PDA

View Full Version : နောက်ဆုံးပေါ် မော်တော်ယဉ် နည်းပညာဆိုင်ရာသတင်းများ



kosithuag
10-27-2012, 01:06 PM
ပြင်စရာမလိုသော အသက်ပါသည့် ကား Audi A9

http://sphotos-c.ak.fbcdn.net/hphotos-ak-ash3/56360_358310160927285_283588395_o.jpg

ဂျာမနီ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္မဏီ အော်ဒီ (Audi) ထုတ် ကားများလည်း မြန်မာပြည် ရောက်ပါတယ်။ အများစုကတော့ ဂျပန်လေလံ က ဖြစ်ပြီး ဆလွန်း၊ SUV စုံစုံလင်လင်ရောက်ရှိပါတယ်။ အကယ်၍ ပုံမှာ ဖော်ပြထားတဲ့ကားသာ တကယ်ထွက်ပေါ်လာရင် လည်း မြန်မာပြည်ရောက်ဖို့ မျော်လင့်ပါတယ်။

တစ်ခုခုနဲ့တိုက်လို့ ကားဘော်ဒီမှာ ချိုင့်ဝင်သွားတာ၊ အရောင်ပွန်းသွားတာ မျိုးဆိုရင် ကားက အလိုအလျောက် ပြန်ပြင
်ပေးပါတယ်။ ကိုယ်တိုင် ပြင်စရာ မလိုပါဘူး။ ဆေးရောင်လည်း ကိုယ်လိုသလို ပြောင်းလဲနိုင်ပါတယ်။ ပုတ်သင်ညိုတို့တောင် အရောင် ၄၊ ၅ မျိုးထက် ပိုမပြောင်းနိုင်ပေမယ့် Audi A9 ဆလွန်းကတော့ အရောင်မျိုးစုံ ပြောင်းလဲနိုင်ပါတယ်။ ကိုယ်တိုင် လည်း ပြန်ပြင်တယ်၊ အရောင်လည်းပြောင်းတယ်ဆိုတော့ အသုံးပြုတဲ့ နည်းပညာကို လူတိုင်း စိတ်ဝင်စားကြမှာ ဖြစ်ပါတယ်။

ကိုယ်တိုင်ပြန်ပြင်ရလောက်အောင် အသက်သွင်းပေးထားတာကတော့ နာနို နည်းပညာ (Nanotechnology) ဖြစ်ပါတယ်။ နာနို နည်းပညာဟာ ၁၉၇၀ နောင်းပိုင်းက စပေါ်ပေမယ့် ၂၁ ရာစုမှာ လွမ်းမိုးလာတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဆံပင်တစ်မွေးစာရဲ့ တစ်ထောင်ပုံတစ်ပုံ အရွယ်အစား ပစ္စည်းကို လူသုံးကုန်ပစ္စည်းတွေမှာ အသုံးပြုလာခြင်းဟာ အံ့မခန်း ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒီအတွက် အဓိကလိုအပ်ချက်က အသုံးပြုမယ့် သတ္တုအမျိုးအစားပဲ ဖြစ်ပါတယ်။

ကားဘော်ဒီပြင်တစ်ခုလုံးမှာ နာနိုနည်းပညာသုံး အလွာတစ်ခုလုံးခြုံလွမ်း ထားပါမယ်။ အပူချိန်ကြောင့်သော်လည်းကောင်း၊ အက်ဆီးဒန့်ကြောင့်သော် လည်းကောင်း တစ်နေရာရာက တွန့်လိမ်သွားရင် နာနိုနည်းပညာသုံး ကားဘော်ဒီအလွှာက အလိုလို ပုံမှန်အနေအထားသို့ ပြန် လည် ရောက်ရှိ ပါတယ်။ Electronic Painting နည်းပညာလည်း ပါဝင်တဲ့အတွက် လိုအပ်တဲ့ အရောင်ကို ခလုတ်နှိပ်ပြီး ပြောင်းရုံပဲ ဖြစ်ပါတယ်။

ဟိုင်းဘရစ်ဗားရှင်းနဲ့ထုတ်လုပ်မယ်လို့ ကြားနေရပါတယ်။ အကယ်၍ ထုတ်လုပ်မယ်ဆိုရင်တော့ အနာဂတ်မှာ လျှပ်စစ်ကိုသာ အသားပေး အသုံးပြုရမှာ ဖြစ်ပါတယ်။ လက်ရှိကတော့ လောင်စာဆီသုံး အင်ဂျင်ကို လျှပ်စစ်မော်တာလေးလုံးနဲ့ ဘီးလေးလုံးမှာ ထပ်မံအားဖြည့်ပေး ထားမယ်လို့ ဆိုပါတယ်။ ကားကို ခေတ်မှီနည်းပညာများဖြင့်သာ အလုပ်လုပ် စေတဲ့ အတွက် အော်တို စနစ်တွေ ပါဝင်မှု များပြားမှာ ဖြစ်ပါတယ်။

မဝေးတော့တဲ့အနာဂတ်မှာ ထုတ်လုပ်ဖို့ ဂျာမနီ Audi တို့ရေးဆွဲထားတဲ့ ဒီဇိုင်း ဖြစ်ပြီး ကုန်ကြမ်း အလွယ်တကူ ရရှိဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
--
Ref:Audi
Photo courtesy of Audi. All Rights Reserved.

Credit to Aung Kham (TSJ team)

kosithuag
10-27-2012, 01:08 PM
မာစီဒီးမှ ထုတ်လုပ်မည့် concept ကား Biome

http://sphotos-d.ak.fbcdn.net/hphotos-ak-snc7/578498_359779484113686_1273755717_n.jpg

ပုံစံကြည့်လိုက်ရင် ကားလို့တောင် ထင်ရက်စရာ မရှိပါဘူး။ ဂြိုလ် သားလေယာဉ်လိုလို ပုံစံဖြစ်နေပြီး ဘီးတောင် မမြင်ရပါဘူး။

အမှန်တော့ ကားရဲ့ဘော်ဒီကို ဘိုင်အိုဖိုက်ဘာနဲ့ ဖုံးအုပ် ထားခြင်းဖြစ်ပါတယ်။ ဘိုင်အိုဖိုက်ဘာဆိုတာ သာမန် ကာဘွန်ဖိုက်ဘာတွေနဲ့မတူပါ ဘူး။ နေရောင်ခြည်ကို ဆုပ်ယူနိုင်စွမ်းရှိပြီး ကားပတ်ပတ်လည်မှာ ယင်းနေရောင် ခြည်စွမ်းအင်ကို ဓာတုဗေဒ ဓာတ်ပေါင်းအင် အဖြစ်ပြေ
ာင်း လဲပြီး သိမ်းဆည်းထားပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကားကို ဘိုင်အိုဖိုက်ဘာတစ်ခုလုံး နဲ့ဖုံးအုပ်ထား ပါတယ်။ အရည်ပြောင်းလဲသိမ်းဆည်းထားပေးတဲ့ အလွာလည်း တစ်ထပ်ပါ ဝင်နေပါသေးတယ်။ ကာဘွန် ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လုပ်မှု လုံးဝမရှိစေပဲ၊ လျှပ်စစ် စွမ်းအင်နဲ့ နေရောင်ခြည်စွမ်းအင်ကိုသာ အသုံးပြုစေ မှာ ဖြစ်ပါတယ်။

လေးယောက်စီး တံခါးနှစ်ပေါက် ဇိမ်ခံ မာစီဒီးကားအဖြစ် ထုတ်လုပ်မှာ ဖြစ် ပါတယ်။ ၂၀၁၀ နိုဝင်ဘာလမှာ ကျင်းပတဲ့ မာစီဒီး မျိုးဆက်သစ်ကား ဒီဇိုင်းပြိုင်ပွဲမှာ ဆုရထားတဲ့ ကားဒီဇိုင်း ဖြစ်ပါတယ်။ အဲဒီတုန်းက ၂၀၁၃ခုနှစ်မှာ ထုတ် လုပ်နိုင်မယ်လို့ ကြေညာထားပေမယ့် လက်ရှိ အချိန် အထိ Biome ရဲ့ အရိပ်အယောင်ကို မတွေ့ရသေးပါဘူး။

ဘိုင်အိုဖိုက်ဘာ (ဇီဝဖိုက်ဘာ)သတ္တုကိုအသုံးပြုလို့ ရတဲ့အခြား အားသာချက်တစ်ခု ကတော့ အလေးချိန်ဖြစ်ပါ တယ်။ ကားရဲ့ဝိတ် ဟာ ပေါင်ချိန် ၁၀၀၀ ထက်မပိုဘူးလို့ဆို ပါတယ်။ သာမန် ပလက် စတစ်ဘော်ဒီနဲ့ တည်ဆောက်မယ် ဆိုရင်တောင် ပေါင် ၁၀၀၀ ရဖို့ မနည်းကြိုးစားရမှာ ဖြစ်ပါ တယ်။

အတွေးအခေါ်ဆန်းသစ်ပြီး ဒီဇိုင်းအားဖြင့် ခေတ်ဆန်လွန်း လှတဲ့ မာစီဒီး Biome concept ကားကို ထွက်ရှိနိုင်ဖို့ မာစီဒီးမှာ ကြိုးစားလျက် ရှိပါတယ်။
---
Ref:Mercedes-Benz
Credit to Aung Kham (TSJ team)

kosithuag
10-30-2012, 02:56 PM
Nissan ရဲ့ Terra Fuel-cell concept

http://blogs.cars.com/.a/6a00d83451b3c669e2017d3bff050d970c-800wi

Nissan ကသူတို့ရဲ့ နောက်ဆုံးပေါ်နည်းပညာသုံး Hydrogen fuel-cell ကားသစ် The Terra SUV ကို Sept 2012 မှာလုပ်တဲ့ The Paris Motor Show မှာပြသခဲ့ပါတယ်။ Hydrogen fuel-cell ကိုသုံးထားပြီး နောက်ဘီးနှစ်လုံးကို သီးသန့်လျှပ်စစ်မော်တာတစ်လုံးစီနဲ့ မောင်းနှင်မှာဖြစ်တယ်။ Hydrogen fuel-cell တွေကိုကားဘောနက်အောက်မှာတပ်ဆင်ထားမှာဖြစ်ပြီး ရေသန့်ကိုပဲထုတ်လွှတ် မှာဖြစ်ပါတယ်။ နောက်ဘီးကိုဆက်ထားတဲ့ ၀င်ရိုးမရှိတာကြောင့် ကြမ်းပြင်ဟာ ပြန့်ပြူးနေမှာဖြစ်တယ်။

http://blogs.cars.com/.a/6a00d83451b3c669e2017744ae4a8a970d-800wi

သော့ နဲ့ ရီမုတ်ကွန်ထရိုး အစား ipad လိုမျိုး tablet တွေနဲ့ထိမ်းချုပ်နိုင်ပါလိမ့်မယ်။ Tablet ကို စတီယာရင်နောက်မှာရှိတဲ့ dock မှာတပ်ဆင်ပြီးတာနဲ့ မောင်းနှင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ ကားဒက်ရှ်ဘုတ်နဲ့ ခုံအနားတွေကိုလည်း ရွှေအိုရောင် သစ်သားနဲ့ အလှဆင်ထားမှာပါ။ Terra ကို concept car အနေနဲ့ပဲမိတ်ဆက်ထားပြီး လောလောဆယ်တော့ ထုတ်လုပ်ဖို့အစီအစဉ်ကမရှိသေးပါဘူး။ Hydrogen ကိုပေါပေါများများ ရလာတဲ့အချိန်ရောက်ရင်တော့ သုံးရဖို့မျှော်လင့်ပါတယ်။

http://blogs.cars.com/.a/6a00d83451b3c669e2017c31d084bf970b-800wi

Ref: internet

kosithuag
10-31-2012, 10:44 PM
Super Supercar: Rumored 1600-HP Bugatti SuperVeyron Could Reach 288 MPH

http://wot.motortrend.com/files/2012/10/Bugatti-Veyron-16.4-Grand-Sport-Vitesse-special-edition-roadster.jpg

Bugatti က 2013 Frankfurt show မှာမိတ်ဆက်ပေးမယ့် ကားသစ်အတွက် ပြင်ဆင်နေပါပြီ။ အဲဒါကတော့ စူပါ့ စူပါကားလို့ ဆိုရမယ့် the SuperVeyron ပါ။
ကားဘော်ဒီကိုတော့ carbon fiber နဲ့အများဆုံးတည်ဆောက်ထားတာပါ။ အင်ဂျင်ကတော့ 1600မြင်းကောင်ရေအားရှိတဲ့ အားကောင်းတဲ့ 8.0-liter (သို့ 9.6-liter) အင်ဂျင်လို့ဆိုပါတယ်။
3527 ပေါင်လေးတဲ့ စူပါကားရဲ့ power-to-weight ratio ကတော့ one kg (2.2 pounds) per hp ပါ။
တန်ဖိုးကတော့ $$2.5 million ပါ။

http://stwot.motortrend.com/files/2012/10/Bugatti-Veyron-16.4-Grand-Sport-Vitesse-special-edition-roadster-rear-view-1024x640.jpg

http://stwot.motortrend.com/files/2012/10/Bugatti-Grand-Sport-Vitesse-interior-1024x640.jpg

Bugatti Veyron illustration by Scott Olsen. Photos of a currently available Bugatti Veyron are shown below along with the SuperVeyron illustration.
Source: Automobile magazine

kosithuag
11-04-2012, 07:17 PM
ASTRUM concept ကား

http://1.bp.blogspot.com/-kr-fae2gzX4/UJZUQ2kW1XI/AAAAAAAAObg/y76Y9TSOyHQ/s640/astrummeera12.jpg

၂၀၁၀ခုနှစ်က အမေရိကန် ဒီဇိုင်းပညာရှင် John Stephe Baltazar ဦးဆောင်ဖန်တီးပြီးတော့ Concept ကားတစ်စီးကို ဖန်တီးခဲ့ပါတယ်။

ယင်းကားကို မကြာမီနှစ်အတွင်းမှာ ထုတ်လုပ်နိုင်မယ်လို့ ယူဆထားတဲ့ ကား ဖြစ်ပါတယ်။ John Stephe Baltazar ဟာ ကားဒီဇိုင်နာတစ်ဦးတင်မကပဲ ရုပ်ရှင်ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု ရှိမယ့်ကားပုံစံကို ယခုလို ဖန်တီးထားပါတယ်။ လေးယောက်စီး တံခါး နှစ်ပေါက်ကားဖြစ်ပြီး အမိုးကို မှန်နဲ့ ပြုလုပ်ထားပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွင့်မှုကို တိုင်းတာပေးမယ့် စနစ်လည်းပါဝင်ပါသေးတယ်။ လျှပ်စစ်စွမ်းအင်၊ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုမှာ ဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ မြန်မြန်ဆန် ဆန် ပြေးနိုင်မယ့် ကား ဖြစ်ပါတယ်။

ဒီဇိုင်းအားဖြင့် သေသေသပ်သပ်ရှိတဲ့ ASTRUM concept ကို ယခုလိုမြင် တွေ့ရမှာ ဖြစ်ပါတယ်။

---
Ref:ASTRUM

Credit to TechSpace

kosithuag
11-21-2012, 09:25 PM
ကမ္ဘာ့ အမြန်ဆုံးကား ဖြစ်လာမည့် SSC Tuatara

http://1.bp.blogspot.com/-F6JJh9xkB1A/UKzaMZh9pGI/AAAAAAAAP-0/EtaiT52APws/s1600/378855_489987547707672_1127641910_n.jpg

လက်ရှိ ကမ္ဘာ့အမြန်ဆုံး စံချိန်တင်ထားတဲ့ ဂျာမနီ Bugatti Veyron များကို ကျော်ဖြတ်တော့မယ် ကား ဖြစ်ပါတယ်။

အမေရီကန် Shelby SuperCars ကုမ္မဏီက ထုတ်ပြီး SSC Tuatara လို့ အမည်ပေးထားပါတယ်။ ယခင် SSC Aero ပြီး နောက်ထပ် အသစ် မိတ်ဆက်မယ့်ကား ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အစမ်း တစ်စီး ထုတ်ထားပေမယ့် အမှန်တကယ် ထုတ်လုပ်မှုကတော့ ၂၀၁၃ မှာ စတင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့အမြန်ဆုံးကားတွေကို ဂျာမနီတွေပဲ ထုတ်တယ် ဆိုတဲ့ စံချိန်ကို အမေရိကန်တို့ စတင်ကျော်ဖြတ်မှာ ဖြစ်ပါတယ်။

တစ်နာရီ ၂၇၆ မိုင်မောင်းနှင်နိုင်မယ်လို့ တွက်ချက်ထားပြီး လက်ရှိ ၂၆၇.၉ နီးပါး နဲ့ စံချိန်တင်ထားတဲ့ Bugatti Veyron Super Sport ထက် သာလွန်မှာ ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၉၇၀၀ စီစီ၊ တာဘိုနှစ်လုံးပူး V ၁၆ လုံး အင်ဂျင်ကို အသုံးပြုထားပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၁၃၅၀ ရှိပြီး အမေရိကန်မှာ ဆိုရင် အိမ်ပေါင်း ၃၅၄၀ ကျော်ကို တစ်ပြိုင်တည်း လျှပ်စစ်ဓာတ်အား ပေးနိုင်တဲ့ ပါဝါမျိုး ဖြစ်ပါတယ်။

ဂီယ ၇ ချက် အော်တို နဲ့ ဆီမီး အော်တို နှစ်မျိုးထုတ်လုပ်မှာ ဖြစ်ပါတယ်။ တံခါး နှစ်ပေါက် နှစ်ယောက်စီး နဲ့ တစ်ယောက်စီး နှစ်မျိုးထုတ်မှာ ဖြစ် ပါတယ်။ ကာဘွန်ဖိုက်ဘာ ကိုယ်ထည်ဖြစ်ပြီး အလူမီနီ-စတီးရော သတ္တုပေါင်းစပ်မှုလည်း ပါဝင်ပါသေးတယ်။ အင်ဂျင် ဝိတ်များတဲ့အတွက် ကားရဲ့  ဝိတ်ကို လျော့ချရ မယ့် သီအိုရီကို Shelby တို့ကောင်းကောင်း နားလည်ထားပါတယ်။ ဒါကြောင့် ကားရဲ့  အလေးချိန်ကို ၂၇၅၀ ပေါင်လောက်ထိ ထိန်းထား ပေးနိုင်ပါတယ်။

အရှည် ၁၇၄.၄ လက်မ၊ အကျယ် ၇၈.၄ လက်မ၊ အမြင့် ၄၃ လက်မ ကိုယ်စီ အတိုင်းရှိပြီး Ground Clearance ကတော့ ၄ လက်မပဲ ရှိပါတယ်။ ဒါကြောင့် အနိမ့်အမြင့် အရမ်းကြီးတဲ့နေရာနဲ့ တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

ဈေးနှုန်းကိုတော့ အတိအကျ မကြေညာရသေးပါဘူး။ သို့ပေမယ့် ကမ္ဘာ့ ဈေး အကြီးဆုံး ကားစာရင်းထဲမှာ ထိပ်တန်း ပါဝင်လာမယ် ဆိုတာကိုတော့ လူတိုင်း သိနေပါတယ်။ ဒီဇိုင်းအားဖြင့်လည်း သေသပ်လှပနေတဲ့ SSC Tuatara ကို ယခုလို မြင်တွေ့ ရပါတယ်။
http://pictures.topspeed.com/IMG/crop/201111/2012-ssc-tuatara-21_600x0w.jpg
--
Ref: Shelby
Aung Kham (TSJ team)

@TechSpace Journal

William Paul
12-03-2012, 05:08 PM
ရေနဲ့ မောင်းမယ့် ကားကြီး Mercedes-Benz Ener-G-Force

https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-snc6/255074_499485526758757_1659037939_n.jpg

https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-ash4/486985_373999336025034_1018940240_n.jpg

ဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။

တကယ်ထူးထူးခြားခြားပါပဲ။ ရေနဲ့မောင်းမယ်ဆိုတော့ ကားရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလည်းလို့ အများက စိတ်ဝင်စားကြပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေထဲမှာ ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ပါဝါဆဲလ်အဖြစ် ဖန်တီးလို့ ကားကို
မောင်းပေးမှာ ဖြစ်ပါတယ်။ ဒီတော့ အိတ်ဇောပိုက်မှာ ထွက်မယ့် အငွေ့က ကာဘွန်ဒိုင် အောက်ဆိုက်မဟုတ်ပဲ ရေငွေ့များ ဖြစ်မှာ ဖြစ်ပါတယ်။

ဟိုးယခင်အချိန်ခါက ရေနွေးငွေ့ အင်ဂျင်လိုလည် မဟုတ်ပါဘူး။ ရေနွေးငွေ့ အင်ဂျင်တုန်းက ရေနွေးငွေ့ဖိအား-Pressure အသုံးပြုမှုကို အခြေခံတာ ဖြစ် ပါတယ်။ ယခု ဟိုက်ဒရိုဂျင်ပြောင်းလဲ အင်ဂျင်ကတော့ ဟိုက်ဒရိုဂျင် ကို လောင်စာအဖြစ်အသုံးပြုပြီး သာမန် လောင်စာဆီ အင်ဂျင်
ပေါက်ကွဲမှုလိုမျိုး စွမ်းအင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

ဂျာမနီ ကုမ္မဏီ တစ်ခုအနေနဲ့ ကမ္ဘာ့ပထမဆုံး ဖန်တီးလိုက်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ပထမဆုံး ရေအင်ဂျင် ဖြစ်ပါတယ်။ G-Force က လေးဘီးမောင်းစနစ်သုံး SUV ကားကြီး ဖြစ်ပါတယ်။ သာမန် ထုတ်လုပ်နေကျ SUV တွေထွက် ပိုမြန်ဆန်မှာမို့ G-Force ဆိုတဲ့ နာမည် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Concept အဆင့်ရှိ ကား Mercedes-Benz Ener-G-Force ကို မကြာမီ နှစ်များအတွင်း ထုတ်လုပ်ရောင်းချနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: autoblog
Photo courtesy of autoblog. All Rights Reserved.
ColayOnline:Automobile

chit tee
12-07-2012, 11:34 AM
မာစီဒီး Silver Arrow ကားသစ်ဒီဇိုင်း

Silver Arrow လို့အမည်ပေးထားတဲ့အတွက် မြားတစ်စင်းရဲ့  အလျင်အတိုင်း ခပ်မြန်မြန် ပြေးနိုင်မယ့်ကား ဖြစ်ပါတယ်။

http://3.bp.blogspot.com/-mxuQ1qQhkLw/UMFwrdgCXQI/AAAAAAAAR88/PGUuAjY6_JE/s1600/silverarrow.png

ကားကိုယ်ထည်တစ်ခုလုံး ငွေသတ္တုနဲ့လုပ်မယ်ဆိုတော့ အပူလွန်ရင် အရည်ပျော်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီတော့ ငွေနဲ့လည်း ကိုယ်ထည် လုပ်မယ် အရည်လည်း မပျော်အောင် ဘယ်လိုလုပ်မလဲဆိုတာ ဂျာမနီ Mercedes က ကြိုတင် တွက်ချက်ထားပြီးသား ဖြစ်ပါတယ်။ အခြား အဆင့်မြင့် သတ္တုတစ်မျိုးနဲ့ရောလိုက်ရင် ရရှိလာတဲ့ အလွိုင်းက မရည်မပျော် တဲ့အပြင် ကမ္ဘာ့အကြမ်းခံဆုံး သတ္တုတောင် ဖြစ်လာနိုင်တယ်လို့ ဆိုထားပါ တယ်။

ကားအတွက် လိုအပ်တဲ့ စွမ်းအင် ဘယ်ကယူမလဲလို့လည်း ဒီဇိုင်းအကဲ ခတ်သူတို့က မေးခွန်းထုတ်ပါတယ်။ အလွယ်ဆုံး စဉ်းစားရရင် အပြင် ငွေ သားသတ္တုကနေ အပူဒဏ်ဆုပ်ယူပြီး လျှပ်စစ်ဓာတ်အား အဖြစ် ပြောင်း လဲစေဖို့ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲပေးလိုက်တဲ့ လျှပ်စစ်ဓာတ် အား မြင်းကောင်ရေအား ၁၅၀၀ မကတဲ့ စွမ်းအင်မျိုးကိုပေးနိုင် ပါ့မလား ဆိုတာကတော့ အကြီးမားဆုံး အခက်အခဲ ဖြစ်ပါတယ်။ အနာဂတ်မှာ ဆီဆို တာ မသုံးတော့ပါဘူး။ Fossil Fuel (ရုပ်ကြွင်းဓာတ်လောင်စာ) ဆိုတာ အနာဂတ်မှာ ပျောက်ကွယ်တော့ မှာ ဖြစ်ပါတယ်။ ဒီတော့ လျှပ်စစ်ဓာတ်အား လည်း သုံးချင်တယ်၊ အမြန်မောင်း ပြိုင်ကား လည်း ဖြစ်ချင်သေး တယ်ဆိုတော့ Mercedes ရဲ့  Silver Arrow က ဘယ်လိုလာမလဲဆိုတာ လူတိုင်း စိတ်ဝင်စားနေပါတယ်။

ပုံစံကတော့ တကယ့် ခေတ်လွန်အက်ရှင်ကားတွေထဲကလို စက်ရုပ်ကား ပဲ ဖြစ်ပါတယ်။ နှစ်ယောက်စီးဖြစ်ပြီး ဘီးတွေရဲ့ တည်ဆောက်ပုံ က လည်း တော်တော်ကြီးကွဲပြားနေပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ တည်ဆောက်မှာမို့ လော့အိမ်ဂျလစ် မော်တော်ယာဉ်ပြပွဲ- အနာဂတ် ကားဒီဇိုင်းပြိုင်ပွဲမှာမာစီဒီးရဲ့  Silver Arrow ကားဒီဇိုင်းကို ဝင်ရောက်ပြသ ခဲ့ပါတယ်။ လူကြိုက်များ ရေပန်းစား ကားထဲမှာလည်း ပါဝင်တဲ့ Silver Arrow ရဲ့  ခပ်မိုက်မိုက်ပုံစံကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref: autoblog (or) facebook>techspaceJournal
Aung Kham (TSJ team)

chit tee
12-07-2012, 11:41 AM
တောင်ကိုရီးယား Hyundai Stratus Sprinter ကားဒီဇိုင်း

အနာဂတ်မှာ စပိုင်တွေ အလုပ်ရှုပ်ပါတော့မယ်။ ငြိမ်းချမ်းရေး အပြိုင်ယူသလို အပြင်ပန်းမှာ ပြုံးနေကြမယ့် သူ့ထက်ငါ စစ်လက်နက် အပြိုင်တပ်ဆင်နေ ပါတယ်။

http://1.bp.blogspot.com/-j22hGNprEzc/UMF2nLS8I1I/AAAAAAAAR9s/hFBIJnD1n24/s1600/2011_LA_Design_Challenge_Hyundai_Stratus_Sprinter_Concept_01.jpg

နျူကလိယစွမ်းအင်ဆိုတာ စွမ်းအင်ရှားပါးတဲ့ ပြဿနာကို အဓိကဖြေ ရှင်းပေးနိုင်မှန်း လူတိုင်းသိတော့ မလိုချင်တဲ့သူ မရှိပါဘူး။ အလကားသာ ရရင် ဓာတ်ပေါင်းဖို ၁၀ ခုဆောက်ပေးလည်း လှိုက်လှိုက်လှဲလှဲ လက်ခံကြ မှာ ဖြစ်ပါတယ်။ ဒီမှာ ဆိုးကျိုးရှိတာ သိပေမယ့် ကောင်းကျိုးကို ပိုလို လားတော့ မှားတယ်မှန်တယ် မစဉ်းစားတော့ပါဘူး။ ဒီတော့ စပိုင်တွေ အလုပ်များရပါတော့မယ်။

အရှေ့ အလယ်ပိုင်းတင်မက တစ်ကမ္ဘာလုံးက ပလူတိုနီယံအပြင် အခြားသော အန္တရာယ်ရှိ စွမ်းအင်အမျိုးမျိုးကို လျှို့ ဝှက် ထုတ်လုပ်ကြပါမယ်။ ဒီတော့ နိုင်ငံတိုင်းက စပိုင်ကိုယ်စီထားပြီး သူဆောက်နေပြီလား၊ သူဆောက်နေပြီလားလို့ အရိပ်တစ်ကြည့်ကြည့်နဲ့ အကဲခတ်ရအောင် သူသျှိုတွေ လွတ်ပါတော့မယ်။ ကုလသမဂ္ဂအတွက် တာဝန်ထမ်းဆောင်ပေး မယ့် လျှို့ ဝှက်သူသျှိုဆိုတာ ရှိကိုရှိတော့မယ့် အခြေအနေဖြစ်ပါတယ်။ သူတို့တွေဟာ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုသွားမလဲ။ ဓာတ်သတ္တုယိုစိမ့်နေတဲ့ ဒေသကို အန္တရာယ်ကင်းကင်း ဘယ်လိုသွားမလဲ။ စစ်ဆင်ရေးဘယ်လိုလုပ်မလဲ။ ရန်သူတွေလက်က ဘယ်လိုထွက်ပြေးမ လဲ။ မေးခွန်းပေါင်းမြောက်များစွာ ရှိလာပါတယ်။

ယင်းမေးခွန်းများအတွက် လုံလောက်တဲ့အဖြေမဟုတ်ပေမယ့် လိုအပ်ချက် တစ်ခုကိုတော့ တောင်ကိုရီးယား Hyundai ကားကုမ္မဏီက ဖန်တီးပေးနိုင် တယ်လို့ သက်သေပြလိုက်ပါတယ်။ အန္တရာယ်များပါတယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာတောင် သွားလာနိုင်တဲ့ ခရီးကြမ်းနှင် ကားဒီဇိုင်းတစ်မျိုးကို Hyundai Stratus Sprinter လို့ အမည်ပေးပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဘယ်လို တိုက်ခိုက်မှုမျိုးကို မဆို ခံနိုင်ပြီး ရန်သူလက်ကနေ လည်း ရှောင်ပြေးနိုင်မှာ ဖြစ်ပါတယ်။

