PDA

View Full Version : C programming languageဆွေးနွေးခြင်း



wlk3649
05-18-2012, 01:41 PM
ကျွန်တော်ကတော့ C programming language ကို အကျွမ်းကြီးမဟုတ်ပါဘူး...လေ့လာဆဲအဆင့်ပဲရှိပါသေးတယ်..ဒါပေမဲ့ ကိုးကားနေတဲ့ စာအုပ်လေးတွေတော့ရှိပါတယ်...အဲဒီစာအုပ်ထဲက လိုအပ်မယ်ထင်တာလေးတွေကို sharing & discussing လုပ်ချင်လို့ ဒီpostလေးကိုတင်လိုက်တာပါခင်ဗျာ....သိပြီးသားသူများအနေဖြင့် ကျွန်တော်ကို လမ်းညွှန်ပြသပေးစေချင်သလို မသိသေးသူများအတွက်လည်း ဗဟုသုတ အနေနဲ့ သိစေချင်တဲ့ဆန္ဒကြောင့် တင်ပြခြင်းဖြစ်ပါတယ်.....ကျွန်တော်အစ်ကိုအစ်မများအခြားmember၀င်များမှ ဒီpostတင်ပြီးသားဆိုရင်လဲတောင်းပန်ပါတယ်ဗျာ...ကျွန်တော်ရှာသလောက်တော့ c language only defination မတွေ့မိလို့ပါ....ရှိတယ်ဆိုရင်လဲါကျွန်တော်ကိုအပြစ်မယူကြပါနဲ့ဗျာ....အချိန်အများကြီးမပေးနိုင်သလို အရမ်းမကျွမ်းသေးတဲ့အတွက် ဆွေးနွေးချက်ကလေးတွေပဲ ချပြပါမယ်နော်...သိသမျှကိုတော့ အကုန်ဆွေးနွေးပေးပါ့ မယ်နော်:lalala::lalala::lalala:

wlk3649
05-18-2012, 02:01 PM
(၁)၁၉၆၀ နှစ်များပိုင်းမှာ Massachusetts Institute of Technology ရယ် AT&T Bell Labs နဲ့ General Electric ကုမ္ပဏီတွေ ပူးပေါင်းပြီး GE-645 mainframe computer ပေါ်မှာ သုံးဖို့ Multics (Multiplexed Information and Computing Service) လို့ခေါ်တဲ့ operating system တစ်ခုကို စတင်ပြီး သုတေသန လုပ်ခဲ့ကြတယ်။ UNIX ကို ၁၉၆၉ ခု နှစ်မှာ AT&T ရဲ့ အခွဲတစ်ခု ဖြစ်တဲ့ Bell Laboratories က Ken Thompson နဲ့ Dennis Ritchie တို့က စတင်ရေးသားခဲ့တာဖြစ်ပါတယ်။ Internet မှာ server အနေနဲ့ သုံးတဲ့ စက်တွေမှာ UNIX ကို အသုံးများတယ်။ အင်တာနက်အတွက် ရည်ရွယ်တဲ့ Softwares အတော်များများကလဲ UNIX Platform အပေါ်မှာပဲ ရေးခဲ့ကြတယ်။ သူ့ရဲ့အဓိက အားသာချက်ကတော့ multiuser နဲ့ multitasking လုပ်နိုင်တာပဲ ဖြစ်တယ်။ ရိုးစင်းတဲ့ file system ရှိတယ်။ User တိုင်းက သူတို့ ဖန်တီးထားတဲ့ ဖိုင်တွေကို ထိန်းချုပ်ခွင့် ရှိတယ်။ ဆိုလိုတာက မိမိတို့ ဖိုင်တွေကို ဘယ်သူတွေက ဖတ်နိုင်တယ်၊ ရေးနိုင်တယ် ဆိုတဲ့ access level ကို control လုပ်လို့ ရတာပဲ ဖြစ်တယ်။
C ကိုတော့ ၁၉၇၂ မှာ Dennnis Ritchie က ဖန်တီးခဲ့တယ်။ Assembly Language ထက် ပိုအဆင့်မြင့်တဲ့ higher level programming လဲဖြစ်တယ်။ Compiled language အမျိုးအစားလဲ ဖြစ်တယ်။ ဆိုလိုချင်တာက တစ်ကြောင်းချင်းဘာသာပြန်ပြီး အလုပ်လုပ်တဲ့ interpreter မျိုးမဟုတ်ဘဲ exe ဖိုင်ဖြစ်အောင် လုပ်နိုင်တာဖြစ်တယ်။
Bell laboratories ရဲ့ အခန်းကဏ္ဍက EC သင်တန်းသားတွေ အတွက် အထူးပဲ အရေးကြီးပါတယ်။ အရင်က AT&T (American telephone and telegraph) တယ်လီဖုန်း ကုမ္ပဏီ ရဲ့ ဌာနခွဲ တစ်ခု ဖြစ်ခဲ့ပြီး ကွန်ပြူတာ အီလက်ထရောနစ် နဲ့ ဆက်သွယ်ရေး နည်းပညာကို တဟုတ်တိုး ထွန်းကားတိုးတက်လာအောင် ကူညီတီထွင်ပေးနေတဲ့ နေရာတစ်ခုလည်းဖြစ်တယ်။ နိုဘယ် ဆုရှင် များစွာကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။
C ကို system software များ ရေးသားရန် ဒီဇိုင်းထုတ်ခဲ့သော်လည်း သေးငယ်ပေါ့ပါးသော application softwares များ ရေးသားရန် အတွက်လည်း တွင်ကျယ်စွာ အသုံးချခဲ့သည်။ အထူးသဖြင့် ဟက်ကာများ နှင့် open source operation systems သမားများ၏ အကြိုက်ဆုံး ဘာသာစကား ဖြစ်ခဲ့ရသည်။ C အနေနှင့် နောက်ထပ် ထွက်ပေါ်လာသော C++, Visual C++, C# စသည့် ပရိုဂရမ်းမင်း ဘာသာစကား အသစ်များ အပေါ်တွင်လည်း လွှမ်းမိုးမှုရှိခဲ့သည်။ 1980 လောက်မှာ ဂျွန်စရောက်စတား က C ကို နောက်ထပ် features အသစ်တွေ ထပ်မံပေါင်းထည့်ပြီး " C with Classes " ဆိုတာကို ရေးခဲ့တယ်။ အဲဒီ ဘာသာစကားဟာ တဖြည်းဖြည်း ပိုမို တိုးတက်လာပြီး C++ ရယ်လို့ ဖြစ်လာတယ်။ နောက်ထပ်ပေါ်လာတဲ့ programming ဘာသာစကား အသစ်တစ်ခု ဖြစ်တဲ့ Java ကတော့ (1995) မှာ "C++ with bugs fixed" ဆိုပြီး နာမည်ရလာတယ်။ Sun Microsystems ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ "Write once, run everywhere" ဆိုတာကို အကောင်အထည်ဖေါ်ပေးပြီး cross platform capability ကို စတင် မိတ်ဆက်ပေးခဲ့တယ်။နောက်မှပေါ့နော်...အလုပ်လေးရှိလို့ပါ:music::music::music:

wlk3649
05-21-2012, 03:05 PM
Introduction to C programming language ebook မှာတော့Assembly ဘာသာစကားဟာ ပရိုဂရမ်မာတွေကို နားလည် လွယ်အောင် ကူညီတာ မှန်ပေမယ့် ကွန်ပျူတာ နားလည်ဖို့ တစ်ကြောင်းချင်း ဘာသာပြန်နေရတာကြောင့် computer run time အချိန်တော့ ပိုကြာသွားတယ်။
နှစ်တွေ ကြာလာတာနဲ့အမျှ higher-level programming language တွေ ပေါ်ထွက်လာတယ်။ သူတို့ဟာ programmer တွေကို ပိုမို လွယ်ကူတဲ့ medium တစ်ခုမှာ ရေးသားစေပြီး ကွန်ပျူတာ အတွက်လည်း တိကျပြီး ပိုမိုလွယ်ကူတဲ့ instruction တွေ ထုတ်ပေးတယ်။
အစောပိုင်း high-level programming တွေဟာ သတ်မှတ်ထားတဲ့ သီးသန့် အလုပ်တွေကို ကိုင်တွယ်ဖို့ ဒီဇိုင်း ပြုလုပ်ထားတာ ဖြစ်တယ်။ ဥပမာအားဖြင့် ဆိုရင် FORTRAN ကို ဂဏန်းသင်္ချာတွေ တွက်ချက်ဖို့၊ COBOL ကို စီးပွားရေး အစီရင်ခံစာတွေ ရေးဖို့နဲ့ PASCAL ကို ကျောင်းသားတွေ အသုံးပြုဖို့ ဆိုပြီး ဒီဇိုင်း ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ဘာသာစကား တော်တော် များများဟာ သူတို့ရဲ့ မူလ ရည်ရွယ်ချက်တွေကို ကျော်လွန်ပြီး အောင်မြင်ခဲ့တယ်။ ဒါကြောင့် PASCAL ကိုရေးခဲ့တဲ့ နစ်ကလပ်စ် ဝှစ်သ် (Nicklaus Wirth) က တကယ်လို့ သူသာ တစ်ချိန်က PASCAL ဒီလောက် အောင်မြင်လာမယ်မှန်း ကြိုတင် သိခဲ့ရင် ဒီဇိုင်းထုတ်တုန်းက ပို ဂရုစိုက်ခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်.ဒီနေ့တော့ ဒီလောက်ပဲခင်ဗျာ...thanks:music::music::music: