PDA

View Full Version : DWG True View



pigkalay
07-12-2010, 10:11 AM
ဒီကသူငယ်ချင်းတွေအတွက်အဟောင်းကြီး ဖြစ်နေမလားတော့မသိဝူးဗျာ။ ကျွန်တော့အတွက်တော့ အသစ်လေးဖြစ်နေလို့ ဒီ Software လေးကိုမိတ်ဆက်လိုက်ပါတယ်။ ဖြစ်ပုံကဒီလိုဗျ ။ တစ်ရက် client ဆီက drawings တွေရလာတော့ ချက်ချင်းမစစ်ဖြစ်ဘူးဗျို့။ အဲ့ဒီလိုနဲ့နေလိုက်တာ ည ၁၀ နာရီလဲထိုးရော manager ကပြောပါလေရော drawings တွေချက်ချင်းလိုတဲ့အကြောင်း။ အဲ့ဒီမှာပြတ်သနာကစတာပဲ ။ ရလာတဲ့ Auto CAD files version တွေက ကျွန်တော့ Auto CAD software ထက်မြင့်နေတယ်လေ။ သူငယ်ချင်းတွေကိုခေါ် ပြီးခိုင်းရအောင်လဲ အချိန်က ည ၁၀ နာရီ ကျော်နေပြီ။ ရုံးအလုပ်တွေမှာ အတွေ့အကြုံကမရှိ ၊ လူကလဲနဂိုထဲက ပြာတာတာရယ် ၊ Auto CAD မှာလဲ expert ( ရွဲ့ပြောတာနော် ဟီးဟီး ) ၊ လုပ်နေတာက overtime ၊ ဗိုက်ကလဲဆာ၊ စိတ်ကလဲ ဘယ်သူ့တိုရမှန်းမသိ။ ကျွန်တော့ဒုက္ခ တွေသာရှင်းနေရင် ဒီ post ဆုံးမှာမဟုတ်တော့ဘူးဗျိုး ။ ဒီလိုနဲ့ စိတ်ကိုလျှော့၊ အသက်ကိုပြင်းပြင်းရှုပြီးတော့ ကမ္ဘာကြီးပေါ်တက်လိုက်ပါတယ်၊ ကမ္ဘာကြီး ဆိုလို့ပြောရအုန်းမယ် ကျွန်တော်တို့ ခြင်သေ့င်္ကျွန်းပေါ်က ရွှေမြန်မာတွေက ရုံးမှာတခြားလူမျိုး အထူးသဖြင့်အထက်လူကြီးမသိအောင် internet သုံးတဲ့အခါ internet သုံးတယ်လို့မပြောပဲ၊ ကမ္ဘာကြီးပေါ်တက်တယ်တဲ့၊ ခုမှပဲသိတယ်။ အဲဒီလိုနဲ့ကမ္ဘာကြီးပေါ်ပတ်လိုက်တဲ့ အခါ၊ ကျွန်တော့အတွက်အသုံး တည့်တဲ့ software လေးတခုသွားတွေ့ပါတယ်။ နာမည်က DWG True Viewer တဲ့ Autodesk, Inc. ကထုတ်တာဖြစ်ပြီး freeware လေးပါ။ file size ကလဲသိတ်မကြီး ပဲ install လုပ်ရတာလဲရိုးရှင်းပါတယ်၊ သူက DWG files တွေကိုဘယ် version မဆိုဖွင့်နိုင်ပြီးတော့ ကြည့်လို့ရမယ်၊ ပြောင်းလိုတဲ့ version ကိုလဲပြောင်းနိုင်တယ် ပြီးတော့ layers တွေအဖွင့်အပိတ်လုပ်လို့ ရမယ်၊ distance တွေတိုင်းထွာလို့ရမယ် ၊ print လို့ရမယ် ၊ Pdf ၊ DWF DWFx တွေအနေနဲ့ပြောင်းလဲလို့ရမယ်။ Auto CAD software မရှိတဲ့ လူတွေအတွက်လဲ အဆင်ပြေပါတယ်။ စပြီးတော့စမ်းသုံးနေစဲဖြစ်တဲ့အတွက် အများကြီးမသိသေးပါဝူး။ သိတဲ့သူများဝင်ရောက်ဆွေးနွေးကျပါအုန်းခင်ဗျာ။
အခုတော့ File Convert လုပ်ပုံအဆင့်ဆင့်ကို photos နှင့်တကွ တင်ပြလိုက်ပါတယ်။
လုပ်ရတာအင်မတန် လွယ်ပါတယ်။ တကြိမ်တည်းနဲ့လဲ File အများကြီးကို Convert လုပ်ယူလို့ရပါတယ်။
ပထမဦးဆုံး DWG True Viewer ကိုဖွင့် ………


http://sphotos.ak.fbcdn.net/hphotos-ak-ash2/hs016.ash2/34142_137664082925357_100000452973011_296893_4482282_n.jpg

ဒုတိယအနေနဲ့ file ထဲက DWG convert ဆိုတာကိုရွေး


http://sphotos.ak.fbcdn.net/hphotos-ak-snc4/hs036.snc4/34142_137664086258690_100000452973011_296894_210262_n.jpg

တတိယအနေနဲ့ ပေါလာတဲ့ box ထဲမှာ ပြောင်းခြင်တဲ့ File တွေကို add ၊ ပြောင်းခြင်တဲ့ version ကိုရွေး ၊ convert လို့click ပြီးလိုချင်တဲ့နေရာမှာ save လိုက်ရုံပါပဲ။


http://sphotos.ak.fbcdn.net/hphotos-ak-ash2/hs016.ash2/34142_137664089592023_100000452973011_296895_7963295_n.jpg

အားလုံးပဲအဆင်ပြေပါစေ
ခင်မင်လေးစားစွာဖြင့်
Pigkalay

pigkalay
07-12-2010, 10:22 AM
ဒီနေရာမှာ download နိုင်ပါတယ်
http://dwg-trueview.en.malavida.com/