PDA

View Full Version : basic electronic communication

yehtet1987
08-31-2012, 10:21 AM
basic electronic communication အကြောင်းလေးသိချင်လို့ပါ

sawkyiiphyu
09-30-2012, 01:41 AM
communication ကို အရင်ဆုံးရှင်း မှ အဆင်ပြေမည်ထင်ပါတယ်... အရင်တုန်းက ဒီcommunicationကို ဘယ်လို ဘယ်လိုလူတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ကြသလဲ ဘာသာစကားတွေနဲ့ဆက်သွယ်ကြတယ် နားမလည်ရင် ကိုယ်လက်အမူအရာတွေနဲ့အချက်ပြကြရတယ်...အရင်အရင် စစ်ပွဲအတွင်းမှာဆိုရင်တော့ တစ်နေရာနဲ့ တစ်နေရာကို အလံတွေ၊ စစ်ခရာတွေ၊ မီးပန်းတွေ့နဲ့အချက်ပြကြတယ်......အဲဒါလည်း communication ပါပဲ.... နောက်ပိုင်းတွေမှာ တဖြည်းဖြည်းနဲ့တိုးတက်လာတယ် ... ဒါဒါဒစ်ဒစ်..ဒစ်ဒစ်ဒါဒါတွေက electronic communication ရဲ့ အစပါပဲ သူကိုထွင်တဲ့သူနာမည်တော့ မမှတ်မိတော့ဘူး.... အဲနောက်မှာဖုန်းတွေ ၊ဆက်သွယ်ရေးစက်တွေ ၊အင်တာနက်တွေ၊ ဂြိုလ်တုတွေ ဒါတွေကလည်း electronic communication ထဲမှာ အကျုံးဝင်နေပါတယ်........electronic devices များကို အသုံးပြုပြီး တစ်ဦးနှင့်တစ်ဦးဆက်သွယ်ခြင်းသည် electronic communication ပင်ဖြစ်ပါသည်။ electronic communication သည် များစွာကျယ်ပြန့်ပါသည်......ပြောလျင်ရေးကုန်တော့မည် မဟုတ်ပါ.....များစွာကျန်ပါသေးသည်......electronic warfare စကားလုံးကို ယခုနောက်စစ်ပွဲစာအုပ်များကိုဖတ်ကြည့်လျင် ကြားဖူးနေကြဖြစ်နေလိမ့်မည်.......သူတစ်ပါးကိုစစ်နိုင်ချင်လျင် ဆက်သွယ်ရေးများကိုဖြတ်တောက်ပစ်ရမည်ဖြစ်သည်.... အမေရိကန်ကိုနိုင်ချင်လျင်တော့ ၄င်း၏ဆက်သွယ်ရေးများကိုဖြတ်တောက်ပစ်ရန်လိုသည်...အမေရိကန်၏ဆက်သွယ်ရေးများကို ဖြတ်တောက်နိုင်သော နိုင်ငံများမှာ ကမာပေါ်တွင် လက်ချိုးရည်လိုရသည်....အမေရိကန်သည် ၄င်း၏ဆက်သွယ်ရေးပင်မဖြစ်သော ဂြိုလ်တုများကိုပစ်ချနိုင်သောနိုင်ငံကိုစစ်တိုက်ရန်ရှောင်ကြဉ်သည်။ယနေ့တွင် သူတပါးဂြိုလ်တုများဖျက်ဆီးရန်အတွက် ဖျက်ဂြိုလ်တုများကိုလည်း ဈေးပေါပေါဖြင့် လွတ်တင်ထားကြသည်ကို တွေကြရမှာဖြစ်ပါတယ် ။ အင်တာနက်ဆက်သွယ်ရေးကိုကပြောင်းကပြန်လုပ်မည် ဟက်ကာများကိုလည်း အမေရိကန် ဂရုစိုက်နေရပါသည်....။ ပြောချင်သည်မှာ စစ်ပွဲများအကြောင်းကိုပြောခြင်းမဟုတ်ပါ။ electronic communication သည် မည်မျအထိ အရေးကြီးးသည်ကို သိရှိစေသောကြောင့် ဖော်ပြရခြင်းဖြစ်သည်။ communication အကြောင်းစဉ်းစားလျင် transmitter and receiver ကို မေ့ထားလိုမရချေ.......... ကလေးအတွေးဆိုလျင် ပြောသူနှင့်နားထောင်သူ /နားထောင်သူနှင့် ပြောသူသည် အပြန်အလှန်ဖြစ်နေခြင်းဖြစ်ပါသည်။ လူလူချင်းဆက်သွယ်ရာမှာ ပါးစပ်နဲ့ နားကို အသုံးပြုပြီး ဘာသာစကားအမျိုးမျိုးနဲ့ ဆက်သွယ်ကြတယ် electronic devices များဆက်သွယ်ရာမှာလည်း ပါးစပ်နဲ့နား ကဲ့သို့ transmitterနဲ့ receiver လိုအပ်ပါတယ်.... လူတွေမှာ ဘာသာစကားအမျိုးမျိုးရှိသလို electronic devices တွေမှာလည်း ဆက်သွယ်တဲ့ signal အမျိုးမျိုးရှိပါတယ်...sine wave saw wave analog signal digital signal စသည်စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ် ကြိုက်သလို အသုံးပြုလိုရပါတယ်....လူလူချင်းဆက်သွယ်သလိုပါပဲ တိုးတိုးလေးပြောမှာလား အကျယ်ကြီးပြောမှာလား၊ code တွေအသုံးပြုမှာလားဆိုတာကတော့ နေရာဒေသနဲ့ အသုံးပြုတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး ပြောင်းလဲသွားမှာဖြစ်ပါတယ်......ဥပမာ တီဗီ အစီအစဉ် လွင့်ထုတ်ခြင်းမှာ လွင့်တဲ့နေရာက transmitter နဲ့လွင်တယ် ဖမ်းတဲ့လူက receiver antenna လိုတယ် ကြိုက်သလိုဖမ်းလိုရတယ်....စစ်ပွဲမှာသုံးတဲ့ဆက်သွယ်ရေးစက်တွေကတော့ အဲလိုမျိုးလုပ်လိုမရဘူး ရန်သူမသိအောင် နားမလည်အောင် ဖမ်းနားထောင်လိုမရအောင် code တွေပြောင်းလဲအသုံးပြုပြီး ဆက်သွယ်မှအဆင်ပြေကြရပါသည်...အထက်ဖော်ပြပါအချက်များ basic electronic communication တွင် ထည့်သွင်းစဉ်းစားရမည့်အချက်များပင်ဖြစ်သည်......မိမိအသုံးပြုလိုသည်အကြောင်းအရာကိုမူတည်ပြီးမှ electronic devices ကိုရွေးချယ်အသုံးပြုတည်ဆောက်သွားရမည်ဖြစ်ပါသည်.....

sawkyiiphyu
09-30-2012, 01:43 AM

.............မိမိသိသမျကိုပါဝင်ဆွေးနွေးခြင်းဖြစ်ပါသည်...............

အေ၇ာ
09-30-2012, 10:41 AM
basic electronic communication အကြောင်းလေးသိချင်လို့ပါ
Basic လို့လည်းဆိုထားကာ .....
Electronic နည်းပညာနှင့်လည်းနှီးနွယ်နေပြီး .....
Communication ပြုလုပ်ကြတဲ့အကြောင်းတွေ သိချင်တာလို့ ယူဆပါတယ်။

ပညာပိုင်းဆိုင်ရာမှာတော့ အီလက်ထရွန်များရဲ့သဘောသဘာဝနှင့် ယင်းတို့အားလှုပ်ရှားရွေ့လျားအောင်စေစားနိုင်ပုံတွေဟာ အခြေခံအရင်းအမြစ် ပိုကျတာမှန်ပေမယ့် တိုးတက်နေတဲ့ ယနေ့ခေတ်မှာ အီလက်ထရောနစ်စက်ကရိယာများနှင့် လျှပ်စစ်ဓါတ်အား အသုံးချခြင်းကိစ္စတွေကို လူများစုက ထိတွေ့နေရပြီး ပိုသတိပြုမိကြမယ်လို့ထင်ပါတယ်။

ဒီတော့ အေ၇ာက လူသိများရာမှ ပညာရပ်နယ်ဆီသို့ ရှေးရှုကာလေ့လာမှတ်သားကြားသိရဖူးတာအချို့ကို ပြန်ပြောပြလိုပါတယ်။

ယနေ့အခါ လူအတော်များများ လျှပ်စစ်ဓါတ်အားကိုသိကြတယ်၊ လျှပ်စီးကြောင်းကို ဂဃနဏ သိချင်မှသိမှာဖြစ်ပေမယ့် သောမတ် အေ အယ်ဒီဆင် အမည်ကိုလည်း ကြားဖူးကြတယ်ဆိုနိုင်ပါတယ်။

လူသိနဲမှာဖြစ်ပေမယ့် လျှပ်စစ်ပြက်(လျှပ်စီးလက်)တာနှင့် လျှပ်စစ်ဓါတ်စီးတာကို စွန်နှင့်သော့သုံးပြီး ဖရင်ကလင် လေ့လာစူးစမ်းသက်သေပြသွားတာကတော့အတော်ကိုကြာမြင့်လှပါပြီ။

ဝါယာနန်းကြိုးမှာ လျှပ်စစ်စီးနိုင်တာရယ်၊ လျှပ်စစ်သံလိုက်ပြုလုပ်ရနိုင်တာရယ်ကို စိတ်ဝင်စားသူ ဆင်မြူရယ် မော့စ် က ကြေးနန်းပို့တဲ့ဆက်သွယ်ရေးစနစ်ကို စမ်းသပ်အကောင်အထည်ဖေါ်ခဲ့ပါတယ်။

လျှပ်စစ်နဲ့ သံလိုက်အားဆက်စပ်တာ၊ လျှပ်စီးအနည်းအများပြောင်းလဲမှုက သံလိုက်ဆွဲအားအနည်းအများကို ဖြစ်ပေါ်စေတာတွေကို အာရုံထားစူးစမ်းမိသူတွေက အသံကြောင့်ဖြစ်ပေါ်တဲ့တုန်ခါမှုသက်ရောက်အားဖြင့် လျှပ်စီးကြောင်းအချက်ပြပေးပို့ကာ အသံအဖြစ်ပြန်ထုတ်ယူနိုင်တာတွေ စမ်းသပ်ဖေါ်ထုတ်ပြလာနိုင်ကြပါတယ်၊ အဲဒါတွေကို သေသပ်စွာအသုံးချနိုင်လာတော့ အလက်ဇန်ဒြား ဂရေဟမ် ဘဲလ် ရဲ့တယ်လီဖုန်းအဖြစ် လူတွေ စတင်အကျိုးခံစားလာရတာဖြစ်ပါတယ်။

အယ်ဒီဆင်ကလည်း လေဟာနယ်မှာ အီလက်ထရွန်တွေ စီးဆင်းသွားနိုင်ပုံကို တွေ့ခဲ့တယ်တဲ့ရှင့်၊ သာမြူနစ်ထုတ်လွှတ်ခြင်း လို့ခေါ်မယ်ထင်ပါတယ်။
မီးစာလေးကပူနေဖို့လိုတာ အဖိုပြားဖက်က ဓါတ်ဖိုအမှုန်တွေက ဆွဲဆောင်တာ ဓါတ်မမှုန်တွေကိုကလည်း အငြိမ်မနေလိုတဲ့သဘာဝရှိတာတွေကိုလည်း လူများစုက စိတ်ဝင်စားမယ်မထင်ပါဘူး။
ဒါပေမယ့် ဒီအကြောင်းတွေဟာ အခုဆွေးနွေးမှုရဲ့ အခြေခံဖြစ်မယ်လို့ အေ၇ာယူဆမိလို့ထည့်ပြောကြည့်တာပါ။

သည့်နောက်မှာတော့ လေထုထဲမှာပဲဖြစ်ဖြစ် လေရှိရှိမရှိရှိ ခရီးအဝေးကြီးကိုရောက်ဖို့ပဲဖြစ်ဖြစ် အချက်ပြလျှပ်စီးတွေ စီးဆင်းသွာနိုင်ဖို့ လျှပ်စစ်သံလိုက်အားလမ်းကြောင်းတွေ စီးဆင်းသွားလာနိုင်ကြောင်း ယုံကြည်သိမြင်စူးစမ်းလေ့လာသူတွေလည်း ရှိလာကြပါတယ်၊ မက်(စ)၀ဲ၊ လင့်ဇ် စတဲ့ ပညာရှိကြီးတွေအမည်ကို ကြားဖူးမှတ်သားမိနေတာပါ၊ အင်တာနက်မှာပြန်ရှာဖွေလျှင် ခုနှစ်သက္ကရာဇ်တွေနှင့်တစ်ကွ ပိုပြီးရေရေရာရာ သိနိုင်ကြမှာပါ။

လျှပ်စစ်ဓါတ်ဟာ လုံလောက်စွာဗို့အားမြင့်မားလာလျှင် လက်ရှိပတ်လမ်းမှ ခုန်ထွက်ဖြန့်ကျက်သွားတဲ့သဘာဝကို လေ့လာစူးစမ်းတဲ့
မာကိုနီရဲ့ဆောင်းတွင်းအိပ်မက်ဆန်လှတဲ့ စမ်းသပ်အောင်မြင်မှုကိုတော့ ကျောင်းသင်ဖတ်စာမှာ ဖတ်ရှုရဖူးသူများမှာပါ၊
ကြိုးမဲ့ကြေးနန်းအဖြစ် ပစိဖိတ်သမုဒရာကြီးကိုဖြတ်ပြီး "S" ဆိုတဲ့သင်္ကေတကုတ်အား ပေးပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

အဲဒီလိုလျှပ်စစ်သံလိုက်လှိုင်းထုတ်လွှင့်အသုံးခြခြင်းကို ရေဒီယိုလှိုင်းတွေလွှင့်တယ်၊ အသံလွှင့်တယ်လို့ လူသိများလာစေတာက ကာဗွန်မိုက်ခရိုဖုန်းသုံးတတ်လာတာနှင့် လက်ခံဖမ်းယူ၊ စစ်ယူလို့ရတဲ့ ရေဒီယိုလှိုင်းကို လျှပ်စီးအဖြစ်လှိုင်းပြောင်းပေးနိုင်တဲ့ ရက်တီဖိုင်ယာမီးလုံး၊ ပုံဆောင်ခဲဖြစ်တဲ့ ခရစ်စတယ်ဒိုင်အုတ် စသည်တို့ရဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။
အီလက်ထရောနစ်နည်းပညာမှာ လေဟာနယ်မီးလုံးများဖြင့် ဒိုင်အုတ်၊ ထြွိုင်အုတ် စသည်ဖြင့်အဆင့်ဆင့်တိုးတက်လာပြီး လျှပ်စီးချဲ့နိုင်ခြင်းရဲ့ အကျိုးဆက်ဟာ ပုံဆောင်ခဲအသုံးပြုတဲ့ ဂျာမေနီယမ်ဒိုင်အုတ်၊ ထရန်စ္စတာ စသည်တို့ပေါ်ထွန်းလာပြီးနောက်တွင် တဟုန်ထိုးတိုးတက် ကျယ်ပြန့်လာပါတယ်။

ပုံဆောင်ခဲများမှတိုးတက်ကာ ဆီလီကွန်ချစ်ပြားတွေဖန်တီးထုတ်နိုင်လာတော့ ဒစ်ဂျစ်တယ်အီလက်ထရောနစ်ပညာရပ်နဲ့ လော့ဂျစ်ဆုံးဖြတ်မှုတွေစေစားအသုံးချလာနိုင်တဲ့အတွက် လူမှုဆက်သွယ်ရေးကွန်ယက် ကျယ်ပြန့်လာစေသည့်အပြင် သာမာန်ရေဒီယိုလှိုင်းမှ မိုက်ခရိုဝေ့ဖ်လှိုင်းများ ကြိမ်နှုန်းမြင့်လှိုင်းတိုများ အသုံးချနိုင်လာတာကြောင့်လည်း ဆက်သွယ်ရေးနည်းပညာများ အရည်အသွေးများ တိုးတက်မြင့်မားလာစေပါတယ်။

ကွန်ပြူတာအင်တာနက် ကွန်ယက်ခေတ်မှာ ဆော့ဖ်ဝဲစနစ်များ၊ ဟတ်ဝဲ စွမ်းရည်များ မြင့်မားလာလို့ ဗီအိုအိုင်ပီ သုံးနိုင်သည်မှမက ကွန်ပြူတာနှင့်ဆက်စပ်ပစ္စည်းများ၊ မိုလိုင်းသရီးဂျီနက်ဝပ် စသည်တို့မှာ ဗီဒီယိုကွန်ဖရင့်များပြုလုပ်ဆက်သွယ်ရန်အထိ လွယ်ကူတိုးတက်နေပြီဖြစ်ပါတယ်။

လေးစားစွာဖြင့်
အေ၇ာမေ