PDA

View Full Version : Transmission အကြောင်းသိချင်လို့ပါ



မောင်ကင်း
03-04-2011, 10:44 AM
ကျွန်တော် အခု Niigata Converter Company ကထုတ်တဲ့ 1989 model TACN Transmission နဲ့ပတ်သက်ပြီးတော့
အခက်အခဲ တွေ့နေရပါတယ်။ Clutch ပြားတွေလဲရတာလည်း 4 ကြိမ်ရှိပါပြီ။ အဓိက ကတော့ သူနဲ့ပတ်သက်ပြီးတော့
ဘာစာရွက်စာတမ်းမှ မရှိဘဲနဲ့ စမ်းတ၀ါးဝါး လုပ်နေရတာပါပဲ။ Japan က ၀ယ်ကတည်းက နည်းပညာ အပြည့်အ၀ မရခဲ့ပါဘူး။ Trial စမ်းတိုင်း heat တက်ပြီးတော့ clutch ပြားတွေဖမ်းသွားတာပါပဲ။ Clutch ပြားကလည်း ဈေးအရမ်းကြီးပါတယ်။ သူက electrically controlled magnetic valve တွေနဲ့ transmission ဆီ (C 32) ကို ထိန်းချုပ်ပြီး forward, backward မောင်းနှင်စေတာပါ။ အဲဒါ အစ်ကိုတို့ အစ်မတို့ သိရင် ကျွန်တော့်ကို သူ့ရဲ့ operation လေးမြန်မြန်ရှာပေးကြပါခင်ဗျာ။

dudugyi
03-05-2011, 08:47 PM
ကျွန်တော် အခု Niigata Converter Company ကထုတ်တဲ့ 1989 model TACN Transmission နဲ့ပတ်သက်ပြီးတော့
အခက်အခဲ တွေ့နေရပါတယ်။ Clutch ပြားတွေလဲရတာလည်း 4 ကြိမ်ရှိပါပြီ။ အဓိက ကတော့ သူနဲ့ပတ်သက်ပြီးတော့
ဘာစာရွက်စာတမ်းမှ မရှိဘဲနဲ့ စမ်းတ၀ါးဝါး လုပ်နေရတာပါပဲ။ Japan က ၀ယ်ကတည်းက နည်းပညာ အပြည့်အ၀ မရခဲ့ပါဘူး။ Trial စမ်းတိုင်း heat တက်ပြီးတော့ clutch ပြားတွေဖမ်းသွားတာပါပဲ။ Clutch ပြားကလည်း ဈေးအရမ်းကြီးပါတယ်။ သူက electrically controlled magnetic valve တွေနဲ့ transmission ဆီ (C 32) ကို ထိန်းချုပ်ပြီး forward, backward မောင်းနှင်စေတာပါ။ အဲဒါ အစ်ကိုတို့ အစ်မတို့ သိရင် ကျွန်တော့်ကို သူ့ရဲ့ operation လေးမြန်မြန်ရှာပေးကြပါခင်ဗျာ။

အကိုရေ



http://img146.imageshack.us/img146/5108/boatreductiongearbox224.jpg



Twin Disc Transmission and Reduction Gear Box


Niigata နီဂါတာက Twin Disc နဲ့ တွဲတတ်သလို၊ Control ပိုင်းကိုတော့ Omega Control နဲ့တွဲတတ်ပါတယ်။ နီဂါတာ Transmission Gear Box တွေ၊ Clutch System တွေက Twin Disc ကနေ၊ မူပိုင်ခွင့်ယူကာ ထုတ်ကြတာပါ။ နီဂါတာရဲ့ Operation Manual နဲ့ Service Manual စာအုပ်တွေက ဂျပန်လို ရေးတာများပါတယ်။ ဓါတ်ပုံလေးများ ဖော်ပြပေးနိုင်ရင်တော့ ဒူဒူ တို့တတွေ၊ ဝိုင်းဝန်း ဆွေးနွေး ပေးနိုင်ကြမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် Transmission System တွေနဲ့ Clutch Control System တွေနဲ့ပက်သက်ပြီး၊ အတွေ့အကြုံရှိတဲ့ ဦးရီး တို့ လို ရေကြောင်းအင်ဂျင်နီယာတွေနဲ့ စက်မှု အင်ဂျင်နီယာတွေ ဖိုရမ်မှာ ရှိကြပါတယ်။

အကို သုံးတဲ့ Friction Plate တွေ၊ Clutch Plate တွေက Steel Plate သံပြားတွေလို့ ဒူဒူ ထင်ပါတယ်။ တကယ်လို့ Steel Plate သံပြားဆိုရင်၊ အကြံ ပေးပါရစေ။ အဲဒီ Plate ကို Material Analysis လုပ်ကြည့်ပါ။ Spring Steel ဖြစ်ပါလိမ့်မယ်။ ရလာတဲ့ Stress နဲ့ Elongation တန်ဘိုးထက်များတဲ့ Steel Plate သံပြားအမျိုးအစားကို ပြောင်းသုံးကြည့်ပါ။ Machine တော့ ခုတ်ရမှာပေါ့လေ။

အကိုသုံးတဲ့ Hydraulic Oil အမျိုးအစားရဲ့ Grade မှန်ဖို့လည်းလိုပါတယ်။ Feed Pump ဟာ Pressure အပြည့်ပေးနိုင်ရဲ့လားကိုလည်း စစ်ဆေးကြည့်သင့်ပါတယ်။ Pressure Relief Valve ဒါမှမဟုတ် Pressure Control Valve တွေမှာ ချိန်ညှိထားတဲ့ Setting မှန် မမှန်နဲ့ အဲဒီ Valve တွေ၊ ပုံမှန်အလုပ် လုပ်၊ မလုပ်ကို စစ်ဆေးဖို့ အကြံပေးပါရစေ။

အကိုပြောတဲ့ 1989 model TACN Transmission ဆိုတဲ့ Transmission Gear box ကို၊ လည်ပတ်စေမယ့် Prime Mover ရဲ့ RPM ကိုလည်း၊ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ Transmission Gear box ရဲ့ Clutch System ဟာ Pneumatic Clutch လား၊ Fluid Coupling လို့ခေါါတဲ့ Hydraulic Clutch လားတော့ ဒူဒူ မသိပါဘူး။ Prime Mover ဟာ လျပ်စစ်မော်တာဆိုရင်တော့ ကိစ္စမရှိပါဘူး။ Prime Mover အဖြစ် အင်ဂျင်ကိုအသုံးပြုမယ်ဆိုရင်၊ ဘယ် RPM မှာ Clutch Engage ဖြစ်ရမှာလည်း ဆိုတာကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

နောက်တခုက Cooling System ကို၊ တတ်ဆင်အသုံးပြုခြင်း ရှိ၊ မရှိ ဒူဒူ မသိရပါဘူး။ များသောအားဖြင့် Transmission Gear box တွေထဲမှာ လှည့်ပတ်နေတဲ့ ဆီတွေအတွက် Air Cooled သို့မဟုတ် Water Cooled အစရှိသလို Oil Cooling System တွေတတ်ဆင်ထားတတ်ပါတယ်။ အဲဒီအခါ Cooling Efficiency အလုံအလောက်ရ၊ မရ ကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

Transmission Gear box ရဲ့ Direction ကိုပြောင်းလည်းပေးတဲ့ Solenoid Valve တွေရဲ့ Function ကိုလည်းစစ်ဆေးဖို့လိုပါတယ်။ အကယ်၍ Solenoid Valve မှာ Internal Leakage ဖြစ်နေတဲ့အခါ Direction of Rotation ကို ပြောင်းလည်းပေးခြင်းနဲ့ Engage နဲ့ Dis-engage ကိစ္စ တွေမှာလည်း အနှောက် အယှက် ပေးနိုင်ပါတယ်။ စာအုပ်ကတော့ ရှာလို့ ရမယ်လို့ ဒူဒူ မထင်ပါဘူး အကိုရေ။

အေ၇ာ
03-05-2011, 10:02 PM
အစ်ကိုတို့ဆွေးနွေးတာက သင်္ဘော Main Engine Output အတွက်ဖြစ်မယ်လို့ထင်ပါတယ်။
တစ်ခါက အေ၇ာတွေ့ဖူးတာ အချင်းတစ်မီတာလောက်ပဲရှိတဲ့ Transmission (Gear box) လေးဖြစ်ပါတယ်။ Engine Output Power တော့မပြောတတ်ပါ။
Speed လေးဆင့်နဲ့ Forward / Revise မောင်းလို့ရပါတယ်။
သုံးတဲ့ဆီကလည်း ၆၈ လားဘာလားသေခြာမသိပါဘူး။ သီးသန့်ရှိတယ်လို့ပဲ ပြောကြပါတယ်။
Speed တိုးမြှင့်ဖို့ဂီယာချိန်းပေးလျှင် သတ်မှတ်လည်ပတ်နှုန်းရောက်နေမှ နောက်တစ်ဆင့်ကို အလိုလိုကူးပြောင်းနိုင်တာမျိုးဖြစ်ပါတယ်။
ဟိုက်ဒြောလစ်ဆီဖိအားပေးပြီး ငြိတွယ်စေမယ့် Friction Plate တွေအတွက် Solenoid Valve က ၆လုံးပဲရှိပါတယ်။ ရှေ့နောက်ခွဲခြားဖို့က တစ်လုံးစီနဲ့
ကျန်တဲ့ ၄လုံးက Speed အမျိုးမျိုးရဖို့ဖြစ်ပါတယ်။

လျှပ်စစ်အပိုင်းရဲ့အလုပ်တာဝန်ကတော့ အတော်လေးရှင်းပါတယ်။
လက်ရှိ ရွေ့လျားလည်ပတ်နှုန်းကိုထောက်လှမ်းသိရှိနေစေပြီး ထိန်းချုပ်မောင်းနှင်သူ အလိုရှိတဲ့ လားရာနဲ့ အမြန်နှုန်းရအောင်ပေးသွင်းတဲ့အချက်ပြကို လက်ခံကာ လက်ဝါးလောက်ပဲရှိတဲ့ အီလက်ထရောနစ်ဘူးလေးကနေ သက်ဆိုင်ရာSolenoid လေးတွေဆီ DC 24 Volt Output Power ထုတ်ပေးပြီး Valveပွင့်သွားစေကာ ဆီဖိအားတိုးဝင်စေတာပဲဖြစ်ပါတယ်။

အအေးခံတဲ့စနစ်မှာတော့ ဒီစီ ၂၄ဗို့ပန်ကာလေးတွေပဲတွေ့မိပါတယ်။

ပြဿနာက အစ်ကိုတို့နဲ့ ပြောင်းပြန်လို့ပြောရမလားပဲ High Speed အမြင့်ဆုံးအထိ မရတာလို့ဆိုပါတယ်။

အဲဒီကအစ်ကိုကြီးတွေအထဲအထိဖြုတ်စစ်နေတာကို ကံအားလျော်စွာ တိုက်တိုက်ဆိုင်ဆိုင် မြင်ဖူးခဲ့တာပါ။
ဆီကလပ် ဆီကလပ်နဲ့ပြောပြောနေကြတာ ဒီလိုဒီလိုပါလားလို့ မြင်ဖူးတယ်ရှိသွားခဲ့ပါတယ်။
ဖြုတ်ချထားတာမြင်ရတော့လည်း Shaft တစ်ခုနဲ့တစ်ခု အချင်းချင်း ငြိတွယ် အလုပ်လုပ်နိုင်ပုံက ရိုးရိုးရှင်းရှင်းလေးပဲဖြစ်နေပါတယ်ရှင်။
အမြင့်ဆုံးဂီယာအလုပ်လုပ်ဖို့အပိုင်းမှာ အထဲက ပလိပ်ပြားတွေဆီကို ဖိအားလုံလောက်စွာမရတာကြောင့် ချော်နေတာလို့ထင်ပါတယ်။

ခဏတာ မြင်တွေ့ခဲ့ရာတာက အဲဒီလောက်ပဲဖြစ်ပါတယ်ရှင်။
နောက်ရက်တွေမှာ ပလိပ်ပြားအသစ်လဲလှယ်ပေးကြလား ဖိအားတက်အောင်လုပ်ပေးကြရလား မသိတော့ပါဘူး။

ဒါကြီးက အင်တာနက်က ရှာလို့ရတာတင်ကြည့်လိုက်တာပါ။
အေ၇ာတွေ့ဖူးတာနဲ့တော့ ကွာခြားမှုရှိပါတယ်။
http://upload.wikimedia.org/wikipedia/en/f/f9/Automatic_transmission_cut.jpg

လေးစားစွာဖြင့်
အေ၇ာမေ

dudugyi
03-05-2011, 10:26 PM
မမအေရာရေ


အစ်ကိုတို့ဆွေးနွေးတာက သင်္ဘော Main Engine Output အတွက်ဖြစ်မယ်လို့ထင်ပါတယ်။
သင်္ဘော Main Engine Output ဒါမှမဟုတ် အခြားသော Transmission Gear Box and Clutch လားတော့ ဒူဒူ မသိပါဘူး။


သူက electrically controlled magnetic valve တွေနဲ့ transmission ဆီ (C 32) ကို ထိန်းချုပ်ပြီး forward, backward မောင်းနှင်စေတာပါ။ အဲဒါ အစ်ကိုတို့ အစ်မတို့ သိရင် ကျွန်တော့်ကို သူ့ရဲ့ operation လေးမြန်မြန်ရှာပေးကြပါခင်ဗျာ။
Hydraulic Oil ဟိုက်ဒရောလစ်ဆီရဲ့ 32, 46 နဲ့ 68 ဆိုတဲ့ Grade တွေထဲက 32 အမျိုးအစားကို သုံးထားတယ်လို့၊ သိရပါတယ်။ Transmission Gear Box and Clutch တွေမှာ ဖြစ်တတ်တာတွေကို၊ ဒူဒူ စဉ်းစားကြည့်ရင်း ဆွေးနွေးခဲ့တာပါ။

ဟိုအရင်က လိပ်ခုံးကားဆိုတဲ့ ဘောက်စဝက်ဂွန် ကားတွေရဲ့ Transmission Gear Box တွေဟာ၊ တော်တော်လေး Advanced ဖြစ်တယ်ပြောရမှာပါပဲ။ Synchronizing Ring တွေက၊ို အရပ်အခေါါ ဖားကီး တွေထည့်ထားတာမို့ Engine ရဲ့ RPM ပေါါမူတည်လို့၊ Gear box Oil Pressure အလိုက် ရွှေ့လျားစေပြီး၊ ဂီယာထိုးတာနဲ့ Clutch ကို Dis-engage မလွတ်တလွတ်အခြေအနေမှာတင်၊ Activated ဖြစ်စေ တာကို တွေ့ဖူးပါတယ်။ ကားတွေက Auto-gear ဆိုတဲ့ Engine ရဲ့ RPM ပေါါမူတည်ပြီး၊ Gear box Oil Pressure ကနေ Transmission Gear တွေကို Synchronizing Ring တွေနဲ့ Disc Plate တွေရွှေ့လျား မောင်းနှင်စေပါတယ်။

Niigata Converter Company ကထုတ်တဲ့ 1989 model TACN Transmission ရဲ့ ဓါတ်ပုံလေးရရင်တော့ အခုထက်ပိုပြီး ဆွေးနွေးနိုင်ကြမယ်ထင်ပါတယ်။

ပေါတာလူး
03-06-2011, 12:41 PM
http://img847.imageshack.us/img847/184/powertransmissionsystem.jpg

