PDA

View Full Version : Wordpress ဖြင့်  ကိုယ်ပိုင် Blog ၁ ခုအလန်းလုပ်ရအောင် ....

konay
08-06-2010, 05:33 AM
ကျွန်တော် ဒီ topic လေးကို အစ ကနေ အဆုံး ကိုယ်တိုင် သိသလောက်လေး ရေးချင်လို့ ပါ။

ကျွန်တော် Web Site ၁ ခုတည်ဆောက်ခြင်း။ ဆိုတဲ့ သင်တန်းဖွင့် တော့မတက်လိုက်ရပါဘူး။

သင်တန်းပီးမှ Post တွေဝင်ဖတ်ပြီးလုပ်ကြည့် တော့  Local တော့ အဆင်ပြေပါတယ်။

Net ပေါ်မှာ လုပ်ကြည့် တော့  အခက်ခဲတွေ အများကြီးတွေ့ ပါတယ်။ တော်တော် နဲ့ အဆင်မပြေဘူး ...။

အဲ့ ဒါနဲ့  စိတ်ပေါက် ပေါက်နဲ့ ရှိသမျှ Free Hosting တွေ ဖောက်ပြီးလုပ်တာ Gmail တွေ လဲ ကိုယ့် ပိုင်တွေ ရော ၊ သူများ Gmail တွေရော အကုန်ကုန် ...

Blog လဲ ဘယ် နှခုတောင် လုပ်မိမှန်း မမှတ်မိတော့  ဘူး ... ကိုယ်တိုင် လုပ်ရတာ အားမရတာနဲ့  သူများပါလိုက်လုပ်ပေး ...။

သူငယ်ချင်း တွေတောင် ကျွန်တော် လုပ်မှ အကုန် Blogger တွေ ဖြစ်ကုန်တော့  တာဘဲ .. ဟီး .. :4: :4: :4: :4: :4: :4:

အခုကတော့  အားမရသေးလို့  မဟုတ်ပါဘူး ... MEF ကရတဲ့  ပညာ ကို ၊ MEF ကနေ ဘဲ တဆင့် ပြန်ဝေငှ ချင်လို့ ပါ။

အရှင်းဆုံးနဲ့  အလွယ်ဆုံး ဖြစ်အောင် ၊ ဖတ်လိုက်တာ နဲ့  တင် လုပ်လို့ ရသွားအောင် ကြိုးစားပြီးရေးသွားပါမယ်။

MEF မင်ဘာ အားလုံး Blogger များဖြစ်သွားစေရမယ်။

konay
08-06-2010, 05:34 AM
ပထမဆုံးအနေဖြင့်  စလုပ်ရမှာတော့  Hosting ဘဲ ဖြစ်ပါတယ်။

Hosting တွေက အမှန်ကတော့  သူတို့ က ရောင်းတာ ပါ။

ဒါပေမဲ့ Free Trial ပေးတဲ့  Hosting Site တွေအများကြီးရှိပါတယ်။ သူတို့ ဆီကဝယ်အောင် အလကားပေးသုံးတာပေါ့ ..။

Limited နဲ့ ဘဲပေးတာပါ ... ဘာတွေ Limit ထားလဲ ဆိုတာကတော့  .....

http://i25.tinypic.com/1zgzrmh.jpg

အဲ့ဒါကတော့  www.byethost.com ရဲ့ Free Hosting Plan ပါ အဲ့မှာ သူ Limited ပေးထားတဲ့  Information တွေပါ။

၁ ခြား Hosting တွေလည်းအများကြီး ရှိပါသေးတယ် ... သူပေးတဲ့  Plan ချင်းတော့ မတူဘူးပေါ့ ....

ဘာဖြစ်ဖြစ်ပါ Free ဆိုတဲ့ အတိုင်း သိပ်အများကြီးတော့  မရပါဘူး .. ဒါပေမဲ့ Blog လောက်တော့  အဆင်ပြေအောင် လုပ်လို့ ရပါတယ်။

Free ထဲကနေ ၁ ခုလောက်ရအောင် ဖောက်လိုက်ပေါ့ ....

ဝယ်ချင်တဲ့  သူတွေ အတွက်တော့  http://www.hostmonster.com/ ကတော့ MEF ဝယ်ထားတဲ့ Hosting Site ပါ။

http://www.bluehost.com/ ကလည်းကောင်းတယ် လို ပြောကြပါတယ်။

၁ နှစ်စာ အတွက်ဆို၇င်တော့  Unlimite ကို $ 100 ဝန်းကျင် လောက်ကျပါတယ်။

konay
08-06-2010, 05:34 AM
Free Hosting တော်တော်များများ က ဖောက်ရတာအဆင်မပြေဘူးလို့  ပြောကြပါတယ်။

Site တွေကလည်း Free ဆိုတဲ့ အတိုင်း Sign Up လုပ်ပြီးတော်တော် နဲ့  Reply ပြန်မလာပါဘူး။

၁ ချို့ Free Hosting Site တွေ ဆို မေ့လောက်မှ (၂လလောက် ကြာမှ) Activate လုပ်ဖို့ မေးလ်ဝင်လာပါတယ်။ ကိုယ်က မေ့ တောင် မေ့နေပြီ။

လောလောဆယ် တော့  Sign Up လုပ်ပြီးတာနဲ့  ချက်ချင်း Mail ပြန်ဝင်ပြီး Activate ဖြစ်တဲ့  Hosting ၂ ခု ကတော့  ..

http://www.byethost.com/ နဲ့  http://www.0fees.net/ ၂ ခုကတော့  အဆင်ပြေပါတယ်။

အရင်ဆုံး အဲ့ ၂ ခုက ၁ ခုခု မှာ သွားပြီး အကောင့် ဖောက် Sign Up လုပ်လိုက်ပါ။

http://www.byethost.com/

http://i27.tinypic.com/m91rae.jpg

http://www.0fees.net/

http://i28.tinypic.com/4t6jbm.jpg

thanyawzinmin
11-22-2010, 12:17 PM
ကိုနေပြောထားတာလေးကို ကျွန်တော်ဆက်ပြောပါမယ်နော် ကိုနေ ရေ Please

WordPress Installation On web Host.

WordPress အင်စတောလုပ်မယ်ဆိုတော့ WordPress ဆိုတော့ Blogging tool ကိုအရင်ဒေါင်းလုဒ်ချရမှာပေါ့။ အခု
ကျွန်တော်စမ်းပြမှာကတော့ နောက်ဆုံးဗားရှင်း ဖြစ်တဲ့ WordPress (Version 3.0.1) နဲ့ ပါ။

လိုအပ်ချက်တွေကတော့

PHP version 4.3 or greater
MySQL version 4.1.2 or greater

ကျွန်တော်အဆင့်သုံးဆင့်နဲ့ ခွဲပြီးရှင်းပြသွားပါမယ်

ပထမအဆင့်အနေနဲ့ ကတော့ Downloading WordPress

ဒုတိယအဆင့်အနေနဲ့ ကတော့ uploading WordPress to Your webhost

တတိယအဆင့်အနေနဲ့ ကတော့ web installation WordPress

ဆိုပြီးပြသသွားမှာပါ။
အထက်ပါလိုအပ်ချက်တွေပြည့်စုံပါက Tool ဒီကနေဒေါင်းလုဒ်ချလို့ ရပါတယ်

http://wordpress.org/latest.zip

ဒေါင်းလုဒ်လုပ်ထားသော ၀တ်ပရက်ဖိုင်ကို Unzip ဖြည်ပါ။

Downloading WordPress အဆင့်ပြီးမြောက်ပါပြီ

ဒုတိယအဆင့်ကိုအောက်တွင်ဆက်ရှုပါ။

သံယောဇဉ်မင်း
သံယောဇဉ်နန်းတော်

thanyawzinmin
11-22-2010, 12:24 PM
Uploading to Your Web host

အထက်ပါ PHP ဗားရှင်းလိုအပ်ချက်တွေနဲ့ ပြည့်စုံပါက ဒုတိယအဆင့်အနေနဲ့  Wordpress ဖိုင်တွေကို Host ပေါ်ကိုတင်ပါမယ်
ကျွန်တော်ကတော့ File Zilla နဲ့ Cute FTP ကိုများသောအားဖြင့်သုံးလေ့ရှိပါတယ်။အခု Cute နဲ့ စမ်းပြပါမယ်။

Software ကိုဒေါင်းလုဒ်ချချင်ရင်တော့ ဒီလင်ခ့်ကနေချလိုက်ပါ Crack ပါပါတယ်

www.maukkha.org/download/CuteFTP8.rar

Cute FTP မှာ File>>New>>FTP Site ကိုသွားလိုက်ပါက အောက်ပါ Box လေးပေါ်လာမည်ဖြစ်သည်။
http://lh4.ggpht.com/_1BKDQsyynsA/TLg9d7XsZBI/AAAAAAAAArk/xaI5EtPAXbs/10-15-2010%206-03-12%20PM.jpg
အဆိုပါဘောက်တွင်လိုအပ်သော ဒေတာများအားဖြည့်ပေးပါ။
Label ကတော့ကြိုက်သလိုထိုးလို့ ရပါသည်။
Host Addressကတော့ ကိုယ့်Hosting ရဲ့ Control Panel မှာဖော်ပြပေးထားသောလိပ်စာကို ထည့်ပေးရမှာဖြစ်ပါတယ်
Username ကတော့ FTP Username ဖြစ်ပါတယ်များသောအားဖြင့်ကတော့ Host Address ကိုပဲ _ ထည့်ထားသော Hybrid name များဖြစ်လေ့ရှိပါတယ်။
Password ကလဲ FTP password ပဲဖြစ်ပါတယ်များသောအားဖြင့် Database password ဖြင့်တူပါတယ်
ထို့ နောက် Connect ကိုနှိပ်ပေးပါ
ထို့ နောက် Host အတွင်းရှိဖိုင် Box ကျလာမှာဖြစ်ပါတယ်။

http://lh6.ggpht.com/_1BKDQsyynsA/TLhFFDzlUwI/AAAAAAAAArs/LIbSiC6MO8w/s800/10-15-2010%206-35-01%20PM.jpg
ထို့ နောက်ဖိုင်တွေအားလုံးကို Select ပေးပြီး Right Click ဆွဲကာ Upload Button ကိုနှိပ်ပေးပါ ဖိုင်များစတင်သွားမှာဖြစ်ပါတယ်။
အတန်ကြာစောင့်ရမယ်လို့ ထင်ပါတယ် ထို့ နောက်ပြီးသွားပါက Message တတ်လာမှာဖြစ်ပါတယ်။အောက် Queue ၀င်းဒိုးမှာကြည့်ပါ။
ဖိုင်အားလုံးကို Write Aceess လဲပေးရမှာဖြစ်ပါတယ် ဟိုစ့်ပေါ်ရောက်သွားပြီဆိုပါက အားလုံးကို Select ပေးပြီး Right Click ပဲပေးလိုက်ပါ
အောက်ပါဝင်းဒိုးအတိုင်း ရွေးပေးလိုက်ပါ
http://lh3.ggpht.com/_1BKDQsyynsA/TLhFFXsJ-AI/AAAAAAAAArw/NcVYBaxduKo/10-15-2010%206-41-27%20PM.jpg
ဖိုင်တင်လို့ ပြီးသွားပါပြီခင်ဗျာ

သံယောဇဉ်မင်း
သံယောဇဉ်နန်းတော်

thanyawzinmin
11-22-2010, 12:26 PM
Web installation Wordpress
ကဲဖိုင်တွေလဲတင်ပြီးပြီ Access တွေလဲပေးပြီးပြီဆိုရင်တော့ Wordpress ကိုစတင် Install လုပ်လို့ ရပါပြီ။

http://lh6.ggpht.com/_1BKDQsyynsA/TLkCc9HZoUI/AAAAAAAAAsQ/G3izC6EK6aU/s800/untitled.JPG

www.yourname.com ဆိုပြီး Browser ကနေခေါ်လိုက်ရင်အထက်ပါအတိုင်း Message တက်လာမှာဖြစ်ပါတယ်။Config ဖိုင်ကို တော့ Write Access ပေးထားဖို့ လိုပါတယ်။

http://lh6.ggpht.com/_1BKDQsyynsA/TLkCdDvoR5I/AAAAAAAAAsU/e4HMpDiIFSg/s800/untitled1.JPG
အထက်မှာတွေ့ တဲ့အတိုင်း
DataBase Name
DataBase username
DataBase Password
DataBase Host စသဖြင့် မိမိတို့ ဒေတာများကိုထည့်သွင်းပြီး Summit ကိုနှိပ်ပေးရပါမယ်
အားလုံးအဆင်ပြေပါက အောက်ပါအတိုင် Installer ကို Run ဖို့  Message တက်လာပါလိမ့်မယ်ခင်ဗျာ။

http://lh5.ggpht.com/_1BKDQsyynsA/TLkCdz7UTNI/AAAAAAAAAsY/14YtLnCttUE/s800/untitled11.JPG
ထို့ နောက် မိမိတို့ ဆိုက် Title
ဆိုက် အတ်ဒမင် Username
ဆိုက် အတ်ဒမင် Password နှင့်
Webmaster Mail တို့ ကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်ခင်ဗျာ။

http://lh3.ggpht.com/_1BKDQsyynsA/TLkCd2LSxzI/AAAAAAAAAsc/pVr_sUih6f4/s800/untitled111.JPG

ထို့ နောက်တွင်တော့အဆိုပါ အကောင့်ဖြင့်ဆိုက်အတွင်းသို့ Log In ၀င်လို့ ရပြီဖြစ်ပါတယ်ခင်ဗျာ။

http://lh5.ggpht.com/_1BKDQsyynsA/TLkCeNpf_uI/AAAAAAAAAsg/swEKDdmTjwU/s800/untitled1111.JPG

www.yourname.com/wp-admin ကနေ၀င်ရောက်လို့ ရမှာဖြစ်ပါတယ်

http://lh4.ggpht.com/_1BKDQsyynsA/TLkCsdYpO_I/AAAAAAAAAsk/dbRcNV8DNew/s800/untitled11111.JPG

အားလုံးကိုယ့်ရဲ့ ဆိုက်ကလေး ကို စိတ်ချမ်းချမ်းသာသာလေးကြည့်လို့ ရပြီလို့ ထင်ပါတယ်။လိုအပ်တဲ့အကူအညီတွေရှိပါကလဲ ပြောပါ ကူညီပါ့မယ်။

http://lh4.ggpht.com/_1BKDQsyynsA/TLrMrYuEXDI/AAAAAAAAAtQ/sOnpgG7clnc/s800/tyzm.JPG

သံယောဇဉ်မင်း
သံယောဇဉ်နန်းတော်

herzcthu
12-01-2010, 06:09 PM
အင်စတောလုပ်တဲ့အခါ မြန်မာလို တစ်ခါတည်းသွင်းချင်ရင် http://myanmarlocalizationprojects.googlecode.com/files/my_MM.mo ဒီဖိုင်ကို ယူပြီး wp-content/languages/ ထဲမှာ ထည့်ပါ။ wp-content ထဲမှာ languages နာမည်နဲ့ ဖိုလ်ဒါမရှိသေးရင်လဲ တစ်ခုဆောက်ပေးပါ။ အဲဒါပြီးရင် wp-config.php ဖိုင်ရှိရင်လဲ အဲဒီဖိုင် မရှိရင် wp-config-sample.php ဖိုင်ကို notepad ဒါမှမဟုတ် notepad ++ လို text editor တစ်ခုခုနဲ့ဖွင့်ပြီး define ('WPLANG', ''); ကိုရှာ define ('WPLANG', 'my_MM'); လို့ပြောင်းပေးပြီးမှ ဆက်လုပ်ရင် အားလုံးမြန်မာလို ဖြစ်ပါမယ် wordpress core ဖိုင်တွေကို ပြင်စရာမလိုတော့ပါဘူး။ နောက်ပြီး ဖောင့်မရှိတဲ့စက်တွေမှာ မြန်မာစာကောင်းကောင်းပေါ်ဖို့ကတော့ http://wordpress.org/extend/plugins/zawgyi-one-to-ayar-unicode/ ကို wp-content/plugins ထဲထည့်ပေးပြီး activate လုပ်လိုက်ရင် အားလုံး အဆင်ပြေပြေပေါ်ပါမယ်။ တကယ်လို့ ကိုယ်ပိုင် ဒိုမိန်းရယူဖို့ခက်နေတဲ့သူတွေအဖို့ လုပ်ပြီးသားကို ရယူချင်တယ်ဆိုရင်တော့ မြန်မာတို့အတွက် မြန်မာ့ပရက်စ် (http://www.myanmapress.com) မှာ ကိုယ်ပိုင် ဘလော့ဂ်တစ်ခုရယူနိုင်ပါတယ်။

