PDA

View Full Version : လူ နှင့် သင်္ကေတ



DI_SHARE
06-22-2011, 08:51 AM
ဒီခေါင်းစဉ်လေးအောက်မှာ နေထိုင်မှု ပတ်ဝန်းကျင်မှာ တွေ့ရှိရတတ်တဲ့ sign လေးတွေ signage လေးတွေအပြင် ၄င်းတို့နဲ့ သက်ဆိုင်မယ့် အကြောင်းအရာလေးတွေကို တင်ပါ့မယ်...။

ပထမဦးဆုံး ကိုသက်ပိုင်သူ (http://www.thetpaingthu.com/)ရေးသားခဲ့တဲ့ လူ နဲ့ သင်္ကေတ ဆိုတဲ့ ဆောင်းပါးလေးနဲ့ မိတ်ဆက်ပေးပါ့မယ်..။ ဒီ ဆောင်းပါးလေးကို အရင်က Design Ideology Forum (http://www.designideology.info) မှာ စပြီး တင်ဖို့အတွက် ကိုသက်ပိုင်သူဆီမှာ လှမ်းပြီး ခွင့်တောင်းခဲ့ပါတယ်....။

သင်္ကေတတွေက ကျွန်တော်တို့ဘ၀မှာ ဘယ်လောက် လွှမ်းမိုးမှုတွေ ရှိလဲဆိုတဲ့အကြောင်း ခံစားကြည့်ရအောင်နော်...။

DI_SHARE
06-22-2011, 08:51 AM
လူနှင့်သင်္ကေတ

လူတွေဟာ တစ်နေ့တာ လှုပ်ရှားမှုတွေကို သင်္ကေတတွေနဲ့ စကြမယ်ဆိုရင် ယုံမလား။ လူတွေအားလုံးက သင်္ကေတတွေကို နေ့တိုင်းသုံးနေကြပေမယ့် အဲဒီ့ သင်္ကေတတွေကို သတိမထားမိဘူး။ မေ့နေတတ်ကြသည်။ မွေးခါစ ကလေးတစ်ယောက်ကို အပြာရောင်၊ ပန်းရောင်တွေနဲ့ ယောက်ျားလေးလား မိန်းကလေးလား ဆိုပြီး ခွဲခြားထားသလို၊ သေဆုံးတဲ့ အချိန်မှာလည်း အဖြူရောင်၊ အနက်ရောင်တွေ ၀တ်ပြီး ၀မ်းနည်းပူဆွေးကြောင်း သင်္ကေတတွေ ပြတတ်ကြပါ၏။

တကယ်တော့ သင်္ကေတဆိုတာ အနုပညာဖန်တီးမှုတစ်ခုပါ။ လူတွေတော်တော်များများက စားဝတ်နေရေး အဆင်မပြေတာကို အကြောင်းပြပြီး အနုပညာဆိုတာ ငါတို့နဲ့ဝေးပါတယ်။ အနုပညာဆိုတာ ပိုက်ဆံရှိ လူတန်းစားတွေရဲ့ ဇိမ်ခံဖျော်ဖြေမှုသက်သက်ပါပဲလို့ အကြောင်းပြပြီး မသိသလိုနေတတ်ကြသည်။ အဲဒါမှား၏။ အနုပညာဆိုတာ လူနေမှုအဆင့်အတန်းနဲ့ လူတစ်ယောက်ရဲ့ အကျင့်လက္ခဏာာကို ဆုံးဖြတ်ပေးပါသည်။ နောက်ပြီးလူတွေက တိရိစ္ဆာန်တွေထက်သာတဲ့အချက်တစ်ချက်က တွေးခေါ်ဖန်တီးမှု အနုပညာဆိုတာလည်း တစ်ခုအပါအ၀င်ပါ။ ဒါ့ကြောင့်မို့ အနုပညာဆိုတာ လူတိုင်းနဲ့ မဆိုင်ဘူးလို့ မပြောသင့်ပါဘူး။ လူတိုင်း အနုပညာမဖန်တီးတတ်ပေမယ့်၊ လူတိုင်းတော့ အနုပညာ ခံစားတတ်ကြပါသည်။ တစ်နေ့တာ လူတွေရဲ့ လှုပ်ရှားမှုတွေမှာ သင်္ကေတအများစုက အနုပညာဆန်စွာ ပါဝင်လေ့ရှိသည်။ လူတွေအထိအတွေ့များတဲ့ သင်္ကေတတွေကိုတော့ လှသထက်လှအောင်၊ စိတ်ဝင်စားသည်ထက် စိတ်ဝင်စားအောင် ဖန်တီးလာကြသည်။ ဥပမာ အများသုံး အိမ်သာ သင်္ကေတတွေပေါ့ဗျာ။


http://lh4.ggpht.com/_tPsRnhP4-FA/TS_NtO109ZI/AAAAAAAABhs/duznw3PA1JY/s800/sign_1.jpg

ကမ္ဘာအရပ်ရပ်မှာ အိမ်သာလို့ ပြောလိုက်ရင် မျက်လုံးထဲမှာ အနက်ရောင် ယောက်ျားလေးနဲ့ မိန်းကလေး အရိပ်ပုံကို အားလုံးက ပြေးမြင်ကြမယ်လို့ ထင်ပါတယ်။ အဲဒီသင်္ကေတက ကမ္ဘာပေါ်မှာ အားအပြင်းဆုံးနဲ့ အရေးအပါဆုံးသင်္ကေတလို့ စိတ်ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။ သင်္ကေတမှားသုံးမိရင် ဘာဖြစ်နိုင်မလဲ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပေတော့ဗျာ။

လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်လောက်က ရန်ကုန်မှာ ICT Park စဖွင့်ကာစ၊ ကျွန်တော်ခေါင်းဆောင်တဲ့ သူငယ်ချင်းတစ်သိုက် ဝေးလားဝါးလားနဲ့ ရောက်သွားခဲ့ဖူးသည်။ အဲဒီအချိန်တုန်းက အဆောက်အဦးကြီးက အသစ်မို့လို့ အများသုံးအိမ်သာတွေမှာ ဘာသင်္ကေတမှ မကပ်ရသေးပါဘူး။ “ကျား”၊ “မ” ဆိုပြီး စက္ကူပေါ်မှာ စာရေးထားပြီး တံခါးဝမှာ ကပ်ထားသည်။ ရွှေဥာဏ်တော်စူးရှတဲ့ ကျွန်တော်တို့အဖွဲ့တွေက ဘာလုပ်တယ်မှတ်လဲ။ စာရွက်ချင်း ချိန်းပစ်တာပေါ့။ ပြီးတော့ ချောင်တစ်ခုကနေ ဘာဖြစ်မလဲ ချောင်းကြည့်ကြတယ်လေ။ မကြာပါဘူး။ ၀န်ထမ်းတစ်ယောက်ရောက်လာပြီး သူတက်နေကျ ယောက်ျားလေးအိမ်သာထဲကို မသိစိတ်နဲ့ ၀င်ဖို့လုပ်၏။ ဒါပေမယ့် သူ့ရဲ့သိစိတ်က “မ”ဆိုတဲ့ တံခါးဝကစာကို မြင်သွားပြီး၊ နှစ်စက္ကန့်လောက်ရပ်၊ ခေါင်းကုတ်ပြီး “ကျား”ဆိုပြီးရေးထားတဲ့ “မ”အိမ်သာထဲ ၀င်သွားတယ်။ ပြီးလည်း ပြီးရော မိန်းမတစ်ယောက်ရဲ့ အမလေးဆိုတဲ့ အော်သံကို ကြားရရော။ တော်တော်ဆိုးတဲ့ ကျွန်တော်ပဲနော်။


ဒီလိုပါပဲ။ လူတွေက သင်္ကေတတွေကို ဘယ်လိုမှလွန်ဆန်လို့မရကြဘူး။ ကားမောင်းသမားတစ်ယောက်က မီးနီကိုဖြတ်ပြီး မမောင်းရသလို။ လူတွေကလည်း မီစိမ်းမြင်မှ ဖြတ်ကူးတတ်ကြသည်။ တကယ်တော့ လူတွေက သင်္ကေတတွေကို ဖန်တီးပြီး၊ အဖန်တီးခံရတဲ့ သင်္ကေတတွေကပဲ လူတွေကို ပြန်ပြီးအနိုင်ယူသွားတတ်ကြသည်။
နောက်ပြီးနှင်းဆီပန်းဆိုတာလည်း ရှိသေးသည်။ ပန်းဆိုတာ မြန်မာမိန်းကလေးတွေ အမြတ်တနိုးထားတတ်တဲ့ အရာတစ်ခုပါ။ ကိုယ့်ရဲ့အမေ၊ ကိုယ့်ရဲ့ဆရာမတွေကို ကျွန်တော်တို့ငယ်ငယ်တုန်းက ပန်းပေးပြီး တီတီတာတာလုပ်ခဲ့ဖူးပါသည်။ ဒါပေမယ့် အဲဒီပန်းတစ်ပွင့်ကိုပဲ ကိုယ်နဲ့ရွယ်တူမိန်းကလေးတစ်ယောက်ကို ပေးကြည့်လိုက်။ ဘယ်လိုနေမလဲ။ တကယ်လို့သာ အဲဒီပန်းလေးက နှင်းဆီပန်းသာ ဖြစ်နေရင်ရော။ နှင်းဆီဆိုတာ အချစ်ရဲ့ သင်္ကေတဆိုတာ လူတိုင်းကြားဖူးမှာပါ။ မြန်မာပြည်မှာ မိန်းကလေးတစ်ယောက်ကို နှင်းဆီပန်းတစ်ပွင့်သာပေးမိရင်တော့ ရှင်းလို့မရတဲ့ ပြဿနာလို့သာ မှတ်လိုက်ပေတော့။ ကျွန်တော်တို့ မြန်မာတွေလိုပဲ ပြင်သစ်လူမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။

ကျွန်တော် Lasalle-Sia မှာ ကျောင်းတက်တုန်းက Semiotics ဆိုပြီး သင်္ကေတတွေအကြောင်း သင်ရ၏။ Semiotics ဆိုတာ သင်္ကေတတွေသုံးပြီး လူမှုဆက်သွယ်ရေးဆိုတာတွေပါဝင်ပါသည်။ ပထမတော့ အဲဒီသဘောတရားကို နားမလည်ခဲ့။ ကျွန်တော်တို့ ဆရာက နောက်ဆုံးသင်ခန်းစာနေ့မှာ ကျောင်းမှာ ကျောင်းသားတွေအားလုံးကို ရုပ်ရှင်တစ်ကားးပြပြီး ရှင်းပြမှသာ နားလည်ခဲ့ရသည်။ ပြင်သစ်ရုပ်ရှင်ကားဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားနာမည်က He loves me, He loves me notတဲ့။ အလွန်ကျော်ကြားအောင်မြင်တဲ့ ဆရာဝန်လူငယ် တစ်ယောက်က အိမ်နီးချင်းမိန်းကလေးတစ်ယောက်ကို နှင်းဆီပန်း လက်ဆောင်မှားပြီး ပေးမိလိုက်ရာမှ မထင်မှတ်ပဲ မိန်းကလေးဘက်မှ တစ်ဖက်သတ် မြတ်နိုးတွယ်တာမိသွားတဲ့ ဇာတ်လမ်းလေးပါ။ တကယ်တော့ အချစ်ဆိုတာ ကိုယ့်ဘက်ကတွေးရင် အမြဲမှန်တယ်လို့ ထင်နေရတတ်ပြီး တခြားတစ်ဘက်မှာတော့ ကိုယ်တွေးသလို ဟုတ်ချင်မှဟုတ်နေတတ်ပါသည်။


http://lh5.ggpht.com/_tPsRnhP4-FA/TS_NtVFAGPI/AAAAAAAABhw/rPaGdJ2EwmQ/s800/sign_2.jpg

