PDA

View Full Version : CNC စက်ပြုလုပ်ရန်အကူးအညီတောင်းခြင်း



ှsaikhamhein
06-10-2012, 11:12 PM
ကျွန်တော် က CNC စက်ဆင်ဖိုကြိုးစားနေတာပါ စီးပွားဖြစ်မဟုတ်ပါဘူး။ ကျွန်တော်ကအခုမှ ကျောင်းသားပဲရှိသေးတာပါ။
ကျွန်တော် ဒီစက်ကို ဆင်လိုက်တာ အလုပ်တော့ဖြစ်သွားပြီ ဒါပေမယ့် Stepper Motor တွေကို Drive လုပ်တာ သိပ် အဆင်မချောဘူးဖြစ်နေတယ် ဘယ်လိုလဲဆိုတော့ Stepper motor တွေတော့လည်တယ် Full speed မရောက်ဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့် ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲဆိုတာလေး အကြံပေးကြပါဦး။
လက်ရှိလုပ်နေတဲ့လူတွေရှိရင်လဲ တွေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ဗျာ၊
:welcome:

အေ၇ာ
06-11-2012, 04:39 PM
မောင်လေး စိုင်းရေ

အခုလက်ရှိလုပ်ထားပြီးသလောက်အကြောင်းကို အသေးစိတ်ထပ်ပြောပေးပါလား၊
Stepper Motor ရဲ့ အချက်အလက်လေးတွေ သိချင်ပါတယ်။ အသုံးပြုတဲ့ဗို့အား၊ အထဲမှာ ကွိုင်ဘယ်နှစ်ခုလဲ၊ ဖြစ်နိုင်ယင် ပတ်လမ်းပုံကြမ်းပါ မြင်ချင်တယ်ဆိုပါတော့နော်။

လက်တွေ့ ခုတ်စား စမ်းသပ်စဉ်မှာဆို Speed ဘယ်လောက်အထိ လည်နိုင်နေပြီလဲဆိုတာလည်းသိချင်တယ်။

Stepper motor ဆီကို DC Power ထုတ်ပေးမည့် အစိတ်အပိုင်းကရော ကိုယ်တိုင်တည်ဆောက်ထားတာလား၊ အနှေးအမြန် ထိန်းချုပ်တာကရော PCB ပတ်လမ်းနဲ့လား Computer မှတိုက်ရိုက် Interfacing လုပ်နေတာလားသိချင်ပါတယ်။
Computer နဲ့ဆိုလျှင် သုံးစွဲတဲ့ Software အကြောင်းရောပေါ့။

အေ၇ာမသိတာတွေအများကြီးပေမယ့် သူများတွေ ဘယ်လိုလုပ်ထားလဲ စိတ်ဝင်စားမိလို့ပါ။
ကိုယ်သိတဲ့အပိုင်းက တစ်ခုခုမှာ အကျိုးရှိအောင် အကြံပေးကူညီနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

လေးစားစွာဖြင့်
အေ၇ာမေ

ှsaikhamhein
06-11-2012, 08:56 PM
မောင်လေး စိုင်းရေ

အခုလက်ရှိလုပ်ထားပြီးသလောက်အကြောင်းကို အသေးစိတ်ထပ်ပြောပေးပါလား၊
Stepper Motor ရဲ့ အချက်အလက်လေးတွေ သိချင်ပါတယ်။ အသုံးပြုတဲ့ဗို့အား၊ အထဲမှာ ကွိုင်ဘယ်နှစ်ခုလဲ၊ ဖြစ်နိုင်ယင် ပတ်လမ်းပုံကြမ်းပါ မြင်ချင်တယ်ဆိုပါတော့နော်။

လက်တွေ့ ခုတ်စား စမ်းသပ်စဉ်မှာဆို Speed ဘယ်လောက်အထိ လည်နိုင်နေပြီလဲဆိုတာလည်းသိချင်တယ်။

Stepper motor ဆီကို DC Power ထုတ်ပေးမည့် အစိတ်အပိုင်းကရော ကိုယ်တိုင်တည်ဆောက်ထားတာလား၊ အနှေးအမြန် ထိန်းချုပ်တာကရော PCB ပတ်လမ်းနဲ့လား Computer မှတိုက်ရိုက် Interfacing လုပ်နေတာလားသိချင်ပါတယ်။
Computer နဲ့ဆိုလျှင် သုံးစွဲတဲ့ Software အကြောင်းရောပေါ့။

