PDA

View Full Version : MK Portal



chitlar
09-01-2008, 07:05 AM
ကျွန်တော် MK Portal အကြောင်းနဲ့ ဖိုရမ်ချိတ်ဆက်ပုံ အသေးစိတ်လေ့လာချင်ပါတယ်ခင်ဗျာ ကူညီကြပါဦး

zener
09-01-2008, 04:41 PM
ချစ်လားရေ ..... အောက်မှာ mkportal 1.2 ကိုတင်ပေးလိုက်ပါ ... လုပ်ပုံလုပ်နည်းက အဲဒီထဲက readme ဖိုင်အားဖတ်ပြီး လုပ်ကြည့်နိုင်ပါတယ် . ..
အရမ်းလွယ်ပါတယ် ... အဆင်မပြေရင် ပြောပေါ့ ....
http://www.mkportal.it/ အဲဒီကနေလဲ တိုက်ရိုက်ဒေါင်းလို့ ရပါတယ် ...

http://img113.imageshack.us/img113/4992/55720607oo8.gif
http://ifile.it/kqjixoa

chitlar
09-01-2008, 09:16 PM
ကျွန်တော့်မှာ ဒေါင်းပြီးသားရှိပါတယ် ဒါပေမယ့် သူက ဖိုရမ်နဲ့လင့်ချိတ်ရမှာဆိုတော့ တစ်ခုခုမှားသွားမှာစိုးလို့ အသေးစိတ် လာမေးတာပါခင်ဗျ ဖြစ်နိုင်ရင် ဒီမှာပဲ မြန်မာလိုလေး ရှင်းပြစေလိုပါတယ် . . .။
တစ်ဆက်ထဲမှာ ဖိုရမ်မှာ eot ထည့်သွင်းနည်းလေးပါ ပြောပြပေးပါ ဘလော့မှာတော့ ထည့်ဖူးပါတယ် ဖိုရမ်မှာက တစ်ခါမှ မထည့်ဖူးသေးလို့ပါ

zener
09-02-2008, 12:59 AM
ဖိုရမ်နဲ့ ပေါ်တယ်ချိတ်တာကတော့ အောက်ပါအတိုင်းပြုလုပ်ပါ ။

root ထဲက Sources/Subs.php ဖိုင်ကို ပြင်ရပါမယ် ... အောက်ကကုတ်ကိုရှာပါ ..


// For session check verfication.... don't switch browsers...
$_SESSION['USER_AGENT'] = $_SERVER['HTTP_USER_AGENT'];

ပြီးပါက အဲဒီကုတ်အောက်မှာ ဒီကုတ်လေးကို ထပ်ဖြည့်လိုက်ပါ .. အဲဒီကုတ်ရဲ့ အဆုံးမှာနော် ဒီကုတ်က ထည့်ရမှာ ...


//added from MKportal
if ($header !== false && in_array('main', $context['template_layers'])) {
define ( 'IN_MKP', 1 );
require_once "../mkportal/include/SMF/smf_out.php";
mkportal_board_out();
}
//end added


ပြီးပါက "Control Panel > Preferences > Forum Page Look & Feel" set the "Show Forum inside MKPortal?" option to "Yes". ပေးလိုက်ပါ ... အဆင်ပြေပါပြီး ....တကယ်လို့ ဘေးနှစ်ဘက် ကိုပေါ်ချင်၊ ပျောက်ချင်ပါက အဲဒီနေရာမှာပဲ ပြင်နိုင်ပါတယ် ။

eot လုပ်ချင်တာက mkportal မှာလုပ်ချင်တာလား ၊ ဖိုရမ်မှာပါ လုပ်ချင်တာလား ...
mkportal မှာဆို Portal CP --> Skin Management ကို ၀င်ပါ။ အဲဒီမှာ default and forum ဆိုတာ ၂ ခုတွေ့ ပါမယ် .. ၂ ခုလုံးကို လုပ်ပေးရမှာပါ ... CSS edit ကို နှိပ်ပြီး ပြင်နိုင်ပါတယ် .. အရင်ဆုံး Zawgyi-one ဖွန့် ကို ကြော်ငြာ ၊ ပြီးရင် font-family မှာ Zawgyi-one တွေ လိုက်ထည့် .. ဒါဆိုရပါပြီး ။ အဲဒါကို ကိုယ်ပိုင်ချက်ရွန်းပြုလုပ်ခြင်းမှာ ဆွေးနွေးပြီးသားပါ ...

ဖိုရမ် (SMF) မှာပြင်ချင်တယ်ဆိုရင် Forum CP-->Current Theme-->Modify Theme မှာ မိမိထည့်ထားသော theme ကိုရွေး၍ style.css ကို ဇော်ဂျီထည့်ရင် ရပါပြီး ...

chitlar
09-02-2008, 10:48 AM
ကိုရာမညပြောတာ ကျွန်တော်မရှင်းဘူးဗျ မရှင်းဘူးဆိုတာက ဒီလို MK Portal ကို ဘယ်နေရာမှာ သွားတင်ရမှာလဲ ဆိုတာ မပြောသွားသေးလို့ပါ နောက်ပြီး တင်ပြီးတာနဲ့ အစ်ကိုပြောတဲ့အတိုင်း ကုတ်လေးရယ် နေရာလေးတစ်ခုရယ် ပြင်တာနဲ့ ရတာလားဗျာ ကျွန်တော်ပြောတဲ့သဘောက အခု မြန်မာအင်ဂျင်နီယာဖိုရမ်က ချိတ်ထားတဲ့ ပုံလေးကို ကြိုက်လို့ပါ . . . ။ မထူးပါဘူးဗျာ ချက်ကိုသာ လာခဲ့ပါတော့ဗျာ အဲဒါက ပိုမြန်မယ် ထင်တယ် ညကျရင် စောင့်နေမယ်နော် :)

zener
09-02-2008, 12:58 PM
အခုကျောင်းတက်နေရလို့ စောစောအိပ်နေရတယ်ဗျာ .. မနက်စောစောထသွားရတာဆိုတော့ ...
ကျွန်တော်ပြောတဲ့အတိုင်းပြင်ရင် ရပါတယ် .. မြန်မာအင်ဂျင်နီယာဖိုရမ်လို ဖြစ်ပါတယ် .... ပေါ်တယ်နဲ့ ဖိုရမ်ချိတ်ပါတယ်....
ဘယ်နေရာမှာတင်ရမလဲဆိုတော့ အခုချစ်လားမှာ ဖိုရမ်တင်ထားတာက http://chitlar.com/forum မှာဖြစ်တဲ့အတွက် သိပ်အထွေအထူး ပြင်စရာမလိုပါဘူး ။
ဒီတော့ ပေါ်တယ် package ကို root ထဲမှာဖြစ်ပါတယ် .... အဲဒီတော့ root ထဲမှာ mkportal , forum, index.php ဖိုင်ရယ် သုံးခု ရှိမှာပေါ့ ...
ဒီတော့ mkportal ကို အင်စတောလိုက် ... သူက ဘယ်ဟာနဲ့ ချိတ်မလဲ တောင်းလိုက်မယ် ... phpBB လား SMF လား စသဖြင့်တောင်းလိမ့်မယ် .. ဒါဆို SMF လို့ ပေးလိုက် ...
ချိတ်မဲ့ ဖိုဒါနာမည်ကိုလဲ တောင်းမယ် .. ချစ်လားက forum လို့ ပေးထားပြီး ဖြစ်တဲ့အတွက် forum ပေါ့ .... အဲဒါဆို ရပါပြီး ..
အင်စတောတာက မခက်ပါဘူး ... သူ့ package ရဲ့ readme file ကို သေချာဖတ်ကြည့်ပါ ... မရဘူးဆိုရင် အသေးစိတ်ရှင်းပေးပါ့မယ် .. အဓိကက ဖိုင်တင်ရတဲ့ အနေအထားပါပဲ ... ဖိုင်တွေကို root ထဲမှာ ထည့်ရမှာပါပဲ ... root ဆိုတာ www.000webhost.com ဆိုရင် public_html ဖြစ်ပြီး ၊ www.byethost.com ဆိုရင် /chitlar.com/htdocs လို မျိုးဖြစ်ပါတယ် .. hosting အလိုက် နာမည်ပြောင်းနိုင်ပါတယ် ..

80ak
02-18-2010, 12:42 AM
အဲဒီက မူလလင့်စ်မှာ ဒေါင်းလို့ မရတော့ဘူးနော် ကိုရေခါးတင်ပေးတဲ့လင့်စ်ကလဲ သေသွားပြီ အဆင်ပြေမယ်ဆိုရင် ပြန်တင်ပေးပါလားဗျာ
ကိုရေခါး ပြင်ထားတဲ့ဟာနဲ့ မူလနဲ့ တွဲပြီးဘာကွာလဲလို့ သိချင်လို့ ပါ ပြင်တဲ့နေရာလေးတွေကဘယ်နားကလဲ ဆိုတာကိုယုဉ်ကြည့်ချင်လို့ ပါဗျာ
အဆင်ပြေမှပါ ကျေးဇူးတင်ပါတယ်ဗျာ

တာယာ
02-18-2010, 04:25 AM
အဲဒီက မူလလင့်စ်မှာ ဒေါင်းလို့ မရတော့ဘူးနော် ကိုရေခါးတင်ပေးတဲ့လင့်စ်ကလဲ သေသွားပြီ အဆင်ပြေမယ်ဆိုရင် ပြန်တင်ပေးပါလားဗျာ


သူ့မူရင်းဆိုဒ်ဖြစ်တဲ့ http://www.mkportal.it/ မှာ တခါတည်းဒေါင်းနိုင်ပါတယ် ..။
လုပ်နည်းကတော့ Read me ဖတ်တာနဲ့တင် အဆင်ပြေပါတယ်..။



ကိုရေခါး ပြင်ထားတဲ့ဟာနဲ့ မူလနဲ့ တွဲပြီးဘာကွာလဲလို့ သိချင်လို့ ပါ ပြင်တဲ့နေရာလေးတွေကဘယ်နားကလဲ ဆိုတာကိုယုဉ်ကြည့်ချင်လို့ ပါဗျာ


ပြင်ထားတယ် ဆိုတာက ဘာကို ဆိုလိုတာလဲ မသိဘူး ....ဥပမာ -

- မြန်မာမှု ပြုထားတာကို ဆိုလိုတာလား ?
- Template ပြောင်းထားတာကို ဆိုလိုတာလား ?

ပြင်ထားတဲ့ဟာတွေကို အရင်မကြည့်ပါနဲ့ ..တော်တော်များများက Open Source တွေဖြစ်လို့ ကိုယ်နားလည်ရင် နားလည်သလို ကျွမ်းကျင်ရင် ကျွမ်းကျင်သလို ပြန်လည်ပြီး ပြုပြင်နိုင်ပါတယ်..။

တာယာ

phoelapyae
02-18-2010, 04:30 AM
MKPortal 1.1RC1

Download
http://www.myanmarengineer.org/index.php?ind=downloads&op=entry_view&iden=332

ကိုရေခါးတင်ပေးထားတဲ့လင့်ဆိုတာ ဒီဖိုရမ်မှာ ဘယ်နားကလင့်ပါလဲခင်ဗျာ...