PDA

View Full Version : Microsoft Visual FoxPro မိတ်ဆက်



Little3278
01-22-2011, 11:35 AM
http://dl.dropbox.com/u/19301913/IC10848.gif
ဒေတာဘေ့စ် (DATABASE)သည် အင်မတန်မှ အသုံးများသော စကားလုံးတစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့၏ မည်သို့သောလုပ်ငန်းခွင်တွင်မဆို စီမံခန့်ခွဲမှု ပါဝင်လာမည်ဖြစ်ပြီး တိကျမှန်ကန်သောဆုံးဖြတ်ချက်ကို ချမှတ်နိုင်ရန်အတွက် သမိုင်းတွင်ဖြစ်ပျက်ခဲ့သော သတင်းအချက်အလက်များ၊ လက်ရှိဖြစ်ပေါ်နေသော သတင်းအချက်အလက်များရရှိရန် လိုအပ်၍ လာပါသည်။ သတင်းအချက်အလက်များ ရှိနေသော်ငြားလည်း အဖွဲ့အစည်းတစ်ခုလုံး ရရှိစေရန် လိုအပ်ပါသည်။ အချိန်သည် ငွေထက်တန်ဖိုးရှိလာသည်နှင့်အမျှ သတင်းအချက်အလက်ဖလှယ်ရေးအတွက် လျင်မြန်နိုင်သမျှ လျင်မြန်လာအောင် ဆောင်ရွက်ရပါမည်။ ကျွန်တော်တို့ အလေးထားအာရုံစူးစိုက်လိုသည့် သတင်းအချက်အလက်ကို မှန်ကန်စွာ ဖော်ထုတ်နိုင်ရပါမည်။ ဤသို့သော ကန့်သတ်ချက်တွေများစွာဖြင့် ကျွန်တော်တို့တွေ၏ မည်သို့သောအဖွဲ့အစည်းအတွင်းတွင်မဆို Database Management သည် အရေးပါလာခဲ့ပါသည်။
Database Management ဟု ဆိုလိုက်လျှင် ကောင်းနိုးရာရာ လမ်းညွှန်ပေးကြသည့် အသုံးချဆော့ဖ်ဝဲလ်များစွာ ရှိပါသည်။ Microsoft Access၊ Microsoft Excell၊ Visual Basic စသည်ဖြင့် အမျိုးမျိုးအသုံးပြုနိုင်ကြပြီး စာရင်းအင်းလုပ်ငန်းတွေမှာ MYOB ကို အသုံးပြုကြပါသည်။။ ၎င်းတို့နှင့်ပတ်သက်သော စာအုပ်မျိုးစုံကို ဖတ်ရှုလေ့လာကြည့်ရင်း စမ်းသုံးကြည့်ဖြစ်ပါသည်။ အခြေခံအားဖြင့် တူညီကြပြီး အသုံးပြုသော Tool အနေဖြင့်သာ ကွဲပြားကြပါသည်။ ဒေတာတွေ၊ ဒေတာဘေ့စ်တွေ၊ Form ၊ Table ၊ Queries၊ တွေ ပါဝင်ကြတာကို တွေ့ရပါသည်။ အဆိုပါဆော့ဖ်ဝဲလ်များကို လူသိများကြသော်လည်း Visual FoxPro ကို လူသိနည်းတာကို တွေ့ရပါသည်။ ကျွန်တော်အနေဖြင့် ပရိုဂရမ်မာတစ်ယောက်မဟုတ်သည်က တစ်ကြောင်း၊ အားလုံးကို အသုံးမပြုဖြစ်သည်က တစ်ကြောင်းကြောင့် VB နှင့် Visual FoxPro ကိုပဲ လေ့လာဖြစ်ခဲ့ပါသည်။ Visual FoxPro အနေဖြင့် အသုံးပြုရ ပိုလွယ်မည်ဟု ယူဆမိပါသည်။ ဥပမာအားဖြင့် VB တွင် Database Application တစ်ခုတည်ဆောက်ရန်အတွက် Access သို့မဟုတ် Excell ကို ယူသုံးရပါသည်။ VFP တွင် အခြားApplication ပေါ်မှာ မှီတည်မှုမရှိဘဲ ကိုယ်ပိုင် Table ကို တည်ဆောက်နိုင်ပါသည်။ တစ်ခုတော့ရှိသည် VFP တွင် ZawGyi One Font ဖြင့် အလုပ်မလုပ်နိုင်ပါ။ Unicode မဟုတ်သော အခြားဖောင့်များကိုသာ မြန်မာလိုအသုံးပြုနိုင်ပါသည်။ Server မှာ အသုံးပြုရန်အတွက်တော့ ကျွန်တော်တို့စမ်းသပ်ရဦးမည် ဖြစ်ပါသည်။
Visual FoxPro ဟာ Database တည်ဆောက်မှုနှင့် Application Development အတွက် ပြီးပြည့်စုံသော Object-Oriented Enviroment တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေဖြင့် သတင်းအချက်အလက်ဆိုင်ရာ စာရင်းအင်းဇယားတွေကို ပြုစုခြင်းဖြစ်စေ၊ ပတ်သက်ဆက်နွယ်နေသော Database စနှစ်တစ်ခုကို ဖန်တီးခြင်း (သို့မဟုတ်) အသုံးချသူများအတွက် ပြည့်စုံတိုးတက်တဲ့ Management Application တစ်ခုကို ပရိုဂရမ်ရေးခြင်းဖြစ်စေ VFP က Data တွေကို ပြုပြင်ဖို့လိုအပ်တဲ့ Tools အားလုံးကို ပိုင်ဆိုင်ပါတယ်။ VFPro ကို Microsoft Corporation က ဗားရှင်း ၅ ကနေ upgrade လုပ်လာခဲ့ပြီး ယခုဆိုလျှင် နောက်ဆုံးဗားရှင်းအနေဖြင့် ဗားရှင်း ၉ ထွက်နေပြီဖြစ်ပါသည်။ Visual FoxPro မရှိသေးသည့် ကွန်ပျူတာများအတွက် အင်စတောလုပ်ဆောင်ပေးရန်လိုအပ်မည် ဖြစ်ပါသည်။ ရှိပြီးသားသူများက အခြားပရိုဂရမ်များကဲ့သို့ ပုံမှန်ဖွင့်ရမည် ဖြစ်ပါသည်။
VFP ကို ဖွင့်လိုက်သည်နှင့် Project Manager သည် ဘာမှမပါရှိသေးသော Project တစ်ခုကို တည်ဆောက်ပေးပါလိမ့်မည်။ ဤနည်းအားဖြင့် ကျွန်တော်တို့တွင်ရှိပြီးသောအရာများကို ကျွန်တော်တို့၏ Project ထဲကို ထည့်သွင်းနိုင်ပြီး အဆိုပါ Project အတွင်းပါဝင်မည် အသစ်များကိုပါ တည်ဆောက်၍ ရပါသည်။ အဆိုပါ Project Manager ကို အသုံးပြုခြင်းဖြင့် Visual FoxPro ကို အလျင်အမြန် ရင်းနှီးကျွမ်းဝင်သွားမည် ဖြစ်ပါသည်။ ကျွန်တော်တို့ စာရင်းဇယားများ၊ ဒေတာဘေ့စ်များကို စီမံနေစဉ်နှင့် Application တစ်ခုကို တည်ဆောက်နေစဉ်တွင် Project Manager သည် ဇယားများ၊ ပုံစံများ၊ ဒေတာဘေ့စ်များ၊ Report များ၊ Queries နှင့် အခြားဖိုင်းများနှင့်အတူ အလုပ်လုပ်ရန်နှင့် ဖွဲ့စည်းစီမံရန်အတွက် လွယ်ကူသော၊ ရှင်းလင်းသော(မျက်မြင်) နည်းလမ်းများကို ပိုင်ဆိုင်ပါသည်။ အကယ်၍ ကျွန်တော်တို့တွင် Spreadsheets/ Text နှင့် အခြား Application များရှိ Table များအား အသုံးပြုရန် လိုအပ်ပါက VFP သို့ Import လုပ်နိုင်ပါသည်။ File menu ကနေ သင်တို့ကြိုက်တဲ့အချိန်မှာ New ကနေ အသစ်တစ်ခုကို ဖန်တီးနိုင်ပါတယ်။

Little3278
01-22-2011, 11:45 AM
Project အသစ်တစ်ခုကို ဖန်တီးဖို့ အောက်ပါအတိုင်းလုပ်ဆောင်ပါ။
၁။ File menu ကနေ New ကို ရွေးပါ။
၂။ ပေါ်လာတဲ့ box ကနေ Project ကိုရွေးပါ။ ဆက်ပြီး New file ကို ရွေးပါ။
၃။ Create dialog box ထဲမှာ သင်ကြိုက်သည့် နာမည်ပေးပါ။
၎။ Save လုပ်ပါ။
အောက်ပါအတိုင်းတွေ့ရပါမည်။
http://dl.dropbox.com/u/19301913/Project%20Manager.GIF
Ptoject Manamger သည် VFpro ထဲတွင် အခြေခံအကျဆုံး tool တစ်ခုဖြစ်ပါတယ်။ Project ဆိုတာ ဖိုင်(file)၊ အချက်အလက်(data)၊ မှတ်တမ်း(document)တို့၏ စုစည်းမှုတစ်ခုဖြစ်ပြီး .pjx အဖြစ် သိမ်းဆည်းထားသော Visual FoxPro Object တစ်ခုဖြစ်ပါတယ်။ Project manager ကို ဇယားများ (tables)နှင့် သတင်းအချက်အလက်များ (databases)ကို ဖန်းတီးဖြင်း၊ မေးမြန်းမှုများ (queries)ကို ရေးသားခြင်း၊ ပုံစံ(forms) နှင့် သတင်းပို့ပုံစံ(report)ကို ဖွဲ့စည်းပုံနှင့် application တစ်ခုကို တည်ဆောက်ရာမှာ အသုံးပြုနိုင်ပါတယ်။
Project Manager က သင်တို့ရဲ့ ဒေတာကို အဆင့်ဆင့်သော hierarchical view နဲ့ပြထားပါတယ်။ အပေါ်မှာရှိသည့် tab တွေကနေ သီးခြားစီလိုက် ရွေးချယ်နိုင်ပါတယ်။ Data tab အောက်မှာတော့ project အတွက် databases၊ free tables ၊ queries နှင့် views စသည့် ဒေတာတွေအားလုံးပါဝင်ပါတယ်။
databases ဆိုတာကတော့ သာမန်အားဖြင့် နယ်ပယ်(field) တစ်ခုထဲမှာ အပြန်အလှန်ပတ်သက်ဆက်နွယ်နေတဲ့ ဇယား(Tables)များ၏ အစုတစ်ခုဖြစ်ပါတယ်။ ဇယားတွေနှင့် ပတ်သက်ဆက်နွယ်မှုတွေကို ဖြစ်တည်စေဖို့ views၊ connection၊ stored procedures၊ business rules နှင့် ကျွန်တော်တို့၏ ဒေတာတွေကြားမှာ trigger တွေပါဝင်လာပါတယ်။ databases ကို databases designer နဲ့ တည်ဆေက်ပါတယ်။ နောက်ပိုင်းကျရင် ဆွေးနွေးပေးပါမည်။ databases ဖိုင်ကိုတော့ .dbc အနေနဲ့သိမ်းပါတယ်။
Free Table ကတော့ databases ရဲ့ အပိုင်းတစ်ခုမဟုတ်တဲ့ table ပါ။ သူကိုတော့ .dbf နဲ့ သိမ်းပါတယ်။
Queries က table မှာ သိမ်းထားတဲ့ဒေတာထဲက သီးခြားလိုချင်တဲ့ သတင်းအချက်အလက်တွေသာ တောင်းဆိုရန် တည်ဆောက်ထားသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ Queries Designer ကို အသုံးပြုပြီး ကျွန်တော်တို့၏ table ကို အခြေခံပြီး မေးခွန်းတစ်ခုကို လုပ်နိုင်ပါတယ်။ သူ့ကိုတော့ .qpr အဖြစ်သိမ်းပါတယ်။
View ကတော့ queries ၏ သီးခြားအမျိုးအစားတစ်ခုပါ။ သူကို local နှင့် remote data အတွက်ပါ access လုပ်နိုင်ပါတယ်။ မူရင်းမှတ်တမ်း(record)ကို ပြုပြင်ခြင်းဖြင့်လဲ data တွေကို update လုပ်နိုင်ပါတယ်။ View ဟာ databases အတွင်းမှာသာ တည်ရှိနေတာဖြစ်ပါတယ်။ သီခြားလွတ်လပ် နေတာမဟုတ်ပါဘူး။ နောက်ပိုင်းကျရင် ပိုမိုနားလည်လာပါလိမ့်မယ်။
Document tab တွင် data တွေကို လုပ်ဆောင်စဉ်က သင်အသုံးပြုခဲ့သည့် document အားလုံးကို တွေ့နိုင်ပါတယ်။ ဥပမာ data ကို ထည့်ခြင်းနှင့် ကြည့်ခြင်းအတွက် form ၊ ဇယားကို print ထုတ်ခြင်းနှင့် မေးမြန်းခြင်းရလဒ်တွေအတွက် report နှင့် label တွေ ပါဝင်ပါတယ်။
တခြား Tab တွေဖြစ်တဲ့ Classes၊ Code ၊ Other တွေကို application တစ်ခုဖန်တီးသည့်အချိန်တွင် အဓိကထား အသုံးပြုပါတယ်။