ကျေးဇူးတင်စွာဖြင့်
herzcthu

minlwin121
12-01-2010, 06:23 PM
wordpress ကို ဗားရှင်း ဘယ်လောက်သုံးထားလဲ ခင်ဗျာ..
ကျွန်တော်လဲ myanmar3 နဲ့  လုပ်ဖို့ ကြိုးစားနေလို့ ပါ..ကျွန်တော် လုပ်တာကတော့ 3.0.1 ပါ..

minlwin121
12-01-2010, 06:25 PM
ကျွန်တော်ပြုလုပ်ထားတဲ့ ပြီးစီးမှု ကတော့

http://linlinaung.info/wp/index.mo.html

sanda87
04-03-2011, 07:12 PM
ကျေးဇူးတင်တယ်အစ်ကိုတိုေ၇း...........ကိုနေအပါဝင်........ကိုသံယောစဉ်မင်းတို့ ကိုပါ
ကျေးဇူးအထူးတင်ပါတယ်..........ဒီထက်မကဝေမျှနိုင်ပါစေ

konay
04-04-2011, 11:28 AM
အထက်ပါ PHP ဗားရှင်းလိုအပ်ချက်တွေနဲ့ ပြည့်စုံပါက ဒုတိယအဆင့်အနေနဲ့  Wordpress ဖိုင်တွေကို Host ပေါ်ကိုတင်ပါမယ်
ကျွန်တော်ကတော့ File Zilla နဲ့ Cute FTP ကိုများသောအားဖြင့်သုံးလေ့ရှိပါတယ်။အခု Cute နဲ့ စမ်းပြပါမယ်။

Software ကိုဒေါင်းလုဒ်ချချင်ရင်တော့ ဒီလင်ခ့်ကနေချလိုက်ပါ Crack ပါပါတယ်

Password တောင်းနေတယ် Cute Ftp ကလုပ်ကြပါဦး........................................

AndrewSway
04-04-2011, 09:48 PM
ကို နေ
အမ်အီအက်ဖ် အကြီးပေးကြည့် ပါ။ မရရင်ပြောပါ။

konay
04-06-2011, 04:13 AM
Password တောင်းနေတယ် Cute Ftp ကလုပ်ကြပါဦး........................................
ဆော်ရီးပါ ... ကိုဆွေ ရေ .... သူက မောက်ခ မှာ Host တင်ထားလေတော့  ကျွန်တော်လည်း ကြောင်တောင်တောင် ဖြစ်သွားလို့ ပါ MEF နဲ့  အဆင်ပြေသွားပါပြီ။

Demohein
11-05-2011, 12:59 AM
အင်စတောလုပ်တဲ့အခါ မြန်မာလို တစ်ခါတည်းသွင်းချင်ရင် http://myanmarlocalizationprojects.googlecode.com/files/my_MM.mo ဒီဖိုင်ကို ယူပြီး wp-content/languages/ ထဲမှာ ထည့်ပါ။ wp-content ထဲမှာ languages နာမည်နဲ့ ဖိုလ်ဒါမရှိသေးရင်လဲ တစ်ခုဆောက်ပေးပါ။ အဲဒါပြီးရင် wp-config.php ဖိုင်ရှိရင်လဲ အဲဒီဖိုင် မရှိရင် wp-config-sample.php ဖိုင်ကို notepad ဒါမှမဟုတ် notepad ++ လို text editor တစ်ခုခုနဲ့ဖွင့်ပြီး define ('WPLANG', ''); ကိုရှာ define ('WPLANG', 'my_MM'); လို့ပြောင်းပေးပြီးမှ ဆက်လုပ်ရင် အားလုံးမြန်မာလို ဖြစ်ပါမယ် wordpress core ဖိုင်တွေကို ပြင်စရာမလိုတော့ပါဘူး။ နောက်ပြီး ဖောင့်မရှိတဲ့စက်တွေမှာ မြန်မာစာကောင်းကောင်းပေါ်ဖို့ကတော့ http://wordpress.org/extend/plugins/zawgyi-one-to-ayar-unicode/ ကို wp-content/plugins ထဲထည့်ပေးပြီး activate လုပ်လိုက်ရင် အားလုံး အဆင်ပြေပြေပေါ်ပါမယ်။ တကယ်လို့ ကိုယ်ပိုင် ဒိုမိန်းရယူဖို့ခက်နေတဲ့သူတွေအဖို့ လုပ်ပြီးသားကို ရယူချင်တယ်ဆိုရင်တော့ မြန်မာတို့အတွက် မြန်မာ့ပရက်စ် (http://www.myanmapress.com) မှာ ကိုယ်ပိုင် ဘလော့ဂ်တစ်ခုရယူနိုင်ပါတယ်။

ကျေးဇူးတင်စွာဖြင့်
herzcthu

ဇော်ဂျီယူနီကုဒ်ကို သုံးပြီး ဘလော့တစ်ခုလုပ်ထားပါတယ်။ ဒါပေမဲ့ ဖောင့်မရှိတဲ့ စက်မှာ မြန်မာလိုပေါ်အောင် ayar unicode ထည့်လို့ရမလား။ ပြီးတော့ အပေါ်ကတင်ထားတဲ့ plugins က active မဖြစ်တော့ဘူး အသစ်များရှိသလားလို့ သိချင်ပါတယ်။

tunaungkyaw
11-05-2011, 09:08 AM
ဇော်ဂျီယူနီကုဒ်ကို သုံးပြီး ဘလော့တစ်ခုလုပ်ထားပါတယ်။ ဒါပေမဲ့ ဖောင့်မရှိတဲ့ စက်မှာ မြန်မာလိုပေါ်အောင် ayar unicode ထည့်လို့ရမလား။ ပြီးတော့ အပေါ်ကတင်ထားတဲ့ plugins က active မဖြစ်တော့ဘူး အသစ်များရှိသလားလို့ သိချင်ပါတယ်။

http://www.saturngod.net/knowledgebase/myanmar-web-font
အဲဒီလင့်မျာ ဖတ်ကြည့်ပါ။ webfont လုပ်ထားပြီးသားကို ယူသုံးရုံပါပဲ။

thanyawzinmin
09-17-2012, 11:53 PM
Myanmar Font Tagger ဆိုတာလဲရှိတယ် သန့် သက်ခင်ဇော် ရေးထားတာပဲ သုံးကြည့် ကောင်းတယ် မြန်တယ်
http://wordpress.org/extend/plugins/mm-unicode-font-tagger/

civilkoko
10-03-2012, 09:52 PM
သုံးလို့ကောင်းတဲ့ free hosting လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်

http://www.1freehosting.com/

10 GB disk space
100 GB bandwidth

ကျွန်တော်တွေ့ခဲ့သမျှထဲတော့ disk space ကော bandwidth ပါအများဆုံးပေးထားသလိုပါပဲ..။ဒီလောက် disk space နဲ့ bandwidth သာဆို သာမန် ဘလော့ တွေအတွက် လုံလောက်ပါလိမ့်မယ်
ဒီ hosting လေးကိုသုံးပြီး ဘလော့လေး တစ်ခုစမ်းသပ်ထားပါတယ် ။အားလုံးအစဉ်ပြေပါတယ်ခင်ဗျား..

www.htinlinnaungtech.co.cc

အဆင်ပြေကြပါစေ

thanyawzinmin
01-06-2013, 11:15 AM
ဒီတော့ပစ်နဲ့ မဆိုင်ဘူးထင်တာပဲ ။ အဲ့ ဟိုစ့်တင်းကို Register ယူတာကနေ စပြီးတော့ နောက်ဆုံး ဝတ်ဆိုဒ် ဖြစ်သွားတဲ့ အထိ ပိုစ့်သပ်သပ် ခွဲရေးပါလား။