PDA

View Full Version : မြန်မာအင်ဂျင်နီယာဖိုရမ်မိသားစု၏ တတိယအကြိမ်အလှူတော်မင်္ဂလာ...

pooh.kglay
05-19-2010, 04:10 PM
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ ...
ဒီနေ့ မေလ 19 ရက်နေ့ 2010 မှာတော့ ကျွန်တော် တို့ MEF ကနေပြီးတော့ ... ရေအလှူအတွက် ရည်စူးပြီး
နာရေးကူညီမှုအသင်း နှင့် မြန်မာ အင်ဂျင်နီယာ အသင်းတို့ ကို လှူဒါန်းခဲ့ပါသည် ...

နာရေးကူညီမှု အသင်းကို မနက် 11 နာရီ အချိန် တွင် ငွေကျပ် 300000 (သုံးသိန်း) ကျပ် တိတိ ကို လှူဒါန်းခဲ့ပြီး
မြန်မာ အင်ဂျင်နီယာ အသင်းအတွက် ကွမ်းခြံကုန်း မှ စာသင်ကျောင်းတစ်ကျောင်း တွင် စက်ရေတွင်း တူးဖော်နေဆဲတွင်
အလှူငွေ လိုအပ်လာပါသဖြင့် ကျွန်တော်တို့ မြန်မာအင်ဂျင်နီယာဖိုရမ် မိသားစုမှ ကျပ်ငွေ 100000 (တစ်သိန်း) ကျပ်ကို
နေ့လည် 1 နာရီတွင် သွားရောက်လှူဒါန်းခဲ့ပါသည် ... စုစုပေါင်းလှူဒါန်းငွေက 400000 (လေးသိန်း) ကျပ် ဖြစ်ပါတယ်

ယနေ့ အလှူတွင် လိုက်ပါဆောင်ရွက်ပေးခဲ့သော .. ညီအကိုမောင်နှမ များမှာ
(၁) ပုရှ်ကောင်လေး
(၂) ကို Dragon_Warrior
(၃) မမအေး
(၄) မမနှင်းနှဖြိုး
(၅) ကိုနေမင်းသွေး
(၆) ကို caspernimo
(၇) ကိုစိုးဝေမောင်
(၈) ကိုရွှေညာသား တို့ဖြစ်ကြပါတယ် ခင်ဗျာ ...

အောက်တွင် အလှူခံဖြတ်ပိုင်းများ ကို တင်ပေးပါမယ် ခင်ဗျာ ... ဓါတ်ပုံတွေကိုတော့ ကိုကြီး Dragon_Warrior က တင်ပေးမှာဖြစ်ပါတယ် ခင်ဗျာ ..
လာမည့် Sunday တွင် ဆက်လက်လုပ်ဆောင်မယ့် အလှူတော် မင်္ဂလာအတွက်ကတော့ ဒီကနေ့ ညနေ ၆ နာရီ တွင် တိုင်ပင် ဆွေးနွေးသွားမှာဖြစ်ပါတယ် .. ခင်ဗျာ ..

http://img194.imageshack.us/img194/7937/70066147.jpg
နာရေးကူညီမှု အသင်းမှ အလှူငွေ ဖြတ်ပိုင်း လွှာ

:applaus :applaus :applaus :applaus :applaus :applaus :applaus

http://img413.imageshack.us/img413/1364/77478657.jpg
မြန်မာအင်ဂျင်နီယာအသင်းမှ အလှူငွေ ဖြတ်ပိုင်းလွှာ

အားလုံး သာဓု ခေါ်ဆိုနိုင်ကြပါစေ ... ခင်ဗျာ ..

ဖိုရမ်မှ မောင်နှမ အားလုံးကို ထာဝရ ခင်မင်လျက် ... pooh ကောင်လေး .... :imm:

Dragon Warrior
05-19-2010, 04:49 PM
:ok :ok :ok :ok :ok

ကဲ အားလုံးမျှော်လင့်နေကြတဲ့ အလှူတော်မင်္ဂလာ ပုံများကို တင်ပေးပါပြီ ...
နောက်ကျရခြင်းအတွက်တော့ အင်တာနက်ကိုသာ အပြစ်တင်ကြပါရန် တောင်းပန်အပ်ပါသည် .... ( :4: :4: :4: အဲသာမှ နာမတတ်တာကို သူများမသိမှာ ..... .... )

http://img442.imageshack.us/img442/2253/img3642p.jpg
နဂါးစစ်သည်တော်၊ ပုရှ်ကောင်လေး တို့ အလှူကိစ္စဆောင်ရွက်စဉ် ... (အနောက်မှ ရပ်နေသူများမှာ အေး နှင့် စိုးဝေမောင် ဖြစ်ပါသည်)

http://img695.imageshack.us/img695/1094/img3645t.jpg
ပုရှ်ကောင်လေးမှ အလှူငွေ ပေးအပ်ရန် ဟန်ပြင်နေပုံ ... .. .

http://img25.imageshack.us/img25/2386/img3647e.jpg
အလှူငွေပေးအပ်ပြီး ပြန်လည်ထွက်ခွာရန် အသင့် ... .. .

http://img204.imageshack.us/img204/3014/img3670l.jpg
ဝဲ မှ ယာ ( အေး၊ နှင်းနုဖြိုး၊ စိုးဝေမောင်၊ နေမင်းသွေး၊ နဂါးစစ်သည်တော်၊ ပုရှ်ကောင်လေး၊ ကက်စပါနီမို၊ ရွှေညာသား)

http://img200.imageshack.us/img200/3026/img3672rt.jpg
နာရေးကူညီမှုအသင်း ဆိုင်းဘုတ်ရှေ့က အမှတ်တရ မောင်နှမများ ...........

http://img91.imageshack.us/img91/7051/img3679q.jpg
အခုမြင်ကွင်းကတော့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကို သွားရောက်စဉ် ရိုက်ကူးထားတာပါ ... .. .

http://img340.imageshack.us/img340/5386/img3687le.jpg
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ကိုနိုင်ထူးအောင်သို့ အလှူငွေပေးအပ်စဉ် ... .. .

ကဲ အားလုံးပဲ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်ဗျာ ... .. . လာမယ့် တနင်္ဂနွေ လှုပ်ရှားမှုလေးတွေကိုလည်း ကြည့်ရမယ်နော် ... .. .

လေးစားကျေးဇူးတင်လျှက် ........
ီDragon Warrior ... ... ... :7: :7: :7:

lovemeautomatic
05-19-2010, 08:34 PM
သာဓု...သာဓု.....သာဓု
:) :) :)

thar maung
05-19-2010, 09:20 PM
သာဓု..သာဓု..သာဓု ပါဗျာ :) :) :)

hninn nu
05-19-2010, 09:56 PM
http://i46.tinypic.com/fvxnvr.jpg
http://i50.tinypic.com/24qmfb8.jpg

စပိုင်ချစ်သူ
05-21-2010, 11:57 AM
http://i45.tinypic.com/oqkb9z.jpg

Net Guide Journal Vol:1 Issue: 32

မောင်လေပြေလေး
05-21-2010, 12:20 PM
နာ့မှာတော့ အပင်ပန်းခံပြီးရေးထားတဲ့ သတင်း ဒင်းတို့က နာမည်လေးတောင် မဖော်ပြထားဘူး။ :angry: :angry:
ဘယ်သူရေးတာလဲတောင် မဖော်ပြဘူး။ M; M; fight.gif
ဒါပေမယ့် ဖြေစရာတခုရှိတာတော့ ဖိုရမ်သတင်းလေး ဂျာနယ်ထဲပါသွားတာလေးကတော့ ပျော်စရာပေါ့နော်။ :applaus :applaus :ok

မောင်လေပြေလေး
(လူတယောက်တွင် သခင်တယောက်သာ ရှိရမည်)

Kaung Gyi
05-21-2010, 05:57 PM
အဟစ်...ကိုကြီးနဂါးတို့ကတော့...သူ့နာမည်ကိုအပြည့်အစုံကို..ထည့်ထားတာ...အဟစ်... နာမည်..ဘာသာပြန်လွဲမှာစိုးလို့ထင်တယ်...
ဒါပေမယ်...နှုတ်ကစွဲသွားပြီ...ကိုကြီးနဂါးစစ်သည်ရဲ့....အဟဲ........ မောင်ရင်ကောင်း

papagyi
05-21-2010, 11:27 PM
ကုသိုလ်ဆိုတာ တစ်ကယ် ငွေ ..ပစ္စည်းလှူတဲ့ အလှုရှင်တွေထက် ကိုယ်ထိလက်ရောက် လုပ်အားပေး တဲ့ အလှူရှင်တွေက
ပိုပြီး ကုသိုလ်ရပါတယ်ဗျာ....ဒီတော့ ရန်ကုန်က မန်ဘာများကို ကျွန်တော် လဲ အားကျစွာနဲ့ပဲ အဝေးကနေ
သာဓုခေါ် လိုက်ပါတယ်ဗျာ...ဒီအလှူတွေ အတွက်ရော...ကိုယ်တိုင် အချိန်တွေပေးပြီး အားလုံးကိုယ်စား ကူညီတဲ့ အဖွဲ့သားတွေအားလုံးကိုပါ
ဖိုရမ်ကိုယ်စား ကျေးဇူးတင်ပါတယ်ဗျာ.. :)

Htet Soe Paing
05-23-2010, 08:38 PM
ကျွန်တော့် photos date များမှားနေပါတယ် ခွင်.လွှတ်ပါ။

http://img340.imageshack.us/img340/6831/dscn4913.jpg
http://img16.imageshack.us/img16/1664/dscn4928t.jpg
http://img153.imageshack.us/img153/9283/dscn4946i.jpg

Htet Soe Paing
05-23-2010, 09:35 PM
ကျွန်တော့် photos date များမှားနေပါတယ် ခွင်.လွှတ်ပါ။

http://img517.imageshack.us/img517/682/dscn4960.jpg

Htet Soe Paing
05-24-2010, 07:37 AM
http://img534.imageshack.us/img534/8004/dscn4986.jpg
http://img697.imageshack.us/img697/7108/dscn4987.jpg
http://img43.imageshack.us/img43/2892/dscn4995l.jpg
http://img101.imageshack.us/img101/1937/dscn5015m.jpg
http://img64.imageshack.us/img64/2159/dscn4921.jpg
အလှူမှာပါဝင်ကူညီပေးတဲ.မီးသက်ကားပါ

Dragon Warrior
05-24-2010, 10:05 AM
;D ;D ;D ;D ;D

မနေ့(၂၃ - ၅ - ၂၀၁၀)က မြန်မာအင်ဂျင်နီယာဖိုရမ်ရဲ့ ရေအလှူဓာတ်ပုံလေးတွေ ထပ်တင်ပေးလိုက်ပါတယ် ... .. .
ပိုစ့်ကတော့ ရေးစရာလည်းများ ပင်လည်းပင်ပန်းနေတာကြောင့် နောက်မှ ရေးပေးမယ်နော် ......... :4: :4: :4:

http://img337.imageshack.us/img337/5427/dsc02986f.jpg
အဲဒါကတော့ အသွားခရီး ကားပေါ်က ပုံပါ

http://img185.imageshack.us/img185/1001/dsc02988t.jpg
ရေထည့်နေတဲ့ ဂါလန် ၁၀၀၀ ဆန့် ဒိုင်နာကား ... (မျက်မှန်တွေနဲ့ မေရီချက်ပ်မင်းကျောင်းဆင်းတွေကတော့ နဂါးစစ်သည်ရဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ပါ ... :2: :2: :2:)

http://img580.imageshack.us/img580/8056/dsc02989e.jpg
ဒီလို လှူခဲ့ကြပါတယ် ...

http://img266.imageshack.us/img266/662/dsc02991j.jpg
ကြည်နူးစရာ ရေအလှူလေးပါ

http://img265.imageshack.us/img265/1327/dsc02993m.jpg
ရေကားအလှူရှင်ရဲ့ တီအီးကားပေါ်မှာ ပျော်ပျော်ပါးပါး ...

http://img691.imageshack.us/img691/7678/dsc02994rv.jpg
ဒီလို လှူခဲ့ကြပါတယ် ...

http://img232.imageshack.us/img232/7802/dsc02996si.jpg
တက်ကြွစွာပါဝင်ကြတဲ့ လူငယ်လေးတွေပါ ...

http://img338.imageshack.us/img338/1764/dsc02997b.jpg
ခံစားကြည့်လိုက်နော် ...

http://img46.imageshack.us/img46/5760/dsc02999k.jpg
ကြည်နူးစရာ မြင်ကွင်းလေးပါ ...

http://img156.imageshack.us/img156/4166/dsc03001g.jpg
လူမျိုး ဘာသာမရွေး လှူခဲ့ပါတယ် ...

ကဲ ကျန်တဲ့သူတွေလည်း ဓာတ်ပုံလေးတွေ တင်ပေးကြပါဦးနော် ...

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ ...
Dragon Warrior ... .. . :7: :7: :7:

pooh.kglay
05-24-2010, 11:48 AM
:shy မေလ 23 ရက်နေ့က ကျွန်တော် တို့ရဲ့ မြန်မာအင်ဂျင်နီယာဖိုရမ်ရဲ့ တတိယအကြိမ်မြောက်အလှူ ၏ တတိယမြောက်အလှူ ကိုအောင်မြင်စွာ ပြုလုပ်ပြီးစီးသွားပြီ
ဖြစ်ကြောင်းကို ဖိုရမ်မှ မောင်နှမ များ သာဓု ခေါ်နိုင်စေရန် ကြေငြာလိုက်ပါတယ် ခင်ဗျာ ...

ကျွန်တော်တို့ အလှူသွားခါနီးကားပေါ်ရောက်တော့ အမနေညို က အလှူတော်ငွေ တစ်သောင်းကျပ်ရယ် အမနေညိုတို့ ရုံးက အမက အလှူတော်ငွေ သုံးထောင်
ကျပ်ရယ် ကိုလင်း (ဆောင်းဆောင်း) မှ အလှူတော်ငွေ ငါးထောင် ရယ် စုစုပေါင်း တစ်သောင်း ရှစ်ထောင်ကျပ်ကို လှူဒါန်းသွားခဲ့ပါတယ် ခင်ဗျာ ..

ယခုလို လှူဒါန်းရသော အကျိုးအားကြောင့် အမနေညို ၊ကိုလင်း (ဆောင်းဆောင်း) နှင့် အမနေညိုတို့ ရုံးက အမ တို့၏ မိသားစုများသည် ကျန်းမာ ချမ်းသာ၍ ၀င်ငွေ လာဘ်လာဘ များ
တိုးပွားလာကာ ရေလှူဒါန်းရခြင်း အကျိုးကျေးဇူး များ ကို အပြည့်အ၀ ခံစားနိုင်ပါစေလို့ MEF ကိုယ်စား ကျွန်တော် ပုရှ်လေး က ဆုတောင်းပေးလိုက်ပါတယ်
ခင်ဗျာ ...

အမနေညိုတို့ လှူဒါန်းလိုက်တဲ့ အလှူတော်ငွေ တစ်သောင်းရှစ်ထောင်ကို ကျွန်တော် ပုရှ်လေးက အမနေညိုနှင့် တိုင်ပင်ပြီး တစ်သောင်းခွဲကျပ်ဖိုး ကို
1.5 လီတာ 6လုံးဘူးပါ 6 ကပ် တစ်ကပ်ကို (1500 နှုန်း နှင့် 6 ကပ် 9000 ကျပ် ) နှင့် 1.5လီတာ 3 ဘူး (900 ကျပ်) နှင့် 0.75 လီတာ
12ဘူးပါ 3 ကပ် (1700 နှုန်း နဲ့ 3ကပ် 5100 ကျပ်) တို့ကို ၀ယ်ယူလှူဒါန်းခဲ့ပါသည် .....

ကျွန်တော့် တွင်လဲ အလှူတော်ငွေ သုံးထောင်ကျပ် ကျန်ရှိနေပါသေးတယ် ခင်ဗျာ ..

အထက်တွင်လည်း ကိုရွေညာသား နှင့် ကိုDragon_Warrior တို့မှ ဓါတ်ပုံများ တင်ပြပေးထားပါတယ် ခင်ဗျာ ..
နောက်ထပ်ပြီးတော့ တင်ပေးရန်လည်း ကျန်ရှိပါသေးတယ် ခင်ဗျာ ...

သုံးခွမြို့ရေ လှူသော အဖွဲ့မှာ -
(၁) ပုရှ်ကောင်လေး
(၂) ကိုDragon-Warrior
(၃) ကိုသိုးကျောင်းသား
(၄) အမနေညို
(၅) အမတာတာ
(၆) အမအေး
(၇) အမမနောဖြူလေး
(၈) အမစိုးစန္ဒာ
(၉) မလရောင်
(၁၀) ကိုနေမင်းသွေး
(၁၁) ကို lovemeautomatic
(၁၂) ကိုရွေညာသား
(၁၃) ကိုကောင်းကြီး
(၁၄) ကိုလင်း (ဆောင်းဆောင်း) :4: :4:
(၁၅) ကိုဝေယံထွန်း
(၁၆) Ko lion
(၁၇) ကို blade
(၁၈) လောက
(၁၉) အမနှင်းနှဖြိုး
(၂၀) ကိုနီမို
ကိုနဂါးစစ်သည်တော်ကြီး ၏ ဘော်ဘော် နှစ်ဦး
အမတာတာ ၏ သူငယ်ချင်းများ ....
မလရောင် ၏သူငယ်ချင်းများ ..
အမမနောဖြူလေး ၏ မောင်လေး ..
အမနှင်းနှဖြိုး ၏ သူငယ်ချင်းများ ..
ပြင်ပအလှူရှင်များ ... နှင့် အခြားကျေးဇူးတင်ထိုက်သူများအားလုံး နှင့် ...
TE ကားပေါ်မှ ခင်မင်ရသော အကိုကြီးများ ( လှူနေတုန်း ဘော်ဘော်တွေဖြစ်သွားတာ :2: :2: )
အားလုံး ကို MEF ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေ ခင်ဗျာ ..

နာမည်ရေးဖို့ ကျန်ခဲ့ပါက လဲ ခွင့်လွတ်ပေးကြဖို့ တောင်းပန်ပါတယ် ခင်ဗျာ ကျေးဇူးလဲတင်ပါတယ်ခင်ဗျာ .. ဖုန်းနဲ့ လှမ်း fight.gif ဖို့ အနူးအညွတ်
တောင်းပန်အပ်ပါတယ် ခင်ဗျာ .. :3: ပုရှ်လေး က အသည်းငယ်လို့ပါခင်ဗျာ .. :6:

ဖိုရမ်မှ မောင်နှမ များကို ထာဝရ ခင်မင်လျက် ... pooh ကောင်လေး ... :imm:

levoman
05-24-2010, 01:21 PM
ခုလိုဖိုရမ်မန်ဘာများအားကြိုးမာန်တက်လှုခဲ့ကြတာကို အထူးကျေးဇူးတင်ပါတယ်ဗျာ ကိုယ်တိုင်ပါဝင်ခွင့်မရတဲ့အတွက်လည်းစိတ်မကောင်းဖြစ်ရပါတယ်
ခုလိုကြိုးစားအားထုတ်ပြီး အခက်အခဲများကြားက အလှုဖြစ်မြောက်အောင်အဖက်ဖက်က၀ိုင်းဝန်းဆောင်ရွက်ပေးကြတဲ့သူများကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ
နာမည်ကျန်ခဲ့မှာစိုးလို့ မရေးပေးတော့ဘူးနော် :e နောက်ထပ်လည်းဓာတ်ပုံတွေမျှော်နေတယ်ဗျို့
အားလုံးလည်းပင်ပန်းသွားကြပြီနော် သာဓု သာဓု သာဓုပါဗျာ
လိုအင်ဆန္ဒများတလုံးတ၀တည်းပြည့်ကြပါစေဗျာ

တာတာ
05-24-2010, 03:37 PM
အားလုံးပဲ မျှော်နေတဲ့ ရေအလှူကတော့ ပြီးမြောက်ခဲ့ပါပြီ ။
တကယ်ဆိုရင် အလှူပြီးပြီးချင် ပိုစ့်လာတင်ဖို့ပါပဲ ။ နောက်လဲ နောက်ကျနေပြီးတော့ ပင်လဲ ပင်ပန်းတာနဲ့ နားလိုက်လို့ ခုမှ လာတင်ဖြစ်တာ ခွင့်လွှတ်ပေးကြပါ ။

