PDA

View Full Version : Wordpress တွင် Login password မေ့သွားလျှင်



zener
08-24-2008, 11:39 PM
ကျွန်တော့်ဘလော့က ဘယ်လိုဖြစ်တာလဲ မသိဘူး ။ ဘယ်လိုမှ ၀င်လို့ မရဘူး ။ အရင် password ထည့်တာပဲ ။ ဘာဖြစ်နေမှန်းကို မသိဘူး ။
အဲဒါနဲ့ တစ်ခြားသူတွေလဲ password မေ့ရင် ပြန်ယူလို့ ရအောင် ဒီပို့စ်ကိုရေးဖြစ်တာပါ ။
တကယ်လို့ မိမိ login ၀င်လို့ password မေ့ရင် အဲဒီမှာ Lost your password? ကိုနှိပ်ရင်လဲ မိမိထည့်ထားတဲ့ အီးမေလ်းကို ပို့ ပေးပါတယ် ။
ဒါပေမဲ့ အီးမေလ်းလဲမလာဘူးဆိုရင်(ဒါမှမဟုတ် hack ခံထိလို့ အီးမေလ်းပါပြောင်းခံထိထားရင်) ဒီနည်းကို သုံးလို့ ရပါတယ်။ ဒီနည်းဟာ Localhost မှာလဲ တူတူပါပဲ ။
ပထမဆုံး phpmyadmin ကိုသွားပါမယ် ။ဒီနေရာမှာ ပုံနဲ့ ရှင်းပြထားတာကတော့ Localhost နဲ့ ပြထားပါတယ် ။
မိမိလုပ်ထားတဲ့ hosting ပေါ်မူတည်ပြီး ပုံ ပုံစံနည်းနည်းပြောင်နေနိုင်ပါတယ် ။
အဓိကနားလည်အောင် ကြည့်ထားဖို့ပါပဲ ။အားလုံးတူတူပါပဲ ။

phpMyAdmin ကိုဝင်လိုက်ရင် ဒီလိုပါ ။ မိမိ လုပ်ထားတဲ့ database name ကိုရွေးလိုက်ပါ ။

http://img152.imageshack.us/img152/6703/222rc0.jpg

ပြီးပါက အ၀ိုင်းပြထားတဲ့အတိုင်း wp_users ကို browse လုပ်လိုက်ပါ ။အောက်ကပုံကိုဆက်တွေ့ ရပါမယ် ။

http://img93.imageshack.us/img93/4676/444gi5.jpg

မျှားပြထားတဲ့နေရာက edit ပါ ။ wp_users ကို edit လုပ်ပါမယ် ။ ဒီိလိုလေးတွေ့ ရပါမယ် ။

http://img501.imageshack.us/img501/8323/333jb7.jpg

အဲဒီမှာ username နဲ့ password ကိုတွေ့ ရပါလိမ့်မယ် ။
အဲဒီက password ကို encrypt(ပုံဖျက်)ထားတာပါ ။
အဲဒီနေရာမိမိထည့်လိုတဲ့ password ကို encrypt လုပ်ပြီး ပြန်ထည့်ရပါမယ် ။
အဲဒီတော့ မိမိ password ကို encrypt(ပုံဖျက်)ဖို့ အတွက် အောက်က ဆိုက်ကိုသွားပါ ။

http://md5encryption.com/

အဲဒီနေရာမိမိထည့်လိုတဲ့ password ကိုထည့်ပါ ။
ပြီးပါက Md5 Hash နေရာက ကုတ်တွေကို copy ယူထားပါ ။ ဒီလိုလေးပါ ။

http://img50.imageshack.us/img50/6190/capturebn5.jpg

Md5 Hash နေရာက code ကို copy ယူပြီး စောစောက password နေရာမှာ paste လိုက်ပါ ။
ပီးရင် Go နှိပ်လိုက်ပါ ။
အဲဒါဆိုရင် မိမိ password ကို ပြန်လည်ရယူနိုင်ပါပြီး ။
အဆင်မပြေပါက ဆွေးနွေးနိုင်ပါတယ် ...... ကျေးဇူးတင်ပါတယ်

NayNyo
08-25-2008, 09:18 AM
How to open phpMyAdmin?
so sorry , I weak in IT knowledge.
i'm also cann't open my blog.
If u have time, explain me.
Thanks a lots for ur post.

zener
08-25-2008, 01:18 PM
phpMyAdmin က Localhost မှာဆိုရင် root ထဲမှာ ရှိပါတယ်။
EasyWAMP ဆော့ဝဲလ်ဆိုရင် သူ့ ရဲ့ root ဟာ www ဖိုဒါပါ။ အဲဒီထဲမှာ ရှိပါတယ်။ အဲဒါကိုခေါ်သုံးရင် ဒီလိုရပါတယ်။ http://127.0.0.1 ဆိုပြီး ။
တကယ်လို့ www ဖိုဒါထဲကို yamanya.html ဖိုင်ကို ထည့်ထားရင် browser ကနေ ဒီလိုခေါ်ပါ ...
http://127.0.0.1/yamanya.html
ဆိုလိုတာက သူ့ အထဲက ရှိသမျှဖိုင်တွေကို အဲလိုခေါ်သုံးရတာကိုပါ။ ဒီတော့ Local မှာ phpMyAdmin ကိုခေါ်သုံးချင်ရင် http://127.0.0.1/phpMyAdmin ပေါ့။
ဒီနေရာမှာ EasyWamp Server မှာ phpMyAdmin နာမည်က phpMyAdmin-2.9.1.1-all-languages-utf-8-only ဆိုပြီး default ပါနေပါတယ်။ ဒီတော့ သူ့ နာမည်အတိုင်းခေါ်ပေါ့ ။ ဒါဆို ဒီလိုခေါ်ရမှာပေါ့ ။ http://127.0.0.1/phpMyAdmin-2.9.1.1-all-languages-utf-8-only
အဲလိုခေါ်မှလဲ သူ ရှိနေတာသိမှာပါ ။

နောက်တစ်ခုက web hosting မှာဆိုရင် Control Panel ကိုဝင်လိုက်ပါ။ အများအားဖြင့် MySQL တို့ ဘေးမှာ ရှိတတ်ပါတယ် ။ ဒါကတော့ မိမိလုပ်တဲ့ hosting ပေါ်မူတည်ပြီးနေရာလွဲနိုင်ပါတယ် ။ လိုက်ရှာကြည့်ပါ phpMyAdmin ကို တွေ့ ရမှာပါ ။ phpMyAdmin နာမည်နဲ့ တွေ့ ရပါတယ်။

NayNyo
08-25-2008, 01:46 PM
ကျေးဇုးပါပဲ အကိုရေ....
try ကြည့်အုံးမယ်။