PDA

View Full Version : SAFETY Start With ME



phoeko
05-07-2010, 08:46 PM
ဒီခေါင်းစဉ်လေး အောက်မှာ SAFETY နဲ့ ပါတ်သက်တဲ့ အကြောင်းအရာလေးတွေကို Share လုပ်ပြီး ၊ ဆွေးနွေးပေး ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ် ။

IN REAL LIFE, THERE ARE NO SUPERHEROES.

http://img263.imageshack.us/img263/2165/scan0001ib.jpg

တစ်ကယ့်လက်တွေ့ ဘ၀မှာတော့ စူပါ လူစွမ်းကောင်းတွေ ရှိနိုင်မှာ မဟုတ်ပါဘူး တဲ့၊ တစ်ကယ်ပဲ စင်္ကာပူ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေရဲ့ နံပါတ်တစ် လူ အသေအပြောက်အများဆုံး ဖြစ်ရပ်ဟာ Falling From Height ပါ။ ဒါကြောင့် Working At Height အတွက် MOM ရဲ့ သတိပေး ပိုစတာတွေ ကို စင်္ကာပူရဲ့ နေရာ အနှံ့မှာ တွေ့နေရမှာပါ။ ဒီအပေါ်က ပုံလေးကလဲ အဲဒီ ပိုစတာတွေထဲက တစ်ခုပါ။

zinmaung
05-09-2010, 11:10 AM
GENERAL SAFETY PRECAUTIONS

GENERAL SAFETY PRECAUTIONS ကနေရာတိုင်းမှာ လိုအပ်ပါတယ်။

TIME SAFETY ၊ MACHINE SAFETY နှင့် HUMAN SAFETY လို. ခွဲထားမယ်လို. ယူဆမိပါတယ်။

ANYKIND OF PROCESS မှာ အပေါ်က သုံးချက်တော့ မဖြစ်မနေ လိုမယ်။

လေယာဉ်မှာတော့ တစ်လတစ်ခါကို SAFETY ဟောပြောပွဲ တွေလုပ်ပြီး အမြဲလို သတိပေးဆောင်ရွက်ကြပါတယ်။

AIRCRAFT SAFETY အပါအ၀င် လူတွေရဲ. စိတ်ပိုင်းဆိုင်ရာ ဖွံ.ဖြိုးတိုးတတ်ရေး လဲ ပါဝင်ဖို. လိုအပ်မယ်။

အလုပ်ချည်း ဖိလုပ်နေရင် MACHINE ပုံစံဖြစ်လာပြီး လုပ်ငန်းခွင်မှာ IDLE ဖြစ်လာမယ်။ နောက်တော့ ထိုင်းမှိုင်းလာ ပြီးလုပ်ငန်းခွင် အန္တရယ် ထိ ဖြစ်ပေါ်စေနိုင်ပါတယ်။

ကျွန်တော် သိသလောက် တတ်သမျှ မှတ်သမျှလေး ရှယ်လိုက်ပါတယ်။

လေးစားလျှက်........

ကိုထွန်း
05-09-2010, 12:56 PM
ကိုဖိုးကို နဲ့ ကိုဇင်မောင်ထွန်း တို့ရေ

လက်တွေ့အလုပ်ခွင်မှ အင်ဂျင်နီယာတွေ၊ အတတ်ပညာရှင် အတွက်တကယ်လိုအပ်တဲ့၊ ဘာသာရပ်ခေါင်းစဉ်တခုကို၊ ဖွင့်လှစ်တာမို့ ဝမ်းသာအားရကြိုဆိုပါတယ်။ ဒီမှာတော့ သတိပေးမှု၊ ပညာပေးမှု၊ စောင့်ကြည့်စစ်ဆေးအရေးယူမှုတွေ လုပ်နေတဲ့ကြားကနေ Construction Sector နဲ့ Shipyard တွေမှာ၊ မတော်တဆ ထိခိုက်မှုတွေအများဆုံးဖြစ်နေတာတွေ့ရပါတယ်။ ကျွန်တော်လည်း Marine Related Field က အပိုင်းကိုဝင်ရောက်ဆွေးနွေးပါ့မယ်။

zzaung.bem
05-30-2010, 08:42 AM
ကျွန်တော်တို့ သင်ဘောကျင်းမှာတော့ မနက်ဆိုရင် take-5 ဆိုပြီး လုပ်ရတယ်.. take-5 ဆိုတာကတော့
1-greeting (နုတ်ဆက်ခြင်း မိတ်ဆက်ခြင်း)
2-walk through task(အလုပ်/တာဝန် ကို ရှင်းပြခြင်း/ ဆွေးနွေး ညှိနိုင်းခြင်း)
3-Identify hazard ( အန္တရာယ်ရှိသော ပစ္ခည်း/နေရာ/အခြေအနေ ကို ရှာဖွေသတ်မှတ်၍ သတိပေးခြင်း
4-Preventive measure ( လိုအပ်သော ကာကွယ်မှူများကို ကြိုတင်ပြင်ဆင်ခြင်း)
5-specific housekeeping requirements ( လုပ်ငန်းခွင် သန့်ရှင်းရေး သပ်ရပ်ရေး စနစ်ကျရေးလုပ်ဆောင်ခြင်း)
လို့ အဓ္ခိပါယ်ရတယ်( တတ်သလောက် မှတ်သလောက် ရေးတာပါ.. မှားရင် ပြင် ဖတ်ကျနော်)
နောက်နေ့တွေကျရင် အဲဒါတွေကို တစ်ခု ခြင်းစီ ရှင်းပြပေးမယ် နော်