ပိုမိုပြိးရင်းနှီးသွားအောင် Data tab ကို တွေးလိုက်ပါ။ project manager ထဲက items တွေကို သင်တို့ကြိုက်သလို အကျယ်ဖြန့်လိုက်၊ ချုံ့လိုက်လုပ်လို့ရပါတယ်။ (+) သင်္ကေတကတော့ ဤအမျိုးအစားအောက်တွင် တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုသော item တွေရှိနေတယ်ဆိုတာကိုပြတာပါ။ ဒါကတော့ computer သုံးဖူးသူတိုင်းသိတာမို့ ထပ်မံရှင်းပြဖို့ လိုမည်မည် မဟုတ်ပါ။
Project Manager ကို အသုံးပြုရန် သင်ဟာ တည်ရှိပြီးသားဖိုင်ကို ၄င်းထဲကိုပေါင်း(add) ထည့်ရမည် (သို့မဟုတ်) ဖိုင်အသစ်တစ်ခုကို ဖန်းတီးဖို့အတွက် ၄င်းကို အသုံးပြုရမည် ဖြစ်ပါသည်။ ဥပမာ-သင်တို့မှာ project ထဲကို add ဖို့ .dbf အမျိုးအစားဖြင့် ဇယားတစ်ခုရှိပြီးဖြစ်ရင် ပထမဦးစွာ data tab အောက်က Free Table ကို အရင်ရွေးပြီး Add ခလုတ်ကိုနိုပ်ရပါမည်။
Project ထဲကို ဖိုင်တစ်ခုပေါင်းထည့်ရန်
၁။ သင်ထည့်လိုသော ဖိုင်အမျိုးအစားကိုရွေးပါ(databases 0r free table)
၂။ Add ကို ရွေးပါ။
၃။ Open box ပေါ်လာရင် ဖိုင်ကိုရွေးပြီး OK နိုပ်ပါ။
Project ထဲမှ ဖိုင်ကို ဖယ်ရှားရန်
၁။ ဖယ်ရှားချင်သော ဖိုင်ကိုရွေးပါ။
၂။ Remove ကို ရွေးပါ။
၃။ နှစ်မျိုးပေါ်ပါလိမ့်မယ်။ Remove ဆိုရင် Project ထဲကနေ ဖယ်ရုံဖယ်တာပါ။ နောက်ပြန်သုံးလို့ရပါတယ်။ Delete ဆိုရင်တော့ computer ကနေ လုံးဝဖယ်ထုတ်ပစ်လိမ့်မယ် ဖြစ်ပါသည်။
ဖိုင်များကို တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းများကို Project Manager သည် ရှင်းလင်းလွယ်ကူစေပါသည်။ ကျွန်တော်တို့ တည်ဆောက်လိုသော (သို့မဟုတ်) ပြုပြင်လိုသော ဖိုင်အမျိုးအစားကို ရွေးချယ် (Select)လုပ်ရုံသာဖြစ်ပြီး ဘေးတွင်ဖော်ပြထားသော New (သို့မဟုတ်) Modify ခုလုတ်ကိုသာ နိုပ်ရန်ဖြစ်ပါသည်။ Visual FoxPro သည် ကျွန်တော်တို့ရွေးချယ်ထားသောဖိုင်နှင့် ကိုက်ညီသော Design Tool ကို ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
Project Manager အတွင်း ပေါင်းထည့်ရန်အတွက် ဖိုင်တစ်ခုကို တည်ဆောက်ရန်
၁။ ကျွန်တော်တို့ တည်ဆောင်ချင်သောအရာကို ရွေးချယ်ပါ။
၂။ New ကို နိုပ်ပါ။
ဖိုင်တစ်ခုကို ပြုပြင်ရန်
၁။ တည်ရှိပြီးသော ဖိုင်တစ်ခုကို ရွေးချယ်ပါ။
၂။ Modify ကို ရွေးချယ်ပါ။
ဥပမာအားဖြင့် Table တစ်ခုကို ပြုပြင်ရန်အတွက် Table ၏ အမည်ကို ရွေးချယ်ပါ။ ထို့နောက် Table Designer တွင် Table ကို ဖော်ပြရန်အတွက် Modify ကို နိုပ်ပါ။
ဖိုင်တစ်ခုတွင် သရုပ်ဖော်ရေးသားချက်(Description) ထည့်သွင်းခြင်း
၁။ Project Manager အတွင်းရှိ ဖိုင်(File)တစ်ခုအား ရွေးချယ်ပါ။
၂။ Project Menu မှ Edit Seacription အား ရွေးချယ်ပါ။
၃။ ပေါ်လာသော Box အတွင်း ရေးသားလိုသော သရုပ်ဖော်ရေးသားချက်(Description) အား ရေးသားပါ။
၎။ OK ကို နိုပ်ပါ။
Table အတွင်းရှိ အချက်အလက်များ ကြည့်ခြင်း
Project Manager ကနေ ကျွန်တော်တို့၏ Project အတွင်းရှိ Table များကို အကြမ်းဖျင်းဖတ်ရှု (Browse)နိုင်ပါသည်။ Data Tab ကို ရွေးချယ်ပြီး မိမိကြည့်လိုသော Table အား ရွေးချယ်ပါ။ ထို့နောက် Browse ကို နိုပ်ပါ။

Little3278
01-22-2011, 12:17 PM
Project Manager က ကျွန်တော်တို့ကို Visual FoxPro Designers အသုံးပြုနိုင်ရန် များစွာအထောက်အကူပြုပါသည်။ ၎င်းတို့ကို အသုံးပြုခြင်းဖြင့် ကျွန်တော်တို့၏ ဒေတာများကို စီမံနိုင်ရန်အတွက် Table (ဇယား)များ၊ Form (ပုံစံ)များ၊ Queries များ၊ Report များကို အလွယ်တကူ တည်ဆောက်ယူနိုင်ပါသည်။ ကျွန်တော်တို့အနေဖြင့် Peoject Manager ကနေမဟုတ်ဘဲ File Menu ကနေ New ကို တောင်းလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ပြုလုပ်လိုသော File အမျိုးအစားနှင့် ကိုက်ညီသော Designer များကို လွတ်လပ်စွာ အသုံးပြုနိုင်ပါသေးသည်။ အောက်တွင် ဖော်ပြထားသောဇယားသည် Designer များကို မိမိတို့လိုအပ်ချက်နှင့် ကိုက်ညီစွာရွေးချယ်နိုင်ရန်အတွက် ယှဉ်တွဲဖော်ပြထားပါသည်-

Table Designer = Creat tables and set indexes on tables
Query Designer = Run queries on local tables
View Designer = Run queries on remote data sources; create updateable queries
Form Designer = Create a form for viewing and editing the data in your tables
Report Designer = Create report for displaying and printing your data
Database Designer = Set up a database; view and create relationship your data
Connection Designer = Create a connection for remote views

Using Toolbars
Designer တစ်ခုဆီတိုင်းတွင် ကျွန်တော်တို့ အလွယ်တကူအသုံးပြုနိုင်စေရန်အတွက် တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော Toolbar များပါဝင်ကြပါသည်။ ဥပမာအားဖြင့် Form designer တွင် Layout နှင့် Colour Palette စသည့် Toolbar များ ပါဝင်ကြပါသည်။ ကျွန်တော်တို့ အလုပ်လုပ်နေချိန်တွင် ကျွန်တော်တို့လိုအပ်သလောက် Toolbar များကို ကွန်ပျူတာမျက်နှာပြင်(screen)ပေါ် ထား၍ အသုံးပြုနိုင်ပါသည်။ အဆိုပါ Toolbar များကို အပေါ်ဖက်၊ အောက်ဖက်နှင့် ဘေးဖက်တွင်လည်း ထည့်သွင်း (Dock) လုပ်ထားနိုင်ပါသည်။ FoxPro သည် ကျွန်တော်တို့ နောက်ဆုံးထားခဲ့သည့်နေရာတွင် ထိန်းသိမ်းထားမည် ဖြစ်ပါသည်။ Toolbar များကို ဖော်ထားရန်အတွက် View Menu ကနေ Toolbars ကို ရွေးချယ်ပြီး ပေါ်လာသော Box အတွင်းမှ အသုံးပြုမည့် Toolbar ကို ရွေးချယ်ရပါမည်။ Toolbar များကို Dock လုပ်ရန်အတွက် Drag လုပ်ပြီး မိမိထားချင်သောနေရာတွင် ထားနိုင်ပါသည်။

Using Wizards
Wizard တွေကတော့ ပရိုဂရမ်အတွင်းပါဝင်သော ပရိုဂရမ်အသေးစားလေးများဖြစ်ပြီး Common Task တွေကို အလွယ်အကူပြီးမြောက်အောင် ကျွန်တော်တို့ကို ကူညီပေးပါသည်။ Wizard ကနေ မေးသော မေးခွန်းများကို ဖြေဆိုရင်း၊ Option များကို ရွေးချယ်ခြင်းဖြင့် သင်၏လိုအပ်ချက်အလိုက် ဖိုင်တစ်ခုကို တည်ဆောက်ရန် (သို့မဟုတ်) အလုပ်တစ်ခုကို လုပ်ဆောင်စေရန် ကျွန်တော်တို့က Wizard ကို ပြောနေပါသည်။ ဥပမာအားဖြင့် Report Wizard ကို ကျွန်တော်တို့ရွေးချယ်လိုက်လျှင် ကျွန်တော်တို့တည်ဆောက်ချင်သော Report အမျိုးအစားကို ရွေးချယ်နိုင်ပါသည်။ ထပ်မံ၍ Wizard က ကျွန်တော်တို့အား မည်သည့် Table ကို အသုံးပြုမည်ကို မေးမည်ဖြစ်ပြီး Report နှင့် ပတ်သက်သော စီစဉ်ဖွဲ့စည်းမှုပုံစံ (Formatting) အတွက် ရွေးချယ်မှုများကို တွေ့ရမည် ဖြစ်ပါသည်။ Wizard ကို အသုံးပြုရန်အတွက် Project Manager တွင် ကျွန်တော်တို့တည်ဆောင်လိုသော ဖိုင်အမျိုးအစားကို ရွေးချယ်ပြီး New ကို နိုပ်ပါ။ ထို့နောက် Wizard ကို ထပ်မံရွေးချယ်ပါ။ Wizard က မေးသော မေးခွန်းများကို ဖြေဆိုပြီးနောက် ဆက်၍သွားရန် အသင့်ဖြစ်ပါက Next ကို နိုပ်နိုင်ပါသည်။ အကယ်၍ ကျွန်တော်တို့အနေဖြင့် တစ်စုံတစ်ခု မှားယွင်းသွားသည်ဟု ယူဆပါက Back ခလုတ်ကို နိုပ်၍ ပြန်သွားနိုင်ပါသည်။ Cancel ကို ရွေးချယ်ပါက Wizard က မည်သည့်အရာမျှထုတ်ပေးမည်မဟုတ်ဘဲ ပိတ်သွားမည် ဖြစ်ပါသည်။ ကျွန်တော်တို့ နောက်ဆုံးကို ရောက်သွားလျှင် Finish ခလုတ်ကို နိုပ်ခြင်းအားဖြင့် Wizard အား ပိတ်လိုက်ခြင်း ဖြစ်ပါသည်။

Using Builders
Builder များသည် Form များ၊ ရှုပ်ထွေးသော Control များ၊ Referential Integrity Code များ ပြုပြင်ခြင်း၊ တည်ဆောက်ခြင်းများကို အလွယ်တကူ ပြုလုပ်ပေးပါသည်။ Builder အမျိုးအစားအလုက် အသုံးပြုပုံကို အောက်ဖော်ပြပါ ဇယားတွင် ဖော်ပြထားပါသည်-