စနေနေ့ည ၁၁ နာရီမှာ တာတာ့ဖုန်းက ဖုန်းပြောနေရင်း ဟန်းဆက် လောင်သွားပါတယ် :-[ အဲ့ဒါနဲ့ အကို့အမျိုးသမီးရဲ့ ဟန်းဆက်ကို လှမ်းတောင်းတော့ မနက်စောစော လာယူလို့ပြောတယ် ။ ဒါနဲ့ မနက် တာတာ့ကိုလာကြိုတဲ့ကားလာရင် မ/ဒဂုံကို သွားယူမယ်လို့စဉ်းစားထားတာပါ။
မနက် ၄ နာရီလောက်ထဲက တာတာက အားလုံး ပြင်ဆင်ပြီးပါပြီ ။ ၅ နာရီထိုးတော့ ပုရှ်လေးကို အိမ်ဖုန်းနဲ့ပဲ ဖုန်းဆက်နှိုးပါတယ် ။သူက ၅ နာရီခွဲ တာတာ့အိမ်ကိုရောက်အောင်လာခဲ့မယ် ပြောပါတယ်။ နောက် တီအီးကားနဲ့ ဒိုင်နာကားအလှူရှင် ဗိုလ်ကြီးနေ၀င်းဇော်ကို ဖုန်းဆက်တော့ ကားသမားရောက်ရောက်ချင်း လွှတ်ပေးမယ်ပြောပါတယ်။ ဒါနဲ့ လိုက်ထရပ်နဲ့ လိုက်မဲ့ ညီမလေးကို ဖုန်းလှမ်းဆက်ပြီး လိုက်ထရပ်ကို လှည်းတန်းကို တစ်ခါထဲ ယူသွားပြီးစောင့်နေဖို့နဲ့ ဒိုင်နာကိုတာတာ့ဆီ လွှတ်ပေးဖို့ ၊ တာတာ မ/ဒဂုံကို သွားမှာမို့ ၇ နာရီ ထိုးခါနီးမှ ရောက်မယ်လို့ ပြောလိုက်ပါတယ် ။
ဖြစ်ချင်တော့ အဲ့ညီမလေးက ကား ၂ စီးလုံးကို သူ့ကို ယူသွားခိုင်းတယ်ထင်လို့ ၂ စီးလုံးကို လှည်းတန်းကို ခေါ်သွားပါလေရော ။ ပုရှ်နဲ့ တာတာက ကားအလာကို မျှော်ရင်း ၆:၁၅ မှာ ပုရှ်ကို ကြာဇံကြော် အထုပ် ၃၀ ဖိုးပေးလိုက်ပြီးတော့ ကြာဇံကြော်ဆိုင်မှာ စောင့်နေမဲ့ သိုးကျောင်းသားကို သွားခေါ်ပြီး လှည်းတန်းကို သွားနှင့်တော့ဖို့ လွှတ်လိုကပါတယ်။
နောက်တော့ မောင်လေးကောင်းကြီးဖုန်းကို ဆက်ကြည့်တော့ ကားတွေ ရောက်နေကြောင်းနဲ့ လူစုံနေပြီ ဖြစ်ကြောင်း သိလိုက်ပါတယ် ။ ကိုနဂါးက လာခဲ့တော့ဖို့ ပြောပါတယ် ။ တာတာလဲ ဒိုင်နာ တာတာ့ဆီလွှတ်ပေးဖို့နဲ့ တီအီးကားနဲ့ ရေကားစောင့်နေမဲ့ capital ရှေ့ကို သွားနှင့်တော့ဖို့ ပြောလိုက်ပါတယ်။ နောက်တော့ တာတာလဲ ဖုန်းဟန်းဆက်လဲပြီး capital ရှေ့ကိုရောက်တော့ အားလုံးက တက်ကြွစွာနဲ့ အလှူသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ ။ မစောင့်ဘူးဆိုတဲ့ တာတာ့ကိုပဲ စောင့်နေကြရတာပါ :-[ ။ ဒီနေရာကနေပဲ အားလုံးကိုတောင်းပန်ပါတယ် ။ တာတာလဲရောက် ရေတန့်တွေကို ရေတင်တာလဲ ပြီးခါနီးတာနဲ့ လူစီးကားတွေ စထွက်နှင့်ကြပါတယ် ။ ကိုနဂါးနဲ့ သူ့ချစ်သူငယ်ချင်းများက ရေကားတွေကို တာဝန်ယူပြီး လိုက်ခဲ့ပါတယ်။ ကားတွေကို သုံးခွသွားတဲ့လမ်းခွဲမှာ ခနစုရပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ။ သန်လျင်ကိုရောက်တော့ လရောင်စီးတဲ့လိုက်ထရပ်က သုံးခွမီးသတ်ကို ဆက်သွယ်ဖို့ သန်လျင်မီးသတ်ဌာနကိုသွားပါတယ်။ တာတာစီးလာတဲ့ ဒိုင်နာကားက ရေခပ်လှူဖို့ ပုံးတွေလိုလို့ သန်လျင်ဈေးကို ၀င်ခဲ့ပါတယ်။ ဖြစ်ချင်တော့ ကိုနဂါးတို့ ရေကား ၂ စီးက လမ်းခွဲကို ကျော်သွားပါတယ် ။ တာတာတို့ကလဲ လမ်းခွဲမှာ သူတို့စောင့်နေတာ မတွေ့တော့ သူတို့ မလာသေးဘူးဆိုပြီး စောင့်လိုက်ကြတာ အဲ့ဒီနေရာမှာတင် ၁ နာရီခွဲလောက် ကြာသွားပါတယ် ။ ဖုန်းမဆက်ကြဘူးလားလို့ မေးစရာရှိပေမဲ့ ဆက်သွယ်မှု ဧရိယာပြင်ပကို သူတို့ကရောက်နေတော့ ဘယ်လိုမှ ဆက်လို့မရဘူး ဖြစ်သွားပါတယ် ။ ကိုနဂါးတို့ကလဲ တာတာတို့ ကျော်သွားပြီထင်လို့ အတင်းလိုက် ၊ တာတာတို့ကလဲ သူတို့ နောက်မှာ တစ်ခုခု ဖြစ်နေပြီ ထင်လို့ ပြန်လိုက်ရှာ :( လွဲပုံများ ပြောပါတယ် :-[ ။ အဲ့ဒါနဲ့ ဒီလောက်စောင့်ပြီး လိုက်ရှာလို့မှ မတွေ့ရင်တော့ ကျော်သွားတာ ဖြစ်မယ်ဆိုပြီး လိုက်တော့မှ သုံးခွမြို့နယ်ထဲက သူဌေးကွင်းဆိုတဲ့ရွာမှာ တာတာတို့ အဖွဲ့တွေကို ပျော်ကပြီ ထင်ပြီး မျက်စိသူငယ် နားသူငယ်နဲ့ ရေလှူနေရှာတဲ့ ကိုနဂါးကိုတွေ့လိုက်ပါတော့တယ် ;D။
အဲ့ဒါနဲ့ လူပြန်စုမိပြီဆိုပြီး သုံးခွမြို့ထဲကို ဆက်ဝင်လာကြပါတယ် ။ သုံးခွမြို့မှာ ခန နားရင်းနဲ့ ညီမလေးလရောင်က သူ ဆက်သွယ်ထားတဲ့ သုံးခွမြို့မီးသတ်ဌာနကို သွားပါတယ်။ တာတာကတော့ တာတာ့သူငယ်ချင်းတစ်ယောက် သူလှူတဲ့ ရေကားပျောက်နေလို့ သုံးခွမြို့ကို ဆိုင်ကယ်နဲ့ ပတ်ရှာရပါသေးတယ် ။ နောက် တွေ့ပြီဆိုပြီး တာတာခေါ်လာတော့ ကားအမှားကြီး :4: ။ သူကလဲ သူ့အလှူရှင်ပျောက်နေတယ် ပြောတာကိုး :2: ။ တာတာ့သူငယ်ချင်းရဲ့ ရေကားထင်လို့ပေါ့ :2: ။ နောက်တော့ သူ့အလှူရှင်နဲ့ သူ့ရေကား တွေ့သွားပြီးတော့ သူတို့က အရင် ထွက်နှင့်ပါတယ် ။ တာတာတို့ကတော့ ဟိုဘက်လမ်းကြောင်းတိုလေးကို အရင်ရေသွားလှူနှင့်ပြီး တာတာတို့နဲ့ ဆက်လိုက်မဲ့ မောင်လေး လောက၊ ညီမလေး နှင်းနုဖြိုး၊ မောင်လေး နီမို တို့ကို ခနစောင့်ကြပါတယ် ။ လောက၊ နှင်းနုဖြိုး၊ နီမိုနဲ့ သူငယ်ချင်း သူငယ်ချင်း ၃ ယောက်က တာတာတို့သွားမဲ့လမ်းနဲ့ အနည်းငယ်ခွဲထွက်ရတဲ့ လမ်းလေးက ရွာ ၂ ရွာမှာ ရေလိုနေတယ်ဆိုလို့ မနက် ၅ နာရီထဲက သွားနှင့်ပြီး တာတာတို့နဲ့ ပြန်ဆုံဖို့ ချိန်းထားတာပါ ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူတို့ကားက ပျက်နေခဲ့ပါတယ် ။ သူတို့နဲ့ပါသွားတဲ့ဖုန်းကလဲ ဘက်ထရီကုန်သွားပြီး တာတာတို့နဲ့ လုံးဝ အဆက်သွယ် ပြတ်သွားခဲ့ပါတယ်။ ( သူတို့ကားကောင်းသွားလို့ တာတာတို့လှူခဲ့တဲ့ ၅ လီတာ လက်ဆွဲရေဗူးလေးတွေ နောက်ကို ခြေရာခံလိုက်ခဲ့တဲ့ အခါကျတော့ တာတာတို့ ပြန်သွားပြီလို့ သိရလို့ သူတို့ ယူလာတဲ့ ၂၀လီတာ ရေဗူးကြီး ၆၀၀ ကို ရေသန့်စက်ကို တောင်းပန်ပြီး ပြန်သွင်းခဲ့ရပါတယ် )
တာတာသုံးခွက ထွက်လာတဲ့အခါ သုံးခွမီးသတ်ဌာနက မီးသတ်ကားတစ်စီးက အကူအညီပေးခဲ့ပါတယ် ။ တာတာတို့လှူမဲ့ရွာတွေက အတွင်းပိုင်းထိမှန်းထားခဲ့ပေမဲ့ အဲ့ဒီနေ့က မိုးတွေရွာလို့ လမ်းပျက်တာကြောင့် အတွင်းပိုင်းကျတဲ့ရွာတွေကို သွားမလှူနိုင်ခဲ့ပါဘူး။ ဖိုရမ်ကလူတွေက ရွာတွေထိအောင် ကဲ့သယ်ပေးပါ့မယ်ဆိုတာတောင် ရာသီဥတုက အခြေနေမပေးခဲ့ပါဘူး :( ။
လှူမဲ့ရွာတွေကို သတ်မှတ်ထားခဲ့ပေမဲ့ မိုးရွာလိုက်တာရယ် ၊ တနင်္ဂနွေနေ့ဆိုတော့ ဌာနဆိုင်ရာ တော်တော်များများက လာလှူကြတာရယ်နဲ့ လှူမယ်ရည်ရွယ်ထားတဲ့ရွာတွေကို ကျော်လာခဲ့ရပါတယ်။ နောက်ဆုံးတော့ ဆက်သွားနေရင် အပြန်နောက်ကျနေမယ်ဆိုပြီး ခရမ်းနားအရောက်မှာ ပြန်ကွေ့လာခဲ့ကြပါတယ် ။ လမ်းတစ်လျှောက် ရေလိုမယ်ထင်တဲ့ရွာတွေကို ဖိုရမ်က နိဗ္ဓာန်ဆော်များက ရေရမယ်ဗျို့ ရေရမယ် ဆိုပြီးရေအလှူခံတွေကို ခေါ်ပါတယ် ။ ဦးရွှေဥာဏ်ကတုပ်ဆိုတဲ့ရွာက ဘုန်းကြီးကျောင်း အောင်မင်္ဂလာဘုန်းကြီးကျောင်း နဲ့ သိုက်တူးကန်ရွာဘုန်းကြီးကျောင်းများမှာ ၅ လီတာ ရေသန့်ဗူးများ၊ ဓာတ်ဆားများနဲ့ ဆေးဝါးများကို လှူဒါန်းခဲ့ပါတယ်။

ညနေ ၆ နာရီမှာ သန်လျင်မြို့က ပြန်ထွက်ခဲ့ကြပါတယ် ။
ဒီအလှူမှာ အားလုံးတညီတညွတ်ထဲ ပါဝင်လှူဒါန်းရတာ စိတ်ချမ်းသာခဲ့ပါတယ်။
အစီအစဉ်တစ်ချို့ လွဲချော်မှုကြောင့် စိတ်အနှောက်အယှက်များရှိခဲ့ရမယ်ဆိုရင် ဒီနေရာကပဲ အနူးအညွတ်တောင်းပန်ပါတယ် ။
အစီအစဉ်လွဲချော်မှုများက တာတာ့ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်လို့ ဒီနေရာကပဲ ထပ်ဆင့်တောင်းပန်ပါတယ် .. ။
ငွေစာရင်းရှင်းတမ်း ထပ်တင်ပေးပါ့မယ် ။