ရေဒါနဲ့၊ ရေဒီယိုလှိုင်း စုံစမ်းထောက်လှမ်းရင်တောင် မမြင်နိုင်မယ့် ကိုယ်ပျောက် နည်းပညာတောင် ပါဝင်အုံးမယ်။ ဒီလို အစစအရာရာ ပြီးပြည့် စုံတဲ့ ကားတစ်စီးကို အနှစ် ၅၀ အတွင်း အပြီးသတ်ထုတ်လုပ်နိုင်ဖို့ Hyundai က ကြွေးကြော်နေပါတယ်။ လော့အိမ်ဂျလစ် မော်တော်ယာဉ် ပြပွဲက အနာဂတ် ကားဒီဇိုင်းပြိုင်ပွဲမှာ ရေပန်းစားသွားတဲ့ Hyundai ရဲ့  Stratus Sprinter စတိုင်ကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref: autoblog (or) facebook>techspaceJournal
Aung Kham (TSJ team)

kosithuag
12-07-2012, 02:00 PM
ဟွန်ဒါ IH

http://4.bp.blogspot.com/-WA8eVw8-unY/UMFrlIYmrYI/AAAAAAAAR8M/VCiEZ5UoBTQ/s1600/Honda-IH-1.jpg

သဲကန္တာရလို ဖုန်ထူထူပတ်ဝန်းကျင်၊ ပူပူအိုက်အိုက်ဒေသ၊ စွမ်းအင်နဲ့ သဘာဝ အရင်းအမြစ် ရှားပါးတဲ့ နယ်မြေ၊ အလင်းရောင်ဆိုတာကိုနေ့ မှာ မြင်ရပေမယ့် ၂၄ နာရီပတ်လုံး သဲမုန်တိုင်း တိုက်ခတ်မယ့်အခြေအနေ တစ်ခု။

တစ်နေ့ ကမ္ဘာဆိုတာ ဒီလိုဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှမပြောရဲပါဘူး။ သစ်တောပြုန်းတီးမှုက အလွယ်ကူဆုံး အကြောင်းပြချက်အဖြစ် တောင် ကတုံး အရေအတွက်များလာရင် သဲကန္တာရ ဆိုတာ လက်ညိုးထိုးမလွဲတော့ မယ့် ပတ်ဝန်းကျင် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ လူသားတွေ ဘယ်လို အသက်ရှင်နေထိုင်မလဲ။ ဘယ်လို ရုန်းကန်ကြမှာလေ။ အရင်းအမြစ်ရှားပါး လာမှုနဲ့အတူ ရိုင်းစိုင်းခတ်ထန်လာတဲ့ သက်ရှိကမ္ဘာမှာ ဘယ်လို အသက်မွေးဝမ်းကျောင်း ပြုရမလဲ။ အစရှိတဲ့ မေးခွန်းပေါင်း များစွာတဲ့ အနာဂတ်ဆိုတာ ကြောက်စရာ အိပ်မက်တစ်ခုလို ဖြစ်နေပါတယ်။

ဒီလို သံယံဇာတ ရှားပါးတဲ့ ခေတ်ကာလ ကမ္ဘာကြီးမှာ အသက်ရှင်ဖို့ အတွက်၊ နေထိုင်လှုပ်ရှားဖို့အတွက် ကားတစ်မျိုးကို ဂျပန် Honda က ဖန်တီးလိက်ပါတယ်။ Honda Intelligent Horse လို့ အမည်ပေးပြီး ကောင်းဘွိုင်တစ်ယောက်အတွက် အကောင်းဆုံး ကိုယ်ရံတော် မြင်း ဖြစ်ပါတယ်။

ဘီးကလည်း ဓားစက်ပမာ အသွားများ ပါရှိတဲ့အတွက် သေချာတာ ကတော့ မြေပြင်မှာ ဖုန်တော်တော်ထမယ့်ကား ဖြစ်ပါတယ်။ အနိမ့်အမြင့် မှန်သမျှကို ရှောင်တိမ်း ဖို့အတွက် မြေပေါ် အင်ဂျင်နဲ့တင် မလုံလောက်ပါဘူး။ လိုအပ်ရင် မိုးပေါ်တောင် ပျံနိုင်ရမယ်ဆိုတာ ဒီခေတ် ကားကုမ္မဏီတိုင်းမှာ ရှိတဲ့ ခံယူချက် ဖြစ်ပါတယ်။ တောင်ကုန်းတွေကို ကျော်လွှားပျံသန်းမယ်။ သံမုန်တိုင်း ကြားမှာ အရှိန်လျော့စရာ မလိုပဲ။ ခပ်ကြမ်းကြမ်းမောင်းနှင်မယ်။

သဘာဝဘေးအန္တရာယ်မှန်သမျှကို ခုခံပေးမယ့် လက်နက်ပါ လိုအပ်ရင် တပ်ဆင်ထားပေးနိုင်မယ့် ကားမျိုး ဖြစ်ပါတယ်။ ဆီမလို၊ရေမလို။ သဘာဝ ပတ်ဝန်းကျင်ကနေ လေထုနဲ့အပူကို ကားအတွက်လောင်စာအဖြစ်အလို အလျောက် ပြောင်းလဲပေးစေပါမယ်။ ဒီလိုပြီးပြည့်စုံတဲ့ ကားတစ်စီး တည်ဆောက်ဖို့အတွက် ဟွန်ဒါရဲ့  စိတ်ကူးအိပ်မက်က နောက် အနှစ် ၃၀ မတိုင်ခင် စတင်မှာ ဖြစ်ပါတယ်။ တကယ်ပဲ အနာဂတ်မှာ Honda HI သာပေါ်လာမယ်ဆိုရင် မြင်းစီးတဲ့ ကောင်းဘွိုင်ခေတ်လည်း ကုန်မလား လို့တောင်သံသယ ဖြစ်ကြပါတယ်။

လော့အိမ်ဂျလစ်မော်တော်ယာဉ်ပြပွဲမှ အနာဂတ်ကားဒီဇိုင်းပြိုင်ပွဲမှာတော့ Honda ရဲ့  HI မြင်းကားကတော့ လူကြိုက်များ ဒီဇိုင်း တစ်ခု ဖြစ်ခဲ့ပါတယ်။
--
Ref: autoblog
Credit to Techspace journal

kosithuag
12-07-2012, 02:02 PM
၂၀၁၄ မော်ဒယ် BMW i8

http://2.bp.blogspot.com/-_9zaU68Dy3A/UMB4TahF5bI/AAAAAAAAR4s/yC9C8H5hHMo/s1600/Electric+BMW+Concept-1+copy.jpg

၂၀၀၉ ခုနှစ်ကတည်းက မော်တော်ယာဉ် ပြပွဲတွေမှာ ဝင်ရောက်ပြသ နေတဲ့ ဂျာမနီ BMW ရဲ့  i8 ပြိုင်ကားကို အမှန်တကယ် ဈေးကွက် ဖြန့်ချိတော့ မှာ ဖြစ်ပါတယ်။

Gasoline အင်ဂျင်နဲ့ လျှပ်စစ်မော်တာမောင်း ဘက်ထရီ ကို ပေါင်းစပ်ပေး ထားတဲ့ ပေါင်းစပ်ပေးထားတဲ့ ဟိုင်းဘရစ်ကား ဖြစ်ပါတယ်။ တစ်နာရီ ၁၆၀ မိုင် ဝန်းကျင်အထိ top speed ရှိပါတယ်။ ဘက်ထရီနဲ့ လည်း သီးသန့် အသုံးပြုမောင်းနှင်နိုင်ပြီး၊ Gasoline သီးသန့်၊ နှစ်မျိုးပေါင်း အခြေအနေ အစရှိသဖြင့် Mode အမျိုးမျိုးပြောင်း မောင်းနှင် နိုင်ပါတယ်။ ဘက်ထရီရဲ့ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၁၃၁ ရှိပြီး လောင်စာအင်ဂျင်က ၂၂၃ ရှိပါတယ်။ ဒါကြောင့် နှစ်ခုပေါင်းလိုက်ရင် ပါဝါပြင်းတဲ့ ပြိုင်ကားပဲ ဖြစ်ပါ တယ်။ ဆီစားနှုန်းက မိုင် ၁၀၀ နီးနီးကို ၁ ဂါလံသာ ရှိပါတယ်။ ဆီစား အလွန် သက်သာတဲ့ကားလည်း ဖြစ်ပါတယ်။

ကားရဲ့ အလေးချိန်ပေါင် ပေါင် ၃၆၀၀ ရှိပါတယ်။ ခရိုမီယံ၊အလူမီနီယံ၊ ကာဘွန် ဖိုက်ဘာ အချိုးချပေါင်းစပ်ပေးထားပြီး လိပ်ပြာတောင်ပံ လို့ခေါ်တဲ့ အပေါ်ပင့် တံခါးပေါက်နဲ့ စတိုင်ကျ လှပနေတာကို မြင်တွေ့ ရပါတယ်။ အမိုးပွင့် Roadster နဲ့ ပြိုင်ကား coupe ဆိုပြီး နှစ်မျိုး ထုတ်လုပ်ထား ပါတယ်။ နှစ်ယောက်စီး ပြိုင်ကား ဖြစ်ပြီး ကာလတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁သိန်း ၃ သောင်း ဝန်းကျင် လို့ ခန့်မှန်းထားကြပါတယ်။ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ဖြန့်ချိမှာ ဖြစ်ပြီး မြန်မာပြည်သာ တကယ်ရောက် လာနိုင်မယ်ဆိုရင် အနည်းဆုံး သိန်း ၈ထောင်လောက် ပေါက်ဈေး ရှိမယ့် ကား ဖြစ်ပါတယ်။
--
Ref: slashgear
Aung Kham (TSJ team)

chit tee
12-10-2012, 07:34 PM
ဂျပန် Subaru HORIZON အနာဂတ်ကား
http://2.bp.blogspot.com/-zn8NkZXaRQc/UMXZoB_EQuI/AAAAAAAASU4/VifSpZs9pEQ/s1600/705385_380281418728878_150460902_o.jpg
နောက် နှစ်ပေါင်း ၂၀၀ ဆိုရင် ကမ္ဘာမှာ ထင်မှတ်မထားတဲ့ ပြောင်းလဲ မှုကြီးတွေ ဖြစ်ပေါ်လာပါမယ်။ အဆိုးတက အဆိုးဆုံးကို တွေးကြေးဆိုရင် အလက်ထရိုသံလိုက်ဓာတ်အားပြင်းထန်တဲ့ လေထုမှာ နေထိုင်ရပါမယ်။

ကမ္ဘာကြီးဟာ နှစ်ခြမ်းကွဲသွားပါတယ်။ အကာအကွယ်မရှိတဲ့ နေရောင်ခြည်ရဲ့  တိုက်ရိုက်ထိတွေ့မှုကို ဘယ် သက်ရှိ သတ္တဝါမှ မခံနိုင်တော့ပါဘူး။ အပြင်မှာ အသက်ရှင်ဖို့ဆိုတာ ကမ္ဘာ့အခက်ခဲဆုံး ဖြစ်ပါတော့မယ်။ နေရောင်ခြည်ရဲ့ အပူဓာတ်တွေသာ ကမ္ဘာကို ရောက်ပါတယ်။ နှစ်ခြမ်းကွဲနေတဲ့ မြေ ထုပေါ်ကနေ နေလုံးကြီးကို မြင်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ အပူဒဏ်ကတော့ မိုင်ကုန်ပါပဲ။ သံလိုက်ဓာတ်၊ လျှပ်စီးဓာတ်တွေနဲ့ Green Environment ဆိုတာ ကလေးတွေအတွက် ပုံပြင် တစ်ပုဒ်ဖြစ်သွားပါတော့မယ်။

လူသားတွေ အဘယ်လိုအသက်ရှင်မလဲ။ အပြင်လေထု၊ လျှပ်စီးကြောင်း၊ သံလိုက်ဓာတ်များကို ကာကွယ်ဖို့ ဘယ်လိုကြိုးပမ်းမလဲ၊ ဘယ်လိုသွား လာမလဲ။ အန္တရာယ်တွေကို ဘယ်လောက်ထွက်ပြေး တိမ်းရှောင်မလဲ။

အဆိုးတက အဆိုးဆုံး အခြေအနေကို မျော်တွေး လို့ လော့အိမ် ဂျလစ်မော်တော်ယာဉ် ပြပွဲက ဒီဇိုင်းပြိုင်ပွဲမှာ ဂျပန် Subaru မှ ကားသစ် တစ်မျိုး ဒီဇိုင်းမိတ်ဆက်ပြသခဲ့ပါတယ်။ ခေတ်လွန် အက်ရှင်ဇာတ်ကားတွေ မှာ အသုံးပြုရတဲ့ ကားလိုပါပဲ။ ဘီးလေးဘက်ကနေ တောင်နံနံ ကို ဖြို ခွင်းမယ့်၊ သဘာဝအန္တရာယ်ကို တားဆီးမယ့် ဓားစင်္ကြာတောင် ပါလိုက် ပါသေးတယ်။ မြေပြင် အနိမ့်အမြင့်ပေါ်မူတည်လို့ ပျံသင့်ရင်တောင် ပျံနိုင် မယ့်ကားမျိုးလို့ ဆိုပါတယ်။ အပြင် ဓာတုဓာတ်ရောင်ခြည် အဆိပ်သင့်မှု အားလုံးကို အပြင်ကား ကိုယ်ထည် သတ္တုက အားလုံးတားဆီးပေးပါတယ်။

အလိုအလျောက်လျှပ်စစ်ဓာတ်ထုတ်ပေးမယ့် နည်းစနစ်ထည့်သွင်းတဲ့ အတွက် ဆီကုန်မှာ၊ ဘက်ထရီကုန်မှာ စိတ်မပူရပါဘူး။ ဒီလို နောင်အနှစ် ၂၀၀ အတွက်ရည်ရွယ်တဲ့ ကားကို ဂျပန် Subaru က ဘယ်တော့ စဆောက် မလည်းဆိုတာ လူတိုင်း စိတ်ဝင်စားကြပါတယ်။

သေချာတာကတော့ နောက်အနှစ် ၃၀ ကစလို့ ဒီလိုကားမျိုးတွေ Subaru က ကြိုးပမ်းထုတ်လုပ်သွားမယ်လို့ LA autoshow မှာပြောကြားခဲ့ပါတယ်။

--
Ref: autoblog (or) facebook>techspaceJournal
Aung Kham (TSJ team)

kosithuag
12-10-2012, 07:34 PM
Lexus shows the LF-LC concept in blue at 2012

http://www.blogcdn.com/www.autoblog.com/media/2012/10/lexus-lf-lc-blue-628-1350570112.jpg

The LF-LC Blue concept originally debuted in Australia, featuring an Advanced Lexus Hybrid Drive system with a powerful and efficient Atkinson cycle combustion engine paired with an advanced, high-energy battery pack. The LF-LC Concept boasts 500 hp, the most of any hybrid from the Japanese automaker.

It’s likely that the debut of the LF-LC Blue concept in North America confirms that Lexus is working towards a production model of the LF-LC, and at the very least, previews the design of future of Lexus models.

Inside, the LF-LC Blue concept packed plenty of next-generation technology from Lexus including a pair of 12.3-inch LCD screens and a touchscreen interface in the center console. The interior is exquisite with a blend of smooth leather, suede, brushed metal trim, and wood accents.

@Autoguide.com

kosithuag
12-25-2012, 09:59 PM
ကုန်းရောရေရော မောင်းနှင်ရမည့် ဆီမလိုသော ကား Volkswagen မှထုတ်မည်

http://sphotos-d.ak.fbcdn.net/hphotos-ak-snc6/202687_386599984764874_1020398867_o.jpg

၂၀၁၂ ခုနှစ် နှစ်ဆန်းကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ Volkswagen-Aqua-Concept-Car-Design3အဲ့တုန်း ကတော့ ဒီဇိုင်းအနေနဲ့သာ ဖော်ပြခဲ့ခြင်း ဖြစ်ပြီး စမ်းသပ်ထုတ်လုပ်မှုကို ၂၀၁၃ ကနေ စတော့မှာ ဖြစ်ပါတယ်။

ဆီမလိုတဲ့ကား ဆို တာ့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသွားပါတယ်။ ကားကို volkswagen aqua လို့အမည်ပေးထားပါတယ်။

အသုံးပြုမယ့် လောင်စာက ဟိုက်ဒရိုဂျင်လောင်စာ ဖြစ်ပါတယ်။ အိတ်ဇော လုံးဝ မထွက်မယ့် ကားဆိုတော့ ဓာတ်ဆီတို့ ဒီဇယ်ဆီုတို့ လုံးဝ မသုံး တာ သေချာနေပါတယ်။ ရေကို သုံးပြီးမောင်းမယ်လို့လည်း ဆိုပါတယ်။ နည်းလမ်းက ဒီလို ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားကို ရေထဲ ဖြတ်စေပြီး ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်ကို သက်သက်ခွဲထုတ်မှာ ဖြစ်ပါတယ်။ ပြီးတော့ ရလာတဲ့ ဟိုက်ဒရိုဂျင်နဲ့ အင်ဂျင်ကို မောင်းပြီး ယင်းက တစ်ဆင့် လေ တာဘိုင်ကို ပို့မှာ ဖြစ်ပါတယ်။ ဘီးမပါပါဘူး။ လေတာဘိုင်နဲ့ ကုန်းရော၊ ရေရော မောင်းမယ့်ကား ဖြစ် ပါတယ်။ Hovercraft လို့ခေါ်ပါ တယ်။

ဒီတော့ ကား အဓိက သုံးမယ့် စွမ်းအင်က နေရောင်ခြည်နဲ့ ရေဖြစ်ပါတယ်။ ဒါကြောင့် ဘယ်နေရာဒေသမှာ မဆို အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ရေ မရှိတဲ့ ဒေသဆိုရင်လည်း နေရောင်ခြည် စွမ်းအင်ချည်း သက်သက် နဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

လေတာဘိုင် လေးလုံး တပ်ဆင်ပေးထားပြီး ရေထဲမှာလည်း မြန်သလို ကုန်းပေါ်မှာလည်း တစ်နာရီ မိုင် ၇၀ လောက် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ volkswagen aqua ကို တရုတ်ဒီဇိုင်နာတစ်ဦးက ရေးဆွဲပေးထားမှု ဖြစ်ပြီး ဂျာမနီ Volkswagen မှ စမ်းသပ်ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း သိရပါ တယ်။
----
Ref: vw-facts



ရိုးရာလေး တွင်ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပေးခြင်းဖြစ်ပါသည်

William Paul
12-29-2012, 05:13 PM
Volkswagen ထုတ်မည့် ဘီးမပါ၊ မြေမထိကား

ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။

http://1.bp.blogspot.com/-BAT7rk_cxlM/UN6iRIzaTaI/AAAAAAAAUls/3lQOQ1_m6CQ/s1600/floating+car.png

Google က မောင်းသူမလိုတဲ့ ကား စမ်းသပ်ပြသလိုမျိုးပဲ ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုထဲမှာ တရုတ် ဇနီးမောင်နှံ က မောင်းပြပြီး မြို့ တွင်း လူစည်ကားလမ်းတွေမှာ အစွမ်းပြသွားပါတယ်။ တကယ့် ပရိုမိုးရှင်း ဗီဒီယိုထဲကလိုပဲ အပြင်မှာ တကယ် ဖြစ်လာတော့မယ်လို့ VW က ဆိုထား ပါတယ်။

ကားက နှစ်ယောက်စီး ဖြစ်ပြီး Joy Stick နဲ့ မောင်းရမှာ ဖြစ်ပါတယ်။ စတီယာရင်ဝီး မဟုတ်ပါဘူး။ ရှေ့ ဖန်သား မျက်နှာပြင်က tochscreen ဖြစ်ပြီး အချက်အလက်များကိုလည်း Display တစ်ခုလို ဖော်ပြ ပါတယ်။ ဥပမာ မြေပုံတွေကို ဖော်ပြတာမျိုး ဖြစ်ပါတယ်။ ကားမှာ အာရုံခံ စနစ်များ ပါဝင်ပြီး လူမောင်းစရာတောင် မလိုပဲ သူ့အလိုအလျောက် လည်း မောင်းနိုင်ပါတယ်။ အချိုး အကွေ့၊ လမ်းဆုံလမ်းခွ တွေမှာ ယဉ်အန္တရာယ် မဖြစ်အောင်လည်း အာရုံခံ စနစ် ပါတယ်။ ကီလိုမီတာ သတ်မှတ်ထားပြီး ယင်းကီလိုမီတာနဲ့ ကားရဲ့  ဦးတည်ချက်ကို တွက်ချက်ပြီး တိုက်နိုင်ချေရှိရင် ရပ်ပါတယ်။ ရှောင်သင့်ရင် အလိုအလျောက် ရှောင်သွားပါ တယ်။

ဘီးမပါဘူးဆိုတော့ ဘယ်လိုသွားမလဲလို့ စိတ်ဝင်စားကြပါတယ်။ အဓိကက သံလိုက်အီလက်ထရောနစ် စက်ကွင်းကို အခြေခံမှာ ဖြစ်ပါတယ်။ ကားမှ ထုတ်လွတ်တဲ့ Electromagnetic ဓာတ်က မြေပြင်ကို ထိခတ်လို့ အပေါ်ကို အလိုလို မြင့်တက်နေစေမှာ ဖြစ်ပြီး ဘယ်နေရာဖြစ်ဖြစ်မောင်း လို့ရအောင် တော့ VW ကထပ်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို အခုကားက သံလိုက်လျှပ်စစ်ဓာတ်ဆီးကြောင်း စီးဆင်းတဲ့ မြို့  လမ်း Network ပေါ် အခြေခံ မောင်းနှင်ခြင်း ဖြစ်ပြီး ယင်း Network မရှိတဲ့ နေရာတွေမှာ မောင်းနှင်နိုင်လည်း ကြိုးပမ်းယူလျက် ရှိပါတယ်။

၃၊၄ နှစ်အတွင်း ဖြစ်လာနိုင်ချေရှိတဲ့ ကားလို့ ခန့်မှန်းထားကြပြီး မောင်းနှင်ပြ တဲ့ ပရိုမိုးရှင်း ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/JWh2qT9yiTo

International news for myanmar

http://www.innewsmyanmar.com/2012/12/volkswagen.html

Source: International news for myanmar

William Paul
06-22-2013, 04:48 PM
ကားကုမ္ပဏီတွေဟာ ကားတွေကို ပိုပြီး လုံခြုံဘေးကင်းဖို့၊ ပိုပြီးသက်တောင့်သက်သာရှိဖို့၊ သဘာဝပတ်ဝန်းကျင်နဲ့ပိုပြီး လိုက်လျောညီထွေဖြစ်ဖို့နဲ့ နည်းပညာအရပိုပြီး ထူးကဲကောင်းမွန်ဖို့အတွက် features အသစ်တွေကို တစ်ခုပြီးတစ်ခု ထည့်သွင်းတည်ဆောက်လာကြပါတယ်။

သင်ကရုံးအဆောက်အဦထဲလှမ်းဝင်သွားနေစဉ်မှာ သင့်ရဲ့ Audi ကားဟာ ပါကင်ထိုးဖို့နေရာကို သူ့အလိုလိုရှာတာမျိုး သိပ်မကြာခင်ကာလမှာ ဖြစ်လာနိုင်ပါတယ်။ သင့် Mercedes ကားဟာ သင်မောင်းနေတဲ့ လမ်းကြောင်းတစ်လျှောက် ဆန်းစစ်မှုတွေပြုလုပ်ပြီး ကားခုန်သွားချိန်မှာ suspension တွေကို အလိုအလျောက်ချိန်ညှိပေးပါလိမ့်မယ်။ ဒါပေမဲ့ ဒါတွေဟာ အစပဲရှိပါသေးတယ်။

သီးသန့်တွေ့ဆုံမေးမြန်းမှုတွေပြုလုပ်ကြည့်တဲ့အခါမှာ မော်တော်ယာဉ်ထုတ်လုပ်သူအများစုက အနာဂတ်ကားတွေရဲ့ အခြေခံအယူအဆလေးတွေကို ပြောပြခဲ့ကြပါတယ်။ ပျံသန်းနိုင်တဲ့ကားလိုမျိုးခန့်မှန်းချက်တွေကို ထုတ်ဖော်ပြောပြလာတဲ့အခါမှာတော့ နည်းပညာတိုးတက်မှုတွေကို အံ့အားသင့်မှင်တက်မိခဲ့ရပါတယ်။

ကဲ ကျွန်တော်တို့စီးရမယ့် ကားတွေအကြောင်း မော်တော်ယာဉ်ထုတ်လုပ်သူတွေ ပြောပြခဲ့တဲ့ သူတို့ရဲ့ စီမံကိန်းတွေကို ကြည့်လိုက်ကြရအောင်။

General Motors: သင့်လိုလားမှုကို ခန့်မှန်းပေးမယ့် Intent Engine
----------------------------------------------------------------
General Motors ရဲ့ အဆိုအရ အနာဂတ်ယာဉ်တွေကိုမောင်းနှင်မယ့် intent engine ဆိုတဲ့ အင်ဂျင်အမျိုးအစားတစ်ရပ်ရှိလာပါလိမ့်မယ်။ intent engine ဟာ အတိတ်ကလုပ်ဆောင်ချက်တွေကို ခွဲခြမ်းစိတ်ဖြာတာတွေ၊ ပစ္စုပ္ပန်အခြေအနေကို နားလည်သဘောပေါက်နိုင်တာတွေနဲ့ အနာဂတ်အပြုအမူတွေကိုခန့်မှန်းဖို့ သင့်လျော်တဲ့အချက်အလက်တွေရှာဖွေတာတွေကို လုပ်ဆောင်နိုင်တဲ့ စွမ်းအားမြင့် လူလုပ်အသိဥာဏ်တစ်ရပ်ဖြစ်ပါတယ်။

“ခင်ဗျားရဲ့ရည်ရွယ်ချက်ကို ကားကကောက်ချက်ချပြီး ခင်ဗျားအတွက်ရွေးစရာတွေပေးပါလိမ့်မယ်… ပြီးရင် ခင်ဗျားကိုယ်စားလုပ်ဆောင်ပေးပါလိမ့်မယ်…” လို့ GM OnStar ရဲ့ စီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ Nick Pudar က ရှင်းပြပါတယ်။

ဒါက ဘယ်လိုအလုပ်လုပ်ဆောင်နိုင်တယ်ဆိုတာကိုလည်း Pudar က ဥပမာတချို့ပေးပါတယ်။ နိုင်ငံအနှံ့ကားနဲ့ ခရီးဆန့်မယ့်သူတစ်ဦးအတွက် ဓာတ်ဆီဆိုင်တွေဘယ်မှာရှိတယ်ဆိုတာ ကားကသိနေပြီး သင့်လမ်းကြောင်းကို ဆန်းစစ်ပေးပါလိမ့်မယ်။ သင်ကားမောင်းနေတုန်း ဘယ်အချိန်မှာဆီဖြည့်သင့်တယ်ဆိုတာကို ကားကခန့်မှန်းပေးပါလိမ့်မယ်။ ဆီဈေးသက်သာတဲ့ မြို့ကြီးတွေကနေ သင်မထွက်ခွာခင်မှာ ဆီဖြည့်ဖို့ သင့်ကိုပြောပါလိမ့်မယ်။ “ခင်ဗျားစဉ်းတောင်မစဉ်းစားမိတဲ့ အချက်အလက်တွေနဲ့ ကားက ခင်ဗျားကိုသတိပေးနှိုးဆော်ပါလိမ့်မယ်…” လို့ သူက ပြောပါတယ်။

http://sphotos-g.ak.fbcdn.net/hphotos-ak-prn1/946356_615560665122069_690774106_n.jpg

နောက်ထပ်ဥပမာတစ်ခုကတော့ ဒီကနေ့ခေတ်ရဲ့ Chevy Volt လိုမျိုး လျှပ်စစ်ကားတွေဟာလည်း အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့အတွက် မိုဘိုင်းလ် app တစ်ခုကိုသုံးပြီး ထိန်းချုပ်မောင်းနှင်နိုင်ပါလိမ့်မယ်။ ဈေးသက်သာတဲ့နေရာဘယ်မှာရှိတယ်ဆိုတာကို သင်သိတာနဲ့ ကားကိုအားသွင်းဖို့ သင်ဆုံးဖြတ်နိုင်ပါတယ်။

အနာဂတ်မှာဆိုရင် အိမ်တွေဟာ smart ကွန်ရက်တွေနဲ့ ပိုပြီးချိတ်ဆက်လာတာကြောင့် intent engine ဟာ သင်သွားလာအသုံးပြုမယ့်ပမာဏကို ဆန်းစစ်ပြီး အားသွင်းတဲ့ကိစ္စကို အကောင်းဆုံးနှုန်းနဲ့ လုပ်ဆောင်လာနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီထက် ပိုပြီးခေတ်ရှေ့ပြေးတာကတော့ သွားရိုးသွားစဉ်ထက် သင်ပိုမောင်းလာတဲ့အခါ ဒါမှမဟုတ် ပုံမှန်အသွားအပြန်လမ်းကြောင်းကနေပြောင်းလဲတဲ့အခါ စွမ်းအင်ထောက်ပံ့မှုအစိတ်အပိုင်းတွေကို ကားကအသိပေးနိုင်တာပါပဲ။

စိတ်ဝင်စားဖို့အကောင်းဆုံး အဆင့်မြှင့်တင်မှုကတော့ အနာဂတ်ကားဟာ သင်ရည်ရွယ်ထားသမျှကို သင့်ကိုသတိပေးနိုင်တာပါပဲ။အနာဂတ်ကာလ တစ်နေရာရာမှာ သင်လုပ်ချင်တဲ့အလုပ်တစ်ခုကို သင့်မိုဘိုင်းလ်ဖုန်းက app တစ်ခုကိုဖွင့်ပြီး ပြောထားလိုက်ရုံပါပဲ။ သင်သတ်မှတ်ထားတဲ့အချိန်ရောက်ရင် ကားကနေ သတိပေးချက် တက်လာပါလိမ့်မယ်။

ဒါမှမဟုတ် သင့် dashboard ပေါ်က ခလုတ်လေးတစ်ခုကနေ စားသောက်ဆိုင်တစ်ဆိုင်ကိုဝင်ဖို့ သတိပေးချက်တွေ ပြုလုပ်ထားနိုင်ပါလိမ့်မယ်။ နောက်တစ်ခေါက် အဲ့ဒီအနီးအနားကို သင့်ကားရောက်သွားတဲ့အချိန်မှာ အရင်တစ်ခေါက်က သင်ဆန္ဒပြုထားတဲ့အတိုင်း အဲ့ဒီဆိုင်မှာစားဖို့ အကြံပြုတဲ့ သတိပေးချက်ထွက်လာပါလိမ့်မယ်။

Chrysler: ထရပ်ကားများကို ပိုမိုပေါ့ပါးစေမည့် Computer Modeling
----------------------------------------------------------------
မော်တော်ယာဉ်ဒီဇိုင်းပညာရဲ့ အကြီးမားဆုံးစိမ်ခေါ်မှုတစ်ရပ်ကတော့ တာရှည်ခံပြီးပေါ့ပါးအောင်လုပ်ဖို့ပါပဲ။ မတော်တဆမှုတွေလောက်အထိ ခံနိုင်ရည်ရှိဖို့ မဟုတ်တာတောင်မှ အချိန်အတန်ကြာ အကြမ်းပတမ်းအသုံးပြုတာလောက်ကိုတော့ ခံနိုင်ရည်ရှိရမှာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ Apple ရဲ့ MacBook ကို အစိတ်အပိုင်းတစ်ခုထဲအနေနဲ့ တည်ဆောက်ထားသလို အနာဂတ်ရဲ့ ကားတွေနဲ့ ထရပ်ကားတွေကိုလည်း အစိတ်အပိုင်းတစ်ခုထဲအဖြစ် တည်ဆောက်လာပါလိမ့်မယ်။ ထုတ်လုပ်ရေးလုပ်ငန်းစဉ်တစ်ခုလုံးကလည်း တကယ့်ကို တစ်သားထဲပေါင်းစည်းသွားပါလိမ့်မယ်။

Chrysler ရဲ့ ထရပ်ကားထုတ်လုပ်မှု စီမံခန့်ခွဲရေးအမှုဆောင်အရာရှိ Mike Cairns က အနာဂတ်မှာ computer modeling နဲ့ အလေးချိန်လျှော့ချရေးတို့ဟာ အခရာကျတဲ့ တီထွင်မှုတွေဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

“ဒီကနေ့မှာ အလေးချိန်လျှော့ချမှုကြောင့် ဆီစားသက်သာပြီး စွမ်းဆောင်ရည်လည်း ပိုမြင့်လာကြပါတယ်..” လို့ သူကဆိုပါတယ်။ “အောက်ခံဘောင်ရဲ့ အလေးချိန်ကိုလျှော့ချနိုင်မယ်ဆိုရင် အင်ဂျင်ရဲ့အလေးချိန်ကိုလည်း လျှော့ချနိုင်ပါလိမ့်မယ်… အလေးချိန်ပေါ့ပါးဖို့ စတင်လုပ်ဆောင်လာတာနဲ့အမျှ ယာဉ်ရဲ့ကျန်တဲ့အစိတ်အပိုင်းတွေကိုလည်း ပိုမိုပေါ့ပါးအောင်လုပ်ဆောင်လာနိုင်ပါလိမ့်မယ်…”

အစိတ်အပိုင်းတစ်ခုထဲထားရှိတဲ့ ဒီဇိုင်းအတွက် ပုံစံခွက်တစ်ခုပဲအသုံးပြုပါလိမ့်မယ်။ သူ့အဆိုအရ ယခုအချိန်အထိ တီထွင်အသုံးပြုခြင်းမရှိသေးတဲ့ အားဖြည့်ပလတ်စတစ် ပုံစံအသစ်တစ်မျိုးနဲ့ ပြုလုပ်လာကြမယ်လို့ သိရပါတယ်။ ဒီကနေ့ခေတ်ရဲ့ မီးခိုးထုတ်စနစ်တွေကို မြင်ယောင်ကြည့်ပါ။ ကွန်ပျူတာပုံစံတစ်ခုထုတ်မယ်ဆိုရင် အိတ်ဇောပိုက်ကို ယာဉ်ရဲ့သီးခြားအစိတ်အပိုင်းအဖြစ်သာ တွေ့မြင်ရမှာဖြစ်ပါတယ်။ အနာဂတ်မှာတော့ အိတ်ဇော၊ အင်ဂျင်၊ လျှပ်စစ်အစိတ်အပိုင်းနဲ့ ကား dash တို့အထိ အစိတ်အပိုင်းတစ်ခုထဲအနေနဲ့ ဒီဇိုင်းပြုထုတ်လုပ်လာကြပါလိမ့်မယ်။

http://sphotos-a.ak.fbcdn.net/hphotos-ak-prn1/993559_615561555121980_1473536159_n.jpg

“စက်မှုထုတ်ကုန်တွေဟာ အလူမီနီယံဘက်ကို ပိုမိုဦးလှည့်လာသလိုမျိုး ပုံထွက်နဲ့ မာကျောကြံ့ခိုင်မှုပိုမိုကောင်းမွန်တဲ့ သတ္တုအသစ်တွေလည်း ထွက်ပေါ်လာပါလိမ့်မယ်…” လို့ သူကပြောပါတယ်။ “သတ္တုစပ်အသစ်တွေဟာ ဒဏ်ခံနိုင်အား အကောင်းဆုံးဖြစ်လာကြပြီး အလေးချိန်လည်း ပိုမိုပေါ့ပါးလာပါလိမ့်မယ်… တောင့်တင်းမှုကိုမလျှော့ကျစေဘဲ အလေးချိန်ကို ထက်ဝက်လောက်လျှော့ချနိုင်အောင် သံမဏိကိုအကွက်ဖော်ပြီး ဂျစ်ကားထုတ်လုပ်ခဲ့တာမျိုး ကျွန်တော်တို့မှာ အတွေ့အကြုံတွေရှိပါတယ်…”

“အီလက်ထရောနစ်ပစ္စည်းတွေလည်း ပိုပိုပြီးများလာပါတယ်… ဒါပေမဲ့ အဲ့ဒါတွေရဲ့ တစ်ဝက်လောက်က လျှပ်စစ်ပစ္စည်းတစ်ခုခုနဲ့ဆက်သွယ်ထားတဲ့ ဆက်သွယ်ရေးဝိုင်ယာတွေပါပဲ… လက်ရှိအချိန်မှာ ကျွန်တော်တို့ copper ကို သုံးကြပါတယ်… ဒါပေမဲ့ အများစုကို fiber optics နဲ့ အစားထိုးကြမှာပါ… ကျွန်တော်တို့ကို ဟန့်တားနေတာကတော့ ဈေးနှုန်းပါပဲ…”

အနာဂတ် ထရပ်ကားတွေမှာ လျှပ်စစ်ဆက်သွယ်မှုအတွက်သုံးတဲ့ copper ၆၈၀ ကီလိုဂရမ် (၁၄၉၉ ပေါင်) လောက် လျှော့ချသွားနိုင်လိမ့်မယ်လို့ Cairns က ဆိုပါတယ်။ ဖြစ်နိုင်တဲ့ တီထွင်မှုတစ်ရပ်ကတော့ ယာဉ်ရဲ့ အစိတ်အပိုင်းအသီးသီးဆီကို ကြိုးမဲ့ထုတ်လွှင့်မှုနဲ့ signal တွေပေးပို့တာပါပဲ။ အနာဂတ်ယာဉ်တွေရဲ့ computer modeling အပေါ် လိုအပ်ချက်ကတော့ အစိတ်အပိုင်းနဲ့ ဒီဇိုင်းတွေအပေါ် အလေးထားမှုရဲ့ နောက်မှာပဲ ရှိနေပါလိမ့်မယ်။

ဒီကနေ့အချိန်မှာတင် Chrysler ဟာ ထရပ်ကားထုတ်လုပ်မှုအတွက် computer modeling ကို အသုံးပြုလျက်ရှိပါပြီ။ ဘယ်အစိတ်အပိုင်းကိုအသုံးပြုမယ် ပြီးတော့ အဲ့ဒီအစိတ်အပိုင်းတွေဟာ ဘယ်နေရာမှာတည်ရှိတယ်ဆိုတာကို သိရှိနိုင်ဖို့လိုမျိုး ကိစ္စတွေအတွက် ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ကွန်ပျူတာ model တွေဟာ အစိတ်အပိုင်းအားလုံးရဲ့အလေးချိန်ဘယ်လောက်ရှိတယ်၊ ဘယ်သူကတပ်ဆင်နေတယ်၊ ဘယ်လောက်အကွာအဝေးကို ရွှေ့ပေးရမယ် ပြီးတော့ အကုန်လုံးကို ဘယ်လိုပေါင်းစည်းတပ်ဆင်ပေးရမယ် စတာတွေအထိ သိနေမှာဖြစ်ပါတယ်။

Toyota: ဟိုက်ဒရိုဂျင်စွမ်းအင်သုံးကားများ
----------------------------------------------------------------
အနာဂတ် လျှပ်စစ်ကားတွေအတွက် အကွာအဝေးဘယ်လောက်ရောက်နိုင်မလဲဆိုတဲ့ ယှဉ်ပြိုင်မှုတွေရှိနေပါတယ်။ တစ်ချို့ကတော့ ဘက်ထရီစွမ်းအင်သုံးအင်ဂျင်တစ်ခုကို လုံခြုံမှုအရှိဆုံးနဲ့ ထိရောက်မှု အရှိဆုံးအဖြစ် ရှုမြင်ကြပါတယ်။ တစ်ချို့ကတော့ နည်းပညာရပ်တစ်ခုဟာ ဘေးကင်းလုံခြုံမှုဘယ်လောက်ရှိနိုင်သလဲ ပြီးတော့ သယ်ယူပို့ဆောင်ရေးအတွက် ဘယ်လောက်ကုန်ကျနိုင်သလဲဆိုတာတွေအပါအဝင် စွမ်းအင်ထုတ်လုပ်ဖို့အတွက် ကုန်ကျစရိတ်ကို စဉ်းစားကြပါတယ်။

တိုယိုတာရဲ့ မြောက်အမေရိကန်စီးပွားရေးမဟာဗျူဟာဌာနရဲ့ မန်နေဂျာဖြစ်တဲ့ Jim Pisz က အနာဂတ်ကားတွေမှာ ဟိုက်ဒရိုဂျင် fuel cell များကို အစားထိုး အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

“၂၀၂၀ အကုန်လောက်မှာ ဟိုက်ဒရိုဂျင် fuel cell တွေဟာ သမားရိုးကျ ဘက်ထရီလျှပ်စစ်နည်းပညာကို စိန်ခေါ်လာလိမ့်မယ်…” လို့ Pisz က ပြောပါတယ်။ “ကားထုတ်လုပ်သူအများအပြားဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခုလုံး ဒီနည်းပညာဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ခဲ့ကြပါတယ်… ကျွန်တော်တို့ရဲ့ fuel cell ကားတွေဟာ ဘေးကင်းလုံခြုံမှုရှိတယ်၊ အကြမ်းပတမ်းခံတယ်၊ မိုင် ၃၀၀ ကျော်မောင်းနှင်နိုင်ပြီး ငါးမိနစ်လောက်နဲ့ အားပြန်ဖြည့်နိုင်တယ်… ပြီးတော့ သူတို့ဟာ ကုန်ကျစရိတ်လည်း သက်သာလာပါလိမ့်မယ်…”

http://sphotos-h.ak.fbcdn.net/hphotos-ak-ash3/580222_615562135121922_162692712_n.jpg

မခန့်မှန်းနိုင်သေးတဲ့ အဓိကအချက်ကတော့ အခြေခံအဆောက်အအုံတွေ ဘယ်လိုနည်းနဲ့ ဖွံ့ဖြိုးလာမယ်ဆိုတာပါပဲ။ ဒီကနေ့ ကမ္ဘာအနှံ့မှာ ဓာတ်ဆီဆိုင်တွေအများအပြားရှိနေကြပါတယ်။ လျှပ်စစ်ကားတွေအတွက် အားသွင်းဖို့နေရာကတော့ မြို့ကြီးတွေလောက်မှာပဲ တဖြည်းဖြည်း ထွက်ပေါ်လာနေဆဲဖြစ်ပါတယ်။

“ဘက်ထရီနဲ့ fuel cell လျှပ်စစ်ကားနှစ်မျိုးစလုံးအတွက် စိန်ခေါ်မှုကတော့ အခြေခံအဆောက်အအုံပဲ ဖြစ်ပါတယ်…” လို့ သူကပြောပါတယ်။ “ကန့်သတ်ထားတဲ့ အခြေခံအချက်တွေပေါ်မှာ ဘက်ထရီလျှပ်စစ်ကားအတွက် အခြေခံအဆောက်အအုံတစ်ချို့ဟာ ကုန်ကျစရိတ်ဘယ်လိုသက်သာတယ်ဆိုတာ အလွယ်တကူတွေ့မြင်နိုင်ပါတယ်... ဒါပေမဲ့ ပိုင်ဆိုင်မှုတွေ မြင့်မားလာတာနဲ့ အမျှ ဈေးကွက်ကိုဖြည့်ဆည်းမယ့် အခြေခံအဆောက်အအုံတွေအတွက် လိုအပ်မယ့် ငွေကြေးပမာဏဟာ အလွန်ကြီးမားများပြားလာပါလိမ့်မယ်…”

“fuel cell လျှပ်စစ်ကားတွေအတွက်တော့ မတူကွဲပြားတဲ့ အခြေအနေမျိုးကြုံရပါတယ်… ကနဦး အခြေခံအဆောက်အအုံဟာ တော်တော့်ကိုကုန်ကျစရိတ်မြင့်မားနေပါတယ်… ဒါပေမဲ့ အနာဂတ်မှာ ထပ်မံဖြည့်ဆည်းဖို့ကတော့ စရိတ်သိသိသာသာသက်သာသွားမှာ ဖြစ်ပါတယ်…”

Ford: ကား dashboard ကို စိတ်ကြိုက်မွမ်းမံခြင်း
----------------------------------------------------------------
အကယ်လို့ အနာဂတ်ကားတွေမှာ သင့်စိတ်ကြိုက် ပုံစံအတိုင်းလုပ်ထားပေးမယ်၊ dash ပုံစံကိုလည်း စိတ်ကြိုက်ညှိထားပေးမယ်၊ ပြီးတော့ သင်တပ်ဆင်ချင်တဲ့ အစိတ်အပိုင်းတွေကိုလည်း ပြောင်းလဲတပ်ဆင်ပေးထားမယ်ဆိုရင် သင်ဘယ်လိုသဘောရပါသလဲ။

Ford ကား ကုမ္ပဏီရဲ့ သုတေသနဌာနအကြီးအကဲ TJ Giuli က အနာဂတ်ကားတွေမှာ ယာဉ်ပိုင်ရှင်အနေနဲ့ စိတ်ကြိုက်တပ်ဆင်ချိန်ညှိနိုင်တဲ့ hardware အစိတ်အပိုင်းတွေပါဝင်လာလိမ့်မယ်လို့ ဆိုပါတယ်။ အဲ့ဒီလိုထပ်ပြီး တပ်ဆင်မယ့် အစိတ်အပိုင်းတွေနဲ့လည်း ကားက ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်ပါလိမ့်မယ်။ တကယ်တော့ OpenXC hardware တွေဟာ ဒီလိုလုပ်ဆောင်နိုင်စွမ်းရှိတဲ့ အနာဂတ်လမ်းကြောင်းပေါ်မှာ ရှိနေပြီးသားဖြစ်ပါတယ်။

“ပုံသွင်းမှု ပိုများလာမယ့် ပြီးတော့ ပြန်ပြီးတွဲဖက်အသုံးပြုနိုင်လာမယ့် တကယ့်ရုပ်ပစ္စည်းတွေကို ကျွန်တော်မြင်ချင်ပါတယ်..” လို့ သူကပြောပါတယ်။ “OpenXC ဟာ အစိတ်အပိုင်းသစ်တွေကို တပ်ဆင်အသုံးပြုနိုင်မယ့် ကားတစ်စီး ဒါမှမဟုတ် ပြောင်းလဲအသုံးပြုချင်တဲ့ အစိတ်အပိုင်းအလိုက် ဒီဇိုင်းတွေကို အခြေခံကျကျပြန်လည်ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေကို ရရှိစေပါတယ်…”

ဒါကို ဥပမာတစ်ခုပေးရမယ်ဆိုရင် အနာဂတ်ကားတစ်စီးမှာ multi-touch ပုံစံတစ်ခုကို အသုံးပြုထားတယ်ဆိုပါစို့။ စက်ရုံကနေပြီး နောက်ထပ် touch control ပုံစံအသစ်တစ်မျိုးကို ထုတ်လုပ်လိုက်တဲ့အခါမှာ ကားပိုင်ရှင်ဟာ အဲ့ဒီ အစိတ်အပိုင်းအသစ်ကို ထပ်ပြီးပေါင်းထည့်နိုင်တာမျိုး ဖြစ်ပါတယ်။ ဒါမှမဟုတ် ကားပိုင်ရှင်က ကားလက်ကိုင်ဘီးမှာပါတဲ့ ခလုတ်တွေကိုမကြိုက်ဘူးဆိုရင် နောက်ထပ်တစ်ခုကို အဆင်ပြေပြေ အစားထိုးအသုံးပြုနိုင်တာမျိုးဖြစ်ပါတယ်။

http://sphotos-b.ak.fbcdn.net/hphotos-ak-prn2/969450_615562648455204_1238985006_n.jpg

Ford က ဒီလိုတကယ်ဖြစ်နိုင်ဖို့အတွက် data architecture ပေါ်မှာလည်း လုပ်ဆောင်နေပါတယ်။ ဓာတ်အားပေးလမ်းကြောင်းတွေနဲ့ ဘယ်လို data cable မျိုးတွေလိုအပ်မယ်ဆိုတာတွေလည်း ပါဝင်ပါတယ်။ သူ့ရဲ့ idea ကတော့ အသုံးပြုသူစိတ်ကြိုက် ပိုမိုလုပ်ဆောင်ပေးနိုင်မယ့် အနာဂတ်ကားတွေ ထုတ်လုပ်ဖို့ပါပဲ။

“ဒါဟာ သူတို့ရဲ့ တခြားဘဝအစိတ်အပိုင်းကနေ နှစ်သက်ခဲ့တဲ့ အတွေ့အကြုံခံစားချက်ကို လက်ရှိအခြေအနေကို သယ်ဆောင်ဖို့အတွက် ဖြစ်ပါတယ်…” လို့ Giuli က ပြောပါတယ်။ “သင့်အနေနဲ့ iPhone ဒါမှမဟုတ် Mac ကို ကြိုက်တယ်ဆိုရင် ကားထဲကို သင်ဝင်လိုက်တဲ့အချိန်မှာလည်း အဲ့ဒါတွေကို သုံးနေသလိုအတွေ့အကြုံမျိုးကို သင်ရရှိနိုင်ပါတယ်…”

နောက်တစ်နည်းကတော့ လက်ရှိမောင်းနှင်နေတဲ့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မယ့် အစိတ်အပိုင်းတစ်ချို့ကို dash ပေါ်မှာ ထပ်မံတပ်ဆင်နိုင်တာမျိုးဖြစ်ပါတယ်။ ဥပမာအနေနဲ့ တစ်ယောက်ထဲ ခရီးရှည်မောင်းနှင်တဲ့အခါမျိုးမှာ အာရုံမပျက်ဘဲ ဘေးကင်းစွာမောင်းနှင်နိုင်ဖို့အတွက် ကြားခံမျက်နှာပြင်တွေကို ခပ်မှိန်မှိန်ထားရှိနိုင်ပါတယ်။ “နှစ်ပေါင်း ၂၀ ကနေ ၃၀ အတွင်းမှာ လိုက်လျောညီထွေပြင်ဆင်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေပေါ်လာပါလိမ့်မယ်…” လို့ Giuli က ပြောပါတယ်။ “သီအိုရီအရပြောရမယ်ဆိုရင် အလွယ်တကူဖယ်ရှားလို့ရမယ့် ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာမွမ်းမံမှုတွေလုပ်ပေမဲ့ မျက်မြင်အားဖြင့် တစ်သားထဲရှိနေစေမယ့် စနစ်တစ်ခုကို ပြုလုပ်နိုင်ပါလိမ့်မယ်…”

Hardware ပစ္စည်းတွေကို ချိန်ညှိနိုင်ဖို့ နောက်ကွယ်ကလုပ်ဆောင်နိုင်မယ့် nanobots တွေ ပါလာနိုင်ပါသလား။ Giuli ကတော့ အရာရာဟာ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုခဲ့ပါတယ်။ “ဒါ တကယ့်အမိုက်စားဖြစ်ပါလိမ့်မယ်..” လို့ သူကဆိုပါတယ်။

----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------
Ref: TechRadar