PDA

View Full Version : အင်ဂျင်နီယာဆိုတာ



zayzay681
02-25-2011, 07:34 PM
ကျွန်တော်အလုပ်စ၀င်တာ သကြားစက်မှာပါ။
CE ကကျွန်တော်တို့ကိုသင်တန်းပေးပါတယ်။
CE ကအစိုးရဌာနကညွန်မှူးအငြိမ်းစား.......နိုင်ငံခြားအတွေ့အကြုံတော်တော်ရှိပါတယ်။
တော်တယ်လို့ပြောချင်တာပါ။
သူကပြောပါတယ် ခွကိုင်လျှင်အင်ဂျင်နီယာမဟုတ်ဘူးတဲ့။ ခွကိုင်တဲ့လူတွေကိုညွှန်ကြားနိုင်အောင်ပညာပြည့်စုံရမယ်တဲ့
်ပညာပြည့်စုံအောင်လေ့လာစရာအများကြီးရှိတဲ့အတွက် ခွကိုကိုင်နေရန်အချိန်မရှိဘူးတဲ့။
ကျွန်တော်ကတော့အလွန်ကြိုက်ပါတယ် ဒါပေမယ့်
တော်တော်များများကတော့လက်မခံတာ(နောက်ပိုင်းမှာ) သိလာရပါတယ်။
အထူးသဖြင့် vehical,backhoe,dozer... တွေနဲ့အလုပ်လုပ်ရတဲ့အပိုင်းက အင်ဂျင်နီယာများအပါအ၀င်တာဝင်ရှိသူများပါ။
သဘာဝအရ စက်ရုံမှစက်ပြင်များက စက်ကိုခဏတိုင်းမပြင်ရပါဘူး....စက်တွေကလဲ တခုနဲ့တခုမတူတဲ့အတွက် theory ရှိတဲ့အင်ဂျင်နီယာ အဆုံးအဖြတ်ကအရေးပါပါတယ်။။ တဖက်က ကားအင်ဂျင်မျိုးက စက်ပြင်တွေအနေနဲ့မျက်စိမှိတ်ပြင်နိုင်ပါတယ်။ ဒီမှာအင်ဂျင်နီယာကဘာလုပ်ရမလဲ......ကျွန်တော်ကတော့ managementနယ်ထဲရောက်ပါတယ်။
အင်ဂျင်နီယာကဘာလုပ်သင့်တယ်လို့ထင်ကြပါသလဲ

အေ၇ာ
02-25-2011, 08:11 PM
သူကပြောပါတယ် ခွကိုင်လျှင်အင်ဂျင်နီယာမဟုတ်ဘူးတဲ့။ ခွကိုင်တဲ့လူတွေကိုညွှန်ကြားနိုင်အောင်ပညာပြည့်စုံရမယ်တဲ့
်ပညာပြည့်စုံအောင်လေ့လာစရာအများကြီးရှိတဲ့အတွက် ခွကိုကိုင်နေရန်အချိန်မရှိဘူးတဲ့။

စက်တွေကလဲ တခုနဲ့တခုမတူတဲ့အတွက် theory ရှိတဲ့အင်ဂျင်နီယာ အဆုံးအဖြတ်ကအရေးပါပါတယ်။။

ခွကိုင်တဲ့သူတွေကို ညွှန်ကြားနိုင်ရမယ်လို့တင်ပြောခဲ့တာမဟုတ်ပဲ ညွှန်ကြားနိုင်အောင် ပညာပြည့်စုံနေရမယ်ဆိုတဲ့သဘောအထိ ပြောတာဆိုတော့ သဘောမတူစရာလို့မမြင်သင့်ပါဘူး။
တချို့ကပညာမပြည့်စုံပဲ ရမ်းကြိတ်ညွှန်ကြားနေရတယ်ဆို ဘယ်ကောင်းပါ့မလဲနော်။
ညွှန်ကြားချက်ရဲ့နောက်ဆက်တွဲအနေနဲ့ တာဝန်ယူရမယ့်အပိုင်းတွေလည်းရှိနေမှာဆိုတော့ ဘယ်လောက်ပဲသင်ယူထားခဲ့ပါစေ ပညာပြည့်စုံအောင်လေ့လာစရာတွေအများကြီးကျန်ရှိနေဦးမှာကိုလည်း CE က ထည့်ပြောသွားသလိုပဲနော်။
ပြောဖို့ ကျန်နေခဲ့တာကတော့ ဂွကိုင်ပြီးလုပ်ငန်းနှင့် တိုက်ရိုက်ထိတွေ့ဆက်စပ်နေတဲ့ ကျွမ်းကျင်လုပ်သား/အတတ်ပညာရှင်တွေ ရဲ့အတွေ့အကြုံကောင်းများထံမှလည်း သုံးသပ်လေ့လာရှာဖွေယူတတ်လျှင် ပညာရနိုင်တယ်ဆိုတာမျိုးလေးလို့ မြင်ပါတယ်။

အေ၇ာမေ

ပေါတာလူး
02-25-2011, 09:19 PM
http://img571.imageshack.us/img571/1040/wpe28.jpg

ပေါတာလူး ပြောပရစေ။ Open Spanner ခွ ကိုင်ကိုင်၊ Ring Spanner ဂွင်းကိုင်ကိုင်၊ Socket Spanner ဘောက်စ်ပန်နာ ကိုင်ကိုင်၊ ကိုင်တတ်ဖို့က အရေးကြီးပါတယ်။ ဂွင်း၊ ခွ တောင် ရေလည်အောင်မသိပဲ...ညွှန်ကြားမယ်ဆိုရင်တော့ လွဲတတ်ပါတယ်...ကိုယ်တိုင်၊ ဂွင်း၊ ခွ ကိုင်လာသူ အင်ဂျင်နီယာတွေကတော့ Bolt ဘိုးတွေ၊ Nut နပ် တွေ မြင်ရုံနဲ့ ဘာ ဂွင်း လို တယ် ဘာ ခွ လိုတယ်ဆိုတာ တန်းပြောကြ ပါတယ်။

အေ၇ာ
02-25-2011, 11:12 PM
http://img571.imageshack.us/img571/1040/wpe28.jpg
ကိုယ်တိုင်၊ ဂွင်း၊ ခွ ကိုင်လာသူ အင်ဂျင်နီယာတွေကတော့ Bolt ဘိုးတွေ၊ Nut နပ် တွေ မြင်ရုံနဲ့ ဘာ ဂွင်း လို တယ် ဘာ ခွ လိုတယ်ဆိုတာ တန်းပြောကြ ပါတယ်။

ွဂွင်းတွေ ဂွတွေရဲ့ Size ကို ပြောတာကတော့ ကိုင်နေကြမဟုတ်လည်း လုပ်ငန်းနဲ့နည်းစပ်နေလျှင် မှတ်သားတတ်တဲ့အလေ့အကျင့်လည်းရှိလျှင် မမြင်ပဲတောင်ပြောလို့ရတယ်တဲ့ရှင့်။
ဘာကို ပြုပြင်မလို့ ဘယ်အပိုင်းဖြုတ်မလို့ ဆိုတာနဲ့ လိုအပ်မယ့် Tools တွေကို သိတဲ့သူကတော့ သိတာပါပဲ။

ဒါပေမယ့် ဘာဖြစ်လို့ ဂွင်းတွေ ဂွတွေရဲ့ ပုံပန်းက ကောက်တီးကောက်တောက်၊ စွေစောင်းစောင်းနဲ့ ကော့လန်လန်လေးတွေ ဖြစ်အောင်ဖန်တီးထားတယ်ဆိုတာမျိုးကိုတော့ လက်တွေ့ ကိုင်တွယ်အသုံးချနေကျဖြစ်တဲ့ သူမျိုးကသာ အကျိုးကျေးဇူးကို ပိုမိုသိနားလည်လွယ်မယ်ထင်ပါတယ်။

လေးစားစွာဖြင့်
အေ၇ာမေ

အေ၇ာ
02-25-2011, 11:51 PM
ဂွင်း ဂွ တွေနဲ့ ကင်းမရပဲ ရင်းနှီးနေတယ်၊ နေ့စဉ်ကိုင်တွယ်နေကျပါပဲကွယ်ဆိုပြီး မိမိရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ပစ္စည်းမျိုးကို အရမ်းကာရောမဖွင့်ကြည့် မဖြုတ်ကြည့်ရဘူးလို့ အင်ဂျင်နီယာအစ်ကိုကြီးတစ်ဦးပြောပြဖူးတာ သတိရမိပါတယ်။
ဥပမာ လေဘရိတ်စနစ်မှာရှိတဲ့ လေအိုး Drum ကြီးကို Brake release မလုပ်ပဲ တပ်ဆင်ထားတဲ့နေရာက မဖြုတ်သင့်သလို
Diaphragm အသစ်လဲလိုက်ကွာဆိုတဲ့ ညွှန်ကြားချက်မျိုးလည်း လွယ်လွယ်ပေးလို့မရပါဘူးတဲ့။
သဘောတရားအခြေခံသိထားသူတွေ အတွေ့အကြုံရှိသူတွေအနေနှင့် ပြဿနာမရှိသော်လည်း
အတည်စွမ်းအင်သိုလှောင်ထားတဲ့ ပစ္စည်းမျိုးကို အရမ်းကာရော ဆင်ကန်းတောတိုး တဇွတ်ထိုးလုပ်ကြလျှင် အသက်အန္တရယ်အထိစိုးရိမ်ရတယ်လို့ဆိုပါတယ်။
ဟိုက်ဒြောလစ်ဆလင်ဒါများဆိုလျှင်လည်း အ၀င်အထွက်ပိုက်လိုင်းတွေအကုန်လုံးဖြုတ်ထားပြီးပြီဆိုပေမယ့် ဆလင်ဒါ ကိုယ်ထည်တစ်ဝိုက်တပ်ဆင်ထားတဲ့ Valve တွေပိတ်လျက်ကျန်ရှိနေနိုင်ပြီး Pressure အပြည့်ရှိနေတာကြုံတတ်ပါတယ်။ မဆင်မခြင်သွားဖွင့်မိလျှင် သေပြီဆရာပဲတဲ့ရှင့်။
ဥပမာ ကရိန်းကားတွေ အလုပ်လုပ်တော့မယ်ဆို အခြေခိုင်မယ့် ခြေထောက်တွေကို ဟိုက်ဒြောလစ်စနစ်သုံးပြီးထောက်ပေးထားတတ်ပါတယ်။ ကားကြီးကြွတက်လာပြီး ကားဘီးတွေလေထဲမြောက်တက်လာတာတွေ့ဖူးကြမှာပါနော်။ အဲဒီခြေထောက်ကို ပေးပို့တဲ့ ဟိုက်ဒြောလစ်ပိုက်လိုင်း မတော်တဆ ပြတ်တောက်သွားခဲ့လျှင် ရိုးရိုးဆလင်ဒါလိုတည်ဆောက်ထားခဲ့လို့ကတော့ ဆက်လက် ပင့်မြှောက်ထောက်ကန် မပေးနိုင်တော့လို့ဟန်ချက်တွေ ပျက်ယွင်းကုန်ပြီး ဒုက္ခရောက်ကုန်နိုင်ပါတယ်။
ဒါကြောင့် ဆလင်ဒါထဲ တိုးဖိဝင်ရောက်ခဲ့ပြီးသား ဖိအားမြင့်ဆီတွေဟာ နည်းလမ်းတကျ စနစ်တကျ ပြန်ထုတ်မပေးမခြင်း အထဲမှာဖိသိပ်စွာရှိနေတတ်ပါတယ်တဲ့ရှင်။
ကြားဖူးတာတွေက တစ်အားထူးနေတော့ မှတ်မိနေတာပါ။

