PDA

View Full Version : STK IC Amplifer ကြောင်းလေးမေးချင်လို.ပါ။



mgthetsan
05-21-2010, 08:25 PM
2 channals ပါတဲ့ STK Amplifier IC တွေမှာ အဲ့ဒိ 2 channal ကို Bridge amplifier အဖြစ် တည်ဆောက်လို.ရပါသလားခင်ဗျာ။

nyi.nyi
05-28-2010, 12:24 PM
ကျွန်တော် သိသလောက် ပြောရရင်တော့ channel ၂ ခု မှာ တစ်ခု က normal နောက်တစ်ခုက inverted ဖြစ်နေရင်တော့ ရတယ်။
အဲ့ဒီ IC ရဲ့  datasheet ကို ကြည့်ရင်တော့ bridge ရ/မရ သိနိုင်ပါတယ်။
တချို့  IC တွေက channel ၂ ခုပါတယ် ဒါပေမယ့် normal stereo channel ၂ ခု ဆိုတော့ speaker ၂ ခုနဲ့  stereo ဆက်လို့ ရတယ်။
bridge လုပ်ပြီး speaker တစ်ခုတည်းနဲ့ ဆက်လို့ တော့မရဘူး။
တချို့  2-ch IC တွေကြတော့ channel တစ်ခုကို normal ထားပြီး နောက် တစ်ခုကို bridge လုပ်ပြီး သုံးရင်လဲရအောင် inverted လုပ်ပေးထားတယ်။
အဲ့လို IC ဆိုရင်တော့ ရတယ်။
တစ်ခုတော့ သတိထားပေါ့ stereo မှာတုန်းက 4 Ohm speaker နှစ်ခု သုံးထားတယ်ဆိုရင် bridge မှာ ဆို 8 Ohm speaker သုံးရမှာပေါ့။
ဒါမှမဟုတ် အဲ့ဒီ amplifier က 4 Ohm bridged speaker ကို ခံနိုင် တယ်ဆိုရင်တော့ ရတာပေါ့။
မဟုတ်ရင်တော့ amplifier ကို ထိခိုက် နိုင်တာပေါ့။