ကိုဒူဒူ က အင်ဂျင်နီယာတဦးရဲ့ တွေးတောမှုကို အခြေခံကာ ဆွေးနွေးသွားတာလို့ ပေါတာလူး ယူဆမိပါတယ်။ ပေါတာလူးတို့ တတွေကို ကျောင်းက အဓိကသင်ပေးလိုက်တာဟာလည်း၊
အဲဒီ အင်ဂျင်နီယာတဦးရဲ့ တွေးတောတတ်မှုနဲ့ ဆုံးဖြတ်တတ်မှုပါပဲ။ Material Analysis မှာ Material Composition ကို၊ အဓိကမထားပဲ အစားထိုးအသုံးပြုဖို့ Material ရဲ့ Strength ကိုသာ အဓိက၊ ဆွေးနွေးတာကိုလည်း၊ တွေ့ရပါတယ်။


http://img832.imageshack.us/img832/6570/mediumspeedplant.jpg

တကယ်တော့ အကိုကြီးကိုထွန်း ပြောခဲ့သလို ရေကြောင်းအင်ဂျင်နီယာဆိုတာ Marine ဆိုတဲ့အတိုင်း၊ Mechanical, Air Conditioning & Refrigeration, Instrumentation & Automation, Pneumatics and Hydraulics နဲ့ Electrical & Electronics ဘာသာရပ်တွေကို၊ လေ့လာနားလည်ထားသင့်တယ်ဆိုတာ မှန်ပါတယ်။ ဖိုရမ်မှာ လေ့လာရင်း ပေါတာလူး ကြုံဖူးတာကို လည်း၊ ဆွေးနွေးပါရစေ။

အင်ဂျင်နဲ့ Transmission Gear Box ကြားမှာ၊ Vibration Damper ခံထားတာမျိုး တွေ့ဖူးပါတယ်။ Fly Wheel ဟာ အင်ဂျင်ရဲ့ Forward အရှေ့ဖက်မှာရှိနေပြီး၊ Intermediate Shaft ခံကာ Transmission Gear Box မှတဆင့် Pump တွေကို၊ မောင်းနှင်ပါတယ်။ Clutch ကိုတော့ Pneumatic Clutch System သုံးထားပါတယ်။ အင်ဂျင်ရဲ့ Backward အနောက်ဖက်မှာတော့ Crank Shaft မှတဆင့် Damper ကို၊ တိုက်ရိုက်တတ်ဆင်ကာ Transmission Gear Box နဲ့ ချိတ်ဆက်ပြီး၊ Propulsion အတွက်သုံးပါတယ်။ Prime mover အဖြစ်သုံးထားတဲ့ အင်ဂျင်ကတော့ 4 stroke Medium Speed Diesel Engine ဖြစ်ပြီး၊ MCR မှာ ၁၄၀၀ ကီလိုဝပ် ရှိပါတယ်။ Ideal Speed က ၄၈၀ RPM နဲ့ Maximum Speed ကတော့ ၈၆၅ RPM ရှိပါတယ်။ Transmission Gear Box မှာ Hydraulic Oil မသုံးပဲ၊ Prime mover အဖြစ် သုံးထားတဲ့ အင်ဂျင်ရဲ့ LO Sump ကနေ၊ Transmission Gear Box မှာချိတ်ဆက်တတ်ဆင်ထားတဲ့ Attached Pump မှတဆင့် LO ကို သုံးကာ Pressure ကိုရရှိစေပါတယ်။



Speed တိုးမြှင့်ဖို့ဂီယာချိန်းပေးလျှင် သတ်မှတ်လည်ပတ်နှုန်းရောက်နေမှ နောက်တစ်ဆင့်ကို အလိုလိုကူးပြောင်းနိုင်တာမျိုးဖြစ်ပါတယ်။
ဟိုက်ဒြောလစ်ဆီဖိအားပေးပြီး ငြိတွယ်စေမယ့် Friction Plate တွေအတွက် Solenoid Valve က ၆လုံးပဲရှိပါတယ်။ ရှေ့နောက်ခွဲခြားဖို့က တစ်လုံးစီနဲ့
ကျန်တဲ့ ၄လုံးက Speed အမျိုးမျိုးရဖို့ဖြစ်ပါတယ်။

တနည်းအားဖြင့် အပေါါမှာ မအေရာမေ ဆွေးနွေးခဲ့တဲ့ ဆီကလပ်ဆိုတဲ့ Fluid couplings အမျိုးအစားမျိုးဖြစ်ပါတယ်။ လျှပ်စစ်နဲ့ပက်သက်တဲ့ Control ကို အသုံးပြုကာ၊ Engaged နဲ့ Dis-engaged ကို ဆောင်ရွက် ပေးပါတယ်။ Engine ရဲ့ Ideal Speed ၄၈၀ RPM မှာ Transmission Gear Box လည်ပတ်ခြင်းမရှိပဲ၊ ၅၂၀ RPM ရောက်သွားတဲ့အခါ Solenoid Valve တွေက တဆင့် Transmission Gear Box ထဲက Friction Disc Plate တွေကို ရွှေ့လျားစေပြီး၊ Clutch Engaged ဖြစ်ကာ Gear Box ကိုစတင်လည်ပတ်စေသလို၊ အဲဒီ Solenoid Valve တွေကပဲ Propulsion အတွက် လိုအပ်တဲ့ ဘယ်လည်၊ ညာလည် Clock-wise & Anti-Clock wise Rotation ကိုပါဆောင်ရွက်ပေးပါတယ်။

Prime mover အဖြစ်သုံးထားတဲ့ အင်ဂျင်ရဲ့ RPM ကို၊ Pneumatic Control Woodward Governor မှတဆင့်၊ မြှင့်တင်ပေးပြီး၊ Clutch ကလည်း Engaged ဖြစ်နေပြီမို့၊ အင်ဂျင် နဲ့ တိုက်ရိုက်ချိတ်ဆက် ထားတဲ့ Transmission Gear Box ဟာ လိုက်ပါ လည်ပတ်ကာ၊ လိုအပ်တဲ့ Propulsion Output RPM ကိုထုတ်ပေးပါတယ်။ ဥပမာ ဆိုရရင် Engine ရဲ့ Ideal Speed ၄၈၀ RPM မှာ Transmission Gear Box လည်ပတ်ခြင်းမရှိပဲ၊ Safety Inter-lock အဖြစ် Natural Position Inter-lock ဆိုတဲ့ Solenoid Valve တလုံးကနေ Clutch Control ဆီလိုင်းတွေကို ပိတ်ထားပါတယ်။

Engine RPM ကိုတင်ပြီး Propulsion မှာ ဘယ်လည်၊ သို့မဟုတ် ညာလည်ဆိုတဲ့ Direction of Rotation ကို၊ ရွေးပြီးတဲ့အခါ၊ သက်ဆိုင်ရာ Solenoid Valve က ဆီလိုင်းကိုဖွင့်ပေးပြီး Clutch ကို Engaged ဖြစ်စေသလို၊ Transmission Gear Box ကိုပါလည်ပတ်စေခြင်းဖြစ်ပါတယ်။ Position တခုကို ရွေးလိုက်တာနဲ့ Limit Switch ကတဆင့် On/ Off Signal ကို Solenoid Valve သို့ပေးပို့ အလုပ်လုပ်စေခြင်း ဖြစ်ပါတယ်။ Solenoid Valve တလုံး Internal Leak ဖြစ်ပြီး၊ Natural Position ကို ရောက်ပေမယ့် Transmission Gear Box ဆက်လည်နေတာမျိုးကိုလည်း ကြုံဖူးပါတယ်။


http://img839.imageshack.us/img839/4973/image0130o.jpg

http://img14.imageshack.us/img14/1176/image0165o.jpg

http://img87.imageshack.us/img87/6282/image0133r.jpg

http://img593.imageshack.us/img593/8306/image0156u.jpg

တခါကတော့ Vibration Damper ရဲ့ အတွင်းပိုင်း Plate တွေရဲ့ Edges တွေ သက်တမ်းအိုမင်းလာလို့ စားသွားတာကို အစားထိုးလဲလှယ်ဖူးပါတယ်။ ကိုဒူဒူ ပြောသလိုပဲ Material Analysis မှာ Material Composition ကို၊ အဓိကမထားပဲ အစားထိုးအသုံးပြုဖို့ Material ရဲ့ Strength ကိုသာ အဓိက စဉ်းစားကာ Steel Plate ကိုရွေးချယ်ခဲ့ပါတယ်။