လေးစားစွာဖြင့်
အေ၇ာမေ

htetlinnaung
02-26-2011, 12:59 AM
မင်္ဂလာပါ..
အင်ဂျင်နီယာဆိုတဲ့  စကားလုံး က ဘာကို ဆိုလိုတယ် ။ ဘယ်လိုလူမှ အင်ဂျင်နီယာ။ ဘယ်ဘာသာရပ်မှ အင်ဂျင်နီယာ ဘာသာရပ် လို့  တည်ပြီး ပြောမယ်ဆိုရင် အငြင်းပွားဖွယ် တခု ဘဲ ဖြစ်လာမယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ တခြားနိုင်ငံတွေမှာ ဘယ်လိုသတ်မှတ်လဲ ကျွန်တော် နားမလည်ပါဘူး။ မြန်မာမှာတော့ ဟိုးအရင်ကတည်းက အင်ဂျင်နီယာဆိုတာ B.E နဲ့  ဒါမှ မဟုတ် B.Sc( engineering) နဲ့  ကျောင်းပြီးတဲ့ သူတွေ၊ နောက် စက်မှူအထက်တန်းကျောင်းဆင်း ၊ AGTI ဆင်း တွေ အစသဖြင့်  ပေါ့  အဲလိုလူတွေကို
ကျောင်းဆင်း အလုပ်ဝင်တာနဲ့  အင်ဂျင်နီယာလို့  ယေဘုယျ သတ်မှတ်တာပါဘဲ။ အဲဒီမှာ မြန်မာမှာ ကြုံရတာ ပြဿနာက အင်ဂျင်နီယာဆို ဘာ အင်ဂျင်နီယာလဲ မေးခဲ ပါတယ်။ တချို့ ဆို အင်ဂျင်နီယာဆိုတာနဲ့  ကားပြင်တက်လား၊ ရေဒီယို ပြင်တက်လား၊ အိမ်ဆောက်တက်လားပေါ့ ။ သာမာန် စာမတက်တဲ့ သူက အဲလို မေးတာ မဟုတ်ပါဘူး။ ဘွဲ့ ရတွေ ကိုယ်တိုင်၊ တချို့ ဆို ဌာနဆိုင်ရာ လူကြီးတွေက အစ အဲလိုမျိုး မေးတာ မျိုးတွေဖြစ်ခဲ့ တာပါ။ ယနေ့အထိလဲ ရှိပါသေးတယ် ။
အဲဒီမှာ အင်ဂျင်နီယာဆိုတာ ဘာလဲ ဆိုတဲ့  စကားလုံးက အရမ်း အရေးကြီးပါတယ်။ ကျွန်တော်တို့  ကျောင်းမှာတုန်းက ဆရာကြီးတစ်ယောက်ပါ။ ဆရာကြီး ဦးခင်မောင်သန်း ပါ။ ယခင် RIT မှာ လုပ်ခဲ့ ပြီး DSTA မှာလည်း အကြံပေးလုပ်ခဲ့ ပါသေးတယ်။
သူ့ စကားက မှတ်သားဖွယ်ရာပါ။ မှန် ၊မမှန်ဆိုတာ မိမိဘာသာ စဉ်းစား ဆုံးဖြတ်ယူနိုင်ပါတယ်။ အယူအဆတူတဲ့ သူ လက်ခံနိုင်မယ်လို့ ထင်ပါတယ်။ အင်ဂျင်နီယာဘာသာရပ်တွေကို သင်ရခြင်းရဲ့ ရည်ရွယ်ချက်က Designer ဖြစ်လာဖို့ ပါ။ ဒါ ပထမဆုံး ရည်ရွယ်ချက်ပါ။ ၅ နှစ် လောက် အချိန်ပေးပြီး အခြေံခံသီအိုရီများ ၊ အယူအဆများ ၊ စဉ်းစားနည်း စနစ်တွေကို ကျောင်းသားတွေ ခေါင်းထဲ ရောက်အောင် သင်ကြားပေးခြင်းဖြင့် Designer ဖြစ်လာအောင် training ပေးတာပါ။ အဲဒီမှာ စာတွေ့  ၊ လက်တွေ့  အပြင် လုပ်ငန်းခွင်အတွေ့ အကြုံ (industrial field ) တွေနဲ့ ပါ လေ့ကျင့် ပျိုးထောင်ပေးတာပါ။
အင်ဂျင်နီယာ နယ်ပယ် အလိုက် ဥပမာ ပေး ရရင် စက်မှူ အင်ဂျင်နီယာ ဆိုပါတော့ ။ ဘယ်တက္ကသိုလ်မှ ကားအင်ဂျင်အကြောင်း၊ ဆိုင်ကယ်အင်ဂျင်အကြောင်း ၊မီးစက် အင်ဂျင် အကြောင်းဆိုပြီး ခွဲခြား မသင်ပါဘူး။နောက် ဘာဖြစ်ရင် ဘာပျက်နေတာ၊ အင်ဂျင်သံ
ဘယ်လိုဖြစ်ရမယ် အစသဖြင့် Car Work shop တွေမှာ mechanic တစ်ယောက် သိရမဲ့ ဟာမျိုးတွေလည်း မသင်ပါဘူး။ ကျွန်တော် စက်မှူအင်ဂျင်နီယာ မဟုတ်ပေမဲ့  ရဲရဲ အာမခံရဲပါတယ်။ ဆိုတော့ သင်ကြားပေးတာက အင်ဂျင်တွေရဲ့ အခြေခံ အလုပ်လုပ်ပုံတွေနဲ့ မိမိလိုချင်တဲ့  အင်ဂျင်တခုကို Design တွက်ထုတ်နိုင်အောင် သင်ကြားပေးပါတယ်။ ဒီနေ ရာမှာ အင်ဂျင်နီယာနဲ့  လက်တွေ့ မှာ လုပ်နေတဲ့  ကျွမ်းကျင် လုပ်သားနဲ့  ကွဲပြားနေတာတွေ့ ရပါလိမ့်မယ်။ ကားပြင်တက်ဖို့  ဆိုင်ကယ်ပြင်တက်ဖို့  အိမ်က ရေစက်ပျက်လို့ 
ပြင်တက်ဖို့  တက္ကသိုလ် တက်စရာ မလိုပါဘူး။ အချိန် ၆ လလောက်အတွင်းမှာ စနစ်တကျ သင်ရင် တက်မြောက်နိုင်ပါတယ်။ အခုလိုပြောလို့  အဲဒီပညာတွေက အရေးမပါဘူး၊လွယ်တယ်လို့ ဆိုလိုချင်းမဟုတ်ပါဘူး။ ယနေ့  မြန်မာနိုင်ငံမှာ အင်ဂျင်နဲ့ ပတ်သက်ပြီး အရမ်း ကျွမ်းကျင်တဲ့  လူတွေ ၇ှိနိုင်ပါတယ်။ ဒါပေမဲ့  Design လုပ်နိုင်ဖို့  မလွယ်ပါဘူး။တခုတော့ ရှိပါတယ်။ အဲလိုလူတွေကို Design ပိုင်းအထိ တိုးတက်လာအောင် သင်ကြားပေးနိုင်ရင်တော့ ပိုတက်မြောက် ပို မြန်ဆန်နိုင်ပါတယ်။
နောက်မြို့ ပြ အင်ဂျင်နီယာ လိုမျိုးမှာလည်း ထို့ အတူပါဘဲ။ ပန်းရံဆရာ ကျွမ်းကျင်တွေ ဘယ်လောက် တော်တော် အဆောက်အဦးတခုကို Design လုပ်ဖို့ ၊ တံတားတစင်းကို Design လုပ်ဖို့  မလွယ်ပါဘူး။
နောက်ကျွန်တော့်တို့  အီလတ်ထရောနစ် အင်ဂျင်နီယာမှာလဲ ထိုနည်း ၄င်းပါဘဲ။ တီဗွီပြင်တက်တယ် ၊ ရေဒီယို ကတ်ဆက်ပြင်တက်တယ် ဆိုပေမဲ့  အဲဒီအထဲက တခုခု ကို Design လုပ်ဖို့  မလွယ်ပါဘူး။ ဒီလောက်ဆိုရင် ကျွန်တော်တို့  အချိန်ပေးပြီး စာတွေသင်စာတွေဖတ် နေရတာ ဘာအတွက်ဆိုတာ မြင်သာနိုင်မယ်ထင်ပါတယ်။
တကယ့် လက်တွေ့ မှာ ရင်ဆိုင်နေရတဲ့  ပြဿနာကတော့ ကျောင်းပြီးခါစ အင်ဂျင်နီယာ ပေါက်စများနဲ့  လုပ်ငန်းခွင်မှာ သက်တမ်းရင့်  ကျွမ်းကျင်လုပ်သားများနဲ့ ပါဘဲ။ အပြန်အလှန် လေးစားမှူ ရှိမယ်ဆိုရင် တော့ အဲလို ပြဿနာက တက်ခဲပါတယ်။မည်သည့် နေရာမဆို တစ်ယောက်မသိတာက တစ်ယောက်က သိနိုင်ပြီး ရာထူး ၊ဘွဲ့ တွေရဲ့ သတ်မှတ်ချက်တွေကို မမြင်ဘဲ အပြန်အလှန် ဖေးမှ ကူညီလုပ်ဆောင်သွားမယ်ဆိုရင် လုပ်ငန်းမှာ အဆင်ပြေနိုင်ပါတယ်။ အဲလိုမဟုတ်ဘဲ ပညာပြိုင် ဂုဏ်ပြိုင်နေမယ်ဆိုရင်တော့
တိုးတက်လာဖွယ် မဖြစ်ဘူးလို့ ဘဲ မြင်ပါတယ်။
နောက် လက်တွေ့ မှာ ကြုံရတက်တာကတော့ admin နဲ့  engineer တွေ ကြားက ပြဿနာပါ။ တချို့ နေရာတွေမှာ အထူးသဖြင့် ယနေ့ခေတ်မှာ အမြင့်ဆုံး ၀န်ကြီးလိုလူများနဲ့  ထိပ်တိုက် ရင်ဆိုင်၇တက်ပါတယ်။ဝန်ကြီးတွေက လုပ်ငန်းခွင် admin အပိုင်းကို သာ လိုအပ်ချက်ဖြည့်ဆီး တာဝန်ယူ ဖြေရှင်းပေးရမှာ ဖြစ်ပေမဲ့  တချို့  နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး သူဖြစ်ချင်တဲ့  အရာမျိုး ဖြစ်လာတက်ပါတယ်။ အဲဒီအခါမျိုးမှာလည်း နည်းပညာအရ မဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့ရင်
နားလည် လက်ခံနိုင်အောင် ရှင်းပြရမဲ့  တာဝန်ရှိပါတယ်။လက်တွေ့ မှာ တခါတလေ admin က လိုချင်တဲ့ အတိုင်း လုပ်ဆောင်ပေးခဲ့ လို့  နောက်ပိုင်းမှာ မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးတာမျိုးတွေလည်း ဖြစ်တက်ပါတယ်။
မြန်မာ နိုင်ငံအတွင်းမှာ အလုပ်လုပ်နေတဲ့  နည်းပညာရှင်များ၊ အတက်ပညာရှင်များ၊ အသိပညာရှင်များ အချင်းချင်း အပြန်အလှန် လေးစားပြီး နည်းပညာတိုးတက်တဲ့  နိုင်ငံဖြစ်လာအောင် စွမ်းဆောင်နိုင်ဖို့  မျှော်လင့်လျက် ...

အေ၇ာ
02-26-2011, 02:41 PM
အစ်ကိုထက်လင်းအောင်က
ဒီဇိုင်းလုပ်နိုင်တဲ့ဆင့်အထိ ဆွေးနွေးလာတော့ တွေးမိတာလေးတွေ တင်ပြချင်ပါတယ်။
အင်ဂျင်နီယာ တစ်ဦးတစ်ယောက်ထဲကနေပြီး ပြီးပြည့်စုံတဲ့ ဒီဇိုင်းအသစ်ဖြစ်ပေါ်လာတာမျိုးမဟုတ်ပဲ အားသာမှုရှိစေတဲ့ အကြံပြုချက်တွေ စုပေါင်းလာရာမှ အဖွဲ့အစည်းတစ်ခုရဲ့ ဒီဇိုင်းသစ်ဖြစ်ပေါ်လာလေမလား တွေးမိတာပါရှင်။
အထက်မှာ အေ၇ာဆွေးနွေးခဲ့တဲ့ ဂွင်းဂွ တွေရဲ့ ပုံပန်းဟာ ဘာကြောင့်ဖြောင့်မတ် ညီညာမနေရတာလည်းဆိုတဲ့ အကြောင်းဟာလည်း အားသာချက်ရှိစေမယ့် ဒီဇိုင်းအသစ် ဖန်တီးထားတာကြောင့်လို့ ပြောနိုင်ပါတယ်။
ဒီလို သူများထုတ်လုပ်ထားတဲ့ ပစ္စည်းအသေးအဖွဲ တစ်ခုခြင်းစီကစပြီး အားသာချက်/ အားနည်းချက်တွေကို ဝေဖန်ထောက်ချင့်နိုင်မှ ကိုယ်တိုင်လည်း ပိုမိုအားသာချက်ရှိတဲ့ ဒီဇိုင်းအသစ်အတွက် ပံ့ပိုးမှုပေးနိုင်မှာ မဟုတ်ပါလားရှင်။
တော်ယုံ စိတ်ပါဝင်စားမှုရှိယုံမျိုးနဲ့ကတော့ ပညာတွေလည်းသင်ယူလာခဲ့ လက်တွေ့လုပ်ငန်းခွင်မှာလည်း ကျင်လည်နေခဲ့တာတောင် ဒီလိုအမြင်စူးရှဖို့က မလွယ်လှဘူးလို့လည်းထင်မိပါတယ်။
ဆက်စပ်နားလည် မြင်လွယ်တဲ့သူအဖို့ရာမှာလည်း လွယ်လွယ်လေးဖြစ်နေနိုင်ပါတယ်၊ ဒါကြောင့် အစ်ကိုဆွေးနွေးခဲ့တဲ့ အပြန်အလှန်လေးစားမှု ဆိုတာအရေးကြီးတဲ့အကြောင်း ပညာရှင်လူသစ်လေးတွေရော/၀ါရင့် အတတ်ပညာရှင်ကြီးများဖက်ကပါ အဖက်ဖက်က သဘောပေါက်ခံယူနိုင်ဖို့ လိုမယ်ထင်မိပါတယ်ရှင်။
(လိုရင်းကတော့ ဘယ်သူမဆို ကိုယ့်ထက်သာတဲ့အချက်ရှိနိုင်တယ်ဆိုတာ လက်သင့်ခံနိုင်ဖို့ပါပဲနော်။)

လေးစားစွာဖြင့်
အေ၇ာမေ

AndrewSway
02-28-2011, 09:04 AM
ကိုထက်လင်းအောင် ရေးပြသွားတာကတော့ အင်ဂျင်နီယာဆိုတာဘာလဲဆိုတာကိုအတိုဆုံးအရှင်းဆုံးရေးသွားတာလို့ မြင်မိပါတယ်။ ကျနော်လည်းငယ်စဉ်အသိဥာဏ်မပြည့် ခင်က စက်မှူအင်ဂျင်နီယဆိုတာ ကားပြင်တတ်ရမယ်ဆိုတဲ့အမြင်ရှိခဲ့ ဘူးပါတယ်။ ကိုထက်လင်းအောင်ပြောသလိုပါဘဲ အင်ဂျင်နီယာဆိုပြင်တတ်တာထက် တီထွင်စမ်းသစ်နိုင်ရပါမယ်။ ပြင်တာဆင်တာဆိုတာက Technician စက်မှူပညာရှင် တွေရဲ့ အလုပ်ပါ။ ကျောင်းသားဘ၀ Engineering Mechanics (Static) class မှာ Professor တဦးပြောသွားတာသတိရမိပါတယ်။ သူက static problem တခုမှာ တွက်နည်း ၂ ခုပြထားပါတယ်။ တွက်နည်းတခုကတော့  Technician ရဲ့ တွက်နည်းလို့ ပြောပြီး နောက်တခု ကတော့  အင်ဂျင်နီယာတယောက်စဉ်းစားတဲ့ တွက်နည်းလို့ ပြောပါတယ်။ ပြသနာတခုကိုတွေးခေါ်ချဉ်းကပ်ပုံမတူတာကိုပြောသွားတာပါ။
ကျောင်းသားဘ၀အဆောင်နေတုန်း TV ကြည့်  တဲ့ အခါ မီးပျက်ရင်ဖြစ်ဖြစ် VCR တခုခုဖြစ်ရင်ဖြစ်ဖြစ် Where is double E လို့ အော်တတ်ပါတယ်။ အဲဒီအခါ electrical engineering ကျောင်းသားတွေက အိမ်သာပြက်လို့ မင်းကို လာခေါ်ရင်ကြိုက်မလားလို့ စိတ်ဆိုးဆိုးနဲ့ ပြန်ပြောတတ်ပါတယ်။ ဒါကတော့ သိရက်နဲ့ မသိဟန်ဆောင်ပြီး နောက်ကြ
တာပါ။
ကိုထက်လင်းအောင်ကတခြားနိုင်ငံတွေမှာဘယ်လိုသတ်မှတ်တယ်မသိဘူးလို့ ပြောတဲ့ အတွက် US ရဲ့ သတ်မှတ်ချက်ကိုပြောပါရစေ။ US မှာတော့ အင်ဂျင်နီယာဆို တာ အင်ဂျင်နီယာ ဘွဲ ရပြီး အင်ဂျင်နီယာလိုင်စင်ရှိသူကိုသာခေါ်ပါတယ်။ အင်ဂျင်နီယာဘွဲ့ ရယုံနဲ့ အင်ဂျင်နီယာလို့ မခေါ်ပါဘူး။ A person who has a knowledge in engineering science လို့ သာသတ်မှတ်ပါတယ်။ အင်ဂျင်နီယာလိုင်စင်မှာ အဆင့် ၂ ဆင့် ရှိပါတယ်။ ပထမအဆင့် က EIT (Engineer in Training ) ဖြစ်ပြီး ဒုတိယအဆင့် ကတော့  PE (Professional Engineer)။ EIT ရပြီဆိုရင် သူဟာ တရားဝင် အင်ဂျင်နီယာဖြစ်ပါပြိ။ Report တွေမှာ အင်ဂျင်နီယာရယ်လို့ ဆိုင်းထိုးနိုင်အလုပ်လုပ်နိုင်ပါပြီ။ ဒါပေမဲ့ အင်ဂျင်နီယာ ရဲ့ ရှေ့ မှာ တော့ ဘာအထူးဝိသေသမှတပ်ခွင့် မရှိသေးပါ။ Civil Engineer, Mechanical engineer, Electrical engineer စသဖြင့် သာရေးနိုင်ပါတယ်။ PE ရပြီးမှသာ ရတဲ့ PE အမျိုးအစားကိုလိုက်လို့  Environmental engineer, Geotechnical engineer, Structural engineer စသဖြင့် တပ်ခွင့် ရှိပါတယ်။

အေ၇ာ
02-28-2011, 07:39 PM
ကျောင်းသားဘ၀အဆောင်နေတုန်း TV ကြည့်  တဲ့ အခါ မီးပျက်ရင်ဖြစ်ဖြစ် VCR တခုခုဖြစ်ရင်ဖြစ်ဖြစ် Where is double E လို့ အော်တတ်ပါတယ်။ အဲဒီအခါ electrical engineering ကျောင်းသားတွေက အိမ်သာပျက်လို့ မင်းကို လာခေါ်ရင်ကြိုက်မလားလို့ စိတ်ဆိုးဆိုးနဲ့ ပြန်ပြောတတ်ပါတယ်။ ဒါကတော့ သိရက်နဲ့ မသိဟန်ဆောင်ပြီး နောက်ကြ
တာပါ။
ဦးဦးရေ
အဆောင်ကျောင်းသားဘ၀မှာ ဖြူးပြတ်သွားတာ ဘာညာစတဲ့ အသေးစားကိစ္စလေးတွေ တာဝန်ခံပြုပြင်ပေးဖို့ EE လောင်းလျာ ကျောင်းသားတွေမှာ တာဝန်မရှိတာတော့မှန်ပါတယ်။
(ကိုင်တွယ်ခြင်းမလုပ်ရဘူးဆိုတဲ့စည်းကမ်းတောင် ထုတ်ပြန်ထားတာ ရှိကောင်းရှိနေနိုင်ပါတယ်။)
ဒါပေမယ့် လုပ်ထုံးလုပ်နည်းရယ်လို့လည်းပီပီပြင်ပြင်မရှိပဲ ကြန့်ကြာနေမှာကို ဒီအတိုင်းကြည့်မနေတတ်တဲ့သူမျိုးကတော့ တတ်သည့်ပညာမနေသာ ဆိုတဲ့စိတ်မျိုးနဲ့ ဘယ်သူမှမတောင်းဆိုရပဲ ၀င်စွက်ဖက် ပြုပြင်ပေးမိကြမှာပါ။
(လူတိုင်းမကိုင်တွယ်ရဲသလို၊ ဘယ်နေရာမှာ ဘာတွေရှိပြီး ဘယ်လိုလုပ်ထားတာလည်း အမှတ်တမယ့် ဖြစ်နေတတ်သူတွေကြားမှာ စူးစမ်းလေ့လာ တီးမိခေါက်မိရှိသူများကတော့ လျှပ်စစ်ပညာဆည်းပူးနေသူမဟုတ်ပဲတောင် လိုအပ်တာတွေအသင့်ဆောင်ထားပြီး စေတနာနှင့် အကျိုးဆောင်ပေးကြမယ်ထင်ပါတယ်။)

အင်ဂျင်နီယာတွေလုပ်ရမယ့် အလုပ်မျိုးမဟုတ်တာလုပ်ပေးဖို့ လာခေါ်လို့ စိတ်ဆိုးတာမဟုတ်ပဲ လျှပ်စစ်သမားတွေက မီးဘယ်တော့မှမပျက်အောင်မလုပ်တတ်ဘူးလား၊ လျှပ်စစ်ဓါတ်အားနဲ့ တို့တတွေအဆင်ပြေပြေဖြစ်နေအောင် မဖန်တီးနိုင်ကြဘူးလား အသုံးမကျပါဘူးကွာ ဆိုတဲ့သဘောမျိုးတွေ စကြ။ နောက်ကြလျှင်သာ စိတ်ဆိုးမှာလို့ထင်ပါတယ်။

အေ၇ာသိတဲ့အစ်ကိုကြီးတချို့ဆိုလျှင် အင်ဂျင်နီယာဖြစ်ဖို့ အင်ဂျင်နီယာအလုပ်တွေရွေးခြယ်လုပ်ဖို့ရယ်လို့ ပညာဆည်းပူးကြတာမဟုတ်ပဲ
ပိုပြီးတတ်သိထားလျှင် ပိုပြီးပတ်ဝန်းကျင်ကို ကောင်းကျိုးပြုနိုင်မယ်ဆိုတဲ့သဘောမျိုးနဲ့ ၀ါသနာအရ လေ့လာဆည်းပူးခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။



US ရဲ့ သတ်မှတ်ချက်ကိုပြောပါရစေ။ US မှာတော့ အင်ဂျင်နီယာဆို တာ အင်ဂျင်နီယာ ဘွဲ ရပြီး အင်ဂျင်နီယာလိုင်စင်ရှိသူကိုသာခေါ်ပါတယ်။ အင်ဂျင်နီယာဘွဲ့ ရယုံနဲ့ အင်ဂျင်နီယာလို့ မခေါ်ပါဘူး။ A person who has a knowledge in engineering science လို့ သာသတ်မှတ်ပါတယ်။ အင်ဂျင်နီယာလိုင်စင်မှာ အဆင့် ၂ ဆင့် ရှိပါတယ်။ ပထမအဆင့် က EIT (Engineer in Training ) ဖြစ်ပြီး ဒုတိယအဆင့် ကတော့  PE (Professional Engineer)။ EIT ရပြီဆိုရင် သူဟာ တရားဝင် အင်ဂျင်နီယာဖြစ်ပါပြိ။

ဦးဦးတို့ US ရဲ့ လိုင်စင်တွေ အပေါ်သဘောထားက အေ၇ာတွေးမိတဲ့ ကားမောင်းလိုင်စင်အပေါ်ထားတဲ့ သဘောထားနဲ့ သိပ်မတူသလိုပဲနော်။
အရင်က အေ၇ာနားလည်မိတာကတော့ ကားမောင်း လိုင်စင်မရှိလျှင် ကားမောင်းခွင့်မပေးဘူး ဥပဒေ အဖြစ်တင်းတင်းကျပ်ကျပ်တားမြစ်ထားကြတယ်၊ ခိုးမောင်းလျှင် ဥပဒေအရ အရေးယူအပြစ်ပေးခံရမယ့်သဘောမျိုးကိုပါ။ လိုင်စင်ရှိပါလျှက် ကိုယ်နဲ့အတူ တပါတည်းပါမလာခဲ့လျှင်တောင် အခြားအရက်သောက်ထားတဲ့ပမာဏတို့ဘာတို့ ငြိစွန်းတာမရှိပဲလည်း အဲဒီအချိန်မှာ မောင်းခွင့်မရှိဘူးလို့ထင်ပါတယ်။
ဒီတော့ လိုင်စင်တွေဆိုတာ အများပြည်သူတွေရဲ့ အကျိုးကို ကာကွယ်တဲ့အနေနဲ့ တရားဝင်ဆောင်ရွက်ခွင့်ရှိတဲ့ ကာလဖေါ်ပြသတ်မျတ်ချက်မျိုးတွေလို့ထင်မိတာဖြစ်ပါတယ်။
ကိစ္စရပ်အချို့အတွက် လိုင်စင်မရှိဘူး။ လိုင်စင်သက်တမ်းအသစ်ထပ်မပေးဘူးဆိုတဲ့အကြောင်းတွေဟာ တရားဝင်ဆောင်ရွက်ခွင့်ပြုထားသူမဟုတ်ဘူးဆိုတဲ့ အနက်ပဲထွက်လေမလား အတွေးခေါင်နေမိတာ။ ဟိ။ အခုမှပဲ ကိုယ့်အထင်နဲ့ကိုယ် တက်တက်စင်အောင် ချော်တွေးနေမိမှန်းသိရပါတော့တယ်ရှင်။

ကားမှာကတော့ ကားမောင်းလိုင်စင် Class 3 ပဲရှိပြီး ကွန်တိန်နာကားကြီးတွေမောင်းဖို့ လိုင်စင်မရှိသူဆိုလျှင် ကားကြီးတွေမောင်းခွင့်မပေးတာလည်း သဘာဝကျပါတယ်။
ဒါပေမယ့် အဲဒီလိုလိုင်စင်မရှိသူတိုင်းကိုတော့ ထရပ်ကားကြီးများမောင်းနှင်ရန် ဗဟုသုတ အချို့အ၀က်သာရှိသူ (ကျွမ်းကျင်မှု မပြည့်စုံသူ) လို့ဘာသာပြန်လျှင် မှားနိုင်မယ် ထင်ပါတယ်ရှင်။

လေးစားစွာဖြင့်
အေ၇ာမေ

ကိုထွန်း
03-01-2011, 06:30 AM
ကုန်သွယ်ရေကြောင်းလောကမှာတော့ လိုင်စင် (Certificate of Competency) ရှိမှ ရေကြောင်းအင်ဂျင်နီယာ နဲ့ ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာများ အဖြစ်အမှုထမ်းခွင့်ရပါတယ်။ တက္ကသိုလ်၊ ကောလိပ် နဲ့ သိပ္ပံ တွေကနေ အင်ဂျင်နီယာ ဘာသာရပ် ဆိုင်ရာ ဒီဂရီ သို့မဟုတ် ဒီပလိုမာလက်မှတ်ရရှိပြီးမှ၊ သဘော်ကျင်းတခုခုမှာ ပညာသင်အဖြစ်ဆက်လက်ဆည်းပူးရပါတယ်။ ရရှိထားတဲ့ အင်ဂျင်နီယာ ဘာသာရပ် ဆိုင်ရာ ဒီဂရီ သို့မဟုတ် ဒီပလိုမာလက်မှတ် အမျိုးအစားပေါါမူတည်လို့၊ ပညာသင် လုပ်သက်ကာလ သတ်မှတ်ချက် ကွဲပြားပါတယ်။

သတ်မှတ်ထားတဲ့ ပညာသင်လုပ်သက်ကာလ ပြည့်တဲ့အခါ၊ Junior Engineer စာမေးပွဲ (M.O.T 2nd Class Part A) ဒါမှမဟုတ် လက်ထောက်လျှပ်စစ်အရာရှိ စာမေးပွဲ (Assistant Electrical Officer) ကို၊ ဝင်ရောက်ဖြေဆိုရပြီး၊ အောင်မြင်မှ အမှုထမ်းခွင့်ရပါတယ်။ တခါ အမှုထမ်းရင်း ပင်လယ်ပြင်လုပ်သက်ပေါါ အခြေခံလို့ တတိယအင်ဂျင်နီယာစာမေးပွဲ (3rd Class Engineer)၊ ဒုတိယအင်ဂျင်နီယာစာမေးပွဲ (M.O.T 2nd Class Part B) နဲ့ ပထမအင်ဂျင်နီယာစာမေးပွဲ (M.O.T 1st Class Part A and Part B) တွေကို တဆင့်ပြီးတဆင့်ဖြေဆိုရပါတယ်။ လေ့လာသင်ယူခဲ့တဲ့ အင်ဂျင်နီယာ ဘာသာရပ် အမျိုးအစား ပေါါမူတည်လို့ စာမေးပွဲဖြေဆိုတဲ့အခါ ဘာသာရပ်အချို့ကို ဖြေဆိုစရာမလိုပဲ ကင်းလွတ်ခွင့်ပေးတာလည်းရှိပါတယ်။ ဥပမာ စက်မှု၊ ရေနံတူးဖော်ရေး နဲ့ သတ္တုတူးဖော်ရေး အင်ဂျင်နီယာ ဘွဲ့ရရှိသူများဟာ Junior Engineer စာမေးပွဲ (M.O.T 2nd Class Part A) စာမေးပွဲဖြေဆိုတဲ့အခါ၊ ဘာသာရပ် ၄ ခုအထဲမှ ပုံဆွဲ Drawing ၁ ဘာသာသာ ဖြေဆိုဖို့လိုပြီး၊ အခြားသော အင်ဂျင်နီယာ ဘွဲ့ရရှိသူများနဲ့ အင်ဂျင်နီယာ ဒီပလိုမာလက်မှတ်ရရှိသူများကတော့ ဘာသာရပ် ၄ ခု လုံးဖြေဆိုရပါတယ်။ တဖန် စက်မှုအင်ဂျင်နီယာ ဘွဲ့ရရှိသူများဟာ ပထမအင်ဂျင်နီယာစာမေးပွဲ ဖြေဆိုတဲ့အခါ၊ M.O.T 1st Class Part A စာမေးပွဲ ကိုဖြေဆိုဖို့မလိုပဲ၊ M.O.T 1st Class Part B စာမေးပွဲ ကိုသာဖြေဆိုဖို့လိုအပ်ပြီး၊ အခြားသော အင်ဂျင်နီယာ ဘွဲ့ရရှိသူများနဲ့ အင်ဂျင်နီယာ ဒီပလိုမာလက်မှတ်ရရှိသူများကတော့ M.O.T 1st Class Part A စာမေးပွဲကို ဖြေဆိုပြီးမှ၊ M.O.T 1st Class Part B စာမေးပွဲ ကိုဆက်လက်ဖြေဆိုရပါတယ်။ အိန္နိယ၊ မြန်မာနဲ့ ဘဂ်လားဒေ့ရှ် နိုင်ငံတွေမှာ အထက်ပါ စာမေးပွဲကင်းလွတ်ခွင့် ပေးထားပေမယ့်၊ စက်ာပူ မှာတော့ ကင်းလွတ်ခွင့်မပေးတာကိုလည်း တွေ့ရပါတယ်။

အလားတူပဲ လက်ထောက်လျှပ်စစ် အရာရှိလက်မှတ် ကိုင်ဆောင် အမှု ထမ်းရင်း ပင်လယ်ပြင် လုပ်သက်ပေါါ အခြေခံလို့ လျှပ်စစ် အင်ဂျင်နီယာ (Electrical Engineer) စာမေးပွဲကို ဖြေဆိုရပါတယ်။
လျှပ်စစ် အင်ဂျင်နီယာ (Electrical Engineer) နဲ့ အအေးခန်းအင်ဂျင်နီယာ (Refrigeration Engineer) လက်မှတ်တွေရဲ့ သက်တမ်းကို ၅ နှစ်ကိုင်ဆောင် ခွင့်ပြုပြီး၊ ၅ နှစ် သက်တမ်း ပြည့်တဲ့အခါ၊ စာမေး
ပွဲပြန်လည်ဖြေဆိုရပါတယ်။

ကိုင်ဆောင်တဲ့ လက်မှတ်အမျိုးအစားပေါါမူတည်လို့၊ ကိုင်တွယ်တာဝန်ယူရတဲ့ စက်ပစ္စည်းအမျိုးအစားကွာခြားသလို၊ အင်ဂျင်ရဲ့ Output Power ပေါါမူတည်လို့ သတ်မှတ်ချက်လည်း ကွာခြားပါတယ်။ ဥပမာ တတိယအင်ဂျင်နီယာလက်မှတ်ရှိသူဟာ Output Power ၃၀၀၀ ကီလိုဝပ်အောက် သဘော်တွေမှာ၊ အင်ဂျင်နီယာချုပ်အဖြစ်တာဝန်ထမ်းဆောင်ခွင့်ပြုပါတယ်။

အထက်ဖော်ပြပါ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာများအတွက် သတ်မှတ်ချက်တွေကတော့ Myanmar Merchant Shipping Act နဲ့ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့အစည်း International Maritime Organization ရဲ့ STCW Standards of Training, Certification and Watchkeeping for Seafarers 1978, as amended in 1995 and 1997 (STCW Convention) နည်းဥပဒေအရ၊ မြန်မာနိုင်ငံမှ လက်ခံထားတဲ့ သတ်မှတ်ချက်တွေ ဖြစ်သလို၊ အပြည်ပြည်ဆိုင်ရာမှာလည်း လက်ခံကျင့်သုံးရတာကို တွေ့ရပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ၂၀၀၇ ခုနှစ်မှာတော့ အထက်ဖော်ပြပါ Junior Engineer (M.O.T 2nd Class Part A), တတိယအင်ဂျင်နီယာ (3rd Class Engineer)၊ ဒုတိယအင်ဂျင်နီယာ (M.O.T 2nd Class Part B) နဲ့ ပထမအင်ဂျင်နီယာ (M.O.T 1st Class Part A and Part B) အခေါါအဝေါါတွေအစား၊ Myanmar Merchant Shipping Act ရဲ့ Sub-section (1) of Section 14 နေရာမှာ 1st Class engineer -Marine Engineer Officer Class I, 2nd Class engineer -Marine Engineer Officer Class II, 3rd Class engineer -Marine Engineer Officer Class III, 1st Class Engineer -Marine Engineer Officer Class IV, (Near Coastal Voyage), 2nd Class engineer -Marine Engineer Officer Class V (Near Coastal Voyage) ဆိုပြီး၊ The Law Amending the Myanmar Merchant Shipping Act, 2007 အရပြောင်းလဲပြင်ဆင်သုံးနှုံးကာ စာမေးပွဲတွေစစ်ဆေးပြီး၊ လိုင်စင် (Certificate of Competency) တွေကို ထုတ်ပေးပါတယ် ခင်ဗျား။