PDA

View Full Version : ပြုံးစေခဲ့သူ



kokotoe
09-24-2008, 11:16 PM
မှတ်မိနေခဲ့ပါသည် ဘယ်တော့မှလည်းမေ့တော့မည် မဟုတ်သော စကားတစ်ခွန်းကို ကျွန်တောာ်လက်ဆောင် အဖြစ် ရရှိခဲ့တယ်

ယနေ့တော့ ကျွန်တော် နောက် မျိုးဆက်သစ် လူငယ်တွေကို လက်ဆင့်ကမ်းပေးဖို့ စိတ်ကူးရလာမိပါတယ် မဆန်းကြယ်ဘူးဟုထင်ခဲ့ရတော့လည်း ထူးခြားသောစွမ်းရည် များရှိခဲ့တာကိုတော့ ယုံကြည်ခဲ့တာအမှန်ပါ

အကြောင်းအရာတစ်ခု၏နောက်ကွယ်တွင် တန်းဖိုးထားစရာအများကြီးရှိခဲ့တာကို တော့ဝန်ခံ ရ ပါတော့မည်

မကွေးတက္ကသိုလ်ကျောင်းသားဘ၀ကပေါ့ ကျွန်တော်တစ်သက်တာ မမေ့နိုင်အောင် စကား
လက်ဆောင်ပေးခဲ့သူ ရူပဗေဒ ပါမောက္ခ ဆရာကြီးဦးထွန်းအောင် အားဦးညွတ်ရိုသေစွာဖြင့်
ဂါရ၀ပြုအပ်ပါတယ်

ဘ၀အပြောင်းအလဲတစ်ခုပြီးတစ်ခုပြောင်းလဲရုန်းကန်နေဆဲကျွန်တော်ဟာ ခုဆရာကြီးဘယ်မှာ
ရောက်နေခဲ့လဲဆိုတာတောင်မသိတော့ပါဘူးဗျာ ဆရာကြီးသက်ရှိထင်ရှား ရှိ မရှိဆိုတာလဲ မသေချာပါဘူး ဒါပေ့မဲ့ ရင်ထဲမှာအမြဲသတိရနေတာတော့အမှန်ပါ

ဘ၀အမောတွေကြုံတိုင်းပါ ဆရာကြီးလက်ဆောင်ပေးခဲ့တဲ့စကားလေးကို ကျင့်သုံးမိတော့တာ ပါဘဲ ဒါကြောင့်နောက် လူငယ်တွေကိုလဲ လက်ဆင့်ကမ်းပေးချင်ပါတယ် ကျွန်တော်လို အကျိုးရှိပြီး ဘ၀အမောတွေပြေပျောက်စေဖို့ပါ

တကယ်လို့ ကျော်ဖြတ်ဖို့ခက်ရင်တောင် တစ်ဖက်တစ်လှမ်းကအထောက်အကူပြုနိုင်စေဖို့မျှဝေ
ခြင်းပါ

ဆရာကြီးမိန့်ကြားလက်ဆောင်ပေးခဲ့တဲ့စကားကတော့

အရှုံးတွေနဲ့ကြုံ၇င် ငါ့တပည့်ရေ မင်းပြုံးပြုံးလေးနဲ့ခေါင်းညိတ်လိုက်ပါကွယ် ဒါဆို မင်းနိုင် သွားပါ ပြီတဲ့ဗျာ

ဘယ်လောက်ရိုးစင်းလဲနော် ကျွန်တော် ဒီအသက်အရွယ်ရောက်သည်ထိ စွဲမြဲထားတဲ့အလေ့
အကျင့်တစ်ခုလို ဘဲ ဘ၀ကို အနိုင်ယူတတ်ခဲ့တာကြာခဲ့ပါပြီဗျာ

ဒါကြောင့်အားလုံးကို ဘ၀အမောတွေ မကျေနပ်မှုတွေကကျော်ဖြတ်စေချင်တဲ့စိတ်ရင်း တင်ပြပေးလိုက်ပါတယ်ဗျာ

ဘ၀အမောမှ ကျော်ဖြတ်နိုင်ပါစေဗျာ နော်

ကျွန်တော် ယုံကြည်ပါတယ်ဗျာ ခင်များတို့ ပြုံးပြုံးလေး အနိုင်ယူုနိုင်မယ်ဆိုတာလေ

ကိုကိုတိုး

(ဆရာကြီးဦးထွန်းအောင် အားဦးညွတ်လျှက်)

zawwinmaung
08-29-2010, 12:26 PM
fri, you know about micro power. Can you tell me this if you know this. THANKS