PDA

View Full Version : SMF 1.1.5

mgtharnoe
08-24-2008, 07:20 AM
SMF 1.1.5 ကို မြန်မာအင်ဂျင်နီယာ ဖိုရမ် မှာလို Zawgyi ကီးဘုတ် ထည့်ပြီးသာ language ရဲ့  common ဖိုင်တွေမှာ မြန်မာလို အပြည့်အစုံး ပြင်ပြီးသာ အလွယ်တကူ
ရှိတဲ့အတွက် SMF 1.1.5 ဘာရှင်း ပြန်လည် မျှဝေးပေးပါလို တောင်းဆို ပါတယ်

yartar
08-24-2008, 06:04 PM
mgtharnoe ခင်ဗျာ ..

အဲလိုကြီးတော့ ..ရမယ် မထင်ဘူးဗျ ...
မြန်မာမှု ပြုတာတော့ ကိုယ်ဟာကိုယ် ပြင်တာပဲ ကောင်းမယ် ထင်တယ် ...( ကိုယ့်စိတ်ကြိုက်ပေါ့ )
ကီးဘုတ်တို့ ဘာတို့ထည့်တာတော့ ဒီနေရာလေးမှာ (http://www.rhythmless.isgreat.org/)ကိုရေခါး ရေးထားတာ ရှိပါတယ် ...

အဆင်ပြေပါစေ ..

yeakharr
08-24-2008, 07:48 PM
ကျနော်က ပေးချင်ပါတယ်..သို့သော် ကျနော်စလုပ်တုန်းက smf 114 ပါ..အဲဒါကို themes ကိုလိုက်ပြီး မြန်မာမှုပြုရပါတယ်..ပြိးတော့ modification တွေကိုလည်း တဖိုင်ခြင်းလိုက်ပြင်ထားပါတယ်.. နောက်ပိုင်း 115 ကို update တော့ နည်းနည်းပျားတုပ်ပါတယ်..
ဖိုင်တွေက manual update လုပ်ရတော့ တချို့ဟာတွေက 114 တချို့ဟာတွေက 115 တွေ ဖြစ်နေကြတယ်..
လိုက်ပြင်ထားတာလည်း ရျုပ်နေတာပဲ.. ဒါကြောင့် ပြန် share လို့မကောင်းတဲ့ဟာမျိုးဖြစ်နေတာ.. final release ပုံစံမျိုးမဟုတ်လို့ပါ..
ပြဿနာတွေ တက်ပြီး error ရှာလို့မဆုံးအောာင် ဖြစ်တတ်တယ်..
ဒါကြောင့် ကိုယ့်ဟာကိုယ်လုပ်စေချင်ပါတယ်.. တခုခုအကူအညီ လိုရင်တော့ တောင်းပါဗျာ...မပေးချင်လို့ မဟုတ်ပါဘူး..အားလုံးကို အဆင်ပြေစေချင်ပါတယ်.

chitlar
08-28-2008, 01:46 AM
ကျွန်တော်လဲ တစ်ခုလောက်တောင်းပါရစေ အခု မြန်မာအင်ဂျင်နီယာဖိုရမ်မှာ သုံးထားတဲ့ Thank You (ကျေးဇူး) ဆိုတဲ့ SMF Mods လေး လိုချင်ပါတယ်ခင်ဗျာ Version က အခု မြန်မာအင်ဂျင်နီယာဖိုရမ်ကနဲ့ အတူတူပါပဲ 1.1.5 ပါ ။

ဖြစ်နိုင်ရင် လုပ်ပုံလုပ်နည်းလေးပါ ပြောပြပေးပါခင်ဗျာ ကျွန်တော်က Free Hosting တစ်ခုမှာ SMF ကို လေ့လာနေလို့ပါ . . . ပေးကြပါနော် ::) ::) ::)

