PDA

View Full Version : မြန်မာအင်ဂျင်နီယာဖိုရမ် အလှူရှင်များစာရင်း (၃)



ချင်းတွင်းသား
11-28-2012, 08:07 PM
အားလုံးပဲ မင်္ဂလာပါ...
ဒီနေရာလေးမှာ ဖိုရမ်အတွက် ဝင်ငွေထွက်ငွေစာရင်းကို update လုပ်ပေးသွားပါမယ်။
ကို pigkalay မှ S$20 လှူဒါန်းပါတယ်။ (28/11/12)
နောက်ပြီးတော့ ဖိုရမ်မှာ ကြော်ငြာအတွက် S$150 လဲ လက်ခံရရှိထားပါတယ်။
စုစုပေါင်း S$170 လက်ခံရရှိထားပါတယ်။

ချင်းတွင်းသား
01-03-2013, 07:36 PM
astar မှ SG$ 10 လှူဒါန်းပါတယ်။
စုစုပေါင်း SG$ 180 လက်ခံရရှိထားပါတယ်။
အခုလှူဒါန်းတဲ့အတွက် မြန်မာအင်ဂျင်နီယာဖိုရမ်ကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်။
နောက်ထပ်လှူဒါန်းမယ့် အလှူရှင်များကိုလဲ စောင့်မျှော်နေပါတယ် ခင်ဗျ... ;)

အေ၇ာ
01-07-2013, 08:34 AM
နောက်ပြီးတော့ ဖိုရမ်မှာ ကြော်ငြာအတွက် S$150 လဲ လက်ခံရရှိထားပါတယ်။
စုစုပေါင်း S$170 လက်ခံရရှိထားပါတယ်။ အချို့ကြော်ငြာရှင်တွေအတွက် ကြော်ငြာဆောင်းပါးရေးပြီးတင်ပေးမယ်ဆိုလျှင်ရော အလှူငွေရနိုင်မလား သိချင်ပါတယ်ရှင့်။ နည်းပညာသုံးတဲ့ ထုတ်ကုန်ပစ္စည်းသစ်အကြောင်း စတဲ့ ဘောင်တစ်ခုထဲဝင်နေလျှင် (ဥပမာ Solar system, Battery နဲ့ Inverter တွေ၊ Water pump, Compressor နဲ့ Welding machine များ၊ Soft starter and Frequency drive) စတာမျိုးတွေဖြန့်ချိရောင်းချလိုသူတွေအတွက် အလုပ်အပ်မယ်ဆိုလျှင် ဖိုရမ်အလှူငွေရအောင် ကြိုးစားရေးကြည့်ချင်ပါတယ်။

အေ၇ာတို့ကြိုးပမ်းနေမှာထက် အဆင်ပြေပြေရေးနိုင်တဲ့သူတွေကလည်း ရေးပေးကြလိမ့်မယ်လို့ ယုံကြည်အားထားမိပါတယ်။

လေးစားစွာဖြင့်
အေ၇ာမေ

ချင်းတွင်းသား
02-27-2013, 04:33 PM
ဖေဖော်ဝါရီ ၉ ရက်နေ့ က ဒိုမိန်းအတွက် USD 80 သွင်းလိုက်ပါတယ်။
နောက်လတွေအတွက် carry USD 60 ကျန်ပါသေးတယ်။
လက်ထဲမှာတော့ SGD 77.34 ကျန်ပါသေးတယ်။

http://db.tt/jBv6nPT7

http://db.tt/XA1Cgva2

လက်စနဲ့ ပြောချင်တာက ဖိုရမ်အတွက် paypal ကနေ လှူချင်တယ်ဆိုရင် kophyolwin@gmail.com သို့ လှူဒါန်းနိုင်ပါတယ်။
အရင် တစ်ခါဖိုရမ်အတွက်လုပ်ထားတဲ့ အကောင့်က ဘဏ်ကဒ်က နာမည်နဲ့ လွဲနေလို့ ကျွန်တော့်ဘဏ်အကောင့်ကနေ paypal ကို top up လုပ်မရတာနဲ့ တခြားအီးမေးနဲ့ ထပ်လုပ်လို့ ပါခင်ဗျာ...

tunaungkyaw
02-28-2013, 04:41 PM
အချို့ကြော်ငြာရှင်တွေအတွက် ကြော်ငြာဆောင်းပါးရေးပြီးတင်ပေးမယ်ဆိုလျှင်ရော အလှူငွေရနိုင်မလား သိချင်ပါတယ်ရှင့်။ နည်းပညာသုံးတဲ့ ထုတ်ကုန်ပစ္စည်းသစ်အကြောင်း စတဲ့ ဘောင်တစ်ခုထဲဝင်နေလျှင် (ဥပမာ Solar system, Battery နဲ့ Inverter တွေ၊ Water pump, Compressor နဲ့ Welding machine များ၊ Soft starter and Frequency drive) စတာမျိုးတွေဖြန့်ချိရောင်းချလိုသူတွေအတွက် အလုပ်အပ်မယ်ဆိုလျှင် ဖိုရမ်အလှူငွေရအောင် ကြိုးစားရေးကြည့်ချင်ပါတယ်။

အေ၇ာတို့ကြိုးပမ်းနေမှာထက် အဆင်ပြေပြေရေးနိုင်တဲ့သူတွေကလည်း ရေးပေးကြလိမ့်မယ်လို့ ယုံကြည်အားထားမိပါတယ်။

လေးစားစွာဖြင့်
အေ၇ာမေ
ဖိုရမ် အလှူငွေရနိုင်မယ်ဆိုရင် စဉ်းစားကြည့်သင့်ပါတယ်။ အသေးစိတ်တွေကိုတော့ အားလုံးညှိပြီးလုပ်ရမှာပေါ့။
ကြော်ငြာဆောင်းပါးကဏ္ဍလိုမျိုး ကဏ္ဍတစ်ခုဖွင့်ပြီးရေးနိုင်ရင်တော့ပိုကောင်းပါလိမ့်မယ်။

ချင်းတွင်းသား
03-02-2013, 09:05 AM
johnmoeeain မှ ဖိုရမ်ဒိုမိန်းအတွက် အလှူငွေ SG$50 လှူဒါန်းသွားပါတယ်။
လက်ထဲမှာ စုစုပေါင်း SG$127.34 ရှိပါတယ်။ mediatemple မှာ ပိုငွေ USD 60 ကျန်ပါသေးတယ်။
အခုလို လှူဒါန်းသော johnmoeeain အား မြန်မာအင်ဂျင်နီယာ ဖိုရမ်ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း....
နောက်ထပ်လှူဒါန်းလိုသူများကိုလဲ စောင့်မျှော်နေပါကြောင်း...

ချင်းတွင်းသား
03-11-2013, 11:27 AM
aster မှ SG$ 25 လှူဒါန်းသွားပါတယ်။
လက်ထဲမှာ စုစုပေါင်း SG$152.34 ရှိပါတယ်။ mediatemple မှာ ပိုငွေ USD 60 ကျန်ပါသေးတယ်။
အခုလို လှူဒါန်းသော aster အား မြန်မာအင်ဂျင်နီယာ ဖိုရမ်ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း....
နောက်ထပ်လှူဒါန်းလိုသူများကိုလဲ စောင့်မျှော်နေပါကြောင်း...

ချင်းတွင်းသား
04-01-2013, 09:04 AM
Archimedes မှ SG$ 50 လှူဒါန်းသွားပါတယ်။
လက်ထဲမှာ စုစုပေါင်း SG$202.34 ရှိပါတယ်။
အခုလို လှူဒါန်းသော Archimedes အား မြန်မာအင်ဂျင်နီယာ ဖိုရမ်ကိုယ်စား ကျေးဇူးတင်ရှိပါတယ်။

ချင်းတွင်းသား
04-08-2013, 04:03 PM
aster မှာ SG$5 ထပ်မံလှူဒါန်းသွားပါတယ်ခင်ဗျာ...
လက်ထဲမှာ စုစုပေါင်း SG$207.34 ရှိပါတယ်။
အခုလို လှူဒါန်းသော aster အား မြန်မာအင်ဂျင်နီယာဖိုရမ်မှ ကျေးဇူးတင်ရှိပါတယ်။

ချင်းတွင်းသား
05-21-2013, 05:44 PM
ဒီကနေ့ ပဲ MediaTemple ကို Hosting အတွက် USD 60$ ပေးလိုက်ပါတယ်။
အရင်က USD 80$ သွင်းထားတာက
09/02/2013 - 08/03/2013 USD20
09/03/2013 - 08/04/2013 USD20
09/04/2013 - 08/05/2013 USD20
09/05/2013 - 08/06/2013 USD20
အတွက်နုတ်နုတ်သွားတော့ Balanced မှာ 0 ဖြစ်သွားပါဘီ။
သတိရတုန်းလေး ဒီနေ့ နောက်ထပ် USD 60 $ ထပ်ပေးလိုက်ပါတယ်။ လက်ထဲမှာ 129.20SG$ ကျန်ပါသေးတယ်။

http://db.tt/xnQg9QVM

ချင်းတွင်းသား
06-06-2013, 03:27 PM
aster မှာ SG$10 ထပ်မံလှူဒါန်းသွားပါတယ်ခင်ဗျာ...
မြန်မာအင်ဂျင်နီယာဖိုရမ်ကိုယ်စား အထူးပဲကျေးဇူးတင်ရှိပါတယ်။
စုစုပေါင်းလက်ကျန်ငွေ SG$139.20 ကျန်ရှိပါတယ်။

ချင်းတွင်းသား
07-25-2013, 04:42 PM
aster မှ စလုံးဒေါ်လာ ၁၀ ထပ်မံလှူဒါန်းသွားပါတယ်။
လက်ကျန် SG$149.20 ရှိပါသေးတယ်။
အခုလိုလှူဒါန်းသွားတဲ့ aster အား မြန်မာအင်ဂျင်နီယာဖိုရမ်ကိုယ်စားကျေးဇူးအထူးတင်ရှိပါတယ်။

phoelapyae
07-26-2013, 12:13 PM
တော်သေးတယ်ဗျာ ..
အခုလိုပုံမှန် အလှူရှင်ရှိနေသေးလို့။
ရေရှည်ကတော့ ရင်မောမိတာအမှန်ပဲ :help:

Ko-Naing
07-31-2013, 09:51 AM
အက်မင်တို့ရေ

အလှူငွေ ပို့ချင်ရင် ဘယ်လိုလုပ်ရမှာလဲ။
ကျွန်တော့် Location က စလုံးပါ။

ကိုနိုင်

chit tee
07-31-2013, 10:05 AM
အက်မင်တို့ရေ

အလှူငွေ ပို့ချင်ရင် ဘယ်လိုလုပ်ရမှာလဲ။
ကျွန်တော့် Location က စလုံးပါ။

ကိုနိုင်

ကျေးဇူးတင်ပါတယ် ကိုနိုင်ရေ
စလုံးမှာ ဆိုရင်တော့ ... ချင်းတွင်းသား ဆီ စာချွန်လွှာ ပို့ပေးပြီး ဆက်သွယ် စုံစမ်းလိုက်ပါ ခင်ဗျာ။
စာချွန်လွှာ ပို့ရန် ဒီနေရာလေးကို (http://www.myanmarengineer.org/forums/private.php?do=newpm&u=2160) နှိပ်ပါ။

ချင်းတွင်းသား
07-31-2013, 11:39 AM
အက်မင်တို့ရေ
အလှူငွေ ပို့ချင်ရင် ဘယ်လိုလုပ်ရမှာလဲ။
ကျွန်တော့် Location က စလုံးပါ။
ကိုနိုင်
ကိုနိုင်ရေ...
ဖိုရမ်အတွက်လှူချင်တယ်ဆိုရင် ဆက်သွယ်ရမယ့်ပုဂ္ဂိုလ်၊ အင်ဖော်မေးရှင်းတွေကို ဒီနေရာကြေငြာထားပါတယ် (http://www.myanmarengineer.org/forums/showthread.php?7968-MEF-%E1%80%80%E1%80%AD%E1%80%AF%E1%80%95%E1%80%AB%E1%81%80%E1%80%84%E1%80%B9%E1%80%9C%E1%80%BD%E1%80%B4%E1%80%92%E1%80%AB%E1%80%94%E1%80%B9%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%80%9E%E1%80%B0-Member-%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-update-infomation.)

ချင်းတွင်းသား
09-26-2013, 12:32 PM
ဒီနေ့ MediaTemple ကို USD 35$(45.49 SGD) သွင်းလိုက်ပါတယ်။
လက်ထဲမှာ လက်ကျန်ငွေ 149.20 - 45.49 = 103.71SG$ ကျန်ရှိပါသေးတယ်။
လက်စနဲ့ ပြောချင်တာက ဖိုရမ်မှာ ကြော်ငြာထားတဲ့ အချိန်က ကျော်သွားပြီထင်ပါတယ်။ တစ်ချက်လောက်ပြန်စစ်ကြည့်ပြီးတော့ ကြော်ငြာကို ဖြုတ်ပေးပါဦး။ ဆက်ထည့်ချင်သေးတယ်ဆိုရင်တော့ လစဉ်ကြေးလေးကောက်ဖို့ စီစဉ်ပေးပါဦး။(ရန်ပုံငွေနည်းနေလို့ :D)
ပြီးတော့ တနေ့ က သိုးကျောင်းသားနဲ့ ပြောဖြစ်တယ်။ သူတို့ ရန်ကုန်ဘက်မှာ ကောက်လို့ ရထားတဲ့ အလှူငွေကို ဘယ်လိုလုပ်ပေးရမလဲ မေးနေပါတယ်။ ကျွန်တော်ကတော့ ဖိုရမ်မှာ ပို့ တင်ပြီးမေးဖို့ အကြံပေးလိုက်တယ်။
အလုပ်တွေရှုပ်နေလို့ ထင်တယ်။ အဲဒါကိုလဲ လက်စနဲ့ မေးလိုက်ပါတယ်ခင်ဗျာ။

phoelapyae
10-01-2013, 10:11 AM
ရန်ကုန်ဘက်က အလှူငွေက ဘယ်လောက်ရလဲမသိဘူး။
လောလောဆယ်တော့ ဖိုရမ် hosting ကြေးအတွက်ပဲ ထားထားတာ ကောင်းမယ်ထင်ပါတယ်။

yeakharr
10-03-2013, 03:09 PM
ကြော်ငြာက ကျနော်ဝင်ကြည့်တော့ no active ဖြစ်နေပြီ ဆိုတော့ မလိုတော့ဘူး။
ကျနော်လည်း ဝပ်ရှော့ဖွင့်ထားတော့ ကိုယ်တိုင်လုပ်နေရလို့ မအားဘူးဖြစ်နေလို့ပါဗျာ...

ချင်းတွင်းသား
10-04-2013, 01:38 PM
ဒီနေ့ ပဲ ဖိုရမ်အကြောင်းကို ကိုရာမညနဲ့ ပြောရင်း သတိရတာနဲ့ ဖိုရမ်ဒိုမိန်းအတွက် USD 40(51.82SG$) ပေးလိုက်ပါတယ်။
လက်ထဲမှာလက်ကျန်ငွေ 103.71 - 51.82 = 51.89SG$ ရှိပါသေးတယ်။

hninn nu
12-12-2013, 02:42 AM
18.3.2013 တွေ့ဆုံတဲ့နေ့မှာ ဖိုရမ်အတွက်လှူခဲ့ တဲ့ အလှူ ရှင်စာရင်းပါ..
အားလုံးလဲ အလုပ်တွေ ပိပြီး မအားလပ်တဲ့ကြားကနေလာပေးခဲ့ကြတဲ့ အတွက် အရမ်းပဲ ဝမ်းသာပါတယ်.
အလှူ ရှင်စာရင်း
အမ တာတာ 5000 ကျပ်
ကိုထွန်းအောင်ကျော် 5000ကျပ်(christmas တွေ့တုန်း က လှူ လိုက်တာ ပါ.)
ရန်ကုန် မမ်ဘာများရဲ့ မင်းသားချောကြီး Dragon Warrior 20000 ကျပ်
လရောင် 5000 ကျပ်
ကျွန်တော် သုံးနေကျ အင်တာနက်ဆိုင်က အကို ကြီးကလဲ သဒ္ဒါပေါက်ပြီး 3000 ကျပ်
လှူပါတယ်.. ကိုမျိုးကြီး (https://www.facebook.com/lhu.zaw)(FB link)

စုစုပေါင်း 38000 ကျပ်



မောင်သိုးတယောက် မအားလပ်နေတာနဲ့ ပဲ ဒီနေရာလေးမှာ (http://www.myanmarengineer.org/forums/showthread.php?8417-MEF-%E1%80%B1%E1%80%9B%E1%80%9B%E1%80%BD%E1%80%8A%E1%80%B9%E1%80%9B%E1%80%95%E1%80%B9%E1%80%90%E1%80%8A%E1%80%B9%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%94%E1%80%B9-%E1%81%80%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%81%80%E1%80%94%E1%80%B9%E1%80%B8%E1%80%80%E1%80%B0%E1%80%8A%E1%80%AE%E1%80%B1%E1%80%95%E1%80%B8%E1%81%BE%E1%80%80%E1%80%95%E1%80%AB%E1%80%A6%E1%80%B8%E1%80%81%E1%80%84%E1%80%B9%E1%80%97%E1%80%BA%E1%80%AC/page3) ရေးထားတာကို ဒီဘက်မှာ ပြန်ဖော်ပြပေးလိုက်ပါတယ်

Hninn Nu

ချင်းတွင်းသား
12-17-2013, 02:52 PM
ဒီနေ့ ပဲ ဖိုရမ်အကြောင်းကို ကိုရာမညနဲ့ ပြောရင်း သတိရတာနဲ့ ဖိုရမ်ဒိုမိန်းအတွက် USD 40(51.82SG$) ပေးလိုက်ပါတယ်။
လက်ထဲမှာလက်ကျန်ငွေ 103.71 - 51.82 = 51.89SG$ ရှိပါသေးတယ်။
ဒီနေ့ ပဲ ကိုဖိုးလပြည့်ဆီကနေ over due ဖြစ်နေပါတယ်ဆိုတဲ့အီးမေးရတာနဲ့ ဒိုမိန်းအတွက် US$40=52.06SGD ပေးလိုက်ပါတယ်။
လက်ထဲမှာ လက်ကျန်မရှိတော့ပါဘူးခင်ဗျာ။

ချင်းတွင်းသား
12-21-2013, 02:49 PM
ဖိုရမ်ဒိုမိန်းအတွက် အမာခံမမ်ဘာကြီးဖြစ်တဲ့ ကိုထွန်းမှ SG$ 200 လှူဒါန်းသွားပါတယ်ခင်ဗျာ။
မြန်မာအင်ဂျင်နီယာဖိုရမ်ကိုယ်စား ကိုထွန်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း...