ကိုထွန်း
05-30-2010, 09:35 AM
ကို zzaung.bem ရေ

ပြည်တွင်း၊ ပြည်ပလက်တွေ့အလုပ်ခွင်မှ အင်ဂျင်နီယာတွေ၊ အတတ်ပညာရှင် အတွက်တကယ်လိုအပ်တဲ့ ခေါင်းစဉ်မှာ၊ အခုလိုဝင်ရောက်ဆွေးနွေးပေးတာကို၊ ကျေးဇူးတင်လေးစားပါတယ်။
ကျွန်တော်လည်း Marine Related Field မှာလုပ်ကိုင်နေရသူမို့၊ ကို zzaung.bem ရဲ့ဆွေးနွေးချက်တွေကိုစောင့်မျှော်နေပါတယ်။ ဆက်လက်ဆွေးနွေးပေးပါခင်ဗျား။

လေးစားသော

ကိုထွန်း

pigkalay
08-04-2010, 02:16 PM
ကျွန်တော်တို့ Engineering လုပ်ငန်းခွင်တွေမှာ Safety ကအလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ Safety နဲ့ပတ်သတ်ပြီး တိကျတဲ့အဖွဲ့အစည်း၊ တိကျတဲ့လုပ်ငန်းခွင်ကြီးကြတ်မှုတွေ နှင့် လုပ်ငန်းခွင်ဘေးကင်းစေရေး ဆောင်ရွတ်မှုတွေမရှိသေးပါဘူး။ Singapore မှာတော့ National Safety Council Of Singapore ဆိုတဲ့ အဖွဲ့အစည်းကို 1st July 1966 ကစတင်တည်ထောင်ပြီးတော့ ကြီးကြပ်ဆောင်ရွတ်ခဲ့ပါတယ်။ ပြီးတော့ Home Safety ၊ Workplace Safety and Health နှင့် Road Safety ဆိုတဲ့ အပိုင်းတွေခွဲ ပြီး Safety လုပ်ငန်းများကို ကြီးကြပ်ပါတယ်။ ဒီအဖွဲ့အစည်းက နေပြီး Safety နဲ့ပတ်သတ်ပြီး သင်တန်းတွေလဲ ပေးပါတယ် ။ Singapore မှာအလုပ်လုပ်မယ်ဆိုရင် လုပ်ငန်းခွင် အခြေခံသင်တန်းဖြစ်တဲ့ Construction Safety Orientation Course (CSOC) ကိုအရင် သင်တန်းပေးပါတယ်။ Construction Site Engineer လုပ်မယ်ဆိုရင်တော့ Building Construction Supervisor Safety Course (BCSS) ကိုဒီနောက်ပိုင်းမှာ တက်ရတယ်ဗျ။ Company အများစုက ဒီလိုသင်တန်းတက်ဖို့ အတွက် စရိတ်ကျခံတာများပါတယ်။ တချို့ Office ပိုင်းလုပ်နေတဲ့ သူငယ်ချင်းတွေကတော့ Company ပြောင်းရွှေ့ဖို့ အဆင်ပြေအောင်ဆိုပြီး ကိုယ်တိုင်ပေးပြီးတက်ကြပါတယ်။ တခြားဆိုင်ရာ ဆိုင်ရာအပိုင်းတွေကိုတော့ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး တက်ရောက်ရပါတယ်။
ဒီအဖွဲ့အစည်းကပေးတဲ့ Safety Course တွေကတော့

Accredited WSH Courses
1. Construction Safety Orientation Course (CSOC) (General Trade)
2. Oil/Petrochemical Industries Safety Orientation Course (OPIS) (General Trade)
3. Shipyard Safety Instruction Course (SSIC) (General Trade)
4. Safety Orientation Course (SOC) Tunneling
5. Building Construction Supervisor Safety Course (BCSS)
6. Shipyard Supervisor Safety Course (SSSC)

Non-accredited WSH Courses
1. Risk Assessment Forklift Ops
2. Risk Assessment - A Short Course
3. WSH Committee Members Course
4. Accidents Investigations Technique
5. Fire Safety Awareness Training

အားလုံးအဆင်ပြေကျပါစေ
ခင်မင်လေးစားစွာဖြင့်
Pigkalay

pigkalay
10-18-2010, 10:10 AM
Singapore ကဘယ် Construction ဆိုက်ကိုရောက်ရင်စိတ်ဝင်စားဖို့ကောင်းတဲ့ Safety posters လေးတွေခင်ဗျားတွေ့နိုင်ပါတယ်။ တချို့ Safety posters လေးတွေက အစိုးရအဖွဲ့အစည်းတွေက ဒိုက်ရိုက်ပေးတဲ့ posters လေးတွေဖြစ်ပြီး တချို့ကတော့ Company တခုချင်းစီက Safety အဖွဲ့က သူတို့ကိုယ်တိုင်ပြုလုပ်ထားတာလေးတွေပါ။ အဓိကကတော့ PPE ( personal protective equipments ) တွေ အမြဲဝတ်ဆင်အောင် သတိပေးထားတဲ့ posters နှင့် signs တွေပါ။ဒီလို Safety အတွက် ကုန်ကျစရိတ်ဟာ Construction လုပ်ငန်းနဲ့ တိုက်ရိုက်မပတ်သက်တဲ့ ကုန်ကျစရိတ်တွေဖြစ်တဲ့ အတွက် ကျွန်တော်တို့နိုင်ငံမှာတော့ ထည့်သွင်းတွက်ချက် စဉ်းစားခြင်းမလုပ်ပါဘူး။ မကြာတော့တဲ့ကာလအတွင်း Construction လုပ်ငန်းမှာ အရေးပါတဲ့ အင်ဂျင်နီယာတွေနှင့် အလုပ်သမားတွေ ရဲ့ Safety အတွက်ထည့်သွင်းစဉ်းစားလာနိုင်ပါစေလို့မျှော်လင့်ပါတယ်။ Singapore မှာတောင်တချို့ Company တွေက Safety နဲ့ပက်သက်တဲ့ rules တွေ လုပ်ငန်းတွေကို မလိုက်နာချင်ကြပါဘူး။ ဒါပေမယ့် အစိုးအဖွဲ့အစည်းတွေက ကျတ်မတ်ဆောင်ရွက်ခြင်းကြောင့် မဖြစ်မနေလိုက်နာရပါတယ်။ ဒီ posters လေးတွေမှာ လူတိုင်းစိတ်ဝင်စားအောင် ဘာသာပေါင်းစုံနဲ့ ရေးသားဖော်ပြထားပါတယ်။ ကောင်းမွန်တဲ့ Idea ၊ ချက်ချင်းသဘောပေါက်နိုင်မယ့် တိုတိုလေးနဲ့ ထိထိရောက်ရောက်ရှိတဲ့ စကားလုံးလေးတွေရွေးခြယ်ပြီး မြင်သာထင်ရှားတဲ့ အရောင်လေးတွေရွေးခြယ်ကာ စိတ်ဝင်စားအောင်ခြယ်သထားပါတယ်။ Samples တချို့နဲ့ အသုံးပြုလို့ ကောင်းမယ်ထင်တဲ့ Safety Quotes တချို့ကို သူငယ်ချင်းတို့အတွက် ဝေမျှလိုက်ပါတယ်။


Safety First!


http://www.tasco-safety.com/posters/801.jpg


http://www.tasco-safety.com/posters/805.jpg


http://www.tasco-safety.com/posters/812.jpg

အားလုံးသောကျွန်တော့သူငယ်ချင်းများ လုပ်ငန်းခွင်အန္တယ်ကင်းရှင်းကြပါစေ
ခင်မင်လေးစားစွာဖြင့်
Pigkalay

komyogyi.pyi
08-23-2012, 07:11 AM
အရမ်းကောင်းတဲ့ခေါင်းစဉ်လေးပါ
ကျွန်တော်က ဖိုရမ်မှာ မရှိသေးဘူးထင်လို့ တင်မလို့လုပ်နေတာ ခုရှာကြည့်တော့မှ တော်တော်လေးကိုခရီးရောက်နေပြီဆိုတာသိရတယ် တစ်ကယ်ကောင်းပါတယ်
ကျွန်တော်တို့နိုင်ငံမှာက အဲဒီအပိုင်းမှာ အများကြီးကိုအားနည်းနေသေးတာတွေ့ရတယ်
ကျွန်တော်ခုလုပ်နေတဲ့ကုမ္ပဏီဆိုရင်လည်း ဒီနိုင်ငံမှာ အတော်ကြီးတဲ့ကုမ္ပဏီကြီးပါ နိုင်ငံခြားမှာသွားပြီး ကန်ထရိုက်ယူဖို့ထိတောင်စဉ်းစားနေတဲ့အဆင့်ပါ
ဒါပေမယ့် ဒီအပိုင်းနဲ့ပတ်သက်လာရင်တော့ အားနည်းတာမှ လုံးဝကြီးကိုအားနည်းတာ။ Safety incharge ဆိုပြီးခန့်တာ နှစ်လလောက်ပဲရှိသေးတယ်
အဲဒီဗဟုသုတနဲ့ပတ်သက်ပြီးတော့ အတော်လေးအားနည်းသေးတော့ လူကြီးပိုင်းတွေကစပြီး ရပါတယ်ကွာ ဖြည်းဖြည်းလုပ်ယူကြတာပေါ့ ဆိုတာမျိုးတွေကရှိနေတယ်
တစ်ကယ်တော့ သူတို့ခပ်ပေါ့ပေါ့လေးတွေးတာတွေက လုပ်ငန်းကို ဘယ်လောက်ထိခိုက်သလဲဆိုတာကို သူတို့သတိမထားမိကြတာပါ
ဥပမာဗျာ လူတစ်ယောက်အလုပ်လုပ်တယ် သံစီသံကွေးအလုပ်တစ်ခုမှာဆိုပါတော့ သူ့အတွက် လိုအပ်တဲ့ PPE(Personal Protective Equipment) တွေထုပ်မပေးထားဘူးဗျာ အဲဒီတော့ အဲဒီအလုပ်သမားက သူ့မှာရှိတဲ့ အိမ်မှာစီးတဲ့ဖိနပ်ကိုပဲ စီးပြီးအလုပ်လုပ်တော့တာပေါ့။ ပုဆိုးကြီးနဲ့ လက်အိပ်မပါ ဘာမှမပါပေါ့ဗျာ။ အဲဒီမှာဘာဖြစ်လဲဆိုတော့ သံစီသံကွေးနေရာဆိုတာ သံချောင်းအတိုအစတွေတအားပေါတာ ဆူးတော့တာပေါ့ နောက်နေ့ သူအလုပ်လာလုပ်တော့ ဘာမှမဖြစ်တဲ့အချိန်လောက် လုပ်နိုင်ပါဦးမလား ဘယ်လုပ်နိုင်တော့မလဲ အဲဒီမှာ ခုနပြောတဲ့ ခပ်ပေါ့ပေါ့ထင်တဲ့အရာလေးက ဘာကိုလာထိခိုက်လဲဆိုရင် လုပ်ငန်းပြီးစီးမှုကိုလာထိခိုက်တော့တာပေါ့ သတ်မှတ်ထားတဲ့ လုပ်ငန်း Progress နောက်ကျမှပြီးတော့မှာပေါ့ နောက်ပြီး ပုဆိုးနဲ့အလုပ်လုပ်တာနဲ့ ယူနီဖေါင်းနဲ့အလုပ်လုပ်တာဘယ်တူပါ့မလဲ။ သေသေသပ်သပ်နဲ့ အလုပ်လုပ်တာနဲ့ မသေမသပ် ဖျတ်ဖျတ်လတ်လတ်မရှိလုပ်တာနဲ့ ဘယ်ဟာက ပိုပြီး အလုပ်ပြီးတယ်ဆိုတာလူတိုင်းသိပါတယ်နော်
နောက်ပြီးတော့ အလုပ်ထဲမှာ Accident တစ်ခုခု ဖြစ်ပြီးမှလိုက်ရှင်းရတာနဲ့ မဖြစ်ခင်ကြိုတင်ကာကွယ်မှုစနစ်တကျလုပ်တာ ဘယ်ဟာအားသာမလဲဆိုတာ လုပ်ငန်းရှင်တိုင်းရွေးချယ်ရမယ့် အပိုင်းဖြစ်တယ်
Accident မဖြစ်ရင်အကောင်းဆုံးပေါ့။ နောက်ပြီးဖြစ်ပြီးမှ တစ်ခုခြင်းစီလိုက်ရှင်း ငွေတွေကုန် အချိန်တွေကုန် လုပ်ငန်းတွေနှောင့်နှေးဖြစ်တာနဲ့စာရင် မဖြစ်ခင်က နည်းနည်းလေးအကုန်အကျခံပြီး ကြိုတင်ကာကွယ်တာက အကောင်းဆုံးနော်။ အဲဒီဗဟုသုတ မရှိသေးတဲ့ဝန်ထမ်းတွေ လုပ်ငန်းရှင်တွေကိုလည်း ဒီဗဟုသုတတွေအမြန်ဆုံးဖြန့်ဝေပေးဖို့လိုအပ်ပါတယ်။
