေသီချင်းကို အားလုံးနားကွဲလုနီးပါးမျှ လည်းကောင်း ..... ကျွန်တော် နဂါးစစ်သည်မှလည်း စိုင်းထီးဆိုင်၊ ထူးအယ်လင်း၊ မျိုးကြီး၊ မာရဇ္ဖ သီချင်းများကို မူရင်းအဆိုတော်များ ဆက်လက်သီဆိုရန် ဆန္ဒများ ပျောက်ပျက်သည်အထိ လည်းကောင်း ..... ဖိုရမ်မောင်နှစ်မများ အားပါးတရ ပျော်ရွှင်သီဆိုခဲ့ပါကြောင်းလည်း ဖြည့်စွက်ရေးသားပေးလိုက်ပါတယ် ခင်ဗျာ .....

အားလုံး ကျေနပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ် .....

လေးစားလျှက် ... .. .
Dragon Warrior ..... :7: :7: :7: :ok :ok :ok

Kaung Gyi
05-08-2010, 05:40 PM
အဟစ်...အနော်ကအလှူနေ့ပတ်ဝန်းကျင်မှာ....ရွာလည်ပြီးတိုင်တွေပတ်နေတာကတစ်ကြောင်း...နေပူပူ.မှာ..အပြင်သိပ်မထွက်ချင်တာကြောင့် ဆိုင်မရောက်ဖြစ်တာကတစ်ကြောင်း...စတာတွေကြောင့်...ဖိုရမ်အလှူကိုသေချာမသိလိုက်မိဘူးဗျာ...
အလှူရှိကြောင်းကိုတော့သိပါတယ်....ရက်လည်းသိပါတယ်...ဘယ်မှာလုပ်မယ်ဆိုတာလည်းသိပါတယ်...လာဖြစ်အောင်လာမယ်ဆိုတာလည်း. စပ်မိသူတွေကိုပြောပါတယ်..အဲ..ဒါပေမယ့်အချိန်ကိုတော့..
မသိလိုက်မိဘုးဗျာ....ပြီးတော့...မေဒေးနေ့ပတ်ဝန်းကျင်ျမှာ...အလှူအကြောင်းကို...မရည်ရွယ်ပါပဲ..မေ့သွားတာကလည်းပါပါတယ်...ဒီအတွက်တော့အားလုံးကိုတောင်းပန်ပါတယ်ဗျာ...အဟစ်..မှန်တာကိုပြောရရင်...
မေဒေးနေ့တစ်နေ့လုံးအိမ်မှာ...အိပ်လိုက်စားလိုက်နဲ့..လေ...ကောင်းမှကောင်း...
အဲ...တနင်္လာနေ့မနက်ရောက်တဲ့..အထိ သတိကမရဘူးဗျာ....အဲ..ဖြစ်ချင်တော့...မနက်ဆိုအနော်ကကျောင်းသွားရင်..ကျောင်ရှေ့ က ထမင်းဆိုင်လေးမှာပဲ..မနက်စာတွယ်လေ့ရှိပါတယ်...အဲ..တနင်္လာမနက်ကလဲ..
ထုံးစံအတိုင်းပဲပေါ့လေ....ထိုင်ခုံတစ်လုံးရအောင်လုပြီး....ထမင်းကြော်လေးတစ်ပွဲမှာပြီး ၀ိုက်ဖို့ပြင်သဗျ....အဲ...အဲဒီမှာ...ထမင်းဆိုင်ဘေးနားမှာ..ရပ်နေပြီး..ထိုင်ခုံမရရှာသောသူတစ်ယောက်ကိုသွားသတိထားမိတာကိုး..
ဒါတောင်မျက်နှာကိုတော့မကြည့်မိသေးဘူးဗျ....အဲ..မောင်ရင်ကမျက်နှာမကြည့်.တော့ဘာကြည့်တုန်းဆိုတော့....ခါးပတ်ဗျ...အဲ..ခါးပတ်ခေါင်းလေးကရွှေရောင်လေးလက်နေတော့ ကြည့်မိပါရောလား...
ထိုသူကလည်းအနော့ကိုကြည့်သဗျ...အနော်ကလည်း အဟစ် uniform နဲ့ခန့်နေလေတော့...သူကရုတ်တရက်မှတ်မိပုံမရဘူးဗျ...မျက်နှာကိုကြည့်မိတော့မှ....ကိုကြီးနဂါးစစ်သည်ဖြစ်နေပါရောလား...
သူကလဲ...မှတ်မိပြီးတော့မှ...အနော့နားကိုလာပါလေေ၇ာလား......ရင်ထဲကိုထိတ်ကနဲ့ပဲလေ.....ဒီတော့မှ..၀မ်းသာအားရနှုတ်ဆက်ဖြစ်ကြပါတယ်.(ကော်ဖီများတိုက်မလားလို့လေ...ဟင့်..ထမင်းကြော်လေးတစ်ပွဲထဲ..စားနေတာကိုတွေ့သားနဲ့..).....ဒီတော့အနော်လဲ..အဆူခံရတာပေါ့ဂျ...ဘာလို့မလာတာလဲ ဘာလဲပေါ့လေ...အဟစ်..အနော်ကလဲ..ကြံဖန်အကြောင်းပြရတာပေါ့....ပြီးတော့မှ..ကိုကြီးနဂါးစားပါဦးလားဆိုတော့..(တကယ်စားရင်တော့..သေပြီ) အလုပ်တွေရှိသေးကြောင်း....အလုပ်နေရာကိုပြပါတယ်ဗျ.
အနော်လဲဝမ်းသာပါဧ။်..ကျောင်းရှေ့တည့်တည့်ကြီးမှာကို...ကိုကြီးနဂါးရုံးကလေ...ပိုက်ဆံလာချေးမယ်လဲဆိုရော....ရုးံခန်းမှာ.ခုရက်တွေမရှိကြောင်း...ပြောပြီး..သူတ်သုတ် သုတ်သုတ်ထွက်သွားပါရောလား...
အဲ..ဒီတော့မှ...အနော်လဲ..ဖိုရမ်အလှူအကြောင်းကိုရေလည်သိရတာဗျ.......ဒါကတော့အနော်ပေါ့လျော့တာပေါ့လေ....ချတ်ရွမ်းလဲ..မ၀င်ဖြစ်တာကြာတော့...အဆက်ပြတ်နေသလိုဖြစ်သွားပါတယ်ဗျာ......
တောင်းပန်ပါတယ်နော်...အားလုံးကိုပါ.. ကောင်းကြီး.. :4: :4: :4: :4: