Feed Back တောင်းခံခြင်း [Archive] - မြန်မာအင်ဂျင်နီယာဖိုရမ်

PDA

View Full Version : Feed Back တောင်းခံခြင်း



yeakharr
05-31-2011, 09:36 PM
ကျနော်တို့ဖိုရမ်အတွက် သင်တို့၏ တန်ဖိုးရှိသော အကြံပြုချက် feed back များကို ဒီနေရာမှာ ပေးပေးကြပါခင်ဗျာ။

၁။ ယခုလက်ရှိဖိုရမ်အနေအထားကို သင်ဘယ်လိုထင်သလဲ။
၂။ ဖိုရမ်သို့ အဝင်အထွက်ကြဲသွားသလား။ ဘာကြောင့်ပါလဲ။
၃။ ဖိုရမ်အုပ်ချုပ်ကြီးကြပ်သူများ၏ အမှားအယွင်းများကို မြင်မိပါသလား။ သင်ဘယ်လို အကြံပြုချင်သိပါသလဲ။
၎။ ဖိုရမ်စတိုင်အသစ်ဖြစ်သွားသောကြောင့် သင့်အတွက် မည်သည့်အခက်အခဲများ ဖြစ်ပါသလဲ။
၅။ ဖိုရမ်သို့ ဝင်ထွက်လုပ်တိုင်း သင်ဘယ်လိုခံစားရပါသလဲ။ မပျှော်မရွှင်ဖြစ်မိပါသလား။ တင်းကျပ်သလို ခံစားနေရပါသလား။ ဆွေးနွေးချင်စိတ်မဖြစ်ပေါ်ဘဲ ဖြစ်နေသလား။ တစ်ခုခုမကျေနပ်သလိုများ ဖြစ်သွားသလား။ ဘာကြောင့်ပါလဲ။

တစ်ခြားအကြံပေးချင်တာများ ရှိရင် ? ... ? ... ?

ဤနေရာတွင် ဖြေကြားနိုင်သည့်အပြင် plubic မမြင်စေလိုဘဲ feed back ပေးချင်ပါက

http://myanmarengineer.org/forums/showthread.php?7578-Feed-Back-%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%81%E1%80%B6%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8

annonymously ဖြေကြားလိုပါက မိမိဝင်ထားသော အကောင့်အား log out အရင်လုပ်ပါ။ ပြီးမှာ အထက်ပါလင့်အားနှိပ်ပြီး စကားဝှက် MEF ဖြင့်ဝင်နိုင်ပါတယ်ခင်ဗျာ။
webmaster@myanmarengineer.org သို့လည်းပေးပို့နိုင်ပါတယ်။ private and confidential ဖြစ်ပါမယ်။ သီးသန့် feed back များကို ကျနော်တို့အနေဖြင့် public လုပ်လိုက်မည် မဟုတ်ပါ။


Your comments and feed back can support our forum's improvement.

skey
06-04-2011, 04:22 PM
အရင်ဖိုရမ် က post တွေပြန်မရနိုင်တော့ဘူးလား....
တချို့ data တွေက ပြန်မရနိုင်တော့လို့ပါ.....
ဥပမာ...သန်လျင် GTC အောက်က MC သူငယ်ချင်းများခေါင်းစဉ်အောက်က post တွေဆိုရင် ပြန်မရနိုင်တော့ပါဘူးဗျာ....

yeakharr
06-04-2011, 06:51 PM
အရင်က ပို့စ်ဟောင်းတွေကို ကျနော်
print version အနေဖြင့် မူလခေါင်းစဉ်အောက်မှာ ပြန်လည် တွဲပေးထားပါတယ်..

thanks for feed back.

ချင်းတွင်းသား
06-04-2011, 10:58 PM
ကိုရေခါးရေ...
အကယ်၍ anonymously user အနေနဲ့ပို့တင်လိုက်ရင်တော့ ဒီတော့ပစ်အောက်မှာပဲ လာပေါ်မှာလား.. ဒါမမဟုတ် ဖိုရမ်အက်ဒမင်တွေဆီကိုပဲ ရောက်သွားမှာလားဆိုတာ ပြောပြပေးပါဦးအစ်ကို...

yeakharr
06-07-2011, 09:37 PM
ကိုချင်းတွင်းသားရေ
anonymously တင်ပါက admin or others ဘယ်သူ့ဆီကိုမှ မရောက်ပါဘူးခင်ဗျာ..။။ အဲဒီတင်လိုက်တဲ့ anonymous board မှာပဲ
ပို့စ်တက်သွားမှာဖြစ်ပါတယ်။ မည်သူမည်ဝါဆိုတာ မသိနိုင်ပါကြောင်းပါခင်ဗျား။ အခုလိုမေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖန်ဆင်းရှင်
06-08-2011, 02:37 PM
ကိုရေခါးရေ...

ကျွန်တော်အခုဖိုရမ်ကို ဆော့ဝဲဒ်တစ်ခုခုလိုလို့
ဝင်ရှာလိုက်ရင်...link တွေကို သေနေတာများနေတယ်ဗျ..
တစ်ချို့ software တွေဆိုရင် အရင် server အဟောင်းမှာတုန်းကပဲရှိပြီး..
အသစ်မှာ မရှိတော့တာတွေ တွေ့ရပါတယ်....
ကျွန်တော်ဖြစ်စေချင်တာကတော့...အရင် server တုန်းကလို forum ပေါ်မှာပဲ upload တင်လို့ရရင်
ဖိုင် size အသေးလေးတွေအတွက်တော့ လိုအပ်တဲ့ အချိန်တိုင်းမှာ အမြဲရှိမယ်ထင်ပါတယ်ခင်ဗျာ..
နောက်တစ်ချက်က..အခုတစ်လော ဖိုရမ်မှာ ဆွေးနွေးချက်တွေ နည်းနေတာတွေ့ရပါတယ်..
ဥပမာဆိုရင် ----အခြားအခက်အခဲများ----အောက်မှာဆိုရင် အရင်တုန်းက မေးတဲ့သူတွေ များနေသလိုပဲ..
အခု နည်းနေတာ ဘာကြောင့်များပါလိမ့်....၀ိုင်းပြီးအဖြေရှာကြရအောင်ခင်ဗျာ..
ဒီဟာက ကျွန်တော် ခံစားချက်သက်သက်မျှသာဖြစ်ပါတယ်ခင်ဗျာ

ဖိုရမ်ကို ကောင်းစေချင်တဲ့ ဆန္ဒများစွာဖြင့်..
ဖန်ဆင်းရှင်

ဝိုင်းချစ်
06-08-2011, 02:52 PM
ကိုရေခါးရေ...

ဖန်ဆင်းရှင် ပြောသလို link တွေ တော်တော်များများ သေနေတာကို ကျနော်လဲ တွေ့တယ်
တချို့ link ကမသေ ပေမဲ့ download လုပ်မရတဲ့ .အခါလဲရှိတယ်

dudugyi
06-08-2011, 03:39 PM
ဖိုရမ်မှာ ဆွေးနွေးချက်တွေနည်းသွားရတဲ့အကြောင်း ဒူဒူ မြင်သလောက်ပြောပါရစေ။ ဖိုရမ်မာ အများစုက လုပ်ငန်းခွင်ထဲမှ အင်ဂျင်နီယာ ဦးဦ၊ ဒေါါဒေါါ၊ ကိုကို၊ မမ တွေမို့ အလုပ်တဖက်နဲ့ အချိန်လုပြီး၊ ဝင်ကြရတာလို့ထင်ပါတယ်။ လုပ်ငန်းခွင်မှာ တနေကုန်အလုပ်လုပ်ကာ၊ အိမ်ပြန်ရောက်ချိန်မှ အဆင်ပြေသလို၊ ဝင်ကြသူတွေလည်းရှိသလို၊ အိမ်ပြန်ရောက်ချိန်နောက်ကျတဲ့ အပြင်၊ အိမ်မှာလုပ်စရာလေးတွေရှိနေသမို့၊ မဝင်ဖြစ်သူတွေလည်းရှိကြပါတယ်။

တချို့ကြတော့လည်း လုပ်ငန်းခွင်မှာ၊ ကွန်ပြူတာရှေ့တနေကုန်ထိုင်နေရတဲ့ အချိန်အလုပ်လုပ်ရင်း၊ ဝင်ကြသူတွေရှိသလို၊ တချို့ကြတော့ ကွန်ပြူတာရှေ့ တနေကုန်ထိုင်ရင်းဝင်ကာ၊ အိမ်ရောက်တော့လည်း၊ ကလေးထိန်းရမှာကြောက်လို့ ဝိုင် တပုလင်းနဲ့ သိုင်းကွက်နင်းကာဝင်သူများလည်းရှိကြပါတယ်။ (အခုတလော အာဂျင်တီးနားဝိုင်တွေ၊ ဈေးချလို့ ဒူဒူ့ ကိုတောင်၊ အဖော်စပ်နေပါတယ်။ ဒူဒူ တို့က အဝေးကြီး...ဒါမျိုး မလုပ်တတ်ပါ။)

တချို့ကြတော့ အဖော်မရှာတကိုယ်တည်းဘဝနဲ့ ဝိုင် (၂) ခွက်လောက်ချကာညဆို၊ မွှေနှောက်ကြပါတယ်။ တချို့ကြတော့လည်း ကျောင်းပိတ်ရက်မှာ၊ casino ကစား အဲလေ casino မှာညဖက်အထိ၊ အလုပ်ဝင်လုပ်နေသမို့ မဝင်နိုင်ကြသလို၊ တချို့ကတော့ လမ်းဖောက်၊ တံတားဆောက်ရင်း ရေကြီးသမို့ ရေ ထဲမျောပါ... အဲလေ.. အလုပ်များနေသမို့၊ မဝင်နိုင်တာပါတဲ့။

တချို့ကတော့ ရုံးကပြန်လာတာနဲ့ အဝတ်လျှော်၊ ထမင်းချက်၊ ဟင်းချက်၊ ပုဂံဆေး၊ အမှိုက်သိမ်း၊ မီးပူတိုက်၊ အိပ်ယာခင်းနဲ့မို့၊ ကိုယ်တိုင်မဝင်ပဲ၊ ချစ်ဇနီးကို ကိုယ်စား လွှတ်ကာဝင်ခိုင်းထားပါတယ်။ တချို့ကြတော့ ရေနံတွင်းတူးစင်လား၊ နတ်စင်လား... ဘာလားမသိဘူး...အဲဒီ စင်ပေါါ၊ ဇောက်ထိုးတက် "ကနေ" မှာမို့ မဝင်ဖြစ်တာပါတဲ့။

နောက်တခုက ကွန်ပါ။ ဒူဒူ့ ကို ကွန်သမားလို့မထင်ကြပါနဲ့...ဒူဒူဟာ ငါး....အဲလေယောင်လို့ connection မကောင်းတာလည်း ပါပါတယ်။ ဒူဒူ့ အလုပ်ထဲက လက်နှိပ်စက်နဲ့ တယ်လီဗီးရှင်းပေါင်းထားတဲ့၊ စက်ကြီးဆို ဆာဗာကျတယ်ဆိုလား မသိဘူး... အခုတလော၊ ဝင်ရတာခက်နေပြန်ပါတယ်။ ဒူဒူ ဟာ ဟိုမေး၊ ဒီမေး နဲ့ ပြန်ရေးရတာမို့ ခက်လှပါတယ်။

ဝင်ဖြစ်သည်ဖြစ်စေ၊ မဝင်ဖြစ်သည်ဖြစ်စေ ဦးဦ၊ ဒေါါဒေါါ၊ ကိုကို၊ မမ တွေဟာ၊ ဖိုရမ်အပေါါ သံယောဇဉ်ထားတာကို၊ အကျွင်းမဲ့ယုံကြည်သလို၊ အချိန်ရတာနဲ့ post မတင် နိုင်တောင်၊ အပြေးအလွှားလာကာ ဖတ်သွားကြတာ လည်း၊ တွေ့ရပါတယ်။

yeakharr
06-09-2011, 11:24 PM
ကိုရေခါးရေ...

ဖန်ဆင်းရှင် ပြောသလို link တွေ တော်တော်များများ သေနေတာကို ကျနော်လဲ တွေ့တယ်
တချို့ link ကမသေ ပေမဲ့ download လုပ်မရတဲ့ .အခါလဲရှိတယ်

ဟုတ်ပါတယ်ခင်ဗျာ။ လင့်တွေက ကျနော်တို့ ဖိုရမ် local link လည်းသေပါတယ်။ အဲဒါကတော့ ဖိုရမ်အဟောင်းက လင့်ကို ဖိုရမ်အသစ်က မသိတော့ခြင်းဖြစ်ပါတယ်။
ဒါကိုတော့ နီးစပ်ရာမှာ ပြန်ရှာပေးပြိး တွေ့တဲ့နေရာမှာ ပြန်ပြေ။ပြန်ပြင် ပေးခြင်းနဲ့ ဖြေရှင်းနိုင်ပါတယ်။


ကျွန်တော်ဖြစ်စေချင်တာကတော့...အရင် server တုန်းကလို forum ပေါ်မှာပဲ upload တင်လို့ရရင်
ဖိုင် size အသေးလေးတွေအတွက်တော့ လိုအပ်တဲ့ အချိန်တိုင်းမှာ အမြဲရှိမယ်ထင်ပါတယ်ခင်ဗျာ..
နောက်လင့်သေတာကတော့ sharing site တွေက active download မရှိသောအချိန်မှာ သေသွားခြင်းဖြစ်ပါတယ်။
အဲဒါကိုတော့ ဖိုင်ဆိုက်နည်းပါက post တင်ရာတွင် attachment features ပါပါတယ်။ အဲဒီကနေ တင်ပေးနိုင်ပါတယ်ခင်ဗျာ။ reply လုပ်ရင် Go Advanced ကိုသွားပြီးတင်ပေးပါ။
vbulleting က attachment feature ဟာ တော်တော်ကောင်းမွန်ပါတယ်။

အများဆုံး 3 mb လောက်ရပါတယ်။ အများကြီးကျတော့ server space မှာ တင်လို့မကောင်းတဲ့အတွက်ဖြစ်ပါတယ်။ ကျနော် တို့ back up လုပ်ရတာ အဆင်မပြေတာကြောင့်ပါ။

naymingyi
06-10-2011, 09:00 PM
၂။ ဖိုရမ်သို့ အဝင်အထွက်ကြဲသွားသလား။ ဘာကြောင့်ပါလဲ။


အ၀င် အထွက် ကျဲ သွား လား မ သွား သ လား တော.မ သိဘူး။ကာ လာ နဲ. လူ တွေကို ပဲ တွေ. နေ သ လို ပဲ။နာမည် တွေ တောင် အ လွတ် ရ သ လို ၇ှိ နေ ပြီ။ :pound:
နည်း ပညာ ဖို ၇မ် ဆို တော. ဒီ လောက် တော. ၇ှိ မှာ ပေါ.။ အ ပျော် ဆိုက် မှ မ ဟုတ် တာ။:pound:
မြန် မာ ပြည် မှာ လဲ အင် တာနက် ကို အ၇မ်း မသုံး နိင် သေး လို. နေ မှာပါ။

အကြံ ပေး စ၇ာ ဆို လို။ chat box မှာ အရင် တစ် ခါက လို လူ ဘယ် နှစ် ယောက် ၇ှိ လဲ ဆို တာ home page မှာ ပြ တာ လေး ထည်. ပေး ပါ အုံး။ ဒါ မှ တစ် ခါ တစ် လေ လူ ၇ှိ မှန်း သိ ပြီး ၀င် ဆွေး နွေး လို. ၇ မှာ။:bump2:

ချင်းတွင်းသား
07-08-2011, 11:33 AM
ကိုရေခါးရေ
ဖိုရမ်မှာ ယူနီကုတ်ပြောင်းဘို့ အစီအဉ်ရှိပါသလား သိချင်ပါတယ်
ဖြစ်နိုင်ရင်တော့ ပြောင်းဘို့တိုက်တွန်းချင်ပါတယ်
တခြားဖိုရမ်တွေ ဘလော့တွေ တော်တော်များများကတော့ ယူနီကုတ် ပြောင်းသုံးနေကြပါဘီ။
စမ်းသုံးကြည့်ရသလောက်တော့ စာရိုက်တဲ့နေရာမှာ တော်တော်လေးကောင်းလာပါတယ်

phoelapyae
07-08-2011, 11:54 AM
နည်းပညာအခက်အခဲကြောင့် ပြောင်းဖို့ အစီအစဉ်တော့ မရှိသေးပါဘူး။
အခုလို အကြံပေးတဲ့အတွက် ကျေးဇူးပါပဲဗျာ။

baby
07-11-2011, 01:51 PM
This forum is very great helpful for a lot of knowledge and reference for my work. Thanks for your effort.

skhaung
08-24-2011, 11:49 AM
ကိုရေခါးရေ
ဖိုရမ်မှာ ယူနီကုတ်ပြောင်းဘို့ အစီအဉ်ရှိပါသလား သိချင်ပါတယ်
ဖြစ်နိုင်ရင်တော့ ပြောင်းဘို့တိုက်တွန်းချင်ပါတယ်
တခြားဖိုရမ်တွေ ဘလော့တွေ တော်တော်များများကတော့ ယူနီကုတ် ပြောင်းသုံးနေကြပါဘီ။
စမ်းသုံးကြည့်ရသလောက်တော့ စာရိုက်တဲ့နေရာမှာ တော်တော်လေးကောင်းလာပါတယ်

ကျွန်တော်လည်း ပြောင်းသုံးစေချင်ပါတယ်၊ ဘာပဲပြောပြော Linux နဲ့ ကိုငွေထွန်းတို့ မြန်မာ os တစ်ခုလုပ်နေပါတယ်၊ သူတို့ လဲ unicode ကိုသုံးနေပါတယ်၊ နောက်တစ်ခုက open office မြန်မာလည်း ယူနီကုဒ် ကိုသုံးထားပါတယ်၊ ဘာပဲပြောပြော ပြောင်းသုံးနိုင်ရင် ပိုကောင်းမယ်လို့ အကြံပြုပါတယ်

yeakharr
08-29-2011, 11:45 PM
အကြံပေးမှုကို ကျေးဇူးတင်ပါတယ်ဗျာ။ အရင်တစ်ခါ smf က နေ VBulleting ကို ပြောင်းလိုက်တော့ အခုထိ database error ရှင်းနေရတုန်းပါ။ မြန်မာယူနီကုတ်တွေကလည်း တစ်နေ့ ရွှေ တစ်နေ့ ငွေ ဆိုတော့ ပြောင်းပြီးမှ နောက်တစ်ခုထပ်ပြောင်းနေရရင် အယ်ရာတွေ ဗရပွ ကျန်ခဲ့မှာ စိုးတာရယ်.. မထင်မှတ်ထားတဲ့ ပြသနာလေးတွေ ကို အခုလောလောဆယ်တော့ ကျနော်တို့ ရှောင်ချင်ပါသေးတယ်..
ယူနီကုတ်ကြီး နာမည်မပြောင်းဘဲ ကျန်းကျန်းမာမာရှိတဲ့အချိန် ပြန်ပြောင်းဖို့လဲ အဆင်ပြေတဲ့အချိန်ဆို ကျနော်တို့ ပြောင်းဖို့ ကြိုးစားကြတာပေါ့နော်...

အေ၇ာ
08-30-2011, 02:04 PM
ဖိုရမ်မှာ ဆွေးနွေးချက်တွေနည်းသွားရတဲ့အကြောင်း ဒူဒူ မြင်သလောက်ပြောပါရစေ။
.... တချို့ကြတော့ အဖော်မရှာတကိုယ်တည်းဘဝနဲ့ ဝိုင် (၂) ခွက်လောက်ချကာညဆို၊ မွှေနှောက်ကြပါတယ်။
ဒူဒူရေ အသေသောက်တာတို့ ဖွေနှောက်တာတို့ ဖေါ်ကောင်လုပ်ရဘူးလေ အချင်းချင်းတွေကို


နောက်တခုက ကွန်ပါ။ ဒူဒူ့ ကို ကွန်သမားလို့မထင်ကြပါနဲ့...ဒူဒူဟာ ငါး....အဲလေယောင်လို့ connection မကောင်းတာလည်း ပါပါတယ်။
ကွန်ယက်ပဲ အလွန်ပျက်တာလား ဒေတာဘေ့စ်တွေပဲ ဖွေရှာမတွေ့ဖြစ်ကုန်လား သိတော့ပါဘူး၊ တစ်ကယ်ကြာတဲ့ အယ်ရာတွေ တက်တက်နေတယ်။
Home Page အထိ ၀င်ပေမယ့် အဆင်မပြေတာရှိပြီး ဘယ်မှသွားမရလို့ တစ်ကယ်အားမရ ဖြစ်မိပါတယ်။ (ဒီရက်ပိုင်းလေး မှာသာ ၀င်မရပြုမရ ဖြစ်တာပါ၊ ကိုယ့် အစ်ကိုကြီးတွေ စိတ်စေတနာအပြည့်နဲ့ အကောင်းဆုံးဖြစ်အောင် အစဉ်အားထုတ်ပေးနေကြောင်းသိမြင် ကျေးဇူးတင်ပါတယ်ရှင်။)
လေးစားစွာဖြင့်
အေ၇ာမေ

minkhantaung
09-25-2011, 09:31 PM
သူငယ်ချင်းတွေမရှိလို့အပ်ပေးကြပါလို့
ခုမှစသုံးလို့ ဘာမှာမလုပ်တတ်သေးပါခင်ဗျ

forevernaw
10-11-2011, 11:52 AM
ကိုချစ်တီး တင်ထားတဲ့ ဆော့ဝဲလ်တွေ ဒေါင်းလို့မရဘူးနော် ဘာဖြစ်လို့လဲမသိဘူးနော်....

chit tee
10-11-2011, 05:16 PM
ကိုချစ်တီး တင်ထားတဲ့ ဆော့ဝဲလ်တွေ ဒေါင်းလို့မရဘူးနော် ဘာဖြစ်လို့လဲမသိဘူးနော်....

အတိအကျ ဘယ်ဆော့ဝဲလ်တွေကို ပြောတာလဲဆိုတာ ပြောပြပေးပါလား ။
ပို့စ် နံပါတ် နဲ့ လင့်လေးပါ ပေးနိုင်ရင် ပိုအဆင်ပြေပါမယ် ။

thargyi
10-29-2011, 10:42 AM
android mobile နဲ့ သက်ဆိုင်တာတွေ လည်းတင်သင့်ပြီထင်တယ်

yeakharr
10-29-2011, 12:11 PM
android mobile နဲ့ သက်ဆိုင်တာတွေ လည်းတင်သင့်ပြီထင်တယ်

yes, we will open new board about Android. And Lets discuss about it.

Here the link new forum board for Android Section.

Goto--> http://www.myanmarengineer.org/forums/forumdisplay.php?411-Android

အေး
10-30-2011, 07:50 AM
ခြောက်ကပ်ကပ်ကြီး..။ အခုဆို ချက်ခန်းက အပိုပဲ..။ ဖိုရမ်ကပို့စ်တွေက စိုစိုပြည်ပြည်လည်းမရှိဘူး..။ တစ်နေ့လာလည်း ပို့စ် လေး ငါးခုက မတက်ဘူး..။ တက်တဲ့ပို့စ်တွေကလည်း ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်က မဟုတ်ဘူး..။
စတိုင်ပြောင်းလိုက်တာ load တက်တာမြန်တယ်ဆိုပေမယ့် smf အဟောင်းကိုပဲ စိတ်ထဲမှာအသားကျနေတော့ ဒီဇိုင်းအသစ်ကို မကြိုက်တာလည်း အမှန်ပဲ..။
အက်ဒမင်ကအမြဲစောင့်ကြည့် အမြဲစာပြန်နေတာမျိုးလုပ်နိုင်တဲ့သူမှ အဆင်ပြေမယ်ထင်တယ်..။ အက်ဒမင်က တက်လာတဲ့ပို့စ်တွေ ဘာတွေကိုတာဝန်ယူပြန်ကြားပေးဖို့
တာဝန်မရှိပေမယ့် ရေခါးတုံးကရော၊ ဖိုးလပြည့်တုံးကရော ဒီလိုပဲလုပ်ခဲ့ကြလို့ ဒီလိုပဲအသားကျနေပြီ..။ ခုအက်ဒမင်က အဲလိုလုပ်မပေးနိုင်လို့ ဖိုရမ်ကခြောက်လာတာလို့
မြင်တယ်..။ (ဒီစာကြောင့် တစ်ခုခုခံစားရတယ်ဆိုရင် အစ်ကိုချစ်သီးကို တောင်းပန်ပါတယ်..။ စိတ်ထဲကမြင်မိသလိုရေးတာမို့ပါ..။)

နောက် ဖိုရမ်ထဲမှာပဲ ပြောကြဆိုကြ ရေးကြသားကြ၊ ဖလှယ်ကြတာပဲကောင်းတယ်..။ အပြင်မှာထိပါ ဖိုရမ်မိသားစုဆိုပြီး တစ်ခုခုမလုပ်တာပဲကောင်းတယ်လို့ မြင်တယ်..။
အပြင်မှာလူတွေ့ဖို့က တစ်ယောက်တစ်မျိုး အမျိုးမျိုးနဲ့ ကြားရကြုံရတာတွေ စိတ်မသက်သာလွန်းလို့..။ လူစည်ဖို့မလိုဘူး..၊ ပညာရပ်ဆိုင်ရာတွေကောင်းကောင်းဆွေးနွေးဖို့က
အဓိကဆိုတဲ့ အမြင်ကို လက်မခံဘူး..။ ဖိုရမ်မှာအ၀င်များရင် ကိုယ်နဲ့မဆိုင်တဲ့ပို့စ်တွေလည်း ဖတ်မိသွားတာပဲ..။ အကျိုးကျေးဇူးရတာပဲ..။ ၀င်ချင်စိတ်များများရှိဖို့ မဆွဲဆောင်နိုင်တော့ဘူး လို့မြင်တယ်..။
ဆွဲဆောင်ဖို့ကလည်း ဆော့ဝဲပေးမှရယ်လို့မဟုတ်ပါဘူး..။ ရေခါးဖြစ်ဖြစ်၊ ဖိုးလပြည့်ဖြစ်ဖြစ် အမြဲရှိနေ၊ အမြဲဝင်နိုင်နေရင် ဆွဲဆောင်ပြီးသားဖြစ်မယ်လို့ မြင်တယ်..။

chit tee
10-30-2011, 09:03 AM
ခြောက်ကပ်ကပ်ကြီး..။ အခုဆို ချက်ခန်းက အပိုပဲ..။ ဖိုရမ်ကပို့စ်တွေက စိုစိုပြည်ပြည်လည်းမရှိဘူး..။ တစ်နေ့လာလည်း ပို့စ် လေး ငါးခုက မတက်ဘူး..။ တက်တဲ့ပို့စ်တွေကလည်း ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်က မဟုတ်ဘူး..။
စတိုင်ပြောင်းလိုက်တာ load တက်တာမြန်တယ်ဆိုပေမယ့် smf အဟောင်းကိုပဲ စိတ်ထဲမှာအသားကျနေတော့ ဒီဇိုင်းအသစ်ကို မကြိုက်တာလည်း အမှန်ပဲ..။
အက်ဒမင်ကအမြဲစောင့်ကြည့် အမြဲစာပြန်နေတာမျိုးလုပ်နိုင်တဲ့သူမှ အဆင်ပြေမယ်ထင်တယ်..။ အက်ဒမင်က တက်လာတဲ့ပို့စ်တွေ ဘာတွေကိုတာဝန်ယူပြန်ကြားပေးဖို့
တာဝန်မရှိပေမယ့် ရေခါးတုံးကရော၊ ဖိုးလပြည့်တုံးကရော ဒီလိုပဲလုပ်ခဲ့ကြလို့ ဒီလိုပဲအသားကျနေပြီ..။ ခုအက်ဒမင်က အဲလိုလုပ်မပေးနိုင်လို့ ဖိုရမ်ကခြောက်လာတာလို့
မြင်တယ်..။ (ဒီစာကြောင့် တစ်ခုခုခံစားရတယ်ဆိုရင် အစ်ကိုချစ်သီးကို တောင်းပန်ပါတယ်..။ စိတ်ထဲကမြင်မိသလိုရေးတာမို့ပါ..။)

ဟုတ်ပါတယ် ညီမရေ ...
ဖိုရမ်ကြီး တဖြည်းဖြည်း နဲ့ ခြောက်ကပ်ကပ် ဖြစ်လာတာကြာပါပြီ ... ဒီအတွက်လဲ ခံစားနေရတာ ကြာပါပြီ :violin:
ကျနော်အမြင်ကတော့ ဖိုရမ်စတိုင် ပြောင်းလိုက်တဲ့အတွက်ကြောင့် အ၀င်အထွက် အမြင်နဲနဲစိမ်းသွားတဲ့ တာကတော့ သိပ်အဓိက ကျမယ်မထင်ဘူး ... :ranger:
အဓိဖြစ်နိုင်တာက လက်ချိုးရေလို့ရတဲ့ တကယ့်အမာခံရေးနေသူတွေ ဆက်မရေးဖြစ်ကြတော့ဘဲ မန်ဘာအသစ်တွေကလဲ လက်ဆင့်ကမ်းမယ့်သူတွေ ထပ်မထွက်ပေါ်လာလို့ပါ ။ :typing:
အမာခံရေးနေကြသူတွေထဲမှာ အများစုက အင်တာအသုံးပြုလို့လွယ်ကူတဲ့သူတွေ ပြည်ပရောက်သူတွေများပါတယ် ။
လက်ရှိအချိန်မှာ တ၀က်ကျော်ကျော်လောက် မြန်မာပြည်ပြန်ကုန်ကြပါပြီ ။ ကျန်ရှိနေတဲ့ သူတွေထဲမှာတောင် တဖြည်းဖြည်း အချိန်ပေး မ၀င်နိုင်တော့တဲ့ သူတွေများလာပါတယ်။ အင်မတန်နဲပါးတဲ့မန်ဘာအဟောင်းတွေတာ ပုံမှန်ဝင်လေ့ရှိကြပါတယ်။ ဒါက အတော်လေး အဓိကကျပါတယ်။
မြန်မာပြည်ကမန်ဘာများအနေနဲ့တော့ အင်တာနက်အသုံးပြုလို့လွယ်ကူတဲ့နေပြည်တော်က မန်ဘာတွေတော့ ၀င်ရောက်ဆွေးနွေးပေးကြပေမယ့် .... အလုပ်တဘက်ကြောင့် အရင်ကလောက်မရေးနိုင်ကြတော့တာလို့ ယုံကြည်ပါတယ်။
ရန်ကုန် ၊ မန်းတလေး ကမန်ဘာတွေတော့ သိသိသာသာ နဲသွားသလိုဘဲ ။ တခြားမြို့တွေက မန်ဘာတွေကိုတော့ သိပ်မသိလို့ မပြောပြတတ်ဘူး။
ဖိုရမ်ကိုလဲသံယောဇဉ်ကြီးမယ့် ပို့စ်တွေဆွေးနွေးမျှဝေပေးလိုကြတဲ့ New Generation မန်ဘာအသစ်အသစ်လေး မဖြစ်မနေလိုအပ်ပါတယ်။ Social Forum မဟုတ်လို့ ရေးရမှာလက်တွန့်နေကြလားတော့ မသိဘူး။


မန်ဘာအသစ်အသစ်တွေထပ်ထပ်ဝင်လာကြပေမယ့် ကိုယ်တိုင်ဆွေးနွေးပို့ရေးကြသူသိပ်မတွေ့ရဘဲ ၊ ရှိထားတဲ့ပို့စ်တွေကိုသာ ဖတ်ရှုလေ့လာသွားကြသူများပါတယ်။
ညီမရေ ....
ကိုယ်စိတ်ဝင်စားနဲ့ဘာသာရပ်နယ်ပယ်ဆိုင်ရာပို့စ်တွေ မတက်လာတိုင်း စိတ်ညစ်နေမယ့်အစား ကိုယ်ကိုယ်တိုင်က စလို့ အဲ့ဒီလို ဖိုရမ်ထဲဝင်လာလို့ပို့စ်အသစ်မတွေ့တိုင်း ပို့စ်တခု တခု တင်တင်ပေးသွားရင် သိပ်ကောင်းမှာဘဲဗျာ ။ :welcome:
(MEF ရဲ့ Senior Member တယောက်အဖြစ်သံယောဇဉ်ကြီးသူတယောက်မို့ အကူအညီတောင်းတာပါ)

အမာခံတွေကိုလဲ တတ်နိုင်သမျှ စာချွန်လွှာများဖြင့် ကြုံရင် ကြုံသလို အရင်လိုဘဲ ၀င်ရောက်လည်ပတ် ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပေမယ့် လဲ မိမိကိုယ်ရေးကိုယ်တာ ကိစ်စ နဲ့ ကိုယ်ကိုယ်တိုင်စိတ်ပါမှသာ ဖြစ်တဲ့ကိစ်စမို့လို့ ... မ၀င်နိုင် မဆွေးနွေးပေးနိုင် အချိန်မပေးနိုင်သူတွေကို အပြစ်ပြောလို့မရပါ ။
ကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်မို့ လေးစားရမှာပါ။ :phone:

ပြောရမယ်ဆိုရင် ကျနော် Admin လုပ်ပေးနေရပေမယ့် တကယ့် ကွန်ပျူတာကျွမ်းကျင်သူ တခြား Admin များလို ၊ ဖိုရမ်နဲ့ပတ်သက်သော နည်းပညာပိုင်းဆိုင်ရာပြသာနာတွေတက်လာတိုင်း ဖြေရှင်းပေးဖို့ ကျနော့်အတွက်မလွယ်ကူပါ။ ကျနော်ဒီကိစ်စကို ကိုရေခါးတို့ ရာမညတို့ကိုအရင်ကတည်းက တခါတည်းပြောထားပြီးသားပါ။ ကျနော့် Professional မဟုတ်တဲ့အတွက် ကျနော်မကျွမ်းကျင်တဲ့ အပိုင်းမို့ ကျနော်မဖြေရှင်းနိုင်ပါ။ လူတယောက်ဟာနယ်ပယ်စုံကို နားလည်တတ်ကျွမ်းမှာ မဟုတ်တဲ့အတွက် ဒါလေးကိုတော့ နားလည်မယ်ထင်ပါတယ်။ ကျနော်လုပ်ပေးနေတဲ့တာဝန်အဓိကကတော့ Forum Backup, Forum Error နဲ့တခြား Forum manage အပိုင်းလောက်ဘဲဖြစ်ပါတယ်။
ဒါပေမယ့် ဖိုရမ်ထဲကိုတော့ အတတ်နိုင်ဆုံး အချိန်တိုင်းနည်းပါး ၀င်ဝင်ကြည့်ဖြစ်ပါတယ်။ တခါတလေး ချက်ခြင်းဖြေရှင်းပေးလို့ရပေမယ့်လဲ iphone (or) ipad ကနေ၀င်ရတာမို့လို့ ပုံမှန်ကွန်ပျူတာကနေ ၀င်ရသလို အလွယ်တကူမဖြစ်တာရယ် ၊ ရုံးကနေအလုပ်လုပ်ရင် ၀င်ရတာမို့ on the spot ဆောက်ရွက်ပေးဖို့ရာ အဆင်မပြေတာများလဲရှိပါတယ်။
နောက်မဝေးလှတော့တဲ့ တချိန်ချိန်ဆိုရင် အခုလို ၀င်ဖြစ်ချင်မှ ၀င်နိုင်တော့မှာပါ။ အဲ့ဒီအချိန်ကျရင်တော့ ကွန်ပျူတာပိုင်းကိုလဲ ကျွမ်းကျင် အချိန်တွေလဲ အများကြီးပေးနိုင်မယ့် အကျိုးရှိတဲ့ပို့စ်တွေလဲအများကြီးရေးနိုင်မယ့်
မေးသမျှပို့စ်တွေကို ချက်ခြင်း response လုပ်ပေးနိုင်မယ့် Admin တယောက်လောက် Stand by ရှိနေနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။
လက်ရှိဖြစ်သမျှ ဖိုရမ်နဲ့ပတ်သက်တဲ့ ပြသာနာတွေအားလုံးဟာ လက်ရှိ Admin ကြောင့်... လုံးဝအသုံးမကျဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပြီးမှ ပြန်လည်တောင်းပန်တဲ့အတွက် စိတ်မကောင်းဖြစ်မိပေမယ့် ဖိုရမ်အပေါ်သံယောဇဉ်စိတ်နဲ့ပြောတမို့လို့ MEF ကိုယ်စား ကျေးဇူးအထူးတင်ပါတယ်။ :yo:


နောက် ဖိုရမ်ထဲမှာပဲ ပြောကြဆိုကြ ရေးကြသားကြ၊ ဖလှယ်ကြတာပဲကောင်းတယ်..။ အပြင်မှာထိပါ ဖိုရမ်မိသားစုဆိုပြီး တစ်ခုခုမလုပ်တာပဲကောင်းတယ်လို့ မြင်တယ်..။
အပြင်မှာလူတွေ့ဖို့က တစ်ယောက်တစ်မျိုး အမျိုးမျိုးနဲ့ ကြားရကြုံရတာတွေ စိတ်မသက်သာလွန်းလို့..။ လူစည်ဖို့မလိုဘူး..၊ ပညာရပ်ဆိုင်ရာတွေကောင်းကောင်းဆွေးနွေးဖို့က
အဓိကဆိုတဲ့ အမြင်ကို လက်မခံဘူး..။ ဖိုရမ်မှာအ၀င်များရင် ကိုယ်နဲ့မဆိုင်တဲ့ပို့စ်တွေလည်း ဖတ်မိသွားတာပဲ..။ အကျိုးကျေးဇူးရတာပဲ..။ ၀င်ချင်စိတ်များများရှိဖို့ မဆွဲဆောင်နိုင်တော့ဘူး လို့မြင်တယ်..။
ဆွဲဆောင်ဖို့ကလည်း ဆော့ဝဲပေးမှရယ်လို့မဟုတ်ပါဘူး..။ ရေခါးဖြစ်ဖြစ်၊ ဖိုးလပြည့်ဖြစ်ဖြစ် အမြဲရှိနေ၊ အမြဲဝင်နိုင်နေရင် ဆွဲဆောင်ပြီးသားဖြစ်မယ်လို့ မြင်တယ်..။
အပြင်မှာ ဆုံကြတာနဲ့ပတ်သက်လို့ ဘယ်လိုကိစ်စမျိုးတွေ ရှိလို့လဲဆိုတာလေး ပွင့်ပွင့်လင်းလင်းပြောပြပေးပါလား ။
ပြသာနာများရှိရင် ဖြေရှင်းပေးစေချင်ပါတယ်။

ကိုရေခါးတို့ ရာမညတို့လဲ အချိန်ရရင် ရသလိုဝင်လာလေ့ရှိပါတယ်။
ဒါပေမယ့် ကိုယ့်အလုပ်နဲ့ကို အခြေအနေ အချိန်အခါအရ ကိုယ့်အလုပ်တွေအားလုံးပစ်ထားလို့ ဖိုရမ်ထဲအချိန်ပြည့် ၀င်ထားဖို့ဆိုတာကတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တာကို ကိုယ်ချင်းစာပေးစေချင်ပါတယ်။
ဖိုရမ်ထဲအမြဲရှိနေဖို့ဆိုတာက .... မိမိဘ၀ နဲ့ ဖိုရမ်ဘယ်ဟာရွေးမလဲဆိုတာမျိုး သယ်ဝိုက်လို့ ရွေးခြယ်ခိုင်းတာမျိုးဖြစ်နေတာမို့ မသင့်တော်ပေဘူးလို့ထင်ပါတယ်။ :nono:

အေး
10-30-2011, 10:47 AM
အမ်းးးးးး


မြင်တဲ့အတိုင်းရေးလိုက်တာမို့ တစ်ခုခု စိတ်မသက်မသာဖြစ်တယ်ဆိုရင် ခွင့်လွှတ်ပါ..။ ကျန်တဲ့အလုပ်တွေပစ်ထား..၊ ဖိုရမ်ပဲအချိန်ပြည့်ဝင်ရမယ်လို့ မဆိုလိုပါ..။
ဘ၀နဲ့ဖိုရမ်ကိုမရွေးခိုင်းပါ..။ organize လုပ်ရတာလည်း မလွယ်ဘူးဆိုတာ သဘောပေါက်ပါတယ်..။ အားလုံးစိတ်ထဲမှာ အကြည်ဓာတ်ကလေးတွေရှိနေမှ
ရေးစရာလေးတွေထွက်လာတတ်တယ်ဆိုတာ သဘောပေါက်ပါတယ်..။

ကိုယ်အစပြုခဲ့တဲ့ဆိုဒ်လေးဆိုတော့ ကိုယ့်နေရာအခင်းအကျင်းလို သဘောပိုထားမိပါတယ်..။ အွန်လိုင်းရနေတော့ ဆိုဒ်အစုံဝင်ဖြစ်ပါတယ်..။
ဒီမှာကတော့ ခင်လက်စဆိုတဲ့ သဘောရယ်၊ အပြင်မှာထိမှာရင်းနှီးနေကြလို့ တစ်ခြားဆိုဒ်တွေထက် ပိုအ၀င်များတာက သံယောဇဉ်တွယ်တယ်လို့
ပြောမယ်ဆိုလည်း ရနိုင်ပါတယ်..။

ကျန်တာကတော့ မြင်သလိုပဲရေးလိုက်တာပါ..။

yeakharr
10-30-2011, 11:02 PM
အစ်မအေးရေ
ဖိုရမ်ကြိး ခြောက်ကပ်နေတယ်လို့ ကျနော်တော့ သိပ်မခံစားဖြစ်ပါဘူးဗျာ။။ အဝင်ကြဲသွားတာရယ် တစ်ခါဝင်ပြိး အမြဲဝင်နေဖို့ မလိုအပ်တဲ့ ဆိုက်ဖြစ်နေလို့လားမှာ မသိတာနော်.. အချစ်ရွာမှာတော့ လူစည်သား။ ကျားကျားလေးတွေတောင် ဟုတ်ဘူး။ မမလေးတွေလည်း အများကြီးဗျာ... ခေတ်။ လူနေမှုပုံစံ။ social network နဲ့ မျက်နှာစာအုပ်ရဲ့ ကျော်ကြားမှု၊ ပြင်ပဂျာနယ်တွေရဲ့ ရိုက်ခတ်မှု. လူငယ်တွေရဲ့ စိတ်ဝင်စားမှုနဲ့ ပညာရေးစနစ်တွေကြောင့်လည်း ပါမယ်လို့ ကျနော်ထင်တယ်။ အားမလို အားမရတော့ ဖြစ်မိတယ်။ လူငယ်တွေတောင် မဟုတ်ပါဘူး။ လက်တွေ့နယ်ပယ်မှာ ကျင်လည်နေတဲ့ အင်ဂျင်နီယာတွေ နည်းပညာရှင်တွေတောင် ဒီဆိုက်ကို ပြထားပြီး ဝင်ပါဗျာ ဆိုတာတောင် တစ်ချက်မဝင်ဖြစ်ကြဘဲ မျက်နှာဘုတ်အုပ်ကြီးမှာတော့ အချိန်ပေးသဗျာ... ဒါတောင် သိပ်မအားလို့တဲ့.... ရိုး..... ခက်ပြီ။ ဒီတော့ ကျနော်ပြောချင်တာက ခေးအော့စ် ပေါ့ဗျာ... အချိန်တစ်ခုအလှည့်အပြောင်းမှာ ဒီလို နည်းပညာဆိုက်သည် ပြန်လည်နိုးထလာအုံးမှပါဗျာ..

တစ်ခုတော့ ကျနော်ပြောချင်တယ်ဗျာ... admin များအနေနဲ့ကတော့ အစ်မအေးပြောသလို အချိန်ရရင် ရသလို ကျနော် အမြဲဝင်ကြည့်နေပါတယ်။ တစ်ချို့ဟာလေးတွေကို ပြန်ပြီး ဖြေတဲ့ ပို့စ်တင်ချင်သော်လည်း မတင်မိပါဘူး။ ကျန်တဲ့ သူတွေ တင်လို့ရအောင် ကျနော်ချန်ထားခဲ့ပါတယ်။ ဒါမှာ အားလုံး ဝိုင်းဝန်းတဲ့ ဖိုရမ်ဖြစ်နေအောင်ပါ။ ကျနော်နားမလည်တဲ့ပို့စ်ဆိုရင်လည်း အသာလေး ကြည့်နေလိုက်ပါတယ်။ ဖြေတဲ့သူရှိမလားလို့ပေါ့။ မရှိမှသာ အဆင်သင့်သလို အကြောင်းပြန်ပေးပါတယ်။ အဓိကကတော့ admin အနေဖြင့် ကျနော်တို့ဆိုက်ရဲ့ နောက်ဖေးပေါက်လုံခြုံအောင်ပဲ ဂရိုစိုက်နေပါတယ်။ database back up လုပ်ခြင်း။ ဆိုက်အတွင်းတွင် လိုအပ်သော board များထည့်ခြင်း ရွှေ့ခြင်း။ ပြောင်းခြင်းများကို လုပ်နေရလို့ ပြန်လည်ဖြေကြားမှုမှာ အားနည်းခဲ့ကြတာကို ဝန်ခံပါတယ်ဗျာ... ဒီတော့ ဒီလို real time respond က mod များ special members များနဲ့ အများကြိးသက်ဆိုင်တာဖြစ်တဲ့အတွက် admin အပိုင်းကို တူတူတွဲလုပ်ဖို့ နောက်တစ်ယောက်ရှာမယ်ဆိုရင်
web အပိုင်းနားလည်ပြီး ဖိုရမ်ကို စေတနာရှိတဲ့ မျိုးဆက်သစ်အင်ဂျင်နီယာတစ်ယောက်ယောက် စိတ်ပါဝင်စားမယ်ဆိုမှသာ နောက်တစ်ယောက်ထပ်တိုးတော့မယ်လို့ ကျနော်ကတော့ ယူဆထားပါတယ်။ ဘာကြောင့်လဲဆိုတော့ admin right မှာ စိတ်သဘောထားမတိုက်ဆိုင်ပဲ တစ်ခုခုလုပ်လိုက်ရင် ပြသနာဖြစ်တတ်လို့ပါ။ delete, create နဲ့ full permissions ရှိတော့ အန္တရယ်များတယ်လို့ ထင်ပါတယ်။ လောလောဆယ်သွားနေတဲ့ပုံစံက admin ကို တစ်ယောက်က နောက်တစ်ယောက်ကို လက်ဆင့်ကမ်းတာမျိုးမဟုတ်ပါဘူးခင်ဗျာ... တာဝန်များလာလို့ နောက်တစ်ယောက်ကို လက်တွဲလုပ်ဖို့ ထပ်တိုးချင်သာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ မစဉ်းစားသေးပါဘူး။ mod များကိုသာ ထပ်တိုးမယ်လို့တော့ စဉ်းစားထားပေမယ့် active ဖြစ်တဲ့ မမ်ဘာရှားနေသေးတာရယ်။။ အလုပ်ကြီး ကြီးမားမားမရှိသေးလို့သသာ ဖြစ်ပါတယ်ခင်ဗျာ...


