PDA

View Full Version : လက်တွေ့လုပ်ငန်းခွင်



KPZ
05-03-2008, 03:14 PM
အခုဆိုရင် Engineer တွေသာမက၊ လူတော်တော် များများက AutoCAD ဆိုတာကို တော်တော်ကို လေ့လာသင်ယူနေပါတယ်။ တစ်ချို့ကတော့ စိတ်ဝင်စားလို့၊ တစ်ချို့ကတော့ အလုပ်ရဖို့ အခွင့်အလမ်းများလို့၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဘာသာရပ်တစ်ခုကို စိတ်ဝင်တစား သင်ယူကြတာဟာ ကောင်းကျိုးတွေပဲ ရှိပါတယ်။ လက်ငန်းခွင်ထဲကို ရောက်နှင့်နေပြီးသား သူတွေက အလုပ်ရဲ့ သဘောသဘာဝတွေကို နားလည်နေပြီး ဖြစ်ပေမယ့်၊ လက်ငန်းခွင်နဲ့ မထိတွေ့ရသေးတဲ့ သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်နိုင်လို့ ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့ သူတွေကတော့ စာတွေ့နဲ့လက်တွေ့ကို ဘယ်လိုပေါင်းစပ်ရတယ် ဆိုတာကို မသိဖြစ်တတ်ပါတယ်။ လက်ငန်းခွင်ထဲက သူတွေတောင် ကိုယ်နဲ့ သက်ဆိုင်တဲ့ Field မဟုတ်ရင် မသိတတ်ပါဘူး။ ဥပမာ.. Electrical Drawing ဆွဲနေတဲ့သူက Archi Drawing ရဲ့သဘောတရားတွေကို မသိသလို၊ Piping Drawing ဆွဲနေတဲ့သူက Structure Drawing တွေကို မသိပါဘူး။ ဒါ့ကြောင့် လက်တွေ့လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ သူတွေက ကိုယ်သိသမျှ အကြောင်းအရာလေးတွေကို တတ်နိုင်သမျှ ဝေမျှပေးကြပါလို့ တောင်းဆိုချင်ပါတယ် ။ ။ ။

yeakharr
05-04-2008, 11:08 PM
မ KPZ လို့ထင်ပါတယ်.. ACAD post ကောင်းကောင်းလေးတွေ ကျနော်မြင်ခဲ့ရဖူးပါတယ်.
Basics ဖြစ်စေ . Advanced ဖြစ်စေ ဒီနေရာမှာ တင်ပေးပါလို့ တောင်းဆိုပါ၏။
ပျော်ရွှင်ပါစေ.
မြန်မာအင်ဂျင်နီယာ ဖိုရမ်..

kosaw
05-21-2008, 03:13 AM
ဘယ်မှာ မေးရမှန်း မသိလို့။ ဒီနေရာမှာပဲ မေးလိုက်ပါမယ်။
Auto cad drawing မှာ ဂရိအက္ခရာတွေထည့်ချင်တယ်။
ဘယ်လိုထည့်ရင် ရနိုင်မလဲဗျာ။ ပြောပြကြပါ။

yeakharr
05-21-2008, 04:07 AM
ကျနော် လုပ်တဲ့နည်းလေးကတော့ ဒီလိုပါ..
Text Tools က Text Style ကို click ပါ.
New--> name it ( Greece or what u like)
Font name--> Symbol
ပြီးရင် Text Style ကို Close လိုက်ပါ။
ပြီးရင် Text Style control အား ခုနက လုပ်ခဲ့ တဲ့ Greece ကို ရွေးချယ်ပြီး
Text အား ထည့်ပါ..
အောက်ပါပုံအား ကိုးကားပေးပါ။
အဆင်ပြေပါစေအစ်ကို
လေးစားစွာဖြင့်
ရေခါး

kosaw
05-21-2008, 11:26 PM
ကျေးဇူးပဲ ညီလေး ရေခါး ရေ... ။ မသိတာရှိရင်လည်း မေးဦမယ်။ :)

KPZ
05-28-2008, 11:00 AM
အင်ဂျင်နီယာကျောင်းဆင်း မဟုတ်တဲ့သူ တစ်ယောက်က AutoCAD ကိုအသုံးပြုဆွဲရတဲ့ အလုပ်မှာ အဆင်ပြေပါ့မလား ဆိုတဲ့ မေးခွန်းကို ကျွန်မအနေနဲ့ ဖြေရရင် -- အဆင်ပြေဖို့ရာ မလွယ်ကူဘူး--လို့ထင်ပါတယ်။ ဒါကျွန်မ တစ်ဦးတည်းရဲ့ အမြင်ပါ။ ကျွန်မအမြင်လွဲမှားနေတယ် ဆိုရင်လည်း Comment ရေးပေးကြပါလို့၊ ကျွန်မအလုပ်လုပ်တဲ့ သက်တမ်း တိုတိုလေးအတွင်းမှာ ကျွန်မသူဌေးရဲ့ ကောင်းမှုကြောင့် အတွေ့အကြုံတွေ အများကြီးရပါတယ်။ Site Office တွေကို သွားရင် နိုင်ငံခြားသား Draftman တွေနဲ့သိခွင့် ရခဲ့ပါတယ်။ Singapore မှာ Drafter အများစုက မြန်မာတွေပါပဲ။ တစ်ချို့ကတော့ Singaporean တွေပါ။ အဲ့ဒီ Singaporean Drafter တွေက Engineer တွေ မဟုတ်သလို၊ Eng: ကျောင်းဆင်းတွေလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ ပုံတစ်ပုံကို ကောင်းကောင်းဆွဲနိုင်တယ်။ သူတို့ဘာလို့ဆွဲနိုင်တာလဲ လို့ ကျွန်မလေ့လာကြည့် ဖြစ်ပါတယ်။

သူတို့မှာ သူတို့ရဲ့ format လေးတွေ ရှိပါတယ်။ ဒီလိုမျိုး ဒီပုံမှာ ဆွဲထားရင် နောက်တစ်ပုံမှာလည်း ဒီလိုပါပဲ။ တစ်ပုံနဲ့ တစ်ပုံဆွဲထားတဲ့ပုံစံ မကွဲပါဘူး။ Dimension နဲ့ Position ပဲကွာသွားပါတယ်။ Command တွေကိုတော့ သေချာ ကျွမ်းကျင်ပါတယ်။ Modify ဖြစ်တဲ့ Drawing တွေကိုဆိုရင်တော့ Engineer က လက်နဲ့ဆွဲပေးပါတယ်။ ဒါကြောင့် သူတို့ဟာ Drawing တစ်ခုပဲ ဆွဲတဲ့ Drafter တွေပါ။
နောက်တစ်မျိုးကတော့ Design ဆွဲတဲ့ Drafter တွေပါ။ ကျွန်မအသိ Design ဆွဲတဲ့ Drafter အများစုက မြန်မာ အင်ဂျင်နီယာတွေပါ။ ဂုဏ်ယူစရာနော်။ Consultant တွေ၊ Engineer တွေက ဒီနေရာမှာ ဒီ Material သုံးချင်တယ်၊ ဘယ်လိုသုံးချင်တယ်။ Propose လုပ်ပါလို့ ပြောလိုက်ရင် အဲ့ဒီ Drafter က Design ကိုစဉ်းစားပြီး ဆွဲပေးရပါတယ်။ ပြီးရင် Main Construction က တဆင့် consultant ကို submit တင်ရပါတယ်။ သူတို့က Approved ဆိုရင် အိုကေပြီပေါ့။
အဲဒါကြောင့် ကျွန်မဆိုလိုချင်တာက AutoCAD ဆွဲဖို့ဆိုရင် လူတိုင်း လေ့ကျင့်ရင် ရနိုင်ပေမယ့် Design ဆွဲဖို့ဆိုရင်တော့ Engineering Sense ရှိဖို့လိုမယ် ဆိုတာလေးပါ။ ကျွန်မအသိ မြန်မာ Drafter တွေအားလုံး ကတော့ B.E ဘွဲ့ရမဟုတ်တောင် A.G.T.I ကျောင်းဆင်း Engineer တွေချည်းပါပဲ။
Singapore မှာတော့ များသောအားဖြင့် 2D တွေပဲ အသုံးများပါတယ်။ ဒါပေမယ့် View မျိုးစုံကို အသေးစိတ် လိုက်ဆွဲပြနေရတာ တော်တော်ကို လက်ဝင်ပါတယ်။ အခုဆိုရင် တစ်ချို့ Company တွေကတော့ AutoCAD အပြင် Microstation, 3Ds Max, Tekla Structure,Solid work, StruCAD စတဲ့ Software တွေကိုပါ အသုံးပြုနေပါပြီ။ အဲဒါတွေ အကုန်တတ်ရင် လစာတော်တော် ကောင်းတယ်လို့လဲ သိရပါတယ်။ ကျွန်မကတော့ တစ်ခြား Software တွေကို မသိပါဘူး။ StruCAD Software ကိုတော့ သုံးတတ်ပါတယ်။ အဲ့ဒီ Software အကြောင်းကို နောက်မှ ထပ်ရေးပါမယ်။ ဒီလောက်ဆိုရင် Singapore မှာ အလုပ်လုပ်ဖို့ ဘယ်လောက်လိုအပ်တယ် ဆိုတာ သိလောက်ပါပြီနော်။

ကိုဆန်း
05-28-2008, 06:51 PM
အများကြီးဗဟုသုတရပါတယ်ဗျာ..
မ KPZ ရဲ့  အမြင်မှန်ပါတယ်..အင်ဂျင်နီယာမဟုတ်တဲ့သူတစ်ယောက်အနေနဲ့ Application software ကို ကောင်းကောင်းအသုံးချနိုင်ရင်တောင်
လက်တွေ့ တချို့နေရာလေးတွေမှာ အခက်အခဲရှိနိုင်လိမ့်မယ်လို့ ကျွန်တော်လည်း ယူဆပါတယ်..
ဒုတိယနှစ်တုန်းက Engineering Drawing ဘာသာရပ်နဲ့ စထိတွေ့စဉ်တုန်းက ကျွန်တော်ဆို တော်တော်နဲ့ကို View တွေကို မြင်လို့ကိုမတတ်ခဲ့တာပဲလေ..
လုပ်ငန်းခွင်အတွေ့အကြုံလေးတွေ ဆက်လက်ဆွေးနွေးပေးပါဦးဗျာ..မ KPZ တို့လို တကယ့်လက်တွေ့ လုပ်ငန်းမှာ လုပ်နေရတဲ့သူတွေ တစ်ဆင့် ပြန်ပြောပြတာတွေက ကျွန်တော့်လို သူတွေ အတွက် လိုအပ်နေတာတွေ အများကြီးပြင်ဆင်ခွင့်ရမှာပါ..
3D နဲ့ ပတ်သတ်တဲ့ လုပ်ငန်းခွင်ပိုင်းဆိုင်ရာလေးတွေလည်း သိချင်ပါသေးတယ်..
AutoCAD မှာ 3D ဆွဲရတာကို အားမသန်သူတစ်ယောက်ဟာ အခြား 3D software application တွေကို ကောင်းကောင်းစူးစိုက်ပြီး လေ့လာမယ်ဆိုရင် လုပ်ငန်းခွင်ဝင်တဲ့အခါမျိုးတွေမှာ အသုံးတည့်နိုင်ပါ့မလားဆိုတာပါ..ကျွန်တော်ကတော့ AutoCAD မှာ 2D လောက်ပဲ မဖြစ်သလောက်ဆွဲတတ်ပါတယ်.. :)
အလုပ်ရှာနေတဲ့ ကျောင်းပြီးခါစ အင်ဂျင်နီယာ ပေါက်စ တစ်ယောက်အနေအတွက် Design ပိုင်းမှာ ဘယ်လိုမျိုးအသိတွေ လေ့လာတတ်မြောက်ထားသင့်တယ်ဆိုတဲ့ ကိုယ်တွေ့လေးတွေကို မ KPZ အားလပ်တဲ့အခါမှာ ပြန်လည်ဝေမျှပေးပါလို့ ဒီနေရာကနေ တောင်းဆိုပါရစေ။

KPZ
05-29-2008, 11:37 AM
ကျွန်မအခုလုပ်နေတဲ့ အလုပ်မှာတော့ 3D ကအထူးတလည် မလိုအပ်ပါဘူး။ 2D View ကိုပဲ အဓိက အသုံးပြုကြပါတယ်။ အလုပ်တော်တော်များများမှာလည်း မလိုအပ်ပါဘူး။ Electrical Drawing မှာဆိုရင်လည်း Enginner ကသူလိုချင်တဲ့ ပုံစံကို 2D ပဲ ဆွဲခိုင်းပါတယ်။ Piping, Archi, Structure, Mechinical စတဲ့ Drawing တွေအားလုံးမှာလည်း 2Dကိုပဲ View အမျိုးမျိုးနဲ့ ဆွဲသားကြပါတယ်။ Renovation လုပ်တဲ့ Company တွေမှာတော့ 3D View တွေလိုအပ်ပါတယ်။ ဒါပေမယ့် AutoCAD ထက် 3D Max Software ကိုပဲ ပိုပြီးအသုံးပြုတတ်ကြပါတယ်

ကိုဆန်း
05-29-2008, 04:31 PM
ဟုတ်ကဲ့..အခုလို 2D နဲ့ 3D ကို လုပ်ငန်းမှာ ဘယ်လိုသုံးတယ်ဆိုတာ ရှင်းပြလိုက်တော့ နှစ်ခုလုံးကို ကျွမ်းကျွမ်းကျင်ကျင် ရေးဆွဲတတ်ဖို့လိုတယ် ဆိုတာကို သဘောပေါက်သွားပါပြီ..
အတွေ့အကြုံတွေကို ပြန်လည် ပြောပြပေးတဲ့ အတွက် မ KPZ ကို ကျေးဇူးတင်ပါတယ်။ :)

