PDA

View Full Version : FPGAs (Field Programmable Gate Arrays)



zeyartw
06-09-2010, 06:35 PM
ဒီ Topic မှာ ကျွန်တော့်အနေနဲ့ အဓိကဆွေးနွေးချင်တာကတော့ FPGA လို့အတိုကောက်အမည်တွင်တဲ့ Field Programmable Gate Array တွေအကြောင်းပဲဖြစ်ပါတယ်။

FPGA များ၏သမိုင်းကျဉ်း
PROM (Programmable Read Only Memory) တွေနဲ့ PLDs (Programmable Logic Devices) တွေကနေ အခြေခံပြီး အလုပ်ခွင်နယ်ပယ်ထဲမှာ သုံးစွဲသူစိတ်ကြိုက် program လုပ်ကာသုံးစွဲ နိုင်တဲ့ Field Programmable Gate Array (FPGA) ရယ်လို့ ၁၉၉၀ လောက်ကစတင်ပေါပေါက်လာတာပါ။ ၁၉၈၀ ၀န်းကျင်လောက်မှာ Naval Surface Warfare Department ကနေ၍ စစ်တပ်တွင်းအသုံးပြုရန်ရွယ်ပြီး Reprogrammable Gates (ပရိုဂရမ် ထပ်ကာထက်ကာရေးနိုင်သော ဂိတ်များ) ၆၀၀၀၀ကျော် ပါဝင်သော ကွန်ပျူတာတစ်လုံးကို တီထွင်ဖန်တီးရန် Steve Casselman ဆိုသူကိုတာဝန်ပေးအပ်ခဲ့သည်။ Steve Casselman သည် ၁၂နှစ်ကျော်ကြာ ၁၉၉၂ တွင် Reprogrammable Gates (ပရိုဂရမ် ထပ်ကာထက်ကာရေးနိုင်သော ဂိတ်များ) ၆၀၀၀၀ကျော် ပါဝင်သော ကွန်ပျူတာကို တီထွင်နိုင်ခဲ့ကာ ယင်းတို့၏ဖခင်အဖြစ်မှတ်တမ်းတင်ခြင်းခံခဲ့ရသည်။ တချို့သော Programmable Logic Gate Array များကို David W. Page ကလည်းကောင်း LuVerne R. Peterson ကလည်းကောင်း ၁၉၈၅ လောက်တွင် မူပိုင်ခွင့် တင်ခဲ့သည့် အထောက်အထားများကိုလည်း တွေ့ရှိရပါသည်။ ယင်းတို့နဲ့ ခေတ်ပြိုင် ၁၉၈၅ လောက်မှာတွင်ပဲ စစ်တပ်အတွက်သာသုံးစွဲရန်မရည်ရွယ်ပဲ စီးပွားရေးနှင့် လုပ်ငန်းနယ်ပယ်အတွက်သာရည်ရွယ်သော commercial FPGA ဖြစ်သည့် XC2064 ကို Xilix Corporation မှ Ross Freeman နှင့် Bernard Vonderschmitt တို့နှစ်ဦးက တည်ထွင်ကာဈေးကွက်တင်ခဲ့ကြသည်။

XC2064 ရဲ့အလုပ်လုပ်ပုံအစိတ်အပိုင်းကတော့ ယခုခေတ် FPGA တွေနဲ့ယှဉ်လျှင် ရိုးရိုးလေးပါ။ Configurable Logic Block ၆၄ ခုနဲ့ Input Logic Lookup Table ၃ခုတည်း နဲ့သာတည်ဆောက်ထားတာပါ။ FPGA ခေတ်ဦးလောကမှာ ၁၉၈၅ မှ ၁၉၉၂ လောက်ထိ Xilix Corporation ကတစ်ဦးတည်းမင်းမူနိုင်ခဲ့သော်လည်း၊ ၁၉၉၃ မှာတော့ FPGA ဈေးကွက်ရဲ့ ၁၈% ကို Actel Corporation ရယူလျက်ဈေးကွက်မှာ ယှဉ်ပြိုင်လာပါတယ်။ အကြောင်းဖန်လာတာကတော့ University of Sussex England မှ သုသေတီတစ်ဦးဖြစ်သူ Adrian Thompson က Genetic Algorithm (မျိုးရိုးဗီဇ ဆိုင်ရာစည်းကမ်းများ) နှင့် FPGA နည်းပညာ ပေါင်းစပ်ကာ VR (Voice Recognition) အသံဖြင့်အသိအမှတ်ပြု ကိရိယာကိုတီထွင်စေခြင်းဖြင့် ၁၉၉၇ မှာတော့ FPGA တွေက အီလက်ထရွန်းနစ်လောကရဲ့ ဥသျှောင်ကိုင်သရဖူဆောင်းဖြစ်လာစေခဲ့သည်။ ယင်း FPGA များကိုအသုံးပြုစေခြင်းဖြင့် တီထွင်သော VR System ကိရိယာများကို Evolvable Hardware ဟုခေါဆိုသည်။

ko tech cho
07-04-2010, 05:50 PM
FPGA also can program by using VHDL or Verilog