ကျနော်တို့ကိုယ်တိုင်လည်း ဘာတွေအလုပ်ရှုပ်နေမှန်းကို မသိတော့တာပါ။ ကျနော်တို့ဘက် လစ်ဟာသွားတာလေးတွေကို ပြန်ပြင်ဖို့အတွက် အစ်မအေး အကြံပေးတာကို လေးစားစွာခံယူပြီး ကျနော်တို့ admin တာဝန်ယူထားသူများ ဆက်လက်ပြီး
နည်းပညာဖိုရမ်အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားသွားပါ့မယ်..

လေးစားစွာဖြင့်

ရေခါး

KPZ
10-31-2011, 09:06 AM
အင်း မခေါ်ချင်လို့သာ ရမယ် မတော်ချင်လို့ မရဆိုတဲ့ စကား တစ်ခါတစ်လေ တော်တော် မှန်ပါလားနော်။ ဦးနှောက်ကလည်း တတ်တာတွေ ရေးထားတာ ကုန်ပီဆိုတော့ ဘာဆက်ရေးရမှန်း မသိတာတော့ အမှန်ပါ။ ဒါပေမယ့် ကိုယ့်ဖိုရမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတဲ့ အသိက ဘယ်သူကမှ ပေးထားတဲ့ တာဝန်မဟုတ်ပဲ ကိုယ့်ကိုကိုယ် ပေးထားတဲ့ အသိပါ။ စာလည်း မရေးဖြစ်တာ ကြာပီဆိုတော့ နည်းနည်းတော့ လျှာရှည်လိုက်ပါဦးမယ်။
ခုဖိုရမ်ရဲ့ လက်ရှိအနေအထားလေးကို ကိုယ်သိသလောက်လေး သုံးသပ်ရင်း ရှင်းပြပါရစေ။
ခုအချိန်မှာ ဖိုရမ်ရဲ့ အနေအထားအရ ခြောက်ကပ်တယ်လို့ ဆိုမယ်ဆိုရင် ဆိုလို့ရတဲ့ အနေအထားပါ။ လက်ခံပါတယ်။ဒါပေမယ့် ဒီအခြေအနေ တစ်ခုကို စိတ်ပျက်လက်ပျက် မဖြစ်ဖို့ ကျမတတ်သလောက် မှတ်သလောက် နည်းနည်းလောက် သုံးသပ် တင်ပြပရစေနော်။
ကျမတို့ဖိုရမ်က တစ်ကယ်ကို မိသားစု ဖိုရမ်ပါ။ သိုက်သိုက်ဝန်းဝန်း စည်းစည်းလုံးလုံးနဲ့ အရေးကြီးရင် သွေးနီးခဲ့တာ အမှန်ပါ။ဒီတော့ ဖိုရမ်မိသားစုဆိုတဲ့ အသုံးအနှုန်းလေးကို ကျမဘယ်တော့မှ ပျောက်ပျက်ခံမှာ မဟုတ်ပါဘူး။ မိသားစုတစ်ခုမှာ အရွယ်ရောက်လာရင် အိမ်ထောင်ပြုကြမယ် နောက် တစ်အိမ် ပြောင်းနေချင် ပြောင်းနေမယ် ဒါပေမယ့် ကိုယ်ခိုခဲ့တဲ့ ပျော်ခဲ့ဘူးတဲ့ အရပ်ဒေသကိုတော့ မေ့မယ်မထင်ပါဘူး။ ကျမတို့ မြန်မာနိုင်ငံမှာ မွေးတယ် ကြီးတယ် နေထိုင်ခဲ့တယ်။ ခု တစ်ခြားဒေသမှာ ရေကြည်ရာ မျက်နုရာ နေနေကြတယ်။ ဒါပေမယ့် ကိုယ်နေခဲ့တဲ့ နေရာကို ဘယ်တော့မှ မမေ့သလိုပဲ....
ကျမတို့ မန်ဘာတွေ အားလုံးလဲ နောက်ထပ် ဖိုရမ်တွေမှာ ဝင်ချင် ဝင်ကြမယ် ကိုယ့်ကိုယ်ပိုင်ဖန်တီးမှူ အသစ်လေးတွေ ရှိချင်ရှိမယ်။ ကိုယ်နေခဲ့ဖူးတဲ့ မြန်မာအင်၈ျင်နီယာ မိသားစု ဖိုရမ်ကို မေ့မှာ မဟုတ်ဘူးဆိုတာ ကျမ ယုံကြည်နေပါတယ်။

ဒီလို ဖိုရမ်တွေ စပီး ခေတ်မစားခင် အွန်လိုင်းလောကမှာ စတင်ခေတ်စားခဲ့ ဘလော့တွေပါ။ မြန်မာ ဘလောကာပေါင်းများစွာ ဘလော့လောကမှာ ခေတ်ထခဲ့ပါတယ်။ ကေပီဇက် ကိုယ်တိုင်လည်း ဘလော့ လောကမှာ ပျော်ခဲ့ပါတယ်။ သိပ်ချစ်စရာကောင်းတဲ့ လောကလေးတစ်ခုပါပဲ။ တစ်နေ့ကို ဘလော့လင့်ပေါင်း ၁ဝဝ အထိ ကေပီဇက် ဖတ်ခဲ့ဖူးပါတယ်။ အကြောင်းအရာမျိုးစုံကို ပုံစံမျိုးစုံနဲ့ ဖန်တီးခဲ့ကြပါတယ်။ ဒါပေမယ့်ကွဲပြားမှူတွေက အမှန်ရှိပါတယ်။ ဘလော့လောကမှာ နည်းပညာ ဘလော့အဖြစ် စတင်ခဲ့တယ်လို့ ဆိုလို့၇တဲ့ ကိုမီထရို (ဖို၇မ်မန်ဘာဟောင်းတစ်ယောက်ပါပဲ) သူဆိုရင် ခုဘလော့ကို ဆက်မရေးနိုင်တော့ပါဘူး။ ဒါပေမယ့် သူ့ဘလော့ခုထိ နေ့စဉ်ဝင်ထွက် ဖတ်ရှုနေရတဲ့ ဘလော့တစ်ခုပါ။ မီးရထားလမ်းအကြောင်းတွေ လေ့လာသူတိုင်း သူ့ဘလော့နဲ့ မကင်းနိုင်ပါဘူး။ ဒါပေမယ့် သူတတ်နိုင်တဲ့ အချိန် လုပ်ပေးနိုင်တဲ့ အချိန်မှာ လုပ်ပေးခဲ့တာ ခုချိန်ထိ အကျိုးရှိနေတုန်းပါ။
နောက်ဘလော့တစ်ခုက ကိုလူချော .... M & E ဟေ့ဆိုတာနဲ့ သူ့ဘလော့ကို မသိသူ မရှိပါဘူး။ သူလည်းဆက်မရေးနိုင်တော့ပါဘူး။ ဒါပေမယ့် လိုအပ်တိုင်း ဝင်ဖတ်ပီး ကျေးဇူး တင်နေရတုန်းပါ။
ဒါကဘာလည်းဆိုတော့ သူတို့လုပ်နိုင်ပေးနိုင်ဖန်တီးနိုင်တဲ့ အချိန်မှာ လုပ်ခဲ့တဲ့ တန်ဖိုးရှိတဲ့ အရာတွေပါ။ အသစ်တွေ မရှိပါဘူး။ ဒါပေမယ့် အဟောင်းတွေက ကောင်းနေဆဲပါပဲ။

ကျမတို့ဖိုရမ်ဘက်ကို ပြန်သုံးသပ်ကြည့်ရအောင်။ ကျမ ဥပမာတွေ အများကြီးပေးခဲ့တာ ဖိုရမ်နဲ့ ပတ်သတ်ပီး စိတ်ပျက်လက်ပျက် ဖြစ်နေတာလေးတွေ သုံးသပ်နိုင်အောင်ပါ။ ကို၇ာမညတို့ ကိုေ၇ခါးတို့ ဖိုရမ်ကို ၂၄နာရီ စောင့်ကြပ်ပေးနိုင်ခဲ့တာ ကျောင်းသားကာလတွေမို့လို့ကျမထင်မြင်မိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အချိန်ပေးနိုင်မှူက အံ့မခန်းဆိုတာတော့ အသေအချာပါ။ လူဆိုတာ ကိုယ်ပေးနိုင်တဲ့ အချိန်မှာ ကိုယ့်အတွက်ထက် သူများအတွက် လုပ်ပေးတဲ့သူတောင် ရှားပါတယ်။ ခုချိန်မှာ ဖိုရမ်က လူဟောင်းတွေ စေတနာထားခဲ့တဲ့ သူတွေအားလုံးမှာ ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုဆီ ရှိနေတဲ့အတွက် ကျမ စာရေးပါလို့ မတိုက်တွန်းရက် မပြောရက်ပါဘူး။ ခုလို အခြေအနေမျိုးကို လွန်ခဲ့တဲ့ ၂နှစ်ခွဲကျော်လောက်တုန်းက တစ်ခါ ဖြစ်ဖူးပါတယ်။ ဒါပေမယ့် တွေ့ဆုံပွဲတွေ အလှူတွေနဲ့ ပြန်အသက်ဝင်လာအောင် ကျမကြိုးစားခဲ့ဖူးပါတယ်။ ခုချိန်က အဲဒီ့တုန်းက အခြေအနေနဲ့မတူပဲ နည်းနည်း ကွဲပြားခက်ခဲနေတာကြောင့် အနည်းနဲ့ အများတော့ ရှိနေမှာပါပဲ။ ဒါကို သီးခံနားလည်ပေးပီး ကျမတို့အားလုံးဖေးမ ပေးနိုင်ဖို့ လိုအပ်တယ်လို့ထင်ပါတယ်။
ဖိုရမ်အုပ်ချုပ်ရေးပိုင်းကို ကျမလုံးဝ ဝင်မပါလိုပါဘူး။ ဒါပေမယ့် ကျမနားလည်သလောက် အကြံလေးတစ်ခုတော့ ပေးပရစေ။ အက်ဒမင်တစ်ယောက်ကို အလွယ်တကူ ထပ်ပြောင်းဖို့ လုံးဝ လုံးဝ အားမပေးပါဘူး။ ရှိနေပီးသား အက်ဒမင်လေးယောက်ကပဲ ဆက်လက် အချိန်ပေးဖို့တိုက်တွန်းချင်ပါတယ်။ တန်ဖိုးရှိတဲ့ ဖိုရမ်သမိုင်းကြောင်းတွေ ဘာအကြောင်းကြောင့်မှ အတိမ်းအစောင်း မဖြစ်မခံနိုင်ပါဘူး။ ကျမအတွက်ကတော့ အက်ဒမင်တစ်ယောက်ဟာ စာရေးတတ်ဖို့ထက် ဘယ်လိုအခြေအနေမျိုးမှာ မဆို ဖိုရမ်အပေါ်ထားတဲ့ စိတ်နှလုံးမပြောင်းလွဲဖို့ ပိုအရေးကြီးပါတယ်။ အက်ဒမင်များ စိတ်အခြေအနေ ပြောင်းသွားပီဆို၇င် ကျမတွေးတောင် မတွေး၇ဲပါဘူး။ ကိုချစ်သီး ကျမတို့ နည်းနည်းထပ် အားစိုက်ပီး ကြိုးစားကြရအောင်။
ကိုရေခါး ရေ ဖြစ်နိုင်မယ်ဆိုရင် မြန်မာစာ မရှိတဲ့စက်မှာလည်း ဖိုရမ်ကို ဖတ်လို့ရအောင်ကြိုးစားပေးပါလား။ အရင်ကတော့ ရတယ်.. တမ်းပလိတ် အသစ်ပြောင်းပီးတည်းက မရတော့တာ။

ကျမတို့ဖိုရမ်ကို ကျမက စာကြည့်တိုက်တစ်ခုလို မြင်ပါတယ်။ National Library တစ်ခုဟာ ရပ်ကွက်ထဲက စာအုပ်ငှားဆိုင်လောက်တော့ လူစည်မယ်မထင်ပါဘူး။ ကျမတို့ဖိုရမ်ကို တင်စားလွန်းတယ်လို့မြင်ရင် ဆောတီးပါ။ ကျမစိတ်ထဲတစ်ကယ်မြင်တာ ပြောမိတာပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် MEF ဟာ ကျမတို့ရဲ့ သမိုင်း ကျမတို့ရဲ့ ဘယ်တော့မှ မပျောက်ပျက်နိုင်မယ့်ခြေရာတွေပါ။ အသစ်တွေ မဖန်တီးနိုင်ရင်တောင် အဟောင်းတွေ မပျောက်ပျက်အောင် ထိန်းသိမ်းကြရအောင် ...

ခင်မင်လေးစားလျှက်
ကေပီဇက်

phoelapyae
10-31-2011, 10:17 AM
အကြံပေးသွားတာ ကျေးဇူးတင်ပါတယ်အမ။
ကျွန်တော်လဲ မြန်မာပြည်ရောက်တော့ မြန်မာပြည်ကော်နက်ရှင်နဲ့ တော်တော်လေး အားတင်းပြီး အွန်လိုင်းတက်ရပါတယ်။
အရင်လိုတော့ အချိန်ပြည့် မကြည့်နိုင်တော့ပါဘူး။ နောက်တစ်ခုက အပြင်ကိစ္စတွေနဲ့ ၊ စီးပွါးရေးကိစ္စတွေပါ ပါလာတော့ နောက်ပိုင်း ဖိုရမ်ကို သိပ်တောင် မ၀င်နိုင်တော့ပါဘူး။
အခုနောက်ပိုင်း ဖိုရမ်ကြီး ခြောက်ကပ်လာတယ်ပြောရင် အရင်ကထက်စာရင်တော့ သိပ်မစည်ကားတော့တာ ဟုတ်ပါတယ်။
ဒါပေမဲ့ နည်းပညာဖိုရမ်မှာတော့ ကျွန်တော်တို့ဖိုရမ် အခြားဖိုရမ်တွေထက် အများကြီးသာပါတယ်။
တစ်ခြား social ပို့စ်တွေမှာတော့ ခြောက်ကပ်နေတာပေါ့ဗျာ။
နည်းပညာပို့စ်တွေ အခြားသောဖိုရမ်တွေထက် ဒီဖိုရမ်မှာ အများကြီးရှိတယ်ပြောနိုင်တာတစ်ခုက ကျွန်တော်ဖိုရမ်ပေါင်းစုံဝင်ပါတယ်။
အမြဲတမ်းနည်းပညာပို့စ်အသစ်တွေ ဘာတွေများထွက်လဲ စောင့်ကြည့်ပါတယ်။
ဒီနေ့အထိ ကျွန်တော်မျက်ခြေမပြတ်ခဲ့ပါဘူး။ ပို့စ်မတင်နိုင်ပေမဲ့ သူများပို့စ်တွေ ကျွန်တော် ဖိုရမ်တကာလှည့်ပြီး ဖတ်ဖြစ်ပါတယ်။
သည်မှာ ဘာတွေ့လဲဆိုရင် နည်းပညာနဲ့မဆိုင်တဲ့ပို့စ်တွေသာများပြီး နည်းပညာဆိုင်ရာမှာတော့ ကျွန်တော်တို့ဖိုရမ်က အစုံလင်ဆုံးပါ။
သူများဖိုရမ်မှာ နည်းပညာပို့စ်တွေ ရေးသားကြပါတယ်။ အများအားဖြင့် FAQ သာများပြီး၊ tutorial လောက်တွေသာ များပါတယ်။
တကယ့်တကယ် နင်လားငါလား နည်းပညာဆိုင်ရာ Indeep ဆိုရင်တော့ ကျွန်တော်တို့ဖိုရမ်လောက် ဘယ်သူမှ ချမရေးကြပါဘူး။
ဥပမာ linux နဲ့ပက်သက်ပြီးကြည့်မလား။ ကိုရေခါးတို့ ၊ ကျွန်တော်တို့ သူများတွေကို ချပြတာ ဘယ်ဖိုရမ်မှ မရှိပါဘူး။
အဲဒီပညာတွေက အပြင်မှာ ပိုက်ဆံဖြစ်ပါတယ်။ ဘယ်သူမှ ထုတ်မရေးကြပါဘူး။ ဒါပေမဲ့ ကိုရေခါးတို့ ချရေးခဲ့ပါတယ်။
ကျွန်တော်ဆိုလိုချင်တာက အခုဖိုရမ်ကြီးက ခြောက်ကပ်တယ်ဆိုတာ မှန်ပေမဲ့ နည်းပညာဆိုင်ရာမှာတော့ အမြဲ reference ပြေးယူရတဲ့ဆိုက်ပါ။
ကျွန်တော်လဲ တစ်ခုခုလိုချင်တာနဲ့ ဖိုရမ်ဆီကိုပဲ ပြေးလာရတာပါပဲ။ အရင်အရင်တွေ တင်ခဲ့ကြတဲ့ပို့စ်တွေက အသားတွေချည်းပါပဲ။
နည်းပညာပို့စ်တွေဆိုတာ တစ်လနေမှ တစ်ခုတက်ချင်တက်မယ်။ ဒါပေမဲ့ အမြဲတမ်း အဖိုးတန်နေပါတယ်။
ပြီးတော့ နည်းပညာပို့စ်တစ်ခုတက်ဖို့ဆိုတာ အမတန်ခက်ပါတယ်။
ကျွန်တော်တို့ကိုယ်တိုင်လဲ တစ်ခုရေးမယ်ဆိုရင် သေချာသိမှ ရေးဖြစ်တော့ တစ်ခု တစ်ခု ရေးဖို့ဆိုတာ အမတန် စဉ်းစားရပါတယ်။ အချိန်လဲ ပေးနိုင်မှ ၊ စေတနာလဲ ရှိမှ ဖြစ်ပါတယ်။
ဒါကြောင့် ဖိုရမ်ခြောက်ကပ်တယ်လို့ ဖြစ်သွားတာပါ။

ဘာပဲပြောပြော အခုလို ဖိုရမ်အတွက် သေချာစဉ်းစားပေးတာကိုက ဖိုရမ်အပေါ်ဘယ်လောက်သံယောဇဉ်ကြီးတယ်ဆိုတာ မြင်နိုင်ပါတယ်။
အထူးလဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လဲ ဖိုရမ်အတွက် ဒီထက်ပိုမိုအားထည့်သွားမယ်လို့ ကတိပေးပါတယ်။
အခုလို ပွင့်ပွင့်လင်းလင်းအကြံပေးတာ တကယ်ကျေးဇူးပါ။

pigkalay
10-31-2011, 10:25 AM
ပညာရပ်ဆိုင်ရာတွေကောင်းကောင်းဆွေးနွေးဖို့က
အဓိကဆိုတဲ့ အမြင်ကို လက်မခံဘူး..။ ဖိုရမ်မှာအ၀င်များရင် ကိုယ်နဲ့မဆိုင်တဲ့ပို့စ်တွေလည်း ဖတ်မိသွားတာပဲ..။ အကျိုးကျေးဇူးရတာပဲ..။


ဒါကတော့ တစ်ဦးနဲ့ တစ်ဦးအမြင်နှင့် လက်ခံယုံကြည်မှုလို့ပဲ ပြောကြမလား အမအေးရေ .......
ဥပမာပြောရရင် တစ်ယောက်ထဲစာကြည့်တက်တဲ့လူနဲ့ သူငယ်ချင်းတွေနဲ့စာကြည့်မှ စာပိုရတဲ့လူလိုပေါ့ ....
အမအေးတို့ကို နားမလည်ပေးတာမဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်ကိုယ်က သူငယ်ချင်းတွေတစ်ရုံးရုံးနဲ့မှ စာကြည့်တက်တဲ့လူမျိုးပါ။ စာပိုရတယ်လို့ထင်တက်တဲ့ လူမျိုးပါ။
ဒါပေမယ့် ပညာရပ်ကိုထဲထဲဝင်ဝင် လေးလေးစားစား စာကိုကြိုးစားပြီး ဖတ်မှတ်ကြိုးစားတဲ့လူများကတော့ အမ KPZ ပြောသလို National library လိုနေရာမျိုးကသာ အဆင်ပြေမှာပါ။

ကျွန်တော်တို့တွေ ပျော်စရာတွေ ရယ်မောစရာတွေ သီချင်းတွေ ရုပ်ရှင်တွေအကြောင်းကို Online မှာ အလွယ်တကူရှာဖွေလို့ရပါတယ်။ ဒါပေမယ့် နည်းပညာသီးသန့် ပညာရေးကိုအသားပေးတဲ့ ဖိုရမ် ကမရှိသလောက်ရှားပါတယ်။ ကျွန်တော်တို့ နောက်မျိုးဆက်သစ်တွေကို နည်းပညာနဲ့ပတ်သတ်ရင် MEF ကိုသွားလို့ ဂုဏ်ယူပြောလိုက်ချင်တာကတော့ အမှန်ပါပဲ။ အတွေ့အကြုံနည်းလို့ နည်းပညာတွေအများကြီး မ share နိုင်ပေမယ့် ကိုယ်ပိုင်အားလပ်ချိန်လေးတွေကို အသုံးပြုလို့ အများအကျိုးအတွက် ဦးတည်လို့ နည်းပညာကို အတွေ့အကြုံနဲ့ ပေါင်းစပ် စေတနာကို အရင်းခံထားတဲ့ Forum မောင်နှမများကိုတော့ အတိုင်းမသိအစဉ်လေးစားလျှက်ပါဗျာ။

ပြီးတော့အကိုအမတွေက တစ်ယောက်နဲ့တစ်ယောက်ထောက်ပြကြပြီး ဆွေးနွေးကြတာကိုလဲ ဖိုရမ်အကျိုးကိုမျှော်ကိုးပြီး ပြောကြတာပဲလို့မြင်ပါတယ်။ အမြင်မတူကြတာကတော့ လူ့သဘာဝမို့ ဖိုရမ်ကိုချစ်တဲ့အကိုအမတို့ စိတ်ဝမ်းမကွဲကြဘူးဆိုတာကိုတော့ ယုံကြည်ထားပါတယ်။

စာရေးဆရာကိုတာ ဘာသာပြန်ထားတဲ့ ဖြန့်ထွက်တွေးခြင်းစာအုပ်လေးထဲကလိုပေါ့။ လူ့ဦးဏှောက်ကိုအခြေခံလို့ လူ့ဘောင်အဖွဲ့အစည်းတစ်ခု တို့တက်ဖို့ ဆွေးနွေးကြရာမှာ ရောင်စုံဦးထုပ် ၆ လုံးဆောင်းထားသလိုပါပဲတဲ့။ အကောင်းဖက်ကကြည့်ပြီး လိုအပ်တာတွေကို တွေးတောထောက်ပြနိုင်သလို အဆိုးဖတ်ကတွေးလို့လဲထောက်ပြသင့်ပါတယ်။ လိုတာတွေယူပြီး မလိုတာတွေချန်ခဲ့ဖို့သာအဓိကပါ။ ဘယ်ဟာကကောင်းမွန်တဲ့လမ်းလဲဆိုတာ ရွေးချယ်နိုင်ဖို့ကသာ အရေးကြီးပါတယ်။

Information: (White) - considering purely what information is available, what are the facts?
Emotions (Red) - instinctive gut reaction or statements of emotional feeling (but not any justification)
Bad points judgment (Black) - logic applied to identifying flaws or barriers, seeking mismatch
Good points judgment (Yellow) - logic applied to identifying benefits, seeking harmony
Creativity (Green) - statements of provocation and investigation, seeing where a thought goes
Thinking (Blue) - thinking about thinking
( http://en.wikipedia.org/wiki/Six_Thinking_Hats )

ကဲကျွန်တော့ အကိုအမတွေလဲ လိုအပ်ရင်လိုအပ်သလိုဦးထုပ်တစ်ယောက်တစ်လုံးစီဆောင်းပြီး ကျွန်တော်တို့ MEF ကို ဒီထက်ပိုမိုပြည့်စုံလာအောင် ဆက်လက် ဖြည့်ဆည်းပေးပါအုန်းလို့ တောင်းဆိုလိုက်ပါတယ်။

ခင်မင်လေးစာစွာဖြင့်
Pigkalay

အရံခ
11-10-2011, 02:04 PM
မြန်မာအင်ဂျင်နီယာ ဖိုရမ်အနေဖြင့် Post တစ်ခုခုအား Move လုပ်လျှင်ဖြစ်စေ၊ Lock လုပ်လျှင်ဖြစ်စေ၊ အဘယ်အကြောင်းကြောင့် Move, Lock လုပ်ကြောင်း (သို့မဟုတ်) အဆိုပါ Post တွင် Comment အနေဖြင့် တစ်ခုခု ရေးပေးကာ Move, Lock လုပ်ကြောင်း FeedBack တစ်ခုအနေဖြင့် Post ပိုင်ရှင်အား အသိပေးအကြောင်းကြား ပေးပါရန် လေးစာစွာ တောင်းဆိုအပ်ပါတယ်။

ကိုထွန်း
11-10-2011, 03:36 PM
ကိုအရံခရေ

မြန်မာအင်ဂျင်နီယာဖိုရမ်ဟာ၊ အင်ဂျင်နီယာနဲ့ နည်းပညာစစ်စစ်ဖိုရမ် တခုအဖြစ်၊ ပြောင်းလဲတဲ့အခါ မလိုအပ်တဲ့ခေါင်းစဉ်တွေကိုပိတ်ခြင်း၊ ကွဲပြားနေတဲ့ ခေါင်းစဉ်တွေကို၊ စုစည်းခြင်းနဲ့ နေရာရွှေ့ခြင်း အစရှိတဲ့၊ ကိစ္စအတော်များများကို၊ ကျွန်တော်အပါအဝင် Senior ဖိုရမ်မာများရဲ့ အကြံပေး ချက်တွေ၊ ဆွေးနွေး ညှိနှိုင်းချက်တွေအရ၊ ဖိုရမ်တာဝန်ရှိသူများမှ၊ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဆောင်ရွက်ပြီးတိုင်း အကြောင်းပြန်ခဲ့သလို၊ တခါတရံ အကြောင်း အမျိုးမျိုးကြောင့် အကြောင်းမပြန်ဖြစ်ခဲ့တာလည်း၊ ရှိနိုင်ပါတယ်။


မြန်မာအင်ဂျင်နီယာ ဖိုရမ်အနေဖြင့် Post တစ်ခုခုအား Move လုပ်လျှင်ဖြစ်စေ၊ Lock လုပ်လျှင်ဖြစ်စေ၊ အဘယ်အကြောင်းကြောင့် Move, Lock လုပ်ကြောင်း (သို့မဟုတ်) အဆိုပါ Post တွင် Comment အနေဖြင့် တစ်ခုခု ရေးပေးကာ Move, Lock လုပ်ကြောင်း FeedBack တစ်ခုအနေဖြင့် Post ပိုင်ရှင်အား အသိပေးအကြောင်းကြား ပေးပါရန် လေးစာစွာ တောင်းဆိုအပ်ပါတယ်။

အခုလိုအကြံပေးတဲ့ ကိုအရံခ ကို ကျေးဇူးတင်ပါတယ်။ နောင်မှာလည်း ဖိုရမ် တာဝန်ရှိသူများမှ၊ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ "အင်ဂျင်နီယာနဲ့ နည်းပညာစစ်စစ်ဖိုရမ်" တခုအဖြစ်၊ ရပ်တည်ဖို့ခြေလှမ်းပြင်နေ တဲ့၊ ကျွန်တော်တို့အားလုံးရဲ့ မြန်မာအင်ဂျင်နီယာဖိုရမ်မှာ၊ ပျော်ရွှင်စွာလည်ပတ်ရင်း၊ "အင်ဂျင်နီယာနဲ့ နည်းပညာဆိုင်ရာ" အတွေ့အကြုံတွေ၊ အသိအမြင်တွေကို၊ ဝေမျှပေးဖို့၊ ကိုအရံခ ကိုဖိတ်ခေါါပါပါတယ်။

personally အရ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုအရံခ ရေးတင်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ post တွေကို၊ ဘာရယ်မဟုတ်၊ အပျင်းပြေဖတ်ဖူးပေမယ့် ကျွန်တော် စိတ်မဝင်စားပါဘူး။ သေခြာတာကတော့ ဘာရယ် မဟုတ်၊ အပျင်းပြေဖတ်မိသူ၊ ကျွန်တော့်မှာ၊ အချိန်ကုန်သွားတာပဲ၊ အဖတ်တင်ပါတယ်။ ကိုအရံခ အချိန်ကုန်ခံကာ၊ တင်ပေးတာတွေကို၊ စော်ကားသလိုဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။

အပေါါမှ ကျွန်တော့်ရေးသားပြောဆိုချက်တွေနဲ့  ပက်သက်လို့၊ ကိုအရံခ အနေနဲ့ သဘောမကျခဲ့လျှင်၊ မြန်မာအင်ဂျင်နီယာဖိုရမ်မင်ဘာ တဦးအနေနဲ့မဟုတ်ပဲ၊ personally အရ၊ ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော့်ဖုန်းနံပါတ်က၊ + (65) 9177 9033 ပါခင်ဗျား။

monopoly
11-10-2011, 10:46 PM
ကျွန်တော်ထင်တာလေးလဲ ၀င်ပြောကြည့်မယ်နော်...
forum မှာ ထပ် တင်လာတဲ့ post တွေ နည်းသွားလို.ပါ...အစ်ကိုတို.အစ်မတို.လည်းရေးပေးကြပါဦးဗျာ..သိပြီးသားတွေဖြစ်မှာပါဆိုပြီးမတင်ဘဲမနေပါနဲ.ဗျာ
အစ်မတို. အချင်းချင်းသာသိတာပါ..ကျွန်တော်အတွက်တော့အထူးအဆန်းတွေချည်းပဲ....ကျွန်တော်လိုပဲ တခြား member တွေ guest တွေ လဲ ဒီလိုပဲနေမှာပါ.
ဒီ forum ထဲမှာဆိုရင် တော်တော်များများသိတဲ့လူက လူ၂၀၀ မကျော်ပါဘူးဗျာ။ member တင် ၁၀၀၀၀ ကျော်နေတဲ့ ဒီ forum မှာတော်တော်များများကတော့ကျတော့်လို ဘာမှသိမှာမဟုတ်ပါဘူး။
ကျွန်တော် ဒီ forum ကို ၁ လပိုင်းလောက်ကတည်းကသိခဲ့တာပါ။ မေးလည်းမေးချင်ပေမဲ့ ဘာမေးရ မှန်းလည်းမသိခဲ့ပါဘူး။ Structure ဆိုတဲ့ ဘာသာ အရေးကြီးတယ်ဆိုတာ ကိုချစ်တီးတင်ပေးတဲ့ Etab အကြောင်းကိုဖတ်ပြီးတော့မှသိရတာပါ။ကျွန်တော် ကို ဆရာတစ်ယောက်က မေးဖူးတယ်။ မင်းသင်နေတဲ့ structure က Edition ဘယ်လောက်လဲလို.။ပြန်ဖြေဖို.မပြောနဲ. ဆရာပြောမှပဲ ရှိမှန်းသိတော့တယ်။
နောက်မေးသေးတယ်ဗျ...မင်း ACI code နဲ့ သင်ထားတာမလားတဲ့....ဒီတစ်ခါတော့ကျွန်တော်လည်းဖြေလိုက်ပါတယ်...ဟာဆရာရယ်..ဒီcode ပဲရှိတာပဲ ..ဒါပဲသင်ရမှာပေါ့....ဆရာကလည်းအားကျမခံ သူ. စာအုပ်တွေထုတ်ပြတယ်လေ။ BS code နဲ. Eurocode စာအုပ်တွေပါ။ အဲဒီအခါကျမှ ဘဲ တခြားcode တွေ ရှိမှန်းသိတော့တယ်ဗျာ။....ဆရာကပြောသွားတယ်.." ကျောင်းသားတွေ ကအတွေးချော်နေကြတယ်တဲ့..ကျောင်းမှာစာမလုပ်ပဲ site ထဲ ရောက်မှ အတွေ.အကြုံကသင်ပေးမယ်ဆိုပြီးတော့ပေါ့ ...Engineer ဆိုတာ Theory ကို ကိုင်ထားရမယ်တဲ့" ကျောင်းတွေက Technological လို.သာရေးထားတာ..တကယ်တမ်းကျတော့ Technological သိပ်မပေးနိုင်ဘူးဗျ..
ကျောင်းသားတော်တော်များများလည်း ဒီ Forum ပဲ အားကိုးကြ မှာပါ....ခုတော့ကျတော့်လိုပဲ ရေးဖို.နေနေသာသာ ဘာမေးရမှန်းတောင်မသိဘူးဖြစ်နေတယ်လို.ထင်ပါတယ်။အစ်ကိုအစ်မတို.အားခဲ့ရင် post လေးတစ်ခုလောက်ဖြစ်ဖြစ်ရေးပေးကြပါဗျာ..ကျတော်တို.မလိုက်နိုင်ရင်တောင်မှ ဗဟုသုတလေးရတာပေါ့..

အရံခ
11-11-2011, 07:57 PM
personally အရ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုအရံခ ရေးတင်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ post တွေကို၊ ဘာရယ်မဟုတ်၊ အပျင်းပြေဖတ်ဖူးပေမယ့် ကျွန်တော် စိတ်မဝင်စားပါဘူး။ သေခြာတာကတော့ ဘာရယ် မဟုတ်၊ အပျင်းပြေဖတ်မိသူ၊ ကျွန်တော့်မှာ၊ အချိန်ကုန်သွားတာပဲ၊ အဖတ်တင်ပါတယ်။ ကိုအရံခ အချိန်ကုန်ခံကာ၊ တင်ပေးတာတွေကို၊ စော်ကားသလိုဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။

အခုလိုရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် ကိုထွန်း။ ကိုထွန်းအနေနဲ့ စိတ်မ၀င်စားတဲ့ အရာတစ်ခုကိုဖတ်ရင်း အချိန်ကုန်တာပဲ အဖတ်တင်သွားတာ ကျွန်တော်အချိန်ကုန်ခံ တင်ပေးထားတွေကို စော်ကားသလို မဖြစ်ပါဘူးဗျာ....
ကျွန်တော့်အနေနဲ့ က ကျွန်တော်စခဲ့တဲ့ အရာတစ်ခုကို အဆုံးလာသတ်ခြင်းသာဖြစ်ပါတယ်။

tunaungkyaw
11-11-2011, 07:59 PM
မြန်မာအင်ဂျင်နီယာ ဖိုရမ်အနေဖြင့် Post တစ်ခုခုအား Move လုပ်လျှင်ဖြစ်စေ၊ Lock လုပ်လျှင်ဖြစ်စေ၊ အဘယ်အကြောင်းကြောင့် Move, Lock လုပ်ကြောင်း (သို့မဟုတ်) အဆိုပါ Post တွင် Comment အနေဖြင့် တစ်ခုခု ရေးပေးကာ Move, Lock လုပ်ကြောင်း FeedBack တစ်ခုအနေဖြင့် Post ပိုင်ရှင်အား အသိပေးအကြောင်းကြား ပေးပါရန် လေးစာစွာ တောင်းဆိုအပ်ပါတယ်။

ကိုအရံခ ခင်ဗျာ။
အခုလို ပို့စ်ပိုင်ရှင်အကို အသိပေးစာပို့ဖို့နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်လို့ ဒီနေရာကနေပဲ အသိပေးလိုက်ပါတယ်။
မဖျက်လိုက်ပဲနဲ့တမင် ပို့စ်ကို ရွှေ့တဲ့လင့် ချန်ထားခဲ့တာကိုက ပို့စ် တင်တဲ့သူကို သိစေလိုတဲ့အတွက်ဖြစ်ပါတယ်။
ရွှေ့ပြီးပေမဲ့ အသိပေးစာရေးဖို့ အဆင်မပြေသေးတဲ့အတွက် အသိပေးစာမပို့ရသေးတာသာဖြစ်ပါတယ်။
အကိုတို့အနေနဲ့အရင်ကလည်း ကျနော်တို့ဖိုရမ်မှာလာပြီး ဆွေးနွေးနေတာတွေကို ကျနော်တို့အနေနဲ့ ခွင့်ပြုခဲ့ပါတယ်။
ခုနောက်ပိုင်းမှာ ကျနော်တို့ ဖိုရမ်ကို နည်းပညာကို ပဲ အသားပေးတဲ့ဖိုရမ်အဖြစ်ပြောင်းလိုတာကတကြောင်း၊
ကျနော်တို့ဖိုရမ်တာဝန်ရှိတဲ့သူများအနေနဲ့ ဘာသာရေးဖက်မှာ နှံစပ်ကျွမ်းကျင်မှုအားနည်းတာကြောင့်တကြောင်း၊ ဘာသာရေးနဲ့ဆိုင်တာတွေကို လက်ရှိရှိနေတဲ့ ဆွေးနွေးချက်တွေကလွဲရင် နောက်ထပ် ဘာသာရေးနဲ့အကြောင်းအရာတွေ ဘယ်အရာကိုမှ လက်မခံလိုတော့တာပါ။ အဲဒါကြောင့်လည်းဆွေးနွေးချက်တွေကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။ အဲလောက်ဆိုရင် နားလည်နိုင်မယ်ထင်ပါတယ်။

ကျနော်တို့ဖိုရမ် အုပ်ချုပ်သူတွေဟာ အားနေလို့ ဒီဖိုရမ်ထောင်ပြီး စာရေးနေတဲ့သူ တစ်ယောက်မှ မရှိပါဘူး။
ကျနော်တို့အနေနဲ့လည်း နည်းပညာကလွဲရင် တခြားဖက်မှာ အာရုံမနောက်ချင်ပါဘူး။ အကိုတို့ အရင်ကဆွေးနွေးချက်တွေ ဆွေးနွေးနေတဲ့အချိန်မှာ ကျနော်တို့ အုပ်ချုပ်သူတွေအနေကို အလုပ်ရှုပ်စေပါတယ်။
အမြဲမပြတ်ပို့စ်တွေဖတ်နေရတယ်၊ ဘယ်သူက ဘယ်လိုမျိုးရေးတယ်၊ ဘာပြောတယ်ဆိုတာတွေက အစ ဖတ်နေရတဲ့အချိန်တွေကို အကုန်မခံချင်ပါဘူး။
ကျနော်တို့ရဲ့အချိန်တွေကို နည်းပညာရှာနေတဲ့ ကျနော်တို့ရဲ့ ညီငယ်၊ ညီမငယ်တွေအတွက်ပဲ အကျိုးရှိရှိ အသုံးချချင်တာပါ။
အလုပ်မအားလို့ ပို့စ်တွေတက်မလာတဲ့အကြောင်းအပေါ်မှာဆွေးနွေးနေတာတွေလည်းဖတ်ကြည့်ရင်သိနိုင်မှာပါ။
အငြင်းပွါးကြ၊ ဆွေးနွေးနေကြရင်းက ကျနော်တို့ အင်ဂျင်နီယာမောင်နှစ်မတွေနဲ့ အဆင်မပြေဖြစ်လို့ ဖိုရမ်ကနေ ကျနော်တို့ အင်ဂျင်နီယာစစ်စစ်မောင်နှစ်မတွေ ဆုံးရှုံးသွားမှာလည်းမလိုလားပါဘူး။
အဲဒါကြောင့်မလို့ အကိုတင်လိုက်တဲ့ စာအုပ်ပါတဲ့လင့်ကို နေရာရွှေ့လိုက်တာပါ။ အကို့အနေနဲ့ ဆွေးနွေးချက်မဟုတ်ဘူး၊ စာအုပ်တင်ပေးတာလို့ငြင်းလို့ရပေမဲ့ အကိုက လင့်တင်ပဲ တင်ပေးရုံမက အမြည်းပါရေးထားတဲ့အတွက် အဲဒီနေရာမှာ တခြားတစ်ယောက်က လာဆွေးနွေးနေရင် (လာပြီးတော့ ဆွေးနွေးမှာလည်း သေချာသလောက်ပါပဲ) ကျနော်တို့ရဲ့အချိန်တွေတခါကုန်ကျရဦးမှာကို မလိုလားတဲ့အတွက် ကြိုတင်ပြီးတော့ ရွှေ့ပေးလိုက်တာဖြစ်ပါတယ်။

အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ဆွေးနွေးချက်တွေဆိုရင်တော့ လုံးဝ welcome ပါ။ လိုအပ်တဲ့အကူအညီတောင်ပေးလိုက်ပါဦးမယ်။

အရံခ
11-12-2011, 09:56 PM
အကို့အနေနဲ့ ဆွေးနွေးချက်မဟုတ်ဘူး၊ စာအုပ်တင်ပေးတာလို့ငြင်းလို့ရပေမဲ့ အကိုက လင့်တင်ပဲ တင်ပေးရုံမက အမြည်းပါရေးထားတဲ့အတွက် အဲဒီနေရာမှာ တခြားတစ်ယောက်က လာဆွေးနွေးနေရင် (လာပြီးတော့ ဆွေးနွေးမှာလည်း သေချာသလောက်ပါပဲ) ကျနော်တို့ရဲ့အချိန်တွေတခါကုန်ကျရဦးမှာကို မလိုလားတဲ့အတွက် ကြိုတင်ပြီးတော့ ရွှေ့ပေးလိုက်တာဖြစ်ပါတယ်။

ကိုထွန်းအောင်ကျော် အခုလိုရှင်းပြပေးတာကို ကျေးဇူးတင်ပါတယ်။ မြန်မာအင်ဂျင်နီယာဖိုရမ်အနေနဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒနဲ့ ထေရ၀ါဒအပြင် အခြားဘာသာရေးဆွေးနွေးချက်တွေကြားထဲမှာ အခုလို ခေါင်းခဲစရာတွေ ရှိမယ်ဆိုတာ ကျွန်တော်လည်းနားလည်ပါတယ်။ ကျွန်တော့်ကို လည်း ဒီ အရံခ ဆိုတဲ့ကောင်က ဘာကောင်လဲဟ ဖိုရမ်မှာလည်း လာဆွေးနွေးသေးတယ် အလာကြီးနဲ့ ငါတို့ကို ပြန်ဟစ်နေသေးတယ်လို့ ထင်မှာလည်း စိုးရိမ်မိပါတယ်။
ကျွန်တော် အဲ့ဒီ စာအုပ်တင်မလို့တုန်းက လင့်ခ်ကြီးပဲ တင်ရင် စာလုံးရေ ကန့်သတ်ချက်အရ နည်းလို့ Error များရှိမလား။ နိဒါန်းတစ်ခုခုပျိုးပြီးတင်မလား စဉ်းစားပါသေးတယ်။ မထူးပါဘူးဆိုပြီး အတတ်နိုင်ဆုံး ဘယ်သူ့ဘယ်သူနဲ့မှ မငြိဘူးလို့ယူဆတဲ့ အပြုသဘောဆောင်တာနဲ့ နိဒါန်းပျိုးပြီးတင်လိုက်တာပါ။ ကိုထွန်းအောင်ကျော်ပြောသလိုပဲ အမြည်းအပေါ်မှာ လာဆွေးနွေးရင်တော့ တကယ်ကို အမြည်းနိဒါန်းပျိုးမိတဲ့ ကျွန်တော့အပြစ်ပါ။ တင်ထားတဲ့ စာအုပ်အပေါ်မှာ လာဆွေးနွေးခဲ့ရင်တော့ စာအုပ်ကဏ္ဍမှာ လာဆွေးနွေးလို့ ရှုပ်ထွေးမှုတွေ ထပ်မဖြစ်ဖို့ ဖိုရမ်ရဲ့ပေါ်လစီအတိုင်းတားမြစ်သင့်ပါတယ်။

နောက်ပြီး ဖိုရမ်မှာ Move လုပ်တဲ့ ပုံစံမူကွဲတွေကို ကျွန်တော်နားမလည်ပါဘူး။ မနေ့က လည်း ပိုစ့်တစ်ခု Move လုပ်ခံရတာတွေပါတယ်။ Post ထဲက ရေးထားတဲ့စာကို ဖတ်လို့ရပါတယ်။ Comment တက်လို့မရပါဘူး။ ကျွန်တော့်ပိုစ့်က ၀င်ဖတ်လို့ကို မရပါဘူး။ အဲ့ဒါဟာ ကျွန်တော် ဒီ FeedBack တောင်းဆိုခြင်းကဏ္ဍမှာ ၀င်ရောက်တောင်းဆိုရခြင်းရဲ့ အဓိက အကြောင်းအရင်းပါပဲ။

Adam
03-25-2012, 04:07 PM
would like to read and post those engineering related matters.

astar
05-22-2012, 09:55 PM
ကျွန်တော်လည်း တစ်ခုလောက် တောင်းဆိုချင်တယ်။ ဒီဖိုရမ်က ပို့တွေကို ဖေ့ဘွတ်မှာ ရှယ်လို့ရတဲ့ ခလုတ်လေးပါရင် ကောင်းမယ်။ ဖြစ်နိုင်၊မဖြစ်နိုင်မသိဘဲ ဖြစ်ချင်တာကို စိတ်ကူးယဉ်ကြည့်ခြင်းသာ ဖြစ်ပါကြောင်း။

tunaungkyaw
05-22-2012, 10:27 PM
ကျွန်တော်လည်း တစ်ခုလောက် တောင်းဆိုချင်တယ်။ ဒီဖိုရမ်က ပို့တွေကို ဖေ့ဘွတ်မှာ ရှယ်လို့ရတဲ့ ခလုတ်လေးပါရင် ကောင်းမယ်။ ဖြစ်နိုင်၊မဖြစ်နိုင်မသိဘဲ ဖြစ်ချင်တာကို စိတ်ကူးယဉ်ကြည့်ခြင်းသာ ဖြစ်ပါကြောင်း။

ဖိုရမ်ကပို့စ်တွေက log in ၀င်မှ ကြည့်လို့ရတာဖြစ်တဲ့အတွက် ဖေ့စ်ဘွတ်မှာရှယ်လို့မရပါသေးပါဘူးခင်ဗျာ။