တာတာ
05-24-2010, 04:43 PM
အလှူငွေ စာရင်းရှင်းတမ်း

စုစုပေါင်းအလှူငွေ ၁၂၇၈၇၀၀

Alpine ၅ လီတာဗူး ၆၀၀ ၃၀၀၀၀၀ ( သုံးသိန်းကျပ်တိတိ )
ဒိုင်နာ ၁၄ ပေ တစ်စီး ၁၃၀၀၀၀ ( တစ်သိန်းသုံးသောင်းကျပ်တိတိ)
တန့် ၂ လုံး ၃၅၀၀၀ ( သုံးသောင်းငါးထောင်ကျပ်တိတိ )
အစက ရေဘောက်ဆာစီစဉ်ခဲ့ပါတယ် ။ ဒါပေမဲ့ တာတာ စီစဉ်ခဲ့တဲ့ရေဘောက်ဆာက သောကြာနေ့ ညနေကပဲ သုံးခွ အကျဉ်းထောင်ကို ရေသွားလှူရင်းနဲ့ တံတားကျိုးကျလို့ ဘောက်ဆာကားပါ ခါးကျိုးသွားတဲ့အတွက် ဘောက်ဆာနေရာမှာ ၁၄ ပေဒိုင်နာနဲ့ ရေတန့်တွေ အစားထိုးခဲ့ရပါတယ်။ အကျဉ်းထောင်ကို ဓာတ်ဆားများနဲ့ ဆေးဝါးများ သွားလှူမဲ့ အစီအစဉ်ကိုပါ ဖျက်လိုက်ရပါတယ် ။
ဓာတ်ဆား အထုပ် ၁၀၀၀ ၁၇၀၀၀၀ ( တစ်သိန်းခုနှစ်သောင်းကျပ်တိတိ )
ဆေး ၃၅၀၀၀ ( သုံးသောင်းငါးထောင်ကျပ်တိတိ )
ရေပုံး ၅ လုံး x ၁၃၀၀ ၆၅၀၀ ( ခြောက်ထောင့်ငါးရာကျပ်တိတိ )
လမ်းဓာတ်ဆီထည့် ၉၀၀၀ ( ကိုးထောင်ကျပ်တိတိ )
၁၄ ပေဒိုင်နာ အတွက်ဓာတ်ဆီပါ။ ကျန်ကားများအတွက်က ကားအလှူရှင်များမှ လှူဒါန်းပါတယ်။
သုံးခွမီးသတ်အလှူငွေ ၁၅၀၀၀ ( တစ်သောင်းငါးထောင်ကျပ်တိတိ )
ညီမလေးလရောင်မှ ဓာတ်ဆားထုတ်များနဲ့
ဆေးဝါးများကို သွားရောက်သယ်ယူစရိတ် ၅၀၀၀ (ငါးထောင်ကျပ်တိတိ )
လိုအပ်သော Mask များနှင့် အလှူရှင်များ
အဆာပြေစားသုံးရန်မုန့် ၁၂၀၀၀ ( တစ်သောင်း နှစ်ထောင်ကျပ်တိတိ )

စုစုပေါင်း ကုန်ကျစရိတ် ၇၁၂၅၀၀ ( ခုနှစ်သိန်းတစ်သောင်းနှစ်ထောင့်ငါးရာကျပ်တိတိ )

လောက ၊ နှင်းနုဖြိုး ၊ နီမို နှင့် သူငယ်ချင်းများ သွားရောက်လှူဒါန်းသော ကုန်ကျစရိတ်ကို အခြားသော သူငယ်ချင်းများမှ အလှူမျှဝေရန် တောင်းဆိုပါသဖြင့် ယခု အလှူငွေများတွင် ထည့်သွင်းစာရင်းပြုစုထားခြင်းမရှိပါ ။
ဖိုရမ်မှ ခွဲထွက်လှူဒါန်းခြင်း မဟုတ်ဘဲ ဖိုရမ်နှင့် အတူသွားလိုသော အခြားသူငယ်ချင်းများကိုယ်စား ( ယခုအလှူနှင့်အတူ လိုက်ပါချင်လွန်းလို့ မနက် ၅ နာရီလောက်ထဲက သွားပေးခဲ့ကြတာပါ ။ ကံဆိုးချင်တော့ သူတို့ခမျာ ဒီဘက်ကို ပြန်မလာနိုင်ခဲ့ကြပါဘူး ) သွားရောက်လှူဒါန်းခဲ့ခြင်းသာ ဖြစ်ပါကြောင်း ..

တာတာ့ဆီမှာ အလှူငွေ ၅၆၆၂၀၀ ( ငါးသိန်းခြောက်သောင်း ခြောက်ထောင်နှစ်ရာကျပ်တိတိ ) ကျန်ရှိနေပါတယ်

နေညို့ ကို ဘယ်လိုဆက်သွယ်ရပါ့မလဲ
တာတာ့ကို ပြန်အကြောင်းကြားပေးကြပါ

lovemeautomatic
05-24-2010, 07:16 PM
ပုံတွေစုပြီး mediafire မှာတင်ပေးလို့ရမလားဗျ။အမှတ်တရသိမ်းထားချင်လို့ပါ
နာ့အကြောင်းဘူသူမှသိသေးဘူး :4: :4: :4:
တော်သေးတာပေါ့ ;D

အေး
05-24-2010, 08:16 PM
ပုံတွေစုပြီး mediafire မှာတင်ပေးလို့ရမလားဗျ။အမှတ်တရသိမ်းထားချင်လို့ပါ
နာ့အကြောင်းဘူသူမှသိသေးဘူး :4: :4: :4:
တော်သေးတာပေါ့ ;D

http://img687.imageshack.us/img687/5292/dscn4946.jpg

အောင်မငေး

နာ တိပါ့..

မဖွချင်လို့နေနေတာ.. ။ ဟိ ဟိ...။နီက ဒီလိုရေးတော့ နာကဖွချင်လာရော..။

ဒီပုံမရိုက်ခင်လေး ဘာဖြစ်လဲဆိုတာ အကုန်သိတာ နာတစ်ယောက်ပဲ ရှိတယ်.. :2: :2:။ နာ့ရှေ့မှာမှ

လာဖြစ်နေတာကို.. :2: :2: :2: :2:။မမ မနောက ရှေ့ကရိုက်ပေးထားတာ..။

အဲနေရာမှာ ရေဗူးတွေချလှူတော့မယ်ဆိုတော့ loveme လေးက တက်တက်ကြွကြွနဲ့ ဆင်းသွားရော..။

သူသယ်ပေးတော့မယ်ပေါ့..။ လမ်းကမြင်တဲ့အတိုင်း မိုးက အပေါ်ယံစွတ်ပြီးရွာထားတယ်..။ လျှောရုံလေးရွာထားတယ်..။

ချော်လဲမယ်သတိထားကြနော်လို့ အချင်းချင်းသတိပေးပြီးသယ်ကြတုံး.. ကိုloveme က ရေနှစ်ပုံးလေး တစ်ဘက်တစ်ချက်စီမလို့

သယ်ကူသွားတာ နှစ်လမ်းသုံးလမ်းလောက်ရောက်ယုံရှိသေး လျှောကနဲ့ချော်လဲပါရောလား.. :2: :2: :2: နာမပြောတော့ဘူးလို့ နေနေတာ.. :2: :2:

ဖင်မှာရွှံ့တွေချည်းပဲ..။ နာက အလိုလိုနေမှ ရယ်ချင်နေပါတယ်ဆို..တူက နာ့ရှေ့တည့်တည့်မှာ လာချော်လဲနေတယ်..။ နာလည်းရယ်တော့တာပေါ့..။

အဲပုံမှာနာရှေ့ကိုကုန်းနေတာက အောက်ကိုငုံ့ကြည့်နေတာ ဟုတ်ဘူး..။ နီ့ကိုကြည့်ပြီးရယ်နေတာ..သိပြီလား... :2: :2: :2: :2:

သူ့မျက်နှာကလည်းဓာတ်ပုံရိုက်လို့ ရယ်နေတာမဟုတ်ဘူး..ချော်လဲတာရှက်လို့ရယ်နေတာ..။ မမမနောဖြူလေးက အမိအရရိုက်ပေးထားတာ..သိကြပြီလား.. :4: :4: :4:

ခင်မင်စွာဖြင့်

အစ်မအေး

နေမင်းသွေး
05-25-2010, 03:17 PM
အလှု မလုပ်ခင် အချိန်တွေမှာ.....လှုရမယ်လို့ တွေးပြိး...ကြည်နူးရပါတယ်...............

ပြိးသွားတော့လည်း သူတို့လေးတွေ လက်ထဲမှာ...သူတို့ မျော်လင့် နေကြတဲ့ လိုချင်ကြတဲ့ အရာရရှိသွားကြလို့ အရမ်းပိတိဖြစ်ရပါတယ်.............

အနည်းငယ်..တိမ်းစောင်း လွဲခဲ့တာလေး တွေရှိပေမဲ့ နောက်ဆုံး ပြန်ကြည်ရင် ကောင်းမွန် မြင့် မြတ်တဲ့ အလုပ်တွေ လုပ်ခဲ့ကြတာပါ.........................

ဥိးစိး ဥိးဆောင်တဲ့ သူတွေ ရှေ့မှာ စိတ်ညစ်ရတာလေးတွေ ရှိပေမဲံ့ အားလူုံးပြန်ကြည့်ရင် အောင်မြင်ခဲ့ကြတော့ တော်တော် စည်လူံးတယ်လိုှူု့ ဆိုရပါ့မယ်............

ဒိလူို ဖိုရမ်ကိုယ်စားပြူလေ တွေကတွေ လှုမှုရေး..အသင်းအဖွှဲ့တွေမှာ လုပ်ဆောင်နိုင်လာကြတာဟာ...တကယ်တော့ တကယ်ကိုကောင်း တာလေးတွေပ့ါ...........