ကိုထွန်းရေ အလုပ်လေးနည်းနည်းရှုပ်နေလို့ ပို့ တင်တာ နည်းနည်းနောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ။

phoelapyae
12-23-2013, 11:53 AM
ကျေးဇူး ကိုကြီးထွန်းရေ ...
ကျွန်တော်လဲ ဖိုရမ်ငွေချေဖို့အတွက် လုံးပမ်းနေတာ ..
ငွေကလဲ မရှိတော့ဘူးဆိုတော့ လိုက်ဆက်သွယ်နေရတာ ။
အခုလို လှူဒါန်းပေးတဲ့အတွက် ကျေးဇူး အထူးအထူးပါဗျာ။

ချင်းတွင်းသား
12-27-2013, 08:04 AM
ဖိုရမ်ဒိုမိန်းအတွက် အမာခံမမ်ဘာကြီးဖြစ်တဲ့ ကိုထွန်းမှ SG$ 200 လှူဒါန်းသွားပါတယ်ခင်ဗျာ။
မြန်မာအင်ဂျင်နီယာဖိုရမ်ကိုယ်စား ကိုထွန်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း...
ကိုထွန်းရေ အလုပ်လေးနည်းနည်းရှုပ်နေလို့ ပို့ တင်တာ နည်းနည်းနောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ။
အလှူငွေထပ်ပြီးလက်ခံမရခင်က ကျွန်တော်ရယ် ရာမညရယ် နေညိုရယ် ရန်ကုန်ဘက်မှာ အလှူခံရထားတဲ့အလှူငွေကို စလုံးဘက်ကိုလွဲကြမလားဆိုပြီး တိုင်ပင်ဖြစ်ကြတယ်။
ရာမညကလဲ ခရီးထွက်ခါနီးဆိုတော့ ဘယ်လောက်လွဲလိုက်ပါလို့ မပြောသွားဖြစ်လိုက်ဘူး။ အဲဒါနဲ့ နေညိုနဲ့ တိုင်ပင်ပြီး အကောင့်ထဲမှာ လက်ကျန်နည်းနည်းချန်ပြီးတော့ ၃၉၀ ၀၀၀ လွဲလိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။
ငွေဈေးကတော့ ၇၈၀ ပါ။ တကယ်တမ်းလွဲဖြစ်တော့ ၃၈၉ ၀၀၀ ဖြစ်သွားတယ်။ နေညိုက ဘက်အကောင့်ကို မစစ်ဖြစ်တာကြာတော့ သူလဲ အတိအကျမသိဘူးဖြစ်နေတာ။ တကယ်လွဲမယ်လုပ်တော့ အဲလောက်ပဲဖြစ်သွားတယ်။
အကောင့်ထဲမှာ ကျန်ခဲ့တဲ့ ကိစ္စကိုတော့ ဘဏ်စာအုပ်ကို scan ဖတ်ပြီး ဖိုရမ်မှာတင်ပေးမယ် ပြောတယ်။ ကြည့်ရတာ သူလဲ အလုပ်ရှုပ်နေပုံရတယ်။
၃၈၉ ၀၀၀ / ၇၈၀ = ၄၉၈.၇၁၇ ရတယ်။ တွက်ရလွယ်အောင် ကျွန်တော်နည်းနည်းဖြည့်ပြီး ၅၀၀ လို့ ပဲတွက်လိုက်ပါမယ်။
အဲဒီတော့ ဖိုရမ်အတွက် လက်ထဲမှာ စုစုပေါင်း စင်ကာပူဒေါ်လာ ၇၀၀ ရှိပါတယ်။
ဖိုရမ်ဒိုမိန်းအတွက်တော့ တော်တော်လေးစိတ်ချသွားရပါပြီ။
ဆက်လက်ပြီးတော့ ဖိုရမ်မှာ ပို့ အသစ်တွေများများတက်လာဖို့ ပဲ ကျန်ပါတော့တယ် :director::director::director:
ပို့ အသစ်တွေရေးမယ် ကိုကို မမ ညီ ညီမ များကို စောင့်မျှော်နေပါကြောင်း....
ရန်ကုန်ဘက်မှာ ဖိုရမ်အတွက် လှူဒါန်းပေးခဲ့ကြသော အလှူရှင်များကိုလဲ ဖိုရမ်ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်ခင်ဗျာ။