ကိုဆန်း
08-28-2008, 07:57 PM
အင်း..အဲဒါကတော့ ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်... 8)
SMF forum တွေမှာ ရှာကြည့်ပါ..step by step ရှင်းပြထားပြီးသားပါ..
ကျွန်တော် တစ်ခါ လုပ်ကြည့်ဖူးပါတယ်..
လောလောဆယ် ဒါလေးနဲ့ စမ်းကြည့်ပါ့လား..
ThankOMatic;Version:1.1.9; Install for SMF:1.1.4; အတွက် ရှင်းပြထားတာလေးပါ..
http://jmusic.ddo.jp/DIN1031/modparser/index.php?action=installMod&smfVersion=1.1.4&name=ThankOMatic119&theme
မေးစရာရှိရင်တော့ ကိုရေခါး ကိုသာ မေးတော့ဗျို့.. ;D
ကိုရေခါးပဲ ကောင်းကောင်းပြန်ရှင်းပြတတ်မယ်...

yeakharr
08-28-2008, 10:21 PM
အောက်ကလင့်မှာ thank o matic ကို ဒေါင်းလုဒ်လို့ရပါတယ်.. ကျနော်သုံးတဲ့အထိတော့ ajax တော့မဟုတ်သေးပါဘူး..သို့သော် ခုလောလောဆယ်ထိ က smf အတွက်ဆိုရင် ဒီ mod က အကောင်းဆုံးနိးပါးပါပဲ
..လုပ်နည်း instruction က ဒေါင်းလုဒ်လင့်တွေရဲ့ အောက်နားမှာပါ.. ကျနော်တို့ဟာ က 114 တုန်းကဟာပါ.. 115 ပြောင်းတော့ အဲဒီ MOD တခုတည်းနဲ့ကို ပြန်မပြောင်းနိုင်တဲ့အတွက် forum smf source files တွေက 114 and 115 ရောနေပါတယ်.. အဲဒီ mod က ရှယ်ယာ ရင် files ပေါင်းမြောက်မြားစွါကို ပေးမှ၇မှာ.။ version မကိုက်တာတွေ ဖြစ်လာပါလိမ့်မယ်.. ဒီတော့ 115 install ထားရင် MOD ကို ၁၁၅ ရျာပြိး လုပ်လိုက်ပါလားဗျာ....အဲဒါပိုကောင်းလာလိမ့်မယ်..
လုပ်နည်းကတော့ အဲဒီ MOD ကို down ပါ..ပြီးတော့ သူထည့်ခိုင်းထားတဲ့နေရာမှာ သွားထည့်ပါ..ပြိးတော့ ပြင်၇မည့် file တွေမှာ တခုချင်း လိုက်ပြင်ပါ.
တခုမှကို မှားလို့မရပါ..ကျနော်တုန်းက error က profile.php မှာ တက်ပါတယ်.. orginal ကို ပြန်အစားထိုးလိုက်ရတယ်.. ပြီးတော့ setting page မှာ
check box တွေ မပေါါ်တဲ့ကိစ္စတက်တယ်.. ခု 115 မှာတော့ တက်မယ် မထင်တော့ ပါဘူး စမ်းကြည့်ပါလား..လိုတာ ရှိပြောပါနော်.. MOD တွေ လည်း မလိုအပ်ပဲများကြိးမထည့်ပါနဲ့ နောက် version upgrade လုပ်ရင် အားကြီးပျာကိုင်ပါတယ်.. ပြီးတော့ page loading ၇မ်းလေးပါတယ်..

အချိန်ရတာနဲ့ ကူညီဖို့အသင့်ပါ..

http://custom.simplemachines.org/mods/index.php?mod=710

chitlar
08-28-2008, 11:35 PM

ဟုတ် ကျေးဇူးတင်ပါတယ် ကိုရေခါး ကျွန်တော်လဲ အခု အစ်ကိုပေးတဲ့လင့်ကပဲ ဒေါင်းတာပါ Version 1.1.5 ပါ အဲဒီဗားရှင်းအတွက် ဒေါင်းပြီးတင်လိုက် တော့ ပြဿနာက

Apply Mod
Please remember to always make regular backups of your sources and database before installing mods, especially beta versions.

Install Actions
Installations actions for "Thank-O-Matic":
The package you are trying to download or install is either corrupt or not compatible with this version of SMF.