သင်္ကေတတွေက ရုပ်ရှင်တွေမှာ ပါတတ်ရုံသာမကသေးပါဘူး။ ပန်းချီသုခုမ အနုပညာတွေမှာလည်း ပါတတ်ပါသေးသည်။ သင်္ကေတတွေနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတွေမှာတော့ မိုနာလီဇာက ပိုပြီးနာမည်ကြီးပါ၏။ လီယိုနာဒို ဆွဲခဲ့တဲ့ မိုနာလီဇာက ဘာသာရေးပန်းချီကားထက် ပုံတူပန်းချီကားထက်ပိုလိမ့်မယ်လို့ သမိုင်းပညာရှင်တွေက ခန့်မှန်းခဲ့ကြသည်။ နောက်ပြီး ပန်းချီကားထဲက အမျိုးသမီးက ဘယ်သူလဲ။ အဲဒီအချိန်တုန်းက ပန်းချီကားထဲက အမျိုးသမီးက အားလုံးရဲ့ စံပြုစရာလား။ ဒါမှမဟုတ်ရင် ယောကျာ်းချင်း စိတ်ဝင်စားတတ်တဲ့ လီယိုနာဒိုက သူ့ရဲ့ ပုံတူကိုပဲ အမျိုးသမီးတစ်ယောက်ပမာ ရေးဆွဲခဲ့တာလား။ သေချာတာတစ်ခုကတော့ သင်္ကေတတွေ ပြည့်နေတဲ့ ပန်းချီကားထဲက အမျိုးသမီး ဘယ်သူဘယ်ဝါမှန်း မသိကြသေးတဲ့ အချက်ပါပဲ။


http://lh3.ggpht.com/_tPsRnhP4-FA/TS_NtXZ2ViI/AAAAAAAABh0/ZtgAb-Dm7GY/s800/sign_3.jpg

http://lh5.ggpht.com/_tPsRnhP4-FA/TS_Ntvr_M0I/AAAAAAAABh4/1ZklGiLlIfQ/s800/sign_4.jpg

ထင်ရှားတဲ့ မိုနာလီဇာအပြုံးနဲ့ ဖန်တီးသူ လီယိုနာဒိုဒါဗင်ချီ။ သူတို့နှစ်ယောက်ရဲ့ ပုံတူက သေသေချာချာကြည့်ရင် တော်တော်ဆင်ပါသည်။ မျက်လုံး၊ နှာခေါင်း၊ ပါးရိုးကျပုံကအစပေါ့။

တစ်ခါတစ်ရံ ပန်းချီကားတစ်ချက်က စိတ်အပင်ပန်းဖြေ ပန်းချီကားတစ်ချပ်ထကလည်းပိုသေး၏။ ပန်းချီကားထဲမှာ နိုင်ငံရေးတွေ၊ ဘာသာရေးတွေ ပါလာတတ်သလို ပုဂ္ဂလိက ခံစားချက်တွေလည်း ပါလာတတ်ကြသေးသည်။ မက္ကဆီကို ပန်းချီဆရာမ ဖရီဒါကာလိုဆိုရင် မညီညာတဲ့ သူမရဲ့ အိမ်ထောင်ရေး၊ ခါးအောက်ပိုင်းသေနေလို့ မချိမဆန့်ခံစားရတဲ့ ဝေဒနာ၊ အဲဒါတွေအားလုံးကို သူမရဲ့ ပန်းချီကားတွေက တစ်ဆင့် ပြောပြခဲ့သည်။
ဖရီဒါကာလိုရဲ့ ပုံတူပန်းချီကား များ၊ ပထမပုံက ကားမှောက်တုန်းက ရခဲ့တဲ့ ဒဏ်ရာကြောင့် ကိုယ်တစ်ပိုင်းသေပြီး ပြင်းထန်စွာနာကျင်မှုကို ခနာကိုယ်မှာ သံတွေရိုက်ပြီး ဖော်ညွှန်းခဲ့၏။ ဒုတိယမှာတော့ မဝေးလွန်းတဲ့ သေချင်းတရားကို သိနေတယ်ဆိုတဲ့ အတွေးနဲ့ မျက်လုံးနှစ်လုံးကြားမှာ အရိုးကောင်းနဲ့ သင်္ကေတလေးပြထားတဲ့ပုံ။


http://lh3.ggpht.com/_tPsRnhP4-FA/TS_NwW5iqLI/AAAAAAAABh8/2g4Imp_aqWA/s800/sign_6.jpg

တကယ်တမ်းကြတော့ သင်္ကေတဆိုတာ တန်ဖိုးမဖျက်နိုင်တဲ့ အနုပညာရပ်တွေပါ။ စာစကား မပေါ်ခင်ကတည်းက လူတွေက အင်္ကေတတွေနဲ့ ဆက်သွယ် စကားပြောခဲ့၏။ အဲဒါကြောင့်မို့လို့ ယဉ်ကျေးမှု မြင့်မားတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ အဆင့်အတန်းမြင့်မားတဲ့ အနုပညာရပ်တွေ ရှိသလို၊ ရှုတ်ထွေးတဲ့ သင်္ကေတတွေ ရှိတတ်ကြပါသည်။ အဲဒါဆိုရင် ကျွန်တော်တို့ မြန်မာ့အဖွဲ့ အစည်းမှာရော ဘယ်လို သင်္ကေတတွေ သုံးနေတတ်ကြပြီလဲ။ သတိထားပြီး လေ့လာသင့်ပြီလို့ထင်ပါသည်။

သက်ပိုင်သူ

ကိုးကား။

- History of Art by Anthony F. Janson
- Art Theory ( school note from Lasalle-Sia)
- Frida (2002, Film)
- He loves me, he loves me not (2003, film)
- http://en.wikipedia.org/wiki/Frida_Kahlo
- http://en.wikipedia.org/wiki/Semiotics
- http://www.monalisamania.com/
- http://en.wikipedia.org/wiki/Art_history

Special Credit to သက်ပိုင်သူ (http://www.thetpaingthu.com)

DI_SHARE
06-22-2011, 08:52 AM
Signage and Restroom

တစ်ရွာ တစ်ပုဒ်ဆန်းသလို တစ်ကျောင်း တစ်ဂါထာ ပေါ့နော်..။
signage လေးတွေကလည်း တစ်မျိုးတစ်ဘာသာ စိတ်ဝင်စားစရာပါ....။
အောက်မှာတော့ RESTROOM တစ်ချို့မှာ မြင်တွေ့ရတတ်တဲ့ signage လေးတွေ စုစည်းလိုက်ပါတယ်...။
အသုံးပြုတဲ့အခါ နေရာ ဒေသအလိုက်တော့ ဆီလျော်မှု ရှိမှသာလျှင် သင့်တော်မယ် ထင်ပါတယ်..။


https://lh4.googleusercontent.com/-SmE5i6HzrDA/TgFMQyfTS2I/AAAAAAAACEo/6IM-fCRgdMA/s288/signage1.jpg

https://lh4.googleusercontent.com/-c3TbdX5WRYw/TgAVYVlOvKI/AAAAAAAACCg/X_dy_irJakg/s288/signage2.jpg

https://lh4.googleusercontent.com/-tx7wt8cM9HI/TgFMQ7OT8mI/AAAAAAAACEs/qvuCFqnB0vg/s288/signage3.jpg

https://lh5.googleusercontent.com/-rATffdAqv8M/TgFMRVtCc_I/AAAAAAAACEw/Lg-FQiND38E/s288/signage5.jpg

https://lh4.googleusercontent.com/-LTf1mpNLAgg/TgFMR5KDpDI/AAAAAAAACE0/LOqHaIN4qks/s288/signage7.jpg

https://lh4.googleusercontent.com/-e6X4VFDzwFs/TgFMRyhHP3I/AAAAAAAACE4/ze0cznHrgeM/s288/signage6.jpg

https://lh4.googleusercontent.com/-9-0ZaoWkf6o/TgFMSUHFTyI/AAAAAAAACE8/1i3i2UQJNiQ/s288/signage9.jpg

https://lh5.googleusercontent.com/-740bPrsyKng/TgFMSo9NbNI/AAAAAAAACFA/rLNWgdtWq9Q/s288/signage8.jpg

https://lh6.googleusercontent.com/-fCqOTkmJ9Hw/TgFMS_Kx6mI/AAAAAAAACFE/C7Issi_I8rY/s288/signage11.jpg

https://lh5.googleusercontent.com/-95JMhrW8wnw/TgFMTC_jweI/AAAAAAAACFI/F1657dwlF-4/s288/signage12.jpg

https://lh4.googleusercontent.com/-cvK2r_yrVoI/TgFMTMey_kI/AAAAAAAACFM/0JMSGMQq_vo/s288/signage13.jpg

https://lh6.googleusercontent.com/-qiAG_LcAJkE/TgFMTj32mAI/AAAAAAAACFQ/h9CiydI4rJo/s288/signage10.jpg

https://lh3.googleusercontent.com/-j08I3CZHg7s/TgFMT6VK9uI/AAAAAAAACFU/Qile190qTOA/s288/signage15.jpg

https://lh3.googleusercontent.com/-nbpExIl3ifg/TgAVYSJF1gI/AAAAAAAACCk/fKCiR3o8S8U/s288/signage25.jpg

https://lh5.googleusercontent.com/-tCJiUA6rXyc/TgFMT4SAZCI/AAAAAAAACFY/RCZjgKjtFws/s288/signage14.jpg

https://lh6.googleusercontent.com/-gyO7UZomtKo/TgFMUn7yK3I/AAAAAAAACFc/70rCkii-wwo/s288/signage17.jpg

https://lh4.googleusercontent.com/-3RlGO7Oj0Os/TgFMUsL0VZI/AAAAAAAACFg/aRvdB9Vqdxo/s288/signage18.jpg

https://lh6.googleusercontent.com/-UMB4GDmzT0A/TgFMUzQVZCI/AAAAAAAACFk/ixl4s10p37M/s288/signage16.jpg

https://lh4.googleusercontent.com/-DAdTnuDp1IY/TgFMVKH-0OI/AAAAAAAACFo/29s5k_HHR6U/s288/signage19.jpg

https://lh3.googleusercontent.com/-gIwIvO2G3w0/TgFMVdDsKbI/AAAAAAAACFs/Fz60bvtBC6g/s288/signage22.jpg

https://lh6.googleusercontent.com/-dKBVV-c-5kk/TgFMV89FSiI/AAAAAAAACFw/fjPY7bABg8U/s288/signage23.jpg

https://lh5.googleusercontent.com/-UfJGZI_4rC4/TgAVYp8GNpI/AAAAAAAACCs/CIW_3CBvgEg/s288/signage4.jpg

https://lh6.googleusercontent.com/-1olzW4h1WJY/TgFMV53953I/AAAAAAAACF0/ESvLFgB9yFE/s288/signage20.jpg

https://lh5.googleusercontent.com/-hswd8FTt-M4/TgFMVvOFZxI/AAAAAAAACF4/IoPm_BGmhtI/s288/signage21.jpg

https://lh3.googleusercontent.com/-448QhNsGCLM/TgFMWbQofVI/AAAAAAAACF8/kZLy05H72zU/s288/signage24.jpg

အေး
06-23-2011, 12:11 AM
ဒီလိုလူနဲ့သင်္ကေတဆက်စပ်ပုံကို တို့က Human Computer Interaction မှာ သင်ခဲ့ရတယ်..။ ဒီမှာအရမ်းတိုးတက်တယ်နော်..။ တို့(မြန်မာ)ကအင်တာနက်သုံးတတ်ကာစ..၊ ၀က်ဆိုဒ်ရေးတတ်ကာစ..၊ application program တွေ ရေးတတ်ကာစပဲရှိသေးတယ်..။ သူတို့က လူနဲ့ကွန်ပျူတာကြားထဲက အဆက်အစပ်တွေကို ဘာသာတစ်ခုအနေနဲ့သင်ကြားပို့ချနေပြီ..။ တို့တွေတော်တော်နောက်ကျပါလားလို့ ဒီမေဂျာစ, တက်တော့ ခံစားမိလိုက်သေးတယ်..။ စသင်ကာစကဘာတွေသင်နေမှန်းကိုမသိတာ..။ ဆရာမကတော့ တော်တော့်ကိုအသင်အပြကောင်းတယ်..။ နားလည်အောင်ပြောတတ်တယ်..။ Standard English ကလည်း Grammar တွေကို ပြန်နွှေးရသလို ကွက်ကွက်ကွင်းကွင်းကို ပြန်နားလည်တာ..။ စာဂျပိုးပုံစံနဲ့ Professor ဆရာမက သူသင်ရတဲ့ဒီဘာသာကို တော်တော့်ကိုနှိုက်နှိုက်ချွတ်ချွတ်သိပုံနဲ့ တော်တော်ကိုပိုင်ပိုင်နိုင်နိုင်သင်ပါတယ်..။ ကျွန်တော်ကတော့ ဒီဘာသာကိုဘာမှန်းမသိ..။ တစ်ချိန်ပြီးလို့နောက်တစ်ပတ်သွားတက်လိုက်ရင် ဘာတွေသင်နေမှန်းကိုမသိ..၊ ဘယ်ရောက်လို့ရောက်နေမှန်းမသိ..။ တော်တော်ကိုနားမလည်ခဲ့တာ..။

ပထမဆုံးအခန်း (၄)ခု ၊ Chapter 1,2,3,4 က လူတွေရဲ့သဘောသဘာဝ..၊ စိတ်ပညာအခြေအနေ..၊ လူမှာဖြစ်ပေါ်တတ်တဲ့သဘောထားတွေကိုရှင်းပြနေတာပါ..။ Human ပိုင်းပေါ့..။ Chapter 5,6,7,8,9,10 မှာတော့ Computer အကြောင်း..၊ လူနဲ့computer ကြားထဲက Interaction အကြောင်းတွေသင်တာပါ..။ Chapter 11,12 က Evaluation ပိုင်း..၊ ပြန်သုံးသပ်တဲ့အပိုင်း..။ ဆရာမကတစ်တန်းလုံးကိုစိတ်ဝင်စားအောင်ဘယ်လိုသင်လဲဆိုရင် ၂ နာရီကို လက်ချာရိုက်တယ်..။ ၁၅ မိနစ်နားတယ်..။ နောက် ၁ နာရီကို အုပ်စုဖွဲ့ပြီး ပရက်တီကယ်ချက်ချင်းလုပ်..၊ ချက်ချင်းပြန် Presentation လုပ်ကြရပါတယ်..။

အပေါ်ကပြထားတဲ့သင်္ကေတတွေရဲ့သဘောတရားတွေလည်း ရှင်းပြတာပေါ့နော်..။ အများသုံးအိမ်သာထားပါတော့..။ တစ်ချို့နိုင်ငံတွေက ယောကျာ်းစီးရှူးဖိနပ်နဲ့ လေဒီရှူးနဲ့ပြတတ်ကြတယ်တဲ့..။တစ်ချို့တွေကအဲဒါကိုသဘောမပေါက်ကြဘူးတဲ့..။ ဖိနပ်တွေကိုပြတာက ဖိနပ်ဆိုင်သင်္ကေတကြီးဖြစ်နေတယ်ဆိုပြီး အဲဒီသင်္ကေတကွယ်သွားတယ်..။ နောက် တံခါးလက်ကိုင်ကွင်း...။ ကွင်းဆိုဆွဲမယ်..။ အပြားဆိုတွန်းမယ်ဆိုတဲ့သဘောတရားက သဘာဝတရားပေါ့နော်..။ တံခါးလက်ကိုင်ကွင်းမြင်ရုံနဲ့ တံခါးကို ကိုယ့်ဘက်ဆွဲဖွင့်တာ ဘယ်သူမှသင်စရာမလိုတဲ့ သဘာဝတရားပေါ့နော်..။ အဲလိုကွင်းတပ်ထားလို့မှတွန်းဖွင့်စေချင်ရင် တွန်းပါဆိုတဲ့စာလေးတပ်ထားပေးရမယ်..။ သဘာဝကိုနည်းနည်းဆန့်ကျင်ရပြီဆိုရင် စာလေးနဲ့သတိပေးစာလေးရေးပေးထားရမယ်ပေါ့..။ ဒါကသင်္ကေနဲ့လူရဲ့ဆက်သွယ်မှူသဘောတရားပဲ..။ မီးအနီပြရင်ဘာမှမလုပ်ရဘူး..။ (လမ်းမကူးရဘူး..။) မီးစိမ်းပြပြီဆိုမှ ကူးရမယ်..။ (လုပ်စရာရှိတာဆက်လုပ်နိုင်တယ်။) ဆိုတဲ့သဘောတရားတွေပေါ့နော်..။ ဒါတွေကလူတွေရဲ့သဘောထားအလေ့အထကိုနားလည်အောင်လုပ်ပြီးမှ တီထွင်ထားတဲ့ သင်္ကေတတွေပါ..။ (ဟား ဟား..၊ ကြုံလို့သတိရလာလို့ ရယ်စရာပြောလိုက်ဦးမယ်ဗျာ..။ မြန်မာနိင်ငံမှာ မန္တလေးမှာကျောင်းတက်တုံးက ၃၅ လမ်း*၆၅ (ထင်ပါရဲ့) လမ်းထောင့်ကမီးပွိုင့်ဗျာ..။ ၀ါလားစိမ်းလားမကွဲလို့ အ၀ါကိုအစိမ်းမှတ်လို့ဖြတ်မိတာ ခဏခဏဗျ..။ တစ်ခါတော့ မီးပွိုင့်ကနီနေတာလား..၊ ပျက်နေတာလားမသိလို့ မီးနီဖြတ်ခဲ့မိတာက မှတ်မှတ်ရရ တစ်ခါ..။ မော်တော်ပီကယ်ကိုအလှူအတန်းများစွာလုပ်ခဲ့တဲ့ အနော်ပါနော်..။:D)

အင်း..။ ဒါနဲ့ပတ်သက်လို့ သတိထားမိတဲ့ဝက်ဆိုဒ်လေးတစ်ခုရှိလို့ ပြောပြပါဦးမယ်နော်..။

http://img8.imageshack.us/img8/1937/fig1x.png (http://imageshack.us/photo/my-images/8/fig1x.png/)

အပေါ်ကပုံလေးက ပုံမှန်ဝက်ဆိုဒ်လေးပေါ့နော်..။ အရင်ပို့စ်အဟောင်းကိုသွားတဲ့လင့်ကလေးက ညာဘက်ထောင့်အောက်မှာထားကြတယ်..။ ကျွန်တော်တို့ရဲ့အသိစိတ်ကလည်း အရင်ပို့စ်အဟောင်းတွေသွားချင်ရင် ညာဘက်ထောင့်အောက်ခြေနားသွားရှာကြတာ လူ့သဘာဝပေါ့နော်..။ အောက်ကပုံလေးကြည့်ကြည့်ပါဦး..။

http://img37.imageshack.us/img37/4731/fig2.png (http://imageshack.us/photo/my-images/37/fig2.png/)

သူကဇောက်ထီးနော်..။ နည်းနည်းလေးတော့လွဲနေတယ်..။ Older Post ကို ဘယ်ဘက်မှာပြနေတယ်..။ ကိုယ်သိထားတာနဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်..။ သူက HCI သဘောတရားအရဆိုရင် မှားနေတယ်..။ အဲလိုမျိုးလေးတွေရှိတယ်ပေါ့..။

P.S။ ။ အိပ်ပါတော့မယ်ခင်ဗျာ..။

tianlong
06-23-2011, 09:41 AM
တို့(မြန်မာ)ကအင်တာနက်သုံးတတ်ကာစ..၊ ၀က်ဆိုဒ်ရေးတတ်ကာစ..၊ application program တွေ ရေးတတ်ကာစပဲရှိသေးတယ်..။

အစ်မရေ… မသိလို့ပေးပါရစေ။ ကျွန်တော်တို့ မြန်မာနိုင်ငံက အစ်မပြောသလို ကလေးသာသာ တကယ်ပဲဖြစ်နေပြီလား။ အင်တာနက်သုံးတတ်ကာစ ဆိုတာနဲ့ပတ်သက်ပြီးပြောရရင် လွတ်လွတ်လပ်ဖောဖောသီသီမသုံးရတဲ့ အတွက် လူအများစုနဲ့ အလှမ်းဝေးနေသေးတာမှန်သေးပေမယ့် အမှန်တကယ်တတ်တဲ့ ပညာရှင်တွေအများကြီးရှိပါတယ်။ အကြောင်းအမျိုးအမျိုးကြောင့်သာ ပြည်တွင်းမှာ မီးခဲပြာဖုံးဖြစ်နေသူတွေအများကြီးရှိသလို နိုင်ငံတကာနဲ့ ယှဉ်နိုင်တဲ့ သူတွေလည်း အများအပြား ရှိနေပါတယ်။ ပြည်ပမှာ လုပ်ကိုင်နေတဲ့ မြန်မာအိုင်တီပညာရှင်တွေအများကြီးပါ။




သူကဇောက်ထီးနော်..။ နည်းနည်းလေးတော့လွဲနေတယ်..။ Older Post ကို ဘယ်ဘက်မှာပြနေတယ်..။ ကိုယ်သိထားတာနဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်..။ သူက HCI သဘောတရားအရဆိုရင် မှားနေတယ်..။ အဲလိုမျိုးလေးတွေရှိတယ်ပေါ့..။


ဒါကတော့ ကြည့်တဲ့သူနဲ့ဆိုင်သလို့ လုပ်တဲ့သူနဲ့ဆိုင်မယ်ထင်တယ်။ လူမှာ ဘယ်သန် ရှိသလို ညာသန်လဲရှိတာပဲလေ… webpage တွေမှာ Olders post & Newer Posts မရှိဘူးလို့ထင်တာပဲ။ အဲလိုရှိတာတွေက Blog တွေမှာပဲ အများစုရှိတာပါ… ဒါကလည်း အဲဒီဘလော့ Template ရေးတဲ့ သူပေါ်မူတည်ပါတယ်။ သူစိတ်ကူးနဲ့ အဆင်ပြေတဲ့နေရာမှာထားမှာပါ…

PS: ခုမှမရေးဖူးတာဆိုတော့ လွန်တာရှိ ၀န္ဒာမိပါနော် ...
TianLong

အေ၇ာ
06-23-2011, 10:22 AM
နှင်းဆီဆိုတာ အချစ်ရဲ့ သင်္ကေတဆိုတာ လူတိုင်းကြားဖူးမှာပါ။ မြန်မာပြည်မှာ မိန်းကလေးတစ်ယောက်ကို နှင်းဆီပန်းတစ်ပွင့်သာပေးမိရင်တော့ ရှင်းလို့မရတဲ့ ပြဿနာလို့သာ မှတ်လိုက်ပေတော့။ ကျွန်တော်တို့ မြန်မာတွေလိုပဲ ပြင်သစ်လူမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။

သင်္ကေတတွေအပေါ် စိတ်ဝင်တစားရှိခဲ့ပါရဲ့။
ဒါပေမယ့် တစ်ခုခုတော့ လွဲနေသလားပဲ၊
အေ၇ာရဲ့စိတ်ခံစားချက်ကိုကလည်း ဘောင်ခတ်ကန့်သတ်ခံဖြစ်နေတာနေမှာပါ။
အီမိုရှင်နယ်နဲ့တွဲဖက်သိရမယ့် သင်္ကေတတွေအပေါ် နေရာမပေးမိခဲ့ဖူးလေ။

ဒါတွေကြောင့်ပဲနေမှာ နှင်းဆီတွေ အလီလီကြုံဖူးတာတောင် (တစ်ချီတစ်လေမယောင်မိဖူးလို့) ထုံတုံတုံ ပြုတ်မနူးဖြစ်ခဲ့တာ။:confuseds:

အဲ ရိုးရှင်းလွယ်ကူတိကျစွာဆက်သွယ်လာတဲ့ မက်ဆေ့ခ်ျ သဘောဆန်ဆန် သင်္ကေတတွေကျတော့ နားလည်လက်ခံတတ်ပြန်ရော။
ဒါ ဒစ် ဒါ ဒါ ဆိုလျှင်တောင် ဘာဖြစ်လို့ ဘာလာနေတာစတဲ့ ဘာညာသာရကာတွေပေါ့။

အနုပညာကိုကောင်းစွာမခံစားတတ်သူ အေ၇ာလိုလူတွေအဖို့ ရုပ်ဝတ္တုအပိုင်းအစ ၀ါယာမျှင်တွေကအစ သိနားလည်နိုင်ကြတဲ့ သင်္ကေတတွေအပေါ်မှာ နက်ရှိုင်းစွာရှုမြင်ကြည့်ရင်း လှပတယ်ထင်နေတတ်တာ ဘာရောဂါလဲ မဝေခွဲတတ်ဘူးကွာ။ (သိရင်ပြောကြပါနော် .... ကျေးဇူးဆပ်ပါမည်။)

လေးစားစွာဖြင့်
အေ၇ာမေ

အေး
06-23-2011, 12:00 PM
ကျွန်တော်တို့ မြန်မာနိုင်ငံက အစ်မပြောသလို ကလေးသာသာ တကယ်ပဲဖြစ်နေပြီလား။