နောက်ပြီး လုပ်ငန်းခွင်အတွင်းမှာ Safety Plan တွေရှိပြီး အဲဒီအစီအစဉ်အတိုင်း တစ်ကယ်လုပ်နိုင်ပါရဲ့လား၊ လုပ်တတ်ကြပါရဲ့လားဆိုတာလည်း ရှိပြီးသားလုပ်ငန်းရှင်တွေ ပြန်လည်သုံးသပ်ရမယ့်အချက်တစ်ချက်အဖြစ် ကျွန်တော်မြင်မိတယ်။ ဆိုလိုတဲ့သဘောကတော့ လုပ်ငန်းခွင်ထဲမှာ extinguisher (မီးသတ်ဆေးဘူး) ချိပ်ဆွဲထားတာဟာ အလှပြဖို့မဟုတ်ပါဘူး။ တစ်ကယ့်အရေးကြုံတဲ့အချိန်မှာ အရေးပေါ်အသုံးပြုဖို့ပဲဖြစ်ပါတယ်။ အဲဒီပစ္စည်းက လုပ်ငန်းခွင်ထဲမှာရှိနေပြီး အဲဒီလုပ်ငန်းခွင်ထဲမှာရှိနေတဲ့ လူတွေက အသုံးမပြုတတ်ဘူးဆိုရင် အဲဒီဆေးဘူးထားတာဟာအလကားပဲဖြစ်တယ်။ အဲဒီလုပ်ငန်းခွင်မှာရှိတဲ့ လုပ်သားများဟာ အမှန်တစ်ကယ် စနစ်တကျ အသုံးပြုတတ်မှသာလျှင် မီးဘေးအန္တရာယ်ကို စနစ်တကျကာကွယ်နိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက် သင်တန်းကြိုတင်ပေးထားသင့်ပါတယ်။
နောက်တစ်ခုက လုပ်ငန်းခွင်မှာ First Aid Box တွေထားရှိသင့်ပါတယ်။ ကျွန်တော်ပြောတာက အမှန်တကယ်အသုံးဝင်တဲ့ ဆေးသေတ္တာကို ပြောတာပါ။ အဲဒီသေတ္တာထဲမှာ ပါဝင်သင့်သောအမျိုးအမည်များ အမှန်တကယ် ထည့်သွင်းထားရမှာဖြစ်သလို့ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေကို အားလုံမဟုတ်တောင် အနည်းဆုံး နှစ်ယောက်သုံးယောက်လောက်ကို ရှေးဦးသူနာပြုစုနည်း သင်တန်းပေးထားသင့်ပါတယ်။ ကျွန်တော်ပြောခဲ့တာတွေက တစ်ချက်နှစ်ချက်တည်းဆိုပေမယ့် နေရာတိုင်းမှာ ဒီလိုကိစ္စတွေကို နမူနာယူပြီးလုပ်ဆောင်သင့်ပါတယ်။ အဲဒီလိုမှသာ ကျွန်တော်တို့ရဲ့လုပ်သားတွေဟာ ကျမ်းမာပျော်ရွှင်ပြီး လုပ်ငန်း သက်မှတ်ချိန်ကို အမှီပြီးစီးအောင် လုပ်ကိုင်ပေးနိုင်ကြမှာဖြစ်ပါတယ်။
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်းရှင်တိုင်းမှာတာဝန်ရှိသလို လုပ်ငန်းကို ကြီးကြပ်လုပ်ကိုင်နေသော တာဝန်ခံ အင်ဂျင်နီယာများမှာ ပိုလို့ပင်တာဝန်ရှိသည်ဟု ကျွန်တော်ထင်ပါသည်။ လုပ်ငန်းကို အမှန်တကယ် ကြီးကြပ်လုပ်ဆောင်နေသော အင်ဂျင်နီယာများမှ လုပ်ငန်းလိုအပ်ချက်နှင့် ပြင်ဆင်သင့်သည်များကို ကြိုတင်ပြင်ဆင်လက်တွေ့ကျင့်သုံးပြီး လိုအပ်သည်များကိုလည်း တင်ပြတောင်းဆိုပေးမှသာလျှင်ပိုမိုထိရောက်နိုင်ပါမည်။ လုပ်ငန်းရှင်အပိုင်းမျာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရေး အပိုင်းဖြစ်သည်။ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်နှင့် လုပ်ငန်းတွင်အမှန်တကယ်လုပ်ကိုင်နေသော အင်ဂျင်နီယာများ ပူပေါင်းဆောင်ရွက်ပါမှ ကျွန်တော်တို့လုပ်ငန်းခွင်တိုင်းသည် သာယာပျော်ရွှင် အောင်မြင်သောလုပ်ငန်းခွင်များဖြစ်ပေလိမ့်မည်။
လုပ်ငန်းခွင်တွင် တွေ့ကြုံနေရသော ကျွန်တော့်အမြင်ကို တင်ပြခြင်းဖြစ်ပါသည်။ လိုအပ်သည်များ လမ်းကြောင်းလွဲနေသည်များရှိပါက ဝိုင်းဝန်းတည့်မတ်ပေးကြပါရန်။
အများကြီးရေးချင်ပါသေးသည်။ နောက်ဆက်ပါမည်။ တန်းရေး တန်းတင် ဖြစ်ပါ၍ အမှားများပါမည်ကိုလည်းစိုးရိမ်မိပါသည်။
ကိုမျိုးကြီး(ပြည်)

Zarni234
12-14-2012, 06:23 PM
Tool box Meeting ဆိုတာလား အစ်ကိုရေ

pazflor
12-26-2012, 04:29 AM
ဖိုရမ်နှစ်ပတ်လည်အတွက် ရေးဖို့ခေါင်းစဉ်တစ်ခုစဉ်းစာလာတာကြာပါပြီ။ အပျင်းကြီးနေတာနဲ့ မဖြစ်မြောက်ပါဘူး။ ဒီနေ့ ခရစ်စ်မတ်နေ့မှာ ဘဲ ၀မ်းနည်းဖွယ် AirBagan လေယာဉ်ပျံ မတော်တဆမှူ့ဖြစ်ပွားခဲ့တဲ့ အတွက် ကိုယ့်ဘာသာတွန်းအားပေးပြီး ရေးလိုက်ပါတယ်။
ကျွန်တော် စာဖတ်သူများကို “Cause Tree Analysis” နဲ့ပက်သက်ပြီး မိတ်ဆက်ပေးပါရစေ။
သာမန်ကြည့်ရင် သိပ်အရေးမပါဘူးလို့ထင်ရပေမဲ့ တကယ်အသုံးချတတ်ရင် အကျိုးများမဲ့ နည်းစနစ်လေးတစ်ခုပါ။
ကျွန်တော်ဟာ Risk analysis နဲ့ပက်သက်ပြီး ကျွမ်းကျင်ဆင့်ရှိသူတစ်ယောက်မဟုတ်ကြောင်းတော့ စကားခံထားပါရစေ။ ဒါပေမဲ့ မသိသေးသူများအဖို့ အခြေခံသဘောတရားအချို့ကို နားလည်စေလိုရင်း ရည်ရွယ်ပါတယ်။
ကျွန်တော်အရင်လုပ်မှာ HSE နဲ့ပက်သက်ပြီး လုပ်ရပါတယ်။ Management level တော့မဟုတ်ပါဘူး။ ကုမ္ပဏီ စည်းကမ်းအရ ကျွန်တော် basic level တော့သင်တန်းတက်ဖူးပါတယ်။ နောက်ဆိုဒ်ထဲမှာ လူကြီးက သင်တန်းပေးတဲ့ အခါ ထပ်နားထောင်၊ ဆိုဒ်ထဲမှာ ဖြစ်သွားတဲ့ အသေးစား မတော်တဆမှူ့လေးများ နဲ့ ပက်သက်ပြီး analysis လုပ်တဲ့အခါ ၀င်တက်၊နားထောင် ဖူးတာလောက်ပါဘဲ။
ရည်ရွယ်ချက်
အဓိက ရည်ရွယ်ချက်ကတော့ လုပ်ငန်းခွင်မတော်တဆ ဖြစ်ပွားမှူ့များရဲ့  အကြောင်းအရင်းအမြစ်ကို နားလည်သိရှိ သဘောပေါက်ဖို့နဲ့ အလားတူဖြစ်ရပ်မျိုးနောက်ထပ် မဖြစ်ပွားစေရန် ကြိုတင်စီမံကာကွယ်ရန်အတွက်ဖြစ်ပါတယ်။
မတော်တဆမှူ့များနဲ့ လုပ်ငန်းခွင်
တည်ဆောက်ရေးလုပ်ငန်းခွင်တွေဘဲဖြစ်ဖြစ်၊ စက်ရုံအလုပ်ရုံတွေမှာဖြစ်ဖြစ် မတော်တဆမှူ့များ ဖြစ်ပွားတတ်ကြတာ အားလုံးအသိပါ။ မတော်တဆမှူ့တွေဖြစ်လာရင် လူတွေအသက်ဆုံးရှူံးနိုင်တယ်၊ ကိုယ်လက်အင်္ဂါများဆုံးရှူံးကာ လူစဉ်မမှီဖြစ်နိုင်တယ်၊ သဘာပတ်ဝန်းကျင်အပေါ်ဆိုးကျိုးသက်ရောက်မှူ့တွေရှိနိုင်တယ်၊ လုပ်ငန်းခွင်အတွင်းနှောင့်နေးကြန့်ကြာမှူ့တွေ၊ ငွေရေးကြေးရေးဆုံးရှူံးမှူ့တွေ စသဖြင့် အမျိုးမျိုးဖြစ်ပွားနိုင်ပါတယ်။
အကောင်းဆုံးကတော့ ကြိုတင်ကာကွယ်မှူ့များပြုလုပ်စေခြင်းပါဘဲ။ ဒါကြောင့် လုပ်ငန်းခွင်တစ်ခုမှာ လုံလောက်တဲ့ အစီအမံ စည်းကမ်းဆိုင်ရာများချမှတ်ထားရပါမယ်။ လိုအပ်ချက်များကို လည်းစီမံခန့်ခွဲသူများက ထောက်ပံပေးထားရပါမယ်။
မတော်တဆမှူ့များဖြစ်ပွားလာပြီဆိုရင်လည်း လိုအပ်တဲ့ စီမံခန့်ခွဲမှူ့များကို အချိန်နဲ့တပြေးညီ တုန့်ပြန်ဆောင်ရွက်ရပါမယ်။
ကျွန်တော်တို့ မြန်မာလူမျိုးများဟာ ကံကိုအလွန်ယုံကြည်ကြပါတယ်။ မတော်တဆမှူ့တစ်ခုဖြစ်ပြီဆိုရင် “ဒီလူ ကံဆိုးတယ်ကွာ၊ ဒီလူတော့ ကံကောင်းလို့ သီသီလေးလွတ်သွားတယ်” စသဖြင့်ဆိုတတ်ကြပါတယ်။