တင်လို့ကတော့ရပါတယ် ခက်တာက Apply (Install) လုပ်လို့မရတာပါပဲ ကျန်တဲ့ဟာတွေ ဆက်ပြင်လို့လဲ မရဘူးဖြစ်နေတာ အဲဒါ ဘယ်လို အယ်ရာလဲ တစ်ချက် ရှင်းပြပါဦး ကိုရေခါး . . . ။

yeakharr
08-29-2008, 12:14 AM
smf version နဲ့ thankomatic version က မတူပါဘူး..

smf version 1.1.5 အတွက်ဆိုရင် thank o matic version 123 ကို ဒေါင်းပါ..

auto တင်ကြည့်ပါ.. မရပါက manual တင်ပါ.. အဲဒီဆိုက် က 123 ကို check ပြီး manual ကို smf 1.1.5 ကို ရွေးပြီး submit ကို ကလင့်ပါ... အောက်ကလင့်က manual installation ဖြစ်ပါတယ်...

http://custom.simplemachines.org/mods/index.php?action=parse

chitlar
08-29-2008, 12:56 AM

ရသွားပြီ ကိုရေခါးရေ ကျေးဇူးပဲ ကျွန်တော်က ဗားရှင်းတူတယ် အောက်မေ့လို့ 123နဲ့ အော်တို အဆင်ပြေပါတယ် ကျေးဇူးပါပဲဗျာ ဒါပေမယ့် တစ်ချို့ mod တွေ အလုပ်မလုပ်ဖူးနော် ဥပမာ 24usersonline တို့ ဘာတို့ပေါ့ . . . ။ သူကျတော့ ဒေါင်းလုဒ်လင့်တစ်ခုပဲပေးမယ် အဲဒီတစ်ခုက အလုပ်မလုပ်ဘူးနော်

အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ အစ်ကိုအားရင် မြန်မာကီးဘုတ်လေး အကြောင်းလဲ ရှင်းပြပေးပါဦး ပို့စ်တင်တဲ့ အောက်နား မြန်မာကီးဘုတ် ထည့်တာကို ပြောတာပါ . . . ။ ဒါပေမယ့် ကီးဘုတ်မှာ က ခ ဂ တွေ မတွေ့ဘူးဗျ ဘာလို့လဲ . . . ?

အမေးအမြန်းထူတယ်လို့တော့ မထင်လိုက်ပါနဲ့နော် ကျွန်တော်က လေ့လာဆဲ သင်ယူဆဲ မိုလို့ပါခင်ဗျာ . . . ။

ကိုဆန်း
08-29-2008, 07:00 PM
ကိုရေခါး ရဲ့ site ရစ်သမ်မဲ့ခရီး (http://www.rhythmless.isgreat.org) မှာ မိမိတို့၏ CBOX အောက်တွင် မြန်မာကီးဘုတ်ထည့်သွင်းနည်း.. (http://www.rhythmless.isgreat.org/?p=56) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုရေခါး ရှင်းပြထားပြီးသား ရှိပါတယ်...
သွားဖတ်ပြီး လုပ်ကြည့်လိုက်ပါဗျာ... :)

yartar
08-29-2008, 11:48 PM
ဒါပေမယ့် ကီးဘုတ်မှာ က ခ ဂ တွေ မတွေ့ဘူးဗျ ဘာလို့လဲ . . . ?

အမေးအမြန်းထူတယ်လို့တော့ မထင်လိုက်ပါနဲ့နော် ကျွန်တော်က လေ့လာဆဲ သင်ယူဆဲ မိုလို့ပါခင်ဗျာ . . . ။

ကိုချစ်လား ခင်ဗျာ .. ( ချစ်ဘူး :P :P :P :P )

ကီးတွေ အကုန်ပါပါတယ် ခင်ဗျာ ..

Shift key ( or ) Caps key လေးကို နှိပ်ကြည့်လိုက်ပါ ..။

http://img134.imageshack.us/img134/9437/10804897xf7.jpg

http://img329.imageshack.us/img329/2899/24326971hp7.jpg

အဆင်ပြေပါစေ ကိုချစ်လားရေ ( ခေါ်ရတာ တော်တော်အောင့်တယ်ဗျာ .. ;D ;D ;D ;D )

chitlar
08-31-2008, 12:23 AM
ကိုရေခါး ရဲ့ site ရစ်သမ်မဲ့ခရီး (http://www.rhythmless.isgreat.org) မှာ မိမိတို့၏ CBOX အောက်တွင် မြန်မာကီးဘုတ်ထည့်သွင်းနည်း.. (http://www.rhythmless.isgreat.org/?p=56) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုရေခါး ရှင်းပြထားပြီးသား ရှိပါတယ်...
သွားဖတ်ပြီး လုပ်ကြည့်လိုက်ပါဗျာ... :)

ကျွန်တော်လုပ်ချင်တာက SMF မှာခင်ဗျ ရှင်းပြထားတာက WordPress အတွက်ဖြစ်နေတယ် SMF အတွက်လေး ပြောပြပါဦး ကိုရေခါးရေ

yeakharr
08-31-2008, 01:12 AM
ဟုတ်ကဲ့ခင်ဗျား..ကျနော် ပြန်ပြီး source file ကို ဒေါင်းလုဒ်ပြီး sample လုပ်ပြပါ့မယ်ခင်ဗျာ..
ခနတာ့ စောင့်ပါ..

လုပ်နည်းကတော့ တူတူပါပဲ.

js ရယ် css ရယ် editor code ရယ် ထည့်ပေးနီုင်ရင်ပါပြီ..

chitlar
08-31-2008, 01:47 AM
ကျွန်တော်စောင့်နေပါမယ် ခင်ဗျ ;D ;D ;D

chitlar
09-01-2008, 05:58 AM
ကိုရေခါးရေ ဘယ်ရောက်နေလဲဗျ မျှော်ရတာ လည်ပင်းရှည်နေပြီဗျာ အမြန်ပြန်လာခဲ့ပါဦးဗျ :)

yartar
09-01-2008, 10:04 PM
ကိုရေခါးရေ ဘယ်ရောက်နေလဲဗျ မျှော်ရတာ လည်ပင်းရှည်နေပြီဗျာ အမြန်ပြန်လာခဲ့ပါဦးဗျ :)

ကိုချစ်လား ခင်ဗျာ ...အချိန်နဲနဲစောင့်ပါ ...
ကိုရေခါးလဲ တာဝန်နဲ့ဆိုတော့ အလုပ်တွေ ရှုပ်နေလို့ နေမှာဗျ ...

chitlar
09-08-2008, 01:46 AM
ကျွန်တော်စောင့်နေကြောင်း အကြောင်းလာကြားတာပါ :D :D :D

chitlar
10-18-2008, 03:52 PM
ကိုရေခါး ဘယ်ပျောက်နေလဲမသိဘူးခင်ဗျ

yeakharr
10-18-2008, 08:00 PM
ရောက်ပါပြီဗျာ.
ကျနော်ေ၇းလာခဲ့ပါ့မယ်နော်..

chitlar
10-19-2008, 03:19 PM
ရောက်ပါပြီဗျာ.
ကျနော်ေ၇းလာခဲ့ပါ့မယ်နော်..

ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ ကျွန်တော်စောင့်နေမယ်နော် :D :D :D

yeakharr
10-20-2008, 02:54 PM
ကျနော်အထင် အဲဒီဟာကို ဒေါင်းလုဒ် လုပ်ပြိးပြိ ထင်ပါတယ်..

ပြီါ်ရင် ဒီလို လိုက်လုပ်ပါ

myanmar keyboard folder တခုလုံးကို host တနေရာမှာ ထားပါ..

ပြိးရင် အသုံးပြုနေသော smf forum theme ရဲ့ အဒီက index.php မှာ
meta tag တွေရဲ့အဆုံး နောက်တကြောင်း မှာ

<script type="text/javascript" src="http://www.yourhost.com/forum/mmeditor/keyboard.js" charset="UTF-8"></script>

ထည့်ပေးပါ..
src link က keyboard.js ရှိတဲ့နေရာပါ..

ုပြီးတော့ before </head>

<link rel="stylesheet" type="text/css" href="http://www.yourhost.com/forum/mmeditor/keyboard.css"> ကို ထည့်ပေးပါ

href က keyboard.css ရှိတဲ့နေရာပါ..

ဒီလောက်ဆိုရပါပြီ..

class name editor ဆိုတဲ့ textarea ကို သူဟာသူလိုက်၇ှာပြိး auto တက်သွားပါလိမ့်မယ်..

chitlar
10-20-2008, 08:55 PM
ကျေးဇူးတင်ပါတယ် ကိုရေခါး ခင်ဗျာ အဲဒါကို တစ်ခါတော့ ဒေါင်းလိုက်ပါသေးတယ် စက်ပြောင်းလိုက်တော့ ဘယ်ရောက်သွားမှန်း မသိဘူးဗျ ဒေါင်းဖို့ ပြန်ရှာလိုက်ဦးမယ်ဗျာ ပြီးမှ စမ်းကြည့်ပါဦးမယ် ကျေးဇူးပါခင်ဗျ

chitlar
10-20-2008, 09:03 PM
ကိုရေခါး ရဲ့ site ရစ်သမ်မဲ့ခရီး (http://www.rhythmless.isgreat.org) မှာ မိမိတို့၏ CBOX အောက်တွင် မြန်မာကီးဘုတ်ထည့်သွင်းနည်း.. (http://www.rhythmless.isgreat.org/?p=56) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုရေခါး ရှင်းပြထားပြီးသား ရှိပါတယ်...
သွားဖတ်ပြီး လုပ်ကြည့်လိုက်ပါဗျာ... :)

အစ်ကိုရေ ရစ်သမ်မဲ့ခရီးမှာ ကီးဘုတ်ပြန်ဒေါင်းမလို့ ၀င်တာ ဆိုဒ်က မရှိတော့တာလား မသိဘူး Network Error တက်နေတယ်ခင်ဗျ

chitlar
10-21-2008, 04:03 AM
ကျနော်အထင် အဲဒီဟာကို ဒေါင်းလုဒ် လုပ်ပြိးပြိ ထင်ပါတယ်..

ပြီါ်ရင် ဒီလို လိုက်လုပ်ပါ

myanmar keyboard folder တခုလုံးကို host တနေရာမှာ ထားပါ..

ပြိးရင် အသုံးပြုနေသော smf forum theme ရဲ့ အဒီက index.php မှာ
meta tag တွေရဲ့အဆုံး နောက်တကြောင်း မှာ

<script type="text/javascript" src="http://www.yourhost.com/forum/mmeditor/keyboard.js" charset="UTF-8"></script>

ထည့်ပေးပါ..
src link က keyboard.js ရှိတဲ့နေရာပါ..

ုပြီးတော့ before </head>

<link rel="stylesheet" type="text/css" href="http://www.yourhost.com/forum/mmeditor/keyboard.css"> ကို ထည့်ပေးပါ

href က keyboard.css ရှိတဲ့နေရာပါ..

ဒီလောက်ဆိုရပါပြီ..

class name editor ဆိုတဲ့ textarea ကို သူဟာသူလိုက်၇ှာပြိး auto တက်သွားပါလိမ့်မယ်..

အစ်ကိုပြောတဲ့

အသုံးပြုနေသော smf forum theme ရဲ့ အဒီက index.php မှာ
meta tag တွေရဲ့အဆုံး နောက်တကြောင်း မှာ

<script type="text/javascript" src="http://www.yourhost.com/forum/mmeditor/keyboard.js" charset="UTF-8"></script>

ထည့်ပေးပါ..

ဆိုတာကို ကျွန်တော်သိပ်မရှင်းဘူးဖြစ်နေတယ် နေရာလေး သေချာပြောပြပါလား မှားမှာစိုးလို့ပါ
နောက် ကီးဘုတ်ဒေါင်းလုဒ်လေးလဲ ပေးပါလား ပြန်ရှာတာ မရှိတော့လို့ပါ

yartar
10-21-2008, 04:43 PM
ကိုရေခါးက သိပ်အားမယ် မထင်ဘူးဗျ ..

ကျွန်တော် သိသလောက် ပြေပြမယ် ....ကိုရေခါးပြောထားတာက ..

ဖိုရမ်မှာ တင်ထားတဲ့ ဖိုင်တွေထဲမှာ Themes ဆိုတဲ့ ဖိုဒါလေးရှိတယ် ..

