PDA

View Full Version : Water tight door - system



rolley
09-17-2011, 01:44 PM
auto shut water tight door system
ဖိုရမ်ထဲက ညီအကိုမောင်နှမများ ခင်ဗျာ။ သိချင်တာလေးတစ်ခုလောက် မေးပါရစေ။ကျေးဇူးပြုပြီး အဲဒီအကြောင်းလေး အသေးစိတ် သိပါရစေ ခင်ဗျာ

အေ၇ာ
09-18-2011, 06:40 AM
အသေးစိတ်တော့ မသိဘူးရှင့်။
အသိတစ်ဦး ပြဖူးတဲ့ ဓါတ်ပုံမှာ လူလဲမလှတဲ့အပြင် ထူထဲလှတဲ့ တံခါးကြီး ပါနေတာတွေ့လို့ ဘာကြီးလဲလို့မေးဖူးပါတယ်။
Water tight door ရယ်လို့ လွယ်လွယ်ဖြေပေးတာကို ရေးရေးပဲ သတိရတော့တယ်။
အံမယ် အဲဒါကြီးက ဟိုက်ဒြောလစ်ပါဝါ ပရက်ရှာနဲ့မှ ဖွင့်ပိတ်လို့ရတာ ထင်ရဲ့ မြင်တဲ့ပုံမှာ စုံနေတာပဲ ပိုက်တွေ။
ဘယ်အခြေမှာ ပိတ် ဘယ်အနေမှာဖွင့် အဲဒါတွေဖြင့် မမေးလိုက်ဖြစ်ဘူး။
မဟုတ်မှလွဲရော ရေအောက်မှာတပိုင်းတစ်စမြုတ်နေတဲ့ စက်ခန်းထဲရေမ၀င်အောင် အသေအခြာဆင်ထားပုံရရဲ့လို့ပဲ ရမ်းသမ်း မှန်းဆတွေးတောရတော့တယ်။
မေးသူကိုယ်တိုင်က တစ်စွန်းတစ်စ ချပြမှ သိကြရတာ ပြည့်စုံမှာပါကွယ်။

လေးစားစွာဖြင့်
အေ၇ာမေ

rolley
09-18-2011, 07:19 AM
I am not knowing too much , let me explain litttle knowledge the water tight door system belong to fire prevenition they may have a two type auto and manual , the auto wtd comman use at engine room - ( most are hydraulic actuator and accumulator control - they have hydraulic hand pump and motor drive pump - for example engine room fire co2 release alarm silence and nobody will stay that place - wtd auto shutoff - these door are sliding door - requiring higher levels of torque )

အေ၇ာ
09-18-2011, 08:41 AM
ဟုတ်ပါတယ် rolley ရေ။ တံခါးကြီးက ထူထဲလေးလံတော့ High Torque လိုအပ်တာအထိ တွေးတောလို့ရပါတယ်။
ဒါကြောင့် လဲ Hydraulic system သုံးစွဲပြီး Operate လုပ်ကြရတာလို့ ဓါတ်ပုံမြင်စဉ်က ရိပ်မှန်းမိခဲ့ပါတယ်။
Hydraulic system ဆိုတော့က Pressure ရရှိဖို့ motor မှတစ်ဆင့် Pump ကိုမောင်းပေးရတဲ့ အခြေခံသဘောတွလည်း ဒီဖိုရမ်မှာ မောင်နှမတွေမကြာမကြာဆွေးနွေးကြတာမို့ ကြားဖူးခဲ့ပါတယ်။
အကြောင်းတစ်ခုခုကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်ပြီး သုံးစွဲမရနိုင်တဲ့အခြေအနေအတွက် Hydraulic system တိုင်းလိုလိုမှာ အရေးပေါ်သုံးစွဲနိုင်ဖို့ Hand pump လေးတွေ မဖြစ်မနေ ပူးတွဲတပ်ဆင်ထားရှိပေးရတာကိုလည်း ကြားသိဖူးပါတယ်ရှင်။
rolly စိတ်ပါဝင်စားတဲ့ အကြောင်းအရာအတော်များများကို ဒီဖိုရမ်မှာ ဆွေးနွေးနေကြတယ်ဆိုတာ နေရာစုံအောင် ရှာဖွေဖတ်ရှုကြည့်လျှင် တွေ့လာမှာပါ။

စူးစိုက်သိချင်တာကို ခေါင်းစဉ်တွေ သီးခြားခွဲတာ တစ်မျိုးတော့ကောင်းနိုင်ပေမယ့် တစ်ဖက်မှာာ ပြဿနာလေးတွေရှိနိုင်တယ်လို့လည်းသိရပါတယ်။
မာတိကာ ကိစ္စကိုလည်း ဖိုရမ်က အစ်ကိုကြီးတွေ တစ်ဖြည်းဖြည်းနဲ့ အဆင်အပြေဆုံးဖြစ်လာအောင် ၀ိုင်းဝန်းအကောင်အထည်ဖေါ်နေကြပါတယ်။
အဲဒီဖက်မှာ တစ်ဦးနှစ်ဦးလောက်ပဲ လုပ်နေရတာမို့ လုပ်အားအကူအညီလိုအပ်နေနိုင်တယ်လို့လည်းထင်ပါတယ်၊ စိတ်ပါဝင်စားပြီး ကူညီနိုင်သူတွေ တိုးပွါးလာဖို့ မျှော်လင့်မိပါတယ်။

ဘာပဲဖြစ်ဖြစ် rolley စိတ်ဝင်စားတဲ့အကြောင်းအရာတွေက ကျယ်ပြန့်စုံလင်နေတာမှန်ပေမယ့် သက်ဆိုင်ရာ ဖိုရမ်မာအသီးသီးက ၀ိုင်းဝန်းရှင်းလင်းဖြေကြားသွားကြမယ်ဆိုလျှင် ၀င်ရောက်ဖတ်ရှုသူတွေအတွက် အဖိုးတန်တဲ့ ဗဟုသုတတွေရစေမှာအမှန်ပဲဖြစ်ပါတယ်။
မေးခွန်းမေးတဲ့အခါ ဖြစ်နိုင်လျှင် စုံစုံလင်လင်လေး ပါရှိအောင် တောင်းဆိုရတာကလည်း ဆွေးနွေးကြတဲ့ဘောင်အတွင်း တန်ဖိုးရှိရှိကျစ်လစ်စွာ ပါဝင်နိုင်စေဖို့ဖြစ်ပါတယ်။
အထက်မှာ rolley သိသလောက် တင်ပြပေးတာမျိုးလေးတွေနဲ့စတင်မယ်ဆိုလျှင် ပိုမိုအဆင်ပြေတာတွေ့ကြရမှာပါ။
အင်ဂျင်ခန်း မီးလောင်လို့ CO2 လွှတ်တော့မယ့် Alarm လာနေပြီဆိုလျှင် သတိပေးသံဆုံးတာနှင့် လူတွေလည်းရှောင်ရှားပြီးလောက်ပြီဆိုတော့ အလိုအလျောက်တံခါးပိတ်ဖို့ Command အမိန့်ထွက်ပေါ်လာပြီးပိတ်သွားမယ်၊ အဲဒီလိုဖြစ်စေဖို့ Auto mode ကို Select လုပ်ထားရမယ်ဆိုတာမျိုးတွေ ဗဟုသုတရကြပါတယ်။
မီးလောင်တာကို မတားဆီးမငြိမ်းသတ်နိုင်လို့ ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပါက ပေါ်ပေါက်လာနိုင်တဲ့ ဖိအားဒါဏ်ခံနိုင်အောင် ထူတဲတဲ့တံခါးတွေဟာ အလွယ်တစ်ကူ ပွင့်မထွက်အောင် Sliding door type တည်ဆောက်ရတယ်ဆိုတာလည်း အတော်သဘာဝကျပါတယ်။

အခုလို သိသလောက်ချပြရင်း ဆွေးနွေးမေးမြန်းတဲ့အတွက် အားလုံးရဲ့ကိုယ်စား အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောပြလိုပါတယ်ရှင်။

လေးစားစွာဖြင့်
အေ၇ာမေ