PDA

View Full Version : Cadence IC 6 ( Simulation ) အကြောင်းနဲ့  ပတ်သက်သမျှ ဆွေးနွေးရန်



htetlinnaung
10-05-2010, 09:49 PM
မင်္ဂလာပါ

ကျွန်တော်လည်း အီလတ်ထရောနစ် အင်ဂျင်နီယာ အောက်မှာ ပို့ စ် ၀င်မရေးဖြစ်တာ ကြာနေပါပြီ။ ဒီနေ့ တော့ ကျွန်တော်လည်း tutorial တခု လုပ်ရင်းနဲ့  ကျွန်တော်တို့ နောက်
ပိုင်း ckt design အတွက် လုပ်ရမဲ့  အီလတ်ထရောနစ် အင်ဂျင်နီယာတွေ၊ အထူးသဖြင့် အီလတ်ထရောနစ် ကို စတင် သင်ယူ လုပ်ကိုင်ကြမဲ့  ကျောင်းသားတွေ အတွက် အစဖြစ်ဖြစ်
အထောက်အကူ ရစေချင်တဲ့  စေတနာနဲ့  ဒီ topic ကို ရေးဖို့  စိတ်ကူးမိတာပါ။ လက်တွေ့ မှာ အသုံးပြုနေတဲ့ မြန်မာ အင်ဂျင်နီယာတွေ ရှိရင်လည်း ပိုပြီး ပြည့် စုံအောင် ၀င်ပြီး အကူအညီ
ပေး ရေးစေချင်ပါတယ်။
ဒီ simulation software က Window OS ကို support မပေးပါဘူး ။ Cadence company နဲ့  Microsoft company ကြားမှာ ငွေရေး ကြေးရေးအရ သဘောတူညီမှူ မရလို့ လည်း ဖြစ်မယ်
ထင်ပါတယ်။ Cadence က ထုတ်တဲ့  OrCAD ကတော့ Window OS မှာ သုံးလို့ ရတယ်ဆိုတာ သိပြီး ဖြစ်မယ်ထင်ပါတယ်။ကျွန်တော် လည်း ပို့ စ် အနည်းငယ် ရေးထားတော့ စတင်မဲ့ သူတွေ
အတွက် အဆင်ပြေမယ်လို့  ထင်ပါတယ်။ ဒီအောက်မှာ သွားဖတ်လို့ ရပါတယ်။ ကြော်ငြာတာ ပါ။ ;D ;D
http://www.myanmarengineer.org/forum/index.php/topic,4543.0.html
ဒီ Cadence IC 6(virtuoso) ကတော့ free မပေးပါဘူး ။ လိုက်ရှာမယ်ဆိုရင်တော့ ဒေါင်းလို့ ရမဲ့  နေရာ ၂ ခု ၃ ခုတော့တွေ့ ဘူးတယ်။ ကျွန်တော်ဆီမှာတော့ ရှိပါတယ်။ ဆရာကို လိုင်စင် ပြဿနာကြောင့် မတင်ပါဘူးလို့  ကတိပေးထားလို့ ဖိုရမ်မှာ မတင်တာလည်းပါပါတယ်။ တရားဝင်လိုင်စင် နဲ့  register လုပ်ပြီး ဒေါင်းမယ်ဆိုရင်တော့ မူရင်းဆိုဒ်ကို ညွန်းလိုက်ပါတယ်။
http://www.cadence.com လိုအပ်မှာက IC6 နဲ့ MMSIM 6.1 နဲ့ အထက် ဖြစ်ပါတယ်။
ဖိုရမ် မန်ဘာထဲက တကယ်သုံးချင်တယ်ဆိုရင်တော့ လှမ်းတောင်းလိုက်ပါ။ အဆင်ပြေတဲ့ လင့် ကနေ တင်ပေးနိုင်ရင် တင်ပေးပါ့ မယ်။ ဆိုဒ်က များလည်း များလို့ ပါ ၊၂ ခုပေါင်း ၆ ဂစ် လောက်ရှိပါတယ်။ နောက်တခုက လိုင်စင်ဖိုင်ပါ။ အဲဒါကတော့ ဖိုရမ်တခုမှ တင်ပေးထားတာရှိတယ်။ ကံကောင်းရင်တော့ အဆင်ပြေနိုင်ပါတယ်။ M;
အင်စတော (install) လုပ်နည်းကတော့ သုံးတဲ့  OS ပေါ်မှာ မူတည်ပြီး နဲနဲ ကွာနိုင်ပါတယ်။ ကျွန်တော်ကတော့ linux CentOS 5 မှာသုံးတာဖြစ်ပါတယ်။ဘယ်လို Install လုပ်ရမလဲဆိုတာ အောက်က လင့် မှာ ကြည့်ပါ။
http://www.edaboard.com/thread148317.html#post717543
ကျွန်တော်မေးထားတာပါဘဲ ။ ကျွန်တော်လဲ တော်တော် ခေါင်းစားလိုက်ပါသေးတယ်။ ဘာလို့ လဲဆိုတော့ လင်းနက်စ်နဲ့ ပတ်သက်ပြီး မသိလို့ ပါ။ CentOS 5 ကို ဘယ်လို အင်စတောလုပ်ရတယ်ဆိုတာတော့ လင်းနက်စ် ကျွမ်းသူတွေသာ မေးကြည့်ပြီး အကူအညီတောင်းပါ။ အင်တာနက် ထဲမှာ လိုက်ရှာမယ်ဆိုရင်လည်း အဆင့် လိုက် ပြထားတာတွေ အများအပြားရှိပါတယ်။ အခု ကျွန်တော်က ဘယ်လိုသုံးတယ် ၊ဆွဲတယ်ဆိုတာဘဲ ဆွေးနွေးမှာဖြစ်လို့ အဲဒါတွေကို မပြောတော့ပါဘူး။
အခြား Unix system တွေမှာလည်း အလုပ်လုပ်ပါတယ်။ နက်မှာသာ ရှာကြည့်ပါလို့  အကြံပေးလိုက်ပါတယ် ။ ဘယ်ဟာ အကောင်းဆုံးဆိုတာလဲ မသိပါဘူး။ CentOS 5 မှာဖြစ်ဖြစ်
RedHat 5 မှာဖြစ်ဖြစ် သုံးတာကတော့ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။
အောက်က လင့် တွေမှာတော့ သူနဲ့ ဆိုင်တဲ့ ကျူတိုရီယယ်တွေ ရှိပါတယ်။
inverter ဆွဲပုံကို နမူနာ ပေးထားတာ များပါတယ်။
http://cmosedu.com/videos/cadence/cadence_videos.htm
http://www.eda.ncsu.edu/wiki/Tutorial:Contents
http://web.engr.oregonstate.edu/~moon/ece423/cadence/
တချို့ နက်မှာ ကျူတိုရီယယ်တွေလည်း ရှိပါသေးတယ်။ version က IC 5 ဖြစ်ဖို့ များပါတယ်။ IC 6 နဲ့  နဲနဲ ကွာသွားတာ
တွေ ရှိပါတယ်။ IC 6 မှာက model kits တွေက OA (Open Access) မှ ရမှာဖြစ်ပါတယ်။ Format ချိန်းနိုင်အောင်လို့ တော့ IC 6 မှာပေးထားပေမဲ့ တကယ်သုံးကြည့်တဲ့ အခါ model design kit
တွေက သူ့ ရဲ့  characteristic အတိုင်း အလုပ်မလုပ်တဲ့ ပြဿနာတွေ ရှိတယ်လို့ ဖတ်ရပါတယ်။ Process design kit ထုတ်တဲ့ company တွေကတော့ အခု သူတို့ ထုတ်တဲ့  kits တွေကို
ဘယ်မှာ သုံးလို့ ရတယ်ဆိုတာ တခါတည်း ရေးထားတာတွေလည်း ရှိပါတယ်။ နာမည်ကြီး အသုံးများတဲ့  kits တွေကတော့ အောက်ကလင့်တွေမှာ လိုက်ကြည့်ပါ။ ဖရီးမရတာများပါတယ်။
http://www.tsmc.com/english/default.htm
http://www.umc.com/English/
http://www.mosis.com/ibm/ibm-cmos-kits.html
http://asic.austriamicrosystems.com/forms/request_form.html
တကယ် design လုပ်မဲ့ သူတွေ အနေနဲ့ တော့ design kit က tech file တွေ အထိ layout design အထိပါ ပေးထား သလား ဆိုတာ သိဖို့ လိုပါတယ်။
ကျောင်းသားတွေအတွက် အဆင်ပြေအောင် NCSU (North Carolina state University) ကနေ ထုတ်ထားတဲ့  model တွေကို သုံးနိုင်ပါတယ်။အောက်ကလင့်မှာ လေ့ လာနိုင်ပါတယ်။
http://www.eda.ncsu.edu/wiki/NCSU_CDK
ဒေါင်းမယ်ဆိုရင် register လုပ်ပြီး တောင်းလိုက်ပါ ။မေးလ်ကနေတဆင့် ဒေါင်းရမဲ့ link ပေးပါလိမ့် မယ်။ တောင်းဆိုတဲ့  IP ကနေဘဲ တခါဘဲ ဒေါင်းလို့ ရပါတယ်။ လင့် မှတ်ထားပြီး နောက်နေရာကနေ
ဒေါင်းလို့ မရပါဘူး။ဒေါင်းပြီး install လုပ်နည်းတွေလည်း ဖတ်လို့ ရပါတယ်။ အင်စတော လုပ်တဲ့ အခါမှာ စလုပ်မဲ့ သူတွေဆိုရင်တော့ တခါတလေ အဆင်မပြေတက်ပါဘူး။ Baker ရဲ့ စာအုပ်ထဲက
ပုံတွေကို ဆွဲထားတာလည်း ရှိပါတယ် အောက်က လင့်မှာ ဒေါင်းပြီး အင်စတောလုပ်နိုင်ပါတယ်။
http://cmosedu.com/cmos1/book.htm
ကျွန်တော်ကတော့ Common Source amplifier တစ်လုံးကို နမူတာ အနေနဲ့ ဆွေးနွေးမှာပါ။ model kit ကတော့ gpdk045 ပါ ။ 45 nm process kit ဖြစ်ပါတယ်။ cadence က ထုတ်ပေးတဲ့ နောက်ဆုံး ကစ်ဖြစ်ပါတယ်။ ကဲဒါဆို နောက်မှ ဆက်ပါမယ်။ အခုက မိတ်ဆက်ရုံပါဘဲ ခင်ဗျာ။

nyi.nyi
10-06-2010, 12:12 AM
ကျွန်တော် cadence ic လိုတော့ လိုချင်တယ်ဗျ။ ဒါပေမယ် size ကြီးတယ်ဆိုတော့ တောင်းရမှာအားနာတယ်။ ဒီအောက်က site မှာတော့ တွေ့ တယ်။ တူလားမတူလားတော့မသိဘူ။ size က ကြီးတော့ အကုန် download လုပ်ပြီးမှ ကိုယ်လိုချင်တာ မဟုတ်ရင် အချိန်ကုန်မှာဘဲ အဖတ်တင်မှာဆိုးတယ်။ ဖြစ်နိုင်ရင် လိုင်စင် ဖိုင်လေး ပေးပါလား။ :) လိုင်စင်ဖိုင်ရရင် ကျွန်တော်ထင်တာ software ကို တခြားကဘဲဖြစ်ဖြစ် download လုပ်ပြီး သုံးလို့ ရမလား မသိဘူး။ ဒါမှမဟုတ် လိုင်စင်က သူ့  software နဲ့  သူ့ လိုင်စင် သီးသန့် လား။ ဒါမှမဟုတ် တချို့  လိုင်စင်တွေက ကွန်ပြူတာ MAC address မတူရင်လည်း သုံးလို့ မရဘူး။ ဖြစ်နိုင်ရင် လိုင်စင်ဖိုင်လေး ပို့ ပေးပါလား။ ကျေးဇူးတင်ပါတယ်။


http://www.sonsivri.com/forum/index.php?topic=14465.0
http://rapidshare.com/files/170557079/Cadence_IC610.part35.rar
http://rapidshare.com/files/170554733/Cadence_IC610.part34.rar
http://rapidshare.com/files/170552333/Cadence_IC610.part33.rar
http://rapidshare.com/files/170549525/Cadence_IC610.part32.rar
http://rapidshare.com/files/170546844/Cadence_IC610.part31.rar
http://rapidshare.com/files/170544322/Cadence_IC610.part30.rar
http://rapidshare.com/files/170539641/Cadence_IC610.part29.rar
http://rapidshare.com/files/170527726/Cadence_IC610.part28.rar
http://rapidshare.com/files/170524826/Cadence_IC610.part27.rar
http://rapidshare.com/files/170521475/Cadence_IC610.part26.rar
http://rapidshare.com/files/170518332/Cadence_IC610.part25.rar
http://rapidshare.com/files/170514848/Cadence_IC610.part24.rar
http://rapidshare.com/files/170511895/Cadence_IC610.part23.rar
http://rapidshare.com/files/170508878/Cadence_IC610.part22.rar
http://rapidshare.com/files/170506042/Cadence_IC610.part21.rar
http://rapidshare.com/files/170502982/Cadence_IC610.part20.rar
http://rapidshare.com/files/170499757/Cadence_IC610.part19.rar
http://rapidshare.com/files/170494846/Cadence_IC610.part18.rar
http://rapidshare.com/files/170491929/Cadence_IC610.part17.rar
http://rapidshare.com/files/170489404/Cadence_IC610.part16.rar
http://rapidshare.com/files/170485188/Cadence_IC610.part15.rar
http://rapidshare.com/files/170482505/Cadence_IC610.part14.rar
http://rapidshare.com/files/170477653/Cadence_IC610.part13.rar
http://rapidshare.com/files/170475053/Cadence_IC610.part12.rar
http://rapidshare.com/files/170472299/Cadence_IC610.part11.rar
http://rapidshare.com/files/170469341/Cadence_IC610.part10.rar
http://rapidshare.com/files/170466656/Cadence_IC610.part09.rar
http://rapidshare.com/files/170462060/Cadence_IC610.part08.rar
http://rapidshare.com/files/170459691/Cadence_IC610.part07.rar
http://rapidshare.com/files/170457340/Cadence_IC610.part06.rar
http://rapidshare.com/files/170454625/Cadence_IC610.part05.rar
http://rapidshare.com/files/170452165/Cadence_IC610.part04.rar
http://rapidshare.com/files/170446786/Cadence_IC610.part03.rar
http://rapidshare.com/files/170444859/Cadence_IC610.part02.rar
http://rapidshare.com/files/170442629/Cadence_IC610.part01.rar