Combo Box Builder = Build a combo Box
Command Group Builder = Build a command group
Edit box builder = Build an edit box
Form Builder = Build a form
Grid Builder = Build a grid
List Box Builder = Build a list box
Option Group Builder = Build an option group
Text Box Builder = Build a text box
AutFormat Builder = Format a group of controls
Referential Integrity Builder = Create referential integrity between database tables

Basic Syntax
VFP ဒေတာအားလုံးသည် အမျိုးအစားရှိကြပြီး အဆိုပါ အမျိုးအစားသည် ခွင့်ပြုနိုင်သောတန်ဖိုးနှင့် အတိုင်းအတာ (Permissible values and range) နှင့် ထိုတန်ဖိုးများ၏ အရွယ်အစားတို့ကို ဖော်ပြချက်ဖြစ်ပါသည်။ ကျွန်တော်တို့ အသုံးပြုလိုက်သော ဒေတာ(Data)အမျိုးအစားကို သတ်မှတ်ပေးခြင်းဖြင့် VFP သည် ဒေတာ ကိုင်တွယ်ထိန်းချုပ်ရန်နှင့် သိမ်းဆည်းရန်တို့တွင် ပိုမိုကောင်းမွန်စေပါသည်။ Web မှာ ဇယားဖြင့် ဖော်ပြလို့မရသည့်အတွက် ဓာတ်ပုံရိုက်ပြီးပဲ တင်ပေးလိုက်ပါသည်-
http://dl.dropbox.com/u/19301913/syntex.GIF

VFP Field Type များ
http://dl.dropbox.com/u/19301913/untitled.bmp

Little3278
01-23-2011, 01:21 PM
Visual FoxPro Operator များကို အောက်ပါအတိုင်း (၅)မျိုးခွဲခြားထားပါသည်-

Numeric Operators
Character Operators
Date and Date Time Operators
Logical Operators
Relational Operators များတို့ဖြစ်ကြပါသည်။

Numeric operators
အဆိုပါ Operator များကို လုပ်ဆောင်ပုံနှင့် ကုတ်အလိုက်အောက်ဖော်ပြပါ ဇယားဖြင့် ရှင်းလင်းထားပါသည် -
http://dl.dropbox.com/u/19301913/operator.GIF

Character Operators
ကျွန်တော်တို့သည် +, - နှင့် $ ကဲ့သို့သော Character Operators များကို အသုံးပြုခြင်းဖြင့် Character Data များကို ပေါင်းစပ်ခြင်း၊ နှိုင်းယှဉ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
http://dl.dropbox.com/u/19301913/choperator.GIF

Date and Time Operators
http://dl.dropbox.com/u/19301913/dateoperator.GIF

Logical Operators
Logical Operators များသည် Data types အားလုံးအတွက် အလုပ်လုပ်ပြီး Logical Value ကို ပြန်ရစေပါသည်။
http://dl.dropbox.com/u/19301913/logoperator.GIF
Logical Operator များအနေဖြင့် လေ့လာဖူးသူများကတော့ ရင်းနှီးပါလိမ့်မည်။ သူရဲ့သဘောကတော့
TRUE AND TRUE = TRUE
TRUE AND FALSE = FALSE
FALSE AND TRUE = FALSE
FALSE AND FALSE = FALSE တို့ပဲဖြစ်ပါသည်။

Relational Operators
Relational Operator များသည်လည်း Data Type အမျိုးမျိုးမှာ အလုပ်လုပ်နိုင်ပြီး Logical Value ကို ထုတ်ပေးမှာဖြစ်ပါသည်။
http://dl.dropbox.com/u/19301913/relatioperator.GIF

== Operator ကို character string များကို တိတိကျကျနှိုင်းယှဉ်မှုပြုလုပ်မှသာ အသုံးပြုပါသည်။ အဆိုပါ operator ကို အသုံးပြုလိုက်လျှင် နှစ်ဖက်စလုံး၏ character အားလုံး (blank အပါအဝင်) နှိုင်းယှဉ်ပါသည်။

File Extensions and File Types
Visual FoxPro နှင့် ပတ်သက်ဆက်နွယ်နေသည့် file type အမျိုးအစား (၅၀)ရှိပါသည်။ အနည်းဆုံးတော့ (၁၄)မျိုးလောက်တော့ အသုံးပြုသူအနေဖြင့် ရင်းနှီးနေဖို့လိုအပ်ပါသည်။
http://dl.dropbox.com/u/19301913/filetype.GIF