အေ၇ာမသိတာတွေအများကြီးပေမယ့် သူများတွေ ဘယ်လိုလုပ်ထားလဲ စိတ်ဝင်စားမိလို့ပါ။
ကိုယ်သိတဲ့အပိုင်းက တစ်ခုခုမှာ အကျိုးရှိအောင် အကြံပေးကူညီနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

လေးစားစွာဖြင့်
အေ၇ာမေ

ွှအမရေ
Computer parallel port ကနေ Interface လုပ်တာပါ။ Circuit က တည်ဆောက်ရတာ အဆင်မပြေတာနဲ့ပဲ Direct drive လုပ်လိုက်တယ်. Run တာကတော့ Full step နဲ့ပါ လက်ရှိတော့ 12 v supply နဲ့ သုံးနေတာပါ။ Motor က 4 coil ထင်တယ်။ 6 wire နှစ်ကြိုးက center tapped ဆိုတော့ 4 coil လို့ ထင်တာပဲ
၁.၈ degree per step ။ 3 A motor ပါ ။ ဒါလောက်ပဲ motor မှာ ပါတာဗျ။ Datasheet လည်းရှာလို့မရဘူး။
အခုလောလောဆယ်တော့ Feed rate က 4~5 ipm လောက်တော့ရနေတယ် ။ တစ်ခေါက်တော့ တော်တော် မြန်မြန်ကို ရလိုက်သေးတယ်။ အိပ်လိုက်ပြီးနောက်နေ့ကျတော့မရတော့ဘူး။ :boom:
Stepper motor ကို transistor သုံးပြီးပဲ မောင်းထားတာပါ ။ အဲ Computer software ကျတော့ Turbocnc သုံးတာပါ။ အခုလို ၀ိုင်းစဉ်းစားပေးတာကျေးဇူးတင်ပါတယ်၊
လေးစားလျှက်
စိုင်းခမ်းဟိန်း

cy
06-11-2012, 09:52 PM
cnc machining တွေက များကြီးဆိုတော့ ဘယ်လိုခုတ်မယ့် စက်လဲ ။ digital readout တွေနဲ့ semi-auto စက်တွေဆို ပြည်တွင်းမှာ ပိုအသုံးဖြစ်မယ်ထင်တယ် ။ control ပိုင်းတွေအပြင် mechanical ပိုင်းကရော axis တွေ calibration နဲ့ တိကျမှုတွေလည်းသိချင်တယ် ။

အေ၇ာ
06-12-2012, 02:57 PM
ဟုတ်တယ် မောင်လေးစိုင်းရေ
စိုင်းတို့အစ်ကို စီယမ်ပြောသလိုပဲ control ပိုင်းတွေအပြင် mechanical ပိုင်းကရော axis တွေ calibration နဲ့ တိကျမှုတွေကို အေ၇ာတို့လည်းသိချင်တယ်။
အခုပြောထားသလောက်က ပုံဖေါ်ခုတ်စားခံချင်တဲ့ပစ္စည်းတပ်ဆင်ထားတဲ့ချတ်ခေါင်းပါတဲ့ အဓိက၀င်ရိုးကြီး လည်နိုင်တာပဲမြင်နေမိတယ်။
ခုတ်စားထွင်းဖေါက်ပေးမယ့် စူးဆောက်တန်ဆာပလာ Tools တွေကို ဘယ်လိုချဉ်းကပ်ရွေ့လျားစမယ်ဆိုတာမသိသေးဘူး။
သူတို့တည်နေရာပြောင်းပေးဖို့ကိုလဲ နောက်ကွယ်က ကွန်ပြူတာစနစ်နဲ့ထိမ်းပေးမယ်၊ Stepper motor တို့ Servo motor တို့ကိုသုံးမယ်ဆိုတောင် ပင်နီယံတွေ၊ ၀က်အူရစ်တွေသုံးပြီး အထိန်းစနစ်က ရွေ့လျားစေတာမှတပါး နေရာချထားတဲ့နေရာမှမရွေ့လျားပဲ တည်ငြိမ်ခိုင်မြဲအောင် စီမံရမှာတွေ ပါရှိဦးမယ်လို့မြင်ပါတယ်။

