PDA

View Full Version : ဘယ်လိုထင်ပါသလဲ



zayzay681
05-14-2011, 07:04 PM
engine oil, gear oil and some machine parts တွေကိုသူပေးထားတဲ့သက်တန်းကုန်ရင် မသုံးသင့်တော့ဘူးလို့သိထားပါတယ်။ ဒါပေမယ့်တချို့ကတော့အမြင်နဲ့ဆက်သုံးကြပါတယ်။ engineer တယောက်အနေနဲ့ ဘာကမှန်တယ်လို့ထင်ကြပါသလဲ။

ကိုထွန်း
05-14-2011, 10:38 PM
engine oil, gear oil and some machine parts တွေကိုသူပေးထားတဲ့သက်တန်းကုန်ရင် မသုံးသင့်တော့ဘူးလို့သိထားပါတယ်။ ဒါပေမယ့်တချို့ကတော့အမြင်နဲ့ဆက်သုံးကြပါတယ်။ engineer တယောက်အနေနဲ့ ဘာကမှန်တယ်လို့ထင်ကြပါသလဲ။

ကိုဇေဇေ ခင်ဗျား

lubricating system တွေအတွက်၊ မြန်မာအင်ဂျင်နီယာဖိုရမ်မှာ ကျွန်တော်သိသလောက်၊ ရေးသားဖော်ပြထားတာလေးတွေကတော့၊ Lubricating System http://myanmarengineer.org/forums/showthread.php?115-Marine-Engineering/page17 နဲ့ Lubricating Oil ရဲ့ Specification http://myanmarengineer.org/forums/showthread.php?115-Marine-Engineering/page26 ဆိုပြီး၊ တပိုင်းတစရှိခဲ့ပါတယ်။ engineer တွေကို၊ အခုလို တွေးတောကြည့်ဖို့ လမ်းစဖော်ပေးတဲ့အခါ အံ့သြမိသလို၊ ကျေးဇူးလည်းတင်မိပါတယ်။ လိုနေတာတွေအတွက် ကိုဇေဇေ ရဲ့ အမြင်ကိုလည်းဖြည့်စွက်ဆွေးနွေးပေးပါခင်ဗျား။

အေ၇ာ
05-15-2011, 08:43 AM
ချွေတာရေးအမြင်နဲ့ ဆက်သုံးချင်သူရှိတယ်လို့တင်ပြတာလား တွေးမိပါတယ်။

အင်ဂျင်နီယာတစ်ယောက်အနေနဲ့ဆိုလျှင်တော့ ဘယ်ဟာက အမှန်ဆိုတာ အတိအကျ သိနေရမှာပါ၊ အထင်နဲ့ ဆုံးဖြတ်လုပ်ကိုင်တာမျိုး မဖြစ်သင့်တော့ဘူးလို့မြင်ပါတယ်။
(Engine Oil အတွက် သက်တမ်းကုန်တယ်ဆိုတာ လုံးဝမသုံးစွဲရသေးပဲနဲ့ သိုလှောင်ထားတဲ့အချိန်ကာလကျော်သွားတာမျိုးကို ဆိုလိုတာလား၊ သုံးစွဲနေပြီး စက်မောင်းနာရီ သို့မဟုတ် သတ်မှတ်ကာလ ကျော်သွားတာကိုဆိုလိုတာလားလည်း ရှင်းလင်းစွာမသိပါဘူး။)

မိမိတို့ သုံးစွဲနေတဲ့ ချောဆီများရဲ့ အရည်အသွေးကို စစ်ဆေးသိရှိနိုင်တဲ့ နည်းစနစ်တွေရှိပြီး ထုတ်လုပ်သူရဲ့ညွှန်ကြားချက်များဟာ ဘာကိုရည်ရွယ်ညွှန်ကြားတယ်ဆိုတာကောင်းစွာသိထားခဲ့လျှင် ထုတ်လုပ်သူရဲ့တိုက်တွန်းချက်ကို လိုက်နာဖို့လိုသလား/ ရံဖန်ရံခါ (ခိုင်လုံသောအကြောင်းပြချက် အခြေအနေတစ်ခုခုအရ) မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်ရန်လိုသလား အဖြေတစ်ခုရနိုင်မယ်လို့ ယူဆပါတယ်။

ညွှန်ကြားချက် အချို့ဟာ သုံးစွဲမည့် လူအမျိုးမျိုးအတွက် မကောင်းတဲ့အကျိုးဆက်များမဖြစ်ပေါ်အောင် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယေဘုယျသဘောဆောင်နေတာရှိသလို၊ တိကျစွာလိုက်နာကြဖို့ ရည်ရွယ်ချက်ရှိရှိတိုက်တွန်းထားတာမျိုးတွေလည်းရှိနေနိုင်ပါတယ်။ ဒါတွေကို အသေးစိတ်ခွဲခြားသိနားလည်ထားနိုင်ဖို့က လိုက်နာမယ်/မလိုက်နာဘူး ဆုံးဖြတ်ချက်ပေးရမယ့်သူရဲ့တာဝန်လို့မြင်ပါတယ်။
စက်ပစ္စည်းအစိတ်အပိုင်းတွေအတွက်လည်း ဒီသဘောပဲဖြစ်မယ်လို့ ယူဆပါတယ်။

လေးစားစွာဖြင့်
အေ၇ာမေ

zayzay681
05-15-2011, 09:53 AM
အင်ဂျင်နီယာတစ်ယောက်အနေနဲ့ဆိုလျှင်တော့ ဘယ်ဟာက အမှန်ဆိုတာ အတိအကျ သိနေရမှာပါ၊ အထင်နဲ့ ဆုံးဖြတ်လုပ်ကိုင်တာမျိုး မဖြစ်သင့်တော့ဘူးလို့မြင်ပါတယ်။
ှsenior engineer တွေကိုယ်တိုင်က" စက်မောင်းနာရီ "ကျော်တဲ့ဆီတွေကို ဆက်သုံးနေတာ.........သက်တမ်းကုန်..မသုံးသင့်တော့တဲ့ parts တွေကိုဝယ်မဖြည့်တာ.....တွေတွေ့ရလို့ပါ.......
ကျွန်တော့်အမြင်ကတော့ engineer မဟုတ်တဲ့လူက "မသိလို့ " သုံးခိုင်းရင် သိအောင် ရှင်းပြရပါမယ်......မရရင် ဖြစ်လာတဲ့အကျိုးဆက်က engineer နဲ့မဆိုင်သင့်ပါဘူး........

အေ၇ာ
05-17-2011, 09:24 AM
အစ်ကိုတို့ရေ

အေ၇ာတင်ပြချင်တဲ့ရှုထောင့်က အချိန်ပေးမဆွေးနွေးနိုင်သေးတော့ လိုရင်းမရောက်ဖြစ်နေတာ ခွင့်လွှတ်သီးခံပေးကြဖို့ တောင်းပန်ပါတယ်။
စက်မောင်းတစ်ဦးကို အင်ဂျင်နီယာတစ်ဦးက သိသင့်သိထိုက်တာရှင်းပြနေတာကို အေ၇ာကြားခဲ့ဖူးပါတယ်။
အင်ဂျင်လည်ပတ်နိုင်အောင် လောင်စာဆီနဲ့မောင်းရတာဖြစ်ပေမယ့် အင်ဂျင်အစိတ်အပိုင်းတွေပုံမှန်အလုပ်လုပ်နိုင်အောင်ရယ် အင်ဂျင်ကြံ့ခိုင်မှုရေရှည်တန့်အောင်ရယ်အတွက်က သက်ဆိုင်ရာ ချောဆီအမျိုးမျိုးကိုစနစ်တကျစစ်ဆေးသုံးစွဲပေးဖို့ အလွန်အရေးကြီးတယ်တဲ့။ (မူရင်းအတိုင်းမဟုတ်ပေမယ့် အေ၇ာနားလည်မှတ်မိသလို ပြန်ဖေါ်ပြလိုက်တာပါ)
ဒီအခါမှာ အေ၇ာသဘောပေါက်မိတာက မိမိရင်းနှီးမတည်ထားတဲ့စက်ပစ္စည်းဟာ အကောင်းဆုံးအနေအထားနှင့် အဆက်မပြတ်လည်ပတ်နေစေရေး/ ရေရှည်ကြံ့ခိုင်ရေးတွေထက် အရေးကြီးတဲ့ အခြေအနေတစ်ခုခုပေါ်ပေါက်နေခဲ့သော် အလွန်အရေးကြီးတယ်လို့ ထုတ်လုပ်သူကညွှန်းထားတဲ့ အချက်များကိုပင်လျှင် အခိုက်အတန့်အားဖြင့် လစ်လျူရှုထားသင့်တယ်ရယ်လို့ဖြစ်ပါတယ်။ (အေ၇ာက အင်/ယာ မဟုတ်သလို ဒီအမြင်က အင်/ယာ များကို ကိုယ်စားမပြုပါဘူးရှင်။ အသေးစိတ် ဥပမာတွေကိုလည်း မပေးနေတော့ပါဘူးနော်။)

လေးစားစွာဖြင့်
အေ၇ာမေ

cy
05-17-2011, 09:35 PM
အင်ဂျင်ဝိုင် သက်တမ်းက အတိကျ ပြောလို. မရနိင်ပါဘူး ... ဒီဇယ်နဲ. ဓါတ်ဆီ အင်ဂျင်မှာတောင် ဒီဇယ် အင်ဂျင်က ပိုညစ်ပတ်ပါတယ် ။ အင်ဂျင်ကောင်းရင် အင်ဂျင်ဝိုင် သိပ် လဲစရာ မလိုပေမယ့် အင်ဂျင် က မီးခိုး လူလူ ထွက်နေရင် အင်ဂျင်ဝိုင်လဲ မြန်မြန် ညစ်ပတ်မှာပဲ ... oil level ကို မှန်မှန် ချိန်ပေးဖို.ပဲလိုတာ ။ ပုံမှန်ထက်ပိုလာရင် ... တခါ တလေ oil leak လဲဖြစ်နိင်တယ် ... engine wear လဲရှိမယ် ။

ဂီယာဝိုင်ကြတော့ enclose box ထဲမှာ အသေ ရှိနေတာ ။ သူက transmission တွေကြားမှာပဲ အင်ဂျင်ဝိုင်ထက်စာ ရင် ပိုပျစ်တယ် ။ viscosity မြင့်တယ်လေ ။ ထရပ်ကားလို မျိုး ဂီယာကြီးတဲ့ ကားမျိုးဆိုရင် ဂီယာဘောက်ကို ဂရုစိုက်ရတယ် ။ မကြာ ခဏ စစ်ဆေးရတယ် ။

အေ၇ာ
05-17-2011, 10:09 PM
အင်ဂျင် အသစ်ပဲဖြစ်ဖြစ် ပြန်ကိုင်ပြီးစအသားမကျခင်ဖြစ်ဖြစ် ထည့်သုံးတဲ့ အင်ဂျင်ဝိုင်ကို စက်မောင်းနာရီအနည်းငယ်အတွင်း ချက်ခြင်းလဲလှယ်ဖို့လိုတယ်လို့ အေ၇ာကြားဖူးပါတယ်၊ ပြောပြသူရဲ့အဆိုကတော့ သံအမှုံအစလေးတွေထွက်ပေါ်လာတာ ကျန်ရှိနေမှာစိုးလို့ပါတဲ့ရှင့်။
နောက်ပြီးတော့ အင်ဂျင်ဝိုင်အောက်ခံခွက်မှာရှိတဲ့ ဖေါက်ထုတ်ချတဲ့ ပလပ်မှာ သံလိုက်ပါတာကိုလည်း အေ၇ာကိုယ်တိုင်တွေ့ဖူးပါတယ်။ အဲဒီတော့ ဒီလိုအခြေအနေမှဖေါက်ယူရတဲ့အင်ဂျင်ဝိုင်ကို သံလိုက်အသုံးပြုသန့်စဉ်ပြီးနောက် ဇကာနှင့်ထပ်စစ်ယူကာ အသစ်နဲ့ရောသုံးလျှင် ရနိုင်မလား သိချင်ပါတယ်။
သူတို့က အရောင်လည်း မမဲ တဲ့အပြင် ကျဲလဲမသွားသေးပဲ ပြစ်နေဆဲမို့ပါ။
(ဟိုလေ အေ၇ာကြားဖူးတာက SAE40 ဆိုလား ဘာဆိုလား အဲဒါမျိုး အရည်အသွေးမီမမီ အစက်ချကာ ရေတွက်တိုင်းတာကြတဲ့နည်းလည်းရှိတယ်ဆိုသလားလို့။ တိုင်းတာစစ်ဆေးတော့လဲ ကောင်းနေခဲ့လျှင်ပေါ့လေ။)
နှမြောလို့ပြောတာဟုတ်ဘူးနော်၊ သိချင်လို့စပ်စုကြည့်တာပါ။

လေးစားစွာဖြင့်
အေ၇ာမေ

cy
05-17-2011, 11:10 PM
နည်းနည်းတော့ရောကုန်ဘီ ... အမ အေရာ မေ ပြောတဲ့ ပလပ်မှာ သံလိုက်ပါတဲ့ ဘောက်က ဂီယာဝိုင် ...
machining ခုတ်စားထားတဲ့ အတွက် steel burr လေးတွေ ကျန်ခဲ့တယ် အဲ့ဒါကို ပျောက်ချင်လို. လုပ်တာပါ ။ ဇကာနဲ. စစ်ချမယ်ဆိုရင် စကား သေးသေးလေး လိုတာ ကော်ဖီမစ် စက်ရုံက သွားဌားရမယ်ထင်တယ် ။

ဟုတ်ပါတယ် ကျနော်မှတ်သားဖူးတာလဲ SAE ဆိုတာ အတိအကျ ပေးထားတဲ့ standard တစ်ခုမဟုတ်ပါဘူး ။ အစက်ချတဲ့နည်းပဲ ပျမ်းမျှအချိန် စက္ကန်.လေး ကို မှတ်ထားတာ ... ဥပမာ အရည်က ကျဲလို. ရှိရင် မြန်မြန်ကျမယ်(၁၀ စက္ကန်.နဲ.ကျမယ်ဆိုပါဆို SAE10) ပိုပျစ်လာတာနဲ. အမျှ နှေးလာမယ်(စက္ကန်.၄၀ SAE40) အဲ့လိုမျိုးမှတ်သားနိင်တယ် ။ ဒါဆို SAE20 နဲ. SAE40 ဆိုရင် နံပါတ်ကြီးတဲ့ 40 က ပိုပျစ်မယ် ။

ကိုထွန်း
05-19-2011, 11:45 AM
ှsenior engineer တွေကိုယ်တိုင်က" စက်မောင်းနာရီ "ကျော်တဲ့ဆီတွေကို ဆက်သုံးနေတာ.........သက်တမ်းကုန်..မသုံးသင့်တော့တဲ့ parts တွေကိုဝယ်မဖြည့်တာ.....တွေတွေ့ရလို့ပါ.......ကျွန်တော့်အမြင်ကတော့ engineer မဟုတ်တဲ့လူက "မသိလို့ " သုံးခိုင်းရင် သိအောင် ရှင်းပြရပါမယ်......မရရင် ဖြစ်လာတဲ့အကျိုးဆက်က engineer နဲ့မဆိုင်သင့်ပါဘူး........
ကိုဇေဇေခင်ဗျား

လက်တွေ့လုပ်ငန်းခွင်မှာ၊ တွေ့ရတတ်တဲ့ အခက်အခဲတခုပါပဲ။ စနစ်ကျတဲ့ management system နဲ့ budget system မျိုးရေးဆွဲထားမယ်ဆိုရင်တော့ ဒီအခက်အခဲကို၊ ဖြေရှင်းလို့ ရပါတယ်။ running hours အရ planned maintenance schdule တခုကိုရေးဆွဲပြီး၊ ခေါင်းစဉ်တွေကိုခွဲထုတ်လိုက်ရင် regular maintenance, top overhauling, completed overhauling နဲ့ occational repairing ရယ်ဆိုပြီး ထွက်လာပါလိမ့်မယ်။

regular maintenance, top overhauling, completed overhauling အတွက်၊ store နဲ့ spare parts တွေအတွက်၊ တနှစ်တာဝင်ငွေရဲ့ ရာခိုင်နှုံးဘယ်လောက်သုံးမယ်၊ အဲဒီ ရာခိုင်နုံးပမာဏထက် ရာခိုင်နှုံးတန်ဘိုးတခုကို၊ ထပ်ဆောင်းပြီး occational repairing အတွက်သုံးမယ်၊ အစရှိသလိုစီမံထားကြပါတယ်။

store ကို consumable store နဲ့ non-consumable store အဖြစ်ထပ်မံခွဲခြားပြီး၊ air cond' gas ကအစ lubricating oil, grease, cooling water treatment, V belt, lighting, battery, welding electrodes အစရှိတဲ့ အသုံးပြုရင်း ကုန်ဆုံးသွား မယ့် items တွေကို၊ consumable store အနေနဲ့သတ်မှတ်ရပါတယ်။ hand tools တွေ၊ safety protetion gears တွေ အစရှိတာတွေကိုတော့ non-consumable store အဖြစ်သတ်မှတ်ရပါတယ်။ ကျွန်တော့် အလုပ်ခွင် မှာတော့ majour damage လို၊ occational repairing အတွက်၊ အာမခံ insurance မှ တဆင့်ပေးချေပါတယ်။


အင်ဂျင် အသစ်ပဲဖြစ်ဖြစ် ပြန်ကိုင်ပြီးစအသားမကျခင်ဖြစ်ဖြစ် ထည့်သုံးတဲ့ အင်ဂျင်ဝိုင်ကို စက်မောင်းနာရီအနည်းငယ်အတွင်း ချက်ခြင်းလဲလှယ်ဖို့လိုတယ်လို့ အေ၇ာကြားဖူးပါတယ်၊ ပြောပြသူရဲ့အဆိုကတော့ သံအမှုံအစလေးတွေထွက်ပေါ်လာတာ ကျန်ရှိနေမှာစိုးလို့ပါတဲ့ရှင့်။ နောက်ပြီးတော့ အင်ဂျင်ဝိုင်အောက်ခံခွက်မှာရှိတဲ့ ဖေါက်ထုတ်ချတဲ့ ပလပ်မှာ သံလိုက်ပါတာကိုလည်း အေ၇ာကိုယ်တိုင်တွေ့ဖူးပါတယ်။


နည်းနည်းတော့ရောကုန်ဘီ ... အမ အေရာ မေ ပြောတဲ့ ပလပ်မှာ သံလိုက်ပါတဲ့ ဘောက်က ဂီယာဝိုင် ...machining ခုတ်စားထားတဲ့ အတွက် steel burr လေးတွေ ကျန်ခဲ့တယ် အဲ့ဒါကို ပျောက်ချင်လို. လုပ်တာပါ ။ ဇကာနဲ. စစ်ချမယ်ဆိုရင် စကား သေးသေးလေး လိုတာ ကော်ဖီမစ် စက်ရုံက သွားဌားရမယ်ထင်တယ် ။

အခုလိုဆွေးနွေးပေးတဲ့ ညီမ မအေရာ နဲ့ ကို cy တို့ကိုကျေးဇူးတင်ပါတယ်။ engine တွေရဲ့ lubricating နဲ့ ပက်သက်ပြီး၊ မှတ်သားမိတာလေးတွေကို၊ ဖြည့်ပေးပါရစေ ခင်ဗျား။

http://img688.imageshack.us/img688/3987/c494551cc4a0ac77c1a751d.jpg

http://img836.imageshack.us/img836/6692/d1ea99a43070e61575fcb3e.jpg

http://img263.imageshack.us/img263/3872/e0fec98e861af171a072f6a.jpg
Fig. Hydrodynamic lubrication or thick film lubrication

http://img714.imageshack.us/img714/1275/24c5e43cce0da111a396d59.jpg
Fig. Hydrostatic lubrication

http://img5.imageshack.us/img5/5041/e895d4db405707fb0a00142.jpg
Fig. Boundary lubrication or thin film lubrication

Lubricating system တွေကိုခွဲခြားကြည့်ရင် Hydrodynamic lubrication or thick film lubrication, Hydrostatic lubrication, Boundary lubrication or thin film lubrication နဲ့ Extreme pressure lubrication ဆြိုပီးတွေ့ရမှာဖြစ် ပါတယ်။

အင်ဂျင်ဝိုင် သို့မဟုတ် Lubricating Oil ကိုသုံးရခြင်းရည်ရွယ်ချက်က Engine အတွင်းက လှုပ်ရှားလည်ပတ်နေတဲ့ Shaft နဲ့ Bearing ကိုတိုက်ရိုက်ထိတွေ့မှုမဖြစ်စေပဲ၊ ကြားခံအလွှာ တစ်ခုအနေနဲ့ရှိနေစေပြီး Wear Down ပွန်းစားမှုကို လျှော့ချပေး နိုင်စေဖို့၊ ချောဆီ lubricants အနေနဲ့ ရည်ရွယ်အသုံးပြုရုံတင်မကပါဘူး။ Cooling Agent, Sealing Agent, Cushioning Agent နဲ့ Cleaning Agent တို့အဖြစ်အသုံးပြုထားတာကို တွေ့ရမှာဖြစ်ပါတယ်။

Engine အတွင်းက လှုပ်ရှားလည်ပတ်နေတဲ့ အစိတ်အပိုင်းတွေကနေ ထွက်ပေါါလာတဲ့ အပူကို၊ lubricating oil ဆီသို့ ကူးပြောင်းခြင်းဖြင့် cooling Agent အနေနဲ့အသုံးချကာ၊ cooler မှာအအေးပြန်ခံခြင်း၊

Engine အတွင်းက လည်ပတ်နေတဲ့ journals တွေနဲ့ bearings တွေကြားမှာ pressure ရှိတဲ့ အလွှာတစ်ခုအဖြစ်တည်ရှိ နေပြီး အကြောင်း တစ်စုံကြောင့် heavy load ဆိုတဲ့ ဝန်တစ်ခုခုသက်ရောက်လာခဲ့ရင် bearings အပေါါ တိုက်ရိုက် သက်ရောက်တတ်တာကြောင့်၊ wear Down ပွန်းစားမှု မဖြစ်စေဖို့ lubricating oil ကို၊ ကြားခံအလွှာ cushioning agent အနေနဲ့ အသုံးချခြင်း၊

engine အတွင်း cylinder liner wall နဲ့ piston rigs တွေကြားမှာ seal အတားအဆီးအနေနဲ့ဝင်ရောက်နေရာယူပေးခြင်း
ဖြင့် combustion ကြောင့်ဖြစ်ပေါါလာတဲ့၊ exhaust gas တွေ engine ရဲ့ အောက်ပိုင်းသို့ ကူးပြောင်းစီးဆင်းမသွားအောင် lubricating oil မှ၊ sealing agent အနေနဲ့ အသုံးချခြင်း၊

engine အတွင်းလှုပ်ရှားလည်ပတ်နေသော အစိတ်အပိုင်းတွေ၊ ပွန်းစားမှုကြောင့်ထွက်ပေါါလာတဲ့ particles အမှုန်အမွှား အစိတ်အပိုင်းလေးတွေနဲ့ မီးလောင်ပေါက်ကွဲမှုကနေ ထွက်ပေါါလာတဲ့ dirt Particles တွေကို၊ လှည့်ပါတ်စီးဆင်းနေတဲ့ lubricating oil ကသယ်ဆောင်သွားပြီး၊ filter များဆီသို့ပေးပို့ကာ သန့်စင်စေခြင်းဖြင့်cleaning agent အနေနဲ့ အသုံး ချခြင်း၊ ဆိုပြီးပြောနိုင်ပါတယ်။

internal combustion engine တွေမှာ၊ လည်ပတ်မှုတွေကတဆင့် ပွန်းစားမှုတွေဖြစ်သလို၊ material composition အား နည်းမှုကြောင့်ပဲဖြစ်ဖြစ်၊ heat corrosion ကြောင့်ပဲဖြစ်ဖြစ် metal particles အစိတ်အပိုင်းလေးတွေလည်း ပဲ့ထွက် လာတတ်ပါတယ်။ အလားတူပဲ post combustion နဲ့ pre combustion တွေမှာလည်း၊ dirt particles တွေဖြစ်ပေါါတတ် ပါတယ်။ အဲဒီ metal particles တွေနဲ့ dirt particles တွေဟာ crank case ထဲကိုရောက်လာတဲ့အခါ၊ သံပါဝင်တဲ့ particles တွေဟာ oil pan မှာတတ်ဆင်ထားတဲ့ magent မှာကပ်ငြိပြီး၊ အခြား particles တွေကတော့၊ lubricating oil နဲ့အတူ filters တွေထံရောက်သွားပါတယ်။

engine အကြီးကြီးတွေမှာဆို၊ oil sump ထဲက lub. oil suction pipeline မှာ၊ သံလိုက်တွေကပ်ထားသလို၊ engine အသေး တွေမှာတော့ oil pan မှာ drain plug လို သံလိုက်ကပ်ထားတာတွေ့ဖူးပါတယ်။ အလားတူပဲ 4 stroke engine တွေမှာဆိုရင် completed overhauling လုပ်ပြီးနာရီအနည်းငယ်မောင်းပြီးတာနဲ့ filter လဲရသလို၊ နာရီ ၁၀၀ ကနေ ၂၀၀ ကြားမှာ၊ system lub. oil ကိုအသစ်လဲလှယ်ဖို့၊ ညွှန်ကြားထားတာတွေလည်းရှိပါတယ်။


အင်ဂျင်ဝိုင် သက်တမ်းက အတိကျ ပြောလို. မရနိင်ပါဘူး ... ဒီဇယ်နဲ. ဓါတ်ဆီ အင်ဂျင်မှာတောင် ဒီဇယ် အင်ဂျင်က ပိုညစ်ပတ်ပါတယ် ။ အင်ဂျင်ကောင်းရင် အင်ဂျင်ဝိုင် သိပ် လဲစရာ မလိုပေမယ့် အင်ဂျင် က မီးခိုး လူလူ ထွက်နေရင် အင်ဂျင်ဝိုင်လဲ မြန်မြန် ညစ်ပတ်မှာပဲ ... oil level ကို မှန်မှန် ချိန်ပေးဖို.ပဲလိုတာ ။ ပုံမှန်ထက်ပိုလာရင် ... တခါ တလေ oil leak လဲဖြစ်နိင်တယ် ... engine wear လဲရှိမယ် ။

အသုံးပြုမယ့် lubricating oil ရဲ့ သက်တမ်းနဲ့ပက်သက်လို့လည်း မှတ်သားမိသလောက်လေးကိုဖော်ပြချင်ပါတယ်။ စက်မောင်းချိန် ကြာလာတာနဲ့ အမျှ၊ lub. oil ရဲ့ quality ဟာကျဆင်းလာတတ်ပါတယ်။ lub. oil ရဲ့ viscoscity ကျဆင်းမှု ဟာ ပိုမိုသိသာပါတယ်။ oxygen oxidizes တွေနဲ့ high temperature ကြောင့်၊ viscoscity ကျရတာဖြစ်သလို၊ lubricating agent အနေနဲ့ရော cushioning agent အနေနဲ့ ပါ၊ မဆောင်ရွက်နိုင်တော့တဲ့အခါ၊ engine အစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီး စေတတ်ပါတယ်။

နောက်တခါ ဒီဇယ်အင်ဂျင်တွေမှာ fuel pump နဲ့ fuel injectors တွေကောင်းကောင်းအလုပ်မလုပ်ရင်၊ lub. oil နဲ့ fuel ရောကာ flash point တန်ဘိုးကျတတ်ပါတယ်။ အကယ်၍ o ring တွေ၊ gasket တွေကတဆင့် cooling water နဲ့ lub oil ရောသွားတဲ့အခါ၊ corrosion နဲ့ oxidation ကိုဖြစ်ပေါါစေတတ်ပါတယ်။ အလားတူပဲ solid impurities တွေပါလာရင် အမြန်ဆုံးလဲလှယ်သင့်ပါတယ်။ တဆက်တည်းဖတ်လို့ရအောင်၊ ရေးခဲ့ဖူးတာလေးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။


ရေကြောင်းအင်ဂျင်နီယာဘာသာရပ်ခေါင်းစဉ်အောက်မှာ LO ဆိုတဲ့ Lubricating Oil နဲ့ပက်သက်ပြီးရေးခဲ့ဖူးပါတယ်။ အခု တခါ Internal Engine တွေမှာ အသုံးပြုတဲ့ Lubricating Oil ရဲ့ Specification နဲ့ ပက်သက်ပြီး၊ မှတ်သားမိသလောက်ကို ဖော်ပြပါဦးမယ်ခင်ဗျား။

Fuel လောင်စာအနေနဲ့ HFO Heavy Fuel Oil သို့မဟုတ် MDO Marine Diesel Oil သို့မဟုတ် MGO လို့ခေါါတဲ့ Marine Gas Oil ကိုအသုံးပြုမောင်းနှင်တဲ့ Engine တွေမှာ၊ အသုံးပြုမယ့် Lubricating Oil ကို ယေဘုယျအားဖြင့်

၁။ Anti-Foam Characteristics, ၂။ Anti-Wear Properties, ၃။ Load Carrying Abality, ၄။ Detergency Level, ၅။ Axidation Resistance, ၆။ Anti-Corrosion Properties, ၇။ Water Separation Ability (Demulsibility), ၈။ Neutralization Ability နဲ့ Alkanity (TBN) အစရှိတဲ့ Specification အချက်အလက်အလက်တွေပေါါ မူတည်ကာ ရွေးချယ် သုံးစွဲရပါတယ်။

TBN လို့ခေါါတဲ့ Total Base Number ဆိုတာကတော့၊ Lubricating Oil မှာပါရှိတဲ့ Alkanity အချိုးအဆဖြစ်ပါတယ်။ အသုံးပြုတဲ့ Fuel လောင်စာဆီမှာ ပါဝင်တဲ့ Sulpher ကြောင့်၊ Engine အတွင်းမှာ လှည့်ပတ်နေတဲ့ LO မှာ Acids ဓါတ်တွေ၊ အနည်းနဲ့အများ ဖြစ်ပေါါရပါတယ်။ Acids ဓါတ်ရဲ့ Neutralizing Effect ရယ်ကြောင့်၊ LO မှာနဂိုမူလရှိနေတဲ့ TBN တန်ဘိုးဟာတဖြည်းဖြည်းလျှော့ကျသွားပြီး၊ အချိန်ကာလ တခုမှာ တော့ အသုံးပြုထားတဲ့ LO အမျိုးအစားအရ TBN တန်ဘိုး အနည်းဆုံး တခုကို၊ ရောက်ရှိသွားပါတယ်။ TBN တန်ဘိုး အနည်းဆုံးတခုကိုရောက်ရှိ သွားခြင်းကို TBN Equilibrium ရယ်လို့ခေါါဆိုပါတယ်။ Quality အမျိုးအစားကောင်းတဲ့ LO ကောင်းတဲ့ LO တွေနဲ့၊ Quality မကောင်းတဲ့ LO ကိုနှိုင်းယှဉ်သုံးကြည့်တဲ့အခါ၊ အမျိုးအစားကောင်းတဲ့ ကောင်းတဲ့ LO ဟာ TBN တန်ဘိုးကို၊ TBN Equilibrium တန်ဘိုး အထိမရောက်ခင် အချိန်အတော်ကြာထိမ်းသိမ်းထားနိုင်တာကို၊ တွေ့ရပါတယ်။

Internal Combustion Engine တွေမှာ၊ Combustion ကြောင့်ဖြစ်ပေါါလာတဲ့ Small Paricles တွေနဲ့၊ Fuel လောင်ကျွမ်းရာမှ ဖြစ်ပေါါ လာတဲ့ Carbon Residue တွေအပါအဝင်၊ အခြားသော Impurities တွေဟာလည်း၊ LO မှာ ရောနှော ပါဝင်နေလေ့ရှိပြီး Contamination ရယ်လို့၊ ခေါါဆိုပါတယ်။ ဒါ့အပြင် အခြားသော Contamination အနေနဲ့ Fresh Water သို့မဟုတ် Salt Water တွေလည်း၊ ရောနှောပါဝင်နေတတ်ပါတယ်။ Contanmination ပမာဏ အနည်းငယ်ဟာ LO ရဲ့ အရည်အသွေးကိုထိခိုက်စေခြင်းမရှိပေမယ့် Contanmination ပမာဏများရင်တော့ Engine ရဲ့ အစိတ်အပိုင်းတွေကို၊ ထိခိုက်ပျက်စီးစေတတ်ပါတယ်။

Contanmination ကို၊ LO Filter များအသုံးပြုကာစစ်ထုတ်ဖယ်ရှားပေမယ့်လည်း၊ Solid Contanmination ကိုတော့၊ LO Filter များဟာ မဖယ်ရှားနိုင်ပါဘူး။ Engine မှာလက်ရှိ အသုံးပြုနေတဲ့ LO ရဲ့ အခြေအနေကိုသိစေဖို့ Running Hour စက်မောင်းချိန် ၁၀၀၀ လောက်ရှိတိုင်း၊ Sample နမူနာယူကာ မူလ LO ထုတ်လုပ်ရောင်းချသူထံပေးပို့ပြီး၊ ဓါတ်ခွဲစစ်ဆေး လေ့ ရှိပြီး LO Analysis လုပ်တယ်လို့ခေါါကြပါတယ်။

ပုံမှန် LO Analysis Report တစောင်မှာ စစ်ဆေးဖော်ပြလေ့ရှိတာတွေကတော့ ၁။ Specific Gravity, ၂။ Flash point, ၃။ Viscosity, ၄။ Total Acid Number (TAN), ၅။ Strong Acid Number (SAN), ၆။ Alkalinity, ၇။ Water, ၈။ Conradson Carbon, ၉။ Precipitation Number နဲ့ ၁၀။ Ash Content တို့ဖြစ်ကြပါတယ်။

Lubricating Oil ရဲ့ Specific Gravity ဟာပုံမှန်အားဖြင့်၊ 0.9 ကနေ 0.98 gr/cu.cm ခန့်ရှိပါ တယ်။ Flash Point နိမ့်တဲ့အခါ LO ဟာ Combustible Vapour အဖြစ်အသွင် ကူးပြောင်းသွား တတ်ပါတယ်။ Oxidiation ကြောင့် LO ရဲ့ Viscosity မြင့်တက်လာတတ်ပြီး၊ LO မှာ FO Heavy Fuel Oil သို့မဟုတ် ရေ ရောနှော ပါဝင်မှုကြောင့် Oxidiation ဖြစ်ပေါါရပါတယ်။ Viscosity ကျဆင်းရခြင်းကတော့ LO မှာ MDO Marine Diesel Oil သို့မဟုတ် MGO Marine Gas Oil ရောနှောပါဝင်မှုကြောင့်ဖြစ်ပါတယ်။

Total Acid Number (TAN) ဆိုတာကတော့ Lubricating Oil မှာပါဝင်နေတဲ့ Organic နဲ့ Inorganic Acid ဓါတ်တွေကိုစစ်ဆေးတိုင်းတာဖြစ်ပြီး Organic သို့မဟုတ် Veak တွေဟာလည်း၊ Oxidation ကြောင့်ဖြစ်ပွား လာရခြင်းဖြစ်ပါတယ်။

Strong Acid Number (SAN) ဟာ Inorganic Acid ဓါတ်များအတွင်းမှ ပိုမိုပြင်းထန်တဲ့ တနည်းအားဖြင့် Strong ဖြစ်တဲ့ Inorganic Acid ပါဝင်မှုကိုရှာဖွေစစ်ဆေးခြင်းဖြစ်ပြီး၊ Sulphuric Acid ဆာလ်ဖျူရစ် အက်စစ် နဲ့ Chlorine ကလိုရင်း ဓါတ်တို့ကိုတိုင်းတာကြည့်ခြင်းဖြစ်ပါတယ်။ Sulphuric Acid ဓါတ်ဟာ Engine ရဲ့ Combustion Chamber မှာရှိနေတတ်ပြီး၊ Chlorine ကတော့ Sea Water ကနေပေါါပေါက်လာတာဖြစ်ပါတယ်။ SAN ပမာဏမြင့်မားမှုကြောင့် Oil Corrosive ဖြစ်တတ်ပါတယ်။

Alkalinity ဆိုတာကတော့ TBN Total Base Number ကိုတိုင်းတာစစ်ဆေးခြင်းဖြစ်ပြီး၊ Water ဆိုတာကတော့ Lubricating Oil အတွင်းမှာ၊ ရေ ရောနှောပါဝင်နေမှုကို တိုင်းတာ စစ်ဆေး ခြင်းဖြစ်ပါတယ်။ Lubricating Oil အတွင်းမှာ၊ ရေ ရောနှောပါဝင်မှုဟာ ယေဘုယျအားဖြင့် 0.2 % အောက်သာ ရှိသင့်ပြီး၊ ၄င်းပမာဏထက်ကျော်လွန်တဲ့အခါ Bearings တွေနဲ့ Journals တွေကိုပျက်စီးစေတတ်ပါတယ်။

Fuel လောင်စာရဲ့ Incomplete Combusion ကြောင့်ပဲဖြစ်ဖြစ်၊ အရည်အသွေး Quality ညံ့တဲ့ Lubricating Oil ကို အသုံး ပြုတဲ့ အခါ မှာပဲဖြစ်ဖြစ် LO ရဲ့ မော်လီကျူးတွေပြိုကွဲမှု LO Crack ကြောင့် Conradson Carbon ဆိုပြီး LO မှာ ကာဘွန်ချိုး တွေရောနှောပါဝင်မှုတွေဖြစ်တတ်ပါတယ်။

Lubricating Oil ထဲမှာ ရောနှောပါဝင်နေတဲ့ မပျော်ဝင်သော Insoluble Ingredients ပမာဏအား၊ တိုင်းတာစစ်ခြင်းဖြင့် Precipitation Number ကိုသိရှိနိုင်ပါတယ်။ စမ်းသတ်စစ်ဆေးမယ့် နမူနာ LO Sample ကို၊ Benzene C6 H6 နဲ့ Normal Pentane C5 H12 တို့နဲ့ ရောစပ်လိုက်တဲ့အခါ၊ Dilute ဖြစ်သွားပါတယ်။ Lubricating Oil ထဲမှာ ရောနှော ပါဝင် နေမယ့် Lacquer နဲ့ Varnishlike Components တွေ ဖြစ်တဲ့ Oxidized Oil တွေဟာ Benzene မှာသာပျော်ဝင် နိုင်ပါတယ်။ တနည်းအားဖြင့် Precipitation Number ဟာ Oil Oxidation Degree ကိုဖော်ပြခြင်း ဖြစ်ပါတယ်။

Image Credits to : www.roymech.co.uk, www.oilmaintenance.com,
http://www.alternative-energy-resources.net

libra
05-19-2011, 03:57 PM
(ဟိုလေ အေ၇ာကြားဖူးတာက SAE40 ဆိုလား ဘာဆိုလား အဲဒါမျိုး အရည်အသွေးမီမမီ အစက်ချကာ ရေတွက်တိုင်းတာကြတဲ့နည်းလည်းရှိတယ်ဆိုသလားလို့။ တိုင်းတာစစ်ဆေးတော့လဲ ကောင်းနေခဲ့လျှင်ပေါ့လေ။)

ဝင်ပြီးတော့ဖြည့်စွက်ပါရစေခင်ဗျား။ SAE ဆိုတာကတော့ Society of Automotive Engineers ဖြစ်ပါသတဲ့ခင်ဗျား။ SAE နံပါတ်တွေကတော့ စံသတ်မှတ်ထားတဲ့ အပေါက်ငယ်တစ်ခုကို စံအပူချိန်မှာ ဖြတ်ခိုင်းလို့ရလာတဲ့ စံပမာဏ ပါတဲ့။ SAE နံပါတ်မြင့်လေ viscosity ပျစ်လေလေပါပဲ။ SAE နံပါတ်နောက်က W ဆိုတာကတော့ winter ကိုဆိုလိုပါသတဲ့။

dudugyi
05-19-2011, 07:21 PM
ူဒူဒူဟာ အင်ဂျင်နီယာတော့မဟုတ်ပါဘူး။ ဒါပေမယ့် လည်းကြားဖူးနားဝလေးတွေကို ဝင်ပြောပါရစေ။ အင်ဂျင်ဝိုင် viscosity အပြစ်အကျဲကို တိုင်းတာဖို့၊ SAE ဆိုတဲ့ Society of Automotive Engineers အဖွဲ့အစည်းကနေ၊ numerical code အနေနဲ့ သတ်မှတ်ခဲ့တာလို့ဆိုပါတယ်။ SAE viscosity gradings တွေကိုကြည့်ရင်၊ 0, 5, 10, 15, 20, 25, 30, 40, 50 နဲ့ 60 ဆိုပြီးတွေ့ရသလို၊ နံပါတ်ငယ်ရင် viscosity နိမ့်ပြီး၊ နံပါတ်ကြီးလာလေ viscosity မြင့်လာလေရယ်လို့၊ ကြားဖူးပါတယ်။

SAE code. 0, 5, 10, 15 နဲ့ 25 နံပါတ်တွေမှာ W ဆိုတဲ့၊ အက္ခရာတလုံးကို၊ ထည့်သွင်းထားတာ တွေ့ရမှာဖြစ်ပြီး၊ အဲဒီ W ဟာ၊ winter ကိုကိုယ်စားပြုပါ သတဲ့။ တနည်းအားဖြင့် cold-start viscosity ဆိုတဲ့ အေးတဲ့နေရာဒေသတွေမှာမှာအသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင်အမျိုးအစားရယ်လို့ ကြားဖူးပါတယ်။ ဒါပေမယ့် SAE 20, 30, 40, 50 နဲ့ 60 တို့မှာတော့ W ဆိုတဲ့ suffix မပါတာကိုတွေ့ရမှာဖြစ်သလို၊ cold သို့မဟုတ် hot viscosity grade အင်ဂျင်ဝိုင်တွေကိုကိုယ်စားပြုပါသတဲ့။

Kinematic viscosity နဲ့ SAE conversion ကိုတော့

ISO viscosity grade 32 = SAE 10W = 28.8 ~ 35.2 cst @ 104 deg. F
ISO viscosity grade 41 = SAE 10 = 41.4 ~ 50.6 cst @ 104 deg. F
ISO viscosity grade 68 = SAE 20 = 61.2 ~ 74.8 cst @ 104 deg. F
ISO viscosity grade 100 = SAE 30 = 90.0 ~ 110 cst @ 104 deg. F
ISO viscosity grade 150 = SAE 40 = 135 ~ 165 cst @ 104 deg. F
ISO viscosity grade 220 = SAE 50 = 198 ~ 242 cst @ 104 deg. F
ISO viscosity grade 320 = SAE 60 = 288 ~ 352 cst @ 104 deg. F
ISO viscosity grade 460 = SAE 70 = 414 ~ 506 cst @ 104 deg. F ဆိုပြီး ဒူဒူ သိခဲ့ရပါတယ်။

zayzay681
05-21-2011, 07:08 PM
လက်တွေ့လုပ်ငန်းခွင်မှာ၊ တွေ့ရတတ်တဲ့ အခက်အခဲတခုပါပဲ။ စနစ်ကျတဲ့ management system နဲ့ budget system မျိုးရေးဆွဲထားမယ်ဆိုရင်တော့ ဒီအခက်အခဲကို၊ ဖြေရှင်းလို့ ရပါတယ်။ running hours အရ planned maintenance schdule တခုကိုရေးဆွဲပြီး၊ ခေါင်းစဉ်တွေကိုခွဲထုတ်လိုက်ရင် regular maintenance, top overhauling, completed overhauling နဲ့ occational repairing ရယ်ဆိုပြီး ထွက်လာပါလိမ့်မယ်။

regular maintenance, top overhauling, completed overhauling အတွက်၊ store နဲ့ spare parts တွေအတွက်၊ တနှစ်တာဝင်ငွေရဲ့ ရာခိုင်နှုံးဘယ်လောက်သုံးမယ်၊ အဲဒီ ရာခိုင်နုံးပမာဏထက် ရာခိုင်နှုံးတန်ဘိုးတခုကို၊ ထပ်ဆောင်းပြီး occational repairing အတွက်သုံးမယ်၊ အစရှိသလိုစီမံထားကြပါတယ်။

ကိုထွန်းပြောတာတကယ်စေ့စပ်သေချာပါတယ်......အကိုပြောသလို plan မျိုးရှိထားရပါမယ်......မအေရာပြောသလိုမျိုးလိုအပ်ချက်အရသုံးတာမျိုး.......လုပ်ငန်းခွင်အခက်အခဲ.......economy view.....ဒါတွေကိုလက်ခံပါတယ်.....အခုဟာကတချို့လုပ်းငန်းခွင်တွေမှာ plan မရှိပဲရမ်းလုပ်နေကြတယ်ဗျာ....ကိုယ့်ရဲ့တာဝန်..duty and responsibility ပျောက်နေတဲ့သဘောပါ:lever: