PDA

View Full Version : Apply Basic electronics



kayinsoon
09-02-2008, 01:39 PM
  အခြေခံအီလက်ထရောနှစ်ပညာတွင်မသိမဖြစ်သိထားရမည့်အရာများမှာ resistor,capacitor,diode,transistor,transformer and etc
ဆက်လက်ရေးသားဖော်ပြသွားပါမည်။130k resistorတစ်လုံးကိုအသုံးပြုပြီac lineမှာled မီးလင်းအောင်လုပ်မယ်ပြီးရင်ဘာကြောင့်မီးလင်းသလဲဆိုတာtheoryနဲ့ဖော်ပြသွားပါမယ်။

Minn Lwin
10-06-2008, 03:34 AM
Resistor လေးတွေ တွေ့ လို့ ဗျာ...Resistor တန်ဖိုးရေတွက်ပုံလေး ရေးလိုက်ပါတယ်....
Resistor တန်ဖိုးကို အရောင်ကြည့်ပြီး တွက်ချက်ကြပါတယ်....သူ့ မှာ အရောင် ၁၀ မျိုးရှိပါတယ်...
http://img232.imageshack.us/img232/4697/resistorpr1.jpg
နက် ညို နီ မော် ၀ါ စိမ်း ပြာ ရမ်း ခိုး ဖြူ

တန်ဖိုးတွေကတော့
နက်=ဝ
ညို=၁
နီ=၂
မော်=၃
ဝါ=၎
စိမ်း=၅
ပြာ=၆
ရမ်း=၇
ခိုး=၈
ဖြူ=၉

ပုံသေနည်းက
AB.10^C ပါ...
ဥပမာ-ညိုနက်နီ ဆိုပါဆို့ ...
ညို=၁
နက်=ဝ
နီ=၂
------------
ညို=A
နက်=B
နီ=C
---------------
AB.10^C ဆိုတော့
ညိုနက်နီ Resistor တစ်လုံးရဲ့ တန်ဖိုးက
10.10^2=1000Ωပါ..1k ပေါ့ဗျာ...
ကျွန်တော် သိတာလေးဝင်ရေးလိုက်တာပါ...အမှားပါသွားရင် တောင်းပန်ပါတယ်...
ကိုkayinsoon ရဲ့  Theory ကိုလဲ စိတ်ဝင်စားတယ်ဗျာ...ဆွေးနွေးချက်ကို စောင့်မျှော်နေပါတယ်....

thuratun
11-12-2008, 06:42 PM
Resistor တွေရဲ့ Tolerance တန်ဖိုးတွေကို တော့ ရွှေ နဲ့ ငွေ ဆိုပြီး သတ်မှတ်ပါတယ်

ရွှေဆိုရင် တော့ + or - 10 % ဖြစ်ပါတယ်

ငွေ ဆိုရင်တော့ + or - 5 % ဖြစ်ပါတယ်




Resistor values - the resistor colour code
Resistance is measured in ohms, the symbol for ohm is an omega ohm.
1 ohm is quite small so resistor values are often given in kohm and Mohm.
1 kohm = 1000 ohm 1 Mohm = 1000000 ohm.

Resistor values are normally shown using coloured bands.
Each colour represents a number as shown in the table.

Most resistors have 4 bands:

* The first band gives the first digit.
* The second band gives the second digit.
* The third band indicates the number of zeros.
* The fourth band is used to shows the tolerance (precision) of the resistor, this may be ignored for almost all circuits but further details are given below.

http://www.kpsec.freeuk.com/images/270k.gif

This resistor has red (2), violet (7), yellow (4 zeros) and gold bands.
So its value is 270000 ohm = 270 kohm.
On circuit diagrams the ohm is usually omitted and the value is written 270K.



Small value resistors (less than 10 ohm)
The standard colour code cannot show values of less than 10ohm. To show these small values two special colours are used for the third band: gold which means × 0.1 and silver which means × 0.01. The first and second bands represent the digits as normal.

For example:
red, violet, gold bands represent 27 × 0.1 = 2.7 ohm
green, blue, silver bands represent 56 × 0.01 = 0.56 ohm

Tolerance of resistors (fourth band of colour code)
The tolerance of a resistor is shown by the fourth band of the colour code. Tolerance is the precision of the resistor and it is given as a percentage. For example a 390ohm resistor with a tolerance of ±10% will have a value within 10% of 390ohm, between 390 - 39 = 351ohm and 390 + 39 = 429ohm (39 is 10% of 390).

A special colour code is used for the fourth band tolerance:
silver ±10%, gold ±5%, red ±2%, brown ±1%.
If no fourth band is shown the tolerance is ±20%.

Tolerance may be ignored for almost all circuits because precise resistor values are rarely required.

ရိုမီယို
11-13-2008, 06:53 PM
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ၀င်ဖြီးလိုက်ဦးမယ်
ရိုမီယိုတို့ က ဂလိုပဲ ဖောနေ ကြ... ;D

သူ့ပတ် ပတ်လမ်းတွေက Linear ပတ်လမ်းတွေနဲ့ မတူပဲ voltage level 2 ခုတည်းနဲ့
အစီအစဉ်ယူတယ်ဗျ..အဲဒါတွေ ကတော့ Logic 0 နဲ့ Logic 1 ဆိုပြီး ယူတယ်..Logic အ
များစုကတော့ Positive logic ကိုသုံးပါတယ်...အဲဒီစနစ်တွေမှာ
logic 0 =0 V (or) 0.5 V ထက်ငယ်သော ဗို့အား
logic 1 = မြင့်သောဗို့အား
logic level 2 ခုတည်းသာ သုံးသောကြောင့် ဘိုင်နရီစနစ်ဖြစ်လာတယ်....ဘိုင်နရီ စနစ်
မှာ မည်သည့်ဂဏန်းကို မဆို 1 နှင့် 0 ဖြင့်သာဖော်ပြပါတယ်။ကြီးမားသော ဘိုင်နရီ နံပါတ်
တွေကို ရေးရန်ခဲယဉ်းသဖြင့် hexadicimal (hex) နံပါတ်များကို အသုံးပြုပါတယ်....
ဘိုင်နရီ နံပါတ် ၄ခု အစုတိုင်းကို hex coding ဖြင့်ဖော်ပြပါတယ်..အဲဒီ ၄ခု အစု
ကို byte လို့ခေါ်ပါတယ်...


[tr][td]ဆယ်လီစနစ်|4 bit ဘိုင်နရီ |hexadecimal
0 |0000 | 0
1 |0001 | 1
2 |0010 | 2
3 |0011 | 3
4 |0100 | 4
5 |0101 | 5
6 |0110 | 6
7 |0111 | 7
8 |1000 | 8
9 |1001 | 9
10 |1010 | A
11 |1011 | B
12 |1100 | C
13 |1101 | D
14 |1110 | E
15 |1111 | F





ဥမမာ - ၉၃ ကို ဘိုင်နရီဖြင့် ပြလျှင် 0101 1101

hex ဖြင့်ပြလျှင် 5 D

၂၂၇ကိုဘိုင်နရီဖြင့်ပြလျှင် 1110 0011

hex ဖြင့်ပြလျှင် E 3

;Dတားတား ဘာမှမသိဘူးနော် ၀င်မိလို့ ရေးဖြစ်သွားတာ ..

ရိုမီယို
11-15-2008, 01:31 PM
V = I R ဆို ပြီး ကျွန် တော် တို့ တွေ
ခေါင်း ရှုပ် ခဲ့ ကြ တာ လေ ;D
ကျွန်တော်တို့  ပြောပြောနေကြတဲ့ Ohm's Law ပေါ့ဗျာ...

အဲ ဒီ ရဲ့ ဖ ခင် ကြီး ကို ကျွန် တော်
လေး စား သ လို
တစ် ခါ တစ် လေ ပုဒ် စာ တွက် မ ရ ရင်
စိတ် တို မိ တယ်
ဘာ ပဲ ပြော ပြော သူ့ ကို
မ မြင် ဖူး သေး တဲ့ လူ တွေ မြင် ဖူး သွား အောင်
ကျွန် တော် တင် ပေး လိုက် ပါ တယ်


သူ့ ရဲ့ နာမည်က Georg Simon Ohm ပါ...


http://img295.imageshack.us/img295/9259/ohmdj3.jpg

http://img395.imageshack.us/img395/3122/ohm2up8.jpg

V = IR တဲ့
ဘယ်အခါမှာလဲ ဆိုရင်:
* V က the voltage in volts ဖြစ်ရင်
* I က the current in amperes or amps ဖြစ်ရင်
* R ကတော့ the resistance in ohms ဖြစ်ရင် တဲ့ဗျ
ဥပမာပေါ့..Current I = 0.2A ဖြစ်ပြီး Resistance R က 1000 ohms ရှိမယ်ဆိုပါစို
့Voltage ကို ရှာပါ
V = IR
V = 0.2A * 1000 Ω = 200[COLOR=Red]V
V က 110V ဖြစ်ပြီး R က 22000 ohms ဖြစ်ရင်
Current I ကို ရှာပါ
I = V / R
I = 110V / 22000 Ω = 0.005A
V = 220V ဖြစ်ပြီး I က 5Aဖြစ်ရင် Resistance R ကို ရှာပါ
R = V / I
R = 220V / 5A = 44 Ω

ရိုမီယို
11-25-2008, 09:26 AM
Diode အကြောင်းလေး သိသလောက်လေးပြောလိုက်ဦးမယ်

Diode များကို လေဟာနယ် မီးသီး ဖြင့် လည်းကောင်း ၊
တပိုင်းလျပ်ကူး ( Semi Conductor ) များဖြင့်လည်းကောင်းတည်ဆောက်ကြပါတယ် ။
လေဟာနယ်မီးသီး များကို ယခု အခါ အသုံးပြု ခြင်း နည်းပါလာပါပြီ ။

ဒါ့ကြောင့် တပိုင်း လျပ်ကူး ( Semi Conductor ) Diode
အကြောင်းကို ပဲ ဖော်ပြပါမယ် ။

တပိုင်းလျပ်ကုးဆိုတာ အခြေ အနေ တစ်မျိုးမှာ လျပ်ကူး ကဲ့သို့ ပြုမူပြီး အခြေအနေ တစ်မျိုး မှာ
လျက်ကာ ကဲ့သို့ ပြုမူသော ပစ္စည်း မျိုးကို ပြောတာပါ ။ ဂျာမေနီယမ် ဆီလီကွန် စသည့် သတ္ထု
အမျိုး အစား များသည် တပိုင်းလျပ်ကူး ပစ္စည်း များဖြစ်ကြပါတယ် ။

တပိုင်းလျပ်ကူး သန့်သန့် ( Pure Semi- conductor )ပစ္စည်း ထဲသို့ မျိုး မတူ သော
အက်တမ် ( Atom ) များရောစပ်ပေးခြင်းအားဖြင့် လွတ်လပ်သော အီလက်ထရွန်များကို
ဖြစ်ပေါ်စေပါတယ် ။ ဤ တွင် လျပ်စီးကြောင်းကို ဖြစ်ပေါ်စေ သော လျှပ်စစ်သည် အမ လျှပ်စစ်
ဖြစ်သောကြောင့် ယင်းပြုပြင်ထားတဲ့ တပိုင်း လျပ်ကူးကို n အမျိုးအစား တပိုင်း လျပ်ကူးလို့ခေါ်ပါတယ် ။

ထိုကဲ့သို့ပင် မျိုးမတူ Atom များကို ရောစပ်ပေး ခြင်းဖြင့် Eletctron လို မော်လီကျုးများကို
ဖြစ်ပေါ်စေ ပြီး အဖို သတ္တိဆောင်သော အဖို လျပ်စစ်များ ရွှေ့ လျား ပြီး လျပ်စီး ကြောင်း ကို
ဖြစ်ပေါ်စေသည့် အမျိုးအစား ကို P.N အမျိုးအစား တပိုင်း လျပ်ကူး လို့ ခေါ်ပါတယ်။

n အမျိုးအစား နှင့် p အမျိုးအစား တပိုင်း လျပ်ကူး တို့ကို ဆုံဆက် ပြုလုပ်ထား ကာ
ယင်းဆုံဆက်ကို P.N ဆုံဆက်လို့ခေါ်ပါတယ် ။

ယင်း P.N ဆုံဆက် ဒိုင်အုပ် ကို N အမျိုးအစား ဘက်သို့ + Potential ( Reverse Bias )
ပေးပါက အလွန် အားငယ်တဲ့ လျပ်စစ်ပမာဏ သာ စီးကြောင်း တွေ့ ရ ပါတယ် ။

P.N ဆုံဆက် ဒိုင် အုပ် ကို P အမျိုး အစား ဘက်သို့ + Potential ( Forward bias )
ပေးပါ က လျှပ်စစ်ဖြတ်စီးကြောင်း ကို တွေ့ ရ ပါမယ် ။

ရိုမီယို
11-26-2008, 07:21 AM
ဆံဆက် ဒိုင်အုပ်ရဲ့ လျှပ်စီးကြောင်းဗို့ အား သဘာဝမျဉ်းကွေး

ဆံဆက်ဒိုင်အုတ်များကို AC လျပ်စစ် မှ DC လျပ်စစ် သို့ပြောင်းတဲ့
လျှပ်စီးပတ်လမ်းတွေ မှာအသုံးချပါတယ် ။

drcs
11-27-2008, 09:38 AM
အခြေခံအီလက်ထရောနှစ်ပညာတွင်မသိမဖြစ်သိထားရမည့်အရာများမှာ resistor,capacitor,diode,transistor,transformer and etc
ဆက်လက်ရေးသားဖော်ပြသွားပါမည်။130k resistorတစ်လုံးကိုအသုံးပြုပြီac lineမှာled မီးလင်းအောင်လုပ်မယ်ပြီးရင်ဘာကြောင့်မီးလင်းသလဲဆိုတာtheoryနဲ့ဖော်ပြသွားပါမယ်။
SERIAL CIRCUIT AND PARALLEL CIRCUIT တွေရဲ့ တွက်ပုံတွက်နည်းလေးတွေကို အသေးစိတ်ရှင်းပြကြပါအုံး နောက်ပတ်ကျရင်စာမေးပွဲ ရှိလို့ပါ။

thuratun
11-29-2008, 12:19 PM
Serial and Parallel Circuit :)

parallel မှာဆိုရင် volt တူတယ်လေ
ှSeries မှာဆိုရင်တော့ Current တူပါတယ်



ပြီးရင် ၀င်လာတဲ့ current နဲ့ ထွက်သွားတဲ့ current တွေက တူပါတယ်..

minthike
02-19-2009, 11:31 PM
တစ်ချိန်တုန်းက teacher ကသင်ပြခဲ့ဖူးတယ်
" ရွှေငါး တစ်ကောင် ငွေတစ်ဆယ်တဲ့"


for the remembrance of my teacher..
regards

minthike
02-25-2009, 12:42 PM
ကိုရိုမီယိုရေနဲနဲ ထပ် add မယ်နော်

"ဘိုင်နရီ နံပါတ် ၄ခု အစုတိုင်းကို hex coding ဖြင့်ဖော်ပြပါတယ်..အဲဒီ ၄ခု အစု
ကို byte လို့ခေါ်ပါတယ်..."
double byte ကို word လို့ခေါ်ပါတယ်...

capacitor တွေကို Serial ဆက်ထားရင် effective capacitance value= summation of individual capacitance value( Ctotal=C1+C2+C3+.....)
parallel ဆက်ထားရင် (1/Ctotal =1/C1 + 1/C2 + 1/C3 + ......)

resistor တွေရဲ့ effective resistance value တွေက အထက်က Capacitance ရဲ့ Formula နဲ့ဆင်ပါတယ်
inductor ကျတော့Capacitor နဲ့ resistor တို့ရဲ့ပြောင်းပြန်လို့မှတ်နိုင်ပါတယ်

resistor မှာ static သဘောကိုတွေ့ နိုင်ပြီး
capacitor and inductor မှာ dynamic သဘောကိုတွေ့ နိုင်ပါတယ်
resistor ကဝင်လာတဲ့energyကို heat အဖြစ်dissipateလုပ်ပြီး
cap..နဲ့ induct..တို့ကျတော့store လုပ်ပါတယ်


regard

min kyaw
07-02-2009, 11:13 PM
circuit တစ်ခုကိုကြည့်လိုက်ရင်...အထဲမှာပါတာတွေက ရှုပ်ရှက်ခတ်နေတာပဲ... power card တွေ TV circuit တွေ ကိုကြည့်လိုက်ရင် ကိုသိတဲ့ ပစ္စည်းကနည်းနည်းလေးရယ်.....တစ်ချို့ပစ္စည်းတွေဆိုရင် မီတာနဲ့တိုင်းကြည့် ဒီအတိုင်းကြည့် ပျက်တယ်ထင်ရင်ကောက်လည်းလိုက် နဲ့ ...လမ်းကြောင်းတဲ့သွားရင်လည်း ကောင်းသွားတာပဲ ...အဟုတ်... ;D
အဲ..အရေးကြီးတယ်ဆိုတာက အဲဒါပါ....circuit တစ်ခု ( TV ) ပဲ ထားလိုက်ပါးတော့..အဲဒီအထဲက ပစ္စည်းတစ်ခုချင်းစီ ကို တတ်နိုင်သလောက် သိနားလည်သူများက ရှင်းပြပေးစေချင်တာပါပဲ....
သီအိုရီတွေကိုပါ ထည့်ရှင်းရင်တော့ စောင့်ဖတ်နေကြတဲ့ တိုမောင်နှမတွေအတွက် အတော့ကို စိတ်မရှည်ချင်စရာပါ....သီအိုရီပိုင်းတွေက circuit maker သမားတွေအတွက်တော့ အသုံးဝင်နိုင်တာပေါ့နော်...ဒါပေမဲ့ ဝါသနာပါလို့ လေ့လာချင်တဲ့သူ... ကလိချင်တဲ့သူ...ပြင်ချင်တဲ့သူတွေကျတော့
မှတ်ရတာတွေများနေလို့..... ;D
အဓိက ၅ မျိုးလောက်ကနေ ခွဲထွက်လာတာတဲ့ အုပ်စုတူပြီး ပုံစံမတုတဲ့ သေးသေးကွေးကွေးလေးတွေရယ်...အုပ်စုလည်းမတူ ပုံစံလည်းမတူတဲ့ ပစည်းတွေကို တတ်နိုင်သလောက် အားလုံးနားလည်နိုင်အောင်...ရှင်းပြပေးကြပါနော်.....
ဘာပစ္စည်းဆိုတာရယ်...ဘယ်လိုအသုံးဝင်တယ်ဆိုတာရယ်....မီတာတိုင်းနည်းလေးရယ်...ပျက်လို့အစားထိုးစရာမရှိရင်...ဘယ်လိုလုပ်ရမလဲဆိုတာမျိုးလေးတွေပေါ့...ကောင်းသွားအောင်ပြောတာနော်... ;D ;D ;D

mg kyi thar
10-04-2009, 03:23 PM
အကိုပြောတဲ့ tv circuit တွေကိုပြင်နိုင်ဖို့ဆိုတာက လွယ်တဲ့အလုပ်မဟုပ်ပါဘူးပါဘူး။
သင်တန်းကောင်ကောင်း တက်လိုက်မယ်ဆိုရင်တော့ အဆင်ပြောသွားပါမယ်။ meter တိုင်းနည်းကို ရှင်းပြရရင်တော့ တောတောရှည်သွားလိမ့်မယ်။
ဒါကြောင့် ဦးသန်းဆင့်ရေးထားတဲ့ meter တိုင်းနည်း စာအုပ်လေးဝယ်ဖတ်လိုက်မယ်ဆိုရင်တော့ အဆင်ပြေ သွားမယ်ထင်ပါတယ်။
circuit တစ်ခုကိုကိုတိုင်ပြင်နိုင်ဖို့ဆိုတာက professional ဖြစ်ဖို့က အရင်ဖြစ်ဖို့ လိုတယ်ဗျ။ ဒီတော့ ကောင်းတဲ့သင်တန်း ကိုရွေးချယ်ပြီး တက်သင့်ပါတယ်။
အကူအညီလို့ရင်လည်းပြေပါ ၀ါသနာ တူရင်ကူညီပါမယ်။ ...

gerfin
12-05-2009, 05:31 AM
ကျနော် သိသလောက်လေး ၀င်ဆွေးနွေးချင်ပါတယ်... ဒီပို့စ်လေးအတွက် လိုအပ်မယ်ထင်လို့ပါ။ အမှားပါရင်တော့ ခွင့်လွှတ်ပါနော်... :)
electronic components တွေမှာ အခြေခံအားဖြင့်တော့ passive and active ဆိုပြီး ၂ မျိုး ရှိပါတယ်....


passive ဆိုတာက လွယ်လွယ်ပြောရင် သူကပဲ ပါဝါ ကို ယူသုံးတယ်၊ သူက Input power > Output power ပါ.....ဘာလို့လဲ ဆိုတော့ သူက dissipation ရှိလို့ပါ။ သူ့ကို သုံးရင် power supply သီးသန့် ပေးစရာမလိုပါဘူး..... ဥပမာ။ ။ resistor ၊ capacitor နဲ့ inductor တွေ ပေါ့။

active ကတော့ power supply သီးသန့်လိုပါတယ်။ ပြီးတော့ သူကနေ output တခု ပြန်ထုတ်ပေးတယ်..ဥပမာ။ ။ transistor ၊ MOSFET ၊ IC စတာတွေ့ပေါ့။ သူကျတော့ Input power < output power ဖြစ်ပါတယ်.... သူက amplification လုပ်ပေးနိုင်လို့ ပါ