ဒီနေရာမှာ ကံကိုယုံတာ၊မယုံတာကို ကျွန်တော်ထောက်ပြလိုရင်းမဟုတ်ပါဘူး။ ကံဆိုတာဟာ ကျွန်တော်တို့ အတွက်မမြင်နိုင်တဲ့ အရာတစ်ခုပါ။ ကျွန်တော်တို့ရဲ့ တွေးခေါ်စဉ်းစားပုံကို ဒီ ကံဆိုး၊ကံကောင်းဆိုတဲ့ ကိုယ်မသိမြင်နိုင်တဲ့ အရာကြီး မှာရပ်လိုက်ကြမှာလားလို့ရယ်ပါ။
ဒီနေရာမှာ လက်တွေ့ကျတဲ့ အယူအဆကိုကြည့်ရအောင်ဗျာ။
“Accidents are not caused by chance, inevitability or bad luck.”
“Accidents have several causes to do with the people, the equipment and the organization.”
ဒီတော့ မတော်တဆမှူ့ဆိုတာ လူကြောင့်၊ ပစ္စည်းကိရိယာချွတ်ယွင်းမှူ့ကြောင့်၊ သို့မဟုတ် စီမံခန့်ခွဲမှူ့ဆိုင်ရာ မှားယွင်းမှူ့ကြောင့်ဖြစ်တာပါလို့ ယူပါတယ်။ ဒီတော့ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုရှာပါတယ်။ နောက်မဖြစ်ရအောင်စီမံပါတယ်။ ဒီတော့ နောင်မှာ အလားတူဖြစ်ရပ်မျိုး ဖြစ်နိုင်စွမ်းနည်းသွားပါတယ်။
CTA ကိုလုပ်ဆောင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မတော်တဆဖြစ်ရပ်များရဲ့  မူရင်းအကြောင်းအခံ ကိုစူးစမ်းဖော်ထုတ်ဖို့ဘဲဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတာက ရလာတဲ့ အဖြေပေါ်မူတည်ပြီး နောင်မဖြစ်ပွားအောင် ဘယ်လိုအကောင်းဆုံး စီမံခန့်ခွဲ မလည်းဆိုတဲ့ အချက်ဖြစ်ပါတယ်။
နည်းစနစ်
CTA ကိုအောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားရပါမယ်။
၁။ အချက်အလက်စုဆောင်းခြင်း
၂။ ပုံစံငယ်တည်ဆောက်ခြင်း
၃။ အဖြေများကို ပူးပေါင်းဖော်ထုတ်ခြင်း
၎။ အဖြေများကိုရွေးချယ်စိစစ်ခြင်း
၁။ အချက်အလက်စုဆောင်းခြင်း
မတော်တဆမှူ့ တစ်ခု ဖြစ်ပွားပြီးနောက် ဖြစ်ရပ်အကြီးအသေး သက်ရောက်မှူ့ပေါ်မူတည်ပြီး CTA လုပ်သင့်၊ မလုပ်သင့်ဆုံးဖြတ်ကြရပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီတိုင်းမှာ ဆိုင်ရာပေါ်လစီများရှိတတ်ကြပါတယ်။ သတ်မှတ်ထားတဲ့ severity level ပေါ်မူတည်ဆုံးဖြတ်ကြရပါတယ်။
စလုပ်မယ်ဆိုရင် ဘယ်အချိန်၊ဘယ်နေရာ၊ဘယ်သူ တွေပါဝင်ရမယ်ဆိုတာဆုံးဖြတ်ရပါတယ်။ အတတ်နိုင်ဆုံးတော့ ခပ်မြန်မြန်စသင့်ပါတယ်။ အရေးကြီးတဲ့ အကြောင်းအရာအချက်အလက်တွေ မမေ့ပျောက်သွားခင်မှာ စသင့်ပါတယ်။
သက်ဆိုင်ရာ ဌာနပေါင်းစုံမှ တာဝန်ရှိသူများပါဝင်ကြရပါမယ်။ ဖြစ်ရပ်ဖြစ်ပွားစဉ် ကိုယ်တွေ့ကြုံသူ၊ မျက်မြင်သက်သေ များကတော့ မပါမဖြစ်ပေါ့။ နောက် HSE ဌာနကသူတွေကတော့ ညှိုနှိုင်းရေးမှူး (facilitator) အနေဖြင့် CTA ကို ဦးဆောင်ရပါတယ်။ ဆိုဒ်မှာ ဖြစ်တယ်ဆိုပေမဲ့ ရုံးချုပ်က လူကြီးများလည်း မဖြစ်မနေပါကြရပါတယ်။ အဆိုပါ လူကြီးများကသာ CTA အပြီးထွက်လာတဲ့ အချက်များပေါ်မူတည်ပြီး ဆုံးဖြတ်ချက်များ ချပေးရမည်ဖြစ်သောကြောင့်ဖြစ်ပါတယ်။