အဖွဲ့အစည်း..တစ်ခုကို ကိုယ်စားပြုနိုင်တာလေးတွေဆိုတော့ နောက်နှောင်လည်း ကြိုဆိုလိုက်ကြ၇အောင်ဗျားးးးး

kolion
05-25-2010, 06:53 PM
အားလုံးပဲ ကြည်နူးဝမ်းသာစရာ အလှူလေးပါ ပီတိဖြစ်မိပါတယ် :) :) :)

hninn nu
05-25-2010, 09:47 PM
တာတာတို့ကတော့ ဟိုဘက်လမ်းကြောင်းတိုလေးကို အရင်ရေသွားလှူနှင့်ပြီး တာတာတို့နဲ့ ဆက်လိုက်မဲ့ မောင်လေး လောက၊ ညီမလေး နှင်းနုဖြိုး၊ မောင်လေး နီမို တို့ကို ခနစောင့်ကြပါတယ် ။ လောက၊ နှင်းနုဖြိုး၊ နီမိုနဲ့ သူငယ်ချင်း သူငယ်ချင်း ၃ ယောက်က တာတာတို့သွားမဲ့လမ်းနဲ့ အနည်းငယ်ခွဲထွက်ရတဲ့ လမ်းလေးက ရွာ ၂ ရွာမှာ ရေလိုနေတယ်ဆိုလို့ မနက် ၅ နာရီထဲက သွားနှင့်ပြီး တာတာတို့နဲ့ ပြန်ဆုံဖို့ ချိန်းထားတာပါ ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူတို့ကားက ပျက်နေခဲ့ပါတယ် ။ သူတို့နဲ့ပါသွားတဲ့ဖုန်းကလဲ ဘက်ထရီကုန်သွားပြီး တာတာတို့နဲ့ လုံးဝ အဆက်သွယ် ပြတ်သွားခဲ့ပါတယ်။ ( သူတို့ကားကောင်းသွားလို့ တာတာတို့လှူခဲ့တဲ့ ၅ လီတာ လက်ဆွဲရေဗူးလေးတွေ နောက်ကို ခြေရာခံလိုက်ခဲ့တဲ့ အခါကျတော့ တာတာတို့ ပြန်သွားပြီလို့ သိရလို့ သူတို့ ယူလာတဲ့ ၂၀လီတာ ရေဗူးကြီး ၆၀၀ ကို ရေသန့်စက်ကို တောင်းပန်ပြီး ပြန်သွင်းခဲ့ရပါတယ်။

ကျနော်ရယ် လောကရယ် နီမိုရယ် နောက်သူငယ်ချင်း 3ယောက်ရယ် မနက် ၅နာရီခွဲလောက်ရန်ကုန်ကထွက်ပီး ရန်ကုန်နဲ့ သိပ်မဝေးနဲ့ ကျေးရွာလေး2ရှာကိုသွားလှူဖို့ ဝရိယကောင်းခဲ့ ပါတယ် (တခါမှ မနက်5နာရီမထဖူးတာတော့ သေချာပါတယ် :angry:ဖိုရမ်အလှူဆိုလို့ ဝီရိယကောင်းတာပါ)
ကျနော်တို့ 6ယောက်အရင်ဆုံး ထော်သွန်ဆိုတဲ့ ရွာလေးကိုရောက်ပါတယ် အဲ့ ဒီရွာကတော်တော်ခေါင်ပါတယ် ကားဝင်လို့ မရတဲ့ ရွာပါ တံတားတဖတ်ကမ်းကနေပဲကျနော်တို့ ကားသေးလေးရပ်ပီးသူတို့ ကတံတားကူးပီးလာသယ်ကြပါတယ်
အဲ့ ဒီမှာကျနော်တို့ 20liter ရေသန့် ရေဗူး280ကိုလှူခဲ့ ပါတယ်
အဲ့ ဒီနောက်ကျနော်တို့ အပြန်ရွာဖြစ်တဲ့ ကုလာဝဲချောင်းကျေးရွာကိုရောက်ပါတယ်
အဲ့ ဒီရွာမှာအရင်အဖွဲကလှူနေတာကသုံးရေ ပါ အဲ့ ဒါကအလုံလောက်မပေးနိုင်တော့ ပုံခွံတွေနဲ့ ကျန်နေတဲ့ ရွာသူရွာသားတွေကို
ကျနော်တို့ ပါလာတဲ့ ရေသန့် တွေအကုန်ကို ကျနော်တို့ လှူပေးခဲ့ ပါတယ်
အဲ့ ဒီနောက်မနက်10နာရီမှာကျနော်တိုအောင်အောင်မြင်မြင်နဲ့လှူဒါန်းဖြစ်ခဲ့ ပါတယ်ရှန် :7: :7:
ပီးတော့ ကျနော်တို့ အမတာတာနဲ့ ချိန်းထားတဲ့ စုရပ်ကိုအထွက်မှာ :jog
ကျနော်တို့ သုံးခွဘက်လမ်းကြောမှာလှူဖို့ စီစဉ်ထားတဲ့ 20liter ဗူ6း00တင်တဲ့ ကားက ဂစ်ပြတ်လို နောက်ထပ်ကားတစီးကိုအမြန်ရှာရပါတယ်
ကားရတော့ ရေဗူးပြောင်းတင်တာကိုရေသန့် နဲ့ ကျနော်တို့ အဆက်သွယ်လုပ်တော့ သူတို့ က1နာရီအချိန်ပေးပါဆိုလို့ ကျနော်တို့ စောင့် ပါတယ်
အဲ့ ဒီအချိန်မှာပဲလမ်းဆုံလမ်းခွမှာချိန်းထားတဲ့ အမတာတာတို့ ဖိုရမ်အဖွဲကလဲ အစီစဉ်လွဲချော်ပီးသုံးခွမီးသတ်ထိရောက်သွားတော့ 
ကျနော်တို့ အဲ့ ဒီလမ်းဆုံမှာပဲ :angry: :angry: :angry: :angry:ဖြစ်ဖြစ်စောင့် ရင်းနဲ့  ဗိုက်ဆာဆာနဲ့ ကျနော်တို့ ..................
ဖြစ်ချင်တော့ ညနေ2နာရီခွဲတဲ့ ထိကျနော်တို့ စောင့် လိုက်ရပါတယ်
(ဖြစ်ချင်တော့ ကျနော်တို့ မှာပါတဲ့ ဖုန်းကလုံးဝအားကုန်သွားပါတယ်
သုံးခွရောက်လို့ လိုင်းဖုန်းနဲ့ ဆက်တော့ လဲ အဖွဲ့ ကဖုန်းတွေကအဆက်သွယ်မရအောင်ဖြစ်နေပါတယ် :'( :'( :'()
ကျနော်တို့ သုံးခွမီးသတ်ကိုချက်ချင်းလိုက်လာတော့ ခ၇မ်းဘက်ထွက်သွားပီဆိုလို့ 
ကျနော်တို့ လိုက်ပါတယ် လမ်းမှာ 5liter ပုံးလေးတွေမြင်တော့ ဝမ်းသာအားရနဲ့ ကျနော်တို့ ခြေရာခံပီးခရမ်းမီးသတ်ထိလိုက်ပါတယ်
မီးသတ်ကသူတို့ ခရမ်းထိမလာပဲလမ်းမှာတင်လှည့် သွားပီဆိုတော့ ကျနော်တို့ အချိန်ကညနေ6နာရီကျော်နေတော့ 
လှူဖို့ ရာအချိန်ကလဲအရမ်းလင့် နေတာနဲ့ ရာသီဥတုကလဲမိုးသည်းနေတာနဲ့ လာလှူတဲ့ အဖွဲတွေကလဲများနေတာနဲ့ ရေအလှူခံဖို့ ရာသူတို့ မှာပုံးမရှိတော့ တာနဲ့ 
ကျနော်တို့ ပါလာတဲ့ ဗူးတွေကိုရေသန့် ကိုပဲပြန်သွင်းဖို့ လုပ်လိုက်ရပါတယ်( ကားပေါ်ကကျနော်တို့ တတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပေါ :imm: :ok :imm:့)
အဲ့ ဒီလိုလွဲချော်မှုပေါင်းများစွာနဲ့ ကျနော်တို့ မောင်နှမတစုရန်ကုန်ကို ည10နာရီမှပြန်ရောက်ခဲ့ ပါတယ်
ရောက်ရောက်ချင်းအမတာတာဆီဝင်ပီးကျနော်တို့ ရဲ့ အလွဲတွေကိုမောမော နဲ့ စိတ်ပူပီးဖြေရှင်းပေးတဲ့ အမတာတာကိုလဲဒီနေရာကနေကျေးဇူးတင်ပါတယ :7: :7:်

(ကျနော်တို့ စောစောထွက်ပီးသွားလှူတာအလှူကိုခွဲလုပ်တာမဟုတ်ပါဘူး ကျနော်တို့ ကားကသေးသေးနဲလမ်းကျဉ်းကျဉ်းနဲ့ မတူတဲ့ လမ်းကြောမို့ ကျနော်တို့ စောထွက်ပီးလှူမိတာပါ တကယ်လို့ ကျနော်တို့ ကြောင် အစီအစဉ်လွဲချောပီးစိတ်အနှောက်ယှက်ဖြစ်ခဲ ရမယ်ဆို ကျနော်ဒီနေရာကနေ ကျနော့ မောင်လေးတွေနဲ့ သူငယ်ချင်းတွေကိုယ်စားကျနော်အထူးတောင်းပန်အပ်ပါတယ်

ဒါပေမဲ့ 
ဂေါပုရ်ရဲ့  သုံးခွသို့ ရေအလှူဖိုရမ်အမည်စာရင်းထဲမှာမပါတဲ့ အတွက်အ၇မ်းပဲဝမ်းနည်းမိပါတယ် :'( :'( :( :(
ဒါပေမဲ့  ကျနော့ သူငယ်ချင်းမိစိုးစန္ဒာ ကိုလတ်အောင် ကိုအောင်ကျော်ဆန်း ကျော်မျိုးဆန်းတို့ ဖိုရမ်မှားပါင်လှုပ်ရှားလိုက်ရတဲ့ အတွက်ကျနော်အရမ်းပဲဝမ်းသာပိတီဖြစ်ရပါတယ် :7: :7:
ဘဲစုတ်တယောက်လဲအကြေင်းကြောင်းကြောင့် မပါတဲ့ အတွက် ဘဲစုတ်ကိုလဲဒီနေရာကနေတောင်းပန်ပါတယ်
ဒါပေမဲ့ ကျနော်တို့ ရည်ရွယ်ချက်အတိုင်းကျနော်တို့ ထော်သွန်ရွာနဲ့ ကုလာဝဲရွာမှာသေချာအောင်မြင်စွာလှူခဲ့ ရလို့ လှူဒါန်းဆဲကုသိုလ်ပိတိနဲ့  အခုလှူဒါန်းပီး ပိတိကိုကျနော်ပျော်ရွင်ကျေနပ်စွာရရှိခဲ့ တဲ့ အတွက်
အလှူဖြစ်မြောက်အောင်လုပ်ပေးခဲ့ တဲ့ ရပ်နီးရပ်ဝေးဖိုရမ်မှမောင်နှမအားလုံးကိုကျေးဇူးအထူးတင်ရှိကြောင်းဒီနေရာကနေကျနော်ပြောလိုက်ပါတယ်နော်

ကျနော်တို့ လှူဒါန်းဖြစ်ခဲ့ တဲ့ ပုံတွေကိုတော့ မောင်လေးလောက မှတင်ပေးမှာဖြစ်ပါတယ် မျှဝေခံစားကြတာပေါ့ :7: :7: :7: :7: :7: :7: :7:

ဟိန်းလေး
05-25-2010, 10:47 PM
မြန်မာအင်ဂျင်နီယာဖိုရမ်ရဲ့ တတိယအကြိမ်မြာက် အလှူပွဲကြီးအောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် များစွာကျေနပ်ဂုဏ်ယူမိပါကြောင်းနှင့်
လိုက်ပါဆောင်ရွက်ကြသော ဖိုရမ်မှ မောင်နှမများ သူငယ်ချင်းများနှင့် အလှူရှင်များအားလုံးအားကျေးဇူးအထူးတင်ရှိပါကြောင်း ၊
ဓါတ်ပုံများ ကြည့်ရင်းနဲ့ ရင်ထဲမှာ ပီတိများစွာဖြင့်....
အဝေးက သာဓုခေါ်ပါ၏