ကိုဆန်း
05-30-2008, 01:02 AM
မ KPZ ကို တစ်ခုလောက် တောင်းဆိုချင်လို့ပါ။
ဒီလိုပါ..မ KPZ တို့ လက်တွေ့လုပ်ငန်းမှာ ရေးဆွဲလုပ်ကိုင်နေရတဲ့ လုပ်ငန်းစဉ်တစ်ခုလောက်ကို ဆွေးနွေးတဲ့အနေနဲ့ ဖြစ်ဖြစ်၊ပြန်လည်ပြောပြတဲ့ အနေနဲ့ ဖြစ်ဖြစ် အစ်မ အားလပ်တဲ့အခါမျိုးမှာ ပြောပြပေးစေချင်လို့ပါ။
မ KPZ က အလုပ်ရှင်တစ်ယောက်အနေနဲ့ပဲ ဖြစ်ဖြစ်၊ဆရာမ တစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ် ကျွန်တော့လိုသိချင်သူများအတွက် အိမ်စာပေးပြီးခိုင်းသလို ခိုင်းစေချင်ပါတယ်..တကယ့်လုပ်ငန်းမှာ လုပ်နေရသလိုမျိုးပေါ့..
တကယ်တမ်းဘာတွေ လုပ်နေရတယ်ဆိုတာ သိချင်သူများအတွက် မKPZ ရဲ့  အတွေ့အကြုံများက အရမ်းတန်ဖိုးရှိမှာပါ။
တောင်းဆိုခြင်းသက်သက်ပါ။အစ်မအနေနဲ့ မအားလပ်တာ၊အဆင်မပြေတာမျိုးဖြစ်ခဲ့မယ်ဆိုရင် တောင်းဆိုမှုကို ခွင့်လွှတ်နားလည်ပေးပါ။
လေးစားစွာဖြင့်...

mario
05-30-2008, 01:56 AM
ကျွန်တော် Machine Automation ဖက်မှာ ၅ နှစ်လောက် ကျင်လည် ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ Machine Automation ဖက်မှာ တော့ 3D ကို အသုံးများပါတယ်။ AutoDesk Inventor, Solidworks စတာတွေနဲ့ 3D ဆွဲကြတာပါ။ Electrical Drawing တွေကို တော့ 2D နဲ့ပဲ ဆွဲကြပါတယ်။

Machine Automation မှာက များသောအားဖြင့် ပရော့ဂျက်လုပ်ရတဲ့ အချိန်က တိုပါတယ်။ Part တွေကို ဒီဇိုင်း ဆွဲပြီးရင် Fabrication မလုပ်ခင် အရင်ဆုံး အံဝင်ခွင်ကျ တပ်ဆင်လို့ ရနိုင်မရနိုင် ကွန်ပြူတာထဲမှာ ပေါင်းစပ်ကြည့်ရပါတယ်။ Inventor မှာဆိုရင် စက်တကယ်အလုပ်လုပ်နေတဲ့ အတိုင်း Simulate လုပ်တာတွေ့ဖူးပါတယ်။ အဲဒါမှလည်း တကယ်တမ်း စက်ကိုဆင်တဲ့အခါ Part တွေကို ပြန်လည်ပြုပြင်ဖို့ မလိုအပ်သလောက်နီးပါး ဖြစ်ပြီး ပရော့ဂျက်ကို အချိန်မီ ပြီးနိုင်မှာပါ။

နောက်တစ်ခုက ကျွန်တော့် သူငယ်ချင်းတွေ Pro-Engineer သုံးကြတာတွေ့ဖူးပါတယ်။ သူတို့ရဲ့ အပြောအရဆိုရင် Pro-Engineer နဲ့ ဆွဲထားတဲ့ပုံကို အလုပ်ရုံကို ပို့ပြီး CNC Program အဖြစ်ပြောင်းလို့ရတယ် ပြောကြပါတယ်။ တစ်ခု ကန့်သတ်ချက်ရှိတာက အဲဒီလို CNC Program ပြောင်းမယ့်ပုံတွေမှာ အကြံအဖန်လုပ်လို့ မရပါဘူး။ ;D ကျွန်တော်ဆိုလိုတာ နားလည်မှာပါ။ ပုံမှန်အားဖြင့် ကျွန်တော်တို့ ဆွဲတဲ့ပုံတွေမှာ Gap တစ်ခုခုဖြစ်နေရင် မသိမသာ ဆွဲပိတ်လိုက်လို့ ရပါတယ်။ ဒါပေမယ့် CNC Program ပြောင်းမယ့်ပုံတွေမှာ မှာတော့ အဲဒီလို အကြံအဖန်လုပ်လိုက်ရင် အလုပ်ရုံရောက်တဲ့ အခါမှာ ပြသနာတက်တာပါပဲ။

ကျွန်တော် ကိုယ်တိုင်ကတော့ AutoCAD နဲ့ Electrical Drawing ပဲ ဆွဲဖူးပါတယ်။ Solidworks ကတော့ တစ်ခြားသူတွေဆွဲထားတဲ့ ပုံတွေကို ဖွင့်ပြီး ဒီဇိုင်းကို ဟိုကြည့်ဒီကြည့် လုပ်တာလောက်ပါပဲ။ :D

yeakharr
05-30-2008, 06:54 AM
ကျနော်အနေနဲ့ကတော့ တစ်ကယ်တမ်း Analysis လုပ်မယ်ဆိုရင်
3D က ပို လက်တွေ့ကျပါလိမ့်မယ်..
ဆိုလိုတာက design တစ်ခုကို တစ်ကယ်မထုတ်ခင်
Strength Anaylisis ကို computer aid နှင့် result ထုတ်ကြည့်တာတို့
Engine ဆိုရင်လည်း Part Design,Assemply အဲဒါတွေ တပ်ကြည့်
Simiulation လုပ်ကြည့်..ok ပြီဆိုမှ.. တကယ်ထုတ်တာမျိုးပေါ့
Proe to Ansys,Solid word to ansys,Acad to Asys ချိတ်တာတို့
ခုနက ကို Mario ပြောသလို CNC co-ordinates number တွေကို တိုက်ရိုက်ပြောင်းတာတို့ပေါ့
CAD and CAM ပေါ့
တစ်ကယ့် Industry ကြီးတွေမှာ ဒီလိုProcess ကိုပဲ သုံကြမယ်ထင်ပါတယ်..
2D နဲ့ရနေတဲ့ဟာတွေကိုတော့ 3D ဘယ်ဆွဲတော့မလဲနော..
လိုအပ်တဲ့နေရာလိုအပ်သလိုပဲဆွဲရမှာပဲ
၂ခုလုံး လိုအပ်ပါတယ်..
ဒါနဲ့ တစ်ခုလောက်မေးပါရစေ.
မ KPZ တို့ဆီမှာ ဆွဲနေရတာက anylsis result ထွက်ပြီးသား Drawing တွေကို ဆွဲခိုင်းတာလား ?
or
drawing design ထွက်ပြီးမှ analysis ကို ပို့ရတာလား..
မသိလို့မေးတာပါ..

ကျေးဇူးတင်ပါတယ်..
လုပ်ခွင်ကို စိတ်ဝင်စားသော
ရေခါး

MgLuAye
05-30-2008, 07:14 AM
ကိုယ်နဲ့မဆိုင်ပေမယ့် အမြင်လေးတစ်ခုကို ပြောချင်တယ်။ လက်တွေ့လုပ်ငန်းခွင်ဖြစ်တဲ့အတွက် Analysis လုပ်စရာမလိုတော့ဘူးလို့ ယူဆတယ်။ Analysis လုပ်တာက Research က လုပ်တာဘဲဖြစ်တယ်။ ဘယ်လောက် အား(Force) သက်ရောက်တဲ့နေရာမှာ ဘယ်ဒီဇိုင်းရှိတဲ့ (ဝါ) ဘယ် Size ရှိတဲ့ ဘာပစ္စည်း(Equipment) သုံးရမယ်ဆိုတာ သတ်မှတ်အတိုင်းအတာ(Range) တစ်ခုအထိတွက်ချက်သုတေသနလုပ်ပြီး ဖြစ်လို့ပါပဲ။ လုပ်ငန်းခွင် Drawing တွေမှာ အဲဒီ Range အတွင်းက Dimensions တွေကို ယူဆွဲသုံးလိုက်တာပဲလို့ ထင်တယ်။ မောင်လူအေးအမြင်မှားရင်လုပ်ငန်းခွင်အတွေ့အကြုံရှိပြီးသူများ အမှန်ကို ပြင်ဆင်ဆွေးနွေးပေးကြစေချင်ပါတယ်။ ။

ကိုဆန်း
05-30-2008, 04:02 PM
အခုလို လုပ်ငန်းခွင်မှာ တကယ်လုပ်နေတဲ့ ကို Mario လည်း ၀င်ရောက်ပြောပြပေးတော့ အများကြီး ဗဟုသုတ ရပါတယ်ဗျာ..
ကျွန်တော်သိချင်တာ အဲဒါမျိုးလေးတွေပါ..ဒီထက် ပိုအသေးစိတ်လေး၊လုပ်ငန်းစဉ်လေးတွေကို မြင်သာအောင် ပြောပြပေးတာမျိုးပေါ့ဗျာ..
ဘာပဲ ဖြစ်ဖြစ် ကျေးဇူးအထူးတင်ပါတယ် ကို Mario.
လေးစားစွာဖြင့်...

sawgyi
06-05-2008, 11:05 AM
Pls tell me how to upload my share file. Because I want to share about Autocad ebooks and pdf files.
We all are can share our blessing from God Blessing. If u have any idea to upload pls give me the way faster.
ပြောပြပါ ဘယ်လိုupload လုပ်၇မလ“
Sawgyi( CAdCraZee)

yeakharr
06-05-2008, 05:06 PM
ဒီနေရာများမှာ ဖိုရမ်အသုံးပြုခြင်းနှင့် ပတ်သက်၍အဆင်ပြေစေရန်
ရေးပေးထားပါကြောင်း

အကူအညီ
http://www.myanmarengineer.org/forum/index.php/board,3.0.html

ဒေါင်းလုဒ်စင်တာ
http://www.myanmarengineer.org/forum/index.php/topic,421.0.html


လေးစားစွာဖြင့်
ရေခါး

thantech
07-04-2008, 02:30 PM
အင်ဂျင်နီယာကျောင်းဆင်း မဟုတ်တဲ့သူ တစ်ယောက်က AutoCAD ကိုအသုံးပြုဆွဲရတဲ့ အလုပ်မှာ အဆင်ပြေပါ့မလား ဆိုတဲ့ မေးခွန်းကို ကျွန်မအနေနဲ့ ဖြေရရင် -- အဆင်ပြေဖို့ရာ မလွယ်ကူဘူး--လို့ထင်ပါတယ်။ ဒါကျွန်မ တစ်ဦးတည်းရဲ့ အမြင်ပါ။ ကျွန်မအမြင်လွဲမှားနေတယ် ဆိုရင်လည်း Comment ရေးပေးကြပါလို့၊ ကျွန်မအလုပ်လုပ်တဲ့ သက်တမ်း တိုတိုလေးအတွင်းမှာ ကျွန်မသူဌေးရဲ့ ကောင်းမှုကြောင့် အတွေ့အကြုံတွေ အများကြီးရပါတယ်။ Site Office တွေကို သွားရင် နိုင်ငံခြားသား Draftman တွေနဲ့သိခွင့် ရခဲ့ပါတယ်။ Singapore မှာ Drafter အများစုက မြန်မာတွေပါပဲ။ တစ်ချို့ကတော့ Singaporean တွေပါ။ အဲ့ဒီ Singaporean Drafter တွေက Engineer တွေ မဟုတ်သလို၊ Eng: ကျောင်းဆင်းတွေလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ ပုံတစ်ပုံကို ကောင်းကောင်းဆွဲနိုင်တယ်။ သူတို့ဘာလို့ဆွဲနိုင်တာလဲ လို့ ကျွန်မလေ့လာကြည့် ဖြစ်ပါတယ်။

I thought that post is pretty good and need to consider about it all. Everybody can create how to use application software without getting experiences or non-experiences but one thing that need to think designing is way of thinking must be closed to engineering sences and terms.Because, i am Mechanical Designer and faced that kinds of problem in the past.Let me explain hereby, in which i worked in Thailand 1 year ago and we were doing Construction Precast Mould Drawings and i have to handle with terms of Construction field but i come from Mechanical Engineering background and can't imagine about well. Thus, i wish to say that Eventhose you have engineering background also different fields is different way of thinking and sences. But i didn't say everybody for about it because somebody can do it correctly and depend on command sences i prefered.

Thantech

ကိုThantech ရေပိုစ့်နှစ်ခုထပ်နေလို့ ကျနော်ဖျက်လိုက်ပါတယ် quote လည်းလိုသလောက်ပဲလုပ်ပါခင်ဗျာ
ရှည်နေလို့ကျနော်ဖျက်ထားပါတယ် ဖိုရမ်မှာ ၀ိုင်းဝန်းကူညီပေးပါဦးဗျာ ကျေးဇူးပါ..

oakkar
08-12-2008, 11:08 AM
Hello,
I want to know prize of Auto CAD software, Solid work software, 3Ds Max software and Microstation software in Singapore. If you know please answer me. Thanks.

Maythidar
09-20-2008, 01:57 PM
သိချင်တာလေးမေးချင်လို့ပါ 

ကျွန်မတို့သူငယ်ချင်းတွေ Auto CAD  တက်မလို့ပါ ရိုးရိုးဘွဲ.ရတွေကြီးပါပဲ

အဲ့ဒါဆိုရင်  Auto CAD သင်တန်းတက်ပြီးအလုပ်လုပ်ရင်အဆင်ပြေမပြေသိချင်ပါတယ် ပြိးရင်ဘယ်မှာ တက်ရင် ပိုအဆင်ပြေိနိုင်မလဲ ရှ

ကျေးဇူးပြုပြီးဖြေပေးကြပါ


konge
09-20-2008, 08:19 PM
Autocad software ရဲ့  price ကိုမေးတာလားခင်ဗျာ သိသလောက်ဖြေပေးပါမယ်နော်..
Autocad LT 2009 - $ 1859 ၀န်းကျင်ခန့် 
Autocad 2009 - $ 6197 ၀န်းကျင်ခန့်  ဖြစ်ပါတယ်။ ကျန်တာတွေတော့သိပ်မသိလို့ ပါ။

konge
09-20-2008, 09:31 PM
ဘယ်မြို့ မှာနေတာပါလဲခင်ဗျာ..။ ရန်ကုန်မှာဆိုရင်တော့ quick cad centre မှာတက်ရင်အဆင်ပြေမယ်ထင်ပါတယ်။
ဦးရောဘတ်တင်အေးပါ။ အသုံးချနိုင်သည်အထိသင်ပေးတယ်လို့ သိရပါတယ်။ ဘားလမ်းထဲမှာပါ။ ခုတော့ရိုးရိုးဘွဲ့ ရ
တွေလည်း autocad သင်တန်းတက်ပြီး အလုပ်လုပ်နေကြတာတော်တော်လေးတွေ့ ရပါတယ်။ drafts person ပေါ့
ဗျာ..။ cad designer ကတော့ အင်ဂျင်နီယာဖြစ်မှသာအဆင်ပြေမှာပါ။

Maythidar
09-26-2008, 12:52 PM
အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်
နောက်မသိတာ ရှိရင်လည်းမေးမယ်နော်
ကျွန်မတို့က နယ်ကပါ အခုတော ရန်ကုန်မှာနေပါတယ်
Auto Cadဆင်းပြီးရင် အလုပ်ရှာရတာ ခက်လားမသိဘူး
ကျွန်မတိုက အခုအလုပ်နေတာဆိုတော့ Auto Cad အလုပ်ရမှ ဒီအလုပ်က
ထွက်လိုအဆင်ပြေမှာမိုလိုပါ Auto Cad အလုပ်က လစာကောင်းလားဟင်

khinthaw
09-29-2008, 03:43 PM
မ kpz ရဲ့ဆွေးနွေးချက်ကိုဖတ်ရတာအရမ်းကိုအဆင်ပြေတာပဲ။ကျေးဇူးပါနော်။
ကျွန်မကAGTI(CIVIL)တစ်ယောက်ပါ။Auto CAD 2D,3D n Working Drawing ကိုတက်ပြီးပါပြီ။
အခုRendering တက်နေပါတယ။်လုပ်ငန်းခွင်မဝင်ဖူးသေးပါဘူး။Working Drawing ပြီးရုံနဲ့လုပ်ငန်းခွင်ကိုတန်းဝင်လို့ရနိုင်ပါ့မလားဆိုတာသိချင်ပါတယ်။
ုကျေးဇူးပြု၍ဆွေးနွေးပေးပါနော်။

NayNyo
09-30-2008, 11:51 AM
နေညို အတွေ့အကြုံနဲ့ပက်သက်ပြီးနည်းနည်းပြောပြမယ်နော်။
သင်တန်ြးဲပီးရုံနဲ့လည်း လုပ်ငန်းခွင်ထဲတော့ဝင်နိုင်ပါတယ်။
နည်းနည်းတော့ အခက်အခဲတွေ့နိုင်ပါတယ်။
ဒါပေမယ့် အသုံးပြုဖန်များလာမှ လက်ကသွက်လာနိုင်မယ် ၊ ဘယ်လိုဆွဲလိုက်ရင်ဖြင့်
မှန်ကန်တိကျပြီး မြန်နိုင်မလဲဆိုတာ သိလာနိုင်မှာပါ။
ဒါကြောင့် တကယ်ကိုလုပ်ကြည့် ၊ ဆွဲကြည့်မှာပဲ သိလာမှာပါ။
Civil ဖြစ်တဲ့ အတွက် Civil နဲ့ ပက်သက်တဲ့ DWG တွေဆွဲရမှာအခက်အခဲမ၇ှိလောက်ပါဘူး။
ပုံတစ်ခုကို ကူးယူပြီးဆွဲဖို့ မခက်ပေမဲ့ ကိုယ်ပိုင် Design ထုတ်တဲ့အခါကျရင်တော့ နည်းနည်းစဉ်းစားရမှာပေါ့လေ။
Auto CAD Software ကရင်းနှီးလာတဲ့အခါ ဆွဲရမြန်ဆန်လွယ်ကူလာနိုင်ပါတယ်။
Engineering Sense ကတော့တပိုင်းပေါ့လေ။Engineering နဲ့ပက်သက်တဲ့ ပုံတွေဆွဲရဖန်များလာရင်လည်း
ဗဟုသုတ တိုးတာပေါ့။ပညာလည်းရ၊ ၀မ်းလည်းဝတဲ့ အလုပ်ရပါစေလို့ဆုတောင်းပေးပါတယ်။

KPZ
09-30-2008, 02:56 PM
AutoCAD နဲ့ပတ်သတ်ပြီး အလုပ်ရှာရင် လွယ်မလား ? ရိုးရိုးဘွဲ့ရတွေ ဆိုရင်ရော အော်တိုကဒ်သင်ပြီး အလုပ်လုပ်လို့ ရလား ဆိုတဲ့ မေးခွန်းတွေ အားလုံးကို တစ်ပေါင်းတစ်စည်းထဲ ဖြေပါ့ရစေနော်။ အော်တိုကဒ်ဆိုတာကတော့ အခုအလုပ်အကိုင်တွေမှာ တော်တော်ကို အသုံးဝင်နေပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ၊ အိမ်အလှပစ္စည်းတွေ ရောင်းတဲ့နေရာ၊ အိမ်အလှဆင်တဲ့ လုပ်ငန်းတွေအပြင်ကို သင်္ဘောကျင်းက သင်္ဘောပြင်ဆင်ရေး လုပ်ငန်းခွင်တွေမှာပါ အသုံးပြုပါတယ်။ အခုဆိုရင် အထူးသဖြင့် စင်ကာပူမှာ လုပ်ငန်းတော်များများမှာ အော်တိုကဒ်ဆွဲတဲ့ သူတစ်ယောက်တော့ အနည်းဆုံး ရှိပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကတော့ အထူးပြောစရာ မလိုပါဘူး။ အော်တိုကဒ်နဲ့ ပတ်သတ်ပီး အလုပ်ရှာရလွယ်လားဆိုရင်တော့ လုပ်ငန်းခွင် အတွေ့အကြုံ ရှိပြီးသား လူဆိုရင်တော့ အရမ်းလွယ်ကူပါတယ်။ လုပ်ငန်းခွင် အတွေ့အကြုံ မ၇ှိသေးတဲ့ သူတွေကို ကျွန်မအခု ပတ်ဝန်းကျင်မှာ တွေ့ကြုံရတာလေးတွေနဲ့ ယှဉ်ပြီး ပြောပြပါရစေနော်။ မှားယွင်းမှု တစ်စုံတစ်ရာ ရှိတယ်ဆို၇င်လည်း ပြောဆိုနိုင်ပါတယ်။ သင်တန်းတွေ အားလုံးကတော့ ကော်မန်းတွေ အားလုံးကို သင်ပေးလိုက်မှာပါ။ ဘာသာရပ်တစ်ခုဆိုတာ သင်တန်းတက်ရုံနဲ့ ပြီးပြည့်စုံမှု မရှိနိုင်ဘူးလို့ ကျွန်မထင်ပါတယ်။ လေ့ကျင့်မှုက အဓိကပါ။ လေ့ကျင့်လေလေ ပိုမိုကျွမ်းကျင် မြန်ဆန်လာလေပါ။ အင်င်္ဂျင်နီယာ မဟုတ်တဲ့ ရိုးရိုးဘွဲ့ရတွေလည်း လေ့ကျင့်မှုရှိရင် အမြင်ဆိုတာ ရှိလာတာပါပဲ။ ကျွန်မသူငယ်ချင်းတွေထဲမှာ ရိုးရိုးဘွဲ့ရ အော်တိုကဒ်သမားတွေ အများကြီး ရှိပါတယ်။ ကိုယ်က လုပ်ငန်း အတွေ့အကြုံမရှိတဲ့ အတွက် ပုံဆွဲသားမှု မြန်ဆန်အောင်တော့ ပြင်ဆင်ထားသင့်ပါတယ်။ အခုတစ်လော ရန်ကုန်မှာ သတင်းကြီးနေတာက စင်ကာပူမှာ အော်တိုကဒ်နဲ့ အရမ်းအလုပ်လွယ်တယ် ဆိုတာပါပဲ။ ဒီတော့ တစ်ချို့ တစ်ချို့သော သူများက တစ်ပွဲတိုး လုပ်ကြပါလေရော။ အော်တိုကဒ် သင်တန်းပြီးတာနဲ့ အလုပ်လာရှာကြပါတယ်။( အော်တိုကဒ်ကို ဗားရှင်းအမြင့်ကနေ ဗားရှင်းအနိမ့် မပြောင်းတတ်တဲ့သူ၊ လေရာကိုတောင် ကောင်းကောင်း အသုံးမပြုတတ်သူ တွေတောင် ရှိပါတယ်) တစ်ချို့သောသူတွေ အလုပ်ရကြပါတယ်။ အဲ့ဒီအထဲကမှ တစ်ချို့အဆင်ပြေကြပါတယ်။ တစ်ချို့ မိဝေးဖဝေး တိုင်းတစ်ပါးမှာ ဒုက္ခရောက်ရတယ်။ မတန်မဆ အလုပ်လစာနှင့် မတရားဖိနှိပ်ခံရတယ်။ အဲဒါဘာလို့လဲဆိုတော့ ကိုယ့်ဘက်က ပညာမပြည့်ဝလို့ပါ။ ကိုယ့်ဘက်က အရည်အချင်း ပြည့်မီတယ်ဆိုရင် လစာဆိုတာပြောစရာကို မလိုပါဘူး။ အလုပ်သွားလျှောက်ရင် သင်တန်းလက်မှတ်ဆိုတာ ကြည့်တောင် မကြည့်ပါဘူး။ ဆွဲတတ်လား မဆွဲတတ်ဘူးလား ဆိုတာကိုပဲ ကြည့်ပါတယ်။ ဆွဲတတ်ရင် လစာကို ညှိနှိုင်းပြီး အလုပ်ခန့်ပါတယ်။ အလုပ်လုပ်နေရင်း တစ်ကယ်တတ်ကျွမ်းလား ဆိုတာကို လေ့လာပါတယ်။ ဆွဲတတ်ရုံသာ ဆွဲတတ်ပြီး ၊ ဘာမှ မလုပ်တတ်ဘူး ဆိုရင်တော့ လစာမတက်တော့ပါဘူး။အလုပ်ရပြီးတော့မှ အစမ်းခန့်ဘ၀မှာတင် အလုပ်ဖြုတ် ခံရတာတွေလည်း ဒုနဲ့ဒေး ရှိပါတယ်။ Draftman တစ်ယောက်အတွက် အော်တိုကဒ် ဆွဲတတ်ရုံနဲ့ လုံလောက်ပေမယ့် Designer တစ်ယောက်အတွက် အော်တိုကဒ် ဆွဲတတ်ရုံနဲ့ မလုံလောက်ပါဘူး။ အင်ဂျင်နီယာ တစ်ယောက်ရဲ့အမြင်ပါ လိုအပ်ပါတယ်။ ဘာသာစကားကိုလည်း အတန်အသင့် ပြောဆိုနိုင်ရပါမယ်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ Meeting တက်ရသလို၊ Coustom နဲ့ တိုက်ရီုက် ဆက်ဆံပြောဆိုရတာတွေ ရှိလို့ပါ။ ဒီလောက်ဆိုရင် အတန်အသင့် အချက်အလက်တွေ ရနိုင်ပါပီနော်။ ထပ်သိချင်တာ၇ှိရင်လည်း ဆွေးနွေးနိုင်ပါတယ်။ ကျွန်မသိတာဆိုရင် ပြန်လည်ဆွေးနွေးပေးပါ့မယ်။ အားလုံး အဆင်ပြေအောင်မြင်ပါစေ။ ။ ။

KPZ
09-30-2008, 11:41 PM
most of structure company need to draw 2D only (mostly) coz of mostly they use software is LT version.
some big company only use full version and latest one.
all compay hv one format, and just follow this format only.
for archi company need to follow layer, line type and all..
for structure company is no need so much coz they submit with pdf format only.
:P i want to go back now, later cu again
be happy :)

Structure Company တွေမှာ 2D Drawing တွေသာ လိုအပ်တယ် ဆိုပေမယ့်၊ Structure မှာ အဓိက အရေးကြီးတာက Cutting List လို့ခေါ်တဲ့ Fabrication Drawing ပါ။ Cutting List Drawing တွေဟာ နည်းနည်းလေးမှ အတိမ်အစောင်း မခံပါဘူး။ Cutting List မှားပြီဆိုတာနဲ့ ဆိုက်ထဲမှာ ပြဿနာတတ်တော့တာပါပဲ။ ဒါကြောင့် တစ်ခါတစ်ရံ 2D Drawing နဲ့ မလုံလောက်လို့ 3D ဆွဲပြီးတွက်ချက်ရတာ ရှိသလို တစ်ခြားဆော့ဝဲလ်တွေကိုပါ အသုံးပြုရပါတယ်။ ( StruCAD, Tekla Structure, etc.... ) Structure Company တွေဟာ Summit လုပ်တဲ့နေရာမှာ ပီဒီအက်နဲ့သာ Summit လုပ်ပေမယ့် Structure ဟာ လုပ်ငန်းခွင် တစ်ခုရဲ့ အခြေခံ ဖြစ်တာကြောင့် တစ်ခြားလုပ်ငန်းပုံတွေ အားလုံးဟာ Structure ပေါ်မှာ အခြေခံတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခြား Sub-Con တွေကို Soft Copy Drawing ပေးရသလို၊ As Built Drawing ထုတ်ပေးတဲ့ အချိန်မှာလည်း PDF Format နဲ့ပေးလို့မရပါဘူး။ ဒါကြောင့် သေသေချာချာ အသေးစိတ်ဆွဲဖို့ လိုအပ်ပါတယ်။ Line Type တွေကိုလည်း သေချာရှင်းလင်းအောင် ရေးဆွဲဖို့လည်း အရေးကြီးလှပါတယ်။ ( Hidden line နဲ့ Continous Line ကိုမှားဆွဲလို့မရပါ ) မဟုတ်ရင် တပ်ဆင်ခြင်း လုပ်ကိုင်တဲ့ သူတွေက ပုံဖတ်တာမှားပီး မှားယွင်းမှုတွေ ရှိနိုင်လို့ပါ။

KPZ
10-02-2008, 11:31 AM
ကျွန်မအနေနဲ့ ဒီဖိုရမ်တွေမှာ ၀င်ရောက်ဆွေးနွေးတာဟာ ရည်ရွယ်ချက်တစ်ခု ရှိပါတယ်။ ကျွန်မဒီစင်ကာပူကို အရောက်မှာ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ခဲ့ရပါတယ်။ သင်ကြားနိုင်လောက်အောင် ကျွန်မမှာ အရည်အချင်း မရှိပါဘူး။ ဒါပေမယ့် ကျွန်မရောက်စမှာ ခံစားရတဲ့ ခံစားချက်မျိုး၊ အခက်အခဲမျိုးတွေ အပြင်၊ ကျွန်မပတ်ဝန်းကျင်က သူတွေချင်းတွေ ကြုံဆုံရသမျှကိုမသိသေးတဲ့သူတွေ သိစေချင်တဲ့စေတနာကြောင့်ပါ။ တစ်ခံတစ်ရံ အလုပ်မရပဲ ပြန်သွားတဲ့ လူတွေဟာ စင်ကာပူရဲ့ လက်ရှိ အခြေအနေကို မြန်မာပြည်မှာ ပြန်လည်ပြောပြဖို့ ၀န်လေးတတ်ကြပါတယ်။ ဒီတော့ မသိတဲ့ သူတွေက တိုင်းတစ်ပါးကို နတ်ပြည်လို့ ထင်ယောင်ထင်မှားဖြစ်တတ်ကြပါတယ်။ ဘယ်နေရာမှာ မဆို အကောင်းနဲ့ အဆိုးဆိုတာ ဒွန်တွဲနေတတ်တာကြောင့် ဒီနိုင်ငံမှာလည်း အကောင်းတွေရှိသလို အဆိုးတွေကလည်း အပြည့်ပါ။ ကျွန်မစိတ်ထဲမှာ ဘယ်နေရာ ဘယ်ဒေသမှာမှ မြန်မာဆိုတာ အနှိမ်ခံဘ၀ဆိုတာ မဖြစ်စေချင်ဘူး။ မြန်မာဆိုတာ လူတကာနဲ့ ရင်ဘောင်တန်းနိုင်တယ် ဆိုတာမျိုးပဲ ဖြစ်စေချင်တာကြောင့် ဒီခေါင်းစဉ်ကို ဒီဖိုရမ်မှာ စတင်ဆွေးနွေးထားတာပါ။ မိဝေးဖဝေး တိုင်းတစ်ပါးမှာ တစ်ခုခုဖြစ်ရင် စိတ်အားငယ်မှုဟာ ပိုဆိုးရွားတတ်ပါတယ်။ ဒါဟာလုပ်ငန်းခွင် တစ်ခုတည်းမှာပဲ ရှိပါသေးတယ်။ အစိုးရကျောင်းမဟုတ်သော ကျောင်းတွေမှာ တက်ရောက်နေသော မြန်မာတွေ ၊ အေးဂျင့်တွေရဲ့ အပြောအဆိုကို ယုံကြည်မှုကြောင့် ငွေကုန်လူပန်း ဖြစ်နေတာတွေ အများကြီးပါ။ ဒါတွေအားလုံးကို သိစေချင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်စေချင်ပါတယ်။
To Mr Zaw
အကို..ရန်ကုန်မှာ ဆရာလုပ်ခဲ့တာဆိုတော့ အကိုရဲ့ အသိပညာတွေကို မျှဝေပေးဖို့ တောင်းဆိုပါရစေ။ ဒီအွန်လိုင်းပေါ်မှာ စင်ကာပူနိုင်ငံအပြင် အခြားသော တိုင်းတစ်ပါးက အော်တိုကဒ်ကို လေ့လာချင်တဲ့ သူတွေ အများကြီးပါ။ဒါကြောင့် အကို့မှာ အချိန်ရှိတယ်ဆိုရင် ကူညီပေးပါလို့ အားလုံးကိုယ်စား တောင်းဆိုပါရစေနော်။ ညီမရဲ့ ဆွေးနွေးမှုတွေမှာ အမှားအယွင်း တစ်စုံတစ်ရာ ပါတယ်ဆိုရင်လည်း ထောက်ပြပေးပါလို့။ လေးစားစွာဖြင့်......... ကေပီဇက်

ကိုဆန်း
10-04-2008, 06:34 PM
ကိုmrzaw ရေ..အားလပ်တဲ့အချိန်တွေမှာ ဝေမျှပေးမယ်ဆိုတာသိရလို့ လေ့လာလိုသူ အသင်းဝင်တွေကိုယ်စား ၀မ်းသာမိပါတယ်။
ကိုmrzaw ရဲ့ ပို့စ်တွေကို စောင့်မျှော်နေကြမှာပါ.. :)

papagyi
10-05-2008, 11:03 PM
ကျွန်တော် ဒီ forum မှာ autocad သင်မယ် ပြီး၇င် singapore သွားမယ် ဆိုတဲ့သူတွေကိုအကြံပေးချင်ပါတယ်။Autocad သင်တန်းဆင်းပြီး အလုပ်ကိုအနည်းဆုံး 1 year တော.လုပ်စေချင်ပါတယ်။ဒါမှ တစ်ကယ့် လုပ်ငန်းခွင်၇ဲ. experience နဲ. pressure တွေကိုသိပြီး control userself like as professtional way ကို start လုပ်နိုင်မှာပါ။ပြီးတော.ကိုယ်ဘာတွေလိုနေသေးလဲ၊ဘာတွေဆက်လုပ်၇မလဲဆိုတာ သိလာမှာပါ။တစ်ကယ်အလုပ်လုပ်နိုင်တဲ့သူတွေအတွက် နေ၇ာအမြဲရှိပါတယ်။မလောစေချင်ပါဘူး။ကိုယ်တွေ.ပါ။

chan09
05-01-2009, 05:41 PM
ချန်းချန်း ၂၀၀၇ နှစ်ဦးပိုင်းမှာ sg ကိုရောက်ပြီး အလူမီနီယမ် ကုမ္မနီတခုမှာ designer အဖြစ်စတင်လုပ်ကိုင်ခဲ့ ပါတယ်.. ၂၀၀၈ သြဂုတ်မှာ စင်္ကာပူရဲ့ စီးပွားရေးကြောင့် လုပ်ငန်းဟောင်းမှာ ဆက်လက် မလုပ်ကိုင်နိုင်ပဲ အလုပ်အသစ်တခုကို ပြောင်းခဲ့ရပါတယ်... Design Draft Person အဖြစ်နဲ့ အလူမီနီယမ် လုပ်ငန်းထဲမှာပဲ ဆက်လက်ကျင်လည်နေခဲ့တာ ယနေ့ထိအောင်ပါပဲ... ပထမ အလုပ်မှာ ဒီဇိုင်နာအဖြစ် လုပ်ကိုင်ခဲ့စဉ်အတွင်း နားလည် ရရှိခဲ့တာတွေကတော့...စင်းရဲ့ construction ပိုင်းမှာ Exterior အတွက် အလူမီနီယမ် ၊ စတီးနဲ့ မှန် တို့ကို အများဆုံးအသုံးပြုကြတာဖြစ်တဲ့ အလျောက် main contractor တွေဟာ aulm / glass specialist တွေကို တင်ဒါ နဲ့ခေါ်ယူပါတယ်... အဲ့ဒိတင်ဒါကို ရရှိပြီဆိုရင်တော့ project စတင်ပြီဖြစ်ပါတယ်.. ဒီနေရာကနေစပြီးအလူမီနီယမ် ဒီဇိုင်နာတစ်ယောက်ရဲ့ အခန်းကဏ္ဍစတင်ပါတယ်...
၁-ဒီဇိုင်နာဟာ BQ ( building quantity ) ကိုသေသေချာချာ ဖတ်ရှု့သိရှိထားရပါတယ်..BQ ကနေတဆင့် မိမိတို့ လုပ်ကိုင်ရမယ့် Item နဲ့ qty ကို ခွဲခြားသိရှိစေမှာဖြစ်ပါတယ်..
၂- archi dwg , structural dwg, title block တို့ရဲ့ soft copy ကို main con ထံမှ တောင်းယူရပါတယ်..
မိမိလုပ်ငန်းနဲ့ဆိုင်တဲ့ drawing တွေအားလုံးဟာ main con ရဲ့ soft copy ကနေပဲ အခြေခံရမှာဖြစ်တာကြောင့်ပါ.
- နောက်ပြီး အလူမီနီယမ်ရဲ့ နောက်ဆုံးပိတ် finishing colour ကို အာခီနဲ့ confirm လုပ်ရပါမယ်..
- သုံးမယ့် Glass တွေရဲ့ type နဲ့ thickness တို့ကိုရောပေါ့...
၃-မိမိသုံးမယ့် alum profile system ရဲ့ design concept ကို သေသေချာချာသိထားရပါမယ်..
-အထူးသဖြင့် မိမိ profile နဲ့ structur တွေရဲ့ connection တွေ fitting တွေပါ....

ဆက်လက်တင်ပြပါမည်....

ခင်မင်လေးစားလျက်
ချန်းချန်း(Mg Mine)

chan09
05-01-2009, 08:48 PM
ချန်းချန်းပိုဒ်စ်တွေမဖေါင်းပွစေချင်ပေမယ့် အချိန်လုနေရသူတယောက်မျှသာဖြစ်ပြီး ရေးချင်တဲ့အကြောင်းအရာများနေတာကြောင့် နားလည်ခွင့်လွှတ်ပေးနိုင်ဖို့မျှော်လင့်ပါတယ်
အလူမီနီယမ် လုပ်ငန်းမှာ အဓိကဆက်နွယ်လုပ်ကိုင်ရလေ့ရှိတာတွေက...
Alum Window
-Casement (Side Hung )
-TopHung
-Bottom Hung
-Sliding
-Pivot
-Slide and Fold
Door
-Swing Door
-Sliding Door
-Slide and Fold Door
-Auto Door (Swing/Slide)
-Pivot Door
Curtain Wall
-Stickwall system
-Unitized system
-Semi Unitized system
-DownHaung Curtain Wall
Cladding
ှ-Solid sheet panel
-Composite sheet panel
Canopy
-Glass Canopy
-Alum panel cladding Canopy
-Steel Canopy
Skylight
skylight လို့ပြောရင်အစကချန်းချန်း canopy နဲ့ရောထွေးလေ့ရှိပါတယ်....
တကယ်ကတော့ building အတွင်းဘက်မှာရှိနေရင် ဒါကို စကိုင်းလိုက် လို့ခေါ်တာပါ.. ကနိုပီကတော့ အဆောက်အအုံရဲ့ အပြင်ဘက်မှာရှိတာပါ....
Trellis
Screen
အဲ့ဒိနှစ်ခုကတော့ အဓိကအနေနဲ့ aerofoil louvre နဲ့ alum hollow ကိုသုံးလေ့ရှိကြပါတယ်..
အမြင့်တစ်နေရာမှာမြေပြန်နဲ့ အပြိုင်ရှိတာကို trellis လို့သတ်မှတ်လေ့ရှိပြီး ဒေါင်လိုက်ရှိနေတာကို တော့ screen လို့ခေါ်တာပါ.. နေရောင်ကာဖို့သုံးတဲ့ louvre ကိုလည်း sunscreen louvre လို့ပဲခေါ်လေ့ရှိပါတယ်..
Railing
လှေကားလက်ရမ်းတွေ
Balcony (၀ရမ်တာ)လက်ရမ်းတွေ...
air condition ledge တွေမှာသုံးလေ့ရှိတဲ့ railing ကိုတော့
AC screen လို့ပဲခေါ်လေ့ရှိပါတယ်...
WalkWay
လျှောက်လမ်းတွေမှာမိုးတဲ့ အမိုးတွေပါ...
ဒါတွေကတော့ ချန်းချန်းတို့ အလူမီနီယမ်သမားတွေရဲ့အဓိကနယ်ပယ်ပါ......
...
ခင်မင်လေးစားလျက်
ချန်းချန်း(Mg Mine)

chan09
05-01-2009, 09:05 PM
Auto CAD ခေါင်းစဉ်အောက်မှာ auto CAD အကြောင်းတလုံးမှမပါသေးတဲ့အတွက် စိတ်မရှိပါနဲ့ခင်ဗျာ...
ချန်းချန်းဒီအလုပ်ကိုစင်းရောက်ပြီး ပထမဆုံးအလုပ်စလျှောက်တဲ့နေ့မှာ ပထမဆုံး ရတဲ့အင်တာဗျူး နဲ့ ပထမဆုံးရခဲ့တာပါ..
အင်တာဗျူးဝင်တော့ ချန်းချန်းပွင့်ပွင့်လင်းလင်းပဲပြောပြပါတယ်... စင်းမှာလုပ်လေ့ရှိတဲ့ alum field ကိုတော့အတွေ့အကြုံမရှိပါဝူးဆိုတဲ့အကြောင့်နဲ့ auto CAD ကိုတော့ professional ပါဆိုတဲ့အကြောင်းနဲ့... နဲနဲလောက်အစပျိုး ရှင်းပြပေးနိုင်ရင် ကောင်းမွန်စွာ Handle လုပ်နိုင်မယ်လို့မိမိကိုယ်ကို ယုံကြည်ချက်အပြည့်ရှိတဲ့အကြောင်း သူဌေးကျေနပ်အောင်ပြောပြနိုင်ခဲ့ပါတယ်.. လျှောက်တဲ့ ပိုဒ်စ်က Designer .. ဘာပဲဖြစ်ဖြစ် ချန်းချန်း အဲ့ဒိအလုပ်မှာအဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ခဲ့ပါတယ်.. ချန်းချန်းမှာရှိတဲ့ Auto CAD ဆိုတဲ့ လက်နက်လေးနဲ့ အောင်မြင်ရမယ်ဆိုတဲ့ စိတ်ဇွဲတချို့ကြောင့်ပါ.
မိမိလုပ်ကိုင်ရမယ့်နယ်ပယ်အကြောင်းသိပြီဆိုတော့ ပုံစတင်ဆွဲရပါပြီ...
ချန်းချန်းတို့ project အစမှာဆွဲပြီး archi ဆီ submit လုပ်.. approval ယူရပါတယ်.. အဲ့ဒိ Drawing ကို Shop Drawing လို့ခေါ်ပါတယ်..
ပုံမှန် Alum Shop Drawing တွေရဲ့ Priority ကတော့..
A- Window & Door
B- Curtain Wall & Cladding
C- Substation (Louver window & Door ) လုပ်ငန်းကိုတော့ဒီကစရပါတယ်..
D- AC Ledge
E- Railing
F- Trellis/Screen
F- Canopy
တကယ်လို့ Design လုပ်နေတုန်းမသေချာတဲ့ ၊ မရှင်းလင်းတဲ့ archi , structur တွေကို main con ဆီ RFI ( request for information)ပ
လိုအပ်ရင် Design period အတွင်းမှာ Die cutting လုပ်ရပါတယ်..
ဒါက Alum designer တစ်ယောက် ရဲ့ auto CAD ကိုသုံးပြီးအလုပ်လုပ်ရမယ့် လုပ်ငန်းစဉ်ပါ...

ဆက်လက်တင်ပြပါအုံးမယ်...

ခင်မင်လေးစားလျက်
ချန်းချန်း(Mg Mine)

chan09
05-02-2009, 04:33 PM
Shop Drawing တွေဆွဲတာပြီးပြီဆိုရင်တော့ drawing List , accessories list တွေစီစဉ်ရပါမယ်..
a. Plan (scale 1:100/200)
b.Elevation (Scale 1:100 /200)
c. Schedule & Partial Elevation (Scale 1:20/30/40)
d. Detail (Scale 1:1, 1:2)
e. Extrusion List (Not to Scale)
f. Hardware List (Not to Scale)
g. Glass Tag
ပြီးရင် Drawing Registration လုပ်ရပါမယ်... drawing တွေဟာ ဘယ်နေ့မှာ submit လုပ်ခဲ့တယ်.. commented drawing တွေကို ဘယ်နေ့က ပြန်လည်လက်ခံရရှိတယ် .. revision တွေရောပေါ့...

-PE Calculation (BCA ကလက်မှတ်ရ professional Engineer ရဲ့ structural calculation ပါ...)
ချန်းချန်းတို့ အလူမီနီယမ် အလုပ်မှာ အဓိကလိုတဲ့ calculation တွေက..
-CurtainWall
-Trellis
-Canopy
-Glass RAiling
-လှေကားခွင်တွေရဲ့ ဘေးမှာရှိနေတဲ့ window တွေပါ.. (forth schedule လို့ sg ကသုံးလေ့ရှိပါတယ်ဝ
ပုံမှန်ကတော့ ဒီ items တွေလောက်ပါပဲ.. ဒါပေမယ့် ထူးထူးခြားခြား ဒီဇိုင်းမျိုးတွေအတွက်ကတော့ ခြွင်းချက်ပေါ့ခင်ဗျာ...

Material Take-Off (မိမိလုပ်ကိုင်ရမယ့် Item တခုခြင်းစီအတွက်)
-Alum Extrusion
-Glass
-Hardware &Accessories (sliding door တွေအတွက် roller တို့၊ lock set တို့၊ တံခါးလက်ကိုင် တို့ ၊ Multi/single point lockတို့.. စသည်)
-Fasteners (screw, bolt &nut, drive pin, revit, စသည်)
-Brackets

-Cutting List (fabrication drawing) or မိမိတို့လုပ်ငန်းရဲ့ fabricator တွေဆီပို့မယ့် Work Order/Job sheet
ချန်းချန်းရဲ့ပထမအလုပ်မှာ ဒီဇိုင်နာဟာ purchase requisition ကိုပါစီစဉ်ပေးရပါတယ်..
တကယ်တော့ ဒီအပိုင်းက ပုံမှန်ဆိုရင် material controller/ purchaser တွေရဲ့အပိုင်းပါ...
နောက်ဆုံးအဆင့်ကတော့ လုပ်ငန်းပြီးမြောက်မှုအပေါ်တည်မှီပြီး As-Built Drawing ထုတ်ပေးရမှာပါ...

ဒါဟာချန်းချန်း ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လုပ်ငန်းခွင်မှာ သိခဲ့သမျှပါပဲ... ချန်းချန်းရေးခဲ့သမျှကို ကြည့်ရင် auto CAD နဲ့အလုပ်လုပ်နေတယ်ဆိုတာ ဆိုရရုံလေးပဲရှိပါတယ်... တကယ်တော့ auto CAD တစ်ခုတည်းမျှလောက်နဲ့တော့ မလုံလောက်ပါဝူး... မိမိလုပ်ဖူးတဲ့ အလုပ်မျိုးမဟုတ်တာကြောင့် အသစ်ဆိုတာမျိုးနဲ့ ကြုံလာရင် ကောင်းမွန်လျင်မြန်စွာ အတုမြင် အတတ်နိုင်ဖို့ နဲ့ မိမိမသိဖူးဆိုတာတွေအရမ်းများနေတာမျိုးမဖြစ်နေဖို့ပါ...
designer ဆိုရင် တာဝန်ယူရတာအင်မတန်ကြီးပါတယ်... site ထဲမှာ အမှားတခုခုဖြစ်ပြိးဆိုရင် အရင်ဆုံးခေါင်းခဲရတာ ဒီဇိုင်နာပါပဲ... fabricator က ဖြတ်တောက်ပေးလိုက်တာ တိုနေတာ ၊ ရှည်နေတာ၊ bended panel တွေကို direction လွဲပြီး ခေါက်ပေးလိုက်တာ... ဒါမှမဟုတ် main con ပိုင်းက structurတွေ setting out တွေကို နဂိုသတ်မှတ်ထားပြီးသားနဲ့ အနဲငယ် လိုသွားတာ ပိုသွားတာ အဲ့ဒါမျိုးတွေဟာ ဒီဇိုင်နာရဲ့ ခေါင်းပေါ်ကိုလာမယ့် ပြသနာတွေပါပဲ.. ဒီဇိုင်နာဖြစ်ပြီးဆိုရင်တော့ အဲ့ဒိပြသနာမျိုးတွေနဲ့ နပန်းလုံးရမှာကို ကြိုတွေးထားရပါမယ်... ချန်းချန်းတို့များ ပထမအလုပ်မှာတုန်းက ဖုန်းoperator ဆီကို ၀င်လာတဲ့ ဖုန်းသံကြားရင် ကိုယ့်ဖုန်းမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတာ အမောပေါ့ ဟဟား..ချန်းချန်းအလုပ်စ၀င်ပြီး ပထမအပတ်မှာပဲ ချန်းချန်းလုပ်ပေးလိုက်တဲ့ perforated panel တွေအတွက် site supervisor ဆိုတဲ့လူဆီက ဖုန်းလာပါတယ်.. ပထမဆုံး သူက တရုတ်လိုတွေပြောချလိုက်တာ တရစပ်ပါပဲ.. ချန်းချန်းသိလိုက်တာ ဆိုလို့ "တာတုန်းပန်(perforated panel) ဆိုတာနဲ့.. ကာနီနာ (၀သီအရဆဲတဲ့စကားတမျိုးပါပဲ) နောက်ပြီး ကြာလှ ( problem) " ဆိုတဲ့စကား၃ လုံးလောက်ပဲဖမ်းမိပါတယ်... ချန်းချန်းက ကျေးဇူးပြုပြီး ရင်းဂလိပ်လို့ပြောနိုင်မလား ဆိုတော့ ပိုဆိုးသွားပါတယ်.. ရင်းဂလိပ်လိုပြောတာပါပဲ... ချန်းချန်းအင်မတန်ညံ့ချက်ကတော့ တလုံးမှကို မသိလိုက်ပါဝူး ဟဟား... မနည်းသူ့ကိစ္စကို ပြန်ရှင်းယူလိုက်ရပါတယ်... ပထမဆုံးအလုပ်ကို ၀င်ပြီး ၁ပတ်မပြည့်ခင်ပထမဆုံး ဖုန်းကော ကနေစလို့ ချန်းချန်း နားလည်သိရှိလက်ခံလိုက်ရတာက သြော်ငါလုပ်ရမယ့် တာဝန်က ဒီလိုပါလား ဆိုတာပါပဲ....

ခင်မင်လေးစားလျက်
ချန်းချန်း(Mg Mine)

KPZ
05-02-2009, 11:01 PM
ကိုချမ်းချမ်းရေ.. အင်မတန်ကို လက်တွေ့ကျပီး ဘာမှာမှ သင်ယူလို့ မရနိုင်တဲ့ လုပ်ငန်းအတွေ့အကြုံတွေပါ..
အကိုတော့ မသိဘူး ကေပီဇက်တော့ ကိုယ် Cutting List ထုတ်ထားတဲ့ဟာတွေ Install လုပ်လို့ မပီးမချင်း အသက်တောင် မရှုရဲဘူး။
ဆိုဒ်က ဖုန်းဆက်မှာကို ကြောက်နေတယ်။ ။ ။
ဘ၀ ဘ၀ ဆိုးပနော်

ခင်မင်လေးစားလျှက်
ကေပီဇက်

chan09
05-02-2009, 11:18 PM
ကိုချမ်းချမ်းရေ.. အင်မတန်ကို လက်တွေ့ကျပီး ဘာမှာမှ သင်ယူလို့ မရနိုင်တဲ့ လုပ်ငန်းအတွေ့အကြုံတွေပါ..
အကိုတော့ မသိဘူး ကေပီဇက်တော့ ကိုယ် Cutting List ထုတ်ထားတဲ့ဟာတွေ Install လုပ်လို့ မပီးမချင်း အသက်တောင် မရှုရဲဘူး။
ဆိုဒ်က ဖုန်းဆက်မှာကို ကြောက်နေတယ်။ ။ ။
ဘ၀ ဘ၀ ဆိုးပနော်

ခင်မင်လေးစားလျှက်
ကေပီဇက်


မခိုင်ရေ.. ချန်းချန်းကတော့ ၂ နှစ်ဆိုတဲ့ အချိန်နဲ့ ရင်းလိုက်ရတဲ့ လုပ်ငန်းအသိတွေပါ.. တကယ်ပြောပြ ရေးပြနိုင်ဖို့ ကြိုးစားတော့ ၄ ပိုဒ်စ်ထက်ပိုမထွက်လာသေးဝူး ဟဟား.. တတ်နိုင်သလောက်တော့ စိတ်ဝင်စားပြီးနောက်က လိုက်လာမယ့် ညီငယ် ညီမငယ်တွေကို မျှဝေချင်တာလေးတခု အတွက်နဲ့ ရေးလိုက်တာပါပဲ.(နောင်တော်တွေကိုတော့ မရည်ရွယ်ပါဝူး ချန်းချန်းကိုယ်တိုင်လည်းသိပ်အများကြီးမသိသေးလို့ပါ).. ချန်းချန်း အလုပ်စရတော့ အဲ့ဒါနဲ့ပတ်သက်ပြီး ဘယ်လိုကြိုတင်ပြင်ဆင်ထားရမယ် ဆိုတာတောင်မသိပါဝူး.. ကြိုးစားစုံစမ်းပြီးတွေ့လာတဲ့ ၀ါရင့် ဒီဇိုင်နာ(အလူမီနီယမ်) တယောက်ကို မေးမြန်းပြန်တော့လည်း လုပ်ရင်းနဲ့သိလာလိမ့်မယ်တဲ့.. ကောင်းရောပေါ့... သူပြောသလိုပါပဲ ခုတော့ လုပ်ရင်းနဲ့နဲနဲတော့သိလာခဲ့ပါပြီ.. တကယ်ကို နဲနဲပါပဲ...

ခင်မင်လေးစားလျက်
ချန်းချန်း (Mg Mine)

KPZ
05-03-2009, 12:34 AM
ဟုတ်တယ်ကိုချန်းချန်း... ကေပီဇက်ဆို ရန်ကုန်မှာ အလုပ်တစ်ခါမှ မလုပ်ခဲ့ဘူးပဲ အော်တိုက်ကဒ်လေး နည်းနည်းပါးပါး ဆွဲတတ်ရုံနဲ့ ဒီကိုရောက်လာတာပါ။ ဒီတော့ ပိုပင်ပန်းပြီး အခက်အခဲပေါင်းများစွာနဲ့ စိတ်ပင်ပန်းမှု ဒဏ်တွေကို အလူးအလဲ ခံခဲ့ရတာပေါ့လေ။
ကေပီဇက်တို့ အလုပ်စ၀င်တဲ့ အချိန်မှာ တစ်ပန်းသာတာက ကမ္ဘာ့ စီးပွါးရေး အခြေအနေလေးက ကောင်းနေသေးလေတော့ ဘော့တွေက ကိုယ့်ကို ခိုင်းစားလို့ ရနိုင်လောက်တဲ့ အချိန်အထိ စိတ်ရှည်လက်ရှည် စောင့်ပေးခဲ့တယ်။ ခိုင်းစားလို့ရတော့ သေအောင်ခိုင်းတော့တာပဲလေ။ သူ့ဆန်စားတော့လည်း ရဲရတာပေါ့လေ။
အခုနောက်ပိုင်းမှာတော့ အော်တိုကဒ်ဆိုတာ မင်းသားတစ်ပါးလို ခေတ်စားလာပြီး လူတိုင်းလူတိုင်းက အော်တိုကဒ်နဲ့ အလုပ်လာရှာတဲ့အခါ စလုံးမြေ ကျဉ်းကျဉ်းလေးမှာ အရင်ကထက်တော့ အလုပ်ကရှားလာသလို စီးပွါးရေးကလည်း တစ်ဖြည်းဖြည်းကျနေတဲ့ ကာလဆိုတော့ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာတာပေါ့လေ။
ကိုချမ်းပြောသလိုပဲ တော်ပီတတ်ပီးသား လူတွေအတွက် မဟုတ်ပေမယ့် နောက်ပိုင်း လာမဲ့ ညီငယ် ညီမငယ်တွေ မိဝေးဘဝေး တိုင်းတစ်ပါးမှာ အဆင်ပြေတဲ့ အလုပ်နေရာတွေ ရဖို့ ကိုချမ်းရဲ့ အတွေ့အကြုံမှတ်တမ်းတွေက တန်ဖိုးကြီးလှပါတယ်။ ကိုချမ်းပို့တွေက ဘာကို high light ပြနေလဲဆိုတော့
အော်တိုကဒ် ဆွဲတတ်ရုံနဲ့ အလုပ်မရနိုင်သလို မိမိကိုယ်ကို ယုံကြည်ချက်ထားရမယ်ဆိုတာတွေကိုပါ။
နောက်တစ်ခုက စလုံးမှာ အလုပ်လုပ်ရတာဟာ ပန်းခင်းလမ်းမှာ လျှောက်နေရတာ မဟုတ်ပဲ အန္တရာယ် ကြိုးတန်းပေါ် လမ်းလျှောက်နေရတာပါ ဆိုတာကိုပေါ့။ ဒါဆိုရင် တစ်ချို့လူတွေက မေးချင်မယ်နော်။ ဘာလို့ ဒုက္ခခံနေလဲ ပြန်လာပေါ့ဆိုရင်တော့.. စလုံးကျွန်းဟာ ရုန်းနေရင်း နစ်နေတဲ့ နွံ့အိုင်တစ်အိုင် ဖြစ်နေလို့ပါလို့....
ဘာပဲဖြစ်ဖြစ် ရွှေမြန်မာတွေအားလုံး ရောက်ရာ နေရာ ဒေသ အသီးသီးမှာ အောင်မြင်ပျော်ရွှင်တဲ့ ဘ၀တွေကို တည်ဆောက်နိုင်ဖို့ အမြဲဆုတောင်းလျှက်

ခင်မင်လေးစားလျှက်
ကေပီဇက်

papagyi
05-03-2009, 02:41 AM
တတ်ပီးသား လူတွေ လဲ သူတို့ တတ်တဲ့ field အပိုင်းပဲ တတ်မှာပါ။...ကျန်တာက တစ်ခြား field မှာကျင်လည်နေတဲ့သူ..senior မပြောနဲ့
junior ဆီကတောင် ရနိုင်သမျှလေးလေးစားစားယူရမှာပါ။ :)

chan09
05-03-2009, 07:34 AM
အလူမီနီယမ်လို့ပြောရင် ချန်းချန်းအရင်ကသိသလောက် က L-angle ,.. U-channel , Flat bar, hollow, pipe, sheet (solid/composite) ဒီလောက်ပါပဲ.. ဒီအလုပ်ကိုရောက်တော့ မှ profile ဆိုတာတွေကို စတင်ထိတွေ့တာပါ.. ချန်းချန်းတို့ပြည်တွင်းမှာ သစ်သား သုံးသမျှနေရာတွေကို စင်းကတော့ အလူမီနီယမ်သုံးတာကြောင့်ပါ... အဲ့ဒိမှာ thermal break ပြတင်းတွေ တံခါးတွေက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်.. ပုံတွေကိုကြည့်တော့ အလူမီနီယမ် ပုံဆိုတာ သိကြတဲ့အတိုင်း အတွန့်တွေ အတက်တွေနဲ့.. အပေါက်တွေ အဖုတွေ အထစ်တွေနဲ့ ၊ ပြီးတော့ တခုခြင်းစီကိုလိုက်ကြည့်ပြန်တော့လည်း ဘာတွေမှန်းကို မသိ... တခုနဲ့တခုချိတ်ဆတ်လို့..(ဂမ္ဘီရဆန်နေလိုက်တာ) အလုပ်ဝင်စကတော့ ဒီလိုပဲတွေးမိတာပါ. (ဒီprofile ကိုပဲ mullion ခေါ်လိုက် tramson ခေါ်လိုက်နဲ့လေ...:D)
တကယ်တော့ Building တခုရဲ့ window တွေကိုလေ့လာကြည့်ရင် တူညီတဲ့ profile တွေကိုသားသုံးလေ့ရှိတာတွေ့လာပါတယ်.. ထိုအတူပဲ မတူညီတဲ့ အဆောက်အုံတွေအတွက် မတူညီတဲ့ profile တွဲဖတ်တွေကြောင့် profile ပုံစံတွေအများကြီးကို ချန်းချန်းလေ့လာမိခဲ့ရတာပါ.. အဲ့ဒိလို တွဲဖက်မှုတွေကို window system (microsoft ရဲ့ window နဲ့တော့ မရောထွေးစေချင်ပါ) လို့ခေါ်တာပါ... ချန်းချန်းရဲ့ပထမကုမ္မနီရဲ့ လုပ်ငန်းဆောင်ရွက်မှုက အင်မတန်အတုယူဖွယ်ဖြစ်ပါတယ်.. လုပ်ငန်းက သေးသေးလေးပါ.. လုပ်နေသမျှ project တွေကတော့ စင်းရဲ့ စံနဲ့ကြည့်ရင်ကို ကြီးလှပါတယ်.. လုပ်ငန်းမှာအဓိက လည်ပတ်နေတာက ၀န်ထမ်း ၁၅ ယောက်လောက်ပဲရှိတာပါ.. အဲ့ဒိထဲမှာ designer ကချန်းချန်းအပါအ၀င် ၉ ယောက် ဒီဇိုင်းမန်နေဂျာပါပါရင် စုစုပေါင်း ၁၀ ယောက်ပါ... စင်္ကာပူဆန်လှတဲ့ ကုမ္မနီပါပဲ...project လက်ခံတာကစလို့ ကျန်တဲ့အားလုံးကို အပြင်ကိုပြန်ခိုင်းပြီး ပွဲခမျိုးမျိုးမြက်မြက် ယူတဲ့စနစ်ကိုကျင့်သုံးတာပါ.. profile ရဲ့ die design ကို ဂျပန်နိုင်ငံကနေ အကြံပေးခပေးပြီးရယူပါတယ်.. drawing တွေကို approved ဖြစ်လို့ project စပြီဆိုရင် designer တွက်ပေးထားတဲ့ profile qty နဲ့ အဲ့ဒိ designer ကပဲ ပစ္စည်းမှာရပါတယ်.. ပြီးရင် coating လုပ်တဲ့ဆီကို ပို့ရပါတယ်..coating ကပြီးပြီဆိုရင် fabricator တွေဆီပို့ရပါတယ်... ပြီးရင်တော့ fabricator တွေအတွက် ဘယ်လို့ ဖြတ်ပြီးဘယ်လိုဆက်မယ်ဆိုတဲ့ work order/cutting list တွေပို့ပေးရပါတယ်.. (တချို့ ဒီဇိုင်းအတွက်ကိုတော့ fabricator တွေဆီအရင်ပို့ပြီးမှာ coating ဆီတခါပြန်ပို့ရတာမျိုးက ခြွင်းချက်ပေါ့...)အဲ့ဒိကပြီးရင် ၄င်းတို့ကပဲ site ကိုရောက်အောင်တာဝန်ယူပို့ဆောင်ပေးရပါတယ်...(အဲ့ဒိ process အားလုံးက ဒီဇိုင်နာကပဲ ဖုန်းနဲ့ arrange လုပ်ရတာပါ) ပြီးရင်တော့ ပုတ်ပြတ်ငှားထားတဲ့ installer တွေကိုသုံးပြီးတပ်ဆင်ပါတယ်.. ပြီးရင် ပုတ်ပြတ်ငှားထားတဲ့ မှန်သမားတွေကိုသုံးပြီး မှန်တွေတပ်ဆင်ပါတယ်.. ချန်းချန်းကံကောင်းချင်လို့လား ကံဆိုးချင်လို့ပဲလားတော့မသိပါဝူး.. ပုတ်ပြတ်ငှားထားတဲ့ site supervisor တွေအဲ့ဒိလမှာ ခွင့်ယူကြတာရယ် site ကလောနေတာရယ်ကြောင့် ချန်းချန်း တာဝန်ယူရတဲ့ project တွေကို ခနရပ်ထားပြီး အဲ့ဒိsite ကို site supervisor/QC ခနလောက်သွားလောက်ပေးဖို့ သူဌေးက request လုပ်လာပါတယ်.. ရေငတ်တုန်းရေတွင်းထဲကျဆိုတာလိုပါပဲ.. အဲ့ဒိဆိုဒ်ကို ချန်းချန်း ၂ ပတ်လောက် supervise လုပ်ပါတယ်.. အဲ့ဒိတော့မှ ချန်းချန်းတို့ဆွဲနေတဲ့ window system ဆိုတာကို သေသေချာချာသိနားလည်လိုက်တာပါ.. နောက်ပြီး အလုပ်သမားတွေလုပ်လေ့ရှိတဲ့ ကိစ္စတွေရောပေါ့... တော်ရုံပြသနာလောက်ကို အတွေ့အကြုံရှိတဲ့ အလုပ်သမားဟာ ဘယ်လိုဖြေရှင်းရမယ်ဆိုတာသိပါတယ်.. အဲ့ဒိတော့မှ ချန်းချန်းပြန်လည် အမှတ်ရမိတာ အလုပ်စ၀င်တုန်းက ချန်းချန်းကို ဖုန်းခေါ်ခဲ့တဲ့ site supervisor ရဲ့ perforated panel ကိစ္စပါ.. အဲဒိအချိန်မှာသူနဲ့ချန်းချန်းရင်းနီးနေပါပြီ... ဒီလောက်လွယ်လွယ်လေး ကို ဘာကြောင့်ချန်းချန်းကိုမေးခဲ့တာလဲလို့သူ့ကိုမေးတော့ လွယ်တယ်ဆိုတာသူလည်းသိတယ်တဲ့ ..သူဘာလုပ်ရမယ်ဆိုတာလည်းသိပါတယ်တဲ့..ချန်းချန်းကိုမေးရင်လည်းဒီလိုပဲလုပ်ဖို့ပြောမယ်ဆိုတာသိတယ်တဲ့..
နောင်ပြသနာတခုခုဖြစ်လာရင် သူ့တာဝန်မဖြစ်ရလေအောင် confirm လုပ်တာဆိုပဲ... (ပြသနာမှန်သမျှဒီဇိုင်နာဆီသွား ... ဆိုတာမျိုး ဟိဟိ)

Ps: Auto CAD topic အောက်မှာ လုပ်ငန်းအတွေကြုံဆိုတာကိုပြောနေရင်းနဲ့ auto CAD ဆိုတာမပါခဲ့ပြန်ဝူး ....(ဒါပေမယ့်လည်း လေ့လာမယ့်သူတွေအတွက် စေတနာအပြည့်ပါပါတယ်ဗျာ...

ခင်မင်လေးစားလျက်
ချန်းချန်း(Mg Mine)

KPZ
05-03-2009, 09:19 AM
Ps: Auto CAD topic အောက်မှာ လုပ်ငန်းအတွေကြုံဆိုတာကိုပြောနေရင်းနဲ့ auto CAD ဆိုတာမပါခဲ့ပြန်ဝူး ....(ဒါပေမယ့်လည်း လေ့လာမယ့်သူတွေအတွက် စေတနာအပြည့်ပါပါတယ်ဗျာ...

ကိုချမ်းရေ... ဒီခေါင်းစဉ်ကို စရေးကတည်းက အော်တိုကဒ်ကို လက်တွေ့လုပ်ငန်းခွင်မှာ ဘယ်လို အသုံးချတယ်ဆိုတာ သိစေချင်လို့ စခဲ့တာ။
အကို ရေးသမျှ ပို့တွေတိုင်းမှာ စေတနာတွေပါနေတာ အထင်အရှားပါ။ ကေပီဇက် စောင့်ဖတ်နေတယ်နော် :P

phyo
05-03-2009, 09:36 AM
လွယ်တယ်ဆိုတာသူလည်းသိတယ်တဲ့ ..သူဘာလုပ်ရမယ်ဆိုတာလည်းသိပါတယ်တဲ့..ချန်းချန်းကိုမေးရင်လည်းဒီလိုပဲလုပ်ဖို့ပြောမယ်ဆိုတာသိတယ်တဲ့..
နောင်ပြသနာတခုခုဖြစ်လာရင် သူ့တာဝန်မဖြစ်ရလေအောင် confirm လုပ်တာဆိုပဲ... (ပြသနာမှန်သမျှဒီဇိုင်နာဆီသွား ... ဆိုတာမျိုး ဟိဟိ)

Ps: Auto CAD topic အောက်မှာ လုပ်ငန်းအတွေကြုံဆိုတာကိုပြောနေရင်းနဲ့ auto CAD ဆိုတာမပါခဲ့ပြန်ဝူး ....(ဒါပေမယ့်လည်း လေ့လာမယ့်သူတွေအတွက် စေတနာအပြည့်ပါပါတယ်ဗျာ...

ခင်မင်လေးစားလျက်
ချန်းချန်း(Mg Mine)


ကိုချန်းရေ.. ကိုချန်းပြောတာဟုတ်တယ်ဗျို့ .. အလုပ်ထဲမှာ အဓိက ကိုယ့်ခေါင်းပေါ်ရောက်ရောက်လာတတ်တာ.. အဲဒီ Confirmation ကြောင့်Designer ခေါင်းပေါ် ရောက်ရောက်လာတဲ့ဟာတွေပဲဗျာ..
Dwg Registration နဲ့ ...Approved Dwg အပြင်.. PE calculation တွေပါ.. ကိုယ့်ဘက်က.. စနစ်တကျ ပြုစုပြီး...ဦးနှောက်ထဲမှာကို... အလွတ်ရသည်အထိ..အသေအချာလုပ်ထားရတယ်.. တစ်ချို့ ပြဿနာတွေက.. Dwg file ပြန်ကြည့်ချိန် မရှိဘူး.. အထူးသဖြင့်.. Site Meeting မှာပဲ..
အဓိက ဆွေးနွေးမှာက..လောလောဆယ် Submit မလုပ်ရသေးတဲ့ဟာတွေ.. Fabrication မလုပ်ရသေးတဲ့ဟာတွေ..Install မလုပ်ရသေးတဲ့ဟာတွေဆိုပေမယ့်..Complete ဖြစ်ပြီးသားလုပ်ငန်းတွေထဲမှာလည်း Customer တွေ ရဲ့  Complain တက်လာပြီဆိုရင်.. Workmenship ရယ်.. Design ရယ်က လာပြီ...ဒါကြောင့်မို့ . ကျနော်ဆိုရင်.. Project တစ်ခုအတွက် Meeting သွားပြီဆိုရင်.. စာရင်းကို.. အသေးစိပ် Detail လုပ်ပြီး..Table တစ်ခုအနေနဲ့ .. Print လုပ်သွားပြီး.. တစ်ခြား လိုအပ်မယ်ထင်တယ့်ဟာတွေပါ.. File လိုက်ကိုင်ပြီး..သွားတော့တယ်ဗျို့ ...
အများအားဖြင့်... Architect ဆွဲထားတဲ့ ဒီဇိုင်းကို...ပယ်ပြီး... ကိုယ့်ဒီဇိုင်းကို..အသစ်လုပ်..ဆွဲရတဲ့အလုပ်တွေမှာ အများအားဖြင့် တွေ့ ရပါတယ်..
( ပေးထားတဲ့ Design အတိုင်း လုပ်ရတယ်ဆိုတာကတော့... ၁၀% လောက်ပဲ ရှိတယ်.. ဘယ်လို အလုပ်မျိုးမှာလည်းဆိုတော့.. Approved ဖြစ်ပြီးသား. PE calculation ပါပြီးသား.. တစ်ချို့ ဆိုရင်.. BCA Approved ဖြစ်ပြီးသား Design အရအပြည့်အစုံဖြစ်ပြီးသားတွေကို.. လုပ်တဲ့အခါမျိုးမှာပေါ့ အဲဒီအခါမှာတော့.. ကိုယ့်တာဝန် မရှိတော့ဘူး.. ပြဿနာတက်လာရင်.. Workmen Ship ရယ်..Project Target Date နဲ့ .... Material Changed ရယ်ကြောင့်ပဲ...ကျနော်တို့  Company ကတော့.. အများအားဖြင့်.. အဲလိုအလုပ်မျိုးတွေကို.. လက်ခံထားပြီး.. Sub-Con နဲ့ ပြန်လုပ်တာပဲ ..များပါတယ်..)

ကဲ.. ကိုချန်းရေ... ဆက်ရေးပါဗျို့ ... ကိုချန်းရေးထားတာပြည့်စုံလွန်းလို့ .. ကျေးဇူးတင်ပါတယ်.. လောလောဆယ်.. AutoCAD ခေါင်းစဉ်အောက်က..လာပေမယ့်.. လုပ်ငန်းရဲ့ .. တကယ့် အနှစ်သာရက..ကိုချန်းပြောသွားတာတွေပါ....ဒါတွေကိုပဲ.. ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင်..
ဆက်လက်ရေးသားပါဦး
( လောလောဆယ်..လုပ်ကိုင်နေတဲ့သူတွေအနေနဲ့ ..ကိုချန်းရေးထားတာတွေကို ကြည့်ရင်.. စေတနာအပြည့်ပါတယ်ဆိုတာ..သေချာသိကြပါတယ်...)

phyo
06-04-2009, 03:55 PM
'' '' ဟဲလို..ဟဲလို.. Drawing ပုံက ဆွဲပြီးသွားပြီ.. ဒါပေမယ့် print မထုတ်တတ်လို့ .. ကူညီပါဦး.." "

" " ဗျာ " " .. ဟုတ်ကဲ့..ဟုတ်ကဲ့.... ဖုန်းပြောလို့ ရလား.. အင်း.. အင်း.. x x x x လောလောဆယ်.. ဒီလို လုပ်..
x x x x x x x x x x x x... ok lah ကျနော်အခုပဲ.. နမူနာဖိုင်လေးတစ်ခုလုပ်ပြီး pdf နဲ့  ပို့ ပေးလိုက်ပါ့မယ်..
internet သုံးလို့ ရတယ်မဟုတ်လား.. Download လုပ်ပြီး.. သေချာကြည့်လိုက်ပေါ့.. ...အာ.. ကောင်းပါပြီဗျာ .. ရပါတယ် "

အဲဒါကတော့... ဒီနေ့ ပဲ .. အလုပ်ထဲဝင်ပြီး print လုပ်ရတဲ့ ပထမဆုံးနေ့ မှာ.
ငိုတော့မလိုလို အသံနဲ့ .. အကူအညီတောင်းခဲ့တဲ့..အစ်မတစ်ယောက်ရဲ့ ဒုက္ခပါ..
ကြုံဖူးကြမလားမသိဘူး...
( အခု MEF ထဲမှာ ရှိနေတဲ့တော်တော်များများကတော့.. ကိုချန်း တို့  ကိုပါပါကြီး တို့  Mr.Zaw တို့  KPZ တို့ အပြင်.. အခြားသော
ပညာတွေ ဝေမျှပေးနေတဲ့သူတွေရဲ့ ကျေးဇူးနဲ့ ..အတော်လေး ဟုတ်နေလောက်ပါပြီ )...

ဒါနဲ့ ပဲ.. ကျနော်လည်း.. ဇွတ်ရွှတ်ပြီး.. ကိုယ်ထင်ရာလျှောက်လုပ်ခိုင်းလိုက်တာ.. ok သွားတယ်ဆိုပဲ..
( ကျနော်ကိုယ်တိုင်က မှ .. သိပ်မတတ်တာလေး.. အဟဲ :D)

အမှန်တကယ်ဆိုရင်.. ကျနော် .. AutoCAD သင်တန်းတက်မလို့ လိုက်ရှာတုန်းက... သူက ကွန်ပျူတာသင်တန်းတွေဘာတွေဖွင့်ပြီး..စာတွေဘာတွေသင်နေတာ..
AutoCAD တောင် သင်သေးတယ်ဆိုပဲ.. 2000 တုန်းက ထင်ပါတယ်...ကျနော်ကိုတောင်.. သူ့ ဆီမှာ လာတက်ဖို့ ပြောသေးတယ်..
ကျနော်က ကျနော်တို့ ကျောင်းဘေး က ဦးရောဘတ်ဆီမှာပဲ.. တက်ဖြစ်ခဲ့တယ်...
ကျနော့်ဆိုလိုရင်းက.. သူ့ အတိုင်းအတာနဲ့ သူ ကျွမ်းကျင်မှုတော့ရှိပါတယ် ( သူက.. အင်ဂျင်နီယာတော့ မဟုတ်ဘူး.. ရိုးရိုးဘွဲ့ ရပါ )
ဒါပေမယ့်..ပုံတစ်ပုံကို.. တစ်ခါမှ လက်တွေ့  Print လုပ်ခဲ့ပုံ မရခဲ့ဘူးထင်ပါတယ်ဗျာ...
ကဲဗျာ.. ဒီတော့.. တစ်ခါမှ Print မလုပ်ဖူးတဲ့..သူငယ်ချင်းများ...
ကျနော်လည်း.. သိပ်ကျွမ်းကျင်နေလို့ တော့.. မဟုတ်ဘူး..
အောက်မှာ ကျနော်လင့်ကလေး ပေးထားပါတယ်.. ပုံတွေနဲ့ တစ်ဆင့်ချင်း ပြထားပေးပါတယ်...
အများကြီးမဟုတ်တောင်.. အနည်းငယ်တော့.. အထောက်အကူရမယ်လို့ ထင်ပါတယ်ဗျာ..

( ဒါလည်း.. လက်တွေ့ လုပ်ငန်းခွင်ထဲက.. တစ်ခုပဲ.. မဟုတ်လားနော့ .. ) :D

ဒီနေရာမှာယူလိုက်ပါ (http://www.myanmarengineer.org/mefuploader/uploaded_files/Plotting%20for%20junior.rar)

papagyi
06-14-2009, 02:17 AM
လက်တွေ့လုပ်ငန်းခွင်နဲ့..autocad ကိုလေ့လာတဲ့ ပုံစံမတူပါဘူး...ဒါပေမယ့်..အလုပ်လုပ်ရင်း..ကိုယ့်ရဲ့ ပညာမာနကြောင့်
မလိုအပ်ပဲ..အချိန်တွေကြာပြီး အသည်းအသန်ဖြစ်ရတာလဲ..ခဏခဏပါ..
ကျွန်တော်တို့ autocad မှာမကြာခဏ error မျိုးစုံတက်တတ်ပါတယ်...အဲဒီအခါမျိုးမှာ..ဥပမာပေါ့
ကိုယ်နေ့တိုင်းသုံးနေကြ command တွေသုံးပြီး အဆင်ပြေတာမျိုးတွေ..အဆင်မပြေတဲ့အခါ..
ဒီ software ကကြောင်နေတာ...ငါမမှားဘူးဆိုပြီး..ပေပြီးမရရအောင်လုပ်နေမိပါတယ်...
တစ်ကယ်လုပ်ရမှာက..အလုပ်ဖြစ်ဖို့ ..မြန်မြန် ပြီးမယ့်နည်းနဲ့ပဲ လုပ်ရမှာလေ...
ပြီးမှ..ကိုယ်ပိုင်အချိန်တွေမှာ.technical အရပြန်စမ်းပေါ့...အလွယ်ဆုံးနည်းက
တစ်ခါ..နှစ်ခါလုပ်ကြည့်..မရရင် file new ဖွင့်ပြီး....copy & paste လုပ်ပြီး ဖြေရှင်းပေါ့...ဒါမှမရရင်..များသောအားဖြင့်
Reinstall ပြန်လုပ်ကြတာပါပဲ..ကျွန်တော်လည်း လုပ်ခဲ့ပါတယ်..ဖြစ်သင့်တာက..ဒီcommand နဲ့မရရင်..ရနိုင်တဲ့..တစ်ခြား
command တွေနဲ့ ဖြစ်အောင်လုပ်တာပါပဲ...ပြီးမှ..စိတ်ကြိုက်ပြန်လုပ်ပေါ့....ကျွန်တော့်အတွေ့အကြုံအရ..အများစုက
system variable တွေချိန်းသွားတာပါပဲ...အွန်.ဘာမှလဲမပြောင်းဘဲနဲ့လို့.မေးစရာပါ..ဒီလိုပါ..ကျွန်တော်တို့ autocad command
တွေ ကိုသုံးတဲ့အခါ..နောက်ကွယ်က system variable တွေချိန်းပြီး..autolisp program တွေနဲ့ အလုပ်လုပ်သွားလေ့ရှိပါတယ်..
ဥပမာ...model space က layout ကိုပြောင်းတယ်ဆိုပါစို့..တစ်ကယ်နောက်ကွယ်က tilemode (0,1) ချိန်းသွားတာပါ..
မယုံရင်..command line မှာ "tilemode" enter " 1" enter ...နဲ့ "tilemode" enter " o" enter ကို တစ်လှည့်စီရိုက်ကြည့်ပါ..
ဒါဆို model space နဲ့ paper space တစ်လှည့်ဆီပြောင်းနေတာ မြင်ရမှာပါ။..ဒါကြောင့်..ကျွန်တော်တို့ command တွေ.၀င်နေတဲ့
အချိန်..တစ်ခါတစ်လေ..ဂဏန်းတွေ..မှားရိုက်မိတဲ့..အခါမျိုး..လွတ်နေတဲ့ space ပေါ်ကို မလိုအပ်ပဲ click ခေါက်မိတာမျိုးကနေ
system variable တွေချိန်းသွားတတ်ပါတယ်..ဒါကြောင့်..ဒီလို case မျိုးတက်လို့..သိရင်တော့..system variable ပြန်ချိန်းလို့ရပေမယ့်
မသိရင်တော့ ကျွန်တော်အကြံပေးတာမျိုး လုပ်သင့်ပါတယ်..ဒါမှ အလုပ်ခွင်မှာ...အဆင်ပြေမှာပါ...ပြီးရင်တော့ ..တတ်နိုင်သရွေ့ အဖြေ
ရှာကြည့်ပေါ့...... :)

phyo
07-21-2009, 10:37 AM
တစ်ကယ်လုပ်ရမှာက..အလုပ်ဖြစ်ဖို့ ..မြန်မြန် ပြီးမယ့်နည်းနဲ့ပဲ လုပ်ရမှာလေ...
ပြီးမှ..ကိုယ်ပိုင်အချိန်တွေမှာ.technical အရပြန်စမ်းပေါ့...အလွယ်ဆုံးနည်းက
တစ်ခါ..နှစ်ခါလုပ်ကြည့်..မရရင် file new ဖွင့်ပြီး....copy & paste လုပ်ပြီး ဖြေရှင်းပေါ့...ဒါမှမရရင်..များသောအားဖြင့်
Reinstall ပြန်လုပ်ကြတာပါပဲ..ကျွန်တော်လည်း လုပ်ခဲ့ပါတယ်..ဖြစ်သင့်တာက..ဒီcommand နဲ့မရရင်..ရနိုင်တဲ့..တစ်ခြား
command တွေနဲ့ ဖြစ်အောင်လုပ်တာပါပဲ...ပြီးမှ..စိတ်ကြိုက်ပြန်လုပ်ပေါ့....ကျွန်တော့်အတွေ့အကြုံအရ..အများစုက
system variable တွေချိန်းသွားတာပါပဲ...အွန်.ဘာမှလဲမပြောင်းဘဲနဲ့လို့.မေးစရာပါ..ဒီလိုပါ..ကျွန်တော်တို့ autocad command
တွေ ကိုသုံးတဲ့အခါ..နောက်ကွယ်က system variable တွေချိန်းပြီး..autolisp program တွေနဲ့ အလုပ်လုပ်သွားလေ့ရှိပါတယ်..



ဒါမျိုးနဲ့ ပတ်သက်လို့  ကျနော် ရဲ့  အတွေ့ အကြုံလေး တစ်ခု ပြောပြချင်တယ်..

ကျနော့်လို မူကြိုတွေအတွက်ပေါ့ဗျာ..

သိထားတဲ့သူတွေကတော့ ရယ်စရာဖြစ်ရင်ဖြစ်နေမှာပေါ့.. ကျနော်ကတော့ မကြုံဖူးခဲ့တော့ ဇောချွေးပြန်ပြီး ဖြေရှင်းခဲ့ရတာ.. မသိခင်ပေါ့
သိတော့လည်း လွယ်လွယ်လေးပါဗျာ..
အဓိက က AudoCAD 2008 software မှာ ကြုံရတာပါ..
ကျနော်အနေနဲ့  ၁၈၀ ၊ ၉၀ ၊ ၂၇၀ ၊ ၃၆၀ ဒီဂရီတွေနဲ့  ဆွဲရတဲ့ ပုံတွေမှာက Model မှာ Complete ပုံဆွဲပြီး
layout မှာ ပုံထုတ်ဖို့ အတွက် စကေးတွေ ( view port စကေးအပြင် ကိုယ်တပ်မယ့် အတိုင်းအတာတန်ဖိုးတွေကိုလည်း Viewport လုပ်ထားတဲ့ စကေးအတိုင်း ချိန်ညှိထားရပါတယ်.. ဥပမာ Layout paper တစ်ခုထဲမှာ Detail ပုံတွေကို စကေးအမျိုးမျိုးနဲ့  ဖော်ပြကြပါတယ်. အဲဒီအခါမှာ ၁း၂ ၊ ၁း၅၊ ၁း၁၀၊ ၁း၂၀ ၊ ၁း၅၀၊ ၁း၁၀၀ စသည့်ဖြင့် set လုပ်ထားတဲ့ vport စကေးအတိုင်း ၊ Dimension တန်ဖိုးတွေကို ဖော်ပြမယ့် DIM style မှာလည်း set လုပ်ပေးထားရပါတယ်.. ) အတိုင်းအတာ ၊ အညွန်းတွေ ၊ စကေး တန်ဖိုးတွေ အကုန်တပ်ရတာ ပုံမှန်အတိုင်းအဆင်ပြေပါတယ်..
ဒါပေမယ့် အဆောက်အဦ ၄ ခု ၅ ခုကို တစ်နေရာတည်းမှာ ၀ိုင်းကြီးပတ်လည် face to face လို ဆောက်ထားတဲ့ အိမ်ရာစီမံကိန်းလိုမျိုးမှာတော့
အများအားဖြင့် ဒီဂရီ အမျိုးမျိုး နဲ့  plan ချထားတာပါ.. အဲဒီအထဲကမှ ကိုယ်ဖော်ပြချင်တဲ့... ပုံတွေ လုပ်ငန်းအမျိုးအစားတွေကလည်း ပုံစံအမျိုးမျိုးနဲ့ 
ရှိနေတတ်တော့ မူရင်းပုံကို ဘာမှ မထိခိုင်စေဘဲနဲ့ .. Detail drawing တစ်ခုကို မိမိဖော်ပြလိုတာတစ်ခုတည်းကိုပဲ ထုတ်နှုတ်ဖော်ပြရင်.. viewport မှာ
ပုံတွေကို အတည့်ပေါ်ဖို့  ဒီဂရီ လှည့်ပေးရပါတော့တယ်.. Viewport ဘောင်ကို လှည့်တာမဟုတ်ပါဘူး.. Viewport ထဲမှာ ရှိနေတဲ့ ပုံတွေကို
မိမိလိုချင်တဲ့ ဒီဂရီအတိုင်း လှည့်ပါတယ်.. အဲဒီအခါ mvsetup command ကို သုံးရပါတယ်.. တစ်ခါခေါ်သုံးပြီးရင် mvs ဆိုပြီး အတိုကောက်ခေါ်သုံးလို့ ရပါပြီ..
ကျနော်ပြောချင်တာက
အဲဒီလို လုပ်တဲ့အခါ 2002 , 2007 တို့ မှာ တော့ ဘာမှမဖြစ်ပဲနဲ့ .. ၂၀၀၈ မှာတော့ တစ်ခါတစ်ရံ delete key ကို သုံးလို့ မရတော့ပါဘူး..
ဒါနဲ့ ပဲ လုပ်ငန်းပြီးဖို့  အဓိကဖြစ်နေတော့ erase command ကို သုံးပြီး delete လုပ်နေရတော့ ကိုယ်လုပ်နေကျမဟုတ်တော့ မြန်မြန်ဆန်ဆန်မလုပ်နိုင်ဘဲ .. အတော်ကြီး ကသိကအောက်ဖြစ်ရပါတယ်..
အမှန်တကယ်က အထက်မှာ ကိုpapagyi ပြောသွားသလို
system variable ပြောင်းသွားတာပါ... တကယ်လို့  မိတ်ဆွေအနေနဲ့ 
အဲဒီလို ဖြစ်လာခဲ့ရင်..

အခုအတိုင်း လုပ်လိုက်ပါ..

Command line မှာ pickfirst ဆိုပြီး ရိုက်ထည့်လိုက်ပါ.
ပြီးရင်enter ခေါက်
new value for pickfirst မှာ ( ၀ ) ဖြစ်နေရင် ( 1 ) ရိုက်ထည့် ပြီး reset လုပ်ပေးလိုက်ပါ..
variable တန်ဘိုးကို save လုပ်ပေးသွားပြီးရင်
keyboard ပေါ်က Delete key ကို သုံးလို့ ရပါပြီ

Command: Pickfirst

Enter new value for PICKFIRST <0>: 1

komyat
07-27-2009, 03:03 PM
ကျနော်လဲအတွေ့အကြုံလေးတွေမျှဝေချင်တဲ့စိတ်နဲ့ဒီစာကိုရေးဖြစ်တာပါ။မှားယွင်းမူရှိခဲ့ရင်လဲနားလည်ပေးပါလို့ကြိုပြီးတောင်းပန်ပါတယ်။ကျနော်ဟာပြည်ပနိုင်ငံတခုမှာလဲDesigner အလုပ်ကိုလုပ်ခိုင်းခဲ့ဘူးပါတယ်။Auto CAD ကျနော်တို့နိုင်ငံမှာခေတ်မစားခင်ကတော့လက်နဲ့ဆွဲရတဲ့အနေအထားနဲ့လဲလုပ်ကိုင်ဘူးပါတယ်။Auto CAD ခေတ်စားလာတော့လုပ်ကိုင်ရတာတိကျသေသပ် သန့်ရှင်းတဲ့ပုံစံတခုရလာတာတော့အမှန်ပါပဲ။မြန်မြန်နဲ့မှန်မှန်ပြီးလို့လုပ်ငန်းခွင်မှာသူမပါမပြီးတဲ့အခြေအနေဖြစ်လာပါတယ်။ထိုအခြေအနေကAuto CAD ပညာရှင်တယောက်အတွက်နေရာရလားမူဖြစ်ပါတယ်။ဒီလိုCAD ပညာရှင်တွေနေရာရှိလာတော့ဒီနေရာကိုစိတ်ဝင်းစားသူများလာပါတယ်။တနည်းအားဖြင့် လခ ကောင်းလို့လဲပါ ပါတယ်။ပညာရပ်ကိုတော့စိတ်ဝင်စားမူနည်းတာတွေ့ရပါတယ်။လခ တခုအတွက်နဲ့တော့ ဒီအလုပ်ကိုမလုပ်သင့်ပါ။အထူးသဖြင့် Engineer ကျောင်းဆင်းများကိုဆိုလိုပါတယ်။Auto CAD ဟာအကြားအမြင်ရတဲ့အရာမဟုတ်ပါ။အခြေခံDrawing ရဲ့ပညာကိုနားလည်အောင်လေ့လာပြီးမှပြည်ပကိုထွက်ကြပါ။ထိုသို့မဟုတ်ပါကပြည်ပတွင်မြန်မာများအတွက်Auto CAD နေရာပျောက်ပါလိမ့်မယ်။တခြားဘွဲ့သမားများလဲDrawing ရဲ့သဘောသဘာဝကိုလေ့လာပြီးမှလုပ်ကိုင်ရင်ပိုမိုအဆင်ပြေပါလိမ့်မယ်။စကေးကိုက် ပုံထုတ်တက်ဖို့အထူးလိုအပ်ပါတယ်။ပုံဆွဲတက်ပြီးပုံမထုတ်တက်သူများအမြဲတွေ့ရှိနေရပါတယ်။Line အထူ အပါး ဆွဲချင်သည်အကြောင်းမဲ့ဆွဲချင်မဟုတ်ပါ။ထိုကြောင့်နားလည်တက်ကျွမ်းသောသူများထံတွင်ပညာကိုဆည်းပူပြီးလုပ်ကိုင်ပါကအရာရာတွင်အဆင်ပြေပါလိမ့်မည်။နောင်အချိန်ရပါကလုပ်ငန်းခွင်တွင်ကြုံတွေ့နိုင်သောအချက်များကိုရေးသားပါအုံးမည်။ ကျေးဇူးတင်စွာဖြင့်.........

zero248
12-27-2009, 09:01 PM
Pls tell me how to upload my share file. Because I want to share about Autocad ebooks and pdf files.
We all are can share our blessing from God Blessing. If u have any idea to upload pls give me the way faster.
ပြောပြပါ ဘယ်လိုupload လုပ်၇မလ“
Sawgyi( CAdCraZee)

Hi Sawgyi, let me advise something is that u go to www.4shared.com and open account, I think it's free. And then u can upload whichever u like, but ur file should not be greater than 100MB.
And than drop the link in this forum or ???

Thanks
zero248

Pho Nanda
01-15-2010, 02:51 PM
ကျွန်တော့် အတွေ့ အကြုံအရ တော့ Building တစ်ခု Design စလုပ်တော့မယ်ဆိုရင် Archi သမားက Archi design drawing ကို အရင် ထုတ်ပေးပါတယ်။
အဲဒီ Design အပေါ်မှာ Structure သမားက Structure Design သမားက structure design calculation (ဥပမာ- Etab လို structure design software or something သုံးပြီး)
လုပ်ပါတယ်။ လိုအပ်ရင်တော့ Archi သမားနဲ့ Structure design engineer တွေ ညှိနှိုင်းမှုတွေလုပ်ရပါတယ်။
ရလာတဲ့ result data အပေါ်မှာမူတည်ပြီးတော့ Draft man တွေက details drawing တွေ ပြန်ဆွဲပေးရပါတယ်။ Details drawing တွေ
approve ဖြစ်တဲ့အခါမှာ တင်ဒါခေါ်တဲ့အလုပ်ကို လုပ်ပါတယ်။ site ထဲမှာလုပ်မယ့် engineers နဲ့ ပန်းရံ လက်သမားများ နားလည်နိုင်ဘို့အတွက်ကတော့
short drawing တွေကိုတော့ တင်ဒါရသွားတဲ့သူကဘဲ ဆွဲပေးရပါတယ်။

safe.strong
01-28-2010, 12:37 AM
it is really need to know how what and why in real work (job).

AutoCAD is the best I like.

According to my experiences,
At real work,
For CAD ( drafting). before we do some drawings, we should think about 4 points
Drawing should be
1. all necessaries information are needed to put
(without information (data) are look like body (No head)) < a human without head>
we can describe in any ways ( symbol , text, e.t.c)
2. NO miss understanding ( font type selection, font size, line type , e.t.c)
miss understanding to reader is dangerous . < a man without foots or hands>
3. Function
(Index, Cross references, date, project information, usable)