ဟားဟား..။ အစ်မတော့ ရာဇ၀တ်အိုးကို တုတ်နဲ့သွားထိုးမိပြီထင်တယ်ဟေ့..။


တို့တွေတော်တော်နောက်ကျပါလားလို့ ဒီမေဂျာစ, တက်တော့ ခံစားမိလိုက်သေးတယ်..။

ဒါက အစ်မရဲ့ ပုဂ္ဂလိကခံစားချက်ပါ..။ အဲဒီဘာသာကို နှစ်ချိန်မြောက်လောက်အတက်မှာ အစ်မအဲလိုခံစားခဲ့ရတယ်..။ အစ်မတို့က ၀က်ဒီဇိုင်းဆွဲဆိုဆွဲလိုက်တာပဲလေ..။ Flash, Photoshop, HTML, CSS
Tool အစုံသုံးပြီး ဆွဲဆိုဆွဲသွားလိုက်တာပဲရှိတာလေ..။ အခုအစ်မပြောတဲ့ဘာသာက ကိုယ်ဆွဲမယ့်ဝက်ဆိုဒ်တစ်ခုသည် ဘယ်လို audience ကိုဦးတည်တာလဲ..။ အသက်ကြီးတဲ့သူတွေကိုလား..? အသက်ငယ်တဲ့သူတွေကိုလား..? အသက်ငယ်တယ်ဆိုရင်လည်း Young Adult လား..? Young Child လား...? ဒါမှမဟုတ် User with Disabilities တွေကို ဦးတည်တာလား ..? ဆိုပြီး စစဉ်းစားရတယ်..။ နောက်မှ protocol website လေးဆွဲပေးရတယ်..။ အဲဒီထဲမှာဆွဲလိုက်တဲ့ Tool တွေကို ဘာကြောင့်အဲဒါလေးထည့်ပါတယ်ဆိုတာ Paper ပြန်ရေးပေးရတယ်..။ ကိုယ်တိုင်ဆွဲထားတဲ့ Website ကို ကိုယ်တိုင်ပြန်ဝေဖန်ရတယ်..။ ဘယ်အချက်ကိုဘယ်လိုပြင်လိုက်ရင်ပိုကောင်းပါတယ်ဆိုတာ ပြန်သုံးသပ်ပြရတယ်..။ ဘာသာနဲ့သင်ပုံသင်နည်းကိုပြောပြမိပေမယ့် အဲဒီအပိုင်းက ပြောဖို့မလိုဘူးထင်ပါတယ်..။ တကယ်ပြောချင်တာက ၀က်ဆိုဒ်ဘယ်လိုဆွဲမလဲ..။ ဘယ် Tool တွေထည့်မလဲ..၊ ဘာကြောင့်ထည့်မလဲဆိုတာ စဉ်းစားကြတယ်ဆိုတာ ပြောချင်တာပါ..။

သူတို့ကအဲဒါကိုဘာသာရပ်တစ်ခုအနေနဲ့သင်ကြားနေတာ ၁၀ စုနှစ် တစ်ခုလောက်တော့ရှိတော့မယ်ထင်ပါတယ်..။ သက်တမ်းရင့်ဘာသာတော့မဟုတ်ဘူးပေါ့..။ ဒီမှာတင်မဟုတ်ဘူး..၊ အနောက်နိုင်ငံကတက္ကသိုလ်တွေမှာလည်းဒီဘာသာကိုလက်ချာရိုက်နေတာတွေ Youtube မှာလည်း တော်တော်များများတွေ့မိပါတယ်..။

အဲလိုInterface တွေမှာ MicroSoft Word Interface က အပြည့်စုံဆုံး အကောင်းဆုံးလို့ချီးမွမ်းကြတယ်လို့ပြောတာလည်းကြားခဲ့ရတယ်..။ ဒီ HCI သဘောတရားလေးနည်းနည်းသိမှ MicroSoft Word ကိုပြန်ကြည့်မိတာ ဟုတ်ပါသလားလို့ပေါ့.. လက်ခံမိတယ်..။ အစ်မပြောတဲ့ဒီဘာသာက လူနဲ့ကွန်ပျူတာကြားကအပြန်အလှန်ဆက်သွယ်မှူကိုသင်တာလို့အကြမ်းဖျဉ်းနားလည်မိပေမယ့် တကယ်ကတော့အဲဒီသဘောတရားထက်မကပါဘူး..။ ဥပမာ။ ။ ကလေး၉ယောက် အဖေနဲ့အမေအပါအ၀င် မိသားစု ၁၁ ယောက်ရှိတဲ့မိသားစုတစ်စုရှိတယ်..။ ကလေးတွေက ၁၅ နှစ်အထက်က ၃ ယောက်..၊ ၇ နှစ် ၉ နှစ် ၁၁ နှစ်က ၃ ယောက်..၊ အငယ်ဆုံးလေးတွေက ကျောင်းမနေသေးတဲ့အရွယ်နဲ့ နို့စို့ကလေးတွေတဲ့..။ သူတို့မိသားစုဟာ ကိုယ့်အလုပ်..၊ ကိုယ့်ကျောင်း..၊ ကိုယ့်တာဝန်အသီးသီးမို့ တပြိုင်နက်တည်း လူအစုံတွေ့ဖို့ ခဲယဉ်းပါတယ်တဲ့..။အဲဒီကလေးတွေကိုမနက်ခင်းတိုင်း ဘယ်သူဘာလုပ်ပါဆိုတဲ့ Schedule ခွဲဖို့ Device တစ်ခု..(Electronic Gadget)တစ်ခုဆွဲပေးဖို့ဒီဇိုင်းလာအပ်ပါတယ်..ဆွဲပေးပါတဲ့..။ အဲဒါနဲ့အစ်မတို့အဖွဲ့လည်းစဉ်းစားကြတယ်..။ ကလေးက အရွယ်စုံဆိုဒ်စုံဆိုတော့ ဘယ်လိုဟာလေးလုပ်ပေးရမလဲ..။ အငယ်ဆုံးကလေးတွေက ဆော့ကြတုံးဆိုတော့ ပစ္စည်းကို ရေခဲသေတ္တာရဲ့ မျက်နှာပြင်မှာကပ်မယ်..။ အမေ Botton ကိုကလစ်ရင် အမေက တစ်ယောက်ချင်းစီကိုမှာထားတာတွေတွေ့ရမယ်..။ အဖေ Button ကိုကလစ်ရင် အဖေရဲ့ မှာကြားချက်တွေကို တွေ့ရမယ်..။ ကလေးတစ်ယောက်ချင်းစီကို ကလစ်ရင် ဘယ်သူဒီနေ့ဘာတာဝန်ဆိုတာ တွေ့ရမယ်ဆိုပြီး ၀ိုင်းပြီးစဉ်းစားကြတယ်..။အထူးမှာကြားချက်စာကြောင်းက အောက်ကနေမီးနီနဲ့ပတ်နေမယ်..။ အဲဒီမှာကြားချက်ကို အဖေကဖြစ်ဖြစ်..၊ အမေကဖြစ်ဖြစ် Input သွင်းပေးရမယ်..။ (ဆရာမက မီးဘယ်လိုဆက်သွယ်ရမလဲ..။ Remote Control ရှိသလား..။ ရှိရင် အဖေအမေကကိုင်မှာလား..၊ သားသမီးထဲကတစ်ယောက်ယောက်ကကိုင်မှာလားလို့ မေးတယ်..။ မှန်တာပြောရရင် အစ်မက Gadget Literacy က သိပ်ဖြစ်တာမဟုတ်တော့ လည်လည်လည်လည်နဲ့လိုက်စဉ်းစားတာ ဘာလေးပါရင်တော့ကောင်းမယ်..၊ ဘယ်နားထားရင်တော့ကောင်းမယ်.. အစရှိသဖြင့်ပေါ့ တစ်ချက်နှစ်ချက် တော်တော်စဉ်းစားပြီး ၀င်ဆွေးနွေးရတယ်..။) စာရွက်ပေါ်မှာလည်း နမူနာဆွဲပြရတယ်..။ ဒီ့ပြင်အဖွဲ့တွေကတော့ မတူတဲ့ပရောဂျက်နောက်တစ်မျိုးစဉ်းစားရတာပေါ့..။ အဲဒီသင်္ခန်းစာကနေ အစ်မမှာဘာမြင်မြင် ဘာကိုကြည့်ကြည့် ဘာလို့ဒီလိုစီစဉ်ထားလဲလို့စဉ်းစားနေမိတော့တာပဲ..။(ဥပမာ။ ။ အိမ်သာခွက်..၊ TV..၊ Remote Control..၊ ထမင်းပေါင်းအိုး..၊ ရေခွက်..၊ ကြွေခွက်..အာ ဘာမြင်မြင် ဘာလို့အဲလို ဒီဇိုင်းထုတ်လဲ..။ ဘယ်လိုဆိုရင်သုံးရတာ ပိုအဆင်ပြေမလဲလို့ လိုက်စဉ်းစားနေတော့တာ..။)

နောက်တစ်ခါ Users with Disabilities အတွက် Wheel Chair တဲ့..။ ဥပမာ။ ။ စတီဖင်ဟော့ကင်းသုံးဖို့ wheel chair မှာ ဘာတွေထည့်ကြမလဲတဲ့..။(ဟေ့ ဟေ့..။ တို့တော့သိဘူးတော့..။) ဆရာမက သူ အင်္ဂလန်မှာကျောင်းတက်တုံးက စတီဖင်ဟော့ကင်းကို ပန်းခြံတစ်ခုမှာ ခပ်လှမ်းလှမ်းကတွေ့လိုက်ရတယ်တဲ့..။ တော်သေးတယ်..။ အုပ်စုဖွဲ့ပြီး တကယ်ချမစဉ်းစားခိုင်းလို့ သက်သာသွားတယ်..။ အဲဒါနဲ့ဘယ်သွားသွား ဘာမြင်မြင် ဘာလို့သူတို့ဒီလိုဒီဇိုင်းထုတ်တာလဲ..။ လမ်းတွေဆိုလည်းဘာလို့ဒီလိုခင်းလဲ..၊ တိုက်တွေဆိုဘာလို့ဒီလိုဆောက်လဲ..၊ ပစ္စည်းတင်တဲ့ (NTUC က) ဗီရိုတွေ ဘာလို့ဒီလိုလုပ်ထားလဲဆိုပြီး ဘယ်သွားသွား HCI သဘောနဲ့ကြည့်နေမိတော့တာ..။

လက်တွေ့ဥပမာတစ်ပုဒ်ပြရရင် အခုအစ်မအချိန်ပိုင်းအလုပ်လုပ်နေတဲ့ဆီမှာ အအေးပုလင်းတွေကို အအေးခန်းဗီရိုထဲမှာထည့်ရောင်းတယ်..။ (Chiller လို့ခေါ်သလားမသိ..။) ဗီရိုတံခါးကလက်ကိုင်ကွင်းပါနေပြီး လျှောထိုးဖွင့်ရတဲ့တံခါးဖြစ်နေတယ်..။ လာတဲ့လူတွေရဲ့ (အစ်မအထင်) ၈၀%လောက်က တံခါးကိုဆွဲကြတာ ဗီရိုတစ်ခုလုံးကိုလှူပ်ခါနေတာပဲ..။ တံခါးတောင်ပြုတ်ထွက်မလားထင်ရတယ်..။ တံခါးကွင်းဆိုတော့ ဆွဲဖွင့်ကြတာလေ..။ တစ်ချို့တွေဆိုနင်တို့တံခါးဖွင့်မရဘူးဆိုပြီး လှည့်ပြီးအကူအညီတောင်းကြတော့တာ..။ Slide Slide လို့ သတိပေးပေးရတယ်..။ နေ့တိုင်းနီးပါးသတိပေးနေရတော့ ဒီတိုင်းကြည့်နေလိုက်တယ်..။ မပြောရင်မရလောက်တော့တဲ့သူမှ Slide လို့အော်ပေးရတယ်..။ Slide ကိုဘာမှန်းမသိတဲ့သူတွေလာသေးတာ..။ Push your lefthand side လို့ပြောပေးရတယ်..။ အဲဒါတကယ်က interface မှားနေတာပဲ..။ လျှောထိုးတံခါးမှာ လက်ကိုင်းကွင်းတပ်ထားတော့ ဘယ်သူမှလျှောထိုးလို့မထင်တာ သဘာဝကျပါတယ်..။ အစ်မကပြောတယ်..အဲဒီမှာမြားထိုးပြဖို့လိုတယ်လို့..။ အဲဒါကိုပစ္စည်းတွေကွယ်မှာစိုးလို့ဆိုပြီး မြား Sign ပြမထားတော့ Slide လို့နေ့တိုင်းပြောပေးနေရတာ နေ့စဉ်ကိစ္စပေါ့..။ အစ်မဓာတ်ပုံရိုက်လာပြပါဦးမယ်..။


P.S။ ။ထျန်းလုံ..၊ အစ်မနဲ့အလုပ်အတူလုပ်နေတဲ့ ပြည်ကြီးတရုတ်ကောင်လေး နာမည်ပဲ..။