htetlinnaung
10-06-2010, 02:18 AM
မင်္ဂလာပါ
ကိုညီညီပေးထားတဲ့ လင့်က Cadence IC 6.1 ဟုတ်ပါတယ်။ ကျွန်တော်လည်း အဲဒါကို ဒေါင်းထားတာ ရှိပါတယ်။ ဒါပေမဲ့ install မလုပ်ကြည့် ဘူးပါဘူး။ ကျွန်တော့် ဆရာဆီက ရတဲ့  IC 6 ကိုဘဲ သုံးတာဖြစ်ပါတယ်။ များတာတော့ တကယ်အမှန်ပါဘဲ။ နောက် MMSIM 6.1 လိုပါသေးတယ်။ အခုနောက်ဆုံး 7 ထွက်တာရှိတယ်လို့ ဖတ်ရပါတယ်။ လိုင်စင်ဖိုင်က ဆိုဒ်နဲနဲ လေးဖြစ်ပါတယ်။
တရုတ်ဖိုရမ်တွေမှာလည်း တခါတလေ တင်ပေးထားတက်ပါတယ်။ http://bbs.eetop.cn/index.php မှာ အောက်မှာ ရှာလို့ လည်း ရနိုင်ပါတယ်။ အခု ကျွန်တော် ပေးလိုက်တဲ့  လိုင်စင်ဖိုင်နဲ့ မရရင်ပေါ့ ။ တရုတ်လိုတော့ နားလည်းမလည်တော့ google translate သုံးပြီး မနည်း အကောင့်ဖောက်လိုက်ရတယ်။ပြီးတော့ ပို့ စ်တင်မှ၊ အနည်းဆုးံ ကျေးဇူး ဘာညာရေးမှ ပွိုင့်ရပြီး ဖိုင်တခု ဒေါင်းခွင့်၇တာဆိုတော့ ပေးလိုက်ရတဲ့ ကျေးဇူးတွေရော မနည်းဘူး။ ;D အကောင့်အသစ်ဆိုရင်လည်း ၅ခုလောက် ချလို့ ရတယ်၊ ရှိသမျှ အမျိုးတွေရဲ့ မေးလ် ကုန်ရောဘဲ ;D ;D။ ကျွန်တော်တော့ အဲကနေ စာအုပ်တွေ ချထားတာ မနည်းဘူး။ ကောင်းတာလေးတွေ တင်ပေးပါအုံးမယ်။ စိတ်ဝင်စားတဲ့ လူတွေ ဖတ်နိုင်အောင်လို့ ပါ။
အခု ကျွန်တော်ဆွေးနွေးမဲ့  common source amplifier ကို ဘယ်လို ဆွဲမလဲဆိုတာ အစပျိုးလိုက်ပါတယ်။
ပထမဆုံး Cadence IC တက်လာဖို့  Linux terminal command box မှာ အောက်က ပုံ အတိုင်း ရိုက်ပါ။
http://imgur.com/qMZTD.png
ပုံထဲမှာ ရောက်နေတဲ့  directory က myicdesign045 အောက်မှာဖြစ်ပါတယ်။အဲဒီအောက်
မှာ ကျွန်တော်တို့ သုံးမဲ့  gpdk045 ကို install လုပ်ထားရမှာပါ။ kit ကို ဘယ်လို install လုပ်ရမယ်ဆိုတာ နည်းကို ပေးထားတက်ပါတယ်။ ပုံမှန်အားဖြင့်တော့ cds.lib ဖိုင် ရှိရပါမယ်။ အဲထဲမှာ
သုံးမဲ့ model တွေရှိတဲ့ နေရာကို cadence ic ကသိအောင် ညွှန်းပေးထားရပါမယ်။ နောက်ပြီး model file နဲ့  soft link ချိတ်ထားရပါမယ်။ နောက် bash ဖိုင်မှာ သူခိုင်းထားတဲ့ အတိုင်း
environment ကို ပြင်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် kit တွေ install လုပ်တဲ့ အခါမှာ လုပ်ရမဲ့ ယေဘုယျ အချက်ပါ။
အခုလို command (virtuoso $) ရိုက်လိုက်တာနဲ့ ပထမဆုံးတက်လာမဲ့  window ကတော့ CIW ( command Interpreter window) ဖြစ်ပါတယ်။ ဒီ Window က ကျွန်တော်တို့ လုပ်သမျှ ဆောင်ရွက်သမျှတွေကိုပြပေးပါတယ်။ တခုခု လုပ်လို့  မရတဲ့ အခါ ဒီ window အောက်မှာ လာပြီး error message ကို ဖတ် နိုင်ပါတယ်။
http://imgur.com/HaWbz.png
နောက်ထပ် အရေးပါတဲ့ window တခုကတော့ Library Manager window ဖြစ်ပါတယ်။ တက်လာဖို့ အတွက် CIW မှာရှိတဲ့ Tools -> Library Manager ဆိုပြီး ဖွင့်ပါ။ အောက်ပါ အတိုင်းတွေ့ ရမှာဖြစ်ပါတယ်။
http://imgur.com/L5rUc.png
ဒီ window အောက်မှာ ကျွန်တော်တို့ ဆွဲသမျှ ckt design တွေအားလုံးဟာ hierarchically သိမ်းဆည်းထားမှာဖြစ်ပါတယ်။
အခု ကျွန်တော်တို့ က ပရောဂျက် တခု အသစ် (library အသစ်) တခုကို ဆောက်မှာဖြစ်ပါတယ်။ ပုံမှန်အတိုင်း File-->New-->Library ဆိုပြီး ရွေးလိုက်ပါ။ new library ဆိုပြီး box တခု တက်လာပါလိမ့် မယ်။အောက်ကပုံကို ကြည့်ပါ။ ဒီမှာ နာမည်ပေးဖို့ လိုပါတယ်။ ဥပမာအနေနဲ့  Design1 ဆိုပြီးပေးခဲ့ ပါမယ်။ သူကို ဘယ်မှာ သွားသိမ်းထားမယ်ဆိုတာလည်း Directory ကို ရွေးလို့ ရပါတယ်။
http://imgur.com/JJuF8.png
ပြီးလို့  OK ပေးလိုက်တာနဲ့  နောက် box တခု တက်လာပါလိမ့် မယ်။ attach to an existing technology library ကို ရွေးပါ။ ok ပေးလိုက်ပါ။ အောက်က ပုံအတိုင်း တွေ့ ရပါမယ်။
http://imgur.com/9NJ9k.png
အခု kit က gpdk045 ကို သုံးမှာဖြစ်တဲ့ အတွက် အဲဒါကိုဘဲ ရွေးပါ့ မယ်။တခြား kit တွေ သုံးရင်လည်း သုံးတဲ့  Kit ကို ရွေးပေးရမှာ ဖြစ်ပါတယ်။
http://imgur.com/6OE4e.png
ok ပေးလိုက်တာနဲ့  Library Manager Window မှာအခုလို Design1 ကိုတွေ့ ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ error ပြတက်ပါတယ်။ ဘာလဲဆိုတော့ tech file မတွေ့ ဘူး ဆိုပြီးဖြစ်ပါတယ်။ မတွေ့ ခဲ့ လိုရှိရင် layout design ဆွဲလို့ မရပါဘူး။schematic diagram ဘဲ ဆွဲရုံတင်ဆိုရင်တော့ ပြဿနာ မရှိပါဘူး။
http://imgur.com/mPY0I.png
ဒါဆို အခု ကျွန်တော်တို့  new cellview တခုကို ဆွဲမှာဖြစ်တဲ့အတွက် အခု လုပ်လိုက်တဲ့  Design1 ကို select လုပ်ပြီး Library Manager window ကနေ File-->New--> Cellview ကို ရွေးလိုက်ပါ။
အောက်မှာ ပြထားအတိုင်း new file ဆိုပြီး box တခု ကျလာပါလိမ့် မယ်။ အဲဒီမှာ library က Design1 အောက်မှာ ဖြစ်ဖို့ လိုပါတယ်။ မဟုတ်ရင် ရွေးပေးပါ။ ဒီမှာ ကျွန်တော်တို့  Cell ကို နာမည်ပေးဖို့ လိုပါတယ်။နောက် ပြန်ကြည့်လို့  မှတ်မိစေနိုင်ဖို့  CS-AMP လို့ ပေးခဲ့ ပါမယ်။ ဒီနေ ရာမှာ သတိထားမိမှာက ဖွင့် မဲ့  application က Schematic L ကို auto ရွေးထားပြီးသားဖြစ်ပါတယ်။
http://imgur.com/b6ul7.png
Ok ပေးလိုက်တဲ့ အခါမှာ အောက်ပါအတိုင်း Virtuoso Schematic Editor L window ကို တွေ့ ရမှာဖြစ်ပါတယ်။ အဲဒီမှာ menu icon လေးတွေ ကို မြင်ရမှာဖြစ်ပါတယ်။
http://imgur.com/Q73bY.png
အောက်မှာတော့  ကျွန်တော်တို့ နောက်ဆုံးဆွဲမဲ့ ပုံကို မြင်အောင် လို့  ပြလိုက်ပါတယ်။
http://imgur.com/7WSgD.png
Common source amplifier ကို current mirror load နဲ့ တွေ့ ရမှာဖြစ်ပါတယ်။ ပုံမှာ DC analysis လုပ်ပြီးသားပုံဖြစ်နေပါတယ်(တကယ်က တော့ အဲလို node voltage and dc operating points တွေ dc analysis လုပ်မှ ရတာဖြစ်ပါတယ်။ ပုံ capture မလုပ်လိုက်ရလို့ ပါ :)။ ဘယ်လို ပစ္စည်းတွေ ယူသွားတယ်ဆိုတာ နောက်ပို့ စ်မှာ ဆက်ရေးပါ့ မယ်။ကျေးဇူးပါ။

