PDA

View Full Version : AutoDesk Homestyler



KPZ
05-17-2010, 01:07 PM
AutoDesk ကဆော့ဝဲလ်တွေက ဈေးကြီးလိုက်တာလို့ ဆိုနိုင်ပေမယ့်၊ ခုတော့ အလကားပေးတဲ့ ဆော့ဝဲလ်လေးတစ်ခုကို User တွေကို ပေးလိုက်ပါတယ်။
တော်တော်ချစ်ဖို့ကောင်းတဲ့ AutoDesk ပါ။
ဒေါင်းလုပ်လည်း လုပ်စရာမလို အင်စတောလုပ်စရာလဲမလိုပဲ အွန်လိုင်းမှာတင် အဆင်သင့် အသုံးပြုနိုင်သော ဆော့ဝဲလ်လေးပါ။
Mouse ကို Drag and Drop လုပ်တတ်ယုံနဲ့တင်အဆင်ပြေလွန်းလှပါတယ်။
မိမိစိတ်ကြိုက် အလျားအနံအတိုင်းအတာလေးတွေနဲ့ စိတ်ကြိုက်ဖန်တီးပီးတဲ့အခါ အဲဒီ့ 3D ပုံလေးကို JPEG, 2D ဒါမှမဟုတ် 3D.DWG File တွေအပြင် Revit.RVT File အဖြစ်ကိုပါ ပြောင်းလဲပစ်နိုင်ပါတယ်။
ပထမဦးစွာ http://dragonfly.autodesk.com မှာ Sign In လုပ်ပါ။
http://farm2.static.flickr.com/1058/4609176846_e53da552d6_o.png

အဲနောက် အောက်ပါပုံအတိုင်း workingspace area လေးကို တွေ့ရမှာပါ။
http://farm2.static.flickr.com/1327/4608590307_baed0406c7_o.png
ဘေးဘက် Toolbox ထဲက စိတ်ကြိုက် PLAN လေးကို Drag and Drop လုပ်ပီး ဆွဲယူပါ။
အဲနောက် Dimension လေးတွေကို မိမိစိတ်ကြိုက် Unit ပြောင်းလဲတာတွေ size ပြောင်းလဲတာတွေကို ဖန်တီးနိုင်ပါတယ်။
အခန်းတွေဖန်တီးဖို့ လိုအပ်တဲ့ plants, flooring and rugs, doors and windows,furniture,cabinets စတာတွေကို အော်တိုကဒ်ရဲ့ palettesတွေမှယူသုံးသလိုပဲ ယူသုံးနိုင်ပါတယ်။
http://farm2.static.flickr.com/1024/4609196702_604277c52d_o.png
၁၀မိနစ် ၁၅မိနစ်အတွင်းမှာ လှပသေသပ်တဲ့ 3D Drawing လေးတစ်ခုကို ရမှာပါ။ တစ်ကယ်ဒီဇိုင်းဆွဲတာ မဟုတ်တာတောင် တော်တော် PLAY လို့ကောင်းတဲ့ ဆော့ဝဲလ်လေးပါ။
http://farm4.static.flickr.com/3319/4608591363_b4546447ce_o.png
နောက်ထပ်အားသာချက်က အော်တိုကဒ်ထဲကို ပြောင်းထည့်နိုင်တာပါပဲ။
http://farm2.static.flickr.com/1228/4608591581_81d8588e7b.jpg
http://farm2.static.flickr.com/1285/4608592191_015a19c2ec_o.png
ကဲ ဘယ်လိုလဲ Game တစ်ခုလို ကစားကြည့်ရအောင်။