တခါကတော့ Twin Disc Gear Box မှာ၊ Cooler ပွင့်ထွက်သွားတာကိုလည်းကြုံဖူးပါတယ်။ Primer Mover နဲ့ Engaged လုပ်လိုက်တာနဲ့ Cooler ရဲ့ Cover ကျွတ်ထွက်သွားပြီး၊ အထဲက Element ပါ De-found ဖြစ်သွားခဲ့ရပါတယ်။ Cooler က Water Cooled Cooler ပါ။ Pressure Relive Valve ကအလုပ်မလုပ်ပဲ၊ Transmission Gear Box ထဲမှာ Pressurized ဖြစ်နေတဲ့၊ Hydraulic Pressure ကို လျှော့မချပဲ၊ Cooler ဆီကို High Pressure အဖြစ်ဆက်လက်ပေးပို့နေလို့ပဲဖြစ်ပါတယ်။

ပေါတာလူး
03-06-2011, 04:26 PM
ပေါတာလူး ဝင်ရောက်ဆွေးနွေးတာ အင်ဂျင်နီယာ အကို အမများအနေ နဲ့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း အခြေခံကလေးတွေကို ဆွေးနွေးခွင့်ပြုကြပါ။ Friction Clutch တွေအကြောင်းမစခင် Gear တွေ အကြောင်းပြောပါရစေ ခင်ဗျာ။

ဂီယာတွေကို ၁။ Parallel Axis Gears ၂။ Perpendicular Axis Gears ၃။ Crossed Axis Gear နဲ့ ၄။ Planetary Gear ဆိုပြီးခွဲခြားနိုင်ပါတယ်။ Parallel Axis Gears တွေမှာ Spur Gears, Helical Gears နဲ့ Double Helical or Herringbone Gears တို့ပါဝင်ပါတယ်။


http://img33.imageshack.us/img33/1760/a30c7a9b02f854155ebec79.jpg

Perpendicular Axis Gears တွေကို၊ ခွဲခြားကြည့်တဲ့အခါ Non Intersecting Perpendicular Axis Gear တွေနဲ့ Intersecting Perpendicular Axis Gears တွေဆိုပြီး၊ တွေ့ရပါတယ်။ တနည်းအားဖြင့် Worm Gears တွေနဲ့ Bevel Gears တွေဟာ Perpendicular Axis Gears အမျိုးအစားတွေဖြစ်ကြပါတယ်။


http://img855.imageshack.us/img855/4839/1e68bafe214bc3cc58d76c2.jpg

http://img143.imageshack.us/img143/8295/8189ada4523b1ccf0c1891f.jpg

http://img600.imageshack.us/img600/6479/4660fa427a322b7380f39fc.jpg

အပေါါမှာဖော်ပြထားတဲ့ ပုံတွေကတော့ Crossed Axis Gear နဲ့ Planetary Gear တို့ရဲ့ ပုံတွေဖြစ်ပါတယ်။ ဂီယာနဲ့ တွဲဖက်မယ့် Friction Clutch တွေကိုတော့ အခြေခံအားဖြင့် ၁။ Flat Plate Friction Clutch ၂။ Conical Friction Clutch နဲ့ ၃။ Multi-plate Clutch တွေရယ်လို့ ခွဲခြားသတ်မှတ်ကြပါတယ်။


http://img593.imageshack.us/img593/5571/flatplateclutchdisengag.jpg

http://img703.imageshack.us/img703/6127/flatplateclutchengaged.jpg

အပေါါက ပုံလေးကတော့ Flat Plate Friction Clutch ရဲ့ Engaged နဲ့ Dis-engaged ပုံလေးဖြစ်ပါတယ်။


http://img7.imageshack.us/img7/5457/9b8c0f12a0dac78f547c518.jpg

http://img824.imageshack.us/img824/90/2ae41b93d9b4362532f3fef.jpg

Conical Friction Clutch နဲ့ Multi-plate Clutch တွေရဲ့ပုံကို၊ အပေါါမှာ ဖော်ပြခဲ့ပြီး၊ ဆီ ကလပ် လို့ခေါါတဲ့၊ Fluid Coupling တွေအကြောင်းကို၊ ပေါတာလူး မှတ်သားမိသလောက် ဖော်ပြပါ့မယ်။ ကိုးကား ဖော်ပြတဲ့ မှတ်စုတွေဟာ ဖိုရမ်က အမည်မဖော်လိုသူ အကိုကြီးတဦး ရဲ့ ငယ်စဉ်က Notes တွေဖြစ်ပြီး၊ သူ ကျွန်းကလေးကိုထွက်မသွားစဉ်၊ သဘော်လိုက်တုန်း က ရေကြောင်းအင်ဂျင်နီယာတွေကို အလွတ်သဘော သင်တန်းပေးတဲ့ အခါ၊ အဆင့်ဆင့်ကူးယူကြရင်း ပေါတာလူး တို့ဆီကိုရောက်လာတာပါ။ အခုလို ပြန်လည်ဖော်ပြခွင့်ပေးတဲ့ အကိုကြီး ကို၊ ကျေးဇူးတင် ပါတယ် ခင်ဗျာ။

dudugyi
03-07-2011, 07:45 PM
Position တခုကို ရွေးလိုက်တာနဲ့ Limit Switch ကတဆင့် On/ Off Signal ကို Solenoid Valve သို့ပေးပို့ အလုပ်လုပ်စေခြင်း ဖြစ်ပါတယ်။ Solenoid Valve တလုံး Internal Leak ဖြစ်ပြီး၊ Natural Position ကို ရောက်ပေမယ့် Transmission Gear Box ဆက်လည်နေတာမျိုးကိုလည်း ကြုံဖူးပါတယ်။


http://img40.imageshack.us/img40/8923/3by4waydirectionlavalve.jpg



ဂီယာဘောက်စ် အပေါါထိုင်ထားတဲ့ 3/4 Way Pneumatically Operated Direction Valve



http://img850.imageshack.us/img850/5194/image0206.jpg



Electrically Operated Solenoid Valve ၃ လုံး



http://img232.imageshack.us/img232/5981/gearboxattachedhydrauli.jpg



ဂီယာဘောက်စ် အပေါါထိုင်ထားတဲ့ Attached Hydraulic Pump



http://img845.imageshack.us/img845/5199/image0205.jpg



ဂီယာဘောက်စ် အပေါါထိုင်ထားတဲ့ Water Cooled Cooler


ကိုရင်ပေါတာလူး မဆက်ခင်၊ ဒူဒူ ဆက်လိုက်ပါဦးမယ်။ အဖြစ်ခြင်းက တူနေလို့ပါ။ ဒူဒူ လည်း အင်ဂျင်နိုးတာနဲ့ ကလပ် Clutch ပါဝင်သွားတာမျိုး ကြားဖူးပါတယ်။ Transmission Gear Box ဂီယာဘောက်စ်မှာ Natural, Ahead နဲ့ Astern သို့မဟုတ် Natural, Clock-wise နဲ့ Anti-clock wise Direction of Rotation တွေအတွက်၊ 3/4 Way Pneumatically Operated Direction Valve တခုတည်းကိုသုံးထားပါတယ်။ အဲဒီ Directional Valve အလုပ်လုပ်ဖို့ လိုအပ်တဲ့၊ လေ အဖွင့်၊ အပိတ် အပေး အယူကို Electrically Operated Solenoid Valve ၃ လုံးကနေ၊ ပေးပို့ပါတယ်။

Transmission Gear Box ဟာ Fraction Clutch Pack တွေ၊ သုံးထားတာမို့ Engaged နဲ့ Dis-engaged Function တွေအတွက်၊ Setting Pressure ကိုမရောက်ခင်၊ Pressure ဝင်လာတာနဲ့ အဲဒီ Fraction Clutch Pack တွေ ငြိသွားပြီး တနည်း အားဖြင့် Engaged ဖြစ်သွားတာလားရယ်လို့၊ အရင်ဆုံး တွေးမိပါတယ်။

နောက်မှ Fraction Clutch Pack တွေ ရွှေ့လျားစေဖို့ အမိန့်ပေးတဲ့ Directional Valve ကိုတွေးမိပြီး၊ ဖြုတ်ထုတ်ကာ စမ်းကြည့်တဲ့အခါ၊ Internal Leak ဖြစ်နေတာကိုတွေ့ရပါတယ်။ အဲဒီအခါ Directional Valve အတွင်းက Spool မှာရှိတဲ့ O ring တွေကို၊ အစားထိုးလဲလှယ်ခြင်းနဲ့ အဆင်ပြေသွားတယ်လို့၊ ဆိုပါတယ်။

ပေါတာလူး
03-08-2011, 06:21 AM
အခုလို အားဖြည့်ဆွေးနွေးတာ ကျေးဇူးတင်ပါတယ် ဒူဒူ ရေ။ ပေါတာလူး အများကြီးတော့ မသိပေမယ့် အဖြေတခုများ၊ ရမလားရယ်လို့ အခြေခံလေးတွေကို ဆွေးနွေးကြည့်တာပါ။


http://img37.imageshack.us/img37/755/cutclutchpack.gif

ဂီယာနဲ့ တွဲဖက်မယ့် Friction Clutch တွေဟာ၊ Torque ပမာဏအများဆုံးကို လက်ခံပြီး၊ လွဲပြောင်းပေးရမှာဖြစ်သလို Heat နဲ့ Mechanical Losses အနည်းဆုံး ထုတ်ပေးရမှာဖြစ်ပါတယ်။ အသုံးများတဲ့ Hydraulically Multi-plate Clutch Plate Friction Clutch ကိုလေ့လာကြည့်တဲ့အခါ၊ Flat Plate တွေကို၊ Transmission Gear ရဲ့ Driven Side နဲ့၊ အခြား Flat Plate တွေကိုတော့ Transmission Gear ရဲ့ Output Shaft Side မှာတတ်ဆင်ထားတာကိုတွေ့ရပါတယ်။ ဆီဖိအား Hydraulic Pressure ဟာ Back Plate ကိုတွန်းလိုက်တာကြောင့်၊ Flat Plate တွေဟာရွှေ့လျားသွားပြီး၊ မျက်နှာပြင်ခြင်းထိကပ်ကာ လည်ပတ်ခြင်းဖြင့် Clutch Engaged ကိုဖြစ်စေပါတယ်။ Direction of Rotation ၂ မျိုးအတွက်၊ Clutch Packs ၂ စုံ တတ်ဆင်ထားမှာ ဖြစ်ပါတယ်။


http://img823.imageshack.us/img823/3277/clutchpacks.jpg

Hydraulic Pressure ကို၊ Transmission Gear Box နဲ့ တွဲချိတ်ထားတဲ့ Gear Type Attached Pump က၊ ထုတ်ပေးပြီး၊ Spool Type Directional Valve က နေ၊ Fraction Pack တွေကိုတွန်းတာ၊ ခွာတာနဲ့ Transmission Gear Box ရဲ့ Direction of Rotation ကိုပြောင်းလဲပေးတာတွေကို၊ ဆောင်ရွက်ပေးပါတယ်။

ဆက်ပါဦးမယ်။

အေ၇ာ
03-08-2011, 06:29 PM
Hydraulic Pressure ကို၊ Transmission Gear Box နဲ့ တွဲချိတ်ထားတဲ့ Gear Type Attached Pump က၊ ထုတ်ပေးပြီး၊ Spool Type Directional Valve က နေ၊ Fraction Pack တွေကိုတွန်းတာ၊ ခွာတာနဲ့ Transmission Gear Box ရဲ့ Direction of Rotation ကိုပြောင်းလဲပေးတာတွေကို၊ ဆောင်ရွက်ပေးပါတယ်။

ဆက်ပါဦးမယ်။

ကိုကြီးပေါရေ
တစ်ကိုယ်တည်းပြောနေရလျှင် မောမှာစိုးလို့ ဒူကလေးက ကူဖေးမတာ နေမှာပါ။

စက်ယန္တယားပစ္စည်းတွေနဲ့ သက်ဆိုင်ဆက်စပ်နေတဲ့အခြေခံအကြောင်းအရာလေးတွေထဲက ကောင်းနိုးရာရာပုံလေးတွေကို ကိုကြီးတို့တတွေ တင်ပေးလို့မြင်တွေ့ဖန်များလာတော့ ကိုယ်တိုင်လည်း အရင်ကထက် ဒီပညာရပ်တွေနဲ့ ရင်းနှီးဆက်စပ်မှုရှိလာသလို ခံစားရပြီး ယုံကြည်မှုပိုရှိလာပါတယ်။
Hydraulic Valve တွေအကြောင်းစပ်မိလို့ အရပ်အခေါ် ပလန်ဂျာပလန်ဂျာနဲ့ (plunger) ဖန်တရာ တေအောင် ကြားဖူးနေတဲ့
(စစ်တုရင်အရုပ်ကလေးတွေနဲ့ခပ်ဆင်ဆင်) ပစ္စည်းလေးတွေဟာ ကိုကြီးပေါပြောတဲ့ Spool type Directional Valve အထဲမှာသုံးတာလို့ထင်ပါတယ်။
http://www.hydraforce.com/Directnl/Dirprods/Pd44prd.gif
http://www.hydraforce.com/Directnl/Dirsyms/Pd44sym.gif
အဲဒီပစ္စည်းလေးတွေရဲ့ပုံကိုလည်း ခပ်များများ ရှာဖွေတင်ပြပေးပါဦးနော်။
Hydraulic ပတ်လမ်းပုံ Diagram တွေ ဖတ်ရှုရေးဆွဲနေကြတဲ့ မောင်လေးညီမလေးတွေတောင် အချို့ဆိုရင် အပြင်မှာ လက်တွေ့သုံးနေကြတဲ့ပစ္စည်းတွေရဲ့ အထဲက အနေအထားကို တစ်ခါမှ မမြင်ဖူးဘူး ပြောကြလို့ပါ။

အေရာဆိုလည်း မြင်ဖူးစမှာ အသွင်ထူးလှတာကို အထူးအဆန်းဖြစ်ပြီး အရူးအနှမ်းလို လေ့လာကြည့်မိတာ။
အလုပ်လုပ်ဆောင်ပုံကို မသွေအဟုတ်သိရအောင် လေမှုတ်ပြီးတောင်စမ်းကြည့်ခဲ့သေးတယ်လေ။ ဟိ။

လေးစားစွာဖြင့်
အေ၇ာမေ

ကိုထွန်း
03-08-2011, 09:30 PM
အဲဒီပစ္စည်းလေးတွေရဲ့ပုံကိုလည်း ခပ်များများ ရှာဖွေတင်ပြပေးပါဦးနော်။
Hydraulic ပတ်လမ်းပုံ Diagram တွေ ဖတ်ရှုရေးဆွဲနေကြတဲ့ မောင်လေးညီမလေးတွေတောင် အချို့ဆိုရင် အပြင်မှာ လက်တွေ့သုံးနေကြတဲ့ပစ္စည်းတွေရဲ့ အထဲက အနေအထားကို တစ်ခါမှ မမြင်ဖူးဘူး ပြောကြလို့ပါ။

စာတွေ့နဲ့ လက်တွေ့ကို၊ ပေါင်းစပ်ကြည့်ဖို့ အခုလို အကြံပေးတာကို ဝမ်းသာပါတယ် ညီမ မအေရာရေ....အခြေခံတွေကို၊ ပြန်လည်အမှတ်ရမှ လက်တွေ့မှာ စဉ်းစားရင်း၊ အသစ်သစ်သောတီထွင် ဖန်တည်းမှုတွေ၊ စီမံခန့်ခွဲမှုတွေကို ဖန်တည်းနိုင်မယ်လို့ ယုံကြည်ပါတယ်။