PS သိုးကျောင်းသားနဲ့ တွေ့ ရင် သူ့ ဆီမှာလက်ခံထားတဲ့ အလှူငွေကို နေညိုဆီ လွဲလိုက်ဖို့ ပြောလိုက်ရမလား။

phoelapyae
12-27-2013, 09:33 AM
သိုးကျောင်းသားဆီက အလှူငွေကိုလဲ မနေညိုဆီပဲ ပေါင်းရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။

NayNyo
02-17-2014, 01:03 PM
အားလုံးပဲ မင်္ဂလာပါ။ ဖိုရမ် အလှူငွေ တွေစုဆောင်းထားတာနဲ့ သုံးစွဲတာလေးကို ဘဏ်စာအုပ် ပုံနဲ့ နေညို ရှင်းလင်းပြပေးပါ့မယ်။
၆.၂.၂၀၁၄ မှာ မောင်လေး သိုးကျောင်းသားက သူ့မှာ ရှိတဲ့ အလှူငွေနဲ့ ပေါင်းပြီး ခြောက်သောင်းကျပ်တိတိ ကို နေညို တို့ ဘဏ်အကောင့်ထဲကို
လွဲပေးပြီးသွားပါပြီ။ မောင်လေး က နှစ်သောင်း ပေါင်းလှူတယ်လို့ သိရပါတယ်။
၂၇.၅.၂၀၁၀ က စပြီး နေညို တို့ ဘဏ်မှာ စတင်စုထားပါတယ်။
ဒီကြားထဲ ထုတ်ဖြစ်တာက သုံးသိန်း တခါရှိပါတယ်။ ရေတွင်း လှူဖို့ ဖြစ်မယ်။ ဆောရီးပါ နေညို အတိအကျမမှတ်မိဘူးဖြစ်နေတယ်။
နောက်တခါ ကိုးသောင်း က ဖိုရမ် ပြင်တဲ့ အတွက် ကိုကျော်ဟိန်း ကို လွဲပေးရပါတယ်။ (ဒါက သေချာတယ် ပြေစာရှိလို့)
နောက်တခါ နှစ်သိန်းက တော့ သုံးဖို့ မဟုတ်ပဲ နေညို နေပြည်တော် ပြောင်းတဲ့ အတွက် ဘဏ်အကောင့်သစ်တစ်ခု
ထပ်ဖွင့်ဖို့ရယ်၊ လွဲဖို့ရယ် နှင့် လက်ထဲမှာပဲ ကြန့်ကြာသွားခဲ့ပါတယ်။
နောက်တော့ နေညို ဆီမှာပဲ ထားဖို့ဖြစ်တဲ့အတွက် နေညို ရန်ကုန်ပြန်ရောက်တုန်း ပြန်သွင်းခဲ့ပါတယ်။
၂၆.၁၂.၂၀၁၃ မှာ ဖိုရမ် အတွက် ၃၈၉၀၀၀ (သုံးသိန်းရှစ်သောင်းကိုးထောင်တိတိ ) ကို ကိုချင်းတွင်းသားဆီ လွဲပေးခဲ့ပါတယ်။
ယခု လက်ရှိအချိန်ထိ ဖိုရမ် စုဆောင်းငွေမှာ ၆၇၀၆၄.၃၅ ( ခြောက်သောင်းခုနှစ်ထောင့် ခြောက်ဆယ့်လေးကျပ် ) ဖြစ်ပါတယ်။

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn1/t1/1607025_10202473378669007_1527647138_n.jpg

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash3/t1/1004702_10202473380709058_1382064731_n.jpg

phoelapyae
02-17-2014, 10:16 PM
ဖိုရမ်အလှူငွေကတော့ တော်တော်လေး အင်အားတောင့်နေပါပြီး။
တစ်နှစ်စာအတွက်ကတော့ လှည့်ကြည့်စရာမလိုတော့ပါဘူး။
အလှူရှင်တွေကိုလဲ အထူးကျေးဇူးတင်ပါတယ်။
ပို့စ်တွေပဲ ၀ိုင်းဝေမျှကြဖို့ပဲ လိုတော့တယ်။
ဒါပေမဲ့ ကျွန်တော်တို့ဖိုရမ်ဟာ အခုထိနည်းပညာပိုင်းမှာ Strong ဖြစ်ဆဲပါဗျာ။
ကျွန်တော်ဆို တစ်ခုခုသိချင်တာနဲ့ ဖိုရမ်ထဲမှာ ရှာလိုက်ရတာပဲ။ ကျွန်တော့်အတွက်တော့ reference ပဲ။
နည်းပညာတွေဟာ ၀တ္ထုတွေလို တစ်ခါတည်းဖတ်ရုံနဲ့ မပြီးပါဘူး။
နောင်လာနောက်သားတွေ အမြဲတမ်း ကျန်ရှိနေမှာပါ။

ချင်းတွင်းသား
03-11-2014, 10:03 PM
အဲဒီတော့ ဖိုရမ်အတွက် လက်ထဲမှာ စုစုပေါင်း စင်ကာပူဒေါ်လာ ၇၀၀ ရှိပါတယ်။တနေ့က ဖိုရမ်ဝင်မရတာနဲ့ ပိုက်ဆံပေးဖို့လိုပြီထင်ပြီး media temple ကို S$52.61 ပေးလိုက်ပါတယ်။
လက်ထဲမှာ 700-52.61= S$647.39 ကျန်ပါသေးတယ်။

ချင်းတွင်းသား
04-21-2014, 11:17 PM
တနေ့က ဖိုရမ်ဝင်မရတာနဲ့ ပိုက်ဆံပေးဖို့လိုပြီထင်ပြီး media temple ကို S$52.61 ပေးလိုက်ပါတယ်။
လက်ထဲမှာ 700-52.61= S$647.39 ကျန်ပါသေးတယ်။
မနေ့ကပဲ media temple ကို USD 80 = 103.90 SG$ ပေးလိုက်ပါတယ်။ပေးရမှာကတော့ USD20 ပါ။ ဒါပေမယ့် ခုတလော ဘာတွေလုပ်ပြီး အလုပ်ရှုပ်နေမှန်းကို မသိတော့ ပိုက်ဆံသွင်းဖို့မေ့မေ့နေတဲ့အတွက် USD 80 သွင်းလိုက်ပါတယ်။ Media Temple မှာ USD 60 အပိုရှိပါတယ်။
အဲဒီတော့ လက်ထဲမှာ 543.49 SG$ ကျန်ပါသေးတယ်။

ချင်းတွင်းသား
05-09-2014, 10:26 PM
လက်ထဲမှာ 543.49 SG$ ကျန်ပါသေးတယ်။
May ၂ ရက်နေ့က Domain Name အတွက် SG$ 19.48 သွင်းလိုက်ပါတယ်။
ပြီးတော့ Hosting ပြောင်းတာကို မေလ ၄ ရက်နေ့မှာလုပ်တာက SG$ 19.41 ပေးလိုက်ရပါတယ်။
အဲဒီတော့လက်ကျန် 543.49 - 38.89 = 504.6 SG$ ကျန်ပါသေးတယ်။

ကိုဖိုးလပြည့်ရေ ကျွန်တော်ရေးထားတာမှန်လားမသိဘူး။ မှားရင် ပြင်ပေးပါဦး

ချင်းတွင်းသား
07-05-2014, 10:37 PM
လက်ကျန် 543.49 - 38.89 = 504.6 SG$ ကျန်ပါသေးတယ်။
ရာမညရဲ့ အကြံပေးချက်အရ ဖိုရမ် hosting fee ကို တနှစ်စာပေးလိုက်ပါတယ်။
အဲဒီအတွက်ကျသင့်ငွေကတော့ $215.53 SGD ဖြစ်ပါတယ်။
လက်ကျန် 504.6 - 215.53 = 289.07 SG$ ကျန်ပါသေးတယ်။

phoelapyae
07-21-2014, 09:57 AM
ကျေးဇူးအကို ...

:lalala:

ချင်းတွင်းသား
07-31-2014, 08:07 AM
ရာမညရဲ့ အကြံပေးချက်အရ ဖိုရမ် hosting fee ကို တနှစ်စာပေးလိုက်ပါတယ်။
အဲဒီအတွက်ကျသင့်ငွေကတော့ $215.53 SGD ဖြစ်ပါတယ်။
လက်ကျန် 504.6 - 215.53 = 289.07 SG$ ကျန်ပါသေးတယ်။
ဖိုရမ်အမာခံ မမ်ဘာကြီးဖြစ်တဲ့ ကိုထွန်း မှ နောက်ထပ် စင်ကာပူ ၁၅၀ ထပ်မံလှူဒါန်းသွားပါတယ်။
စုစုပေါင်း လက်ကျန် 289.07 + 150 = 439.07 SG$ ကျန်ရှိပါကြောင်း
အခုလို အလှူငွေ ထည့်ဝင်လှူဒါန်းတဲ့ အကိုကြီး ကိုထွန်းအား မြန်မာအင်ဂျင်နီယာဖိုရမ်ကိုယ်စား ကျေးဇူးအထူးပကာယ တင်ရှိပါကြောင်း...

chit tee
07-31-2014, 10:51 AM
ဦးရီးထွန်း (http://www.myanmarengineer.org/forums/member.php?10260-%E1%80%80%E1%80%AD%E1%80%AF%E1%80%91%E1%80%BC%E1%80%94%E1%80%B9%E1%80%B8)ဒီထက်မက အောင်မြင် တိုးတက်ပါစေ
ပိုလဲလှူနိုင်ပါစေလို့ ဆုမွန်းကောင်းတောင်းပေးလိုက်ရပါသည်။
:clap2::clap2::clap2:

phoelapyae
07-31-2014, 10:24 PM
ကျေးဇူး ဦးထွန်း ..
ဖိုရမ် ရေရှည်ရပ်တည်နိုင်အောင် အမြဲထောက်ပံ့ပေးနေတာ ကျေးဇူးအရမ်းတင်ပါတယ်။
:cheer2:

ချင်းတွင်းသား
06-19-2015, 12:05 PM
ဖိုရမ်အမာခံ မမ်ဘာကြီးဖြစ်တဲ့ ကိုထွန်း မှ နောက်ထပ် စင်ကာပူ ၁၅၀ ထပ်မံလှူဒါန်းသွားပါတယ်။
စုစုပေါင်း လက်ကျန် 289.07 + 150 = 439.07 SG$ ကျန်ရှိပါကြောင်း
အခုလို အလှူငွေ ထည့်ဝင်လှူဒါန်းတဲ့ အကိုကြီး ကိုထွန်းအား မြန်မာအင်ဂျင်နီယာဖိုရမ်ကိုယ်စား ကျေးဇူးအထူးပကာယ တင်ရှိပါကြောင်း...
ဒီနေ့ပဲ ဖိုရမ်ဒိုမိန်းအတွက် ၁ နှစ်စာ USD200 = SGD276.28 ပေးလိုက်ပါတယ်။ လက်ကျန် 439.07 - 276.28 = 162.79 SGD ရှိပါသေးတယ်။

phoelapyae
07-20-2015, 01:31 PM
ဖိုရမ်မှာလဲ ဆွေးနွေးချက်တွေ နည်းလာတော့ နောက်ပိုင်း အလှူရှင်တွေ စေတနာပျက်လာမှာ စိုးတယ်။
အလှူရှင်တွေ ရှိနေလို့သာ ဖိုရမ်ဆက်လက်လည်ပတ်နေနိုင်တာ။
ဖိုရမ်တွေကတော့ ဖိုရမ်အားလုံး အဲလိုဖြစ်နေကြတာပါပဲ။

ချင်းတွင်းသား
05-11-2016, 09:03 PM
ဒီနေ့ပဲ ဖိုရမ်ဒိုမိန်းအတွက် ၁ နှစ်စာ USD200 = SGD276.28 ပေးလိုက်ပါတယ်။ လက်ကျန် 439.07 - 276.28 = 162.79 SGD ရှိပါသေးတယ်။
အခုပဲ ဖိုရမ်အတွက် USD 15$ = 21.31SG$ ပေးလိုက်ပါတယ်။ လက်ကျန် 141.84 SG$ ကျန်ပါသေးတယ်.

ချင်းတွင်းသား
06-29-2016, 12:52 PM
အခုပဲ ဖိုရမ်အတွက် USD 15$ = 21.31SG$ ပေးလိုက်ပါတယ်။ လက်ကျန် 141.84 SG$ ကျန်ပါသေးတယ်.

ဒီနေ့ mediatemple ကို US 92.78 ပေးလိုက်ပါတယ်။ စလုံးဒေါ်လာနဲ့တွက်ရင် 130.54SG$ ကျပါတယ်။ လက်ထဲမှာ (141.84 - 130.54 = 11.30) 11.30 sg$ ပဲ ကျန်ပါတော့တယ်။ အရင်တုန်းကတော့ နှစ်စဉ်ကြေးသွင်းဖြစ်တယ်။ ဒီတစ်ခေါက်တော့ လစဉ်ကြေးပဲ သွင်းလိုက်ရတယ်။ ဘာလို့လဲဆိုတော့ လက်ကျန်ငွေနည်းတာရယ် နှစ်စဉ်ကြေးမှာလဲ discount မရှိတော့လို့ပါ။

phoelapyae
08-17-2016, 03:48 PM
ဒါဆို တစ်လစာပဲ သွင်းထားရသေးတာလားအကို။

ချင်းတွင်းသား
12-13-2016, 03:05 PM
ဒါဆို တစ်လစာပဲ သွင်းထားရသေးတာလားအကို။

လက်ထဲမှာရှိသလောက်ပေးထားလိုက်တာ။ ဘေကိုတော့ ၁လခြင်းဖြတ်မှာ။ အခု အကြွေး ၂၀ တင်နေဘီ ဘယ်လိုလုပ်ကျမလဲ။ လောလောဆယ် ကိုယ်တိုင်လဲ ချင့်ပြီးသုံးနေရတော့ လှူလဲမလှူနိုင်ဘူးဖြစ်နေတယ်။