PDA

View Full Version : သူများဘက်မှာ တစ်ခြားနာမည်ပေါ်ချင်လို့ပါ



lifemark
08-07-2011, 10:32 PM
ကျွန်တော့်က ကျွန်တော့်ရဲ့ E-mail အကောင့်ကို သူများဘက်မှာ
တစ်ခြားနာမည်နဲ့ပေါ်ချင်အောင်လုပ်ချင်လို့ပါ..
ကျွန်တော် Login လုပ်တဲ့အကောင့်ကို သူများဘက်မှာ မပေါ်စေချင်ဘူး...
တစ်ခြားနာမည်နဲ့ပေါ်ချင်တယ်..
တစ်ချို့တွေရှိတယ်လေ... ကိုယ့် G-mail အကောင့်က ကိုယ့်ဘက်မှာကျတော့ ကိုယ့်ရဲ့အကောင့်နာမည်
ဟိုဘက်မှာကျတော့ တစ်ခြားနာမည်နဲ့သွားပေါ်နေတာ.. အဲ့ဒါဘယ်လိုလုပ်ရတာလဲခင်ဗျာ...
ကျွန်တော့် G-mail အကောင့်က ghost.anarchy99@gmail.com ပါ..


ကျေးဇူးတင်ပါတယ်..

warwar
08-08-2011, 09:53 AM
အဲဒါက gmail account & import setting ထဲကနေပြီး
send mail as ဆိုတာထဲမှာတခြား account နာမည်ရေးထည့်ထားရင်ရမယ်ထင်တယ်
တခါမှစမ်းမကြည့်ဘူးဘူး

သိုးကျောင်းသား
08-08-2011, 08:31 PM
first name & last name မှာ ပေါ်ချင်တဲ့နာမည် ပြင်လိုက်ပါ..

မတ်သံလုံ
08-09-2011, 09:04 AM
lifemark ဟာကျွန်တော်သတိထားမိတာကြားပြီး အမြဲတမ်ဒီဖိုရမ်မှာမေးထားတဲ့ဟာတစ်ခုကို
အခြားဖိုရမ်မှာလည်းပြန်မေးထားတယ်နော်အဲဒါသိပ်မကောင်းဘူးlifemarkရေ
လေးစားမူထားဖို့ ကောင်းတယ်

manawphyulay
08-09-2011, 12:25 PM
first name & last name မှာ ပေါ်ချင်တဲ့နာမည် ပြင်လိုက်ပါ..

ဟုတ်ကဲ့ပါ။ ဒါဆိုရင် ကိုယ့်ဆီမှာတစ်မျိုး သူ့ဆီမှာတစ်မျိုး ပေါ်နေမှာပါလား...

ဖန်ဆင်းရှင်
08-09-2011, 04:59 PM
lifemark ဟာကျွန်တော်သတိထားမိတာကြားပြီး အမြဲတမ်ဒီဖိုရမ်မှာမေးထားတဲ့ဟာတစ်ခုကို
အခြားဖိုရမ်မှာလည်းပြန်မေးထားတယ်နော်အဲဒါသိပ်မကောင်းဘူးlifemarkရေ
လေးစားမူထားဖို့ ကောင်းတယ်

ကို မတ်သံလုံရေ..
ကျွန်တော်ထင်တာပြောရရင် သူလည်း တစ်ခြားဖိုရမ်က
သူ့အတွက်အဖြေများရနိုင်မလားလို့ ထင်ပြီး တစ်ခြားဖိုရမ်မှာလည်း မေးထားတာထင်ပါတယ်...
ဖိုရမ်နှစ်ခုဆိုရင် သူ့အတွက် အဖြေမှန်ရဖို့က ပိုနီးစပ်တယ်လို့ ယူဆပြီး မေးထားတာထင်ပါတယ်..
ဒါက ကျွန်တော်စဉ်းစားမိတဲ့အမြင်လေးပါခင်ဗျာ

အဆင်ပြေပါစေ
ဖန်ဆင်းရှင်

lifemark
08-12-2011, 12:51 AM
ကိုဖန်ဆင်းရှင် ပြောတာဟုတ်ပါတယ်ခင်ဗျ..
ကျွန်တော်က ဒီဖိုရမ်ကို မလေးစားလို့မဟုတ်ပါဘူး..
ကျွန်တော်မေးလိုက်တဲ့ မေးခွန်းတစ်ခုကို ဖြေသွားတယ်..
အဲ့ဒိ အဖြေတွေကို နှိုင်းယှဉ်ကြည့်ချင်လို့ပါ..
နောက်တစ်ချက်က ဖိုရမ်တွေတိုင်းကို ဒီမေးခွန်းပဲမေးတဲ့အတွက်
တစ်ခုမဟုတ် တစ်ခုအဖြေရအောင်လို့ပါ...
အဲ့ဒါက သဘာဝမကျဘူးဆိုရင်တော့ ဖိုရမ်တစ်ခုထဲကိုပဲ ပေးပါ့မယ်..
အမှားပါရင်ခွင့်လွတ်ပေးပါဗျာ..

လေးစားစွာဖြင့်
silent evil

ချင်းတွင်းသား
08-12-2011, 09:39 AM
ကျွန်တော်အမြင်ကိုပြောရရင်တော့ ပြဿနာတစ်ခုကို ဖိုရမ်တစ်ခုမှာမေးလိုက်ပါ
အကယ်၍ မေးလိုက်တဲ့ဖိုမ်မှာ ကိုယ်မေးထားတဲ့မေးခွန်းကို ပြန်ဖြေလိုက်တဲ့အဖြေက ကိုယ်ရဲ့ပြဿနာကို ပြေလည်အောင်ဖြေရှင်းပေးနိုင်ခဲ့တယ်ဆိုရင်တော့ နောက်ဖိုရမ်တစ်ခုမှာ မမေးတာက ပိုကောင်းမယ်လို့ထင်ပါတယ်
တကယ်လို့ ပထမဆုံးကိုယ်မေးလိုက်တဲ့ဖိုရမ်က ကိုယ်ပြဿနာကို ၃ ရက် ဒါမမဟုတ် ၄ ရက်ကျော်လို့မ ပြန်မပြောနိုင်ခဲ့ဘူးဆိုရင်တော့ နောက်ဖိုရမ်တစ်ခုမှာ မေးလိုက်တာကို အားလုံးပဲ လက်ခံနိုင်မယ်လို့ ထင်ပါတယ်
ဒုတိယမေးလိုက်တဲ့ဖိုရမ်က ကိုယ့်ပြဿနာကို ပြေလည်အောင်ဖြေရှင်းပေးနိုင်ခဲ့တယ်ဆိုရင်
ပထမဆုံးမေးလိုက်တဲ့ဖိုရမ်က ကိုယ်မေးထားတဲ့ ဖိုရမ်မှာ ပြန်ဖြေထားတဲ့ ဖိုရမ်ကို Credit ပေး၍ Solution ကို ထပ်ရေးလိုက်မယ်ဆိုရင် အားလုံးအတွက် ပိုကောင်းမယ်လို့ ကျွန်တော်အနေနဲ့ ထင်မြင်မိပါတယ်
နောက်ပြီးတော့ ကိုယ်ပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်မယ့် Solution ကို ဖြေပေးထားတဲ့လူကို ကျေးဇူး ဆိုတာလေးကို နှိပ်ပြီး ဖြေပေးထားသူရဲ့ စေတနာကို ပြန်လည်တုန့်ပြန်သင့်တယ်လို့.....
ကျွန်တော်ရဲ့အမြင်မျှသာဖြစ်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။