အင်ဂျင်နီယာဘာသာရပ်တွေဟာ တခုနဲ့ တခု ပက်သက်နေတာမို့၊ ဘာသာရပ်နယ်ပယ် မခြားနားပဲ၊ အသုံးပြုနယ်ပယ်သာ ကွဲပြားသွားတာပါ။ တခါတလေတော့လည်း ဆက်သွယ်မှုကွန်ယက် အခက်အခဲတွေကြောင့်၊ အလွယ်တကူ မှီငြမ်းနိုင်ရဲ့လားလို့၊ တွေးမိပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာအင်ဂျင်နီယာဖိုရမ်မှာ ဘာသာရပ်နယ်ပယ်မခွဲခြားပဲ၊ တွေ့ဖူးကြုံဖူးတာတွေကို၊ ဝေမျှပေးသူအားလုံးကို၊ ကျေးဇူးတင်လေးစားမိပါတယ်။

dudugyi
03-09-2011, 08:46 PM
ကိုကြီးပေါရေ
တစ်ကိုယ်တည်းပြောနေရလျှင် မောမှာစိုးလို့ ဒူကလေးက ကူဖေးမတာ နေမှာပါ။
အကို ကိုမောင်ကင်းက Transmission အကြောင်း ရယ်လို့ တော့ပစ်ကို စတင်ကာ၊ heat တက်ပြီးတော့ clutch ပြားတွေဖမ်းသွားတဲ့အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ အူတူတူ ဒူကလေးရယ်က၊ ကြားဖူးနားဝ ထင်ရာတွေဝင်ရေးတာမို့ မူရင်း ခေါင်းစဉ်နဲ့များ၊ ဝေးနေပြီလား မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ကြားဖူးတာလေးတွေကို၊ ဆက်လိုက်ပါဦးမယ်။


http://img560.imageshack.us/img560/1346/hydraulicdirectionalcon.jpg



Directional Control Valves



http://img854.imageshack.us/img854/9427/checkvalves.jpg



Check Valves



http://img708.imageshack.us/img708/1346/hydraulicdirectionalcon.jpg



Directional Spool valves



http://img593.imageshack.us/img593/1482/hydrauliccartridgevalve.jpg



http://img683.imageshack.us/img683/1482/hydrauliccartridgevalve.jpg



Directional poppet valves



http://img695.imageshack.us/img695/9712/hydraulicpressurevalvep.jpg



Pressure Control Valve



http://img856.imageshack.us/img856/9664/hydraulicpressurerelief.jpg



Pressure Relief Valve



http://img534.imageshack.us/img534/1328/hydraulicpressurereduci.jpg



Pressure Reducing Valve



http://img138.imageshack.us/img138/2826/hydraulicflowcontrolval.jpg



Flow Control Valves



Hydraulic Valve တွေကို၊ Directional Control Valve, Pressure Control Valve, Flow control Valve တွေနဲ့ Electro-hydraulic Valve တွေရယ်လို့၊ ခွဲခြားကြတာကို၊ ကြားဖူးပါတယ်။ Directional Control Valve အုပ်စုမှာ Check valves, Directional spool valves နဲ့ Directional poppet valves တွေပါဝင်ပါတယ်။ Pressure Control Valve အုပ်စုမှာတော့ Variable Throttle Valves တွေနဲ့၊ Fixed Throttle Valves တွေပါဝင်ပါတယ်။

Flow control Valve အုပ်စုမှာ၊ Flow Dependent နဲ့ Flow Independent ဆိုပြီး Throttle Valves တွေကိုထပ်မံခွဲခြားကြပါသတဲ့။ Electro-hydraulic Valve အုပ်စုမှာတော့၊ Servo Hydraulic valves တွေနဲ့ Proportional hydraulic valves တွေ ပါဝင်ပါတယ်။

ကိုထွန်း
11-05-2011, 05:35 PM
အင်းစိန် G.T.I တုန်းက၊ Industrial Electronics သင်ပေးခဲ့တဲ့၊ ဆရာမနဲ့ Facebook မှာ၊ တွေ့တဲ့အခါ၊ အတွေ့  အကြုံထဲက၊ အကြောင်းတွေကို အခြေခံပြီးရေးဖို့၊ အကြံပေးတဲ့အတွက်၊ ဒီ post လေးကိုရေးဖြစ် ပါတယ်။ ဒီ post လေးမှာ၊ ကြုံဖူးတဲ့ Transmission gear box နဲ့ Air Clutch အကြောင်းလေးကိုဖော်ပြပါ့မယ်။ Air clutch ကို၊ (၁၉၃၆) ခုနှစ်မှာ၊ Thomas Fawick ဆိုသူက၊ စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။

Direct coupling အနေနဲ့မသုံးပဲ၊ Clutch ကိုထည့်သွင်းတတ်ဆင်တဲ့ ရည်ရွယ်ချက်ကတော့၊ primer mover ရဲ့ out put ကို၊ လိုအပ်တဲ့အခါ clutch ကို၊ engage လုပ်ပြီးရယူဖို့နဲ့၊ မလိုအပ်တဲ့အခါ dis-engage လုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။


http://img210.imageshack.us/img210/5222/74106497.jpg

Fig. Generator with Clutch

တခါက၊ Medium speed 4 stroke, 1200 KW engine မှတဆင့်၊ Reduction gear box ခံပြီး၊ Pumps တွေကိုမောင်းတဲ့ system မှာ၊ Air clutch ကို သုံးထားတာတွေ့ခဲ့ရပါတယ်။ အဲဒီလို Air clutch တွေ ကိုသုံးပြီး၊ Transmission gear box မှတဆင့် Generator တွေကိုလည်းမောင်းလေ့ရှိပါတယ်။ Generator တွေကို၊ transmission gear နဲ့ အသုံးပြုတဲ့အခါ၊ gear box မှာ၊ thrust force ကိုရစေဖို့၊ Thrust Roller Bering အုပ်စုမှ၊ cylinder bore - cylindrical roller bearing တွေကို အသုံးပြု ပါတယ်။ Rooling Bearings အကြောင်းကိုတော့၊ ဒီနေရာမှာ (http://www.myanmarengineer.org/forums/showthread.php?2978-Design-%E1%80%86%E1%80%AD%E1%80%AF%E1%80%90%E1%80%AC%E1%80%98%E1%80%AC%E1%80%9C%E1%80%B2/page4) ပြန်ဖတ်နိုင်ပါတယ်။


http://img849.imageshack.us/img849/843/image0462.jpg

Fig. Prime mover's fly wheel, intermediate shaft, plumber block and gear box input clutch assembly

http://img5.imageshack.us/img5/1240/image0455s.jpg

Fig. Cargo pump transmission gear box

prime mover နဲ့ gear box ကို၊ intermediate shaft နဲ့ဆက်သွယ်တဲ့အခါ၊ plumber block မှာ၊ tapered bore - cylindrical roller bearing တွေကို အသုံးပြုပါတယ်။ အလားတူပဲ၊ pumps တွေ ကိုမောင်းနှင်ဖို့၊ transmission gear box ကိုထည့်သွင်းတတ်ဆင်တဲ့အခါ၊ Thrust Roller Bering အုပ်စုမှ၊ cylinder bore နဲ့ tapered bore cylindrical roller bearing တွေကို အသုံးပြုပါတယ်။ Bearing နံပါတ်မှာ၊ (2) ဆိုတဲ့ ဂဏန်းနဲ့ စတဲ့ Rooling bearings တွေဟာ၊ Thrust Roller Bearings တွေဖြစ်ပါတယ်။


http://img696.imageshack.us/img696/4425/image0441m.jpg

ကျွန်တော်ကြုံခဲ့ရတာကတော့၊ cylindrical roller bearing ရဲ့၊ bearing cone ကွဲသွားပြီး၊ အစအနတွေ gear box ထဲကျကာ၊ gear teeth တွေ ပဲ့ထွက်ကုန်သလို၊ defected bearing ကြောင့်၊ shaft ဟာလည်း mis-alignment ဖြစ်သွားပြီး၊ shaft seal ပါ၊ leak ဖြစ်ကာ၊ gear lubricating oil တွေ leakage ယိုကျလာဖြစ်ပါတယ်။ bearing cone ကွဲသွားတဲ့ အထိ၊ defected ဖြစ်တဲ့အတွက်၊ root of cause ကိုရှာကြည့်ရပါတော့တယ်။ vibration ကြောင့်ဖြစ်နိုင်သလို၊ mis-alignment ကြောင့်လည်းဖြစ်နိုင်ပါတယ်။


http://img43.imageshack.us/img43/5611/image0459s.jpg

Fig. Gear box input shaft alignment

gear box ရဲ့ input နဲ့ out put shaft တွေကို၊ dial gauge သုံးပြီး alignment စစ်ဆေးကြည့်တဲ့ အခါ၊ primer mover ဖြစ်တဲ့ engine fly wheel နဲ့ gear box ကြားမှ intermediate shaft ဟာ mis-alignment ဖြစ်နေတာ ကိုတွေ့ရပါတယ်။ intermediate shaft ကို၊ secured ဖမ်းထားတဲ့ plumber block ဟာနေရာရွေ့သွားတဲ့အတွက် mis-alignment ဖြစ်ပေါါရတာဖြစ်ပါတယ်။


http://img845.imageshack.us/img845/999/dscn1523m.jpg

Fig. Crankshaft deflection

http://img27.imageshack.us/img27/8679/dialgaugepositon.jpg

Fig. Dial gauge position

torsional vibration ကြောင့်၊ mis-alignment ဖြစ်ပေါါရတာလို့ယူဆပြီး၊ primer mover ဖြစ်တဲ့ engine ကိုပါစစ်ဆေးရပါတော့တယ်။ engine ရဲ့ crank case doors တွေကိုဖွင့်ပြီး၊ crank shaft ရဲ့ crank pin unit တခုခြင်းကို၊ dial gauge ကိုသုံးပြီး၊ crankshaft deflection (http://www.myanmarengineer.org/forums/showthread.php?115-Marine-Engineering/page32) ယူကြည့်တဲ့အခါ၊ ရရှိလာတဲ့ reading တွေဟာ၊ allowable limit အတွင်းမှာရှိတာကိုတွေ့ရပါတယ်။


http://img844.imageshack.us/img844/7636/fig1109.jpg

Fig. Crankshaft thrust pad measurement

fly wheel အနီးမှ No. 6 unit crank pin နဲ့ No. 7 main bearing cap ကြားမှ၊ thrust pad ရဲ့ clearance ကိုတိုင်းကြည့်တဲ့အခါ၊ 0.86 mm လောက် clearance ရှိနေတာကိုတွေ့ရပါတယ်။ thrust pad အနေနဲ့ 0.86 mm ဆိုတာ၊ အတော့်ကို ကြီးမားတဲ့ clearance ဖြစ်ပြီး၊ crank shaft မှတဆင့် torsional vibration ကိုဖြစ်ပေါါစေတဲ့ အဓိက root of cause ပဲဖြစ်ပါတယ်။


http://img254.imageshack.us/img254/9817/image0461.jpg

transmission gear box ရဲ့ power ဟာ 2 x 250 KW ရှိပြီး၊ pump (၂) လုံးကိုမောင်းဖို့၊ clutch (၂) စုံနဲ့အတူ၊ out put shaft (၂) ချောင်းတတ်ဆင်ထားပါ တယ်။ Gear ratio အနေနဲ့ 1 : 1.818 ရှိပြီး၊ in put မှာ 650 rpm နဲ့ out put 550 rpm ရှိပါတယ်။ အသုံးပြုထားတဲ့ Gears တွေဟာ၊ Parallel Axis Gear အုပ်စုမှ၊ Helical Gears တွေဖြစ်ပါတယ်။ တတ်ဆင်ထားတဲ့ pumps တွေက၊ screw pump တွေ ဖြစ်ပြီး၊ capacity အနေနဲ့ 350 Cu. meter per hour ရှိပါတယ်။


http://img207.imageshack.us/img207/6577/image0446.jpg

Fig. Helical Gears


ဂီယာတွေကို ၁။ Parallel Axis Gears ၂။ Perpendicular Axis Gears ၃။ Crossed Axis Gear နဲ့ ၄။ Planetary Gear ဆိုပြီးခွဲခြားနိုင်ပါတယ်။ Parallel Axis Gears တွေမှာ Spur Gears, Helical Gears နဲ့ Double Helical or Herringbone Gears တို့ပါဝင်ပါတယ်။


http://img33.imageshack.us/img33/1760/a30c7a9b02f854155ebec79.jpg

Perpendicular Axis Gears တွေကို၊ ခွဲခြားကြည့်တဲ့အခါ Non Intersecting Perpendicular Axis Gear တွေနဲ့ Intersecting Perpendicular Axis Gears တွေဆိုပြီး၊ တွေ့ရပါတယ်။ တနည်းအားဖြင့် Worm Gears တွေနဲ့ Bevel Gears တွေဟာ Perpendicular Axis Gears အမျိုးအစားတွေဖြစ်ကြပါတယ်။


http://img855.imageshack.us/img855/4839/1e68bafe214bc3cc58d76c2.jpg

http://img143.imageshack.us/img143/8295/8189ada4523b1ccf0c1891f.jpg

http://img600.imageshack.us/img600/6479/4660fa427a322b7380f39fc.jpg

အပေါါမှာဖော်ပြထားတဲ့ ပုံတွေကတော့ Crossed Axis Gear နဲ့ Planetary Gear တို့ရဲ့ ပုံတွေဖြစ်ပါတယ်။

Gear အသစ်တွေမှာရင်၊ အချိန်ပေးပြီး စောင့်ရမှာဖြစ်တဲ့အတွက်။ အသစ်မလဲတော့ပဲ grinding လုပ်ကာပြန်သုံးခဲ့ပါတယ်။ ပဲ့ထွက်သွားတဲ့ နေရာတွေမှာ၊ ဖို့ထားတဲ့ အသားဟာ အကြောင်းတစုံကြောင့်၊ ပြန်ပဲ့ထွက်သွားနိုင်တဲ့အတွက်၊ re-built ပြန်မလုပ်တော့ပါဘူး။ ဆိုးဆိုးရွားရွားအနေအထားအထိ၊ ပဲ့ထွက်သွားတဲ့ အခါ၊ gear အသစ်လဲဖို့၊ လိုပါလိမ့်မယ်။ အသစ်ရဖို့၊ အချိန်ပေးပြီး၊ မစောင့်နိုင်ရင်တော့၊ Gear ကို၊ Material analysis လုပ်ကာ၊ material composition အတိုင်း၊ strength တန်ဖိုး အနီးစပ်ဆုံး၊ raw metal ကိုရှာဖွေပြီး၊ machine ခုတ်ကာ၊ fabrication လုပ်နိုင်ပါတယ်။


http://img17.imageshack.us/img17/6387/95071250.jpg

Fig. Pressure regulating unit

တတ်ဆင်ထားတဲ့ Clutch ကတော့၊ maximum pressure 7 bar သာရှိတဲ့၊ Control air ကိုသုံးထားတဲ့၊ Clutch ပဲဖြစ်ပါတယ်။ Control air ကိုတော့ main air vessel မှ၊ maximum pressure 30 bar ရှိတဲ့၊ main air ကို၊ pressure regulating unit တတ်ဆင်ပြီးရယူပါတယ်။


http://img257.imageshack.us/img257/7521/25523242.jpg

Fig. Element Unit

http://img406.imageshack.us/img406/1714/74629994.jpg

Fig. RD coupling

Air clutch မှာ၊ ပါဝင်တဲ့အဓိက အစိတ်အပိုင်း (၂) ခုကတော့ Element unit နဲ့ RD coupling လို့ခေါါတဲ့၊ Reduction coupling တို့ပဲဖြစ်ပါတယ်။ RD coupling ဟာ၊ primer mover ရဲ့ out put shaft မှာ၊ direct coupling အနေနဲ့ တတ်ဆင်ထားတဲ့၊ unit ဖြစ်ပါတယ်။ ‘RD’ coupling ကို၊ အတွင်းမှာ synthetic rubber ဖြစ်တဲ့၊ neoprene နဲ့ ပြုလုပ်ထားပြီး၊ အပေါါမှ metal drum နဲ့ အုပ်ထားတဲ့အတွက်၊ torsional vibration ကိုခံနိုင်ရည်ရှိပါတယ်။


http://img213.imageshack.us/img213/2610/whatisclutch.gif

transmission gear box ရဲ့ input shaft မှာတော့၊ element unit ကို၊ direct coupling အနေနဲ့တတ်ဆင်ထားပါတယ်။ အလားတူ transmission gear box ရဲ့ out put shaft မှာ၊ RD coupling ကိုတတ်ဆင် ထားပြီး၊ pumps တွေရဲ့ input လို့ခေါါတဲ့၊ driven shaft မှာ element unit ကို၊ direct coupling အနေနဲ့တတ်ဆင်ထားပါတယ်။


http://img215.imageshack.us/img215/7091/54021546.jpg

Fig. Element unit - neoprene cord actuating tube and fraction pads

Element unit ရဲ့အတွင်းဖက်မှာ၊ fraction padsေ တွကို၊ ထည့်သွင်းတတ်ဆင်ထားပါတယ်။ fraction pads တွေရဲ့အပေါါမှာတော့၊ neoprene cord actuating tube ကိုတတ်ဆင်ထားပြီး၊ cord actuating tube ကို၊ metal housing drum နဲ့အပေါါမှ အုပ်ထားပါတယ်။ Air regulating unit မှ၊ maximum pressure 7 bar ခန့်ရှိတဲ့၊ pressurized air ကို၊ neoprene cord actuating tube အတွင်းသို့၊ ပေးသွင်းလိုက်တဲ့အခါ၊ tube ဟာ၊ expand ကားသွားပြီး၊ fraction pads တွေကို RD coupling surface ဖက်သို့ တွန်းထုတ်ပါတယ်။ fraction pads တွေ RD coupling နဲ့ ကပ်သွားတဲ့အခါ၊ transmission gear box ရဲ့ input shaft ဟာ၊ စတင်လည်ပတ်ပါတယ်။


http://img546.imageshack.us/img546/6412/hpairlockseal.jpg

http://img809.imageshack.us/img809/3521/indexuk.jpg

Fig. Rotor seal

pressurized air ကို၊ element unit အတွင်းသို့ပေးသွင်းတဲ့အခါ၊ gear box shaft ရဲ့ element unit တတ်ဆင်ထားခြင်းမရှိတဲ့ shaft ဖက်အခြမ်း၊ တနည်းအားဖြင့် non-driven end မှာတတ်ဆင်ထားတဲ့ rotor seal မှတဆင့်ပေးသွင်းပါတယ်။ ball bearing ထည့်သွင်းတတ်ဆင်ထားတဲ့အတွက်၊ rotor seal ရဲ့ အတွင်းဖက်အစိတ်အပိုင်းတွေသာ၊ shaft နဲ့ အတူလိုက်ပါလည်ပတ်နေမှာဖြစ်ပါတယ်။ အပြင် အစိတ်အပိုင်းကတော့ လည်ပတ်နေခြင်းမရှိတဲ့အတွက်၊ stationary unit အနေနဲ့ Air regulating unit မှ၊ pressurized air ကို တိုက်ရိုက်ပေးသွင်းနိုင်ပါတယ်။


http://img406.imageshack.us/img406/927/90213056.jpg

shaft မှာ air passage ထည့်သွင်းထားတဲ့ အတွက်၊ non-driven end မှတဆင့် ဝင်လာတဲ့ pressurized air ဟာ၊ driven end ဖက်မှ၊ Element unit ရဲ့ metal housing drum သို့ပေးသွင်းပါတယ်။ metal housing drum ဟာ pressurized air ကို၊ cord actuating tube အတွင်း၊ ဝင်ရောက်စေခြင်းကြောင့် tube ဟာ၊ expand ကားသွားတာဖြစ်ပါတယ်။

Air clutch တွေကို၊ transmission gear box နဲ့တွဲသုံးတဲ့၊ Generator နဲ့ Pumps တွေမှာသာမက၊ Can Making Process, Metal Forming Process, Rubber Processing, Commercial Laundry, Oil Field, Tire Building နဲ့ Paper Mill စတဲ့လုပ်ငန်းတွေမှာပါအသုံးပြုကြပါတယ်။ RD coupling နဲ့ Element ဟာ synthetic rubber ဖြစ်တဲ့၊ neoprene နဲ့ပြုလုပ်ထားတဲ့အတွက်၊ torsional vibration ကို ခံနိုင်ရည်ရှိ သလို၊ တော်ရုံတန်ရုံ mis-alignment ဖြစ်ရုံနဲ့၊ မပျက်စီးနိုင်တာ၊ တွေ့ရပါတယ်။

ဒါပေမယ့် synthetic rubber ကိုသုံးထားတဲ့အတွက်၊ သက်တမ်းအားဖြင့် အများဆုံး (၅) နှစ်ခံသာခံပြီး၊ RD coupling ကွဲအက်တတ်သလို၊ cord actuating tube လည်း ကွဲအက်တတ်တာကို၊ တွေ့ရပါတယ်။ အကယ်၍အကြောင်းတစုံတခုကြောင့် synthetic rubber ကွဲအက်တဲ့အခါ၊ Clutch ကိုအသုံးမပြုပဲ၊ direct coupling အနေနဲ့ တိုက်ရိုက်အသုံးပြုနိုင်ဖို့၊ fitting plate တွေထည့်သွင်းတတ်ဆင်ထားလေ့ ရှိပါတယ်။ Element unit ကို၊ သက်တမ်းစေ့အပြင် နှစ်အနည်းငယ်ပိုကာ၊ သုံးချင်ရင်တော့ pressurized air ကို၊ maximum 7 bar အထိမသုံးပဲ၊ 4. 8 ~ 5. 6 bar လောက်မှာ regulating unit မှ၊ maintain လုပ်ကာအသုံးပြုပါလို့၊ အကြံပေးပါရစေခင်ဗျား။




Image credit to : http://www.rikind.com/, http://hfoplant.blogspot.com/, http://www.maritime.org/, http://www.macequipment.com/

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

ကိုထွန်း
11-09-2011, 08:38 AM
http://img198.imageshack.us/img198/7516/19216800110100100151111.jpg

http://img824.imageshack.us/img824/6500/19216800110100100161111.jpg

Fig. YANMAR YXH 2500 gear box

တခါကတွေ့ဖူးတဲ့ transmission gear box ကတော့ရိုးရှင်းလွန်းတဲ့ YANMAR YXH 2500 gear box ပါ။ maximum torque 25000 Nm ရှိတဲ့အတွက်၊ အတော်အတန် ကြီးမားတယ် လို့ပြောနိုင်ပါတယ်။ gear ratio က ahead သို့မဟုတ် astern မှာ 2.23/ 2.58/ 2.29/ 3.3 ရှိသလို၊ input shaft ဟာ၊ 750 rpm နဲ့ output 337/ 290/ 268/ 247 rpm ရှိ ပါတယ်။ ahead / astern ပြောင်းလဲဖို့ gear box အတွင်းမှာ clutch ပါဝင်ပြီး၊ clutch ရွှေ့လျားဖို့အတွက်၊ gear box lubricating oil မှရရှိလာတဲ့၊ fluid pressure ကိုအသုံးပြုပါတယ်။ pressure အနေနဲ့ maximum 2.35 MPa ခန့်အသုံးပြုပြီး၊ gear box ရဲ့ lubricating oil capacity က၊ 150 ltrs ခန့်ရှိပါတယ်။


http://img43.imageshack.us/img43/6789/19216800110100100101111.jpg

Fig. Gear box hydraulic circuit


http://img854.imageshack.us/img854/7396/19216800110100100181111.jpg

Fig. Gear box power transmission system

gear box ကို၊ engage မလုပ်မှီ neutral position မှာ၊ (1) input shaft, (2) input coupling, (3) input gear A, (4) input gaer B, (5) support shaft A gear နဲ့ (6) support shaft B gear တို့လည်ပတ်နေမှာဖြစ်ပါတယ်။ support shaft B ကို၊ lubricating pump နဲ့ ချိတ်ဆက်ထားတဲ့အတွက်၊ shat B လည်တဲ့အခါ၊ pump ပါလိုက်ပါလည်ပတ်ပြီး၊ hydraulic pressure ကို၊ ရရှိလာပါတယ်။


http://img830.imageshack.us/img830/1990/19216800110100100171111.jpg

Fig. Gear box cross sectional view


ဆက်ပါဦးမယ်။


Image credit to : YANMAR YXH 2500 Marine Gear box operation manual


Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.