htetlinnaung
10-10-2010, 03:48 AM
မင်္ဂလာပါ..
ဒီနေ့  ပစ္စည်းတွေ ဘယ်လို ယူသွားတယ်ဆိုတာ ဆက်ဆွေးနွေးချင်ပါတယ်။ ပုံက အရင်ပြခဲတဲ့ အတိုင်းဖြစ်ပါတယ်။ပြန်မြင်အောင် အောက်ကပုံကို ကြည့်ပါ။
http://imgur.com/zRphl.png
ပထမဆုံး PMOS ၂လုံးကို စနေရာချပါမယ် ။ ပစ္စည်းတွေကို ယူဖို့  menu မှာရှိတဲ့  icon ကတဆင့်  သွားနိုင်သလို့  ၊ နောက် tool bar ကနေတဆင့် Create ကနေလည်း သွားနိုင်ပါတယ်။ အလွယ်ဆုံးကတော့ virtuoso schematic Editor window မှာ active ဖြစ်နေတဲ့ အချိန်မှာ " i " ကို နိုပ်ပါ။ bindkey ဖြစ်ပါတယ် လွယ်ကူ လျင်မြန်စွာ ဆွဲနိုင်အောင် key တွေနဲ့ သွားတာ အကောင်းဆုံးဖြစ်ပါတယ်။ အရေးကြီးတဲ့  key တွေကို နောက်ဆုံးကျ သက်သက် တင်ပေးပါအုံးမယ်။ အခု i ကိုနှိပ်လိုက်တဲ့ အခါမှာ အောက်ကပုံအတိုင်း Add Instance ဆိုတဲ့  box တစ်ခု တက်လာပါမယ်။ အဲဒီ box ထဲကို တိုက်ပြီး ထည့်လို့ လည်း ရပါတယ်။ ဒါပေမဲ့  အဆင်ပြေအောင် Browse ကနေ ဆက်သွားပါမယ်။
http://imgur.com/TPpu4.png
gpdk045 library ထဲကနေမှ pmos1v ကို အောက်ပါအတိုင်းယူနိုင်ပါတယ်။
http://imgur.com/XoYoK.png
တခါတည်း သူ့ ရဲ့  width ကိုပြောင်းခဲ့ ပါမယ်။ ပုံမှာ channel length 45nm ဆိုတာ တွေ့ ရမှာ ဖြစ်ပါတယ်။ အငယ်ဆုံးတန်ဖိုး ဖြစ်ပါတယ်။ အများဆုံး တန်ဖိုးက 10um ဖြစ်ပါတယ်။ width မှာတော့ total width နဲ့  finger width ဆိုပြီးတွေ့ ရမှာဖြစ်သလို fingers ဆိုပြီးလဲ တွေ့ ရမှာပါ။ layout အကြောင်း သိပြီးသားလူတွေကတော့ အထူးရှင်းပြစရာ မလိုဘူးထင်ပါတယ်။ အခု gpdk045 kit ရဲ့ အငယ်ဆုံး width က 120nm ဖြစ်ပြီးတော့ အများဆုံးက 10um ဘဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့  20um လိုချင်တဲ့ အခါမျိုးမှာ width ကို ချိုးယူဖို့  fingers ဆိုတာ ဖြစ်လာတာပါ။ အခုလောလောဆယ်တော့ 2um ဖြစ်တဲ့ အတွက် fingers က 1 ဘဲဖြစ်နေတာ ပါ။ တကယ်လို 15um လိုချင်ခဲ့ ရင် fingers မှာ 2 ထားပြီး finger width မှာ 7.5um ထားလိုက်ရင် total width က လိုချင်တဲ့ 15nmရလာမှာဖြစ်ပါတယ်။နားလည်မယ်လို ထင်ပါတယ်။ အဲလိုရွေးပြီး schematic window ပေါ်ကို mouse ကို ရွေ့ လိုက်တဲ့ အခါ 4 terminal PMOS ကိုတွေ့ ရမှာ ဖြစ်ပြီး အဆင်ပြေတဲ့ နေရာမှာ Left click နဲ့  ချပါ.
နောက်ထပ် PMOS တလုံးကိုလည်း အဲလိုဘဲ ထပ်ယူပါမယ်။ ပုံမှာ အရင် ပြထားသလိုဘဲ အဆင်ပြေအောင် နောက် PMOS ကို ကျောချင်းဆိုင်း ချနိုင်အောင် Slideways ကို ကလစ်ပြီး နေရာချပါ။ အဲဒီဘေးမှာ Rotate ကိုလည်းတွေ့ မှာဘဲ ကြိုက်သလို အဆင်ပြေအောင် လှည့်လို ရပါတယ်။

ဒါဆို နောက် NMOS ကို နေ၇ာချပါမယ် ဘယ်လိုယူရမယ်ဆိုတာ နားလည်ပြီးဖြစ်လို ပြန်မပြောတော့ပါဘူး။
http://imgur.com/O8ONU.png
အဲမှာ width ကို 1u ယူပါမယ်။ နေရာချပြီးတာနဲ့  Esc ကို နှိပ်ပါ။ Cadence မှာ Esc key က နောက်ဆုံး ကိုယ်လုပ်နေတဲ့ အလုပ်ကို ရပ်တန့် နိင်ဖို့ မကြာခဏသုံးဆွဲနေရမှာပါ။

အခုနောက်ထပ် DC current source idc ကိုနေရာချပါမယ်။ သူကတော့ analoglib အောက်မှာ ရှိပါတယ်။
http://imgur.com/NOzRD.png
DC current နေရာမှာ 100u ပေးခဲ့ ပါမယ်။ ဒီနေရာမှာ သတိထားရမှာကတော့ ယူနစ်တွေ ထည့်စရာမလိုပါဘူး။ အော်တို Cadence ကထည့်သွားပါလိမ့် မယ်။ကိုက units တွေ သွားထည့်လိုက်ရင် ၂ လုံးထပ်နေပြီး error ပြတက်ပါတယ်။ A, V, Ohms အစသဖြစ့် ထည့်စရာမလိုပါဘူး။ နောက် တခုကတော့ scientific abbreviation တွေကို တော့ တခါတည်းသုံးလို့ ၇ပါတယ်။သိပြီးဖြစ်တဲ့ အတိုင်း
n (nano) , u (micro) ,p(pico),f (femto) ,k(kilo),m(milli) M(Mega), G(Giga) အစသဖြင့် ဖြစ်ပါတယ်။

အခု vdd အတွက် DC voltage source vdc ကို နေရာချပါမယ်။ ပုံထဲကအတိုင်း 1.1 V ပေးခဲ့ ပါမယ်။ gpdk045 မှာ model ၂ မျိုးရှိပါတယ်။ vdd 1.1V နဲ့  1.8 V ဖြစ်ပါတယ်။
http://imgur.com/9p9t1.png
အခု AC signal အတွက် AC voltage source vsin ကို နေရာချပါမယ်။ ပုံထဲကအတိုင်း AC magnitude မှာ 1m V Amplitude မှာလည်း 1mV နဲ့  Frequency မှာ 100k Hz ပေးခဲ့ ပါမယ်။ Offset voltage ကို မထည့် ပါနဲ့  အဲဒါကတော့ DC operating points
run ပြီးမှ ပြန်ထည့်ပြီး run မှာဖြစ်ပါတယ် . ပုံမှာ после ဆိုတာ after ကို ပြောတာပါ. တော်ကြာ နိ့ စ်ရီလို့ ထင်နေမှာစိုးလို့  ။ ;Dဆရာခိုင်းလိုက်လို့  tutorial ရေးရင်း ဖြစ်လို့ ပြန်မပြင်လိုက်တာပါ။
http://imgur.com/f8unz.png

အခု Resistor ကို နေရာချပါမယ်။ 50K Ohms ပေးပါမယ်။
http://imgur.com/cWJEh.png
အခု နောက်ဆုံး Ground(gnd) ကို ယူပါမယ် ပုံမှာ ပြခဲ့ တဲ့ အတိုင်း ၂ ခု ယူပါမယ်။
http://imgur.com/P3rYR.png
ဒါဆို ကျွန်တော်တို့ ဆွဲမဲ့  Common source amplifierအတွက် ပစ္စည်းတွေ အကုန်နေရာချပြီးဖြစ်ပါတယ်။ သူ့ ရဲ့ parameter တန်ဖိုးတွေလည်း တခါတည်း ပြောင်းခဲ့ ပြီးဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ ချထားတဲ့ ပစ္စည်းတွေကို ရွေ့ ချင်တယ်ဆိုရင် menu icon ကနေ move ကို ကလစ်ပြီး ကို ရွေ့ မဲ့  ပစ္စည်းကို ကလစ်ပြီး ကြိုက်သလို ရွေ့ နိုင်ပါတယ်။ နောက်တနည်းကတော့  bindkey "m" ကို ကိုနှိပ်ပါ။ ပြီးရင် ပစ္စည်းကို ကလစ်ပြီး
ရွေ့ လို့ ရပါပြီး ။ "M" ကတော့ stretch လုပ်တာဖြစ်ပါတယ်။ wire တွေ ချိတ်ပြီးသားဆို ပစ္စည်းတွေနဲ့ အတူ wire တွေပါ ပါလာမှာ ဖြစ်ပါတယ်။ တခါတလေ ပစ္စည်းတွေ က ကပ်နေတော့ DC operating points တွေ ဖတ်ဖို့ အဆင်မပြေတဲ့ အခါ သုံးနိုင်ပါတယ်။

နောက်တခုက ပစ္စည်းတွေ ရဲ့  parameter တွေ ပြန်ပြင်ချင်တယ်ဆိုရင် ပြင်ချင်တဲ့  ပစ္စည်းကို select လုပ်ပြီးတော့ "q" ကို နှပ်ပါ။ ဒါမှ မဟုတ် menu icon i ပုံလေးကို ကလစ်လဲ ရပါတယ်။ parameters တွေကို ပြင်တဲ့ အခါ တခုနဲ့ တခု ပြီးတဲ့ အခါ Enter မခေါက်ပါနဲ့ ။
Tab key နဲ့ ဖြစ်ဖြစ် နဲ့  mouse နဲ့ ဖြစ်ဖြစ် အပေါ်အောက်ေ၇ွ့ သွားပါ။ ပြင်ပြီးလို့ ရှိရင် ok ပေးလိုက်ပါ။ ပုံကို ပြင်ပြီးတိုင်း check and save ကို ကလစ်ပါ။ အဲဒါမှ analysis တွေ လုပ်တဲ့ အခါ ကိုပြောင်းလိုက်တဲ့ parameter တန်ဖိုးတွေ အတိုင်း ပြောင်းပြီး အလုပ်လုပ်မှာ
ဖြစ်ပါတယ်။

