PDA

View Full Version : SMF ဖိုရမ် တစ်ခုကို မြန်မာမှု ပြုချင်တယ် ဆိုရင် ..



konay
04-13-2011, 04:43 AM
SMF ဖိုရမ် တစ်ခုကို မြန်မာမှု ပြုချင်တယ် ဆိုရင် ..

ကျွန်တော် အကြံပေးချင်တာကတော့  ဖိုရမ်ရဲ့  Admin Panel ထဲကနေ မပြင်ပါနဲ့ ။ ftp software နဲ့ အဲ့ဖိုင်ကို ဒေါင်းလုပ်ချလိုက်ပါ။ ဘယ်ဖိုင်လဲ ဆိုတော့ ...
Theme >>> Default >>> Language >>> index.english.php ဆိုတဲ့ ဖိုင်ကိုဒေါင်းလုပ်ချလိုက်ပါ။

http://www.decashare.com/images/gDNa2bVBG-1.png (http://www.decashare.com/images/gDNa2bVBG-1.png)

ပြီးရင်စက်ထဲ ရောက်သွားရင် ထိုဖိုင်ကို ကော်ပီ ပွားထားလိုက်ပါဦး။ တစ်ခုခု မှားသွးရင် အော်ရီဂျင်နယ် ဖိုင်ကို ပြန်အစားထိုးလို့ ရအောင်လို့ အော်ရီဂျင်နယ် ဖိုင်ကို မပြင်ပါနဲ့ ခင်ဗျာ။
ကော်ပီ ပွားပြီး အရင် သိမ်းထားလိုက်ပါ။ ပြီးရင် သူ့ ကို notepad ဖြင့် ဖွင့်ပါ။
notepad ထဲမှာ ပြင်ချင်သလိုသာ ကိုယ် သဘောရှိဘာသာပြန်ပြီး ပြင်လိုက်ပါ။ ဘာ Dictionary မှ မလိုပါ..ကိုယ်ပိုင် အဘိဓာန်ဖြင့် ကြိုက်သလို မြန်မာလိုသာ ရေးပလိုက်ပါ။ဘယ်သူမှ လာမစစ်ပါဘူး။

http://www.decashare.com/images/yexKT85lf-2.png (http://www.decashare.com/images/yexKT85lf-2.png)

http://www.decashare.com/images/E3GW5KyMN-3.png (http://www.decashare.com/images/E3GW5KyMN-3.png)

အဲ့မှာ ပြန် save တဲ့ အခါမှာ ဖိုင်နိမ်းကို မပြောင်းပါဘူး ... index.english.php နဲ့ ဘဲ save ပါမယ်။ Encoding ကိုတော့  UTF-8 လို့ ပြောင်းမှ မြန်မာလို ရိုက်ထားတာ တွေပေါ်မှာ ဖြစ်ပါတယ်။နောက်မို့ ကတော့  ????????????????????????? တွေ ၁ သီကြီးတက်လာပါလိမ့် မယ်ခင်ဗျာ ...။
အားလုံးပြီး သွားရင်တော့  အဲ့ဒီဖိုင်ကို သူ့ နေရာမှာ ပြန် အစားထိုး ( Replace ) လုပ်ပလိုက်ပါခင်ဗျာ ။ကဲ ... ဖိုရမ်ကို မြန်မာမှု ပြုနိုင်ကြပါစေဗျား ..........................။

http://docs.simplemachines.org/index.php?topic=476.0 မှာလည်း သွားရောက်ဖတ်ရှု နိုင်ပါတယ်ခင်ဗျား။