အဲဒီ ဖိုဒါကို ဖွင့်ပြီး ကိုချစ်လား ရွေးထားတဲ့ Theme ကို သွား ..ပါ ..အဲဒီထဲမှာ index.php ဖိုင်ဆိုတာလေး ရှိတယ် ...

အဲဒီ ဖိုင်ထဲမှာ ထည့်ခိုင်းတာပါ ... :)

chitlar
10-22-2008, 08:46 PM
ဟုတ်ကဲ့ ဒါပေမယ့် မူရင်းကီးဘုတ် ဒေါင်းရမယ့်လင့်က မရတော့လို့ ပြန်ပေးပါလားခင်ဗျာ

yeakharr
10-22-2008, 10:05 PM
မောင်ဆန်းကို အကူအညီတောင်းပြီး တင်ခိုင်းထားပါတယ်. “
ftp နဲ့ဝင်ပြီး ဒေါင်းရအုွးမှာ မို့လို့ပါ..

မူလ site ကို သွါားပြီး လည်း အဲဒီမှာပါတဲံ instruction အတိုင်း စမ်းသပ်ပြီး လုပ်စေချင်ပါတယ်..

ပုံစံ က ဒီလိုပါ... java script နဲ့ css link က်ု လိုချင်တဲံ webpage မှာ ထည့်ပေးရုံအ၏ပါပဲ..
ရေးထားတဲံ textarea element အတိုင်း သူဟာသု ရှာပြီး ပေါ်လာတာမျိုးပါ..

အဆင်ပြေပါစေ
ခုတလော ကျနော် မလာဖြစ်လောက်တော့ပါဘူး

ေ၇ခါး

chitlar
10-25-2008, 12:14 AM
ဟုတ်ကဲ့ ကျွန်တော်လည်း စမ်းသပ်ချင်ပါတယ် မူရင်း script ကိုက မရှိလို့ပါ ရှိသူများ ပေးပါလားဗျာ

yartar
10-25-2008, 06:38 PM
Keyboard CSS (http://mihd.net/ijxka57)

Keyboard.js (http://mihd.net/t9uhb3x)

ကျေးဇူးပြုပြီး မြန်မာအင်ဂျင်နီယာသို့ လင့်ခ်ညွန်းပေးပါ ... ။

ခင်မင်စွာဖြင့် ( တာယာ )

minlwin121
01-08-2009, 12:12 AM
Keyboard.js[/color] (http://mihd.net/t9uhb3x)

ဒေါင်းလို့ မရဘူးခင်ဗျာ.. ကျွန်တော် local မှာ စမ်းချင်လို့ ပါ

kayinlay
01-08-2009, 12:39 AM
ကို minlwin121 ခင်ဗျာ ကျွန်တော်ပြန်တင်ပေးထားပါတယ်။Folder တစ်ခုထဲမှာ အကုန်ထည့်ပေးထားပါတယ်။
ဒေါင်းရန် (http://www.mediafire.com/download.php?m2tmmcjmgmz)

minlwin121
06-09-2009, 07:20 PM
ကျွန်တော် SMF 1.1.9 မှာ Hack's Park Shoutbox ကို အင်စတော လုပ်တာ အဆင်ပြေတယ်ခင်ဗျ

အဲ 1.1.8 ကျတော့  မရ တော့ ဘူးဗျာ.. တိုင်ပတ် နေတယ်.. portal လုပ်ထားလို့ မပြေတာလား မသိဘူးး

အက်ဒမင် တစ်ယောက်ထဲ ဘဲ Shoutbox မှာ သုံးလို့ ရနေတယ် သူ ပြင်ခိုင်းတဲ့  php တွေ လဲ လုပ်တာဘဲ ရဘူး.. :'(

SMF 1.1.8 အတွက် Chat box လေး နဲ့  Thakomatic ကို ဘယ် ဗားရှင်း ကောင်းမလဲ ညွှန်ပြကျပါဗျာ...

SMF အတွက် မြန်မာကီးဘုတ် အတွက် js ဖိုင်လေး ကို ဖိုရမ် တစ်ခု ကနေ ရယူထားပါတယ်..

တင် တာလဲ အဆင်မပြေဘူး ဗျာ..

ကိုရေခါး ကူညီပါအုံး ဗျာ..