PDA

View Full Version : iPhone Unlock လုပ်ခြင်း

Kyaw Jone
07-10-2011, 06:07 PM
ညီအစ်ကိုတို့ ရေ
အခုတလော ရေပန်းစားနေတဲ့ iPhone Unlock လေးလုပ်ဖို့ အတွက် QuickPwn Software Free ရနိုင်တဲ့ website လေးများရှိရင် ကူညီကြပါလို့ ။
ရတဲ့ဟာတွေ Download လုပ်ပြီး နာနတ်သီးပုံ Icon လေးသာပေါ်ပြီး အလုပ်မလုပ်လို့ ပါ။ iPhone တော့မ၀ယ်နိုင် သေးပါဘူး (အထင်မကြီးနဲ့ နော်) ဒါပေမယ့် သိထားသင့်တယ်ထင်လို့  လေ့လာထားချင်လို့ ပါ။ ကူညီကြပါအုံးနော။:mod:

Thank you.

tunaungkyaw
07-10-2011, 07:09 PM

iPhone OS version ဘယ်လောက်တင်ထားလဲ။ နောက် 3G လား၊ 3GS လား၊ iPhone 4 လားဆိုတာ သိဖို့လိုပါတယ်။
အဲဒါမှ ရှာပေးလို့ရမှာပါ။ အများအားဖြင့် Jailbreak အရင်လုပ်ပြီးမှ unlock လုပ်ရမှာပါ။

သိုးကျောင်းသား
07-10-2011, 07:21 PM
http://www.mediafire.com/?nmiaizxgdnn

http://www.mediafire.com/?3zzmt5znnkm

စမ်းကြည့်ကြည့်ပါ.အကို ကွန်အခြေအနေအရ အသေချာမစစ်ပေးနိုင်လို့ အခက်အခဲ ရှိရင်ပြောပါ..

tunaungkyaw
07-11-2011, 10:01 AM
iOS version နဲ့ ဖုန်းအမျိုးအစား အပေါ်မှာ မူတည်ပြီးတော့ unlock လုပ်တဲ့ပုံစံတွေ ကွဲပြားတဲ့အတွက် မကိုက်ညီတဲ့ကောင်ကို သုံးမိရင် နဲနဲတော့ ပြဿနာ ရှိပါလိမ့်မယ်။

Kyaw Jone
07-11-2011, 11:33 AM
အခုကျွန်တော်တို့ ဆီမှာ သုံးများနေတာကတော့ 3GS ပါ.အပေါ်က အစ်ကိုတင်ပေးထားတဲ့ list ကို download ပြီး Run တော့ program ကမ RUN ပဲ နာနတ်သီး ပုံလေးပဲ ပေါ်တယ်။ QUICK Rwn program has stopped working ဆိုတဲ့စာပေါ်ပြီး program ကမ run ဘဲ ဖြစ်နေတယ် အစ်ကိုရေ။

iOS version နဲ့ ဖုန်းအမျိုးအစား အပေါ်မှာ မူတည်ပြီးတော့ unlock လုပ်တဲ့ပုံစံတွေ ကွဲပြားတဲ့အတွက် မကိုက်ညီတဲ့ကောင်ကို သုံးမိရင် နဲနဲတော့ ပြဿနာ ရှိပါလိမ့်မယ်။

tunaungkyaw
07-11-2011, 08:15 PM
Unlock iPhone 3GS
Baseband -04.26.08
iOS version - 4.3.3

Unlock မလုပ်ခင်မှာ iPhone ဟာ Jailbreak လုပ်ပြီးသားဖြစ်ရပါမယ်။ ပြီးရင် အပေါ်မှာ ကျနော်ရေးထားတဲ့ iOS version နဲ့ Baseband ဖြစ်မှသာလျှင် သုံးလို့ရပါ့မယ်။

၁။ cydia ကိုဖွင့်ပါ။ Source tab ကိုသွားပါ။
၂။ Edit ကိုနှိပ်ပါ။ Add ကို နှိပ်ပါ။
၃။ repo666.ultrasn0w.com ကိုရိုက်ထည့်ပါ။ ပြီးရင် Add Source ကို နှိပ်ပါ။
၎။ Source Add လုပ်တာကို ခဏစောင့်ပြီးရင် Return to Cydia ကို နှိပ်ပါ။
၅။ Source tab မှာပဲ ခုနက ထည့်ခဲ့တဲ့ source ဖြစ်တဲ့ repo666.ultrasn0w.com ကိုနှိပ်ပါ။ အဲဒီမှာ Ultrasn0w ဆိုတာကို လိုက်ရှာပါ။
၆။ Ultrasn0w ကိုနှိပ်ပြီး Install ကို နှိပ်ပါ။ confirm ကို နှိပ်ပါ။
၇။ ပြီးရင် Restart Spring Board ကို နှိပ်ပါ။ ရပါပြီ။ Unlock လုပ်ပြီးသွားပါပြီဗျာ။

မေးတဲ့အထဲမှာ iOS version နဲ့ baseband တွေမပါတဲ့အတွက် ကျနော်ထင်တဲ့ဟာနဲ့ပဲရေးပေးလိုက်ပါတယ်။
အဆင်ပြေပါစေဗျာ။