ကွန်ထရိုးအပိုင်းအတွက် Parallel port ကိုသုံးတယ်ဆိုတော့ Serial Port သုံးတာထက် တည်ဆောက်ရတာပိုလွယ်ပါတယ်။
DB 25 connector ရဲ့ Output Pin 8 ခုကနေပြီး တိုက်ရိုက်တောင် Driver Circuit ကိုမောင်းပေးလို့ရတယ်။
Motor က 3 Amp ဆိုတော့ Driver Circuit ကို 8A ဒါမှမဟုတ် 12 A လျှပ်စီးအဆွဲခံနိုင်တဲ့ SCR တွေကိုသုံးသင့်ပါတယ်။
PCB အတွက် အခက်အခဲရှိရင် ဈေးကွက်မှာ အလွယ်ဝယ်လို့ရတဲ့ မီးပြေးကဒ်ကို ၀ယ်ပြီး ပြုပြင်သုံးဖို့အကြံပေးလိုပါတယ်။
ကွန်ပြူတာ Output က High အခြေအနေမှာ 5v လောက်အထိ Signal ထွက်မှာဆိုတော့ C828, C495 စတဲ့ Transistor တွေနဲ့ LED မီးလုံးလေးတွေကို မောင်းနိုင်အောင် DC 12 ပတ်လမ်းအရင်ဆောက်လိုက်ပါ။ အဲဒီပတ်လမ်းရဲ့ Transistor တို့မှတဆင့် SCR ကိုမောင်းပြီး မော်တာလည်လျှင် အမြန်နှုန်းမြှင့်လို့ရလာမယ်ထင်ပါတယ်။
နောက်ပြီးတော့ 12 Volt Power Supply ကိုဘယ်ကရယူတာလဲ Rectifier ကတဆင့် ယူထားတာဆိုလျှင် full wave ဖြစ်ဖို့၊ အထွက်မှာ လုံလောက်တဲ့ Capacitor တပ်ဆင်ပါဝင်ဖို့နဲ့ Transformer ကိုလည်း အနည်းဆုံး 100 VA ကျော်နေဖို့လိုအပ်မယ်လို့ ခန့်မှန်းမိပါတယ်။
ဗို့အားကျဆင်းမှုရှိမရှိနဲ့ ဆွဲယူနေတဲ့လျှပ်စီးကိုသိဖို့ (ပိုသေခြာအောင်စောင့်ကြည့်လေ့လာနိုင်ဖို့) ဆိုလျှင်တော့ Power supply အထွက်ဖက်မှာ ဒီစီဗို့မီတာနှင့် ဒီစီအမ်ပီယာမီတာ တို့ တပ်ဆင်ပေးနိုင်သင့်ပါတယ်။
ထူးခြားမှုရှိလျှင်လည်း အသိပေးပါဦးနော်။
ခင်မင်စွာဖြင့်
အေ၇ာမေ

ှsaikhamhein
06-12-2012, 05:20 PM
ဒီနေ့တော့ bearing mount တစ်ခု ခုတ်စားဖို့င်္ကြနေပါတယ်။ Engraving တော့လုပ်ကြည့်တာ အဆင်ပြေတယ် 0.003 in လောက်ထိတော့ တိကျနိုင်တယ်လို့ခန့်မှန်းရတာပဲ။ backlash ကို ထည့်မတွက်ရင်ပေါ့။ Axis တွေက drawer slide တွေနဲ့လုပ်ထားတာပါ cheap လမ်းစဉ်ပေါ့။ Hand tools တွေပဲရှိတော့ metal တွေခုတ်စားဖို့ကအခက်အခဲရှိတော့ သစ်နဲ့ပဲစတည်ဆောက်တာပါ။ ဒီတစ်ခု အဆင်ပြေရင် full steel structure နဲ့လုပ်ဖို့စီစဉ်ထားပါတယ်။ ဒါနဲ့ Rough milling လုပ်ပြီးရင် Finishing ကို ballnose end mill နဲ့လုပ်ရမှာလား? အမရေ parallel port က 12 output ရအောင်လုပ်လို့ရပါတယ် output 8 pin အပြင် bidirectional က 4 pin ရှိပါတယ်။ 1 axis ကို 4 output လိုပါတယ် ။ motor ကို Tip122 နဲ့ drive လုပ်တာပါ။ ကျွန်တော့စက်က 3 axis ပါ။ axis တိုင်းမှာ holding torque ကများပါတယ်။ အခုကျွန်တော့မှာက stepper motor တွေ ကို max rpm ရောက်အောင်လုပ်လို့မရဘူးဖြစ်နေတာ။ Power supply ကတော့ switching mode power supply ပါ computer power supply ပါ။ ကျွန်တော် connection ကောင်းရင် ခုတ်စားပုံ video တင်ပေးပါ့မယ်။
အခုလိုကူညီတာ ကျေးဇူးအများကြီးတင်ပါတယ်။
လေးစားလျှက်ပါ။
စိုင်းခမ်းဟိန်း

အေ၇ာ
06-13-2012, 05:42 PM
အမရေ parallel port က 12 output ရအောင်လုပ်လို့ရပါတယ် output 8 pin အပြင် bidirectional က 4 pin ရှိပါတယ်။ 1 axis ကို 4 output လိုပါတယ် ။
Power supply ကတော့ switching mode power supply ပါ computer power supply ပါ။
ကျွန်တော် connection ကောင်းရင် ခုတ်စားပုံ video တင်ပေးပါ့မယ်။
အခုလိုကူညီတာ ကျေးဇူးအများကြီးတင်ပါတယ်။
လေးစားလျှက်ပါ။
စိုင်းခမ်းဟိန်း
ဟုတ်ပါတယ်မောင်လေးရေ Output Pin 8 ခု နဲ့ တအုပ်စုထဲမဟုတ်မယ့် Output ဖြစ်အောင် ရယူသုံးနိုင်တဲ့ Pin ၄ခုရှိတာကို သိပါတယ်။
သူတို့က အချက်ပြထွက်တာရဖို့ Commend ရေးတဲ့အခါ Port address မတူတာကြောင့် မသိတဲ့သူတွေအတွက်ဆို ရှုတ်ထွေးမှုမဖြစ်ရလေအောင် Output Pin 8 ခုအကြောင်းကိုပဲ ပြောလိုက်တာပါ။
မောင်လေးက မော်တာသုံးလုံးတောင်သုံးနေတာဆိုတော့ အဲဒီနှစ်မျိုးရတဲ့အုပ်စုကို ထည့်သုံးပြီးနေပြီပေါ့နော်။
မော်တာလျှပ်စီး 3A ဆိုတာ မော်တာတစ်ခုလုံးရဲ့ဆွဲယူနေတဲ့ ပမာဏလား၊ ကွိုင်တစ်ခုရဲ့ အမြင့်ဆုံးခံနိုင်ရည်လား မသိသေးလို့ သိချင်နေတာ၊ ဒါကြောင့် Power supply အထွက်မှာ တိုင်းတာနိုင်လျှင်ပိုကောင်းမယ်လို့ အကြံပြုတာဖြစ်ပါတယ်။

လေးစားစွာဖြင့်
အေ၇ာမေ

ှsaikhamhein
06-13-2012, 10:36 PM
ဟုတ်ပါတယ်မောင်လေးရေ Output Pin 8 ခု နဲ့ တအုပ်စုထဲမဟုတ်မယ့် Output ဖြစ်အောင် ရယူသုံးနိုင်တဲ့ Pin ၄ခုရှိတာကို သိပါတယ်။
သူတို့က အချက်ပြထွက်တာရဖို့ Commend ရေးတဲ့အခါ Port address မတူတာကြောင့် မသိတဲ့သူတွေအတွက်ဆို ရှုတ်ထွေးမှုမဖြစ်ရလေအောင် Output Pin 8 ခုအကြောင်းကိုပဲ ပြောလိုက်တာပါ။
မောင်လေးက မော်တာသုံးလုံးတောင်သုံးနေတာဆိုတော့ အဲဒီနှစ်မျိုးရတဲ့အုပ်စုကို ထည့်သုံးပြီးနေပြီပေါ့နော်။
မော်တာလျှပ်စီး 3A ဆိုတာ မော်တာတစ်ခုလုံးရဲ့ဆွဲယူနေတဲ့ ပမာဏလား၊ ကွိုင်တစ်ခုရဲ့ အမြင့်ဆုံးခံနိုင်ရည်လား မသိသေးလို့ သိချင်နေတာ၊ ဒါကြောင့် Power supply အထွက်မှာ တိုင်းတာနိုင်လျှင်ပိုကောင်းမယ်လို့ အကြံပြုတာဖြစ်ပါတယ်။

လေးစားစွာဖြင့်
အေ၇ာမေ

Max current ပါအမ။ ကျွန်တော်လဲ တိုင်းပါမယ်ဆိုနေမှပဲ မီတာကကြောင်နေတယ်ဗျာ။ :smash:
အသစ်တစ်ခု ထပ်ဝယ်ရတော့မယ်။ အခုတော့ ပိုက်ဆံမရှိသေးလို့ နောက်မှပဲ ၀ယ်ပြီးတိုင်းရတော့မှာပဲ ဟီး။
လောလောဆယ်တော့ စမ်းမောင်းတာ transistor တွေ overheat မဖြစ်လို့ အဆင်ပြေတယ်လို့ပဲ ယူဆရတော့မှာပဲ။ စက်မှာကလိုအပ်နေတာတော့အများကြီးပဲ။ ဒီနေ့တော့ 2 လက်မ ပတ်လည်ရှိတဲ့ အတုံးခုတ်ကြည့်တာ တိတော့တိကျတယ် ကြာနေတာတစ်ခုပဲပြောစရာရှိတာ။
ကျေးဇူးပါဗျာ
စိုင်းခမ်းဟိန်း

sawwin ung
06-02-2013, 10:44 AM
cnc handbook နဲcnc programming book ရှိရင် share ပေးလိုရမလား cnc machine စက်မောင်းတတ်တယ် ....programe ကောင်းကောင်းမရဘူး

အေ၇ာ
06-03-2013, 10:37 AM
cnc handbook နဲcnc programming book ရှိရင် share ပေးလိုရမလား cnc machine စက်မောင်းတတ်တယ် ....programe ကောင်းကောင်းမရဘူး
လက်ရှိကိုင်တွယ်မောင်းနှင်ဖို့ရှိတဲ့ စက်ရဲ့မော်ဒယ်နံပတ်နဲ့ အမျိုးအစားတွေ ဖေါ်ပြပေးနိုင်လျှင် လမ်းညွှန်ကူညီလိုတဲ့သူတွေအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။

အော်ပရေတာအနေအထားအတွက် လိုအပ်ချက်နှင့်အညီ အချက်အလက်၊ အတိုင်းအတာ၊ ဒေတာတွေကို သက်ဆိုင်ရာအသင့်သုံး ပရိုဂရမ်အထဲမှာ ထည့်တဲ့အပိုင်းက အနည်းငယ်လွယ်ကူမယ်လို့ထင်ပါတယ်။

အထက်မှာဆွေးနွေးကြတာအချို့က မူလက မရှိတဲ့ စီအန်စီစက်ကိုကိုယ်တိုင်တည်ဆောက်ဖို့
စတက်ပါမော်တာများ၊ မောင်းနှင်ပေးမည့် ပါဝါဆားကစ် ဒရိုင်ဘာယူနစ်များ၊ အထိန်းစနစ်များရယ် သူတို့ကို ပေးသွင့်လိုက်တဲ့ဒေတာအပေါ်မူတည်ပြီး လိုက်လျောညီတွေဖြစ်အောင် တွက်ချက် ထိန်းချုပ်မောင်းနှင်နေမယ့် သင့်လျော်မည့် ပရိုဂရမ်အမျိုးအစားတွေရယ် အကြောင်းတွေကို အပျော်တမ်းသဘောမျိုးတည်ဆောက်သုံးဖို့ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒါကြောင့် ပရိုဂရမ်ရေးနိုင်တဲ့ ဆော့ဖ်ဝဲကိုကန့်သတ်မထားပဲ အခြေခံလိုအပ်ချက်ပြည်မီတဲ့သုံးလို့ရနိုင်တာမှန်သမျှ တွေ့ရာကို ယူသုံးတာရှိနိုင်သလို
အခုလိုကိစ္စရပ်တွေမှာ စမ်းသပ်သုံးလိုတဲ့သူတွေအတွက် အထူးသင့်လျော်နေတဲ့ ပရိုဂရမ်လေးများလည်း ရှိနေမယ် /သုံးနေကြတယ်လို့ ထင်ပါတယ်။

အမာထည်အပိုင်းမှာလည်းပဲ အခြေခံ ဒီဇိုင်း တည်ဆောက်ပုံကအစ မိမိစိတ်ကြိုက်မို့ တစ်ခုနဲ့တစ်ခု ကွာခြားတာတွေအများကြီးတွေ့ရမှာပါ။

ဒါကြောင့် နမူနာလေးတွေ ပါဝင်လာမှ ၀ိုင်းဝန်းပါဝင်ဆွေးနွေးမှုတွေ ပိုမိုစုံလင်ပြည့်စုံလာမယ်လို့ ထင်ပါတယ်။

လေးစားစွာဖြင့်
အေ၇ာမေ

seaman
12-10-2013, 08:43 PM
CNC Machining Handbook ,Overby A. New York: McGraw Hill, 2011. - 274 p.
3904
A Practical Guide to CNC Machining Get a thorough explanation of the entire CNC process from start to finish, including the various machines and their uses and the necessary software and tools. CNC Machining Handbook describes the steps involved in building a CNC machine to custom specifications and successfully implementing it in a real-world application. Helpful photos and illustrations are featured throughout. Whether you're a student, hobbyist, or business owner looking to move from a manual manufacturing process to the accuracy and repeatability of what CNC has to offer, you'll benefit from the in-depth information in this comprehensive resource.
CNC Machining Handbook covers:
Common types of home and shop-based CNC-controlled applications
Linear motion guide systems
Transmission systems
Stepper and servo motors
Controller hardware
Cartesian coordinate system
CAD (computer-aided drafting) and CAM (computer-aided manufacturing) software
Overview of G code language
Ready-made CNC systems.
ဒေါင်းလုပ်ရယူရန်။ (https://www.dropbox.com/s/rza2r1cstjjzu5j/CNC%2CHandbook%2CCNC%20Machining%20Handbook%2C%20Reference%2COverby%20A.%20.%20Overby%20A.%20New%20York%20McGraw%20Hill%2C%202011.%20-%20274%20p..pdf)

seaman
12-10-2013, 09:06 PM
Build Your Own CNC Machine(Technology in Action) Hood-Daniel Patrick, Kelly James Floyd.Apress 2009. — 350 с.

ဒေါင်းလုပ်ယူရန် (https://www.dropbox.com/s/pq9mm5a4fzecx6c/CNC%2CBuild%20Your%20Own%20CNC%20Machine%28Technology%20in%20Action%29%20Hood-Daniel%20Patrick%2C%20Kelly%20James%20Floyd.Apress%202009.%20%E2%80%94%20350%20%D1%81..pdf)

seaman
12-10-2013, 10:03 PM
စာရေးသူ Smid P. ရေထားတဲ့ CNC Machine အသုံးပြုပုံနှင့် ဥပမာ Program အမြောက်အမြားပါဝင်တဲ့ စာအုပ် + CD ဖြစ်ပါတယ်။ CNC စက်ကိုင်တွယ် အသုံးပြုမည်သူများ၊ CNC Programmers များ ၊ CNC Engineers များ အတွက် အသုံးဝင်တဲ့ စာအုပ်တစ်အုပ်ပါ။ ကျွှန်တော်ကိုယ်တိုင်တော့ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပေမဲ့ ကျွန်တော်နဲ့ မဆိုင်တဲ့ အကြောင်းအရာမို့လို မသုံးတတ်ပါဘူး။ CNC Specialist များအတွက် အသုံးဝင်မယ်ထင်လို့တင်ပေးလိုက်ပါ။ မျှဝေခြင်းသာဖြစ်ပါတယ်။ လေ့လာချင်စိတ်တော့ ရှိသား၊ကိုယ့်စာနဲ့ ကိုယ်နပန်းလုံးနေတာနဲ့ မအားလပ်သဖြင့် CNC ပညာရှင်များလေ့လာပြီးပါက မျှဝေကြပါ၇န်၊ ဗဟုသုတ အနေနဲ့သိချင်နေတာတော့ အမှန်ပါ။ Rar (1+2) ပေါင်းထားတယ်၊ ဒေါင်းလုပ်ပြီးပါက Rar ဖြေလိုက်ရင် Smid P. - CNC Programming Handbook (2nd ed.) - 2003 ဆိုပြီး တစ်ဖိုင်တည်းဖြစ်သွားပါလိုက်မယ်။ လေ့လာပြီးရင် မျှဝေဖို့ မမေ့နဲ့နော်။
အပိုင်း(၁)ဒေါင်းရန် (https://www.dropbox.com/s/6qnkk8sftsih6jt/CNC%20Programming%20Handbook%20%282%20nd%20ed.%29%20%2B%20CD.%20part%201-%20Smid%20P.%20-%202003.rar) CNC Programming Handbook (2 nd ed.) + CD. part 1
3906
အပိုင်း(၂)ဒေါင်းရန် (https://www.dropbox.com/s/tfgj2gt5jjx8rcx/CNC%20Programming%20Handbook%20%282%20nd%20ed.%29%20%2B%20CD.%20part%202-%20Smid%20P.%20-%202003.rar)CNC Programming Handbook (2 nd ed.) + CD. part 2
3907
Handbooks စာအုပ် သီးသန့်ဒေါင်းချင်ရင် ဒီမှာ (https://www.dropbox.com/s/jpryk8lwekvxjk2/CNC%20Programming%20Handbook%20%282%20nd%20ed.%29%20-%20Smid%20P.%20-%202003.pdf) ယူပါ

seaman
12-10-2013, 10:17 PM
3908
Here's the FIRST book to offer step-by-step guidelines that walk the reader through the entire process a building a CNC (Computer Numerical Control) machine from start to finish. Using inexpensive, off-the-shelf parts, readers can build CNC machines with true industrial shop applications such as machining, routing, and cutting-at a fraction of what it would cost to purchase one.
Great for anyone who wants to automate a task in their home shop or small business.
Easy-to-use Windows-based software controls the robotic automation.
Builders can scale and customize the machine to suit their own industrial needs.
Numerous tips, tricks, and pictorials walk the reader through every step-design, construction, and completion.
Contents
Design
Why Build My Own.
Gantry Style.
Motors.
Lineal Motion.
Motor Drivers.
Acme Screw.
Deciding on the Dimensions of the Machine.
Software.

Electronics
Stepper Motor Driver and Computer Interface Boards.
Stepper Motor Driver Circuit.
The Interface Board.

Making the Printed Circuit Board
Tools and Material.
Artwork.
Board Cutting and Cleaning.
Toner Transfer.
Etching.

Driver Assembly
The Interface Board.

Software Setup and Driver Testing
Material Needed.
Creating Test Files.
Triangle Test.
Circle Test.
Putting the Electronics in a Case.

The Frame
Tools and Material.
Bolting.
Assembly.
Bearing Ra il Support Bolt Holes.
Paint the Frame.

The Gantry and X-axis
The Gantry.
The X-axis: Installing the Gantry Bearing Guide Rail.
Bearing Holder.

The Z and Y Axes
The Z-Axis.
The Y-Axis.

Motor and Lead Screw Installation
Tools and Material.
X-axis.
Y-axis.
Z-axis.
Limit Switch Install at ion.
X-axis Limits.
Y-axis Limits.
Z-axis Limits.
10 File Creation and KCam.
KCam CNC Cont rol ler Software.
KCam File Requirements.
How to Create a Fi le to Import.
CorelDraw.
ACME Profiler.

Tool Holders and Testing
Tool Holders.
Penholder Tool.
Router/Dremel Holder.
Testing the CNC Machine.

Examples
Plotter.
Mechanical Engraving Tool.
Dremel Tool.
Master Craft Rotary Tool.
Router.
Sources of Material.
Electronic Components.
L297 /L298 Integrated Circuits.
Canada.
United States, California.
Lineal Motion.
Distributor.
Manufacturers.
Stepper Motors.
Metal.
Index
ဒီမှာ (https://www.dropbox.com/s/qy2lt17dmwepyqp/CNC%20Robotics%20Build%20Your%20Own%20Workshop%20Bot%20%2CWilliams%20G.%20McGraw-Hill%2C%202003.%20311%20p..pdf) ဒေါင်းလုပ်ရယူပါ။