အခု နောက်ဆုံးကတော့ wire နဲ့ လိုက်ပြီး ကွန်နက် လိုက်လုပ်ပါမယ်။ meni icon က wire (narrow) ကို ကလစ်ပြီး ယူနိုင်သလို bindkey "w" ကို နိုပ်ပြီး လည်း ယူနိုင်ပါတယ်။ ကျွန်တော်တို့  ပစ္စည်းတွေရဲ့  စတုရန်း အကွက်လေးကို တချက်ကလစ်ပြီး နောက်
ဒီအတိုင်း နောက်ပစ္စည်း တခုရဲ့  အဆုံးမှာ double click နိပ်ပြီး အဆုံးသတ်ပါ။ ပစ္စည်း တခုနဲ့ တခု ဖြစ်ဖြစ် wire တစ်ခုနဲ့  တစ်ခု ဖြစ်ဖြစ် ချိတ်နိုင်ပါတယ်။ ချိတ်တဲ့ နေရာမှာ ပွိုင့် တခုထဲမှာ ၂ ခု အ၀င် အထွက် မချိတ်ပါနဲ့ မရပါဘူး။ error ပြနေပါလိမ့် မယ်။
ဝါယာတွေ ဆွဲတည့် အခါ မှားပြီး ချိတ်မိခဲ့ လို ဖြစ်ဖြစ် ပိုနေတာဖြစ်ဖြစ် ဖျက်ချင်တယ်ဆိုရင် select လုပ်ပြီး Delete key နဲ့ ဖျက်နိုင်ပါတယ်။ အားလုံးပြီးလို check and save ပေးလိုက်တဲ့ အခါ error မပြခဲ့ ရင် Analysiis တွေ လုပ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။
နောက်ပို့ စ်မှာ DC analysis ၊ AC analysis ၊Transient analysis တွေ ဘယ်လို လုပ်သွားရမယ် ဆိုတာနဲ့  run ဖို့ အတွက် ဘယ်လို ပြင်ဆင်ရမယ်ဆိုတာ ဆက်ဆွေးနွေးပါ့မယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ..

htetlinnaung
10-11-2010, 09:39 PM
မင်္ဂလာပါ..

ဒီနေ့  ရှေ့ က ဆွဲခဲ့ တဲ့  schematic diagram ကို analysis တွေလုပ်ဖို့ အတွက် ဘယ်လို ပြင်ဆင် ရမည် ဆိုတာနဲ့  analysis ဘယ်လိုလုပ်သွားလဲဆိုတာ ဆက်ဆွေးနွေးပါ့ မယ်။
ပထမဆုံး ကျွန်တော်တို့  run မဲ့ simulator program ကိုရွေးရမှာဖြစ်ပါတယ်။ Schematic window menu ကနေ Launch -->ADE L ကို ရွေးလိုက်တာနဲ့  Virtuoso Analog Design Environment ဆိုတဲ့  window တခု တက်လာပါမည်။
http://imgur.com/Q9PCN.png
အဲဒီ window menu ကနေမှ Setup-->Simulator/Directory/Host ကို ရွေး လိုက်တဲ့ အခါ အောက်ကပုံအတိုင်း box တခု တက်လာပါ့ မယ်။ အော်တို spectre ဖြစ်နေပါလိမ့် မယ်။ မဖြစ်ခဲ့ လို့ ရှိရင် spectre ကို ရွေးပါ့မယ်။ တခြား simulator တွေလည်း ရှိလို့ ပါ။
http://imgur.com/08wAp.png
အိုကေ ဒါဆို နောက်တခုက ဘာရွေးရမလဲဆိုတော့ ကျွန်တော်တို့ သုံးမဲ့  transistor model ကို ရွေးပါ့ မယ်။ Virtuoso Analog Design Environment ကနေဘဲ Setup--> Model library setup ကို ရွေးလိုက်ရင် အောက်ကပုံအတိုင်း box တခု တက်လာပါ့မယ်။ အဲဒီမှာ ကျွန်တော်တို့ မော်ဒယ်ကို install လုပ်ထားတဲ့  နေရာကို ညွန်းပေးရမှာ ဖြစ်ပါတယ်။ အဲဒါ မမှန်ရင် အလုပ် မလုပ်ပါဘူး။ file type က .scs (Spectre Circuit Simulator) တွေပါ။ model အောက်မှာ ရှာပါ။ ကျွန်တော်တို့ က gpdko45 ကိုသုံးတာဖြစ်လို့  ပုံထဲကအတိုင်း ရွေးခဲ့ ပါမယ်။ နောက်ဘေးမှာ tt ( typical typical ) ကိုဘဲ ရွေးပါ့ မယ်။ sf ( slow fast) ၊ fs (fast slow) ၊ ss ( slow slow)၊ ff (fast fast)၊ mc (monte Carlo) ဆိုပြီး Corner analysis လုပ်တဲ့ အခါ သုံးနိုင်ဖို့ ပါ။ လောလောဆယ် အဲဒါကို မစဉ်းစားဘဲ transistor NMOS ၊PMOS တွေက match ဖြစ်တဲ့  (tt) ကိုဘဲ ရွေးခဲ့ ပါမယ်။
http://imgur.com/GrEME.png
နောက်တခုကတော့ ကျွန်တော်တို့  Outputs တွေကို save ထားဖို့  ရွေးပါ့ မယ်။ Virtuoso Analog Design Environment ကနေဘဲ Outputs-->Save all ကို ရွေးလိုက်ရင် အောက်ကအတိုင်း box တခု ပေါ်လာပါလိမ့်မယ်။ အဓိက ကတော့ currents တွေကို လိုချင်လို့ ဖြစ်ပါတယ်။ ပုံမှာ ၀ိုင်းပြထားတဲ့ အတိုင်း select device currents (currents) မှာ all ကို ရွေးပြီးတော့ Select AC terminal currents (useprobes) ကို yes ပေးခဲ့ ပါမယ်။ အိုကေ ပေးခဲ့ ပါမယ်။
http://imgur.com/4M4gu.png
ဒါဆို အခု ကျွန်တော်တို့  analysis တွေကို စလို့  ရပါပြီ။
ပထမဆုံး DC analysis စလုပ်ပါ့ မယ်။ ကျွန်တော်တို့ ဆွဲထားတဲ့  ckt က မိမိ လိုချင်တဲ့  region တွေ၊ dc operating points တွေ မှာ အလုပ်လုပ်နေလားဆိုတာ ကြည့်ဖို ဖြစ်ပါတယ်။ အဲဒါပြီးမှ သာ ကျန်တဲ့  analysis တွေကို ဆက်လုပ်နိုင်မှာဖြစ်ပါတယ်။ Virtuoso Analog Design Environment ကနေ ပြီးတော့ analyses-->choose ကိုရွေးလိုက်ရင် အောက်က ပုံအတိုင်း box တခု တက်လာပါမယ်။ ပုံထဲကအတိုင်း dc ကို ရွေး ပြီးတော့ Save DC operating pointကို tick ပေးခဲ့ ပါမယ်။ ပြီးရင် အိုကေ ပေးလိုက်ရင် ရပါပြီ။
http://imgur.com/5UZp7.png
အခု စပြီး dc analysis ကို စ ပြီး run ပါ့ မယ်။ Virtuoso Analog Design Environment ကနေဘဲ Simulation --> Net list and Run ကို ရွေးလိုက်ပါ။ ဒါမှာ မဟုတ် ညာဘက် အခြမ်းမှာ ရှိတယ် အစိမ်း icon လေးကို နှိပ်လိုက်ပါ။
အဲဒီအချိန်မှာ အခုလို run နေတာကို တွေ့ ရမှာပါ။ အောက်ကပုံအတိုင်း ဖြစ်ပါတယ်။
http://imgur.com/QUjC4.png
အားလုံး ဘာ error မှ တက်ဘဲ အိုကေသွားတယ်ဆိုရင် ကျွန်တော်တို့ Virtuoso® Analog Design Environment window ကနေပြီးတော့  Results-->Annotate--> DC Operating Pont ကိုရွေးလိုက်ပါ။ နောက်တစ်ခုကတော့
Results-->Annotate--> Node Voltages ဆိုတာကို ထပ်ရွေးပါ။ ဒါဆိုရင် ကျွန်တော်တို့  ပုံမှာ dc operating points တွေနဲ့  node voltage တွေကို ကြည့်လိုရပါပြီ။ အဲဒီမှာ မိမိလိုချင်တဲ့  အတိုင်း ရောက်မရောက်ဆိုတာကို လိုက်ကြည့်ပါ။ အဲဒါတွေကို ဖျောက်ချင်တယ်ဆိုရင် Results--> Annotate--> Design Defaults ဆိုပြီး ရွေးလိုက်ပါ။
http://imgur.com/5xpzq.png
အခု ပထဆုံး run လိုက်တဲ့ အချိန်မှာ output node voltage က 1.068 လောက်ရှိနေတာ တွေ့ ပါလိမ့် မယ်။ ဒီတော့ အပေါ်က PMOS က triode region ထဲမှာဘဲ ရှိနေသေးလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ amplifier မှာ အခု transistor 3 ခုလုံး saturation ထဲကို ရောက်ရမှာ ဖြစ်ပါတယ်။ ပုံမှာ ကျွန်တော်တို့  transistor တစ်လုံးချင်စီမှာ ရှိတယ် Vgs Vds Id gm တန်ဖိုးတွေ ကို တွေ့ နိုင်မှာပါ။ အဲဒါတွေ ကို ကြည့်ပြီးတော့ မိမိလိုချင်တဲ့  region ထဲကို ရောက်မရောက် သိနိုင်ပါ တယ်။ အခု အနေအထားတိုင်းဆို ကျွန်တော်တို့  amplifier က အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဒီတော့ DC Sweep လုပ်ပြီးတော့ ကျွန်တော်တို့  လိုချင်တဲ့  dc operating point ရောက်အောင် ပြင်ရမှာ ဖြစ်ပါတယ်။
ဒီတော့ Virtuoso® Analog Design Environment ကနေ Analyses -->Choose ကနေ DC analysis form ကို ထပ်ပြီး ရွေးပါ့ မယ်။ Sweep Variable အောက်က Component Parameter ကိုရွေးပါ။ အဲဒီ form ကရွေးဖို့ ထပ်ပေးပါလိမ့် မယ်။ှSelect component ကို ကလစ်လိုက်တဲ့ အခါမှာ ကျွန်တော်တို့ ပုံကနေ vsin ကို သွားရွေးပါ့ မယ်။ component name မှာ vsin ရဲ့ နာမည် V1 ပေါ်လာပါ့ မယ်။ ပြီးရင် ရွေးရမဲ့  box တခု တက်လာပါလိမ့် မယ်။ အဲကနေ dc ကို ရွေးပါ့ မယ်။ အိုကေ အဲဒါပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Sweep range မှာ ကျွန်တော်တို့  ၀ to 1.1 ထည့်ပါမယ်။ Sweep type က linear ရွေးပြီးတော့ number of Steps ကို ၅၀၀ လောက် ပေးခဲ့ ပါမယ်။ ပြီးရင် အိုကေ ပေးပါ့ မယ်။
http://imgur.com/6FNQ8.png
အဲဒါပြီးတဲ့ အခါ ကျွန်တော်တို့  inputs နဲ့ output voltage ကို Plot လုပ်ပြီး ကြည့် မှာ ဖြစ်ပါတယ်။ ဒီတော့  Virtuoso® Analog Design Environment window ကနေ Outputs--> To Be saved ကိုရွေးပါ။ အဲဒီအချိန်မှာ ပုံမှာ သွားပြီး ရွေးပေးရပါ့ မယ်။ output နဲ့  input net တွေ ကို ကလစ်ပေးလိုက်တဲ့ အခါမှာ အောက်က အတိုင်း ပြနေပါလိမ့် မယ်။ net name တွေကို default name တွေ ဖြစ်နေပါလိမ့် မယ်။ တကဲ့ နာမည်တွေ ဖြစ်ချင်ရင် net တွေကို နာမည် ပေးလို့ လည်း ၇ပါတယ်။ အဲဒါတွေ ကိုနောက်မှ ထပ်ပြောပါ့ မယ်။ (ပုံမှာ တခြား analysis တွေလည်းပါနေပါတယ်။ အကုန်လုပ်ပြီးမှာ cut ထားလို့ ပါ။ ကျွန်တော်တို့  dc လုပ်မယ်ဆို လုပ်မဲ့  analysis ကို ရွေးဖို့ လိုပါမယ်။)
http://imgur.com/09X4x.png
အခု dc analysis ကို ပြန် run ပါ့ မယ်။ run လိုက်တဲ့ အခါ မှာ အောက်က ပုံအတိုင်း window တစ်ခု တက်လာပါမယ်။
http://imgur.com/bdDsq.png
ပုံကနေ ကျွန်တော်တို့  ဘာကို ရှာရမလဲဆိုတော့ input voltage ဘယ်လောက်မှာ output voltage က Vdd/2 ရှိလဲဆိုတာ ဖြစ်ပါတယ်။ အဲဒီ input voltage က vsin အတွက် offset voltage ဖြစ်ပါတယ်။ ကွန်တော် အစမှာတုန်းက အနီနဲ့ ဝိုင်းပြထားတဲ့ နေရာကို မှတ်မိမယ် ထင်ပါတယ်။ dc operating point run ပြီးမှ ထည့် ရမည်လို့  ပြောခဲ့ တဲ့ နေရာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့  vsin ကို ပြန်ပြင်ပါမယ့် ။ မှတ်မိမယ် ထင်ပါတယ်။ ပြင်နည်းက vsin ကို select လုပ်ပြီ q ကို နှိပ်လိုက်ရင် သူရဲ့  PDF (process description file ) တက်လာပါမယ်။ အဲဒီမှာ offset voltage နေရာမှာ ပြန်ထည့်ပါ။ 740 mV ပါ။
http://imgur.com/DEw0E.png
အိုကေ ပြီးလို့ ရှိရင် Check and Save ပေးခဲ့ ပါ။ မမေ့ ပါနဲ့ ။ မလုပ်ခဲ့ ရင် အရင်အတိုင်းဘဲ result
က ပြောင်းမှာ မဟုတ်ပါဘူး။ ပြန်ပြီး DC analysis လုပ်ပြီး DC operating point တွေကို ကြည့်လိုက်တဲ့ အခါမှာ output node voltage က 500 mV ကျော်လောက် ရှိနေပါလိမ့် မယ်။ ဒါဆို အဆင်ပြေပါပြီ။
http://imgur.com/0gVIh.png

ဒါဆို နောက်ပို့စ်မှာ AC နဲ့  transient ကို ဆက်ပါ့ မယ်။ ကျေးဇူးတင်ပါတယ်။ :) :)

htetlinnaung
10-17-2010, 03:48 AM
မင်္ဂလာပါ..
ဒီတခါ AC analysis ဘယ်လိုလုပ်သွားလဲဆိုတာ ဆက်ပါ့ မယ်။ analysis လုပ်ဖို့ ဘယ်ကနေသွားရတာ ဆိုတာ မပြောတော့ပါဘူး။ ဒီတော့ အောက်ကပုံအတိုင်း
Analysis မှာ ac ကိုရွေး Sweep Variable မှာ Frequency ကို ရွေးပါ့ မယ်။ Sweep Range ကို 100 ကနေ 5G အထိပေးပါ့ မယ်။ ပုံမှာ ကျွန်တော်တို့ 
dB စကေးနဲ့ ကြည့်နိုင်အောင် logarithmic ရွေးမယ်။ points per Decade ကို 100 ပေးခဲ့ ပါမယ်။ ဒါဆိုရပါပြီ။ Virtuoso® Analog Design Environment မှာ
dc ကို tick ပေးထားတာကို ဖြုတ်ခဲ့ ပါ။
http://imgur.com/ZoiN3.png
အရင်အတိုင်းပါဘဲ Simulation-->Netlist and Run ကနေသွားပါ။တကယ်လို့  ဘာ ပြဿနာ မှ မရှိဘဲ ပြီးသွားတယ်ဆိုရင်တော့ Gain and Phase ကို ကြည့် နိုင်ဖို့ 
Virtuoso® Analog Design Environment ကနေ Results-->Direct Plot-->AC Gain & Phase ကို ရွေးလိုက်ပါ။ အဲဒီအခါမှာ ကျွန်တော်တို့ output နဲ့ 
input nets ၂ ခုကို click ပေးဖို့  လိုပါမယ်။ Schematic diagram မှာ သွား လုပ်ရမှာပါ။ အဲဒီအခါမှာ အောက်ကအတိုင်း Gain နဲ့  Phase ကိုကြည့်နိုင်ပါပြီ။
http://imgur.com/u44t6.png
အဲဒီမှာ တပုံစီ အပေါ်အောက် ၊ ဘေး ဘယ်ညာ ခွဲပြီး ကြည့်နိုင်ပါတယ်။ menu မှာ icon လေးတွေကနေ တဆင့် လွယ်လွယ်ကူကူ လုပ်နိုင်ပါတယ်။(အောက်ကပုံက ပရင့်ထုတ်ဖို့ ကာလာကို ပြောင်းထားလို့ပါ။)
http://imgur.com/vz32l.png

အခုတခါ Transient analysis ကို ဆက်ပါ့ မယ်။ Virtuoso® Analog Design Environment window မှာ dc analysis and ac analysis တွေကို tick ပေးထားတာ
တွေ ဖြုတ်ခဲ့ ပါ။ နောက်ပြီး အောက်က ပုံအတိုင်း Analysis ကနေ tran ကိုရွေး မယ်။ Stop time ကို 100 u ပေးခဲ့ ပါမယ်။
http://imgur.com/Yw518.png
ပြီးတဲ့ အခါ run လိုက်ရင် အောက်ကအတိုင်း input နဲ့ output signal ကို တွေ့ ရပါမယ်။
http://imgur.com/EddtX.png
သူတို့ ကို အစကလိုဘဲ တခုစီခွဲပြီး ရှင်းအောင်လည်း ကြည့်နိုင်ပါတယ်။
http://imgur.com/QzbUR.png
ကျွန်တော်တို့  ထွက်လာတဲ့  output wave တွေကိုသုံးပြီး မိမိလိုချင်တဲ့  တန်ဖိုးတွေ တွက်ချက်နိုင်ဖို့  calculator ကို သုံးနိုင်ပါတယ်။ VIVA L window ကနေ Tools-->calculator ကိုရွေးလိုက်ရင် အောက်ပါအတိုင်း တက်လာပါလိမ့် မယ်။
http://imgur.com/mlL2b.png
ကျေးဇူးတင်ပါတယ်။

nyi.nyi
10-18-2010, 05:40 AM
hi ko htet linn aung, sorry to interrupt. i'm testing ic6 in ubuntu. is there anyplace i can download mmsim? seems like ic6 doesn't come with spectre included. i think i need mmsim to run spectre. mmsim's size is big so i don't want you to upload it. it's ok if you don't know. there's one on the chinese website you gave though.
http://bbs.eetop.cn/viewthread.php?tid=224081&highlight=mmsim
but hundreds of 5Mb pieces to download and hundreds of replies and posts that i have to post to get download quota, that's insane =(
i did actually downloaded gpdk045 from that website that way, crazy :4: crazy :4: crazy
sorry for my english; i'm in ubuntu now and i haven't installed zawgyi keyboard in ubuntu yet.
and thanks for the tutorial. it's very through. bravo!

htetlinnaung
10-18-2010, 06:09 AM
မင်္ဂလာပါ

ကိုညီညီ စိတ်ဝင်တစားနဲ့  လုပ်နေတာ ကျွန်တော်ကူညီပါ့ မယ်။ကျွန်တော်ဆီမှာ နက်ကွန်နက်ရှင်က ကောင်းပါတယ်။ ကိုညီညီ ပြန်ဒေါင်းဖို့ အဆင်ပြေမဲ့ ဆိုဒ်ပြောပါ။ media fire ကနေဆို အဆင်ပြေမလား။ MMSIM 6.1 တင်ပေးပါ့မယ်။ 1.3 G ရှိပါတယ်။ gpdk045 gpdk90 gpdk180 တို့ လည်း တခါတည်းပေးလိုက်ပါ့ မယ်။ ဖိုရမ်မှာတော့ မတင်တော့ပါဘူး။တစ်ယောက်ချင်း တခြားလိုချင်တဲ့ သူတွေ ရှိရင်လည်း ကျွန်တော်ဆီသာ လှမ်းတောင်းလိုက်ပါခင်ဗျာ။ တင်ထားလိုက်ရင် မကောင်းလို့ ပါ။အွန်လိုင်းမှာလည်း ဖိုရမ်တော်တော်များများမှာ မတင်ထားလို့ ပါ။ ရိုးရိုးသားသားပြောရရင် ဆရာက လက်မှတ်ထိုးယူခိုင်းတာပါ။ကော်ပီတောင်မယူနဲ့ ဆိုပြီးပြောလိုက်ပါသေးတယ်။ :'( ဒီလိုဘဲ စကားနားထောင်ပြီး ကူးထားလိုက်တာ။ ;D ;D

nyi.nyi
10-18-2010, 08:19 AM
omg, thank you thank you thank you
you're far too kind ~jay z :)
media fire is ok for me.
it doesn't require to wait to go for the next download like rapidshare does right?
megaupload is ok too.
thanks
i really appreciate it.

htetlinnaung
02-25-2011, 06:29 PM
မင်္ဂလာပါ
ပို့ စ်တွေ မရေးနိုင်တာ လည်း အတော်ကြာသွားပါပြီ ။ မကြာခင် ကျွန်တော်လည်း အမိမြန်မာပြည် ပြန်ရတော့မှာပါ။ မပြန်ခင်လေး ကျွန်တော် အစပျိုးထားတဲ့  IC 6 နဲ့  ပတ်သက်တာလေးတွေ အနည်းငယ်ဆက်ရေးခဲ့ ဖို့ စိတ်ကူးမိလို့ ပါ။ အသုံးပြုပုံ အခြေခံကို common source amplifier တစ်လုံး နဲ့  ရှေ့ ပို့စ်တွေ မှာ ပြခဲ့ပြီးလို့ ပြန်မပြောတော့ပါဘူး။ ကျန်နေတာက parametric simulation ဘယ်လိုလုပ်တယ်ဆိုတာ ကျန်နေပါသေးတယ်။ အခုလောလောဆယ်တော့ ကျွန်တော် လုပ်ခဲ့ ရတဲ့ Rail-to-Rail Op amp နဲ့  ပတ်သက်တာလေးတွေကို အတိုချုပ်လေး ရေးဖို့ စိတ်ကူးမိလို့ ပါ။ analog integrated ckt design နဲ့ ပတ်သတ်ပြီး စတင်မဲ့ သူတွေ နောက်ပိုင်း ဖတ်မိရင်လည်းအထောက်အကူ ရစေချင်လို့ ပါ။
ကျွန်တော်တို့  သိပြီးတဲ့ အတိုင်း Operational amplifier(Op amp) က analog circuit designs နဲ့  mixed-mode ckt မှာ အဓိက အသုံးဝင်တဲ့  အစိတ်အပိုင်းတခုဖြစ်ပါတယ်။ amplifiers , filters , control ckt တွေ၊ နောက် mobiles phones၊medical instrumentation အစသဖြင့်  နေရာ မျိုးစုံမှာ အသုံးပြူပါတယ်။ အဓိက ကျွန်တော်တို့  ယနေ့ ခေတ်မှာ integrated ckt (IC) design ကို low supply voltage နဲ့  design လုပ်တာ က အရေးကြီးလာပါတယ်။ဘာလို့  low supply voltage နဲ့ လုပ်လာရလဲဆိုရင် ပထမဆုံးအချက်က ic ckt တွေရဲ့  dimensions တွေ က ငယ်သထက် ငယ်လာပြီးတော့ ထရန်စစ္စတာတွေရဲ့ gate-oxide အထူကဆိုရင် nanometer အထိငယ်လာပါတယ်။ အဲဒီမှာ device reliability ကို ထိန်းသိမ်းနိုင်ဖို့  low supply voltage လိုအပ်ပါတယ်။ နောက်တချက်ကတော့ အားလုံး ထင်သာမြင်သာရှိတဲ့  battery-powered portable devices တွေ (laptop, mobile phones,hearing aids တွေ အစသဖြင့်) ရဲ့ battery life and weight အရေးပါလာမှူပါဘဲ။မသုံးရသေးဘူး battery က ဒေါင်းနေပြီဆို ဘယ်သူမှ သုံးချင်မှာ မဟုတ်ပါဘူး ။ အထူး သဖြင့် ဖုန်းတွေမှာ အဆိုးဆုံးပါဘဲ။ နောက် ကင်မရာတွေ ပါ။ ဘတ္ထရီကနေ သင်တင့်တဲ့  operation period ရရှိဖို့ အတွက် supply voltage ကို လျှော့ချနိုင်ဖို့  လိုအပ်လာပါတယ်။
နောက်ဆုံးတချက်ကတော့ SoC( system on chip) တွေမှာ ကြုံရတဲ့  ပြဿနာပါ။ ယနေ့ ခေတ်မှာ silicon chip တခုတည်းပေါ်မှာ components တွေရဲ့ သိပ်သည်းမှူ( အရေအတွက်) က တိုးလာပါတယ်။ အဲဒီမှာ chip တစ်ယူနစ် ဧရိယာမှာ dissipation လုပ်မဲ့ power ပမာဏက အကန့်အသတ်ရှိပါတယ်။ ဘာလို့ လဲဆိုတော့ chip ကို overheating ဖြစ်ပြီး ပျက်ဆီးမသွားအောင်လို့ ပါ။Laptop တွေမှာ Over heat ကြောင့် ကြွတာတွေများပါတယ်။ ကိုယ်တွေ့ ပါ .:p.
ဒီတော့ ပြဿနာက ဘာလဲဆိုတော့ Low supply voltage မှာ Op amp တွေရဲ့  input common-mode range(ICMR) က အကန့် အသတ်ဖြစ်လာပါတယ်။ SNR( signal-to-noise ration) မြင့်ဖို့ နဲ့ dynamic range မြင့်ဖို့  ICMR ကို ကျယ်နိုင်သလောက် ကြီးနိုင်သလောက် ကြီးအောင်လိုပါတယ်။ဆိုလိုတာက negative supply rail ကနေ positive supply rail ( Rail-to-Rail) အထိ Signals ကို Op amp တွေက အလုပ်လုပ်ပေးနိုင်ဖို့  လိုအပ်လာတာပါ။ နောက်တခုက ကျွန်တော်တို့  Op amp တွေကိုတည်ဆောက်တဲ့ အခါမှာ input stage မှာ Differential amplifiers တွေကို အသုံးပြုပါတယ်။ အဲဒီမှာလည်း ICMR က အကန့် အသတ်ရှိပါတယ်။ စာရေးနေရင် ကြာလို့  အောက်ကပုံကိုဘဲ ကြည့်လိုက်ပါ။ ပုံမှာ p-channel နဲ့  n-channel differential pair
တခုစီရဲ့  CMR ကို တွေ့ ရမှာပါ။ Rail-to-Rail မရနိုင်ပါဘူး။
http://i.imgur.com/JLUGV.png
အခုလောက်ဆို Rail-to-Rail operation ရဲ့  လိုအပ်ချက်ကို အနည်းငယ် မြင်သာလိမ့် မယ်လို့ ယူဆပါတယ်။ ဒီတော့ နောက်ပို့ စ်မှာ Rail-to-Rail နဲ့  constant gm အကြောင်း အနည်းငယ်ဆက်ပါ့ မယ်။

htetlinnaung
02-25-2011, 07:22 PM
မင်္ဂလာပါ
ပြီးခဲ့တဲ့ပို့စ်မှာ Rail-to-Rail အကြောင်းမိတ်ဆက်ခဲ့ပြီးပါပြီ။ တကယ်တော့ Rail-to-Rail ရအောင် လုပ်တဲ့ နည်းက တခြားနည်းတွေလည်း ရှိပါတယ်။ အများဆုံး အတွေ့ ရ ဆုံးကတော့ p-channel and n-channel differential pairs ၂ ခုလုံးကိုတွဲထားတဲ့  complementary differential pair နည်းပါဘဲ။ ရှေ့ ပို့ စ် က ပုံမှာ မြင်ခဲ့ ရသလိုပါဘဲ complementary differential pair က ICMR ကို rail-to-rail ရအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ အဓိက ပြဿနာက input stage ရဲ့  transconductance
(gm)ပါ။ gm က CMR တလျှောက်လုံးမှာ constant မဖြစ်တဲ့  ပြဿနာပါ။ gm က constant မဖြစ်တော့ Op amp ရဲ့  Gain and Phase က လည်း ပြောင်းနေပါတယ်။ ဒါဟာ ကျွန်တော်တို့ မလိုချင်တဲ့ အချက်ပါဘဲ။ ဒီတော့ gm ကို အတက်နိုင်ဆုံး constant ရဖို့ အတွက် နည်းအမျိုးမျိုး ကို စဉ်းစားအသုံးပြုခဲ့ ပါတယ်။ အဲဒါတွေကို မဆွေးနွေးတော့ပါဘူး။ ကျွန်တော် ပို့ စ်ရေးဖို့ အချိန်မရလို့ ပါ။ gm က ဘယ်လို ပြောင်းလဲနေတယ်ဆိုတာကို မြင်အောင် အောက်က ပုံလေးတွေမှာဘဲ ကြည့်လိုက်ပါ။ ရိုးရှင်းပါတယ်။
http://i.imgur.com/ClSdV.png http://i.imgur.com/Ijdhu.png
http://i.imgur.com/FUFM8.png
constant gm နည်းတွေကို ခေါင်းစဉ်အနေဘဲ ရေးခဲ့ ပါမယ်။
၁။ Tail current control, constant gm method
၂။ Aspect ratio control,constant gm method
၃။ Voltage control constant gm method
၎။ Constant gm by level shifting
၅။Constant gm by Max/Min current selection
တခြားနည်းတွေလည်း ရှိပါသေးတယ်။ အခု ကျွန်တော်သုံးမဲ့နည်းကတော့ Mini current selector နည်းနဲ့ ပါ။ US Patent no. 6,462,619 B1 (Oct.8,2002) Ivanov , Shilong,both of Tucson,AZ(US) တို့ တီထွင်ထားတဲ့ နည်းပါ။
ပထမဆုံး အနေနဲ့  Op amp တခုလုံးကို မြင်သာအောင် simplified diagram ကို အောက်မှာ ကြည့်ပါ။ အဲဒီမှာ input stage ကို Rail-to-Rail ရဖို့  complementary differential pair သုံးထားပါတယ်။ အောက်မှာ gm control ckt ပါမယ်။
နောက်ပြီး wide swing ရဖို့ အတွက် folded-cascade ကို သုံးထားပါတယ်။ နောက် လိုချင်တဲ့  Gain တန်ဖိုး အထိရဖို့ အတွက် Gain Booster ထည့်သုံးထားပါတယ်။
နောက်ပြီး output stage မှာလည်း Rail-to-Rail ရဖို့ အတွက် Class AB ကို သုံးထားပြီးတော့ Class AB control ပါပါမယ်။ နောက် Op amp ရဲ့  stability အတွက် Miller compensation ကို သုံးထားပါတယ်။
http://i.imgur.com/O2UMH.png
ဆက်ပါဦးမယ်..

htetlinnaung
02-25-2011, 08:37 PM
မင်္ဂလာပါ
ရှေ့ကပို့စ်ကို ဆက်ပါ့ မယ်။ ပထမဆုံး input stage ကို စကြည့်ရအောင်ပါ။ ပထမဆုံး ရှင်းလင်းအောင်လို့  blog diagram ကို ကြည့်ပါ။
http://i.imgur.com/UMqRw.png
အောက်က ပုံကတော့ သူ့ ရဲ့  full diagram ပါ။
http://i.imgur.com/Vy8TT.png
အတို ဆုံး ပြော၇ရင် အလုပ်လုပ်တဲ့  region ၃ ခု ရှိပါတယ်။ Vcm (common mode voltage ) နိမ့်(ငယ်)တဲ့ အချိန်မှာ p-channel pair ဘဲ လုပ်ပြီးတော့ Vcm မြင့်(ကြီး) တဲ့ အချိန်မှာ n-channel တခု ဘဲ အလုပ်လုပ်ပါတယ်။ အလယ် (Intermediate region) မှာ pair ၂ ခုလုံး အုလုပ်ုလုပ်ပြီးတော့ minimum current selector ckt ကလည်း အဲဒီအချိန်မှာ အလုပ်လုပ်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ ကျွန်တော် အပေါ်ပို့ စ်မှာ ပြောခဲ့တဲ့ US Patent ကို ဒေါင်းပြီး ဖတ်ကြည့်ဖို့ အကြံပေးပါရစေ ခင်ဗျာ။:o
အောက်က ပုံကတော့ Gain Booster Ckt တွေပါ။ Input stage ရဲ့  output resistance ကို တိုးဖို့ အတွက် ပါ။ ဒါကတော့ ပုံမှန် ရိုးရှင်းတဲ့နည်းပါဘဲ။ အသေးစိတ် ဖတ်ချင်၇င်တော့ R. Jacob Baker ရဲ့ .Circuit Design , Layout and Simulation (second edition),JOHN WIELY & SONS, INC, (2005). စာအုပ်ထဲမှာ ဖတ်ကြည့်ပါ ခင်ဗျာ။အချိန်မရလို့ ပါ။
http://i.imgur.com/crEPz.png http://i.imgur.com/JWsHO.png
အောက်က ပုံကတော့ output stage ပါ။ နောက်မှ အနည်းငယ် ထပ်ရှင်းပါ့ မယ်။
http://i.imgur.com/fCG3H.png
နောက်တခုက Voltage Ref ckt ပါ။
http://i.imgur.com/cbqcc.png
Complete ckt diagram ကတော့ အောက်ကပုံမှာ ကြည့်နိုင်ပါတယ်။
http://i.imgur.com/hybVj.png
အခုဆို အနည်းငယ် Op amp တခုလုံးကို အကြမ်းဖျင်း မြင်နိုင်မယ် လို့ ထင်ပါတယ်။ ဆက်ပါဦးမယ်။