PDA

View Full Version : ကျွန်တော် နှင့် Microsoft Visual C++ 2010



konay
04-09-2011, 07:51 AM
C ++ (C Double Plus) ဆိုသည်မှာ ......

C ++ (C Double Plus) ဆိုသည်မှာ ယေဘူယျသုံး Programming Language ၁ မျိုးဖြစ်ပါသည်။ Low-Level နဲ့  High-Level ကို ချိတ်ဆက်ပေးသော Middle-Level Language အဖြစ် တော်တော်များများ သိပြီးဖြစ်ကြမှာပါ။ C++ သည် Statically Typed , Free From , Multi-paradigm , Complied Language ဖြစ်ပြီး Complied လုပ်သောအခါ သက်ဆိုင်ရာ စက်တွေ အတွက် Machine Code ထုတ်ပေးပါတယ်။ Procedural , Data Abstraction , Object-oriented Programing and Generic Programing များ ကို အသုံးပြုနိုင်ပါတယ်။


C Language ကို Dennis Ritchies ဆိုသူ ပရိုဂရမ်မာ တစ်ဦးက AT & T Bell Lab မှာ လုပ်ကိုင်နေရင်း 1970 မှာ Interpreted Programing Language BCPL ကိုမှီးပြီးရေးသားခဲ့တာဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ C နဲ့  Low-level ဖြစ်တဲ့ Assembly လိုမျိုး Programing Language လုပ်နီုင်ဖို့ ပါ။ ဆက်သွယ်နည်းကတော့  လူတိုင်းအသုံးပြုနိုင်တဲ့  High-level Language နဲ့ ဆက်သွယ်တာမျိုး ကိုသူက လုပ်ချင်ခဲ့ပါတယ်။
Ritchie ဟာ သူလက်ရှိ အသုံးပြုနေတဲ့  Unix System မှာ C ကို စမ်းသပ်ရာ အောင်မြင်သွားခဲ့ပါတယ်။ဒါနဲ့ ဘဲ Unix Developer ဖြစ်တဲ့  Ken Thompson ဟာ Unix ကို C နဲ့  ပြောင်းလဲ ရေးသားခဲ့ပါတယ်။ C ဟာ Unix မှာ နှစ်အတော်ကြာ တည်ရှိနေခဲ့ ပါတယ်။

AT & T ဟာ Unix System ကို တက္ကသိုလ်ကျောင်းတွေ မှာ အသုံးပြုဖို့ အတွက် အလကားနီးနီး လှူခဲ့ တာဖြစ်လေတော့  C Language ဟာ တက္ကသိုလ် ကျောင်းသားတွေ နဲ့  အနီးစပ်ဆုံး Language တစ်ခု ဖြစ်လာခဲ့ပါတယ်။ဒါကြောင့် ကျောင်းသားတွေ ဟာ High-level မှာ ကြီးစိုးနေတဲ့  COBOL နဲ့  Low-level မှာကြီးစိုးနေတဲ့ Assembly တို့ ကို C Language နဲ့  တိုက်ထုတ်နိုင်ခဲ့ပါတယ်။

1983 မှာ ANSI က C Language Definition ကိုသတ်မှတ်ပြီး ISO ( International Standard Organization ) ကိုတင်ပြခဲ့ရာ 1990 မှာ C Standard Document ကိုဖြန့် ချီနိုင်ခဲ့ပါတယ်။

Ref: Wikipedia
Ref: C++ Basics

konay
04-09-2011, 07:52 AM
ဟုတ်ပါပြီ ကျွန်တော် တို့  Program လေး တစ်ခုလောက် စရေးကြည့် ကြရအောင် ... အရင်ဆုံး Microsoft Visual Studio 2005/8/10 C++ တစ်ခုခု ပေါ့ ဗျာ ...ဗားရှင်း တစ်ခု လောက် ဒေါင်းပြီး ရမ်းထားလိုက်ပါ။
ပြီးရင် Microsoft Visual C++ အဲ့ကောင် ကို ဖွင့် လိုက်ပါ ... Start Page ထွက်လာပါမယ် ...ဗားရှင်းအလိုက် အနည်းငယ်တော့  ကွာခြားပါလိမ့် မယ်... ကိစ္စ မရှိပါဘူး။
ကျွန်တော် ကတော့  Miscrosoft Visual C++ 2010 နဲ့ သုံးထားတာဖြစ်ပါတယ်။
Start Page >>> New Project >>> Win 32 Console Application ကို ရွေးလိုက်ပါ။ အောက်မှာ " Lesson1 " လို့ သာ နိမ်းပေးလိုက်ပါ။

http://i938.photobucket.com/albums/ad222/konayonline/2011/1-12.png

Next ကို ဆက်သွားလိုက်ပါမယ် ..။ Console Application ကို ရွေးပြီး Empty Project ကို အမှတ်ခြစ်ပေးလိုက်ပါ။

http://i938.photobucket.com/albums/ad222/konayonline/2011/2-12.png

ပြီးရင် Solution Explorer ထဲ မှာ Source File ကို R-click ထောက် Add New item ကနေ C++ File(.cpp) ကိုရွေး အောက်က နိမ်းမှာ [glow=red,2,300]"Lesson1" လို့ ရိုက် ပြီးရင် " OK " လိုက်ရင် ပြီးပါပြီ။

http://i938.photobucket.com/albums/ad222/konayonline/2011/3-8.png

http://i938.photobucket.com/albums/ad222/konayonline/2011/4-7.png

Solution Explorer ထဲမှာ Source File ရဲ့  အောက် ကို ခုနက ထည့် လိုက်တဲ့ " Lesson1.cpp " ဆိုတဲ့  ဖိုင်ဝင်လာပြီဆိုရင် အဲ့ဖိုင် ကို ၁ ချက်က လစ်ပြီး ညာဘက် အကွက်မှာ စရေးလို့ ရပါပြီ ခင်ဗျာ ...။

http://i938.photobucket.com/albums/ad222/konayonline/2011/5-3.png

အဲ့မှာ တစ်ချက် ကြည့် ရမှာက အောက်မှာ Output နဲ့  Error List ဆိုတဲ့  အကွက်လေး ပြမပြ ၁ ချက် ကြည့် ၊ မပြရင် View >>> Other Window >>> Error List ကို ကလစ်ပေးလိုက် အိုကေ သွားပါလိမ့် မယ်။

konay
04-09-2011, 07:59 AM
ကျွန်တော်တို့  C++ နဲ့  Program တစ်ခု စရေးတော့ မယ်ဆိုရင် သူ့ ရဲ့  ရေးပုံ ရေးနည်း လေးတွေ ကို စလေ့ လာဖို့ လိုပါမယ်။
အဲ့လို မလေ့ လာ ခင် Error တွေ အကြောင်း တစ်ချက်လောက် ပြောရအောင် ကျွန်တော် အပေါ်မှာ ပြောခဲ့ တဲ့  Error Box ကိုတော့  On ထားဖို့ လိုပါမယ်။

Syntax Error

ဒီကောင်ကတော့  ရှင်းပါတယ် ..။ကျွန်တော်တို့ Program ရေးတာ မှားနေလို့ ပြတဲ့ Error ဖြစ်ပါတယ်။

Semantic Error

ဒီကောင်ကတော့  ကျွန်တော် တို့  Program ရေးတာမှန်တယ် ..ဒါပေမဲ့  Logic မကျဘူးပေါ့ဗျာ ... ကျွန်တော်တို့ က ၁ နဲ့  ၂ ကို ပေါင်းလို့ ရတဲ့  အဖြေကိုထုတ်ခိုင်းထားတယ်။ဒါပေမဲ့  "+" နေရာမှာ "*" ကိုမှားသုံးမိတယ်။

ဟုတ်ပီ ဒါဆိုရင် ကျွန်တော်တို့  Program တစ်ခု စမရေးခင် သိထားရမဲ့  အချက်လေးတွေ ကို စပြောကြည့် ကြရအောင်။

-(၁) #include <iostream> ဆိုပြီးစရေးရပါမယ်။ iostream ဆိုတာ Input Output ထုတ်မှာ မို့ လို့ iostream လို့ စလိုက်တာဖြစ်ပါတယ်။ဒီကောင် က Header ဖြစ်လို့  <iostream.h> လို့ လည်း ရေးလို့ ရပါတယ်။

-(၂) void main() ဒီကောင် က function ပါ။ return ပြန်စရာ မရှိလို့  void main လို့ ရေးလိုက်တာပါ။ တကယ်လို့  integer တစ်ခုခု ကို return ပြန်ရမယ်ဆိုရင် int main() ဖြစ်သွားပါမယ်။

-(၃) Body ကို { နဲ့ } ကြားမှာ ရေးရပါမယ်။

-(၄) programထဲတွင် သုံးထားသမျှ variable အားလုံးကို ကြေငြာပေးရမည်။

-(၅) statement တစ်ခု ဆုံးတိုင်း ဆီးမီးကော်လံ ; ထည့် ကို ထည့် ပေးရပါမယ်။

-(၆) \\ ရဲ့ အနောက်မှာ ရေးသမျှ ဟာ Comment ဖြစ်ပါတယ်။ ၁ နည်းအားဖြင့် Program က အလုပ်မလုပ်ပါဘူး။

သူ့ ရဲ့ အကြမ်းဖြင်းပုံစံကတော့  ဖြစ်ပါမယ်။


#include<iostream>
using namespace std;
int main()
{
int a,b,c;
cout<<"Enter first number";
cin>>a;
cout<<"Enter second number";
cin>> b;
c=a+b;
cout<<"Answer = "<<c;
return 0;
}

ကျွန်တော် တို့  အပေါ် ကပုံစံ လေးမှာ ဆိုရင် int a,b,c; ဆိုတာ variables declaration ဖြစ်ပါတယ် ။ abc ဆိုတာ Integer ဖြစ်ကြောင်းကြော် ငြာပေးလိုက်တာ ဖြစ်ပါတယ်။
ကျွန်တော် တို့  cout<< ကို Interger ဖြစ်တဲ့  a နဲ့ b ကိုပေါင်းလို့  ရတဲ့  အဖြေ ကို ထုတ်ခိုင်းလိုက်ပါတယ်။ Header <iosteram> ကတော့  ရှင်းပါတယ် input output ထုတ်မှာ ဖြစ်လို့  iostream လို့  include လုပ်ပါတယ်။ "Enter first number" ဒိနေရာ မှာတော့  ကျွန်တော် တို့  ပေါင်းခိုင်း ချင်တဲ့ integer ကိုထည့် လိုက်ရင် အဖြေထွက်ပါပြီ။

အဲ့ဒီမှာ ကျွန်တော် တို့  သိထားရမည့်  အချက်တွေ ကတော့  ..........................

int (integer - ကိန်းပြည့်တွေဆိုရင်)
float (ဒသမကိန်းဆိုရင် float လို့ကြေညာပါမယ်)
double (ဒသမကိန်းတွေ သိပ်များသွားတယ်ဆိုရင် double နဲ့ကြေငြာပါတယ်)
unsigned int (အပါင်းကိန်းပြည့်တွေပဲ ဖြစ်မယ်ဆိုရင် unsigned int နဲ့ကြေငြာပါတယ်)

အောက်က attachment ထဲ မှာ ဇယားလေး ကို ကြည့်လိုက် ရင်သဘောပေါက် သွားပါလိမ့် မယ်။

http://www.decashare.com/images/Da28pVRvu-att1.png

konay
04-09-2011, 08:00 AM
ကျွန်တော်တို့  Data Type Integer int ကိုရေးပြီး သွားပြီဆိုရင် char ကိုဆက်သွားလိုက်ကြရအောင်။ Character ဆိုတာကတော့  အကြမ်းဖျင်းပြောရမယ် ဆိုရင် A B C D ..... ပေါ့ဗျာ ။
ဒီကောင်တွေ ကို ASCII Code (American Standard Code for Information Interchange) လို့ ခေါ်ပါတယ်။ ကျွန်တော်တို့  သုံးနေတဲ့ ကွန်ပြူတာတွေ အားလုံးဟာ
A B C D ကို နားမလည် ပါဘူး .. အဲ့ဒီ ASCII Code တွေ ကို သူက ပြန်ထုတ်ပေးလိုက်တာပါ။ အေအကြီး Capital Letter A ဆိုပါတော့  သူရဲ့  code ဟာ 65 ဖြစ်ပါမယ်။ ကွန်ပြူ တာက 65 ဆိုတဲ့  Code ကို A လို့ သူက နားလည်ထားလို့  A ကို ထုတ်ပေးလိုက်တာပါ။

ဟုတ်ပီ ကျွန်တော် တို့  Program အပိုင်း ကို ဆက်သွားလိုက်ကြရအောင် ... Data Type ဖြစ်တဲ့  char ရဲ့  byte ကတော့  1 ဖြစ်ပါတယ်။
သူ့ ရဲ့  Singed Value ( - ကနေ + အထိ ) -123 to 127 အထိ အသုံးပြုနိုင်ပါတယ် ။
Unsigned Value ( 0 နဲ့  အပေါင်းကိန်း ) 0 to 255 အထိ အသုံးပြုနိုင်ပါတယ်။

အောက်က Code လေးကို Run ကြည့်် လိုက်ရအောင် ....


#include <iostream>
#include <conio.h>
using namespace std;
int main()
{
char c = 'A';
cout <<"ASCII code 65 is represent character: " << char(65) << endl;
cout << "Bytes used by char is: " << sizeof(c);
getch( );
}

အဲ့ မှာ တစ်ခု ပြောစရာ ရှိတာက using namespace std; ကို ကျွန်တော် တို့  ဘာလို့ သုံးရသလဲ ဆိုတော့  သူက Library ထဲက Namespace std ကိုခေါ်သုံးဖို့  တစ်ခါတည်းကြော်ငြာ ပေးလိုက်တာပါ။ အဲ့လို မရေးလိုက် ရင် ....

std::cout <<"ASCII code 65 is represent character: " << char(65) << endl;
std::cout << "Bytes used by char is: " << sizeof(c); ဒီလိုတွေ ရေးနေရပါလိမ့် မယ် ။ အဆင်လုံးဝ မပြေပါဘူးဒါကြောင့် အပေါ် မှာ ၁ ခါတည်း ကြော်ငြာလိုက်တာနားအေးပါတယ်။

getch( ); ဆိုတာကတော့  ကျွန်တော် တို့  Command Prompt ထွက်လာတဲ့ အခါ User က ကီးဘုတ်ပေါ် က ကီး တစ်ခုခု နှိပ်မှ သူက ပျောက်သွားမှာပါ။ အဲ့အတွက် detect လုပ်ထားတာပါ။

ဒီလို ထွက်လာပါမယ် .....

http://www.decashare.com/images/hSqBMdz1U-1.png

konay
04-09-2011, 08:02 AM
ဒီတစ်ခါတော့  ကျွန်တော်တို့  short integer ( short int ) ကို အဖြေထုတ်ကြည့် ကြရအောင် ......
သူရဲ့ Value တွေကတော့  Singed မှာ ဆိုရင် -32768 to 32768 အထိရှိပါမယ် ။ Unsigned မှာဆိုရင်တော့  0 to 65535 အထိရှိပါမယ်။

သူ့ ရဲ့ Memory ပမာဏ Byte ကို တွက်ထုတ် ကြည့် ရအောင် .. သူ ရဲ့  Byte က ဘယ်လောက် ယူသလဲ ဆိုတာ ...
တွက်ထုတ် မဲ့ function ကတော့  sizeof() ဆိုတဲ့  function နဲ့  တွက်ထုတ်မှာ ဖြစ်ပါတယ်။ အောက်က ကုဒ် လေးကို run ကြည့် ကြရအောင်။


#include <iostream>
#include <conio.h>
using namespace std;
void main()
{
signed short int s=-32768;
cout << s << '\n' ;
cout << " Byte use by short int is: " << sizeof(s);
getch();
}


အဲ့ဒီ ကုဒ်မှာ ဆိုရင် ကျွန်တော် တို့  n ကို signed short int လို့ ကြော်ငြာလိုက်ပြီး -32768 နဲ့ ပေးညီလိုက်ပါတယ်။ output ကို sizeof() နဲ့  သူ့ ရဲ့ byte ကို တွက်ထုတ်ခိုင်းလိုက်ပါတယ်။အောက်က လို result ထွက်လာပါမယ်။


Result :

-32768
Byte use by short int is: 2

konay
04-10-2011, 01:38 PM
အပေါ်က Lesson တွေကို သဘောပေါက်တယ် ဆိုရင် ဒါလေးတွေ ကို Run ကြည့် ကြပါဦး။
သဘော တရားတွေ ကတော့  အတူတူ ပါဘဲ sizeof() Function နဲ့  သူတို့ ရဲ့ Byte တွေ ကို တွက်ထုတ်ခိုင်းတာပါဘဲ။



#include <iostream>
#include <conio.h>
using namespace std;
void main()
{
unsigned int n = 0;
cout << " Unsigned integer value is: " <<n<< '\n';
cout << " Bytes used by int is: " << sizeof(n);
getch();
}


Result:

Unsigned integer value is: 0
Bytes used by int is: 4





#include <iostream>
#include <conio.h>
using namespace std;
void main( )
{
unsigned long int u = 31356;
signed long int s = -31455;
cout << "Unsigned long integer is:" << u <<'\n';
cout << "Bytes used by unsigned long int is:"<< sizeof(u) <<'\n';
cout << "signed long integer is:" << s <<'\n';
cout << "Bytes used by signed long int is:" <<sizeof(s);
getch( );
}


Result:

Unsigned long integer is:31356
Bytes used by unsigned long int is:4
signed long integer is:-31455
Bytes used by signed long int is:4

konay
04-10-2011, 01:41 PM
Boolean datatype bool

ကျွန်တော်တို့  Boolean အကြောင်းသွားလိုက်ကြရအောင် ... သူက တော့  အမှား/အမှန် ( True/False) ကိုဘဲ ပြမှာ ဖြစ်ပါတယ်။ True/False ဆိုပြီး ပြမှာတော့  မဟုတ်ပါဘူး " 1 " ဆိုရင် True ဖြစ်ပြီး False ဆိုရင်တော့  " 0 " ပြမှာဖြစ်ပါတယ်။



#include <iostream>
#include <conio.h>
using namespace std;
void main()
{
int x = 10;
int y = 1;
bool b = y>x;
cout << " The Boolean Value is: " << b << '\n';
getch();
}


ကဲ ဒီကုဒ် က ရှင်းစရာတောင် မလိုဘူးထင်ပါတယ်။ integer x ကို 10 , integer y ကို 1 လို့ ပေးညီလိုက်ပါတယ်။
bool ကို b လို့ ကြော်ငြော လိုက်ပြီးတော့  y သည် x ထက် ငယ်ပါတယ် ဆိုတော့  မှန်တာပေါ့ဗျာ ။ အဲ့တော့  cout ကို bool ဖြစ်တဲ့ b ရဲ့  value ကို ထုတ်ခိုင်းလိုက်တယ်။
မှန်တဲ့  အတွက် 1 လို့ ထွက်လာပါမယ်။ တကယ်လို့  y>x ဆိုရင်တော့  မှားလို့  0 လို့ ထွက်လာပါလိမ့်မယ်။

konay
04-10-2011, 01:42 PM
float ( ဒသမ ကိန်း)

ဒသမ ကိန်း ဖြစ်တဲ့  point တွေ ကိုတွက်ခိုင်းမယ် ဆိုရင် float ကို သုံးပါမယ်။ အဲ့တော့  ကျွန်တော် တို့  စက်ဝိုင်း ရဲ့ ဧရိယာ ဖြစ်တဲ့  pir2 pi ဆိုတာ ပိုင် sign ကိုပြောတာပါ .. Post ထဲမှာလည်း pi ရဲ့ sign ကို ထည့်လို့ မရဘူးဖြစ်နေတယ် ။ ၁ မျိုးဘဲ ။ အင်းထားလိုက်ပါတော့  စ ရေးကြည့်ရအောင်။



#include <iostream>
#include <conio.h>
using namespace std;
void main()
{
float rad = 2.5;
float pi = 3.14159;
float area = pi * rad * rad ;
cout << " Radius of circle: " << rad <<'\n';
cout << " Area of circle: " << area <<'\n';
getch();
}


float rad = 2.5; float နဲ့  radius ကိုကြော်ငြာပါတယ်။
float pi = 3.14159; float နဲ့  ပိုင် တန်ဖိုး ကိုကြော်ငြာပါတယ်။
float area = pi * rad * rad ; float နဲ့  Area ရဲ့  Formula ကို ရေးပါတယ်။
cout မှာ radius ဘယ်လောက် ဆိုရင် စက်ဝိုင်း ရဲ့  ဧရိယာ ဘယ်လောက် ဆိုပြီး ထုတ်ခိုင်းပါတယ်။

http://www.decashare.com/images/b6fVcYCBy-rad-float.png (http://www.decashare.com/images/b6fVcYCBy-rad-float.png)

konay
04-10-2011, 08:05 PM
double Data Type

ဒီတစ်ခါတော့  ကျွန်တော့ တို့  double ဆိုတဲ့  data type လေးကို ဆက်သွားလိုက်ပါမယ်။ သူကတော့  precision floating point လို့ ခေါ်ပါမယ် .. ဒသမကိန်းတွေ ကို precision အတိအကျ တွက်ထုတ်မဲ့  data type လို့ ခေါ်လိုက်ပါမယ်။ သူရဲ့ Memory သုံးစွဲနိုင်မှု ကတော့  8 byte အထိ သုံးစွဲနိုင်ပါတယ်။
သူရဲ့  Range ကတော့  +/- 1.7e to +/- 308 အထိ သွားပါမယ်။ ဒါဟာဘာကို ဆိုလို လည်း ဆိုတော့  သူ့ ကို Signed ရော ၊ Unsigned ရော ၂ မျိုးလုံးသုံးလို့ ရမယ် လို့ ဆိုပါတယ်။
ရုတ်တရက် ကြည့် လိုက်ရင် 1.7 ကတော့  ဟုတ်ပါပြီ ... " e " က ဘာကြီးတုန်းလို့ မေးစရာရှိလာပါတယ်။ သူကို ဒီလို ရှင်းပါမယ်။ အောက်က ပုံစံ အတုင်း Calculator မှာ မြှောက်ကြည့်လိုက်ပါ။


+1.7^+308 to +1.7^-308
-1.7^+308 to -1.7^-308

ကဲ ... ဒါဆိုရင် သူ့ ရဲ့ memory သုံးစွဲမှု ကို Program နဲ့  တွက်ကြည့် လိုက်ရအောင်။



#include <iostream>
#include <conio.h>
using namespace std;
void main()
{
double a = 3000000.0;
cout << " Double precision floating point is: " << a << '\n';
cout << " Byte occupied is " << sizeof(a) ;
getch();
}


နားလည် လောက်မယ်လို့ ထင်ပါတယ်။ a ကို double လို့ ကြော်ငြာပြီး 3000000.0 နဲ့ ပေးညီ လိုက်ပါတယ်။
output ကို a ရဲ့ တန်ဖိုး ကို ထုတ်ခိုင်းပါတယ်။
Byte occupied ကို sizeof(a) ကို ထုတ်ခိုင်းပါတယ်။
3e+006 လို့ ထွက်လာပါမယ်။ မကြေနပ် ဘူးဆိုရင် Calculator မှာ 3*10^+6 နဲ့တွက်ကြည့်ပါ။

konay
04-10-2011, 08:06 PM
Long Double ( long double )

double နဲ့ long double အမှန်တော့ သိပ်မကွာလှ ပါဘူး ... သူရဲ့  byte ကလည်း 8 byte အတူတူ ပါဘဲ ။
Range ကလည်း +/- 1.7e to +/- 308 အထိသွားတာချင်းကလည်း တူနေပြန်ပါတယ်။ ဒါနဲ့  ဘာလို့ များ ၂ မျိုးကွဲနေရသလဲ ပေါ့ .. အရင် C++ Document တွေ မှာ လိုက်ရှာ ကြည့်တော့  double က 15 digits ဒသမ အနောက် 15 နေရာအထိ ပြတယ် ။ long double ဒင်းကလည်း အတူတူ ဘဲ 15 ဘဲ ။ ဘာကြောင့် များ ၂ မျိုးလာကွဲနေရမှန်းကို မသိဘူး ။ ဒါနဲ့  Microsoft ရဲ့  C++ data type range ထဲ ဝင်ကြည့် ပြန်တော့ လည်း ဒင်းက long double ကို same as double လို့ ချည်းပြနေပြန်ရော။ မယုံရင် ဒီနေရာလေးမှာ (http://msdn.microsoft.com/en-us/library/s3f49ktz%28v=vs.80%29.aspx) သွားကြည့် လို့ ရပါ၏။ ကဲဗျာ သူက long ထားမှတော့  ကိုယ်လည်း လိုက် လောင်းတာပေါ့ ။ သိတဲ့ သူများ ပြန်ဖြေပေးကြပါဦးဗျာ ။

http://www.decashare.com/images/AQ0fVYG2p-ldouble.png (http://www.decashare.com/images/AQ0fVYG2p-ldouble.png)

ကဲ ... ဒီကုဒ်လေးကို ရမ်းကြည့် ကြပါဦး အတူတူ ထွက်လာတယ် ဆိုတာ တွေ့ ကြပါဦးမယ်။ အဲ့တော့  တူရင် တူတယ် လို့ သာမှတ်ထားလိုက်ကြပါတော့ ။ ကျွန်တော်လည်း မရှင်းတက်တော့ ဘူး .. :19: :19: :19: :19:




#include <iostream>
#include <conio.h>
using namespace std;
int main(void)
{
long double PI;
double PI2;

PI = 3.14159265358979323846264338327950288419716939937510;
PI2 = 3.14159265358979323846264338327950288419716939937510;

cout.precision(50);

cout << "PI = " << PI << endl;
cout << "PI = " << PI2 << endl;
cout << "PI = 3.14159265358979323846264338327950288419716939937510" << endl;
cout << "sizeof(double) = " << sizeof(double) << endl;
cout << "sizeof(long double) = " << sizeof(long double) << endl;
getch();
}

konay
04-10-2011, 08:07 PM
wchar_t Data Type

wchar_t ကတော့  ကျွန်တော် အရှေ့ မှာ ပြောခဲ့တဲ့  char ( character ) ဖြစ်တဲ့  ASCII Code ကိုထပ်ပြီး modify လုပ်ထားတာဖြစ်ပါတယ်။ ဘာအတွက်လဲ ဆိုတော့  Unicode Language တွေ အတွက် Wide Character ဆိုပြီး International Language Character တွေ အတွက် ဒီကောင့် ကိုသုံးပါမယ်။ သူ့ ရဲ့  Memory သုံးစွဲမှု ကတော့  အောက်က ပုစ္ဆာ မှာတွက်ထုတ်ပါမယ် bit အနေနဲ့ ကတော့  16 bit အထိရှိပါမယ်။



#include <iostream>
#include <conio.h>
using namespace std;
void main ()
{
wchar_t w = ' Z ' ;
cout << " Wide character value " << w << endl;
cout << " Size of wide character " << sizeof(w) ;
getch();
}



Result :

Wide character value 90
Size of wide character 2


အဲ့လို ထွက်လာပါမယ် ... မယုံရင် ဒီနေရာလေးမှာ (http://www.asciitable.com/) " Z " ရဲ့  ASCII Value ကိုသွားကြည့်လိုက်ကြည့် ပါ။
အဲ့မှာ ပြောစရာ ရှိတာက '\n'; ဆိုတာ အောက် တစ်ကြောင်းဆင်းမယ်လို့ ပြောတာဖြစ်ပါတယ်။ အခု ဒီမှာ သုံးထားတဲ့ endl; ကလည်း End Line တစ်ကြောင်းပြီးပြီ လို့ ပြောတာ ဖြစ်ပါတယ် ... ကုလားကြီး နဲ့  အရာကြီး လိုပါ ဘဲ .. အတူတူ ပါဘဲ ကြိုက်သလို ဆင်းလို့ ရပါတယ် ။