CTA မစမီ လူစုပြီး အခင်းဖြစ်ပွားခဲ့တဲ့ နေရာ၊ အနေအထားကို သွားရောက်လေ့လာကြရပါတယ်။ ဒါအပြင် ဆိုဒ်ဘက်မှ အခင်းဖြစ်ပြီးပြီးချင်းတင်ရတဲ့ incident report ကိုကြိုတင်ဖတ်ရူ့ထားကြရပါတယ်။
အထက်ပါအခြေအနေတွေ အားလုံးစုံပြီဆိုရင်တော့ CTA စလို့ရပါပြီ။ ဦးစွာ အချက်အလက်တွေ စစုဆောင်းရပါမယ်။ ရနိုင်သမျှ အချက်အလက်တွေကို ၀ိုင်းဝန်းအဆိုပြုကြရပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ သဘောတရားတစ်ခုကို သတိထားရပါတယ်။ အဆိုပြုတင်ပြရာမှာ အချက်အလက်၊ အကျိုးအကြောင်းခိုင်လုံမူ့ရှိရပါမယ်။ ထင်မြင်ချက်၊မှန်းဆချက်များ ဖြစ်မနေရပါဘူး။
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကရိန်းမောင်းနေရင်း ပစ္စည်းများထွက်ကျတဲ့ ဖြစ်ရပ်ကို ဥပမာအနေနဲ့ ကြည့်ရအောင်။ တစ်ယောက်ကဆိုပါလိမ့်မယ်။ “အဲ့နေ့က ကရိန်းမောင်းနေတုန်း လေအရမ်းတိုက်နေသည်”
ဟု အဆိုပြုကောင်းပြုပါလိမ့်မယ်။ ဒါဟာ အရေးကြီးတဲ့ အချက်ပါဘဲ။ ဒါပေမဲ့ ထင်မြင်ချက် အနည်းငယ်ပါနေပါတယ်။ “အရမ်း” ဆိုတဲ့ စကားလုံးဟာ ယူဆချက်တစ်ခုသာဖြစ်ပါတယ်။ ဖြစ်သင့်တာက
“အခင်းဖြစ်ပွားစဉ်က လေ တစ်နာရီ မိုင်၃၀ နှူန်းတိုက်နေသည်” စတဲ့ တိကျတဲ့ အချက်ကိုသာဆိုရပါမယ်။
ဒီပထမအဆင့်မှာ အားလုံးဝိုင်းဝန်း အဖြေရှာစဉ်းစားကြရပါတယ်။ (brainstorming)
၂။ ပုံစံငယ်တည်ဆောက်ခြင်း
ရလာတဲ့ အချက်တွေပေါ်မူတည်ပြီး ပုံစံငယ်ကို အဆင့်ဆင့်တည်ဆောက်ရပါမယ်။ cause tree လို့ဆိုတဲ့ အတိုင်း သစ်ပစ်တစ်ပင်လို့ အကိုင်းအခက်တွေခွဲဖြာသွားပုံနဲ့ တင်စားနိုင်ပါတယ်။ ဒီနေရာမှာ နောက်ပြန်စဉ်းစားတဲ့ ပုံစံနဲ့ သွားပါတယ်။ အထက်ပါဥပမာ အတိုင်းဆက်သွားရရင် ကရိန်းနဲ့ သယ်လာတဲ့ ပစ္စည်းတွေပြုတ်ကျတယ်။ ဘာလိုကျတာလည်းဆိုရင်၊ ဒီ ကရိန်းထဲမှာ ပစ္စည်းတွေထည့်သယ်လာလို့၊ ကရိန်းကိုမောင်းနှင်ရလို့ ၊ကရိန်းမှာသုံးတဲ့ချိတ်မခိုင်လို့ စသဖြင့် အဖြေထွက်ပါမယ်။
အဆင့်တိုင်းအဆင့်တိုင်းမှာ အရေးကြီးတဲ့ မေးခွန်းနှစ်ခုကိုမေးရပါမယ်။ ဒါတွေကတော့
“Is it necessary?” နဲ့ “Is it sufficient” တို့ဘဲဖြစ်ပါတယ်။ လိုအပ်ရဲ့ လား ၊ လုံလောက်ရဲ့  လားလို့ဆိုရပါမယ်။
ကရိန်းမောင်းနေရင်း ပစ္စည်းတွေပြုတ်ကျတယ်ဆိုရာမှာ ကရိန်းထဲမှာ ပစ္စည်းတွေမရှိရင်၊ ကရိန်းကိုသာ မောင်းနှင်အသုံးပြုခြင်းမရှိဘူးဆိုရင်၊ ကရိန်းမှာသုံးတဲ့ ချိတ်သာကောင်းမယ်ဆိုရင် အထက်ပါ မတော်တဆမှူ့ဟာဖြစ်စရာမလိုပါဘူး။

Ref:Cause Tree Analysis "Facilitator" Training by Faral