ဟိန်းလေး

လောက
05-25-2010, 10:58 PM

ကျွန်တော့်အမတွေ အထက်မှာ ပြောပြသွားကြတာ အတော်စုံပြီလို့ထင်ပါတယ်။ဘာပဲပြောပြော ရေလှူတဲ့အဲ့နေ့လေးဟာ
ဖိုရမ်ညီအကိုမောင်နှမတွေအားလုံးကုသိုလ်ရကြမှာ မလွဲပါဘူး။ တခုခု မှားယွင်းခဲ့တယ် လွဲချော်ခဲ့တယ်ဆိုရင်လဲ
ကျွန်တော့်မှာပဲတာဝန်ရှိပါတယ်။အဲ့အတွက်လဲ ဖိုရမ်မန်ဘာအားလုံးကိုတောင်းပန်ပါတယ်။အမနှင်းနုနဲ့နီမိုဆိုရင်လဲ
မနက်ငါးနာရီကြီး ကျွန်တော်လိုက်ခဲ့ဖို့ အကူညီတောင်းလို့ပါ။အားလုံးကိုသေချာစီစဉ်ထားခဲ့ပေမယ့်
မျှော်လင့်မထားတဲ့ အခက်အခဲတွေရှိတဲ့အတွက်ကြောင့် လိုအပ်ချက်အများအပြားတော့ရှိခဲ့ပါတယ်။
အဲ့ဒီလိုအပ်ချက်တွေ အားလုံးဟာလဲ ကျွန်တော့်ရဲ့ စီစဉ်တာ ညံ့ဖျင်းမူကြောင့်သာဖြစ်ပါတယ်။
စေတနာနဲ့တညလုံးနီးပါး အကြံဥာဏ်တွေပေးခဲ့သော
ကျွန်တော့်ကိုလက်ချာသေချာရိုက်ပေးတဲ့ကိုသိုး။ ရန်ကုန်ကိုရောက်တာမကြာသေးပေမယ့် ကျွန်တော်လိုက်ခဲ့ဖို့ အကူအညီတောင်းတာကိုကူညီပြီးလိုက်ခဲ့ပေးသော ကိုနီမို။ ကျွန်တော့်ရဲ့ အမကြီး အမနှင်းနု။
ဖုန်းနဲ့မက်ဆေ့များနဲ့ကျွန်တော်လိုက်ခဲ့မယ်ကိုလောက ဆိုပြီး အလှူ စလုပ်ဖို့ စီစဉ်ကတည်းက
အားတတ်ဖွယ်ပြောကြားပေးခဲ့တဲ့ ကိုနေမင်းသွေး။ိုပုရှ်ကောင်လေး။ ပုဂ္ဂိုလ်ရေးစိတ်ညစ်စရာတွေကြားထဲက
မန္တလေးကနေတောင် အကူအညီ အများကြီးပေးခဲ့တဲ့ သူငယ်ချင်း ပုရှ်ကာတွန်း။ရေအလှူ တော့ပစ်စတင်ကတည်းက အလှုငွေတွေလိုက်ကောက်ပေး
ပါဝင်လှူဒါန်းကြတဲ့ ကျွန်တော့်ကိုယုံကြည်ပေးသော့ လေးပွ။အမနွေဥိး။အမတာတာဆိုလဲ ကျွန်တော့် တော့ပစ်တင်လိုက်ပြီးတဲ့နောက်ပိုင်း ကျွန်တော်တစ်ယောက်ထဲ မနိုင်မှာစိုးသောကြောင့်သူပါဝင်ကူညီပေးခြင်းဖြစ်ပါတယ်။နောက်ပီးတော့ သူငယ်ချင်းလရောင်ဆိုလဲ သူပါဝင်ပြီး ကူညီပေးတာတွေဟာမနည်းပါဘူး။
အဲ့အတွက်လဲ အမတာတာနဲ့သူငယ်ချင်းလရောင်ကိုကျေးဇူးအများကြီးတင်ပါတယ်။ကိုရာမညဖိုးလပြည့်က အစပြုလို့ အလှူအတွက်
အကြံဥာဏ်ဖြစ်စေ ငွေအားဖြစ်စေ လူအားဖြစ်စေ အားလုံးစုပေါင်းလုပ်ဆောင်ကြတဲ့ဖိုရမ်မန်ဘာတွေအားလုံးကို
ရေအလှူအတွက် ရေလိုအပ်နေတဲ့သူတွေကိုယ်စားကျွန်တော်က ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
ဖိုရမ်မန်ဘာတစ်ယောက်အနေနဲ့လဲသာဓုခေါ်မိပါတယ်။မမျှော်လင့်ထားတဲ့အခက်အခဲလေးတွေ
လွဲချော်မူတွေရှိခဲ့ပေမယ့် ဖိုရမ် မန်ဘာနှင့်တခြားပါဝင်လှူဒါန်းကြတဲ့ MEFမန်ဘာသူငယ်ချင်းများအားလုံး
ရေအကျိုးဆယ်ပါးကိုမတောင်းပဲနဲ့ ပြည့်ဝကြမယ်ဆိုတာအသေအချာပါပဲ။တကယ်လို့ လွဲချော်မူတွေရှိခဲ့တာအတွက်
ကျွန်တော့်တွင်သာ တာဝန်ရှိသောကြောင့် ကျွန်တော့်ရဲ့ အသုံးမကျမူ ညံ့ဖျင်းမူသာဖြစ်ပါတယ်။
အဲ့အတွက်လဲ ဖိုရမ်ညီအကိုမောင်နှမများနှင့် ရေအလှူမှာပါဝင်ကြတဲ့သူငယ်ချင်းအားလုံးကိုတောင်းပန်ပါတယ်။
ရေအလှူကိစ္စမှာ အားတတ်သရော ပါဝင်ကုသိုလ်ယူကြတဲ့ နိုင်ငံခြားမှ မြန်မာနိုင်ငံမှ ဖိုရမ်မန်ဘာများနှင့်သူငယ်ချင်းအားလုံးကိုလဲ
ရေအလှူရရှိကြတဲ့သူတွေကိုယ်စားကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ :)
ရေအကျိုးဆယ်ပါး မတောင်းပဲပြည့်မယ့် ဖိုရမ်ညီအကိုမောင်နှမများနှင့်အလှူရှင်များ :) :) :)

phoelapyae
05-26-2010, 06:06 PM
ပုံတွေစုပြီး mediafire မှာတင်ပေးလို့ရမလားဗျ။အမှတ်တရသိမ်းထားချင်လို့ပါ
နာ့အကြောင်းဘူသူမှသိသေးဘူး :4: :4: :4:
တော်သေးတာပေါ့ ;D

အမှတ်တရ သိမ်းထားချင်သူများ ရေအလှူကုသိုလ်ပုံတွေကို ဒီမှာတင်ပေးလိုက်ပါတယ်။
တစုတစ်စည်းတည်း သိမ်းထားချင်သူများအတွက်ပါ ။
facebook မှာလဲ တင်ပေးထားပါသေးတယ်။

http://ifile.it/q14il8s
(or)
http://www.mediafire.com/?ojmmjy4e22m
(or)
http://www.myanmarengineer.org/index.php?ind=downloads&op=entry_view&iden=363

NayNyo
05-27-2010, 01:24 PM
တာတာ ဆီမှ အလှူ လက်ကျန်ငွေ 566, 200 ကျပ်တိတိ ကိုလွဲပြောင်းယူပြီးပါပြီ။
ပွတ်ရှ်ကောင်လေး ဆီမှ လက်ကျန်ငွေ 3000 ကျပ်တိတိကိုလည်း လွဲပြောင်းယူပြီးပါပြီ။
ထိုငွေများအားလုံးကို ကမ္ဘောဇ ဘဏ်မှာ အကောင့်ဖွင့်ပြီး အပ်နှံထားပါတယ်။
စုစုပေါင်း အလှူငွေ 569,200 ကျပ်တိတိပါ။

lovemeautomatic
05-27-2010, 07:28 PM
ကိုယ်ကျိုးစွန့်ပြီးကူညီနေတာချီးကျူးဖို့ကောင်းလိုက်တာနော် :2: :2: :2:
အားလုံးဘဲလက်ခုပ်တီးပြီးအားပေးလိုက်ကြပါ.....ရွှီး....ဖြောင်း.....ဖြောင်း....
(ဘယ်သူမှမတီးလဲကိုယ့်ဘာသာကိုယ်တီးတယ်ကွာ...ဘာဖြစ်လဲ :4: :4: :4: :4:)

lovemeautomatic
05-27-2010, 07:38 PM
အမငေးငေး......အန်းမအေးရယ်လုပ်ရက်ပါပေ့.....ရက်စက်မှုအပေါင်းဦးထုပ်ဆောင်းပြီပေါ့လေ.... :angry: :angry: :angry:
ကွဲသွားလို့ပြန်ဆက်ထားတဲ့မရှိရှိမဲ့အရှက်တွေတော့ပြန်ကွဲကုန်ပါပြီ...အီး...ဟီး....ဟီး...... :'( :'( :'( :'(
တိုနဒါးနဲ့တိုင်ကျောမယ်....ရွှတ်.....ရွှတ်... :'( :'( :'(

(မှတ်ချက်-တလလောက်ကိုယ်ယောင်ဖျေက်သွားပါပြီ :shy :shy :shy)

Kaung Gyi
05-27-2010, 08:46 PM
တကယ်ကိုကြည်နူးဖွယ်ရာ..အလူလေးတစ်ခုဖြစ်ပါတယ်..ကျွန်တော့်အတွက်တော့...ဒီလိုအလုဟာဘ၀မှာပထမဦးဆုံးပါပဲ....ပျော်စရာတွေဖြစ်ခဲ့သလို..ရေလိုအပ်သူတွေရဲ့အပူတွေကိုလည်းတွေ့ခဲ့ရပါတယ်..
နောက်နောင်ကိုလည်း...ဘယ်လိုအလူမျီုးပဲဖြစ်ဖြစ်...ကျွန်တော်တို့..ငါးယောက်ကအသင့်ရှိနေမှာပါ... ကျွန်တော်တို့ငါးယောက်လုံးအတွက်တကယ်ကိုမမေ့နိုင်တာကတော့..
အလုံပိတ်ရေသန့်ကားထဲမှာ..ရေသန့်ဘူးတွေကိုခွစီးပြီး...ထိုင်လိုက်ခဲ့တာဖြစ်ပါတယ်..ကိုနဂါးကြီးနဲ့လေ...တကယ်ပါပဲ..အသည်းထဲကိုအေးအေးသွားတာ...အနော်ထိုင်တာကရေဘူးပေါ်မှာ.
ရေဘူးက ကားလှုပ်ရင်ဘေးကိုစောင်းပြီး...နံရံဘက်ကို.ယိုင်ယိုင်သွားတာ....လူကိုလန့်ရော...အပေါ်ကတန်းကိုကိုင်ထားရပါတယ်...အပေါ်ကတန်းကိုကိုင်တော့လဲ...
အဘယ်သူက..အမဲဆီတွေသုတ်ထားသည်မသိ...လက်ကိုပေရော....အဲ...ထိုင်နေရင်း...ရေဘူး.ကကားခုန်တော့..အိအိကျလာပါတယ်...အနော့်ဝိတ်နဲ့ဆိုတော့လေ...
ကိုနဂါးကတော့အားပေးရှာပါတယ်....မင်းဝိတ်လောက်တော့အပျော့ပါကွာတဲ့...ရဲရဲသာထိုင်တဲ့.... တကယ်ပါ..ရင်ခုန်ရပါတယ်..အဟ.ဲ

ကျွန်တော်တို့သွားတဲ့...ရွာမှာ..ရေသန့်ကိုအားရ၀မ်းသာလာရောက်ပြီး...ရေထမ်းတွေနဲ့လာသယ်ကြပါတယ်.တစ်ခုထူးဆန်းတာကတော့....ရေလာသယ်သူအများစူဟာ..မိန်းကလေးတွေဖြစ်နေကြပါတယ်.
ယောကျာင်္းသားတွေလည်းပါပါတယ်...ဒါပေမဲ့..မိန်းကလေးတွေလောက်တော့မများပါဘူး....ရွာထဲကဘုန်းကြီးကျောင်းနှစ်ကျောင်းကိုရေသန်ဘူးတွေကျွန်တော်တို့သွားပို့ကြပါတယ်..
မိုးကလဲရွာနေပါတယ်...၀မ်းနည်းမိတာက..ရွာထဲကယောကျာင်္လေးတွေက...ထိပ်ကဆိုင်ထဲမှာထိုင်ပြီး..ဒီအတိုင်းကြည့်နေကြတာကိုပါ...တကယ်ဆိုရင်...မိမိအိမ်အတွက်မဟုတ်တောင်မှ..
ဘုန်းတော်ကြီးကျောင်းတွေအတွက်...ကုသိုလ်ပြုပေးသင့်တယ်ထင်ပါတယ်...

မိုးကလဲ...၇ွာတော့...တစ်ကိုယ်လုံးကိုစိုရွှဲကြပါတယ်...ကိုနဂါး.ကိုပုရ်.ကိုသို့း..ဆောင်းဆောင်းတို့နဲ့...မိုးရွာထဲသစ်ပင်အောက်မှာ...ကြာင်္ဇကြော်တွေ...စားခဲ့ရတာကိုလည်း..မေ့မယ်မဟုတ်ပါဘူး..
အိမ်ပြန်လမ်းမှာတော့...တီအီးကားပေါ်ကနေ...လိုက်လာခဲံပါတယ်...ရေတန့်ကြီးတွေပေါ်မှာထိုင်လို့ပေါ့ဗျာ....(ကိုနဂါးရေ...အနော်ဖြင့်...မျက်လုံးဝိုင်းဝိုင်းလေးကိုမေ့လို့ကိုမရဘူး)
လမ်းမှာအနော်တို့လိုရေလာလှူတဲ့ကားတွေကိုလဲ...တွေ့သမျှ လှမ်းအော်ပြီးနှုတ်ဆက်ကြပါတယ်...ပျော်စရာပါ....မိုးရွာထဲမှာ..တစ်နေကုန်ခဲ့တဲ့..ငါးယောက်သောကျွန်တော်တို့ဟာ..
အစ်မတာတာရဲ့..ဆေးကပဲစွမ်းလို့လား....ကျောင်းလေ့ကျင့်ရေးကပဲစွမ်းလို့လား....ခုထိတော့..မည်သိုမျှ..မဖြစ်သေးပါဗျ...အနော်ဖြင့်ကိုနဂါးကြီးကို...အုပ်ထိန်းသူဆိုပြီး.
ကျောင်းကိုခွင့်တင်ခိုင်းမလို့လေ...ဒါပေမယ့်...ဘာမှမဖြစ်တော့လဲ...တက်လိုက်ပါတယ်...အဟဲ...

တစ်ခုရှိပါသေးတယ်....ကျောင်းရောက်တော့...အနော်တို့ထဲက blade က ကျောင်းကဆရာမတစ်ယောက်ကို..အလှူသွားပြီးလုပ်အားပေးတဲ့..အကြောင်းကိုပြောပါတယ်.
သနားစရာကောင်းတာက....ဆရာမဟာပြင်ပလောကနဲ့အဆက်အသွယ်ပြတ်နေပုံရပါတယ်...အဲဒိနေရာတွေမှာရေမရှားကြောင်းပြောပြီးငြင်းနေပါရောလား....ဒါနဲ့...အနော့်ဖုန်းထဲ့က..
ပုံတွေထုတ်ပြပါတယ်...ဒါတောင်မှ..၀မ်းနည်းမိပါတယ်...ဆရာမက..အနော်တို့..၁၈နှစ်သားတွေကကြီးကြီးကျယ်ကျယ်တွေလုပ်နေတယ်ဆိုတဲ့...ပုံစံမျိုးပြပါတယ်...
အနော်ဖြင့်တကယ်ကိုဝမ်းနည်းပါတယ်....အနော်တို့ကိုတစ်မျိုးမြင်ပုံရပါတယ်....အနော်တို့မှာဖြင့်..ကုသိုလ်လိုချင်လို့ကို...တမင်လိုက်ကြတာပါ..
တခြားဘာလိုနာမည်တွေ..ဓာတ်ပုံတွေထဲပါတာကိုမှမျှော်လင့်တာလည်းမဟုတ်ပါဘူး...အဲ..တစ်ခုတောရှိပါတယ်..ကျွန်တော်တို့ကျောင်းတီရှပ်...ဆင်တူဝတ်လာကြပါတယ်...

ဒါဟာလည်း...ရေကြောင်းတက်နေတဲ့ကောင်တွေဆိဲုပြီး..မော့ပြချင်လို့လဲမဟုတ်ပါဘူး....အမှန်အတိုင်းပြောရရင်..အနော်တို့..အပတ်စဉ်ဟာ..နာမည်ဆိုးထွက်နေပါတယ်...
ဒါကြောင့်..တစ်ချက်ခုတ်နှစ်ချက်ပြတ်အောင်...ဒီလိုအလုပ်တွေလည်းလုပ်ကြပါလားဆိုပြီး...ကျောင်းအနည်းငယ်ပဲဖြစ်ဖြစ်ဂုဏ်တက်အောင်ရည်ရွယ်ပြီး....ကျွန်တော်က.
ကျောင်းတီရှပ်ဝတ်ဖို့ပြောခဲ့တာပါ....
နောက်တစ်ချက်လည်း၇ှိပါသေးတယ်...ဖိုရမ်မောင်နှမတွေထဲကပြောတာပါပဲ......ကျွန်တော်မည်သို့မျှမရည်ရွယ်ပါဘူး....တစ်ယောက်ကပြောပါတယ်...
ဖဲရိုက်လို့ရပြီတဲ့...ဒီတီရှပ်ဝတ်ထားတဲ့သူတွေဆိုရင်သိပြီးသားတဲ့....ဟုတ်ပါလိမ့်မယ်...အများစူဟာ..ထိုသိ့ဖြစ်ပါတယ်..ဒါပေမယ်....အားလုံးတော့မဟုတ်ပါဘူး...
ရေ ကုသိုလ်ရေးမှာပါဝင်လာကြတဲ့....ရေကြောင်းကကျောင်းသားငါးယောက်မှာ...ဖဲရိုက်တတ်သူတစ်ယောက်မှမပါပါဘူးဗျာ....အားလုံးဟာ...ကူညီချင်စိတ်ရှိသူတွေဖြစ်ပါတယ်..
တကယ်တော့...ပြောရင်လဲပြောစရာပါ...အတော်များများကအဲလိုဖြစ်နေတာပါပဲ... ၀မ်းနည်းမိပါတယ်...

အားလုံးပဲ..တကယ်ကိုပျော်စရာကောင်းပါတယ်...ကျွန်တော်တို့အတွက်ကတော့တစ်ပတ်လောက်ကို...ပြောစရာတွေမကုန်အောင်ကိုဖြစ်နေပါတယ်...ကျွန်တော်လုပ်ဖူးသမျှတွေထဲမှာ..
အားအရဆုံးပါပဲ... နောက်ကိုလဲ..ဘယ်လိုကုသိုလ်ရေးမဆိုပါဝင်ကြမှာပါ... စီစဉ်ကြသူတွေကိုတကယ်ပဲကျေးဇူးတင်ပါတယ်..
ကောင်းကြီး.

Dragon Warrior
05-29-2010, 10:33 PM
အမငေးငေး......အန်းမအေးရယ်လုပ်ရက်ပါပေ့.....ရက်စက်မှုအပေါင်းဦးထုပ်ဆောင်းပြီပေါ့လေ.... :angry: :angry: :angry:
ကွဲသွားလို့ပြန်ဆက်ထားတဲ့မရှိရှိမဲ့အရှက်တွေတော့ပြန်ကွဲကုန်ပါပြီ...အီး...ဟီး....ဟီး...... :'( :'( :'( :'(
တိုနဒါးနဲ့တိုင်ကျောမယ်....ရွှတ်.....ရွှတ်... :'( :'( :'(

(မှတ်ချက်-တလလောက်ကိုယ်ယောင်ဖျေက်သွားပါပြီ :shy :shy :shy)

ညီငယ်လေး လဗ်မီအော်တိုမက်တစ်ရေ ......... :2: :2: :2:

ကုသိုလ်ရေးမှာ ရေ၀ိုင်းဆွဲတော့ အခြေပိုင်း ဗိုင်းကနဲလဲတာကို တစ်ချက်ထဲနဲ့ အရှက်မသည်းပါနဲ့လေ ... .. . ပုံပြင်လေးပြောပြမယ်ကွဲ့ .. တစ်ခါသားက အညာဖျားရွာတစ်ရွာမှာ သွားခေါသူလူငယ်လေးရှိသတဲ့ ... သင်းကလေးက မခေလေတော့ သူကြီးသမီးကိုမှ ကြံစည်ချင်တယ်ပေါ့ .. ဟိုကလည်း မာနခဲဆိုတော့ နောက်ကိုမကြံရလေအောင် လူတွေ့တိုင်း ခေါစိန် ခေါစိန်လို့ ခေါ်သကွယ် ... အဲသာကို သူငယ်ကရှက်လေတော့ သူကြီးကိုတိုင်သတဲ့ ... သူကြီးကလည်း သမီးကိုမေးတော့ ဟုတ်ကြောင်းဝန်ခံတာနဲ့ .. ဂလိုမျိုး အမိန့်တော်မှတ်သဗျ ....... ကိုင်း သမီးကလည်း သည်ကလေးကို နောက်နောင် ခေါစိန် ခေါစိန် မခေါ်နဲ့ ..... သူငယ်လေးကလည်း နောက်ကို မခေါပါနဲ့တဲ့ဗျ ......
ကိုင်း အခုလည်း အစ်ကိုနဂါးစစ်သည်ကို တိုင်မယ်ဆိုလျှင်ဖြင့် ဖြေရှင်းမည်ကား .......... အေးသည်လည်း နောက်ကို ဖင်ထိုင်လျက်လဲကြောင်း မစရ ....... မောင်လဗ်မီလေးသည်လည်း ရင်ဆိုင်တွေ့က ဖင်ထိုင်မေ့သလို ချော်လဲ၍ ဖင်ထိုင်လျက်ကျခြင်းမပြုရ .......... တရားမျှတတယ်မဟုတ်လားကွယ်တို့ ..........

တကယ်ကိုကြည်နူးဖွယ်ရာ..အလူလေးတစ်ခုဖြစ်ပါတယ်..ကျွန်တော့်အတွက်တော့...ဒီလိုအလုဟာဘ၀မှာပထမဦးဆုံးပါပဲ....ပျော်စရာတွေဖြစ်ခဲ့သလို..ရေလိုအပ်သူတွေရဲ့အပူတွေကိုလည်းတွေ့ခဲ့ရပါတယ်..
နောက်နောင်ကိုလည်း...ဘယ်လိုအလူမျီုးပဲဖြစ်ဖြစ်...ကျွန်တော်တို့..ငါးယောက်ကအသင့်ရှိနေမှာပါ... ကျွန်တော်တို့ငါးယောက်လုံးအတွက်တကယ်ကိုမမေ့နိုင်တာကတော့..
အလုံပိတ်ရေသန့်ကားထဲမှာ..ရေသန့်ဘူးတွေကိုခွစီးပြီး...ထိုင်လိုက်ခဲ့တာဖြစ်ပါတယ်..ကိုနဂါးကြီးနဲ့လေ...တကယ်ပါပဲ..အသည်းထဲကိုအေးအေးသွားတာ...အနော်ထိုင်တာကရေဘူးပေါ်မှာ.
ရေဘူးက ကားလှုပ်ရင်ဘေးကိုစောင်းပြီး...နံရံဘက်ကို.ယိုင်ယိုင်သွားတာ....လူကိုလန့်ရော...အပေါ်ကတန်းကိုကိုင်ထားရပါတယ်...အပေါ်ကတန်းကိုကိုင်တော့လဲ...
အဘယ်သူက..အမဲဆီတွေသုတ်ထားသည်မသိ...လက်ကိုပေရော....အဲ...ထိုင်နေရင်း...ရေဘူး.ကကားခုန်တော့..အိအိကျလာပါတယ်...အနော့်ဝိတ်နဲ့ဆိုတော့လေ...
ကိုနဂါးကတော့အားပေးရှာပါတယ်....မင်းဝိတ်လောက်တော့အပျော့ပါကွာတဲ့...ရဲရဲသာထိုင်တဲ့.... တကယ်ပါ..ရင်ခုန်ရပါတယ်..အဟ.ဲ

မိုးကလဲ...၇ွာတော့...တစ်ကိုယ်လုံးကိုစိုရွှဲကြပါတယ်...ကိုနဂါး.ကိုပုရ်.ကိုသို့း..ဆောင်းဆောင်းတို့နဲ့...မိုးရွာထဲသစ်ပင်အောက်မှာ...ကြာင်္ဇကြော်တွေ...စားခဲ့ရတာကိုလည်း..မေ့မယ်မဟုတ်ပါဘူး..
အိမ်ပြန်လမ်းမှာတော့...တီအီးကားပေါ်ကနေ...လိုက်လာခဲံပါတယ်...ရေတန့်ကြီးတွေပေါ်မှာထိုင်လို့ပေါ့ဗျာ....(ကိုနဂါးရေ...အနော်ဖြင့်...မျက်လုံးဝိုင်းဝိုင်းလေးကိုမေ့လို့ကိုမရဘူး)
လမ်းမှာအနော်တို့လိုရေလာလှူတဲ့ကားတွေကိုလဲ...တွေ့သမျှ လှမ်းအော်ပြီးနှုတ်ဆက်ကြပါတယ်...ပျော်စရာပါ....မိုးရွာထဲမှာ..တစ်နေကုန်ခဲ့တဲ့..ငါးယောက်သောကျွန်တော်တို့ဟာ..
အစ်မတာတာရဲ့..ဆေးကပဲစွမ်းလို့လား....ကျောင်းလေ့ကျင့်ရေးကပဲစွမ်းလို့လား....ခုထိတော့..မည်သိုမျှ..မဖြစ်သေးပါဗျ...အနော်ဖြင့်ကိုနဂါးကြီးကို...အုပ်ထိန်းသူဆိုပြီး.
ကျောင်းကိုခွင့်တင်ခိုင်းမလို့လေ...ဒါပေမယ့်...ဘာမှမဖြစ်တော့လဲ...တက်လိုက်ပါတယ်...အဟဲ...

အားလုံးပဲ..တကယ်ကိုပျော်စရာကောင်းပါတယ်...ကျွန်တော်တို့အတွက်ကတော့တစ်ပတ်လောက်ကို...ပြောစရာတွေမကုန်အောင်ကိုဖြစ်နေပါတယ်...ကျွန်တော်လုပ်ဖူးသမျှတွေထဲမှာ..
အားအရဆုံးပါပဲ... နောက်ကိုလဲ..ဘယ်လိုကုသိုလ်ရေးမဆိုပါဝင်ကြမှာပါ... စီစဉ်ကြသူတွေကိုတကယ်ပဲကျေးဇူးတင်ပါတယ်..
ကောင်းကြီး.

ညီငယ် ကောင်းကြီးရေ ..............

ဒီပွဲလေးမှာ ညီလေးတို့ပါဝင်လာတဲ့အတွက် ရေအလှူရဲ့ အပိုင်းလေးတွေကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တာ အစ်ကိုအသိဆုံးပါညီလေးရေ ... ညီလေးရေ တစ်ကယ်တော့ ဘယ်ကိစ္စမဆိုပြီးမြောက်အောင်မြင်ခြင်းသည်သာ အဓိကဖြစ်တယ်ကွဲ့ .......... အဲဒီအပိုင်းကိုသာ အာရုံထားပြီးလုပ်ဆောင်မယ်ဆိုရင် မောသမျှပန်းသမျှလေးတွေဟာ ပီတိသုခနဲ့အတူ ပြေပျောက်သွားပါတယ်ကွယ် ... ... ... ညီလေးရေ ဒီအလှူလေးကနေ အတွေ့အကြုံတွေအများကြီး ရယူနိုင်လိမ့်မယ်လို့ အစ်ကိုမျှော်လင့်ပါတယ် .......... နောင်များမှာလည်း ညီလေးတို့ရဲ့ စေတနာ့ဝန်ထမ်းခွန်အားများကို အကျိုးရှိစွာအသုံးချပြီး ဖိုရမ်ရဲ့ လူမှုရေးလုပ်ငန်းတွေကို ပြီးမြောက်အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်မယ်ဆိုတာ အစ်ကိုယုံကြည်ထားပါတယ်ဗျာ .................

ကဲ အားလုံးသော ညီအစ်ကိုမောင်နှမများကို ထပ်ပြီးတော့ စုစုစည်းစည်းညီညီညာညာ တွေ့ဆုံချင်ပါသေးတယ် ..................

အားလုံးကို ကျေးဇူးတင်လေးစားစွာဖြင့် ... .. .
Dragon Warrior ..... :7: :7: :7:

waiyanminnaing
05-30-2010, 02:42 AM
ကိုလောက ရဲ့ G talk custom massage မှာရန်ကုန် မှာ ရေရှာ:နေတယ်ဆိုတာကို စပြီးသိရတာပါ
နောက်တော့ သူကပိုစ့်တင်တင်ပီး လင့်ခ်ပေးလို့ဝင်ကြည့် ပေမယ့်လည်း ဒီလိုပဲ ကြည့်ပီး ဒီတိုင်းပဲ ထားမိတယ်
နောက်တော့ အလှူလုပ်မယ် ဘာညာဆိုတော့ အင်းပေါ့လုပ် တော့လည်း လှူလိုက်မယ်ဆိုပီး ဒီတိုင်း ပဲ ထားမိတယ်
ကိုလောက မေးတယ် အကိုရော မလှူဘူးလာတဲ့ အင်းလှူမာပေါ့ပြောပီး ဘယ်လိုလှူရမလဲ ဆိုပီးမေး ကြည့်တော့
ကျွန်တော်ကို ကိုတာယာ gmail account ပေးလိုက်တယ် ကိုတာယာကတဆင့် မKPZ ရဲ့ gmail account နဲ့ phone no.
ကိုရတယ်ဗျ။အဒီမှာကျွန်တော် သူငယ်ချင်:အချို့ကသူတို့လည်း လှူချင်ကြတယ်ဗျာ။
ပြဿနာက အဒီမှာစတာပဲ ကျွန်တော်တို့ Bank တွေက လုံးဝကို မတူကြဘူ:ဗျာ။ရန်ကုန်ကို အလှူငွေ ပို့ဖို့ရက်ကလဲ ကပ်နေ
ကျွန်တော်တို့တွေ ကလဲ တွေ့ဖို့က ဘယ်လိုမဖစ်နိုင် ကဲကျွန်တော်ပဲ စိုက်မယ်ဆိုပီးစိုက်ပေးဆိုတော့လည်း ကျွန်တော်ကသူ့တို့လှူချင်
သလောက်မစိုက်နိုင် သူတို့ ကျွန်တော်မှာဒီလောက် ပဲရှိလို့ ဒီလောက်ပဲလှူပါဆိုပီး အာ:နာနာနဲ့ တောင်ပန်ရပြန်ရော
အဒီအထီ အဆင်ပြေတော့ မနက်ဖြန်ဆိုရင် အလှူငွေကိုရန်ကုန်ကို ပို့တာမှာ
မKPZ ဆီအလှူငွေ ပို့မယ်ဆိုတော့ သူနဲ့ကျွန်တော်နဲ့ ကလည်း bank ချင်းကလည်းမတူ လူချင်:တွေ့ဖို့လည်း အချိန်ကမရှိတော့ဘူ:
လူချင်:မတွေ့ ဘူ:မသိပေမဲ့ ရတယ်အမစိုက်ထားမယ်ဆိုတဲ့မKPZ ရဲ့ကျေးဇူးကြောင့် ကျွန်တော်တို့ရဲ့အလှူငွေလေး ရန်ကုန်ကိုပါသွား ပါတယ်။
ဒီအလှူကို စတင်အောင်လုပ်ပေးတဲ့ ကိုလောက
အများကြီ:လှူချင်ပေ့မဲ့ မလှူလိုက်ရတဲ့ ကျွန်တော်ရဲ့သူငယ်ချင်: ကိုတင်အောင်မြင့်ဌေး နဲ့ ကိုစောမျိုးလှိုင်
စကာ:ဆက်မီလို့ပြောရင်:နဲ့ အိတ်ထဲပါတာလေးလှူသွားသော MHDA ကအမတစု
အလှူငွေကိုရန်ကုန်ရောက်အောင် စိုက်ပေးထားသော အမKPZ
အလှူမှာစိတ်ရောကိုယ်ပါ ကူညီကြသော သူငယ်ချင်:များအားလုံးကို
ဒီနေရာကနေပြီး အထူးကျေ:ဇူးတင်ရှိပါတယ်ခင်ဗျာ။
ကျေ:ဇူးတင်ဖို့ကျန်ရှိတဲ့လူများအားလုံးကိုလဲ ကျေ:ဇူးတင်တင်ရှိပါတယ်ခင်ဗျာ။
လေ:စာ:စွာဖြင့်
ဝေယံ

လောက
05-30-2010, 04:16 PM

ဖိုရမ်မန်ဘာတွေရဲ့ ရေအလှူအတွက်ပို့စ်လေးတွေကိုဖတ်ရတာနဲ့တင် ပီတိဖြစ်ရပါတယ်။
လူတစ်ယောက်နဲ့တစ်ယောက် ကိုယ်ချင်းစာ စိတ်လေးတွေကိုလဲ အတိုင်းသားတွေ့မြင်ရတာကြည်နူးဖွယ်ပါပဲ။ :) :) :)
လူတိုင်းအဲ့လိုစိတ်လေးတွေ ရှိကြပီး တသက်လုံး မပျောက်ပျက်ကြပါစေနဲ့လို့ ကျွန်တော် မောင်လောကဆုတောင်းပေးပါတယ်ဗျာ :) :) :) :7: :7: